ဇာတ်ညွှန်းများ • FDMN
Yopiq kanal
Ma'lumot yo'q
Obunachilar
-524 soatlar
-47 kun
+730 kun
Postlar arxiv
Bring Out the Fear (2021)
⭐IMDB: 5.3/10 (70 Votes)
🎬 #Horror
🗓️ 2021 🎞️ Movie 📺 1080p FHD
🌎 #Ireland
⏰ 1 နာရီ 14 မိနစ် 26 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Bring Out the Fear (2021)
သင်ဟာအဆုံးမရှိတဲ့တောအုပ်တစ်ခုထဲမှာ ရောက်နေရင် ဘယ်လိုရုန်းကန်လှုပ်ရှားမလဲ…
ပြီးခါနီးထိပြဿနာရင်းမြစ်ကဘာလဲ… ဘာကိုအဖြေရှာရမလဲ စတဲ့ ရှုစားသူပါ တွေးတောရတဲ့ Horror ကားတစ်ကားကို ကြည့်ချင်တယ်ဆိုရင်တော့ ဒီဇာတ်ကားဟာလည်း သင့်အတွက်ပါပဲ။
Dan နဲ့ Rosie ဆိုတဲ့အတွဲတစ်တွဲဟာ ပြဿနာတွေတက်ခဲ့ကြပါတယ်။ Rosie ဟာ Eric ဆိုတဲ့ Dan နဲ့လည်း အရမ်းခင်ခဲ့တဲ့ သူငယ်ချင်းနဲ့ ဖောက်ပြန်ခဲ့လို့ ပြဿနာတွေတက်ခဲ့ကြရတာပေါ့။ အဲဒီနောက်မှာ Dan ဟာ ကောင်မလေးကိုခွင့်လွှတ်ပြီး ကောင်မလေးနဲ့အတူ စိတ်ပြေလက်ပျောက်လမ်းလျှောက်ဖို့ တောအုပ်လေးတစ်ခုထဲကို ကားလေးနဲ့ထွက်ခဲ့ကြပါတယ်။
တောအုပ်ထဲမှာလမ်းလျှောက်ကြရင်း စကားစမြည်လေးတွေပြော Relationship တစ်ခုကို ပြန်လည် fix လုပ်ရင်းပေါ့။ ဒီလိုနဲ့ပဲ တောင်ကုန်းလေးတစ်ခုပေါ်ကိုတက်ကြတယ်။ သာယာလှတဲ့ပင်လယ်ကမ်းခြေရှုခင်းကြီးကိုမြင်နေရတဲ့ အဲဒီနေရာလေးမှာ Dan က Rosie ကို လက်ထပ်ခွင့်တောင်းခဲ့တယ်။ Rosie ကတော့ အချိန်တစ်ခုလိုသေးလို့ ခဏစောင့်ဖို့ငြင်းခဲ့ပါတယ်။
အဲဒီနောက် သူတို့ပြန်ဆင်းလာကြတော့ လမ်းတွေဟာရောက်ပြီးသားနေရာကို ရောက်ရောက်နေပြီး လမ်းပျောက်သွားပါတယ်။ သစ်ပင်တွေဟာ အဆုံးမရှိတော့ပါ။ နေဟာ မဝင်တော့ပါ။ ညအချိန်ရယ်လို့မရှိပါ။ လေတွေ အရမ်းတိုက်လာပါတယ်။ ဖုန်းလိုင်းတွေ မမိတော့ပါ။ တောခြောက်သလိုတွေဖြစ်ပြီး ချောက်ချားစရာဖြစ်ရပ်မျိုးစုံကြုံတွေ့လာရပါတော့တယ်။ ဒါတွေကို Dan နဲ့ Rosie ဘယ်လိုရင်ဆိုင်ဖြတ်သန်းပြီး ဒီ Supernatural အဖြစ်အပျက်တွေက ဘာလို့ဖြစ်တာလဲဆိုတာကို ကိုယ်တိုင်ဝင်ရောက်ခံစားရင်း ကြည့်ရှုလိုက်ကြရအောင်ဗျာ…
(ဒီဇာတ်ကားနဲ့အညွှန်းကိုNyan Hlyan Chitမှ ပြန်ဆို ရေးသားထားပါတယ်)
Plan 75 (2022)
⭐IMDB: 6.8/10 (562 Votes)
🎬 #Drama #ScienceFiction
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 #Japan #France #Philippines #Qatar
⏰ 1 နာရီ 52 မိနစ် 51 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Plan 75(2022)
************
ဂျပန်နိင်ငံဆိုတာ သက်ကြီးရွယ်အိုတွေများကြသလိုအသက်လည်းရှည်ကြတာအာလုံးသိကြတယ်။ ဂျပန်အစိုးရဟာသက်ကြီးရွယ်အိုတွေ “အစီအစဉ် ၇၅ “ဆိုတဲ့ အသက် ၇၅ နှစ်နဲ့အထက်အဖိုးအဖွားတွေအတွက်ထောက်ပံပေးဖို့ဥပဒေပြဌာန်းလိုက်ပါတယ်။၇၈ နှစ်ရှိပြီဖြစ်တဲ့ မိချီခကုတနိဆိုတဲ့အဖွားက ဟိုတယ်တစ်ခုမှာသန့်ရှင်းရေးဝင်လုပ်ပါတယ်။နောက်တော့ အသက်အရွယ်ကြီးပြီဖြစ်လို့အနားပေးလိုက်ပါတယ်။အစကတော့ အစီအစဉ် ၇၅ ကိုလျှောက်လွှာမတင်ဘဲ အလုပ်လုပ်ပြီးဆက်နေမယ်လို့ဆုံးဖြတ်ထားပေမယ့် အသက်ကြီးလွန်တာကြောင့်ဘယ်နေရာမှအလုပ်မခန့်တာကြောင့်အစီအစဉ် ၇၅ လျှောက်လွှာတင်ခဲ့ရတယ်။ အဲ့ဒီနောက်မှာတော့…
