uz
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Yopiq kanal

🚩 Channel was restricted by Telegram

Ko'proq ko'rsatish
Ma'lumot yo'q
Obunachilar
-524 soatlar
-47 kun
+730 kun
Postlar arxiv
Buddy (2024) ⭐IMDB: 5.8/10 (80 Votes) 🎬 #Action #Adventure #Bollywood #SciFi #Comedy 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 15 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Buddy 2024 လက်တွဲဖော် ပါလာဗီဟာ လေကြောင်းလမ်းရှင်းလင်းရေးအရာရှိတစ်ယောက်ဖြစ်ပြီးမကြာခင်မှာ အိမ်ကလက်ထပ်ပေးဖို့ ဖိအားပေးခံနေရသူပေါ့။ ဒါပေမဲ့ ပါလာဗီရဲ့နှလုံးသားထဲမှာ သူအတွေ့အကြုံနုစဉ်ကလေကြောင်းရှင်းလင်းရေးကို ကူညီပေးခဲ့တဲ့ ကပ္ပတိန်အာဒီတယာကသာစိုးမိုးထားတဲ့အတွက် ကပ္ပတိန်နဲ့ နောက်ဆုံးအနေနဲ့ ဗိုင်းဇက်ကိုထွက်သွားပါတော့တယ်။ အဲဒီမှာပဲ ကံမကောင်းအကြောင်းမလှစွာနဲ့မတော်တဆမှုဖြစ်သွားတာပေါ့။ တစ်ဖက်မှာလည်း ဟောင်ကောင်ဘိန်းရာဇာကြီးရဲ့သား နှလုံးအစားထိုးဖို့ ‌မှောင်ခိုဈေးကနေ ကိုက်ညီတဲ့သူရှာနေတဲ့ ဒေါက်တာအာဂျွန်ကလည်းပါလာဗီနဲ့ကိုက်ညီနေတာတွေ့လို့ ပါလာဗီကို နေ့ချင်းဟောင်ကောင်ကိုသယ်လာဖို့ကြံစည်ပါတော့တယ်။ တစ်ဖက်ကလည်း အာဒီတယာကိုစိတ်စွဲနေတဲ့ပါလာဗီရဲ့ဝိညာဉ်က အာဒီအိမ်က ဝက်ဝံရုပ်ထဲရောက်သွားတဲ့အခါ….. (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှဖြစ်ပါတယ်)
...

Music Shop Murthy (2024) ⭐IMDB: 8.5/10 (2 k Votes) 🎬 #Bollywood #Music #Drama #Comedy 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 5 မိနစ် 42 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Music Shop Murthy (2024) “DJ မူရ်သီ”Genre – Comedy, Drama, Music ဟာသမင်းသားကြီး Ajay Ghosh ပါဝင်သရုပ်ဆောင်ထားပြီးမင်းသမီးချောလေး Chandini Chowdary လည်းအားဖြည့်ပါဝင်ထားတဲ့ တေးဂီတသံစုံ ဟာသဒရမ်မာကားသစ်လေး ဖြစ်ပါတယ်။ မူရ်သီဆိုတဲ့ ဘဲကြီးက တေးသီချင်းတွေကို ဝါသနာပါ ရူးသွပ်ပြီး ကိုယ်တိုင်လည်းတေးဂီတခွေဆိုင်လေးဖွင့် ဘုရားပွဲ ကနားပွဲ မသာပွဲတွေဆိုလည်း လိုက်လိုက်ပြီးလော်နဲ့ သီချင်းဖွင့်ပေးပြီး စီးပွားရေး လုပ်ကိုင်နေသူကြီးပေါ့။ ဒါပေမဲ့လည်း သမီးနှစ်ယောက်နဲ့ ဇနီးမယားကို ထောက်ပံ့ဖို့အတွက်ကျခေတ်မှီလာတဲ့ ဒီလိုခေတ်ကြီးမှာ ဒီအလုပ်က အဆင်မပြေတော့ပါဘူးဒါကြောင့် မိန်းမဖြစ်သူကလည်း တခြားအလုပ်ပြောင်းလုပ်ဖို့နားပူနားဆာတိုက်နေပေမဲ့ ရူးသွပ်မှုနောက်ကိုပဲ လိုက်နေဆဲပေါ့လေ။ တစ်ဖက်မှာလည်း အမေရိကားကနေ ကျောင်းတက်လာတဲ့ အန်ဂျနာဟာအိန္ဒိယရှေးရိုးစွဲ မိဘတွေနဲ့ အဆင်မပြေတွေဖြစ် သူ ဝါသနာပါတဲ့ ဒီဂျေအလုပ်ကိုလည်းအရက်မူးသမားတွေ ရှိတဲ့ဆိုင်မှာ ဖျော်ဖြေပေးရတာ အောက်တန်းကျတယ်ဘာပြုတယ်နဲ့ သားအဖနှစ်ယောက်က တဂျိမ်းဂျိမ်းပေါ့။ ဒီလိုနဲ့ တေးသီချင်းတွေကို နှစ်သက်ပေမဲ့ ခေတ်ပေါ်ရေစီးကြောင်းကို မသိတဲ့ မူရ်သီတစ်ယောက်ဒီဂျေပညာရှင်မလေး အန်ဂျနာနဲ့ ကံပါလို့ တွေ့ဆုံကြတဲ့အခါမှာတော့ ရိုးရိုးမူရ်သီကနေDJ မူရ်သီဖြစ်လာဖို့ ဘယ်လိုတွေ ကြိုးစားရမလဲ ဘယ်လို အခက်အခဲတွေ ကြုံရမလဲနှစ်ယောက်သား ကိုယ်စီပြဿနာ အခက်အခဲတွေကနေ လွတ်မြောက်နိုင်မလားဆိုတာကိုရယ်စရာ မောစရာ တေးသီချင်းတွေနဲ့ တင်ဆက်ထားတဲ့ Tamil ကားလေး ဖြစ်ပါတယ်ဗျာ။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)
...

Green Lantern (2011) ⭐IMDB: 5.5/10 (299 k Votes) 🎬 #Action #Animation #Adventure #Thriller #ScienceFiction #SciFi 🗓 2011 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 54 မိနစ် 1 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 DC ဟာ comic နဲ့ animated လောက မှာ ဘုရင်တစ်ပါး ဖြစ်ပေမယ့် ရုပ်ရှင်လောက မှာတော့ လက်နှေးပါတယ်။ ဒါပေမယ့် သူတို့ဟာ သူတို့ရဲ့ နာမည်ကြီး ဇာတ်ကောင်တစ်ကောင် ဖြစ်တဲ့ Green Lanternကို ရုပ်ရှင်ရိုက်ဖို့ သတိရသေးတာ ပဲ တော်ပါသေးရဲ့။ comic လောကမှာတော့ Green Lantern ဟာ ပရိသတ်အခိုင်အမာ ရထားတဲ့ super heroတစ်ယောက်ပါ။ ဒါကို ရုပ်ရှင် အဖြစ် ချပြတော့ comic fanတွေရဲ့ high expectation အရ လိုအပ်ချက် တစ်ချို့ကို ထောက်ပြကြတာ တွေ့ရပါတယ်။ ကျွန်တော်ကတော့ ဒါဟာ ကောင်းတဲ့ အချက် လို့ ယူဆပါတယ်။ Batman Forever တို့လို ဇာတ်ကားတွေ ထွက်ပြီးမှ Nolan’s Batman trilogy တွေ ထွက်လာပြီး ကမ႓ာ့ရုပ်ရှင်လောကကို super hero ရုပ်ရှင်က ကိုင်လှုပ် ပြခဲ့တာ အားလုံးအသိပါ။ Green Lantern ဟာဆိုရင်လည်း နောက်ထပ် အထင်ကရ ဇာတ်ကားတွေ ထပ်ထွက်ဖို့ အလားအလာ ရှိနေပါတယ်။ အခု ဒီ ဇာတ်ကားကလည်း comic နောက်ခံ မရှိတဲ့ လူတွေ အတွက်တော့ ကျေနပ်စရာ ဇာတ်ကား တစ်ကား ဖြစ်လာမှာပါ ဒီဇာတ်ကားထဲက Green Lantern ဟာ Hal Jordon ပါ။ ဘာလို့ ဒါကို ထည့်ပြောရတာလဲဆိုရင် နောက်ထပ် Green Lantern ဖြစ်တဲ့ John Stewart ကို ရုပ်ရှင်အဖြစ် DC ဘက်က ထုတ်မယ် ထင်လို့ပါ။ အနည်းဆုံးတော့ ထွက်ပြီးသမျှ animationတွေထဲက John Stewart ကို CM ပရိသတ်ကြီး မြင် စရာ အကြောင်း ရှိပါသေးတယ်။ ဇာတ်လမ်းကတော့ Hal Jordon ရဲ့ ဘဝ တစ်စိတ်တစ်ဒေသ နဲ့ Green Lantern corps ထဲ ရောက်ရှိလာပုံရယ် Parallex ဆိုတဲ့ စကြဝဠာတစ်ခုလုံးရဲ့ ရန်သူကြီးနဲ့ သူ့ရဲ့ ပွဲဦးထွက်မှာ ပဲ ရင်ဆိုင်ရပုံကို ရိုက်ကူးထားတာပါ။ အဓိကဇာတ်ဆောင်ကို နောက်ထပ် ဟီးရိုးတစ်ယောက်အနေနဲ့ ငါမြင်ဖူးနေပါတယ် လို့ တွေးမိရင်… ဟုတ်ပါတယ် သူ့ကို Deadpool အဖြစ် မိတ်ဆွေတို့ မြင်ဖူးခဲ့ကြတာပါ။ ဒီတော့ သူ့ရဲ့ သရုပ်ဆောင်ချက်တွေက ဘယ်လောက်ကောင်းတယ်ဆိုတာ မှန်းဆကြည့်ကြပါတော့လို့ File Size         : 900 MBQuality           : Blu ray 720PRunning Time : 1hr 54 minuteFormat           : Mp4Genre             : Action, Adventure, RomanceEncoder         : Joker.phs (ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်သူကတော့ Kaung Myat Thu ပဲ ဖြစ်ပါတယ်)
...

