uz
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Yopiq kanal

🚩 Channel was restricted by Telegram

Ko'proq ko'rsatish
Ma'lumot yo'q
Obunachilar
-524 soatlar
-47 kun
+730 kun
Postlar arxiv
NCR Nithari Crime Report (2024) ⭐IMDB: 6.4/10 (12 Votes) 🎬 #Crime 🗓 2024 🎞 tv series 🌎 #India ⏰ 23 မိနစ် 31 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 NCR Nithari Crime Report (2024) မှုခင်းအစီရင်ခံစာ IMDb 6.2/10 မှုခင်းသဘောကျသူတို့အတွက် စိတ်ဝင်စားဖို့ကောင်းတဲ့ရုပ်သံဇာတ်လမ်းတွဲတစ်ခုနဲ့မိတ်ဆက်ပေးပါရစေနက်သာရိဆိုတဲ့နယ်မြေတစ်ခုရဲ့ ရဲအရာရှိဆီကိုဖုန်းတစ်လုံးဝင်လာလို့အဲဒီလိပ်စာကို သွားကြည့်တဲ့အခါမှာတော့တိရစ္ဆာန်ခြေထောက်လို့ယူဆရတဲ့ စွန့်ပစ်ထားတဲ့အသားတုံးကိုတွေ့ပါတယ် သူကဘာသိဘာသာနဲ့ကျော်သွားမလို့ပေမဲ့ အဲဒီကနယ်ခံတွေကဒါဟာလူခြေထောက်ဖြစ်ကြောင်း စုံစမ်းစစ်ဆေးပေးရန်လိုကြောင်း ပြောလာပါတော့တယ် ဒါကိုရဲအရာရှိကလက်မခံတဲ့အပြင် သူ့ကိုအတင်းပြောဆိုနေတဲ့သူတွေကို တွန်းလိုက်မိပြီးအဲဒီကနေ အမှုကပိုကြီးသွားပြီး ရဲကအရပ်သားပြည်သူတွေကိုတွန်းလွှတ်ပါတယ်ဆိုပြီး ဆူပူထကြွပါတော့တယ် ဒါပေမဲ့ဒီကိစ္စကမပြီး‌ပြတ်သေးပါဘူး အကြောင်းရင်းကတော့ အဲဒီနယ်မြေမှာမကြာသေးတဲ့နှစ်အနည်းငယ်က ကလေး ၁၇ ယောက်ဟာ တစ်ယောက်ပြီးတစ်ယောက် ပျောက်ဆုံးသွားခဲ့တာပါဒါကိုရဲတွေကဘာဖြေရှင်းချက်မှထုတ်မပေးတဲ့အပြင် ပျောက်ဆုံးသွားတဲ့ကလေးတွေကိုလည်းမဟုတ်မမှန်သတင်းတွေလွှင့်ပြီး အမှုကိုပြီးပြတ်စေခဲ့တာပါပျောက်ဆုံးသွားတဲ့ကလေးတွေရဲ့ လူကြီးမိဘတွေငိုကြွေးပူဆွေးသံတွေနဲ့အတူဒီကိစ္စဟာတစ်ကျော့ပြန်လည်လာပြီး လူကြီးပိုင်းတွေကိုခေါင်းခဲစေပါတော့တယ် ဒီလိုနဲ့အဲဒီအမှုတွေကို တစ်ခုချင်းဖြေရှင်းရင်း အဖြစ်မှန်ကိုဖော်ထုတ်နိုင်မလားနောက်ကွယ်မှာ ဘယ်လိုလူတွေက ကြိုးကိုင်နေမလဲ ဘယ်လိုအကြောင်းရင်းတွေရှိနေမလဲဆိုတာ……. အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်
...

Paithani (2024) ⭐IMDB: 5.5/10 (47 Votes) 🎬 #Drama 🗓 2024 🎞 tv series 🌎 #India ⏰ 26 မိနစ် 9 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Paithani ( 2024 )ပိုင်ထန်နီ ဒီတစ်ခါတင်ဆက်ပေးမှာကတော့ Paithani လိုအမည်ရပြီး အပိုင်း ၇ ပိုင်းပါဝင်တဲ့ ဟင်ဒီ web series ပဲဖြစ်ပါတယ်။ ပိုင်ထန်နီဆိုတာဟာ ဆာရီတစ်မျိုးပဲဖြစ်ပြီး တစ်ထည်လုံးကိုလက်နဲ့ယက်လုပ်ပြီး လက်နဲ့ချည်ထိုးထားတဲ့တန်ဖိုးကြီးဆာရီအမျိုးအစားဖြစ်ပါတယ်။ အရင်ခေတ်တွေတုန်းက ဘုရင့်မိဖုရား ဝန်ကတော်လိုမျိုးတွေဝတ်ဆင်ခဲ့တာဖြစ်ပြီးဒီနေ့ခေတ်မှာတော့ အမျိုးသမီးတိုင်း ဒီပိုင်ထန်နီဝတ်ပြီး မင်္ဂလာဆောင်ဖိုကတကယ့်အိပ်မက်တစ်ခုလိုပါပဲ။ ရွှေနဲ့ပိုးချည်ရောပြီး ယက်လုပ်ထားတဲ့ပိုင်ထန်နီဟာ ဆာရီတွေထဲက ဘုရင်မတစ်ပါးဖြစ်ပြီးဈေးကလည်း တအားကိုကြီးလွန်းလို သာမန်လူတွေပိုင်ဆိုင်ခွင့်ရဖိုခက်ပါတယ်။ ဒီစီးရီးမှာတော့ သူ့ရဲ့လက်ရာမြောက် ပိုင်ထန်နီဆာရီတွေကြောင့် နာမည်ကြီးလူသိများလှတဲ့လက်မှုပညာသည် ဂိုဒါဗာရီရဲ့ဘဝအကြောင်းကို အခြေတည်ရိုက်ကူးထားပါတယ်။ အသက်ကြီးလာတာနဲ့အမျှ အနားယူဖိုနီးကပ်လာတဲ့ ဂိုဒါဗာရီနဲ့ သူ့မိခင်ရဲ့ဘဝတစ်သက်စာအိပ်မက်ဖြစ်တဲ့ပိုင်ထန်နီဆာရီတစ်ထည်ဝယ်ပေးချင်တဲ့ ကာဗာရီတိုရဲ့ဆန္ဒကို တွေ့မြင်ရမှာဖြစ်ပြီးဒီကားမှာ အမေနဲ့သမီးကြားက သံယောဇဉ်နှောင်ကြိုးနဲ့အတူ စိတ်ခံစားမှုတွေ ၊ဗဟုသုတရစရာတွေနဲ့ တင်ဆက်ပြသပေးထားတာကြောင့် ဟင်ဒီကားပရိသတ်တိုအတွက် အကြိုက်တွေ့စေမှာပဲဖြစ်ပါတယ်။ (ဘာသာပြန်နဲ့အညွှန်းကတော့ CM Bollywood Team မှဖြစ်ပါတယ်)
...

