ဇာတ်ညွှန်းများ • FDMN
Yopiq kanal
Ma'lumot yo'q
Obunachilar
-524 soatlar
-47 kun
+730 kun
Postlar arxiv
Contract Killer (1998) ⭐TMDB: 71% User Score 🎬 #Action #Asian #Comedy #Crime #Thriller 🗓 1998 🎞 movie 🌎 #HongKong ⏰ 1 နာရီ 45 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကြေးစားလူသတ်သမားတွေဆိုတာပိုက်ဆံအတွက် လူသတ်ကြပါတယ်ဒေါ်လာ သောင်းဂဏန်း သိန်းဂဏန်းသန်းဂဏန်း အတွက်ပေါ့ဒါပေမယ့် မကြာသေးမီကထူးဆန်းတဲ့ကြေးစားလူသတ်သမားတစ်ဦး ထွက်ပေါ်လာပါတယ် …သူဟာ မကောင်းသတင်းနဲ့ ကျော်ဇောသူတွေကိုအခကြေးငွေမယူပဲ သတ်ဖြတ်သူ တစ်ဦးပါသူရဲ့နာမည်ကတော့….” သေမင်းတမန်တော်”……………..။ မင်းသားကြီးဂျက်လီရဲ့ နုငယ်စဉ်က အသေဖိုက်ခဲ့တဲ့ ဇာတ်ကားပါ။Rating လဲကောင်းတာမို့ ကျွန်တော်တို့ကလေးဘဝရဲ့သူရဲကောင်းကြီးကို ပြန်လည်ခံစားရအောင်ပါ။...
Pegasus 2 (2024) ⭐IMDB: 7.1/10 (648 Votes) 🎬 #Adventure #Comedy #Drama #Sport 🗓 2024 🎞 movie 🌎 #China ⏰ 2 နာရီ 1 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Pegasus 1 ရဲ့အဆက်ဖြစ်ပါတယ်။ 1 ကိုလဲ CM မှာတင်ထားပေးပြီးပြီပဲဖြစ်ပါတယ် ပြိုင်ပွဲမှာမတော်တဆဖြစ်ပြီးခြေထောက်ဒဏ်ရာရသွားတဲ့ကျန်းချေဟာယာဉ်မောင်းသင်တန်းဖွင့်ပြီး နည်းပြလုပ်စားနေခဲ့ရတယ်။အလုပ်အကိုင်ကြပ်တည်းနေတဲ့အချိန်မှာကားစက်ရုံမှူးတစ်ယောက်က ပြိုင်ကားအဖွဲ့ဖို့ပံ့ပိုးပေးဆိုပြီးကမ်းလှမ်းလာခဲ့တဲ့အခါ ဘတ်ဂျက်နည်းပေမယ့်သူနောက်ဆုံးပြိုင်ခဲ့တဲ့ဘရန်ဘလုခ်မှာ ပြန်သွားပြိုင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ ကျန်းချေနဲ့ သူ့ရဲ့သူငယ်ချင်းဟောင်းစွန်းယွီချန် စက်ပြင်သမားကျိရှင်းနဲ့အတူ ကားစက်ရုံကကားမောင်းသမားလူသစ်လေးလိရှောင်ဟိုင်နဲ့ ယာဉ်မောင်းသင်တန်းကျောင်းကတပည့်ဖြစ်တဲ့လျိုရှန်သယ်တို့ပေါင်းပြီးတော့ရှင်းတိပြိုင်ကားအဖွဲ့ကိုဖွဲ့လိုက်ပါတယ်။ စက်ရုံမှူးကြီးကဘတ်ဂျက်အများကြီးမပေးနိုင်တော့ ဆုရဖို့အထိမမှန်းထားပေမယ့်ဒီအဖွဲ့လေးဟာဘယ်လောက်ထိလုပ်နိုင်မလဲဆိုတာကိုပြိုင်ကားခရေဇီတွေအတွက် စိတ်ဝင်တစားကြည့်ရမယ့် ဇာတ်ကားလေးဖြစ်ပါတယ်။...
Pegasus (2019) ⭐IMDB: 6.2/10 (2 k Votes) 🎬 #Action #Comedy #Sport 🗓 2019 🎞 movie 🌎 #China ⏰ 1 နာရီ 38 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီကားလေးဟာ2019 februaryလမှထွက်ရှိထားတဲ့ဇာတ်ကားသစ်လေးဖြစ်ပါတယ်..Imdb6.4ရရှိထားပြီး chinese box officeမှာ$255millionထိ ဝင်ငွေရရှိထားပါတယ်..5ကြိမ်ဆက်တိုက်ပြိုင်ကားမောင်းချန်ပီယံဖြစ်ခဲ့တဲ့ကျန်းချေတစ်ယောက်ဟာတရားမဝင်ပြိုင်ပွဲတစ်ခုမှာဝင်ပြိုင်မိရာမှရဲတွေရဲ့ချောင်ပိတ်ဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်…သူ့ရဲ့ပြိုင်ပွဲဝင်ခွင့်ပိတ်သိမ်းခံရတဲ့အပြင် ယာဉ်မောင်းလိုင်စင်ပါပိတ်သိမ်းခံလိုက်ရပါတယ်.. ဒီလိုနဲ့၅နှစ်ကြာ ထမင်းကြော်ရောင်းပြီးဇာတ်မြှုပ်နေခဲ့ရင်းလူငယ်မျိုးဆက်တွေမှာသူ့လိုပဲ၅နှစ်ဆက်တိုက်ပြိုင်ကားမောင်းချန်ပီယံဖြစ်လာတဲ့လင်ကျိန့်တုံးကိုတွေ့မြင်မိရာကနေပြိုင်ပွဲတစ်ဖန်ပြန်ဝင်လိုစိတ်တွေဖြစ်ပေါ်လာပြီး ပြိုင်ပွဲဝင်ခွင့်ရဖို့ပြန်လည်ကြိုးစားပါတော့တယ်… ဒီလိုနဲ့ပြိုင်ပွဲဝင်ခွင့်ရဖို့ယာဉ်မောင်းလိုင်စင်ပြန်ဖြေဆိုရချိန်မှာဘယ်လိုအခက်အခဲတွေကြုံရမလဲ.. ပြိုင်ပွဲဝင်ဖို့ ပြိုင်ကားအဆင်သင့်မရှိ…ကားအလန်းဆင်ဖို့ရာလည်းငွေကြေးထောက်ပံမယ့်သူမရှိ..သူ့နောက်မှာဘယ်အဖွဲ့အစည်းမှမရပ်တည်ပေးချိန်..ပြိုင်ပွဲဝင်ဖို့ ကားငှါးစင်တာကတောင်နာမည်ပျက်ရှိတဲ့သူ့ကိုကားမငှါးပေးတော့တဲ့အခါ..သူ့ရဲ့လမ်းညွှန်တွဲဖက်ဖြစ်တဲ့ယွီရှန်နဲ့ စက်ပြင်သမားကျိရှင်းတို့နဲ့အတူအခက်အခဲတွေကိုဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ…အခက်အခဲမျိုးစုံကြုံတွေ့ချိန်မှာတောင်အားမလျှော့ပဲကြိုးစားကြပုံတွေကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်…ပြိုင်ကားမောင်းခရေဇီတွေအတွက်တော့ အကြိုက်တွေ့စေမယ့််ဇာတ်ကားတစ်ပုဒ်ပါပဲ...
