ဇာတ်ညွှန်းများ • FDMN
Yopiq kanal
Ma'lumot yo'q
Obunachilar
-524 soatlar
-47 kun
+730 kun
Postlar arxiv
Goodbye Summer (2019)
⭐IMDB: 5.6/10 (63 Votes)
🎬 #Drama #Romance
🗓️ 2019 🎞️ Movie 📺 1080p FHD
🌎 #SouthKorea
⏰ 1 နာရီ 12 မိနစ် 20 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Goodbye Summer (2019)==================
တကယ်လို့ သင့်ဆီမှာ မကြာခင်သေရတော့မယ့်ရောဂါတစ်ခုရှိနေတယ်ဆိုပါစို့။ ဒါဆို သင်တစ်ဖက်သတ်ချစ်နေရတဲ့သူကို ဖွင့်ပြောမှာလား မပြောဘူးလား၊ အကယ်၍ ဖွင့်ပြောဖြစ်ခဲ့ရင်ရောသူကလက်ခံနိုင်ပါ့မလား၊ တွေးစရာတွေကတော့ အများကြီးပါပဲ။သေခါနီးလူတစ်ယောက်က ကြိတ်ချစ်ရတဲ့ကောင်မလေးကို ဖွင့်ပြောတာက တစ်ကိုယ်ကောင်းဆန်လွန်းတယ်လို့လည်းထင်နိုင်သလို တစ်ဖက်ကတွေးကြည့်ရင် ကိုယ့်ရဲ့နောက်ဆုံးဆန္ဒမို့လို့ဒါဟာ တရားမျှတတယ်လို့လည်း ဆိုနိုင်တာပါပဲ။ ဒီဇာတ်ကားလေးထဲမှာလည်း အဓိကပြောသွားတဲ့အကြောင်းအရာက ဒီ( ၂)ချက်ပါပဲ။
ဇာတ်လမ်းလေးရဲ့အကျဉ်းကတော့ ရောဂါတစ်ခုနဲ့မကြာခင်သေဆုံးရတော့မယ့် ဟျွန်းဂျယ်ဆိုတဲ့အထက်တန်းကျောင်းသားလေးတစ်ယောက်ရဲ့ နေ့ရက်တွေဖြတ်သန်းပုံကို စကားတွေအများကြီးမပြောဘဲ ရိုက်ကူးထားတဲ့ပုံနဲ့တင်ဆက်ထားတာပါ။ သေနေ့စေ့နေတဲ့ သာမန်အထက်တန်းကျောင်းသားလေးတစ်ယောက်ရဲ့ခံစားချက်တွေ၊ အတွေးတွေအမြင်တွေ၊ သူ့အတွေးအမြင်တွေအပေါ် သူ့ပတ်ဝန်းကျင်ကလူတွေရဲ့ဖိအား၊ ရိုက်ခတ်ချက် စတာတွေကို scenario သဘောမျိုးနဲ့ တင်ဆက်ထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ သရုပ်ဆောင်တွေအနေနဲ့ကတော့ YG Ent. Ex-rapperONE (or) Jung Jaewon နဲ့ Sky Castle စတားKim Bora တို့အဓိကပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Khin Thant Sin Tun ဖြစ်ပါတယ်)
DC's Legends of Tomorrow (2016-2022)
⭐IMDB: 6.8/10 (107 k Votes)
🎬 #Action #Adventure #SciFi #Fantasy #Drama
🗓️ 2016-2022 🎞️ Series 📺 1080p FHD
🌎 #UnitedStates #UnitedStatesofAmerica
⏰ 42 မိနစ် 51 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
DC’s Legends of Tomorrow Season (1 to 6)2016 ရဲ့ ဒီစီ စီးရီးအသစ် လာပါပြီဗျာ။ အားလုံးမျှော်နေကြတဲ့ legends of tomorrow ပါ။ IMDb ကတော့ အပိုင်း ၁ ထွက်အပြီးမှာပဲ 8.1 ရထားပါပြီ။ ဇာတ်လမ်းအကျဉ်းကတော့ အဲရိုး နဲ့ ဖလက်ရှ် စီးရီး Cross Cover ထဲက မသေမျိုး ရန်သူကြီး ဗန်ဒယ် ဆဗေ့ဂျ် ဟာ ၂၁၆၆ မှာ ကမ္ဘာတစ်ခုလုံးကို သိမ်းပိုက်နိုင်ပါတော့တယ်။ အဲဒါကို တားဆီးချင်တဲ့ Time Master ကပ္ပတိန် ရစ်ပ် ဟန်တာ ဟာ အချိန်စက်ဝန်းကို စောင့်ထိန်းရမယ့် ဥပဒေကို ချိုးဖောက်ပြီးတော့ ၂၀၁၆ ခုနှစ်ကို ပြန်သွားပြီး လူ ၈ ယောက်ကို စုဆောင်းပြီး ဗန်ဒယ် ဆဗေ့ဂျ် အင်အားမကြီးခင် ကာလတစ်ခုကို ရှာပြီး ကြိုတင်နှိမ်နင်းဖို့ ကြံစဉ်ပါတော့တယ်။လူ ၈ ယောက်ကတော့ အဲရိုးစီးရီးမှ ဆာရာလန့်စ်( Canary)၊ ဖလက်ရှ်စီးရီးမှ Hawk မောင်နှံနှစ်ဖော်၊ မီးမုန်တိုင်း ၂ ယောက်၊ ကပ္ပတိန် Cold နဲ့ Heatwave လူမိုက်ကြီး ၂ ယောက် နဲ့ ရေးပါမာ(Atom) ပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ သဘောကျမိတဲ့ အချက်ကတော့ သူစုဆောင်းတဲ့ လူတွေဟာ သူရဲကောင်းဖြစ်ချင်စိတ် ထက်သန်နေတဲ့သူတွေ ပင်ကိုယ် သူရဲကောင်းကြီးတွေ မဟုတ်ကြပါဘူး။ လမ်းပျောက်နေတဲ့သူတွေ လူဆိုး သူခိုးတွေပါ။
ဒီဇာတ်ကားရဲ့ ပေးချင်တဲ့ မက်ဆေ့ကတော့ ဘယ်လိုလူမျိုးတွေမှာ မဆို ဖုန်းကွယ်နေတဲ့ သူရဲကောင်းစိတ်လေးတွေရှိပြီ အခွင့်အရေးရခဲ့ရင် ကြုံကြိုက်လာခဲ့ရင် မလွှဲမရှောင်သာတော့ရင် စွမ်းအားတွေ စိတ်ဓာတ်တွေ ပေါ်ထွက်လာနိုင်ပုံကို ပြချင်တယ်လို့ပဲ မြင်မိပါတယ်။ အပိုင်း ၁ ကို ကြည့်ရှုပြီး သူတို့ရဲ့ ခံစားချက်တွေ ဆုံးဖြတ်ချက် ချသွားပုံတွေ မှာ တွေးစရာတွေ အများကြီး ရလာမှာပါ။Season 1Complete Zip File VIP / Yoteshin Season 2Complete Zip File VIP / Yoteshin Season 3Complete Zip File VIP / Yoteshin[1-9] / Yoteshin[10-18] Season 4Complete Zip File VIP / Megaup1-8 / Megaup9-16 / Yoteshin[1-8] / Yoteshin[9-16]Season 5Complete Zip File VIP / Yoteshin[1-7] / Yoteshin[8-14] Season 6 File size…500MB / 1.2Gb
The Divine Move (2014)
⭐IMDB: 6.6/10 (2 k Votes)
🎬 #Action #Asian #Crime
🗓️ 2014 🎞️ Movie 📺 720p HD
🌎 #SouthKorea
⏰ 1 နာရီ 58 မိနစ် 6 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Divine Move(2014)
မိုးသည်းထန်စွာ ရွာသွန်းနေတဲ့ညတစ်ည….
