uz
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Yopiq kanal

🚩 Channel was restricted by Telegram

Ko'proq ko'rsatish
Ma'lumot yo'q
Obunachilar
-524 soatlar
-47 kun
+730 kun
Postlar arxiv
Jaws 3-D (1983) ⭐TMDB: 45% User Score 🎬 #Thriller #Horror 🗓 1983 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 39 မိနစ် 27 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Jaws 3 ခေါ် 3-Dကတော့ မူလ ပရိုဂျူဆာတွေဆက်မထုတ်တော့ပါဘူး။ ဒီရုပ်ရှင်ကိုတော့ မူလ Jawsရဲ့ ပရိုဒတ်ရှင်း ဒီဇိုင်နာ , ဒုတိယ Jawsရဲ့ လက်ထောက်ဒါရိုက်တာလုပ်ခဲ့တဲ့ Joe Alvesက ရိုက်ထားတာပါ။ ဝေဖန်ရေးသမားတွေ ပျစ်ပျစ်နှစ်နှစ်ဝေဖန်တာခံခဲ့ရတဲ့ Jawsကားဆိုလည်း ဟုတ်ပါတယ်။ ငါးမန်းကို ကလေးကစားသလိုလုပ်သွားတာကြောင့်လည်း ပါကောင်းပါပါမယ်။ ဒီထဲက ငါးမန်းဟာ ပထမငါးမန်းတွေလို ရင်ဖိုထိတ်လန့်စရာအရသာမျိုး မပေးနိုင်တော့ပါဘူး။ ဆန်းသွားတာတွေလည်း ရှိတော့ရှိပါတယ်။ ဇာတ်ကတော့ ဘရိုဒီ့သားတွေရဲ့ ဇာတ်ဖြစ်သွားပါပြီ။ သူ့သား မိုက်နဲ့ ဆမ်ရဲ့ဇာတ်ပေါ့။ အဓိကကတော့ မိုက်ပါပဲ။မိုက်က အဏ္ဏဝါအပန်းဖြေစခန်းတစ်ခုမှာ တည်ဆောက်ရေး အင်ဂျင်နီယာလုပ်နေတယ်။ သူ့ရည်းစားကတော့ အဲဒီမှာပဲ ဇီဝပညာရှင်လုပ်နေတယ်။ သူတို့အဏ္ဏဝါဥယျာဉ်ကို ပင်လယ်ထဲက ငါးမန်းတစ်ကောင်ရောက်လာတာကြောင့် နာမည်ကျော်စွန့်စားရေးသမား ဖီးလစ်နဲ့အတူတူ သူတို့ အဲဒီငါးမန်းကိုပါ ရှင်လျက်ဖမ်းပြီး ပြစားဖို့လုပ်ကြတယ်။ ဒါပေမဲ့ ဒီငါးမန်းနဲ့တင်ပြီးမသွားဘဲ နောက်ထပ်ပြဿနာတွေပေါ်လာတဲ့အခါ သူတို့ဘယ်လိုဖြေရှင်းကြမလဲ ကြည့်ရမှာပါ။ ဒီမှာတော့ ငါးမန်းထက် ပထမကားတွေထက် အများကြီးဘတ်ဂျက်သုံးထားတဲ့ ဆက်တင်ခမ်းခမ်းနားနားကြီးကို ပိုအသားပေးထားပုံပါပဲ။ လင်းပိုင်တွေ တခြားအကောင်တွေလည်း ပါလာပါတယ်။ အဏ္ဏဝါအပန်းဖြေစခန်းမှာကိုး။ ဒါပေမဲ့လည်း ငါးမန်းကို တော်တော်လေးပေါ့ပေါ့လျှော့လျှော့ ပြသွားတာကြောင့် ဝေဖန်ခံခဲ့ရပါတယ်။ ဇာတ်လမ်းကတော့ သူ့ရိတ်တင်လောက် ပစ်ခါနေရအောင် စုတ်ပြတ်မနေပေမဲ့လည်း ရှေ့ကားတွေနဲ့ယှဉ်ပြီး ရိတ်တင်ကတော့ စုတ်ပြတ်သွားခဲ့တယ်။ ဒါက ဒီကားကို ညှာပြောတာတော့လည်း မဟုတ်ပါဘူး။ Jawsဟာ ဆက်မရိုက်သင့်တော့တဲ့ကားပါ။ နောက်ကားတွေက ကြည့်ရင်လည်းဖြစ် မကြည့်ရင်လည်းဖြစ်ပါတယ်။ ဒီတော့ ကြည့်ချင်သပဆိုပြီး ကြည့်မယ်ဆိုရင်တော့ ၃ဟာ ကြည့်တော့ပျော်ပါတယ်။
...

