ဇာတ်ညွှန်းများ • FDMN
Yopiq kanal
Ma'lumot yo'q
Obunachilar
-524 soatlar
-47 kun
+730 kun
Postlar arxiv
When Love Springs (2023)
⭐IMDB: 6.2/10 (369 Votes)
🎬 #Comedy #Romance #TVMovie
🗓️ 2023 🎞️ Movie 📺 1080p
🌎 #Australia
⏰ 1 နာရီ 24 မိနစ် 47 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
When Love Springs (2023)===================IMDb Rating – 6.2/10
Junior PR ဖြစ်တဲ့ Rory Richards က သူ့မိဘတွေရဲ့မင်္ဂလာနှစ်ပတ်လည် ကတိကဝတ်ပြန်တည်ပွဲအတွက်Lilac Lake တည်းခိုခန်းကို ရောက်လာခဲ့တယ်။ အဲဒီအချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် သူ့မွေးနေ့မှာ သူ့ကိုလမ်းခွဲခဲ့တဲ့ ရည်းစားဟောင်း Jason နဲ့ တန်းတိုးတာပဲ။Jason မှာက ဘာဘီရုပ်လိုလှတဲ့ ရည်းစားကောင်မလေးအသစ် ရှိနေပြီ။
ကောင်မလေး ချောချောလေးရနေပြီဖြစ်တဲ့ Ex ကို ပြန်တွေ့တော့ FA Rory လည်း လန့်ပြီး အရှက်မကွဲချင်လို့ဟိုတယ်ပိုင်ရှင်သား Noahကို သူ့ရည်းစားပါလို့ လိမ်ပြောလိုက်တယ်။ Noah မှာက သူ့အလုပ်တွေနဲ့ ရှုပ်နေပြီးသား။သူတို့ဟိုတယ် အခြေအနေမကောင်းတော့လို့ မရောင်းရအောင် ကြိုးစားနေတဲ့အချိန် Rory က သူ့ကို သူ့ရဲ့ရည်းစားအဖြစ် ဟန်ဆောင်ပေးဖို့ ဂျီတိုက်ခဲ့တယ်။ Noah လည်းငြင်းပေမဲ့ နောက်ဆုံးတော့ သူတို့တွေ အပေးအယူတစ်ခုပေါ်လာပြီး ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကိုတော့ဒီဇာတ်လမ်းလေးထဲမှာ ဟာသရသပေါင်းစုံနဲ့ ဆက်လက်ကြည့်ရူလို့ရပါတယ်…။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thwal Htoo Zin ဖြစ်ပါတယ်)
Broken Army X: Fatal Mutations (2023)
⭐TMDB: 30.0% User Score
🎬 #Action #Mystery
🗓️ 2023 🎞️ Movie 📺 1080p
🌎 #China
⏰ 1 နာရီ 27 မိနစ် 21 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
မင်ကော်ခေတ်အစပိုင်းမှာ ရှန်ဟိုင်းမှာ အတော်ဆုံး စုံထောက်ဖြစ်ချင်နေတဲ့ရဲသားလေး ရှောင်းကျန့်ဟာ လျှို့ဝှက်ဆန်းကြယ်တဲ့ အမှုတစ်ခုကိုစုံစမ်းနေတုန်းမှာ မထင်ထားပဲ ထိန်းချုပ်ခံ အမှုတစ်ခုကို ထိတွေ့မိသွားပါတယ်။ထူးဆန်းတဲ့ အစွမ်းတွေပိုင်ဆိုင်ထားတဲ့ လူတွေနဲ့ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုထဲကို သူရောက်သွားခဲ့ပါတယ်။
ထို့နောက် အန္တရာယ်များပြီး ထူးခြားဆန်းကြယ်လှတဲ့ အဖြစ်အပျက်တွေကိုကြုံတွေ့ရပြီးနောက် သူက “ဖော့ကျွင်း” ဆိုတဲ့ နာမည်ပြောင်းကိုဆက်ခံခဲ့ပါတယ်။ ထို့နောက် နာမည်ဖော်ပြခြင်းမခံရတဲ့ကမ္ဘာမြေကြီးကို စောင့်ရှောက်သူ ဖြစ်သွားခဲ့ပါတယ်။
ရှောင်းကျန့်တစ်ယောက် ထိုအဖွဲ့အစည်းထဲဝင်ရောက်ပြီးနောက်ဘယ်လို ဆန်းကြယ်မှုတွေကို ကြုံတွေ့ခဲ့ရသလဲ……သူတို့အဖွဲ့သားတွေ အတူတကွ ဆန်းကြယ်တဲ့ အမှုတွေကို ဘယ်လို ဖြေရှင်းကြမလဲ…..ဆိုတာကို ရုပ်ရှင်ကြည့်ရင်း အဖြေရှာလိုက်ရအောင်နော်။
Flash Over (2023)
⭐TMDB: 80.0% User Score
🎬 #Action #Drama
🗓️ 2023 🎞️ Movie 📺 1080p
🌎 #China
⏰ 1 နာရီ 54 မိနစ် 42 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ရုတ်တရက်ဖြစ်ပေါ်လာတဲ့ ငလျင်ကြောင့် ကွမ့်ချိန်ဓာတုခြံကြီးထဲမှာဓာတုလမ်းကြောင်းတွေ ယိုစိမ့်ပြီး ပေါက်ကွဲမှုတွေ အဆက်မပြတ်ဖြစ်ပေါ်နေပါတယ်။မီးခိုးငွေတွေ မီးတောက်တွေကြားထဲမှာ ဘေးအန္တရာယ်တွေကအဆက်မပြတ်ကြီးမားလာနေပါတယ်။