High Forces (2024) ⭐TMDB: 56% User Score 🎬 #Action #Crime 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 59 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 “ဝေဟင်ထက်က လေယာဉ်က မြေပြင်ပေါ်က စက်ဘီးကို ဝင်တိုက်သွားတယ်” ဆိုတာမျိုး ကြားဖူးမယ်ထင်ပါရဲ့…ဒီ Andy Lau နဲ့ နာမည်ကြီး မင်းသားမင်းသမီးတို့ကြိုးစားပြီးရိုက်ကူးထားတဲ့High Force ကားလေးကတော့ ဒီလို ဆင်တူယိုးမား အဖြစ်ပျက်လေးကို ပုံဖော်ထားတာပါ… ဇာတ်လမ်းထဲမှာ ကောင်းဟောက်ကျွင်း တစ်ယောက်က ဘိုင်ပိုလာ ဆိုတဲ့စိတ်ဓာတ်အတက်အကျမြန်တဲ့ ရောဂါကို ခံစားနေရတဲ့သူပေါ့…ဒါကြောင့်လည်း ရှိရင်းစွဲ အလုပ်က ထွက်ပြီး လေကြောင်းကုမ္ပဏီမှာလုံခြုံရေးဝန်ထမ်းအဖြစ် အလုပ်ဝင်လုပ်ဖြစ်ခဲ့တယ်… သူ့ရောဂါကြောင့်ပဲ… သူချစ်ရတဲ့မိသားစုကို အဝေးကပဲ ဖြည့်ဆည်းပေးရသူဖြစ်လာခဲ့တယ်…ဘာလို့လဲဆိုတော့ သူစိတ်မထိန်းနိုင်ခဲ့တဲ့ လုပ်ရပ်တစ်ခုကြောင့်သူ့သမီးလေး ဘဝအလင်းပျောက်ခဲ့ရပြီး အမှောင်လောကထဲမှာရှင်သန်ရတဲ့ မျက်မမြင်လေးဘဝကို ရောက်သွားလို့ပါပဲ…သူတို့ မိသားစုအတူ ပြန်ဆုံတာကတော့ အိတ်ချ်ဝိုင် ၆၆၈ ဆိုတဲ့ လေယာဉ်ပေါ်မှာပေါ့… ဒီလေယာဉ်ပေါ်မှာ ကောင်းဟောက်ကျွင်းနဲ့အတူဘိုင်ပိုလာ ခံစားနေရသူ နောက်တစ်ဦးရှိပါသေးတယ်…သူ့နာမည်က မိုက်ခ်တဲ့… သူကတော့ ဒီလေယာဉ်ကိုထိန်းချုပ်ဖို့ ကြိုးစားနေတဲ့သူတစ်ဦးပေါ့…မိုက်ခ်က ဘာလို့ လေယာဉ်ကို ထိန်းချုပ်ချင်တာလဲဆိုရင်တော့ လေကြောင်းပိုင်ရှင်ဆီက ငွေညှစ်ဖို့ပါပဲ… ဒါပေမယ့် သူကကြေးစားဆိုတော့နောက်ကွယ်မှာ ဘယ်သူရှိနေတာလဲ…သူတို့ဆန္ဒတွေပြည့်ဝမှာလား…သူတို့မမျှော်မှန်းထားတဲ့ အပြောင်းအလဲဖြစ်လာမှာလား…‌နောက်ပြီး ကောင်းဟောက်ကျွင်းကရော ဒီခရီးမှာ သူ့မိသားစုနဲ့ အဖုအထစ်တွေ ဖြေရှင်းနိုင်မှာလားCM နဲ့အတူ ဇာတ်ကားလေးကြည့်ပြီး အဖြေရှာလိုက်ရအောင်နော်
...

Parachute (2024) ⭐IMDB: 7.6/10 (240 Votes) 🎬 #Drama #Mystery 🗓 2024 🎞 tv series 🌎 #India ⏰ 32 မိနစ် 23 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Parachute (2024)“လေထီးကလေး” သည်းထိပ်ရင်ဖို တမီးလ်ဇာတ်လမ်းတွဲလေးကို တင်ဆက်ပေးလိုက်ရပါတယ် ရှမ်မူဂမ်ဟာ ဆိုင်ကယ်တစ်စီးနဲ့ ဂတ်စ်အိုးလိုက်ပို့တဲ့အလုပ်ကိုလုပ်ပြီး စိတ်တစ်စက်မှမရှည်ဘဲ ဒေါသထွက်လွယ်တဲ့လူ ဒါပေမဲ့ ရှာလို့ရသမျှငွေနဲ့ ရူဒရာနဲ့ ဗာရွန်ဆိုတဲ့သမီးနဲ့သားကိုတော့ ကျောင်းကောင်းကောင်းထားရှာတယ် ကလေးတွေက သူ့စကားနားမထောင်ရင် ဒေါသတကြီးချက်ချင်းရိုက်နှက်ဆုံးမလေ့ရှိတဲ့အတွက်ကလေးနှစ်ယောက်လုံးက အဖေကိုအသားကုန်ကြောက်ရတယ် အဲဒါကြောင့်ပဲ တစ်ရက်မှာ သူ့ကလေးနှစ်ယောက်လုံးပျောက်သွားတဲ့အခါရဲစခန်းကို လင်မယားနှစ်ယောက် သွားပြီးလူပျောက်တိုင်ပေမဲ့လို့ရဲတွေက တခြားအမှုကိုပဲ အာရုံရောက်နေတဲ့အခါ ကိုယ့်ကိုယ်ကိုယ်အားကိုးပြီး ဘယ်လိုလိုက်ရှာကြမလဲပရိသတ်ကြီး ဆက်လက်ကြည့်ရှုပေးပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ Star ~ ToMo ~ Yunni ~ Linn ~ KKKZ မှ ဖြစ်ပါတယ်
...

Dune: Prophecy (2024) ⭐TMDB: 78% User Score 🎬 #SciFi #Fantasy #Drama #Action #Adventure 🗓 2024 🎞 Series 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 21 မိနစ် 22 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Dune: Prophecy (2024) Season 01 IMDb Rating (7.6) / Rotten Tomatoes (70%) သိပ္ပံစိတ်ကူးယဉ် ဇာတ်လမ်းလောကရဲ့ နာမည်အကြီးဆုံးထဲက တစ်ခုဖြစ်တဲ့ Dune စကြဝဠာကို အခြေခံထားတဲ့ စီးရီးတစ်ခု ထွက်လာပါပြီ။ ဒီစီးရီးဟာ Game of Thrones ကို အမီလိုက်မယ်လို့ပါ ထင်ကြေးပေးခံရတဲ့ စီးရီးမျိုးပါပဲ။ အပိုင်း (၁) အရဆိုရင်တော့ ဖြစ်နိုင်တယ်လို့ ပြောရပါလိမ့်မယ်။ ဖန်တီးတဲ့သူ နှစ်ယောက်ကလည်း The Haunting of Bly Manor တို့ The Originals တို့ကို ဖန်တီးခဲ့တဲ့ Diane Ademu-John နဲ့ Lost စီးရီးကိုဖန်တီးခဲ့တဲ့ Alison Schapker တို့ပါပဲ။ ဇာတ်လမ်းအကျဉ်း ဒီစီးရီးဖြစ်တည်ချိန်ကတော့ ပေါ အထရေးဒီး နန်းမတက်ခင် နှစ် ၁၀,၀၀၀ အလို ကာလမှာပဲ ဖြစ်ပါတယ်။ မဟာစစ်ပွဲကြီးလို့ခေါ်တဲ့ လူသားတွေက ဦးနှောက်ရှိတဲ့စက်တွေထိန်းချုပ်ထားတာကို တော်လှန်ရေးလုပ်ခဲ့တဲ့ ကာလအပြီးပါပဲ။ အဲဒီကာလမှာ စက်တွေကို ကန့်သတ်ပစ်လိုက်ပြီး ကရီနိုအိမ်တော်က ဧကရာဇ်နေရာကို ရယူထားပါတယ်။ အခြား အင်အားကြီးအိမ်တော်ကြီးတွေက နိုင်ငံရေးကစားကွက်မျိုးစုံနဲ့ အားပြိုင်နေတဲ့ ကာလဖြစ်ပါတယ်။ ဒီစီးရီးမှာ အမှန်ပြောသူ ညီအစ်မအဖွဲ့တွေရဲ့ သမိုင်းအစကို ဖော်ပြထားပြီး အိမ်တော်ကြီးတွေကို နောက်ကွယ်ကနေ ထိန်းချုပ်ဖို့ စီမံပုံတွေကိုလည်း တွေ့ရမှာပါ။ ဖရေးမန်းတွေနဲ့ အရားခစ်က တိုက်ပွဲတွေရယ် ပုန်ကုန်မှုတွေရယ်လည်း ပါမှာဖြစ်ပြီး ဇာတ်အိမ်ကြီးတဲ့ စီးရီးမို့ အားရပါးရ ကြည့်လို့ကောင်းမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mr. Anderson ဖြစ်ပါတယ်။)
...