Jaws (1975) ⭐TMDB: 77% User Score 🎬 #Thriller #Horror #Adventure 🗓 1975 🎞 movie 🌎 #UnitedStatesofAmerica ⏰ 2 နာရီ 5 မိနစ် 1 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 စတီဗင်စပီးဘာ့ဂ်ဟာ ရုပ်ရှင်ရိုက်ဖို့ မွေးလာတဲ့သူပါပဲ။ သူ့ပထမဆုံးရုပ်ရှင် The Sugarland Express (1974)တို့ ခု ဒုတိယရုပ်ရှင်ဂျောတို့လိုစစဦးချင်းကားတွေကနေစလို့ နောက်ဆုံး အခု The Fabelmansအထိ ကားတိုင်း မှတ်ကျောက်ထင်ကျန်အောင် လုပ်နိုင်တဲ့ ဒါရိုက်တာဆိုလည်းဟုတ်တယ်။ သူရိုက်ခဲ့သမျှကားတွေကလည်း တစ်ကားနဲ့တစ်ကား ပုံစံ Genre တော်တော်ကွဲထွက်ပေမဲ့ ဘာပဲရိုက်ရိုက် မှော်ဝင်အောင်ရိုက်နိုင်တာက စပီးဘာ့ဂ်ရဲ့ ထူးခြားချက်လို့ ပြောရမယ်။ Jawsတို့ The Lost World: Jurassic Parkတို့လို အကောင်ကားတွေ အင်ဒီယာနာဂျုန်းကားတွေလို စွန့်စားခန်းကားတွေ လင်ကွန်းတို့ ကာလာပါပယ်တို့လို The Postတို့ Schindler’s Listတို့ လို ဘိုင်အိုဂရပ်ဖီကားတွေ The Terminalလို ရိုမန့်သိပ်ဆန်တဲ့ကားတွေ A.I. Artificial Intelligence , E.T. the Extra-Terrestrial , war of the worlds, Close Encounters of the Third Kindတို့လို သိပ္ပံကားတွေ Catch Me If You Canတို့ Saving The Private Ryan တို့လို ကားတွေအထိ တစ်ကားမှမကောင်းမရှိရအောင် ရိုက်ပြနိုင်ခဲ့တယ်။ ကျွန်တော့်ပုဂ္ဂလိက အမြင်အရတော့ Jawsတို့ အင်ဒီယာနာတို့လိုကားတွေက စပီးဘာ့ဂ်ရဲ့ တင်ပြပုံမှော်ဆန်နေတာကြောင့်သာမဟုတ်ရင် ကျွန်တော်တို့မြင်နေကျ ခပ်ပေါပေါငါးမန်းကားတွေ ခပ်ပေါပေါရှေးဟောင်းသုတေသနစွန့်စားခန်းကားတွေ ဖြစ်သွားမှာပဲ။ စပီးဘာ့ဂ်ရဲ့ မှော်ဆန်မှုနဲ့ပေါင်းလိုက်မှသာ ဒီရုပ်ရှင်တွေဟာ ဂန္တဝင်ကားတွေဖြစ်လာခဲ့တာပဲ။ ဂျိမ်းစ်မန်ဂိုးဒ်လို အထင်ကရ ဒါရိုက်တာတစ်ယောက်ရိုက်တာတောင် အဲဒီလိုဆန်သွားတဲ့ အင်ဒီယာနာနဲ့ တစ်ကလွဲ နောက်ပိုင်းကားအကုန် သာမန်ငါးမန်းကားဖြစ်သွားတဲ့ Jawsကိုကြည့်ရင်ပဲ ဒီအချက်က မြင်သာတယ်။ Jawsမှာဆိုလည်း ငါးမန်းကားသက်သက်ပေမဲ့ စပီးဘာ့ဂ်ပေါင်းစပ်ထားတဲ့ Elementတွေဟာ Jawsကို သာမန်ငါးမန်းကားတစ်ကားထက်ပိုစေခဲ့တယ်။ နောက်သူက ပရိုဒတ်ရှင်းကုမ္ပဏီ Amblin Entertainmentကိုလည်း ထောင်ထားသေးတယ်။ အဲဒီကနေလည်း Back to the Futureတို့ Cape Fearတို့လို ရုပ်ရှင်တွေ သူရိုက်ခဲ့တဲ့ ရုပ်ရှင်တွေရဲ့ အဆက်ကို ဆက်ရိုက်ကြတာတွေကို ထုတ်ခဲ့တယ်။ သူ့ဘာသာအနေနဲ့လည်း ရုပ်ရှင်တွေအများကြီး ပရိုဂျူဆာလုပ်ခဲ့တယ်။ စပီးဘာ့ခ်ရဲ့ ရုပ်ရှင်ပိုးကို ဆွပေးခဲ့တဲ့ ရုပ်ရှင်တွေက Godzilla, King of the Monsters (1956)တို့ ကူရိုဆာဝါရုပ်ရှင်တွေတို့ Captains Courageous (1937), Pinocchio (1940)တို့ Lawrence of Arabia (1962)တို့ဆိုတော့ သူရွေးချယ်ထားတဲ့ ရုပ်ရှင်တွေက စုံလင်ဆန်းပြားနေတာလည်း မဆန်းဘူး။ အဲဒီကားတွေနဲ့ခပ်ဆင်ဆင်ကားတွေအကုန် သူရိုက်ပြခဲ့ပြီးပြီ။ Jawsကို ရိုက်တော့ စပီးဘာ့ဂ်က မူရင်းစာအုပ်က အခန်းတွေအများကြီးကို ဖြုတ်ချပြီး ကျောရိုးကိုပဲ အဓိကထားရိုက်ခဲ့တယ်။ ဇာတ်ညွှန်းကိုလည်း မူလက အပ်ထားတဲ့ ဇာတ်ညွှန်းသမားဟာကို အချိတ်အဆက်မမိဘူးလို့ခံစားရတာကြောင့် နောက်တစ်ယောက်ကိုပါ ထပ်အပ်ခဲ့တယ်။ သူငယ်ချင်းတစ်ယောက်ပြောဖူးသလို ရုပ်ရှင်မှာ အဓိကက တစ် ဇာတ်ညွှန်း နှစ်ဇာတ်ညွှန်း သုံးဇာတ်ညွှန်းပဲ ဆိုသလိုပေါ့။ တကယ်တမ်း Jawsကို ရုပ်ရှင်ရိုက်တော့လည်း အခက်အခဲအများကြီး ကြုံခဲ့ရတယ်။ စပီးဘာ့ဂ်ရဲ့ တိုင်အပတ်ခဲ့ဆုံးတွေထဲက တစ်ကားလို့ပြောရမယ်။ ဒါပေမဲ့ ထွက်လာတဲ့အချိန်မှာတော့ အောင်မြင်ခဲ့တယ်။ သိရသလောက်ဆို ရုံထဲကနေ ပရိသတ်တစ်ယောက် ထွက်ပြေးသွားတော့ စပီးဘာ့ဂ်က သူ့ကားဘွန်းပြီလို့ထင်ခဲ့သတဲ့။ ဒါပေမဲ့ ဟိုလူက အန်ပြီး ပြန်လာပြီး ကားပြီးတဲ့အထိ ဆက်ကြည့်မှပဲ သူစိတ်အေးသွားရသတဲ့။ တကယ်လည်း နည်းနည်းလန့်ဖို့ကောင်းတဲ့ အခန်းတွေပါသလို နောက်ခံတီးလုံးက ဂျွန်ဝီလီယမ်လက်စွမ်းပြထားတာဆိုတော့ Jumpscareခန်းတွေမှာ သူ့တီးလုံးနဲ့ တော်တော်လေးအသက်ဝင်နေတယ်။ ငါးမန်းကားဆိုပေမဲ့ သူတို့၂ယောက်လက်စွမ်းကြောင့် ဟော်ရာကားလိုလို အရသာပါရနေတယ်။ Thriller အငွေ့အသက်လည်း အပြည့်ရပါတယ်။ ဒီလိုအသက်ဝင်နေတာကြောင့်ပဲ Jawsဟာ တော်တော်လေး အောင်မြင်ခဲ့သလို Blockbuster ဆိုတဲ့ စကားလုံးဟာ Jawsမှာ ပိုတွင်ကျယ်လာတယ်လို့ပြောကြတယ်။ ဒါတော့မသေချာဘူး။ ဒါပေမဲ့လည်း Jawsဟာ အောင်မြင်ရုံတင်မဟုတ်ဘဲ culture တစ်ခုကိုပါ တည်ဆောက်နိုင်ခဲ့တယ်။ ဇာတ်ကြောင်းကိုတော့ ပြောပြဖို့မလိုလောက်ပါဘူး။ ဒါပေမဲ့လည်း စပီးဘာ့ဂ်က ငါးမန်းကားတစ်ကားကို ငါးမန်းကားတစ်ကားထက် ပိုတဲ့ ပုံစံနဲ့တင်ပြသွားခဲ့တယ်။ ငါးမန်းစစပေါ်လာချင်းမှာ သူတို့ စီးပွားရေးထိခိုက်မှာစိုးလို့ ဖုံးထားခဲ့ကြတဲ့ မြို့မျက်နှာဖုံးတွေတို့ , တာဝန်နဲ့အထက်လူကြီးတွေကြားတိုင်ပတ်နေခဲ့တဲ့ရဲမှူးတို့ , ဆုကြေးရချင်လို့ ဘူမသိကိုးမသိ အုပ်လိုက် ငါးမန်းပတ်ဖမ်းကြတဲလူတွေတို့, ငါးမန်းတွေနဲ့ပတ်သက်ပြီး ထရော်မာရှိခဲ့လို့ ငါးမန်းအကြောင်းလေ့လာနေတဲ့ သူတို့ , နောက် ကမ္ဘာစစ်က စစ်သားဟောင်း ငါးမန်းဖမ်းသမားတို့တွေလို စိတ်ဝင်စားစရာကောင်းတဲ...

Jaws: The Revenge (1987) ⭐TMDB: 41% User Score 🎬 #Thriller #Adventure #Horror 🗓 1987 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 31 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Jaws Franchiseက အကျတော်တော်မှန်တဲ့ Franchiseလို့ပြောရပါမယ်။ ပထမကားမှာ ချီးကျူးခံရပေမဲ့ တစ်ကားထက်တစ်ကား ပိုပိုလို့ အဆဲခံရလာတဲ့ရုပ်ရှင်ပါပဲ။ ၄မှာတော့ ၃ကို မဆက်တော့ဘဲ ၃ကဟာတွေအကုန်ပယ်ချပစ်လိုက်ပါတယ်။ ဒီထဲမှာလည်း မိုက်က အဓိကဇာတ်ကောင်နီးနီးနေရာရထားပါတယ်။ ဒါပေမဲ့ ဒီမှာတော့ သူ့အလုပ်အကိုင်ပြောင်းသွားပါတယ်။ အင်ဂျင်နီယာမဟုတ်တော့ဘဲ အဏ္ဏဝါဇီဝဗေဒပညာရှင်ဖြစ်သွားပါတယ်။ အဓိကဇာတ်ကောင်ကတော့ ဘရိုဒီ့မိန်းမ အယ်လန်ပါ။ သူ့ယောက်ျားလည်း ငါးမန်းလာပြန်သတ်မှာကို လန့်ရင်းနဲ့ သေသွားသလို သူ့သားအငယ်ဆီလည်း ငါးမန်းက တမင်လက်စားလာချေတာလို့ သူယုံနေခဲ့ပါတယ်။ ဒီတော့ သူဟာ သူ့ရဲ့ကျန်ခဲ့တဲ့သားဖြစ်တဲ့ မိုက်ကို ရေနဲ့ဝေးဝေးနေစေချင်နေတယ်။ ဒါပေမဲ့ မိုက်အလုပ်ကိုက ရေထဲဆင်းရတဲ့အလုပ်ဖြစ်နေတဲ့နောက် လက်စားချေချင်နေတဲ့ ငါးမန်းကိုရှောင်ဖို့ ဘယ်လိုမှမဖြစ်နိုင်တော့ပါဘူး။ ဒီလိုနဲ့ အယ်လန်ဟာ သူ့သားကိုကယ်ဖို့ ပင်လယ်ထဲထွက်ပြီး ငါးမန်းကိုရှာတဲ့ အကြောင်းကို ရိုက်ပြထားတာပါ။ ပထမ၂ကားက ဘရိုဒီ့မိန်းမနေရာက သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးကပဲ ပြန်သရုပ်ဆောင်ပေးထားသလို မိုက်ကယ်ကိန်းကလည်း ဝင်အားဖြည့်ပေးထားပေမဲ့ Jaws 4ဟာလည်း တော်တော်ဝေဖန်ခံခဲ့ရတဲ့ ရုပ်ရှင်တစ်ကားဖြစ်လာပါတယ်။ ရိုက်ဖြစ်ပုံကလည်း ယူနီဗာဆယ်က သူတို့ရဲ့ ခက်ခဲနေတဲ့နှစ်တွေမှာ ရှေ့က jaws အဆက် ၂ကားဟာ အဆဲခံရလည်း ဝင်ငွေတော့ကောင်းသေးတာကြောင့် ငွေရပြီးရောသဘော ရိုက်ခဲ့တဲ့ ရုပ်ရှင်ပါပဲ။ မင်းသမီးကလည်း အဆိုးဆုံးသရုပ်ဆောင်ဆုကို ရရှိခဲ့တယ်။ ဒီရုပ်ရှင်ကို မိုက်ကယ်ကိန်းရိုက်နေတုန်းက ရော်ဂျာအတ်ဘတ်က ” မိုက်ကယ်ကိန်းက Hannah and Her Sistersရုပ်ရှင်အတွက် သူရခဲ့တဲ့ ဇာတ်ပို့သရုပ်ဆောင်ဆုကိုယူဖို့ ပွဲမတက်တာက Jaws 4 ရိုက်နေလို့ဗျ။ သူက ဒီရုပ်ရှင်ကို လုံးဝစိတ်နှစ်ထားတာ ။ မပြီးမချင်း အိမ်ပြန်ဖို့အစီအစဉ်မရှိဘူး။ ဘာလို့ဆို အဲဒီရိုက်ကွင်းကနေ သူထွက်လာမိရင် လုံးလုံးပြန်သွားချင်တော့မှာမဟုတ်တာ သူ့ကိုယ်သူသိနေလို့ပဲ”လို့ အရွှန်းဖောက်ခဲ့ပါသေးတယ်။ Jaws 4 ဟာ ငွေကြေးအရလည်း Jawsကားတွေထဲ မအောင်မြင်ဆုံးရုပ်ရှင်ဖြစ်ခဲ့ပါတယ်။ ပြောခဲ့သလိုပါပဲ။ စပီးဘာ့ခ်ရဲ့ မှော်ကို စပီးဘာ့ခ်ဆီကပဲ ကျွန်တော်တို့ ရနိုင်မှာပါပဲ။
...