Killing Ground (2016) ⭐IMDB: 5.8/10 (9 k Votes) 🎬 #Horror #Thriller #Mystery 🗓 2016 🎞 movie 🌎 #Australia ⏰ 1 နာရီ 29 မိနစ် 47 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 စုံတွဲတစ်တွဲဟာ camping ခရီးထွက်လာရင်း လမ်းမှာအရက်ဝင်ဝယ်ခဲ့ပါတယ်…အဲဒီမှာ ဂျာမနီလူမျိုးတစ်ယောက်နဲ့တွေ့ပြီး အဲဒီ လူညွှန်ပေးလိုက်တဲ့နေရာကို camping ထွက်ခဲ့ကြပါတယ်.. အဲဒီကိုရောက်တဲ့အချိန်မှာ သူတို့လိုပဲခရီးထွက်လာတဲ့ မိသားစုတစ်စုရှိခဲ့ပုံပေါ်တဲ့ တဲတစ်လုံးရှိပေမယ့် လူအရိပ်အယောင်ကတော့ မမြင်ရပါဘူး… အဲဒီတဲထဲက မိသားစုဘယ်ရောက်သွားလဲ… သူတို့စုံတွဲကရော ဘာတွေဆက်ဖြစ်လာမလဲဆိုတာကတော့...
L.DK (2014) ⭐IMDB: 6.1/10 (2 k Votes) 🎬 #Comedy #Drama #Romance 🗓 2014 🎞 movie 🌎 #Japan ⏰ 1 နာရီ 53 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မန်ဂကို အခြေခံရိုက်ကူးထားတဲ့ ဂျပန်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကျောင်းမှာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်အဖြစ်ကတော့ ဂျပန်မင်းသားလေး Kento Yamazakiပါပဲ။ ထုံစံအတိုင်း အထက်တန်းကျောင်းမှာ မိန်းကလေးတွေရဲ့ သည်းသည်းလှုပ်သဘောကျမှုခံရတဲ့ Shuseiကို Moeက လူအများရှေ့မှာ ဖွင့်ပြောလိုက်ပါတယ်။ ဒီလိုဖွင့်ပြောတာကို Shuseiက လက်မခံတဲ့အပြင် ပြင်းပြင်းထန်ထန်တွေပြောလိုက်တာကြောင့် Moeရဲ့ အချစ်ဆုံးသူငယ်ချင်း Aoiမှာ ဒေါသတွေထွက်ပြီး ရန်တွေ့နေတုန်း မတော်တဆတစ်ခုဖြစ်သွားပါတယ်။ ဒါကြောင့် Aoiမှာ Shusei မတော်တဆဖြစ်တာကို တာဝန်ယူရပြီး နှစ်ယောက်အတူ တစ်ခန်းတည်းနေရဖို့ပါ ဖြစ်လာပါတယ်။ သူတို့နှစ်ယောက် တစ်ခန်းတည်းအတူနေရင်း ရန်တွေတကျက်ကျက်ဖြစ်ကြရင်း ဘာတွေဆက်ဖြစ်ကြမလဲ စောင့်ကြည့်လိုက်ပါဦးနော်။...
Judge vs. Judge (2017) ⭐TMDB: 68% User Score 🎬 #Drama 🗓 2017 🎞 Series 🌎 #SouthKorea ⏰ 1 နာရီ 4 မိနစ် 54 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Judge vs. Judge (2017)JUDGE VS. JUDGE ******************စ/ဆုံး Castaway Diva ပြီးသွားတော့ မမ Park Eun-Bin ကို လွမ်းနေတဲ့လူတွေများရှိကြမလား ဒီတစ်ခေါက်မှာတော့ Park Eun-Bin နဲ့ အခုလက်ရှိပြသနေတဲ့ NOTHING UNCOVERED ထဲက မင်းသား Yeon Woo-Jin တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ JUDGE VS. JUDGE ဆိုတဲ့ဇာတ်လမ်းလေးတင်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်လမ်းမှာတော့ Park Eun-Bin ကို မဟုတ်မခံ ဆတ်ဆတ်ကြဲ အမျိုးသမီးတရားသူကြီး အီဂျောင်းဂျူအဖြစ် မြင်တွေ့ရမှာပါဇာတ်လမ်းအကျဉ်း —————-အီဂျောင်းဂျူက ဆိုးလ်ခရိုင်တရားရုံးက အငယ်တန်းတရားသူကြီးတစ်ယောက်ပါ ဖြောင့်မတ်မှုကိုလိုလားပြီး မတရားမှုတွေကို ပပျောက်အောင်လုပ်ဖို့ တရားသူကြီးဖြစ်လာတဲ့သူမက မှားယွင်းစွပ်စွဲခံရပြီး ထောင်ကျခံနေတဲ့ အစ်ကိုဖြစ်သူအတွက် ပြန်လည်တရားရင်ဆိုင်ခွင့်ရရှိဖို့လည်း ကြိုးစားနေခဲ့တာဖြစ်ပါတယ်ဂျောင်းဂျူရဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ တရားသူကြီး ဆာအီဟျွန်းကလည်း ဥပဒေကိုကျွမ်းကျင်သူတစ်ယောက်ဖြစ်ပြီး ဖြောင့်မတ်စွာအမှုစီရင်တတ်သူဖြစ်ပါတယ် သူတို့နှစ်ယောက်ပူးပေါင်းပြီးတော့ ဥပဒေအထက်မှာနေဖို့ကြိုးစားနေကြတဲ့ တရားခံတွေကို ဘယ်လိုအပြစ်ပေးမလဲ နစ်နာသူတွေအတွက် တရားမျှတမှုတွေကို ဘယ်လိုရှာဖွေပေးသွားမှာလဲဆိုတာ ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုလိုက်ပါနော်...