The Piano Lesson (2024) ⭐IMDB: 6.2/10 (3 k Votes) 🎬 #Drama #Horror #Music 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 7 မိနစ် 27 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 August Wilson ရဲ့ The Piano Lesson ပြဇာတ်ကို ပြန်ပြီး မှီငြမ်းရိုက်ကူးထားတဲ့ Netflix ရဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ မိသားစု အမွေအနှစ်နဲ့ ပတ်သတ်ပြီး ဘယ်တွေလုပ်သင့်တယ်။ ဘယ်လိုတွေ အသုံးချသင့်တယ်ဆိုတာကို ပြသထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ဘွိုင်းဝီလီဆိုတဲ့ အမျိုးသားဟာ တစ်နေ့မှာ သူ့ရဲ့ ဦးလေးနဲ့ ညီမရှိရာ အိမ်ကို ခဏတာ အလည်ပြန်လာခဲ့တယ်။ ဒီလိုလာရခြင်းကလည်း သူ့ဆီမှာ အကြောင်းပြချက်တစ်ခု ရှိနေပါတယ်။ ဘွိုင်းဝီလီ သူ့အဘိုးအဘွားတွေ လက်ထပ် ကျွန်ခေတ်က တစ်မိသားစုလုံး အလုပ်အကျွေးပြုခဲ့ရတဲ့ ဆက်တာဆိုတဲ့ လူရဲ့ မြေကို ဝယ်ချင်တယ်။ မြေရဲ့ တစ်စိတ်တစ်ပိုင်းကိုလည်း သူဝယ်ထားပြီးပြီ။ ဒါပေမဲ့ အကုန်ဝယ်နိုင်ဖို့ရာမှာ သူ့အတွက် ငွေလိုနေတယ်။ ဒါကြောင့်မလို့ သူဟာ မိဘအမွေဖြစ်တဲ့ စန္ဒရားကြီးကို ရောင်းပြီး ရလာတဲ့ငွေနဲ့ ‌မြေဝယ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ပြဿနာက သူ့ရဲ့ ညီမဖြစ်သူဟာ ဒီစန္ဒရားကို လုံးဝ ရောင်းခွင့်မပေးပါဘူး။ ဒီစန္ဒရားဟာ နယ်နယ်ရရ မဟုတ်ဘဲ မိသားစုသမိုင်ကြောင်း ရှိတဲ့အတွက်ကြောင့်ပါ။ ဒီလိုနဲ့ အစ်ကိုဖြစ်သူက ရောင်းမယ်။ ညီမဖြစ်သူက မရောင်းဘူး ငြင်းခုံကြရင်း စန္ဒရားကြီးရဲ့ အနာဂတ်က ဘာတွေ ဘယ်လိုဖြစ်သွားမလဲဆိုတာ ဆက်လက်ကြည့်ရှုပေးကြပါဦး။
...

It's Florida, Man (2024) ⭐IMDB: 6.3/10 (901 Votes) 🎬 #Comedy 🗓 2024 🎞 tv series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 21 မိနစ် 52 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb – 6.4 Florida Man လို့ပြောလိုက်ရင် အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်မှာ ဖြစ်ပျက်ခဲ့ပြီး တကယ်ဖြစ်ခဲ့တာလားလို့တောင် ပြန်မေးယူရမဲ့ ရူးကြောင်ကြောင်ဇာတ်လမ်းတွေနဲ့ meme တွေကို ပြေးမြင်မိကြမှာပါ။ အခု အသစ်ထွက်ရှိလာတဲ့ HBO ရဲ့ series မှာလည်း Florida Man လို့ပြောရစမှတ်တွင်ရလောက်တဲ့ ကြောင်တောင်တောင်ဖြစ်ရပ်ဆန်းကြီးတွေကို တစ်ပိုင်းချင်းစီမှာ ဟာသသရုပ်ဆောင်တွေ၊ ဖလော်ရီဒါဒေသခံတွေကို အင်တာဗျူးနေတဲ့ပုံစံရိုက်ကူးတင်ဆက်ထားပါတယ်။ အပိုင်း ၆ ပိုင်းပါဝင်ပြီး တစ်ပိုင်းနဲ့တစ်ပိုင်းက အဆက်အစပ်မရှိတဲ့အပြင် Florida Man တို့ရဲ့ signature ဖြစ်တဲ့ အင်တာနက်ပေါ်က သူစိမ်းကို ကိုယ့်ခြေချောင်းတွေကို ဖြ၊တ်ခိုင်းပြီး ကြော်စ၊ားပြစေချင်တာ၊ မိကျောင်းအပြည့်နဲ့ကန်ထဲ ရေဆင်းကူးရင်း မိကျောင်းကလက်ကိုစားသွားတာတောင် လက်ပြ၊တ်ကြီးနဲ့ သုံးရက်တိတိ အသက်ရှင်ခဲ့တဲ့ ဖလော်ရီဒါသား စသဖြင့်တကယ်ဖြစ်ခဲ့တာလားလို့ မေးယူရမဲ့ ရူးကြောင်ကြောင်ဇာတ်လမ်းအဆန်းကြီးတွေကို ဟာသနှောရိုက်ကူးထားတာဖြစ်လို့ ပေါ့ပေါ့ပါးပါးနဲ့ ခွီနေရမှာအသေအချာပါပဲ။
...

Amaran (2024) ⭐IMDB: 8.2/10 (15 k Votes) 🎬 #Action #Bollywood #Drama #War #Biography 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 49 မိနစ် 43 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Amaran (2024) “မသေမျိုး”IMDb – 8.5/10 အသစ်ထွက်ရှိလာတဲ့ တောင်ပိုင်းမင်းသား ဆီဗာကာသီကေယန်ရဲ့ တမီးလ်ရုပ်ရှင်ကားကြီးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဝင်ငွေအနေနဲ့ရော ပရိသတ်အားပေးမှုရော ကောင်းကောင်းရခဲ့တဲ့ရုပ်ရှင်လည်းဖြစ်ပါတယ်။ မူကွန်…။ ငါးတန်းကတည်းက ဗိုလ်လောင်းသင်တန်းကျောင်းကို ကွင်းဆင်းလေ့လာရေးသွားရပြီးဗိုလ်လောင်းတွေရဲ့ စစ်ချီသံ…ယူနီဖောင်း…ရိုင်ဖယ်နဲ့ကိုယ်နေဟန်ထားတွေကိုကြည့်ပြီး စစ်သားတစ်ယောက်ဖြစ်ဖို့ ဆုံးဖြတ်ခဲ့သူ။ မိခင်ကြီး အတန်တန်တားနေတဲ့ကြားက ချစ်သူလေးရဲ့ အားပေးမှုနဲ့အတူ လက်ရွေးစင်တပ်ဖွဲ့ထဲဝင်ဖို့ ကြိုးစားခဲ့တဲ့ မူကွန်။ ချစ်ရတဲ့သမီးနဲ့မိန်းမ၊ မိသားစုကိုပစ်ထားခဲ့ပြီး တပ်ခွဲမှူးအသစ်အနေနဲ့ နယ်စပ်အနီးတစ်နေရာမှာ တာဝန်ကျချိန်။လွှတ်တော်ကိုအကြမ်းဖက်တိုက်ခိုက်မှုနဲ့ အကြမ်းဖက်သမားတစ်ယောက်ကို သေဒဏ်ပေးပြီးတဲ့နောက်အကြမ်းဖက်သမားတွေဘက်က တိုက်ခိုက်မှုတွေ ပိုမိုဆိုးရွားလာတဲ့အခါမှာတော့…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်)
...

