uz
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Yopiq kanal

🚩 Channel was restricted by Telegram

Ko'proq ko'rsatish
Ma'lumot yo'q
Obunachilar
-524 soatlar
-47 kun
+730 kun
Postlar arxiv
Rautu Ka Raaz (2024) ⭐IMDB: 6.5/10 (441 Votes) 🎬 #Bollywood #Crime #Drama #Mystery 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 55 မိနစ် 7 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Rautu Ka Raaz 2024 မရဏအလွန်ကအမှန်တရား IMDb -6.5/10 မင်းသားကြီးNawazuddinရဲ့ မှုခင်းဇာတ်လမ်းကို မျှော်နေကြသူလေးတွေအတွက်မှုခင်းဇာတ်လမ်း အသစ်စက်စက်လေးကို တင်ဆက်ပေးလိုက်ပါပြီ။မှုခင်းသီးသန့်မဟုတ်ဘဲ Bollywood ဆန်ဆန် အာဏာလှည့်ကွက်တွေနဲ့ဒရာမာလေးတွေလည်းပါဦးမှာမလို့ ရှုစားကြည့်ရအောင်ပါ။ အတိတ်က နာကျည်းချက်တွေနဲ့အတူ အိမ်ကိုဆယ်စုနှစ်တစ်ခုကြာပစ်ထားခဲ့တဲ့အင်စပက်တာဒီပါ့ခ်နီဂီတစ်ယောက် အလုပ်ပဲဦးစားပေးပြီး အလုပ်မှာအရာရာမြှုပ်နှံထားသူပေါ့။ဒီလိုနဲ့တစ်နေ့မှာ ရဲစခန်းကိုဖုန်းဝင်လာပြီး ဆယ်ဗာဒမ်ကျောင်းက အဆောင်မှူးကိုသေဆုံးလျက်တွေ့ရှိပါတယ်ဆိုပြီး တိုင်ကြားလာပါတယ်။ သဘာဝအတိုင်းသေဆုံးတာဆိုပြီး ကျောင်းအုပ်က အမှုပိတ်ချင်နေပေမဲ့ ကျောင်းအုပ်လက်ထောက်က စခန်းကိုအကြောင်းကြားလိုက်တာမလို့ ရဲတွေပါဝင်လာပြီး အခြေခံစစ်ဆေးမှုတွေနဲ့အတူ အလောင်းကိုရင်ခွဲစစ်ဆေးမယ်ဆိုပြီးလုပ်တော့တာပေါ့။ ဒါပေမဲ့ ရင်ခွဲရုံပို့ထားချိန်မှာ အထက်ကထူးဆန်းစွာနဲ့ အလောင်းကိုပြန်အပ်ပြီးသေမှုသေခင်းနဲ့ အမှုပိတ်ဖို့ ဖိအားပေးလာတဲ့အခါ…. တစ်ဖက်က ဒီမြို့လေးက ဩဇာညောင်းတဲ့သူနဲ့ အဆောင်မှူးရဲ့ပတ်သက်မှုကို သတင်းပေးလာသူကလည်းရှိ၊အလောင်းကိုရုတ်တရက် ပြန်အပ်ခိုင်းတာကလည်း သံသယဖြစ်စရာဖြစ်နေလို့ အလောင်းကိုတိတ်တဆိတ်စစ်ကြည့်ရာက သံသယဖြစ်ဖွယ်သေဆုံးမှုဆိုပြီး အဖြေထွက်လာချိန်မှာတော့…. အင်စပက်တာတစ်ယောက် ဒီအမှုကိုစုံစမ်းရင်း အမှုမှန်ကိုရောကိုယ့်ရဲ့အတိတ်ကမေးခွန်းတွေရဲ့အဖြေကိုပါ ရှာဖွေနိုင်မလားဆိုတာ ကြည့်ရှုခံစားလိုက်ရအောင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamမှပဲဖြစ်ပါတယ်)
...

Suicide Squad Isekai (2024) ⭐IMDB: 7.3/10 (254 Votes) 🎬 #Animation #Action #Adventure #SciFi #Fantasy #Comedy #Crime 🗓 2024 🎞 tv series 🌎 #Japan #UnitedStatesofAmerica ⏰ 24 မိနစ် 25 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Suicide Squad Isekai (2024)Genre – Anime, Action, AdventureIMDB – 7.3/10 DC Comic ရဲ့ နာမည်ကျော် လူဆိုးကြီးများအဖွဲ့ Suicide Squad ကို Live Action တွေ ကာတွန်းတွေ အသီးသီးထုတ်ခဲ့ကြပြီးတဲ့နောက်ယခုအခါမှာတော့ Warnar Bros Japan ကနေ Spy X Family လို Anime ကောင်းတွေကို ထုတ်လုပ်ပေးခဲ့တဲ့ Wit Studio နဲ့ ပူးပေါင်းပြီး Anime အဖြစ် ပြန်လည် အသက်သွင်းလိုက်ပါပြီ။ Anime အဖြစ် အသက်သွင်းထားရုံတင်မကပဲ Suicide Squad ကို ကမ္ဘာမြေပေါ်ကသာမန်စစ်ဆင်ရေးတွေ မလုပ်ခိုင်းတော့ပဲ Anime Genre တွေထဲမှာ လူသိများတဲ့ Isekai (တခြားကမ္ဘာ) ဆိုတဲ့အမျိုးအစားအဖြစ် ဖန်တီးထားတာပဲ ဖြစ်ပါတယ်။ Isekai ဆိုတာ ဘာလဲရှင်းပြရမယ်ဆိုတော့ ကမ္ဘာမြေနဲ့ မတူပဲ နဂါးတွေ ဘီလူးတွေ မှော်ပညာတွေ ရှေးဟောင်းတိုင်းပြည်တွေရှိတဲ့ဂိမ်းဆန်ဆန် ကမ္ဘာတစ်ခုကို ဆိုလိုချင်တာပဲ ဖြစ်ပါတယ်။ ခုလက်ရှိ Anime မှာလည်း Suicide Squad ထဲမှာဆို အားလုံးရဲ့ အသည်းကျော်Harley Quinn ပါမယ် ပစ်မှတ်ကို ဘယ်တော့မှ မလွဲမယ့် Dead Shot ကြီး ပါမယ် John Cena အသက်သွင်းပေးထားတဲ့ Peacemaker ကြီးပါမယ် Jame Gunn ရဲ့ကောင်းမှုကြောင့် အူကြောင်ကြောင် ချစ်စရာငါးမန်းကြီး King Shark ပါမယ် နောက်ပြီး Live Action တွေထဲမှာ မပါဝင်သေးတဲ့ ဆရာဘတ်ရဲ့ လူဆိုးတစ်ယောက်ဖြစ်တဲ့ Clayface ရော ပါဝင်ထားပါတယ်။ ဇာတ်လမ်းအရဆိုရင်တော့ ထုံးစံအတိုင်း အစိုးရလူယုတ်မာကြီး Amanda Waller ကနေ ဒီလူ ၅ ယောက်ကို စုစည်းပြီးတော့လည်ပင်းမှာ ဗုံးတပ်ပေးပြီး Isekai ခေါ် တခြားကမ္ဘာထဲကို စစ်ဆင်ရေးတစ်ခု လွှတ်လိုက်ပါတယ်။ ဒါပေမဲ့ ထုံးစံအတိုင်းတကယ့်ရည်ရွယ်ချက်က ဘာဖြစ်မလဲ Harley တို့ အုပ်စုလိုက်ကြီး Isekai ထဲမှာ ဘယ်လိုတွေ ပေါက်ကရလုပ်ပြီးစွန့်စားကြမလဲဆိုတာကို တစ်မူထူးခြားပြီး Anime အမြင်လေးနဲ့ ကြည့်ရမှာပဲ ဖြစ်ပါတယ်။ Season 1 မှာတော့ စုစုပေါင်း အပိုင်း ၁၀ ပိုင်း ပါဝင်မယ်လို့ သိထားရပြီး အပတ်စဉ် တင်ဆက်ပေးသွားမှာ ဖြစ်လို့ စောင့်မျှော်ကြည့်ရှုပေးပါဦးခင်ဗျာ။
...

