uz
Feedback

Firibgarlarga uchmang! Telemetrio bunday kanallarni topadi va belgilaydi 👉 Belgini ko‘rmoqchi bo‘lsangiz, obuna bo‘ling

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Yopiq kanal

🚩 Channel was restricted by Telegram

Ko'proq ko'rsatish
Ma'lumot yo'q
Obunachilar
-524 soatlar
-47 kun
+730 kun
Postlar arxiv
Match Me If You Can (2023) ⭐IMDB: 5.5/10 (172 Votes) 🎬 #Comedy #Romance 🗓 2023 🎞 movie 📺 #1080p #720p 💿 930.7 MB ⦿ 1.9 GB 🌎 #UnitedStates ⏰ 1 နာရီ 44 မိနစ် 59 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 လွန်ခဲ့တဲ့တစ်ပတ်လောက်ကမှ အသစ်စက်စက်ထွက်ရှိထားတဲ့ Match Me If You Can ဆိုတဲ့ Romance/ Comedy ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ IMDB rating 5.3 ရရှိထားပြီး ဇာတ်အိမ်ကလည်း တမူထူးခြားနေတာမို့ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းမဲ့ကားလေးတစ်ကားပါပဲ။ ကစ်ပ်က ကွန်ပျူတာပရိုဂရမ်မာတစ်ယောက်ဖြစ်ပြီး တစ်ဘဝလုံးအချစ်နဲ့ဝေးရာမှာနေလာရတဲ့ စာဂျပိုးမလေးတစ်ယောက်ပါ။ သူ့အတွက်အဖော်ဆိုလို့ ရုံးကအူကြောင်ကြောင် သူငယ်ချင်းသုံးယောက်နဲ့ ဝင်ကစွပ်ကောင်လေးတစ်ကောင်ပဲ ရှိပါတယ်။ ရိုင်လေကတော့ I Promise လို့အမည်ရတဲ့ Online Dating ဝက်ဘ်ဆိုက်တစ်ခုကို ဦးစီးနေသူဖြစ်ပြီး သူ့ရဲ့ကုမ္ပဏီက လူငယ်တွေကြားမှာ ရေပန်းစားတဲ့ကုမ္ပဏီတစ်ခုပါ။ ဒီလိုနဲ့တစ်ရက်မှာတော့ မထင်မှတ်ဘဲ I Promise မှာ sign up လုပ်ပြီး ရည်းစားရှာဖို့ကြိုးစားခဲ့တဲ့ကစ်ပ်ဟာ ကုမ္ပဏီဘက်က ကစ်ပ်အတွက် ရည်းစားရှာမရနိုင်ကြောင်း ပြန်စာကိုရရှိပြီးနောက်မှာတော့ အကြီးအကျယ်ပေါက်ကွဲပြီး I Promise ကို စတင်တိုက်ခိုက်ပါတော့တယ်။ ရန်သူတွေအဖြစ်စတင်ခဲ့တဲ့ ကစ်ပ်နဲ့ရိုင်လေရဲ့ဇာတ်လမ်းလေးက ဘယ်လိုများအချစ်အသွင်ကို ပြောင်းလဲသွားမှာလဲ‌‌ဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ဆက်လက်ကြည့်ရှုပေးပါဦးနော်။ အခုခေတ်က အင်တာနက်ခေတ်ဖြစ်ပြီး အရာရာကိုအင်တာနက်မှာပဲ အလွယ်တကူရှာဖွေရရှိနေနိုင်တာမို့ online dating app တွေ website တွေဆိုတာလည်း ဒီနေ့ခေတ်လူငယ်တွေနဲ့တော့ သိပ်ပြီးစိမ်းနေမှာမဟုတ်ပါဘူး။ အဲဒါကြောင့် ရိုးရိုးလေးနဲ့ဆန်းတဲ့ဒီဇာတ်ကားက နားလည်ရခက်မှာလည်းမဟုတ်သလို ကြည့်ရင်းနဲ့အပျင်းပြေစေမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါပဲ။...

Scooby-Doo! and the Cyber Chase (2001) ⭐TMDB: 73.0% User Score 🎬 #Action #Adventure #Animation #Comedy #Family #Mystery #SciFi 🗓 2001 🎞 video movie 📺 #720p #1080p 💿 746.4 MB ⦿ 1.5 GB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 13 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Scooby-Doo! and the Cyber Chase (2001)=============================IMDb Rating – 7.0/10 ဒီတစ်ခါရုပ်ရှင်လေးမှာတော့ Scooby တို့အုပ်စုဟာ သူငယ်ချင်းသိပ္ပံကျောင်းသား Eric ရဲ့ တက္ကသိုလ်ကို သွားစရာအကြောင်းဖန်လာပါတော့တယ်။ အကြောင်းအရင်းကတော့ Game developerတစ်ယောက်ဖြစ်တဲ့ Eric က Scooby တို့အုပ်စုရဲ့ စွန့်စားခန်းတွေအပေါ်မူတည်ပြီး ဂိမ်းတစ်ခုထွင်ထားလို့ပါပဲ။ ရှက်ဂီနဲ့စကူဘီကတော့ဂိမ်းအဓိကဇာတ်ကောင်ဖြစ်ရတဲ့အရှိန်နဲ့ ဂိမ်းကိုစမ်းဆော့ကြည့်ချင်စိတ်ငယ်ထိပ်ရောက်နေခဲ့ပါတယ်။ ဒါပေမယ့် Eric ဆီ တကယ်ရောက်သွားတဲ့အချိန်မှာတော့ ထင်ထားတာနဲ့ တက်တက်စင်အောင်လွဲတော့တာပါပဲ။ ဂိမ်းကို အစမ်းဆော့ကြည့်ကြဖို့နေနေသာသာ ဂိမ်းဖွင့်ခွင့်တောင် မရကြပါဘူး။ ပြဿနာကအဲဒီမှာစတာပါပဲ။ လွန်ခဲ့တဲ့ရက်ပိုင်းကပဲ Eric ရဲ့ ဂိမ်းတည်ဆောက်မှုမှာအဓိကဖြစ်တဲ့ လေဆာပစ်လွှတ်မှုကနေ ဗိုင်းရပ်စ်တစ်ကောင်ခုန်ထွက်လာခဲ့ပြီး ပြဿနာရှာသွားတာမို့လို့ပါ။ ဂိမ်းထဲကနေ အပြင်လောကအထိသက်ရှိထင်ရှား အကောင်လိုက်ထွက်ချလာတဲ့ ဗိုင်းရပ်စ်ကြီးကို ထုံးစံအတိုင်း စကူဘီတို့ကပဲ လိုက်ရှာဖမ်းပေးရတော့တာပေါ့။ ဒါပေမယ့် စကူဘီတို့သူငယ်ချင်း ၅ယောက်လုံးပါ ဗိုင်းရပ်စ်နဲ့အတူ ဂိမ်းထဲကို အပို့ခံလိုက်ရတဲ့အခါမှာတော့ …. (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Hnin Wut Yi ဖြစ်ပါတယ်)...