Snack Shack (2024) ⭐IMDB: 7.0/10 (3 k Votes) 🎬 #Comedy 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 54 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Snack Shack (2024)IMDb – 7.0/10 ဒါရိုက်တာ Adam Rehmeierရဲ့လက်ရာ အမေရိကန်လူငယ်ဟာသဇာတ်မြူးလေးပေါ့။ ၁၉၉၁ ခုနှစ် နီဘရာစကာက ဆယ်ကျော်သက်နှစ်ယောက်ရဲ့စီးပွားရှာကြပုံနဲ့ ဖွန်ကြောင်ကြတာကို ရှုစားကြရမှာပါ။ မုစ်နဲ့ အေဂျေဆိုတဲ့ သူငယ်ချင်းနှစ်ယောက်က ပိုက်ဆံအတော်ရှာချင်တဲ့ကောင်တွေ။ခွေးအပြေးပြိုင်ပွဲလည်း ဝင်လောင်း၊ ဘီယာလည်း ကိုယ့်ဘာသာချက်ရောင်းနဲ့ အတော်ဟုတ်နေတာ။ဒါပေမဲ့ မိဘဖြစ်သူတွေက သူတို့လုပ်ငန်းတွေကို ကဖျက်ကယက်လုပ်တဲ့အတွက် ဘော်ဒါနှစ်ကောင်ဘူရပါရော။ဒီမှာပဲ ဘော်ဒါနှစ်ကောင် နွေရာသီအတွင်း ရေကူးကန်တစ်ခုမှာ မုန့်ရောင်းပြီး စီးပွားရှာဖို့ကြံကြပါတော့တယ်။အေဂျေ့အိမ်နားကို ပြောင်းလာတဲ့ စော်လေးတစ်ဗွေပြောင်းလာပြီး ဘော်ဒါနှစ်ကောင်ဝိုင်းကြောင်ရာက စော်လေးက သူတို့လုပ်ငန်းကိုခြိမ်းခြောက်လာတဲ့အတွက်aသူတို့ဘယ်လိုကြံကြမယ်ဆိုတာ ကြည့်ရှုကြပါဦး။ (aungmo3hanဘာသာပြန်ထားပါတယ်)
...

Side by Side (2023) ⭐IMDB: 5.8/10 (83 Votes) 🎬 #Drama 🗓 2023 🎞 movie 🌎 #Japan ⏰ 2 နာရီ 10 မိနစ် 51 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Side by side (2023)================= Chihiro Ito ရဲ့ လက်ရာလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်မိယာမာ ဟာ ထူးခြားတဲ့ စွမ်းရည်ကို ပိုင်ဆိုင်ထားသူပါသူ့စွမ်းရည်ကတော့ တခြားသူတွေရဲ့ စိတ်ကိုမြင်နိုင်တယ် သူ့ရဲ့စွမ်းရည်ကို အသုံးချပြီး လူတွေရဲ့ ပူပန်မှုတွေ စိတ်ဒဏ်ရာတွေကို ကူညီကုစားပေးတယ်လက်ရှိမှာ သူဟာ ရှိအိုရိဆိုတဲ့ အမျိုးသမီးနဲ့အတူ တောရွာလေးတစ်ခုမှာ အေးချမ်းစွာနေထိုင်တယ် သူမဟာ သူနာပြုတစ်ယောက်ဖြစ်ပြီး မိမိ ဆိုတဲ့ သမီးလေးရှိတယ်မိယာမာဟာ ထူးခြားတဲ့ အရာတစ်ခု သူ့နောက် အမြဲလိုက်နေသလို ခံစားနေရတယ် အဲဒါကတော့ ကူဆာကာဆိုတဲ့ ဂျူနီယာတစ်ယောက်ကြောင့်ပါပဲကူဆာကာဟာ မြို့ပေါ်က နာမည်ကြီးအဖွဲ့ရဲ့ ဂီတာတီးသမားတစ်ယောက်ဖြစ်တယ်မိယာမာဟာ အကြောင်းရင်းကို သိချင်တာမို့ ကူဆာကာနဲ့ တွေ့ဆုံနိုင်ဖို့ကြိုးစားခဲ့တယ်သူတို့ နှစ်ဦးတွေ့ချိန်မှာ မိယာမာ ကြိုးစားဖွက်ထားခဲ့တဲ့ အတိတ်တစ်ခု ပြန်လည် အစပေါ်လာချိန်မှာတော့…. ( အညွှန်းရေးသားထားသူကတော့
...

Junction (2024) ⭐IMDB: 5.2/10 (126 Votes) 🎬 #Thriller #Drama 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 38 မိနစ် 46 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီရုပ်ရှင်ကတော့ လက်ရှိ ၂၁ ရာစုနှစ် အမေရိကန်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ အိုပီရိုက် (အကိုက်အခဲပျောက်ဆေး) ကပ်ဘေး ကို ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီရဲ့ စီအီးအိုတစ်ယောက်၊ ဆရာဝန်တစ်ယောက်နဲ့ လူနာတစ်ယောက်တို့ရဲ့ ရှုထောင့်ကနေပြီး ရိုက်ကူးထားတာပါ။ အိုပီရိုက်လို့ခေါ်တဲ့ အကိုက်အခဲပျောက်ဆေးတွေကို နာတာရှည်နာကျင်မှုဝေဒနာ ခံစားနေရတဲ့ လူနာတွေအတွက် သုံးစွဲခဲ့ကြတာပါ။ ဒီထဲမှာ ကန်မက်ကုမ္ပဏီကထုတ်တဲ့ အောက်ဆီကိုဒုန်းဆေးလဲအပါအဝင်ပါပဲ။ သူတို့ထုတ်ကုန်ဆေးကို ရောင်းချရဖို့အတွက် ဆရာဝန်တွေကိုသုံးပြီး ကြော်ငြာခဲ့ကြပါသေးတယ်။ ဒါပေမဲ့လည်း အိုပီရိုက်ဆေးတွေဟာ အလွန်အမင်းစွဲလန်းသွားစေနိုင်ပြီး ကပ်ဘေးတစ်ခုအသွင်ပြောင်းသွားချိန်မှာတော့ အိုဟိုင်းယိုးပြည်နယ်အမတ်ကဦးဆောင်ပြီး ကန်မက်ကုမ္ပဏီကို တရားစွဲခဲ့ပါတော့တယ်။ ဒီတရားစွဲမှုကို ကန်မက်ဘက်က ဘယ်လိုချေပသွားမလဲ၊ အိုပီရိုက်ကပ်ဘေးရဲ့နောက်ကွယ်က အမြတ်ထုတ်မှုတွေနဲ့ မူးယစ်ဆေးဝါးစွဲလန်းမှုအကြောင်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကောင်းဖြစ်တာမလို့ ကြည့်ရှုလိုက်ကြပါဦး။
...

