uz
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Yopiq kanal

🚩 Channel was restricted by Telegram

Ko'proq ko'rsatish
Ma'lumot yo'q
Obunachilar
-524 soatlar
-47 kun
+730 kun
Postlar arxiv
Robert Downey Jr: High Altitude (2023) ⭐IMDB: 6.5/10 (50 Votes) 🎬 #Biography #Documentary 🗓 2023 🎞 movie 🌎 #USA #UnitedKingdom #UnitedStatesofAmerica ⏰ 51 မိနစ် 48 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Robert Downey Jr: High AltitudeIMDb – 6.5====================== ဒီတစ်ခါ ပရိတ်သတ်ကြီးကို တင်ဆက်ပေးမှာကတော့ကျွန်မတို့ ချစ်ရတဲ့ Iron Man တိုနီစတာ့ခ်ရဲ့တကယ့်ဘဝအကြောင်းရိုက်ထားတဲ့ ‌မှတ်တမ်းရုပ်ရှင်ဖြစ်ပါတယ်။ လူတိုင်းချစ်ရတဲ့ အိုင်ရွန်းမန်း ကာရိုက်တာရဲ့ ပဲ့ကိုင်ရှင် ‌ရောဘတ်တစ်ယောက်ဒီလိုအခြေအနေမျိုး ‌ရောက်လာဖို့ လာအခက်အခဲတွေရှိခဲ့မလဲရိုလာကိုစတာလိုမျိုး သူ့ဘဝမှာ အတက်အကျတွေများပြီး‌ကြမ်းတမ်းခဲ့တာတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ရောဘတ်က အရည်အချင်းလေးလည်းရှိလို့ အနုပညာလောကထဲရောက်ပြီးအောင်မြင်ခါစအဖြေအနေမှာ သူ့ရဲ့ ဆေးသုံးတတ်တဲ့ပြဿနာက သူ့ကို အောက်ဆုံးထိဆွဲခေါ်သွားခဲ့ပါတယ်။ ဒီနေ့လူတွေမြင်နေရတဲ့ မိသားစုကိုချစ်တဲ့ အလုပ်ကြိုးစားပြီး တော်တဲ့ရောဘတ်တစ်ယောက်ဖြစ်အောင်သူမူးယစ်ဆေးကို ဘယ်လိုဖြတ်ခဲ့ရလဲ အောက်ဆုံးကနေဘယ်လိုပြန်တက်ရလဲဆိုတာကြည့်ပြီး အားကျအတုယူဖို့ကောင်းလှပါတယ်။ စတားဘဝကိုရောက်ပြီး အောက်ဆုံးပြန်ကျခဲ့တာတောင် လက်မလျော့ပဲထပ်ကြိုးစားခဲ့တဲ့ ရောဘတ်ရဲ့အတုယူဖွယ်ကောင်းတဲ့ဘဝတစ်စိတ်တစ်ပိုင်းကို ဒီရုပ်ရှင်ကနေကြည့်ပြီး အားဖြစ်စေမယ်လို့မျှော်လင့်ပါတယ်။
...

Un mondo a parte (2024) ⭐IMDB: 6.5/10 (939 Votes) 🎬 #Comedy #Drama 🗓 2024 🎞 movie 🌎 #Italy ⏰ 1 နာရီ 49 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Un mondo a parte (2024) IMDb Rating (6.5) အီတလီမှ ဒါရိုက်တာ Riccardo Milani ၏ ရေးသားပြီး ဟာသနှင့် ဒရာမာ ပေါင်းစပ်ထားသော ဇာတ်လမ်းတစ်ပုဒ်ပါ။ ဇာတ်ကားက စိတ်ဝင်စားစရာ ဇာတ်ကောင်တွေနဲ့ အတွေးကောင်းကောင်း အဓိပ္ပာယ်ရှိတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ Un Mondo a Parte ၏ ဇာတ်လမ်းမှာ ဇာတ်ကောင်တွေက ပညာရေးလောကအတွင်း ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုတွေ၊ အလှည့်အပြောင်းများနှင့် သူတို့ရဲ့ တာဝန်ယူစိတ်ကို ဖော်ပြထားတဲ့အတွက် စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒီဇာတ်ကားက Nastro d’Argento Awards နှစ်ခု ဆုရထားပါတယ်။ ပထမတစ်ခု အကောင်းဆုံး ဟာသဇာတ်ကား ဆု ဖြစ်ပြီး၊ ဒုတိယတစ်ခုက ဟာသဇာတ်ကားတွင် အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင် ဆု ရထားပါတယ်။ Riccardo Milani ၏ ပုံဖော်ရိုက်ကူးထားမှု့က စိတ်ကို ခွန်အားဖြစ်စေပါတယ်။ A World Apart က 2024 ရဲ့ ဟာသနှင့် ဒရာမာဇာတ်ကားတစ်ကားဖြစ်ပြီးတော့, စိတ်ဝင်စားဖို့ကောင်းပြီးတော့ လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးနဲ့ကြည့်လို့ရမယ့်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Banyar Aung ဖြစ်ပါတယ်။)
...

Psycho-Pass: Providence (2023) ⭐IMDB: 7.0/10 (649 Votes) 🎬 #Action #Animation #Crime #Mystery #SciFi #Thriller 🗓 2023 🎞 movie 🌎 #Japan ⏰ 2 နာရီ 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 နာမည်ကျော် Psycho-Pass စီးရီးရဲ့ Stand Alone ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။ Psycho-Pass ၁၀ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ IG Production ကနေ ထုတ်လုပ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။ ဒီရုပ်ရှင်က Psycho-Pass 3 စီးရီးနဲ့ ဆက်စပ်နေတယ် ဆိုပေမဲ့ ဇာတ်လမ်းက တစ်ခုသက်သက်လို ဖြစ်နေတာကြောင့် Sci-fi, Action ကြည့်ချင်နေတဲ့ Anime ဖန်တွေအတွက်တော့ အဆင်ပြေပါလိမ့်မယ်။ ဇာတ်လမ်းကတော့ ခေတ်လွန်ကာလကို အခြေခံထားပါတယ် တစ်ကမ္ဘာလုံးက စစ်တွေဖြစ် ပျက်သုန်းကြနဲ့ ဂျပန်တစ်နိုင်ငံတည်းပဲ ထိန်းထိန်းသိမ်းသိမ်း ကျန်ရှိတော့တဲ့ ခေတ်လွန်လိုမျိုး။ လူတွေကိုလည်း သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ Psycho-Pass ဆိုပြီး ပြစ်မှုကျူးလွန်နိုင်ခြေ ရှိလား ဘာလားဆိုတာကို Sibyl System နဲ့ အလိုအလျောက် တွက်ချက်သုံးသပ်ပေးပြီး အဲဒီလူကို တရားစီရင်ပေးရတာမျိုးပဲ။ အဲဒီကမ္ဘာက ပြည်သူ့လုံခြုံရေးတပ်အဖွဲ့အကြောင်းကို ဦးတည်ထားတာပေါ့။ ဒီကားဇာတ်လမ်းမှာကျ လျှို့ဝှက်သင်္ဘောတစ်ခုနဲ့ ဂျပန်ကိုလာတဲ့ နိုင်ငံခြားပရော်ဖက်ဆာတစ်ယောက် အသတ်ခံလိုက်ရတယ်။ အသတ်ခံလိုက်ရတဲ့ အကြောင်းကလည်း သူ့ဆီက တန်ဖိုးကြီးတဲ့ သတင်းအချက်အလက်တစ်ခုကို လိုချင်နေလို့။ အဲဒီ လုပ်ကြံသွားတဲ့ အဖွဲ့အစည်းဆိုတာကလည်း ရှိလို့ ရှိမှန်းတောင် မသိရတဲ့ လျှို့ဝှက်အဖွဲ့အစည်းကြီးတစ်ခု။ အဲဒီ ပြဿနာတွေကို မင်းသမီးဖြစ်တဲ့ Tsunemori Akane တစ်ယောက် သူ့အဖွဲ့နဲ့အတူ တချိန်က ဇာတ်လမ်းတွေရှိခဲ့ဖူးတဲ့ မင်းသား Kougami Shinya နဲ့အတူတူ ဘယ်လိုတွေ ဖြေရှင်းကြမလဲဆိုတာ Animation ကောင်းကောင်းနဲ့ တင်ဆက်ထားတာပဲ ဖြစ်ပါတယ်။
...

