uz
Feedback

Firibgarlarga uchmang! Telemetrio bunday kanallarni topadi va belgilaydi 👉 Belgini ko‘rmoqchi bo‘lsangiz, obuna bo‘ling

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Yopiq kanal

🚩 Channel was restricted by Telegram

Ko'proq ko'rsatish
Ma'lumot yo'q
Obunachilar
-524 soatlar
-47 kun
+730 kun
Postlar arxiv
Software Blues (2022) ⭐IMDB: 7.1/10 (141 Votes) 🎬 #Bollywood #Comedy 🗓️ 2022 🎞️ Movie 📺 720p 🌎 #India ⏰ 1 နာရီ 59 မိနစ် 35 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 CM ပရိသတ်တွေအတွက် Software Blues ဆိုတဲ့ ပေါ့ပေါ့ပါးပါးတေလေဂူးရုပ်ရှင်လေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ဘာဂေ့ဗ်ဆိုတဲ့ကောင်လေးဟာ နည်းပညာကုမ္ပဏီတစ်ခုမှာအလုပ်လုပ်နေတဲ့ ဆော့ဖ်ဝဲအင်ဂျင်နီယာတစ်ယောက်ပဲဖြစ်ပါတယ်။ သူဟာ အလုပ်နဲ့ပတ်သက်ရင် အမြဲ တလွဲတချော်ဖြစ်နေတတ်ပေမဲ့အကောင်းဆုံးဝန်ထမ်းဆုရဖို့အတွက် အသည်းအသန်အလုပ်ကြိုးစားနေတဲ့သူပါ။သူ့မှာ သူ့လိုပဲ တလွဲတချော်လုပ်တတ်တဲ့ သူငယ်ချင်းတွေရှိပြီးဘယ်သူမှမသိတဲ့ကိစ္စတချို့ကိုလည်း သူက လျှို့ဝှက်ထားပါသေးတယ်။ ဒီရုပ်ရှင်လေးဟာ ပေါ့ပေါ့ပါးပါး ခွီရင်း အပျင်းပြေ ကြည့်လို့ရတဲ့ ဟာသ၊ဒရာမာရုပ်ရှင်လေးဖြစ်ပြီး သူ ဘာလို့ အကောင်းဆုံးဝန်ထမ်းဆုကိုအသည်းအသန်လိုချင်နေလဲဆိုတာကို ဇာတ်လမ်းထဲမှာ မြင်ရမှာဖြစ်ပါတယ်ဗျ…။

The Nines (2007) ⭐IMDB: 6.2/10 (34 k Votes) 🎬 #Drama #Fantasy #Mystery #Thriller 🗓️ 2007 🎞️ Movie 📺 720p 🌎 #UnitedStates ⏰ 1 နာရီ 40 မိနစ် 12 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Nines (2007) ~ IMDb – 6.2/10, Rotten Tomatoes – 64% ~ အိပ်မက်ထဲက ပေါက်ပန်းဖြူတစ်ပွင့်ကို ဆွဲထုတ်ယူလိုက်ပြီး မင်းကိုကမ်းပေးလိုက်တယ်။ ကြေမွသွားတဲ့ ပန်းကလေးရယ်၊ နောက်ကျောကိုပဲ မြင်ရတော့တဲ့ မင်းရယ်၊ ဝေခွဲမရတဲ့ ငါရယ်၊ မှောင်မည်းမည်းလောကကြီးရယ်။ တစ်ကနေ တစ်ဆယ်အတွင်း ကိုယ့်ကိုယ့်ကိုယ်တန်ဖိုးသတ်မှတ်ရင် ဘယ်လောက်များ ရနိုင်ပါ့မလဲ။ သုညကိုတောင်းဆိုမိရင် ဘုရားသခင်များ ဒေါသဖြစ်လေမလား။ မင်းဟာ ငါပဲ။ သူကလည်း ငါပဲ။ နေရောင်ခြည်ကလည်း ငါပါပဲ။ တစ်ခါတလေ ပူပြင်းနေရုံ။ တစ်ခါတလေမှာ အတွေးတစ်ချက်နဲ့ လောကကြီးကို သတ်ပစ်လိုက်တယ်။ တစ်ရာ့တစ်ပါးသော ထီးဆောင်းမင်းတွေထဲမှာ ငါက အရက်စက်ဆုံးတဲ့။ အဆုံးမဲ့စကြာဝဠာကြီးကို သူတို့လက်ထဲအ‌ရောက် လက်ဆောင်ပေးခဲ့တာတော့ အရေးမပါဘူးဆိုပဲ။ မသေတဲ့သူကို သေအောင်သတ်ဖို့ ဘာတွေလိုမလဲ။ မူးယစ်ဆေးဝါးခပ်ပြင်းပြင်းကို အတိုင်းအဆမဲ့ပမာဏနဲ့ အဆိပ်ခပ်လိုက်မလား။ ကိန်းဂဏန်းတွေကြားထဲမှာ (၉) ဂဏန်းကိုပဲ လိုက်ရှာနေမိတယ်။ ရှာလေတွေ့လေ၊ တွေ့လေ ဝေခွဲမရလေ။ အဖြူသက်သက်မီးတောက်ကြီးနဲ့ မင်းကိုဝါးမျိုပစ်လိုက်တယ်။ နာကျင်ခြင်းမဲ့လုပ်လိုက်တယ်လို့ မထင်လိုက်ပါနဲ့။ ကိုယ့်ကိုယ်ကိုယ် ဘယ်သူမှန်းမသိတဲ့လူတစ်ယောက်အတွက် ပေးဆပ်ခဲ့ရတဲ့ မင်းတို့ဘဝတွေ မတန်ခဲ့ပါဘူး မယ်လီဆာ နဲ့ စူဆန်။ (၉) ဂဏန်းသမားကို (၇) ဂဏန်းသမားတွေက ဝိုင်းပေးဆပ်ရတာ သိပ်မုန်းဖို့ကောင်းတဲ့ ဘုရားရှင်ကြီးပဲ။ (၁၀) ဂဏန်းသမားက လစ်လျူရှုထားလို့လား။ သူ့ကိုလည်း “မတရားသူကြီးမင်း” အဖြစ် သတ်မှတ်လိုက်ရအောင်။ ဂါဗန် ဆိုတဲ့ ဂယ်ရီ ရေ… ခင်ဗျားကတော့ ကွက်စိပ်ဆရာပါပဲဗျာ။ The Nines ဆိုတဲ့ ဟောဒီရုပ်ရှင်ကားက ၂၀၀၇ ခုနှစ်မှာထွက်ရှိခဲ့တဲ့ စိတ္တဇဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဓာတ်ဗူးမင်းသား Ryan Reynolds ပါဝင်သရုပ်ဆောင်ထားပြီး မြင်နေကျ သူ့ပုံစံနဲ့ ကွဲထွက်နေတဲ့ဟန်ကို တွေ့မြင်ရမှာပါ။ ဂျစ်ကန်ကန် ရွှတ်နောက်နောက် လူ့ဂွစာဟန်နဲ့ပဲ ခေါက်ရိုးကျိုးနေသူကြီးရဲ့ ငယ်ရွယ်စဉ်က အနုပညာမြောက်သရုပ်ဆောင်ပုံတွေပေါ့ဗျာ။ ဒီဇာတ်ကားက Psychological Thriller အမျိုးအစားတွေ ရခဲ့သလောက် ပုံမှန် Rating, အောင်မြင်မှုနဲ့ ဝင်ငွေကိုပဲ ရခဲ့ရှာပါတယ်။ စိတ်ပိုင်းဆိုင်ရာ နက်နဲမှုတွေကို တင်ဆက်ထားတာဖြစ်လို့ ဇာတ်လမ်းအကျဉ်းကို ရေးမပြနိုင်ပါဘူး။ သေချာတာကတော့ လူကြီးမင်းပေးလိုက်တဲ့အချိန်ရဲ့ အဆပေါင်းများစွာတန်တဲ့ အတွေးတွေ၊ စိတ်ကူးတွေကို ပြန်လက်ဆောင်ပေးပါလိမ့်မယ်။ ဘုရားသခင်ကို (၁၀) လို့ တန်ဖိုးသတ်မှတ်တယ်ဆိုပါစို့။ လူကြီးမင်းတို့က (၇) မှတ် ရပါတယ်။ ကဲ ဒီလောက်ဆို ဒီဇာတ်ကားထဲက (၉) မှတ်သမားတွေကို လူကြီးမင်းတို့ ဝေဖန်အကဲခတ်လို့ ရနိုင်ပြီဖြစ်ကြောင်းပါဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုArr Khun Winchesterမှ ပြန်ဆို ရေးသားထားပါတယ်)

