uz
Feedback

Firibgarlarga uchmang! Telemetrio bunday kanallarni topadi va belgilaydi 👉 Belgini ko‘rmoqchi bo‘lsangiz, obuna bo‘ling 👈

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Yopiq kanal

🚩 Channel was restricted by Telegram

Ko'proq ko'rsatish
Ma'lumot yo'q
Obunachilar
-524 soatlar
-47 kun
+730 kun
Postlar arxiv
Ippadiku Kadhal (2024) ⭐TMDB: 70.0% User Score 🎬 #Bollywood #Drama #Romance 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 43 မိနစ် 47 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Ippadikku Kaadhal (2024) မေ့ဖျောက်မလွယ်IMDb- 5.4/10 ဆယ်နှစ်လောက်ချစ်လာခဲ့ကြပြီးမှ အခက်အခဲတွေကြားထဲကနေ လက်ထပ်ခဲ့ကြတဲ့ရှီဗာနဲ့ ရမ်ယာတို့အတွဲလေးဟာတော့ ကံဆိုးမိုးမှောင်ကျစွာနဲ့ လက်ထပ်တဲ့ညမှာပဲကားအက်စီးဒန့်ဖြစ်ပြီးတော့ ရမ်ယာလေးဟာ လူ့လောကကြီးထဲကနေ ထွက်ခွာသွားခဲ့ပါတယ်။ ဒဏ်ရာပြင်းထန်ခဲ့တဲ့ ရှီဗာကတော့ တဖြည်းဖြည်းသက်သာလာခဲ့ပေမဲ့ စိတ်ထဲက ဒဏ်ရာကတော့ မပျောက်ကင်းနိုင်သေးပါဘူး။ဒီလိုနဲ့ ဆေးရုံဆင်းပြီးနောက်မှာ သူ့ရဲ့စိတ်တွေ လန်းဆန်းပြီး စိတ်ခံစားချက်တွေ သက်သာအောင် သူငယ်ချင်းဖြစ်သူက ရှီဗာကိုချန်းနိုင်းကိုခေါ်သွားပြီး သူနဲ့အတူတူအလုပ်လုပ်စေပါတယ်။ နေရာအသစ် မြင်ကွင်းအသစ် အလုပ်အသစ်နဲ့အတူရှီဗာဟာလည်း တော်တော်လေး လန်းဆန်းလာခဲ့ပါတော့တယ်။ နောက်ပြီး အန်ဂျနာဆိုတဲ့ကောင်မလေးတစ်ယောက်၊ အချစ်ကိုယုံကြည်ပြီး ပုံအပ်ခဲ့ပေမဲ့သူယုံကြည်တဲ့သူ့ချစ်သူက သူ့ရဲ့ ရေချိုးအဝတ်စားလဲနေတဲ့ ဗီဒီယိုကိုအင်တာနက်ပေါ်တင်လိုက်ရာကနေ သူ့ကိုဘယ်သူမှ မသိတဲ့ ချန်နိုင်းကို ထွက်လာခဲ့ရင်း ဘဝသစ်စခဲ့သူတစ်ယောက်။ ဒီလို ဘဝအခက်အခဲတွေရှိနေတဲ့ သူတို့နစ်ယောက် တိုက်ခန်းတစ်ခုတည်းမှာ အိမ်နီးချင်းတွေဖြစ်ရာက ခင်မင်သွားကြရင်းနဲ့ အချင်းချင်း ရိုင်းပင်းကူညီကြရင်းသူတို့ရဲ့ ခင်မင်မှုကနေ ဘယ်လိုဇာတ်လမ်းလေးတွေ ဖြစ်ပေါ်လာမလဲဆိုတာကိုကြည့်ရှုခံစားရမဲ့ ဒရာမာဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni~BpL~V~Alex~ToMo တို့ပဲဖြစ်ပါတယ်) (CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်
...

The Grey Man (2024) ⭐TMDB: 67.0% User Score 🎬 #Crime #Drama #Action #Thriller 🗓 2024 🎞 movie 🌎 #China #UnitedStates #Czechia #UnitedKingdom #Canada #Thailand #Denmark #France #Cambodia #Vietnam #UnitedStatesofAmerica ⏰ 1 နာရီ 38 မိနစ် 9 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ ဟောင်ကောင်က ဘိန်းရာဇာဂိုဏ်းတစ်ခုကိုဖယ်ရှားကြမဲ့ရဲတွေနဲ့ ဘိန်းရာဇာဂိုဏ်းကြားထဲက ထောင်ချောက်တွေ အလှည့်အပြောင်းတွေကိုရင်ခုန်စွာနဲ့ကြည့်ရှုရမဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ် ။Crime နဲ့ Action , Drugs စတဲ့ဇာတ်လမ်းအမျိုးအစားတွေကြိုက်တတ်တဲ့ပရိတ်သတ်ကြီးအတွက် ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်မှာ အသေအချာပဲလို့ အာမခံပါတယ် ။ ဇာတ်လမ်းအကျဉ်းလေးကတော့ –ဘိန်းရာဇာဂိုဏ်းရဲ့ စီမံသူတစ်ဦးဖြစ်တဲ့ အစ်ကိုပေါက်ဆိုသူက လိုင်ခါးမှာဘိန်းအရောင်းအဝယ်လုပ်ရင်း ရဲတွေဆီမှာမိမလိုဖြစ်သွားခဲ့ပါတယ် ။ဒါပေမဲ့ သူကလည်းအဆက်အသွယ်တွေရှိတော့ သူ့အစားသူ့ရဲ့ညာလက်ရုံး အားထျန်းခေါင်းပေါ်ကိုအကုန်ပုံချလိုက်ပါတော့တယ် ။ ငွေလည်းသုံးထားတာမို့ အားထျန်းကလည်း ထောင်အကြာကြီးတော့မကျဘဲလိုင်ခါးမှာပဲ ထောင် ၃နှစ်ကျသွားပါတော့တယ် ။ ဒါပေမဲ့ ရဲတွေမိသွားတဲ့နေရာမှာတိုက်ရင်းခိုကိရင်းက ဘယ်လက်ရုံးခုန်ချွဲ့ရဲ့ညီလေးကလည်း သေဆုံးသွားခဲ့ပါတယ် ။ခုန်ချွဲ့ကတော့ သူ့ညီလေးကို အားထျန်းသတ်ပါတယ်ဆိုပြီးယုံကြည်နေပြီး အမုန်းကြီးမုန်းနေပါတော့တယ် ။ အဲဒီလိုနဲ့ သုံးနှစ်အကြာ အားထျန်းတစ်ယောက် ထောင်ကထွက်ပြီးဟောင်ကောင်ကိုပြန်ရောက်လာတဲ့အချိန် အဖွဲ့အစည်းကရောဘယ်လိုပုံစံဖြစ်နေမလဲ ? ‌အစ်ကိုပေါက်ကရော သူ့ကတိအတိုင်း စီမံသူရာထူးကိုပေးပါ့မလား ?ရဲတွေကရော သူတို့ဂိုဏ်းကိုလိုက်ရင်းဘာတွေကြုံရမလဲ ?နောက်ဆုံး ဘယ်သူတွေနဲ့တွေ့ဆုံပြီးဘာတွေကြုံတွေ့ရမလဲဆိုတာကို ရင်တထိတ်ထိတ်စိတ်ဝင်စားဖို့ကောင်းစွာနဲ့ကြည်ရှုရမှာဖြစ်လို့ လက်မလွှတ်သင့်တဲ့‌ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်
...