Bad Newz (2024) ⭐IMDB: 6.0/10 (22 k Votes) 🎬 #Bollywood #Comedy #Romance #Drama 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 20 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Bad Newz 2024 ဖူးစာရွာလည် Imdb 6/10 ၁၉နှစ်အရွယ် ဘရာဇီးအမျိုးသမီးတစ်ဦးဖြစ်ပျက်ခဲ့တာကို အခြေခံရိုက်ကူးထားတဲ့ဖြစ်ရပ်မှန်ရုံကားတစ်ကားတင်ဆက်ပေးချင်ပါတယ် ကုဋေ၈၀သုံးထားပြီးရုံတင်ငွေအနေနဲ့ ကု‌ဋေ၁၁၅.၇၄ ပြန်လည်ရရှိထားတဲ့အပြင်အပေါက်ဆုံး၄ကားမြောက်ဇာတ်ကားဖြစ်လာခဲ့ပါတယ် ဒီကားထဲမှာ မင်းသားချောဗစ်ကီ ပါဝင်သရုပ်ဆောင်ထားပြီးအသည်းထဲကစွဲရတဲ့ မင်းသမီးလေးTriptii Dimri ကလည်းအစွမ်းကုန်လှပပေးထားပါသေးတယ် ဖအေမတူဘဲ အမြွှာမွေးဖွားခြင်း ဒီသတင်းကအိန္ဒိယတစ်ဝှမ်းဟိုးလေးတကျော်ကျော်ဖြစ်နေပါတယ်ဒီဇာတ်လမ်းကိုရုပ်ရှင်ပြန်လည်ရိုက်ကူးဖို့ ကာယကံရှင်ဆီသွားရောက်မေးမြန်းခဲ့ပြီးအသေးစိတ်နောက်ကြောင်းပြန်ပေးထားတာပါ ဇာတ်လမ်းကတော့ ဘောစိမိသားစုမင်္ဂလာပွဲကစခဲ့ပါတယ် သမီးရှင်တွေ သားရှင်တွေကကိုယ့်သားသမီးကိုပွဲထုတ်ကြတဲ့ပွဲတစ်ခုဆိုလည်း မမှားဘူးပေါ့ရှင် ဒီပွဲမှာ အာခေးလ်နဲ့ဆာလိုနီတို့တွေ့ခဲ့ကြတယ် နှစ်ဦးသားက Sagittarius နဲ့ Gemini ဆိုတော့လိုက်ဖက်ညီတယ်ဆိုပြီး ၂ဖက်မိဘကလည်းသဘောကျတဲ့အပြင်အတိုင်အဖောက်လည်းညီကြတဲ့ စိတ်တူကိုယ်တူသူတို့၂ယောက်တွေ့တွေ့ချင်းပဲစွဲလမ်းမိသွားလို့ အာခေးလ်တစ်ယောက် အားကြိုးမာန်တက်လိုက်ပါတော့တယ် ဒါပေမဲ့လည်းဆာလိုနီ့အိပ်မက်က စားဖိုမှူး‌တွေအတွက် အမြင့်ဆုံးဆုကို ဆွတ်ခူးနိုင်ဖို့ပါ ပန်းတိုင်မရောက်ခင်လမ်းမှာဝင်တိုက်မိတဲ့ ခလုတ်တံသင်းလေးအာခေးလ်နဲ့တွေ့မိတော့ သူ့အိပ်မက်တွေကိုအကောင်အထည်ဖော်နိုင်ပါဦးမလား အဖေမတူတဲ့အမြွှာဇာတ်လမ်းကရောဘယ်လိုဖြစ်တည်လာမလဲဆိုတာကိုတော့… ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်
...

A Legend (2024) ⭐IMDB: 5.5/10 (171 Votes) 🎬 #Action #Adventure #Mystery #Drama #Fantasy #Comedy 🗓 2024 🎞 movie 🌎 #China #HongKong ⏰ 2 နာရီ 9 မိနစ် 24 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဂျက်ကီချန်းရဲ့ နာမည်ကျော် The Myth (2005) အဆက်အဖြစ် ထွက်ရှိလာတဲ့ တရုတ်ဇာတ်ကား A Legend (2024) ကတော့ ဒီနေ့ပဲ ရုပ်သံအကြည်ထွက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ The Myth ရဲ့အဆက်ဆိုပေမယ့် ဂျက်ကီချန်းရဲ့ဇာတ်ကောင်လောက်ပဲ ပထမကားရဲ့အဆက်အဖြစ် တူညီမှုရှိပြီး ဇာတ်လမ်းကတော့ တခြားဒဏ္ဍာရီ တစ်ပုဒ်ဖြစ်သွားခဲ့ပါပြီ။ လက်ရှိခေတ်နဲ့ အတိတ်က ဟန်မင်းဆက်ခေတ်ကို အသွားအပြန်တင်ဆက်ထားတာတွေ့ရမှာပါ။ ဟန်လူမျိုးတွေနဲ့ ရှုံနူလူမျိုးစုတွေရဲ့ ရာဇဝင်တိုက်ပွဲကို အခြေခံလို့ ချစ်ခြင်းဒဏ္ဍာရီ တစ်ပုဒ်ကို လွမ်းဆွေးဖွယ်တင်ဆက်ထားပါတယ်။ ဂျက်ကီချန်းရဲ့ငယ်ရုပ်တွေ CGI တွေအများအပြားသုံးထားပြီး ဘယ်လောက်ထိ ဒဏ္ဍာရီဆန်မလဲဆိုတာကိုတော့
...

Game Over (2019) ⭐IMDB: 6.9/10 (8 k Votes) 🎬 #Drama #Thriller #Horror #Mystery 🗓 2019 🎞 movie 🌎 #India #Turkey ⏰ 1 နာရီ 37 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Game Over (2019)============= IMDb 7.6/10Rotten Tomatoes 55% အိန္ဒယနိုင်ငံ ဂူရ်ဂေါင်းမြို့မှာ မိန်းမငယ်များကို ရက်ရက်စက်စက် ခေါင်းဖြတ်သတ်ကာအလောင်းမီးရှို့ဖျက်စီးပစ်တဲ့ စိတ္တဇလူသတ်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေပါတယ်အဲ့ဒိလိုဖြစ်တာကလည်း နှစ်သစ်ကူးရက် ဒီဇင်ဘာ ၃၁ မှပါ။ အဲ့ဒိလူသတ်သမားကို ရဲတပ်ဖွဲ့ဘက်က ဘာသဲလွန်စမှမရသေးလိုရှာဖွေလို့လည်း မရသေးပါဘူး တစ်ရက်မှာတော့ ဒီဇင်ဘာ ၃၁ နှစ်သစ်ကူးညတစ်ညမှာပဲအကြောင်းအမျိုးမျိုးကြောင့် ဝှီးချဲပေါ်ရောက်နေရတဲ့ အမျိုးသမီးတစ်ယောက်ဟာဒီလူသတ်ကောင်ရဲ့ပစ်မှတ်ဖြစ်လာပါတော့တယ် ဒီအချိန်မှာ ဝှီးချဲပေါ်ကမိန်းမငယ်လေးကပဲ Game Over ဖြစ်မလားလူသတ်ကောင်ကပဲ Gmae Over ဖြစ်မလားဆိုတာကိုတော့ …. India, Thriller လူသတ်ကားကောင်းကောင်းကြည့်ချင်တယ်ဆိုရင်တော့ဒီကားကို လက်အလွတ်မခံပါနဲ့ခင်ဗျအဓိက သရုပ်ဆောင်နေရာမှာလည်း အချစ်ဆုံး Taapsee Pannu ဖြစ်နေတော့ပြောစရာကိုမလိုလောက်အောင်ပါပဲ…. ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zaw Htooပဲဖြစ်ပါတယ်
...

