ဇာတ်ညွှန်းများ • FDMN
Yopiq kanal
Ma'lumot yo'q
Obunachilar
-524 soatlar
-47 kun
+730 kun
Postlar arxiv
Insidious: The Red Door (2023)
⭐IMDB: 5.9/10 (17 k Votes)
🎬 #Horror #Mystery #Thriller
🗓 2023 🎞 movie
📺 #4K #1080p #720p
💿 2.3 GB ⦿ 1.2 GB ⦿ 425.2 MB
🌎 #UnitedStates #Canada #UnitedStatesofAmerica
⏰ 1 နာရီ 49 မိနစ် 4 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Insidious: The Red Door(2023)
*****************************နာမည်ကျော် သရဲကား ရုပ်ရှင်တွဲတွေဖြစ်တဲ့ Insidious ရုပ်ရှင်တွေထဲက
နောက်ဆုံးထွက် ၅ ရုပ်ရှင်ဖြစ်ပါတယ်။ လိပ်ပြာလွှင့်ရာကနေ ပရလောက
မကောင်းဆိုးဝါးတွေနဲ့ ကြုံရပုံကို အခြေခံထားတဲ့ ဇာတ်လမ်းတွေပါပဲ။ ၅ ကားရဲ့နာမည်တွေကတော့Insidious 2011Insidious: Chapter 2 2013Insidious: Chapter 3 2015Insidious: The Last Key 2018Insidious: The Red Door 2023 တို့ပါပဲ။
ဒီငါးကားထဲမှာ ဘယ်သူ့မေးမေး ပထမဆုံး ရုပ်ရှင်က ကြောက်စရာအကောင်းဆုံးလို့ ပြောမှာပါပဲ။
ကျန်တဲ့ရုပ်ရှင်တွေလည်း မဆိုးလှပေမဲ့ ဂျိမ်းစ်ဝန် ရိုက်ခဲ့တဲ့ ပထမဆုံးရုပ်ရှင်ကိုတော့ မမီကြပါဘူး။
ဒီကားကတော့ အရင်ဒါရိုက်တာတွေမဟုတ်ဘဲ ဒီရုပ်ရှင်ရဲ့ ခေါင်းဆောင်မင်းသား Patrick Wilson
ကိုယ်တိုင် ပထမဆုံး ဒါရိုက်တာလုပ်ပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်း
ဂျော့ရှ် နဲ့ ဒေါ်တန် တို့ သားအဖဟာ ကိုမာဝင်ခဲ့တဲ့ကိစ္စရယ် သရဲပူးပြီး မိသားစုကိုပြန်ရန်ရှာတဲ့ကိစ္စတွေရယ်ကို
မေ့ပျောက်ဖို့အိပ်မွေ့ချဆရာအကူအညီနဲ့ မှတ်ဉာဏ်တွေကို မသိစိတ်ထဲမှာ ဖုံးကွယ်ထားလိုက်ကြပါတယ်။
ဒီလိုနဲ့ ၉ နှစ်ကြာလာတဲ့အထိ အဲဒီတုန်းကအဖြစ်တွေကို ဝေဝေဝါးဝါးနဲ့သတိမရဘဲ
နေထိုင်လာကြတာပါ။ ဒါပေမဲ့ သားအကြီး ဒေါ်တန် ကောလိပ်တက်ရတဲ့အချိန်ရောက်လာပြီး
ကောလိပ်မှာ ထူးဆန်းတာတွေနဲ့ စကြုံလာတဲ့အခါ…ဂျော့ရှ် ကလည်း သူ့ရဲ့အတိတ်ကို ပြန်မှတ်မိဖို့ ကြိုးစားရင်းနဲ့ ကြောက်စရာတွေကြုံတွေ့လာတဲ့အခါ…
သားအဖနှစ်ယောက်အတင်းမေ့ပစ်ထားတဲ့ အတိတ်ကို ပြန်ရင်ဆိုင်ရပါတော့တယ်။...
Soulcatcher (2023)
⭐TMDB: 60.0% User Score
🎬 #Action #Adventure #Thriller
🗓 2023 🎞 movie
📺 #1080p #720p
💿 1.4 GB ⦿ 801.0 MB
🌎 #Poland
⏰ 1 နာရီ 40 မိနစ် 30 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Soulcatcher (2023)
******************
ပိုလန် အက်ရှင်ကားသစ်တစ်ကား နက်ဖလစ်ကနေ ထွက်လာတာပါ။ ဒါရိုက်တာ Daniel Markowicz ရဲ့
လက်ရာဖြစ်ပြီး အထူးတပ်ဖွဲ့ဝင်တွေအကြောင်းကို အခြေခံထားပါတယ်။
ဇာတ်လမ်းအကျဉ်း
ပိုလန် ကြေးစားအထူးတပ်ဖွဲ့ဝင်ဟောင်းတွေဟာ နယ်စပ်တစ်နေရာက
စစ်ခေါင်းဆောင်တစ်ယောက်ဖမ်းထားတဲ့ မိန်းကလေးတစ်ယောက်နဲ့
စစ်ရာဇဝတ်မှုသက်သေတွေကို သွားပြီးယူဖို့ တာဝန်ပေးခံရပါတယ်။
ဒါပေမဲ့ အဲဒီမှာ လူတွေကို စိတ်ဖောက်ပြန်ပြီး သတ်ဖြတ်ချင်စိတ်တွေဝင်လာစေတဲ့
ထူးဆန်းတဲ့စက်တစ်လုံးနဲ့ ရင်ဆိုင်လိုက်ရပြီး အားလုံးနီးပါး သေသွားရပါတော့တယ်။
အဲဒီစက်ဟာ မူလက ကင်ဆာကုဖို့ စတီထွင်ထားခဲ့ပေမဲ့ အမှားအယွင်းတစ်ခုကနေ
လက်နက်ဖြစ်လာခဲ့တာပါ။ အသက်ရှင်ကျန်ခဲ့တဲ့ အထူးတပ်ဖွဲ့ဝင်က
အဲဒီစက်ကို ပြန်လုယူဖို့နဲ့ စက်တီထွင်သူကို လုပ်ကြံဖို့ စစ်စခန်းထဲကို ပြန်ဖောက်ဝင်ဖို့ ကြိုးစားရတဲ့အခါ…....