တကယ်လို့ ဒီအန္တရာယ်ကြီးကို ဒီအတိုင်းထားလိုက်ရင် တစ်မြို့လုံးဒုက္ခရောက်ရမဲ့ အဖြစ်ကို ရောက်နေပါတယ်။ တစ်ဖက်က မီးငြိမ်းရင်းတစ်ဖက်က လူတွေကို ကယ်ဆယ်ရမဲ့ အခက်အခဲတွေကိုရင်ဆိုင်ရန်အတွက် မီးသတ်တပ်ဖွဲ့မှ ပထမဆုံးအချိန်မှာပဲဘေးအန္တရာယ်နယ်မြေကို အရောက်သွားခဲ့ပါတယ်။
အန္တရာယ်တွေ ကြားထဲမှာ စက္ကန့်တိုင်းက တန်ဖိုးရှိပြီး သူတို့အသက်ကိုရင်းပြီးအသက်တွေကို ကယ်တင်နေပါတယ်။ မီးလောင်နေတဲ့ ဓာတုခြံထဲကအန္တရာယ်ရှိ ဓာတုပစ္စည်းတွေ ကြားထဲမှာ ကယ်ဆယ်ရေး အဖွဲ့ကလူ့အသက်တွေကို ဘယ်လို ကြိုးစား ကယ်ဆယ်ကြမလဲဆိုတာကိုရင်တမမနဲ့ ကြည့်ရှုခံစားလိုက်ရအောင်နော်။
Flickering Lights (2000)
⭐IMDB: 7.5/10 (23 k Votes)
🎬 #Action #Comedy #Drama #Crime
🗓️ 2000 🎞️ Movie 📺 720p
🌎 #Denmark #Sweden
⏰ 1 နာရီ 52 မိနစ် 41 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Flickering Lights (2000)
တော်ရကီး၊ စတီဖန်၊ ပီတာ၊ အာနေး ဆိုတဲ့ သူငယ်ချင်းလေးယောက်ဟာ ဂန်းစတားတွေပါ။ သူတို့ဟာ အက်စကီမိုးဆိုတဲ့ ခေါင်းဆောင်ခိုင်းသမျှကို လုပ်ပေးရပါတယ်။
တစ်ရက်မှာ အက်စကီမိုးက သူတို့လေးယောက်ကို လက်ဆွဲအိတ်တစ်ခုခိုးခိုင်းပါတယ်။
ဒါပေမဲ့ အဲဒီလက်ဆွဲအိတ်ထဲမှာ ပိုက်ဆံတွေအများကြီးရှိနေတာသိသွားတဲ့ သူတို့လေးယောက်ဟာ ပိုက်ဆံတွေယူပြီး ဘာစီလိုနာကို ထွက်ပြေးကြပါတော့တယ်။
ဘာစီလိုနာကို သွားတဲ့လမ်းမှာပဲ ကားကပျက်ပြီးတော့ ပီတာကလည်း သေနတ်ဒဏ်ရာရနေတာကြောင့် တောအုပ်ထဲကအိမ်ဟောင်းတစ်ခုမှာ ခဏနေဖို့ဖြစ်လာပါတယ်။
ဒါပေမဲ့ ငယ်ငယ်တည်းက အိမ်တစ်လုံးအပိုင်လိုချင်ခဲ့တဲ့တော်ရကီးဟာ အိမ်လေးကိုသံယောဇဥ်တွယ်သွားတာကြောင့် အပိုင်ဝယ်ပြီး စားသောက်ဆိုင်ဖွင့်ဖို့ကြိုးစားပါတော့တယ်။
အကျင့်စရိုက််မတူတဲ့ သူငယ်ချင်းလေးယောက် အိမ်အပျက်ကိုပြင်ဆင်ပြီးတော့ စားသောက်ဆိုင်ဖွင့်ဖို့ပြင်ဆင်ကြတာကို comedy ပုံစံရိုက်ပြထားတာမလို့ လက်လွှတ်မခံသင့်တဲ့ဇာတ်ကားကောင်းလေးပါပဲ။
(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့Yee Waiပါ။)
Flickering Lights (2000)
⭐IMDB: 7.5/10 (23 k Votes)
🎬 #Action #Comedy #Drama #Crime
🗓️ 2000 🎞️ Movie 📺 1080p

The Day After Halloween (2022)
⭐TMDB: 40.0% User Score
🎬 #Comedy #Horror #Mystery
🗓️ 2022 🎞️ Movie 📺 1080p
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 24 မိနစ် 25 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Day after Halloween 2022 (ညစ်ညမ်းတဲ့အသုံးအနှုန်းတွေ ဇာတ်၀င်ခန်းတွေပါ၀င်တာကြောင့် မိသားစုနဲ့ကြည့်ရှုဖို့မသင့်ပါ) ဟေးစ်နဲ့အက်ဒီဆင်တို့က ငယ်ငယ်ကတည်းကပေါင်းလာတဲ့သိပ်ချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက်ပါ။ သူတို့က drive-in cinema တို့လို မော်တော်ကားတွေပါ ပါကင်၀င်ထိုးပြီးရုပ်ရှင်ကြည့်လို့ရမဲ့ မြေကွက်လပ်ကိုငှားရမ်းပေးတဲ့ လုပ်ငန်းလုပ်ကိုင်ကြတာပါ။
ဒီလိုနဲ့ ဟောလိုး၀င်းညမှာတော့ သူတို့အိမ်မှာ ဟေးစ်ရဲ့ရည်းစားနဲ့ တခြားအပေါင်းအသင်းတွေကိုခေါ်ပြီး ပါတီပေးရင်း ကွဲကြပြဲကြတာပေါ့။ နောက်တစ်ရက်မနက်မှာတော့ အိမ်ကရေချိုးကန်ထဲမှာ အလောင်းကြီးတစ်လောင်းရောက်နေတာ တွေ့လိုက်ရတဲ့အခါမှာတော့ သူတို့ဘယ်လိုဖြေရှင်းကြမလဲဆိုတာ တခွီးခွီးရယ်ရင်း ကြည့်ရှုရမှာပါ။
Transformers: Age of Extinction (2014)
⭐IMDB: 5.6/10 (321 k Votes)
🎬 #Action #Adventure #SciFi #ScienceFiction