7 Aum Arivu (2011)
⭐IMDB: 6.5/10 (13 k Votes)
🎬 #Action #Bollywood #Sci-Fi #Thriller #ScienceFiction #SciFi
🗓️ 2011 🎞️ Movie 📺 720p HD
🌎 #India
⏰ 2 နာရီ 39 မိနစ် 28 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
7 Aum Arivu (2011)
အခုတစ်ခေါက် ဘောလိ၀ုဒ်ချစ်သူ ပရိသတ်ကြီးအတွက် ဟောင်းပေမဲ့ကောင်းနေဆဲဖြစ်ပြီး IMDB 6.5/10 ရရှိထားတဲ့ ရုပ်ရှင်ကားကောင်းလေးတစ်ခုကို တင်ဆက်ပေးပါရစေ…သိုင်းလောကမှာ ထင်ရှားတဲ့ တရုတ်နိုင်ငံရဲ့ သိုင်းပညာအခြေခံကျောင်းတော်ကြီး“ရှောင်လင်ကျောင်းတော်” ဟာ ဘယ်ကနေ အစပျိုးလာတာလဲ …
တရုတ်သိုင်းပညာဟာ တရုတ်နိုင်ငံကနေ အခြေခံတာမဟုတ်ဘဲ တမီးလ်လူမျိုး ဖြစ်ပြီးဆေးပညာ သိုင်းပညာနဲ့ အိပ်မွေ့ချပညာမှာ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်တဲ့ဘို့ဒ်ဒီ ဒါမန် ဆိုသူကနေ ဆင်းသက်လာခဲ့တဲ့ သမိုင်းကြောင်း…
သမိုင်းကြောင်းအရ ၆ ရာစု တရုတ်ပြည် ကပ်ရောဂါဘေးဆိုက်နေချိန်ဘို့ဒ်ဒီ ဒါမန်ဟာ အိန္ဒိယနိုင်ငံဆီကို ကပ်ရောဂါ မပျံ့နှံ့လာအောင်တရုတ်ပြည်သို့သွားရောက်ပြီး ကပ်ရောဂါဆိုးကြီးကို ကုသပေးခဲ့တယ်..
၆ ရာစုမှာ ဘို့ဒ်ဒီ ဒါမန် အိန္ဒိယနိုင်ငံကို မရောက်လာအောင် တားဆီးခဲ့တဲ့ကပ်ရောဂါကြီးဟာ ယနေ့ခေတ်အိန္ဒိယမှာ အစပျိုးလာတဲ့အချိန်..ကူးစက်ရောဂါဆိုးကြီးက အလိုအလျောက် ပေါ်လာခြင်းမျိုးမဟုတ်ဘဲတရုတ်နိုင်ငံရဲ့ အိန္ဒိယအပေါ် တိုက်ခိုက်တဲ့ ဇီ၀လက်နက်တစ်ခုဖြစ်နေတဲ့အခါဆပ်ကပ်သမားလေး တစ်ဦး ဖြစ်ပြီး ဘို့ဒ်ဒီ ဒါမန်ရဲ့ မျိုးဆက်လည်းဖြစ်တဲ့အာဗင်ဆိုသူ နဲ့ မျိုးရိုးဗီဇ အင်ဂျင်နီယာကျောင်းသူလေး ဖြစ်တဲ့ဆူဘာတို့ ဒီကပ်ရောဂါကြီးကို ဘယ်လိုတားဆီးကာကွယ်သွားကြမလဲသူတို့ ၂ ဦးကို သတ်ဖြတ်ဖို့ စေလွှတ်လိုက်တဲ့ ရှောင်လင်ကျောင်းတော်ကထိပ်တန်းတပည့် ဒွန်းလီရဲ့ လက်ကနေ လွတ်မြောက်နိုင်ပါ့မလားဆိုတာကိုစိတ်ဝင်တစား ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်
The Kings of the World (2022)
⭐IMDB: 7.2/10 (1 k Votes)
🎬 #Adventure #Drama
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 #Colombia #Luxembourg #France #Mexico #Norway
⏰ 1 နာရီ 51 မိနစ် 50 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Kings of the World(2022)
****************************
ဒီကားက ဆုကြီး(၆)ဆုတောင်ရရှိခဲ့တာဖြစ်ပါတယ်…
ရာ၊ ကူဘယ်ရို၊ ဝင်နီ၊ နာနိုနဲ့ ဆယ်ရယ်ဆိုတဲ့ လူငယ်လေးတွေက ကိုလံဘီယာနိုင်ငံ၊
မယ်ဒရင်မြို့က လမ်းတွေပေါ်မှာပဲကျက်စားကြတဲ့ကောင်လေးလေးတွေပါ။သူတို့မှာ မိဘဆွေမျိုးတွေလည်းမရှိကြတော့လို့ အချင်းချင်းသာသူငယ်ချင်း၊
ညီအစ်ကို၊ မိသားစုလိုဖြစ်နေသူတွေပါ။တစ်နေ့တော့ ရာ ဆီကိုသူ့အဘွားက အမွေအဖြစ်ချန်ထားခဲ့ပေးတဲ့ မြေ၊
အစိုးရဆီကသိမ်းယူသွားတဲ့မြေ၊ ပြန်ယူနိုင်ကြောင်း အကြောင်းကြားစာရလာတဲ့အခါမှာတော့သူတို့တွေ လူရာဝင်ဝင်နေနိုင်အောင် အဲ့မြေကိုယူမယ်ဆိုပြီး လူငယ်လေးငါးယောက်ရဲ့ ခရီးဆန့်ခဲ့ကြပါတော့တယ်။ဇာတ်လမ်းအဆုံးမှာ ဘာဖြစ်သွားမလဲ၊ တစ်ကောင်ကြွက်လေးတွေ၊လူရာမဝင်လေးတွေအတွက်