Home Service (2023)
⭐IMDB: 4.8/10 (85 Votes)
🎬 #Adult #Drama
🗓 2023 🎞 movie
📺 #720p #1080p
💿 879.8 MB ⦿ 2.0 GB
🌎 #Philippines
⏰ 1 နာရီ 52 မိနစ် 57 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Home Service (2023)
ဟက်ပီးဆိုတဲ့ကောင်မလေးက နေ့ခင်းပိုင်းမှာ သူနာပြုကျောင်းတက်ပြီး ညဘက်မှာတော့ ပညာသင်စရိတ်အတွက် အနှိပ်ပညာရှင်အဖြစ် ဝင်ငွေရှာပါတယ်။ အနှိပ်ဆိုပေမဲ့ ဖောက်သည်ရဲ့တောင်းဆိုချက်အတိုင်း လိုအပ်ရင် Happy Ending အထိ သွားတဲ့ဝန်ဆောင်မှုပုံစံပါ။
တစ်နေ့တော့ ကားတံခါးမှာ ပုဝါချိတ်ထားတဲ့အချက်ပြနည်းနဲ့ လူခေါ်တဲ့အမျိုးသမီးတစ်ယောက်နဲ့ ချိတ်ဆက်မိရင်း သူ့အတွက် ဝင်ငွေပိုရနိုင်စရာနည်းလမ်းကို ရှာတွေ့သွားခဲ့ပါတယ်။ အဲဒီအမျိုးသမီးနဲ့ သူ့လုပ်ဖော်ကိုင်ဖက်မိတ်ဆွေ ဓာတ်ပုံဆရာတို့ဟာ ကျောင်းသူလေးတွေကို ညစ်ညမ်းတဲ့ပုံစံအမျိုးမျိုးနဲ့ ကိုယ်ဟန်ပြခိုင်းပြီး ငွေဖြုန်းနိုင်တဲ့ဖောက်သည်တွေဆီကိုပြန်ရောင်းစားနေကြတာပါ။ ဟက်ပီးတစ်ယောက် သူတို့နဲ့ချိတ်ဆက်မိပြီးမကြာခင်မှာပဲ ရဲတစ်ယောက်က သူတို့အုပ်စုကိုခြေရာခံမိသွားပြီး ဇာတ်လမ်းတွေပိုရှုပ်ဖို့ဖြစ်လာပါတော့မယ်။ ဒါပေမဲ့လည်း အဲဒီရဲကိုယ်တိုင်ကပါ သူတို့ရဲ့ဗီဒီယိုဖိုင် ဓာတ်ပုံတွေနဲ့ ပြသခြိမ်းခြောက်ပြီး အကျပ်ကိုင်အနိုင်ကျင့်လာချိန်မှာတော့…
(ဒီဇာတ်ကားနဲ့အညွှန်းကိုAliasမှ ပြန်ဆို ရေးသားထားပါတယ်)...
武神赵子龙 (2023)
⭐TMDB: 0.0% User Score
🎬 #Action
🗓 2023 🎞 Movie
📺 #720p #1080p
💿 659.5 MB ⦿ 1.0 GB
🌎 #China
⏰ 1 နာရီ 24 မိနစ် 56 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီတစ်ခေါက်မှာတော့ အားလုံးရင်းနှီးကျွမ်းဝင်မှုရှိတဲ့စစ်သူရဲကောင်း ကျောက်ကျစ်လုံရဲ့ဇာတ်လမ်းအသစ်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်
ဒီတစ်ခါမှာတော့ ကကျောက်ကျစ်လုံရဲ့ငယ်ဘဝအကြောင်းလေးကိုရိုက်ကူးထားတာဖြစ်ပါတယ်အချင်းချင်းသတ်ဖြတ်နေကြတဲ့ ပြည်သူတွေခက်ခဲနိုင်ငံတော်ရှုပ်ထွေးနေတဲ့အချိန်ကာလမှာ ကျောက်ကျစ်လုံနဲ့သူ့သူငယ်ချင်းရှဟုန်လန်တို့က ဒီအရှုပ်အယှက်ထဲကို မထင်မှတ်ဘဲဝင်ပါမိခဲ့တယ်
အစကအရမ်းကိုချစ်ခင်ကြတဲ့သူငယ်ချင်းနှစ်ယောက်ကသူတို့နေတဲ့တစ်ရွာလုံးသတ်ဖြတ်ခြင်းကိုခံခဲ့ရပြီးတဲ့နောက်မှာမတူညီတဲ့မလမ်းကိုရွေးချယ်ခဲ့ပါတယ်ရှဟုန်လန်ကတေ့ ရန်ငြိုးကနေ မလွတ်ရုန်းနိုင်ဘဲလောဘစိတ်တက်ပြီးတော့ အာဏာကိုမက်ခဲ့တယ်
ကျောက်ကျစ်လုံကတော့ နိုင်ငံတော်နဲ့ပြည်သူကိုကိုကယ်တင်ချင်စိတ်ပြင်းပြတဲ့အတွက်ရန်ငြိုးစိတ်ကနေလွတ်ရုန်းနိုင်ခဲ့ပြီး အကျိုးဆောင်မှုတွေအများကြီးကိုထမ်းဆောင်ခဲ့တယ်မတူညီတဲ့လမ်းကိုလျှောက်ခဲ့တဲ့ကျောက်ကျစ်လုံနဲ့ရှဟုန်လန်တို့ဘယ်လိုထင်မြင်မှုတွေနဲ့ ဘယ်လိုတိုက်ခိုက်မှုတွေရှိမလဲ?နောက်ဆုံး ရှဟုန်လန်ကအမှန်တရားရပြီးတော့ တစ်ယောက်ကိုတစ်ယောက်ခွင့်လွှတ်ပြီးတော့ နိုင်ငံအကျိုးကိုအတူတူထမ်းဆောင်နိုင်မလားဆိုတာတွေကိုကျောက်ကျစ်လုံရဲ့ရဲစွမ်းသတ္တရှိမှုတွေကိုမြင်ယောင်နိုင်မဲ့ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်လို့ အားလုံးကိုကြည့်ရှုဖို့ဖိတ်ခေါ်ပါတယ်~~~...
Madhi (2022)
⭐IMDB: 9.3/10 (2 k Votes)
🎬 #Bollywood #Musical #Romance #Drama
🗓 2022 🎞 movie
📺 #720p #1080p
💿 1.0 GB ⦿ 2.3 GB
🌎 #India
⏰ 2 နာရီ 17 မိနစ်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Madhi(2022)IMDb-9.3/10
မာဒူးနဲ့အာဘီတို့ရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်။ ငယ်ငယ်တည်းက အိမ်ချင်းကပ်လျက်နေလာတဲ့မာဒူးဆိုတဲ့ကောင်မလေးကို တလျောက်လုံးစိတ်မဝင်စားခဲ့ပေမယ့် တစ်နေ့လမ်းမှာစကူတာအဝါလေးစီးပြီးဖြတ်သွားတာကို မြင်လိုက်တဲ့အခိုက်မှာတော့ အာဘီတစ်ယောက်တဖြုတ်ဖြုတ်ကြွေခဲ့မိတယ်။
လျောက်ပြန်သံပေးအဆင့်ကနေ တဖြည်းဖြည်းအဆင့်တွေတိုးလာတော့ ချစ်သူတွေဘ၀ကိုရောက်သွားခဲ့ပေါ့။အချစ်စစ်တို့မည်သည် ဖြောင့်တန်းရိုးမရှိဆိုတဲ့စကားလို သိပ်ချစ်ကြတဲ့သူတို့နှစ်ဦးအတွက်မျိုးရိုးဇာတ်မတူတာကြောင့် အခက်အခဲတွေနဲ့ကြုံလာပါရော။ချစ်ရတဲ့အာဘီရဲ့အသက်အန္တရာယ်အတွက်ချစ်သူကိုစွန့်လွှတ်ဖို့ မိဘပေးစားတဲ့သူနဲ့ယူဖို့ မာဒူးတစ်ယောက် ဆုံးဖြတ်လိုက်ပေမယ့်နှစ်ဦးသား အရင်အတိုင်း ဆက်ချစ်နေဖို့ဆုံးဖြတ်လိုက်တဲ့အခါ။
နောက်ဆုံးမှာ သူတို့နှစ်ဦး ပျော်ရွှင်စွာပေါင်းဖက်သွားနိုင်မလားဆိုတာကတော့။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ BpL~Cherry~Yunni~Zwe~Vတို့ပဲဖြစ်ပါတယ်)...