As the Crow Flies (2022) ⭐TMDB: 70% User Score 🎬 #Drama 🗓 2022 🎞 Series 🌎 #Turkey ⏰ 50 မိနစ် 22 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 As the Crow Flies (2022) Complete2022 ဇွန်လ ၃ရက်နေ့ မှ ထုတ်လွှင့်ခဲ့တဲ့ netflix မှာထုတ်လွှင့်နေတဲ့ တူရကီ စီးရီးအသစ်ဆက်ဆက်လေး လာပါပြီ စီးရီးလေးကတော့ ဒရာမာ အမျိုးအစားကားလေးဖြစ်ပြီး အပိုင်း ၈ ပိုင်းထွက်ရှိထားပြီးဖြစ်ပါတယ်။ ” မုဆိုး နဲ့ သားကောင် ဖြစ်တဲ့ တောဘုရင် ခြင်္သေ့ ကြီးနဲ့ သူ့ရဲ့ သားကောင် ငှက်ငယ် ကျီးကန်း လေး ” လာလေ ကီရန်ကတော့ နာမည်ကြီး ဂျာနယ်လစ်တစ်ယောက် တစ်နည်းအားဖြင့်ပြောရရင် ထိပ်ဆုံးမှာ အောင်မြင်မှုရနေတဲ့ တောဘုရင် ခြင်္သေ့ကြီးပေါ့ အက်စ်လီကတော့ ငယ်ငယ်ထဲက လာလေကို ကြည့်ပြီး သူ့လို အောင်မြင်တဲ့ ဂျာနယ်လစ်သမားတစ်ယောက် ဖြစ်ချင်တဲ့ လူငယ်လေး ကျီးကန်းလေး ပျံသန်းသလို ရည်မှန်းချက်ကို ကြိုးစားပျံသန်းနေတဲ့ သူတစ်ယောက် တစ်ဆင့်ချင်းစီတက်ပြီး ရည်မှန်းချက်ရောက်ဖို့ ကြိုးစားရမယ့်အစား ဖြတ်လမ်းနည်း ရရာနည်းလမ်းကို သုံးကာ သူ့ရည်မှန်းချက်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားတဲ့ ငှက်ငယ်လေး အက်စ်လီ ခြင်္သေ့တစ်ကောင်လို ရဲရင့်ပြီး ထိပ်ဆုံးမှာရပ်တည်နေတဲ့ လာလေတစ်ယောက် ကျရောက်လာတော့မယ့် အန္တရာယ်တွေကို သတိမပြုမိဘဲ နေလာရာကနေ ငှက်ငယ်လေးဖြစ်တဲ့ အက်စ်လီရဲ့ တိုက်ခိုက်မှုတွေကို ခံလာရတဲ့အခါ ….. အသက်အရွယ်ချင်းကွာခြားသလို အတွေ့အကြုံ အတွေးအခေါ်ခြင်းလဲ ကွာခြားနေတဲ့ သူတို့နှစ်ယောက်မှာ ….. ဘယ်သူကများအနိုင်ရသွားမလဲ …. အက်စ်လီကရော ဘယ်လိုနည်းတွေနဲ့ သူ့ရဲ့ ကမ္ဘာအသစ်ကို တည်ဆောက်သွားမလဲ သူ့ရဲ့ ရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ သတင်းတင်ဆက်သူအဖြစ်ကိုရော ရောက်နိုင်ပါ့မလား တစ်ဝက်မှာတင် ရှုံးနိမ့်ပြီး ထွက်သွားရမလား …. အမြင့်ကို ရောက်တဲ့သူတစ်ယောက်ဟာ သွေးရော ချွေးရော မျက်ရည်တွေပါ ကြိုးစားရင်းနှီးခဲ့ရတာကို မမြင်ဘဲ ဖြတ်လမ်းနည်းကိုသုံးပြီး အမြင့်တက်ချင်တဲ့ လူတွေရဲ့ စိတ်သဘောသဘာ၀ … လူတစ်ယောက်ရဲ့ဘ၀ခရီးက ချမ်းသာမှု အောင်မြင်မှုတွေဟာ တသမတ်တည်းမရှိဘဲ အနိမ့်အမြင့် အတက်အကျ ရှိနေတတ်ပုံ …. အရာရာကို အလွယ်လိုက်ချင်တဲ့ အက်စ်လီတစ်ယောက် ဒီလိုသဘောတရားတွေကို နားမလည်ဘဲ ဖြတ်လမ်းလိုက်မိတဲ့အခါမှာ သူ့ရဲ့ ကြိုးစားမှုတွေ အောင်မြင်မှာလား ရှုံးနိမ့်မှာလား …. လာလေကရော ထိပ်ဆုံးနေရာကို တသမတ်တည်း ထိန်းထားနိုင်ပါ့မလား …. အက်စ်လီကရော လာလေ့နေရာကို ယူဖို့ ဘယ်လောက်ထိ လုပ်သွားမလဲ …. ဒီစီရီးလေးဟာ လူ့လောကကြီးရဲ့ အတ္တ မာန လောဘတွေကို ထိထိမိမိ ပိုင်ပိုင်နိုင်နိုင် ရိုက်ကူးဖော်ပြတင်ဆက်ပေးထားတဲ့ ပညာပေး စီးရီးကောင်းလေးမလို့ အားလုံးပဲ ကြည့်ရှုခံစားကြဖို့ တိုက်တွန်းလိုက်ပါရစေ...
My Brother And My Cold Sister-in-law – Aika Yumeno (Decensored – MEYD-685) ⭐- 🎬 #Adult 🗓 - 🎞 movie 🌎 #Japan ⏰ 2 နာရီ 31 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတခါတင်ဆက်ပေးမဲ့ မင်းသမီးလေးကတော့ မျက်နှာထားယဉ်ယဉ်လေးနဲ့ ခန္ဓကိုယ်အချိုးအစားမကြီးလွန်း မသေးလွန်းတဲ့ Aika Yumeno ပဲဖြစ်ပါတယ်……လူတစ်ယောက်ကို ဘယ်လိုစွဲဆောင်ရမလဲ ကောင်းကောင်းသိတဲ့ မင်းသမီးပီပီ အနုအရွအလှအပတွေကို စိတ်ရှိတိုင်း ချပြတတ်တာကြောင့် တကယ့်ကို စွဲမက်စရာမင်းသမီးတလက်လည်းဖြစ်ပါတယ်…… MEYD-685 ဆိုတဲ့ ဒီဇာတ်ကားလေးထဲမှာတော့ သူက မရီးနေရာကနေ မတ်လေးကို အတတ်ကောင်းလေးတွေသင်ကြားပေးတဲ့ပုံစံလေး သရုပ်ဆောင်ထားတာပါ…….ဖြားယောင်းသွေးဆောင်တဲ့နေရာမှာ ကျွမ်းကျင်လှတဲ့သူ့အတွက် မတ်လေးကို ကိုယ့်ဘက်ပါလာအောင် ဘယ်လိုများ သွေးဆောင်ပြီး အတတ်ဆန်းတွေ သင်ပေးမလဲဆိုတာကတော့ ဆက်လက်ကြည့်ရှုလိုက်ပါဦးလို့…… (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။...