Litsoneras (2023) ⭐IMDB: 6.3/10 (43 Votes) 🎬 #Adult #Drama 🗓 2023 🎞 movie 📺 #720p #1080p 💿 823.4 MB ⦿ 2.0 GB 🌎 #Philippines ⏰ 1 နာရီ 44 မိနစ် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Litsoneras (2023) Azi Acosta လိုပဲအချိန်တိုအတွင်းအောင်မြင်လာပြီး ရှေ့တန်းရောက်လာပြီး Lovely Ladies Dormitory နဲ့ ပွဲဦးထွက်ခဲ့တဲ့ Yen Durano လေးရဲ့ ဇာတ်ကားသစ်ဖြစ်ပါတယ်။ အယ်လ်ရီယာ (Yen Durano) ကအထက်တန်းကျောင်းသူလေးတစ်ယောက်ဖြစ်ပြီး ဝက်ကင်ဆိုင် ဖွင့်ထားတဲ့ဖခင်နဲ့အတူနေပါတယ်။ သူငယ်စဉ်ကတည်းက ဖခင်ဖြစ်သူရဲ့ဖောက်ပြန်မှုကြောင့် မိဘနှစ်ပါးကွဲခဲ့တာဖြစ်ပြီး အခုချိန်မှာတော့ နိုင်ငံခြားမှာအလုပ်လုပ်နေတဲ့ မိခင်ဖြစ်သူ ပြန်ရောက်လာပါတယ်။ အမေဖြစ်သူနဲ့အတူ ရှေ့ဆင့်နောက်ဆင့် သူ့ဘဝထဲကိုရောက်လာသူကတော့ သူတို့ဆိုင်ကဝန်ထမ်းအသစ်ဖြစ်တဲ့ Jonas ဆိုတဲ့သက်တူရွယ်တူနီးပါး ကောင်လေးတစ်ယောက်ပါ။ အချစ်ကိုစူးစမ်းတတ်စ အပျိုဖြန်းလေး အယ်လ်ရီယာက ဂျိုးနာ့စ်ကိုစိတ်ဝင်စားသလို ဂျိုးနာစ့်ကတော့ အသက်ကြီးပြီး မပျက်စီးသေးတဲ့ သူ့မိခင်ဖြစ်သူကိုသာ တွင်းဟောင်းဆယ်လိုဟန်ရှိပါတယ်။ ဒီလိုဆိုရင် သူ့အမေဘက်ကရော…? အခုနောက်ပိုင်းထွက်တဲ့ Vivamax ကားတွေထဲ အတော်မိုက်တဲ့အထဲမှာပါပါတယ်။ မင်းသမီးတွေရဲ့ အလှအပတွေတင်မကဘဲ ဇာတ်လမ်းဖွဲ့စည်းပုံနဲ့ လှည့်ကွက်တွေပါ မိုက်တဲ့ကားဖြစ်တဲ့အတွက် လက်မလွတ်သင့်ပါကြောင်း။ (ဒီဇာတ်ကားနဲ့အညွှန်းကိုAliasမှ ပြန်ဆို ရေးသားထားပါတယ်)...

The Cook, the Thief, His Wife & Her Lover (1989) ⭐TMDB: 73.0% User Score 🎬 #Crime #Drama 🗓 1989 🎞 movie 📺 #720p #1080p 💿 779.6 MB ⦿ 1.8 GB 🌎 #Netherlands #UnitedKingdom #France #UnitedKingdom ⏰ 2 နာရီ 04 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Cook, the Thief, His Wife & Her Lover (1989) ~ IMDb – 7.5/10, Rotten Tomatoes – 86% ~ ” 18+ ခန်းတွေပါတာကြောင့် အသက်ပြည့်မှကြည့်ဖို့အကြံပေးပါရစေ “ ဒီကားကတော့ 1989 မှာထွက်ရှိထားပြီး ဆု​တွေလည်းအများကြီးရထားရုံတင်မက တစ်ခေတ်တစ်ခါရဲ့ ဗြိတိန်ဂန္ထဝင်မင်းသားကြီး မင်းသမီးကြီးတွေပါဝင်ထားတဲ့ မှုခင်းဒရာမာကားကောင်းတစ်ကား The Cook, the Thief, His Wife & Her Lover ဆိုတဲ့ကား​ပဲဖြစ်ပါတယ်။ ဒီကားရဲ့ ဒါရိုက်တာကလည်း BAFTA လို‌ ဗြိတိန်အကယ်ဒမီဆု အပါအဝင် ဆု​တွေအများကြီးရထားတဲ့ Peter Greenaway ပဲဖြစ်ပါတယ်။ ဇာတ်လမ်း​​ကျောရိုးကို​တော့ ဇာတ်လမ်းနာမည်အတိုင်း ဇာတ်​ကောင် ၄ ​​ယောက်ကို ဗဟိုပြုပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ်။ လန်ဒန်မြို့က စား​​သောက်ဆိုင်တစ်ဆိုင်ကို ဝယ်လိုက်ပြီး ​​နေ့တိုင်း ထင်တိုင်းကြဲ​​သောင်းကျန်း​နေတဲ့ အဲဘက် (The Thief) အဲဘက်ရဲ့နှိပ်စက်သမျှ တင်စီးသမျှကို ခံ​နေရတဲ့ ​ဂျော်ဂျီနာ (His Wife) အဲဘက်ရဲ့ စား​သောက်ဆိုင်မှာ အဲဘက်ရဲ့ သ​ဘောထား​တွေကို ဆန့်ကျင်ပြီးလုပ်​​လေ့ရှိတဲ့ ဘို့စ် (The Cook) စား​သောက်ဆိုင်မှာ လာစားရင်း ​ဂျော်ဂျီနဲ့ ချစ်မိသွားတဲ့ မိုက်ကယ် (Her Lover) တို့ကို အဲဘက်တစ်​ယောက် မိသွားတဲ့အခါ ဘာ​တွေဆက်ဖြစ်မလဲ… သူတို့​လေး​ယောက်ကို ချိတ်ဆက်ပြီး ဇာတ်ကားတစ်ခုလုံးကို ဘယ်လိုရိုက်ပြသွားလဲ… ဆိုတာ​တွေကို စိတ်ဝင်တစားကြည့်ရှူရမယ့် ဂန္ထဝင်ဇာတ်ကား​ကောင်း​တစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုDBမှ ပြန်ဆို ရေးသားထားပါတယ်)...

The Engineer (2023) ⭐IMDB: 3.5/10 (250 Votes) 🎬 #Uncategorized #Action #Thriller 🗓 2023 🎞 movie 📺 #720p #1080p 💿 512.1 MB ⦿ 1.4 GB 🌎 #UnitedStates #UnitedStatesofAmerica #Israel ⏰ 1 နာရီ 33 မိနစ် 44 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဖြစ်ရပ်မှန်ကို အခြေခံထားပြီး Yahya Ayyash ဆိုသူကို လုပ်ကြံတဲ့ အကြောင်းရိုက်ကူးထားတဲ့ ဇာတ်ကားပါ…။ Yahya Ayyash ဆိုသူဟာ ကမ္ဘာပေါ်က သက်တမ်းအရှည်အကြာဆုံး ပဋိပက္ခတစ်ခုဖြစ်တဲ့ အစ္စရေး-ပါလက်စတိုင်းပဋိပက္ခတွင် ပါဝင်ခဲ့သူပါ…။ ၁၉၄၈ခုနှစ်ကတည်းကစခဲ့တဲ့ဒီပဋိပက္ခဟာ လက်ရှိကာလအထိလည်း ဆက်ဖြစ်နေတုန်းပါပဲ….။ Ayyashဟာ ၁၉၉၀ ဝန်းကျင်၊ အစ္စရေးတွင် အသေခံဗုံးခွဲမှုများပြုလုပ်စေခဲ့တဲ့ Hamasအစ္စလာမ်တော်လှန်ရေး စစ်သွေးကြွတပ်ဖွဲ့ရဲ့ အဓိကဗုံးပြုလုပ်သူ ဖြစ်ပါတယ်။ ဗုံးအတတ်ကျွမ်းကျင်ခြင်း၊ လက်အောက်ငယ်သားများကို ဗုံးလုပ်နည်းသင်ပေးခြင်း၊ အသေခံဗုံးခွဲမှုပြုစေချင်းတွေကြောင့် ကမ္ဘာက သူ့နာမည်ကို “The Engineer”လို့ သိကြပါတယ်…။ သူကိုလုပ်ကြံသွားတာက Shabak(Shin Betလို့လည်းသိကြတဲ့) အစ္စရေး လျှို့ဝှက်ထောက်လှမ်းရေးကပါပဲ…။ အစ္စရေးသမိုင်းမှာ အကြီးမားဆုံး ရာဇဝတ်ကောင်ဖမ်းပွဲတစ်ခုကို မြင်တွေ့ရမယ် ဇာတ်ကားပဲဖြစ်ပါတယ်…။...