The Agency (2024) ⭐IMDB: 7.3/10 (5 k Votes) 🎬 #Drama #Mystery #Thriller 🗓 2024 🎞 Series 🌎 #UnitedStates #France #UnitedStatesofAmerica ⏰ 56 မိနစ် 8 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb 7.2/10 နဲ့ Rotten Tomatoes 67% ရထားတဲ့ Series ကောင်းတစ်ခုပါပဲ။ ဇာတ်လမ်းကတော့ ခြောက်နှစ်လောက်သူလျှိုလုပ်နေတဲ့ CIA Agent မာရှန်က လန်ဒန်စခန်းကို ပြန်အခေါ်ခံလိုက်ရတာကစပါတယ်။ အကြောင်းရင်းက သူတို့ CIA Agent တစ်ယောက်ဖြစ်တဲ့ ခါရိုတီက DUI charge နဲ့အဖမ်းခံလိုက်ရလို့ပါ။ ပြဿနာက ဘာလဲဆိုတော့ ခါရိုတီပျောက်သွားတာပါ။ ဖြစ်ချင်တော့ အဲ့ဒီအေးဂျင့်က CIA ရဲ့ အော်ပရေးရှင်းတော်တော်များများကိုသိနေပြီး သူလျှိုအေးဂျင့်အများအပြားကိုပါ ဖော်လိုက်နိုင်စွမ်းရှိနေတဲ့သူဖြစ်နေပါတယ်။ ဒါကြောင့် မာရှန်က ခြောက်နှစ်တာမစ်ရှင်ကိုပစ်ထားခဲ့ရပြီး ခါရိုတီရှာပုံတော်ဖွင့်ရပါတော့တယ်။ Cast တွေအနေနဲ့ကတော့ မာရှန်အဖြစ် Michael Fassbender , ဘောစကိုအဖြစ် Richard Gere နဲ့ နယိုမီအဖြစ် Katherine Waterston ကပါ၀င်ထားပါတယ်။ စပိုင်ဇာတ်ကားတွေကြိုက်ရင်တော့ မလွှတ်သင့်ပါဘူး။
...

Beast Games (2024) ⭐IMDB: 5.6/10 (5 k Votes) 🎬 #Reality #RealityTV 🗓 2024 🎞 Series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 44 မိနစ် 6 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Mr. Beast ကို လူတိုင်းနီးပါး သိကြမယ်လို့ ထင်ပါတယ် YouTube မှာ ပိုက်ဆံ Giveaway တွေ ကားတွေ အိမ်တွေ ပေးပြီး Content လုပ်တဲ့ သူတစ်ယောက်ပေါ့ Squid Game လို ပုံစံတူလည်း ပြန်လည်ဖန်တီးပြီး လုပ်ခဲ့ပါသေးတယ် ဒီတစ်ခါမှာတော့ သူ့ရဲ့ သမိုင်းတလျှောက် အကုန်အကျအများဆုံး ဖျော်ဖြေရေး ကဏ္ဍရဲ့ သမိုင်းတစ်လျှောက် ဆုကြေးအများဆုံး စံချိန်တော်တော်များများကို ချိုးပြီး Beast Game ဆိုတဲ့ Show ကို လုပ်ခဲ့ပါတယ် ဒီ Show ကိုတော့ သူ့ရဲ့ သာမန် Content တွေလို YouTube မှာတင်တာ မဟုတ်ဘဲ Amazon Prime မှာ တစ်ပတ်တစ်ပိုင်း ထုတ်လွှင့်ပြသပေးသွားမှာဖြစ်ပါတယ် ဒီပွဲအတွက် ဘယ်လောက်တောင် Budget သုံးထားလဲဆိုရင် ပထမဆုံး အပိုင်းမှာတင် ဒေါ်လာ ၂ သန်းကျော်သုံးထားပြီး တစ်လကြာမြင့်မယ့် ပွဲအတွက် ပြိုင်ပွဲဝင်တွေ နေထိုင်ဖို့ မြို့တစ်မြို့ကိုပါ ဒေါ်လာ ၁၅ သန်း အကုန်အကျခံပြီး တည်ဆောက်ထားပါသေးတယ် ဒါတွေက ပထမဆုံး အပိုင်းမှာ ကုန်ကျထားတာတွေပဲ ရှိပါသေးတယ် နောက်လာမယ်ဆုကြေးတွေကတော့ နောက်ဆုံး အနိုင်ရတဲ့ တစ်ယောက်ကို ဒေါ်လာ ၅ သန်း ပေးအပ်သွားမှာ ဖြစ်ပြီး တခြားဆုတွေအနေနဲ့ လန်ဘော်ဂီနီ ကားတစ်စီး သင်္ဘောတစ်စီးနဲ့ ဒေါ်လာ သန်းချီတန်တဲ့ ကိုယ်ပိုင်ကျွန်းတစ်ကျွန်းကိုပါ ဆုအဖြစ်ပေးသွားမယ့် အပြင် တခြား ဆုတွေ အများကြီးပါနေပါသေးတယ် ဒီလို ကုန်ကျမှုတွေအများကြီးခံထားတဲ့ Show တစ်ခုကို CM ပရိတ်သတ်ကြီး ကြည့်ဖို့အတွက် တင်ဆက်ပေးလိုက်ပါတယ် အပတ်စဉ်ထွက်ရှိလာမယ့် အပိုင်းများကို တစ်ပတ်တစ်ပိုင်း တင်ဆက်ပေးသွားမှာပါ
...

I Am DB Cooper (2022) ⭐TMDB: 43% User Score 🎬 #Documentary 🗓 2022 🎞 movie 🌎 # ⏰ 1 နာရီ 40 မိနစ် 38 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ‌လေယာဉ်တစ်စီးလုံးကိုအပိုင်စီးပြီး ဒေါ်လာ၂သိန်းဓားပြတိုက်သွားကာ လေယာဉ်ပေါ်ကခုန်ချသွားတဲ့ ဒီဘီကူပါးအကြောင်းဟာ အခုအချိန်ထိမဖြေရှင်းနိုင်သေးတဲ့အမှုတစ်ခုဆိုတာ တော်တော်များများလဲကြားဖူးကြမှာပါ။ ဒီဇာတ်ကားထဲမှာတော့ ဒီဘီကူပါးအကြောင်းကိုပဲ Documentaryပုံစံသဘောနဲ့ပြန်ရိုက်ထားပြီး IMDb 4.4/10ရရှိထားပါတယ်။ သူလေယာဉ်ကို ဓားပြမတိုက်ခင်ဘာတွေလုပ်ခဲ့လဲ၊ ဓားပြတိုက်ပြီးနောက်ဘယ်လိုဆက်ဖြစ်လဲဆိုတာကို စိတ်ကူးပုံဖော်ကာရိုက်ပြထားတာပါ။ ဒီဘီကူပါးအကြောင်းစိတ်ဝင်စားသူတွေကတော့ ဒီဇာတ်ကားကိုကြည့်ရင်းတစ်ခုခုအဖြေရနိုင်မလားဆိုတာ အဖြေရှာလိုက်ကြတာပေါ့။
...