Bruce Almighty (2003) ⭐TMDB: 67% User Score 🎬 #Comedy #Fantasy 🗓 2003 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 41 မိနစ် 23 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 စူပါဟာသမင်းသားကြီး Jim Carrey ရဲ့ နာမည်ကြီး ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားဟာ ၂၀၀၃ ခုနှစ်မှာ ရုံတင်ပြသခဲ့ပြီး Box Office မှာ 486$ Millions နဲ့ အောင်မြင်မှု သရဖူဆောင်းသွားခဲ့ပါတယ်။ လက်ရှိ IMDb 6.8 ရထားပြီး ဇာတ်လမ်းအကျဉ်းကတော့ ဘရုစ် ဆိုတဲ့ အားလုံးကို ပျော်ရွှင်စေတတ်တဲ့ အငယ်တန်း သတင်းကြေညာသူလေးဟာ အဓိက သတင်းကြေညာသူနေရာကို အမြဲရည်မှန်းနေပေးမယ့် ဘယ်တော့မှ မရခဲ့ပါဘူး။ ဒါ့အပြင် တခြားအဆင်မပြေမှုတွေ အတွက် ဖန်ဆင်းရှင်ကို အမြဲအပြစ်တင် ပြောဆိုနေခဲ့ပါတယ်။ တစ်နေ့မှာတော့ ထူးဆန်းတဲ့ ဖုန်းခေါ်ဆိုမှုတစ်ခုကနေ ဖန်ဆင်းရှင်ဘုရားနဲ့ တွေ့ဆုံခဲ့ရပြီး သူ့ကို တစ်ပတ်တိတိ ဖန်ဆင်းရှင်အဖြစ် တာဝန်လွှဲအပ်လိုက်တဲ့အခါ……. တစ်ကားလုံး ရယ်နေရသလို တွေးတောစရာ သင်ခန်းစာယူစရာတွေ အပြည့်နဲ့ ကြည့်နိုင်ဖို့ တင်ပေးလိုက်ပါတယ်။...
Lights Out (2016) ⭐IMDB: 6.3/10 (142 k Votes) 🎬 #Horror #Mystery 🗓 2016 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 21 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ၂၀၁၆ မှာ နာမည်ကြီးနေတဲ့ Lights Out ကို တင်ပေးထားပါတယ်။ IMDb 6.3 ရထားတဲ့ သရဲကားပါ။ ဇာတ်လမ်းကတော့ ရိုးရှင်းပါတယ်။ ကြာချိန်က ၈၀ မိနစ်ကျော်လေးပါပဲ။ ဒါပေမယ့် Horror ကြိုက်သူတွေအတွက် ကျေနပ်မှုပေးပါလိမ့်မယ်။ အသံ၊ ညမြင်ကွင်း၊ ရိုက်ကွက်တွေက အတော်ကို ကောင်းမွန်ပါတယ်။ Conjuring အပြီးနောက်ပိုင်း ဘာနဲ့ထပ်ကြောက်ရမလဲ ရှာနေတဲ့သူတွေ အကြိုက်တွေ့စေမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဖအေတူ မအေကွဲ မောင်နှမ နှစ်ယောက်မှာ စိတ်ကျရောဂါခံစားနေရတဲ့ မိခင်ရှိနေပါတယ်။ သူဟာ အမြဲလိုလို ဘာမှန်းမသိတဲ့ တစ်စုံတစ်ယောက်နဲ့ စကားပြောနေတတ်တာပါပဲ။ အဲဒီတစ်စုံတစ်ယောက်ကို စုံစမ်းဖော်ထုတ်ဖို့ သူ့ဆီကနေဖယ်ရှားဖို့ ကြိုးစားသူတိုင်းအတွက် အန္တရာယ်အကြီးအကျယ် ကျရောက်လာတဲ့အခါ…….Horror ကြိုက်တတ်တယ်၊ မကြောက်တတ်ဘူး သို့မဟုတ် ကြောက်ချင်တယ်ဆို ညဖက်မှာ တစ်ကိုယ်တည်း မီးလေးပိတ်ပြီးကြည့်ကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။...
Son of the Mask (2005) ⭐TMDB: 42% User Score 🎬 #Comedy #Family #Fantasy #Adventure 🗓 2005 🎞 movie 🌎 #Germany #USA #UnitedStatesofAmerica ⏰ 1 နာရီ 36 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 တောင်းဆိုသူ များနေတဲ့ The Maskရဲ့ အဆက် Son of the Mask ကို တင်ပေးလိုက်ပါပြီ။ ဒီဇာတ်လမ်းမှာတော့ မျက်နှာဖုံးရဲ့ စွမ်းအင်နဲ့ တိုက်ဆိုင်ပြီး မွေးဖွားလာတဲ့ကလေး နဲ့ ကလေးကို မနာလိုတဲ့ ခွေးလေးက မျက်နှာဖုံးကို ခိုးပြီး တစ်ယောက်ကို တစ်ယောက် ချောက်ချကြတာတွေ….. မျက်နှာဖုံးရဲ့ မူလပိုင်ရှင် နတ်ဘုရား လိုကီဟာ သူ့ဖခင်ရဲ့ အတင်းခိုင်းစေမှုကြောင့် မျက်နှာဖုံးရှာပုံတော်ထွက်ရင်း...
The Idea of You (2024) ⭐IMDB: 6.7/10 (6 k Votes) 🎬 #Comedy #Drama #Romance #Music 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 58 မိနစ် 48 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Trailer မှာကတည်းက hit ဖြစ်နေတဲ့ မင်းသမီးချော Anne Hathaway နဲ့ မင်းသား Nicholas Galitzine တို့ရဲ့ အချစ်ဇာတ်လမ်းလေး လာပါပြီ။ အသက် ၄၀ အရွယ် အိမ်ထောင်ကွဲ။ သမီးတစ်ယောက်မိခင်ဖြစ်သူ Solene ဟာ တစ်နေ့တော့ သူ့သမီးနဲ့ သူငယ်ချင်းတွေကို Coachella ပွဲ လိုက်ပို့ရင်း Hayes ဆိုတဲ့ နာမည်ကျော် လူငယ်အဆိုတော်အဖွဲ့က ၂၄ နှစ်အရွယ် ကောင်လေးနဲ့ အမှတ်မထင် တွေ့ဆုံခဲ့ပါတယ်။ ခဏတာ အမှတ်မထင် တွေ့ဆုံမှုလို့ ထင်ခဲ့ပေမဲ့ အဆိုတော်ကောင်လေးဘက်က လက်မလျှော့ဘဲ Solene ရှိရာ နောက်ကို မရမက လိုက်လာခဲ့ချိန်မှာ အချစ်တစ်ခု ပေါက်ဖွားလာပါတော့တယ် …. အသက်အရွယ်က အလွန်ကွာခြားပြီး လူသိခံလို့ မဖြစ်တဲ့ သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းက ဘယ်လိုအဆုံးသတ်မယ်ဆိုတာတော့ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ပါ။...