🗓️ 2014 🎞️ movie 📺 4K
🌎 #UnitedStates #China #HongKong #UnitedStatesofAmerica
⏰ 2 နာရီ 45 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဇာတ်လမ်းကတော့ Dark Side of the moon ဇာတ်လမ်းအပြီး ၅ နှစ်အကြာဖြစ်ပါတယ်။Transformers တွေကြောင့် Chiacago မြို့ ပျက်ဆီးခဲ့ရတယ်လို့ အစိုးက အပြစ်တင်ပြီး၊Autobots တွေရော Decepticons တွေကိုပါလိုက်ဖမ်းဆီးနေပါတယ်။
အဲ့ဒီအချိန်မှာ Mark Wahlberg က Optimus Prime ကိုအမှတ်မထင် ရှာတွေ့သွားရာကသူ့ကို လိုက်ရှာနေတဲ့ အစိုးရအဖွဲအစည်းတွေနဲ့ အခြားဂြိုလ်သားတွေရဲ့ ပစ်မှတ်ဖြစ်လာပါတယ်။
အဲ့ဒီမှာ Mark Wahlberg တို့မိသားစုနဲ့ Autobots တွေပေါင်းပြီး အဖြစ်မှန်ကို စုံစမ်းရာမှာ၊US အစိုးရက Transformer တွေကို ကိုယ်တိုင် တီထွင်နေပြီးတော့၊Control လုပ်နိုင်ဖို့ ကြိုးစားနေသလို၊ Transformers Army လုပ်နေပါတယ်။
ဒါပေမယ့် သူတို့ယူသုံးနေတဲ့ Sample တွေက Megatron ရဲ့အစိတ်အပိုင်းနဲ့ ဦးနောက်တွေဖြစ်နေပြီးတော့၊အမှတ်မထင်ပဲ Megatron ကို အသက်ပြန်သွင်း နေသလို ဖြစ်နေတဲ့အတွက် ဘယ်လိုတွေစခန်းသွားကြမယ်ဆိုတာ…….။
(Transformers ဇာတ်ကားအားလုံးကိုhttps://channelmyanmar.org/?s=transformersမှာရှာပြီး Download လုပ်လို့ရပါတယ်။ )
4K Version ကတော့ HDR ဖြစ်တာကြောင့် ခေတ်ပေါ် Smart Device များမှာသာ ကာလာစုံမြင်ရမှာဖြစ်ပါတယ်။
Transformers: The Last Knight (2017)
⭐IMDB: 5.2/10 (158 k Votes)
🎬 #Action #Adventure #SciFi #ScienceFiction
🗓️ 2017 🎞️ Movie 📺 4K
🌎 #UnitedStates #China #Canada #UnitedStatesofAmerica
⏰ 2 နာရီ 34 မိနစ် 39 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
4K Version ကတော့ HDR ဖြစ်တာကြောင့် ခေတ်ပေါ် Smart Device များမှာသာ ကာလာစုံမြင်ရမှာဖြစ်ပါတယ်။
Transformers: Age of Extinction (2014)
⭐IMDB: 5.6/10 (321 k Votes)
🎬 #Action #Adventure #SciFi #ScienceFiction
🗓️ 2014 🎞️ Movie 📺 4K
🌎 #UnitedStates #China #HongKong #UnitedStatesofAmerica
⏰ 2 နာရီ 45 မိနစ် 7 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဇာတ်လမ်းကတော့ Dark Side of the moon ဇာတ်လမ်းအပြီး ၅ နှစ်အကြာဖြစ်ပါတယ်။Transformers တွေကြောင့် Chiacago မြို့ ပျက်ဆီးခဲ့ရတယ်လို့ အစိုးက အပြစ်တင်ပြီး၊Autobots တွေရော Decepticons တွေကိုပါလိုက်ဖမ်းဆီးနေပါတယ်။
အဲ့ဒီအချိန်မှာ Mark Wahlberg က Optimus Prime ကိုအမှတ်မထင် ရှာတွေ့သွားရာကသူ့ကို လိုက်ရှာနေတဲ့ အစိုးရအဖွဲအစည်းတွေနဲ့ အခြားဂြိုလ်သားတွေရဲ့ ပစ်မှတ်ဖြစ်လာပါတယ်။
အဲ့ဒီမှာ Mark Wahlberg တို့မိသားစုနဲ့ Autobots တွေပေါင်းပြီး အဖြစ်မှန်ကို စုံစမ်းရာမှာ၊US အစိုးရက Transformer တွေကို ကိုယ်တိုင် တီထွင်နေပြီးတော့၊Control လုပ်နိုင်ဖို့ ကြိုးစားနေသလို၊ Transformers Army လုပ်နေပါတယ်။
ဒါပေမယ့် သူတို့ယူသုံးနေတဲ့ Sample တွေက Megatron ရဲ့အစိတ်အပိုင်းနဲ့ ဦးနောက်တွေဖြစ်နေပြီးတော့၊အမှတ်မထင်ပဲ Megatron ကို အသက်ပြန်သွင်း နေသလို ဖြစ်နေတဲ့အတွက် ဘယ်လိုတွေစခန်းသွားကြမယ်ဆိုတာ…….။
(Transformers ဇာတ်ကားအားလုံးကိုhttps://channelmyanmar.org/?s=transformersမှာရှာပြီး Download လုပ်လို့ရပါတယ်။ )