New Gods: Nezha Reborn (2021) ⭐IMDB: 6.8/10 (4 k Votes) 🎬 #Action #Animation #Fantasy 🗓 2021 🎞 movie 🌎 #China ⏰ 1 နာရီ 58 မိနစ် 41 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခေါက်ဇာတ်ကားလေးကတော့ နီကျား ဒီခေါတ်မှာ လူပြန်ဝင်စားတဲ့ကားလေးပါလွန်ခဲ့တဲ့ နှစ်ပေါင်းသုံးထောင်လောက်က နီကျားဟာ အရှေ့ပင်လယ်နဂါးမင်းရဲ့တတိယသားကို သတ်ခဲ့ပြီး သူ့ရဲ့ဝိညာဉ်ဟာလူ့ပြည်ကို လွတ်မြောက်လာခဲ့တာပါ အခုခေါတ်အချိန်ခါမှာ နီကျားဟာ ပို့ဆောင်ရေးလုပ်နေတဲ့ဆိုင်ကယ်ပြိုင်ပွဲဝါသနာအိုး လူငယ် လီယွင်ရှန်းအနေနဲ့ လူပြန်ဝင်စားခဲ့ပါတယ် ရန်သူဟောင်းအရှေ့ပင်လယ် နဂါးမင်းနဲ့ သူ့သားကို ပြန်တွေ့ရတဲ့အခါမှာ သူချစ်ရသူတွေကိုကာကွယ်ဖို့အတွက် သူ့စွမ်းအားတွေကိုပြန်ရှာရဖို့ဖြစ်လာပါတော့တယ် အဲ့နောက်မှာတော့ နီကျားအနေနဲ့ ဘယ်လိုကံကြမ္မာတွေကိုရင်ဆိုင်ရမလဲဆိုတာကို ဆက်လက်ကြည့်ရှုကြပါဦးနော်
...

Khwaabon Ka Jhamela (2024) ⭐IMDB: 6.1/10 (69 Votes) 🎬 #Bollywood #Drama #Romance #Comedy 🗓 2024 🎞 movie 🌎 #India #UnitedKingdom ⏰ 1 နာရီ 53 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Khwaabon Ka Jhamela 2024 (စော်ငြင်းကောင်လေး ဇူဘင်) ဇူဘင်ဆိုတဲ့ကောင်လေးဟာ ၂နှစ်လောက်တွဲလာတဲ့‌ ကောင်မလေးဖြစ်သူရှီနာ့ဇ်နဲ့အတူ ယူကေကို သွားဖို့အတွက် စီစဉ်ခဲ့ပါတယ်။ ဒါပေမဲ့ ဇူဘင်ကို ငြီးငွေ့လာပြီဖြစ်တဲ့ ရှီနာ့ဇ်ကတော့ ဇူဘင်ကို ငြင်းခဲ့ပါတယ်။ဒီလိုနဲ့ ချစ်သူနဲ့သွားဖို့ စီစဉ်ထားတဲ့ ယူကေခရီးစဉ်မှာ တစ်ယောက်တည်းယောင်ချာချာဖြစ်ပြီးတော့ ယူကေမှာ ကြိုတင်ပလန်ဆွဲထားတဲ့နေရာတွေမှာတစ်ယောက်တည်းပဲ ကြေကွဲနေရပါတော့တယ်။ ကြေကွဲနေတဲ့ ဇူဘင်တစ်ယောက် ဘားတစ်ခုကို ရောက်သွားပြီး အရက်တွေသောက်လို့စော်ငြင်းကောင်လေးတစ်ယောက် တွေ့သမျှ ကောင်မလေးတိုင်းကို လိုက်ကြောင်ရင်းနဲ့ ရူဘီဆိုတဲ့ကောင်မလေးနဲ့တွေ့ခဲ့ပါတယ်။ ရူဘီဆိုတဲ့ ကောင်မလေးကို ကြောင်ရင်းနဲ့ အဲဒီဘားမှာလည်း သူ့အရင်ကောင်မလေးအကြောင်းတွေကိုမိုက်နဲ့ ရင်ဖွင့်ပြောခဲ့ပြီး ဘားတစ်ခုလုံးကို ကြေငြာလိုက်ပါသေးတယ်။ ဘားမှာ မူးရူးနေရင်းကနေ ဘယ်ကမှန်းမသိတဲ့ကောင်တွေက သူ့ပိုက်ဆံအိတ်ကိုအလစ်သုတ်ချင်တာနဲ့ပဲ ဘောင်းဘီကိုပါချွတ်ယူသွားပြီး ဇူဘင့်ကို အမှိုက်ပုံးနားမှာ ထားခဲ့ပါတော့တယ်။ ဒါကိုတွေ့သွားတဲ့ ရူဘီတစ်ယောက် ပြစ်မထားခဲ့နိုင်ဘဲ သူ့အိမ်ကို ခေါ်လာပါတော့တယ်။ပြည်ပမှာ အလုပ်လုပ်ရတာ ခက်ခဲကြတဲ့ထုံးစံအတိုင်း ရူဘီဟာလည်းဘာဘေလ်တွေမှ မဆောင်နိုင်တဲ့အတွက် အိမ်ကို အပြင်ကသော့ခတ်ပြီးတော့ ခိုးကြောင်ခိုးဝှက်နေနေသူတစ်ယောက်ပါ။ ဒီလိုနဲ့ အသည်းကွဲရင်း ပိုက်ဆံအိတ်ပါပျောက်ပြီး ဒုက္ခရောက်နေတဲ့ဇူဘင်နဲ့ ငွေကြေးဆိုင်ရာခက်ခဲလို့ သိုသိုသိပ်သိပ်နေနေရတဲ့ရူဘီတို့နှစ်ယောက် ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုကြည့်ရှုရမယ့် ရိုမန့်ဒရာမာဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)
...