Mr Vampire Saga 4 (1988) ⭐TMDB: 71% User Score 🎬 #Action #Comedy #Horror #Mr #Vampire 🗓 1988 🎞 movie 🌎 #HongKong ⏰ 1 နာရီ 35 မိနစ် 25 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 တရုတ်ခုန်ဆွသရဲကားလို့နာမည်ကြီးခဲ့တဲ့Mr Vampire ပြန်တင်ပေးလိုက်ပါတယ်။စုစုပေါင်းလေးကားရှိပြီး ၃ ကားကိုတင်ဆက်ပေးပီးပါပြီ ဒီလင့်ကိုနိပ့်ပီးရှာနိုင်ပါတယ် ၁ နဲ့ ၂ နဲ့ ၃ နဲ့ ၄ နဲ့ကအဆက်အစပ်မရှိပါဘူး။ ဇာတ်လမ်းအညွှန်းအနေနဲ့ – လူသူမနီးတဲ့ခြံကွက်လေးထဲမှာအိမ်၂အိမ်ရှိပြီး အဲဒီ၂အိမ်မှာ ဘုန်းတော်ကြီးတစ်ပါးနဲ့တောက်ဆရာတစ်ပါးတို့က တပည့်လေးတွေနဲ့ အိမ်နီးချင်းနေထိုင်လျက်ရှိပါတယ် ။ဆရာကြီးနှစ်ယောက်က အမြဲတမ်းပညာစမ်းကြရင်းနဲ့ သိပ်ပြီးတော့ မတည့်ကြပါဘူး။ တစ်နေ့ကျတော့ နယ်စပ်ကနေနန်းမြို့တော်ကိုသယ်လာတဲ့ဘုရင့်ဆွေမျိုးဖုတ်ကောင်ပါတဲ့ ရွှေရောင်ခေါင်းတလားသယ်တဲ့သူတွေကသူတို့ ၂အိမ်ရှေ့ကနေဖြတ်သွားပါတော့တယ် ။ အဲဒီခေါင်းတလားကိုတာဝန်ယူသယ်ပေးရတဲ့ တောက်ဆရာဖြစ်သူကလည်းခြံဝန်းထဲမှာနေတဲ့တောက်ဆရာကြီးရဲ့ဆရာတူညီလေးဖြစ်နေတော့ကောက်ညှင်းဝင်တောင်းရင်းစကားပြောဖြစ်ခဲ့ကြပါတယ် ။ သူတို့ထွက်သွားတဲ့ညမှာပဲ မိုးတွေသည်းပြီး ခေါင်းတလာကိုပိတ်ထားတဲ့မန္တန်ဆေးမင်တွေ အရောင်လွင့်ကုန်ပါတော့တယ် ။အဲဒါကြောင့်ပဲ ဖုတ်ကောင်က ခေါင်းတလားထဲကနေထွက်လာပြီးလူတွေလိုက်သတ်ပါတော့တယ် ။ အဲဒီဖုတ်ကောင်ကြီးကိုဘယ်လိုတွေရှင်းကြမလဲ ? ဆရာကြီး၂ယောက်ကတကယ့်အရေးကိစ္စကြုံလာရင်ရော စည်းလုံးကြပါ့မလားဆိုတာကိုဟာသလေးနဲ့ပါယှဉ်တွဲရိုက်ကူးထားတာဖြစ်ပြီးဘယ်အချိန်ကြည့်ကြည့်မရိုးရဘူးမလို့အသစ်တစ်ခေါက်ကြည့်ရှုလိုက်ဖို့ တိုက်တွန်းလိုက်ပါရစေ...
Mr. Vampire III (1987) ⭐TMDB: 71% User Score 🎬 #Action #Comedy #Horror #Mr #Vampire 🗓 1987 🎞 movie 🌎 #China #HongKong ⏰ 1 နာရီ 34 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 တရုတ်ခုန်ဆွသရဲကားလို့နာမည်ကြီးခဲ့တဲ့Mr Vampire ပြန်တင်ပေးလိုက်ပါတယ်။စုစုပေါင်းလေးကားရှိပြီး ၁နဲ့၂ ကိုတင်ဆက်ပေးပီးပါပြီ ဒီလင့်ကိုနိပ့်ပီးရှာနိုင်ပါတယ် ၁ နဲ့ ၂ နဲ့ ၃ ကအဆက်အစပ်မရှိပါဘူး။ ဦးလေးမင်ဆိုတဲ့ မောင်ရှန်းဆရာဟာ အစွမ်းမထက်ပေမဲ့ အကြံဉာဏ်မျိုးစုံရှိသူ ဖြစ်ပါတယ်။သူ့အနားမှာ တာ့ပေါင်နဲ့ စေ့ပေါင်ဆိုတဲ့ သရဲနှစ်ကောင်ကိုခေါ်ထားပြီး လိုက်လိမ်နေသူ ဖြစ်ပါတယ်။သူဌေးကြီး ထန်ပိုင်ဝမ့်အိမ်အတွက် သရဲနှင်ပေးတဲ့အချိန်မှာသရဲမိသားစုနဲ့ တွေ့ပြီး ထွက်ပြေးခဲ့ရပါတယ်။ ညအချိန်ကြီး ဦးလေးမင်ဟာ တိတ်ဆိတ်နေတဲ့ ရွာတစ်ခုထဲ ရောက်လာခဲ့ပါတယ်။အဲ့ဒီရွာမှာ ဓားပြတွေ သောင်းကျန်းနေတဲ့အတွက်အစောင့်အကြပ်တင်းကျပ်နေချိန်ဖြစ်ပြီး ဦးလေးမင်ကိုကာကွယ်ရေးအဖွဲ့ခေါင်းဆောင်က ဖမ်းဆီးခဲ့ပါတယ်။တာအိုဆရာကြီး ဦးလေးကျိုက အချိန်မီရောက်လာလို့ဦးလေးမင်လည်း အသက်ရှူချောင်ခဲ့ပါတယ်။ ထိုအချိန်မှာပဲ ဓားပြတွေ ရောက်လာခဲ့ပြီး ရွာသားတွေက စည်းလုံးစွာနဲ့ဓားပြတွေကို နှင်ထုတ်နိုင်ခဲ့ပြီး ဓားပြနှစ်ယောက်ကို ဖမ်းဆီးရခဲ့ပါတယ်။ဓားပြတွေရဲ့ သွေးအရောင်ကို ကြည့်ပြီးဓားပြတွေဟာ သာမန်လူမဟုတ်ကြောင်း ဦးလေးကျိုသတိထားမိသွားပါတယ်။ ဦးလေးကျိုရဲ့ မွေးနေ့မှာ အလွှဲလေးတွေဖြစ်ပြီး တာ့ပေါင်နဲ့ စေ့ပေါင်ကအဖမ်းခံလိုက်ရပါတယ်။ နောက်မှာ ဦးလေးကျိုရဲ့ ဆုံးမမှုကြောင့်ဦးလေးမင်ဟာ သရဲနှစ်ကောင်ကို လွတ်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ဒါပေမဲ့ တာ့ပေါင်ကို ဓားပြတွေက အသုံးချဖို့ ဖမ်းသွားခဲ့ပါတယ်။ ဓားပြတွေ တာ့ပေါင်ကို ဘယ်လို အသုံးချကြမလဲ…..ဦးလေးမင်နဲ့ ဦးလေးကျိုတို့ ပူးပေါင်းပြီး ရွာသားတွေကို ဘယ်လိုကယ်တင်မလဲ……ဆိုတာကို ရုပ်ရှင်နဲ့အတူ ခံစားကြည့်ရှုလိုက်ရအောင်နော်...