Software Blues (2022) ⭐IMDB: 7.1/10 (141 Votes) 🎬 #Bollywood #Comedy 🗓️ 2022 🎞️ Movie 📺 1080p 🌎 #India ⏰ 1 နာရီ 59 မိနစ် 35 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 CM ပရိသတ်တွေအတွက် Software Blues ဆိုတဲ့ ပေါ့ပေါ့ပါးပါးတေလေဂူးရုပ်ရှင်လေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ဘာဂေ့ဗ်ဆိုတဲ့ကောင်လေးဟာ နည်းပညာကုမ္ပဏီတစ်ခုမှာအလုပ်လုပ်နေတဲ့ ဆော့ဖ်ဝဲအင်ဂျင်နီယာတစ်ယောက်ပဲဖြစ်ပါတယ်။ သူဟာ အလုပ်နဲ့ပတ်သက်ရင် အမြဲ တလွဲတချော်ဖြစ်နေတတ်ပေမဲ့အကောင်းဆုံးဝန်ထမ်းဆုရဖို့အတွက် အသည်းအသန်အလုပ်ကြိုးစားနေတဲ့သူပါ။သူ့မှာ သူ့လိုပဲ တလွဲတချော်လုပ်တတ်တဲ့ သူငယ်ချင်းတွေရှိပြီးဘယ်သူမှမသိတဲ့ကိစ္စတချို့ကိုလည်း သူက လျှို့ဝှက်ထားပါသေးတယ်။ ဒီရုပ်ရှင်လေးဟာ ပေါ့ပေါ့ပါးပါး ခွီရင်း အပျင်းပြေ ကြည့်လို့ရတဲ့ ဟာသ၊ဒရာမာရုပ်ရှင်လေးဖြစ်ပြီး သူ ဘာလို့ အကောင်းဆုံးဝန်ထမ်းဆုကိုအသည်းအသန်လိုချင်နေလဲဆိုတာကို ဇာတ်လမ်းထဲမှာ မြင်ရမှာဖြစ်ပါတယ်ဗျ…။

The Nines (2007) ⭐IMDB: 6.2/10 (34 k Votes) 🎬 #Drama #Fantasy #Mystery #Thriller 🗓️ 2007 🎞️ Movie 📺 1080p 🌎 #UnitedStates ⏰ 1 နာရီ 40 မိနစ် 12 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Nines (2007) ~ IMDb – 6.2/10, Rotten Tomatoes – 64% ~ အိပ်မက်ထဲက ပေါက်ပန်းဖြူတစ်ပွင့်ကို ဆွဲထုတ်ယူလိုက်ပြီး မင်းကိုကမ်းပေးလိုက်တယ်။ ကြေမွသွားတဲ့ ပန်းကလေးရယ်၊ နောက်ကျောကိုပဲ မြင်ရတော့တဲ့ မင်းရယ်၊ ဝေခွဲမရတဲ့ ငါရယ်၊ မှောင်မည်းမည်းလောကကြီးရယ်။ တစ်ကနေ တစ်ဆယ်အတွင်း ကိုယ့်ကိုယ့်ကိုယ်တန်ဖိုးသတ်မှတ်ရင် ဘယ်လောက်များ ရနိုင်ပါ့မလဲ။ သုညကိုတောင်းဆိုမိရင် ဘုရားသခင်များ ဒေါသဖြစ်လေမလား။ မင်းဟာ ငါပဲ။ သူကလည်း ငါပဲ။ နေရောင်ခြည်ကလည်း ငါပါပဲ။ တစ်ခါတလေ ပူပြင်းနေရုံ။ တစ်ခါတလေမှာ အတွေးတစ်ချက်နဲ့ လောကကြီးကို သတ်ပစ်လိုက်တယ်။ တစ်ရာ့တစ်ပါးသော ထီးဆောင်းမင်းတွေထဲမှာ ငါက အရက်စက်ဆုံးတဲ့။ အဆုံးမဲ့စကြာဝဠာကြီးကို သူတို့လက်ထဲအ‌ရောက် လက်ဆောင်ပေးခဲ့တာတော့ အရေးမပါဘူးဆိုပဲ။ မသေတဲ့သူကို သေအောင်သတ်ဖို့ ဘာတွေလိုမလဲ။ မူးယစ်ဆေးဝါးခပ်ပြင်းပြင်းကို အတိုင်းအဆမဲ့ပမာဏနဲ့ အဆိပ်ခပ်လိုက်မလား။ ကိန်းဂဏန်းတွေကြားထဲမှာ (၉) ဂဏန်းကိုပဲ လိုက်ရှာနေမိတယ်။ ရှာလေတွေ့လေ၊ တွေ့လေ ဝေခွဲမရလေ။ အဖြူသက်သက်မီးတောက်ကြီးနဲ့ မင်းကိုဝါးမျိုပစ်လိုက်တယ်။ နာကျင်ခြင်းမဲ့လုပ်လိုက်တယ်လို့ မထင်လိုက်ပါနဲ့။ ကိုယ့်ကိုယ်ကိုယ် ဘယ်သူမှန်းမသိတဲ့လူတစ်ယောက်အတွက် ပေးဆပ်ခဲ့ရတဲ့ မင်းတို့ဘဝတွေ မတန်ခဲ့ပါဘူး မယ်လီဆာ နဲ့ စူဆန်။ (၉) ဂဏန်းသမားကို (၇) ဂဏန်းသမားတွေက ဝိုင်းပေးဆပ်ရတာ သိပ်မုန်းဖို့ကောင်းတဲ့ ဘုရားရှင်ကြီးပဲ။ (၁၀) ဂဏန်းသမားက လစ်လျူရှုထားလို့လား။ သူ့ကိုလည်း “မတရားသူကြီးမင်း” အဖြစ် သတ်မှတ်လိုက်ရအောင်။ ဂါဗန် ဆိုတဲ့ ဂယ်ရီ ရေ… ခင်ဗျားကတော့ ကွက်စိပ်ဆရာပါပဲဗျာ။ The Nines ဆိုတဲ့ ဟောဒီရုပ်ရှင်ကားက ၂၀၀၇ ခုနှစ်မှာထွက်ရှိခဲ့တဲ့ စိတ္တဇဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဓာတ်ဗူးမင်းသား Ryan Reynolds ပါဝင်သရုပ်ဆောင်ထားပြီး မြင်နေကျ သူ့ပုံစံနဲ့ ကွဲထွက်နေတဲ့ဟန်ကို တွေ့မြင်ရမှာပါ။ ဂျစ်ကန်ကန် ရွှတ်နောက်နောက် လူ့ဂွစာဟန်နဲ့ပဲ ခေါက်ရိုးကျိုးနေသူကြီးရဲ့ ငယ်ရွယ်စဉ်က အနုပညာမြောက်သရုပ်ဆောင်ပုံတွေပေါ့ဗျာ။ ဒီဇာတ်ကားက Psychological Thriller အမျိုးအစားတွေ ရခဲ့သလောက် ပုံမှန် Rating, အောင်မြင်မှုနဲ့ ဝင်ငွေကိုပဲ ရခဲ့ရှာပါတယ်။ စိတ်ပိုင်းဆိုင်ရာ နက်နဲမှုတွေကို တင်ဆက်ထားတာဖြစ်လို့ ဇာတ်လမ်းအကျဉ်းကို ရေးမပြနိုင်ပါဘူး။ သေချာတာကတော့ လူကြီးမင်းပေးလိုက်တဲ့အချိန်ရဲ့ အဆပေါင်းများစွာတန်တဲ့ အတွေးတွေ၊ စိတ်ကူးတွေကို ပြန်လက်ဆောင်ပေးပါလိမ့်မယ်။ ဘုရားသခင်ကို (၁၀) လို့ တန်ဖိုးသတ်မှတ်တယ်ဆိုပါစို့။ လူကြီးမင်းတို့က (၇) မှတ် ရပါတယ်။ ကဲ ဒီလောက်ဆို ဒီဇာတ်ကားထဲက (၉) မှတ်သမားတွေကို လူကြီးမင်းတို့ ဝေဖန်အကဲခတ်လို့ ရနိုင်ပြီဖြစ်ကြောင်းပါဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုArr Khun Winchesterမှ ပြန်ဆို ရေးသားထားပါတယ်)