After the Sunset (2004) ⭐TMDB: 62% User Score 🎬 #Action #Comedy #Crime #Drama 🗓 2004 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 38 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 After the Sunset (2004) **************************** အလစ်သုတ်ရာမှာ ကျွမ်းကျင်လှပါတယ်ဆိုတဲ့ မက်စ် နဲ့ လိုလာတို့ဟာ တစ်​နေ့မှာ​တော့ FBI ​အေးဂျင့် စတန်လေ ကိုယ်တိုင် ​စောင့်​ရှောက်​နေတဲ့ ကြားက​နေ စိန်တုံးတစ်တုံးကို ခိုးယူသွားခဲ့ပါတယ်။ အဲဒီစိန်တုံးက နပိုလီယံ ပိုင်ဆိုင်ခဲ့တဲ့ စိန်တုံး သုံးတုံး ထဲက ဒုတိယ​မြောက် အတုံးဖြစ်ပါတယ်။ ဒီကိစ္စ ပြီးတဲ့​နောက်မှာ​တော့ မက်စ်နဲ့ လိုလာတို့ဟာ သူခိုး​လောကက​နေ အနားယူခဲ့ပြီး Bahamas နိုင်ငံက Paradiseကျွန်း​ပေါ်မှာ အပန်း​​ဖြေ​နေခဲ့ကြပါတယ်။ ဖြစ်ချင်​တော့ နပိုလီယံရဲ့ တတိယ​​မြောက် စိန်တုံးဟာ တ​နေ့မှာ Paradiseကျွန်း​ပေါ်ကို ဆိုက်ဆိုက်​​မြောက်​မြောက် ​ရောက်လာပါ​တော့တယ်။ ဒီ​နောက်မှာ​တော့ ဘာ​တွေဆက်ဖြစ်ကြမလဲ။ မက်စ်နဲ့ လိုလာတို့ဟာ တကယ်ပဲအနားယူသွားတာလား။ တတိယ​မြောက် စိန်တုံးကို ထပ်အလစ်သုတ်ဦးမလား။ FBI​အေးဂျင့် စတန်​လေ က​ရော ဒီတ​ခေါက် ဘာအကြံအစည်​တွေများ ရှိ​နေဦးမလဲ။ သူတို့​တွေရဲ့ အားပြိုင်မှု ကြားထဲ Paradise ကျွန်း​ပေါ်က ​ဒေသခံ ဂိုဏ်း​တစ်ခုကပါ ပါ၀င်လာတဲ့ အချိန်မှာ​တော့…… IMDb rating 6.2 ရရှိထားပြီး ကြာမြင့်ချိန် ၁နာရီ ၄၀မိနစ် ရှိတဲ့ ဒီကားဟာ Comedy, Actionနဲ့ Crime တို့ ​ပေါင်းစပ်ထားတဲ့ ဇာတ်ကား​ကောင်း​လေးဖြစ်ပါတယ်။ မင်းသားကြီး Pierce Brosnan၊ Woody Harrelsonနဲ့ မင်းသမီး Salma Hayekတို့က အဓိက သရုပ်​ဆောင်ထားကြပြီး မလွတ်တမ်း ကြည့်ရှုသင့်တဲ့ ဇာတ်ကား​ကောင်း တစ်ကား ဖြစ်ပါတယ်။
...

Sex Doll: Her Temperature (2021) ⭐TMDB: 0% User Score 🎬 #Adult #Drama 🗓 2021 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 12 မိနစ် 36 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ***************************************** ဂီဒုံးဆိုသူက ရည်းစားထားချင်ပေမဲ့လည်း မိန်းမတွေရဲ့ အလိုကိုလိုက်ပြီး ချော့မြှူနေရတာမျိုးကိုတော့ ငြီးငွေ့နေသူပါ အဲဒါကြောင့် ချော့မြှူခယနေစရာမလိုဘဲ သူ့အလိုကို လိုက်ပေးမဲ့ sex doll လေးတစ်ရုပ်ကို ဝယ်လာပါတော့တယ် အဲဒီ sex doll လေးက လူစစ်စစ်နဲ့တူနေပြီး မှတ်ဉာဏ်တု ထည့်သွင်းထားတာကြောင့် စကားလည်းပြောနိုင်တဲ့အတွက် ဂီဒုံးတစ်ယောက် အကြိုက်တွေ့နေပေမဲ့လည်း ဂီဒုံး ရုတ်တရက် ရည်းစားရသွားတဲ့အခါမှာတော့
...

Super Express (2016) ⭐IMDB: 5.2/10 (178 Votes) 🎬 #Action #Comedy #Crime #Drama #Romance 🗓 2016 🎞 movie 🌎 #China ⏰ 1 နာရီ 31 မိနစ် 2 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Super Express(2016) ********************* မင်းသမီးဘယ်သူလဲဆိုတာတော့ မပြောတော့ပါဘူးနော်…. ယူရို သိန်း ၃၀၀ တန်တဲ့ ရှေးဟောင်းပစ္စည်းတစ်ခုကို ဟက်ကာ နှစ်ယောက်က ဆရာကျကျခိုးယူခဲ့ပါတယ်။ လုံခြုံရေးခေါင်းဆောင်ဖြစ်တဲ့ မေရှီး က ပျောက်ဆုံးသွားတဲ့ ပစ္စည်းကိုလိုက်ရှာပါတော့တယ်။ ဒီလို လိုက်ရှာတဲ့လမ်းခရီးမှာပဲ ဒယ်လီသမားနဲ့ဆုံဖြစ်ခဲ့တယ်။ ဒယ်လီ သမားက ငွေနဲတွေ့တော့ ဘယ်လိုစိတ်ထားရှိမလဲ? သူတို့အဲဒီ ပစ္စည်းကိုပြန်ယူနိုင်ပါ့မလား။ ကြားမှာဘယ်လိုအခက်အခဲနဲ့ကြုံတွေ့မလဲ? ဟာသမင်းသားက ရိုက်ကူးထားတဲ့ ဟာသကားဖြစ်တဲ့အတွက်ကြောင့်၊ ဟာသလေးနဲ့ရောပြီး စိတ်လှုပ်ရှားမှုကို ပေးနိုင်တဲ့ ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။ ကြည့်ရှုအားပေးကြပါဦး။.. ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Mi Mi ပဲဖြစ်ပါတယ်
...

Enter the Fat Dragon (2020) ⭐TMDB: 64% User Score 🎬 #Action #Comedy #Crime 🗓 2020 🎞 movie 🌎 #China #HongKong ⏰ 1 နာရီ 37 မိနစ် 32 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားက တော့မင်းသားကြီး Donnie Yenရဲ့ february 1 2020မှာထွက်ရှိလာတဲ့ Action,Adventure,Comedy အမျိုးအစားဇာတ်ကားဖြစ်ပါတယ်.. ဇာတ်လမ်းအကျဉ်းကတော့ဟောင်ကောင်ရဲအရာရှိတစ်ယောက်ဟာအရမ်းကြိုးစားပြီးလုပ်ကိုင်ပေမယ့် လွဲချော်မှုတွေကြုံရရင်းရာထူးချခံရတဲ့အပြင်ချစ်ရသူရဲ့လမ်းခွဲခြင်းကိုပါခံလိုက်ရတဲ့အခါ…စိတ်ဓာတ်ကျသွားပြီးအစားအလွန်စားရင်းကနေ၁၀၀ကီလိုကျော်ဝတဲ့ဖက်တီးတစ်ယောက်ဖြစ်လာပါတယ်… ဒီလိုနဲ့ ဂျပန်ရဲတပ်ဖွဲ့ကအလိုရှိနဲ့သူတစ်ယောက်ကိုသွားပို့ပြီးရာထူးပြန်ရဖို့အခွင့်အလမ်းရလာတဲ့အခါ မထင်မှတ်ပဲလူဆိုးဂိုဏ်းတစ်ခုနဲ့ပတ်သက်ဖို့ရာဖြစ်လာပါတယ်….ဂျပန်မှာဘယ်လိုလွဲချော်မှုတွေကြုံတွေ့ရမှာလဲ…မသမာမှုလုပ်ရပ်တွေကိုဖော်ထုတ်နိုင်ပါ့မလား
...