Soulcatcher (2023)
⭐TMDB: 60.0% User Score
🎬 #Action #Adventure #Thriller
🗓 2023 🎞 Movie
📺 #720p
💿 801.2 MB
🌎 #Poland
⏰ 1 နာရီ 40 မိနစ် 31 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Soulcatcher (2023)
******************
ပိုလန် အက်ရှင်ကားသစ်တစ်ကား နက်ဖလစ်ကနေ ထွက်လာတာပါ။ ဒါရိုက်တာ Daniel Markowicz ရဲ့
လက်ရာဖြစ်ပြီး အထူးတပ်ဖွဲ့ဝင်တွေအကြောင်းကို အခြေခံထားပါတယ်။
ဇာတ်လမ်းအကျဉ်း
ပိုလန် ကြေးစားအထူးတပ်ဖွဲ့ဝင်ဟောင်းတွေဟာ နယ်စပ်တစ်နေရာက
စစ်ခေါင်းဆောင်တစ်ယောက်ဖမ်းထားတဲ့ မိန်းကလေးတစ်ယောက်နဲ့
စစ်ရာဇဝတ်မှုသက်သေတွေကို သွားပြီးယူဖို့ တာဝန်ပေးခံရပါတယ်။
ဒါပေမဲ့ အဲဒီမှာ လူတွေကို စိတ်ဖောက်ပြန်ပြီး သတ်ဖြတ်ချင်စိတ်တွေဝင်လာစေတဲ့
ထူးဆန်းတဲ့စက်တစ်လုံးနဲ့ ရင်ဆိုင်လိုက်ရပြီး အားလုံးနီးပါး သေသွားရပါတော့တယ်။
အဲဒီစက်ဟာ မူလက ကင်ဆာကုဖို့ စတီထွင်ထားခဲ့ပေမဲ့ အမှားအယွင်းတစ်ခုကနေ
လက်နက်ဖြစ်လာခဲ့တာပါ။ အသက်ရှင်ကျန်ခဲ့တဲ့ အထူးတပ်ဖွဲ့ဝင်က
အဲဒီစက်ကို ပြန်လုယူဖို့နဲ့ စက်တီထွင်သူကို လုပ်ကြံဖို့ စစ်စခန်းထဲကို ပြန်ဖောက်ဝင်ဖို့ ကြိုးစားရတဲ့အခါ…....
Rudrangi (2023)
⭐IMDB: 7.4/10 (4 k Votes)
🎬 #Action #Bollywood #Drama #Thriller
🗓 2023 🎞 movie
📺 #720p #1080p
💿 1.5 GB ⦿ 2.9 GB
🌎 #India
⏰ 2 နာရီ 21 မိနစ် 7 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Rudrangi (2023)IMDb-7.4/10
လူတစ်ယောက်ရဲ့ အတ္တမာန အလိုလောဘတွေကြောင့် အပြစ်မရှိတဲ့ ချစ်သူတွေ နစ်နာကြတာ ရှေးရှေးတုန်းတည်းက ဆိုပါတော့။ရူဒရန်ဂီနဲ့ မာလက်ရှ်ဆိုတာ ကလေးဘ၀ကတည်းက အဘိုးကိုယ်တိုင် လက်ထပ်ပေးခဲ့တာ။အသိအမှတ်ပြုတဲ့ သဘောလောက်ပေါ့။
ဘီးမ်ရောဝ်ဆိုတာ နယ်တွေသိမ်း မိန်းမတွေနဲ့ပတ်ပြီးပျော်ပါးနေတဲ့သခင်တစ်ယောက်။ဘူဂျန်ဂါရောဝ်နဲ့က အာဏာလုဘက် အပြိုင်တွေ။နှစ်ယောက်စလုံးက ဆိုးသွမ်းတဲ့သခင်တွေ။တယောက်နဲ့ တယောက်သူသေကိုယ်သေ အပြိုင်သတ်ဖို့ကြိုးစားနေကြတာ။
အဲဒီလိုဆိုးဝါးလှတဲ့သခင်တွေနဲ့ သွားပတ်သက်မိတဲ့ မာလက်ရှ်တစ်ယောက်သခင်နှစ်ယောက်ကြားက အရှုပ်တော်ပုံကြီးမှာ ဘယ်လောက်ထိပါဝင်ပတ်သက်မိသွားမလဲသူ့သခင်လို့သတ်မှတ်ခဲ့တဲ့ ဘီးမ်ရောဝ်က ရူဒရန်ဂီကိုတက်မက်စိတ်နဲ့ ရေရှားပါးလိုအပ်နေတဲ့ရွာလေးကိုအသုံးချပြီးရူဒရန်ဂီကိုတစ်ညတာပိုင်ဆိုင်ခွင့် တောင်းဆိုလာတဲ့အခါမှာတော့မာလက်ရှ်တစ်ယောက် ချစ်ရတဲ့ရူဒရန်ဂီကိုရော ကာကွယ်နိုင်ပါ့မလား။အချစ်နဲ့သက်သေတည်ကြတဲ့ အပြစ်မဲ့သူအများစုနဲ့ဘက်ကပဲ အနိုင်ယူမလား။အာဏာပါဝါရှိတဲ့လူတွေကပဲ ကြီးစိုးခြယ်လှယ်သွားနိုင်မလား။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Zwe~Aditi~BpL~Yunni~Cherry~Moonတို့ပဲဖြစ်ပါတယ်)...