State of Grace (1990) ⭐IMDB: 7.2/10 (23 k Votes) 🎬 #Action #Crime #Drama #Romance #Thriller 🗓️ 1990 🎞️ Movie 📺 720p 🌎 #UnitedKingdom #UnitedStates ⏰ 2 နာရီ 15 မိနစ် 24 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb 7.2 I am Sam (2001) ရုပ်ရှင်မှာ အော်တစ်ဇင် ဖြစ်နေတဲ့ ဖခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို ကြည့်ရှုသူ ရင်ထဲရောက်အောင် အကောင်းဆုံး ပုံဖော်သွားနိုင်ခဲ့တဲ့ မင်းသားကြီး Sean Penn ရဲ့ မှုခင်းဇာတ်ကားကောင်းလေး တစ်ကားကို CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ် မွေးရပ်မြေမှ ထွက်သွားပြီး ဆယ်နှစ်ကြာမှ ပြန်လည်ရောက်ရှိလာတဲ့ ရဲအရာရှိ ထယ်ရီနူနန်တစ်ယောက် ငယ်စဥ်က ဆိုးတူပေါင်းဖက် ပေါင်းသင်းလာခဲ့တဲ့ သူငယ်ချင်းနဲ့ ငယ်ချစ်ဦးရဲ့ အစ်ကိုဖြစ်သူ ဦးဆောင်းတဲ့ လူဆိုးဂိုဏ်းကို ထောက်လှမ်းဖို့ သူလျှိုအဖြစ် ရောက်ရှိသွားတဲ့အခါ ကိုယ့်မျက်စိရှေ့မှာ သူငယ်ချင်းအရင်းကြီးတွေ လုပ်ကြံသတ်ဖြတ်ခံလိုက်ရပြီး တရားခံတွေကို သိနေတာတောင် မိမိဟာ တရားဥပဒေဘက်တော်သားဖြစ်နေတဲ့အတွက် တရားဥပဒေအရ လက်ပိုက်ကြည့်နေရတဲ့အခါ ဥပဒေအထက်မှာ ပုဂ္ဂိုလ်ပေါင်းများစွာရှိနေတဲ့ သူတို့မြို့လေးမှာ ထယ်ရီနူနန်တစ်ယောက် သူငယ်ချင်းတွေအတွက် တရားမျှတမှု ဘယ်လိုပြန်ယူမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့် Action / Crime / Drama ရုပ်ရှင်ကားကောင်းလေးပဲ ဖြစ်ပါတယ်

Strong Enough (2022) ⭐IMDB: 5.9/10 (72 Votes) 🎬 #Drama #Sport 🗓️ 2022 🎞️ Movie 📺 720p HD 🌎 #UnitedStates ⏰ 1 နာရီ 10 မိနစ် 35 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Strong Enough (2022) 2022 မှာထွက်ရှိထားတဲ့ Strong Enough က​တော့ အားကစားနဲ့ ဒရာမာ ​ရောစပ်ထားတဲ့ကား​လေး တစ်ကားဖြစ်ပါတယ်။ ကိုယ်ကာယအားကစားသမား ဆမ်ဂျွန်ဆန်​တစ်​ယောက် နာရီဝက်အတွင်း ကမ္ဘာစံချိန်​ခြောက်ခုကိုချိုးဖို့ အပြင်းအထန်ကြိုးစား​နေတုန်း သူမရဲ့ အိမ်​ထောင်​​ရေးအရှူပ်အ​​ထွေး​တွေ ​ရောက်လာတဲ့အခါဘယ်လို​တွေ ရင်ဆိုင်​ကျော်လွှားခဲ့လဲ…ဘယ်လိုစံချိန်​တွေကို ချိုးမှာလဲ…အကုန်လုံး ချိုးနိုင်ခဲ့လား…သူဘာ​ကြောင့် ဒီစံချိန်​တွေကိုချိုးဖို့ အပြင်းအထန်​လေ့ကျင့်ခဲ့ရလဲဆိုတဲ့ အ​ကြောင်းအရာ​တွေကို စိတ်ဝင်တစားကြည့်ရှုရမယ့်ကား​လေးပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုDBမှ ပြန်ဆို ရေးသားထားပါတယ်)

Strong Enough (2022) ⭐IMDB: 5.9/10 (72 Votes) 🎬 #Drama #Sport 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 #UnitedStates ⏰ 1 နာရီ 10 မိနစ် 35 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Strong Enough (2022) 2022 မှာထွက်ရှိထားတဲ့ Strong Enough က​တော့ အားကစားနဲ့ ဒရာမာ ​ရောစပ်ထားတဲ့ကား​လေး တစ်ကားဖြစ်ပါတယ်။ ကိုယ်ကာယအားကစားသမား ဆမ်ဂျွန်ဆန်​တစ်​ယောက် နာရီဝက်အတွင်း ကမ္ဘာစံချိန်​ခြောက်ခုကိုချိုးဖို့ အပြင်းအထန်ကြိုးစား​နေတုန်း သူမရဲ့ အိမ်​ထောင်​​ရေးအရှူပ်အ​​ထွေး​တွေ ​ရောက်လာတဲ့အခါဘယ်လို​တွေ ရင်ဆိုင်​ကျော်လွှားခဲ့လဲ…ဘယ်လိုစံချိန်​တွေကို ချိုးမှာလဲ…အကုန်လုံး ချိုးနိုင်ခဲ့လား…သူဘာ​ကြောင့် ဒီစံချိန်​တွေကိုချိုးဖို့ အပြင်းအထန်​လေ့ကျင့်ခဲ့ရလဲဆိုတဲ့ အ​ကြောင်းအရာ​တွေကို စိတ်ဝင်တစားကြည့်ရှုရမယ့်ကား​လေးပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုDBမှ ပြန်ဆို ရေးသားထားပါတယ်)

State of Grace (1990) ⭐IMDB: 7.2/10 (23 k Votes) 🎬 #Action #Crime #Drama #Romance #Thriller 🗓️ 1990 🎞️ Movie 📺 1080p 🌎 #UnitedKingdom #UnitedStates ⏰ 2 နာရီ 15 မိနစ် 24 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb 7.2 I am Sam (2001) ရုပ်ရှင်မှာ အော်တစ်ဇင် ဖြစ်နေတဲ့ ဖခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို ကြည့်ရှုသူ ရင်ထဲရောက်အောင် အကောင်းဆုံး ပုံဖော်သွားနိုင်ခဲ့တဲ့ မင်းသားကြီး Sean Penn ရဲ့ မှုခင်းဇာတ်ကားကောင်းလေး တစ်ကားကို CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ် မွေးရပ်မြေမှ ထွက်သွားပြီး ဆယ်နှစ်ကြာမှ ပြန်လည်ရောက်ရှိလာတဲ့ ရဲအရာရှိ ထယ်ရီနူနန်တစ်ယောက် ငယ်စဥ်က ဆိုးတူပေါင်းဖက် ပေါင်းသင်းလာခဲ့တဲ့ သူငယ်ချင်းနဲ့ ငယ်ချစ်ဦးရဲ့ အစ်ကိုဖြစ်သူ ဦးဆောင်းတဲ့ လူဆိုးဂိုဏ်းကို ထောက်လှမ်းဖို့ သူလျှိုအဖြစ် ရောက်ရှိသွားတဲ့အခါ ကိုယ့်မျက်စိရှေ့မှာ သူငယ်ချင်းအရင်းကြီးတွေ လုပ်ကြံသတ်ဖြတ်ခံလိုက်ရပြီး တရားခံတွေကို သိနေတာတောင် မိမိဟာ တရားဥပဒေဘက်တော်သားဖြစ်နေတဲ့အတွက် တရားဥပဒေအရ လက်ပိုက်ကြည့်နေရတဲ့အခါ ဥပဒေအထက်မှာ ပုဂ္ဂိုလ်ပေါင်းများစွာရှိနေတဲ့ သူတို့မြို့လေးမှာ ထယ်ရီနူနန်တစ်ယောက် သူငယ်ချင်းတွေအတွက် တရားမျှတမှု ဘယ်လိုပြန်ယူမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့် Action / Crime / Drama ရုပ်ရှင်ကားကောင်းလေးပဲ ဖြစ်ပါတယ်