Darkness (2002) ⭐TMDB: 56% User Score 🎬 #Horror 🗓 2002 🎞 movie 🌎 #Spain #UnitedStatesofAmerica ⏰ 1 နာရီ 42 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb – 5.4 သရဲကားကောင်းကောင်းလေးကိုမှ ကြိုက်နှစ်သက်ကြပြီး သရဲပူးနေတဲ့အိမ်က ဖြစ်ရပ်တွေကို သဘောကျသူတို့အတွက် 2002 ခုနှစ်ထွက် Darkness ကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အမေရိကန်က မိသားစုတစ်စုဟာ စပိန်နိုင်ငံ ကျေးလက်ဒေသက အိမ်တစ်လုံးဆီကိုပြောင်းလာခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့မသိခဲ့ကြတာကတော့ သူတို့ပြောင်းလာတဲ့အိမ်မှာပဲ လွန်ခဲ့တဲ့ အနှစ်လေးဆယ် နေကြတ်တဲ့နေ့မှာ ကလေး ၇ ‌ယောက်ကို ယဇ်ပူဇော်ခဲ့တဲ့ အစီအရင်လုပ်ခဲ့တယ်ဆိုတာကိုပါ။ နောက်ဆုံး ခုနှစ်မြောက်ယောက်ကလေးကတော့ လွတ်မြောက်သွားခဲ့ပြီး ကျန်တဲ့ကလေးတွေကိုတော့ ဘယ်တော့မှပြန်မတွေ့ရတော့ပေမဲ့ အစီအရင်ရဲ့ တပိုင်းတစအနေနဲ့ အမှောင်ထုကတော့ အိမ်မှာပဲခိုအောင်းပြီးကျန်ခဲ့ပါတယ်။ ပြောင်းလာတဲ့ မိသားစုလည်း ထူးခြားတဲ့ဖြစ်စဉ်တွေကို တဖြည်းဖြည်းသတိထားမိလာခဲ့ပြီး မိသားစုဝင်တွေပါ ထိခိုက်လာနေပါတယ်။ ဒီအပြင် အနှစ် ၄၀ ကို တစ်ခါနေပြန်ကြတ်တဲ့ နေ့ကို ရောက်ရှိတဲ့အခါမှာတော့ မပြီးဆုံးခဲ့တဲ့ အစီအရင်ကပြန်စလာခဲ့ပြီး မိသားစုဝင်တစ်ယောက်နဲ့အတူ အစီအရင်ကိုအပြီးသတ်ဖို့လုပ်လာခဲ့အခါ ဘယ်လိုကျော်ဖြတ်ကြရမလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။
...

Successor (2024) ⭐IMDB: 6.9/10 (939 Votes) 🎬 #Comedy #Drama 🗓 2024 🎞 movie 🌎 #China ⏰ 2 နာရီ 14 မိနစ် 38 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Successor (2024) IMDb Rating (6.9) / Rotten Tomatoes (82%) ရုံတင်တုန်းက Box Office မှာ $ 470 million ကျော် ရရှိပြီး နာမည်ကြီးလူကြိုက်များနေတဲ့တရုတ်ဟာသဒရမ်မာကားလေးကို 4K ထိ တင်ဆက်လိုက်ပါတယ်။ ဇာတ်လမ်လေးလဲ တကယ်ကိုထူးခြားဆန်းသစ်နဲ့ ဇာတ်အိမ်နဲ့ပါ…တစ်ချိန်က ချို့တဲ့တဲ့မိသားစု အသိုင်းအဝိုင်းကြားမှာ မာနကို ချိုးနှိမ် ဒုက္ခကို အံခဲပြီးတစ်ကိုယ်တည်း ကြိုးစားရုန်းကန်ရင်း ချမ်းသာလာတဲ့သူဌေးကြီးတယောက်ဟာသူ့သားလေးကို…ရွှေဇွန်းကိုက်ပြီး ရွှေလင်ဗန်းနဲ့အချင်းဆေးတဲ့ဘဝမျိုးမှာထားနိုင်ပေမယ့် ဒီလိုထားလိုက်ရင်ကြိုးစားလိုစိတ်…. ဖြစ်ထွန်းလိုစိတ် မရှိတော့ဘဲဘဝကို အပေါ်ယံရှုမြင်ပြီး ပျော်ပါးပျက်စီးမှာစိုးလို့…ဆင်းရဲဒဏ်ထဲ ကြီးပြင်းစေမယ့် မဟာ စီမံကိန်းကြီးကို ရေးဆွဲပါတော့တယ်… ဒါကတော့ သူငယ်ငယ်က နေခဲ့တဲ့ အိမ်စုတ်လေးမှာ မိသားစုလိုက်သွားနေကြပြီးသူ့သားအထင်မှာ ဆင်းရဲအောင် ဟန်ဆောင်ကြပါတယ်။သူ့သားကို ဆင်းရဲတဲ့ဒဏ်… မျက်နှာငယ်ရတဲ့ဘဝ…မာနကို ခဝါချပြီး ဘဝရဲ့ လောကဓံကို ရင်ဆိုင်စေဖို့အမျိုးမျိုး ဇာတ်ညွှန်းတွေရေးပြီး ပျိုးထောင်ပေးတော့တာပေါ့…. ဒါပေမယ့် သူ့သားကရော ဆင်းရဲသားတယောက်အဖြစ်နဲ့ ကြိုးစားပါ့မလားသူ့အဖေအမေက လိမ်ညာထားတဲ့ ဘဝအခြေအနေမှန်ကိုရော သိသွားမလားတကယ်ရော သူ့ဘဝအစစ်အမှန်ကို ရင်ဆိုင်ရဲပါ့မလားဆိုတာ…….။ မိဘတိုင်းက သားသမီးကို ကောင်းပေ့ တော်ပေ့… ဆိုတဲ့ပြီးပြည့်စုံမှုပေတံတွေနဲ့တိုင်းပြီး ဖြစ်ထွန်းစေချင်ကြတယ်…ဒီလို ကောင်းစေချင်လို့ဆိုတဲ့ စကားနဲ့ ကလေးတွေရဲ့ စိတ်ကို ပြန်ပေးဆွဲကြလေ့ရှိတယ်…ဒါပေမယ့်လည်း ဒါက တကယ်ပဲ ကလေးတွေအတွက် ကောင်းရဲ့လား….သားသမီးတွေဆန္ဒကရော အရေးမပါတော့ဘူးလားဆိုတဲ့ ဖော်ကျူးမှုလေးတွေနဲ့ဒီရုပ်ရှင်ကားလေးက မိသားစုလိုက်အေးအေးဆေးဆေးကြည့်ရှုကြရမယ့်ဟာသဒရမ်မာရုပ်ရှင်ကားကြီးပဲ ဖြစ်ပါတယ်။
...