Sympathy for the Devil (2023)
⭐IMDB: 5.7/10 (1 k Votes)
🎬 #Action #Thriller
🗓 2023 🎞 movie
📺 #720p #1080p
💿 444.6 MB ⦿ 1.0 GB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 32 မိနစ် 12 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Sympathy for The Devil (2023)
~ IMDb – 5.7/10, Rotten Tomatoes – 62% ~
မင်းသားကြီး နီကိုလက်ကေ့ရဲ့ ရုပ်ရှင်အသစ်ပါ။ Suicide Squad ထဲက Rick Flag မင်းသား Joel Kinnaman နဲ့အတူ ပါဝင်ထားပါတယ်။ Action Thriller အမျိုးအစားဖြစ်ပြီး သို့လော သို့လောနဲ့ ကြည့်ရတဲ့ ကားမျိုးပါပဲ။
ဒေးဗစ်ချိန်ဘာလိန်ဆိုတဲ့လူတစ်ယောက်ဟာ သူ့မိန်းမဆေးရုံမှာ ကလေးမွေးနေတာကို အမီသွားဖို့ ကားနဲ့ထွက်လာပါတယ်။ ဆေးရုံကိုအရောက်မှာပဲ ကားနောက်ခန်းထဲကို လူတစ်ယောက်ဝင်လာပြီး သေနတ်နဲ့ချိန်ထားပါတော့တယ်။ အဲဒီလူကပဲ သူ့ကို ဆေးရုံထဲကိုမဝင်ခိုင်းဘဲ ဘော့စတွန်အထိ မောင်းခိုင်းပါတော့တယ်။ လမ်းတလျှောက်မှာ ဒေးဗစ် လွတ်မြောက်ဖို့ကြိုးစားပေမဲ့ မအောင်မြင်ဘဲ လူတွေသာ တစ်ယောက်ပြီးတစ်ယောက် သေလာပါတော့တယ်။ သူတို့နှစ်ယောက် ကြောင်နဲ့ကြွက်လို လိုက်တမ်းပြေးတမ်း အသက်လုပြီးကစားရတဲ့ ရည်ရွယ်ချက်ကဘာလဲ… ရည်ရွယ်ချက်ရောရှိရဲ့လား… သူတို့အချင်းချင်းကရော ထင်ထားသလို ဟုတ်ကြရဲ့လား… ဆိုတာကတော့ပဟေဠိအနေနဲ့ ကြည့်ကြရပါလိမ့်မယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုMr. Andersonမှ ပြန်ဆို ရေးသားထားပါတယ်)...
Going Nowhere (2022)
⭐IMDB: 5.4/10 (8 Votes)
🎬 #Comedy
🗓 2022 🎞 movie
📺 #720p #1080p
💿 648.6 MB ⦿ 1.3 GB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 23 မိနစ် 23 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Going Nowhere (2022)================
ဒီတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ ရုပ်ရှင်ရိုက်တဲ့အကြောင်းကိုရုပ်ရှင်ပြန်ရိုက်ထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ အစ်ဇီဟာ ဟိုးအရင်ကတည်းကရုပ်ရှင်ရိုက်ဖို့ အိပ်မက်မက်ခဲ့ရသူတစ်ယောက်ပါ။ တစ်နေ့မှာတော့ သူကိုယ်တိုင်ဒါရိုက်တာဖြစ်ရမယ်ဆိုတဲ့ အိပ်မက်ကို အကောက်အထည်ဖော်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ ဘက်ဂျက်မလုံလောက်မှုကြောင့် သူ့ရုပ်ရှင်လေးကလည်း ယိုင်နဲ့နဲ့ပေါ့လေ။အဖွဲ့သားနည်းနည်း၊ ဘတ်ဂျက်နည်းနည်း၊ ကိရိယာနည်းနည်း၊ သရုပ်ဆောင်နည်းနည်းနဲ့ပဲ သူ့ခမျာ ကြိုးစားရိုက်ရရှာတယ်။ ရိုက်နေစဉ်အတွင်းလည်း အဖွဲ့သားတွေကြားကပြဿနာတွေ၊ ကိုဗစ်ကာလစည်းမျဉ်းတွေကြောင့် အခက်အခဲပေါင်းသောင်းခြောက်ထောင်ပေါ့။
ဒီဇာတ်ကားရဲ့ထူးခြားချက်က အပေါ်မှာပြောခဲ့သလို ရုပ်ရှင်ရိုက်တာကို ရုပ်ရှင်ပြန်ရိုက်ပြသွားတာပါ။ “Going Nowhere”ရဲ့ တကယ့်အပြင်ကဒါရိုက်တာဟာ ဒီဇာတ်ကားထဲမှာ ဒါရိုက်တာနေရာက သရုပ်ဆောင်တဲ့ “Isabel Shill”ကိုယ်တိုင်ပဲဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ တခြားသရုပ်ဆောင်တွေရောပါပဲ။ ဆိုတော့ကာ တစ်မျိုးလေးအမြင်ဆန်းတယ်ပေါ့ဗျာ။ ကြည့်ရှုခံစားလိုက်ကြပါဦး။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Ngwe Zin မှဖြစ်ပါတယ်)...
Daughter (2022)
⭐IMDB: 4.9/10 (228 Votes)
🎬 #Drama #Mystery #Horror
🗓 2022 🎞 movie
📺 #720p #1080p
💿 515.1 MB ⦿ 1.4 GB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 36 မိနစ် 32 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Daughter (2023)=============
မိသားစုတစ်စုဟာ ဆုံးရှုံးသွားတဲ့ မိသားစုဝင်ကို ပြန်လည်အစားထိုးဖို့သူစိမ်းမိန်းကလေးတစ်ယောက်ကို ပြန်ပေးဆွဲအကျဉ်းချထားပါတယ်။ဒီလူတွေရဲ့ အစီအစဉ်ကတော့ မရှိတော့တဲ့ သမီးလုပ်သူနေရာမှာ သဘာဝကျကျပူးပေါင်းနေထိုင်ပေးလာတဲ့အထိ ကောင်မလေးကို ချော့တစ်လှည့်၊ခြောက်တစ်လှည့်သိမ်းသွင်းဖို့ပါပဲ။ အဖေနဲ့ အမေဆိုသူနှစ်ဦးကတော့သားဖြစ်သူကို ပစားပေးဆက်ဆံကြပြီး သမီးအသစ်ဖြစ်လာမယ့် ဓားစာခံလေးကတော့ ကောင်လေးအဖော်ရအောင်ထားပေးတဲ့ အစ်မအမည်ခံကစားဖော်သာသာပေါ့။
ချုပ်နှောင်ခံရမှုအောက်မှာ အလျှော့ပေးလိုက်ရပြီး အယောင်ပြမိသားစုကြီးရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်လာပြီးနောက်မှာတော့ Katherine တစ်ယောက်မချစ်သော်လည်းအောင့်ကာနမ်းတဲ့ဇာတ်ခင်းရပါပြီ။ ဆက်ဆံရေးအတုကြားမှာ ပီပြင်အောင်သရုပ်ဆောင်နေရင်း ဒီမိသားစုရဲ့ရူးနှမ်းမှုအကြီးစားကြီးကို တစ်စတစ်စပုံဖော်အဖြေရှာမိပါတော့တယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Hnin Wut Yi ဖြစ်ပါတယ်)...