မိုးချိန်းသံတွေကိုဥပေက္ခာပြုပြီး အခန်းတစ်ခုအတွင်းမှာ လူ(၂)ယောက်ဂိုကစားနေကြတယ်…
လောင်းကစားလောကဟာ တစ်ကွက်ကြိုမြင်သူ နှာတစ်ဖျားသာစမြဲမို့ ဘယ်သူမှမသိအောင် နောက်ခံကစားပေးတဲ့သူလည်း ကိုယ်စီရှိကြတယ်….
အင်္ကျီအနက်နဲ့လူကို နောက်ခံကစားပေးတဲ့သူကတော့ သူ့ရဲ့ညီအရင်းဖြစ်တဲ့ ထယ်ဆုတ်ပါပဲ…
သို့ပေမယ့် သူတို့ညီအကို(၂)ယောက်ကံမကောင်းခဲ့ဘူး…သူတို့ နောက်ခံကစားပေးတာကို တစ်ဖက်အဖွဲ့က သိသွားလို့ ညီအကို(၂)ယောက်လုံး
အဖမ်းခံလိုက်ရတယ်… ညီအကို(၂)ယောက်လုံး အားရအောင်နှိပ်စက်သွားတဲ့အပြင် အကိုဖြစ်သူမှာလည်း
လည်ပင်းကိုလှီးသတ်ခံလိုက်ရတယ်…
ထယ်ဆုတ်အတွက် မျက်စိရှေ့တွင်ပင် အကိုဖြစ်သူသတ်ခံလိုက်ရတဲ့အပြင်
မိမိကိုယ်တိုင်မှာလည်း လူသတ်သမားအဖွဲ့၏ ထောင်ချောက်ဆင်မှုကြောင့်
အကိုဖြစ်သူအားသတ်မှုနဲ့ထောင်ကျသွားပါတော့တယ်…
ဒီနောက်ပိုင်းတော့ နာကျဉ်းမှုတွေပြည့်နှက်နေတဲ့ ထယ်ဆုတ်အတွက် ကျားနာတစ်ကောင်အသွင်သို့ပြောင်းသွားပါတော့တယ်…
ဒီကားက ၂၀၁၄ခုနှစ်မှာထွက်ရှိပြီးတော့ ထယ်ဆုတ်အဖြစ် Woo-sung Jung ကသရုပ်ဆောင်ထားပါတယ်…
Cold eyes နဲ့ Steel Rain တို့ကိုကြည့်ဖူးရင် သူ့ကိုရင်းနှီးပြီးသားဖြစ်မှာပါ…
အရပ် ၆ပေ ၁လက်မ ၊မျက်လုံးပေါက်မှေးကျဉ်းကျဉ်းနဲ့ ဒီမင်းသားကြီးဟာ
Cold eyes ထဲမှာဆို ဘောပင်နဲ့ ဇွတ်ခနဲ ဇွတ်ခနဲ ထိုးသတ်တာကို ကျွန်တော်တို့သဘောကျခဲ့ကြတယ်..
ပြောရရင် ဒီကားကတောင်ပိုတောင်ကြမ်းမယ်ထင်တယ်…
ဓားတိုတွေနဲ့ စွတ်ခနဲ လည်ပင်းကိုဖြတ်လှီးတာတွေ
မျက်နှာတွေမတွန့်ပဲ ဗိုက်တွေကို ဓားနဲ့ဇွတ်ခနဲထိုးတာတွေ တကယ့် အမိုက်စား
အက်ရှင်ခန်းတွေနဲ့…..ဇာတ်လမ်း ဇာတ်အိမ်လည်းကောင်းသလို
အက်ရှင်ခန်းတွေထိုးသတ်ခန်းတွေမှာဆိုလည်း ကြည့်ရင်းအူတွေပါယားလာသလိုလိုဖြစ်မိလိမ့်မယ်…
ကိုင်းညွှန်းတာလည်း များပြီဆိုတော့ ထောင်ထဲမှာ သူဘယ်လိုကြိုးစားပြီး အကိုဖြစ်သူကိုသတ်
သူ့ဘဝကိုပါစုတ်ပြတ်သွားအောင်လုပ်တဲ့သူတွေကို ဘယ်လိုလက်စားချေမလဲဆိုတာကိုတော့
ခံစားကြည့်လိုက်ပါဦးဗျို့….