Lilyhammer (2012-2014) ⭐IMDB: 7.9/10 (31 k Votes) 🎬 #Drama #Comedy #Crime 🗓️ 2012-2014 🎞️ tv series 📺 1080p FHD 🌎 #Norway #UnitedStates ⏰ 45 မိနစ် 31 စက္ကန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Lilyhammer Season 1 (2012)  Frank Tagliano ဟာနယူးယောက်မြို့တော်အခြေစိုက် အမေရိကန်မာဖီးယားဂိုဏ်းမိသားစုရဲ့ လက်ထောက်ဂိုဏ်းခေါင်းဆောင်အဆင့် ဖြစ်ခဲ့ပြီး သူ့ဘော့စ်သေဆုံးတဲ့အချိန်မှာ ဂိုဏ်းခေါင်းဆောင်နေရာကို ဘော့စ်ရဲ့ညီတက်လာတဲ့အချိန်မှာ မကျေနပ်ပဲ အဲ့ဒီငနဲကို အက်ဖ်ဘီအိုင်နဲ့လက်ဝါးချင်းရိုက်ပြီးလက်ထောက်ချခဲ့ပါတယ်။ အဲ့ဒီနောက်မှာ အက်ဖ်ဘီအိုင်ကသူ့ကိုမျက်မြင်သက်သေကာကွယ်ရေး အစီအစဉ်အနေနဲ့ တစ်နေရာမှာ နာမည်သစ်လူသစ်နဲ့ဘဝသစ်စဖို့အခွင့်အလမ်းပေးလာခဲ့တဲ့နောက် သူက နော်ဝေးနိုင်ငံက လီလီဟမ်းမားဆိုတဲ့ နယ်မြို့လေးတစ်မြို့ကိုရွေးချယ်ခဲ့ပါတယ်။ အက်ဖ်ဘီအိုင်ကလူတွေက သူ့အတွက်လိုအပ်တာတွေအားလုံးစီစဉ်ကူညီပေးခဲ့ပြီး မသွားခင် တစ်ခွန်းပဲမှာလိုက်ပါတယ်။ အဲ့ဒါကတော့ ”ရဲတွေနဲ့ပြဿနာမတက်ပါစေနဲ့ တက်ခဲ့ရင်ကိုယ့်ဟာကိုယ်ရှင်း” ဆိုတာပါပဲ။ ဒါပေမယ့်လဲ ဂန်းစတားဗီဇမဖျောက်နိုင်တဲ့ ဖရန့်တစ်ယောက် အဲ့ဒီတောမြို့လေးမှာအခြေချဖို့ကြိုးစားရင်း ဂွတီးဂွကျ လက်ပေါက်ကပ်တဲ့ဒေသခံတွေနဲ့ ဘုဘောက်ကျ ဉာဏ်ချင်းယှဉ်ပြိုင်ကြမဲ့ အဖြစ်အပျက်တွေကို ဟာသနှောပြီးတင်ဆက်ထားတာကို ရှုစားရမှာဖြစ်ပါတယ်။ ဖရန့်ဟာ တစ်ချိန်က နယူးယောက်လိုမြို့တော်မှာ မာဖီးယားဂိုဏ်းကြီးတစ်ခုကိုတာဝန်ယူခဲ့တဲ့သူဖြစ်တဲ့အတွက် သူလိုချင်တဲ့အရာကို အနုနည်းနဲ့တစ်မျိုး အကြမ်းနည်းနဲ့တစ်မျိုး လက်တစ်လုံးခြားလှည့်ပတ်ရယူပုံတွေကိုမြင်တေ့ွရမှာပါ။သူမတော်တဆရန်ငြိုးဖွဲ့မိခဲ့တဲ့သူတွေထဲမှာ မြို့ရဲ့ရဲချုပ်နဲ့သူ့လက်ထောက်တွေပါပါဝင်တဲ့အတွက် ဟိုဘက်ကမျက်စိဒေါက်ထောက်စောင့်ကြည့်ခံရသလို တွေ့ကြုံလာတဲ့အကျပ်အတည်းတွေ ပြဿနာတွေကြားက လှည့်ပတ်ရုန်းထွက်ပုံတွေကလဲ ခွီနေရတာပါ။ဂန်းစတားကားပရိသတ်တွေရော ဟာသပရိသတ်တွေရောအကြိုက်တွေ့မယ့်ကားဖြစ်ပါတယ်။ ဖရန့် တစ်ဖြစ်လဲ ဂျီယိုဗန်နီအဖြစ် ပရိသတ်နဲ့မစိမ်းတဲ့ Steven Van Zandt (The Sopranos,The Irishman) ကခေါင်းဆောင်ပါဝင်ထားပါတယ်။File size…(800MB)/(400MB)

1923 (2022-2023) ⭐IMDB: 8.4/10 (30 k Votes) 🎬 #Drama #Western 🗓️ 2022-2023 🎞️ Series 📺 1080p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 8 မိနစ် 26 စက္ကန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 1923 (2022)    1923 (2022) အမေရိကန်နိုင်ငံအနောက်ပိုင်းဒေသတွေကို နောက်ခံဇာတ်အိမ်တည်ထားတဲ့ ကောင်းဘွိုင်းဇာတ်လမ်း 1883 ရဲ့အဆက်ဖြစ်တဲ့ 1923 ဇာတ်လမ်းတွဲဟာ နှစ်တွဲခွဲပြီးထုတ်လွှင့်သွားမှာဖြစ်ပြီး တစ်တွဲကို အပိုင်းရှစ်ပိုင်းထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။ ဒီစီးရီးတွေရဲ့ ပင်မဇာတ်လမ်း Yellowstone ကိုလည်း ချန်နယ်မြန်မာမှ တင်ဆင်ထားပါပြီ။ဒီဇာတ်လမ်းတွဲမှာတော့ မင်းသားကြီးဟယ်ရီဆင်ဖို့ဒ်က မြို့ခံကော်မရှင်နာအရာရှိတစ်ဖြစ်လဲ၊ ကျွဲ၊နွားမွေးမြူရေးသမား ကောင်းဘွိုင်း အိမ်ထောင်ဦးစီးတစ်ယောက်အနေနဲ့ခေါင်းဆောင်ပါဝင်ထားပါတယ်။ သားသမီးမထွန်းကားလို့ တူရဲ့သားဖြစ်သူ ဂျက်ခ်၊ သစ္စာရှိအလုပ်သမားခေါင်း ဇိန်းတို့နဲ့ အတူနေထိုင်ပြီး ဘဝကိုဖြတ်သန်းနေပါတယ်။ ဂျက်ခ်ဟာ ဂျေကော့ဘ်ဒပ်တန်၊ ကာရာဒပ်တန်လင်မယားနဲ့အတူ မွေးမြူရေးခြံမှာနေပေမယ့် အခြားတူတစ်ဦးဖြစ်သူ စပန်ဆာဒပ်တန်ကတော့ ပထမကမ္ဘာစစ်မှာဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ပွဲမှာရခဲ့တဲ့စိတ်ဒဏ်ရာတွေနဲ့အတူ စစ်အပြီးမှာ တောလိုက်မုဆိုးအဖြစ်အာဖရိကမှာ အသက်မွေးနေသူပါ။ပထမကမ္ဘာစစ်၊ ဥပဒေပိတ်ပင်မှုတွေနဲ့ မိုးခေါင်ရေရှားမှုတွေကြောင့် ကျွဲ၊နွားခြံရှင်တွေ စားကျက်ရှားပါးလာပြီး အခက်အခဲတွေဖြစ်လာကြတဲ့အခါတောင်ထူထပ်တဲ့ အမြင့်ပိုင်းနေရာတွေကို တိရစ္ဆာန်အုပ်တွေမောင်းသွားပြီး စားကျက်ရှာဖို့ဖြစ်လာပါတော့တယ်။ ပထမကမ္ဘာစစ်အပြီး အမေရိကန်ပြည်သူတွေကြုံကြရတဲ့ စီးပွားပျက်ကပ်၊ အနောက်ဘက်ဒေသရွှေ့ပြောင်းမှု၊ အရက်သေစာရောင်းဝယ်‌ရေးတားမြစ်မှု စတဲ့အခက်အခဲတွေကြားမှာ ဒပ်တန်မိသားစုဖြတ်သန်းကြရပုံကို ဗဟိုပြုရိုက်ကူးထားပါတယ်။ အမေရိကန်နိုင်ငံ အနောက်ဘက်ဒေသ‌ တွေရဲ့ ရှုခင်းအလှအပတွေနဲ့ ကောင်းဘွိုင်းဇာတ်အိမ်မျိုးကိုသဘောကျသူများအဖို့ လက်မလွှတ်သင့်တဲ့ ဇာတ်လမ်းတွဲဖြစ်ပါတယ်။ IMDb rating 8.4 အထိရရှိထားပြီးတော့ Rotten tomatoes 94% ဖြစ်ပါတယ်။  File size… 1Gb / 500 Mb