Irumban (2023) ⭐IMDB: 6.8/10 (21 Votes) 🎬 #Bollywood #Drama #Uncategorized #Action 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 11 မိနစ် 27 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 irumban 2023 (imdb 7.1/10) “အာဂယောက်ျား” အခုထွက်လာတဲ့တောင်ပိုင်းကားလေးကတော့တမီလ်မင်းသမီးချော အက်ရှ်ဝါရာဦးဆောင်ထားပြီးမင်းသားဆက်ပါရမ်ကလည်းအကွာမန်းအထာနဲ့ ဂိုက်ပေးကြမ်းထားတဲ့အပြင်ယိုဂီဘာဘူလို တောင်ပိုင်းနာမည်ကြီး ဇာတ်ပို့တွေလည်းပါဝင်အားဖြည့်ထားပါသေးတယ် ဇာတ်လမ်းလေးကတော့ အချစ်အလွမ်းအက်ရှင်ဇာတ်ကြမ်းလို့ရိုးရိုးလေးပြောလိုက်ရင်လည်း ကြိုက်တတ်တဲ့ပရိသတ်ကြီးကကြည့်မှာသေချာပါတယ် ဒါပေမဲ့ ဝတ္တရားရှိတဲ့အတိုင်း နဲနဲချဲ့ကားပြောရရင်တော့အိန္ဒိယရဲ့ရှေးလူမျိုးစုတစ်ခုဖြစ်တဲ့ ဗယ်ဂရီဘူလီ မျိုးနွယ်ကကိုယ့်မျိုးနွယ်ဝင်မဟုတ်တဲ့ သူတွေနဲ့ လက်မထပ်အိမ်ထောင်မပြုကြပါဘူးတဲ့တခြားလိုက်နာစောင့်ထိန်းတဲ့ ရိုးရာပေါင်းစုံလည်းရှိပါသေးတယ်သူတို့က တောင်ပိုင်းဒေသတွေမှာ ပျော်ရွှင်စွာပဲ အမဲလိုက်လိုက်နတ်ပူဇော်လိုက်နဲ့ ခေတ်ကိုလဲအမှီလိုက် ရိုးရာလဲမပယ်ပဲနေထိုင်ကြတဲ့ လူမျိုးစုပါတဲ့ အဲ့တော့ ဇာတ်လမ်းလေးက ဒီသာကီဝင်ပရိုမက်စ်မျိုးနွယ်မင်းသားကတခြားသူတို့လူမျိုးမဟုတ်တဲ့ ကောင်မလေးတစ်ယောက်(မင်းသမီး)ကိုချစ်ကြိုးသွယ်မိတဲ့ဇာတ်လမ်းလေးပါပဲ နဲနဲပါးပါးဟာသလေးတွေပါမယ်…ဒရာမာလေးတွေပါမယ်ကြည်နူးရတာလေးတွေရှိမယ် မင်းသားနဲ့မင်းသမီးရိုပြမယ်အက်ရှင်ခန်းမှာ ဗလကြီးတွေထုတ်ပြပြီး ရှယ်ချကြမယ်အဲ့တော့ ပရိတ်သတ်ကြီးလဲ စိတ်အပန်းဖြေဖို့ အားပေးနိုင်ကြောင်းပြောကြားရင်းနဲ့ တင်ဆက်ပေးလိုက်ပါတယ်အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပါပဲ ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်
...

Mean Girls (2024) ⭐IMDB: 6.1/10 (15 k Votes) 🎬 #Comedy #Musical 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 52 မိနစ် 55 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အားလုံးပဲစောင့်မျှော်နေကြမယ့် Mean Girls (2024) ဇာတ်ကားသစ်လေးလာပါပြီ။ အားလုံးသိကြမယ့်အတိုင်း ဒီဇာတ်ကားလေးကတော့ ၂၀၀၄ တုန်းက ထွက်ရှိခဲ့ပြီးအားလုံးရဲ့ မှတ်ဉာဏ်ထဲမှာ မှတ်မှတ်ရရဖြစ်ခဲ့ကြတဲ့ နာမည်ကြီး Mean Girls ဇာတ်ကားလေးကိုမှ adapation သဘောမျိုး ပြန်လည်ရိုက်ကူးထားတာပါ။ ဒီတစ်ခေါက် ဇာတ်ကားလေးမှာ ထူးခြားတာကတော့ အရင်ဇာတ်လမ်းကျောရိုးကိုမှ Gen-Z အသုံးအနှုန်း၊ စတိုင်လ်တွေ ထပ်မံအားဖြည့်ထားပြီး Musical ဘက်သွားထားတဲ့အတွက် သစ်လွင်တဲ့ခံစားချက်မျိုးနဲ့ အတိတ်ကို ပြန်တမ်းတပြီး ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး ကြည့်ရှုရမှာပါ။ ဇာတ်လမ်းအကျဉ်း ကေဒီဟာ ကန်ညာမှာ သုတေသနလုပ်နေတဲ့မိဘတွေနဲ့ အတူနေရာကနေ ကျောင်းပြောင်းလာတဲ့အခါမှာတော့ မကြုံဖူးတာတွေ ကြုံရပါတော့တယ်။ ကျောင်းမှာ သူ့အဖွဲ့အုပ်စုနဲ့ သူရှိတာ၊ တစ်ယောက်နဲ့ တစ်ယောက်ပြိုင်ဆိုင်ကြတာ၊ သမီးရည်းစားကိစ္စတွေ၊ အတင်းအုပ်တာတွေကို ကြုံတွေ့ရတဲ့အခါမှာ အထူးအဆန်းဖြစ်နေပါတော့တယ်။ ဒီလိုနဲ့ သူတို့ကျောင်းမှာ နာမည်ကြီးတဲ့ အလှပဂေး ပလတ်စတစ်မလေး သုံးယောက်က သူ့ကိုသတိထားမိသွားပြီး သူတို့အဖွဲ့ထဲပါဖို့ ဖိတ်ခေါ်ပါတော့တယ်။ ဒီလိုနဲ့ ဘုမသိ ဘမသိ ကေဒီတစ်ယောက် သူတို့အဖွဲ့ထဲပါသွားပြီး သူတို့လို ဝတ်တတ်စားတတ် သမီးရည်းစားကိစ္စ စိတ်ဝင်စားလာပြီး ကောင်လေးတစ်ယောက်ကို စကြိုက်မိရာကနေ ဘယ်လိုတွေ ဇာတ်လမ်းရှုပ်ကြမလဲဆိုတဲ့ ကျောင်းတွင်းအရှုပ်တော်ပုံကို ဟာသဇာတ်မြူးအနေနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။
...

Avatar: The Last Airbender (2024) ⭐TMDB: 95.0% User Score 🎬 #SciFi #Fantasy #Action #Adventure #Drama 🗓 2024 🎞 series 🌎 #UnitedStatesofAmerica ⏰ 53 မိနစ် 46 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Avatar: The Last Airbender (2024)Avatar ရဲ့ Live action စီးရီးထွက်လာပါပြီ မူရင်း animation ကြည့်ထားတဲ့သူတွေကတော့ ဇာတ်လမ်းဇာတ်အိမ်ဘယ်လောက်ခိုင်မာလဲကောင်းလဲ သိကြမှာပါရေ မြေ မီး လေ ဓာတ်ကြီးပါးအလိုက် နိုင်ငံ ၄နိုင်ငံရှိရာမှာ ပါရမီပါသူတွေက ကိုယ့်နိုင်ငံရဲ့သက်ဆိုင်ရာဓာတ်တွေကို ထိန်းချုပ်နိုင်စွမ်းရှိကြပါတယ် အဲ့နိုင်ငံတွေထဲက Avatar ဆိုတဲ့သူက ဓာတ်၄ပါးလုံးကို ထိန်းချုပ်နိုင်တဲ့သူဖြစ်ပြီးတော့ နိုင်ငံ၄နိုင်ငံလုံးကို မျှတအောင်ထိန်းသိမ်းပေးရမယ့်သူပါ Avatar တစ်ယောက် သေဆုံးသွားရင် နောက်တစ်နိုင်ငံမှာ အလှည့်ကျပြန်ဝင်စားပါတယ် မီးနိုင်ငံက မျှတမှုကိုဖျက်စီးပြီးနိုင်ငံတွေအကုန်သိမ်းပိုက်ဖို့လုပ်လာတဲ့အခါမှာ လေမျိုးနွယ်ရဲ့ Avatar လည်းပျောက်သွားတဲ့အတွက်ကြောင့် မီးနိုင်ငံကိုတားဆီးမယ့်သူမရှိခဲ့ပါဘူးနှစ်၁၀၀ကြာပြီးတဲ့နောက်မှာ ရေမျိုးနွယ်စုလေးက Katara နဲ့ Sokka ဆိုတဲ့မောင်နှမ၂ယောက်ဟာ သက်ရှိထင်ရှားရှိနေသေးတဲ့လေမျိုးနွယ် Avatar Aang ကိုရှာတွေ့ခဲ့ပြီး မီးနိုင်ငံကိုတားဆီနိုင်ဖို့ Aang နဲ့အတူ စွန့်စားခန်းထွက်ဖို့ဖြစ်လာပါတော့တယ်
...