Lion of the Desert (1981) ⭐TMDB: 73% User Score 🎬 #Biography #Drama #History #War 🗓 1981 🎞 movie 🌎 #LibyanArabJamahiriya #UnitedStatesofAmerica ⏰ 2 နာရီ 53 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb 8.2, RT – 75% Old but gold ဖြစ်နေဆဲ ဂန္တဝင်မြောက် စစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ ဒါရိုက်တာကလည်း The messageကို ကိုင်တွယ်ခဲ့တဲ့ လက်ရာမြောက်ရုပ်ရှင်တွေကို ဖန်တီးလေ့ရှိတဲ့Moustapha Akkad ဖြစ်ပါတယ်။ ဒီရှင်ရှင်ရဲ့ဇာတ်လိုက်ကလည်း 90s bornတွေ အကုန်သိကြတဲ့ Oscars ဆု ၂ဆုပိုင်ရှင် မင်းသားကြီး Anthony Quinnက ထူးချွန်ပြောင်မြောက်စွာ သရုပ်ဆောင်ထားပါတယ်။ ဒီရုပ်ရှင်ဟာ အီတလီနိုင်ငံမှာ ဖက်ဆစ် တန်ခိုးကြီးထွားစင်ကာလပိုင်းခြားက ဖက်ဆစ်အီတလီတွေရဲ့ ယုတ်မာရိုင်းစိုင်းတဲ့ဖြစ်ရပ်မှန်ပေါ်ကို အခြေပြုရိုက်ထားတဲ့ ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ ဘယ်လောက်တောင် မှန်သလဲဆိုရင် ၁၉၈၂ခုနှစ်မှာ “အီတလီရဲ့စစ်တပ်သိက္ခာကို စော်ကားတဲ့ရုပ်ရှင်”လို့သတ်မှတ်ပြီးတော့ကို ပိတ်ပင်ခဲ့တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ၂၀ရာစုမှာ ဥရောပနိုင်ငံကြီးတွေက စတင်နယ်ချဲ့ဖို့ကြိုးစားလာကြပါတော့တယ်။ အီတလီတွေကလည်း အမေကျော်ဒွေးတော်လွမ်းပြီး ရိုမန်အင်ပါရာကြီးကို ပြန်လည်ထူထောင်မယ်ဆိုပြီး နယ်ချဲ့မှုမှာ စတင်ပါဝင်လာတော့ပါတယ်။ နယ်ချဲ့တာက တန်ခိုးအာဏာ ဘုန်းတန်ခိုး ကြီးထွားချင်လို့ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ နယ်ချဲ့ကြပေမယ့် နယ်ချဲ့ခံရတဲ့နိုင်ငံတွေက အကြီးကျယ် ဒုက္ခများရပါတော့တယ်။ အီတလီတွေ ပထမဆုံး နယ်ချဲ့တဲ့နိုင်ငံက မြေထဲပင်လယ်ထဲက အရေးပါတဲ့နိုင်ငံတစ်ခု ဖြစ်တဲ့ လစ်ဗျားနိုင်ငံကိုဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံလည်း ဗြိတိသျှ ကျူးကျော်သိမ်းပိုက်ခံလိုက်ရတဲ့အတွက် သိမ်းပိုက်ခံလိုက်ရစဥ်ကတည်းက လွတ်လပ်ရေးမရခင်အထိ အင်္ဂလိပ်အစိုးရကို မျိုးဆက်အဆက်ဆက် တော်လှန်လာခဲ့ပါတယ်။ ထိုနည်းတူစွာပဲ လစ်ဗျားနိုင်ငံကလည်း အီတလီတွေကို တော်လှန်ခဲ့ပါတယ်။ လစ်ဗျားနိုင်ငံရဲ့တော်လှန်ရေးဖခင်ကြီးကတော့ အိုမာ မုခ်တာ ဖြစ်ပါတယ်။ တော်လှန်ရေးဖခင်ကြီး အိုမာ မုခ်တာက ဖက်ဆစ် အီတလီတွေကို ဘယ်လိုတော်လှန်မလဲ၊ ပြောက်ကျားစနစ်နဲ့ အီတလီတပ်တွေကို ဘယ်လိုခြေမှုန်းမလဲ၊ အီတလီတွေဘက်ကရော အိုမာ မုခ်တာနဲ့ တော်လှန်ရေးကိုခြေမှုန်းဖို့ ဘယ်လောက်ထိ ကြိုးစားကြမလဲ။ ဘယ်လို လူအခွင့်ရေးနဲ့မညီတဲ့ ယုတ်မာမှုတွေကို အီတလီတွေက ကျူးလွန်ခဲ့ကြလဲ။ အိုမာ မုခ်တာတို့ လစ်ဗျားတိုင်းရင်းသားတွေက ဘယ်လိုတော်လှန်ကြမလဲဆိုတာကို ဒီရုပ်ရှင်မှာပြည့်ပြည့်စုံစုံကြည့်ရမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်ရဲ့ထူးခြားချက်က သာမန်ရုပ်ရှင်လို ပေါ်လစီတွေ ထိုင်ပြောတာမျိုး၊ ဇာတိမာန်တွေကို ဒိုင်ယာလော့အနေနဲ့ ငြီးငွေ့နေအောင် ထိုင်ပြောတာမျိုး၊ ရန်သူလာရင် အော်ပြီး ထွက်ချတာမျိုးမဟုတ်ဘဲ ဗျူဟာကျကျနဲ့ စစ်ချီစစ်ချပုံစံတွေကို ဖော်ပြထားပါတယ်။ တော်လှန်ရေးဘက်က ဗျူဟာအမြင်တစ်ခုတည်းကိုပဲ မဟုတ်ဘဲ အီတလီတွေရဲ့စစ်ရေးဗျူဟာတွေကိုပါ ပြည့်ပြည့်စုံစုံ ရိုက်ကူးဖော်ပြထားတဲ့အတွက် ဒီရုပ်ရှင်က စစ်ကားကြိုက်သူတွေအတွက်တော့ အကြိုက်တွေ့စေမှာပါ။ အညွှန်းနဲ့ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။
...

My Secret Famulus [FSDSS-573] ⭐- 🎬 #Adult 🗓 - 🎞 Series 🌎 #Japan ⏰ 2 နာရီ 5 မိနစ် 41 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 DS ပရိသတ်ကြီးရဲ့ အချစ်တော် မမ Yuko Ono ကို ပြန်တင်ဆက်ပေးရမဲ့အချိန်တစ်ဖန်ပြန်ရောက်လာပြီပဲ ဖြစ်ပါတယ်..မမဆိုပေမဲ့ မသိသေးတဲ့သူတွေကိုအလင်းပြရရင်တော့ လှသွေးအကြွယ်ဆုံး ၂၉ နှစ်အရွယ် မမပေါက်စလေးပဲဖြစ်ပါတယ် မမနဲ့ရင်းနှီးပြီးသားသူတွေကတော့ မမရဲ့ပစ္စည်းတွေဘာတွေ ဘယ်လိုဘယ်အနေအထားရှိလဲသိကြမှာပါပဲ မသိသေးတဲ့သူတွေလည်း ကိုယ်တိုင်စမ်းသပ်အားပေးပြီးမှ ဆိုရင်ဆိုသလောက်ရှိသင့်တာရှိအပ်တဲ့နေရာမှာရှိတဲ့ ပန်းပုရုပ်အချိုးအစားလေးဆိုတာ လက်တွေ့သိသွားကြမှာပါ အသက်လေးက သိပ်မကြီးသေးပေမယ့် ဘာလို့မမအထာဖြစ်နေလဲဆိုတော့ မျက်နှာပေးကိုကမမတွေလို အကြောတင်းတင်းနဲ့ကောင်မလေးဖြစ်နေလို့ပါ…ဒီထဲမှာတော့ ရုပ်ချောသလောက်အကြောတင်းပြီး အလုပ်ကြိုးစားတဲ့ အိုနိုလေးကို ဂျာကြီးကသူ့နေရာလုမှာစိုးလို့ အနုအကြမ်းနည်းပေါင်းစုံနဲ့ ဆုံးမပေးတဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ် Jav ဇာတ်ကားများဟာ ဖျော်ဖြေရေးအနေနဲ့စိတ်ကူးယဉ်တင်ဆက်ထားပေးတာမို့ဇာတ်ကားလိုပဲ ကြည့်ရှုခံစားပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ်
...

Breathe (2024) ⭐IMDB: 3.7/10 (505 Votes) 🎬 #Action #Thriller #ScienceFiction #Mystery 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 34 မိနစ် 47 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အနာဂတ်တစ်ချိန်မှာ ကမ္ဘာကြီးမှာ အောက်စီဂျင်တွေလုံး၀ကုန်ဆုံးသွားပြီး လူသားမျိုးနွယ်လည်း မျိုးတုန်းသွားခဲ့ပါတယ်။ မာယာနဲ့ သမီးဖြစ်သူဇိုရာတို့ကတော့ ဖခင်ဖြစ်သူရဲ့အကူအညီနဲ့ အောက်စီဂျင်ကိုဆက်လက်ထုတ်လုပ်ပြီး အသက်ရှင်နေနိုင်နေကြပါတယ်။ လေထုထဲမှာ အောက်စီဂျင်မရှိတာကြောင့် အာကာသထဲမှာလိုပဲ ပုန်းခိုနေတဲ့စခန်းထဲကထွက်ရင် အောက်စီဂျင်ကိရိယာအကူအညီနဲ့ပဲ ထွက်ခွာလို့ရပါတယ်။ တရက်မှာတော့ မြို့ပျက်ကြီးထဲက မာယာတို့သားအမိရဲ့ ပုန်းအောင်းရာနေရာလေးကို သူစိမ်းတွေရောက်လာပြီး မာယာတို့ကိုအန္တရာယ်ပြုဖို့ကြိုးပမ်းလာတဲ့အခါမှာတော့ မာယာတို့သားအမိနှစ်ယောက် ဒီသူစိမ်းတွေရဲ့ရန်ကို ဘယ်လိုရင်ဆိုင်ကြမလဲ၊ အသက်ရှင်ကျန်ရစ်တဲ့ လူသားတွေ‌မရှိ‌တော့တဲ့ကမ္ဘာကြီးမှာ ဒီလူတွေက ဘယ်သူတွေလဲ၊ ဘာကိုလိုချင်တာလဲဆိုတာကို စိတ်၀င်စားဖွယ် ဆက်လက်ကြည့်ရှုရမယ့်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။
...