4K Version ကတော့ HDR ဖြစ်တာကြောင့် ခေတ်ပေါ် Smart Device များမှာသာ ကာလာစုံမြင်ရမှာဖြစ်ပါတယ်။
Transformers: Dark of the Moon (2011)
⭐IMDB: 6.2/10 (418 k Votes)
🎬 #Action #Adventure #SciFi #ScienceFiction
🗓️ 2011 🎞️ Movie 📺 4K
🌎 #UnitedStates #UnitedStatesofAmerica
⏰ 2 နာရီ 34 မိနစ် 23 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဇာတ်လမ်းအကျဉ်းကတော့……..စိုင်ဘာထရွန် စစ်ပွဲများကြားကနေ ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ စိုင်ဘာထရွန်ဂြိုလ်ကအာကာသယာဉ်ကြီးက လရဲ့အမှောင်ဘက်ခြမ်းကို ပျက်ကျသွားခဲ့တယ်။
၁၉၆၉ ခုနှစ်မှာ အမေရိကန် အာကာသယာဉ် ‘အပိုလို ၁၁’က လကမ္ဘာပေါ်ကို ဆင်းသက်ပြီးThe Ark ရဲ့နမူနာတွေကို ကောက်ယူခဲ့တယ်။
အော့(ပ်)တီးမတ် (စ်)ပရိုင်းက တိုင်လုံးတွေကို ရှာဖွေပြီး စင်တီနယ်ပရိုင်းကို အသက်ပြန်သွင်းဖို့ လပေါ်ကို သယ်ဆောင်သွားခဲ့တယ်။အခုလို သယ်ဆောင်ခြင်းက ကမ္ဘာမြေကို ကျူးကျော်တိုက်ခိုက်မယ့် ဂြိုလ်သားစစ်တပ်အတွက် ဆောင်ရွက်နေတယ် ဆိုတာကိုအမေရိကန် ကာကွယ်ရေးဝန်ကြီး ရှားလော့(တ်)မီးရင်းသိရှိသွားတယ်။
ဒီဆက်(ပ်)တီကွန်က The Ark ယာဉ်ကိုပိုင်ဆိုင်ခွင့်ရဖို့ ဆယ်စုနှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့တယ်။အော်တိုဘော့တွေက ကမ္ဘာမြေကနေ ပြည်နှင်ဒဏ် ပေးခံရတယ်။အဲဒီအဖြစ်အပျက်တွေကို အခြေတည်ပြီး အက်ရှင်ဇာတ်ကား အဖြစ်ပုံဖော်ထားခြင်းဖြစ်ပါတယ်……..။
~ Review Credit
(Transformers ဇာတ်ကားအားလုံးကိုhttps://channelmyanmar.org/?s=transformersမှာရှာပြီး Download လုပ်လို့ရပါတယ်။ )
4K Version ကတော့ HDR ဖြစ်တာကြောင့် ခေတ်ပေါ် Smart Device များမှာသာ ကာလာစုံမြင်ရမှာဖြစ်ပါတယ်။
Transformers: Revenge of the Fallen (2009)
⭐IMDB: 5.9/10 (415 k Votes)
🎬 #Action #Adventure #SciFi #ScienceFiction
🗓️ 2009 🎞️ Movie 📺 4K
🌎 #UnitedStates #UnitedStatesofAmerica
⏰ 2 နာရီ 29 မိနစ် 53 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Transformers 2007 ခုနှစ်က ဇာတ်ကားရဲ့ အဆက်အဖြစ်ဆက်လက်ရိုက်ကူးထားတဲ့ဇာတ်ကားပါ..
ပထမဇာတ်ကားက မင်းသား Shia LaBeouf ပဲ အပြောင်းအလဲမရှိ ပါဝင်ထားပြီး
မင်းသမီး Megan Fox ကိုလဲ ညှို့အားပြင်းစွာဆက်လက်မြင်တွေ့ရမှာပါ။
ထုံးစံအတိုင်း Autobots တွေရဲ့ တိုက်ပွဲဝင်ခန်းတွေကို ဦးစားပေးကြည့်ရှုရပါမယ်။
(Transformers ဇာတ်ကားအားလုံးကိုhttps://channelmyanmar.org/?s=transformersမှာရှာပြီး Download လုပ်လို့ရပါတယ်။ )
4K Version ကတော့ HDR ဖြစ်တာကြောင့် ခေတ်ပေါ် Smart Device များမှာသာ ကာလာစုံမြင်ရမှာဖြစ်ပါတယ်။
Transformers (2007)
⭐IMDB: 7.0/10 (651 k Votes)
🎬 #Action #Adventure #SciFi
🗓️ 2007 🎞️ Movie 📺 4K
🌎 #UnitedStates
⏰ 2 နာရီ 23 မိနစ် 27 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ပထမ Transformer ဇာတ်လမ်းအဓိကကျောရိုးက All Spark ကိုလိုတာနဲ့ စပါတယ်။
Transformer အမည်ခံစက်ရုပ်များဟာ သူတို့နေထိုင်တဲ့ Cybertron ဆိုတဲ့ဂြိုဟ်မှာ Autobots နဲ့ Decepticons တွေ တိုက်ပွဲဖြစ်ခဲ့ပြီးDecepticons ခေါင်းဆောင် Megatron ရဲ့ ဖျက်ဆီးမှုကြောင့် Cybertron ဂြိုဟ်ပျက်စီးခဲ့ပါတယ် ။( All Spark ဆိုတာ ပထမ Transformer movie မှာတွေ့ရတဲ့ ကုဗတုံးတစ်ခုပါ )Autobots တွေဟာ All Spark ကို ပြန်လည်ရှာဖွေပြီးတော့ သူတို့မူလဂြိုဟ်ဟောင်း Cybertron ကို ပြန်လည်တည်ဆောက်ချင်ပါတယ် ။Decepticons တွေကတော့ All Spark ကို ရှာဖွေပြီး စကြဝဠာကို စိုးမိုးချင်သူများပါ ။