Aashiqui 2 (2013) ⭐IMDB: 7.1/10 (34 k Votes) 🎬 #Bollywood #Drama #Musical #Romance #Music 🗓 2013 🎞 movie 🌎 #India ⏰ 2 နာရီ 13 မိနစ် 10 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Aashiqui 2 (2013) IMDb Rating (7.1) ဘောလိ၀ုဒ်ပရိသတ်တွေကြားမှာမသိတဲ့သူ မရှိသလောက်ရှားမှာဖြစ်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်တဲ့Aashiqui 2 ကိုပြန်ပြီးတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းကတော့ အားလုံးသိထားတဲ့အတိုင်း Star is Born နှစ်ကားလုံးကိုအခြေခံထားတာဖြစ်ပါတယ်။ အစောပိုင်းတုန်းကတော့ တက်သစ်စတွေ ခေါင်းဆောင်ထားတဲ့ဇာတ်ကားဖြစ်တဲ့အတွက် မူရင်းဇာတ်ကားကိုမမှီမှာပူပန်မှုတွေရှိခဲ့ပေမယ့် ဇာတ်ကားထွက်လာချိန်မှာတော့အဲ့ဒီစိုးရိမ်မှုတွေ သံသယတွေကိုချေဖျက်ခဲ့ပြီး ၂၀၁၃ ရဲ့ဝင်ငွေအကောင်းဆုံးဇာတ်ကားတစ်ကားဖြစ်ခဲ့တဲ့အပြင်Aditya Roy Kapur နဲ့ Shraddha Kapoor တို့ကိုလည်း ကောင်းကောင်းအသိအမှတ်ပြုမှုရစေခဲ့တဲ့ဇာတ်ကားဖြစ်လာခဲ့ပါတယ်။ ဇာတ်လမ်းကတော့အရက်စွဲပြီးပြဿနာပေါင်းစုနဲ့နာမည်ကျစပြုနေတဲ့ ရာဟူးဆိုတဲ့ တစ်ချိန်ကဒိတ်ဒိတ်ကြဲအဆိုတော်တစ်ယောက်၊နယ်မြို့လေးတစ်မြို့မှာရှိုးပွဲသွားဆိုရင်း အဲ့ဒီမြို့က ခပ်နုပ်နုပ်ဘားတစ်ခုမှာသီချင်းဆိုနေတဲ့ အာရိုနီဆိုတဲ့ ကောင်မလေးကိုအမှတ်မထင်တွေ့ပြီး စွဲလန်းသွားခဲ့မိပါတယ်။အစပိုင်းမှာ သူစွဲလန်းမိတာ လူကိုလား အနုပညာကိုလား မဝေခွဲတတ်ခဲ့ပေမယ့်အဲ့ဒီစွဲလန်းစိတ်နဲ့ပဲ ကောင်မလေးကိုမြို့ပေါ်ခေါ်သွားပြီးမြေတောင်မြှောက်ပေးဖို့စဉ်းစားခဲ့ပါတယ်။တစ်ဖြည်းဖြည်းအတူနေရင်း သံယောဇဉ်တွေ ရင့်သန်လာကြရင်းနဲ့ ရာဟူးနဲ့ အာရိုနီရဲ့ ဘ၀အနိမ့်အမြင့်အတက်အကျတွေပတ်ဝန်းကျင်ရဲ့ရိုက်ခတ်မှုတွေနဲ့ ရာဟူးရဲ့စွဲလန်းမှုပြဿနာတွေကြားက သူတို့ရဲ့ဇာတ်လမ်းကိုရှုစားကြရမှာပါ။ ဒီကားကဇာတ်လမ်းပေါက်ခဲ့သလို သီချင်းတွေလည်းအကုန်ပေါက်ခဲ့တဲ့ကားပါ။ဇာတ်ကားမကြည့်ဖူးတဲ့ သူတွေတောင်သီချင်းတွေကိုတော့ နားစွဲနေမှာဖြစ်တဲ့အတွက်မကြာမှီလာမည်ဆိုတဲ့ Aashiqui 3 မလာခင်လေးမှာ အရင်ကားလေးကိုခဏလောက်ပြန်နွှေးထားကြရအောင်ပါ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Alias မှ တင်ဆက်ထားပါတယ်။)
...

Vijay 69 (2024) ⭐IMDB: 6.2/10 (845 Votes) 🎬 #Bollywood #Comedy #Drama #Sport 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 52 မိနစ် 48 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Vijay 69 (2024) ၆၉နှစ်Imdb 6.3 လူစည်နေတဲ့ဘုရားကျောင်းတစ်ခု ကွယ်လွန်သူဓာတ်ပုံကြီးထောင်ပြီးအမှတ်တရမိန့်ခွန်းပြောသူကပြော ငိုသူကငိုနဲ့ပေါ့ ဒီလိုအချိန်မှာဝုန်းခနဲပွင့်သွားတဲ့ဘုရားကျောင်းတံခါးနဲ့အတူဝင်လာတဲ့လူကကွယ်လွန်သူဓာတ်ပုံထဲက ဗီဂျေး .. ဝရုန်းသုန်းကားတွေဖြစ်ပြီး အော်သူကအော် သရဲဆိုပြီးပြေးသူကပြေးပေါ့ဇာတ်လမ်းအစမှာတင် ဂွကျခဲ့တဲ့ ၆၉နှစ်အရွယ် အဘိုးကြီးဗီဂျေးပါပဲဒီဇာတ်လမ်းထဲမှာ သင်ခန်းစာယူစရာခွန်အားတက်စရာတွေပါတာဖြစ်ပြီးNetflix ကထုတ်လွှင့်ထားတဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ် အသက်ကြီးလာလို့ဆိုပြီး သေမင်းကိုထိုင်စောင့်နေတဲ့လူတွေထဲ ဗီဂျေးမပါခဲ့ပါ အသက်၇၇ နှစ်ကျမှအာကာသထဲထိခရီးဆန့်ခဲ့တဲ့ဂျွန်ဂလင်း အသက်၆၁နှစ်မှာ ခေါက်ဆွဲကိုဖန်တီးခဲ့တဲ့မိုမိုဖူကူ ဒါတွေက သူ့ရဲ့စိတ်ပြင်းပြမှုတွေပါ ရောက်ရှိနေတဲ့အသက် ၆၉နှစ်မှာသူများနဲ့မတူဘဲ ဗီဂျေးတစ်ယောက်ဘယ်လိုစိန်ခေါ်မှုတွေလုပ်သွားမလဲဘယ်လိုအခက်အခဲ‌တွေကိုအန်တုမလဲဆိုတာကြည့်ရှုလိုက်ပါဦး ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်
...

Cellar Door (2024) ⭐TMDB: 65% User Score 🎬 #Thriller 🗓 2024 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 37 မိနစ် 51 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb – 5.4 Thriller ကားကောင်းတွေ သဘောကျတဲ့ cm ပရိသတ်တွေအတွက် 2024 ထွက် thriller ရုပ်ရှင်ကားကောင်းတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဂျွန်နဲ့ ဆာရာတို့ကတော့ သူတို့ရဲ့ပထမဆုံးကိုယ်ဝန်ပျက်ကျပြီးနောက်မှာ အရာအားလုံးကိုပြန်စတင်ဖို့ အိမ်အသစ်လေးတစ်လုံးကို လိုက်ရှာဖွေနေခဲ့ကြ‌တာပါ။ သူတို့နေချင်တဲ့မြို့မှာ အိမ်တွေလိုက်ရှာခဲ့ပေမဲ့လည်း ဈေးမတတ်နိုင်တဲ့အိမ်တွေနဲ့ ပျက်စီးနေတဲ့အိမ်ဟောင်းတွေပဲတွေ့နေရလို့ လက်လျော့ခါနီးဖြစ်နေပါတယ်။ ဒါပေမဲ့လည်း အိမ်ခြံမြေပွဲစားက သူ့ရဲ့မိတ်ဆွေကတော့ ကူညီပေးနိုင်လောက်တယ်ဆိုပြီးအကြံပေးမှုကြောင့် အိမ်ကြီးပိုင်ရှင် အမ်းမက်ဆီ ရောက်သွားခဲ့ကြရာကနေ အခြေအနေတစ်ခုကို လက်ခံနိုင်ရင် အိမ်ကြီးတစ်အိမ်လုံးကို အပိုင်ရမယ်ဆိုပြီးအမ်းမက်က ကမ်းလှမ်းလာခဲ့ပါတယ်။ ဒီအခြေအနေကတော့ မြေအောက်ခန်းတံခါးကို ဘယ်တော့မှဖွင့်မကြည့်ဖို့ပါ။ ဂျွန်နဲ့ ဆာရာတို့လည်း ကမ်းလှမ်းချက်ကို လက်ခံလိုက်ပြီး သူတို့အိပ်မက်ထဲကအတိုင်း အိမ်ကြီးမှာ ဘဝသစ်ကိုစကြရတော့မယ်ဆိုပေမဲ့ တဖြည်းဖြည်းနဲ့ အိမ်ကြီးရဲ့ လျို့ဝှက်ချက်တွေပေါ်ပေါက်လာတဲ့အခါမှာ‌ ဂျွန်နဲ့ဆာရာရော သူတို့သဘောတူထားတဲ့ အချက်ကို ဆက်ပြီး လိုက်နာနိုင်မလားဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။
...