War Pony (2022) ⭐IMDB: 7.0/10 (2 k Votes) 🎬 #Drama 🗓 2022 🎞 movie 📺 #720p #1080p 💿 554.6 MB ⦿ 1.6 GB 🌎 #UnitedStates #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 55 မိနစ် 24 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီကားလေးကတော့ ရက်ဇ်ဆိုတဲ့ အမေရိကန်ဒေသခံတွေအတွက် သီးသန့်လုပ်ပေးထားတဲ့ မြေနေရာက လူငယ်တွေအကြောင်းကို ရိုက်ကူးထားတာပါ.. လမ်းဘေးကလေးတွေလိုပဲ ဆေးတွေသုံး၊ အလုပ်အကိုင်အတည်တကျမရှိ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ခိုးဝှက်ပြီး ပျက်ဆီးနေကြတဲ့ ထိုလူငယ်တွေအကြောင်းကို ကျောင်းသားတစ်ယောက်ဖြစ်တဲ့မာတိုနဲ့ ကလေးနှစ်ယောက်အဖေဖြစ်တဲ့ ဘီလ်ဆိုတဲ့လူငယ်တစ်ယောက် ထိုနှစ်ယောက်ကို သရုပ်ဖော်ပြီး ရိုက်ပြပေးထားတာပဲဖြစ်ပါတယ်....

Bel Ami (2012) ⭐IMDB: 5.4/10 (19 k Votes) 🎬 #Crime #Drama #History #Romance 🗓 2012 🎞 movie 📺 #720p #1080p 💿 550.0 MB ⦿ 1.2 GB 🌎 #UnitedKingdom #Italy #France ⏰ 1 နာရီ 42 မိနစ် 33 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Bel Ami (2012) နှုတ်ခမ်းနီမလေးတို့ရဲ့အသည်းကျော် Twilight ဗမ်ပိုင်းယားမင်းသားအဖြစ်လူသိများပြီး လတ်‌တ‌လောမှာလည်း Batman ကာရိုက်တာအဖြစ်နဲ့ အားလုံးရဲ့အာရုံကိုဖမ်းစားထားနိုင်တဲ့ ရောဘတ်ပတ်တင်ဆန်ရဲ့ ရှေးခေတ်နောက်ခံ ဒရာမာကားဟောင်းလေး‌တစ်ခုကို တင်ဆက်ပေးပါရစေ။ ဒီကားလေးထဲမှာ ရောဘတ်ပတ်တင်ဆန်က ဂျော့ဂ်ျစ်ဒူရွိုင်ဆိုတဲ့ ချောမောပြီး ဆွဲဆောင်မှုရှိတဲ့ ၂၆နှစ်အရွယ် ဆင်းရဲသားစစ်သားဟောင်းတစ်ဦးအဖြစ်ကနေ ပဲရစ်က လူကုံထဲအသိုင်းအဝိုင်းကြားကို တစ်စတစ်စဘယ်လိုတိုးဝင်မလဲဆိုတာကို စိတ်ဝင်တစားစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ ပဲရစ်လူကုံထံအသိုင်းအဝိုင်းမှာ ယောက်ျားတွေထက် မိန်းမတွေက လည်လည်ဝယ်ဝယ်အချက်အချာကျနေတာဟာ ဂျော့ဂ်ျစ်တစ်ယောက်အတွက် သူရဲ့နှစ်လိုဖွယ် ညှို့ဓာတ်ကို ကောင်းကောင်းအသုံးချစရာဖြစ်လာခဲ့တယ်။ သူဟာ ခြစ်ကုပ်နေထိုင်ရတဲ့ မီးရထားဝန်ထမ်းဘဝကနေ စာနယ်ဇင်းအယ်ဒီတာ၊ အတင်းအဖျင်းတို့ရဲ့ဥက္ကဌ၊ နိုင်ငံရေးသမားဆိုတဲ့ ရာထူးဂုဏ်သိမ်တွေကို စာကောင်းကောင်းလည်း မတတ်ပါဘဲနဲ့ ဘယ်လိုရောက်လာခဲ့လဲ… ဘယ်သူတွေကို ဘယ်လိုအသုံးချပြီး ဘယ််သူတွေဆီက ဘယ်လိုသတင်းတွေကိုရယူခဲ့လဲ… ဘယ်လိုအတက်အကျတွေ ရင်ဆိုင်ခဲ့ရလဲ… ဘယ်အမျိုးသမီးကို တကယ်ချစ်လျက်နဲ့ ဘယ်သူတွေနားပဲဝဲခဲ့ရလဲ… အစရှိတာတွေကို စောင့်စားကြည့်ရှုရမှာပဲဖြစ်ပါတယ်။ တစ်ခုထူးတာက ဒီကားထဲမှာ Cast ကြမ်းကြမ်းဆိုလို့ ရောဘတ်ပတ်တင်ဆန်တစ်ယောက်တည်းတင်မဟုတ်ဘဲ Kill Bill, Pulp Fiction တို့နဲ့ လူတိုင်းသိကြမယ့် Uma Thurman အပြင် Original Wednesday Addams နေရာကနေသရုပ်ဆောင်ခဲ့တဲ့ Christina Ricci ကိုပါ ရှူစားကြရဦးမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုJinaမှ ပြန်ဆို ရေးသားထားပါတယ်)...