Take Your Bible and Get the Fuck Out of Here! (2023)
⭐TMDB: 50.0% User Score
🎬 #Comedy #Horror #ScienceFiction
🗓 2023 🎞 Movie
📺 #720p #1080p
💿 735.6 MB ⦿ 1.3 GB
🌎 #France
⏰ 1 နာရီ 4 မိနစ် 14 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဟာသ ဟော်ရာ ရုပ်ရှင်အသစ်တစ်ခုတင်ဆက်ပေးထားပါပြီ။ ပြင်သစ်ဒါရိုက်တာ Alexis Wawerka ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ နည်းနည်းဆန်းပါတယ်။ ဂြိုလ်သားတစ်ကောင်က ကမ္ဘာပေါ်ကလူတွေကို ကြယ်တံခွန်ကြီး ဝင်တိုက်မဲ့အကြောင်း လာသတိပေးတယ်။ ဒါပေမဲ့ ဂြိုလ်သား ရှောသွားတယ်။ အဲဒီကနေ ဇွန်ဘီးကပ်ဘေးဖြစ်လာပြီ ပြင်သစ်ရွာကလေးကလူတွေ သက်ရှင်ရုန်းကန်တဲ့ပုံကို လူနဲ့ ကာတွန်းရောစပ် ပြသထားတာပါ။ ခပ်ဆန်းဆန်းနဲ့ ပေါက်ကရတွေမို့ ခွီလို့ကောင်းတဲ့ရုပ်ရှင်ပါပဲ။...
The Gangster, the Cop, the Devil (2019)
⭐IMDB: 6.9/10 (19 k Votes)
🎬 #Action #Crime #Drama #Adventure #Thriller
🗓 2019 🎞 movie
📺 #720p #480p
💿 1.1 GB ⦿ 533.1 MB
🌎 #SouthKorea #UnitedStates
⏰ 1 နာရီ 50 မိနစ် 24 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Gangster, The Cop, The Devil (2018)
၂၀၁၈ တုန်းက ထွက်ရှိခဲ့တဲ့ မာဒုန်ဆွတ်ရဲ့
ဇာတ်လမ်းကောင်းတစ်ကားပါ Train to Busan ထဲက
လူသန်ကြိး မာဒုန်ဆွတ်ဆိုတာနဲ့ ဇာတ်လမ်းက
ကောင်းပြီးသားဆိုတာ ခန့်မှန်းမိမှာပါ အခုကားကတော့
ဇာတ်လမ်းနာမည်အတိုင်းပါပဲ ဂိုဏ်စတားတစ်ယောက်ရယ်
ရဲတစ်ယောက်ရယ် မကောင်းဆိုးရွားတစ်ကောင်ရဲ့ ဇာတ်လမ်းပါ
သူတို့ ၃ ယောက် ဘယ်လိုများ
ဆက်စပ်နေကြပါလိမ့် ချွန်းချောင်တောင်ပိုင်းမှာ
ဆက်တိုက်ဆိုသလို ဖြစ်နေတဲ့ လူသတ်မှုတွေကို
ကွင်းဆက်လူသတ်မှုအဖြစ် ဆက်စပ်မိတဲ့ ရဲစုံထောက် တစ်ယောက်…..
မမျှော်လင့်ဘဲ ကွင်းဆက်လူသတ်သမားရဲ့
ဓားနဲ့အထိုးခံလိုက်ရတဲ့ လူဆိုးဂိုဏ်းခေါင်းဆောင်တစ်ယောက်……
လူသတ်သမားကို မိဖို့အရေး ပူးပေါင်းလိုက်ကြရဖို့ ဖြစ်လာတဲ့အခါ…..
ရဲ နဲ့ လူဆိုး ပူးပေါင်းဖို့ရာ ဖြစ်နိုင်ပါ့မလား?????
ကွင်းဆက်လူသတ်သမားကိုရော ဖမ်းမိပါ့မလား?????
မှုခင်းဇာတ်လမ်းဖြစ်တဲ့အတွက် စလယ်ဆုံး လုံး၀စိတ်ဝင်စားဖို့
ကောင်းပါတယ် တစ်ကားလုံးကို အသည်းတယားယား
ရင်တဖိုဖိုနဲ့ ကြည့်ရမယ့်
ကိုရီးယားကားကောင်းတစ်ကား ဖြစ်ပါတယ်ဗျာ...
The House of Secrets (2023)
⭐IMDB: 4.7/10 (39 Votes)
🎬 #Drama #Thriller
🗓 2023 🎞 movie
📺 #720p #1080p
💿 885.0 MB ⦿ 1.7 GB
🌎 #Nigeria
⏰ 2 နာရီ 1 မိနစ် 5 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
အန်တီဆာရာက နှစ်ပေါင်းများစွာ မတရားဖမ်းဆီး အကျဥ်းချခံထားရတာကို လွတ်မြောက်လာပြီးနောက် သူ့ကိုစောင့်ရှောက်ပေးနေတဲ့ မိသားစုဝင်တွေနဲ့ သူ့ရဲ့ဆရာဝန်ကပြောပြတဲ့ သူ့ရဲ့ အတိတ်အကြောင်းအရာတွေကိုလည်း မမှတ်မိနိုင်ဖြစ်နေပြီးတော့ ဆရာဝန်ပြောသမျှကိုလိုက်နာရင်း သူမကိုစောင့်ရှောက်ပေးနေတဲ့မိသားစုဝင်တွေနဲ့ အတူတူပျော်ပျော်ရွှင်ရွှင် နေထိုင်နေတာပဲဖြစ်ပါတယ်။ လက်ရှိ ခြေထောက်ဒဏ်ရာကြောင့် ဝှီးချဲပေါ်မှာပဲ အချိန်ကုန်နေရတာကြောင့် အိမ်နီးချင်းစုံတွဲအကြောင်းကိုပဲ စောင့်ကြည့်ပြီး ဝတ္ထုရေးသားနေတဲ့ အန်တီဆာရာတစ်ယောက် သူ့မိသားစုဝင်တွေကရော သူ့ရဲ့အမှန်တကယ်မိသားစုဝင်တွေဟုတ်ရဲ့လား သူ့ရဲ့ဆရာဝန်ကရော သူ့အတွက်တရားမျှတမှုရအောင်လို့ သူ့အတိတ်အကြောင်းကိုသတိရအောင်ကူညီပေးနေတာလား ဒါမှမဟုတ်အခြားရည်ရွယ်ချက်နဲ့လား သူကိုယ်တိုင်မှတ်မိရမှာအရမ်းကြောက်နေတဲ့ သူ့ရဲ့အတိတ်အကြောင်းကကောဘာလဲ ဆိုတာကို လှည့်ကွက်တွေအများကြီးနဲ့ စိတ်ဝင်တစားကြည့်ရမှာပဲဖြစ်ပါတယ် လှည့်ကွက်တွေ တစ်ခုပြီးတစ်ခုနဲ့ ဇာတ်အိမ်တည်ထားတာမို့ လျှို့ဝှက်ဆန်းကြယ်ဇာတ်လမ်း မှုခင်းဇာတ်လမ်းတွေကို စိတ်ဝင်စားတဲ့သူတွေအတွက် ဇာတ်ကားကောင်းတစ်ခုပါ...