The Divine Move (2014)
⭐IMDB: 6.6/10 (2 k Votes)
🎬 #Action #Asian #Crime
🗓️ 2014 🎞️ Movie 📺 1080p FHD

The Dead Lands (2014)
⭐IMDB: 6.3/10 (5 k Votes)
🎬 #Action #Adventure
🗓️ 2014 🎞️ Movie 📺 720p HD
🌎 #NewZealand #UnitedKingdom
⏰ 1 နာရီ 49 မိနစ် 34 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Dead Lands (2014)
~ IMDb – 6.3/10, Rotten Tomatoes – 70% ~
မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံးကို ပြန်ဖောက်မယ်ဆိုရင် ကမ္ဘာကြီးက မျက်ကန်းတို့ပျော်စံရာဖြစ်သွားမှာပေါ့လေ။ အိန္ဒိယလူထုခေါင်းဆောင်ကြီး ဂန္ဓီပြောခဲ့တဲ့စကားလေးပါ။ လက်စားချေခြင်းဟာ သတ်ဖြတ်ခြင်းသံသရာကိုပဲ ဆက်လည်ပတ်စေမှာဖြစ်လို့ စိတ်ဓာတ်အင်အားနဲ့ နှလုံးသားကြီးမြတ်သူတို့ကပဲ သံသရာစက်ကွင်းကို ခါးလယ်က ဖြတ်နိုင်ကြပါတယ်။
သူ့မြေ ကိုယ့်မြေခွဲပြီး သူတစ်လူငါတစ်မင်း နေခဲ့ကြတုန်းက ကြီးကျယ်တဲ့စစ်ပွဲကြီးတွေ ခဏခဏ ဖြစ်ပွားခဲ့ဖူးတယ်။ နောက်တော့ ငြိမ်းချမ်းရေးအတွက် မျိုးနွယ်စုတွေအားလုံး အာဃာတတွေ သင်ပုန်းချေအပြီး တည့်တည့်ရှုရှုနေချိန်ရောက်တော့မှပဲ စစ်ပွဲနတ်ဘုရားက လူသားတွေကို လက်ဆောင်ပေးလိုက်တဲ့ တိုက်ပွဲတစ်ပွဲကို ဖော်ကျူးတဲ့ဇာတ်ကားပါ။
ဘိုးဘွားတို့အမွေ၊ အစာနဲ့ရေကိုပေးတဲ့မြေ၊ ခိုလှုံရာအမိမြေက ကိုယ့်မျိုးနွယ်ကို သစ္စာဖောက် ကျောခိုင်းခဲ့သူ နတ်ဆိုးကြီးအမည်တွင် မကောင်းဆိုးဝါးကြီး…
ငြိမ်းချမ်းရေးကြီးစိုးနေတဲ့မြေမှာ ယောက်ျားတို့ဂုဏ်သရေထွန်းပြောင်ချင်တဲ့ဆန္ဒသက်သက်နဲ့ စစ်ပွဲကို အတင်းခေါ်သွင်းလာသူ ဂုဏ်မက်သူကြီး ဝီရပါ…
ရာသီဆယ့်ခြောက်ခါပြောင်းတာကို မျက်မြင်ကြုံရတဲ့အရွယ်ဆိုပေမယ့် ပုညှက်ညှက်လူ့ဖလံလေးပဲဖြစ်နေတဲ့ စစ်သည်တော်မဟုတ်သူကောင်ကလေး…
သူတို့ကြားက မျိုးနွယ်စုရန်ငြိုးတွေ၊ ယောက်ျားတို့ရဲ့ အသက်လုတိုက်ပွဲတွေ၊ လူလူချင်း အမဲလိုက်တဲ့ လျှင်သူစား တောတွင်းဥပဒေသတွေကို ဒီဇာတ်ကားမှာ ဖောဖောသီသီမြင်ရဖို့ရှိပါတယ်။ နယူးဇီလန်ဇာတ်ကားတစ်ကားဖြစ်ပြီး နိုင်ငံတကာမှာ အထိုက်အလျောက် အောင်မြင်ခဲ့ပါတယ်။ လူကြီးမင်းတို့ သေနတ်တကားကားနဲ့ဇာတ်ကားတွေ ကြည့်ရရိုးလာပြီဆိုရင် ဒီဇာတ်ကားဘက် ဦးလှည့်သင့်ပါကြောင်း။
(ဒီဇာတ်ကားနဲ့အညွှန်းကိုArr Khun Winchesterမှ ပြန်ဆို ရေးသားထားပါတယ်)

Cocaine Bear (2023)
⭐IMDB: 6.4/10 (19 k Votes)
🎬 #Comedy #Thriller #Action #Crime
🗓️ 2023 🎞️ Movie 📺 1080p FHD
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 36 မိနစ် 57 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Cocaine Bear (2023)
ဖြစ်ရပ်မှန်တစ်ခုကို အခြေခံထားတဲ့ ဟာသ ဟော်ရာ ရုပ်ရှင်ကားသစ်တစ်ကားဖြစ်ပါတယ်။ကိုကိန်း ၇၅ ပေါင်လောက်ကို စားမိခဲ့တဲ့ ဝက်ဝံနက်ကြီးတစ်ကောင်းအကြောင်းပါပဲ။မူရင်းအဖြစ်အပျက်မှာတော့ ယနေ့ခေတ်တန်ကြေးနဲ့ ဒေါ်လာ သန်း ၅၀ ဖိုးလောက်ရှိတဲ့ ကိုကိန်းတွေကို စားပစ်ပြီး ဝက်ဝံက ဆေးလွန်သေသွားခဲ့တာပါ။ဒါပေမဲ့ ဒီရုပ်ရှင်ထဲမှာတော့ ဆေးကွဲပြီးသောင်းကျန်းပြပါလိမ့်မယ်ဗျာ။ဒါရိုက်တာကတော့ Hunger Games နဲ့ Pitch Perfect ရုပ်ရှင်တွေမှာသရုပ်ဆောင်လုပ်ခဲ့တဲ့ မင်းသမီး Elizabeth Banks ပဲ ဖြစ်ပါတယ်။
၁၉၈၅ ခုနှစ်တုန်းက သွန်တန်ဆိုတဲ့ဘိန်းမှောင်ခိုသမားတစ်ယောက်ဟာကိုကိန်းတွေအပြည့်ပါတဲ့ အိတ်တစ်လုံးနဲ့ လေယာဉ်ပေါ်ကနေ လေထီးနဲ့ခုန်ချခဲ့ပေမဲ့ လေထီးမပွင့်ဘဲ သေဆုံးသွားခဲ့ပါတယ်။အဲဒီ ကိုကိန်းမှုန့်တွေကို ဝက်ဝံတစ်ကောင်က စားမိသွားပြီး သောင်းကျန်းတဲ့ ဒဏ်ကို၊ရဲတွေ၊ ခရီးသွားတွေ နဲ့ ဘိန်းဖြူတွေပြန်လိုက်ယူတဲ့ဘိန်းမှောင်ခိုအဖွဲ့တွေ ကောင်းကောင်းကြီးခံရပုံကို ရိုက်ပါထားတာပါပဲ။ဟာသဆိုပေမဲ့ ကိုက်တာဖြတ်တာပြတ်တာတွေနဲ့ ဆဲတာတွေပါလို့ R rated သတ်မှတ်ထားတဲ့ရုပ်ရှင်ဖြစ်ပါတယ်။
အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။
Skin of Roses (1978)
⭐IMDB: 4.5/10 (120 Votes)
🎬 #Adult #Crime #Drama
🗓️ 1978 🎞️ Movie 📺 1080p FHD
🌎 #Japan
⏰ 1 နာရီ 13 မိနစ် 11 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
သရုပ်ဆောင် ဒါရိုက်တာ ထုတ်လုပ်သူ မမ Naomi Tani ရဲ့လက်ယာမြောက်ဇာတ်ကားကောင်းတစ်ကားဂျပန်နိုင်ငံရဲ့ လူမိုက်ဂိုဏ်ကြီးတစ်ခုရဲ့ မြေစာပင်လေးသူက သူ့ယောင်္ကျားအကြွေးတွေကို ရရာနည်းနဲ့ အလုပ်လုပ်ပိုက်ဆံစုပြီး လက်ရှိသူကျင်လည်နေတဲ့ လောကက ထွက်ခွါချင်နေသူသူ့မှာလည်း ဆိုးတူကောင်းဖက် သူငယ်ချင်းနှယောက်ရှိတယ်သူလုပ်ရတဲ့အလုပ်က အဲဒီခေတ်အခါတုန်းက ဝင်ငွေအကောင်းဆုံးအလုပ်လို့တောင်ပြောလို့ရတဲ့အလုပ်Reall Sex Show ပါပဲ
သူမရဲ့ အမူအရာနဲ့ အပြောအဆိုကိုကြည့်ချင်လွန်းလို့ပိုက်ဆံတွေပုံအောပေးပြီး လာကြည့်နေတဲ့ သူဌေးတွေက ဒုနဲ့ဒေးအဲဒါကို ပိုင်ရှင်က စီးပွါးရေးအကွက်မြင်သွားတဲ့အခါသူငယ်ချင်းသုံးယောက် လူဆိုးဂိုဏ်းကြီးနဲ့ဘယ်လိုတွေ လုံးချာပတ်ချာလည်လိုက်မလဲဆိုတာစိတ်ဝင်စားစရာကောင်းလှပြီး အလှအပတွေကို တစ်မျိုးလေးခံစားရတဲ့ဇာတ်ကားကောင်းလေးဖြစ်နေတာကြောင့်DS Fans တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်
Eliminate Evil: Speedsters (2023)
⭐⁉️
🎬 #Action #Crime
🗓️ 2023 🎞️ Movie 📺 1080p FHD
🌎 #China
⏰ 1 နာရီ 30 မိနစ် 47 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီနေ့မှာတော့ CM က ပရိတ်သတ်ကြီးကို ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ ။ ဒီဇာတ်ကားလေးဟာဆိုရင် ပြည်သူတွေရဲ့လုံခြုံမှုအတွက် ကိုယ်ကျိုးစွန့်ကာ ကာကွယ်ပေးခဲ့ကြတဲ့လင်ယန် ဦးဆောင်သော အထူးရဲတပ်ဖွဲ့အကြောင်းရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။
၂၀၀၄ ခုနှစ် တရုတ်နိုင်ငံအတွင်းမှာ ဓားပြတိုက် လုယက်မှုတွေနဲ့အတူရက်စက်စွာသတ်ဖြတ်မှုတွေကိုလဲ တွေ့ကြုံနေရပါတယ်။ဒါပေမဲ့ကျူးလွန်သွားတဲ့တရားခံဟာ ခြေရာခံဖို့ခက်ခဲလွန်းသည့်အတွက်ကြောင့်ဖမ်းဆီးဖို့အတွက် မဖြစ်နိုင်ခဲ့ပါဘူး ။ တစ်နေ့မှာ လင်ယန်ဦးဆောင်တဲ့ အထူးတပ်ဖွဲ့ဟာ တရားခံကို ဖမ်းဆီးနေစဥ်အတွင်းဖမ်းမိခါနီးလက်မတင်လေးအလိုမှာ လွတ်မြောက်သွားခဲ့တာကြောင့်လင်ယန်တစ်ယောက် ယူကျုံးမရဖြစ်ကာ အပြစ်ရှိသလို ခံစားနေခဲ့ရရှာပါတော့တယ် ။
ဒီလိုနဲ့ ကိုယ့်လက်ထဲကနေလွတ်မြောက်သွားတဲ့ ဒုစရိုက် တရားခံကိုပြန်လည်ဖမ်းဆီးဖို့အတွက် အသစ်တစ်ဖန် အစီအစဥ်ဆွဲကာ အမှုကို လိုက်ခဲ့ရမှာတော့ ….?
❏ တကယ့်တရားခံအစစ်အမှန်ကို သူတို့တွေ့ရှိနိုင်ပါ့မလား ?❏ သတ်ဖြတ်မှုတွေ လုယက်ခံရသူတွေ အစရှိတဲ့နစ်နာသူတွေအတွက် တရားမျှတမှူရော သူတို့တွေရှာဖွေပေးနိုင်ပါ့မလား ?❏ အသက်စွန့်လွှတ် ပေးဆပ်မှုတွေပါ ကြုံလာရာတဲ့အခါမှာတော့သူတို့အဖွဲ့ဘယ်လိုတွေရင်ဆိုင်ကြမလဲဆိုတာ ?ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုလိုက်ရအောင်ပါနော် ။
Beginners (2010)
⭐IMDB: 7.2/10 (93 k Votes)
🎬 #Comedy #Drama #Romance
🗓️ 2010 🎞️ Movie 📺 1080p FHD
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 44 မိနစ် 54 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