Let's Go To Rose Motel 2 - Thirst (2014) ⭐TMDB: 0% User Score 🎬 #Adult #Drama #Romance 🗓 2014 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 29 မိနစ် 14 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 *****************************************မီနာနဲ့ ဆန်းယောတို့က မဂ္ဂဇင်းသတင်းထောက်နဲ့ထိုက်သင့်သလောက်အောင်မြင်တဲ့စာရေးဆရာ အိမ်ထောင်ရှင်စုံတွဲတွေပဲဖြစ်ကြပါတယ်အိမ်တွင်းအောင်းပြီးအချိန်ပြည့်စာပဲရေးနေတဲ့ဆန်းယောဟာ တစ်ရပ်ကွက်တည်းဖြစ်တဲ့သူ့အဆက်ဟောင်းဒါယောင်းနဲ့ အချိန်အတော်ကြာတွဲနေခဲ့ကြပါတယ်တစ်နေ့မှာ မီနာက ဒါယောင်းနဲ့အမှတ်မထင်ပြန်လည်ဆုံတွေ့ပြီး အဆက်အသွယ်ပြန်လုပ်ကြပါတော့တယ်အဖြစ်မှန်ကိုသိသွားတဲ့မီနာက ဒေါသမထွက်ဘဲ ခေါင်းအေးအေးထားပြီး နားလည်မှုပေးခဲ့ပါတယ်ဒါပေမဲ့ မီနာက အလုပ်ကိစ္စကြောင့်အမှတ်မထင်ဆုံခဲ့ရတဲ့ဒါယောင်းရဲ့ခင်ပွန်းဖြစ်သူ ဟျွန်းဝူကိုသွေးဆောင်ပါတော့တယ်ရှုပ်ထွေးနက်နဲတဲ့ဆက်ဆံရေးတွေကိုဘယ်လိုဖြေရှင်းကြမလဲ ကြည့်ရှုလိုက်ကြပါဦးနော်...
Southpaw (2015) ⭐IMDB: 7.3/10 (259 k Votes) 🎬 #Drama #Sport #Action 🗓 2015 🎞 movie 🌎 #HongKong #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 5 မိနစ် 7 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Southpaw(2015)=========== သိပ်မကြာသေးခင်ကJake Gyllenhaalရဲ့Road House(2024) UFC Boxer အက်ရှင်ကား တစ်ကားထွက်လာတယ်…ကောင်းမွန်တဲ့အက်ရှင်ကားဆိုသော်ငြား တစ်ချို့သူတွေအတွက် Southpaw(2015) လောက်ရင်ထဲမရောက်ဘူးလို့ဆိုကြတယ်… ဒါ့ကြောင့် Southpaw ကားကို Quality လုံးဝအလန်းဖြစ်အောင်လုပ်ပြီးတင်ပေးထားပါတယ်… ဘီလီဟုပ် ပွဲ ၄၀ ကျော်လာပြီသူ့ဘဝမှာ ရှုံးပွဲဆိုတာ တစ်ခါဖူးမျှမှ မရှိခဲ့… ပွဲတိုင်းအောင်ပွဲဆင်ခဲ့တာချည်း ဒါပေမယ့် သူ့ထိုးသတ်မှုနည်းဗျူ ဟာက အခြားသူတွေနဲ့မတူပါဘူး ။ ပြင်းထန်တဲ့ ရန်သူ့လက်သီးချက်တွေကို တပျော်တပါးကြီးခံစားပြီးမှ သွေးဆာလောင်မှုကိုမွေးမြူ တတ်သူ ။ ဒါပေမယ့်သူ့မိန်းမမော်ရင်းကအဲဒီလို ထိုးသတ်တာကိုမကြိုက်ဘူး ။ တစ်ဘဝလုံးဇနီးဖြစ်သူရဲ့စီစဉ်ပေးမှုအောက်မှာပဲ နေထိုင်လာတဲ့ဘီလီတစ်ယောက်… ဇနီးဖြစ်သူက သူထိုးပါလို့ပြောတဲ့သူနဲ့မှထိုးတဲ့ အရိုင်းကောင်ကြီးဘီလီ… ကံကြမ္မာဆိုးကဆိုက်ကလုန်းလိုမွှေနောက်ပြီးတဲ့အခိုက်မှာ သမီးလေးနဲ့ နှစ်ယောက်တည်း ဖိအားတွေ အောက်မှာပြားပြားဝပ်ပေါ့ ။ လက်စားချေလိုမှုတွေအမုန်းတရားအာဃာတတွေနဲ့ ဖုံးလွှမ်းနေတဲ့ဘီလီတစ်ယောက် သူအမှောင်ထဲမှာအလင်းပြပြလေးတွေ့ခဲ့တယ် ။ ‘ သူ့လက်သီးချက်တွေကိုအဓိပ္ပာယ်ရှိစေမယ့်အလင်း ‘ ‘ ဒီဖိုက်တာကောင်ကြီးရဲ့မာန်စွယ်တွေကို ထက်ရှနေအောက်သွေးပေမယ့် အလင်း ‘ ဘီလီဟုပ် အော် ဘီလီဟုပ်တဲ့ Billy Hope ရှိနေသ၍ Hope ဆိုတဲ့မျှော်လင့်ချက်ကရှိနေဦးမှာပါပဲ ။ ဒီကားမှာ အဓိကထားပြောချင်တာတော့ JakeGyllenhaal ပါပဲ ဘယ်လိုမှ Jake လို့မထင်မိအောင်ကောင်းလွန်းတယ် ။ လုံးဝအရိုင်းစိုင်းဖိုက်တာကြီးတစ်ယောက် ကြိုးဝိုင်းစင်မြင့်ထက်မှာ အောင်သေအောင်သားစားနေတဲ့ သွေးဆာနေတဲ့ဘောက်ဆာသမားတစ်ယောက်အဖြစ်ပဲမြင်ရမှာပါ ။ နောက်ပြီး Equalizer တို့ Training Day တို့နဲ့ရေလည်လန်းခဲ့တဲ့ ဒါရိုက်တာ Antoine Fuqua ရဲ့ပေါင်းစပ်မှုနဲ့ဆိုတော့ ပြောစရာမရှိတော့ပါဘူး ။ ဒီ Southpaw ဆိုတဲ့ ညာခြေညာလက်အယောင်ပြပြီး ဘယ်ခြေဘယ်လက်သုံးထိုးနည်းဟာ တိကျတဲ့ထိုးသတ်မှုအပေါင်းစည်းပါ ။ ဘီလီအတွက်လဲ အဓိပ္ပာယ်အများကြီးရှိပီး သူ့အတွက်တစိမ်းတရံဆန်တဲ့ ထိုးသတ်မှုမျိုး ။ ချောက်ကမ်းပါးထက်ရောက်နေတဲ့ လူတစ်ယောက်ရဲ့အားမာန် ငါမလုပ်ရင်မဖြစ်ဘူး ငါလုပ်ကိုလုပ်ရမယ်ဆိုတဲ့ motivational sense တွေအများကြီးပါတဲ့ Southpaw… တချိန်က Eminem ကို သရုပ်ဆောင်ဖို့ဖြစ်စေခဲ့တဲ့Southpaw… Rap God ကြီး Eminem ရဲ့ Soundtrack တွေနဲ့ လက်ဝှေ့သမားတစ်ယောက်ရဲ့ ကြမ်းတမ်းခက်ထန်တဲ့ ဘဝခရီးကိုခံစားကြည့်ကြပါ….။ (အညွှန်းရေးသူကတော့ Hein That Naing ဖြစ်ပါတယ်)...