Kolai (2023) ⭐IMDB: 5.2/10 (283 Votes) 🎬 #Action #Bollywood #Crime #Thriller #Mystery #Drama 🗓 2023 🎞 movie 📺 #720p #1080p 💿 787.8 MB ⦿ 1.8 GB 🌎 #India ⏰ 2 နာရီ 7 မိနစ် 25 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Kolai (2023) တစ်နေ့ရုံးတွင် စုံထောက်မလေး ဆန်ဒယာထံသို့ လူသတ်မှုတစ်ခုအကြောင်းသတင်းပေးပို့သဖြင့် သွားရောက်စုံစမ်းစစ်ဆေးရန်ထွက်လာခဲ့သည် သေဆုံးသူကောင်မလေးမှာ အောင်မြင်ကျော်ကြားလှပချောမောလှသောမော်ဒယ်မလေး လိုင်လာဖြစ်သည် သူကလေးမှာ သေဆုံးနေသည့်တိုင်ပစ်ရက်စရာမရှိ လှပကျော့ရှင်းနေသည့်အပြင် ပြုံးပြုံးလေးနှင့်ပင် သေဆုံးနေသည်ကိုတွေ့ရှိရလေသည် စုံထောက်မလေး ဆန်ဒယာအတွက် ပိုခေါင်းစားရသည်မှာ လိုင်လာသေဆုံးသောတိုက်ခန်းလေးမှာအချိန်ပြည့် အစောင့်များရှိသည့်အပြင် စီစီတီဗီများတပ်ဆင်ထားသည့် အိမ်ရာတစ်ခုဖြစ်သည့်အပြင်သေဆုံးချိန် အလောင်းကိုတွေ့ချိန်၌ အခန်းတွင်းမှ သော့ခတ်ထားခြင်းပင်ဖြစ်သည် ဆန်ဒယာတစ်ယောက် ဉာဏ်မမှီတော့သဖြင့် သူ့ရဲ့အနားယူသွားသောဆရာ ဗီနာရိခ်ကို လှမ်းပင့်ရပါတော့သည်ဆရာဗီနာရိခ်က ခေသူမဟုတ် မပေါ်သည့်အမှုမရှိ မြေလျှိုးနေတဲ့ တရားခံရှိရင်တောင် သူ့လက်ကလွတ်ရိုးမရှိ ရအောင်ဖော်ထုတ်ဖမ်းဆီးခဲ့သည် ဆားပုလင်းဗီနာရိခ်ပင်ဖြစ်လေသည် သပွတ်အူထက်ပင်ရှုပ်ထွေးလှသော အမှုကြီးကို ဆရာသမားက တစ်ရစ်ချင်းစီရှင်း ဘယ်လိုဖော်ထုတ်ပြမလဲမော်ဒယ်မလေးကိုသတ်ခဲ့တာ အချစ်ကြောင့်လား ငွေကြေးကြောင့်လား ရန်ငြိုးတွေလား စသည်ဖြင့်အကွက်စေ့စေ့ကြည့်ရှုရမဲ့အပြင် ဆရာမင်းသိင်္ခရဲ့ စုံထောက်ဝတ္ထုတွေလို အစကအဆုံးမထတမ်းကြည့်ချင်လောက်အောင် စိတ်ဝင်စားဖို့ ကောင်းတာမို့ CM ပရိတ်သတ်ကြီးရှေ့မှောက် အရောက်ပို့ပေးလိုက်ပါတယ် ဒီဇာတ်ကားကို စုံထောက်ဗီနာရိခ်အဖြစ် ဦးဆောင်ပါဝင်ထားတာက သူတောင်းစားကားထဲကမင်းသားပဲဖြစ်ပြီး မင်းသမီးလေးကလည်း တက်သစ်စချစ်စဖွယ်ကောင်မလေးမို့ cast ပိုင်းမှာလည်း စိတ်မျက်စေရပါဘူးဗျာအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ကပဲဖြစ်ပါတယ်...

The Girl Next Door 4 (2020) ⭐TMDB: 0.0% User Score 🎬 #Adult #Drama #Romance 🗓 2020 🎞 movie 📺 #720p 💿 255.2 MB ⦿ 831.8 MB 🌎 #SouthKorea ⏰ 1 နာရီ 9 မိနစ် 23 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ******************************အိမ်အသစ်ကို ပြောင်းလာတဲ့ ဂင်ဂျုံယွန်းဘေးအိမ်ကကောင်မလေးကို မြင်မြင်ချင်း သဘောကျသွားခဲ့ပါတယ်တစ်ဖက်မှာလည်း မိန်းကလေးတစ်ယောက်နဲ့ အတူနေချင်ပေမယ့် ကြောက်ရွံနေတာကြောင့်သူငယ်ချင်းဖြစ်သူရဲ့ ပြောပြမှုကြောင့် အိမ်တိုင်ရာရောက် ဝန်ဆောင်မှုပေးတဲ့ အနှိပ်သည်မလေးကို ခေါ်ပြီး အနှိပ်ခံပါတော့တယ်ဒီတော့ ဘေးအိမ်ကကောင်မလေးနဲ့အနှိပ်သည်မလေးကြားမှာ ဂျုံယွန်းတစ်ယောက် ဘယ်လိုတွေဆက်ဖြစ်မလဲ...

The Beauty and the Moody (2022) ⭐IMDB: 5.8/10 (91 Votes) 🎬 #Comedy #Romance 🗓 2022 🎞 movie 📺 #720p #1080p 💿 777.5 MB ⦿ 1.5 GB 🌎 #Colombia ⏰ 1 နာရီ 34 မိနစ် 3 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Un Rabon Con Corazon(2022)****************************အလှပဂေးလေးနဲ့ လူ့ဂွစာကြီးပါလို့ ကားနာမည်က အဓိပ္ပါယ်ရပါတယ်…အလှပဂေးလေးဆိုတဲ့အတိုင်း ကိုလံဘီယာမင်းသမီးချော Lina Tejeiroရဲ့ အလှအပတွေကိုတစ်ကားလုံးတစ်ဝကြီးမြင်တွေ့ရမှာပါ…။ရိုးရိုးယဥ်ယဥ်လေးကတစ်နည်း ဆွဲဆောင်မှုပြင်းပြင်းကတစ်ဖုံနဲ့ကို ခံစားရမှာပါ…။ဇာတ်လမ်းထဲမှာတော့ သူဟာ အမျိုးသားထု အသုံးတော်ခံရွှေကြာလေးအဖြစ်သရုပ်ဆောင်ထားပြီး ဘဝအတွက် ငွေရှာရင်းရုန်းကန်နေရသူပါ…။တစ်နေ့မှာတော့ သူ့ဆီကို လူတစ်သိုက်က အလုပ်လာကမ်းလှမ်းပါတယ်…။အလုပ်ကတော့ လူ့ဂွစာကြီးတစ်ယောက်ကိုပြုပြင်ပေးဖို့၊ လူ့ဂွစာကြီးနေထိုင်ရာတိုက်ခန်းကနေ ထွက်သွားအောင်ဖြားယောင်းပေးဖို့ပါ….။ဒီလူ့ဂွစာကြီးကဟာ ဘယ်လောက်တောင်ဆိုးလဲဆိုရင် ညကြီးအချိန်မတော် သီချင်းတွေအကျယ်ကြီးဖွင့်လို့ဖွင့်၊ ကားကိုလည်း စည်းမရှိကမ်းမရှိ အပေါက်ဝပိတ်ရပ်လို့ရပ်နဲ့၊ပြောမကုန်တဲ့ နည်းမျိုးစုံနဲ့ သူ့အိမ်နီးချင်းတွေကို ဒုက္ခမျိုးစုံပေးသူပါ….။ကြာတော့ အိမ်နီးချင်းတွေက မခံနိုင်ဖြစ်လာပြီး ရွှေကြာလေးကို ငှားကာ လူ့ဂွစာကြီးကိုနှင်ချဖို့ကြံပါတယ်….။ဒီတော့ အလှပဂေးလေးနဲ့ လူ့ဂွစာကြီးဇာတ်လမ်းက ဘယ်လိုဖြစ်သွားမလဲဆိုတာကို မင်းသမီးကြည့်ရရုံနဲ့တန်တဲ့ ဒီSpanish Comedy Movieလေးထဲမှာကြည့်ရှုလို့ရပါပြီ။...