Balik-taya (2023) ⭐IMDB: 6.6/10 (74 Votes) 🎬 #Adult #Drama #Thriller 🗓️ 2023 🎞️ Movie 📺 720p 🌎 #Philippines ⏰ 1 နာရီ 38 မိနစ် 7 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Balik Taya (2023) ပစ်ဆိုတဲ့ကောင်လေးဟာ အလုပ်ရှာဖွေရေး အေဂျင်စီတစ်ခုရဲ့ လိမ်လည်မှုကို ခံခဲ့ရရုံတင်မကပဲ ရိုက်ပါအလုခံလိုက်ရတဲ့အတွက် ထိုင်းနိုင်ငံရဲ့ လမ်းဘေးမှာလဲနေခဲ့ပါတယ်။ သူ့ကို တစ်နိုင်ငံတည်းသားချင်းဖြစ်တဲ့ ဂျက်ဆီဆိုတဲ့ ကောင်မလေးက ကယ်တင်ခဲ့ပြီး အစစအရာရာ ကူညီပေးခဲ့ရုံမက အလုပ်ပါရှာပေးခဲ့ပါတယ်။ ပစ်တစ်ယောက် တိုင်းတစ်ပါးမှာနေသားကျလုဆဲဆဲဖြစ်တဲ့အခါကျမှ သူ့ဘဝထဲက ဂျက်ဆီ ပျောက်ချင်းမလှပျောက်သွားတဲ့အတွက် သောကမုန်တိုင်းထန်ပြီး ဖိလစ်ပိုင်ကို ယောင်လည်လည်ပြန်ရောက်လာခဲ့ရပါတယ်။ အဲ့ဒီမှာပဲ ကံ‌ကောင်းထောက်မစွာတွေ့လိုက်မိတာက အွန်လိုင်းလောင်းကစား App တစ်ခုက ဂျက်ဆီနဲ့ ရင်ညွှန့်ပေါ်မှာအမှတ်ချင်းတူနေတဲ့ ကောင်မလေးတစ်ယောက်ကိုပါ။ အဲ့ဒီမိန်းကလေးကို လိုက်ပြီးစုံစမ်းရင်း ကြေးကြီးလောင်းကစားပွဲတွေ၊ ထိုးသတ်ပွဲတွေ နဲ့ မြေအောက်ကမ္ဘာရဲ့ အရှုပ်ထုပ်ထဲကို ပစ် ရောက်ရှိသွားခဲ့ပြီး အဲ့ဒီမြေအောက်လောကထဲက မိန်းကလေးတွေနဲ့ပါ ငြိစွန်းပတ်သက်မိပါတော့တယ်။ အားလုံးရဲ့ အချစ်တော်လေးတွေဖြစ်တဲ့ Angeli Khang နဲ့ Azi Acosta တို့နှစ်ယောက်ကို တစ်ကားတည်းမှာတွေ့မြင်ခွင့်ရမှာဖြစ်တဲ့အတွက် အဲဒီ တစ်ချက်တည်းနဲ့တင် လက်မလွတ်သင့်တဲ့ဇာတ်ကားပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုAliasမှ ပြန်ဆို ရေးသားထားပါတယ်)

Balik-taya (2023) ⭐IMDB: 6.6/10 (74 Votes) 🎬 #Adult #Drama #Thriller 🗓️ 2023 🎞️ Movie 📺 1080p 🌎 #Philippines ⏰ 1 နာရီ 38 မိနစ် 7 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Balik Taya (2023) ပစ်ဆိုတဲ့ကောင်လေးဟာ အလုပ်ရှာဖွေရေး အေဂျင်စီတစ်ခုရဲ့ လိမ်လည်မှုကို ခံခဲ့ရရုံတင်မကပဲ ရိုက်ပါအလုခံလိုက်ရတဲ့အတွက် ထိုင်းနိုင်ငံရဲ့ လမ်းဘေးမှာလဲနေခဲ့ပါတယ်။ သူ့ကို တစ်နိုင်ငံတည်းသားချင်းဖြစ်တဲ့ ဂျက်ဆီဆိုတဲ့ ကောင်မလေးက ကယ်တင်ခဲ့ပြီး အစစအရာရာ ကူညီပေးခဲ့ရုံမက အလုပ်ပါရှာပေးခဲ့ပါတယ်။ ပစ်တစ်ယောက် တိုင်းတစ်ပါးမှာနေသားကျလုဆဲဆဲဖြစ်တဲ့အခါကျမှ သူ့ဘဝထဲက ဂျက်ဆီ ပျောက်ချင်းမလှပျောက်သွားတဲ့အတွက် သောကမုန်တိုင်းထန်ပြီး ဖိလစ်ပိုင်ကို ယောင်လည်လည်ပြန်ရောက်လာခဲ့ရပါတယ်။ အဲ့ဒီမှာပဲ ကံ‌ကောင်းထောက်မစွာတွေ့လိုက်မိတာက အွန်လိုင်းလောင်းကစား App တစ်ခုက ဂျက်ဆီနဲ့ ရင်ညွှန့်ပေါ်မှာအမှတ်ချင်းတူနေတဲ့ ကောင်မလေးတစ်ယောက်ကိုပါ။ အဲ့ဒီမိန်းကလေးကို လိုက်ပြီးစုံစမ်းရင်း ကြေးကြီးလောင်းကစားပွဲတွေ၊ ထိုးသတ်ပွဲတွေ နဲ့ မြေအောက်ကမ္ဘာရဲ့ အရှုပ်ထုပ်ထဲကို ပစ် ရောက်ရှိသွားခဲ့ပြီး အဲ့ဒီမြေအောက်လောကထဲက မိန်းကလေးတွေနဲ့ပါ ငြိစွန်းပတ်သက်မိပါတော့တယ်။ အားလုံးရဲ့ အချစ်တော်လေးတွေဖြစ်တဲ့ Angeli Khang နဲ့ Azi Acosta တို့နှစ်ယောက်ကို တစ်ကားတည်းမှာတွေ့မြင်ခွင့်ရမှာဖြစ်တဲ့အတွက် အဲဒီ တစ်ချက်တည်းနဲ့တင် လက်မလွတ်သင့်တဲ့ဇာတ်ကားပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုAliasမှ ပြန်ဆို ရေးသားထားပါတယ်)