Scribe (2016) ⭐TMDB: 59% User Score 🎬 #Action #Thriller 🗓 2016 🎞 movie 🌎 #France #Belgium ⏰ 1 နာရီ 31 မိနစ် 32 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ၂၀၁၆ခုနစ်ကထွက်ရှိခဲ့တဲ့ ပြင်သစ်-ဘယ်လ်ဂျီယံလျှို့ဝှက်သည်းဖိုဇာတ်လမ်းကို တင်ဆက်ပေးလိုက်ပါတယ်။ ကုမ္ပဏီကနေ ရုတ်တရက်အနားပေးခံလိုက်ရတဲ့ စာရင်းကိုင်ဒူဗယ်။ ဖေးမပေးမဲ့သူတစ်ယောက်မှမရှိဘဲ စိတ်ကျရောဂါခံစားနေရတာမို့ နလန်ထူဖို့ကြိုးစားရင်း အလုပ်ထပ်ရှာပါတယ်။ အလုပ်နားထားတာကြာတာရော အသက်ကြီးနေတာရောမို့ သင့်တော်တဲ့အလုပ်ရှာမတွေ့ခဲ့။ တစ်ရက် ညအချိန်မတော်ကြီးမှာ အင်တာဗျူးလာဖြေဖို့ ဖုန်းဆက်လာပါတယ်။ အလုပ်လိုချင်နေတဲ့ ဒူဗယ်တစ်ယောက် အင်တာဗျူးသွားဖြေတဲ့အခါ သူလုပ်ရမှာက ဖုန်းပြောတာတွေကိုကြားဖြတ်အသံဖမ်းထားတဲ့ တိပ်ခွေတွေနားထောင်ပြီး လက်နှိပ်စက်နဲ့ စာပြန်ရိုက်ပေးရမှာ။ ရမဲ့ပမာဏကိုမက်ပြီးဝင်လုပ်ရာကနေ သူအကျွမ်းတဝင်မရှိတဲ့ နိုင်ငံရေးလောကနဲ့ အရှုပ်တော်ပုံကြီးတစ်ခုထဲကို ရောက်သွားတဲ့အခါမှာတော့…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်။)
...

As Above, So Below (2014) ⭐IMDB: 6.3/10 (119 k Votes) 🎬 #Adventure #Horror #Mystery #Thriller 🗓 2014 🎞 movie 🌎 #UnitedStates #France #UnitedStatesofAmerica ⏰ 1 နာရီ 33 မိနစ် 46 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Abandon All Hopes, Ye who Enter Here ဒီတစ်ခါတင်ဆက်ပေးသွားမှာကတော့ Adventure/ Horror ဇာတ်လမ်းကောင်းလေး တစ်ကားဖြစ်ပါတယ်။ ရှေးဟောင်းခေတ်က သူတွေဟာ ထာဝရအသက်ရှင်ခြင်းကို အင်မတန်မှ လိုလားကြပါတယ်။ ဒါဟာ အခုခေတ်ကျွန်တော်တို့တွေလည်း ဘဝမှာ အနည်းဆုံးတစ်ခါတော့ စိတ်ကူးယဉ်ဖူးကြမှာပါ။ မှော်ပညာတွေ အက္ခရိတ်ပညာတွေရဲ့ နောက်ဆုံးပန်းတိုင်ဟာလည်း ထာဝရအသက်ရှင်ခြင်းပါပဲ။ ဒီလို ထာဝရရှင်သန်ခြင်းကို အက္ခရိတ်ပညာနဲ့ ရရှိခဲ့တဲ့ သူရှိတယ်ဆိုတဲ့ ဒဏ္ဍာရီတစ်ခုရှိပါတယ် အဲဒါကတော့ Nicolas Flamel ပါ သူဟာ ၁၄၁၈ ခုနှစ်မှာ သေဆုံးသွားပေမဲ့ သူဖန်တီးခဲ့တဲ့ Philosopher Stone ဟာ ထာဝရအသက်ရှင်ခြင်း ဒါမှမဟုတ် မီးတိုင်တစ်တိုင်ကို ထာဝရလင်းနေစေနိုင်တဲ့ အနှိုင်းမဲ့ စွမ်းအင်တွေ ပေးနိုင်တယ်လို့ ယခုအချိန်ထိ ယုံကြည်နေကြသူတွေ ရှိပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ စကားလတ်ဆိုတဲ့ ရှေးဟောင်းသုသေသနပညာရှင်တစ်ယောက်က သူ့အဖေရဲ့ မပြီးဆုံးခဲ့တဲ့ ဒီ Philosopher Stone ကို ရှာနေခဲ့ပါတယ် ဒီလိုရှာဖွေနေရင် သဲလွန်စ ရလာခဲ့တဲ့ အချိန်မှာတော့ ပဲရစ်မှာရှိတဲ့ Nicolas Flamel ရဲ့ အုတ်ဂူနဲ့ ကျောက်စာက ဝှက်ထားတဲ့ စာတွေကိုဖော်ဖို့ဖြစ်လာပါတယ် ဒါပေမဲ့ ဒီရှေးဟောင်းစာပေကို မဖတ်နိုင်တဲ့အတွက် စကားလတ်ရဲ့ မိတ်ဆွေဟောင်း ‌ဂျော့ဂျ်ကိုသွားခေါ်ပြီး ပဲရစ်မြို့ရဲ့ မြေအေက်သင်္ချိုင်း catacomb တွေထဲမှာ ရှာပုံတော်ထွက်လာခဲ့ပါတယ်။ စကားလတ်တို့ philosopher stone ကိုရှာတွေ့သွားမှာလား လမ်းမှာ‌ရော ဘယ်လို အန္တရာယ်တွေနဲ့ ကြုံတွေ့သွားရမလဲ ဆိုတာကို ဒီမြေအောက်သင်္ချိုင်းတွေထဲမှာ လိုက်ပါကြည့်ရှုရမှာပါ ဒီဇာတ်လမ်းဟာ Horror ဆိုပေမဲ့ Jump Scare တွေကို လိုအပ်သလောက်ပဲ သုံးထားပြီး ဇာတ်ကောင်တွေရဲ့ ကိုယ်ပေါ်က ကင်မရာရိုက်ချက်တွေနဲ့ ဖြစ်တာကြောင့် တစ်ကားလုံးမှာ ကိုယ်တိုင် ပါဝင်လိုက်ပါနေရသလို ခြောက်ခြားမှုခံစားချက်အပြည့်ရမှာပါ။ Mad Men သရုပ်ဆောင် Ben Feldman ၊ The Purge: Anarchy သရုပ်ဆောင် Edwin Hodge နဲ့ The Invisible Woman က မင်းသမီး Perdita Weeks တို့ ပါဝင်ထားကြတာမလို့ တကယ်ကို ကြည့်ရတာ တန်မှာပါ
...