Decepticons ခေါင်းဆောင် Megatron ဟာ ကမ္ဘာဂြိုဟ်ပေါ်မှာ All Spark ရှိနေတယ်ဆိုတဲ့ သတင်းကို ကြားလျှင်ကြားချင်းကမ္ဘာပေါ်သက်ဆင်းရာမှာ အခန့်မသင့် crash landing ကြောင့် အာတိတ်သမုဒ္ဒရာ ရေခဲအောက်မှာ ခဲသွားခဲ့ပါတယ် ။ဒါကို Sam ရဲ့ အဖိုး ကပ္ပတိန် Witwicky တွေ့ရှိခဲ့ပါတယ် ။ဒီမှာတင် မတော်တစ်ဆ Megatron ရဲ့ navigational system ကို အက်တီဗိတ်လုပ်မိတာကြောင့်သူ့ မျက်မှန်မှာ ကိုအော်ဒီနိပ်များနဲ့ ဖော်ပြလိုက်သလိုဖြစ်သွားပါတယ် ။ဒီ ရေခဲအောက်မှာ ခဲနေတဲ့ Megatron နဲ့ All Spark ကို အမေရိကန်အစိုးရ ရဲ့ ထိပ်တန်းလျှို့ဝှက်အဖွဲ့အစည်းဖြစ်တဲ့ Sector 7 မှ သိမ်းဆည်း ခဲ့ပါတယ် ။
All Spark မှ စွမ်းအင်အဆက်မပြတ်ထုတ်လွှတ်မှုကို ကာကွယ်တဲ့ အနေနဲ့၎င်းထားရှိရာ လျှို့ဝှက်နေရာရဲ့ပတ်ပတ်လည်မှာ ရေလွှဲဆည်အကြီးကြီး တစ်ခုကို တည်ဆောက်ခဲ့ပါတယ် ။ဒါကို Autobots နဲ့ Decepticons တွေသိရှိပြီး All Spark ကို လိုချင်လို့ တိုက်ပွဲဖြစ်ကြပြီးဘယ်လိုစခန်းသွားကြမလဲဆိုတာ……..။
~ Review Credit
(Transformers ဇာတ်ကားအားလုံးကိုhttps://channelmyanmar.org/?s=transformersမှာရှာပြီး Download လုပ်လို့ရပါတယ်။ )
4K Version ကတော့ HDR ဖြစ်တာကြောင့် ခေတ်ပေါ် Smart Device များမှာသာ ကာလာစုံမြင်ရမှာဖြစ်ပါတယ်။
Dune (2021)
⭐IMDB: 8.0/10 (677 k Votes)
🎬 #Action #Adventure #Drama #ScienceFiction #SciFi
🗓️ 2021 🎞️ Movie 📺 4K
🌎 #UnitedStates #Canada #UnitedStatesofAmerica
⏰ 2 နာရီ 35 မိနစ် 59 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Dune (2021)
==========
IMDb Rating – 8.4/10
စောင့်မျှော်နေသူ အတော်များများရှိနေမယ့် DUNE ရုပ်ရှင်ကားကြီးထွက်လာပြီမို့ CMပရိတ်သတ်တွေအတွက် အမြန်ဆုံး
တင်ဆက်ပေးလိုက်ပါတယ်၊
သာမန် Sci- ficတွေထက် အပုံကြီးကျယ်ပြန့်တဲ့ Frank Herbertရဲ့ Duneစာအုပ်တွဲတွေကို မှီငြမ်းရိုက်ကူးထားတဲ့
ဇာတ်လမ်း၊ Timotheé Chalamet, Zendaya, Oscar Issac, တို့အပါအဝင် ကောင်းပေ့ဆိုတဲ့ Castတွေ၊ Legendary
soundtrack တွေပဲ တီးခတ်တဲ့ Hans Zimmer၊ ပြောင်မြောက်လွန်းတဲ့ VFXနဲ့ CGIတွေရဲ့ ပေါင်းစပ်မှုအပြီးမှာ DUNE
2021ဇာတ်ကားဟာ ပရိတ်သတ်တွေ အမျှော်လင့်ဆုံးဇာတ်ကားဆိုရင်လည်း မမှားနိုင်ပါဘူး။
အနာဂတ်နှစ်ပေါင်း၂၀၀၀၀ကျော်မှာ အခြေပြုထားတဲ့ ခေတ်လွန် Dune Universeထဲမှာ Known Universeကို အုပ်ချုပ်နေတဲ့
Emperorဆိုတာရှိပြီး သူတို့ရဲ့လက်အောက်မှာတော့ Housesတွေက နယ်မြေအသီးသီးကို အုပ်ချုပ်ပါတယ်။
ဒီဇာတ်လမ်းရဲ့ အဓီကအကြောင်းရင်းကတော့ House Harkonnenတွေ နှစ်ပေါင်း၈၀ကြာအောင် အုပ်ချုပ်လာတဲ့ Planet Dune
တဖြစ်လဲ Planet Arrakisကို Emperorရဲ့အထက်အမိန့်အရ House Atreidesတွေကို ပြောင်းလဲအုပ်ချုပ်စေခြင်းကစပါတယ်။
ဒါပေမဲ့ Harkonnenတွေဟာ Arrakis ဂြိုလ်ပေါ်ကရတဲ့ Spiceဆိုတဲ့အရာကြောင့် ဂြိုလ်ကိုလွယ်လွယ်လက်လွှတ်မခံနိုင်ပါဘူး၊
Spiceဆိုတာဟာ Dune universeတစ်ခုလုံးမှာ အဖိုးအတန်ဆုံးအရာပါ၊ Spiceကိုစားသုံးရင် စိတ်အာရုံနိုးကြားကာ