Premadesam (2023) ⭐IMDB: 8.2/10 (1 k Votes) 🎬 #Bollywood #Comedy #Drama #Romance #Family 🗓️ 2023 🎞️ Movie 📺 720p 🌎 #India ⏰ 2 နာရီ 20 မိနစ် 34 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Premadesam 2023 IMDb (8.1/10) CM ပရိသတ်ကြီးအတွက် နောက်ဆုံးထွက် တလဂူးရိုမန့်ဒရမ်မာကားလေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ် အချစ်ဇာတ်လမ်းလေးက တစ်ခုမဟုတ်ပါဘူး နှစ်ခုပါလူလေးယောက် ပြသနာနှစ်ခု အဖြေတစ်ခု ဖြစ်ရပ်တစ်ခုအဲ့ဖြစ်ရပ်တစ်ခုကြောင့် သူတို့ပြသနာတွေပြေလည်သွားနိုင်မလား ရိုမန်တစ်ဆန်ဆန် ဆွတ်ပျံ့ကြည်နူးဖွယ်ဒီဇာတ်လမ်းလေးဟာ မျက်ရည်ဝဲစေမဲ့ ဒရာမာလေးတွေလည်းပါရှိတာမို့ ဇာတ်ကားကြည့်ခေါင်းလေးမှီစရာ ပခုံးပိုင်ရှင်လေးတွေ လိုအပ်တယ်လို့တော့ တစ်ခါတည်း အကြံပြုပါရစေ ကိုယ့်ရဲ့‌ေကာလိပ်ကျောင်းသားဘဝကိုလည်း ပြန်အမှတ်ရစေမယ့်ဇာတ်ဝင်ခန်းတွေလည်းပါရှိတဲ့အပြင် မင်းသားမင်းသမီးအကုန်လုံးက ကြည့်ရရှုရတာ မျက်စိလည်းအေး ရင်လည်အေးပြီးဇာတ်လမ်းလေးကလည်း စိတ်ဝင်စားဖို့ကောင်းတာမို့ ပရိသတ်ကြီးအတွက် အပန်းဖြေကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်

Hypnotic (2021) ⭐IMDB: 5.3/10 (18 k Votes) 🎬 #Mystery #Thriller #Drama #Horror 🗓️ 2021 🎞️ Movie 📺 720p 🌎 #UnitedStates #Canada ⏰ 1 နာရီ 30 မိနစ် 10 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Hypnotic (2021) ခင်ဗျားမြင်နေရတာက အမှန်တရားလား….ခုခင်ဗျား ဒီ Review ကို ဖတ်နေတယ်။ ဒါက အိပ်မက်လား…ခင်ဗျား အိပ်မက်တွေဟာ တကယ်များဖြစ်နေမလား…. Jennifer Thompson ဆိုတဲ့ကောင်မလေးတစ်ယောက်ဟာ ရည်းစားဖြစ်သူ Brian နဲ့ ပြတ်စဲပြီးနောက် အစစအရာရာ စိတ်ဓာတ်ကျကာ ဘဝကိုအလွဲလွဲအချော်ချော်နဲ့ စိတ်ပျက်စွာဖြတ်သန်းနေသူပေါ့။ သူငယ်ချင်းဖြစ်တဲ့ Gina Kelman ကတော့ သူ့ကို သူတို့ရဲ့အိမ်တက်ပွဲမှာ Dr. Collin Meade ဆိုတဲ့ Hypnotherapist တစ်ယောက်နဲ့ မိတ်ဆက်ပေးပါတယ်။ သူ့ဘဝဟာ ဒီဆရာဝန်ကြောင့်ပြောင်းလဲခဲ့ကြောင်းပေါ့။ ဒီဆရာဝန်နဲ့ ပြကြည့်ဖို့လည်း ဆိုပါတယ်။ Jen ဟာ သူငယ်ချင်းဖြစ်သူရဲ့ စိတ်အလိုကျ ဒါကိုလက်ခံလိုက်ပြီး Dr. Meade နဲ့ သွားပြရင်း Jen နဲ့ ဒီဆရာဝန်တို့ သိကျွမ်းခဲ့ကြကာ Hypnosis session တစ်ခုကို လုပ်ခဲ့ကြပါတယ်။ မကြာခင်မှာပဲ Jen ရဲ့ ဘဝဟာလည်း သိသိသာသာပြောင်းလဲ ပျော်ရွှင် လာပါတယ်။ ဒါပေမဲ့ ဒီနောက်ဆက်တွဲမှာ ရှုပ်ထွေးလှတဲ့ Hypnosis ရဲ့ ကြောက်မက်ဖွယ်သဘောတရားတွေကို Jen နဲ့ Detective Wade Rollins တို့ ဘယ်လိုရင်ဆိုင်ပြီး ဖော်ထုတ်သွားမလဲဆို‌တာကို Mystery ‌ဇာတ်ကားတွေရဲ့ ဆန်းကြယ်မှုတွေကို ကိုယ်တိုင်ပဲ ခံစားရင်း ဆက်လက်ရှုစားလိုက်ကြပါတော့… (ဒီဇာတ်ကားနဲ့အညွှန်းကိုNyan Hlyan Chitမှ ပြန်ဆို ရေးသားထားပါတယ်)

Premadesam (2023) ⭐IMDB: 8.2/10 (1 k Votes) 🎬 #Bollywood #Comedy #Drama #Romance #Family 🗓️ 2023 🎞️ Movie 📺 1080p 🌎 #India ⏰ 2 နာရီ 20 မိနစ် 34 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Premadesam 2023 IMDb (8.1/10) CM ပရိသတ်ကြီးအတွက် နောက်ဆုံးထွက် တလဂူးရိုမန့်ဒရမ်မာကားလေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ် အချစ်ဇာတ်လမ်းလေးက တစ်ခုမဟုတ်ပါဘူး နှစ်ခုပါလူလေးယောက် ပြသနာနှစ်ခု အဖြေတစ်ခု ဖြစ်ရပ်တစ်ခုအဲ့ဖြစ်ရပ်တစ်ခုကြောင့် သူတို့ပြသနာတွေပြေလည်သွားနိုင်မလား ရိုမန်တစ်ဆန်ဆန် ဆွတ်ပျံ့ကြည်နူးဖွယ်ဒီဇာတ်လမ်းလေးဟာ မျက်ရည်ဝဲစေမဲ့ ဒရာမာလေးတွေလည်းပါရှိတာမို့ ဇာတ်ကားကြည့်ခေါင်းလေးမှီစရာ ပခုံးပိုင်ရှင်လေးတွေ လိုအပ်တယ်လို့တော့ တစ်ခါတည်း အကြံပြုပါရစေ ကိုယ့်ရဲ့‌ေကာလိပ်ကျောင်းသားဘဝကိုလည်း ပြန်အမှတ်ရစေမယ့်ဇာတ်ဝင်ခန်းတွေလည်းပါရှိတဲ့အပြင် မင်းသားမင်းသမီးအကုန်လုံးက ကြည့်ရရှုရတာ မျက်စိလည်းအေး ရင်လည်အေးပြီးဇာတ်လမ်းလေးကလည်း စိတ်ဝင်စားဖို့ကောင်းတာမို့ ပရိသတ်ကြီးအတွက် အပန်းဖြေကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်