Clipped (2024) ⭐IMDB: 6.4/10 (895 Votes) 🎬 #Drama #Biography #Sport 🗓 2024 🎞 tv mini series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 45 မိနစ် 15 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Clipped(2024)အသစ်စက်စက်ထွက်ရှိလာတဲ့ Drama series လေးနဲ့မိတ်ဆက်ပေးပါရစေ။ ဒီစီးရီးလေးကတော့ ‘The Starling Affairs ‘ ဆိုတဲ့ podcast လေးကနေအခြေခံပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ‘LA clippers ‘ ဆိုတဲ့NBA အသင်းရဲ့ပိုင်ရှင် Mr. Starling ဟာ သူ့ရဲ့ အသင်း‌အ‌ပေါ်ပရမ်းပတာစီမံမှုတွေနဲ့ အိမ်ထောင်ရေးဖောက်ပြန်မှုတွေကြောင့်နာမည်ကြီးသူလည်းဖြစ်ပါတယ်။ ဒီအရှုပ်တွေကြားထဲ အသင်းကိုဝင်ကယ်မယ့်ကယ်တင်ရှင်ကတော့နာမည်ရှိပြီးသားနည်းပြ ဒေါ့ရေးဗားစ်ပဲဖြစ်ပါတယ်။ဘယ်သူကမှ မျှော်လင့်ချက်မထားတဲ့အသင်းကို ချန်ပီယံရှစ်ရအောင်အထိရည်မှန်းထားတဲ့ဒေါ့အဖို့တော့ မစ္စတာစတာလင်ဟာ ဆူးညှောင့်ခလုတ်တစ်ခုပါပဲ။ ရှုပ်နေပြီးသားဇာတ်လမ်းမှာမှ နောက်ထပ်တိုးတဲ့သပွတ်အူကတော့ မစ္စတာစတာလင်ရဲ့ကိုယ်ရေးလက်ထောက်လေးဗီနဲ့ သူ့မိန်းမတို့ရဲ့ အားပြိုင်ပွဲပဲဖြစ်ပါတယ်။အရှုပ်တွေကြားက အမှီဆွဲကယ်ရမယ့် အသင်းမှာ ဒေါ့တစ်ယောက်သူ့ရည်မှန်းချက်အတိုင်း လုပ်နိုင်ခဲ့မလားဆိုတာကိုတော့ ဒရာမာတွေတသီကြီးနဲ့ မမုန်းတမ်းကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်ကတော့ CM မှပဲဖြစ်ပါတယ်။
...

Rautu Ka Raaz (2024) ⭐IMDB: 6.5/10 (373 Votes) 🎬 #Bollywood #Crime #Drama #Mystery 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 55 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Rautu Ka Raaz 2024 မရဏအလွန်ကအမှန်တရား IMDb -6.5/10 မင်းသားကြီးNawazuddinရဲ့ မှုခင်းဇာတ်လမ်းကို မျှော်နေကြသူလေးတွေအတွက်မှုခင်းဇာတ်လမ်း အသစ်စက်စက်လေးကို တင်ဆက်ပေးလိုက်ပါပြီ။မှုခင်းသီးသန့်မဟုတ်ဘဲ Bollywood ဆန်ဆန် အာဏာလှည့်ကွက်တွေနဲ့ဒရာမာလေးတွေလည်းပါဦးမှာမလို့ ရှုစားကြည့်ရအောင်ပါ။ အတိတ်က နာကျည်းချက်တွေနဲ့အတူ အိမ်ကိုဆယ်စုနှစ်တစ်ခုကြာပစ်ထားခဲ့တဲ့အင်စပက်တာဒီပါ့ခ်နီဂီတစ်ယောက် အလုပ်ပဲဦးစားပေးပြီး အလုပ်မှာအရာရာမြှုပ်နှံထားသူပေါ့။ဒီလိုနဲ့တစ်နေ့မှာ ရဲစခန်းကိုဖုန်းဝင်လာပြီး ဆယ်ဗာဒမ်ကျောင်းက အဆောင်မှူးကိုသေဆုံးလျက်တွေ့ရှိပါတယ်ဆိုပြီး တိုင်ကြားလာပါတယ်။ သဘာဝအတိုင်းသေဆုံးတာဆိုပြီး ကျောင်းအုပ်က အမှုပိတ်ချင်နေပေမဲ့ ကျောင်းအုပ်လက်ထောက်က စခန်းကိုအကြောင်းကြားလိုက်တာမလို့ ရဲတွေပါဝင်လာပြီး အခြေခံစစ်ဆေးမှုတွေနဲ့အတူ အလောင်းကိုရင်ခွဲစစ်ဆေးမယ်ဆိုပြီးလုပ်တော့တာပေါ့။ ဒါပေမဲ့ ရင်ခွဲရုံပို့ထားချိန်မှာ အထက်ကထူးဆန်းစွာနဲ့ အလောင်းကိုပြန်အပ်ပြီးသေမှုသေခင်းနဲ့ အမှုပိတ်ဖို့ ဖိအားပေးလာတဲ့အခါ…. တစ်ဖက်က ဒီမြို့လေးက ဩဇာညောင်းတဲ့သူနဲ့ အဆောင်မှူးရဲ့ပတ်သက်မှုကို သတင်းပေးလာသူကလည်းရှိ၊အလောင်းကိုရုတ်တရက် ပြန်အပ်ခိုင်းတာကလည်း သံသယဖြစ်စရာဖြစ်နေလို့ အလောင်းကိုတိတ်တဆိတ်စစ်ကြည့်ရာက သံသယဖြစ်ဖွယ်သေဆုံးမှုဆိုပြီး အဖြေထွက်လာချိန်မှာတော့…. အင်စပက်တာတစ်ယောက် ဒီအမှုကိုစုံစမ်းရင်း အမှုမှန်ကိုရောကိုယ့်ရဲ့အတိတ်ကမေးခွန်းတွေရဲ့အဖြေကိုပါ ရှာဖွေနိုင်မလားဆိုတာ ကြည့်ရှုခံစားလိုက်ရအောင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamမှပဲဖြစ်ပါတယ်)
...