The Communion Girl (2022) ⭐IMDB: 5.3/10 (809 Votes) 🎬 #Horror 🗓 2022 🎞 movie 📺 #1080p #720p 💿 1.2 GB ⦿ 503.3 MB 🌎 #Spain ⏰ 1 နာရီ 39 မိနစ် 47 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Communion Girl (2022)===================== Horror ဇာတ်လမ်းဆိုရင် Annabelle ကို ပြေးမြင်ရတဲ့အထိ အရုပ်လေးတစ်ရုပ်ရဲ့ ဖြစ်တည်မှုက လူတွေကို Trauma ရတဲ့အထိ သွေးပျက်စေခဲ့ဖူးတယ်မဟုတ်လား။ ဒီဇာတ်လမ်းကလည်း အရုပ်လေးတစ်ရုပ်ကနေ စတင်လာခဲ့တဲ့ ကြောက်မက်ဖွယ် ကျိန်စာသင့်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ။ ဆာရာ ဆိုတဲ့ ကောင်မလေးတို့ မိသားစုက မြို့လေးတစ်မြို့ဆီကို ပြောင်းရွှေ့လာကြတဲ့ လူသစ်တွေပါ။ နေရာအသစ် ကျောင်းအသစ်မှာ ဆာရာ့အတွက် တစ်ဦးတည်းသောအဖော်က ရေဘက်ကာဆိုတဲ့ ခပ်ဆိုးဆိုးကောင်မလေးတစ်ယောက်ပါပဲ။ တစ်ရက်မှာတော့ ဆာရာတို့ သူငယ်ချင်းနှစ်ယောက် တခြားမြို့က ကလပ်တစ်ခုဆီ သွားပျော်ခဲ့ကြတယ်။ အပြန်လမ်းမှာတော့ ကလပ်မှာတွေ့ခဲ့တဲ့ ကောင်လေးနှစ်ယောက်ရဲ့ကားကို လိုက်စီးကြရင်း တောလမ်းတစ်နေရာစီ အရောက်မှာတော့ ဝတ်စုံဖြူဝတ်ထားတဲ့ကောင်မလေးတစ်ယောက်ကို ကားနဲ့ တိုက်မိမလို ဖြစ်သွားခဲ့တယ်။ သူတို့တွေ ကားပေါ်ကနေ ဆင်းပြီး ရှာကြတဲ့အချိန်မှာတော့ ကောင်မလေးအစား အရုပ်လေးတစ်ရုပ်ကိုပဲ တွေ့ခဲ့ကြရတယ်။ မြို့ခံကောင်လေးတွေကတော့ ဒီအရုပ်ရဲ့ ရာဇဝင်ကို သိထားကြပေမဲ့ ဆာရာကတော့ မသိခဲ့ပါဘူး။ဒီလိုနဲ့ ဆာရာတစ်ယောက် အဲဒီအရုပ်လေးကို အိမ်ကိုသယ်လာခဲ့ပြီး နောက်ပိုင်းမှာတော့…….။အရုပ်ဆိုရင် မြင်တောင်မမြင်ချင်တဲ့အထိ ဖြစ်စေဦးမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့May The Khine Soe ဖြစ်ပါတယ်)...

Delta (2022) ⭐IMDB: 5.6/10 (177 Votes) 🎬 #Drama 🗓 2022 🎞 movie 📺 #1080p #720p 💿 1.7 GB ⦿ 1021.7 MB 🌎 #Italy ⏰ 1 နာရီ 41 မိနစ် 21 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီရုပ်ရှင်ဟာ ဒယ်လ်တာလို့အမည်ရတဲ့ မြစ်ဝှမ်းမှာရှိတဲ့ တံငါသည်တွေနဲ့ ပိုင်နက်ကျူးကျော် ငါးခိုးဖမ်းသမားတွေအကြားက ပဋိပက္ခကို ဇာတ်အိမ်တည်ပြီးရိုက်ကူးထားပါတယ်။ အိုဆိုဟာ သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးအဖွဲ့ကို တည်ထောင်ထားပြီး ဒယ်လ်တာမြစ်ကို ဖလော်ရီယန်တွေရဲ့ အလွန်အကျွံငါးဖမ်းခြင်းကနေ ကယ်တင်‌ဖို့ကြိုးစားနေသူတစ်‌ယောက်ပါ။ တစ်ဖက်က ငါးခိုးဖမ်းတဲ့ ဖလော်ရီယန်တွေဘက်မှာတော့ ဒယ်လ်တာဒေသမှာကြီးပြင်းလာခဲ့တဲ့ အီလီယာဆိုတဲ့သူရှိပါတယ်။ အိုဆိုတို့အဖွဲ့ဟာ ဒယ်လ်တာမြစ်အတွင်း ရှော့ရိုက်ပြီး အများအပြားဖမ်းဆီးခံထားရတဲ့ ငါးအသေကောင်တွေကိုရှာတွေ့လာရမှ နောက်ကွယ်ကတရားခံကို လိုက်လံဖော်ထုတ်ရင်းကနေ တံငါသည်တွေနဲ့ ငါးခိုးဖမ်းသူတွေအကြား မထင်မှတ်ထားတဲ့ ပဋိပက္ခတွေဆက်လက်ဖြစ်ပွားလာပြီး ကာအူဆိုနဲ့ အီလီယာတို့နှစ်ဦး မြူတွေအုံ့မှိုင်းနေတဲ့ ဒယ်လ်တာဒေသမှာ ထိပ်တိုက်ရင်ဆိုင်တွေ့ကြပါတော့တယ်။ ဒီရုပ်ရှင်ဟာ ဇာတ်အိမ်ပိုင်းမှာ အားနည်းတယ်လို့ဆိုနိုင်ပေမယ့် စီနီမက်တစ်ရိုက်ချက်တွေကိုတော့ အားထည့်ထားပါတယ်။ အထူးသဖြင့် မြူအုံ့မှိုင်းနေတဲ့ မြစ်ဝှမ်းဒေသကို ဒရုန်းရိုက်ချက်တွေ၊ အေးစက်ထိုင်းမှိုင်းတဲ့ကာလာတွေနဲ့ ရိုက်ကူးပုံဖော်ထားတဲ့အပြင် အီတလီရုပ်ရှင်ဖြစ်တာကြောင့် အသစ်အဆန်းကိုစမ်းကြည့်ချင်တဲ့သူတစ်‌ယောက်ဆိုရင်တော့ သေချာပေါက်ကြည့်ရှုသင့်ပါတယ်။...

Last Summer (2021) ⭐IMDB: 6.3/10 (3 k Votes) 🎬 #Drama #Romance 🗓 2021 🎞 movie 📺 #720p #1080p 💿 753.1 MB ⦿ 1.6 GB 🌎 #Turkey ⏰ 1 နာရီ 42 မိနစ် 44 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Last Summer (or) Geçen Yaz (2021)===============IMDb Rating – 6.3/10 ဒီဇာတ်ကားလေးကို ကြည့်မိတော့လည်း ကလေးဘဝတုန်းကဇာတ်လမ်းလေးတွေကိုတောင် ပြန်သတိရမိတယ်။ နွေရာသီအားလပ်ရက် အချစ်ဇာတ်လမ်းလေး အနည်းဆုံး တစ်ခုလောက်တော့ ရှိဖူးကြမယ်ထင်ပါတယ်။ နွေရာသီရောက်လို့ အမှတ်တရတွေ တွေးမိချိန်တိုင်း အမောပြေစေမဲ့ တစ်ချိန်တစ်ခါက ကြုံခဲ့ဆုံခဲ့ရသူလေးနဲ့ ခဏတာရိုမန့်စ်လေးပေါ့။ Last Summer ဆိုတဲ့ ဒီဇာတ်ကားလေးမှာလည်း Daniz ဆိုတဲ့16 နှစ်သား လူပျိုဝင်ခါစ ကောင်လေးတစ်ယောက်ရဲ့ နွေရာသီအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို ကြည့်ရှုရမှာပါ။ တူရကီနိုင်ငံကရိုက်ကူးထားတာဖြစ်လို့ နွေဇာတ်လမ်းလေးနဲ့ အကိုက် ကမ်းခြေမှာဘစ်ကနီလေးနဲ့ တူရကီသူချောချောလေးတွေကိုလည်း တစ်ဝငေးရင်းDaniz တစ်ယောက်ရဲ့ နွေရာသီအချစ်ဇာတ်လမ်းလေးကို ကြည့်ရှုခံစားလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thetti Tun ဖြစ်ပါတယ်)...