Hypnotic (2021) ⭐IMDB: 5.3/10 (18 k Votes) 🎬 #Mystery #Thriller #Drama #Horror 🗓️ 2021 🎞️ Movie 📺 1080p 🌎 #UnitedStates #Canada ⏰ 1 နာရီ 30 မိနစ် 10 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Hypnotic (2021) ခင်ဗျားမြင်နေရတာက အမှန်တရားလား….ခုခင်ဗျား ဒီ Review ကို ဖတ်နေတယ်။ ဒါက အိပ်မက်လား…ခင်ဗျား အိပ်မက်တွေဟာ တကယ်များဖြစ်နေမလား…. Jennifer Thompson ဆိုတဲ့ကောင်မလေးတစ်ယောက်ဟာ ရည်းစားဖြစ်သူ Brian နဲ့ ပြတ်စဲပြီးနောက် အစစအရာရာ စိတ်ဓာတ်ကျကာ ဘဝကိုအလွဲလွဲအချော်ချော်နဲ့ စိတ်ပျက်စွာဖြတ်သန်းနေသူပေါ့။ သူငယ်ချင်းဖြစ်တဲ့ Gina Kelman ကတော့ သူ့ကို သူတို့ရဲ့အိမ်တက်ပွဲမှာ Dr. Collin Meade ဆိုတဲ့ Hypnotherapist တစ်ယောက်နဲ့ မိတ်ဆက်ပေးပါတယ်။ သူ့ဘဝဟာ ဒီဆရာဝန်ကြောင့်ပြောင်းလဲခဲ့ကြောင်းပေါ့။ ဒီဆရာဝန်နဲ့ ပြကြည့်ဖို့လည်း ဆိုပါတယ်။ Jen ဟာ သူငယ်ချင်းဖြစ်သူရဲ့ စိတ်အလိုကျ ဒါကိုလက်ခံလိုက်ပြီး Dr. Meade နဲ့ သွားပြရင်း Jen နဲ့ ဒီဆရာဝန်တို့ သိကျွမ်းခဲ့ကြကာ Hypnosis session တစ်ခုကို လုပ်ခဲ့ကြပါတယ်။ မကြာခင်မှာပဲ Jen ရဲ့ ဘဝဟာလည်း သိသိသာသာပြောင်းလဲ ပျော်ရွှင် လာပါတယ်။ ဒါပေမဲ့ ဒီနောက်ဆက်တွဲမှာ ရှုပ်ထွေးလှတဲ့ Hypnosis ရဲ့ ကြောက်မက်ဖွယ်သဘောတရားတွေကို Jen နဲ့ Detective Wade Rollins တို့ ဘယ်လိုရင်ဆိုင်ပြီး ဖော်ထုတ်သွားမလဲဆို‌တာကို Mystery ‌ဇာတ်ကားတွေရဲ့ ဆန်းကြယ်မှုတွေကို ကိုယ်တိုင်ပဲ ခံစားရင်း ဆက်လက်ရှုစားလိုက်ကြပါတော့… (ဒီဇာတ်ကားနဲ့အညွှန်းကိုNyan Hlyan Chitမှ ပြန်ဆို ရေးသားထားပါတယ်)

Tetris (2023) ⭐IMDB: 7.4/10 (9 k Votes) 🎬 #Biography #Drama #History #Thriller 🗓️ 2023 🎞️ Movie 📺 1080p 🌎 #UnitedStates #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 59 မိနစ် 1 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Tetris (2023)==========IMDb Rating – 7.4/10 တက်ထရစ်ဂိမ်းကို လူအတော်များများဆော့ဖူးပြီး မဆော့ဖူးရင်တောင် မြင်ဖူးကြမှာပါ။ သန်း ၅၂၀ ကျော် ရောင်းချခဲ့ရပြီး မိုဘိုင်းဂိမ်းအဖြစ် သန်း ၆၅၀ ကျော် ဒေါင်းလုတ်ဆွဲခံရတဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ ၂၀၂၀ အထိ သမိုင်းတလျှောက်အရောင်းရဆုံးဂိမ်းဖြစ်ခဲ့ပြီး အဲဒီနောက်မှာမှ Minecraft (2009) က ကျော်တက်သွားခဲ့တာပါ။ လက်ရှိမှာတော့ Minecraft ကပထမ၊ Grand TheftAuto V (2013) က ဒုတိယနဲ့ Tetris က တတိယဖြစ်နေပါပြီ။ ဒါပေမဲ့ ဂိမ်းစက်နဲ့ကော်ပီရောင်းရနှုန်းက သန်း ၅၀၀ ကျော်တာမို့မာရီယိုပြီးရင် ဒုတိယအရောင်းရဆုံး ဂိမ်းဖရန်ချိုက်စ်လည်း ဖြစ်နေပါတယ်။ အရာတစ်ခုခုကို အချိန်အကြာကြီး အာရုံစူးစိုက်ပြီးလုပ်လိုက်ရင် အဲဒီအရာက လူတွေရဲ့ အတွေးတွေ အိပ်မက်တွေစိတ်ပုံရိပ်တွေကို လွှမ်းမိုးသွားတဲ့ သက်ရောက်မှုကိုတောင် စိတ်ပညာရှင် Jeffrey Goldsmith က Tetris Effect လို့ နာမည်ပေးခဲ့တဲ့အထိပါပဲ။ ဒီရုပ်ရှင်ကတော့ စစ်အေးတိုက်ပွဲကာလမှာ တက်ထရစ်ဂိမ်း ကမ္ဘာကျော်လာပုံရဲ့ နောက်ခံဇာတ်လမ်းတွေကို ရိုက်ကူးထားတာပါ။ ဒါပေမဲ့ ပျင်းစရာ ဒရာမဟုတ်ပါဘူး Thrillerပုံစံရိုက်ကူးထားတာဖြစ်လို့ သည်းထိတ်ရင်ဖိုကြည့်ရမှာပါပဲ။ ဒါရိုက်တာ Jon S. Baird ရိုက်ကူးထားပြီး Kingsmen မင်းသားTaron Egerton အဓိကပါဝင်ထားပါတယ်။ အဓိကကတော့Kingsmen တွေရဲ့ ပရိုဂျူဆာ Matthew Vaughn ကြောင့်ပါပဲ။တက်ထရစ်ဂိမ်းရဲ့ မူပိုင်ခွင့်ကို ကုမ္ပဏီကြီးတွေ လုကြတဲ့အကြောင်းဆိုပေမဲ့ ဂိမ်းတီထွင်သူဟာ ရုရှားကဖြစ်ပြီး စစ်အေးတိုက်ပွဲကာလဖြစ်နေတာကြောင့် KGB ထောက်လှမ်းရေးတွေပါ ပတ်သတ်နေပြီးမော်စကိုမှာ သူလျိုစစ်ဆင်ရေးလုပ်နေသလိုကို ကြည့်ရမှာပါ။ ရုရှားဟာ ကွန်မြူနစ်နိုင်ငံဖြစ်လို့ ဂိမ်းတီထွင်သူဟာ မူပိုင်ခွင့်မရှိပါဘူးငွေလည်းမရပါဘူး။ မူပိုင်ခွင့်ငွေကို အစိုးရကပဲ ရမှာဖြစ်ပါတယ်။ဒါပေမဲ့ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲခါနီးအချိန် ကွန်မြူနစ်အစိုးရတစ်ခုလုံး ချစားနေတဲ့အချိန်ဖြစ်တာကြောင့် မရိုးရှင်းခဲ့ပါဘူး။ နိုင်ငံအတွက်ရမယ့်ငွေကို အိတ်ထဲထည့်ချင်လို့ လာဘ်စားပြီး ဈေးနှိမ်တဲ့ကုမ္ပဏီကိုပဲ ရောင်းချင်တဲ့ အကျင့်ပျက်နိုင်ငံ့ခေါင်းဆောင်တွေပါမယ်လူလည်စီးပွားရေးသမားတွေပါမယ် အစုံပါပဲ။ ဒီတော့ စပိုင် thrillerကြိုက်တဲ့သူတွေ ဖြစ်ရပ်မှန်ကြိုက်တဲ့သူတွေ အားလုံး ကြည့်လိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Mr.Anderson ဖြစ်ပါတယ်)