How to Rob a Bank (2024) ⭐IMDB: 6.6/10 (2 k Votes) 🎬 #Action #Crime #Documentary 🗓 2024 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 28 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 How to Rob a Bank (2024)IMDb – 6.6/10 ၁၉၉၀နှောင်းပိုင်းခုနစ် ဆီအာတယ်မှာဖြစ်ပွားခဲ့တဲ့ ဘဏ်ဓားပြတိုက်မှုဖြစ်ရပ်မှန်တွေကို အခြေခံတဲ့မှုခင်းမှတ်တမ်းရုပ်သံကို Netflixကနေ ထုတ်လွှင့်ခဲ့ပါတယ်။ အက်ဖ်ဘီအိုင်ရဲ့ နံပါတ်တစ်အလိုရှိဆုံး ဘဏ်ဓားပြကြီး ဟောလိ၀ုဒ်။သူ့ကိုဟောလိ၀ုဒ်လို့ နာမည်ပြောင်ပေးထားရတာက ဟောလိ၀ုဒ်ရုပ်ရှင်တွေထဲမှာလိုရုပ်ပြောင်းရုပ်လွဲ ပိုင်နိုင်လွန်းလို့။ Point Break (1991)ရုပ်ရှင်ထဲက ဇာတ်ကောင် Bohdiက သူ့ကိုဒီဘဏ်ဓားပြမှုတွေလုပ်နိုင်စေဖို့ လှုံ့ဆော်ခဲ့တာလို့ဆိုပါတယ်။ ဟောလိ၀ုဒ်ရဲ့ နာမည်အရင်းက စကော့စကားလော့ခ်။ အစပိုင်းမှာ ဆရာဝန်တစ်ယောက်ဖြစ်ချင်ခဲ့ပေမဲ့ဓာတုဗေဒဓာတ်ခွဲခန်းမှာ သူ့ကို ဉာဏ်အလင်းပွင့်စေခဲ့တာက Breaking Badထဲက ဆရာကြီးဝေါ်တာဝှိုက်လိုမျိုးသန့်စင်လှတဲ့ crystal methတွေ ဖန်တီးစေတတ်ခဲ့တာပါပဲ။ ကျောင်းနားရက်တွေမှာ ကျောင်းဓာတ်ခွဲခန်းထဲခိုးဝင်ပြီး မူးယစ်ဆေးချက်တာကို ပရော်ဖက်ဆာတွေမိသွားချိန်မှာအပြီးတိုင်ကျောင်းနားလိုက်ရပါတယ်။ ဒီမှာပဲ စကော့ချက်တဲ့ မူးယစ်ဆေးတွေက ပြည်နယ်ထဲမှာတော့အကောင်းဆုံးဆိုပြီး နာမည်ကြီးပေမဲ့ ဆေးဖြန့်တဲ့လူအသတ်ခံလိုက်ရချိန်မှာတော့ စကော့ရဲ့မူးယစ်ဆေးချက်လုပ်တာတစ်ခန်းရပ်ခဲ့ပါတယ်။ ဒီမှာပဲ အားနေတဲ့ချိန် ရုပ်ရှင်တွေကြည့်ရင်း ဘဏ်ဓားပြဖို့စိတ်ကူးပေါ်လာရာကစလို့ FBIရဲ့ နံပါတစ်အလိုအရှိဆုံးဘဏ်ဓားပြကြီးတစ်ယောက် ဖြစ်လာခဲ့ပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ V & Alexတို့ပဲဖြစ်ပါတယ်)
...

First Kill (2017) ⭐IMDB: 5.0/10 (12 k Votes) 🎬 #Action #Thriller #Crime 🗓 2017 🎞 movie 🌎 #UnitedKingdom #Canada #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 42 မိနစ် 14 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 First Kill (2017)IMDb: 5.0/10Genre: Action/Thriller Wall Street Broker တစ်ယောက်ဖြစ်တဲ့ ဝီလ်ဘီးမန်းရဲ့ဘဝဟာ ဇနီးနဲ့သားဖြစ်သူအတွက်အချိန်ပေးဖို့ကြိုးစားနေတဲ့ သာမန်စီးပွားရေးသမားအပြင် မပိုခဲ့ပါဘူး။ တစ်ရက်မှာတော့ သားဖြစ်သူ ဒန်နီရဲ့ ကျောင်းမှာအနိုင်ကျင့်ခံရမှုကို ကြားခဲ့ရပြီးနောက်မှာတော့မိသားစုနဲ့ ပြန်လည်ပေါင်းစည်းချိတ်ဆက်ဖို့ သူ့မွေးရပ်မြေကို အလည်အပတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဆယ်စုနှစ်များစွာ အေးဆေးငြိမ်သက်နေတဲ့ ဂရန်းဗီးလ်မြို့လေးမှာ လတ်တလော ဘဏ်ဓားပြမှုခင်းတစ်ခုကြောင့်ကျီးလန့်စာစားဖြစ်နေခဲ့ပါတယ်.။ ထိုအချိန်ကျမှ တိုက်တိုက်ဆိုင်ဆိုင် ပြန်လည်ရောက်ရှိလာတဲ့ဝီလ်ဘီးမန်းတို့မိသားစုကတော့ သူတို့ကို ဘယ်လိုအန္တရာယ်တွေ စောင့်ကြိုနေမှန်း ကြိုမသိနိုင်ခဲ့ပါဘူး။ သူကြီးပြင်းခဲ့တဲ့အရပ်ကို ပြသချင်တာကြောင့်ရော၊ ကြမ်းတမ်းတဲ့လောကကို ရင်ဆိုင်နိုင်ဖို့ သင်ခန်းစာပေးဖို့ရည်ရွယ်ရင်းနဲ့ ဝီလ်ဟာ ဒန်နီကို အမဲလိုက်ခရီး ခေါ်သွားခဲ့ပါတယ်။ တောတွင်းတစ်နေရာအရောက်မှာမမျှော်လင့်ဘဲ လူ ၂ ယောက် အချင်းများရန်ဖြစ်နေတာကို ချောင်းကြည့်ရင်း သေနတ်နဲ့ချိန်ထားသူကကျန်တဲ့သူကို ပစ်လိုက်တာကို တွေ့လိုက်ရပါတယ်။ သေနတ်သံကြောင့် အာမေဋိတ်ထွက်သွားတဲ့ ဒန်နီကြောင့် သေနတ်သမားရဲ့ ရန်မှုပစ်ခတ်ခြင်းကို ခံရပါတယ်။သားဖြစ်သူရဲ့ အသက်အန္တရာယ်ကြောင့် ဝီလ်အနေနဲ့ သေနတ်သမားကို အမဲလိုက်သေနတ်နဲ့ ပြန်ပစ်ခဲ့ရပါတယ်။နေရာမှာတင် ပွဲခြင်းပီး သေဆုံးခဲ့တာကြောင့် ဝီလ်အနေနဲ့ အလောင်းကိုကြည့်ချိန်မှာ ရဲတစ်ယောက် ဖြစ်နေခဲ့မှန်း သိခဲ့ရပါတယ်။သေနတ်ဒဏ်ရာနဲ့ လဲနေတဲ့သူ လီဗိုင်းကို အိမ်ပြန်ခေါ်သွားခဲ့ပြီး ဆေးကုပေးပြီးကာမှ ဒန်နီကို ဓားစာခံလုပ် အကျပ်ကိုင်ခြင်းခံရပါတော့တယ်။ အခင်းဖြစ်ရာနေရာကို ပြန်လာချိန်မှာ ရဲအရာရှိတစ်ယောက် ကြိုတင်ရောက်နေခဲ့ပြီး ဝီလ်နဲ့ လီဗိုင်းကို စတင်ပစ်ခတ်ပါတော့တယ်။ လီဗိုင်းကတော့ ဒန်နီနဲ့အတူ လွတ်မြောက်သွားခဲ့ပြီး ဒန်နီနဲ့လဲလှယ်ဖို့ အခင်းဖြစ်တဲ့နေရာက သော့ကိုယူလာခဲ့ဖို့ ဝီလ်ကို ချိန်းဆိုခဲ့ပါတယ်။ဝီလ်အနေနဲ့ မိသားစုရဲ့မိတ်ဆွေဟောင်း ရဲမှူးဟောင်းဝဲလ်ကို အခင်းဖြစ်ရာကို ပထမဆုံးအကြိမ်ရောက်တာဖြစ်ကြောင်းလိမ်လည်ခဲ့ပြီး ညကျမှ သော့ကို ပြန်လာရှာဖို့ စိတ်ကူးခဲ့ပါတယ်။ ဝီလ်အနေနဲ့ ရဲတစ်ယောက်ကို သတ်ပစ်ခဲ့တဲ့အမှုကို ဖုံးကွယ်ရင်း သားဖြစ်သူ ဒန်နီဆီကို အရောက်သွားနိုင်မလားရဲမှူးဟောင်းဝဲလ်အနေနဲ့ရော ဝီလ်ရဲ့လိမ်လည်ရတဲ့အကြောင်းရင်း အမှန်ကို စုံစမ်းနိုင်မလားဘဏ်ဓားပြမှုမှာ ပါဝင်ပတ်သက်နေတဲ့ ရဲတပ်ဖွဲ့ရဲ့သရုပ်မှန်ကိုရော ဖော်ထုတ်နိုင်မလား ဆိုတဲ့ မေးခွန်းများကိုအဖြေရှာနိုင်ဖို့ CM ကနေ တင်ဆက်ပေးလိုက်ရပါတယ်။
...