Unforgettable Online Dating-Aoi Ichino [JUQ-411-Decensored] ⭐- 🎬 #Adult 🗓 - 🎞 movie 🌎 #Japan ⏰ 2 နာရီ 7 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Aoi Ichino ဆိုတာ အရွယ်ရောက်မှ JAV လောကထဲ ရောက်လာပေမယ့် နောက်ကျတဲ့ နေဝင်ချိန်မဟုတ်ခဲ့ပါဘူး.. အဖူးအငုံလေးတွေလို နုလှပါတယ်ဆိုတဲ့ JAV မင်းသမီးတွေကြား သူမရဲ့အလှကျတော့ ပြီးပြည့်စုံစွာ ပွင့်ဖူးထားတဲ့ ပန်းတစ်ပွင့်လို ငွားငွားစွင့်စွင့်ပါပဲ။ မြင်သူ ရင်အေးရတဲ့မျက်နှာထားလေးနဲ့ အကြည့်လေးတွေက စွဲနေမိတတ်ပါတယ် ပါးဖောင်းဖောင်းပြည့်ပြည့်ဖြိုးဖြိုးလေးနဲ့ အာရှရဲ့ အလှအပတွေနဲ့ ပြည့်စုံသူလေးပါ။ JUQ-411-Decensored ဒီဇာတ်လမ်းလေးက တော်တော်လေး လှပတဲ့ဇာတ်လမ်းလေးအဖြစ်ခံစားရမှာပါ။ မင်းသားဖြစ်တဲ့ကောင်လေးက မ,ဆိုလို့ ယင်မ,တောင်မသမ်းဖူးတဲ့ အဆင်လေးဖြစ်ပြီး Online ကနေ မမကြီး Aoi Ichino နဲ့သိသွားကြရာကနေ မမကြီးရဲ့ ရက်ရောမှုတွေနဲ့ အဆင်လေးခမျာ ဘဝတစ်ခုလုံးမေ့မရမယ့် နေ့ရက်လေးကို ဘယ်လိုပိုင်ဆိုင်သွားမလဲဆိုတာ……။ JAV ဆိုတာ အာသာပြေစိတ်ကူးယဉ်ဇာတ်လမ်းတွေမလို့  ဒီတိုင်းထွက်ပေါက်တစ်ခုအနေနဲ့ပဲ ခံစားမယ်ဆို အဆင်ပြေပါတယ်။ Decensored Version နဲ့မလို့ Aoi Ichino ကို နှစ်သက်သွားစေဖို့လုံလောက်ပါတယ်။ (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။
...

Five Breakups and a Romance (2023) ⭐IMDB: 5.5/10 (111 Votes) 🎬 #Crime #Drama #Mystery #Romance #Comedy #Thriller 🗓 2023 🎞 movie 🌎 #India #Philippines ⏰ 1 နာရီ 42 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Five Breakups and A Romance (2023) ချစ်ခြင်းမပြယ် IMDb-5.7/10 ဖိလစ်ပိုင်အချစ်ဇာတ်လမ်းတွေနဲ့ ခွဲထားလို့မရတဲ့ပါးချိုင့်လေးနဲ့အပြုံးချိုချိုမင်းသားလေး Alden Richards နဲ့မင်းသမီးချောလေး Julia Montes တို့ရဲ့ အနောက်ဥရောပနိုင်ငံတွေထိရုံတင်ကြည့်ရှုနှုန်းတွေနဲ့ရုံ‌တင်ငွေ သန်း 100 ထိရခဲ့တဲ့ အချစ်ဇာတ်လမ်းလေး တင်ဆက်ပေးလိုက်ပါတယ် လူတစ်ယောက်ကို စတွေ့လိုက်တဲ့အချိန်တည်းကစခဲ့တဲ့အချစ် ။အချိန်တွေဘယ်လောက်ကြာကြာ ဘဝအနေအထားတွေ ဘယ်လိုပဲပြောင်းလဲသွားသွားပျောက်ပြယ်မသွားတဲ့ အချစ်တစ်ခု…ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်ရှိအောင်သည်းခံတတ်အောင် ခံနိုင်ရည်ရှိအောင် ဒီလိုပြုပြင်ပေးတဲ့လူက ဘေးနားမှာရှိနေတယ်ဆိုတာကံကောင်းခြင်းတစ်မျိုးပဲမဟုတ်ပါလား တစ်ယောက်တည်းကြံ့ကြံ့ခံရင်းအချိန်မရွေးပြိုလဲလို့ရနေတဲ့ရင်ခွင်တစ်စုံက ကိုယ့်ကိုဘယ်လောက်ထိအောင်မြင်မှုတွေပေးကြောင်း ဘေးနားကလူကြောင့်ပြောင်းလဲသွားရတဲ့ ကိုယ်ကိုယ်တိုင်အဖြစ်ခံစားရင်း ဆက်လက်ရှုစားကြဖို့ညွှန်းဆိုလိုက်ပါတယ်…. အချစ်ဆုံးသူငယ်ချင်းတွေအကြောင်းပြုပြီး လန့်စ်နဲ့ ဂျက်စတင်းတို့ ဆုံတွေ့ခဲ့ကြတဲ့ concert ညတစ်ညဖက်ရှင်ဒီဇိုင်နာဖြစ်ဖို့ ဖိလစ်ပိုင်ကထွက်ပြီး စင်ကာပူမှာလာကြိုးစားနေတဲ့ဂျက်စတင်း နဲ့ဆေးပညာအသိုင်းအဝိုင်းမိသားစုကြား မိသားစုသဘောကျ ဆေးပညာကိုပဲ သင်ယူနေရတဲ့လန့်စ်တို့မြင်မြင်ချင်း ချစ်မိသွားကြတယ် ကိုယ့်ဘဝကိုယ်ကိုယ်တိုင် စိတ်ကြိုက်ခြယ်သနိုင်တဲ့ဂျက်စတင်းနဲ့ မိဘအလိုကျကြိုးစားရတဲ့ဆေးကျောင်းသားလေးတို့ အချစ်ဇာတ်လမ်း။ ။ ချစ်ရသူနဲ့ အမှားတစ်ခုကြောင့်တစ်နှစ်အကြာမှာ အဖုအထစ်လေးတွေနဲ့ပြတ်စဲခဲ့ကြတဲ့အချိန်ကလူတွေတဖြုတ်ဖြုတ်သေကြတဲ့ ကိုဗစ်ကာလကြီးပေါ့ကျန်းမာရေးဝန်ထမ်းတွေ အထိဆုံးကာလတစ်ခုမှာ ကိုယ့်ဘေးနား ဝန်ထမ်းတွေ လူနာတွေနဲ့ပဲရှိပြီးတစ်ယောက်တည်းအထီးကျန်မှုတွေနဲ့ ၂ပါးသွားနေခဲ့ရတဲ့ ဒေါက်တာလေး လန့်စ်က စိတ်ထောင်းကိုယ်ကြေဖြစ်နေချိန်အချိန်တစ်ခုအကြာမှာ ပြန်ဆုံတွေ့ခဲ့ကြပြီး တစ်ဖန်ပြန်နိုးထလာတဲ့ သူတို့အချစ်ဇာတ်လမ်းဟာအဖုအထစ်တွေထပ်ပေါ်လာဦးမလား အချစ်နဲ့ဘဝကိုရင်ဆိုင်ပြီးဖြတ်သန်းသွားနိုင်ကြမလားဆိုတာတော့…. အချစ်ဇာတ်လမ်းလေးတွေနာမည်ကြီးတဲ့ ဖိလစ်ပိုင်ကားတွေထဲကမှ ဆွတ်ပျံ့ကြည်နူးဖို့ကောင်းတဲ့အချစ်ဇာတ်လမ်းကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ် အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ Yunni တို့ပဲဖြစ်ပါတယ်
...

Jab Mila Tu (2024) ⭐TMDB: 0.0% User Score 🎬 #Drama 🗓 2024 🎞 movie 🌎 #India ⏰ 25 မိနစ် 11 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Jab Mila Tu (2023)Jab Mila Tu (2024) “ဘာရယ်ကြောင့်များ…”CMပရိသတ်ကြီးအတွက် ဒီတစ်ခါတင်ဆက်ပေးမယ့် အိန္ဒိယစီးရီးလေးကတော့ youtubeတို့ spotifyတို့မှာကိုသီချင်းတွေ နာမည်ကြီးနေတဲ့ Musical Rom-Comလေးပဲ ဖြစ်ပါတယ်။ ဒီထဲက သီချင်းတွေကို အဓိကရေးသားပေးထားတာကတော့ နာမည်ကျော် တေးရေး၊တေးဆို Vishal Dadaniပဲ ဖြစ်ပါတယ်။သီချင်းမြူးမြူးလေးတွေနဲ့တင် နားထောင်ကောင်းရုံမကပဲ မင်းသားနဲ့မင်းသမီးလေးကလည်း ရွှေရင်အေးစရာဆွဲဆောင်မှုရှိတဲ့အပြင်ဇာတ်လမ်းဇာတ်ကွက်ကပါ စီးရီးပီပီအချိတ်အဆက် အလှည့်အပြောင်းကောင်းတော့ အရသာကောင်းတဲ့ 3 in 1 တစ်ခွက်လို့ပဲ ညွှန်းဆိုပေးလိုက်ရင် မမှားပါဘူးဗျာ။ဇာတ်လမ်းအကျဉ်းလေးကတော့ စူပါစတားအဆိုတော်မာဒီဟာ ဂျစ်ကန်ကန်နဲ့ ထင်ရာမြင်ရာလုပ်တတ်တဲ့သူတစ်ယောက်ပါ။သူ့စိတ်ထဲရှိတဲ့အတိုင်းပဲ နေထိုင်လုပ်ကိုင်တတ်ပြီး ဘဝကြီးကို လွတ်လပ်စွာနေထိုင်သူတစ်ယောက်ပါ။ ဂျိုးဆိုတဲ့ကောင်မလေးကတော့ အဖေ့ဆီကအမွေရထားတဲ့ ကော်ဖီဆိုင်လေးကို အောင်မြင်အောင်ရုန်းကန်နေရတဲ့ ဂိုအာမြို့သူ လုင်ငန်းရှင်ပေါက်စလေးပေါ့။သိပ်လှတဲ့ ဂိုအာမြို့လေးမှာ မာဒီနဲ့ဂျိုးနဲ့ဆုံတွေ့မှုကတော့ Rom-Comတွေရဲ့ထုံးစံအတိုင်း ဂျိုးရဲ့ဖုန်းက မာဒီရဲ့ကားပေါ်မှာကျန်ခဲ့တာက စပါတယ် အဲဒီကနေစလွဲလာတဲ့ Tom and Jerryအတွဲရဲ့ ဂိုအာကမ်းခြေအချစ်ဇာတ်လမ်းလေးကို ရင်ခုန်ခံစားနိုင်စေဖို့ CM Bollywood Team ကနေ နှလုံးရွှင်ရွှေရင်အေး စီးရီးလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် )( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်
...