Felon (2008) ⭐IMDB: 7.4/10 (81 k Votes) 🎬 #Crime #Thriller #Action #Drama #Mystery 🗓️ 2008 🎞️ Movie 📺 720p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 45 မိနစ် 21 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အိပ်မက်ကောင်းလေး မက်နေတုန်း. ဆွဲကိုင်လှုပ်နှိုးခံလိုက်ရသလိုဘဝမှာ မျှော်မှန်းထားသမျှတွေ ဖြစ်လာရုံရှိသေးကြမ္မာဆိုးဝင်ကာ မရည်ရွယ်ဘဲ သတ်ခဲ့မိတဲ့လူသတ်မှုတစ်ခုကြောင့် ဘယ်သူ့ကိုမှ ရှင်းပြခွင့်မရဘဲ ထောင်ထဲဝင်ကာ အချိန်နဲ့ပေးဆပ်ခဲ့ရတဲ့ ဝိတ်ဒ်. ဖြစ်လာသမျှကို အ‌ကောင်းဆုံး ရင်ဆိုင်ကျော်လွှားမယ် စိတ်ကူးရင်းကိုပဲဆုံးဖြတ်ချက်အမှားတွေ ထပ်ခါထပ်ခါ ကျူးလွန်မိရင်း အဆိုးဘက်ကို ရောက်လာခဲ့ပါတယ်။ချစ်ဇနီး၊ သမီးတို့ကို ဆုံးရှုံးထားရပြီး လက်စားချေခြင်းကို ကိုယ််တိုင် အေးစက်စွာ စားသုံးပြီးတဲ့နောက်မှာတော့ထောင်ထဲမှာ ရှင်လျက်သေနေရတဲ့ဘဝမျိုးနဲ့ ဖြတ်သန်းနေခဲ့တဲ့ ဂျွန်စမစ် နဲ့ ဆုံမိတဲ့အချိန်မှာတော့.သာမန်စီးပွားရေးသမားဘဝကနေ အကျဉ်းထောင်ကျောင်းကြီးရဲ့ ပညာပို့ချပေးမှုတွေကြောင့်သတိမထားမိခင်မှာဘဲ ဒုစရိုက်သမား ဂိုဏ်းစတားဘဝကို တဖြည်းဖြည်း ပြောင်းလဲလာနေတဲ့ ဝိတ်ဒ်ရဲ့စိတ်ခံစားချက်တွေအကျဉ်းထောင်အတွင်းက လူမိုက်ဂိုဏ်းတွေနဲ့ ထောင်စောင့်ရဲတွေကြားထဲက ပဋိပက္ခတွေ. ဝိတ်ဒ်ရဲ့ ဇနီးဖြစ်သူ လော်ရာတစ်ယောက် ယောကျ်ားဖြစ်သူကို အားကိုး၍ မရတော့သည့်အချိန်အပြင်လောကအခက်အခဲများကို ကိုယ်တိုင်ဖြေရှင်းရင်း Single Mother ဘဝနဲ့ ရုန်းကန်ရပုံများ.စသည်လက်တွေ့လူ့ဘောင်လောကကို အနီးစပ်ဆုံး ထင်ဟပ်ပြသထားတဲ့ ဇာတ်ကားကောင်းလေး တစ်ပုဒ်ကို CM မှ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်.

Assassin (2023) ⭐IMDB: 3.1/10 (231 Votes) 🎬 #Action #Crime #Thriller #ScienceFiction 🗓️ 2023 🎞️ Movie 📺 1080p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 27 မိနစ် 51 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Assassin (2023)============ ခင်ဗျားတို့ရဲ့ ဘဝမှာ တစ်ရက်လောက် တခြားလူတစ်ယောက်ရဲ့ဘဝနဲ့ ပြောင်းလဲပြီး နေလို့ရမယ်ဆိုရင် ဘာတွေလုပ်ချင်မိကြမလဲ။အရင်ဆုံးဗျာ ဘယ်သူ့ရဲ့ ခန္ဓာကိုယ်ထဲကို ဝင်ချင်မိကြမလဲ။ ပြီးရင်အဲဒီလူရဲ့ ခန္ဓာကိုယ်နဲ့ ဘာတွေကို လုပ်ကြည့်ချင်မိလဲ။ ကျွန်တော်ကတော့ အေးချမ်းမှုတွေရှိတဲ့ နိုင်ငံတစ်နိုင်ငံဆီက ရိုးရှင်းတဲ့လူတစ်ယောက်နဲ့ လဲလှယ်ချင်မိမယ် ထင်တယ်။ ဘဝမှာ ကိုယ်နေပျော်ဖို့က အဓိပဲလေ ဟုတ်တယ်မလား။ ဒါပေမဲ့ ဒီဇာတ်လမ်းကတော့ ကျွန်တော့်စိတ်ကူးနဲ့ လုံးဝဆန့်ကျင်ဖက်ပဲ။ တခြားသူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ယူသုံးပြီး လူတွေလိုက်သတ်ရတယ်တဲ့ဗျာ။ စစ်ဆင်ရေးတစ်ခုမှာ မတော်တဆမှုတစ်ခုဖြစ်ပြီး ကိုမာဝင်သွားတဲ့ အမျိုးသားဖြစ်သူ ဒရုန်းတပ်လေယာဉ်မှူးကို ပြန်ခေါ်နိုင်ဖို့ရာအတွက် တခြားခန္ဓာကိုယ်တွေကိုကူးပြောင်းပြီး လူသတ်၊စစ်ဆင်ရေးတွေလုပ်ရတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အကြောင်းပေါ့။ “ဘယ်အခြေအနေပဲရောက်ရောက် မင်းနဲ့အတူရှိနေပါ့မယ်”ဆိုတဲ့ သစ္စာစကားတစ်ခွန်းက အန္တရာယ်များလွန်းတဲ့ စစ်ဆင်ရေးတွေဆီ အကြောက်အလန့်မရှိ တိုးဝင်သွားနိုင်ပုံတွေကိုရိုက်ပြထားတဲ့ action and crime ဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ မင်းသားတွေကတော့ တစ်ခြားသူတွေမဟုတ်ဘူးခင်ဗျားတို့အချစ်တော်နှစ်ယောက် Bruce Willis နဲ့ DominicPurcell တို့ပေါ့ဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့May Thet Khine Soe ဖြစ်ပါတယ်)

Felon (2008) ⭐IMDB: 7.4/10 (81 k Votes) 🎬 #Crime #Thriller #Action #Drama #Mystery 🗓️ 2008 🎞️ Movie 📺 1080p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 45 မိနစ် 21 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အိပ်မက်ကောင်းလေး မက်နေတုန်း. ဆွဲကိုင်လှုပ်နှိုးခံလိုက်ရသလိုဘဝမှာ မျှော်မှန်းထားသမျှတွေ ဖြစ်လာရုံရှိသေးကြမ္မာဆိုးဝင်ကာ မရည်ရွယ်ဘဲ သတ်ခဲ့မိတဲ့လူသတ်မှုတစ်ခုကြောင့် ဘယ်သူ့ကိုမှ ရှင်းပြခွင့်မရဘဲ ထောင်ထဲဝင်ကာ အချိန်နဲ့ပေးဆပ်ခဲ့ရတဲ့ ဝိတ်ဒ်. ဖြစ်လာသမျှကို အ‌ကောင်းဆုံး ရင်ဆိုင်ကျော်လွှားမယ် စိတ်ကူးရင်းကိုပဲဆုံးဖြတ်ချက်အမှားတွေ ထပ်ခါထပ်ခါ ကျူးလွန်မိရင်း အဆိုးဘက်ကို ရောက်လာခဲ့ပါတယ်။ချစ်ဇနီး၊ သမီးတို့ကို ဆုံးရှုံးထားရပြီး လက်စားချေခြင်းကို ကိုယ််တိုင် အေးစက်စွာ စားသုံးပြီးတဲ့နောက်မှာတော့ထောင်ထဲမှာ ရှင်လျက်သေနေရတဲ့ဘဝမျိုးနဲ့ ဖြတ်သန်းနေခဲ့တဲ့ ဂျွန်စမစ် နဲ့ ဆုံမိတဲ့အချိန်မှာတော့.သာမန်စီးပွားရေးသမားဘဝကနေ အကျဉ်းထောင်ကျောင်းကြီးရဲ့ ပညာပို့ချပေးမှုတွေကြောင့်သတိမထားမိခင်မှာဘဲ ဒုစရိုက်သမား ဂိုဏ်းစတားဘဝကို တဖြည်းဖြည်း ပြောင်းလဲလာနေတဲ့ ဝိတ်ဒ်ရဲ့စိတ်ခံစားချက်တွေအကျဉ်းထောင်အတွင်းက လူမိုက်ဂိုဏ်းတွေနဲ့ ထောင်စောင့်ရဲတွေကြားထဲက ပဋိပက္ခတွေ. ဝိတ်ဒ်ရဲ့ ဇနီးဖြစ်သူ လော်ရာတစ်ယောက် ယောကျ်ားဖြစ်သူကို အားကိုး၍ မရတော့သည့်အချိန်အပြင်လောကအခက်အခဲများကို ကိုယ်တိုင်ဖြေရှင်းရင်း Single Mother ဘဝနဲ့ ရုန်းကန်ရပုံများ.စသည်လက်တွေ့လူ့ဘောင်လောကကို အနီးစပ်ဆုံး ထင်ဟပ်ပြသထားတဲ့ ဇာတ်ကားကောင်းလေး တစ်ပုဒ်ကို CM မှ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်.