နေစရာနေရာဆိုတာ လောကကြီးမှာရှိပါ့မလားဆိုတာကို…ခရီးတစ်လျှောက် လမ်းတွေ၊ တောအုပ်တွေ ရှုခင်းလှလှတွေကို ရိုးရိုးရှင်းရှင်းနဲ့
အေးအေးဆေးဆေးကြည့်လို့ရမယ့် ဇာတ်ကားလေးပါပဲ။
Quaid e Azam Zindabad (2022)
⭐IMDB: 6.6/10 (1 k Votes)
🎬 #Action #Bollywood #Comedy #Drama
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 #Pakistan
⏰ 2 နာရီ 23 မိနစ် 47 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Quaid-e-azam zindabad(2022)
IMDb 6.6ဒီတစ်ခါမှာတော့မင်းသမီးနဲ့တင်ကြည့်ရတာတန်နေမဲ့ Action/ Comedy ဇာတ်ကားကိုညွှန်းပေးချင်ပါတယ်ရင်သပ်ရှုမောရတဲ့အလှတွေနဲ့ မင်းသမီးချောလေး Mahira Khan ကဒီကားထဲမှာတိမွေးကုအနေနဲ့ပါဝင်သရုပ်ဆောင်ထားပြီး Box Office အနေနဲ့ 420 millionsရရှိခဲ့တဲ့ဒီကားဟာ ဇာတ်လမ်းဇာတ်အိမ်ခိုင်မာတဲ့ ရုပ်ရှင်ကားတစ်ကားပါပဲ
ဇာတ်လမ်းအညွှန်း…ရဲတွေကြားမှာ ဘယ်သူကလာဘ်ထိုးငွေပိုများများရလဲဆိုပြီးယှဉ်ပြိုင်ကြတဲ့ခေတ်မှာဂူလတ်ရဲ့အဖေရဲသားကြီးကတော့ လာဘ်ထိုးငွေဆို တစ်ရူပီတောင်မယူခဲ့တဲ့ရိုးသားဖြောင့်မတ်သူပါ လာဘ်ထိုးငွေမယူလေတော့ငွေကြေးသိပ်အဆင်မပြေတဲ့မိသားစုထဲပါခဲ့တာပေါ့ ဂူလတ်ငယ်ငယ်လေးတုန်းက သူ့အဖေရဲ့ဆုံးမစကားရှိပါတယ်ငွေစက္ကူထဲမှာပါတဲ့ခေါင်းဆောင်ကြီးက ပိုက်ဆံကိုအလွဲသုံးစားလုပ်ရင် စိတ်ဆိုးပါလိမ့်မယ်တဲ့
ဒီစကားက သူ့အဖေသူ့ကိုမုန့်ဖိုးမပေးချင်လို့ပြောမှန်းသိသွားတဲ့နေ့ ဂူလတ်တို့ ဖခင်တွေးထားတာနဲ့တက်တက်စင်အောင်လွဲပါတော့တယ် ကြီးလာလို့ရဲဖြစ်လာတော့လည်း ဖခင်ရှေ့မှာတော့ရိုးသားချင်ယောင်ဆောင်ပေမဲ့ တစ်ဖက်ဌာနထဲမှာတော့ ရာထူးတိုးသွားရင် လာဘ်ထိုးငွေမရတော့မှာစိုးလို့ငွေပေးပြီးရာထူးမတိုးအောင်တားထားရတဲ့အထိပါပဲ ဒါပေမဲ့လည်းသူ့အဖေရဲ့စကားကမှန်ကန်လာပြီးငွေစက္ကူကသူ့ကိုစိတ်ဆိုးမဲ့နေ့တစ်နေ့ရောက်လာပြီး သူလာဘ်ထိုးငွေယူထားသမျှပိုက်ဆံတွေမှာထူးဆန်းတာတွေဖြစ်လာတဲ့အခါမှာတော့ …ဘာတွေဆက်ဖြစ်သွားမလဲဒီကျိန်စာကိုသူဖြေနိုင်မှာလားဆိုတာတော့ ဆက်လက်ကြည့်ရှူလိုက်ကြပါနော်
Scandal Makers (2023)
⭐IMDB: 7.2/10 (14 Votes)
🎬 #Comedy #Drama #Music #Family
🗓️ 2023 🎞️ Movie 📺 1080p FHD
🌎 #Indonesia
⏰ 1 နာရီ 26 မိနစ် 41 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Scandal Makers 2023IMDb 7.4/10
ဒီဇာတ်လမ်းလေးကတော့ ပေါ့ပေါ့ပါးပါးကြည့်လို့ရပြီးစိတ်အပန်းပြေစေမယ့် အင်ဒိုဟာသဇာတ်လမ်းကောင်းလေးပဲ ဖြစ်ပါတယ်။
နာမည်ကြီး အနုပညာရှင်ဟောင်းတစ်ယောက်ဖြစ်ခဲ့ဖူးတဲ့ အော်စကာဟာရေဒီယိုအသံလွှင့်ရုံမှာ အလုပ်လုပ်ရင်း သူ့ရဲ့နာမည်ပြန်ရဖို့ ကြိုးစားနေရာကနေတစ်နေ့မှာ သူ့ဆီကို အရှုပ်တော်ပုံတစ်ခုရောက်လာပါတော့တယ်။
အထက်တန်းကျောင်းက အချစ်ဦးနဲ့ အချစ်နယ်ကျွံရာကနေ အဖတ်တင်လာခဲ့တဲ့သမီးဖြစ်သူ ဟာ မြေးဖြစ်သူနဲ့ရောက်ရှိလာတဲ့အခါ အော်စကာတစ်ယောက်ဗျာများရပါတော့တယ်။ နာမည်ရဖို့ကြိုးစားနေရာကနေ ဒီလိုကိစ္စတွေကြုံလာရတဲ့အခါအော်စကာတစ်ယောက် ဘယ်လိုတွေ ဆက်လုပ်မလဲဆိုတာကို ဟာသလေးတွေနဲ့ စိတ်ဝင်တစားကြည့်ရှုကြရမှာဖြစ်ပါတယ်။