Shaitaan (2024) ⭐IMDB: 7.2/10 (36 k Votes) 🎬 #Horror #Thriller #Drama 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 8 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Shaitaan (2024) “မကောင်းဆိုးဝါး”IMDb – 7.2/10 အားလုံးစောင့်မျှော်နေကြတဲ့ မင်းသားကြီးအဂျေးရဲ့ ရှိုက်တန်ရုပ်ရှင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။မိသားစုဝင်လေးယောက်မှာ အိမ်ထောင်ဦးစီးကာရိုက်တာနဲ့ အဂျေးရဲ့ Remakeရိုက်ခဲ့သမျှရုပ်ရှင်တိုင်းကကြီးမားတဲ့အောင်မြင်မှုတွေ ရခဲ့တယ်လို့ ဆိုရမှာပါပဲ။ ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာကလည်း လက်ပွားမင်းသားရဲ့ Super 30(2019)၊ နောက် မကြာသေးခင်ကမှ ကျွန်တော်တို့ ဘောလိ၀ုဒ်တီးမ်ကဘာသာပြန်တင်ဆက်ပေးခဲ့တဲ့ Sunflower (2021)ရုပ်ရှင်စီးရီးတို့ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာကြီး Vikas Bahl။အဂျေးအပြင် တခြားသရုပ်ဆောင်တွေကြည့်မယ်ဆိုရင်လည်း ကျောင်းအုပ်ဆရာမကြီးရုပ်ရှင် Raatchasi (2019)ထဲကတောင်ပိုင်းမင်းသမီးကြီး ဂျိုသီကာ၊ 3 Idiots(2009)ထဲက ကျွန်တော်တို့ရဲ့ဓာတ်ပုံဆရာကြီး ဖာဟန်တို့အပြင်အခုတင်ဆက်ပေးလိုက်တဲ့ ရှိုက်တန်ရုပ်ရှင်ရဲ့ မူရင်းရုပ်ရှင် Vash (2023)ထဲက မင်းသမီးချောလေးဂျန်ကီဘိုဒီဝါလာပါပါဝင်ထားပါတယ်။ ရူပီး ကုဋေခြောက်ဆယ်ဝန်းကျင်သုံးခဲ့တဲ့ ဒီရုပ်ရှင်က ၂၁၁ကုဋေကျော်တဲ့အထိ ပြန်လည်ရရှိခဲ့ပါတယ်။မူရင်းရုပ်ရှင် Vash (2023)ကို ကြည့်ပြီးသူတွေကတော့ ဇာတ်လမ်းကိုသိပြီးသားဖြစ်မှာဆိုပေမဲ့တင်ဆက်ပုံကွဲပြားတဲ့အတွက် မတူညီတဲ့ရသကို ခံစားရစေမှာပါ။ စေတန်တဲ့…။ မကောင်းဆိုးဝါးလို့ပဲ လွယ်လွယ်ခေါ်ကြပါစို့။ဒီမကောင်းဆိုးဝါးက ဘယ်သူ့ကိုကိုယ်စားပြုမှာလဲ။သိပ္ပံပညာ တိုးတက်လာတာနဲ့အမျှ အရာရာကို သိပ္ပံနဲ့ဖြေရှင်းလို့ရလာပေမဲ့ အောက်လမ်း၊ အထက်လမ်း၊ သရဲတစ္ဆေနဲ့ ပရလောကဆိုတဲ့သိပ္ပံပညာနဲ့ ရှင်းမရတဲ့ပြဿနာတွေ လောကမှာ ဒုနဲ့ဒေး။ အခုတင်ဆက်ပေးလိုက်တဲ့ရုပ်ရှင်ဆိုတာလည်း ဒီလိုဖြစ်ရပ်တွေထဲကတစ်ခုပေါ့။ချစ်စရာကောင်းတဲ့ သားငယ်လေးရယ် သမီးကြီးရယ်နဲ့ ဇနီးချောလေးကို ပိုင်ဆိုင်ထားတဲ့ ကဘီးရ်ကတော့သာယာချမ်းမြေ့တဲ့မိသားစုလေးရဲ့ အိမ်ထောင်ဦးစီးကြီးတစ်ယောက်။တစ်နေ့ သူတို့မိသားစု အပန်းဖြေအိမ်ကို အပျော်ခရီးထွက်လာကြတဲ့အချိန်မှာတော့ဘယ်ကမှန်းမသိတဲ့ သူစိမ်းတစ်ယောက်နဲ့တွေ့ရာကစပါတယ်။အပျော်ထွက်လာတဲ့ခရီးက သူစိမ်းတစ်ယောက်ကြောင့် ဝမ်းနည်းစရာတွေကြုံတွေ့လာရတဲ့အချိန်မှာတော့ကဘီးရ်တစ်ယောက် မိသားစုကိုကာကွယ်ဖို့ ဘယ်လိုရင်ဆိုင်တိုက်ခိုက်မလဲဆိုတာခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့CM Bollywood Teamပဲ ဖြစ်ပါတယ်)...