Naal 2 (2023) ⭐TMDB: 0.0% User Score 🎬 #Bollywood #Drama 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 5 မိနစ် 9 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Naal 2 (2023) “နှောင်ကြိုး ၂”IMDb – 8.3/10 လတ်တလော တောင်းဆိုမှုအများဆုံးဇာတ်ကားဖြစ်ပြီး IMDbကအစမိမိုက်နေတဲ့ ဇာတ်ကားလေးတင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်က ၂၀၁၉ခုနစ်မှာကျင်းပတဲ့ ၆၆ကြိမ်မြောက်ရုပ်ရှင်ဆုပေးပွဲမှာ ဆုရရှိခဲ့တဲ့Naal(2018)ရဲ့ အဆက်ပေါ့။ အဆက်ဆိုပေမဲ့ သူ့ချည်းပဲ ကြည့်လို့ရတဲ့ရုပ်ရှင်လည်း ဖြစ်ပါတယ်။ ချိုင်တယာတို့မိသားစုက ရွေးကောက်ပွဲနီးလို့ ဇာတိရွာဆီကို ပြန်လာကြပါတယ်။အဖေဖြစ်သူက ရွေးကောက်ပွဲဝင်ပြိုင်မဲ့အမတ်လောင်းတစ်ယောက်ပေါ့။ ရွာဓလေ့အတိုင်း အမျိုးတွေ လက်ညှိုးထိုးမလွဲဆိုတော့ချိုင်တယာတစ်ယောက် ကလေးပီပီပျော်ရပါရောလား။ချန်မ်နီဆိုတဲ့ ကလေးမလေးကို ချိုင်တယာတစ်ယောက်သူ့ညီမလေးအရင်းလို တုန်နေအောင်ချစ်မိသွားပါရော။ ကလေးမလေး အိပ်နေရင်တောင်ဘေးကတစ်စိမ့်စိမ့်ထိုင်ကြည့်နေမိတဲ့ ချစ်မိတဲ့အစ်ကိုတစ်ယောက်ရဲ့ ၅၂၈မေတ္တာတွေနဲ့ပေါ့။ ချန်မ်နီလေးကတော့ သူ့အစ်ကိုအရင်း မာနီကလွဲရင် ချိုင်တယာလေးကို အဖက်တောင်မလုပ်။ဒီလိုကလေးတွေကြားက ဖြူစင်တဲ့မေတ္တာလေးတွေရဲ့တစ်ဖက်မှာ ချိုင်တယာ့အဖေဖြစ်သူကမိသားစုမှာအစ်ကိုကြီးဖြစ်နေတော့အမွေကိစ္စတွေ ရှုပ်ထွေးလာပါတော့တယ်။ မောင်နှမအရင်းမဟုတ်ပဲ မောင်နှမအရင်းအချာလို ဖြူစင်စွာနဲ့ သဲသဲလှုပ်ချစ်မိတဲ့ချိုင်တယာရယ် မောင်နှမအရင်းတွေတန်မဲ့ အမွေတွေလုရင်း ပြဿနာတွေတက်ရတဲ့အဖေဖြစ်သူတို့ကြားက ပြဿနာများစွာကို ကြည့်ရှုခံစားရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်တွေကတော့ Yunni ~ V ~ Alex ~ ToMo ~ BpL တို့ပဲဖြစ်ပါတယ်)
...

Snoopy Presents: Welcome Home, Franklin (2024) ⭐IMDB: 7.2/10 (253 Votes) 🎬 #Animation #Family 🗓 2024 🎞 movie 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 39 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 နာမည်ကျော် ကာတွန်းစီးရီးတစ်ခုဖြစ်တဲ့ Peanuts ရဲ့ အသစ်ထွက်လာတဲ့ Spin-off ဇာတ်လမ်းတိုလေး တင်ဆက်ပေးချင်ပါတယ်ဗျာ။ Snoopy ခွေးလေးတို့ Charlie Brown တို့က ပုံမှန် ဇာတ်လိုက်ကျော်တွေပေါ့။ ဒီကားထဲမှာတော့ သူတို့ Peanut ဂိုဏ်းထဲကို Franklin တစ်ယောက် ဘယ်လိုရောက်ရှိလာတယ် ဆိုတာကို ဦးစားပေး ပြသထားတာပါ။ Franklin ရဲ့ဖခင်ဖြစ်သူဟာ စစ်တပ်တာဝန်ထမ်းဆောင်သူ ဖြစ်တဲ့အလျောက် နေရာပေါင်းစုံကို ရွှေ့ပြောင်းနေထိုင်ရသူ ဖြစ်ပါတယ်။ ဒီတော့ Franklin လေးတစ်ယောက် ရောက်လေရာမှာ သူငယ်ချင်းသစ်တွေ ခက်ခက်ခဲခဲ ရှာရတယ် ပြီးရင်လည်း နှုတ်ဆက်ခဲ့ရပြန်ရော… ဒီလိုနဲ့ သံသရာ လည်နေခဲ့ပြီး ဒီဘဝကို စိတ်ကုန်နေတာပေါ့။ တစ်ရက်ကျ Snoopy တို့ ရှိတဲ့မြို့လေးကို ရောက်လာတော့ ထုံးစံအတိုင်း Franklin တစ်ယောက် သူငယ်ချင်းရှာဖွေရေး နည်းလမ်းစာအုပ်နဲ့ ပတ်ပြီး မိတ်ဆွေဖွဲ့ခဲ့ရမှာ ကံကောင်းခြင်း မရှိခဲ့ပါဘူး။ ဒီအချိန်မှာ သူတို့မြို့လေးထဲ ဆပ်ပြာပုံးကားပြိုင်ပွဲလေး ကျင်းပမယ် တွဲဖက်တစ်ယောက်ရှာရမယ်ဆိုတော့ Franklin တစ်ယောက် ကျန်တဲ့လူတွေနဲ့ မိတ်ဆွေ ဖြစ်နိုင်အောင် သူများတွေက ဝိုင်းပယ်ထားတဲ့ Charlie နဲ့ အတူတူ ဒီ ကားပြိုင်ပွဲလေးကို အနိုင်ရအောင် ဘယ်လိုကြိုးစားသွားမလဲ ဆိုတာ ကြည့်ရမှာ ဖြစ်ပါတယ်ဗျာ။ မိသားစုနဲ့ အတူတူ ကြည့်နိုင်ပြီးတော့ သူငယ်ချင်းမေတ္တာအကြောင်းကိုလည်း ပညာပေး ပုံဖော်ထားတဲ့အတွက် ကလေးတွေကို ပြဖို့ဆိုရင်လည်း အသင့်တော်ဆုံးပါပဲ။
...