树上有个好地方2:美术老师的放羊班 (2023) ⭐TMDB: 0.0% User Score 🎬 #Drama 🗓 2023 🎞 Movie 📺 #720p #1080p 💿 599.7 MB ⦿ 1.0 GB 🌎 #China ⏰ 1 နာရီ 34 မိနစ် 6 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဘာမှမသိနားမလည်တဲ့ အရိုင်းဆန်တဲ့ ပန်းချီပါရမီရှင်လေးကိုအလယ်တန်းကျောင်းက အနုပညာဆရာကနေပြီး ပျိုးထောင်ပေးတဲ့ကျောင်းသားကားလေး တင်ဆက်ပေးလိုက်ပါတယ်။ ၁၉၉၀ကျော် ကျေးလက်မှာအနုပညာမဖွံ့ဖြိုးသေးတဲ့အချိန်မှာအလယ်တန်းကျောင်းသားလေးတစ်ယောက်ဟာပန်းချီကလွဲပြီးကျန်တဲ့စာတွေသင်ဖို့စိတ်မဝင်စားပါဘူး။ သိပ္ပံ၊ဝိဇ္ဇာဘာသာတွဲကိုသာအလေးထားတဲ့ ရွာကျောင်းလေးမှာသူဟာသင်းကွဲတစ်ယောက်ဖြစ်နေတော့တာပေါ့။ဆရာတိုင်းကသူ့ကိုအော့ကြောလန်ပြီး ပြဿနာကောင်လို့သဘောထားကြတဲ့အချိန်မှာ မြို့ကနေ အနုပညာဆရာတစ်ယောက်ရောက်လာပါတယ်။ အနုပညာကိုအလေးထားရကောင်းမှန်းမသိတဲ့ ရွာကျောင်းလေးမှာအနုပညာဆရာလုပ်ရတာလဲ မလွယ်လှဘူး။ပန်းချီပါရမီရှိတဲ့ကျောင်းသားလေးကို အနုပညာကျောင်းကိုပို့နိုင်ဖို့အတွက်ကြိုးစားကြပုံကို အားတက်စရာ ခံစားကြည့်ရှုရမှာဖြစ်ပါတယ်။...

Winning Time: The Rise of the Lakers Dynasty (2022- ) ⭐IMDB: 8.3/10 (23 k Votes) 🎬 #Comedy #Drama #Biography #Sport 🗓 2022- 🎞 tv series 📺 #1080p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 47 မိနစ် 28 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Winning Time: The Rise of the Lakers Dynasty (2022) Season 01 CompleteWinning Time: The Rise of The Lakers Dynasty (2022) Season 01 Complete  ~ IMDb – 8.3/10, Rotten Tomatoes – 85% ~ ဘတ်စကတ်​ဘောဆိုတဲ့ ကစားနည်းအ​ကြောင်း အကျွမ်းတဝင် မရှိရင်​တောင် မိုက်ကယ်​ဂျော်ဒန်၊ ကိုဘီဘရိုင်ယန့်၊ လီဘရွန်ဂျိမ်း ဆိုတဲ့ နာမည်တွေကို​ လူတိုင်းကြားဖူးကြမှာပါ။ တကယ်လို့များ သင်ဟာ အားကစား​နည်းတွေကို စိတ်ဝင်စားတဲ့သူ ဆိုရင်​တော့ NBA​ ခေါ် အ​မေရိကန်ဘတ်စကတ်​ဘောလိဂ်ကို ​​သေချာ​ပေါက် သိ​နေမှာပါ။ NBA ပရိသတ်အစစ်ဆိုရင်​တော့ ​လော့စ်အန်ဂျလိစ်အ​ခြေစိုက် LA Lakers အသင်းကို သိကိုသိ​နေမှာပါ။ ဒီဇာတ်လမ်းတွဲကို HBO Max က​နေ ပြသထားတာဖြစ်ပြီး LA အ​ခြေစိုက် နာမည်​ကျော် LA Lakersအသင်း ​အောင်မြင်မှု​တွေ ဆက်တိုက်ရယူနိုင်ဖို့ အစပျိုးခဲ့တဲ့ ၁၉၇၈-၁၉၇၉ခုနှစ်ကာလကို ပြန်လည်ပြီး ပုံ​ဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ LA Lakers ဟာ လက်ရှိမှာ NBA ချန်ပီယံရှစ်ဆုကို ၁၇ကြိမ်တိတိ ပိုင်ဆိုင်ပြီး Boston Celtics အသင်းနဲ့အတူ အ​အောင်မြင်ဆုံးအသင်း​တွေအဖြစ် ရပ်တည်​နေတာပါ။ အ​မေရိကန်​တွေရဲ့ သည်း​ခြေကြိုက်အားကစား​တွေထဲက တစ်ခုဖြစ်သလို ကွင်းတွင်းကွင်းပြင် Icon ကြီးမားလွန်းတဲ့ LA Lakers အသင်းဖြစ်​နေလို့ Setting designs နဲ့ Soundtracks​ ပိုင်း​တွေ Script​s တွေကို ​သေချာ​ပြင်ဆင်ထားသလို ရိုက်ထားတဲ့ပုံစံက အ​တော်​လေး ဆန်းသစ်ပါတယ်။ ဇာတ်​ကောင်တိုင်းက Fourth Wall ကို break ရင်း ဇာတ်​ကောင်နဲ့ ဇာတ်လမ်းသွားကို ပီပြင်စွာ တင်ဆက်ထားပါတယ်။ IMDb မှာ 8.3/10 နဲ့ RT က 85% ရထားလို့ rating အကြမ်းစားကို ရထားတယ်လို့ပြောရမှာပါ။ စဆုံး 10 ပိုင်းရှိပြီး ဖြည်းဖြည်းချင်းတင်​ဆက်​ပေးသွားပါ့မယ်။ ၁၉၆၀ – ၇၈ ကာလ​တွေမှာ LA Lakers အသင်းဟာ ဆုဖလား ​​​​​​အောင်မြင်မှု​တွေနဲ့ လက်တစ်ကမ်းအလိုကို ရောက်မှ အမြဲတမ်း ခါးသီးပြိုင်ဖက် Boston Celtics ရဲ့ ​နောက်​ကောက်ချခြင်းကို ​တောက်​လျှောက်ခံ​​နေရသလို ဗိုလ်လုပွဲ၆ကြိမ်ဆက် တက်ပြီးမှ ၆ကြိမ်လုံးရှုံးခဲ့ရတာကလည်း Lakers​ တွေအတွက် ​အ​တော်ကို အထိနာ​စေခဲ့တာပါ။ ဒီလိုနဲ့ ၁၉၇၈-၇၉အ​​ရောက်မှာ LA Lakers တို့အတွက် ​ရွှေထီး​ဆောင်း​စေမယ့် Winning Time အခိုက်အတန့်ကြီး၂ခု ဖြစ်ခဲ့ပါတယ်။ တစ်ခုက​တော့ Dr.Jerry Buss က LA Lakers အသင်းကို ဝယ်ယူခဲ့တာဖြစ်ပြီး ​နောက်တစ်ခုက​တော့ NBA ရဲ့ ၁၉၇၉ နွေရာသီလူသစ်​ရွေးပွဲမှာ Magic Johnson လို့​ ခေါ်တဲ့ ၁၉နှစ်သား လူငယ်ကစားသမား​လေးကို ​ခေါ်ယူခဲ့တာပါ။ ထိုအချိန်ကစလို့ ပိုင်ရှင် Dr.Buss, နည်းပြဖြစ်သူ Jerry West နဲ့ Johnson တို့ ကစားသမားအဖွဲ့ဟာ NBA သမိုင်း​​တ​လျောက်မှာ အ​အောင်မြင်ဆုံး ဖြစ်လာမယ့် LA Lakers အသင်းရဲ့ ​​Golden Era ကို စတင်အ​ကောင်အထည်​ဖော်ခဲ့ပါ​တော့တယ်။ ဒီ Sports History series မှာ​တော့ LA Lakers အသင်းရဲ့ ​အောင်မြင်မှု၊ ကျရှုံးမှု၊ အနိမ့်အမြင့် အတက်အကျ​တွေကို Entertainment တဖြစ်လဲ Knowledge လည်းရမယ့် ပုံစံမျိုးနဲ့ ကြည့်ရှုရမှာပါ။ (ဒီစီးရီးကို အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ JimX ပဲဖြစ်ပါတယ်။)Size ~ 700MB+...