အိုလီဗာဖီးဒ်ဟာ မိဘတွေရဲ့ထူးဆန်းတဲ့အိမ်ထောင်ရေးကြောင့် တခြားသူကိုရေရှည်ချစ်ကြည့်ဖို့မဝံ့ရဲပဲ အသက်သုံးဆယ့်ရှစ်နှစ်ရှိလာခဲ့ပါတယ်။လူပျိုကြီးဘဝနဲ့ အရိုးထုတ်ဖို့ဆုံးဖြတ်ထားတဲ့အိုလီဗာဟာ တစ်နေ့တော့ ပါတီမှာအမှတ်မထင်ဆုံခဲ့ရတဲ့ မိန်းကလေးတစ်ယောက်ကို ချစ်ကြိုက်မိသွားတဲ့အခါမှာတော့…အိုလီဗာ့လိုပဲ ငယ်ဘဝစိတ်ဒဏ်ရာတွေရှိနေတဲ့ အချစ်ကိုကြောက်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်နေခဲ့ပါတယ်။ သူတို့နှစ်ယောက်ကြားမှာတဖြည်းဖြည်းအမြစ်တွယ်လာတဲ့သံယောဇဥ်တွေရယ် အိုလီဗာရဲ့ဘဝဇာတ်ကြောင်းရယ်ကို လှပစွာပြသသွားတဲ့ ဇာတ်ကားကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ ဒရမ်မာကားကောင်းတွေကြိုက်တတ်ရင် ပေးရတဲ့အချိန်နဲ့တန်မယ့်ဇာတ်ကားကောင်းတစ်ပုဒ်ပါလို့ ညွှန်းရင်းတင်ဆက်လိုက်ရပါတယ်။
Hichki (2018)
⭐IMDB: 7.5/10 (13 k Votes)
🎬 #Comedy #Drama
🗓️ 2018 🎞️ movie 📺 720p HD
🌎 #India
⏰ 1 နာရီ 56 မိနစ် 25 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
” ဝင်ရိုးစွန်းကြယ်လေးဟာ သဘောၤတွေကို လမ်းပြပေးခဲ့တယ် ဆိုရင် ကျွန်တော်တို့အတွက် ဆရာမ ဟာ ဝင်ရိုးစွန်ကြယ်လေး ” ပါပဲ။
ဒါကတော့ St.Nokler’s ကျောင်းရဲ့ အညံ့ဆုံးစာရင်းဝင် 9F အတန်းသားတွေက သူတို့ရဲ့ ဆရာမ Naina ကို ပြောခဲ့ကြတဲ့ စကားလေးတွေပါ။
ဒီတော့ ဆရာမ Naina အကြောင်း စပြောရအောင်။ ဆရာမ Naina ဆိုတဲ့ မိန်းမပျိုလေးဟာ Tourette syndrome လို့ခေါ်တဲ့ ဝေဒနာ ခံစားနေရသူပါ။ဒီဝေဒနာ ကဦးနှောက်ရဲ့ လုပ်ဆောင်ချက် စည်းချက်မကျမှုတွေကြောင့် စိတ်လှုပ်ရှားတိုင်း ကြို့ထိုးနေတဲ့ ခံစားမှု မျိုးဖြစ်ပါတယ်။ ဒီဝေဒနာဟာ ဉာဏ်ရည်ဉာဏ်သွေးကိုတော့ မထိခိုက်ပါဘူး။
ဒါပေမဲ့ ဒီဝေဒနာကြောင့်ပဲ Naina ဟာ ငယ်စဉ်ကတည်းက ရယ်ပြောင်ခံခဲ့ရတယ်။ ကျောင်း များစွာမှ ထုတ်ပယ်ခံရပြီး မိသားစုဆက်ဆံရေး မှာလည်း ပျော်ရွှင်မှုမရှိခဲ့ဘူး။
” ကျွန်မ ကို သာမန်ကလေးတွေလို တန်းတူ ဆက်ဆံပေးကြပါလား ရှင် ”
သို့ပင် Naina ဟာ ပြင်မရတဲ့ အားနည်းချက်ကို သိမ်ငယ်မနေခဲ့ပါဘူး။ ဒီတစ်ချက်ဟာ ဇာတ်ကားရဲ့ Message တစ်ခုပါပဲ။
ဘဝလူသားတွေဆီမှာ အားနည်းချက်ကိုယ်စီ ရှိတတ်ကြပြီး ပြင်မရတဲ့အားနည်းချက်တွေမှာပဲ စိတ်ဓာတ်ကျရပါတယ်။ ဒါပေမဲ့ Naina ရဲ့ စရိုက် က ဒီစိတ်ဓာတ်ကိုရိုက်ချိုး ပြနိုင်ခဲ့ပါတယ်။
Naina အနေနဲ့ ဆရာမ အလုပ်အကိုင် လျှောက်တော့လည်း ကျောင်းပေါင်းများစွာက ငြင်းပယ်ခဲ့တယ်။ နောက်ဆုံးမှာတော့ St.Nokler’s ကျောင်းရဲ့ အညံ့ဆုံး အဆိုးဆုံး အတန်းကို သင်ပေးဖို့ ဖြစ်ခဲ့ပါတယ်။
9F ဆိုတဲ့အတန်းကလည်း တကယ့်အဆိုးလေးတွေချည်း။ ဆရာမ တွေကိုတောင် ထွက်ပြေးအောင် ကြံဖန်ကြတဲ့ကလေးတွေ။ ကျောင်းတစ်ခုလုံးမှာ ရတဲ့ “Perfect ” တံဆိပ်လေးတွေ တပ်ခွင့်မရှိတဲ့ကလေးတွေ။ ကျောင်းသန့်ရှင်းရေးသမား တွေရဲ့ ကလေးတွေ။
ဒီတော့ 9F ကလေးတွေကို ပညာရေးစိတ်ဝင်စားအောင် Naina တစ်ယောက် စီစဉ်ရပါတော့တယ်။ ဒီဇာတ်ကားရဲ့ ပညာရေးတည်ဆောက်ပုံက တကယ် လက်တွေ့ဆန်တယ်။ စူးစမ်းချင်စိတ်ကို တည်ဆောက်တယ်။ ကျွန်တော်ကတော့ ဒီဇာတ်ဝင်ခန်းတွေ သိပ်ကြွေခဲ့တာပဲ။
” ကလေးတို့ နားထောင်။ မင်းတို့ကြောက်ရတဲ့ အလုပ်တွေ စာရွက်တွေပေါ်ရေးပါ။ ပြီးရင် လေယာဉ်လေးခေါက်ပြီး လွှင့်ပစ်လိုက်ကြပါ။ မင်းတို့ကြောက် တာ မင်းတို့ အားနည်းချက် အစစ်အမှန်မဟုတ်ဘူး ”
ဒီလို တည်ဆောက်ခဲ့တဲ့ Naina ။ တကယ့် ဆရာစစ် တစ်ယောက်ရဲ့ အသွင်အပြင်တွေ။ တကယ် ချစ်မြတ်နိုးရတဲ့ စိတ်ထားတွေ မြင်ခဲ့တယ်။