14 Blades (2010) ⭐TMDB: 63.0% User Score 🎬 #Action #History #Drama #Thriller 🗓 2010 🎞 movie 🌎 #HongKong #China #Singapore ⏰ 1 နာရီ 53 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 CM ပရိသတ်ကြီးတို့ကို wuxia ကား ကောင်းကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်ကားနာမည်ကတော့ 14 blades လို့ခေါ်ပြီးတော့ ၂၀၁၀ ခုနှစ်က ထွက်ရှိခဲ့တာပါ။ တရုတ်ကားကောင်းကောင်း ကြည့်ချင်ရင် ကားအဟောင်းတွေ ပြန်ကြည့်ရတယ်ဆိုသလိုမျိုးပဲ ဒီဇာတ်ကားကလည်း ကားကောင်းတွေထဲက တစ်ကားပါ။ အဓိက ဇာတ်ဆောင်အနေနဲ့ကတော့ မြန်မာပြည်က တရုတ်ကားပရိသတ်တိုင်း သိကြတဲ့ မင်းသားကြီး Donnie Yen က ပါဝင်ထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ မင်မင်းဆက်ကာလကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းချုပ်ကို ပြောပြရရင်တော့ မင်မင်းဆက် နှောင်းပိုင်းမှာ နန်းတွင်းခုံရုံးက အကျင့်ပြက်ခြစားသူတွေ စာရိတ္တပျက်ပြားတဲ့ အမတ်တွေနဲ့ ပြည့်နှက်နေခဲ့တယ်။ ဒါ့အပြင် အဲဒီခေတ်ကာလမှာ လမ်းဘေးလေလွင့်နေတဲ့ မိဘမဲ့ကလေးတွေကို ဖမ်းဆီးပြီး ကျင်းယိဝေ့လို့ခေါ်တဲ့ အထူးစစ်သည်တော်တွေအဖြစ် လေ့ကျင့်ပေးတာမျိုးလည်း ရှိခဲ့တယ်။ ကျင်းယိဝေ့တွေက လျှို့ဝှက်တာဝန်တွေကို ထမ်းဆောင်ကြရတာပါ။ ကျင်းယိဝေ့တွေရဲ့ခေါင်းဆောင် ချင်းလုံ (မင်းသား Donnie Yen) က တာဝန်ထမ်းဆောင်ဖို့ ဓား ၁၄ လက် အပ်နှံခံထားရသူပါ။ တစ်နေ့မှာတော့ သူဟာ ဧကရာဇ်ရဲ့ အနီးကပ်လူယုံဖြစ်တဲ့ ကျားကုန်းကုန်းက ဦးရီးတော်ဖြစ်တဲ့ ချင်းမင်းသားနဲ့ ပူပေါင်းပြီး ပုန်ကန်ဖို့ လုပ်နေတာကို သိသွားခဲ့ပါတယ်။ ဒါကိုသိသွားတဲ့ ချင်းလုံက ကျင်းယိဝေ့ထဲမှာ မနေတော့ဘဲ ထွက်ပြေးတိမ်းရှောင်ရင်း ပုန်ကန်မှုကို လိုက်လံတားဆီးဖို့ ကြိုးစားပါတော့တယ်။ ဒီလိုဆိုရင် ချင်းလုံအနေနဲ့ ပုန်ကန်မှုကို ဖြစ်စေမယ့် ဧကရာဇ်တံဆိပ်တော်ကို ရန်သူတွေလက်ထဲ မရောက်အောင် ဘယ်လိုလိုက်တားဆီးမလဲ၊ သူ ထွက်ပြေးတဲ့ လမ်းတစ်လျှောက်မှာ ဘယ်လိုလူတွေနဲ့ ကြုံတွေ့ရမလဲ၊ ကျားကုန်းကုန်းနဲ့ ချင်းမင်းသားတို့ရဲ့ ပုန်ကန်မှုကိုရော တားဆီးလိုက်နိုင်ပါ့မလားဆိုတာကိုတော့ ပရိသတ်ကြီးတို့ကိုယ်တိုင် ဒီကားလေးထဲမှာ ကြည့်ရှုလိုက်ပါ။
...

One Life (2023) ⭐IMDB: 7.7/10 (6 k Votes) 🎬 #Biography #Drama #History #War 🗓 2023 🎞 movie 🌎 #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 50 မိနစ် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Sir Nicholas Winton သို့မဟုတ် ဒုတိယကမ္ဘာစစ်အတွင်း စစ်ရှောင်ကလေးငယ် ၆၆၉ဦးအားကယ်တင်ခဲ့သူ… ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းလေးဟာ တီဗီအစီအစဥ်တစ်ခုမှ လူသိများပြီးအစပျိုးလာခဲ့တာပါ…။ ဇာတ်လမ်းအကြောင်းကို ပြောပြရရင် Nicholas Wintonဆိုတဲ့ လန်ဒန်မှ လူငယ်stockbrokerလေးတစ်ယောက်… ဒုတိယကမ္ဘာစစ်မဖြစ်မီ ၁၉၃၈ခုနှစ် ဒီဇင်ဘာလထဲမှာ ချက်ကိုစလိုဗားကီးယားနိုင်ငံရဲ့မြို့တော် ပရော့ဂ်ကို အလည်သွားရာကစခဲ့ပါတယ်…။ အဲ့ဒီခေတ်အချိန်က ဒုတိယကမ္ဘာစစ်ဖြစ်ရန်တာဆူနေပြီး ဟစ်တလာဟာ မဟာမိတ်တွေဆီကနေ ချက်ဇ်နိုင်ငံရဲ့ ပြည်နယ်တစ်ခုကိုတောင်းပါတယ်…။ စစ်ကိုရှောင်လွှဲချင်တော့ ဟစ်တလာရဲ့တောင်းဆိုချက်ကို လိုက်လျောပြီး နယ်မြေပေးလိုက်ရတဲ့အခါ နာဇီဂျာမဏီတွေရဲ့ ရန်ကိုကြောက်တဲ့ ဂျာမဏီ၊ သြစတီးနဲ့ ချက်ဇ်ဒေသခံ ဂျူးလူမျိုးတွေဟာ ပရော့ဂ်ကိုတိမ်းရှောင်လာခဲ့ကြပါတယ်။ ကလေးတစ်ပွေ့တစ်ပိုက်နဲ့မိသားစုတွေဟာ နေစရာမဲ့ စားစရာမဲ့ အတိဒုက္ခရောက်နေရတဲ့အပြင် နာဇီတို့ကျူးကျော်လာမယ့် အန္တရာယ်ကိုပါကြောက်လှန့်နေခဲ့ရကာ ပြေးစရာမြေမရှိဖြစ်နေခဲ့တာပါ။ ဒီအခြေအနေကို ကြုံတွေ့မြင်တွေ့ခဲ့ရတဲ့ Nicholas Wintonဟာ စစ်ကြောင့်နယ်စပ်တွေပိတ်မသွားမီ ကလေးငယ်တွေကို စစ်ဘေးလွတ်ရာ အင်္ဂလန်သို့ပို့ဖို့ကြံဆောင်ပါတော့တယ်…။ ဘယ်အချိန်ထဖြစ်မယ်မသိတဲ့စစ်မီးစင်ကိုကြည့်ရင်း အချိန်လုပြီး အသက်ကယ်ရတဲ့အခါ အသက်ဘယ်နှစ်ချောင်းကို ဘယ်လို ကယ်တင်နိုင်မှာလဲ….။ Nicholas Wintonတစ်ယောက်ဒီလိုစွမ်းဆောင်ခဲ့ပုံတွေကို တော်ရုံလူမသိခဲ့ကြဘဲ နှစ်ငါးဆယ်အကြာတီဗီအစီအစဥ်လေး တစ်ခုမှာမှ လူအများသိခဲ့ရပါတယ်။ ဘာလို့ဆို အဲ့ဒီအစီအစဥ်မှာလာကြည့်တဲ့ ပရိသတ်တိုင်းဟာ Nicholas Wintonကယ်တင်ခဲ့ဖူးတဲ့ကလေးငယ်များ ဖြစ်နေကြောင်း အံ့သြစွာသိရှိခဲ့ရလို့ပါပဲ…။ သူ့ရဲ့ဇာတ်လမ်းလေးက ဘယ်လိုမျိုးဖြစ်မလဲဆိုတာ ဒီတစ်ခါတော့ ရုပ်ရှင်အတိုင်းသားကြည့်ရှုခွင့်ရတော့မှာပဲဖြစ်ပါတယ်ဗျာ
...