Scarlet Heart: Ryeo (2016) ⭐TMDB: 86% User Score 🎬 #Drama #SciFi #Fantasy #War #Politics 🗓 2016 🎞 Series 🌎 #SouthKorea ⏰ 1 နာရီ 47 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Moon Lovers: Scarlet Heart Ryeo (2016)Moon Lovers: Scarlet Heart Ryeo (2016) ************************************* အပိုင်း (၁ မှ ၂၀) စ/ဆုံးဒီတစ်ခေါက် CM ကနေ တင်ဆက်ပေးသွားမယ့်ဇာတ်ကားဟောင်းလေးကတော့ ၁၀၀မှာ ၁၀၁ ယောက်လောက် ကြည့်ဖူးထားပြီး ကြည့်ဖူးတဲ့သူတိုင်းလည်း စွဲလမ်းနှစ်သက်ကြတဲ့ Lee Joon Gi, IU, Kang Ha Neul နဲ့ တခြားသော မင်းသားချောတွေအများကြီး ပါဝင်သရုပ်ဆောင်ထားတဲ့ Moon Lovers Scarlet Heart Ryeo ပဲ ဖြစ်ပါတယ် ဇာတ်လမ်းကတော့ နေကြတ်တဲ့တစ်နေ့မှာ 21ရာစုက ဂိုဟာဂျင်လို့ခေါ်တဲ့မိန်းကလေးတစ်ယောက်က ထယ်ဂျိုဘုရင်အုပ်စိုးချိန်ကာလဖြစ်တဲ့ ဂိုလျောမင်းဆက်ရဲ့အစပိုင်းအချိန်ကို ပြန်ရောက်သွားခဲ့ရာကစပါတယ်။အဲဒီခေတ်မှာ သူက ဂိုဟာဂျင်အဖြစ်မဟုတ်ဘဲ မင်းသား(၈)ဝမ်ဝူရဲ့ကြင်ရာတော်ရဲ့ဝမ်းကွဲညီမ ဟယ်ဆူဖြစ်နေခဲ့ပြီး ဘုရင့်သားတော်တွေနဲ့လည်း ရင်းနှီးလာခဲ့ပါတယ်။မင်းသားတွေနဲ့ပတ်သက်ရာကနေပဲ နန်းတွင်းထဲမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ထီးနန်းဆက်ခံတဲ့အရှုပ်ထုတ်တွေကြားထဲ ဘယ်လိုရောက်သွားပြီး နန်းတော်ရဲ့အပယ်ခံဖြစ်တဲ့ မင်းသား(၄)ဝမ်ဆိုနဲ့ ဘယ်လိုရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းတဲ့ အချစ်ဇာတ်လမ်းမျိုးဖြစ်လာမလဲဆိုတာ CM နဲ့အတူ တစ်ဖန်ပြန်လည်ကြည့်ရှုခံစားဖို့ ဖိတ်ခေါ်လိုက်ပါတယ်။အညွှန်းကို Double M မှ ရေးသားပေးထားပါတယ်...
Original Sin: Sex (2016) ⭐TMDB: 73% User Score 🎬 #Adult #Drama #Documentary 🗓 2016 🎞 movie 🌎 #Turkey #UnitedStatesofAmerica ⏰ 1 နာရီ 16 မိနစ် 9 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 **************************** ဂယောင်းဟွမ်နဲ့ အွန်းဆော့တိုဟာ နွေရာသီပိတ်ရက်မှာ သူများတွေလို အလည်အပတ်သွားဖို ပိုက်ဆံမတတ်နိုင်တဲ့အတွက်ဂယောင်းဆော့ အချိန်ပိုင်းအလုပ်ရှာလိုရထားတဲ့ ဟိုတယ်လေးမှာပဲ အလုပ်လည်းလုပ်ရင်း အပန်းလည်းဖြေမယ်ဆိုပြီး ခရီးထွက်လာပါတယ်ဒါပေမဲ့ ကံအကြောင်းမလှစွာပဲ အွန်းဆော့က အဲဒီဟိုတယ်ရဲ့ သူဌေးဆီမှာ မုဒိမ်းကျင့်ခံလိုက်ရပါတယ်အကြောင်းစုံကို ဂယောင်းဟွမ်သိသွားတဲ့အခါ ဂယောင်းဟွမ်တစ်ယောက် စိတ်လိုက်မာန်ပါနဲ့ ဟိုတယ်သူဌေးကို သတ်မိသွားပါတော့တယ် နောက်တစ်နေ့မှာပဲ အဲဒီဟိုတယ်ကို ဓာတ်ပုံဆရာတစ်ယောက်နဲ့ ရုရှားမော်ဒယ်မလေး အီရီရာတို ဓာတ်ပုံရိုက်ကူးရေးလုပ်ဖို ရောက်လာကြပါတယ်ရုရှားမလေးက ဟိုတယ်သူဌေးရဲ့အလောင်းကို မြင်သွားတဲ့အခါမှာတော့...
Mr. Vampire II (1986) ⭐TMDB: 63% User Score 🎬 #Comedy #Horror #Mr #Vampire #Action 🗓 1986 🎞 movie 🌎 #HongKong ⏰ 1 နာရီ 31 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 တရုတ်ခုန်ဆွသရဲကားလို့နာမည်ကြီးခဲ့တဲ့Mr Vampire ပြန်တင်ပေးလိုက်ပါတယ်။စုစုပေါင်းလေးကားရှိပြီး ပထမကားကိုတင်ဆက်ပေးပီးပါပြီ ဒီလင့်ကိုနိပ့်ပီးရှာနိုင်ပါတယ် ၁ နဲ့ ၂ ကအဆက်အစပ်မရှိပါဘူး။Mr. Vampire II ရဲ့ဇာတ်လမ်းအကျဉ်းကတော့လောဘသားပါမောက္ခနဲ့တပည့်နှစ်ယောက်ကရှေးဟောင်းအမွေအနှစ်ကိုရောင်းစားဖို့တူးဖော်ကြရင်းရှေးဟောင်းအလောင်း(၃)ခုကိုရခဲ့ပါတယ်။ စျေးကြီးကြီးနဲ့ပြန်ရောင်းဖို့ သယ်လာခဲ့ကြပြီးမှ သွေးစုပ်ဖုတ်ကောင်တွေမှန်းသိလိုက်ရတယ်။ ကမောက်ကမတွေဖြစ်ပြီးအသေးလေးတစ်ကောင်လွတ်သွားခဲ့ပါတယ်။ဖုတ်ကောင်မိဘလင်မယားကမြို့အနှံ့ကလေးလေးကိုလိုက်ရှာတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။...