အသိဉာဏ်ပညာတိုးပွားလာခြင်း၊ သက်ရှည်ကျန်းမာစေခြင်းစတဲ့ စွမ်းအားတွေရရှိမှာဖြစ်ပြီး သူ့ကိုလည်း Arrakisဂြိုလ်တစ်ခုထဲမှာပဲ
တူးဖော်နိုင်မှာပါ၊ တူးဖော်ခွင့်ရှိတဲ့ Houseဟာလည်း Emperorထက်တောင် ပိုပြီးချမ်းသာသွားမှာပါ။
ဒါကြောင့်မလို့ နိုင်ငံရေးအရရော၊ စီးပွားရေးအရပါ အချက်အချာဖြစ်နေတဲ့ Duneဂြိုလ်ကို လွှဲပြောင်းယူလိုက်ရတဲ့ House Atreides
အနေနဲ့ House Harkonnenရဲ့ ဒုက္ခပေးလာမှုရော၊ Emperorနဲ့ တခြားHouseတွေရဲ့ ရန်စလာမှုကိုပါ ဘယ်လိုကြံ့ကြံ့ခိုင်ရမလဲ၊
House Atreidesရဲ့ သားတော်… အိမ်တော်ရဲ့အနာဂတ် The Oneအဖြစ် တင်စားခံရတဲ့ Paulကရော Atreidesတွေကို ဘယ်လောက်ထိ
ခေါင်းဆောင်ပေးသွားမလဲဆိုတာကို CGIနဲ့ VFX အမိုက်စား၊ Soundtrackအမိုက်စား၊ Castsအမိုက်စားတွေနဲ့ပဲ ရိုက်ကူးတင်ဆက်ထားတာ
မလို့ Hypeရကျိုးနပ်မယ့် Sci-Fic ဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတာမို့ အမြန်ဆုံး တင်ဆက်ပေးလိုက်ပါပြီ။
(ဒီဇာတ်လမ်းရဲ့ အညွှန်းကို JimX မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ CM Team မှဖြစ်ပါတယ်။)
The Shawshank Redemption (1994)
⭐IMDB: 9.3/10 (3 M Votes)
🎬 #Crime #Drama
🗓️ 1994 🎞️ Movie 📺 4K
🌎 #UnitedStates
⏰ 2 နာရီ 22 မိနစ် 33 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Shawshank Redemption (1994)
မိတ်ဆွေတို့ Google မှာ IMDb rating အမြင့်ဆုံးကားများ လို့ ရိုက်ရှာကြည့်ချင်ပါသလား? Rotten Tomatoes ရဲ့ အကောင်းဆုံးကားများလို့ ရိုက်ရှာကြည့်ချင်ပါသလား? ရုပ်ရှင်သမိုင်းတလျှောက်အကောင်းဆုံးကားများ…..မသေခင်ကြည့်သင့်သော ကားများ….ဘာညာသာရကာ အစုံရိုက်ပြီး ရှာကြည့်လိုက်ပါ။ ဒီဇာတ်ကားကတော့ ထိပ်ပိုင်းတစ်နေရာမှာ အမြဲပါနေပါလိမ့်မယ်။
ဇာတ်လမ်း အကျဉ်းလေးကတော့ ရိုးရှင်းပါတယ်။ လူသတ်မှုနဲ့ ထောင်ဒဏ် တစ်သက် ၂ ခါ ကျခံရပြီး ရှောရှန့်ခ် ထောင်ထဲကို ရောက်လာတဲ့ ဘဏ်စီးပွားရေးသမား အန်ဒီ ဒူဖရင်း(Tim Robbins) နဲ့ တကျွန်းသမားဟောင်းကြီး ရက်ဒ်(Morgan Freeman) တို့ ရဲ့ ထောင်ထဲက အခက်အခဲတွေနဲ့ မိတ်ဆွေဘဝ၊ အန်ဒီရဲ့ ငရဲလို မျှော်လင့်ချက်မရှိတဲ့ နေရာမှာ ကိုယ့်ကိုကိုယ် ဘယ်လိုတည်ဆောက်ပြီး နေထိုင်သွားလဲ၊ လွတ်မြောက်မှုကို ဘယ်လိုရှာဖွေသွားလဲ ဆိုတဲ့အကြောင်းလေးပါပဲ။
ရုပ်ရှင်လေးက ရိုးရှင်းပေမယ့်….ဒါရိုက်တာတိုင်း အိပ်မက်မိမယ့် အောင်မြင်မှုတွေ ရရှိသွားခဲ့ပါတယ်။ အော်စကာ လျာထားမှု (၇) နေရာ တခြား ဆုပေါင်းများစွာ နဲ့ ဝေဖန်ရေးသမားတွေရဲ့ ချီးကျူးမှုပေါင်းများစွာနဲ့ အောင်မြင်ခဲ့ပါတယ်။ ခင်ဗျားတို့ဆီက မျက်ရည်တွေ ချူနိုင်ပါလိမ့်မယ်။ ခင်ဗျားတို့ ဘဝတွေကို ဘယ်လိုရှင်သန်ခဲ့မိပြီလဲလို့ ပြန်တွေးမိစေပါလိမ့်မယ်။ ဘဝရဲ့ အချိန်ကောင်းတွေကို ဖြုန်းတီးမိသွားပြီလားလို့ သံသယဖြစ်လာပါလိမ့်မယ်။ တခါမှ မတွေးမိသေးတာ ဖြစ်နိုင်မယ့် လက်ရှိဘဝရဲ့ လွတ်လပ်မှုတန်ဖိုးကို တွေးမိကောင်း တွေးမိကြပါလိမ့်မယ်။ နောက်ဆုံးမှတော့ ပျော်ရွင်မှုလေး တစ်ခု ခံစားရင်း အဆုံးသတ်သွားပါလိမ့်မယ်လို့…..။
Crawl (2019)
⭐IMDB: 6.1/10 (88 k Votes)
🎬 #Action #Drama #Horror #Thriller #Adventure
🗓️ 2019 🎞️ Movie 📺 720p
🌎 #UnitedStates #Canada #Serbia #UnitedStatesofAmerica
⏰ 1 နာရီ 27 မိနစ် 32 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ရုံမှာ ရင်တထိတ်ထိတ်နဲ့ ကြည့်ခဲ့ရတဲ့ ဟော်ရာ ကားကောင်းတစ်ခုကို တင်ပေးထားပါတယ်။