Blossom (2023)
⭐IMDB: 3.3/10 (81 Votes)
🎬 #Drama #Mystery #Thriller
🗓 2023 🎞 movie
📺 #480p #720p #1080p
💿 475.0 MB ⦿ 831.6 MB ⦿ 1.8 GB
🌎 #UnitedStates
⏰ 1 နာရီ 48 မိနစ် 17 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Thriller and Crime ဇာတ်လမ်းဇာတ်အိမ်မျိုးကိုလွွမ်းနေတယ်ဆိုရင် BET+ orginal က ထုတ်လွင့်တဲ့ရုပ်ရှင်ကားကောင်းတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ 2023 မှာ ထွက်ရှိထားတဲ့ Blossom ဆိုတဲ့ဇာတ်ကားဟာ အမျိုးသမီးအိမ်တွင်းအကြမ်းဖက်မှု နဲ့ ပတ်သတ်ပြီး စိတ်ဒဏ်ရာဆိုတဲ့အကြောင်းကိုရိုက်ကူးပြသထားတာပါ။ ကလဲရိစ် စပန်ဆာ ဟာ လွန်ခဲ့တဲ့ ၆နှစ်အကြာကချစ်ရတဲ့သားလေး ဂျေဒန် ပြန်ပေးဆွဲခံရတာနဲ့ပတ်သတ်ပြီး trauma ရနေသူတစ်ဦးပါ။ သားလေးကို ကယ်တင်နိုင်ခဲ့ပေမဲ့ အိပ်မက်ဆိုးတွေကြားကနေ ရုန်းထွက်မရတော့ဘဲ Therapy နဲ့ ြပနေရတဲ့သူြဖစ်ပါတယ်။
ကလဲရိစ် ကိုယ်တိုင်ကလည်း therapist တစ်ယောက်ဖြစ်ပြီး အမျိုးသမီးနားခိုရာ ဂေဟာတစ်ခုမှာ တာဝန်ယူအလုပ်လုပ်ပါတယ်။ နေ့စဥ္နဲ့အမျှ ယောက်ျားဖြစ်သူ၏ အကြမ်းဖက်မှုကြောင့်စိတ်ဒဏ်ရာရနေတဲ့ အမျိုးသမီးတွေကို ဖေးမကူညီပေးတဲ့ဂေဟာဖြစ်ပါတယ်။ တစ်နေ့မှာတော့ ချယ်ရီဆိုတဲ့ကောင်းမလေး ဂေဟာကိုရုတ်တရက်ရောက်လာပြီးနောက်ပို်င်း ကလဲရိစ်မိသားစုထဲကို ဝင်လာဖို့အကြောင်းဖန်လာပါတော့တယ်။ ချယ်ရီ နဲ့ ကလဲရိစ်တို့ပတ်သတ်မှုက ဘယ်လိုတွေဆက်ဖြစ်သွားမှာလဲ။ ချယ်ရီက ဘယ်လိုြဖစ်ပြီး ဂေဟာရောက်လာတာလဲ ဆိုတာတွေကို အဖြေထုတ်ရင်း ကြည့်ရှုဖို့ Blossom ဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။...
Tigertail (2020)
⭐IMDB: 6.6/10 (4 k Votes)
🎬 #Drama
🗓 2020 🎞 movie
📺 #720p #1080p
💿 725.6 MB ⦿ 1.7 GB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 32 မိနစ် 24 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Tigertail (2020)
~ IMDb – 6.6/10, Rotten Tomatoes – 82% ~
၁၉၇၀ ဝန်းကျင်နှစ်တွေတုန်းကပေါ့…
အကကောင်းတဲ့ ရုပ်ဖြောင့်ဖြောင့် စက်ရုံလုပ်သားလေးတစ်ယောက်ဟာ သူ့ရဲ့ အမေရိကန်အိပ်မက်ကို အကောင်အထည်ဖော်ဖို့အတွက် ဘဝရဲ့ ငယ်ချစ်ကို စွန့်လွှတ်၊ အမေတစ်ခု သားတစ်ခုဘဝရဲ့ အမေ့ကို ထားခဲ့ရစ်ပြီး အမေရိကကို ရောက်ခဲ့တယ်။ တကယ်တမ်းရောက်သွားတဲ့အခါမှာတော့ စိတ်ကူးထဲက အမေရိကဟာ နဖူးတွေ့ဒူးတွေ့ နိစ္စဓူဝရင်ဆိုင်ရမယ့် အမေရိကနဲ့ လုံးလုံးမျှ မတူကြောင်း ရင်နာနာနဲ့ သိလိုက်ရပါတယ်။
အချစ်ထက် ဘဝကို ဦးစားပေးခဲ့တဲ့သူ့အနေနဲ့ နေ့စဉ်ဘဝကို အကောင်းဆုံးကြိုးစားပြီး ကိုယ်ပိုင်မိသားစုဘဝလေးနဲ့ ချိန်ညှိဖို့ ကြိုးစားခဲ့ပေမဲ့ ထင်သလိုဖြစ်မလာခဲ့ရှာပြန်တယ်။
ဒီရုပ်ရှင်ဟာ အရွယ်ရောက်ပြီးသားသမီးဖြစ်သူနဲ့ ဇာတ်လိုက်ရဲ့ကြားက ဆက်ဆံရေးကနေမှ အတိတ်နဲ့ ပစ္စုပ္ပန်ကြား လူးလာကူးခတ်နေတဲ့ မှတ်ဉာဏ်တွေပါ။
ဒီရုပ်ရှင်ဟာ စိတ်ကူးယဉ်ဇာတ်လမ်းမဟုတ်ဘဲ နေ့စဉ်ဘဝမှာ လူသားတွေ ကြုံတွေ့ဖြတ်သန်းနေရတာတွေပါ၊ ဒီကားထဲက ဇာတ်လိုက်ဟာဆိုရင်လည်း သူ့ကာရိုက်တာအရဆို ကိုယ်မကြိုက်ချင်လှပေမယ့် နောင်တတွေကို သူနဲ့ထပ်တူ နှောင်းတမြေ့မြေ့ခံစားရင်း သူ့အပေါ်သနားမိပြန်ပါတယ်။ ဒီလို လေးနက်ပြီး လူသားဆန်တဲ့ ရုပ်ရှင်မျိုးကို ဖြစ်နိုင်ရင်တော့ လက်လွတ်မခံလိုက်ပါနဲ့။
ဒါနဲ့ ဒီဇာတ်ကားမှာ လက်ရှိကာလကို Digital နဲ့ ရိုက်ထားတာပေမဲ့ နောက်ကြောင်းပြန်ခန်းတွေအားလုံးကို 16mm Film နဲ့ ရိုက်ထားတာပါတဲ့…
(ဒီဇာတ်ကားနဲ့အညွှန်းကိုZမှ ပြန်ဆို ရေးသားထားပါတယ်)...