Amar Singh Chamkila (2024) ⭐IMDB: 8.4/10 (3 k Votes) 🎬 #Biography #Bollywood #Drama #Music #Romance 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 26 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Amar Singh Chamkila (2024)(ချန်ကီလာကို ချေချွတ်တော်မူခန်း)April ၁၂ ရက်နေ့ကမှ အသစ်စက်စက်ထွက်ရှိထားတဲ့ ဘောလိဝုဒ်ကားလေးတစ်ကားကို မိတ်ဆက်ပေးပါရစေ။ ဒီကားလေးကတော့ IMDb 8.4 အထိရရှိထားတဲ့ကားလေးဖြစ််ပြီး ပန်ဂျက်အဆိုတော်တစ်ဦးဖြစ်တဲ့ အမာဆင်းဂ်ချမ်ကီလာရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။သူဟာ ၈၀ ခုနှစ်ဝန်းကျင်တွေမှာ အရမ်းကိုထူးချွန်တဲ့ အဆိုတော်တဦးဖြစ်ပြီး နာမည်ကြီးသလောက်ကို တစ်ဖက်မှာသူရေးခဲ့တဲ့ ဘွင်းဘွင်းရှင်းရှင်းရှိလွန်းတဲ့ စာသားတွေကြောင့် အောင်မြင်သလောက်ကို လူမုန်းလည်းခံခဲ့ရတဲ့ အဆိုတော်တစ်ဦးပါ။ဘာမဟုတ်တဲ့ တောသားကောင်လေးဘဝကနေ နာမည်ကြီးအဆိုတော်ဖြစ်လာရတဲသူ့ဘဝကလည်း အနိမ့်အမြင့်တွေများခဲ့တာပါပဲ။ ဒါပေမဲ့ တကယ်တမ်းသူလိုချင်တဲ့နေရာကိုရောက်တဲ့အခါမှာတော့ သူရော သူချစ်ရတဲ့လူရော သူအားကိုးတဲ့ အဖွဲ့သားတွေရောပါအတူတူလုပ်ကြံသတ်ဖြတ်ခြင်းခံလိုက်ရပါတယ်။ သေဆုံးချိန်မှာ အသက် ၂၇ ပဲရှိသေးတာမို့ ကြိုးစားပြီးရင်းခဲ့တဲ့အချိန်တွေနဲ့မတန်လောက်အောင်ကို ကြွေချိန်စောတယ်ပဲပြောရမှာပါ။ သူ့ဘဝသူ့ဇာတ်ကြောင်းနဲ့ ဘဝအခြေအနေအထွေထွေကိုမြင်သာအောင်ရိုက်ကူးတင်ဆက်ထားတာမို့ CM Bollywood Team က ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်နော်။
...

The American Society of Magical Negroes (2024) ⭐IMDB: 2.8/10 (7 k Votes) 🎬 #Comedy #Fantasy 🗓 2024 🎞 movie 🌎 #UnitedStates #Denmark #UnitedStatesofAmerica ⏰ 1 နာရီ 45 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အမေရိကန်နိုင်ငံကို ကြည့်လိုက်ရင် အရမ်းပျော်စရာကောင်းပြီး တိုးတက်နေတဲ့ နိုင်ငံဖြစ်တဲ့အတွက် တခြားနိုင်ငံတိုင်းက အားကျနေရတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်နေပါတော့တယ်။ဒါပေမယ့် အဲ့လိုခေတ်မှီ တိုးတက်နေတဲ့နိုင်ငံမှာ အခုထက်ထိတိုင် မပျောက် ပျက်ဘဲ ကျန်ရှိနေသေးတဲ့အရာကတော့ Racist ဆိုတဲ့ လူမျိုးရေးခွဲခြားတဲ့ လူတွေပဲဖြစ်ပါတယ်။တခြားနိုင်ငံတွေ မှာလည်းရှိပေမဲ့ သူတို့နိုင်ငံရဲ့ လူဖြူလူမည်း ခွဲခြားမှုကတော့ အခုထက်ထိကို မဆွေးမြေ့ပဲ ကျန်ရှိနေသေးတဲ့ နာမည်ကြီး လူမျိုးရေး ခွဲခြားမှုပဲဖြစ်ပါတယ်။လူဖြူရဲတွေက လူမည်းတွေကို တွေ့တာနဲ့ ရန်ရှာတယ် ပစ်သတ်တယ်ဆိုတာတွေက သူတို့နိုင်ငံမှာ မထူးခြားတော့ပါဘူး။အဲ့လိုလူမျိုးရေးခွဲခြားမှုတွေ ပပျောက် သွားအောင် ကြိုးစားနေတဲ့လူတွေရှိပေမဲ့ အနည်းနဲ့အများတော့ ကျန်ရှိနေပါသေးတယ်။အဲ့ဒါကြောင့် အဲ့လိုလူမျိုးရေးခွဲခြားမှုတွေကို ရပ်တန့်ပြီး လူမည်းတွေရဲ့ခံစားချက်တွေကို နားလည်အောင် ကွက်ကွက်ကွင်းကွင်းရိုက်ကူးပြသထားတဲ့ The American Society Of Magical Negroes ဆိုတဲ့ဇာတ်ကားကိုတင်ဆက် ပေးလိုက်ပါတယ်။ အယ်ရန်ဆိုတဲ့ လူငယ်လူမည်းတစ်ယောက်ဟာ လူဖြူတွေကြားမှာ သွားလာ ဆက်ဆံရတိုင်း အမြဲတမ်းအနှိမ်ခံရပြီး ဘယ်သူ့ရဲ့ အသိအမှတ်ပြုခြင်းကိုမှလည်း မခံရသူ တစ်ဦးပါ။တစ်ညမှာ ဘယ်သူမှ အဖက်မလုပ်တဲ့ သူ့ရဲ့အနုပညာလက်ရာကို ပြခန်းမှာ ပြပြီး ပြန်လာတဲ့လမ်းမှာ လူဖြူတွေနဲ့ပြဿနာတက်တော့မလို ဖြစ်တုန်း တခြားလူမည်းအဖိုးကြီးတစ်ယောက်က ဝင်ကူညီပေးခဲ့လို့ အယ်ရန်တစ်ယောက် အထောင်းသက်သာသွားပါတော့တယ်။ နောက်တော့ အဲ့ဒီလူမည်းအဖိုးကြီးက သူ့ကိုအလုပ်တစ်ခု ကမ်းလှမ်းခဲ့ပါတယ်။အဲ့ဒီ အလုပ်ကတော့ ရိုးရိုးတန်းတန်း အလုပ်မဟုတ်ဘဲ ဇာတ်ကားနာမည်အတိုင်း မှော်ဝင်နီဂရိုး အမေရိကန် အဖွဲ့အစည်းမှာ ဝင်အလုပ်လုပ်ဖို့ပါပဲ။အဲ့ဒီအဖွဲ့ အစည်းရဲ့ အဓိကတာဝန်ကတော့ သူတို့လူမည်းတွေ လူဖြူတွေရဲ့ ရန်ပြုခြင်းတွေ ရန်လိုခြင်းတွေမခံရဖို့အတွက် မှော်ပညာနဲ့ ပေါင်းစပ်ပြီး လူဖြူတွေကိုစိတ်ချမ်းသာအောင်လုပ်ပေးရတာပါပဲ။ ကြားရတာ ထူးထူးဆန်းဆန်းကြီးတော့ ဖြစ်နေမယ်ဆိုပေမဲ့ တကယ်တမ်း ဇာတ်လမ်းကိုကြည့်လိုက်တဲ့အခါမှာ မှော်ပညာ အပိုင်းတွေကို ဖယ်လိုက်ရင်ကျန်တဲ့အရာတွေအားလုံးက ဖြစ်ရပ်မှန်တစ်ခုလိုတောင် ဖြစ်နေမှာပါ။ဒီတော့အထက်မှာ ပြောခဲ့တဲ့အတိုင်း ယနေ့တိုင်မပြီးဆုံးနိုင်သေးတဲ့ ပြဿနာ တစ်ခုကို အမြင်တစ်မျိုးနဲ့ စိတ်ဝင်စားစရာကောင်းအောင် ရိုက်ကူးထားတဲ့ ဇာတ်ကားလေးဖြစ်တဲ့အတွက် ကောင်းတယ် မကောင်းဘူးကတော့ ကိုယ်တိုင်ပဲဝေဖန်ကြည့်ကြဖို့ပြောလိုက်ချင်ပါတယ်။
...

J Baby (2024) ⭐IMDB: 8.5/10 (80 Votes) 🎬 #Bollywood #Drama 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 19 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 J Baby (2024)“မေမေ” IMDb 8.7စိတ်နှလုံးချမ်းမြေ့စေမယ့် မိခင်မေတ္တာဖွဲ့ ဒရာမာကားလေးတစ်ကား တင်ပေးလိုက်ပါတယ်ရှုပ်ထွေးဆန်းပြားတဲ့ တည်ဆောက်ပုံတွေ မပါဝင်ပဲ ပရိသတ်ရင်ဘတ်ရောက်အောင်ရိုးရိုးရှင်းရှင်း ဆွဲခေါ်နိုင်မယ့် ဇာတ်လမ်းသွားမျိုးပါ ဘဝမှာ ပထမဆုံးချစ်ဖူးတဲ့ အမျိုးသမီးက အမေ မဟုတ်လား မိခင်မေတ္တာဆိုတာကိုမပြောလည်း လူတိုင်း ခံစားရဖူးတာပါပဲ ဒါတွေသိသည့်တိုင် ကိုယ့်အမေရဲ့စိတ်ထဲဘာတွေတွေးနေမှာလဲဆိုတာကိုတော့ အမှုမှတ်အမဲ့မှတ် မတွေးမိပဲရှိတတ်ပါတယ် ဇာတ်လမ်းအစမှာဆိုရင် ညီအစ်ကိုနှစ်ယောက်ကို သူတို့အမေ အဝေးကြီးကကောလ်ကတ္တားမြို့ကို ရောက်နေကြောင်း ရဲစခန်းက အကြောင်းကြားလာတယ် သူတို့ညီအစ်ကိုကလည်း နှစ်ပေါင်းများစွာ စကားမပြောတော့တဲ့ ညီအစ်ကိုပေါ့ ဒါပေမဲ့လည်းဒီတစ်ခါမှာတော့ နယ်မြေတစ်မျှော်တစ်ခေါ်ကို အတူတူသွားပြီး အမေ့ကိုပြန်ခေါ်ရဖို့ဖြစ်လာတယ် သူတို့ညီအစ်ကို အတိတ်တုန်းက ဘယ်လိုများ ပြဿနာဖြစ်ခဲ့လို့ စကားမပြောကြတာလဲသားသမီးတွေကို အရိပ်တကြည့်ကြည့် ရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပေးခဲ့တဲ့အမေက​ရော ဘာဖြစ်လို့ ရုတ်တရက် ထွက်သွားရတာလဲ ဇာတ်လမ်းအစ ဒိုင်ယာလော့တွေထဲမှာပဲ ပြောနေကြတဲ့ အမေ့ရဲ့ တကယ့်ဇာတ်လမ်းကရောဘယ်လိုဖြစ်လာမှာလဲ ​ဆိုတာကို ရိုးရိုးရှင်းရှင်း ပုံဖော်ထားတဲ့ ကားကောင်းလေးတစ်ကားပါ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်
...