Wonderland (2024) ⭐IMDB: 7.5/10 (70 Votes) 🎬 #Drama #SciFi #ScienceFiction 🗓 2024 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 53 မိနစ် 46 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Wonderland(2024) ****************** Tae Wei, Bae Suzy, Park Bo Gum, Jung Yu-Miနဲ့ Choi Woo-sik စတဲ့ ဒိတ်ဒိတ်ကြဲတွေ ပါဝင်ပါတယ်…တကယ်လို့များ နှုတ်မဆက်လိုက်ရဘဲနဲ့ ကိုယ့်အနားကနေ ထွက်ခွာသွားတဲ့ ကိုယ့်ရဲ့ ချစ်ရသူတွေကို video call ကနေ တစ်ဆင့် ဆက်သွယ်နိုင်မယ်ဆိုရင် ဘယ်လိုခံစားရမလဲ… ဒီဇာတ်ကားထဲမှာ Wonderland ကုမ္ပဏီက မိမိချစ်ရတဲ့ ဆုံးပါးသွားပြီးသားသူတွေကို AI နဲ့ ပုံစံတူပွား video call နဲ့ ဆက်သွယ်နိုင်အောင် ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီဖြစ်ပါတယ် … ဘာအီရီဆိုသူကလည်း Wonderland ရဲ့ ဝန်ဆောင်မှုကြောင့်ပဲ သမီးဖြစ်သူနဲ့ အမြဲအတူရှိနေသလို ဆက်သွယ်စကားပြောနိုင်နေတာ ဖြစ်ပါတယ်…လေယာဉ်မယ်လေး ဂျောင်အင်ကလည်း ကိုမာဖြစ်နေတဲ့ သူ့ကောင်လေးကို လွမ်းလွန်းတဲ့အတွက်Wonderland service ကို ယူပြီးတော့သူ့ကောင်လေး ပုံတူပွားပြီး နေ့စဉ်နေ့တိုင်း ပုံမှန် video call ပြောနေခဲ့ပါတယ်….နည်းပညာက အရမ်းကို တိုးတက်တဲ့အတွက် ကိုယ်ချစ်ရတဲ့သူတွေနဲ့ ဝေးကွာသွားပေမဲ့လည်း video call နဲ့ ဆက်သွယ်နိုင်လို့ အလွမ်းပြေနိုင်ပေမဲ့လည်း တကယ့် အစစ်မဟုတ်တဲ့ ပုံရိပ်ယောင် AI ကို အစစ်လို ထင်ယောင်ထင်မှား ဖြစ်လာတဲ့အခါမှာတော့ကိုယ့်စိတ်ကို ပိုနာကျင်စေတတ်ပါတယ်….ကိုယ့်မျက်စိရှေ့မှာ တွေ့နေပေမဲ့လည်း တကယ် ထိ‌တွေ့လို့မရ သူ ရှိနေတဲ့နေရာကိုလည်း သွားလို့မရနဲ့ နောက်ပိုင်းမှာ ကိုယ့်အတွက် စိတ်ဒဏ်ရာဖြစ်လာစေနိုင်ပါတယ် … အစစ်အမှန်ပါလို့ ယုံကြည်ထင်မှတ်ထားတဲ့ အရာတွေကလည်း တစ်စက္ကန့်အတွင်းမှာ အတုအယောင်အဖြစ်လည်း ပြောင်းလဲသွားနိုင်ပါတယ်…နောက်ပိုင်း သိပ္ပံပညာတွေ တိုးတက်လာလို့ ကိုယ်ချစ်တဲ့ သူတွေနဲ့ တကယ်အတူမရှိလည်း အတူရှိနေသလို ပြောနိုင်လာရင် ကိုယ့်စိတ်ကို ပျော်ရွှင်စေနိုင်မလား…ကိုယ် မနှုတ်ဆက်လိုက်ရတဲ့ ချစ်ရသူတွေကို AI နဲ့ ဖန်တီးပြီးတော့ပဲဖြစ်ဖြစ် ဆွဲထားမလားဆိုတာကိုဒီကားလေးကို ကြည့်ပြီးတော့ တစ်ခါလောက်စဉ်းစားကြည့်လိုက်ကြရအောင်…. အညွှန်းကိုတော့ Miri မှ ရေးသားထားပေးပါတယ်။)
...

Sharmajee Ki Beti (2024) ⭐IMDB: 6.5/10 (94 Votes) 🎬 #Bollywood #Comedy #Drama 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 55 မိနစ် 43 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Sharmajee Ki Beti (2024)“ရှာမာဟူသော အမျိုးသမီးများ” IMDb 6.5 ရထားတဲ့ ဟင်ဒီ ဟာသဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပြီးအိန္ဒိယနိုင်ငံမှ တင်ဆက်လို့မကုန်နိုင်တဲ့ အမျိုးသမီးတို့ ဗဟိုပြုfemale empowerment ရုပ်ရှင်လေးပါ ဒီရုပ်ရှင်လေးမှာ မတူတဲ့အရွယ်သုံးပါးက ရှာမာ အမည်ရှိအမျိုးသမီး ၅ ယောက်ရဲ့ ဘဝ၊အိပ်မက်နဲ့ အခက်အခဲတို့ကို ဟာသလေးနှောပြီး တင်ဆက်ထားပါတယ်ယောကျာ်းက ချမ်းသာပေမယ့် ဂရုစိုက်မခံရတဲ့ အိမ်ရှင်မ အမျိုးသမီး ကီရန်ရှာမာ၊တစ်ဖက်မှာကျ ဆရာမအလုပ်နဲ့ လုံးပမ်းနေရလို့ သမီးလေးကို အချိန်မပေးနိုင်တဲ့ ဂျိုတီရှာမာစီနီယာအမကြီးတွေရဲ့ ရင်သားဖွံ့ထွားမှု၊ ကောင်လေးတွေ အာရုံစိုက်ခံရတာတွေကို အားကျလို့မိမိကိုယ်ကို အားမလိုအားမရဖြစ်နေကြတဲ့ ၁၄ နှစ်အရွယ်ကျောင်းသူလေးနှစ်ယောက်ငယ်ရွယ်နုပျိုပြီး ထက်မြက်တဲ့အပြင် သည်းသည်းလှုပ်ဂရုစိုက်တတ်တဲ့ချစ်သူကောင်လေးကို ပိုင်ဆိုင်ထားတဲ့ ခရစ်ကတ်မယ်လေး တန်ဗီတို့ရဲ့ … အလှနဲ့ ဘဝ၊ အခက်အခဲ အကျပ်အတည်းတို့ကို ပေါ့ပါးပါးပါးကြည့်ရမယ့်ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်ခင်ဗျာ အညွှန်းနဲ့ ဘာသာပြန်ကတော့ Cyrah ~ ToMo ~ Alex ~ KKKZ တို့ ဖြစ်ပါတယ်
...