Love Fool (2023) ⭐TMDB: 0% User Score 🎬 #Action #Romance 🗓 2023 🎞 movie 🌎 #China #Taiwan ⏰ 1 နာရီ 44 မိနစ် 42 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဘဝပေးအခြေအနေအရ ငယ်ငယ်ကတည်းက လူမိုက်တစ်ယောက်ဖြစ်လာပေမယ့်သမာရိုးကျဘဝကိုပဲ တပ်မက်တဲ့ထိုင်ဝမ်လူငယ်တစ်ယောက်ရဲ့ ဘဝဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ အားချွမ်ဟာ ဆုန်းရန်ဆိုတဲ့လူမိုက်ခေါင်းဆောင်ဆီမှာ ငယ်ငယ်ကတည်းကခိုလှုံခဲ့ပြီးတော့သူ့ရဲ့ညီအစ်ကိုရင်းလို့ချစ်ရတဲ့ သူငယ်ချင်းနှစ်ယောက်နဲ့အတူ ပျော်ပျော်ရွှင်ရွှင်နေခဲ့တယ်။သူကလူမိုက်တစ်ယောက်ဖြစ်ပေမယ့် သာမန်လူတွေလိုပဲ အလုပ်လုပ်ပိုက်ဆံရှာပြီးအိမ်ထောင်ပြုကလေးမွေးပြီး သမာရိုးကျနေနိုင်ဖို့ အိပ်မက်ရှိခဲ့တယ်။ တစ်ရက်မှာတော့ သူတို့အားကိုးရတဲ့အစ်ကိုကြီးဆုန်းရန်ဟာတခြားလူမိုက်အဖွဲ့ကသတ်တာကိုခံလိုက်ရပြီးတော့ ညီအစ်ကိုတွေကသာမန်ဘဝနဲ့ပဲဇာတ်မြှုပ်နေခဲ့ကြတယ်။ သူတို့ဘဝကိုဒီလိုပဲသမာရိုးကျနိုင်သွားပြီလို့ထင်ပေမယ့် သူတို့အစ်ကိုကြီးထားခဲ့တဲ့မြေကိုပြန်လည်တည်ဆောက်ရေးအတွက် အင်အားစုတစ်ခုက မျက်စိကျနေတော့ အားလုံးဟာ မထင်မှတ်ထားတာတွေဖြစ်လာခဲ့တယ်။ ကိုယ့်ရဲ့အရင်းနီးဆုံးသူက ရန်သူဖြစ်လာပြီး သစ္စာဖောက်လာတဲ့အခါကိုယ်ချစ်ရတဲ့သူတွေအတွက်အန္တရာယ်ဖြစ်လာတဲ့အခါအားချွမ်တို့ညီအစ်ကိုတွေဟာ အရင်လမ်းကိုပြန်လျှောက်ဖို့ဖြစ်လာခဲ့ပါတယ်။အစ်ကိုကြီးထားခဲ့တဲ့မြေကို ကာကွယ်ဖို့အတွက် သူတို့ရဲ့နောက်ဆုံးတိုက်ပွဲဟာ ဘယ်လိုဖြစ်လာမလဲ ……ဂိုဏ်းစတားဇာတ်လမ်းမျိုးတွေကိုကြိုက်တတ်တဲ့ပရိသတ်အတွက်အကြိုက်တွေ့စေမယ့် ထိုင်ဝမ်ကားကောင်းပဲဖြစ်ပါတယ်။
...

Bhagwan Bharose (2023) ⭐TMDB: 67% User Score 🎬 #Bollywood #Comedy #Drama #Family 🗓 2023 🎞 movie 🌎 #India ⏰ 1 နာရီ 31 မိနစ် 22 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Bhagwan Bharose ( 2023 ) ဒီတစ်ခါတင်ဆက်ပေးမယ့်ဇာတ်ကားကတော့ဟင်ဒီစကားပြော အိန္ဒိယကားဖြစ်ပြီးIMDb 6.4/10 ရရှိထားတဲ့ကားဖြစ်တဲ့အပြင်လန်ဒန်မှာကျင်းပတဲ့ ၂၅ ကြိမ်မြောက်UK Asian Film Festival မှာအပိတ်ဇာတ်ကားအဖြစ် ရွေးချယ်ခံခဲ့ရတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ၁၉၈၉ ခုနှစ် မြောက်အိန္ဒိယရဲ့ရွာငယ်လေးတစ်ခုကဘိုလာနဲ့ရှန်ဘူဆိုတဲ့ကလေးလေးနှစ်ယောက်ပေါ်မှာ ဇာတ်အိမ်တည်ထားပါတယ်။ ရိုးရာယုံကြည်မှုတို့ကို မျက်စိမှတ်ကိုးကွယ်ကြတဲ့ ရွာလေးတစ်ရွာဖြစ်တဲ့အလျောက်ဘိုလာနဲ့ရှန်ဘူတို့ဟာလည်း ရိုးရာနတ်ဘုရားတွေအကြောင်းကိုအရမ်းစိတ်ဝင်တစားမေးခွန်းထုတ်တတ်ကြသူတွေဖြစ်ကာအရိုးစွဲအောင်ယုံကြည်ကြသူတွေဖြစ်ပါတယ်။ ဒါပေမယ့် ကျောင်းမှာ သိပ္ပံအကြောင်းသင်ရတဲ့အခါမှာတော့သူတို့ရဲ့အသိအမြင်တွေနဲ့ဆန့်ကျင်ဘက်တွေဖြစ်နေတာကြောင့်လက်မခံနိုင်အောင်ဖြစ်ရပါတော့တယ်။ ဒါ့အပြင် နိုင်ငံရေးအလှည့်အပြောင်းတွေရဲ့ကြားမှာ ရိုးရာယုံကြည်မှုတွေထဲကမကောင်းဆိုးဝါးထက် လူ့ကိုယ်တွင်းကမကောင်းဆိုးဝါးတွေရဲ့ကြောက်စရာကောင်းပုံတွေကိုလည်း ရိုက်ပြထားပါသေးတယ်။ နာမည်ကြီးမီဒီယာတွေကတောင် တဖွဲ့တနွဲ့ချီးကျူးပေးခဲ့တဲ့ဇာတ်ကားတစ်ကားဖြစ်တာကြောင့်အချိန်ကုန်ဘေကုန်ခံရကျိုးနပ်မယ့်ဇာတ်ကားလည်းဖြစ်ပါတယ်ဗျာ။ ( အညွှန်းနဲ့ဘာသာပြန်ကိုတော့ CM Bollywood Team မှ တင်ဆက်ပေးထားပါတယ်
...