အရမ်းလန့်တတ်တဲ့ သူတွေတော့ သတိထားကြည့်သင့်ပါတယ်
ဇာတ်လမ်းအကျဥ်းကတော့ ရေကူးအားကစားမယ်
တစ်ယောက်ဖြစ်တဲ့ ဟေလီဟာ သူနဲ့ စိတ်ဆိုးပြီး
စကားမပြောဖြစ်တဲ့ အဖေ့ဆီကို သွားဖို့ အကြောင်းဖန်လာပါတယ်။
အကြောင်းကတော့ အင်အားကြီး ဟာရီကိန်းမုန်တိုင်းတစ်ခု တိုက်မယ့်နယ်မြေထဲမှာ
ဟေလီရဲ့ အဖေဟာ အဆက်အသွယ်ပြတ်ပြီး ပျောက်နေလိူ့ပါပဲ။
သူ့အဖေဆီကို ရောက်သွားတဲ့အချိန်မှာ အဖေဖြစ်သူ
ဘာလို့ ရောက်မလာနိုင်လဲ ဆိုတဲ့အကြောင်းရင်းကို
သူကိူယ်တိုင် တွေ့လိူက်ရပါတော့တယ်။
ရေလျှံပြီး ရောက်နေတဲ့ မိကျောင်းတစ်ကောင် ကြောင့်ပါပဲ။
ရေထဲမှာ ပြိုင်ဘက်ကင်းသားရဲလိူ့ ပြောလိူ့ရတဲ့
မိကျောင်းနဲ့ ငါးတစ်ကောင်လို ရေကူး ကျွမ်းကျင်သူတို့
ရေထဲမှာ ရင်ဆိုင်ကြရတ့အခါ ဘယ်လိုတွေ ဖြစ်လာမလဲဆိုတာ ကြည့်ရမှာပါပဲ။
Crawl (2019)
⭐IMDB: 6.1/10 (88 k Votes)
🎬 #Action #Drama #Horror #Thriller #Adventure
🗓️ 2019 🎞️ Movie 📺 1080p
🌎 #UnitedStates #Canada #Serbia #UnitedStatesofAmerica
⏰ 1 နာရီ 27 မိနစ် 32 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ရုံမှာ ရင်တထိတ်ထိတ်နဲ့ ကြည့်ခဲ့ရတဲ့ ဟော်ရာ ကားကောင်းတစ်ခုကို တင်ပေးထားပါတယ်။
အရမ်းလန့်တတ်တဲ့ သူတွေတော့ သတိထားကြည့်သင့်ပါတယ်
ဇာတ်လမ်းအကျဥ်းကတော့ ရေကူးအားကစားမယ်
တစ်ယောက်ဖြစ်တဲ့ ဟေလီဟာ သူနဲ့ စိတ်ဆိုးပြီး
စကားမပြောဖြစ်တဲ့ အဖေ့ဆီကို သွားဖို့ အကြောင်းဖန်လာပါတယ်။
အကြောင်းကတော့ အင်အားကြီး ဟာရီကိန်းမုန်တိုင်းတစ်ခု တိုက်မယ့်နယ်မြေထဲမှာ
ဟေလီရဲ့ အဖေဟာ အဆက်အသွယ်ပြတ်ပြီး ပျောက်နေလိူ့ပါပဲ။
သူ့အဖေဆီကို ရောက်သွားတဲ့အချိန်မှာ အဖေဖြစ်သူ
ဘာလို့ ရောက်မလာနိုင်လဲ ဆိုတဲ့အကြောင်းရင်းကို
သူကိူယ်တိုင် တွေ့လိူက်ရပါတော့တယ်။
ရေလျှံပြီး ရောက်နေတဲ့ မိကျောင်းတစ်ကောင် ကြောင့်ပါပဲ။
ရေထဲမှာ ပြိုင်ဘက်ကင်းသားရဲလိူ့ ပြောလိူ့ရတဲ့
မိကျောင်းနဲ့ ငါးတစ်ကောင်လို ရေကူး ကျွမ်းကျင်သူတို့
ရေထဲမှာ ရင်ဆိုင်ကြရတ့အခါ ဘယ်လိုတွေ ဖြစ်လာမလဲဆိုတာ ကြည့်ရမှာပါပဲ။
Beowulf & Grendel (2005)
⭐IMDB: 5.8/10 (18 k Votes)
🎬 #Action #Adventure #Drama #Fantasy
🗓️ 2005 🎞️ Movie 📺 720p
🌎 #Canada #UnitedKingdom #Iceland #UnitedStates #Australia
⏰ 1 နာရီ 45 မိနစ် 23 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Beowulf & Grendel (2005)
ဒီကားကတော့ ၂၀၀၅ ခုနစ်က ထွက်ရှိထားတဲ့ သမိုင်းအခြေပြု ဇာတ်ကားလေးတစ်ကားပါ။ ဇာတ်ကားလေးရဲ့ နာမည်အတိုင်းပဲ ဘေးဝုဖ်နဲ့ ဂရန်ဒယ်ဆိုတဲ့ ဇာတ်ကောင်နှစ်ဦးကို ဇာတ်အိမ်တည်ရိုက်ထားတဲ့ကားလေးပါ။
နာမည်ကြီး မင်းသား Gerard Butler က အဓိကဇာတ်ဆောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပြီး သူ့ခေတ်သူ့အခါက ထူးချွန်ဆုကိုပါရရှိထားတဲ့ ရုပ်ရှင်ဇာတ်လမ်းလေးတစ်ကားဖြစ်ပါတယ်။
ဇာတ်လမ်းကတော့ ဂရန်ဒယ်ဆိုတဲ့ ဂိ(တ်) သူရဲကောင်းတစ်ဦးက သူ့ရဲ့နေရပ်ဒေသကို ပြန်ရင်း မုန်တိုင်းတွေကြောင့် ကမ်းတစ်ခုပေါ်အတင် သူ့ရဲ့ ဂန္ထဝင်နောက်ကြောင်းတွေကို ပြန်ရှင်းပြရာကနေစတာဖြစ်ပါတယ်။
ထွက်တာကြာပြီဆိုပေမဲ့ ရသမျိုးစုံနဲ့ သုတအနည်းအကျဉ်းပါရရှိနိုင်မယ့် စွန့်စားခန်းသဖွယ် စိတ်ကူးယဉ်ဆန်ဆန် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်လို့ အားပေးကြည့်ရှုလိုက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုMarkမှ ပြန်ဆို ရေးသားထားပါတယ်)