ကျွန်တော်တို့ ဖြတ်သန်းရာမှာလည်း ကြယ်စင်တွေ မြင်ခဲ့ဖူးကြတယ်မဟုတ်လား။ဒီဇာတ်ကားလေး ကို ကြည့်ရင်း ကျွန်တော်တို့ရဲ့ ဆရာသမား များကိုပြန်မြင်ယောင်လာမိတယ် ။
ဘယ်လောက် အချိန်ပေးရကောင်းတဲ့ဇာတ်ကားကောင်းပါလဲ။
– ဘ၀ မှာ နေရောင်ခြည် ရှိရုံနဲ့ ပန်းလေးတွေ မသန်မာတတ်သေးပါဘူး။ ပျိုးထောင် တတ်ဖို့ လိုအပ်ပါသေးတယ်။
ဒီဇာတ်ကားလေးမှာလည်း ဒီလိုပါပဲ။ဒီကလေးတွေ ဘာကြောင့် ဆိုးသွမ်းရလဲ။ အညံ့ဆုံးဖြစ်နေရတာလဲ ဆိုတာ Naina တစ်ယောက် အဖြေရှာခဲ့တယ်။
ဇာတ် အိမ်အနေနဲ့ လည်း အပန်းပြေစေဖို့ သက်သက်မဟုတ်ဘဲ နိုင်ငံ့ပညာရေး ကိုပါ မီးမောင်းထိုးပြနေခဲ့တယ်။ လူမှုရေး နဲ့ ပညာရေးကို နှီးနွယ်နေမှု / ဖြတ်သန်းရာ ဘဝတွေနဲ့ မိသားစုနွေးထွေးမှုကိုပါ ထည့်သွင်းရိုက်ကူးထားတာမို့ အတော် ကြည်နူးရတဲ့ ပန်းချီ တစ်ချပ်လိုပါ။
ဒီဇာတ်ကားလေး ဟာ ကျွန်တော် ပြောပြရုံနဲ့ မပြီးပြည့်စုံပါဘူး။
ဝေဒနာ ခံစားနေရတဲ့ Naina တစ်ယောက်ဆရာမ အလုပ်ကို ဘာကြောင့် အသည်းအသန် လုပ်ချင်ခဲ့တာလဲ။9F အတန်းက ကလေးတွေကရော ဘယ်လို ဖြတ်သန်းရမလဲ ဆိုတာ ကတော့…………………။
Housebound (2014)
⭐IMDB: 6.7/10 (36 k Votes)
🎬 #Comedy #Horror #Mystery #Thriller
🗓️ 2014 🎞️ Movie 📺 1080p FHD
🌎 #NewZealand
⏰ 1 နာရီ 52 မိနစ် 44 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
“Housebound”ဇာတ်ကားလေးကတော့ ၂၀၁၄ ခုနှစ်က ထွက်ခဲ့တဲ့ horror-comedy အမျိုးအစား ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းမှာ မိန်းကလေးတစ်ယောက် အမှုဖြစ်လို့ ငယ်စဥ်က နေခဲ့တဲ့အိမ်မှာ အကျယ်ချုပ်ကျပြီးနောက် သူ့နေအိမ်မှာ သရဲခြောက်နေတဲ့ အဖြစ်အပျက်တွေကို ဘယ်လိုရင်ဆိုင်သွားမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာ ဖြစ်ပါတယ်။
Horror-comedy တွေရဲ့ ထုံးစံအတိုင်း ကြောက်တစ်လှည့်၊ ရယ်တစ်လှည့် ကြည့်နေရင်း ဇာတ်လမ်းထဲ နစ်မျောသွားအောင် ဒါရိုက်တာ Gerard Johnstone က ရိုက်ကူးဖန်တီးထားပါတယ်။ ဒီကားလေးက ရုပ်ရှင်ဆုပေးပွဲတွေမှာ ဆု(၆)ခုရပြီး ဆန်ကာတင် (၂၂)ခေါက် ပါဝင်ထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်လို့ လက်လွတ်မခံဘဲ ကြည့်သင့်တဲ့ကားလို့ တိုက်တွန်းလိုက်ပါတယ်
(အညွှန်းနဲ့ ဘာသာပြန်ဆိုထားတာကတော့ Kelvin ဖြစ်ပါတယ်)
Harmony (2010)
⭐IMDB: 7.5/10 (813 Votes)
🎬 #Drama #Music
🗓️ 2010 🎞️ Movie 📺 720p HD
🌎 #Kuwait #SouthKorea
⏰ 1 နာရီ 51 မိနစ် 45 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Harmony(2010)
**************
၂၀၁၀ ကထွက်ရှိထားပြီး Imdb 7.5 ရှိတဲ့ ထောင်တွင်းဒရာမာဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။
ချောင်းဂျူအမျိုးသမီးအကျဉ်းထောင်မှာဆို ဟုန်ဂျောင်ဟဲနဲ့မင်ဝူးလေးတို့သားအမိကို မသိသူမရှိကြပါဘူး။
ဒီလိုနဲ့ပဲ တစ်ထောင်လုံးရဲ့အချစ်တော်မင်ဝူးလေးလည်း အသက်တစ်နှစ်ပြည့်လို့လာခဲ့ပါပြီ။
တောင်ကိုရီးယားနိုင်ငံရဲ့ အခြေခံအရပ်သားဥပဒေအရ ထောင်ဒဏ်ကျခံနေစဉ်
ကိုယ်ဝန်ရှိလို့ ကလေးမွေးလာတဲ့အခါမှာ ကလေးအသက်တစ်နှစ်ခွဲအထိပဲ မိခင်နဲ့အတူနေခွင့်ပေးတာဖြစ်တဲ့အတွက်
ခွဲခွာရမယ့် နေ့ရက်တွေက တဖြည်းဖြည်းနီးကပ်လို့လာနေပါတော့တယ်။
ထောင်ထဲမှာပဲမွေး ထောင်ထဲမှာပဲကြီးလာတဲ့သားလေးအတွက် မခွဲခင်မှာ
သာမန်သားအမိတွေလိုမျိုး တစ်ရက်လောက်ပဲ အနည်းဆုံးနေကြည့်ချင်မိတာကတော့ မိခင်ဖြစ်သူရဲ့ဆန္ဒပဲဖြစ်ပါတယ်။
တစ်နေ့မှာတော့ ဟုန်ဂျောင်ဟဲတစ်ယောက် ထောင်သားတွေအတွက် ပြန်လည်ထူထောင်ရေးစီမံကိန်းကို အကြောင်းပြပြီး
တစ်ရက်လောက်အပြင်ထွက်ရဖို့ အခွင့်ဖန်စရာတွေ့လာပါတော့တယ်။ အဲ့ဒီနောက်မှာတော့….