One Hundred Years of Solitude (2024) ⭐IMDB: 8.5/10 (7 k Votes) 🎬 #Drama #SciFi #Fantasy #History 🗓 2024 🎞 tv series 🌎 #Colombia ⏰ 1 နာရီ 4 မိနစ် 38 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 1967မှာ ကိုလမ်ဘီယာစာရေးဆရာ Gabriel García Márquezက One Hundred Years of Solitudeဆိုတဲ့ စာအုပ်ကို ထုတ်ခဲ့တယ်။ ဒီစာအုပ်ဟာ ကမ္ဘာ့စာပေအနေနဲ့ရော စပိန်ဘာသာစကားနဲ့ရေးသားထားတဲ့ စာပေအနေနဲ့ရော စာပေသမိုင်းရဲ့အရေးပါတဲ့အထင်ကရမှတ်တိုင် တစ်ခုဖြစ်ခဲ့သလို Magical Realism Genreရဲ့ စံနမူနာစာအုပ်တစ်ခုလည်း ဟုတ်ခဲ့တယ်။ 1982မှာ Márquezဟာ စာပေနိုဘယ်ဆုရခဲ့ပြီး ဒီဆုရခဲ့တဲ့အဓိကအကြောင်းရင်းကလည်း သူ့ရဲ့မာစတာပိစ်ဖြစ်တဲ့ One Hundred Years of Solitudeကြောင့်ဖြစ်ခဲ့တယ်။ Márquezမသေခင် ၂၀၁၄အထိကို ရုပ်ရှင်ရိုက်ဖို့ မဖြစ်နိုင်တဲ့ ဇာတ်လမ်းလို့ စာရေးသူကိုယ်တိုင် ပြောခဲ့ဖူးတယ်။ သူ့ပရိသတ်တွေကလည်း စာပေက မဖြစ်နိုင်တဲ့ကမ္ဘာတွေကို စာဖတ်သူ ကိုယ်တိုင်စိတ်ကူးပုံ‌ဖော်ကြည့်လို့ရတဲ့ ကိုယ်ပိုင်ခရီးတစ်ခုဖြစ်ပြီး ဒီအရသာက ဘာနဲ့မှသွားတုလို့မရဘူးတဲ့အတွက် ရိုက်လို့ရမှာမဟုတ်ဘူးလို့ သတ်မှတ်ခဲ့ကြတယ်။ Márquezကိုယ်တိုင်ကလည်း ရုပ်ရှင်ဆိုတာနဲ့ ဒီစာအုပ်က ပြဒါးတစ်လမ်းသံတစ်လမ်းပဲလို့ ပြောခဲ့တယ်။ ဒါပေမဲ့ Márquezနိုဘယ်ဆုမရခင် 1981မှာတုန်းက ဂျပန်ကဗျာဆရာ ဒါရိုက်တာ Shūji Terayamaက ရုပ်ရှင်အနေနဲ့ ရိုက်ဖူးတယ်။ စာရေးဆရာကတော့ ဒီဝတ္တုကို စပိန်လိုပဲပြောပြီး နာရီတစ်ရာနဲ့ ရိုက်ပြမှရောင်းမယ်အော်ခဲ့ဖူးတော့ Shūjiဘယ်လိုနားချလိုက်လဲဆိုတာက စိတ်ဝင်စားစရာတော့ကောင်းတယ်။ ဒီစီးရီးမှာတော့ စပိန်လိုပြောပြီး ကိုလမ်ဘီယာမှာပဲ ဒေသခံသရုပ်ဆောင်တွေကိုသုံးပြီး လက်တင်အမေရိက ဒါရိုက်တာတွေနဲ့ပဲရိုက်ခဲ့တဲ့အတွက် စာရေးဆရာ ဖြစ်ချင်သလောက်နီးနီး ဖြစ်သွားတယ်ပြောရမယ်။ သူ့ပရိသတ်တွေဆီကတော့ ချီးကျူးစကားတော်တော်ခံထားရတဲ့ ဇာတ်လမ်းတွဲပါပဲ။ Narrativeတွေ စာအုပ်ထဲက ရွေးချယ်ထုတ်နုတ်ထားတဲ့အပိုင်းအထိပါ ချီးကျူးခံထားရတယ်။ အခုလက်ရှိမှာတော့ ၁၆ပိုင်းမှာ ပထတစ်ခြမ်း၈ပိုင်းပဲ ထွက်ထားပါသေးတယ်။ နက်ဖလစ်အနေနဲ့တော့ မကြာသေးခင်ကမှ ကိုလမ်ဘီယာ magical realismကား Pedro Páramoကို ထုတ်ထားခဲ့ပြီး ခုဒါကိုဆက်ထုတ်တာဆိုတော့ တော်တော်တော့စိပ်ပါတယ်။ ဒီလိုင်းကကားတွေ ထပ်ထုတ်ချင်လည်း ထုတ်နိုင်လောက်သေးတယ်။ ဇာတ်လမ်းကတော့ Buendía မိသားစုရဲ့ မျိုးဆက်၇ဆက်ရဲ့ ဇာတ်လမ်းကို ပြသထားတဲ့ဇာတ်ပါပဲ။ မိသားစုတစ်ခုရဲ့ မျိုးဆက်၇ဆက်အကြောင်းပဲဆိုပေမဲ့ ဒီမိသားစုက လူတွေရဲ့ မတူတဲ့ဖြစ်တည်မှုတွေ မတူတဲ့စရိုက်တွေ မတူတဲ့ဝိသေသတွေကိုကြည့်ရင်း ကျွန်တော်တို့ခေါင်းထဲ တန်းစီဝင်လာမယ့် ကမ္ဘာ့သမိုင်းတစ်လျှောက်က နာမည်ကျော်ပုဂ္ဂိုလ်တွေကိုပြေးမြင်မိလောက်တဲ့အထိ မိသားစုတစ်စုရဲ့သမိုင်းကို ကမ္ဘာတစ်ခုရဲ့သမိုင်းလို တင်ဆက်ထားတာကို တွေ့ရပါလိမ့်မယ်။ ဒါက ဒီဇာတ်လမ်းကို စိတ်ဝင်စားစရာကောင်းစေတဲ့အချက်ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒီပထမ၈ပိုင်းမှာတော့မျိုးဆက်၃ဆက်အထိ ခရီးပေါက်ထားပါတယ်။ ၇ဆက်မြောက်မှာက လူလည်းမကျန်တော့ဘူးဆိုတော့ တစ်ဝက်ကျိုးသွားပြီပြောရပါမယ်။ ဒါပေမဲ့လည်း Joseသေတဲ့ ပထမခြမ်းရဲ့နောက်ဆုံးနားမှာ ၆ဆက်မြောက်က Aureliano Babilonia ဒီအဖြစ်တွေကိုပြန်ဖတ်နေတဲ့အခန်းကိုတော့ ထည့်ထားတယ်။ ဒီဇာတ်လမ်းမှာတင်ဆက်ထားတဲ့ Buendíaမိသားစုက လူတွေကလည်း မတူတဲ့ဗီဇအသီးအသီးနဲ့ စိတ်ဝင်စားစရာကောင်းသလို သူတို့မိသားစုရဲ့ ကြမ္မာကလည်း စိတ်ဝင်စားစရာကောင်းနေတယ်။ Magical Realism Genreဖြစ်တာနဲ့အညီပဲ ဇာတ်လမ်းတစ်လျှောက်မှာလည်း သူတို့မိသားစုဆီ ရောက်လာတတ်တဲ့ တစ္ဆေတွေ သူထူးတွေ အိပ်မက်ဆန်ဆန်အဖြစ်တွေရှိနေတယ်။ သူတို့ကမ္ဘာကြီးမှာ အစဉ်အလာတွေရော အသစ်တွေရောရှိနေသလို လက်တွေ့ကျတာတွေရော အယူသီးတာတွေရော ရှိနေတယ်။ သူတို့ကမ္ဘာကြီးမှာ လက်ခံခြင်းတွေရော လက်မခံခြင်းတွေရောရှိသလို သူတို့ကမ္ဘာကြီးမှာ လူမဆန်ခြင်းတွေရော ချစ်ခြင်းတွေရောရှိတယ်။ သူတို့ကမ္ဘာကြီးက ကျွန်တော်တို့ကမ္ဘာကြီးလည်းဆန်သလို သူတို့ကမ္ဘာကြီးက အိပ်မက်လည်းဆန်တယ်။ ဒီဇာတ်လမ်းတွဲမှာ García Márquezရဲ့ အဲဒီလိုကမ္ဘာကို ကျွန်တော်တို့မြင်ရပါလိမ့်မယ်။
...