The Kings of the World (2022)
⭐IMDB: 7.2/10 (1 k Votes)
🎬 #Adventure #Drama
🗓️ 2022 🎞️ Movie 📺 720p HD
🌎 #Colombia #Luxembourg #France #Mexico #Norway
⏰ 1 နာရီ 51 မိနစ် 50 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Kings of the World(2022)
****************************
ဒီကားက ဆုကြီး(၆)ဆုတောင်ရရှိခဲ့တာဖြစ်ပါတယ်…
ရာ၊ ကူဘယ်ရို၊ ဝင်နီ၊ နာနိုနဲ့ ဆယ်ရယ်ဆိုတဲ့ လူငယ်လေးတွေက ကိုလံဘီယာနိုင်ငံ၊
မယ်ဒရင်မြို့က လမ်းတွေပေါ်မှာပဲကျက်စားကြတဲ့ကောင်လေးလေးတွေပါ။သူတို့မှာ မိဘဆွေမျိုးတွေလည်းမရှိကြတော့လို့ အချင်းချင်းသာသူငယ်ချင်း၊
ညီအစ်ကို၊ မိသားစုလိုဖြစ်နေသူတွေပါ။တစ်နေ့တော့ ရာ ဆီကိုသူ့အဘွားက အမွေအဖြစ်ချန်ထားခဲ့ပေးတဲ့ မြေ၊
အစိုးရဆီကသိမ်းယူသွားတဲ့မြေ၊ ပြန်ယူနိုင်ကြောင်း အကြောင်းကြားစာရလာတဲ့အခါမှာတော့သူတို့တွေ လူရာဝင်ဝင်နေနိုင်အောင် အဲ့မြေကိုယူမယ်ဆိုပြီး လူငယ်လေးငါးယောက်ရဲ့ ခရီးဆန့်ခဲ့ကြပါတော့တယ်။ဇာတ်လမ်းအဆုံးမှာ ဘာဖြစ်သွားမလဲ၊ တစ်ကောင်ကြွက်လေးတွေ၊လူရာမဝင်လေးတွေအတွက်
နေစရာနေရာဆိုတာ လောကကြီးမှာရှိပါ့မလားဆိုတာကို…ခရီးတစ်လျှောက် လမ်းတွေ၊ တောအုပ်တွေ ရှုခင်းလှလှတွေကို ရိုးရိုးရှင်းရှင်းနဲ့
အေးအေးဆေးဆေးကြည့်လို့ရမယ့် ဇာတ်ကားလေးပါပဲ။
Quaid e Azam Zindabad (2022)
⭐IMDB: 6.6/10 (1 k Votes)
🎬 #Action #Bollywood #Comedy #Drama
🗓️ 2022 🎞️ Movie 📺 720p HD
🌎 #Pakistan
⏰ 2 နာရီ 23 မိနစ် 47 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Quaid-e-azam zindabad(2022)
IMDb 6.6ဒီတစ်ခါမှာတော့မင်းသမီးနဲ့တင်ကြည့်ရတာတန်နေမဲ့ Action/ Comedy ဇာတ်ကားကိုညွှန်းပေးချင်ပါတယ်ရင်သပ်ရှုမောရတဲ့အလှတွေနဲ့ မင်းသမီးချောလေး Mahira Khan ကဒီကားထဲမှာတိမွေးကုအနေနဲ့ပါဝင်သရုပ်ဆောင်ထားပြီး Box Office အနေနဲ့ 420 millionsရရှိခဲ့တဲ့ဒီကားဟာ ဇာတ်လမ်းဇာတ်အိမ်ခိုင်မာတဲ့ ရုပ်ရှင်ကားတစ်ကားပါပဲ
ဇာတ်လမ်းအညွှန်း…ရဲတွေကြားမှာ ဘယ်သူကလာဘ်ထိုးငွေပိုများများရလဲဆိုပြီးယှဉ်ပြိုင်ကြတဲ့ခေတ်မှာဂူလတ်ရဲ့အဖေရဲသားကြီးကတော့ လာဘ်ထိုးငွေဆို တစ်ရူပီတောင်မယူခဲ့တဲ့ရိုးသားဖြောင့်မတ်သူပါ လာဘ်ထိုးငွေမယူလေတော့ငွေကြေးသိပ်အဆင်မပြေတဲ့မိသားစုထဲပါခဲ့တာပေါ့ ဂူလတ်ငယ်ငယ်လေးတုန်းက သူ့အဖေရဲ့ဆုံးမစကားရှိပါတယ်ငွေစက္ကူထဲမှာပါတဲ့ခေါင်းဆောင်ကြီးက ပိုက်ဆံကိုအလွဲသုံးစားလုပ်ရင် စိတ်ဆိုးပါလိမ့်မယ်တဲ့
ဒီစကားက သူ့အဖေသူ့ကိုမုန့်ဖိုးမပေးချင်လို့ပြောမှန်းသိသွားတဲ့နေ့ ဂူလတ်တို့ ဖခင်တွေးထားတာနဲ့တက်တက်စင်အောင်လွဲပါတော့တယ် ကြီးလာလို့ရဲဖြစ်လာတော့လည်း ဖခင်ရှေ့မှာတော့ရိုးသားချင်ယောင်ဆောင်ပေမဲ့ တစ်ဖက်ဌာနထဲမှာတော့ ရာထူးတိုးသွားရင် လာဘ်ထိုးငွေမရတော့မှာစိုးလို့ငွေပေးပြီးရာထူးမတိုးအောင်တားထားရတဲ့အထိပါပဲ ဒါပေမဲ့လည်းသူ့အဖေရဲ့စကားကမှန်ကန်လာပြီးငွေစက္ကူကသူ့ကိုစိတ်ဆိုးမဲ့နေ့တစ်နေ့ရောက်လာပြီး သူလာဘ်ထိုးငွေယူထားသမျှပိုက်ဆံတွေမှာထူးဆန်းတာတွေဖြစ်လာတဲ့အခါမှာတော့ …ဘာတွေဆက်ဖြစ်သွားမလဲဒီကျိန်စာကိုသူဖြေနိုင်မှာလားဆိုတာတော့ ဆက်လက်ကြည့်ရှူလိုက်ကြပါနော်