Our Idiot Brother (2011) ⭐IMDB: 6.4/10 (90 k Votes) 🎬 #Comedy #Drama 🗓 2011 🎞 movie 📺 #1080p #720p 💿 917.6 MB ⦿ 1.6 GB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 30 မိနစ် 7 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီနေ့မှာတော့ 2011 ကထွက်ရှိထားတဲ့ IMDb 6.4 နဲ့ Rotten tomatoes မှာ 70% ထိရရှိထားတဲ့ Comedy ကားကောင်းလေးတင်ဆက်ပေးမှာပါ ပါဝင်တဲ့ Cast တွေက ကိုယ်တွေနဲ့ မစိမ်းတဲ့ Paul Rudd တို့ Rom-com ကားတိုင်းရဲ့ ပင်တိုင်စံမင်းသမီးလိုဖြစ်တဲ့ Zooey Deschanel တို့အပြင်တခြားမင်းသမီးကြီးတွေလည်း ပါဝင်တာမို့ ဇာတ်အိမ်ခိုင်ပြီး မျက်စိပဒါသပါဖြစ်စေပါတယ်။ ဇာတ်အိမ်လေးက အိမ်တစ်အိမ်ရဲ့ ဆည်းလည်းလေးတစ်ခုအကြောင်းပေါ့ ၊ ရှိရင်လည်းဆဲတဲ့သူသာလဲသေသွားမယ်အချိုးတော့မပြင်တာမျိုး။ မရှိရင်ကျဟာတာတာဖြစ်သွားတာမျ်ိုးမို့ မိသားစုရဲ့နွေးထွေးတဲ့ Vibe လေးကိုဟာသနှောပြီး ကြည့်ရှုရမှာပါ (လူကြီးဟာသတွေပါတာမို့ မိသားစုနဲ့ကြည့်ဖို့တော့ သိပ်မသင့်တော်ပါဘူ...

Follow Me (2020) ⭐IMDB: 5.4/10 (12 k Votes) 🎬 #Adventure #Horror #Mystery #Thriller 🗓 2020 🎞 movie 📺 #1080p #720p 💿 1.9 GB ⦿ 846.0 MB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 32 မိနစ် 23 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Follow Me (2020) အသက်လုပြီး လွတ်မြောက်အောင်လုပ်ရတဲ့ သည်းထိတ်ရင်ဖိုဇာတ်လမ်းတွေ ကြိုက်နှစ်သက်တဲ့သူတွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ ကိုးလ်ဆိုတဲ့ကောင်လေးက ပရိသတ်တွေမဲပေးတဲ့နေရာစုံကိုသွားပြီး လျှို့ဝှက်သည်းဖို Challenge တွေလုပ်ပြတဲ့ Youtuber တ​စ်ယောက်ပါ။ ကိုးလ်က သူ့ချန်နယ် ၁၀ နှစ်ပြည့်တဲ့အထိမ်းအမှတ်အတွက် ရိုက်ကူးမယ့်နေရာကို Follower တွေဆီ မဲကောက်ရင်း ရုရှားနိုင်ငံ မော်စကိုကိုသွားဖို့အကြောင်းဖန်လာပါတယ်။ ကိုးလ်တို့အဖွဲ့ထဲက ဒက်ရှ်ဆိုတဲ့သူငယ်ချင်းရဲ့ ရုရှားကအသိတစ်ယောက်က ကိုးလ်ရဲ့ Content တွေကိုသဘောကျပြီး သူတို့ဆီက Escape Room Challenge မှာပါဝင်ကစားဖို့ ဖိတ်လိုက်ပါတယ်။ ကိုးလ်တို့အဖွဲ့ကို အဆောက်အဦးတစ်ခုထဲပိတ်ထားပြီး အချိန်မပြည့်ခင် Puzzle တွေကိုအဖြေရှာပြီး သူငယ်ချင်းတွေကိုကယ်ထုတ်ရမှာပါ။ အစပိုင်းမှာတော့ ကစားပွဲတစ်ခုသက်သက်ပဲလို့ထင်ခဲ့ပေမဲ့ တခုခုမှားယွင်းနေပြီဆိုတာ သတိထားမိတဲ့အချိန်မှာ ကိုးလ်တို့အဖွဲ့နောက်ကျသွားပြီလား… ကိုးလ်တစ်ယောက် သူ့သူငယ်ချင်းတွေကို အောင်အောင်မြင်မြင်ကယ်ထုတ်နိုင်မှာလား… ဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုကြရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုHnin Ei Paiမှ ပြန်ဆို ရေးသားထားပါတယ်)...

Young Sheldon (2017- ) ⭐IMDB: 7.6/10 (79 k Votes) 🎬 #Comedy #Family 🗓 2017- 🎞 tv series 📺 #1080p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 19 မိနစ် 20 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Young Sheldon (2017) The Big Bang Theory ထဲက လူ့ဂွစာ၊ လူမှုရေးမသိတတ်၊ ဟာသကိုနားမလည်၊ လူတောသိပ်မတိုးတဲ့ ပါရမီရှင် ရူပဗေဒပညာရှင် ရှယ်ဒန် လီ ကုပါး ကို မှတ်မိကြမှာပေါ့ဗျာ။ အခုကတော့ သူ့ရဲ့ spinoff series ဖြစ်တဲ့ Young Sheldon ကိုတင်ဆက်ပေးမှာပါ။ ဒီတော့ The Big Bang Theory ကြည့်ဖူးသူတွေအနေနဲ့တော့ ဘာမှပြောစရာသိပ်မလိုတော့ပါဘူး။ အခုမှ စကြည့်မယ်ဆိုရင်လည်း ဒီ series ကို အရင်ကြည့်ပြီးမှ The Big Bang Theory ကိုဆက်ကြည့်ရင် ပိုကောင်းပါတယ်။ ဒီ series မှာတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ အဲလ်ဘတ် အိုင်းစတိုင်း နဲ့ IQ အတူတူဖြစ်နေတဲ့ ကိုးနှစ်သားကောင်လေးတစ်ယောက်ကို မြင်ရပါမယ်။သိပ်ဉာဏ်ကောင်းလွန်းနေတော့ အမွှာညီမ မူလတန်းကျောင်းမှာ လက်ချောင်းပန်းချီလေးတွေဆွဲ၊ တီဗီကလာတဲ့ “ဘဲပုံပြင်” ကြည့်နေချိန်မှာ သကောင့်သား ရှယ်ဒန် ကတော့ သောက်ကြီးသောက်ကျယ်နဲ့ အထက်တန်းကျောင်းက ဂရိတ်နိုင်းမှာ ကျောင်းတက်နေပြီပေါ့။ ဒီတော့ နဂိုကမှ လူမှုရေးမသိတတ်တဲ့ လူဂွစာ ကိုးနှစ်သား ရှယ်ဒန် တစ်ယောက် အထက်တန်းကျောင်းမှာ လူတကာကိုလိုက်ဝေဖန်၊ အရည်အချင်းတွေ ထုတ်ပြနေလို့ လူတကာသောက်မြင်ကပ်နေတဲ့ မောင်ကြီးကျယ်လေးအဖြစ် တပြုံးပြုံးကြည့်ရဦးမယ့် series တစ်ခုပါပဲလို့။ File size…(491 GB)/(231 MB)...