Teambuilding (2022)
⭐IMDB: 6.5/10 (7 k Votes)
🎬 #Comedy
🗓 2022 🎞 movie
📺 #1080p #720p
💿 1.1 GB ⦿ 2.0 GB
🌎 #Romania
⏰ 1 နာရီ 31 မိနစ် 52 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb 6.5 အထိရရှိထားပြီးအသင်းအဖွဲ့နဲ့စည်းလုံးညီညွှတ်တာကိုဦးတည်ရိုက်ကူးထားတဲ့ဟာသကားတစ်ကားဖြစ်ပါတယ် Team building ဆိုတာအဖွဲ့အစည်းစိတ်ဓာတ်မြင့်တက်လာအောင် အဖွဲ့လိုက်လှုပ်ရှားမှုတွေ ပြိုင်ပွဲတွေလုပ်ကြတဲ့ပွဲတစ်ခုပါ ဇာတ်လမ်းထဲမှာတော့ အီမီက FU Global ကုမ္ပဏီကဝန်ထမ်းတစ်ယောက်ဖြစ်ပြီးအလုပ်ကြိုးစားပေမဲ့အသင်းအဖွဲ့စိတ်ဓာတ်မရှိလို့သူ့ဘော့စ်ကသူ့ကိုသိပ်သဘောမကျပါဘူး အီမီတစ်ယောက် မလိမ့်တစ်ပတ်နဲ့ရာထူးချခံလိုက်ရပြီးလာမဲ့ Team building မှာပါဝင်ယှဉ်ပြိုင်ဖို့အကြောင်းဖန်လာပါတော့တယ် ပေါက်ကရလူတွေချည်းစုထားတဲ့အီမီတို့အဖွဲ့ပြိုင်ပွဲမှာအခြေအနေကောင်းပါ့မလား ဖလားကိုရောအရယူနိုင်ပါ့မလား သူတို့ team building သွားရင်းဘာတွေတွေ့ကြုံကြရမလဲဆိုတာကိုပေါ့ပေါ့ပါးပါးဟာသလေးတွေနဲ့ကြည့်ရှုရမှာပါ...
Bad Girls (1994)
⭐IMDB: 5.2/10 (13 k Votes)
🎬 #Romance #Western #Action #Adventure #Drama
🗓 1994 🎞 movie
📺 #1080p #720p
💿 1.1 GB ⦿ 2.0 GB
🌎 #UnitedStates
⏰ 1 နာရီ 40 မိနစ် 55 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီတစ်ခါတော့ 1994 က action, adventure ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါ့မယ် လီလီ, အနီတာ, အယ်လီနဲ့ ကိုဒီဆိုတဲ့ သူငယ်ချင်းယောက်ဟာ ပြည့်တန်ဆာအိမ်မှာအလုပ်လုပ်ကြတယ် တစ်ရက်မှာတော့ လီလီအပေါ်ကို ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံတဲ့ ကာနယ်တစ်ဦးကို ကိုဒီဟာ ပစ်သတ်လိုက်ပါတော့တယ် အဲ့ဒီအချိန်ကစပြီး သူတို့ဟာ လိုက်ဖမ်းတဲ့သူတွေဆီက ရှောင်ပုန်းပြီး စွန့်စားခန်းထွက်ကြပါတော့တယ် သူတို့ ဒီအမှူကနေ လွတ်သွားမှာလား သူတို့စွန့်စားခန်းကရော ဘယ်လိုဆက်ဖြစ်မှာလဲဆိုတာတော့ စောင့်ကြည့်လိုက်ကြပါဦးခင်ဗျာ...
Love At First Lie (2023)
⭐TMDB: 0.0% User Score
🎬 #Drama #TVMovie
🗓 2023 🎞 Movie
📺 #720p #1080p
💿 628.9 MB ⦿ 1.4 GB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 27 မိနစ် 54 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Right Person ကို Dating app ကနေတဆင့် ရှာနေတဲ့ ထက်မြက်တဲ့အမျိုးသမီးလေး ကိတ်ဟာဆိုရင် ဝေါ်ကာဆိုတဲ့ လူချောလူခန့်နဲ့ တွေ့ကြပါတော့တယ်။ မောင်လူချောက ပိုက်ဆံတွေသုံးပြီး ကိတ်ကို အချိုတွေကျွေးတော့ ကိတ်လည်း တစ်လအကြာမှာ သူဖွင့်ပြောတော့ ချက်ချင်းပဲလက်ခံပြီးတော့ တွဲခဲ့ကြတာပေါ့။ မောင်လူချောအကြောင်းသိထားတာဆိုလို့ ရုပ်ချော ရေလျှံတဲ့ အနုပညာပစ္စည်းကုန်သည်ဆိုတာအပြင် ဘာမှမရှိတော့ အချစ်ဆုံးသူငယ်ချင်းကလည်း သိပ်မယုံနိုင်ဖြစ်နေတော့ ကိတ်ခမျာ ချစ်သူဘက်ကကာပြီး သူ့ကို ဘယ်လောက်ထိချစ်ကြောင်းတွေပြောရတော့တာပေါ့။ တစ်နေ့တော့ ဝေါ်ကာတစ်ယောက် လူဆိုးတွေအလိုက်ခံရာကနေစပြီး သူတို့ကြားမှာ မသင်္ကာစရာတွေဖြစ်လာတော့ ဝေါ်ကာအကြောင်းစုံစမ်းရင်းကနေ ချစ်သူကောင်လေးအကြောင်းသိပြီးတော့ သူတို့တွေဘယ်လိုဆက်ပြီးနှစ်ပါးသွားကြမလဲဆိုတာကို ဒီဇာတ်လမ်းမှာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ Love at First Lie ဆိုတဲ့ ဒီဇာတ်ကားလေးက IMDb 4.9/10 ရရှိထားတာမလို့ ပေါ့ပေါ့ပါးပါးကြည့်လို့ရမဲ့ ဇာတ်ကားလေးဖြစ်မှာပါခင်ဗျာ။...