Air Force: The Movie - Danger Close (2022)
⭐IMDB: 5.6/10 (328 Votes)
🎬 #Action #Adventure #War
🗓️ 2022 🎞️ Movie 📺 720p HD
🌎 #Malaysia
⏰ 1 နာရီ 44 မိနစ် 16 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Air Force The Movie (2022)
*************************
နာမ်ဘူရီနိုင်ငံလေးဟာ တောင်နဲ့မြောက် (၂)ခြမ်းကွဲပြီး
ပြည်တွင်းစစ်ဖြစ်နေတာ (၅)နှစ် တိုင်ခဲ့ပြီ…
ပြည်တွင်းစစ်ဖြစ်လို့ နိုင်ငံဟာမွဲပြာကျနေပေမယ့်
လူသတ်လက်နက်တွေတော့ ၂ဘက်လုံးမှာ ခေတ်မှီစွာ
တည်ရှိနေကြတယ်…..အဲ့ဒီနောက် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု
ရယူမှုရယူနိုင်ခဲ့တယ်.. မလေးရှားက နမ်ဘူရီရဲ့ နိုင်ငံကိုကို
တတ်နိုင်သလောက် အပတ်အခတ်ရပ်စဲစဉ်ကာလမှာ
အများကြီးကူညီခဲ့တယ်.. နာမ်ဘူရီနိုင်ငံထဲထိ မလေးရှားစစ်သည်အချို့လာရောက်
ပြီး ကူညီခဲ့တယ်..အဲ့ဒီနောက် တောင်မြောက်ပြန်လည်စစ်ပွဲတွေဖြစ်ခဲ့ပြီး
မလေးရှားစစ်သည်တွေပါဝင်တဲ့ လေယာဉ်ကြီးကို နမ်ဘူရီတို့က ပစ်ချခဲ့ပါတယ်..
စစ်သည်အချို့ လေထီးနဲ့ခုန်ချခဲ့ပေမဲ့ နာမ်ဘူရီတို့ဟာ ဒီကိစ္စကို လက်စတုံးချင်တဲ့
အတွက် တောနင်းရှာဖွေသတ်ဖြတ်ဖို့ဖြစ်လာတဲ့အခါမှာတော့..
မလေးရှားတို့ သူတို့စစ်သည်တွေကယ်တင်နိုင်မလား..
လူ လက်နက်အင်အားချို့တဲ့စွာနဲ့ တောထဲမှာ မလေးရှားစစ်သည်တွေ
ဘယ်လောက်ထိတောင့်ခံထားနိုင်မလဲဆိုတာကိုတော့…

Better Man ( 2023 )
⭐⁉️
🎬 #Comedy #Drama
🗓️ 2023 🎞️ Movie 📺 1080p FHD
🌎 #China
⏰ 1 နာရီ 31 မိနစ် 56 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
အိမ်ထောင်တစ်ခုမှာ မိန်းမသားတွေဟာ အိမ်မှုကိစ္စလုပ် ၊ အမျိုးသားတွေကိုပြုစု ၊ကလေးမွေး / ကလေးထိန်း ဖို့ပဲတာဝန်ရှိပြီးတစ်ခြားအလုပ်တွေလဲလုပ်စရာမလို လူမှုနယ်ပယ်ကိုလဲဝန်ဆံ့စရာမလိုဘူးဟု ထင်မှတ်ထားသူ စာရေးဆရာ – ဟူထျယ်နမ်
ဒီလို အတွေးမျိုးကို ပုံသေတစ်ခုအဖြစ်မှတ်ထားတဲ့ ဟူထျယ်နမ်ဟာသူအပြင်မှာ ပင်ပင်ပန်းပန်းအလုပ်တွေလုပ်ပေး မိသားစုအတွက်ငွေရှာပေးနေတာနဲ့တင် သူ့ရဲ့ ခင်ပွန်းဝတ္ထရား ကျေပွန်ပြီဟု ထင်မှတ်နေသူပါ ။ဇနီးဖြစ်သူကိုလဲ အလုပ်လုပ်မခိုင်းသလို လူမှုနယ်ပယ်မှာလဲဝန်ဆံ့ဖို့ ပိတ်ပင်ထားပါတယ် ။ တစ်နေ့မှာတော့ ဟူထျယ်နမ်တစ်ယောက် အလုပ်သွားဖို့ ဓာတ်လှေကား စီးနေစဥ်အတွင်းမှာမတော်တဆ ဖြစ်ကာ သူလက်ရှိနေနေတဲ့ လောကကြီးနဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ နေရာဆီကို ချက်ချင်းဆိုသလို ရောက်ရှိသွားခဲ့ပါတော့တယ် ။
အဲ့ဒီလောကမှာရှိတဲ့ မိန်းမသားတွေက အိမ်ထောင်ကိုဦးစီးပြီးယောကျာ်းတွေက အိမ်မှုကိစ္စ အဖြာဖြာလုပ်ပြီး ကလေးမွေး ၊ကလေးထိန်းအစရှိတဲ့ အလုပ်တွေကို လုပ်နေကြရပါတယ် ။အစပိုင်းမှာ ဟူထျယ်နမ်တစ်ယောက် လက်မခံပဲ ဆက်ဆက်ထိမခံဆန့်ကျင်ခဲ့ပေမဲ့ မရခဲ့ချေပါဘူး ။ သူကိုယ်တိုင် မိန်းမသားတွေလုပ်ကိုင်ကြရတဲ့ အရာတွေကို မျက်မြင်ကိုယ်တွေ့ ကြုံလာရတဲ့အခါမှာ ….?