Sharp Teeth (2024) ⭐TMDB: 40% User Score 🎬 #Adventure #Horror #Mystery #Thriller 🗓 2024 🎞 Series 🌎 #China ⏰ 1 နာရီ 12 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 သဲထိတ်ရင်ဖိုဇာတ်လမ်းတွေကြိုက်တတ်တဲ့ပရိသတ်ကြီးအတွက်Sharp Teeth ဆိုတဲ့ သဲထိတ်ရင်ဖိုဇာတ်ကားကောင်းလေးကို CM ကတင်ဆက်ပေးလိုက်ပါပြီ ။ဇာတ်လမ်းအညွှန်းလေးကတော့ :ဦးလေးနျိုနဲ့သူ့နောက်လိုက်ငယ်သားတွေက ပင်လယ်ထဲကနေရှားပါးသတ္တဝါတွေကိုဖမ်းယူပြီး တရားမဝင်ကုန်သွင်းကုန်ပို့လုပ်ငန်းတွေနဲ့ ပိုက်ဆံအများကြီးရှာကြတဲ့သူတွေပါ။ တစ်နေ့မှာတော့ ထူးဆန်းတဲ့ငါးအကြီးကြီးကိုဓာတ်တို့ဖမ်းမိလာခဲ့ရာကနေအဲဒီငါးကြီးနဲ့မျိုးတူငါးပေါက်စလေးတွေပါပါလာခဲ့ပါတော့တယ် ။ဒီငါးကြီး လူစားတတ်တဲ့အကြောင်းကိုတော့အပြင်ကိုပေါက်ကြားမသွားအောင် ဖုံးထားဖိထားရင်းနဲ့ပေါ့ ။ တစ်ဖက်မှာလည်း မုန့်ရှန်နဲ့သူ့ချစ်သူကျန်းရှောတို့သူငယ်ချင်းအုပ်စုကအရင်တည်းဖို့လုပ်ထားနဲ့ဟိုတယ်ကနေ အကြောင်းအမျိုးမျိုးကြောင့်မတည်းဖြစ်ရာကနေ နောက်ထပ်ဟိုတယ်တစ်ခုရှာရပါတော့တယ် ။အဲဒီမှာ မထင်မှတ်ထားဘဲ လူသားစားငါးကြီးရှိတဲ့ဟိုတယ်ကို‌သူငယ်ချင်းအုပ်စုရောက်သွားပါတော့တယ်။ အဲဒီမှာ ဟိုတယ်ရဲ့တရားမဝင်အလုပ်တွေကိုဘယ်လိုဖော်ထုတ်သွားမလဲသူတို့သူငယ်ချင်းအုပ်စုကရော လူသားစားငါးကို ဘယ်လိုမျိုးရင်ဆိုင်သွားမလဲဆိုတာကို စိတ်ဝင်စားစွာ ကြည့်ရှုလိုက်ရအောင်နော်။
...

If Only (2004) ⭐TMDB: 70% User Score 🎬 #Comedy #Drama #Fantasy #Romance 🗓 2004 🎞 movie 🌎 #UnitedStates #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 36 မိနစ် 1 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 If Only (2004)IMDb: 7.0/10Genre: Comedy / Drama / Fantasy တစ်ခါတစ်လေမှာ လူတွေက ဘဝအတွက် ကြိုးစားရုန်းကန်ရင်းနဲ့ အနားမှာရှိတဲ့ ကိုယ်ချစ်ရတဲ့သူတွေကို နားလည်ပေးဖို့ အချိန်ပေးဖို့ တန်ဖိုးထားဖို့တွေကို မေ့လျော့နေတတ်ကြပါတယ်။ ဒီကားလေးကတော့ ကိုယ်ချစ်ရတဲ့သူတွေကို တန်ဖိုးထားသင့်ကြောင်းကို သင်ခန်းစာပေးထားတဲ့ ဇာတ်ကားလေးတစ်ခုလို့ပြောရရင် မမှားပါဘူး။ Ian Wyndham က လန်ဒန်က စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ချစ်သူ Samantha Andrews က ဂီတပညာရှင်တစ်ဦးဖြစ်ပါတယ်။ Ian က Samantha နဲ့ ကတောက်ကဆဖြစ်ပြီး နှစ်ဦးသား ပြတ်စဲတော့မလိုဖြစ်ပြီးတဲ့ နောက်မှာ Ian က သူ့ရဲ့ချစ်သူကို လက်လွှတ်ဆုံးရှုံးလိုက်ရပါတယ်။ ဒါပေမဲ့ ထူးဆန်းစွာနဲ့ နောက်နေ့မနက်ရောက်တဲ့အခါမှာ Samantha ကအသက်ပြန်ရှင်နေတာကို တွေ့ရပြီး အဖြစ်အပျက်အားလုံးကလဲ မနေ့ကအတိုင်းနီးပါးဖြစ်နေတဲ့အခါမှာ…. Ian တစ်ယောက် ချစ်သူရဲ့ ကံကြမ္မာကို ဘယ်လိုဘယ်ပုံတားဆီးဖို့ကြိုးစားမလဲဆိုတာကို ဒီဇာတ်လမ်းလေးထဲမှာ ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။
...

All That Heaven Allows (1955) ⭐TMDB: 73% User Score 🎬 #Drama #Romance 🗓 1955 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 29 မိနစ် 24 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 All That Heaven Allows (1955)IMDb: 7.6/10Genre: Drama / Romance အရမ်းအောင်မြင်ခဲ့တဲ့ ဂန္ထဝင် romanceရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးမယ်ဗျ။ ဒီရုပ်ရှင်က 1955ခုနှစ်မှာ ထွက်ရှိခဲ့ပြီး အရမ်းအောင်မြင်ခဲ့တဲ့ ရုပ်ရှင်လို့ပြောရမယ်ဗျ။ ဘာလို့လဲဆိုရင် မင်းသားကြီး ဝင်းဦးကိုယ်တိုင် ဒီရုပ်ရှင်ကိုမှီငြမ်းပြီး “နှစ်ယောက်တည်းနေချင်တယ်” ဆိုတဲ့ ရုပ်ရှင်ကို ပြန်လည်ရိုက်ကူးခဲ့တယ်လို့ ပြောကြလို့ပါပဲ။ ဒီရုပ်ရှင်ကတော့ စတုန်နင်ဟမ်လို့ခေါ်တဲ့မြို့လေးမှာနေထိုင်တဲ့ မုဆိုးမတစ်ယောက်ဖြစ်သူ ကယ်ရီဟာ သူ့အိမ်ကို သစ်ပင်အကိုင်းအခက်တွေ လာရောက်ပြုပြင်ပေးသူ ဥယျာဉ်မှူး လူငယ်လေး ရွန်ကာဗီနဲ့ ချစ်ကြိုက်မိတဲ့ အကြောင်းကိုရိုက်ကူးထားတာဖြစ်ပါတယ်။ ကယ်ရီဟာ ကြွယ်ဝပြီး အပေါင်းအသင်းနည်းတဲ့သူတစ်ယောက်လို့ ပြောရပါမယ်။ သားသမီးတွေဟာလည်း အားလပ်ရက်မှ ပြန်လာတတ်တာမို့ ကယ်ရီဟာ အိမ်မှာပဲ အေးဆေးစွာ နေထိုင်သူတစ်ဦးပါ။ ရွန်ကတော့ ရင့်ကျက်ပြီး ဘဝကို ရှိတာနဲ့ရောင့်ရဲတင်းတိမ်နိုင်တဲ့ ငယ်ရွယ်တဲ့ လူငယ်တစ်ဦးပဲဖြစ်ပါတယ်။ ငွေကြေးနဲ့ဂုဏ်ဒြပ်တွေကို မက်မောတဲ့ ကယ်ရီရဲ့ အသိုင်းအဝိုင်းက တစ်ဖက်၊ ရိုးရှင်းတဲ့ဘဝကိုသာ လိုချင်တဲ့ ရွန်က တစ်ဖက်၊ ဒီလိုရင်ဆိုင်လာရချိန်မှာတော့ ကယ်ရီတစ်ယောက် သူ့ရဲ့ ခံစားချက်တွေကို ဘယ်လိုပြုပြင်မလဲဆိုတာကို ကြည့်ရှုရမှာပါ။ ဒီရုပ်ရှင်မှာ အချိန်တွေပြောင်းလဲသွားပေမယ့် လိုက်ပြောင်းလဲမသွားတဲ့ လူ့အသိုင်းအဝိုင်းရဲ့ ထုံးတမ်းအစဉ်အလာတွေအကြောင်းကိုလည်း သေချာတွေ့မြင်ရမှာပါ။ ဒီရုပ်ရှင်ကိုတော့ ဒါရိုက်တာ Douglas Sirkက ရိုက်ကူးထားပြီး မင်းသမီး Jane Wymanနဲ့ မင်းသား Rock Hudsonတို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဝင်းဦးကိုယ်တိုင် ပြန်လည်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်လို့ ဘယ်လောက်လက်ရာမြောက်လဲဆိုတာတော့ ပြောဖို့လိုမယ်မထင်ပါဘူးဗျ။ အရမ်းကောင်းတဲ့ classic romanceရုပ်ရှင်တစ်ကားဖြစ်လို့ ကြည့်ကြဖို့ ညွှန်းချင်ပါတယ်။
...