Udanadi Mangalyam (2024) ⭐IMDB: 3.4/10 (5 Votes) 🎬 #Bollywood #Family #Drama 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 36 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Udanadi Mangalyam 2024 (ဂျာနာကီရဲ့ ဘဝခရီးလမ်း) အလုပ်လုပ်တယ်ဆိုတာ လစာရဖို့တစ်ခုတည်းတင် မဟုတ်ပါဘူး။အလုပ်တိုင်းမှာ အိပ်မက်တွေကိုယ်စီရှိတတ်ကြပါတယ်။ဒီလိုအိပ်မက်တွေနဲ့ ရှင်သန်နေတဲ့ ရွာလေးတစ်ရွာကဂျာနာကီဆိုတဲ့ ကောင်မလေးအကြောင်းကို ရိုက်ကူးတင်ဆက်ပြလိုက်ပါတယ်၊ ဂျာနာကီဆိုတဲ့ ကောင်မလေးကတော့ ပညာရေးကိုပဲ ဦးစားပေးပြီးတော့ အလုပ်ရပြီးသူ့ခြေထောက်ပေါ် သူ ရပ်တည်နိုင်ပြီဆိုမှ အိမ်ထောင်ပြုဖို့အကြောင်းကို တွေးချင်သူလေးပါ။ဒါပေမဲ့လည်း မိဘဖြစ်သူတွေကတော့ သူတို့သမီးလေးကို အရွယ်မလွန်ခင် အိမ်ထောင်ပြုပေးချင်နေကြပါတယ်။ ပိုပြီးဆိုးတာကတော့ ဗေဒင်ဆရာတစ်ယောက်က သူတို့သမီးလေးကို ၂၅နှစ်မှ အိမ်ထောင်မကျဘူးဆိုရင် ၃၂နှစ်ကျော်မှအိမ်ထောင်ကျတော့မယ်လို့ ဟောထားတဲ့အတွက် ရတက်မအေးဖြစ်နေရပါတော့တယ်။ မိဘတွေက ဘယ်လိုပဲ စီစဉ်ပေး စီစဉ်ပေး ဂျာနာကီကတော့ ခေါင်းမာမြဲမာပြီး လက်ထပ်ဖို့ကို အမြဲငြင်းနေခဲ့ပါတော့တယ်။ဒီလိုမျိုး ပညာရေးကိုပဲ ဦးစားပေးပြီးနေတဲ့ သမီးဖြစ်သူနဲ့ အရွယ်မလွန်ခင် လက်ထပ်ပေးချင်တဲ့မိဘတွေကြားက ဇာတ်လမ်းလေးကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်)
...

Contact (1997) ⭐TMDB: 74% User Score 🎬 #Drama #Mystery #SciFi #ScienceFiction 🗓 1997 🎞 movie 🌎 #UnitedStatesofAmerica ⏰ 2 နာရီ 30 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Contact (1997) IMDb Rating (7.5) / Rotten Tomatoes (68%) Forrest Gump တို့  Cast Away တို့  Back to the Future တို့လို နာမည်ကျော်ရုပ်ရှင်ကားတွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Robert Zemeckis ရဲ့ Sci-Fi /Drama ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ မင်းသမီး Jodie Foster, မင်းသားကြီး Matthew McConaughey တို့လို ဝါရင့်သရုပ်ဆောင်တွေပါဝင်ထားပြီး ရုံတင်ဝင်ငွေ $171.1 million ထိ ရရှိခဲ့တဲ့ တခေတ်တခါက အောင်မြင်ကျော်ကြားခဲ့တဲ့ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ လူသားတွေက ကိုယ့်ရဲ့ဖြစ်တည်မှုတစ်ခုတည်းနဲ့တောင် ပြဿနာတွေ ဒီလောက်ရှုပ်ထွေးနေတာ အဆုံးအစမဲ့ ကျယ်ပြောလှတဲ့ စကြဝဠာကြီးထဲကိုတောင် ခြေဆန့်လို့ ငါလိုလူမျိုးရှိသေးလား ရှာဖွေတတ်ကြသူတွေပါ။ လူကြီးမင်းအနေနဲ့ အပေါစား ဂြိုဟ်သားဇာတ်ကားထဲကလို ကွိကွိကွကွတွေပြော၊ အစိမ်းရောင်ကိုယ်ခန္ဓာနဲ့ အခြားကမ္ဘာသားတွေကို စိတ်ဝင်စားတတ်သူတစ်ယောက်လား။ ဒါဆိုရင်တော့ ဒီဇာတ်ကားက လူကြီးမင်းအတွက် မဟုတ်ပါဘူး။ အတ္တအဇ္ဇတ္တတစ်ခုနဲ့ပဲ လူကြီးမင်းဟာ ကမ္ဘာပေါ်က နေ့ရက်တစ်ခုကို ကျင်လည်ခဲ့တယ်ဆိုပါစို့။ လူကြီးမင်းဖြတ်သန်းနေတဲ့ မိနစ်တိုင်းမှာ စကြဝဠာထဲက ခုန်လျှိုးပေါက်တွေကတဆင့် သတ္တဝါတွေဟာ အလင်းနှစ်သန်းချီအဝေးကို စက္ကန့်မခြား ခရီးထွက်နေကြသတဲ့။ မိခင်မြေက စွန့်ခွာလာသူတွေကို ကြိုဆိုလိုက် မောင်းထုတ်လိုက် လုပ်နေသူတွေရှိပါတယ်။ ဒါဟာ ဘယ်သူတွေပါလဲ။ ဒါမှမဟုတ် ဘယ်သူပါလဲ။ သိပ္ပံပညာဟာ အချက်အလက် (database) နဲ့ သက်သေသက္ကာရ (prove) ကို အလေးအနက်ထား နံပါတ် ၁ နေရာက စဉ်းစားကြသူတွေပါ။ ဒါပေမဲ့ သိပ္ပံပညာနဲ့ ဖြေရှင်းလို့မရတဲ့ အရာတွေမှာရော ဘုရားရှင်ကို အရာရာရဲ့ အဖြေပါလို့ လက်ညိုးထိုးမလား။ သတိထားပါ လူကြီးမင်း။ ဘုရားသခင်ကို ဘယ်သူဖန်ဆင်းခဲ့သလဲလို့မေးရင် ကြက်ဥနဲ့ ကြက်မပြဿနာလို ဂျာအေးကို မုန့်လုံးစက္ကူကပ်နေမှာပါပဲ။ ဆင်မှာလည်း ဆင်အထွာနဲ့၊ ဆိတ်မှာလည်း ဆိတ်အထွာနဲ့ဆိုပေမဲ့ ဆင်အထွာကိုရော ဆိတ်အထွာကိုရော ပုရွက်ဆိတ်လေးက မမီခဲ့ပါဘူး။ ဒါပေမဲ့ ဆင်တွေ ဆိတ်တွေကို အောင်သေအောင်သားစားသူက ပုရွက်ဆိတ်လေးလည်း ဖြစ်နိုင်ပါရဲ့။ နွားခြေရာခွက်ထဲမှာ ရေတင်ကျန်ရစ်တာကို သမုဒ္ဒရာကြီးထင်နေတဲ့ ဖားလောင်းကို ဧရာဝတီမြစ်ထဲက ငါးကြင်းတစ်ကောင်က ရယ်သွမ်းသွေးတယ်ပဲ ထားကြပါစို့။ ‌အတ္တလန်းတစ် သမုဒ္ဒရာထဲက ဝေလငါးကတော့ သူ့နေရာမှာတောင် နယ်မနှံ့ခဲ့သေးပါဘူး။ ဒီလိုနဲ့ပဲ ဘုရားသားတော်တစ်ပါးနဲ့ သိပ္ပံကျေးကျွန်တစ်ယောက်က ကိုယ်ယုံကြည်ရာကို တစိုက်မတ်မတ် လုပ်ခဲ့ပေမဲ့ ရေများရင် ရေနိုင်လို့ မီးများရင် မီးနိုင်တဲ့လောကကြီးမှာ အမှန်တရားနဲ့ ယုတ္တိကျ ပြေပြစ်ခြင်းဆိုတာ တစ်ခါတလေမှာလည်း ဘယ်ဘက်မှာ၊ တစ်ခါတလေမှာလည်း ညာဘက်မှာ။ လူကြီးမင်းက အဖြူကို အဖြူပါလို့လက်ခံထားချိန်မှာ မဟူရာလို နက်မှောင်ပါတယ်လို့ ပြောလာသူတစ်ယောက်ကို လေးစားတတ်ဖို့ တကယ်အရေးကြီးပါတယ်။ သူကလည်း အမည်းကို ‌အဖြူလို့ ပြောလာသူတစ်ယောက်ကို ရင်ဆိုင်နေရသူပါ။ ဒါပေမဲ့ တစ်ထွာစာ မြေနေရာလောက်နဲ့ လူတစ်သိန်းအသက်ကို စတေးရဲသူ လူသားတွေဟာ အမည်းကို အဖြူပြောတယ်ဆိုပြီး အယူလွှဲမှားသူစာရင်းထဲကိုထည့် ရက်ရက်စက်စက် အပြစ်ပေးတတ်သူတွေ။ ဒီလိုနဲ့ပဲ အပြစ်အနာအဆာတွေ အများကြီးနဲ့ လူသားတွေရယ်၊ လူသားတွေလိုသတ္တဝါတွေရယ်ကို သူတို့က ဘယ်လောက်တောင် သိမ်နုတ်သလဲ၊ ဉာဏ်တိမ်သလဲဆိုတာ ခေါ်ပြောလိုက်ရုံတမယ် တစ်ဆင့်မြင့် အခြားကြယ်စုကြယ်ဝေးက ဂြိုဟ်သားတွေဟာ ရေဒီယိုလှိုင်းတွေနဲ့ ဆက်သွယ်ခေါ်ယူ ပညာပေးနေကြသတဲ့။ ဒီဇာတ်လမ်းဟာ လူကြီးမင်းတို့ကို အတွေးတစ်စုံတစ်ရာ ‌ပေးစွမ်းမှာဖြစ်ပြီးတော့ တနုံ့နုံ့ခံစားနေရမယ့် ရုပ်ရှင်တစ်ကားပါပဲ။ သိပ္ပံပညာရှင် အမျိုးသမီးတစ်ဦး ဗေဂါကြယ်အဖွဲ့အစည်းဆီကနေ ဆက်သွယ်မှုတစ်ခုရ၊ သူတို့ပေးတဲ့နည်းပညာနဲ့ သူတို့ဆီကို ခရီးထွက်ခဲ့တဲ့အကြောင်းဆိုပေမဲ့ အရင်းစစ်ရင် အမြစ်ကဆိုသလို မြေကမ္ဘာပေါ်မှာပဲ အသိအသစ်တွေနဲ့ အစကနေ ပြန်လည်နေထိုင်ရခြင်းကို ရည်ညွှန်းတယ်ထင်ပါရဲ့လေ။ စိတ်ပညာအသားပေးရုပ်ရှင်မလို့ ဇာတ်လမ်းနဲ့ ဇာတ်ကွက်ကို အဓိကမထားဘဲ ဒါရိုက်တာပေးချင်တဲ့ သတင်းစကားကိုသာ လိုအပ်သလို အဓိပ္ပာယ်ဖွင့်ယူနိုင်တဲ့ ကြည့်သင့်ကြည့်ထိုက်တဲ့ ဇာတ်ကားဖြစ်‌ကြောင်းပါဗျာ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Arr Khun Winchester မှ တင်ဆက်ထားပါတယ်။)
...