Beowulf & Grendel (2005)
⭐IMDB: 5.8/10 (18 k Votes)
🎬 #Action #Adventure #Drama #Fantasy
🗓️ 2005 🎞️ Movie 📺 1080p

Love in Zion National: A National Park Romance (2023)
⭐IMDB: 6.4/10 (219 Votes)
🎬 #Romance #TVMovie #Comedy
🗓️ 2023 🎞️ Movie 📺 1080p
🌎 #Canada
⏰ 1 နာရီ 24 မိနစ် 32 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Love in Zion National: A National Park Romance(2023)
***************************************************
ဇိုင်ယွန်အမျိုးဥယျာဉ်က အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်၊ဇာတ်လမ်းအကျဉ်းလေးကတော့ ဒန်ဗာသဘာဝသမိုင်းပြတိုက်ကို ရှေးဟောင်းပစ္စည်းစုဆောင်းသူ မစ္စဟိုလင်းစတန်းဟာ ဆန်နာဆာဇီမှာတွေ့ခဲ့တဲ့
ရှေးဟောင်းအိုးသုံးခုနဲ့အတူ သူခရီးသွားမှတ်တမ်းဂျာနယ်ကိုသူ့ဘဝနောက်ဆုံးဆန္ဒအတိုင်း လှူဒါန်းခဲ့ပါတယ်။
ဒါပေမယ့် တန်ဖိုးကြီးရှေးဟောင်းပစ္စည်းတွေဖြစ်တဲ့အတွက်တူမြေးဖြစ်သူ ဂရေဒီဟာ ပြန်လိုချင်နေပါတယ်၊ ပြတိုက်တာဝန်ခံမှူးဖြစ်တဲ့ လော်ရန်ဟာဒီအိုးတွေ သုတေသနလုပ်ကြည့်ခဲ့တဲ့အခါ တစ်ခုခုမှားယွင်းနေတာကိုသိလိုက်ရတယ်၊အကြောင်းက အိုးသုံးခုမဟုတ်ဘဲလေးခုဖြစ်နိုင်တယ်ဆိုတဲ့အချက်ပါ။
ထင်မှတ်မထားတဲ့နောက်ခံရာဇဝင်အကြောင်းကိုသိလာတဲ့အချိန်မှာတော့
ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့….
Yaanai Mugathaan (2023)
⭐IMDB: 9.2/10 (905 Votes)
🎬 #Bollywood #Fantasy #Comedy
🗓️ 2023 🎞️ movie 📺 1080p
🌎 #India
⏰ 2 နာရီ 05 မိနစ် 27 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Yaanai Mugathaan (2023)
IMDb-9.6/10
ခါတိုင်းအရွှတ်အနောက်နေရာကပါဝင်နေကျ ဘာဘူက ဒီကားထဲမှာတည်တည်တံ့တံ့သရုပ်ဆောင်ထားတာမို့ မတူညီတဲ့ပုံစံနဲ့ရှုစားရမယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်
ဇာတ်လမ်းအညွှန်းအဖေဖြစ်သူက အရှင်ဗင်နာယာဂါကို သက်၀င်ယုံကြည်သူ ဖြစ်တာကြောင့်သူ့သားကို ဂန်နက်စန် ဆိုပြီး နာမည်ပေးခဲ့တယ်။ဂန်နက်စန် လုပ်တတ်တာ နှစ်ခုရှိတယ်“သူများကို လိမ်ရင်လိမ် မဟုတ်ရင် သူ့ကိုယ်သူ ပြန်လိမ်နေတာ” တဲ့။ဂန်နက်စန်က သုံးဘီးသမား၊အကြွေးပေးစရာရှိတဲ့ဟာကို ဟိုလူ့ဆီက ပတ် ဒီလူ့ဆီက ဝိုက်နဲ့ အကြွေးပတ်ချာဝိုင်းနေသူ။တခုခု အဆင်မပြေတိုင်း အရှင်ဗင်နာယာဂါဆီမှာ တိုင်တည်ပြီး မြည်တွန်တောက်တီးနေတတ်တယ်။တစ်ရက် သူကိုးကွယ်ပူဆာနေတဲ့ အရှင်ဗင်နာယာဂါရုပ်ထုကို ဘုရားစင်ပေါ်မှာလည်း မမြင်ရ၊ဘုရားကျောင်းမှာလည်း မမြင်ရ၊ပုံတော်တွေမှာလည်း မမြင်ရနဲ့ သူတစ်ယောက်ပဲ မမြင်ရတော့တဲ့ဘ၀ ရောက်သွားရော။ဘယ်သူကမှလဲ သူပြောတာ မယုံကြဘူး။
ဒီလိုနဲ့ ဟာသသရုပ်ဆောင် ယိုဂီဘာဘူက အရှင်ဗာနာယာဂါ ဆိုပြီး ရောက်လာရာကနေစပြီးသူ့ဘ၀ ဘယ်လိုတွေ ပြောင်းလဲသွားမလဲဆိုတာလူတယောက်ရဲ့ လူသားဆန်မှုနဲ့အကျင့်စရိုက်တွေကို ဘာသာရေးပါးပါးသုံးပြီးတင်ဆက်ထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။”ဘုရားရှာ ကိုယ်မှာရှိ တရားရှာ ကိုယ်မှာသိ”ဆိုတဲ့အတိုင်း ဂန်နက်စန်တယောက် သူ့မျက်စိရှေ့မှာ ပျောက်နေတဲ့ ဘုရားကိုလိုက်ရှာရင်းဘာတွေဆက်ဖြစ်မလဲဆိုတာ ဆက်လက်ကြည့်ရှုကြပါအုံးခင်ဗျ။(အညွှန်းကို chiclon3 မှ ရေးသားထားပြီး ဘာသာပြန်တွေကတော့ BpL , HM , Aditi, chiclon3 တို့ပဲဖြစ်ပါတယ်)