Mercuriales (2014) ⭐IMDB: 6.1/10 (417 Votes) 🎬 #Adult #Drama 🗓 2014 🎞 movie 🌎 #France ⏰ 1 နာရီ 43 မိနစ် 37 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Mercuriales (2014) (imdb 6.1/10) ဒီတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့သက်ငြိမ် အင်ပရက်ရှင်နစ်ပန်းချီကားတစ်ချပ်ကိုကြည့်နေရသလိုပဲလို့ တင်စားပြောရမလားတော့မသိပါဘူး ရိုက်ကူးတင်ဆက်ထားတဲ့ နိုင်ငံကလည်း ပြင်သစ်ဖြစ်နေတော့ပြောရရင် သိပ်ညွှန်းစရာမလိုဘူးပေါ့အနုပညာကို အပြည့်အဝနဲ့အတွင်းကျကျခံစားတတ်တဲ့သူတွေရဲ့လက်ရာဆိုတော့ ဒီလောက်တော့ရှိမှာပါပဲလေဇာတ်လမ်းကထွေထွေထူးထူးတော့ မဟုတ်ပါဘူးကောင်မလေးနှစ်ယောက် နေရာသစ်မှာအလုပ်သစ်ရှာတဲ့အကြောင်းလေးပါပဲ ဒါပေမဲ့ ဒဿနတွေက ကျွတ်လွန်းလို့ ဘာမှန်းတောင်သိပ်နားမလည်ပါဘူး၁၈ အပေါင်း အခန်းဆိုတာကလည်း ဒါရိုက်တာက ရိုက်ကွင်းကိုပန်းချီဆွဲသလို ဒဲ့ကြီးတွေချွတ်ပြနေလို့ အဲ့လို rating ဖြစ်သွားတာပဲပြောရပါမယ် နောက်ဆုံးပြောချင်တာကတော့ အနုပညာလက်ရာတစ်ခုကိုသက်ငြိမ်ပန်းချီတစ်ခုကို ပိတ်ကားပြင်ပေါ်ခံစားချင်တဲ့ညိုကီတွေအတွက်မြည်းစမ်းသင့်တဲ့ ဇာတ်ကားတစ်ကားလို့ပဲ ညွှန်းဆိုပေးလိုက်ပါရစေ
...

San Andreas (2015) ⭐IMDB: 6.1/10 (258 k Votes) 🎬 #Action #Adventure #Thriller #Drama 🗓 2015 🎞 movie 🌎 #UnitedStates #Canada #UnitedStatesofAmerica #Australia ⏰ 1 နာရီ 56 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Genre – Action,Adventure,ThrillerIMDb – 6.1/10 ကဲနည်းနည်းလေးဟောင်းနေပေမယ့် ကျွန်တော်တို့ရဲ့အချစ်တော် Legendary ကတုံးပါဝင်သရုပ်ဆောင်ထားတဲ့ San Andreas ဆိုတဲ့ကားကောင်းလေးကိုမိတ်ဆက်ပေးပါရစေ။သဘာဝဘေးဇာတ်ကားကောင်းကောင်းကိုကြိုက်သူများအဖို့လည်းကြည့်သင့်တဲ့ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ဇာတ်ညွှန်း ရေး ဟာ နာမည်ကောင်းရနေတဲ့ အယ်လ်အေမီးသတ်ဌာန ကယ်ဆယ်ရေးနဲ့ရှာဖွေရေးအဖွဲ့က ခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။ အလုပ်ဘက်မှာ တော်နေပေမယ့်တစ်ဖက်မှာ တော့မိသားစုနဲ့ကြအဆင်ပြေဖြစ်နေပါတယ်။ မိန်းမနဲ့ကွာရှင်းထားပြီးသမီးလေးကလည်း မကြာခင်ပထွေးဖြစ်တော့မဲ့သူနဲ့အတူတူနေပါတယ်။သိပ်မကြာခင်မှာ မိန်းမရော သမီးရောက ပထွေးဖြစ်သူ ဒန်နီယယ် နဲ့လိုက်သွားတော့မှာဖြစ်ပါတယ်။ တဖက်မှာလည်း ဆန်အန်ဒရေ့စ်ပြတ်ရွေ့ကြောင်းကြောင့်ငလျင်အကြီးကြီးတွေလှုပ်ဖို့ကရှိနေပါတယ်။တာဝန်ဝတ္တရားနဲ့ မိသားစုအရေးယှဉ်လာတဲ့အခါမှာ သမီးလေးရဲ့ဘော်လီဘောပွဲကိုတောင်လိုက်မပို့နိုင်ခဲ့ပါဘူး။ဆန်အန်ဒရေ့စ်ပြတ်ရွေ့ကြောင်းကြီးက ဆန်ဖရန်စစ္စကိုမှာ အဆုံးသတ်တာဖြစ်ပါတယ်။ခက်တာက ရေး ရဲ့သမီးလေး ဘလိတ်ဟာ ဆန်ဖရန်စစ္စကိုကိုရောက်နေပါတော့တယ်။ တကယ်တမ်းငလျင်လှုပ်တော့ ဆန်ဖရန်စစ္စကိုမှာ ဘလိတ်ဟာပိတ်မိနေပါတော့တယ်။ကျွန်တော်တို့ရဲ့ ဟီးရိုးကြီး တစ်ယောက်ဘယ်လိုများသွားကယ်မှာလဲ… ဒီကားရဲ့ထူးခြားချက်ကတော့ မကြာသေးခင်ကမှ ယောက်ျားယူပြီးအမျိုးသားထုအသည်းကိုခွဲသွားတဲ့ Alexandra Daddario(ဘလိတ်) ရဲ့အနုအရွအလှအပ ကိုတစ်ဝကြီးခံစားရမှာဖြစ်ပါတယ်။ ရေး အဖြစ်မင်းသား Dwayne Johnson မှသရုပ်ဆောင်ထားပါတယ်။
...