ဟူထျယ်နမ်တစ်ယောက် နောင်တရပြီး အမြင်မှန် ပြန်ရသွားမလား ။မ်ိန်းမအပေါ်ကို နားလည်ပေးပြီး အရာရာကို ပြောင်းလဲ ပြင်ဆင်သွားမလား ။သူအမြင်မှန် ရသွားတဲ့ အချိန်မှာရော အရာအားလုံးကပြင်ဆင်ဖို့ အချိန်မှီသေးပါ့မလား ဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်ရှင် ။ဒီကားလေးကိုကြည့်ပြီးသွားရင်တော့ မိန်းမသားတွေကိုအိမ်မှုကိစ္စတစ်ခုထဲ လုပ်ဖို့မသတ်မှတ်ထားသင့်ကြောင်း၊ ယောကျာ်းတွေအနေနဲ့လဲ အလုပ်နဲ့ မိသားစုအရေးမှာမျှမျှတတ အချိန်ပေးသင့်ကြောင်း အစရှိတာတွေကို သေချာနားလည်စေမှာ အမှန်ပါပဲ ။
Big Joy Event ( 2023 )
⭐⁉️
🎬 #Comedy #Romance
🗓️ 2023 🎞️ Movie 📺 1080p FHD
🌎 #China
⏰ 1 နာရီ 28 မိနစ် 27 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
အခုတစ်ခေါက် CM က Big Joy Event ဆိုတဲ့ဟာသကားလေး တစ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့-
ကားပြင်ဆရာလီတကျွင်းနဲ့ လက်သည်းအလှပြင်သူ လျိုမိန်တို့ချစ်သူနှစ်ယောက်ဟာ စေ့စပ်ပွဲနေ့မှာ မင်္ဂလာပွဲနေ့ကို သတ်မှတ်ခဲ့ကြတယ်။တစ်ချိန်တည်းမှာပဲ လီတကျွင်းဟာ ယောက္ခထီးကြီးဖြစ်သူလျိုခဲ့ကျန်ရဲ့ စိန်ခေါ်မှုကြီး တစ်ရပ်ကို လက်ခံခဲ့ရတယ်။ တင်တောင်းငွေ ၅ သိန်းတဲ့။
လီတကျွင်းအတွက်တော့ နှစ်ဝက်အတွင်း ၅ သိန်းရဖို့ကမဖြစ်နိုင်တဲ့ တာဝန်ကြီးတစ်ခုပါ။ ထိုနောက် လီတကျွင်းနဲ့လျိုမိန်တို့ပူးပေါင်းပြီး လျိုခဲ့ကျန်ကို တိုက်စစ်ဆင်ပါတော့တယ်။
လူငယ် နှစ်ယောက်က ရှေးဟောင်း အတွေးအခေါ်တွေကို ဘယ်လို ကျော်ဖြတ်ကြမလဲ……သူတိုနှစ်ယောက် မင်္ဂလာပွဲကို အောင်မြင်စွားကျင်းပနိုင်ပါမလား……ဆိုတာကို ဇာတ်လမ်းလေးနဲ့အတူ ရယ်မောကြည့်ရှုကြရအောင်နော်။
Apokawixa (2022)
⭐IMDB: 5.8/10 (287 Votes)
🎬 #Comedy #Horror #Sci-Fi #SciFi
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 #Poland
⏰ 2 နာရီ 00 မိနစ် 23 စက္ကန့်
👑 Gold Channel Movies
ဇာတ်ညွှန်း 📜
Apokawaxi (2022)ကိုဗစ်-၁၉ဖြစ်ပွားတဲ့အချိန်က စပြီး ကမ္ဘာကြီးက လူသားတွေကို အပြစ်ပေးနေသည့်အလား ဖောက်ပြန်လာပါတော့တယ်။ ရာသီဥတု ကပ်ဘေး အစုံအလင်နဲ့ မမြင်မတွေဖူးတဲ့ ရောဂါပေါင်းစုံပါ ဖြစ်ပွားနေပါတော့တယ်။ ဒီလိုကပ်ဘေးတွေကြောင့် အိမ်ထဲမှာပဲနေရပြီး ဘာဆိုဘာမှမလုပ်ရတဲ့ လူငယ်လေးတွေဟာ ပါတီပွဲတစ်ခုကို ကျင်းပဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ စာမေးပွဲပြီးတဲ့နေ့မှာ ပါတီပွဲကိုကျင်းပဖို့အတွက် လူငယ်လေးတွေဟာ အုပ်စုတွေနဲ့ တစ်နေရာချင်းကနေ ထွက်လာကြပါတော့တယ်။ ကပ်ရောဂါဖြစ်နေတဲ့ကြားထဲ ဇွတ်တရွတ်ဆန်လွန်းတဲ့ လူငယ်လေးတွေဟာ သူတို့ကျင်းပလှချည်ရဲ့ဆိုတဲ့ ပါတီကို အေးအေးချမ်းချမ်းပဲ ကျင်းပနိုင်မလား။ ကြောက်စရာ ကပ်ဘေးတွေက ဘယ်လိုတွေဖြစ်ပွားနေတာလဲ။ ဒီကားကိုကြည့်ရင်း ကိုယ်တွေ ကြုံတွေ့နေရတဲ့အချိန်ကို မျက်လုံးထဲမြင်ယောင်မိနိုင်သည့်အတွက် ကြည့်ရှုဖို့ တိုက်တွန်းချင်ပါတယ်Reviewed by MayLinTranslated by MayLin & DoHsuHsuEncoded by Siran