Fake Bodyguard (2021) ⭐TMDB: 40% User Score 🎬 #Comedy 🗓 2021 🎞 movie 🌎 #China ⏰ 1 နာရီ 32 မိနစ် 27 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 တစ်ခဏလောက်စိတ်ထွက်ပေါက်ပေးနိုင်အောင် ဟာသကားလေး တင်ဆက်ပေးလိုက်ပါတယ်။ဒီကားလေးကတော့ ကမ္ဘာကြီးအတွက် လူသားတွေအတွက် အရေးကြီးပြီးအသုံးဝင်တဲ့ ပရောဂျက်တစ်ခုကို သုသေသနလုပ်နေတဲ့ သုသေသနပညာရှင်တစ်ယောက်ကိုအန္တရာယ်တွေကြားက ကာကွယ်ဖို့ သက်တော်စောင့် ၃ ယောက်ကိုဘုရင့်သားမင်းသားက ငှားပေးခဲ့တယ်။ ဒါပေမယ့် မထင်မှတ်ဘဲသက်တော်စောင့်နဲ့လွဲပြီး ဧည့်သည်တွေကို ကြားဖြတ်လုတဲ့ ခရီးသွားလမ်းညွှန်တွေနဲ့ဆုံပြီးတလွဲဟာသတွေဖြစ်ကုန်တာကို ရိုက်ကူးထားတာပါ။ ကြားထဲ ကိုယ်ကျိုးကြည့်တဲ့လူတစ်ယောက်က ဒီပရောဂျက်ကိုလုဖို့ ပါမောက္ခကိုသတ်ဖို့ ငှားထားတဲ့ ကြေးစားလူသတ်သမားလည်းရှိသေးတယ်။သက်တော်စောင့်အလွဲနဲ့အတူ ကြေးစားလူသတ်သမားလည်း လွဲလိုက်တာဆိုတာမရယ်ချင်လည်း ကလိထိုးပြီး ရယ်အောင်လုပ်ပေးမယ့် ဇာတ်ကားပါလို့ပဲ ပြောလိုက်ပါတော့မယ်။စိတ်ညစ်နေတယ် စိတ်ဖိအားတွေပိနေတယ်ဆိုရင် ကြည့်ဖြစ်အောင်ကြည့်လိုက်ကြနော်။
...

Love Beside Me (2024) ⭐TMDB: 0% User Score 🎬 #Comedy #Romance 🗓 2024 🎞 movie 🌎 #China #Taiwan ⏰ 1 နာရီ 41 မိနစ် 41 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကျောင်းသား အချစ်ကား ချိုချိုလေးတွေ ကြိုက်တဲ့လူတွေအတွက်ဒီရုပ်ရှင်လေးက ကြည့်ကို ကြည့်သင့်တဲ့ ရုပ်ရှင်လေး ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့- အားကြီးပြီး တက်ကြွတဲ့ ကောင်မလေး ကောင်းရှောင်နန်နဲ့ဂီတာကိုရူးသွပ်တဲ့ လေယွီကွမ်းတို့က ငယ်ကတည်းက အတူတူကြီးလာကြတဲ့သူငယ်ချင်းကောင်းတွေ ဖြစ်ကြပါတယ်။ နူးညံ့တဲ့ ကျောင်းကပျိုတိုင်းကြိုက်တဲ့ လူချောလေး ဝမ်ကျီကျယ်ရဲ့ မေတ္တာကို လိုချင်တဲ့အတွက်သီချင်းဆိုရင် ကီးကြောင်တတ်တဲ့ ကောင်းရှောင်နန်ဟာအထက်တန်းဂီတပြဇာတ်မှာ မင်းသမီးနေရာရဖို့ ပြိုင်ပွဲဝင်ရအောင်လေယွီကွမ်းကို အကူအညီတောင်းခဲ့ပါတယ်။ အဲဒီနောက်မှာ လေယွီကွမ်းက ကောင်းရှောင်နန်ကို ပျော်စရာကောင်းရယ်စရာကောင်းတဲ့ ဂီတလေ့ကျင့်မှုတွေ လုပ်ပေးပြီး သူ့ကိုဝမ်ကျီကျယ်ကြိုက်တတ်တဲ့ မိန်းကလေးလိုဖြစ်အောင် ပြောင်းလဲပေးဖို့ ကတိပြုခဲ့ပါတယ်။အချစ်နောက်လိုက်တဲ့ တစ်လျှောက် ဟာသတွေ အဆက်မပြတ်ဖြစ်ခဲ့ပြီးကောင်းရှောင်နန်ကလည်း တဖြည်းဖြည်းနဲ့ သူ့နှလုံးသားထဲမှာ တခြားလူရှိနေတာကို သတိထားမိသွားပါတယ်။ တစ်ဖက်သတ်အချစ်ရဲ့ ချိုမြိန်မှုနဲ့ ခါးသီးမှုတွေကြားမှာ သူဘယ်လိုလုပ်မှအချစ်ဦးအတွက် နောင်တတွေ မကျန်ခဲ့မလဲ ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။
...

Workers The Movie (2023) ⭐TMDB: 80% User Score 🎬 #Comedy #Family 🗓 2023 🎞 movie 🌎 #China #Taiwan ⏰ 1 နာရီ 36 မိနစ် 5 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ထိုင်ဝမ်ဇာတ်လမ်းတွဲ Workers (2020) ကိုရုပ်ရှင်အဖြစ်ပြန်ရိုက်ထားတဲ့ဇာတ်ကားဖြစ်ပါတယ်။အလုပ်သမားတွေရဲ့ဘဝကိုအဓိကထားပုံဖော်ထားပြီးတော့လူတွေရဲ့မြေနိမ့်ရာလှံစိုက်တတ်ပုံတွေ လူနေမှုဘဝနိမ့်ကျပေမယ့်စိတ်စေတနာပြည့်ဝတဲ့အလုပ်သမားပြည်သူတွေရဲ့လေးစားစရာစိတ်ဓာတ်ကိုရိုက်ပြသွားတဲ့ ဟာသဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်က သံလုပ်သားညီအစ်ကိုအားချီနဲ့အားရှင်း၊အစ်ကိုချန်းနဲ့ မြေကော်စက်မောင်းသမားအားချန်းတို့ဟာချမ်းသာဖို့အိပ်မက်တွေရှိကြတဲ့ လုပ်သားတွေဖြစ်ကြတယ်။သူတို့ဟာအလွဲလွဲတွေကြားမှာ ဆုံတွေ့ကြပြီးတော့ ရင်းနီးလာခဲ့ကြတယ်။ သူတို့တွေက အိပ်မက်မက်ကြတယ်။ အိပ်မက်တွေပျက်စီးရတယ်။အားမလျှော့ပဲ လဲရာကပြန်ထကြတယ်။ ကိုယ်စီအခက်အခဲတွေရှိရဲ့သားနဲ့ဆင်းရဲတဲ့မြေးအဖွား၂ယောက်ကို အိမ်အသစ်ဆောက်ပေးဖို့ ကြိုးစားကြတယ်။လူသားဆန်တဲ့ သာမန်လုပ်သားတွေရဲ့ဘဝကို ဟာသနှောပြီးပုံဖော်ထားတဲ့အတွက် ရယ်ရတဲ့အပြင် အားတက်စေမယ့်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။
...