Little Women (1994) ⭐TMDB: 73% User Score 🎬 #Drama #Family #Romance 🗓 1994 🎞 movie 🌎 #UnitedStatesofAmerica #Canada ⏰ 1 နာရီ 59 မိနစ် 43 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အမေရိကန်စာရေးဆရာမကြီး Louisa May Alcott ရဲ့ ဂန္ထဝင်လက်ရာ Little Women Novel ကို ရုပ်ရှင်အဖြစ် အကြိမ်ကြိမ်အသက်သွင်းခဲ့ဖူးပါတယ်။ ပြန်လည်ရိုက်ကူးထားတဲ့ ရုပ်ရှင်တွေထဲကမှ ပရိတ်သတ်ကြီးတို့နဲ့ ရင်းနှီးနေလောက်မှာကတော့ ၂၀၁၉တုန်းကထွက်ခဲ့တဲ့ Timothée Chalamet တို့၊ Emma Watsonတို့ပါတဲ့ကားပေါ့။ အဲ့တုန်းကလည်း CM မှာ တင်ပေးပြီးပါပြီ။ အခုဒါကတော့ အဲ့ရှေ့က ၁၉၉၄ခုနှစ်မှာထွက်ခဲ့တဲ့ Little Women ပါ။ Little Women Movie တွေထဲမှာ ဒီတစ်ခုကလည်းတကယ်ထိတ်ထိတ်ကြဲပါ။ IMDb 7.3နဲ့ Rotten Tomatoes 93%ရထားတဲ့အပြင် Cast တွေကိုပြေးကြည့်လိုက်ရင်လည်း ဘတ်မန်းမင်းသား Christian Baleက လော်ရီနေရာက၊ Stranger Things ထဲမှာJoyce Byersအဖြစ်ပါခဲ့တဲ့ မင်းသမီးWinona Ryderက ဂျို၊ စပိုက်ဒါမန်းထဲက MJ အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Kirsten Dunstက အေမီနေရာက သရုပ်ဆောင်ထားတာပါ။ ဒီကားထဲမှာ သူတို့အကုန်ငယ်ကြပါသေးတယ်။ တခြားသရုပ်ဆောင်ကောင်းတွေအများကြီးလည်း ပါပါတယ်။ ဇာတ်လမ်းကတော့ မက်ဂ်၊ဂျို၊ဘက်သ်၊ အေမီတို့ ညီအစ်မလေးယောက်ရဲ့ဘဝကို ရိုက်ပြသွားတာပါ။ 1860ကာလကို အခြေတည်ထားတာဖြစ်တဲ့အတွက် အဲ့ဘက်ခေတ်လူနေမှုပုံစံကို ကြိုက်တဲ့သူတွေအတွက် တကယ်စီးမျောလို့ကောင်းမဲ့ကားလေးဖြစ်ပါတယ်။ လူမှုရေး၊ ခံယူချက်၊ အချစ်၊ မိသားစုဘဝ စုံစုံလင်လင်ပါပဲ။ ၂၀၁၉ကားကို အရင်ကြည့်ဖူးထားတဲ့ ကျွန်တော့်အမြင်မှာတော့ နှစ်ကားလုံးက တစ်မျိုးစီကြည့်ကောင်းကြတာဗျ။ ရိုက်တဲ့ခေတ် ကွာလို့ပဲလားမသိ၊ အပြင်အဆင်နဲ့ မတူတဲ့ဇာတ်ကွက်တွေကြောင့် ဝတ္ထုတစ်ခုတည်းဖြစ်နေတာတောင် မရိုးတာထင်ပါတယ်။ အဲတော့ Little Women မကြည့်ဖူးသေးတဲ့သူတွေ အခု၁၉၉၄ကားကိုကြည့်ပြီးသွားရင်လည်း ၂၀၁၉ကကားကို ထပ်ကြည့်လို့ရပါတယ်။ ကြည့်ရှုခံစားလိုက်ပါဦး။
...

The Red Tide Massacre (2022) ⭐IMDB: 5.0/10 (73 Votes) 🎬 #Horror 🗓 2022 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 28 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီရေနီဆိုတာကတော့ ပင်လယ်ကမ်းခြေတွေမှာ ရေကိုတောင်အရောင်ပြောင်းစေပြီး ရေနေသတ္တဝါတွေ၊ လူသားတွေအတွက်ပါ အန္တရာယ်ဖြစ်စေလောက်တဲ့ ရေညှိတွေ အဆမတန်များပြားလာတဲ့ဖြစ်စဉ်ပါ။ ဒီကားကတော့ အဲဒီရေညှိတွေကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဟော်ရာရုပ်ရှင်အမျိုးအစားပဲဖြစ်ပါတယ်။ ဖလော်ရီဒါမှာ ဒီရေညှိပြဿနာကိုကြုံတွေ့နေရတဲ့အပြင် အယ်လ်ဒေးဗစ်ဆိုတဲ့ အကျဉ်းသားလူသတ်သမားတစ်ယောက်ကလည်း လွတ်သွားပါသေးတယ်။ ကမ်းခြေတွေလည်းပိတ်ထားရပြီး အကုန်ခြောက်ကပ်နေတာပေါ့။ ရဲမှူးဖူလာတို့သားအဖရယ်၊ လော့စ်အိန်ဂျလိစ်ကနေ ဒီကိုပြောင်းလာတဲ့ သတင်းထောက်မလေးရီယိုလီရယ်၊ ရေညှိအကြောင်းသုတေသနလုပ်နေတဲ့ မင်းသားသူငယ်ချင်းတွေရယ်က သူတို့ရဲ့ဖလော်ရီဒါမှာဖြစ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့လုပ်ကြတဲ့ဇာတ်လမ်းပါ။ ကြည့်ရှုခံစားလိုက်ကြပါဦး။
...