Fighting for Love (2024) ⭐TMDB: 0.0% User Score 🎬 #Crime #Drama #Mystery 🗓 2024 🎞 movie 🌎 #China ⏰ 44 မိနစ် 34 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Fighting for Love ( 2024 )အာဂအမျိုးသမီးလေးအားမိုက်ရဲ့ တိုင်းပြည်အတွက်စွမ်းစွမ်းတမံ တိုက်ပွဲဝင်တဲ့ဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ အားမိုက်ဟာမြို့စားကြီးတစ်ယောက်ရဲ့သမီးဖြစ်ခဲ့တယ်။ သူ့ရဲ့မျက်စိရှေ့မှာတင် သူ့မိဘကိုသူ့ရဲ့အစ်ကိုလိုချစ်ရတဲ့ငယ်သူငယ်ချင်းသတ်လိုက်တာကို မြင်ရတဲ့အခါမှာတော့ သူ့ဟာယောင်္ကျားလေးလိုပြင်ဆင်ဝတ်စားပြီး သိုင်းလောကမှာကျင်လည်ရင်း လက်စားချေဖို့ခရီးကိုစတင်လိုက်ပါတယ်။မင်းသမီးကြီးရဲ့သားတော်တစ်ယောက်ဖြစ်တဲ့ ရှန်းယိကျီးကို အားမိုက်ကမထင်မှတ်ပဲကယ်လိုက်မိရာကနေ ရှန်းယိကျီးကို အန္တရာယ်ကြားကနေအကြိမ်ကြိမ်ကယ်ဖို့ဖြစ်လာခဲ့ပါတယ်။ စစ်ပွဲကြီးဖြစ်လာခဲ့တော့ အားမိုက်ကကိုယ်ကျိုးစွန့်ပြီး စစ်တပ်ထဲကိုဝင်ခဲ့ပါတယ်။ သူ့ရဲ့အရည်အချင်းကြောင့် စစ်သူကြီးရာထူးအထိအောင်မြင်လာခဲ့တယ်။ ရှန်းယိကျီးနဲ့အတူအခက်အခဲတွေအတူကျော်ဖြတ်ရင်း ကြီးမြတ်တဲ့အရာတွေကိုအတူအောင်မြင်အောင်ကြိုးစားလာခဲ့ကြတယ်။ နုပျိုခြင်းတွေပေးဆပ်ထားတဲ့ သူတို့ရဲ့ခရီးမှာ ဘယ်လိုအခက်အခဲတွေကြုံပြီး ဘယ်လို အောင်မြင်မှုတွေရလာမလဲဆိုတာ အားပေးကြည့်ရှုလိုက်ပါဦးနော်။
...

Kinky Boots (2005) ⭐TMDB: 67.0% User Score 🎬 #Comedy #Drama #Music 🗓 2005 🎞 movie 🌎 #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 48 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Kinky Boots (2005) IMDb – 7.1Rotten Tomatoes – 58% “စီးထားတဲ့ဖိနပ်ကိုကြည့်ရုံနဲ့ လူတစ်ယောက်ကိုခန့်မှန်းနိုင်တယ်” ငယ်စဉ်ကတည်းက အဖေဖြစ်သူရဲ့ဖိနပ်စက်ရုံမှာ ရွေးချယ်ခွင့်မရှိဘဲ အလုပ်သင်ဆင်းခဲ့ရတဲ့ ချာလီတစ်ယောက် အရွယ်ရောက်လာတဲ့အချိန်မှာ သတို့သမီးလောင်းနဲ့အတူ လန်ဒန်ကိုသွားဖို့အတွက် စက်ရုံကို စွန့်ခွါလာခဲ့ပါတယ်။ ကံဆိုးချင်တော့ သူ ထွက်လာတဲ့ရက်မှာပဲ အဖေဖြစ်သူ ဆုံးပါးသွားခဲ့ပြီး ဖိနပ်စက်ရုံကို အမွေဆက်ခံလိုက်ရပါတော့တယ်။ စက်ရုံက အကြပ်အတည်းတွေနဲ့ ကြုံတွေ့ရတဲ့အတွက် မတတ်နိုင်ဘဲ အလုပ်သမားလျှော့ချရင်း ထက်မြက်တဲ့လော်ရန်ဆိုတဲ့ ကောင်မလေးဆီက ဘာမှမလုပ်ကြည့်ရသေးဘဲ ဘ ာမှမတတ်နိုင်ဘူးလို့ ထိုင်ညည်းနေတယ်လို့ သူ့ကိုအပြစ်တင်ဝေဖန်သွားပါတယ်။ တစ်ဖက်မှာ ကလပ်တစ်ခုမှာ သီချင်းဆိုကပြဖျော်ဖြေတဲ့ မိန်းမလျာဖြစ်သူ လိုလာတစ်ယောက်ကလည်း ဒေါက်မြင့်ဖိနပ်က ခဏခဏဒေါက်ကျိုးလို့ ဖိနပ်ခဏခဏလဲရတာကို အဆင်မပြေဖြစ်နေပါတယ်။ ဒီလိုမျိုး ဖိနပ်အခက်တွေ့နေတဲ့ လိုလာနဲ့ ဈေးကွက်အသစ်ထွင်ဖို့ အကြံဉာဏ်လိုနေတဲ့ ချာလီတို့ မထင်မှတ်ဘဲတွေ့ကြတဲ့အခါ ဘာတွေကြုံတွေ့ရပြီး သူတို့ရဲ့ကိုယ်စီလိုအပ်ချက်တွေကို ဘယ်လိုဖြည့်ဆည်းကြမလဲဆိုတာကို 2005 ခုနှစ်က ထွက်ရှိခဲ့တဲ့ Kinky Boots ဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုကြပါစို့ဗျာ
...

Miller's Girl (2024) ⭐IMDB: 5.3/10 (4 k Votes) 🎬 #Drama #Thriller #Comedy 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 33 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မမ Wednesday ရဲ့ဇာတ်ကားအသစ်လေးထွက်ရှိလာပါပြီWednesday ထဲက Jenna Ortega,Martin Freeman နဲ့ Gideon Adlon တို့လိုနာမည်ကြီးသရုပ်ဆောင်တွေပါဝင်ထားပါတယ်(ဒီဇာတ်ကားထဲမှာပါဝင်တဲ့ဇာတ်ဝင်ခန်းတချို့နဲ့စကားအသုံးအနှုန်းတွေကြောင့် မိသားစုနှင့်အတူ ကြည့်ရှုရန်မသင့်တော်ပါ) ဇာတ်လမ်းအကျဥ်းကတော့…….မိဘတွေအဝေးရောက်နေတာကြောင့် တစ်ယောက်တည်းအထီးကျန်စွာရှင်သန်နေရတဲ့ဆယ်ကျော်သက်ကောင်မလေး “ကိုင်ရို”ဟာ ပျင်းစရာကောင်းလှတဲ့တန်နစ်ဆီပြည်နယ်မှာပဲ ဘဝကိုရိုးရိုးရှင်းရှင်းကြီးဖြတ်သန်းနေရလို့ မကျေမနပ်ဖြစ်နေပါတယ် ဒါပေမဲ့ တစ်နေ့မှာ သူမရဲ့ဘဝမှာ စိတ်ဝင်စားစရာကောင်းတာတစ်ခုဝင်ရောက်လာပါတယ် အဲ့ဒါကတော့ စာရေးဆရာ”ဂျွန်နသန်မီလာ”ဟာ သူ့ရဲ့စာအုပ်တွေဝေဖန်ခံရပြီးကတည်းက စာဆက်မရေးတော့ဘဲ ကျောင်းဆရာအလုပ်ကိုရွေးချယ်ခဲ့ပါတယ် စာရေးသားရတာဝါသနာပါတဲ့”ကိုင်ရို”တစ်ယောက် “ဂျွန်နသန်”ရဲ့အတန်းကိုလာတက်တဲ့အခါ…….. “ဂျွန်နသန်”ကလည်း ထူးချွန်ပြောင်မြောက်လှတဲ့တပည့်မလေးကို မျက်နှာသာပေးဆက်ဆံတယ် ပြီးတော့ နှစ်ဝက်စာမေးပွဲအတွက်ဆိုပြီး “ကိုင်ရို”ကိုသူ့အကြိုက်ဆုံးစာရေးဆရာတစ်ယောက်ရဲ့ရေးသားဟန်ကိုမှီငြမ်းပြီး ဇာတ်လမ်းတိုတစ်ပုဒ်ရေးခိုင်းပါတယ် အဲ့ဒီလိုကနေ သူတို့နှစ်ယောက်ရင်းနှီးကျွမ်းဝင်လာပြီး ဘယ်လိုပက်သက်မှုမျိုးတွေဖြစ်လာမလဲ “ကိုင်ရို”က မှီငြမ်းရေးသားမယ့်စာရေးဆရာကို ကာမရမ္မက်အကြောင်းတွေရေးလေ့ရှိတဲ့ ဟန်နရီဆိုတဲ့စာရေးဆရာကိုရွေးချယ်လိုက်တဲ့အခါ…… “ကိုင်ရို”ရဲ့သူငယ်ချင်း “ဝင်နီ”ရဲ့ မြှောက်ပင့်ပေးတဲ့စကားတွေကြောင့် “ကိုင်ရို”တစ်ယောက် ဆရာ့အပေါ်ကိုအရောင်တွေပြောင်းလဲသွားမလား
...