Air (2023) ⭐IMDB: 7.4/10 (171 k Votes) 🎬 #Drama #Sport 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 54 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Air (2023)==========IMDb Rating – 7.6/10 Good Will Hunting ရုပ်ရှင်ကြီးတုန်းကလိုပဲ ဘန်အက်ဖလက်နဲ့မက်ဒေမွန်တို့အတွဲညီညီနဲ့ ရုပ်ရှင်ကောင်းတစ်ခုဖန်တီးလိုက်ပြန်ပါပြီ။ဒါရိုက်တာကလည်း ဘန် အက်ဖလက်ပါပဲ။ Ozark စီးရီးရဲ့ မင်းသားကြီး ဂျေဆန်ဘိတ်မန်းလည်း အားဖြည့်ပေးထားပါသေးတယ်။ IMDb7.6 အထိ ရထားတာမို့ ကားကောင်းဆိုတာ သိသာမှာပါ။ ဒီရုပ်ရှင်ဟာ သမိုင်းတလျှောက်အကောင်းဆုံး ဘတ်စကတ်ဘောသမားမိုက်ကယ်ဂျော်ဒန်နဲ့ နိုက်ကီကုမ္ပဏီတို့ ပထမဆုံး စာချုပ်ချုပ်ခဲ့တဲ့ သမိုင်းဝင် Air Jordan ဖိနပ် သဘောတူညီချက်အပေါ် အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ အဲဂျော်ဒန်ဝမ်း စနိကာဖိနပ်ဟာ သမိုင်းတလျှောက်လူကြိုက်အများဆုံးစာရင်းဝင်ဖိနပ်ပဲဖြစ်ပါတယ်။ မိုက်ကယ်ဂျော်ဒန် ရုပ်ရှင်ထဲမှာမပါဝင်ခဲ့ပေမဲ့ ဘန်အက်ဖလက်ဟာ မိုက်ကယ်နဲ့ အကြိမ်ကြိမ်တိုင်ပင်ခဲ့ပြီး အသေးစိတ်ရိုက်ကူးခဲ့တာပါ။ မိုက်ကယ်ဂျော်ဒန်ဟာ ဒီရုပ်ရှင်အတွက် နှစ်ခုပဲ ပြန်တောင်းဆိုပါတယ်။သူ့အမေနေရာမှာ Viola Davis ကိုသရုပ်ဆောင်စေဖို့နဲ့ သူ့ရဲ့မိတ်ဆွေကောင်းကြီး ဟောင်းဝဒ်ဝိုက်အကြောင်းကိုပါ ထည့်သွားပေးဖို့ပါပဲ။ဘန်အက်ဖလက်ကလည်း သူ့ရဲ့ဘော်ဒါကြီးဖြစ်တဲ့ ခရစ်တက်ကာ(Rush Hour ထဲကမင်းသား) ကို ဟောင်းဝဒ်အဖြစ်ထည့်သွင်းခဲ့ပါတယ်။ဒီရုပ်ရှင်ကိုလည်း အမေဇုံက အွန်လိုင်းကနေပဲ ပြဖို့ ရည်ရွယ်ရိုက်ကူးခဲ့ပေမဲ့အကြိုပွဲတွေမှာ လူကြိုက်များလွန်းလို့ ရုံတင်ဖြစ်ခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်းနိုက်ကီကုမ္ပဏီဟာ ဘတ်စကတ်ဘောအားကစားလောကမှာ မာကတ်တင်းအတွက် ကစားသမားကောင်းတွေမရှာနိုင်လို့ အက်ဒီးဒက်စ် တို့ကွန်ဗာ့စ်တို့ကို မယှဉ်နိုင်တော့ဘဲ နောက်ဆုတ်ထွက်ခွာရမယ့်အခြေအနေဖြစ်နေပါပြီ။ နိုက်ကီရဲ့ စီအီးအို ဖေးလ် (ဘန်) ဟာ သူ့ရဲ့ ဘတ်စကတ်ဘောဌာနအတိုင်ပင်ခံ ဆန်နီ(မက်ဒေမွန်) ကို ဒေါ်လာ ၂ သိန်းခွဲသုံးပြီးဘတ်စကတ်ဘောကစားသမား ၃ ယောက်နဲ့ စာချုပ်ချုပ်ဖို့ရှာခိုင်းပေမဲ့ဆန်နီကတော့ ဒေါ်လာ ၂ သိန်းခွဲလုံးကို အထက်တန်းကျောင်းချန်ပီယံသစ်၊ NBA ကို စပြီးခြေချေတော့မယ့် မိုက်ကယ်ဂျော်ဒန်အပေါ်မှာပဲပုံအောဖို့ တိုက်တွန်းခဲ့ပါတယ်။ ဒါပေမဲ့ မိုက်ကယ်ဂျော်ဒန်ကလည်း အက်ဒီးဒက်စ် ပရိသတ်ဖြစ်နေပြီးဖိနပ်စာချုပ်အတွက် အက်ဒီးဒက်စ်ကိုပဲ သွားဖို့အားသန်နေပါတယ်။ဒါကို နိုက်ကီအဖွဲ့ကဘယ်လိုအိုက်ဒီယာတွေ၊ ဘယ်လိုသမိုင်းဝင်သဘောတူညီချက်တွေနဲ့ ဆွဲဆောင်ခဲ့လဲဆိုတာ ဒီရုပ်ရှင်မှာ စိတ်ဝင်စားစရာ မြင်ရမှာပါ။ ဘိုင်အိုဂရပ်ဖီ၊ ဒရာမာ၊ အားကစား၊ စီးပွားရေးရုပ်ရှင်အမျိုးအစားကြိုက်တတ်သူတွေ၊ ရုပ်ရှင်ကောင်းကြိုက်တတ်သူတွေအချိန်ပေးရတာတန်မယ့် ရုပ်ရှင်ဖြစ်ပါကြောင်း….. (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Mr.Anderson ဖြစ်ပါတယ်)
...

They Call Me Jeeg Robot (2015) ⭐IMDB: 7.0/10 (16 k Votes) 🎬 #Action #Comedy #Drama #SciFi 🗓 2015 🎞 movie 🌎 #Italy ⏰ 1 နာရီ 59 မိနစ် 16 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အီတာလီ စူပါဟီးရိုး ရုပ်ရှင်ပုံစံမျိုးဖြစ်ပြီး အန်ဇိုဆိုတဲ့သူက ရေဒီယိုသတ္တိကြွ ပစ္စည်းတွေနဲ့ထိမိပြီး စွမ်းအားရှင်ဖြစ်သွားပါတယ်….. အဲဒီအစွမ်းနဲ့ ခိုးဆိုးလုနှိုက်နေရာကနေ ကောင်မလေးတစ်ယောက်နဲ့ အမှတ်မထင်ကြုံမိပြီး သူရဲ့ စူပါဟီးရိုးဇာတ်လမ်းကိုစဖို့အကြောင်းဖန်လာတာကို ပေါ့ပေါ့ပါးပါးပဲ ရိုက်ပြထားပါတယ်
...

Switch Case N (2024) ⭐IMDB: 8.0/10 (7 Votes) 🎬 #Bollywood #Drama 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 20 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Switch Case N 2024မယုံနိုင်စရာ ဘဝအချိုးအကွေ့ ဒီတစ်ခေါက် တင်ဆက်ပေးချင်တာကတော့ 2024 ခုနှစ်ထွက်ကန်နာဒါဒရာမာဇာတ်လမ်းလေးဖြစ်တဲ့ Switch Case N ဆိုတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။IMDb ratingကလဲ အတော်သင့်  ရရှိထားသလို IT နဲ့ ပတ်သက်ပြီးစိတ်ဝင်စားတဲ့ ပရိသတ်တွေအတွက်တော့ အံကိုက်ဖြစ်မှာ သေချာပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကို ပြောပြရမယ်ဆိုရင်တော့ ဒီဇာတ်လမ်းလေးမှာ အဓိကဇာတ်ဆောင် အိုင်တီပညာရှင်လေးဆစ်ဒါ့သ်ဟာရစ်ရှ်ရဲ့ ဘဝတစ်ဆစ်ချိုး‌ပြောင်းလဲမှုကို မြင်တွေ့ရမှာပါ။ ဆစ်ဒါ့သ်ဟာ သူ့ရဲ့ကိုယ်ရေးကိုယ်‌တာကိစ္စတွေနဲ့ အသက်မွေးဝမ်းကြောင်း အလုပ်ကြားက ရှုပ်ထွေးမှုတွေ‌ကို ဖြေရှင်းရင်းအောင်မြင်ကြီးပွားလာသလို တိုးတက်ပြောင်းလဲခြင်းတွေနဲ့လည်း ကြုံတွေ့ခဲ့ရပါတယ်။ ဒီဇာတ်ကားလေးမှာဆိုရင်တော့ ဆစ်ဒါ့သ်တစ်ယောက်ကိုယ့်ကိုယ်ကိုယ် ပြန်လည်ရှာဖွေရင်း အခက်အခဲမျိုးစုံကြားမှာ ဘယ်လိုရွေးချယ်မှုတွေကသူ့ဘဝအတွက် သက်ရောက်မှုရှိနေမလဲဆိုတာ မီးမောင်းထိုးပြပေးထားတာမလို့ ဆစ်ဒါ့သ်ရဲ့ဘဝတစ်ဆစ်ချိုးအပြောင်းအလဲက ဘယ်လိုမျိုးဖြစ်သွားမလဲဆိုတာ စောင့်မျှော်ကြည့်ရှုအားပေးကြပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်
...