Yahoo+ (2022) ⭐IMDB: 3.9/10 (32 Votes) 🎬 #Thriller #Drama 🗓 2022 🎞 movie 📺 #720p #1080p 💿 405.4 MB ⦿ 897.9 MB 🌎 #Nigeria ⏰ 1 နာရီ 24 မိနစ် 47 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာတော့ Thriller movie လေးတစ်ခုဖြစ်တဲ့ Yahoo+ ကိုတင်ဆက်ပေးမှာဖြစ်ပါတယ် ဇာတ်လမ်းလေးကတော့ ဆင်းရဲတဲ့နိုင်ငံကနေ ရုန်းထွက်‌နိုင်အောင်ကြိုးစားကြတဲ့ ဇာတ်ကားလေးဖြစ်ပါတယ် Yahoo ဆိုတာ internet scam လုပ်တာဖြစ်ပြီးတော့ Yahoo+ ဆိုတာကတော့ ပိုဆိုးတဲ့ ပုံစံပေါ့ ဒီဇာတ်ကားလေးမှာတော့ ဘယ်လောက်ကြိုးစားကြိုးစား မအောင်မြင်နိုင်ဖြစ်နေတဲ့ အဘာချာနဲ့ အိုစီဆိုတဲ့ ကောင်လေးနှစ်ယောက်ဟာ ဟောင်ကောင်က အသိနဲ့ Yahoo+ ဆိုတာကြီးကို ဘာမှ မသိဘဲ စလုပ်ကြပါတော့တယ် သူတို့တာဝန်ကတော့ ပြည့်တန်ဆာနှစ်ယောက်ခေါ်ပြီး အိပ်ဆေးခတ်ဖို့ပဲဖြစ်ပါတယ် ဒါပေမဲ့ သူတို့ခေါ်လိုက်တဲ့ ပြည့်တန်ဆာနှစ်ယောက်ထဲမှာ တစ်ယောက်က အဘာချာရဲ့ ကောင်မလေးဖြစ်နေပါတော့တယ် ဒီလိုနဲ့ အဘာချာ တစ်‌ယောက် နောက်ပြန်လှည့်လို့မရတဲ့အခြေအနေမှာ ဆက်လည်းမလုပ်ချင်ဖြစ်နေပါတော့တယ် သူတို့လုပ်မယ့် Yahoo+ ဆိုတာကရော တကယ်က ဘာများဖြစ်မလဲ အဘာချာ တစ်ယောက်ရော ဘယ်လိုတွေ ဆက်လုပ်သွားမှာလဲဆိုတာကိုတော့ ကြည့်ရှူလိုက်ကြပါဦးခင်ဗျာ...

The Muppets (2011) ⭐IMDB: 7.1/10 (95 k Votes) 🎬 #Comedy #Music #Adventure #Family #Musical 🗓 2011 🎞 movie 📺 #720p #1080p 💿 1.2 GB ⦿ 2.2 GB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 43 မိနစ် 👑 Channel Myanmar ဇာတ်ညွှန်း 📜 မားပက်ထ်ဆိုတာက ငယ်ငယ်က‌ကလေးတိုင်းရဲ့အကြိုက်ဆုံး တီဗီရှိုးတစ်ခုဖြစ်ခဲ့ပြီး မားပက်ထ် character တွေဟာလည်း အားလုံးရဲ့အချစ်ခံတွေ ဖြစ်ခဲ့တာပေါ့။ ဒါပေမဲ့လည်း ကမ္ဘာကြီးက တိုးတက်ပြောင်းလဲလာတာနဲ့အမျှ ပိုကောင်းပြီးလူကြိုက်များတဲ့ တီဗီရှိူးတွေက အစားထိုးဝင်ရောက်လာခဲ့ပြီး မားပက်ထ်ရှိုးကတော့ အပိုင်းသစ်ရိုက်ကူးခြင်းလည်းမရှိတော့သလို မားပက်ထ်ဇာတ်ကောင်တွေကိုယ်တိုင်လည်း တကွဲတပြားစီနဲ့ တိမ်မြုပ်ပျောက်ကွယ်ကုန်ကြပါတယ်။ မားပက်ထ်စတူရီယိုကိုယ်တိုင်တောင် ပရိသတ်တွေအတွက် အလည်အပတ်နေရာတစ်ခုအဖြစ်ပဲ ကျန်ရှိပါတော့တယ်။ ဝေါလ်တာကတော့ စမောတောင်းလို့ခေါ်တဲ့ မြို့ငယ်လေး‌တစ်မြို့က ကောင်လေးတစ်ယောက်ဖြစ်ပြီး မားပက်ထ်ကိုအရူးအမူးစွဲလမ်းသူပါ။ ဒီလိုနဲ့တစ်ရက်မှာတော့ ဝေါ်လ်တာရယ်၊ သူ့အစ်ကိုဂယ်ရီနဲ့ မယ်ရီတို့ဟာ အလည်အပတ်ခရီးထွက်ရင်း မားပက်ထ်စတူရီယိုကို ရောက်လာကြပါတယ်။ ဒီမှာတင်ထင်မှတ်မထားဘဲ ဆိုးဝါးတဲ့ရေနံလုပ်ငန်းရှင်တစ်ယောက်ရဲ့ စတူရီယိုကိုဖြိုချပြီး ရေနံတူးမဲ့အစီအစဉ်ကို ကြားခဲ့ရပါတယ်။ မားပက်ထ်တွေအနေနဲ့ကလည်း ပိုင်ဆိုင်မှုလွဲအပ်ကြောင်းစာချုပ်က ချုပ်ဆိုပြီးသားဖြစ်နေပြီး စာချုပ်ဖျက်သိမ်းဖို့ တစ်ခုတည်းသောနည်းလမ်းက ဒေါ်လာ (၁၀) မီလီယံလျော်ဖို့ပါပဲ။ ဒီလိုနဲ့သုံးယောက်သားဟာ မားပက်ထ်ကိုပြန်ကယ်တင်ဖို့ရည်ရွယ်ချက်နဲ့ တကွဲတပြားစီဖြစ်နေတဲ့ မားပက်ထ်တွေကို လိုက်လံစုစည်းပါတော့တယ်။ The Muppets ဇာတ်ကားဟာ 2011 တုန်းကထွက်ရှိခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး Musical ကားတစ်ကားဖြစ်ပေမဲ့ ပျင်းစရာကောင်းလောက်အောင် သီချင်းတွေဆိုနေတာမျိုးမဟုတ်ဘဲ comedy ဆန်ဆန်နဲ့ ကြည့်ရှုသူကိုဆွဲခေါ်သွားပြီး IMDB rating 7.1 အထိရရှိထားတာမို့ အားလပ်ရက်မှာ အပန်းဖြေရင်းကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ...