uz
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Yopiq kanal

🚩 Channel was restricted by Telegram

Ko'proq ko'rsatish
Ma'lumot yo'q
Obunachilar
-524 soatlar
-47 kun
+730 kun
Postlar arxiv
Suspiria (1977) ⭐TMDB: 75% User Score 🎬 #Horror 🗓 1977 🎞 movie 🌎 #Italy ⏰ 1 နာရီ 39 မိနစ် 32 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဘဲလေး အကကို တဆင့်မြင့်တင်ဖို့ ဂျာမနီမှာရှိတဲ့ အကယ်ဒမီကို ရောက်လာတဲ့ ဘဲလေးအကမယ်လေး ဆူဇီတယောက် ကျောင်းကို ရောက်တဲ့အချိန် ကျောင်းသူတွေထူးဆန်းစွာတယောက်ပြီးတယောက်သေကြတာကိုတွေ့ရှိလိုက်ရပြီးနောက် အကယ်ဒမီရဲ့ လျှို့ဝှက်ချက်ကို ရှာဖွေဖို့ လုပ်တဲ့အခါမှာတော့ …. ဒီဇာတ်ကားကတော့ ဒါရိုက်တာ Dario Argento’s ရိုက်ကူးခဲ့ပြီး ၁၉၉၇ ခုနှစ်မှာ စတင်ပြသခဲ့ပါတယ် သွေးသံရဲရဲအခန်းတွေ ထိတ်လန့်စရာတွေ အသဲချမ်းစရာတွေပါဝင်တဲ့ဇာတ်ကားဖြစ်လို့ Horror ကြိုက်တဲ့သူတွေသေချာပေါက်ကြည့်ရှုရမယ့်ဇာတ်ကားပါ ၂၀၁၈ ခုနှစ်မှာလည်း သူ့ကို အခြေခံပြီးပြန်ရိုက်ထားတဲ့ဇာတ်ကားထွက်လာခဲ့ပါတယ် ထိတ်လန့်သည်းဖိုကြိုက်တဲ့သူတွေအတွက် ရင်ထဲအမြဲရှိနေတဲ့ ဂန္ဓဝင်ဇာတ်ကားလေးမို့ ကြည့်ရှုလိုက်ပါဦး
...

Hoosiers (1986) ⭐TMDB: 71% User Score 🎬 #Drama #Sport #Family 🗓 1986 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 55 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 “Hoosiers” ဆိုတဲ့ ၁၉၈၆ ခုနှစ်ထွက် ရုပ်ရှင်ဟာ အားကစားပြိုင်ပွဲပေါ်မှာ အခြေခံထားတဲ့ အားကစားဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ “Hoosiers” ဟာ Norman Dale (Gene Hackman) ဆိုတဲ့ နိုင်ငံကျော် ဘတ်စကက်ဘောနည်းပြတစ်ယောက်ရဲ့ ဇာတ်လမ်းကို ရိုက်ကူးထားပြီး၊ သူက မြို့ငယ်တစ်မြို့ရဲ့ အားကစားအဖွဲ့ကို သင်ကြားရင်း သူ့ရဲ့ ကစားသမားလေးတွေနဲ့အတူ အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားရပါမယ်။ ဒီရုပ်ရှင်ဟာ အားကစားရုပ်ရှင်များထဲမှာ အထူးအဆန်းဖြစ်ပြီး၊ မျက်နှာချင်းဆိုင် သဘောထား၊ စိတ်ဓာတ်တက်ကြွမှုနဲ့ အဖွဲ့အစည်းစိတ်ဓာတ်တို့ကို အထင်ကြီးစေမှာပါ။ ဇာတ်လမ်းတစ်ခုလုံးက အားပေးမှုအပြည့်နဲ့ ရင်သပ်ရှုမောစေမှာပါ။ Gene Hackman နဲ့ Dennis Hopper တို့ရဲ့ သရုပ်ဆောင်မှုကလည်း အလွန်ထူးချွန်ပြီး၊ ဇာတ်လမ်းကို ပိုမိုစိတ်ဝင်စားဖွယ်ဖြစ်စေပါတယ်။ ဇာတ်လမ်းက အားပေးစကားတွေနဲ့ ပြည့်နေပြီး၊ ပြိုင်ဘက်အားပြိုင်မှုတိုင်းမှာ ရင်ခုန်စိတ်လှုပ်ရှားစေမှာပါ။ “Hoosiers” ဟာ အားကစားရုပ်ရှင်ချစ်သူတွေအတွက် ကြည့်ရှုသင့်တဲ့ ရုပ်ရှင်တစ်ပုဒ်ဖြစ်တဲ့အတွက် ကြည့်ရှုပေးကြပါဦး။
...

Opera (1987) ⭐TMDB: 68% User Score 🎬 #Crime #Horror #Mystery #Thriller 🗓 1987 🎞 movie 🌎 #Italy ⏰ 1 နာရီ 47 မိနစ် 36 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒါရိုက်တာ Dario Argento ရိုက်ကူးတဲ့ horror/ mystery ဇာတ်ကား Opera မှာ rising star အဆိုတော်မလေး ဘက်တီက အဓိကဇာတ်ကောင်ဖြစ်ပါတယ်။ သူက Original Singer ဒဏ်ရာရသွားလို့ မမျှော်လင့်ဘဲ leading role ရခဲ့တာပါ။ Original Singer ဒဏ်ရာရခြင်းနဲ့ တဆက်တည်းမှာပဲ အော်ပရာဟောက်စ်မှာ ရက်ရက်စက်စက် လူသတ်မှုတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။ လူသတ်သမားရဲ့ အဓိက target က ဘက်တီ ဖြစ်နေသောအခါ သူမအနေနဲ့ အသက်ရှင်ဖို့ကြိုးစားရင်း အမှု နောက်ကွယ်က မေးခွန်းတွေ၊ ဆန်းကျယ်မှုတွေကို ဖြေရှင်းရမှာဖြစ်ပြီး ဘာတွေ တွေ့ကြံရမလဲဆိုတာကိုတော့
...

Southern Shaolin and the Fierce Buddha Warriors (2021) ⭐IMDB: 5.7/10 (29 Votes) 🎬 #Uncategorized #Drama #Action 🗓 2021 🎞 movie 🌎 #China ⏰ 1 နာရီ 14 မိနစ် 42 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာ CM ပရိသတ်တွေအတွက်ငယ်ဘဝတုန်းကရှောင်လင်ဇာတ်ကားလေးတွေကြည့်ခဲ့ရတဲ့ပုံရိပ်ကိုပြန်အမှတ်ရစေမယ့်ဇာတ်လမ်းလေးတစ်ပုဒ်နဲ့တင်ဆက်ပေးလိုက်ချင်ပါတယ်။ ဒီဇာတ်လမ်းလေးထဲမှာတော့တိုင်းတစ်ပါးသာားတွေစိုးမိုးခြယ်လှယ်လာကြရုံမကပင်လယ်ဓါးပြတွေပေါများလာတဲ့အချိန်မြောက်ပိုင်းရှောင်လင်ဘုန်းကြီးကျောင်းအဖွဲ့ကနေ အစွမ်းကုန်ကြိုးစားနှင်ထုတ်ခဲ့ကြတယ်။ ပင်လယ်ဓါးပြတွေက အရမ်းဆိုးသွမ်းပေမဲ့ကျီချင်းဆိုတဲ့လူကတော့ ပင်လယ်ဓါးပြခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်တယ်။ဆင်းရဲသူတွေ၊ကိုယ်ဝန်ဆောင်မိခင်တွေကို မတိုက်ခိုက်ပဲ တိုင်းတစ်ပါးသားတွေဆီကနေလုယူချင်စိတ်သာရှိခဲ့တဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်တာပေါ့။ ဒါကို မကျေနပ်တဲ့လက်ထောက်ခေါင်းဆောင်ကတော့သူ့ကိုသတ်လျက် ခေါင်းဆောင်နေရာကိုဝင်ယူခဲ့တယ်။ဒီလိုနဲ့ကျီချင်းတစ်ယောက် မသေပဲမြောက်ပိုင်းရှောင်လင်ဘုန်းကြီးကျောင်းကိုရောက်သွားခဲ့တယ်။ဒီဘုန်းကြီးကျောင်းကရိုးရှင်းပြီးသေးငယ်ပေမဲ့အင်မတန်မှဆန်းကြယ်မှုတွေပြည့်ဝနေခဲ့တာကိုကျီချင်းတစ်ယောက်သတိထားမိတယ်။ ဒါကိုအမြဲဖော်ထုတ်ဖို့ကြံရွယ်နေတဲ့ကျီချင်းနဲ့အင်မတန်မှပါးနပ်တဲ့ရှောင်လင်ဘုန်းကြီးတို့ကြားက ရယ်မောစရာတွေနဲ့အံ့အားသင့်ဖွယ်စရားတွေကို ဒီဇာတ်ကားလေးထဲမှာအပြည့်အဝခံစားရမှာဖြစ်တာကြောင့် ဒီဇာတ်လမ်းလေးကိုစောင့်မျှော်ကြည့်ရူလိုက်ရအောင်
...

Kuyang (2024) ⭐IMDB: 5.6/10 (123 Votes) 🎬 #Drama #Horror #Thriller 🗓 2024 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 38 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အသစ်ထွက်ရှိထားတဲ့  အင်ဒိုခေါင်းပြတ်စုန်းသရဲကားလေး တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ သရဲကားအမျိုးအစားထဲမှာတော့ပါပေမဲ့ အဓိကအားဖြင့်ကတော့ စုန်းတွေ ကဝေတွေ‌ အောက်လမ်းပညာတွေအဓိကတွေ့ရမှာပါ။ ပြောရရင်တော့အမေရိကန်သရဲကားမျိုးတွေထက် ထိုင်းသရဲ ကားတွေရဲ့ Vibe နဲ့တော်တော်လေးသွားဆင်ပါတယ်။ ဒီဇာတ်ကားရဲ့နာမည်ကတော့ Kuyang(ခေါင်းပျံကြီး)ဖြစ်ပြီး IMDb Rating 6.4 အထိရရှိထားပါတယ်။ အေးချမ်းသာယာလှတဲ့ ညနေခင်းလေးတစ်ခုမှာ ကျောင်းဆရာဘီမို နဲ့ဇနီးဖြစ်သူဆရီတို့က ဘီမိုတာဝန်ကျရာ ရွာလေးတစ်ရွာကိုသွားဖို့အတွက်စောင့်ဆိုင်းနေကြပါတယ်။ ရွာမှာသွားရောက်နေထိုင်ပြီး စာသင်ကြားပေးရမယ်ဆိုတာ ခက်ခဲပေမဲ့လည်း တာဝန်ကျရာသွားရမှာပဲမလို့ ဇနီးဖြစ်သူကပါ မောင်တစ်ထမ်း မယ်တစ်ရွက်လိုက်ပါဖို့ ဆုံးဖြတ်ခဲ့ကြပါ တော့တယ်။ ဒီလိုနဲ့ရွာကို ကားတစ်စီးနဲ့စထွက်လာခဲ့ကြပြီး စစချင်းမှာတင် မီးလောင်နေတဲ့ခေါင်းပျံကြီးတွေ သူ့ဘာသာသူအလိုအလျောက် ရွေ့နေတဲ့အခေါင်းကြီးတွေနဲ့စတင်ကြိုဆိုပါတော့တယ်။ ရောက်ရောက်ချင်းဆောက်နဲ့ထွင်းပြီး ရွာကိုရောက်သွားတဲ့ အချိန်မှာတော့ ရွာရဲ့ဝမ်းနည်းစရာသမိုင်းကြောင်းကိုသိခဲ့ရ ပါတော့တယ်။ဒီရွာမှာ အရင်တုန်းက အကြီးအကျယ်ရေ လွှမ်းမိုးခဲ့ပြီး ရွာမှာရှိတဲ့ လူတော်တော်များများကလေးလူငယ် လူကြီးမရွေးသေဆုံးခဲ့ကြပါတယ်။အသက်ရှင်ကျန်ခဲ့တဲ့ လူတော်တော်များများကလည်း ဒီရွာကနေထွက်သွားကြတဲ့ အတွက်အခုအချိန်မှာ ရွာသူရွာသားအနည်းငယ်နဲ့ ကျောင်းသူ ကျောင်းသား ၇ ယောက်သာကျန်ပါတော့တယ်။ဒါပေမယ့် ကလေးဘယ်လောက်နည်းနည်း စာသင်ပေးရမဲ့ တာဝန်ရှိတာက တစ်ကြောင်း ရွာသူကြီးအဆွယ်ကောင်းတာက တစ်ကြောင်းနဲ့ လင်မယားနှစ်ယောက်လုံး နောက်ရက်မှ ာစာစသင်ခဲ့ကြပါ တော့တယ်။ဒါပေမယ့်သူတို့စာစသင်တဲ့ရက်ကတည်းကစပြီး ကြောက်လန့်စရာတွေတစ်ခုပြီး တစ်ခုဆက်တိုက်တွေ့လာကာ ဘယ်လိုအရာတွေဆက်ဖြစ်ကြမလဲဆိုတာကို စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုရမဲ့ဇာတ်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။
...

Declaration of War (2011) ⭐IMDB: 7.0/10 (5 k Votes) 🎬 #Drama 🗓 2011 🎞 movie 🌎 #France ⏰ 1 နာရီ 40 မိနစ် 32 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ‘ချစ်ခြင်းဖြင့်ဖွဲ့သီသော’ CM ပရိတ်သတ်ကြီးရေ ဇာတ်လမ်းထဲက မိဘတစ်ယောက်ရဲ့ သောကဗျာပါဒမီးဟာ ကြည့်ရှုသူကိုကူးစက်လာအောင်အထိ ရိုက်ပြတဲ့ဇာတ်လမ်းမျိုးမြည်းစမ်းကြည့်လိုပါသလား။ မိဘတွေဟာ သားသမီးအပေါ်ဘယ်လိုပေးဆပ်ကြောင်း မိနစ် ၁၀၀ လောက် ကောင်းကောင်းကြီးတွေ့ကြုံလိုပါသလား။ ဒါဆိုရင်တော့ ဒီရုပ်ရှင်လေးနဲ့ကိုယ်တိုင်ခံစားကြည့်ပါလို့ပြောပါရစေ။ ဇာတ်ကားနာမည်က စစ်ကြေညာစာတမ်းတဲ့ ဒါပေမယ့် ဘယ်စစ်ပွဲမှလည်းမတိုက်သလို သတ်တာပုတ်တာလည်းတစ်ခုမှမပါပါဘူး။ ရှိတ်စပီးယားရဲ့ရိုမီယိုနဲ့ဂျူးလိယက်ဟာ အချစ်အတွက်မိဘတွေကိုစစ်ခင်းခဲ့ကြသလိုပဲ (တင်စားပြောတာဟ) ဒီတစ်ခေါက် IMDB 7 ရရှိထားပြီး ၂၀၁၁ ခုနှစ်ထွက် ပြင်သစ်ရုပ်ရှင်ထဲက ရိုမီယိုနဲ့ဂျူးလိယက်တို့ဟာလည်း သူတို့သားလေးအတွက် Brain Tumor နဲ့စစ်ခင်းရင်း မေတ္တာဆိုတာဘာလဲနဲ့ သစ္စာတွေ ယုံကြည်မှုတွေဆိုတဲ့ စကားလုံးတွေကိုနောက်ခံတေးဂီတကောင်းကောင်းနဲ့ ဆွတ်ပျံ့ဖွယ်ဖော်ကျူးထားတာကိုရှုစားရမှာပဲဖြစ်ပါတယ်။ တင်ပြပုံကောင်းသလို ပိုပြီးအံ့သြဖို့ကောင်းတာက ဒီရုပ်ရှင်ထဲကမင်းသားမင်းသမီးဟာ အပြင်မှာတကယ့်လင်မယားတွေဖြစ်ပြီး ဒီရုပ်ရှင်ထဲကအဖြစ်အပျက်တွေဟာလည်း တကယ့်လက်တွေ့ဘဝက သူတို့ရဲ့ကင်ဆာရောဂါရှင်သားဦးလေးနဲ့အတူ ဘဝဖြတ်သန်းခဲ့ရပုံဖြစ်ရပ်မှန်တွေကိုရိုက်ပြထားတာဖြစ်ပါတယ်။ ဒီတော့ အများကြီးမညွှန်းတော့ဘူး။ တစ်ခုပဲသတိပေးချင်တာက ပြင်သစ်ရုပ်ရှင်တို့ရဲ့ထုံးစံအတိုင်း အသံက ရုတ်တရက်ဆောင့်ဆောင့်ထွက်လာတတ်တာလေးတစ်ခုပါပဲ။ ကျွန်တော်ကတော့ Alex666 ပါ။ ရှုစားလိုက်ကြပါဦး။
...

Premalo (2024) ⭐IMDB: 8.0/10 (1 k Votes) 🎬 #Action #Bollywood #Drama #Romance 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 5 မိနစ် 14 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Premalo (2024)ချစ်ကျွမ်းဝင်ရပါသော အခုတစ်ခါ တင်ဆက်ပေးချင်တဲ့ ဇာတ်ကားကောင်းလေးကတော့အက်ရှင်ဒရာမာအချစ်ဇာတ်ကားကောင်းလေး ဖြစ်တဲ့ Premalo ပဲ ဖြစ်ပါတယ်။ ဒီကားလေးက IMDb rating 8/10 တောင် ရရှိထားလို့ လက်မလွှတ်တမ်းကြည့်ရှုအားပေးသင့်တဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ဒီကားလေးကိုတော့ Chandu Koduri ရိုက်ကူးပေးထားပြီးသူကိုယ်တိုင်ပဲ ပါဝင်သရုပ်‌ဆောင်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ရာဗီနဲ့ပရာရှန်တီတို့ဟာ အရမ်းကိုမှ ချစ်ကြတဲ့ ချစ်သူစုံတွဲလေးပါဒါပေမဲ့ တစ်ရက်မှာတော့ မထင်မှတ်ထားတဲ့ အဖြစ်အပျက်တွေကြောင့် ရာဗီတစ်ယောက်သူ့သူငယ်ချင်းတွေနဲ့အတူ ပရာရှန်တီကို အဓမ္မပြုကျင့်နေတဲ့ ဗီဒီယိုဖိုင်က ပရာရှန်‌တီ့အဖေဆီ ရောက်သွားတဲ့အခါမှာတော့…..ရာဗီ ဘာလို့ ဒီလိုလုပ်ရတာလဲ…ရာဗီ ပရာရှန်တီကို တကယ်ရော ချစ်ရဲ့လားဆိုတာကိုတော့ ဒီဇာတ်ကားလေးထဲမှာပဲ ကြည့်ရှုအားပေးကြပါဦးရှင့် အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်ရှင့်
...

Love in the Afternoon (1957) ⭐TMDB: 70% User Score 🎬 #Comedy #Crime #Drama #Romance 🗓 1957 🎞 Series 🌎 #UnitedStatesofAmerica ⏰ 2 နာရီ 10 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 လူဆိုတာ မလုပ်ရဘူးဆိုတာကို ပိုလို့လုပ်ချင်တတ်တဲ့ အကျင့်နဲ့ သတ္တဝါမျိုးပါ…..အဲဒီလို သတ္တဝါမျိုးကိုမှ ဘာကိုမှမမြင်တော့လောက်အောင် ကန်းစေမဲ့ အချစ်မျိုးထည့်ဖြည့်ပေးလိုက်ရင် မိုးပေါ်က သိကြားမင်းမကလို့ တဖက်၅၀၀စီရှိတဲ့ နတ်သမီးတွေ တောင်းပန်ခယလည်း နောက်ပြန်လှည့်တော့မှာမဟုတ်ပါဘူး….. အချစ်ဆိုတဲ့ စကားလုံးလေးက အင်မတန်ရိုးရှင်းပါတယ်…..ဖွင့်ဆိုရတဲ့ အဓိပ္ပာယ်တွေကတော့ ဆန်းကြယ်လွန်းတာမှ အနန္တစကြာဝဠာဆိုတာ တကယ်ရှိနေပါလားဆိုတာထက်ကို ပိုဆန်းကြယ်လွန်းပါတယ်…..ဒီအရာကို တခြားလူလုပ်ရင်မကြိုက်ပေမဲ့ ကိုယ့်မျက်စိထဲ ချစ်စရာကောင်းတယ်လို့ထင်တဲ့လူလုပ်နေရင်တော့ စိတ်ဝင်စားစရာ သည်းခံချင်စရာလေးဖြစ်သွားတဲ့အထိကို လူ့စိတ်ကိုပြောင်းလဲစေတာလည်း အချစ်ပါပဲ…….တခါမှမမြင်ဖူးတဲ့ သူစိမ်းတစ်ယောက်ကို မြင်တဲ့အချိန်ကနေစပြီး အသက်ဆုံးသွားတဲ့အချိန်ထိ ကိုယ့်ဘေးမှာ မပူမပင်မကြောင့်မကျဘဲ ထားချင်တာလည်း အချစ်ပါပဲ…..ဒါပေမဲ့ ကိုယ်အင်မတန်မုန်းတီးပါတဲ့ဆိုတဲ့အရာကို ကိုယ်အင်မတန်ချစ်ပါတယ်ဆိုတဲ့သူ လုပ်လို့ အသက်ဆုံးရှုံးတဲ့အထိ တုံ့ပြန်တတ်တာလည်း အချစ်ပါပဲ…..ပြောရရင်ကုန်မှာကိုမဟုတ်ပါဘူး အနန္တစကြာဝဠာဆိုတာ အချစ်ရဲ့ အဓိပ္ပာယ်ရှင်းတမ်းနဲ့ယှဉ်ရင် မြူမှုန်တဝက်သာသာရယ်ရှိတာပါ….. ဒီဇာတ်ကားလေးကတော့ ပလေးဘွိုင်းလို့ သိနေလျက်နဲ့ ကိုယ့်အဖေစုံထောက်ကြီးကလည်း စုံစမ်းနေလျက်နဲ့ကို စုံလုံးကန်း ချစ်မိသွားတဲ့ အကြောင်းလေးကို ဟာသလေးနှော အပြောကောင်းကောင်းလေးတွေပေါင်းထည့်ပြီး တင်ဆက်ရိုက်ပြထားတာပါ……ဒီခေတ်ရဲ့ ချစ်စကားတွေနဲ့ အရင်ခေတ်က ချစ်စကားတွေ ဒီခေတ်လူငယ်တွေနဲ့ အရင်ခေတ်လူငယ်တွေ ဘယ်လိုကွားခြားကြမလဲ ဘယ်လိုအယူအဆတွေကွဲလွဲခဲ့ကြလဲ အချစ်ကိုဘယ်လိုခံစားကြလဲဆိုတာ မျက်ဝါးထင်ထင်တွေ့ရမှာမို့ ကြည့်သင့်ကြည့်ထိုက်တဲ့ ကားလေးတစ်ကားလို့ဆိုရင်မှားမယ်မထင်ပါဘူး
...

Jilebi (2023) ⭐IMDB: 7.0/10 (1 k Votes) 🎬 #Bollywood #Comedy #Drama #Romance #Family #Horror #Thriller 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 20 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Jilebi (2023)”ဂျလေဘီ”=================== ၂၀၂၃ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ IMDb 7.5 ရ ကောလိပ်ဟာသသရဲကားလေးတစ်ခုကို စီအမ်ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ တောင်ပိုင်း ကားကောင်းတော်တော်များများမှာ ပါဝင်တတ်တဲ့မင်းသမီးလေး ရှီဗာနီနဲ့ မင်းသား အန်ကိသ်ကိုင်ယာတို့ကဒီရုပ်ရှင်ထဲမှာ အဓိကသရုပ်ဆောင်ထားကြတာပါ။ ဇာတ်လမ်းကတော့ ကောလိပ်တက်ရင်း အဆောင်မှာနေကြတဲ့ ဂျလေဘီတစ်သိုက်နဲ့စတယ်ပေါ့။ဘာတာဝန်မှ ယူစရာမရှိသေးတဲ့ ကောလိပ်ကျောင်းသားတွေဖြစ်တဲ့အလျောက်ဆရာတွေ လက်မြှောက်ရတဲ့အထိ အရက်သောက်၊ ဖဲရိုက်၊ ရန်ဖြစ် ကဲချင်တိုင်းကဲနေကြတဲ့ကာမယ်တို့အဖွဲ့ထဲကတစ်ယောက်က ကျောင်းသူတစ်ယောက်ကို အဆောင်ထဲ ခိုးသွင်းမိရာကစပြီးသရဲခြောက်သလိုလို အပမှီသလိုလို တလွဲတချော်တွေဖြစ်ကြပုံကို ဒီရုပ်ရှင်ထဲမှာ မြင်ကြရမှာပါ…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)
...

Karataka Dhamanaka (2024) ⭐IMDB: 6.1/10 (149 Votes) 🎬 #Bollywood #Comedy #Drama #Action 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 34 မိနစ် 43 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Karataka Dhamanaka (2024)“ဆရာနှစ်ပါး” IMDb 6.5 အသစ်ထွက် ကန်နားဒါး ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ် ရွာလေးတစ်ရွာမှာ မိုးခေါင်ရေရှားမှုတွေ နှစ်ချီကြာညောင်းခဲ့ပြီးအဆင်မပြေကြလို့ ပြောင်းရွှေ့သွားတဲ့သူတွေလည်း ဒုနဲ့ဒေးပါနိုင်ငံရေးသမားတွေရဲ့ အကျင့်ပျက်ချစားမှုကြောင့်မြေစာပင်ဖြစ်ရတဲ့ ရွာသားတွေမှာ အံတကြိတ်ကြိတ်ပေါ့ တစ်ချိန်တည်းမှာပဲ လိမ်လည်ခြင်းအတတ်ကို တစ်ဖက်ကမ်းခတ် တတ်ကျွမ်းတဲ့နိုင်ငံကျော်လူလိမ်နှစ်ယောက်ဟာ နိုင်ငံရေးသမားတစ်ဦးကို မလှိမ့်တစ်ပတ်လုပ်ပြီးအရှက်ရစေခဲ့တဲ့အတွက် ထောင်ထဲရောက်လာတယ် သူတို့ရဲ့ အရည်အချင်းကို သိသွားတဲ့ ထောင်မှူးဟာဆိုရင် လူလိမ်နှစ်ယောက်ကိုမိုးခေါင်ရေရှား ရွာလေးကို လွှတ်လို့ အထူးတာဝန်တစ်ခု ပေးလာတဲ့အခါ … ဘယ်လိုအလွဲတွေ ဆက်ဖြစ်မှာလဲ လူလိမ်နှစ်ယောက်ကရော ရွာလေးအတွက်ကယ်တင်ရှင်ဖြစ်လာမှာလား ဆိုတာကတော့ …… အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်
...

Once Upon a Time in China III (1993) ⭐TMDB: 64% User Score 🎬 #Action #Adventure #Biography 🗓 1993 🎞 movie 🌎 #HongKong ⏰ 1 နာရီ 53 မိနစ် 3 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းအဆက်လေးမှာတော့ ဝမ်ဖေးဟုန်ဟာ ဒေါ်လေးရီနဲ့အတူ အဖေဖြစ်သူရဲ့ ဆေးဝါးလုပ်ငန်းကိုလည်း ကြည့်ရင်း အဖေနဲ့လည်း တွေ့ချင်တဲ့အတွက် ကန်တုံကို ပြန်ခဲ့ပါတယ်။ သူပြန်ရောက်တဲ့အခါမှာတော့ ရုရှားတွေက တရုတ်ပြည်ကို ရောက်ရှိနေပြီး ဘုရင်မကြီးက တရုတ်ပြည်ဟာ တိုင်းတပါသားတွေကို မလိုအပ်ကြောင်းနှင့် စစ်အင်အားကို တစ်ဖက်လှည်နဲ့ ပြသချင်တဲ့အတွက် ခြင်္သေ့ဘုရင်ပြိုင်ပွဲကို ကျင်းပဖို့ စေခိုင်းထားပါတယ်။ ရုရှားသံတမန်တွေကလည်း အကြံအစည်နဲ့လာတာဖြစ်ပြီး တစ်ဖက်မှာလည်း တိုင်ပေဆီလုပ်ငန်းပိုင်ရှင်တဖြစ်လည်း တိုင်ပေဂိုဏ်းခေါင်းဆောင်ဖြစ်သူ ကျူထန်ပါးက တခြားအဖွဲ့အစည်းတွေ ခြင်္သေ့ဘုရင် ပြိုင်ပွဲမှာ ဝင်မပြိုင်နိုင်အောင် အစွမ်းကုန်ဖျက်လိုဖျက်ဆီး လုပ်နေပါတော့တယ်။ ဒီတော့ ရုရှားနှင့် တိုင်ပေဂိုဏ်းကြားထဲမှာ ဘယ်လိုဆက်နွယ်မှုတွေရှိနေလဲ၊ ရုရှားတွေရဲ့ အကြံအစည်ကရော ဘယ်လောက်တောင် အန္တရာယ်များလဲဆိုတာကို ဝမ်ဖေးဟုန်တစ်ယောက် မိသားစု တပည့်တပန်းတွေနဲ့အတူ ရှာဖွေ ဖော်ထုတ် တားဆီးသွားမှာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။
...

Once Upon a Time in China II (1992) ⭐TMDB: 71% User Score 🎬 #Action #Adventure #Biography #Comedy 🗓 1992 🎞 movie 🌎 #HongKong ⏰ 1 နာရီ 53 မိနစ် 46 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခေါက် ဇာတ်လမ်းလေးမှာတော့ ဗြိတိန်နဲ့ ဥရောပနိုင်ငံတွေက တရုတ်ပြည်နဲ့ နိုင်ငံရေးရာ ဆက်ဆံချင်ပြီး ခေတ်စနစ်နဲ့အညီ တိုးတက်စေချင်တဲ့အတွက် တရုတ်ကို ရောက်လာကြပြီး တရုတ်အာဏာပိုင်တွေကလည်း အသာတကြည်လက်ခံဆွေးနွေးကြပါတယ်။ လက်မခံနိုင်တာကတော့ ဗုဒ္ဓလမ်းစဉ်လို့ နာမည်ခံပြီး နတ်ဘုရားတွေ မှော်လမ်းစဉ်တွေ ကျင့်ကြံမှုတွေနဲ့ လူတွေကို အယုံသွင်းထားတဲ့ ကြာပန်းဖြူဂိုဏ်းဖြစ်ပြီး ဒီဂိုဏ်းဟာ လူပေါင်းများစွာကို ဂိုဏ်းထဲကို အကြောင်းအမျိုးမျိုးနဲ့ ဆွဲဆောင်သွပ်သွင်းပြီး နိုင်ငံခြားသားတွေကို တိုင်းပြည်ကို ဖျက်ဆီးမဲ့ နတ်ဆိုးအနွယ်ဝင်တွေလို့ အယုံသွင်းကာ သုတ်သင်သတ်ဖြတ်ကြပါတော့တယ်။ ဒီအချိန်မှာ မတရားမှုကို လက်သင့်မခံနိုင်တဲ့ ဖြောင့်မတ်မှန်ကန်တဲ့ ကျွန်တော်တို့ ကွန်ဖူးပညာရှင် ဝမ်ဖေးဟုန်က ဒီအစွန်းရောက်ဂိုဏ်းရဲ့ လူမဆန်တဲ့သတ်ဖြတ်မှုတွေကို ဘယ်လိုတားဆီးမလဲ သူတို့သွပ်သွင်းထားတဲ့ အယူမှားတွေကို ဘယ်လိုဖြေဖျောက်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ဂျက်လီအပြင် အိုင်ပီမန်းဆရာကြီး ဒွန်နီယန် ပါ ပါဝင်အားဖြည့်ပေးထားပါတယ်
...

Desperate Lies (2024) ⭐IMDB: 7.0/10 (241 Votes) 🎬 #Drama #Romance 🗓 2024 🎞 tv mini series 🌎 #Brazil ⏰ 36 မိနစ် 33 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Desperate Lies 2024 (စိတ်ပျက်ဖွယ်ရာ အလိမ်အညာများ) ဒီတစ်ခါမှာတော့ အပိုင်း (၁၇)ပိုင်းပါဝင်တဲ့ ပေါ်တူဂီဒရာမာရိုးမန့်စ်စီးရီးကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ လီယာနာနဲ့ တိုမာ့စ်တို့ဟာ ကလေးလိုချင်လို့ ကြိုးစားနေကြတဲ့ အတွဲတစ်တွဲပေါ့။သူတို့ဟာ ကလေးလိုချင်လွန်းလို့ အရမ်းပဲ ရူးသွပ်နေကြပြီး လီယာနာဟာဆိုရင် ခင်ပွန်းဖြစ်သူမသိအောင်မျိုးဥအောင်ဆေးတွေပါ သောက်နေပါပြီး လိင်ဆက်ဆံခြင်းကို တာဝန်တစ်ခုလိုသတ်မှတ်ပြီး ပြုလုပ်နေကြတဲ့ အတွဲလေးပေါ့။ ဒီလိုနဲ့ တစ်နေ့မှာ ခင်ပွန်းဖြစ်သူ တိုမာ့စ်ဟာ ဖောက်ပြန်နေတာကို သိသွားတဲ့အခါမှာတော့ပြဿနာတွေတက်ကြရင်း တိုမာ့စ်ဟာ စက်ဘီးကလပ်နဲ့ သွားမှာကို အကြောင်းပြပြီးအိမ်ကနေ ထွက်သွားပါတော့တယ်။ အဲဒီအချိန်မှာပဲ တောင်ပေါ်မှာ စက်ဘီးစီးရင်းမတော်တဆဖြစ်ကာ ဆေးရုံပေါ်ရောက်သွားတဲ့ တိုမာ့စ်ဟာ ဇနီးဖြစ်သူကို အကြောင်းမကြားခဲ့ရာမှလီယာနာဟာလည်း ခင်ပွန်းဖြစ်သူဟာ သူ့ကိုပစ်သွားပြီဆိုတဲ့ အတွေးဝင်ခဲ့ပါတယ်။ သူငယ်ချင်းဖြစ်သူရဲ့ စေ့ဆော်မှုကြောင့် ကလပ်ကိုသွားရင်း စိတ်ဖြေဖျောက်ရာကနေ သူငယ်ချင်းရဲ့မောင်လေးနဲ့ကုတင်ပေါ်ရောက်သွားပါတော့တယ်။ ခင်ပွန်းဖြစ်သူ ဆေးရုံတက်တာကို သိသွားတဲ့နောက်မှာ ပြန်အဆင်ပြေသွားကြရင်း၆ပတ်ကြာတဲ့အခါမှာ လီယာနာ့မှာ အမွှာကိုယ်ဝန်ရှိလာတဲ့အခါမှာတော့ …….လီယာနာရဲ့ ကိုယ်ဝန်ဟာ ခင်ပွန်းဖြစ်သူနဲ့ရတာလား တစ်ညတာမှားယွင်းမိတဲ့ ရလဒ်လား ……..ကလေးရချင်တဲ့ အိပ်မက်လေး အကောင်အထည်ဖော်နိုင်ခဲ့လို့ လီယာနာတို့လင်မယား ပျော်ရွှင်ရမှာလား ….. ဒီကိုယ်ဝန်ကြောင့်ပဲ နောက်ပိုင်းမှာ ဘယ်လိုတွေ ဇာတ်ရှုပ်လာမလဲ …..ဆိုတာတွေကို ကြည့်ရှုရမယ့် စီးရီးကောင်းလေးတစ်ခုဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Team ပဲဖြစ်ပါတယ်)
...

Yeh Jawaani Hai Deewani (2013) ⭐IMDB: 7.2/10 (52 k Votes) 🎬 #Uncategorized #Romance #Comedy #Drama #Musical 🗓 2013 🎞 movie 🌎 #India ⏰ 2 နာရီ 40 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မင်းသား Ranbir Kapoor နဲ့ မင်းသမီး Deepika Padukone တို့အဓိကပါဝင်ထားပြီးIMDb Rating (6.9/10) ရရှိထားတဲ့ Comedy, Drama, Musical အမျိုးအစား Bollywood ဇာတ်ကားပါ။Bollywood ပရိတ်သတ်တွေ အကြိုက်တွေ့ဦးမယ့်ဇာတ်ကားဖြစ်ပါတယ်။ကိုယ်တိုင်ခံစားကြည့်ပါဦး။
...

Inferno (1980) ⭐TMDB: 67% User Score 🎬 #Horror #Thriller 🗓 1980 🎞 movie 🌎 #Italy ⏰ 1 နာရီ 46 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီရုပ်ရှင်ကတော့ ၁၉၈၀ ခုနှစ်ထွက် “Inferno” ဖြစ်ပါတယ်။ ဒါရိုက်တာ Dario Argento ရဲ့ သဘာဝလွန်ဖြစ်ရပ်ဆန်း ရုပ်ရှင်ဖြစ်ပြီးတော့ “Three Mothers” ဇာတ်လမ်းတွဲ၏ ဒုတိယမြောက်ကားဖြစ်ပါတယ်။ ဇာတ်လမ်းက နယူးယောက်မြို့ကို နေရာယူထားပြီး Rose Elliot (Irene Miracle) ဆိုတဲ့ မိန်းကလေးတစ်ယောက်ရဲ့ စိတ်ဝင်စားဖွယ် စုံစမ်းမှုနဲ့ စတင်ပါလိမ့်မယ်။ Rose က “The Three Mothers” ဆိုတဲ့ စာအုပ်တစ်အုပ်ကို ရှာဖွေတွေ့ရှိပြီး အဲဒီစာအုပ်ထဲမှာ ကမ္ဘာ့အမှောင်မိခင်သုံးဦးတွေ့ရှိတဲ့အကြောင်းကို ဖော်ပြထားပါတယ်။ Rose က သူနေတဲ့ အဆောက်အအုံမှာ နက်နဲတဲ့ လျှို့ဝှက်ချက်တွေကို ရှာဖွေရာက Mater Tenebrarum (အမှောင်၏မိခင်) နှင့် ဆိုင်တဲ့ ဖြစ်ရပ်ဆန်းတွေကို ရင်ဆိုင်တွေ့လာရတယ်။ Rose အမူအရာထူးထူးဆန်းဆန်း ဖြစ်နေတဲ့အခါမှာတော့သူရဲ့မောင်ဖြစ်သူ Mark (Leigh McCloskey) က ရောမကနေ နယူးယောက်ကို ခရီးထွက်ပြီး Roseရဲ့ သွားရာလမ်းကို စုံစမ်းရင်း ကြောက်ရွံ့မှုများ၊ နက်နဲတဲ့ လျှို့ဝှက်ချက်တွေကို ရှာဖွေတွေ့ရှိရမှာ ဖြစ်ပါတယ်။ Keith Emerson ရဲ့ အံ့သြစရာ တေးဂီတတွေနဲ့အတူ Argento ရဲ့ နက်နဲပြီး စိတ်ကူးယဉ်ဆန်သော ရိုက်ချက်တွေကိုတွေ့ရမှာဖြစ်ပါတယ်။ ၁၉၈၀ ​ရဲ့ horror ကားဆိုတော့ အခုခေတ် horror flowနဲ့တော့အတော်လေးကွာခြားတာကိုမြင်ရမှာပါ။ အတိအကျကိုတော့ ဇာတ်လမ်းလေးထဲမှာ ကြည့်ရှုပေးကြပါဦး။
...

Proof of Innocence (2016) ⭐IMDB: 6.5/10 (358 Votes) 🎬 #Crime #Mystery #Comedy #Drama 🗓 2016 🎞 movie 🌎 #SouthKorea ⏰ 2 နာရီ 2 မိနစ် 23 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Proof of Innocence (2016)*************************Detective K ရုပ်ရှင်ကားတွေနဲ့ ကြည့်ရှုသူတွေကို အူလှိုက်သည်းလှိုက်ရယ်မောစေခဲ့တဲ့ မင်းသားကြီး ဂင်မြောင်မင်း၊ ရုပ်ရှင်ဇာတ်ကားပေါင်း မြောက်မြားစွာမှာ အပြစ်ကင်းတဲ့မျက်နှာနဲ့ ချစ်ခင်သနားဖွယ်ဇာတ်ရုပ်တွေကို အများအပြား သရုပ်ဆောင်ခဲ့တဲ့ ဂင်ဆန်းဟို၊ Along with the Gods ရုပ်ရှင်ကားတွေထဲ နတ်မင်း ၃ ပါးကြားက တစ်ဦးတည်းသောမိန်းကလေးဇာတ်ရုပ်နဲ့ မြန်မာပရိသတ်တွေ စတင်လူသိများလာခဲ့တဲ့ မင်းသမီးလေး ဂင်ဟျန်းဂီ၊ Reply 1988 က ဒေါ့ဆွန်းအဖေတစ်ဖြစ်လဲ သဘောကောင်းတဲ့ Character တော်တော်များများမှာ တွေ့ရတဲ့ မင်းသားကြီး ဆောင်ဒုံအီတို့လို ဇာတ်ပို့ဇာတ်ရံတွေနဲ့ ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးတစ်ခုပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း**************ဂွမ်ဆွန်းထယ်ဆိုတဲ့ တက္ကစီဒရိုင်ဘာက ကိုရီးယားရဲ့တရားဥပဒေကိုလိုက်နာတဲ့ နိုင်ငံသားကောင်းတစ်ဦးဖြစ်ပြီး အရမ်းချစ်ရတဲ့သမီးလေးတစ်ယောက်လည်း ရှိပါတယ်။ တစ်နေ့မှာတော့ သူ့တက္ကစီကိုငှားစီးခဲ့တဲ့ လုပ်ငန်းစုကြီးတစ်ခုရဲ့ချွေးမက အသတ်ခံလိုက်ရတဲ့အတွက် အရင်ပြစ်မှုဟောင်းတွေရှိခဲ့ဖူးတဲ့သူ့ကို လူသတ်မှုအဓိကတရားခံအဖြစ် သတ်မှတ်လိုက်ကြပြီး သေဒဏ်ချမှတ်ကာ အကျဉ်းချလိုက်ပါတယ်။ သူမသတ်ပါဘူးဆိုပြီး ဘယ်လိုပဲအသည်းအသန် ငြင်းဆန်ပေမဲ့ နားထောင်ပေးသူမရှိတဲ့အခါ သတင်းစာဖြတ်ပိုင်းမှာတွေ့တဲ့ စံပြရဲအရာရှိဖြစ်သူ ရဲကြပ်ကြီး “ချွဲဖီဂျယ်” ဆီကို အသနားခံစာတစ်စောင် ရေးပို့လိုက်ပါတယ်။ တစ်ဖက်မှာလည်း အဖေဖြစ်သူက ထောင်မင်းသားဖြစ်ခဲ့တာကြောင့် ကိုယ့်အတွက်ရော၊ ကိုယ့်အဘိုးအတွက်ပါ အကျိုးမပေးတဲ့အဖေကို ပိုင်ဆိုင်ထားရတဲ့ ရဲကြပ်ကြီး ချွဲဖီဂျယ်။ ထောင်သား၊ အပြစ်သား၊ ရာဇဝတ်မှုကျူးလွန်သူဆိုတာနဲ့ ရွံမုန်းလွန်းလို့ စစ်ဆေးမေးမြန်းတိုင်း လက်ပါတဲ့သူ့ကို ချနင်းပြီး ရာထူးတိုးဖို့အသုံးချသွားတဲ့ တွဲဖက်ဖြစ်သူကြောင့် ရဲအလုပ်ကနေ နှုတ်ထွက်လိုက်ရပြီး တရားမဝင် ဥပဒေအကျိုးဆောင်လုပ်နေတဲ့သူ… တစ်နေ့မှာ သူရရှိခဲ့တဲ့ အသနားခံစာထဲက အမှုက သူ့တွဲဖက်ဟောင်းနဲ့ပတ်သက်နေတယ်ဆိုတာကို သိရပြီး အဲဒီအမှုနဲ့ ပြန်အကြပ်ကိုင်၊ လက်စားချေဖို့ကြိုးပမ်းရာက… ဒီအမှုဟာ တွဲဖက်ဖြစ်သူနဲ့ ပတ်သက်တဲ့ သာမန်လာဘ်ပေးလာဘ်ယူ အမှုမျိုးမဟုတ်ဘဲ နောက်ကွယ်က ပိုကြီးမားတဲ့ လက်မည်းကြီးတွေကို သိလာရတဲ့အခါ… ထောင်သားတွေကို သေမလောက်မုန်းတီးတဲ့ ချွဲဖီဂျယ်တစ်ယောက် မတရားစွပ်စွဲခံရတာပါဆိုတဲ့ ပြစ်မှုဟောင်းရှိ၊ ထောင်သား ဂွမ်ဆွန်းထယ်ကို အပြစ်မရှိကြောင်းပြဖို့ ဘယ်လိုကူညီမလဲ… အမှန်တရားကို ဘယ်လိုပေါ်ပေါက်အောင် ကြိုးပမ်းသွားမလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာ ဖြစ်ပါတယ်… ဒီလိုမိသားစု Drama လေးနဲ့ မှုခင်းကားတွေကို ကြိုက်နှစ်သက်တယ်ဆိုရင်တော့ ဒီဇာတ်ကားက ဂွမ်ဆွန်းထယ်ရဲ့သမီးဖြစ်သူနေရာမှာ သရုပ်ဆောင်ထားတဲ့ မင်းသမီးလေး ဂင်ဟျန်းဂီရဲ့ Innocent Witness ဆိုတဲ့ ဇာတ်ကားလေးကိုလည်း ကြည့်ရှုကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်… အညွှန်းကို Chothet_mlmt မှ ရေးသားထားပေးပါတယ်
...

The Convert (2023) ⭐IMDB: 6.9/10 (457 Votes) 🎬 #Action #Drama 🗓 2023 🎞 movie 🌎 #UnitedKingdom #Australia #NewZealand ⏰ 1 နာရီ 59 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မင်းသား နစ်ကလက်ကေ့ဂျ်ရဲ့ နာမည်ကျော် ရုပ်ရှင် Next ကို ဖန်တီးခဲ့တဲ့ ဒါရိုက်တာ Lee Tamahori ရဲ့ လက်ရာ ရုပ်ရှင်ကောင်းအသစ်ဖြစ်ပါတယ်။ မင်းသားကတော့ Memento တို့ L.A. Confidential တို့ထဲက Guy Pearce ပါပဲ။ ဇာတ်လမ်းအမျိုးအစားကတော့ သမိုင်းနောက်ခံ အက်ရှင် ဒရာမာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း **************** သွေးဆာတဲ့ စစ်သားဘဝကနေ တရားရပြီး တရားဟော ဆရာဖြစ်လာတဲ့ မွန်ရိုးဟာ ၁၈၃၀ ဗြိတိသျှ နယ်မြေသစ် တစ်ခုကို တရားဟောဆရာအဖြစ်ရောက်လာပါတယ်။ အဲဒီမြေမှာ နေကြတဲ့ မော်ရီမျိုးနွယ်စုတွေက အချင်းချင်း တိုက်ခိုက်သတ်ဖြတ်နေကြပြီး လူသားစားတဲ့အဆင့်အထိပါ ကြမ်းကြုတ်ကြပါတယ်။ အဲဒီမျိုးနွယ်စုတွေကြားထဲမှာ ငြိမ်းချမ်းရေးရအောင် ကြိုးစားရတဲ့ တရားဟောဆရာအဖြစ် ပါဝင်ထားတာပါပဲ။ တရားဘယ်လိုမှ ချမရတဲ့ကောင်တွေကို နားရင်းချမှရမယ်ဆိုတာ ပြသသွားတဲ့ကားလည်းဖြစ်ပါတယ်။ ကြည့်လိုက်ကြပါဦး။
...

Campton Manor (2024) ⭐IMDB: 3.4/10 (142 Votes) 🎬 #Horror #Mystery #Thriller 🗓 2024 🎞 movie 🌎 #Canada ⏰ 1 နာရီ 24 မိနစ် 11 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Horror ချစ်သူများအတွက် စိတ်ဝင်စားစရာလှည့်ကွက်မျိုးစုံနဲ့ ဖြဲမခြောက်ဘဲ ကျောချမ်းနေရမဲ့ သရဲကားအသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားနာမည်ကတော့ Campton Manor ဖြစ်ပြီးနာမည်ကြီးသရုပ်ဆောင်တွေ ဒါရိုက်တာတွေနဲ့ ရိုက်ကူးထားတာတော့မဟုတ်ပေမဲ့ သူဟာနဲ့ သူကြည့်ကောင်းတဲ့အနေအထားတော့ရှိပါတယ်။ဒီဇာတ်ကားက Horror ဆိုပေမဲ့ လျှို့ဝှက်ဆန်းကြယ်ဖြစ်စဉ်တွေနဲ့ ပေါင်းစပ် ထားတာဖြစ်တဲ့အတွက် ပုံမှန်သရဲကားတွေလို ခြောက် လန့် ပြေးမဟုတ်ဘဲ ခေါင်းနည်းနည်းသုံးပြီးတော့စိတ်ဝင်စားစရာ ကောင်းတဲ့ပုံစံမျိုးဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ အစမှာတော့ အောင်မြင်တဲ့သည်းထိတ်ရင်ဖိုစာရေး ဆရာတစ်ဖြစ်လည်း ဂျာနယ်လစ်တစ်ယောက်ဖြစ်တဲ့ တက်ဒီ့ကို တွေ့ရမှာဖြစ်ပါတယ်။သူဒီနေ့အလုပ်လာတဲ့ ရက်မှာတော့သူ့ရုံးခန်းကို ဂျက် ဆိုတဲ့လူတစ်ယောက်ကရောက်နေပါတယ်။ဂျက်ကတော်တော် ထူးဆန်းတဲ့လူတစ်ယောက်ဖြစ်ပြီး လာရင်းအကြောင်းလည်း မပြောသလို သူဘယ်သူဆိုတာကိုလည်းမပြောပြပါဘူး။ဒါပေမယ့် သူက တက်ဒီ့မှာသေဆုံးပြီးသား လူတွေကိုမြင်နေရတဲ့ အစွမ်းတစ်ခု ရှိနေတာကို သိပြီးတော့ အဲ့ဒီအစွမ်းကိုအသုံးချဖို့လိုအပ်တဲ့အတွက် အကူအညီလာတောင်းတာလို့တော့ပြောပါတယ်။ဘာကိစ္စအတွက် တက်ဒီ့ အစွမ်းတွေကို လိုလဲဆိုတာကတော့ လွန်ခဲ့တဲ့ဆယ်စုနှစ် တွေတုန်းက ကမ့်ပ်တွန်ဆိုတဲ့အိမ်တော်ကြီးမှာလူတွေအစုလိုက် အပြုံလိုက်သေဆုံးခဲ့ကြပြီး ဘာလို့သေဆုံးခဲ့ရလဲဆိုတာကို အခုထက်ထိအဖြေမရှာနိုင်သေးတဲ့ အမှုအတွက်ပဲဖြစ်ပါတယ်။ တက်ဒီကတော့စိတ်မပါပေမဲ့ ဂျက်ကအတင်းအကြပ်ခေါ်နေတဲ့ အတွက်ပါသွားခဲ့ပြီးနောက်မှာတော့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ကမ့်ပ်တွန်အိမ်တော်ကြီးကိုရောက်ခဲ့ပါတော့တယ်။အဲ့ဒီကစပြီးတော့ တက်ဒီနဲ့ ဂျက်နှစ်ယောက်အိမ်ကြီးထဲဝင်သွားခဲ့ကြပြီးနောက် ဒီအိမ်ကြီးမှာ ဖြစ်ခဲ့တဲ့ လူသတ်မှုတွေရဲ့ နောက်ကွယ်မှာဘယ်လိုလျှို့ဝှက်ဆန်းကြယ် မှုတွေရှိနေလဲ ဆိုတာကို အဖြေရှာကြပုံကို ကြည့်ရမဲ့ဇာတ်ကားကောင်း တစ်ကားပဲဖြစ်ပါတယ်။
...

Maharaja (2024) ⭐IMDB: 8.6/10 (4 k Votes) 🎬 #Action #Bollywood #Drama #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 21 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Maharaja (2024) လက်ရှ်မီး ပဟေဠိGenre – Action, Drama, ThrillerIMDB – 8.6/10 အားလုံး စောင့်မျှော်နေကြမယ့် မင်းသားကြီး ဗီဂျေးစည်သူပတိရဲ့ အသစ်စက်စက်လျှို့ဝှက်သည်းဖို အက်ရှင်ကားလေး ထွက်ရှိလာခဲ့ပါပြီ ရုံတင်ငွေကနေလဲ အမြတ်စွန်းကောင်းကောင်းပြန်လည်ရရှိထားတဲ့ အက်ရှင်ဇာတ်ကားကြီးပဲဖြစ်ပါတယ် ဒါရိုက်တာကလည်း ၂၀၁၇ ခုနှစ်ထွက် မှုခင်းကားကောင်း Kurangu Bommai ကိုရိုက်ကူးပေးထားတဲ့ Nithilan Swaminathan ပါ။ မင်းသားကြီးကိုတော့ ဒီထဲမှာ မထုံတတ်တေးပုံစံနဲ့ အသာလေး ကြမ်းပြတာကို မြင်ရမှာပဲ ဖြစ်ပါတယ်။ဒီတစ်ခေါက် ဇာတ်လမ်းလေးကတော့ ဆန်းပါတယ်… ဆန်းဆို “မဟာရာဇာ” ဆိုတာကဆံပင်ညှပ်ဆိုင်လေးဖွင့်ထားတဲ့ ဆံသဆရာတစ်ယောက်၊ သမီးဖြစ်သူ ငယ်စဉ်ကတည်းကဇနီး ဆုံးပါးသွားခဲ့တာကြောင့် အဖေတစ်ခု သမီးတစ်ခုနဲ့ ဘဝကို ရိုးရှင်းစွာနိစ္စဓူဝ ဖြတ်သန်းနေရသူပေါ့။ သမီးဖြစ်သူ “ဂျိုသီ” က ကျောင်းစာထက် အားကစားဖက်ကို စိတ်အားထက်သန်ပြီး ထူးချွန်သူပါ။ဒါပေမဲ့ သူတို့အိမ်မှာ သားအဖနှစ်ယောက်တည်းတင် မဟုတ်ပါဘူး “လက်ရှ်မီး” ဆိုတာ ရှိပါတယ်၊သူတို့အမေလည်းမဟုတ် အဘွားလည်းမဟုတ် အမျိုးလည်းမဟုတ် အူကြောင်ကြောင်နဲ့သံအမှိုက်ပုံးကြီးတစ်ခုပါ။ ဒါကြီးကို တစ်ပတ်တစ်ခါ ရေမိုးချိုးပေးရသလို အမွှေးနံ့သာတွေ ပတ်ဖြန်းပြီး သားအဖ ၂ ယောက်ဖူးဖူးမှုတ်ထားကြတာပေါ့။ ဒါလည်း အကြောင်းရှိပါတယ် ငယ်စဉ်က အိမ်မတော်မဆ ဖြစ်ပြီးအိမ်ပြိုမလို ဖြစ်တဲ့အချိန် ဒီအမှိုက်ပုံးကြောင့် သမီးဖြစ်သူ အသက်ချမ်းသာခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီလိုနဲ့ နေလာရင်းကနေ တစ်ရက်ကျ ဒီ “လက်ရှ်မီး” ကြီး အခိုးခံလိုက်ရပါတယ်၊ အဲဒီမှာ “မဟာရာဇာ” တစ်ယောက်ရဲတွေကို သွားတိုင်ချက်ဖွင့်တော့ ရဲတွေက လူလား ပစ္စည်းဥစ္စာလားမေးတဲ့အချိန် မသဲမကွဲ အင်းမလုပ် အဲမလုပ်နဲ့ တိုင်လာပြီး တစ်ယောက်တည်း အမှိုက်ပုံးပျောက် ရှာပုံတော်ဖွင့်ချိန်မှာ ဘာတွေ ဆက်လက်ပြီး ကြုံရဆုံရ ပေါက်ကရဖြစ် ဘာပြဿနာတက်မလဲဆိုတာတော့ ဆက်လက်ရှုစားပေးကြပါခင်ဗျာ
...

Kakuda (2024) ⭐IMDB: 6.6/10 (82 Votes) 🎬 #Bollywood #Comedy #Horror 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 57 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Kakuda 2024 ကျိန်စာသင့်ရွာ TGIFလေးမှာ ဘဝအမောတွေပြေပျောက်အောင် ဟာဒယရွှင်ဆေးလေးဖြစ်တဲ့horror comedy ကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါပြီဗျ။သရဲကားဆိုပေမဲ့ ဟာသဦးစားပေးထားတာဖြစ်တဲ့အပြင် castမှာဆိုရင်လဲဟင်ဒီနာမည်ကြီးမင်းသားမင်းသမီးတွေဖြစ်တဲ့ ဆိုနာ့ရှီးဆင်ယာနဲ့ ရီတေးရှ်တို့ပါဝင်သရုပ်ဆောင်ထားတာကြောင့် အကြိုက်တွေ့စေမဲ့ ဟာသသရဲကားလေးပဲဖြစ်ပါတယ် မြို့တွေရဲ့အဝေးတစ်နေရာ လူသူနည်းတဲ့နေရာလေးမှာ သီးသန့်လေးဖြစ်နေတဲ့ရာတိုဒီဆိုတဲ့ရွာငယ်လေး လူသူအရောက်အပေါက်နည်းတဲ့အပြင် ဒီရွာလေးမှာ ထူးခြားချက်တစ်ခုရှိပါတယ်။အဲဒါကတော့ အင်္ဂါနေ့တိုင်း ည ၇:၁၅ ရောက်တာနဲ့ အိမ်တိုင်းမှာရှိတဲ့ တံခါးပေါက်ငယ်လေးကို ဖွင့်ထားရပါသတဲ့။ဒီတံခါးကိုမဖွင့်ထားရင်တော့ ကာကူဒါဆိုတဲ့သရဲက အိမ်ကယောက်ျားသားကို ကျိန်စာတိုက်ပြီးအဲဒီလူက နေ့ချင်းညချင်း ခါးကုန်းကြီးဖြစ်သွားပြီးတော့ ၁၅ ရက်နေရင် သေရတယ်ဆိုတဲ့အယူပါ။ ဒါကို ချစ်သူဖြစ်တဲ့ ရာတိုဒီရွာသားဆန်နီက ယုံလည်းယုံ ကြောက်လည်းကြောက်ပေမဲ့ခေတ်ပညာတတ်ဖြစ်တဲ့ အင်ဒီရာက‌တော့ မယုံပါဘူး။ ဒီလိုနဲ့ အိမ်ကအသည်းအသန်အိမ်ထောင်ချပေး‌တာကိုရှောင်ဖို့ ဆန်နီနဲ့ခိုးပြေးပြီး ရာတိုဒီရွာကိုသွားဖို့ အင်ဒီရာတစ်ယောက်အကြောင်းဖန်လာချိန်မှာတော့…… (အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ BpL ~ Thura ~ Cyrah ~ KKKZတို့ပဲဖြစ်ပါတယ်)
...