Jackpot (2019)
⭐IMDB: 5.3/10 (561 Votes)
🎬 #Comedy #Action
🗓️ 2019 🎞️ movie 📺 720p HD
🌎 #India
⏰ 2 နာရီ 22 မိနစ် 00 စက္ကန့်
👑 FoF MM
ဇာတ်ညွှန်း 📜
ရှေးရိုးစွဲအယူရှိတဲ့အမျိုးသမီးနှစ်ယောက်နဲ့
တစ်မူထူးခြားတဲ့ပင်ကိုယ်စရိုက်ရှိတဲ့လူတစ်စုတို့တစ်ဖက်နဲ့တစ်ဖက် ဒဏ္ဍာရီလာဇာတ်လမ်းတွေရဲ့စွမ်းအားတွေအကြောင်းကို ငြင်းခုန်ပြီးကိုယ့်ဘက်ပါအောင်ဆွဲဆောင်ကြတဲ့အကြောင်းကိုစိတ်ဝင်စားစရာကောင်းအောင်ရိုက်ထားတဲ့ဇာတ်ကားလေးပါ
Jackpot (2019)
⭐IMDB: 5.3/10 (561 Votes)
🎬 #Comedy #Drama #Romance #Action
🗓️ 2019 🎞️ movie 📺 720p HD
🌎 #SouthKorea #India
⏰ 2 နာရီ 8 မိနစ် 32 စက္ကန့်
👑 FoF MM
ဇာတ်ညွှန်း 📜
ရှေးရိုးစွဲအယူရှိတဲ့အမျိုးသမီးနှစ်ယောက်နဲ့
တစ်မူထူးခြားတဲ့ပင်ကိုယ်စရိုက်ရှိတဲ့လူတစ်စုတို့တစ်ဖက်နဲ့တစ်ဖက် ဒဏ္ဍာရီလာဇာတ်လမ်းတွေရဲ့စွမ်းအားတွေအကြောင်းကို ငြင်းခုန်ပြီးကိုယ့်ဘက်ပါအောင်ဆွဲဆောင်ကြတဲ့အကြောင်းကိုစိတ်ဝင်စားစရာကောင်းအောင်ရိုက်ထားတဲ့ဇာတ်ကားလေးပါ
Antique (2008)
⭐IMDB: 6.9/10 (1 k Votes)
🎬 #Comedy #Drama #Romance
🗓️ 2008 🎞️ Movie 📺 1080p FHD
🌎 #SouthKorea
⏰ 1 နာရီ 51 မိနစ် 55 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Antique(2008)
**************
အလောင်ကားတွေပဲကြည့်နေလို့ ပူလောင်နေရရင် ဒီ comedy, romance, friendship အမျိုးအစားဖြစ်တဲ့
LGBT movie လေးကိုကြည့်ကြည့်ကြပါ။
၂၀၀၈ ခုနှစ်က ထွက်ရှိခဲ့ပြီး rating လည်းကောင်းပါတယ်။ cast တွေကလည်းရှယ်ပါပဲ။
ဇာတ်လမ်းကတော့လူပေါ်ကြော့သူဌေးသားလေးဂျင်ယော့ဟာ ကိတ်မုန့်ဆိုင်လေးတစ်ဆိုင်ဖွင့်ဖြစ်ခဲ့ပါတယ်။
ကိတ်မုန့်ဆိုင်မှာကိတ်မုန့်ဖုတ်မယ့်သူရှာရင်းနဲ့ သူ့ကိုအထက်တန်းတုန်းက crush ခဲ့တဲ့
မင်ဆွန်းဝူနဲ့အတူတူအလုပ်လုပ်ဖို့ဖြစ်လာပါတယ်။ မင်ဆွန်းဝူကတော့ ‘နတ်ဆိုးလိုဆွဲဆောင်မှုရှိတဲ့ဂေး’ ဆိုပြီးတော့
တင်စားကြရလောက်အောင်ကို သူနဲ့တွေ့သမျှယောက်ျားတိုင်းက သူ့ရဲ့ဆွဲဆောင်မှုကို မလွန်ဆန်နိုင်ကြပါဘူး။
သူတို့နှစ်ယောက်တည်းအလုပ်လုပ်နေရင်းနဲ့ လက်ဝှေ့ကစားသမားဟောင်းယန်းဂီဘုံးနဲ့
ဆူယောင်းဆိုတဲ့ဘော်ဒီဂတ်ကပါ သူတို့နဲ့အတူတူအလုပ်လုပ်ဖို့ဖြစ်လာပါတယ်။
စိတ်ဒဏ်ရာကိုယ်စီရှိတဲ့ယောက်ျားလေးယောက် တစ်ဆိုင်တည်းမှာအလုပ်လုပ်ရင်းနဲ့
သူတို့ရဲ့ဆက်ဆံရေးက ဘယ်လိုမျိုးပြောင်းလဲလာမလဲ၊ အချင်းချင်းရဲ့စိတ်ဒဏ်ရာကို ဘယ်လိုကုစားပေးကြမလဲ။
ရန်တကျက်ကျက်ဖြစ်ရင်း ရင်းနှီးသွားကြတဲ့ သူတို့တွေကြားက
relationship လေးကို အခွီတွေ၊ အငိုတွေနဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။
Hawas Ki Inteha (2016)
⭐⁉️
🎬 #Bollywood #Drama #Romance
🗓️ 2016 🎞️ Movie 📺 720p HD
🌎 #India
⏰ 1 နာရီ 58 မိနစ် 14 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Hawas Ki Inteha (2016)
လင်ရယ် မယားရယ်လို့ ဖြစ်လာကြပြီဆိုရင် ဆိုးတူကောင်းဖက်အတူလက်တွဲသွားကြပြီးဘဝသက်ဆုံးတိုင် နားလည်မှုတွေနဲ့ ဘဝကို တည်ဆောက်ကြရမှာပါ။
ဒီလိုမှ မဟုတ်ရင်တော့ ထိုအိမ်ထောင်..ထိုလင်မယားဟာ ရှားစောင်းနဲ့မျက်ချေးလိုတစ်မိုးအောက်ထဲက ရန်သူတွေလိုပါပဲ။
အိမ်ထောင်တစ်ခုမှာ အချစ်က အခရာကျသလို လိင်မှုကိစ္စဟာလည်းအဓိကကျပါတယ်။ မှားတဲ့လူရှိရင် ခွင့်လွှတ်ပေးနိုင်တဲ့သူ ရှိရမှာဖြစ်သလိုမှားတဲ့သူဟာလည်း အဲ့ဒီအမှားမျိုးကို နောက်ထပ်မကျူးလွန်သင့်ပါဘူး။
အမှားတွေကို မလွန်ဆန်နိုင်တော့တဲ့အထိဖြစ်လာတဲ့အခါမှာတော့ အိမ်ထောင်တစ်ခုဟာပျက်တော့မှာပဲမဟုတ်လား။
ဒီဇာတ်ကားမှာလည်း ရာဂစိတ်ကြောင့် အမှားနွံထဲနစ်ပြီး ဘဝပျက်ခဲ့ရတဲ့ လင်မယားအကြောင်းကိုပညာပေးရိုက်ကူးတင်ဆက်ပေးထားပါတယ်။
၁၈အပေါင်းအခန်းလေးတွေလည်း ပါတာမို့ ၁၈ယောက်စုကြည့်ကြပါနော်။
Beasts of the Southern Wild (2012)
⭐IMDB: 7.2/10 (84 k Votes)
🎬 #Adventure #Drama #Fantasy
🗓️ 2012 🎞️ Movie 📺 720p HD
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 34 မိနစ် 5 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Beasts of the Southern Wild (2012)
~ IMDb – 7.2/10, RT – 86%, Meta – 86% ~
ဟာရီကိန်း မုန်တိုင်းကြီး လာတော့မယ်တဲ့…
လူဝီစီယားနားမြစ်ဘေးက ‘ရေချိုးကန်’လို့ ခေါ်ကြတဲ့ ကျွန်းလေးတစ်ကျွန်းမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြတယ်။တချို့က ကြောက်လို့ ပြေးကြပြီ။တချို့ကတော့… “အို… ငါတို့ဒီမြစ်ဘေးမှာ တသက်လုံး နေလာတာ… ဒါငါတို့အိမ်၊ ဒါငါတို့ကျွမ်းကျင်ရာမြေ… ဘာကိုများ မှုနေရဦးမလဲ…”ဟုတ်ပါရဲ့… မြစ်နံဘေးမှာ နေသူတွေအဖို့ မုန်တိုင်းနဲ့အတူ ပါလာမယ့် ရေကိုပဲ အပိုလုပ် ကြောက်နေရဦးမလား… ဝေးသေးတယ်။
အစိုးရက မြောက်ပိုင်းကို ပင်လယ်ရေတက်တာလာကနေ ကာကွယ်ဖို့ တည်ဆောက်ထားတဲ့ ရေကာတာရဲ့နောက်မှာ သူတို့ရဲ့ ‘ရေချိုးကန်’လေး ရှိနေတာ။ ဝင့်ခ်ကတော့ ခေါင်းမာရဲတင်းသူပီပီ ဘာကိုမှ အကြောက်အလန့်မရှိ…ဒါပေမဲ့ သူစိုးရိမ်တာတခုက သူမရှိတော့တဲ့နောက် သူ့သမီးလေး ဟက်ရှ်ပက်ပီ တစ်ယောက်တည်း ဘယ်လိုရှင်သန်မလဲဆိုတာပဲ။ ဟက်ရှ်ပက်ပီကို ယောက်ျားလေးတစ်ယောက်လို၊ တောတွင်းသူတစ်ယောက်လို နေတတ်ထိုင်တတ်စားသောက်တတ်ဖို့၊ ဘယ်သူ့မှ အားကိုးစရာမလိုအောင် သူသင်ပေးတယ်။
မုန်တိုင်းကြီးရောက်လာပါပြီ။ သူ အရှေ့ထွက်ပြီး ဒီမုန်တိုင်းကို ရင်ဆိုင်တယ်။ ကိုယ့်အိမ်ကိုယ်ယာကို ချစ်တတ်သူ မိတ်ဆွေတစ်စုနဲ့ မုန်တိုင်းကြားထဲ ကြံ့ကြံ့ခံနေတယ်။ ရေတွေတက်လာလဲ လှေပေါ်တက်ပြီး မျှောနေကြတယ်။ အဆင်ပြေသလို နေကြတယ်။ ကိုယ့်ဒေသလေးမို့ ဘာနေနေ ပျော်စရာဖြစ်တယ်။ တဖြည်းဖြည်းနဲ့ ရက်ကြာလာတော့ သူတို့ အခက်တွေ့ရပြီ။ စားစရာရှားလာပြီ။ နေထိုင်ဖို့ ခက်ခဲလာပြီ။
အစိုးရက ဒီနယ်မြေကနေ အမြန်စွန့်ခွာကြဖို့ သတိပေးတယ်။ အိမ်ချစ်သူတစ်စုဟာ ဒီနေရာလေးကိုပဲ မက်မက်မောမော ဖက်တွယ်နေကြ… မစွန့်ခွာရက်ကြ…စားစရာ၊ နေစရာပေးပါမယ်… ဒုက္ခသည်စခန်းကို လာပါဆိုတာတောင် မသွားချင်ကြ…
ဒေသချစ်စိတ်နဲ့ အခက်အခဲဒုက္ခတွေရဲ့ လွန်ဆွဲပွဲမှာ ဘယ်လိုတွေ ဆက်ဖြစ်လာကြမှာလဲ…သေမယ်ဆိုရင်တောင် ကိုယ့်တဲကုပ်လေးထဲမှာပဲ ခေါင်းချသွားချင်တဲ့ သူတို့…ဟက်ရှ်ပက်ပီတစ်ယောက် လောကကြီးထဲမှာ ဘယ်လိုတွေ ဆက်လက်ရှင်သန်ဖို့ ကြိုးစားမလဲ…
ဒါတွေကို Beasts of the Southern Wild ဇာတ်ကားထဲမှာ ကြည့်ရှုခံစားရမှာဖြစ်ပြီး ဒီထဲက ဇာတ်ဆောင်ကလေးတစ်ယောက်ဖြစ်တဲ့ ဟက်ရှ်ပက်ပီနေရာက မင်းသမီးလေး ဝယ်လစ်ဟာ သူမရဲ့ သရုပ်ဆောင်ပီပြင်မှုတွေကြောင့်ပဲ ၉နှစ်အရွယ်နဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု ဆန်ကာတင်ဝင်တဲ့ သမိုင်းတလျှောက် အသက်အငယ်ဆုံး မင်းသမီး ဖြစ်လာခဲ့တာပါ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုHnyun Yadanar Myintmo Htunမှ ပြန်ဆို ရေးသားထားပါတယ်)
Beasts of the Southern Wild (2012)
⭐IMDB: 7.2/10 (84 k Votes)
🎬 #Adventure #Drama #Fantasy
🗓️ 2012 🎞️ Movie 📺 1080p FHD

🗓️ 2016 🎞️ Movie 📺 1080p FHD
🌎 #India
⏰ 1 နာရီ 56 မိနစ် 00 စက္ကန့်