Gremlins: Secrets of the Mogwai (2022) ⭐IMDB: 7.0/10 (896 Votes) 🎬 #SciFi #Fantasy #Comedy #Animation #Family #Adventure #Horror 🗓 2022 🎞 tv series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 22 မိနစ် 57 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Gremlins: Secrets of the Mogwai (2023) Season 01 IMDb Rating (7.0) / Rotten Tomatoes (100%) Gremlins အကောင်လေးတွေက ငယ်ငယ်က Cartoon Network မှာ ဇာတ်လမ်းတွဲ ရုပ်ရှင်တွေအဖြစ် ကြည့်ခဲ့ကြဖူးတာ မှတ်မိမှာပါ။ အခုတော့ ဒီဂရမ်မလင်အကောင်ထဲကမှာ မော်ဂွိုင်းလို့ခေါ်တဲ့ ဒဏ္ဍာရီလာ ရှဉ့်လေးရဲ့ လျှို့ဝှက်စွန့်စားခန်းတစ်ပုဒ်ကို HBO Max က ဇာတ်အိမ် Budget ကောင်းကောင်းနဲ့ ဇာတ်လမ်းတွဲအဖြစ် ထုတ်လွှင့်လိုက်ပါပြီ။ မော်ဂွိုင်းဆိုတဲ့ သတ္တဝါလေးတွေကြောင့် အရင်က တရုတ်ပြည် ရှန်ဟိုင်းမြို့ကြီးနဲ့အပြိုင်စည်ကားခဲ့တဲ့ ဖန်ဒွန်းမြို့ကြီးဟာ ပျက်စီးခဲ့ဖူးပါတယ်။ ဒီကောင်လေးတွေကို စားရင် ထာဝရရှင်သန်နိုင်တယ်ဆိုတဲ့ သတင်းတွေထွက်တာကြောင့် ရတနာမုဆိုးတွေရဲ့ လိုက်လံမျိုးတုန်းသတ်ဖြတ်ခြင်းကိုခံရပြီး ပျောက်ကွယ်သွားခဲ့တာ ရာစုနှစ်တွေကြာခဲ့ပါပြီ။ ဒါပေမယ့် ရှန်ဟိုင်းမှာ ဆေးဆရာအဖြစ်အသက်မွေးတဲ့ ဝင်းမိသားစုက ဆမ်နဲ့ သူ့အဖိုးဖြစ်သူတို့ ဈေးဝယ်ထွက်လာရင်း ဆပ်ကပ်ပွဲမှာ ရှေးဟောင်း မော်ဂွိုင်းသတ္တဝါတစ်ကောင်ကို တွေ့လိုက်ရပါတယ်။ ဒီကောင်လေးတွေကြောင့် လူသားမျိုးနွယ်မပျက်စီးခင် သူနဲ့သက်ဆိုင်တဲ့ ကျောက်စိမ်းတောင်ကြားကို ပြန်ပို့ပေးဖို့ မြေးအဖိုးက ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမယ့် မှော်အစွမ်းတွေနဲ့ ထာဝရရှင်သန်ခြင်းအစွမ်းကို ပေးစွမ်းနိုင်တဲ့ ဒီသတ္တဝါလေးကို မျက်စိကျနေတဲ့ မှော်ဆရာမုဆိုးကြီး ရိုင်လီဂရင်းရဲ့ ရန်ကနေ ထွက်ပြေးရင်း စွန့်စားခန်းစတင်ခဲ့ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thiha Yan Naing ဖြစ်ပါတယ်။)
...

Sherwood (2022) ⭐IMDB: 7.4/10 (11 k Votes) 🎬 #Crime #Mystery #Drama 🗓 2022 🎞 tv series 🌎 #UnitedKingdom ⏰ 58 မိနစ် 59 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb Rating – 7.4 /10 ဒီတစ်ခါ စာရေးဆရာ James Graham ရေးသားထားတဲ့ ဖြစ်ရပ်မှန် Crime Drama Series လေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ ဒီစီးရီးကိုတော့ BBC One က ၂၀၂၂ ခုနှစ်မှာ ထုတ်လွှင့်ပြသခဲ့ပြီး အဓိကဇာတ်ဆောင်များအနေနဲ့ မင်းသားကြီး David Morrissey နဲ့ မင်းသမီးကြီး Lesley Manville တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဒါကစာရေးသူ ကြီးပြင်းခဲ့ရာ ‘နော့တင်မ်ဟမ်ရှိုင်းယား’မှာဖြစ်ပွားခဲ့တဲ့ လူသတ်မှု ၂ ခုအကြောင်းကို အခြေခံပြီး ဖြစ်ရပ်တွေ၊ လူအမည်တွေကို ပြောင်းလဲရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ၁၉၈၄ ခုနှစ်၊ အင်္ဂလန်မှာ မာဂရက်သက်ချာလက်ထက် အစိုးရအနေနဲ့ ကျောက်မီးသွေးလုပ်ငန်းက တွက်ခြေမကိုက်သလိုဖြစ်လာပြီလို့ သတ်မှတ်တဲ့အတွက် ပိတ်သိမ်းဖို့ ပြုလုပ်တဲ့အခါ မိုင်းတွင်းအလုပ်သမားတွေအနေနဲ့ ဆန္ဒပြသပိတ်မှောက်မှု တစ်ရပ်ကို ပြုလုပ်ကြပါတယ်။ လန်ဒန်လို မြို့ကြီးမှာတော့ တက်ညီလက်ညီသပိတ်မှောက်ကြပေမယ့် နော့တင်မ်ဟမ်ရှိုင်းယားမှာကတော့ သပိတ်မှောက်သူက လူနည်းစုသာ ရှိပါတယ်။ အဲ့ဒီမှာ ဆန္ဒပြတဲ့အုပ်စုက အလုပ်ဆက်လုပ်ချင်ကြတဲ့ မိုင်းတွင်းအလုပ်သမားတွေကို ‘Scab’ လို့ ခေါ်ပါတယ်။ ဒီလိုနဲ့ နှစ်ပေါင်း ၃၀ ကျော်ကြာသွားပြီးနောက် နော့တင်မ်ဟမ်မှာ လူသတ်မှုတစ်ခုဖြစ်ပါတော့တယ်။ သတ်ခံရသူက ‘ဂယ်ရီဂျက်ခ်ဆန်’ဆိုတဲ့ အဘိုးကြီး ဖြစ်ပြီးတော့ သူက ဆန္ဒပြခဲ့သူ မိုင်းတွင်းအလုပ်သမားတစ်ဦးဖြစ်ကာ ရွာထဲက အလုပ်သွားလုပ်ခဲ့သူတွေကို နှစ် ၃၀ လုံးလုံး Scab, Scab နဲ့ မကြားတကြား လိုက်ခေါ်တတ်သူပါ။ တစ်ရွာလုံးနဲ့မတည့်တဲ့ အော်ကြောလန် ဆိုပါစို့။ တစ်ရက်သူအရက်သောက်ပြီး အပြန် လူသတ်သမားက သူ့ကို မြားနဲ့ ပစ်သတ်ခဲ့တာပါ။ လူ့ဂွစာကြီးဆိုတော့ လူသတ်သမားက ဟိုလူလား ဒီလူလားနဲ့ သံသယဝင်စရာတွေ များတော့တာပါပဲ။ ဆန္ဒပြခဲ့ဖူးတဲ့ မှတ်တမ်းကလည်း ရှိထားတော့ အဲ့အချိန်ကာလတုန်းက ကိစ္စရပ်တစ်ခုခုနဲ့များ ပတ်သတ်နေမလား – လူတကာကို ဒေါသထွက်လာအောင် လိုက်ပြောတတ်တဲ့ သူ့ရဲ့ အကျင့်ကြောင့်ပဲ သတ်ခံခဲ့ရတာလားဆိုတာကို ဝန်ထောက်ချုပ်ဖြစ်သူ ‘အီယန်စင်ကလဲ’က အမှုဖော်ထုတ်နေချိန် နောက်ထပ် လူသတ်မှု တစ်ခု ထပ်ဖြစ်လာတဲ့အခါ …. ဒီ Season 1 မှာ အပိုင်း ၆ ပိုင်းပါဝင်ကာ ယခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Season 2 မှာလည်း နောက်ထပ် အပိုင်း ၆ ပိုင်း ပါဝင်မှာဖြစ်ပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Nway Oo K Zaw က တင်ဆက်ထားပါတယ်။)
...