Manhole (2014) ⭐IMDB: 5.1/10 (843 Votes) 🎬 #Horror #Mystery #Thriller 🗓 2014 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 41 မိနစ် 46 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Manhole (2014) ************** Hospital Playlist ထဲမှ Jung Kyung-ho၊ The School Nurse Files ထဲမှ Jung Yu-mi၊ Mirror of the Witch ထဲမှ Kim Sae-ron နဲ့ တခြားသရုပ်ဆောင် များစွာပါဝင်ထားတဲ့ Manhole ဆိုတဲ့ ရုပ်ရှင်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားအညွှန်း- မိဘတွေကွယ်လွန်သွားပြီးနောက် စကားမပြောတတ်တဲ့ ဆူဂျောင်းကို အစ်မဖြစ်သူ ယွန်းဆောက အစ်မကြီး အမိရာပီပီ စောင့်ရှောက်ပေးပြီး နှစ်ယောက်တည်း ‌ပျော်ပျော်ရွှင်ရွှင်နေနေကြတဲ့သူတွေပါ။ ဒါပေမဲ့ သူတို့မြို့နယ်လေးမှာ လူပျောက်တဲ့အမှုတွေက တစ်နေ့တခြား ပိုပိုများလာပေမဲ့ ဘာသဲလွန်စမှ မကျန်တဲ့အတွက် ရဲဘက်ကလည်း စုံစမ်းစစ်ဆေးရာမှာ အရာမရောက်ဘဲ ခေါင်းခဲနေရသလို ပြည်သူတွေလည်း အထိတ်ထိတ်အလန့်လန့်နဲ့ သွားလာနေရတာပေါ့။ တစ်နေ့ အလုပ်ကနေအိမ်ကို နောက်ကျမှပြန်လာတဲ့ ယွန်းဆောကို ဆူဂျောင်းက သွားကြိုရင်းနဲ့ မသင်္ကာစရာကောင်းတဲ့သူနဲ့ တွေ့ပြီး ဆူဂျောင်းပျောက်သွားတဲ့အခါမှာတော့… ယွန်းဆောတစ်ယောက် ပျောက်သွားတဲ့ ညီမလေးကို ဘယ်လိုလိုက်ရှာမလဲ။ ဘယ်မှာပြန်တွေ့ပြီး ဘယ်လိုကြောက်မက်ဖွယ်ကောင်းတာတွေနဲ့ ကြုံတွေ့ရမလဲဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာပဲ ကြည့်ရှုပေးပါဦးနော်။ (ထိတ်လန့်ဖွယ် ဇာတ်ဝင်ခန်းတွေပါလို့ အသက်မပြည့်သေးတဲ့သူများ မကြည့်ရလို့ သတ်မှတ်ထားတဲ့ ဇာတ်ကားလေးလည်း ဖြစ်ပါတယ်။)
...

Against the Gods (2023) ⭐IMDB: 8.7/10 (89 Votes) 🎬 #Animation #Action #Fantasy 🗓 2023 🎞 Series 🌎 #China ⏰ 23 မိနစ် 37 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 တရုတ် animation တွေမှာ နာမည်ကြီးတဲ့ ဇာတ်ကားတစ်ကားပါ။ ကန်ဂျွန်းကုန်းမြေတိုက်မှာ ဆေးဆရာယင်ဂုဟာ ကောင်းကင်ဘုံရတနာ ၇ ခုထဲက တစ်ခုဖြစ်တဲ့ ကောင်းကင်ဘုံအဆိပ်ပုလဲလုံးကို ပိုင်ဆိုင်ထားတာကြောင့် လူအများရဲ့ပစ်မှတ်ထားခြင်းကို ခံခဲ့ရပြီး အသတ်ခံခဲ့ရတယ်။ ဒါတင်မကသေးဘဲ သူ့ရဲ့တပည့်ဖြစ်တဲ့ ယင်ချော့ရဲ့ မိန်းမနဲ့ကလေးပါ ရက်ရက်စက်စက်အသတ်ခံခဲ့ရတယ်။ ဒါကိုလက်မခံနိုင်တဲ့ ယင်ချော့ဟာ အဲဒီအဆိပ်ပုလဲလုံးကိုသုံးပြီး သူ့ကိုပစ်မှတ်ထားတဲ့လူပေါင်းများစွာကို ပြန်သတ်ခဲ့တယ်။ ဒါပေမဲ့လဲ သူ့ရဲ့တိုက်ပွဲတစ်ခုမှာ ယင်ချော့ရှုံးခါနီးဖြစ်တဲ့အချိန် ချောက်ထဲကနေခုန်ချရင်း အဆိပ်ပုလဲလုံးကို မျိုချလိုက်တယ်။ ကံကောင်းထောက်မစွာနဲ့ အဆိပ်ပုလဲလုံးထဲမှာ ကမ္ဘာသက်သက်တစ်ခုရှိနေပြီး အဲဒီမှာရှောင်ချော့ဆိုတဲ့လူအဖြစ် ပြန်လည်မွေးဖွားခဲ့တယ်။ အဲဒီကမ္ဘာမှာ သေသွားခဲ့တဲ့ သူချစ်ရတဲ့သူတွေက မသေဘဲ အကုန်အသက်ရှင်နေကြတယ်။ ဒါပေမဲ့…သူက စွမ်းအားသုံးမရတဲ့ အပယ်ခံအဖြစ်ကိုရောက်သွားတယ်။ ချစ်ရသူတွေကို ထပ်ပြီးအဆုံးရှုံးမခံနိုင်တော့တဲ့ ယင်ချော့/ရှောင်ချော့ဟာ ကြုံလာတဲ့အခက်အခဲတိုင်းကို ဘာပဲပေးဆပ်ရပေးဆပ်ရ ရအောင်ဖြေရှင်းတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…    1.5 GB /  500 MBQuality… Web-DL 4K / 1080pFormat… mkvDuration…. 25mGenre ….. Animation/ActionSubtitle…. Myanmar Subtitle (Hard Sub)Encoder…. Thit San KhantTranslated by Kasashi 4K  (CM APP Only) 1080p EP 01 –Usersdrive/Yoteshin/Megaup/ Streamsb EP 02 –Usersdrive/Yoteshin/Megaup/ Streamsb EP 03 –Usersdrive/Yoteshin/Megaup/ Streamsb EP 04 –Usersdrive/Yoteshin/Megaup/ Streamsb EP 05 –Usersdrive/Yoteshin/Megaup/ Streamsb EP 06 –Usersdrive/Yoteshin/Megaup/ Streamsb EP 07 –Usersdrive/Yoteshin/Megaup/ Streamsb (အပိုင်းသစ်များ ထပ်တင်ပေးသွားပါမယ်)
...

Against the Gods (2023) ⭐IMDB: 8.7/10 (89 Votes) 🎬 #Animation #Action #Fantasy 🗓 2023 🎞 Series 🌎 #China ⏰ 23 မိနစ် 37 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 တရုတ် animation တွေမှာ နာမည်ကြီးတဲ့ ဇာတ်ကားတစ်ကားပါ။ ကန်ဂျွန်းကုန်းမြေတိုက်မှာ ဆေးဆရာယင်ဂုဟာ ကောင်းကင်ဘုံရတနာ ၇ ခုထဲက တစ်ခုဖြစ်တဲ့ ကောင်းကင်ဘုံအဆိပ်ပုလဲလုံးကို ပိုင်ဆိုင်ထားတာကြောင့် လူအများရဲ့ပစ်မှတ်ထားခြင်းကို ခံခဲ့ရပြီး အသတ်ခံခဲ့ရတယ်။ ဒါတင်မကသေးဘဲ သူ့ရဲ့တပည့်ဖြစ်တဲ့ ယင်ချော့ရဲ့ မိန်းမနဲ့ကလေးပါ ရက်ရက်စက်စက်အသတ်ခံခဲ့ရတယ်။ ဒါကိုလက်မခံနိုင်တဲ့ ယင်ချော့ဟာ အဲဒီအဆိပ်ပုလဲလုံးကိုသုံးပြီး သူ့ကိုပစ်မှတ်ထားတဲ့လူပေါင်းများစွာကို ပြန်သတ်ခဲ့တယ်။ ဒါပေမဲ့လဲ သူ့ရဲ့တိုက်ပွဲတစ်ခုမှာ ယင်ချော့ရှုံးခါနီးဖြစ်တဲ့အချိန် ချောက်ထဲကနေခုန်ချရင်း အဆိပ်ပုလဲလုံးကို မျိုချလိုက်တယ်။ ကံကောင်းထောက်မစွာနဲ့ အဆိပ်ပုလဲလုံးထဲမှာ ကမ္ဘာသက်သက်တစ်ခုရှိနေပြီး အဲဒီမှာရှောင်ချော့ဆိုတဲ့လူအဖြစ် ပြန်လည်မွေးဖွားခဲ့တယ်။ အဲဒီကမ္ဘာမှာ သေသွားခဲ့တဲ့ သူချစ်ရတဲ့သူတွေက မသေဘဲ အကုန်အသက်ရှင်နေကြတယ်။ ဒါပေမဲ့…သူက စွမ်းအားသုံးမရတဲ့ အပယ်ခံအဖြစ်ကိုရောက်သွားတယ်။ ချစ်ရသူတွေကို ထပ်ပြီးအဆုံးရှုံးမခံနိုင်တော့တဲ့ ယင်ချော့/ရှောင်ချော့ဟာ ကြုံလာတဲ့အခက်အခဲတိုင်းကို ဘာပဲပေးဆပ်ရပေးဆပ်ရ ရအောင်ဖြေရှင်းတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…    1.5 GB /  500 MBQuality… Web-DL 4K / 1080pFormat… mkvDuration…. 25mGenre ….. Animation/ActionSubtitle…. Myanmar Subtitle (Hard Sub)Encoder…. Thit San KhantTranslated by Kasashi 4K  (CM APP Only) 1080p EP 01 –Usersdrive/Yoteshin/Megaup/ Streamsb EP 02 –Usersdrive/Yoteshin/Megaup/ Streamsb EP 03 –Usersdrive/Yoteshin/Megaup/ Streamsb EP 04 –Usersdrive/Yoteshin/Megaup/ Streamsb EP 05 –Usersdrive/Yoteshin/Megaup/ Streamsb EP 06 –Usersdrive/Yoteshin/Megaup/ Streamsb EP 07 –Usersdrive/Yoteshin/Megaup/ Streamsb (အပိုင်းသစ်များ ထပ်တင်ပေးသွားပါမယ်)
...