Apokawixa (2022)
⭐IMDB: 5.8/10 (287 Votes)
🎬 #Comedy #Horror #SciFi

Cryptid (2022)
⭐IMDB: 4.4/10 (196 Votes)
🎬 #Horror #Thriller
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 #UnitedStates
⏰ 1 နာရီ 53 မိနစ် 45 စက္ကန့်
👑 Gold Channel Movies
ဇာတ်ညွှန်း 📜
Cryptid (2022)မြို့လေးတစ်မြို့မှာ အမည်မသိတဲ့တိုက်ခိုက်မှုတွေနဲ့ လူတွေဟာ တစ်စစီဖြစ်ပြီးသေတဲ့အမှုတွေဖြစ်နေတယ် အဲ့မြို့မှာပဲ သတင်းရေးဆရာတစ်ယောက်ဖြစ်တဲ့ မက်စ်ကဒီသတင်းကိုစိတ်ဝင်စားပြီး ရေးဖို့ကြံပါတော့တယ် ပထမတော့ သူ့မှာပိုက်ဆံမရှိတော့လို့ ဒီတိုင်း ဇာတ်လမ်းတစ်ခုရေးလိုက်မယ်ဆိုပြီး လိုက်ခဲ့ပေမယ့် သူရှာဖွေလေ ပိုပြီးတော့ နက်နဲလာလေမို့လို့သူ့သူငယ်ချင်း ဟယ်ရီယက်နဲ့အတူ အဆုံးထိမွှေနှောက်ပါတော့တယ်အဲ့မှာပဲ သူတို့ ဘယ်သူမှမယုံနိုင်လောက်တဲ့အရာတစ်ခုကိုရှာတွေ့ပြီးနောက်ထပ်လူတွေမသေရအောင်တားဆီးဖို့ သက်သေရှာတဲ့အခါအဲ့မြို့က ရဲမှူးချာလီကို အကူအညီသွားတောင်းရတော့တာပေါ့မက်စ်နဲ့ ချာလီနဲ့မှာက နောက်ကွယ်မှာဇာတ်လမ်းလေးတွေရှိနေတာအပြင်ကိုမက်စ်ပြောသမျှကိုလည်း ဘယ်သူမှမယုံကြပါဘူးအဲ့အချိန်မှာပဲ မထင်မှတ်တာတွေပါထပ်ဖြစ်လာတဲ့အခါ ဘာဆက်ဖြစ်မလဲဆိုတာကိုတော့ ရုပ်ရှင်လေးပဲဒေါင်းကြည့်လိုက်ပါတော့နော်အညွှန်းနဲ့ဘာသာပြန် ThinZar ဖြစ်ပါတယ်Encoded by Siran

Devil Beneath (2023)
⭐IMDB: 4.4/10 (90 Votes)
🎬 #Horror #Thriller
🗓️ 2023 🎞️ Movie 📺 1080p FHD
🌎 #Australia
⏰ 1 နာရီ 26 မိနစ် 10 စက္ကန့်
👑 Gold Channel Movies
ဇာတ်ညွှန်း 📜
Devil Beneath (2023)ဇာတ်လမ်းအကျဉ်းလေးကတော့ ညီအစ်ကိုနှစ်ယောက် သူတို့အဖိုး ပိုင်တဲ့ မြေကွက်ကို အမွေရပြီးတဲ့နောက်မှာ မိသားစုရဲ့ လျှို့ဝှက်ချက်တွေကို ရှာတွေ့ခဲ့ကြပါတယ်။ ထို့နောက်သူတို့သူငယ်ချင်းတစ်ယောက်ပျောက်သွားတဲ့ အခါမှာတော့ အမှောင်ထဲမှာရှိနေတဲ့ သတ္တဝါတစ်ကောင်က သူတို့နားမှာအမြဲရှိနေတယ်ဆိုတာ သိလိုက်ရပါတယ်။ အဲ့နောက်ပိုင်းမှာတော့ သူတို့ဘာဆက်လုပ်မလဲ သတ္တဝါကြီးကိုဘယ်လိုရင်ဆိုင်မလဲဆိုတာကိုကြည့်ရမယ့် Thriller ဆန်ဆန် Australian ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။Reviewed by YoonTranslated by Yoon & P&JEncoded by Siran
All for Ella (2022)
⭐IMDB: 5.8/10 (92 Votes)
🎬 #Drama #Music #Romance #Comedy
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 #Germany
⏰ 1 နာရီ 40 မိနစ် 20 စက္ကန့်
👑 Gold Channel Movies
ဇာတ်ညွှန်း 📜