Blue Lights (2023) ⭐IMDB: 8.1/10 (13 k Votes) 🎬 #Crime #Drama #Thriller 🗓 2023 🎞 tv series 🌎 #UnitedKingdom #NorthernIreland #Denmark ⏰ 59 မိနစ် 25 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Blue Lights  (2023)IMDb: 8.1/10Genre: Crime/Drama/Thriller ဒီဇာတ်လမ်းတွဲကို BBCက ရိုက်ကူးထုတ်လွှင့်ထားတာဖြစ်ပြီး မြောက်အိုင်ယာလန် အခြေစိုက် မှုခင်းဇာတ်လမ်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲက အမှုအခင်းတွေကို အဓိကအသားပေးထားတာမဟုတ်ဘဲ ရဲစခန်းတစ်ခုရဲ့ လုပ်ထုံးလုပ်နည်း‌တွေ အထက်အောက် ဆက်ဆံ‌ရေးတွေ၊ အဖွဲ့ဝင်တစ်ဦးချင်းစီရဲ့ဘဝကို ပေါ်လွင်အောင်ဖန်တီးရိုက်ကူးထားတာပါ။ Rating တွေလည်း အတော်မြင့်ပါတယ်။ IMDb 8.1နဲ့ RT 91%အထိ ရထားတာပါ။ ဇာတ်လမ်းအကျဉ်းက ရဲအလုပ်သင်လူသစ် သုံး‌ယောက်ဖြစ်တဲ့ အဲလစ် ကော်လွန်နဲ့ တွမ်မီတို့ရဲ့ လူသစ်ဘဝ ပြဿနာပေါင်းစုံတွေလူဟောင်းတွေဖြစ်တဲ့ ဂျယ်ရီ နေးလ် ဂျန်တို့နဲ့ လူသစ်တွေကြားဆက်ဆံရေးတွေ၊ ကင်းလှည့်ရဲ ဖြစ်တာနဲ့အညီ နိစ္စဓူဝ ကြုံရတဲ့အမှုသေးအစ အမှုကြီးအဆုံး လိုက်ဖြေရှင်းရတာ‌တွေနဲ့အတူ သူတို့စခန်းအခြေစိုက်ရာ မြို့မှာ ကြီးစိုးနေတဲ့ လူမိုက်ဂိုဏ်းနဲ့ရင်ဆိုင်ရပုံတွေကို ကြည့်ရမှာပါ။ ဒါ့အပြင် စခန်းနဲ့ မဆိုင်တဲ့အစိုးရထောက်လှမ်းရေးတွေရဲ့ ခြေချင်းလိမ်နေပုံတွေ၊ ဌာနချင်း ပွတ်တိုက်မှုတွေ၊ နောက်ကွယ်က ခြစားမှု လူလည်ကျမှုနဲ့နိုင်ငံရေးအရှုပ်တွေကိုပါ မြင်ရမယ့် ဇာတ်လမ်းတွဲဖြစ်ပါတယ်။
...

Savoring Paris (2024) ⭐IMDB: 7.0/10 (649 Votes) 🎬 #Romance #Drama #TVMovie 🗓 2024 🎞 tv movie 🌎 #UnitedStates #Canada #Bulgaria ⏰ 1 နာရီ 24 မိနစ် 51 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အလုပ်အကိုင်ကောင်းကောင်းဝင်ငွေကောင်းကောင်းရှိနေတဲ့ အမေရိကန် အမျိုးသမီးငယ်လေး ပဲရစ်ကို အားလပ်ရက်ထွက်သွားတဲ့အချိန်မှာတော့ …….. သူ့ရဲ့ အလုပ်မှာ မပျော်ပဲ ဘဝ အနှစ်သာရပြောက်ဆုံးနေသလိုခံစားနေရတဲ့ အယ်လာက ပြင်သစ်နိုင်ငံပဲရစ်မြို့ကို အလည်အပတ် ၁၄ ရက်သွားတဲ့အခါ သူဘာတွေကြုံရမလဲ သူ့ခံစားချက်တွေ ဘယ်လိုပြောင်းလဲသွားမလဲ တကယ့် ဘဝအနှစ်သာရကို သူရှာတွေ့ သွားမလားဆိုတာကို ကြည့်ရှုရမယ့်ဇာတ်ကားကောင်း တခုပါ ပဲရစ်မြို့ပေါ်က ရူခင်းတွေ လူနေမှုပုံစံတွေကို လိုက်ပါကြည့်ရူရမှာဖြစ်ပြီး အယ်လာရဲ့ စိတ်အပြောင်းအလဲ အတက်အကျ emotion ပါ ထပ်တူခံစားလို့ရမယ့် ဇာတ်ကားလေးမို့ စိတ်ဝင်စားသူတွေ လက်မလွတ်သင့်ပါဘူး
...

Lucky Hearts (2023) ⭐IMDB: 5.6/10 (192 Votes) 🎬 #Comedy #Drama #TVMovie #Romance 🗓 2023 🎞 tv movie 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 30 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီနေ့တော့ Lucky hearts ဆိုတဲ့ ပေါ့ပေါ့ပါးပါး Romance Comedy ကားလေးနဲ့မိတ်တက်ပေးပါရစေ စိတ်ပြေလက်ပျောက် ရယ်မောရစေမယ့်အချစ်ဟာသဇာတ်မြူးလေးပါပဲ ဇာတ်လမ်းအညွှန်းကတော့ သဘာဝအလှကုန်တွေဖန်တီးတဲ့နေရာမှာ ပါရမီပါတဲ့ ရိုစီအန်း။ သူ့ကြောင့် အနီးနားကလူတွေကံကောင်းတတ်ကြလို့ lucky charmလေးလို့ခေါ်ကြပေမယ့် သူ့မှာတော့ အချစ်ရေးကျိန်စာသင့်နေသလို အလွဲလွဲအချော်ချော်ဖြစ်နေကျပါ။ Lucky clover ဆိုတဲ့သူ့ကိုယ်ပိုင် မိတ်ကပ်ကုမ္ပဏီလေး ဆက်လည်ပတ်ဖို့ ရင်းနှီးမြှုပ်နှံသူရှာရင်းနဲ့ ဆိုင်မွန် ဆိုတဲ့ လူချောလေးနဲ့ဆုံမိရာမှ ရိုစီအန်းရဲ့ အမြဲတမ်းဆိုးနေတတ်တဲ့ အချစ်ရေးကံတစ်ပတ်ပြန်လည်လာမလားဆိုတာကတော့ ဆက်လက်ကြည့်ရှုအားပေးလိုက်ကြပါဦး။
...

A Greek Recipe for Romance (2024) ⭐IMDB: 6.5/10 (385 Votes) 🎬 #Romance #Drama #TVMovie 🗓 2024 🎞 tv movie 🌎 #UnitedStates #Greece #UnitedStatesofAmerica ⏰ 1 နာရီ 24 မိနစ် 54 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 နယူးယောက်မှာ ဟိုတယ်မန်နေဂျာအဖြစ် ရာထူးတိုးဖို့ မျှော်လင့်ထားတဲ့ အက်ဘီတစ်ယောက် ဝန်ထမ်းလျှော့တဲ့အထဲပါသွားပြီးနောက် သူ့အမေရှိတဲ့ ဂရိကိုသွားလည်ခဲ့တယ် ဂရိမှာလဲ သီရိုတစ်ယောက် ၂ပတ်အတွင်း စားသောက်ဆိုင်မဖွင့်ရင် အမေဖြစ်သူရဲ့ဆိုင် အသိမ်းခံရတော့မှာကြောင့် အပူတပြင်းဖြစ်နေပြီး သူငယ်ချင်းတစ်ယောက်မိတ်ဆက်ပေးရာကနေ အက်ဘီနဲ့ အချင်းချင်းသိသွားပြီး နှစ်ယောက်သား စားသောက်ဆိုင်ကိုဖွင့်တာ အဆင်ပြေသွားကြမှာလား သီရိုရဲ့ ဘဝလမ်းကြောင်း ရွေးချယ်မှုအပေါ် သဘောမကျဖြစ်နေတဲ့ အဖေကရော စားသောက်ဆိုင်မဖွင့်ဖြစ်အောင် ဘယ်လိုတွေတားဆီးနှောက်ယှက်မလဲဆိုတာကိုတော့ A Greek Recipe for Romance ဆိုတဲ့ ကားလေးကို ကြည့်ရှုပေးကြပါဦး
...