Tumko Na Bhool Paayenge (2002) ⭐TMDB: 62.0% User Score 🎬 #Action #Bollywood #Drama #Mystery 🗓 2002 🎞 movie 🌎 #India ⏰ 2 နာရီ 38 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဗီး ဆိုတဲ့ လူငယ်လေးဟာ တောရွာလေးမှာ‌ ရွာသူကြီးတွေဖြစ်တဲ့ မိဘတွေနဲ့ အတူနေထိုင်ပါတယ်။ မိဘတွေရဲ့ သည်းသည်းလှုပ် ချစ်ခြင်းကို ခံရပြီး ချစ်စရာကောင်းတဲ့ ချစ်သူကောင်မလေး မူစကန် လည်းရှိပါတယ်။ ပူပန်မှုကင်းတဲ့ ဗီးရဲ့ ဘဝမှာ တစ်ခါတရံ ပေါ်ပေါ်လာတတ်တဲ့ ထူးဆန်းအံ့ဩဖွယ်ရာတွေတော့ရှိလို့နေပါတယ်။ ပုံရိပ်တွေမြင်နေရတာမျိုး ထင်ယောင်ထင်မှား ဖြစ်နေတာမျိုးတွေပါ။ ပြီးတော့ သူ့ငယ်ဘဝနဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေကို ပြန်စဉ်းစားလို့မရပါဘူး။ ဘာကြောင့်ဖြစ်ရတာလဲလို့ မိသားစုအတွင်းကလူတွေကို မေးပေမဲ့ ဘယ်သူမှ တိကျတဲ့အဖြေမပေးဘဲ ဇာတ်လမ်းတစ်မျိုးစီပဲ ပြောပြနေကြတာပါ။ အဲဒီလိုနဲ့ ဗီး နဲ့ မူစကန်တို့ စေ့စပ်ကြတဲ့နေ့မှာပဲ မဖိတ်ခေါ်ထားတဲ့ ဧည့်သည်တွေရောက်လာပြီး ဗီး ကို ရန်ပြုကြပါတော့တယ်။ ဘာကိုမှ နားမလည်နိုင်ဖြစ်နေတဲ့ ဗီးကို မိဘတွေက ဖုံးကွယ်ထားတဲ့အကြောင်းအရာတွေ ထုတ်ပြောလိုက်တဲ့အချိန်မှာတော့ သူ့ဘဝနောက်ကြောင်းတွေကို စုံစမ်းဖို့ မွမ်ဘိုင်းမြို့ကို သွားဖို့ဖြစ်လာပါတော့တယ်။ ဗီး ရဲ့ ဘဝ အမှန်ကဘာလဲ။ သူ့ကိုရန်ပြုကြတဲ့သူတွေကိုရော ဘယ်သူကလွှတ်လိုက်တာလဲ။ ရွာငယ်လေးဆီကိုရော ဘယ်ပုံဘယ်နည်းရောက်လာတာလဲ ဆိုတာတွေကို 2002 မှာထွက်ရှိခဲ့ပြီး မင်းသားကြီး Salman Khan နဲ့ Sushmita Sen တို့ပါဝင်ထားတဲ့ ဇာတ်ကားလေးထဲမှာ ဆက်လက်ပြီးကြည့်ရှု့ခံစားနိုင်ပါတယ်။ International မှာ အရမ်းကြီး Hit ဖြစ်ခဲ့တဲ့ ဇာတ်ကားမဟုတ်ပေမဲ့ Bollywood နဲ့ Salman Khan ပရိသတ်တွေအတွက်တော့ 2000 ပြည့်နှစ်များအလွန်က Bollywood ဇာတ်ကားတွေရဲ့ ရိုက်ကူးတင်ဆက်ပုံ အက အလှတွေကို အလွမ်းပြေမယ့် ဇာတ်ကားလေးပါလို့ ညွန်းချင်ပါတယ်။
...

Dead Mine (2012) ⭐IMDB: 4.4/10 (3 k Votes) 🎬 #Action #Horror 🗓 2012 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 32 မိနစ် 41 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Dead Mine (2012)Genre – Action, Horror အင်ဒိုနီးရှားကျွန်းစွယ် တောနက်နက်ထဲကို လူတစ်စု စူးစမ်းရှာဖွေလျက် ရှိပါတယ်။ လက်နက်ကိုင် ကြေးစားစစ်သည်တွေလည်း ပါဝင်သလို ပညာရှင်တွေလည်း ပါဝင်ပြီး ဘယ်လိုမျိုးအရာကို လိုက်လံရှာဖွေနေတယ်ဆိုတာ ပညာရှင်တွေကလွဲပြီး ဘယ်သူမှ မသိနိုင်ပါဘူး။ ဒီလိုနဲ့ ရှာဖွေနေစဉ်မှာပဲ ပင်လယ်ဓားပြအုပ်စုနဲ့ တွေ့ပြီး တိုက်ခိုက်ရာကနေ မိုင်းတွင်းအဟောင်းကြီးတစ်ခုထဲကို ထွက်ပြေးခဲ့လိုက်ရပါတော့တယ်။ ဖြစ်ချင်တော့ ဒီမိုင်းတွင်းကြီးဟာ ဒုတိယကမ္ဘာစစ်တုန်းက ဂျပန်စစ်တပ်တွေ တပ်စွဲခဲ့တဲ့နေရာတစ်ခု ဖြစ်နေပြီး နောက်ကွယ်မှာကတော့ သာမန်တပ်စွဲသလောက်ထက် ကျော်လွန်ပြီး ထူးခြားဆန်းကြယ်မှုတွေ ရှိတဲ့နေရာ ဖြစ်လို့နေပါတယ်။ အဲဒီအခါကျမှ ပညာရှင်တွေဖက်ကနေ ဒီစူးစမ်းလေ့လာရေး ခရီးစဉ်ရဲ့ ရည်ရွယ်ချက်အမှန် ထွက်ရှိလာပြီး မိုင်းတွင်းထဲက မမျှော်လင့်ထားတာတွေ ဖြစ်ပျက်ခဲ့တဲ့ အချိန်မှာတော့ တစ်အုပ်စုလုံး အသက်ရှင်သန်ဖို့ ကြိုးစားရုန်းကန်ပြီး ရှာဖွေနေတာတွေလည်း တွေ့မလားဆိုတာ ကြည့်ရမယ့်ရုပ်ရှင်လေး ဖြစ်ပါတယ်။ ခုနောက်ပိုင်း နာမည်ကြီးလာတဲ့ အင်ဒိုနီးရှားမင်းသား Joe Taslim တောင် အရန်နေရာက သရုပ်ဆောင်ထားပါသေးတယ်။
...

Acid (2023) ⭐IMDB: 5.3/10 (989 Votes) 🎬 #Drama #SciFi #Fantasy 🗓 2023 🎞 movie 🌎 #France #Belgium ⏰ 1 နာရီ 40 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Acid (2023) အကယ်၍များဆိုတဲ့ စကားလုံးကို တော်တော်များများကြားဖူးကြမှာပါ။အကယ်၍များ ကမ္ဘာကြီးပျက်ခဲ့ရင်တို့အကယ်၍များ မီးမိုးတွေရွာခဲ့ရင်တို့အကယ်၍များ အကုန်ရေခဲသွားရင်တို့အကယ်၍များ အက်စစ်မိုးတွေရွာခဲ့ရင်တို့ပေါ့။ ဒီလိုမျိုး ဘေးအန္တရာယ်တွေကျရောက်လာရင်ဘယ်လိုလုပ်ကြမလဲဆိုတာမျိုးလဲ စိတ်ကူးပြီးစဉ်းစားမိခဲ့ကြဖူးမှာပါ။ဒါကိုကလဲ ကမ္ဘာ့ကပ်ဘေးဇာတ်လမ်းတွေရဲ့ ဆွဲဆောင်မှုတစ်ခုပါပဲ။နောက်ဆုံးထွက်ထားတဲ့ Moon Fall ဇာတ်ကား သိပ်ပြီးမအောင်မြင်ခဲ့ပေမဲ့ လူကြည့်တော့များတုန်းပါပဲ။ဒါပေမဲ့နောက်ပိုင်း ခုလို World Apocalypse ဇာတ်လမ်းတွေရှားပါးနေချိန်မှာ ရေငတ်တုန်းရေတွင်းထဲကျဆိုသလိုပြင်သစ်ကရိုက်ထားတဲ့ Apocalypse ကမ္ဘာပျက်ကားလေးတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ကမ္ဘာကြီးရဲ့ ဖန်လုံအာနိသင်ကြောင့် အပူချိန်တွေမြင့်တက်လာပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့အခြားဓာတုပစ္စည်းတွေ လေထုထဲကို စွန့်ပစ်မှုများလာတဲ့အတွက်တိမ်ထုထဲက မိုးရေတွေမှာ အက်စစ်ပါဝင်လာမှုပမာဏ မြင့်မားလာပါတယ်။ကမ္ဘာကြီးဟာလဲ စစ်တိုက်နေရတာနဲ့အချိန်တွေကုန်နေပြီး သဘာဝပတ်ဝန်းကျင်ကို လျစ်လျှုရှုထားကြပါတယ်။ဒါပေမဲ့ ခုလိုအက်စစ်ပမာဏတွေများလာတဲ့ မိုးရေတွေဟာ အက်စစ်မိုးများအဖြစ်နဲ့ ကမ္ဘာပေါ်ကိုပြန်လည်ရွာချလာပါတယ်။အရင်ကအက်စစ်မိုးတွေဟာ အပင်တွေကို ပျက်စီးစေတာလောက်ပဲ အန္တရာယ်ရှိပေမဲ့ခုမှာတော့ သက်ရှိတွေကိုပါ သေစေနိုင်လောက်တဲ့အထိ အက်စစ်ပမာဏများပြားလာပါတယ်။အက်စစ်မိုးတွေ ကြောင့်မြစ်ချောင်းတွေကရေတွေ တွင်းရေတွေဟာလဲ သောက်သုံးလို့မရတော့ပါဘူး။ဒီလိုသဘာဝဘေးအန္တရာယ်တွေကြားမှာ မိသားစုတစ်စု အက်စစ်မိုးတွေကြားဘယ်လို လွှတ်မြောက်အောင် အသက်လုပြီး ကြံဆပြီး ဘေးကင်းရာဒုက္ခသည်စခန်းကို သွားမလဲဆိုတာကိုတော့ဆက်လက်ကြည့်ရှုအားပေးလိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့K.Heinဖြစ်ပါတယ်)
...

Food for the Heart (2023) ⭐IMDB: 5.8/10 (90 Votes) 🎬 #Comedy #Drama #Romance #TVMovie 🗓 2023 🎞 tv movie 🌎 #Canada ⏰ 1 နာရီ 28 မိနစ် 51 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Food for the Heart (2023)IMDb – 5.9/10 “လီရာ” ဆိုတဲ့ သက်လတ်ပိုင်းအမျိုးသမီးတစ်ဦးက သူပိုင်တဲ့ “The Loving Spoonful” အမည်ရှိအစားအသောက် ဝန်ဆောင်မှုလုပ်ငန်းလေးကို စိတ်နှစ်ထားတဲ့ အမျိုးသမီးလေးပေါ့ အရာရာကို သူ့အတွေးအခေါ်နဲ့ သူ့ခြေသူ့လက် လုပ်ချင်တယ်…ဝန်ထမ်းဆိုလို့ “ဖေး” ဆိုတဲ့ ကျောင်းသူကောင်မလေးတစ်ယောက်ပဲ ရှိပြီးကိုယ်တိုင် နေ့မနားညမနား အလုပ်လုပ်ရလို့ သူမရဲ့ချစ်မေတ္တာတွေ အလုံးစုံကိုcustomer တွေအတွက် သူမရဲ့ ဟင်းပွဲလေးတွေကနေ အနွေးဓာတ်ပေးဖို့ပဲ ပုံအပ်ထားသူလေး…. တစ်ဖက်မှာလည်း တူမလေးအိုင်ဗီနဲ့ တူအရီးနှစ်ယောက်တည်း နေတဲ့လူပျိုကြီး “အန်ကယ်အီလိုင်” တစ်ယောက် သူတို့တိုက်ခန်းကို ပြောင်းလာတယ်သူကတော့ ငွေကြေးပြေလည်မှုနဲ့ အမိမဲ့တူမလေးကို ဂရုတစိုက်ချစ်ပေးဖို့ဆိုတဲ့ဟန်ချက်နှစ်ခုကို ဘက်မျှအောင် ညှိဖို့ အခက်အခဲဖြစ်နေသူပါ အန်ကယ်အီလိုင်တစ်ယောက် တူမလေးကို နွေရာသီ လေ့လာရေးစခန်းမှာ ထားချင်ပေမဲ့ ဈေးကြီးလို့ မတတ်နိုင်တာကြောင့် တစ်ခုကြံရတော့တယ်ဒီလိုနဲ့ အစားအသောက် ဖန်တီးရှင် အပျိုကြီးမမနဲ့ ပရောဂျက်မန်နေဂျာ အန်ကယ်တို့ အလုပ်တွဲလုပ်ရဖို့ ဖြစ်လာတယ်ပေါ့ အရာရာ ကိုယ့်ခြေကိုယ့်လက်ချည်းဆိုတဲ့ အပျိုကြီးမမ လီရာကိုပရောဂျက်မန်နေဂျာ အန်ကယ်အီလိုင်တစ်ယောက် ဘယ်လိုတွေ ပြောင်းလဲပေးမလဲ တစ်ကားလုံး violence ဆိုလို့ စိုးစဥ်းမပါဘဲ ကြည်နူးစရာကောင်းလွန်းတဲ့ အချစ်ဇာတ်လမ်းလေးကနေဘဝရဲ့ “စိတ်ပြောင်းလဲခြင်း” ကို သူတို့နှစ်ယောက် ဘယ်လိုရှာတွေ့သွားနိုင်မလဲဆိုတာ …။ (ဘာသာပြန်ကတော့aungmo3hanဖြစ်ပါတယ်)
...

The Motorcycle Diaries (2004) ⭐TMDB: 74.0% User Score 🎬 #Adventure #Biography #Drama 🗓 2004 🎞 movie 🌎 #Argentina #Chile #France #Germany #Peru #UnitedKingdom #UnitedStatesofAmerica ⏰ 2 နာရီ 7 မိနစ် 11 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားက အော်စကာဆု ၁ဆု နဲ့ တခြားဆုပေါင်းများစွာသိမ်းပိုက်ထားတဲ့ ဇာတ်ကားတစ်ခု။ ဆုတွေအများကြီးသိမ်းပိုက်ရအောင်လည်း ထိုက်ထိုက်တန်တန်ကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်တယ်။ ဇာတ်လမ်းဆိုတာထက် ဖြစ်ရပ်မှန် Documentaryနဲ့ ပိုတူတယ်လို့ပြောရမယ်။ မြန်မာပြည်မှာလည်း ရဲဘော်ချေဆိုပြီး လူသိများကြတဲ့ ကျူးဘားတော်လှန်ရေးမှာ လူသိများတဲ့တော်လှန်ရေးခေါင်းဆောင် ချေဂွေဗားရားရဲ့ တော်လှန်ရေးစိတ်ကို သန္ဓေတည်ပေးလိုက်တဲ့ ခရီးစဉ်အကြောင်းရိုက်ထားတာလို့ ပြောမယ်ဆိုရင်လည်း မှားမယ်မထင်ပါဘူး။ ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ အဲနက်စ်ဒိုဂွေဗားရားက နောက်ဆုံးနှစ်ဆေးကျောင်းတက်နေတဲ့ အသက်နှစ်ဆယ်ကျော်ကောင်လေးတစ်ယောက် ရင်ကြပ်ရောဂါအခံလည်းရှိသူ မိဘများကလည်းအလိုလိုက် ဂရုစိုက်ခံထားရတဲ့ လောကကြီးအကြောင်း ဘာမှမသိသေးတဲ့ လူငယ်လေးတစ်ယာက်။ အဲဒီလူငယ်လေးက အဲဘက်တိုလို့ခေါ်တဲ့ သူ့မိတ်ဆွေနဲ့ တိုက်ကြီးအနှံ့ခရီးထွက်ပြီးမိတ်ဆွေဖြစ်သူရဲ့ အသက်သုံးဆယ်ပြည့်နှစ်ကို ဗင်နီဇွဲလားမှာ ကုန်ဆုံးကြမယ်ဆိုပြီး စိတ်ကူးနဲ့ ဆိုင်ကယ်တစ်စီးနဲ့ခရီးနှင်လာကြပါတယ်။ ခရီးစဉ်မှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေ ကိုယ့်မြေကိုယ့်ရေမှာ နေစရာပျောက်ကြရတဲ့တိုင်းရင်းသားတွေကို မျက်ဝါးထင်ထင်မြင်ပြီးနောက်မှာ ထိုလူငယ်လေးရဲ့အတွေးအမြင်တွေ တဖြည်းဖြည်းပြောင်းလာပါတယ်။ခရီးတစ်လျောက်လုံးမှာလည်း ဘယ်လိုအခက်အခဲနဲ့ကြုံကြုံ သူတစ်ပါးဒုက္ခရောက်အောင် မလုပ်တတတ်ပဲ အမှန်ကိုပဲပြောတတ်တဲ့သူ အနာကြီးရောဂါသည်တွေကိုလည်း မခွဲခြားပဲဂရုဏာနဲ့ဆက်ဆံတဲ့ အဲနက်စ်ဒိုဂွေဗားရားကိုတွေ့ရမှာပဲ ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံပြီး တစ်နိုင်ငံကူးရင်းနဲ့ ရာသီဥတုရေမြေကွာခြားပုံတွေကိုလည်း လှလှပပရိုက်ကူးထားပြီး ဇာတ်လမ်းတစ်ပုဒ်လုံးကို ငြိမ့်ငြိမ့်လေးနဲ့ဆွဲခေါ်သွားပြီး တွေးစရာအပြည့်ထားခဲ့မယ့် ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။
...