Featuring Ella (2022)Featuring Ella အယ်လာဆိုတဲ့ ကောင်မလေးဟာ ဂီတအပေါ် အရမ်းကိုရူးသွပ်သူလေးဖြစ်ပါတယ်။ သူဟာ ဘွဲ့ရဖို့ကတစ်ဖက် ဂီတကိုသူ့အဖွဲ့နဲ့အတူ ကြိုးစားနေရသူလေးပါ။တစ်ရက်မှာ သီချင်းပြိုင်ပွဲတစ်ခုကို သူဟာ သူ့အဖွဲ့နဲ့အတူ ဝင်ပြိုင်ဖို့အတွက် ဆုံးဖြတ်ခဲ့ပါတယ်။ ပထမအဆင့်မှာ နိုင်ခဲ့ပေမဲ့ သူ့အမေက စာမေးပွဲကြောင့် သူလုပ်တာတွေကို မနှစ်သက်ကြောင်းပြလာတဲ့အခါ..သူ့သူငယ်ချင်းတွေကလည်း အနိုင်ခဲ့ရင်တောင် အဖွဲ့အဖြစ် ဆက်လက်မတည်ရှိပေးနိုင်မဲ့ သိလိုက်ရသောအခါ… သူဘယ်လိုဆက်ကြိုးစားမလဲ။ခပ်မြူးမြူးဇာတ်ကားလေးတစ်ကားဖြစ်တဲ့အပြင် သီချင်းကောင်းလေးတွေပါ နားဆင်ရမဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။Reviewed by MayLinTranslated by MayLin & P&JEncoded by Hubin
5G: The Reckoning (2023)
⭐IMDB: 3.2/10 (39 Votes)
🎬 #Horror
🗓️ 2023 🎞️ Movie 📺 1080p FHD
🌎 #Canada
⏰ 1 နာရီ 21 မိနစ် 25 စက္ကန့်
👑 Gold Channel Movies
ဇာတ်ညွှန်း 📜
5D: The Reckoning (2023)Pandemic ကာလပြီးလား မပြီးလားနဲ့ မမဆောင်းဖြစ်နေတဲ့ဒီကာလကြီးမှာ ထပ်ပြီး သို့လော သို့လောအဖြေထုတ်စရာတွေအပြည့်နဲ့ ဇာတ်ကားလေးတကား အသစ်ထွက်လာခဲ့ပါပြီ။ ဒီကားမှာတော့ ကျောင်းသား ၈ ယောက်ဟာ Global Pandemic အတွက် ကောလိပ်ကအဆောင်မှာ Lockdown လုပ်နေကြတာပါ။ ဒီထဲမှာ နည်းပညာကျွမ်းကျင်ပြီး ပြင်ပပတ်ဝန်းကျင်နဲ့ထိတွေ့လို့မရတဲ့ရောဂါရှိနေနဲ့ ဘော့ဘ်တစ်ယောက်လည်း အပါအဝင်ပဲ ဖြစ်ပါတယ် ။ နည်းပညာသမားပီပီ လုံခြုံရေးကင်မရာတွေကို ဟက်ခ်ပြီးစောင့်ကြည့်နေရင်း တညမှာတော့ ညတာဝန်ကျတဲ့ Receptionist က ထိုင်နေရင်း ဖြတ်ခနဲပျောက်သွားတာကို တွေ့လိုက်ရပါတော့တယ်။ အဲကစလိုက်တဲ့ လူပျောက်ဆုံးမှုတွေနဲ့အတူ အဆောင်တွင်းမှာပါ ဘာကြောင့်မှန်းမသိပဲ Pandemic စလာပါတော့တယ်။ အဆောင်ထဲမှာဖြစ်နေတဲ့ Pandemic ကဘာကြောင့်လဲ .. ပျောက်သွားတဲ့လူတွေကရော ဘယ်ရောက်သွားလဲ .. သူတို့ ၈ယောက်ထဲက ဘယ်နှစ်ယောက်များ လွတ်သွားမလဲ.. စတာတွေကိုတော့ ပရိသတ်ကြီးပဲကြည့်ရင်း အဖြေထုတ်ရအောင် ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်နော် ။Translated and Reviewed by DoHsuHsuEncoded by Siran
The Winter Witch (2022)
⭐IMDB: 3.3/10 (39 Votes)
🎬 #Horror
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 #UnitedKingdom
⏰ 1 နာရီ 21 မိနစ် 48 စက္ကန့်
👑 Gold Channel Movies
ဇာတ်ညွှန်း 📜
The Winter Witch (2022)ခရစ်စမတ်ညတစ်ညကနေ ဖြစ်တည်လာတဲ့ကျိန်စာဟာ အဆုံးမသတ်နိုင်သေးပဲ တခြားလူတွေပါ သက်ရောက်လာတဲ့အခါ …….ကလေးသုံးယောက်သေဆုံးမှုအပြီးမှာ ကျိန်စာကိုဖြေရှင်းဖို့အတွက် အတိတ်ဆိုးတွေပြည့်နေတဲ့ အိမ်ကြီးကို သူ့သမီးလေးနဲ့အတူသွားခဲ့ပါတယ်။ ကျိန်စာကနေ တစ်ခါလွတ်ဖူးတဲ့သူဟာ နောက်တစ်ကြိမ်ရော လွတ်နိုင်ပါ့မလား…. ဒီ အတိတ်ဆိုးကြီးထဲကနေရော သူဟာ ရုန်းထွက်နိုင်ပါ့မလားReviewed & Translated by MayLinEncoded by Siran