Black and White Rounded (2024) ⭐TMDB: 0% User Score 🎬 #Crime #Mystery 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 19 မိနစ် 37 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မှုခင်းရုပ်ရှင်တွေကိုပဲ ကြိုက်တယ်ဆိုတဲ့ CM ရဲ့ ပရိသတ်တွေအတွက်Black and White Rounded ဆိုတဲ့ ရုပ်ရှင်ကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- တစ်ပတ်ရစ်အိမ်တစ်လုံးကို ပြန်ပြင်တဲ့အချိန် ငွေသားအများအပြားကိုတွေ့တယ်ဆိုပြီး ရဲကို တိုင်ကြားခဲ့ပါတယ်။ ဒါပေမဲ့ အရင်အိမ်ပိုင်ရှင်ပိုင်ကော်ဝေးကတော့ တိုက်ပေါ်က ခုန်ချပြီး သေဆုံးသွားခဲ့ပါတယ်။ရဲတပ်ဖွဲ့ကလည်း သဲလွန်စတွေကတစ်ဆင့် လိုက်လံစုံစမ်းခဲ့ပါတယ်။ နောက်ပိုင်းမှာ ဆက်တိုက်ဆိုသလို လူသေမှုတွေ ဖြစ်လာတဲ့အခါ ……ရဲတပ်ဖွဲ့က တစ်လှမ်းချင်း အဖြေရှာတဲ့အခါ……အမှန်တရားတွေ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာတဲ့အခါ……တရားမျှတမှုနဲ့ ခင်မင်မှုကြား ဘယ်လိုရွေးချယ်မှုတွေကို လုပ်ရမလဲ……အဖြူနဲ့ အမည်းကို ရှင်းရှင်းလင်းလင်း အဖြေထုတ်နိုင်မလား……ဆိုတာကို ဆက်လက်ကြည်ရှုအဖြေရှာလိုက်ရအောင်နော်။
...

The Larva Island Movie (2020) ⭐IMDB: 5.1/10 (802 Votes) 🎬 #Animation #Family #Adventure #Comedy 🗓 2020 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 31 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Larva Island Movie (2020)***************************** The Larva Island Larva လို့ဆိုလိုက်တာနဲ့…ကျွန်တော်တို့ ၂၀၁၁လောက်က ထွက်တဲ့ အနီရောင်နဲ့အဝါရောင်.. ပိုးကောင်လေး၂ကောင်ကိုမြင်မိကြမှာပါ။ Tom & Jerry ပြီးရင် အရီရဆုံး animated cartoon လို့ပြောရင်မမှားပါဘူး။ ကျွန်တော်တို့ စမြင်ခဲ့တဲ့ Lava ၂ကောင်ဟာမြို့ပြရဲ့ရေဆိုးမြောင်းအောက်လိုနေရာလေးကနေ စရင်းနှီးခဲ့ပါတယ် … နောက်ပိုင်းseason တွေမှာတော့ ကျွန်းလေးတစ်ကျွန်းပေါ်မှာ လူတစ်ယောက်နဲ့အတူပါလာတာတွေ့မိပါတယ် … အခု Larva Island ဟာ Larva season timeline တွေကိုရှေ့သွားနောက်လိုက်ညီအောင်ချုပ်ပေးလိုက်တာပါ… ဒီ movie လေးကြည့်ရင်နောက်ထွက်တဲ့ series အပိုင်းတွေပါကာမိမယ်ထင်ပါတယ်။ အခုmovie ရဲ့ Plot ကတော့ ချက်ခ်လို့ခေါ်တဲ့ကောင်လေးတစ်ယောက်ဟာ အပျော်စီးသင်္ဘောပျက်ရာကနေ…အသွားအပြန်ခြေငါးလှမ်းစာလောက်ရှိတဲ့ ကျွန်းပိစိလေးပေါ်မှာသောင်လာတင်ပါတော့တယ်။ အဲဒီမှာ လာဗာ၂​ကောင်နဲ့စတွေ့မိတာပဲ။ ချက်ခ်တစ်ယောက်ဘယ်လိုလုပ်… အဲဒီကျွန်းကလွတ်လာမလဲဆိုတာ ဟာသလေးတွေနှောပြီးကြည့်ရမှာပါ…Larva မှာအထူးအခြားပြောစရာရှိတာက… သူသုံးထားတဲ့ humour type ပါ။ slapstick လို့ခေါ်တဲ့အကောင်သေးသေးလေးတွေ heavy ကြီးတွေလုပ်ပြတာမျိုးပေါ့။ ဥပမာ Tom and Jerry မှာ Tom တို့ Jerry တို့ ပစ္စည်းအလေးကြီးတွေ မ ပြသလိုဟာလေးတွေသုံးထားတယ် … နောက်ပြီးသူ့ရဲ့ signature humour ဖြစ်တဲ့ toilet humour ကိုဖောဖောသီသီထည့်ပေးထားလို့ ပါးစပ်တောင်စေ့ချိန်မရပါဘူး … သို့ဖြစ်စေကာမူ Korea Production တို့ထုံးစံအတိုင်း လူကိုကြည်နူးသလို ငိုချင်သလို လွမ်းသလိုဖီးကြီးမျိုးရအောင်လုပ်ဦးမှာမို့.. ဘဝအမောပြေရုံသာမက message လေးတစ်ခုခုမျှော်ကိုးချင်တဲ့သူတိုင်း ကြည့်သင့်တဲ့ကာတွန်းကောင်းလေးတစ်ခုပါ… ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Hein That Naing ဖြစ်ပါတယ်
...

Untouchable (2024) ⭐IMDB: 4.3/10 (61 Votes) 🎬 #Crime #Drama 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 53 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကျွင်းဖေးဆိုတဲ့ အရည်အချင်းရှိတဲ့လက်ဝှေ့သမားတစ်ယောက်ဟာသူ့လူတွေကိုခေါ်ပြီးမကာအိုက ချမ်းသာတဲ့ ဥပဒေကိုလက်တစ်လုံးခြားလုပ်နေတဲ့စီးပွားရေးသမားတစ်ယောက်ဆီမှာခိုလှုံခဲ့တယ်။ သတ်ဖြတ်မှုတွေနဲ့အန္တရာယ်များတဲ့မြို့မှာသူ့ရဲ့စွမ်းရည်နဲ့ရပ်တည်နိုင်အောင်လုပ်ခဲ့တယ်။သူ့ရဲ့အနာဂတ်ဟာတောက်ပလာပြီလို့ထင်လာတဲ့အချိန်မှာသူဌေးကြီးရဲ့ချစ်သူ မိန်းမလှလေး စူးရှောက်နဲ့တွေ့ခဲ့တယ်။အကျိုးအမြတ်တွေကိုပိုရအောင် ကြံစည်လာကြတယ်။အရာအားလုံးကိုနောက်ကွယ်ကချုပ်ကိုင်ထားပြီးဥပဒေကိုလက်တစ်လုံးခြားလုပ်နေတဲ့ သူတို့ရဲသူဌေးကြီးရဲ့သရုပ်မှန်တွေဟာလဲတဖြည်းဖြည်းနဲ့ပေါ်လာပါတယ်။ အကွက်ချစီစဉ်မှုတွေ သစ္စာဖောက်ခြင်းတွေနဲ့ အာဏာလုကြတဲ့ကြားမှာသစ္စာရှိညီကိုတွေဟာ ဆန့်ကျင်ဘက်တွေဖြစ်လာခဲ့တယ်။အစွန်းနှစ်ဖက်ဖြစ်လာတဲ့အခါ ကျွင်းဖေးဟာ သူ့ရဲ့ညီကိုတွေအတွက်သွေးနဲ့လမ်းကိုဘယ်လိုဖောက်မလဲဆိုတာကိုဝါရင့်သရုပ်ဆောင်တွေနဲ့ပုံဖော်ထားတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။
...