Role Play 2: Dongchim (2013) ⭐TMDB: 50% User Score 🎬 #Adult #Drama #Romance #Mystery 🗓 2013 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 12 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 *********************************** ဒီတစ်ခါတော့ စိတ်ကူးယဉ်ဇာတ်လမ်းတွေကိုမှ စိတ်ဝင်စားသူတွေအတွက် Role Play ဆိုတဲ့ ဇာတ်လမ်းလေးအကြောင်း ပြောပြချင်ပါတယ် .. နာမည်ကြီးစာရေးဆရာမဖြစ်တဲ့ ဆူယွန်းက စည်းကမ်းတင်းကြပ်တဲ့ သူမရဲ့ဖခင်ကို ဆန္ဒပြဖို့အတွက် သူမရဲ့မိတ်ဆွေ အီဟျွန်းဝူကို အိမ်ကို ဖိတ်ခေါ်ခဲ့ပါတယ်။ အဖေဖြစ်သူ မကြိုက်တဲ့လုပ်ရပ်တွေကို လုပ်တဲ့အခါ .. ဖခင်ရဲ့တုန့်ပြန်ချက်တွေကို မြင်ချင်တယ်ဆိုပြီး ဟျွန်းဝူနဲ့အတူ ဟန်ဆောင်ခဲ့ကြပါတယ်။ သမီးကို ချစ်လွန်းတဲ့ဖခင်တစ်ယောက် သူ့မျက်စိရှေ့မှာ အခြားယောက်ျားတစ်ယောက်နဲ့ အတူရှိနေတာကို တွေ့တော့ ဘယ်လိုတွေ တုံ့ပြန်မလဲဆိုတာ ဆက်လက်ကြည့်လိုက်ပါဦး
...

Spike Island (2012) ⭐IMDB: 6.3/10 (4 k Votes) 🎬 #Comedy #Drama #Musical #Music 🗓 2012 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 45 မိနစ် 12 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Spike Island (2012) ************************* အားလုံးသိကြတဲ့ နဂါးမေမေ Emilia Clarke ပါဝင်ထားတဲ့ The Stone Roses bandရဲ့ Spike Island ဖျော်ဖြေပွဲအကြောင်း ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ချင်ပါတယ်။ The Stone Roses ဆိုတာကတော့ 1980s နဲ့ 1990s ခုနှစ်များမှာ အရမ်းကိုအောင်မြင်ကျော်ကြားခဲ့တဲ့ မန်ချက်စတာ အခြေစိုက် Rock band တစ်ခုပဲဖြစ်ပါတယ်။ 1990ခုနှစ် မေလမှာကျင်းပခဲ့တဲ့ The Stone Rosesရဲ့ Spike Island ဖျော်ဖြေပွဲဟာ လာရောက်ကြည့်ရှုသူ 28,000 ကျော်တောင်ရှိခဲ့ပြီး British ဂီတ သမိုင်းမှာ ပြောစမှတ်တွင်စရာ ဖျော်ဖြေပွဲကြီးတစ်ခုဖြစ်ခဲ့ပါတယ်။ ဒီဇာတ်ကားထဲက Gary Titchfield နဲ့သူ့ရဲ့ဘော်ဒါတစ်အုပ်ဟာ The Stone Roses band ကို အရမ်းသဘောကျကြပြီး သူတို့ကိုယ်တိုင်လည်း Shadow Casterဆိုတဲ့ Bandတစ်ခု ထောင်ထားကြပါတယ်။ သူတို့နေတဲ့ Red Bricksနဲ့ သိပ်မလှမ်းတဲ့ Widnes မှာ The Stone Roses ရဲ့ Spike Island ဖျော်ဖြေပွဲလုပ်မှာဖြစ်တဲ့အတွက် ဂယ်ရီတို့တွေ ဖျော်ဖြေပွဲကို မဖြစ်မနေအရောက်သွားဖို့ပြင်ဆင်ကြပါတော့တယ်။ အဲဒါအပြင် သူတို့ Shadow Caster band ရဲ့ သီချင်း demo တစ်ပုဒ်ကိုပါ The Roses လက်ထဲကိုအရောက်ပို့ဖို့ ရည်ရွယ်ထားကြပါသးတယ်။ အထက်တန်းကျောင်းသားတွေဖြစ်တဲ့ ဂယ်ရီတို့ Shadow Caster အဖွဲ့သားတွေ ဖျော်ဖြေပွဲကို ရောက်အောင်သွားကြပုံကို လူငယ်အချစ်ဇာတ်လမ်းလေးနှောပြီး ပေါ့ပေါ့ပါးပါးတင်ဆက်ထားတာမျိုးပါ။ ပါဝင်တဲ့ သီချင်းတွေကလည်း The Stones Rosesရဲ့ နာမည်ကျော်သီချင်းတွေအပြင် Shadow Caster ရဲ့ Ten-Mile-Smileသီချင်းဟာလည်း သီချင်းကောင်းတစ်ပုဒ်ဖြစ်တဲ့အတွက်ကြောင့် rock ဂီတကြိုက်နှစ်သက်သူတွေ သဘောတွေ့စေမဲ့ ရုပ်ရှင်တစ်ကားဖြစ်ကြောင်းညွှန်းဆိုလိုက်ချင်ပါတယ်။ (အညွှန်းကို muse မှ ရေးသားထားပါတယ်)
...