A Tourist's Guide to Love (2023)
⭐IMDB: 5.7/10 (5 k Votes)
🎬 #Adventure #Comedy #Romance
🗓 2023 🎞 movie
📺 #720p #1080p
💿 762.1 MB ⦿ 1.9 GB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 37 မိနစ် 10 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
A Tourist’s Guide to Love (2023)
~ Rotten Tomatoes – 71% ~
ဒီဇာတ်ကားကတော့ American နဲ့ Asian ဒရာမာနှစ်မျိုးလုံးကို ပေါင်းစပ်တင်ဆက်ပေးထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။
ဒီဇာတ်ကားထဲမှာဆိုရင်တော့ တစ်ချိန်က She’s All That ဇာတ်ကားနဲ့ နာမည်ကျော်ခဲ့ဖူးပြီး အခုလက်ရှိမှာတော့ Producer Writer အဖြစ်နဲ့ပါ လုပ်ကိုင်နေတဲ့ Racheal Leigh Cook ကနေ ဇာတ်ဆောင်မင်းသမင်းအဖြစ်ပါဝင်ထားပါတယ်။ တစ်ဖက်မှာတော့ ဗီယက်နမ်သွေးပါတဲ့ အမေရိကန်မင်းသား Scotty Ly က ဇာတ်ဆောင်မင်းသားအဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအကျဉ်းလေးကတော့ အမန်ဒါရိုင်လေ ဆိုတဲ့ အမျိုးသမီးလေးဟာ မကြာခင်ကမှ အူကြောင်ကြောင်ရည်းစားနဲ့ မထင်မှတ်ဘဲလမ်းခွဲခဲ့ရပါတယ်။ ဒီအခါမှာ သူဟာ စိတ်ထွက်ပေါက်လည်းရ၊ အလုပ်အတွက်ပါ ခွင်တည့်တယ်ဆိုပြီး ဗီယက်နမ်မှာ ခရီးသွားလုပ်ငန်းအကြောင်း သွားစုံစမ်းဖို့သွားပါတော့တယ်။ ဒီလိုနဲ့ပဲ ဗီယက်နမ်ရောက်တဲ့အခါ ဆင်းဆိုတဲ့ သူက သူ့ရဲ့ခရီးသွားအကြံပေးအနေနဲ့ စောင့်နေခဲ့ပါတယ်။ ဖြစ်ချင်တော့ ဆင်းက အမန်ဒါတကယ်သွားစုံစမ်းရမယ့် ကုမ္ပဏီအတွက် အလုပ်လုပ်နေခဲ့တာပေါ့။ ဒီလိုနဲ့ပဲ တဖြေးဖြေးနဲ့ ဆင်းနဲ့ အမန်ဒါတို့ ဗီယက်နမ်ကို လည်ပတ်ရင်းနဲ့ အချင်းချင်း ချစ်သက်ဝင်လာကြပါတော့တယ်။ အဲဒီအခါမှာ အမန်ဒါတစ်ယောက် သူ့ကုမ္ပဏီအတွက်ပဲ ယုတ္တိကျကျ ဆုံးဖြတ်ချက်တွေချနိုင်မှာလား… ဆင်းရဲ့ ချောမောမှုတွေကြားမှာ မျောပြီး နှလုံးသားစေရာနောက် လိုက်သွားမလား… ဘာတွေ ဘယ်လိုဆက်ဖြစ်လာမှာလဲ… ဆိုတာကို ဒီဇာတ်ကားထဲမှာ ရင်ခုန်စောင့်မျှော်နေရမှာပဲဖြစ်ပါတယ်။
America မှာ ဖြစ်လေ့ရှိတဲ့ RS ပြဿနာတွေ လူတွေရဲ့အခက်အခဲကို ပြသပေးနိုင်တဲ့အပြင် အာရှရဲ့ ယဉ်ကျေးမှုအမွေအနှစ်များလှတဲ့ ဗီယက်နမ်နိုင်ငံရဲ့ သဘာဝအလှတရား၊ ရှေးဟောင်းအမွေအနှစ်တွေကိုပါထည့်ရိုက်ကူးထားပြီး ပီပြင်အောင် ပေါင်းစပ်သရုပ်ဖော်ထားနိုင်တဲ့ဇာတ်ကားဖြစ်လို့ ရိုချင် ရယ်ချင်တဲ့သူတွေအတွက် ရသမျိုးစုံပေးစွမ်းနိုင်မယ့် ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုMarkမှ ပြန်ဆို ရေးသားထားပါတယ်)...
The Baytown Outlaws (2012)
⭐IMDB: 6.3/10 (16 k Votes)
🎬 #Action #Comedy #Crime #Thriller
🗓 2012 🎞 movie
📺 #720p #1080p
💿 1.0 GB ⦿ 1.8 GB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 39 မိနစ် 31 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb rating -6.3/10 ဒီဇာတ်လမ်းကတော့ ဇာတ်အိမ်ခိုင်ခိုင် ဇာတ်လမ်းဇာတ်ကွက်မိမိရိုက်ကူးထားတင်ဆက်ထားပြီး Action Comedy ဇာတ်လမ်းအမျိုးအစားလေးဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာ Action အခန်းတွေကို ထိထိမိမိရိုက်ကူးထားတဲ့အပြင် သရုပ်ဆောင်တွေရဲ့ ပိုင်နိုင်တဲ့သရုပ်ဆောင်မှုတွေကြောင့် Comedy scene တွေမှာဆိုရင် ဗိုက်နာအောင်ရယ်ရမယ့် ဇာတ်လမ်းဇာတ်ကွက်တွေပါကြည့်ရှူခံစားရမှာပါ။ ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့.. ဒီရုပ်ရှင်ကိုတော့ Oodie boys သုံးယောက်ကိုအဓိကထားပြီးရိုက်ကူးထားပါတယ်
အကြီးဆုံးက Brick အလတ်က Lincoln နဲ့ နောက်တစ်ယောက်ကတော့ McQueenပါ သူတို့ ၃ ယောက်က ဒေသခံရဲအရာရှိ ရှယ်ရစ်ဖ်ကနေ မြို့ထဲကတခြားရာဇဝတ်ကောင်တွေကို သတ်ဖို့ငှားထားတဲ့ အမည်မသိကြေးစားလူသတ်သမားတွေပေါ့ သူတို့ကြောင့်ပဲ Alabama မြိုလေးကပြစ်မှုအနည်းဆုံးမြို့တစ်ခုဖြစ်နေတော့ ရှယ်ရစ်ဖ်တစ်ယောက် သူတို့လုပ်သမျှကိုမျက်ကွယ်ပြုပေးနေခဲ့ပါတော့တယ် တစ်နေ့မှာတော့ Celeste ဆိုတဲ့အမျိုးသမီးတစ်ယောက်က အကြမ်းဖက်တတ်တဲ့ မွေးစားအဖေလက်ထဲကနေ သူ့မွေးစားသားလေးကိုကယ်တင်ပေးဖို့ ငွေအများကြီးကမ်းလှမ်းပြီးတောင်းဆိုလာခဲ့ပါတယ်။ ငွေရဲ့ဆွဲဆောင်မှုမှာမြောသွားတဲ့ သူတို့ညီအစ်ကို ၃ ယောက် ကလေးကိုပြန်ပေးဆွဲခဲ့တဲ့အခါမှာတော့.. ဘယ်လိုအရာတွေနဲ့တွေ့ကြုံရမလဲဆိုတာကို ဒီဇာတ်လမ်းလေးထဲမှာကြည့်ရှူခံစားရမှာပါ။...