Dog Days (2024) ⭐IMDB: 6.9/10 (131 Votes) 🎬 #Comedy #Drama #Family 🗓 2024 🎞 movie 🌎 #SouthKorea ⏰ 2 နာရီ 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Dog Days (2024)****************အမေရိကန် ဇာတ်လမ်းတွဲဖြစ်တဲ့ Dog Days ကို Remake ပြန်ရိုက်ထားတာဖြစ်ပြီး လက်မှတ်ပေါင်း ၃ သိန်းကျော်ရောင်းရတဲ့အထိ ကြည့်ရှုမှုနှုန်းမြင့်တဲ့ ဒီကားလေးမှာတော့ ကမ္ဘာကျော် ဗိသုကာပညာရှင် ဂျိုမင်ဆောအဖြစ် Oscar ဆုရှင်မင်းသမီးကြီး Youn Yuh-Jung အဆောက်အဦပိုင်ရှင် ဂိုမင်ဆန်းအဖြစ် Ehxuma ထဲမှ Yu Hae-Jin တိကုဆေးရုံအုပ် ဂျင်ယောင်းအဖြစ် Pale Moon ဇာတ်လမ်းတွဲထဲမှ Kim Seo-Jung Money Heist ဇာတ်လမ်းတွဲထဲမှ မင်းသားချော Lee Hyun-Woo , Kim Yunjin , Jung Sung-Hwa ,Daniel Henney စတဲ့ ဝါရင့်သရုပ်ဆောင်ကြီးများအပြင် ချစ်စရာကောင်းတဲ့ ကလေးမလေး Yoon Chae-Na တို့ အဓိကပါဝင်ထားပြီး ဧည်သည်သရုပ်ဆောင်အဖြစ် Kim Go-Eun မှ ပါဝင်အားဖြည့်ပေးထားပြီး အာဝုလေးတွေကနေ တစ်ဆင့် တွေ့ဆုံဖို့ဖြစ်လာကြတဲ့ လူတွေအချင်းချင်း နှစ်သိမ့်ပေးကြပြီးတော့ ခံစားချက်တွေ ဝေမျှကြတာကို ကြည်နူးဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ် ။ ဇာတ်လမ်းအညွှန်း….. ဂိုမင်ဆန်းဆိုတဲ့ သူဟာ ဇီဇာကြောင်တဲ့ အဆောက်အဦပိုင်ရှင်တစ်ယောက်ဖြစ်ပြီး ခွေး မချစ်တတ်တာကြောင့် သူ့အဆောက်အဦမှာအငှားဖွင့်ထားတဲ့ တိကုဆေးရုံက ဆေးရုံအုပ်နဲ့ အမြဲတမ်း တစောင်းစေးနဲ့မျက်ချေးလို ဖြစ်နေတာပါ ။ တိကုဆေးရုံအုပ် ဂျင်ယောင်းကတော့ ခွေးလေးတွေကို အရမ်းချစ်တတ်ပြီး စွန့်ပစ်ခွေးလေးတွေကို အမြဲဂရုစိုက်ပေးတတ်သူပါ ။ တစ်နေ့မှာတော့ ကုမ္ပဏီရဲ့ အပန်းဖြေစခန်းပရောဂျက်အတွက် အကြံအိုက်နေတဲ့ ဂိုမင်ဆန်းတစ်ယောက် .. တိကုဆေးခန်းဆီ အိမ်မွေးခွေးလေးဝမ်ဒါနဲ့အတူရောက်လာတဲ့ ဗိသုကာပညာရှင် ဂျိုမင်ဆောကို တွေ့သွားပါတော့တယ် ။ ဒီလိုနဲ့ ဗိသုကာပညာရှင်ဆီက အကြံဉာဏ်လိုချင်တာကြောင့် ရင်းနှီးအောင်လုပ်ဖို့အတွက် တိကုဆေးရုံအုပ်ဂျင်ယောင်းနဲ့အတူ စွန့်ပစ်ခွေးမွေးစားခြင်းကမ်ပိန်းကို တာဝန်ယူ လုပ်ကိုင်ပေးပါတော့တယ်။ ဂိုမင်ဆန်းရဲ့ ဒီလိုကြိုးစားမှုတွေက အရာထင်လာမလား… ခွေးကို မချစ်သော်လည်း အောင့်ကာနမ်းပြီး အတင်းအကြပ် ချစ်ချင်ဟန်ဆောင်နေတဲ့ ဂိုမင်ဆန်းတစ်ယောက်နောက်ဆုံးမှာ ခွေးလေးတွေကို ချစ်နိုင်သွားမလား …. တိကုဆေးရုံကို ရောက်လာတဲ့တခြားသူတွေမှာရော ဘယ်လိုဇာတ်လမ်းလေးတွေရှိနေမလဲ …..ဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှူရမှာဖြစ်ပါတယ်။ ဒီကားလေးက စကြည့်မိတာနဲ့ အဆုံးအထိ ဆွဲခေါ်သွားနိုင်မဲ့ Healing Genre လေးဖြစ်တာကြောင့် တစ်နေ့တာအမောတွေ ပြေပျောက်သွားစေရန် အလို့ငှာ Channel Myanmar မှ တင်ဆက်ပေးလိုက်ပါတယ်
...

Normal People (2020) ⭐TMDB: 81% User Score 🎬 #Drama #Romance 🗓 2020 🎞 tv mini series 🌎 #Ireland #UnitedKingdom #UnitedStates ⏰ 34 မိနစ် 10 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 လူငယ်ဘဝက ဘာနဲ့တူလဲ။ နောင်ကာလက ပြန်ငေးကြည့်ရင် တလက်လက်တောက်ပနေတဲ့ အတိတ်တစ်ခုက အဲဒီဘဝမှာ စီးဆင်းနေတယ်။ ဘာမှမဟုတ်သလို ထင်ရပါလိမ့်မယ်။ တစ်ချိန်မှာ ပြန်မငေးမကြည့်မချင်းပဲပေါ့။ အလှပဆုံးမဖြစ်ခဲ့ရင်တောင် ဒါငါတို့ရဲ့ အတိတ်ဘဝပါပဲ။ နှင်းဆီတစ်ပွင့်ဟာ နှင်းဆီတစ်ပွင့်ဖြစ်လာဖို့ နှင်းဆီတစ်ပွင့်ရဲ့ အတိတ်ကို ဖြတ်သန်းရတယ်။ နှင်းဆီဟာ နှင်းဆီဖြစ်နေခြင်းဟာ နှင်းဆီပါပဲ။ မှားရင်း မှားရင်း မှန်လာတတ်တယ်မလား။ ဒီလိုနဲ့ မမှားသေးတဲ့ လူငယ်ဟာ အမှားတွေအများကြီးကြုံလာရဦးမယ်။ မှားသွားလည်း လှတယ်တဲ့။ မလှတဲ့ အမှားတွေတော့ ငါတို့ အများကြီးလုပ်ခဲ့ကြတာပဲ။ အကျည်းတန်ပါတယ်။ လှသွားအောင်လို့ ခွင့်လွှတ်ခဲ့ကြတယ်။ အဲဒါချစ်ခြင်းတရားပါပဲ။ ငါတို့ကိုယ်ငါတို့ ခွင့်လွှတ်တတ်အောင်တော့ အရင်သင်ယူရတာပေါ့။ သဲအိမ်တွေ ငါတို့ဆောက်ကြတယ်။ ကမ္ဘာကြီးဘယ်လိုမြင်လဲ ဂရုစိုက်ရင်း သဲအိမ်တွေပြိုသွားတဲ့ လူငယ်ဟာ ကမ္ဘာကြီးက မင်းကို ဘယ်လိုမှမမြင်ဘူးလို့ သိလိုက်ရတယ်။ ကိုယ်ချစ်ခြင်းလို့ထင်တဲ့ ချစ်ခြင်းနဲ့ ချစ်ကြည့်တယ်။ အသက်ကိုဖက်နဲ့ထုပ်ထားရသလို ဘဝမျိုးတွေမှာ ပုံပြင်ဆန်သော ပုံပြင်ဆန်သော အချစ်မျိုးလည်း တွေ့ရှိလိမ့်ဦးမယ်။ ဝေးကွာလိမ့်ဦးမယ်။ “လူသားသည် ထိုကောင်းကင်အောက်၌ပင်ရပ်ရင်း အချစ်ကို ဖြတ်သန်းသွားတာ လွမ်းစရာပင် ကောင်းပါသည်”ဆိုတဲ့ မောင်ဒေါင်းစာသားတစ်ကြောင်းလို အချစ်ကို ဖြတ်သန်းသွားရင်း လွမ်းစရာကောင်းတဲ့ရာသီတွေလည်း လာတယ်။ သက္ကရာဇ်တွေပြိုမယ်။ သစ်ပင်တွေအိုမယ်။ အချစ်တို့ အဓွန့်ရှည်ဖို့ ငါတို့အတိတ်မှာ သွေးစိမ်းရှင်ရှင်ထွက်နေမယ့် သံမဏိဓားတစ်ချောင်းလို အမှတ်ရနေမယ့် နေ့ရက်တို့လည်းလိုတယ်။ ရှုံးရင်း ရှုံးရင်း မလဲတဲ့အချစ်ဟာ ငါတို့ကိုယ်ပိုင်အချစ်ကို ငါတို့တွေ့ရှိလာအောင် သင်ကြားပေးခဲ့တယ်။ ဘုံဆန်တယ်။ တစ်သီးပုဂ္ဂလဆန်တယ်။ သူ့မှာ သီဝရီတွေမရှိခဲ့ဘူး။ မထူးဆန်းစွာနဲ့ အံ့ဩဖို့ကောင်းနေတဲ့ အဖြစ်အပျက်တွေဟာ ငါတို့ရဲ့သာမန်ဘဝတွေပေါ့။ မထူးဆန်းစွာနဲ့ အံ့ဩဖို့ကောင်းနေတဲ့လူတွေဟာလည်း ငါတို့သာမန်လူတွေပဲ။ ဘဝဟာ ” အချစ်သီချင်း ရိုးရိုးလေးတစ်ပုဒ်”ပဲ။ Normal People စီးရီးက ရိုမန့် ဒရာမာသက်သက်ပေမဲ့ ပရိသတ်တွေကြား တော်တော်ထိုးဖောက်နိုင်ခဲ့တဲ့ ဇာတ်လမ်းပါပဲ။ စာအုပ်ကလည်း တော်တော်အောင်မြင်ခဲ့သလို သရုပ်ဆောင်တွေကလည်း Daisy Edgar-Jonesတို့ Paul Mescalတို့လို လက်ရှိခေတ်ရဲ့ ကြယ်ပွင့်အသစ်တွေ သရုပ်ဆောင်သိပ်ကောင်းတဲ့သူတွေ ဖြစ်နေတာလည်းပါပါလိမ့်မယ်။ တကယ်ဆိုရင် ဒီစီးရီးက အားလုံးသိပြီးသား မကြည့်ဖူးရင်တောင် ရင်းနှီးပြီးသား ဇာတ်လမ်းတွဲပါပဲ။ ရှုပ်ထွေးတဲ့ဇာတ်အိမ်တွေ စိတ်ဝင်စားစရာအကြောင်းအရာတွေကို ကျော်လွှားပြီး ဒီဘာမှမပါတဲ့ စီးရီးက ဘာလို့နာမည်ကျော်တာလဲဆိုရင်တော့ သူ့နာမည်အတိုင်း ဒီစီးရီးဟာ ကျွန်တော်တို့အားလုံးအကြောင်းဖြစ်နေလို့များ ဖြစ်နေမလားတော့မသိဘူး။ Normal Peopleဟာ မြင်နေကျရိုမန့်ကားတွေထက်တောင် အများကြီး လူပိုဆန် သာမန်ပိုဆန်တဲ့ဇာတ်လမ်းပါပဲ။ လူငယ်ဘဝရဲ့အစိတ်အပိုင်းတွေ အားလုံးကို Normal Peopleက လွှမ်းခြုံထားတယ်။ တလောက လူတစ်ယောက်က ဇော်ဇော်အောင်ရဲ့ ခံစားကြည့်ပါ မကြည်ပြာက စာသားနဲ့ Normal Peopleက ဇာတ်ဝင်ခန်းတစ်ခုကို တွဲတင်ထားတာ တွေ့လိုက်သေးတယ်။ မမှားပါဘူး။ ဒေစီအက်ဂါဂျုန်းရဲ့ ဇာတ်ကောင်နဲ့ တွဲဖက်ခံစားကြည့်လို့ရမယ့် ဇာတ်ကောင်ပါပဲ။ Normal People ဟာ ကျွန်တော်တို့သာမန်လူတွေအတွက် ကျွန်တော်တို့အရိပ်တွေကို ပြန်လွမ်းစေမယ့် ဇာတ်လမ်းပါပဲ။ File size…    1.3 GB /  300 MBQuality… Web-DL HEVC 4K / 1080pFormat… mkvDuration…. 30mGenre ….. Drama/RomanceSubtitle…. Myanmar Subtitle (Hard Sub)Encoder…. Thit San KhantTranslated by WiRa Aung 4k Version (CM APP Only) 1080p EP 01 –Usersdrives/Yoteshin/Megaup/Streamsb EP 02 –Usersdrives/Yoteshin/Megaup/Streamsb EP 03 –Usersdrives/Yoteshin/Megaup/Streamsb EP 04 –Usersdrives/Yoteshin/Megaup/Streamsb EP 05 –Usersdrives/Yoteshin/Megaup/Streamsb EP 06 –Usersdrives/Yoteshin/Megaup/Streamsb (အပိုင်းသစ်များ ထပ်တင်ပေးပါမည်)
...

The Strongest Magician in the Demon Lord's Army was a Human (2024) ⭐IMDB: 6.2/10 (168 Votes) 🎬 #Animation #Action #Adventure #Drama #Fantasy 🗓 2024 🎞 tv series 🌎 #Japan ⏰ 23 မိနစ် 55 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Strongest Magician in the Demon Lord’s Army Was a Human (2024)Original title – Maougun Saikyou No Majutsushi wa Ningen dataGenre – Anime, Dark Fantasy, Adventure, Isekai ဒီ Anime လေးကတော့ ဇာတ်ကားနာမည်အတိုင်းပဲ MC က နတ်ဆိုးသခင် စစ်တပ်ထဲက လူသားမှော်ဆရာတစ်ယောက် ဖြစ်ပါတယ်။ ဆိုတော့ ထူးထူးခြားခြား MC ကို Demon တွေဖက်ကနေ အမြင်လေးနဲ့ ကြည့်ရတာပေါ့။ ဒါပေမဲ့ သူ့ကို လူသားဆိုတာ သိတာကတော့ သူ့ကို နည်းလမ်းပေါင်းစုံနဲ့ မြူစွယ်နေကြ ဆက်ဆီကျကျ အထက်အရာရှိ မှော်ဆရာမတစ်ယောက်တည်း ရှိတာပါ။ ကျန်တဲ့လူတွေ မသိအောင်လို့လည်း အမြဲတမ်း ဝတ်ရုံတကားကားရယ် မျက်နှာဖုံးရယ် တပ်ထားရသူပါ။ ဒီ အမှတ် ၇ တပ်ထဲမှာ သူတာဝန်ယူထားရတာက မသေမျိုးတပ်ဖွဲ့မှူးတစ်ယောက်အနေနဲ့ပေါ့။ ဒါပေမဲ့ MC က နတ်ဆိုးတွေဖက်ကမို့ အရမ်း ယုတ်မာရိုင်းစိုင်း ကြမ်းတမ်းနေတာမျိုးလည်း မဟုတ်ဘူး၊ လူတစ်ယောက်ဖြစ်တဲ့အတွက် စစ်ဆိုတာကို မနှစ်သက်တာတွေ၊ မလိုရင် လူမသတ်တာတွေ၊ ပရိယာယ်ကြွယ်ဝတာတွေ၊ နတ်ဆိုး-လူသား ယှဉ်တွဲနေထိုင်ဖို့ အမြဲတမ်း တွေးတောပြီး ဖြစ်မြောက်အောင် လုပ်ချင်နေတဲ့လူတစ်ယောက်။ တစ်ရက်တော့ လူသားမြို့တစ်မြို့ ဝင်သိမ်းပိုက်တုန်း သူက လူသားဆိုတာကို လူသားအိမ်ဖော်မလေးက တွေ့ပြီး ဘယ်လိုတွေ ဆက်ဖြစ်ကြဦးမလဲ၊ နတ်ဆိုးသခင်နဲ့ မင်းသား ဘယ်လိုတွေ ကြုံတွေ့ရမလဲ၊ နတ်ဆိုးသခင်စစ်တပ်က လူသားတစ်ယောက်အနေနဲ့ တခြားလူတွေမသိအောင်လည်းနေရင်း ကြုံတွေ့ရမယ့်အခက်အခဲတွေကို တစ်ပိုင်းပြီးတစ်ပိုင်း ဘယ်လိုဖြေရှင်းသွားမလဲဆိုတာ ရိုက်ပြထားတဲ့ Fantasy ဆန်ဆန် မှော်ပညာတွေနဲ့ တိုက်ခိုက်ပြမယ့် Anime ကောင်းလေး ဖြစ်ပါတယ်လို့ပြောကြားရင်း နိဂုံးချုပ်လိုက်ပါရစေခင်ဗျာ။ (အညွန်းနဲ့ ဘာသာပြန်ကတော့ Thura Aung ဖြစ်ပါတယ်)
...

Harold and the Purple Crayon (2024) ⭐IMDB: 5.7/10 (2 k Votes) 🎬 #Adventure #Comedy #Family #Fantasy #Animation 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 30 မိနစ် 41 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Harold and the Purple Crayon ကတော့ ဟာသ၊ စွန့်စားခန်းနဲ့ စိတ်ကူးယဉ်ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်။ ကလေးတွေရဲ့ဂန္ထဝင် ကာတွန်းဖြစ်တဲ့ Harold ကို အခြေခံရိုက်ကူးထားတာပါ။ ကာတွန်းစာအုပ်ထဲကာဟာရိုးလ်ဟာ ခရမ်းရောင် ရောင်စုံခဲတံနဲ့ သူဆွဲလိုက်တဲ့အရာတိုင်းက အသက်ဝင်လာပြီး ကာတွန်းကမ္ဘာထဲမှာ ကိုယ်ပိုင်စွန့်စားခန်းတွေထွက်လေ့ရှိပါတယ်။ ဟာရိုးလ်နဲ့အတူ သူငယ်ချင်းတွေဖြစ်တဲ့သမင်နဲ့ဖြူကောင်အပြင် ဇာတ်ကြောင်းပြောသူ ပါရှိခဲ့ပေမယ့် တစ်နေ့မှာ ဇာတ်ကြောင်းပြောသူရဲ့ အသံကို မကြားရတော့တဲ့အတွက် ဟာရိုးလ်တစ်ယောက် ပြင်ပကမ္ဘာကို ထွက်ကြည့်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ရောင်စုံခဲတံနဲ့ဆွဲတဲ့တံခါးကတစ်ဆင့် ပြင်ပကမ္ဘာအစစ်ကိုရောက်ရှိ လာတဲ့ဟာရိုးလ်ဟာ တယ်ရီနဲ့မဲလ်တို့သားအမိနဲ့တွေ့ဆုံခဲ့ပြီး အပြန်အလှန် ကူညီကြရင်း ဟာရိုးလ်က သူ့အဖေလို့မှတ်ယူထားတဲ့ဇာတ်ကြောင်း ပြောသူကို လိုက်လံရှာဖွေနေခဲ့ပါတယ်။ မဲလ်ရဲ့အကူအညီနဲ့ စာကြည့်တိုက်တစ်ခုမှာသွားရှာရာကနေ စာကြည့် တိုက်မှူးဂယ်ရီက ဟာရိုးလ်ရဲ့ဘာမဆိုဖန်တီးနိုင်တဲ့ရောင်စုံခဲတံကို လောဘတက်ပြီး အပိုင်သိမ်းဖို့ကြံစည်ပါတော့တယ်။ ဟာရိုးလ်က ရောင်စုံခဲတံနဲ့ လူတွေကိုပျော်ရွှင်အောင် ဖန်တီးပေးလေ့ရှိပေမယ့် ဂယ်ရီကတော့ သူ့ရဲ့အမုန်းတွေ၊ လက်စားချေလိုစိတ်တွေအတွက် အသုံးချဖို့လုပ်ဆောင်လာတဲ့အခါ ဟာရိုးလ်တစ်ယောက် ကမ္ဘာအစစ်ထဲက သူချစ်တဲ့သူတွေကို ဘယ်လိုပြန်လည်ကယ်တင်မလဲဆိုတာ ဆက်လက် စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။
...

Trisha on the Rocks (2024) ⭐IMDB: 5.5/10 (2 k Votes) 🎬 #Bollywood #Comedy #Romance 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 45 မိနစ် 3 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Trisha on the Rocks (2024)“ပူပင်ကြောင့်ကြမဲ့ အချစ်” IMDb 6.5 CM ပရိသတ်ကြီးအတွက် ရင်ကိုအေးစေမယ့်ဂူဂျာရတ် စကားပြော အချစ်/ဟာသကားလေးကို တင်ဆက်ပေးလိုက်ပါတယ် Shaitaan (2024) က မင်းသမီး Janki Bodiwala ကမိဘစကားနားမထောင်ဘဲ ကိုယ်ထင်ရာလုပ် ပျော်ရာသွားတတ်တဲ့တက်တက်ကြွကြွမိန်းကလေး ထရီရှာနေရာက ပါဝင်ထားပြီး ဗစ်ရှဲလ်ကတော့ အရက်ပုန်းရောင်းချတဲ့ ကလေကချေဖြစ်ပါတယ်…တစ်ည ထရီရှာ့ သူငယ်ချင်းတစ်ယောက်ရဲ့ မွေးနေ့ပါတီမှာအရက်လာပို့တဲ့ ဗစ်ရှဲလ်နဲ့ စကားပြောဖြစ်သွားပါတယ် အထက်တန်းလွှာက မိန်းကလေးဖြစ်ပေမယ့် ကလေကချေဗစ်ရှဲလ်ရဲ့ လွတ်လပ်တဲ့ဟန်နဲ့ စကားဖော်ရွေမှုကိုသဘောကျသွားတဲ့အတွက် အဲဒီညမှာပဲ အချစ်ဇာတ်လမ်းခင်းလိုက်ကြပါတယ် မနက်မိုးလင်းတော့ သူတို့နှစ်ယောက်သဘောတူတစ်ညတာကနေ အဆင့်ထပ်မတက်ဖို့ပြောကာလမ်းခွဲလိုက်ပြီးနောက်မှာမှ ထရီရှာ သူ့ကိုမဖြစ်မနေ ပြန်လိုက်ရှာဖို့ လိုလာတဲ့အခါမှာတော့ … အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်
...

Heart Beat (2024) ⭐TMDB: 60% User Score 🎬 #Drama 🗓 2024 🎞 tv series 🌎 #India ⏰ 25 မိနစ် 31 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Heart Beat (2024) “ကာရန်ညီသော အချစ်”IMDb – 6.8/10 Disney+ Hotstarကနေ ထုတ်လွှင့်လိုက်တဲ့ အိန္ဒိယဒေါက်တာစီးရီးလေးကိုတင်ဆက်ပေးပါရစေ။ သိပ်ကိုစည်းကမ်းတင်းကြပ်တဲ့ ဆရာဝန်မကြီးတစ်ယောက်ရှိတယ်။အလုပ်မှာတင်မကဘဲမိသားစုကအစ အပေါင်းအသင်းနဲ့အဆုံး အရာရာကို စည်းနဲ့ကမ်းနဲ့ လုပ်ကိုင်ဆက်ဆံတတ်တဲ့သူ။ရှပ်တီးရှပ်ပြာနဲ့ ဆင်းရဲချို့တဲ့ရှာတဲ့ ဆရာဝန်မ ပေါက်စလေးလည်းရှိတယ်။ မရည်ရွယ်ပါဘဲ လုပ်သမျှက အလွဲလွဲအချော်ချော်တွေနဲ့ ဘ၀တစ်ခုကိုပိုင်ဆိုင်ထားတဲ့သူ။သူတို့တွေ တွေ့ဆုံကြတာက အာကေဆိုတဲ့ ဆေးရုံကြီးတစ်ခုမှာ။ သူတို့တွေ့ဆုံမှုကနေစတဲ့ဇာတ်လမ်း၊ ရောဂါအမျိုးမျိုး ဇာတ်လမ်းအမျိုးမျိုးနဲ့လူနာတွေကိုသူတို့ ရင်ဆိုင်ဖြေရှင်းရပုံတွေ၊ နောက် ထင်မှတ်မထားတဲ့အလှည့်အပြောင်းတွေနဲ့အချစ်တွေထုံသင်းလာမဲ့ စီးရီးကောင်းလေးမို့ ခံစားကြည့်ရှုကြပါဦး၊ (အညွှန်းနဲ့ဘာသာပြန်ကတော့
...

Terminator Zero (2024) ⭐IMDB: 8.9/10 (21 Votes) 🎬 #Animation #SciFi #Fantasy #Action #Adventure 🗓 2024 🎞 Series 🌎 #UnitedStates #Japan #UnitedStatesofAmerica ⏰ 30 မိနစ် 19 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Terminator Zero (2024) Season 1Genre – Anime, Action, Adventure, Sci-fi ဒီနေ့ 29th August ဆိုတာက Terminator Universe အတွက်တော့ Judgement Day ပါ။ Judgement day ဆိုတာကတော့ ကျွန်တော်တို့ငယ်ငယ်တုန်းက မင်းသားကြီး အာနိုးပါဝင်တဲ့Terminator 2 ထဲမှာ AI တွေက အသိစိတ်ဝင်ပြီးလူသားတွေအပေါ် နူကလီးယားချတဲ့နေ့ကို ခေါ်ဆိုတာပဲ ဖြစ်ပါတယ်။ အဲဒါ ဒီနေ့မှာတင် ထူးထူးခြားခြား Terminator ကမ္ဘာရဲ့ ပထမဆုံး Animation စီးရီးကိုNetflix ကနေ Bleach ဒါရိုက်တာရဲ့ လက်စွမ်းနဲ့အတူ Kaiju No.8, Ghost in the Shell တွေကိုထုတ်လုပ်ပေးထားတဲ့ Production IG ကုမ္ပဏီရယ် MI ရုပ်ရှင်တွေကို ထုတ်လုပ်ပေးခဲ့တဲ့Skydance နဲ့ ပူးပေါင်းထုတ်လုပ်ပြီး ထွက်ရှိလာခဲ့ပါပြီ။ ဒီစီးရီးမှာတော့ အမေရိကန်အခြေစိုက်မဟုတ်တော့ပဲ ဂျပန်နိုင်ငံကို ဦးစားပေး တင်ဆက်ထားပေမဲ့ အားလုံးသိခဲ့တဲ့James Cameron ရဲ့ Terminator Universe မှာပဲ တည်ရှိနေတာပါ။ ဇာတ်ကြောင်း Timeline အရတော့ ၁၉၉၇ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်ကို အပြန်အလှန် ယှဉ်ပြထားတာပါ။၁၉၉၇ ခုနှစ်မှာကတော့ Dr Malcolm ဆိုတဲ့ သိပ္ပံပညာရှင်က ဒီ Judgement ကြီး ဖြစ်နေမှာကိုသိပြီးသားလူတစ်ယောက် အဲဒါကို တားဆီးဖို့ Kokoro ဆိုတဲ့ AI နဲ့ ကြိုးစားနေတာပေါ့လေ။ ၂၀၂၂ ခုနှစ်မှာတော့ သိတဲ့အတိုင်း လူတွေနဲ့ စက်ရုပ်တွေ စစ်ဖြစ်နေပြီ လူသားတွေ အရေးနိမ့်လို့မြေအောက်နေရာတွေ တော်လှန်ရေးအဖွဲ့တွေနဲ့ တစ်ကွဲတစ်ပြားပေါ့။ အဲဒီမှာ Eiko ဆိုတဲ့စစ်သည်တော်တစ်ယောက်က Skynet ရဲ့ အရေးပါဒေတာတွေ ရလာချိန် ၁၉၉၇ ခုနှစ်ကိုအချိန်ခရီးသွားဖို့ ဖြစ်လာတယ်။ ရန်သူတော်တွေဖက်ကလည်း Terminator တစ်ယောက်ကို၁၉၉၇ ခုနှစ်ကို စေလွှတ်တဲ့အချိန် ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာ ကြည့်ရမှာပါ။ Season 1 မှာတော့ စုစုပေါင်း အပိုင်း ၈ ပိုင်း ပါဝင်ပြီး အားလုံးကို CM ကနေ အမြန်ဆုံး တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။Animation ဆိုသော်ငြားလည်း အသတ်အဖြတ် အကြမ်းအရမ်းတွေကတော့ရှယ်တွေမို့ ကလေးသူငယ်တွေနဲ့ ကြည့်ရှုဖို့ မသင့်တော်ပါကြောင်း…။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Team ဖြစ်ပါတယ်)
...

Prometheus (2012) ⭐IMDB: 7.0/10 (657 k Votes) 🎬 #Adventure #Alien #Mystery #SciFi #ScienceFiction 🗓 2012 🎞 movie 🌎 #USA #UnitedKingdom #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 4 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Alien ဆိုတာ ၈၀ပြည့်နှစ်ကျော် ၉၀ဖွားတွေအတွက်တော့ စွဲလန်းခဲ့ရတဲ့ ဂြိုလ်သားကားတွေပါပဲ…..အဲဒီခေတ်အခါတုန်းကတော့ တော်တော်လေးကို လူကြိုက်များခဲ့ပြီး အခုထိလည်းအောင်မြင်နေတုန်းပါ အားလုံးပေါင်း ၆ကားထွက်ရှိထားပြီး ၇ကားမြောက်ကတော့ အခုထိကြည်လင်ပြတ်သားတဲ့ Version မထွက်သေးတာကြောင့် အရင်ထွက်ပြီးသး ၆ကားကို ကြည်လင်ပြတ်သားပြီး စာတန်းထိုးမှန်မှန်နဲ့ ပြန်လည်ပြင်ဆင် တင်ဆက်ပေးလိုက်ပါတယ်…..ထွက်ရှိပြီးသားကားတွေကတော့…… (1) Alien (1979)(2) Aliens (1986)(3) Alien³ (1992)(4) Alien: Resurrection (1997)(5) Prometheus (2012)(6) Alien: Covenant (2017)(7) Alien: Romulus (2024) – အကြည်မထွက်ရှိသေး….. တို့ဖြစ်ပါတယ်……Alien: Romulus (2024) ကလွဲပြီး ကျန်၆ကားလုံးကို CM မှာတင်ဆက်ထားပြီးဖြစ်လို့ ကြည့်ရှုအားပေးနိုင်ပါပြီ….. ***************************************************************************************************************** ၂၀ ရာစုအတွင်းထွက်ရှိခဲ့တဲ့ Alien ရုပ်ရှင်တွေကိုကျောရိုးယူထားပါတယ်။ လူသားတွေရဲ့အစ ဖန်ဆင်းရှင်ကိုရှာဖွေချင်သူ ဒေါက်တာ Elizabeth Shaw ဦးဆောင်တဲ့အဖွဲ့ဟာ ၄နှစ်ကြာခရီးဆန့်ပြီး ဝေးကွာတဲ့ ကမ္ဘာတစ်ခုဆီရောက်ရှိချိန်မှာတော့ ဖန်ဆင်းရှင်တွေက သူထင်ထားသလို လူသားတွေအပေါ်ကောင်းကျိုးပေးမှာမဟုတ်မှန်း သိလိုက်ရတဲ့အခါ… Oscar nomination ဝင် ရုပ်ရှင်တစ်ခုဖြစ်ပြီး အခြားဆု ၆ ဆုလည်းရရှိထားပါတယ်။ ရုပ်ရှင်ကားကို Archi Thang Gyi မှ ဘာသာပြန်ပေးထားပြီး အညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်။
...

Alien: Covenant (2017) ⭐IMDB: 6.4/10 (314 k Votes) 🎬 #Alien #Horror #SciFi #Thriller #ScienceFiction 🗓 2017 🎞 movie 🌎 #USA #UnitedKingdom #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 2 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Alien ဆိုတာ ၈၀ပြည့်နှစ်ကျော် ၉၀ဖွားတွေအတွက်တော့ စွဲလန်းခဲ့ရတဲ့ ဂြိုလ်သားကားတွေပါပဲ…..အဲဒီခေတ်အခါတုန်းကတော့ တော်တော်လေးကို လူကြိုက်များခဲ့ပြီး အခုထိလည်းအောင်မြင်နေတုန်းပါ အားလုံးပေါင်း ၆ကားထွက်ရှိထားပြီး ၇ကားမြောက်ကတော့ အခုထိကြည်လင်ပြတ်သားတဲ့ Version မထွက်သေးတာကြောင့် အရင်ထွက်ပြီးသး ၆ကားကို ကြည်လင်ပြတ်သားပြီး စာတန်းထိုးမှန်မှန်နဲ့ ပြန်လည်ပြင်ဆင် တင်ဆက်ပေးလိုက်ပါတယ်…..ထွက်ရှိပြီးသားကားတွေကတော့…… (1) Alien (1979)(2) Aliens (1986)(3) Alien³ (1992)(4) Alien: Resurrection (1997)(5) Prometheus (2012)(6) Alien: Covenant (2017)(7) Alien: Romulus (2024) – အကြည်မထွက်ရှိသေး….. တို့ဖြစ်ပါတယ်……Alien: Romulus (2024) ကလွဲပြီး ကျန်၆ကားလုံးကို CM မှာတင်ဆက်ထားပြီးဖြစ်လို့ ကြည့်ရှုအားပေးနိုင်ပါပြီ….. ***************************************************************************************************************** ဒီတစ်ပတ်ရုပ်ရှင်ကြည့်ရင်း အပန်းဖြေဖို့ကိုတော့ သည်းထိတ် ရင်ဖိုစိတ်ကူးယဉ် သိပ္ပံအက်ရှင် ကား Alien:Covenant ကို ညွှန်းဆိုလိုက်ပါတယ်။ ၂၀၁၂ က ထွက်ခဲ့တဲ့ Prometheus ဇာတ်ကားရဲ့ အ ဆက်အဖြစ် ထွက်ရှိလာတဲ့ ဂြိုဟ် သားရုပ်ရှင်စီးရီးဖြစ်ပြီး ဒါရိုက်တာရစ်ဒလေစကော့ရဲ့ လက်ရာဖြစ် ပါတယ်။ Covenant ဆိုတဲ့ ယာဉ်ပျံ ကြီးပေါ်က အဖွဲ့သားတွေဟာ အာကာသ ဟင်းလင်းပြင် အစွန်အ ဖျားက ဂြိုဟ်တစ်ခုကို ရှာဖွေ တွေ့ရှိခဲ့ပါတယ်။ ဘယ်သူနဲ့မှ မထိတွေ့ရသေးတဲ့ ကောင်းကင် ဘုံတစ်ခုလို့ ထင်ခဲ့ပေမယ့် တကယ်တမ်းကတော့ သက်ရှိ ရယ်လို့ ဘာမှမတွေ့ရတဲ့ အမှောင်ထုလွှမ်းနေတဲ့ အန္တရာယ် ကမ္ဘာ ကြီးတစ်ခုပါ။ အဲဒီဂြိုဟ်ပေါ်ကို ဆင်းပြီး လေ့လာကြတဲ့အခါမှာ ပျက်စီး နေတဲ့ အင်ဂျင်နီယာယာဉ်ပျံတစ် ခုကို ခြေရာခံမိခဲ့ကြပါတယ်။ နောက်တော့ ယာဉ်ပျံပေါ်က လူတချို့က ဂြိုဟ်သားရောဂါပိုး မတော်တဆ ကူးစက်ခံခဲ့ရပြီး အဲဒီလူတွေထဲကနေ ဂြိုဟ်သား တစ်ကောင် ဖြစ်တည်လာကာ ယာဉ်ပေါ်ကလူတွေကို တိုက်ခိုက် ပါတော့တယ်။ အဲဒါနဲ့ပဲ ယာဉ်ပျံပေါ်မှာ အခြေအနေတွေ ရှုပ်ယှက်ခတ်ကုန်ပြီး နောက်ဆုံးမှာ ဂြိုဟ်သား ကို ရှင်းပစ်နိုင်ခဲ့ပါတယ်။ နောက် တော့ ရောဂါကူးစက်ခံရသူတွေ ဆီကနေ ဂြိုဟ်သားတွေ ပေါက် ပွားလာခဲ့ကာ ယာဉ်ပေါ်ကလူ တွေကို အန္တရာယ်ပေးပါတော့ တယ်။ စိတ်ကူးယာဉ်သိပ္ပံအက်ရှင် ဇာတ်လမ်းတွေရဲ့ ရိုက်ချက်တွေ အတိုင်း ခေတ်လွန် လက်နက် တွေ၊ ဂြိုဟ်သားနဲ့ လူတွေရဲ့ တိုက်ပွဲတွေကို အထူးပြုလုပ်ချက် ကောင်းကောင်းနဲ့ တင်ဆက်ထား တာမို့ သိပ္ပံဇာတ်လမ်းကြိုက်တဲ့ ပရိသတ်တွေ သဘောကျမှာပါ။ ဒီတစ်ခါဇာတ်ကားမှာကော ဒါရိုက်တာစကော့က ဘယ်လို တွေ လက်စွမ်းပြထားသလဲဆို တာတော့ ကိုယ်တိုင်ကြည့်ပြီး တော့သာ အကဲဖြတ်လိုက်ဦး။ ဒီဇာတ်ကားထဲက သရုပ် ဆောင်တွေကတော့ ဒေးဗစ် 8/ ဝေါလ်တာအဖြစ် မိုက်ကယ်ဖက်စ်ဘန်ဒါ၊ ဒန်နီယယ်အဖြစ် ကက် သရင်းဝေါတာစတန်တို့နဲ့အတူ ဘီလီခရူဒက်ပ်၊ ဒန်နီမက်ဘ ရိုက်၊ ဒန်မီရန်ဘီချာ၊ ကာမန်းအီ ဂျိုဂိုစသူတွေ ပါဝင်ထားကြတာ ပါ။ ဘာသာပြန်သူကတော့ မင်းသက်ဦး ဖြစ်ပြီး ဇာတ်လမ်း အညွန်းကိုတော့ ဇီးကွက် မှ ကူးယူဖော်ပြပါတယ်
...

Aliens (1986) ⭐TMDB: 79% User Score 🎬 #Action #Adventure #Alien #SciFi #Thriller #ScienceFiction 🗓 1986 🎞 Series 🌎 #USA #UnitedStatesofAmerica ⏰ 2 နာရီ 18 မိနစ် 1 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Alien ဆိုတာ ၈၀ပြည့်နှစ်ကျော် ၉၀ဖွားတွေအတွက်တော့ စွဲလန်းခဲ့ရတဲ့ ဂြိုလ်သားကားတွေပါပဲ…..အဲဒီခေတ်အခါတုန်းကတော့ တော်တော်လေးကို လူကြိုက်များခဲ့ပြီး အခုထိလည်းအောင်မြင်နေတုန်းပါ အားလုံးပေါင်း ၆ကားထွက်ရှိထားပြီး ၇ကားမြောက်ကတော့ အခုထိကြည်လင်ပြတ်သားတဲ့ Version မထွက်သေးတာကြောင့် အရင်ထွက်ပြီးသး ၆ကားကို ကြည်လင်ပြတ်သားပြီး စာတန်းထိုးမှန်မှန်နဲ့ ပြန်လည်ပြင်ဆင် တင်ဆက်ပေးလိုက်ပါတယ်…..ထွက်ရှိပြီးသားကားတွေကတော့…… (1) Alien (1979)(2) Aliens (1986)(3) Alien³ (1992)(4) Alien: Resurrection (1997)(5) Prometheus (2012)(6) Alien: Covenant (2017)(7) Alien: Romulus (2024) – အကြည်မထွက်ရှိသေး….. တို့ဖြစ်ပါတယ်……Alien: Romulus (2024) ကလွဲပြီး ကျန်၆ကားလုံးကို CM မှာတင်ဆက်ထားပြီးဖြစ်လို့ ကြည့်ရှုအားပေးနိုင်ပါပြီ….. ***************************************************************************************************************** ဒီတစ်ခါ Aliens ကတော့ Alien (1979) ရဲ့ နောက်ဆက်တွဲဖြစ်ပြီး Terminator, Avatar, Titanic ရုပ်ရှင်ဒါရိုက်တာ ဂျိမ်းကင်မရွန်း ရိုက်ကူးတာ ဖြစ်ပါတယ် Nostromoအဖြစ်အပျက်အပြီး အာကာသမှာ လွင့်မျောနေတဲ့ ရစ်ပလီကို ကယ်ဆယ်ရေးအဖွဲ့က ပြန်လည်တွေ့ရှိသွားချိန်မှာတော့ ၅၇ နှစ်ကြာခဲ့ပါပြီ ယခုခေတ်မှာ ဂြိုဟ်အသစ်တွေမှာ ကိုလိုနီတွေ နေထိုင်နေနိုင်တဲ့ ကာလကို ရောက်သွားပြီး LV-426ဂြိုဟ်မှာလည်း လူသားမျိုးနွယ် ကိုလိုနီတွေ နေထိုင်ကြပါတယ် ထူးဆန်းတာက Alien ကို ဘယ်သူမှ မတွေ့ကြုံရတာပါပဲ… တစ်နေ့ အဲဒီဂြိုဟ်နဲ့ အဆက်အသွယ်ပြတ်သွားပြီး အကြောင်းရင်းသိရဖို့ မရိန်းတပ်သားအဖွဲ့ သွားစုံစမ်းရဖို့ ဖြစ်လာတယ် ဒီတစ်ခါမှာ ရစ်ပလီက အကြံပေးအရာရှိအဖြစ် လိုက်လာတာဖြစ်ပြီး စွမ်းအားကြီးတဲ့ Alien Queen နှင့် သူမရဲ့ သားပေါက်တွေနဲ့ ရင်ဆိုင်ရဖို့ ဖြစ်လာပါတော့တယ်
...

Alien Resurrection (1997) ⭐TMDB: 62% User Score 🎬 #Action #Alien #Horror #SciFi #ScienceFiction 🗓 1997 🎞 Series 🌎 #USA #UnitedStatesofAmerica #France ⏰ 1 နာရီ 56 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Alien ဆိုတာ ၈၀ပြည့်နှစ်ကျော် ၉၀ဖွားတွေအတွက်တော့ စွဲလန်းခဲ့ရတဲ့ ဂြိုလ်သားကားတွေပါပဲ…..အဲဒီခေတ်အခါတုန်းကတော့ တော်တော်လေးကို လူကြိုက်များခဲ့ပြီး အခုထိလည်းအောင်မြင်နေတုန်းပါ အားလုံးပေါင်း ၆ကားထွက်ရှိထားပြီး ၇ကားမြောက်ကတော့ အခုထိကြည်လင်ပြတ်သားတဲ့ Version မထွက်သေးတာကြောင့် အရင်ထွက်ပြီးသး ၆ကားကို ကြည်လင်ပြတ်သားပြီး စာတန်းထိုးမှန်မှန်နဲ့ ပြန်လည်ပြင်ဆင် တင်ဆက်ပေးလိုက်ပါတယ်…..ထွက်ရှိပြီးသားကားတွေကတော့…… (1) Alien (1979)(2) Aliens (1986)(3) Alien³ (1992)(4) Alien: Resurrection (1997)(5) Prometheus (2012)(6) Alien: Covenant (2017)(7) Alien: Romulus (2024) – အကြည်မထွက်ရှိသေး….. တို့ဖြစ်ပါတယ်……Alien: Romulus (2024) ကလွဲပြီး ကျန်၆ကားလုံးကို CM မှာတင်ဆက်ထားပြီးဖြစ်လို့ ကြည့်ရှုအားပေးနိုင်ပါပြီ….. ***************************************************************************************************************** Alien 3- 1992 ရဲ့ဖြစ်စဉ်အပြီးနှစ်ပေါင်း ၂၀၀ အကြာမှာ စစ်သိပ္ပံပညာရှင်တွေဟာ သေဆုံးသူ Ripley ရဲ့ DNA နမူနာနဲ့ ကိုယ်ပွား Ripley ကိုဖန်တီးခဲ့ပြီး အဲ့ဒီ DNA ထဲမှာ ဂြိုဟ်သားလောင်းလည်းရောပါလာပါတယ်။ သူတို့ရောက်နေတဲ့ Betty စစ်လွန်းပျံပေါ်က အစမ်းသပ်ခံ ဂြိုဟ်မျိုးစိတ်တွေ သောင်းကျန်လာတဲ့အခါ ထွက်ပြေးဖို့ကြိုးစားရင်းနဲ့ ဘာတွေဆက်ဖြစ်မလဲဆိုတာ ဒီရုပ်ရှင်ထဲမှာ ရူစားကြပါ။ ရုပ်ရှင်ကားကို Archi Thang Gyi မှ ဘာသာပြန်ပေးထားပြီး အညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်။
...