Stolen (2024) ⭐IMDB: 5.5/10 (361 Votes) 🎬 #Drama #Thriller #Crime 🗓 2024 🎞 movie 🌎 #Sweden ⏰ 1 နာရီ 47 မိနစ် 25 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကမ္ဘာအနှံ့အပြားမှာ မထင်မရှား လူမျိုးနွယ်စုလေးတွေ ဟိုတစ်စု ဒီတစ်စုနဲ့ရှိနေတတ်ပါတယ်။ တချို့ လူမျိုးနွယ် စုတွေကျတော့ အခုခေတ်နဲ့အရမ်းဝေးကျန်နေခဲ့သလို တချို့တိုင်းရင်းသား လူမျိုးစုတွေကျတော့လည်း ခေတ်နဲ့အညီ လူတွေကြားထဲမှာအတူ ယှဉ်တွဲနေထိုင် နေကြပါတယ်။အခုတင်ဆက်ပေးမဲ့ Stolen ဆိုတဲ့ ဇာတ်ကားလေးက ဆာမီလူမျိုးတွေကို အဓိကထားရိုက်ကူး ထားတာပဲဖြစ်ပါတယ်။ ဆာမီလူမျိုးတွေက သမင်တွေကို ကျောင်းတဲ့အလုပ်ကို အဓိကထားလုပ်ကြပြီး သမင်တွေက သူတို့အတွက် အရမ်းတန်ဖိုးထားရတဲ့ သတ္တဝါလေးတွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် တစ်နေ့မှာတော့ သူတို့လူမျိုးတွေကို မုန်းတီးတဲ့ လူတစ်ယောက်က သမင်တွေကိုတစ်ကောင်ပြီး တစ်ကောင် စသတ်ပါတော့တယ်။ အဲ့ဒီအသတ်ခံရတဲ့ သမင်တွေထဲမှာ ညှပ်ပါသွားတာကတော့ ဆာမီကောင်မလေး အယ်လ်ဆာ မကြာသေးခင်ကမှ ရရှိထားတဲ့ သမင်ပုံစံချိုတပ်ထားတဲ့ နွားလေးပဲ ဖြစ်ပါတယ်။တရားခံကို သူကိုယ်တိုင် ရှင်းရှင်း လင်းလင်းမြင်ခဲ့ပေမဲ့ ကလေးဘ၀မှာ စိတ်ထိခိုက်စရာတွေ အများကြီးကို ကြုံတွေ့ခဲ့ရတဲ့အတွက် ရဲတွေရှေ့မှာဘာမှ ပြောမထွက်ခဲ့ပါဘူး။ဒီလိုနဲ့နှစ် ၂၀ ကျော်ကြာသွားခဲ့ပြီး အယ်လ်ဆာ တစ်ယောက်အရွယ်ရောက်လာတဲ့အထိ ဒီသမင်တွေအသတ်ခံရတဲ့ ကိစ္စတွေကအဆုံးမသတ်သေးတဲ့ အခါမှာတော့ ငယ်ငယ်တုန်းကစိတ်ဒဏ်ရာတွေကို ကျော်လွှားပြီး သနားစရာကောင်းတဲ့သမင်လေးတွေအတွက် တရားမျှတမှုကို ဖော်ထုတ်ပေးသွားနိုင်မလားဆိုတာကို ကြည့်ရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။
...

Woody Woodpecker Goes to Camp (2024) ⭐IMDB: 4.7/10 (363 Votes) 🎬 #Adventure #Comedy #Family #Animation #Fantasy 🗓 2024 🎞 movie 🌎 #UnitedStates #Bulgaria #UnitedStatesofAmerica ⏰ 1 နာရီ 40 မိနစ် 45 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 သစ်တောက်ငှက် ဝူဒီလေးရဲ့ ဒုတိယကားထွက်ရှိလာပါပြီ….။ ဝူဒီလေးကိုတော့ အားလုံးသိကြပြီးသားဖြစ်မှာပါ … သူ့ကိုယ်ပိုင်ရယ်သံလေးနဲ့အမြဲတမ်းပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ သစ်တောက်ငှက်လေးပေါ့…။ ဇာတ်လမ်းအကျဥ်းလေးကိုပြောပြရရင် ဝူဒီ ဆိုတာ တိတ်ဆိတ်ငြိမ်းချမ်းတဲ့ သူ့တောအုပ်ထဲမှာ ဆူညံပူညံလာလုပ်တဲ့လူတွေ၊ လာဖျက်ဆီးတဲ့လူတွေကို ပညာပေးပြီး နှင်ထုတ်လေ့ရှိတဲ့ သစ်တောက်ငှက်လေးပေါ့….။ ကံဆိုးချင်တော့ လူတွေဖျက်ဆီးတာထက် ဝူဒီရဲ့အဆင်အခြင်မဲ့ လုပ်ဆောင်မှုကြောင့် သစ်တောပျက်ဆီးရတာကပိုများပါတယ်…။ ဒါကြောင့် တောပိုင်ကြီးက ဝူဒီလေးကို အသင်းအဖွဲ့နဲ့နေတတ်မှ ပြန်လာခဲ့ဆိုပြီးတောအုပ်ထဲမှ နှင်ထုတ်လိုက်ပါတယ်…။ ဒီလိုနဲ့ ဝူဒီလေးတစ်ယောက် အသင်းအဖွဲဲ့နဲ့ နေတတ်အောင် သင်ယူဖို့ဆိုပြီး နွေရာသီစခန်းတစ်ခုကိုရောက်သွားပါတယ်…။ ဒီစခန်းမှာရော ဘယ်လိုလူတွေနဲ့စုံရမလဲ၊ ဘယ်လိုစွန့်စားခန်းတွေက စောင့်ကြိုနေဦးမလဲဆိုတာကို ပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့် ဇာတ်ကားလေးဖြစ်ပါတယ်။
...

First Time Female Director (2023) ⭐IMDB: 4.3/10 (335 Votes) 🎬 #Comedy 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 37 မိနစ် 10 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 First Time Female Director (2023) Dark Comedy ပုံစံမျိုးကိုမှ သဘောကျတတ်တဲ့ ပရိတ်သတ်ကြီးအတွက်၂၀၂၃ တုန်းကထွက်ထားတဲ့ First Time Female Director ဆိုတဲ့ကားလေးတင်ဆက်ပေးလိုက်ပါတယ်။သရုပ်ဆောင်တွေကလဲ Brooklyn Nine Nine ထဲက Gina အဖြစ်သရုပ်ဆောင်ထားတဲ့Chelsea Peretti ကအဓိကသရုပ်ဆောင်အနေနဲ့ ပါဝင်ထားပါတယ်။ဒါရိုက်တာအနေနဲ့လဲ သူပဲရိုက်ထားပြီးတော့ဇာတ်ကားနာမည်အတိုင်း First Time Female Director ပါပဲ။တမင်အခွက်ပြောင်ထားသလားတောင် မှတ်ရတယ်။Dark Comedy ဆိုတဲ့အတိုင်း သူတို့နိုင်ငံကလူတွေကို ထေ့လုံးရွဲ့လုံးတွေနဲ့ဟာသလုပ်ထားတာဆိုတော့ နဲနဲတော့ နားလည်ရခက်နေပါလိမ့်မယ် ဒါပေမဲ့ ရယ်ရပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ပြဇာတ်ရေးပြီးအလုပ်လုပ်နေတဲ့ ဆမ်တစ်ယောက်သူ့ရဲ့ ကုထုံးဆရာဝန်ကလဲ လက်လန်စရာ ဆေးစွဲဖူးတဲ့သူဒီလို တလွဲလူနာနဲ့ တလွဲကုထုံးဆရာ တွေ့ပြီး ဆွေးနွေးကြတယ်ပေါ့။ပြဇာတ်ရေးဆရာမကနေ ရုတ်တရက်ကြီး သူ့ရှေ့က ဒါရိုက်တာတစ်ယောက်ကသရုပ်ဆောင်တစ်ယောက်နဲ့ အိပ်လိုက်တဲ့အတွက် အထုတ်ခံလိုက်ရပြီးနေ့ချင်းညချင်း ပြဇာတ်ရေးဆရာမကနေ ကောက်ကာငင်ကာ ဒါရိုက်တာလုပ်ဖို့ကမ်းလှမ်းလာပါတယ်။ဒီတလွဲလူနာနဲ့ ကုထုံးဆရာ နှစ်ယောက်ပေါင်း တိုင်ပင်ပြီး ဒါရိုက်တာအလုပ်ကို လက်ခံလိုက်ပါတယ်။အဲ့မှာ စတာပါပဲ သရုပ်ဆောင်တွေက ဒါရိုက်တာကို ခွေးအချောင်းချောင်းပြီး ဒုက္ခပေးတော့တာပါပဲ။ဆမ် တစ်ယောက်ဒီလို သရုပ်ဆောင်တွေကြား ဘယ်လိုရှင်သန်ရပ်တည်ပြီးပြဇာတ်ကိုပြီးအောင်ရိုက်မလဲဆိုတာ တလွဲဟာသတွေနဲ့ ကြည့်ရှုလိုက်ကြပါဦး …. အညွှန်း နဲ့ ဘာသာပြန်ကတော့K.Heinပဲ ဖြစ်ပါတယ်။
...

The Shining (1980) ⭐TMDB: 82% User Score 🎬 #Drama #Horror #Thriller 🗓 1980 🎞 movie 🌎 #USA #UnitedKingdom #UnitedStatesofAmerica ⏰ 2 နာရီ 23 မိနစ် 46 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 CM ပရိသတ်ကြီးကို ၁၉၈၀ ခုနှစ်ကအရမ်းအောင်မြင်ခဲ့တဲ့ Drama/ Horrorဇာတ်ကားတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားဟာ နာမည်ကျော် The Shawshank Redemption ဇာတ်ကားရဲ့မူရင်းစာရေးဆရာ Steven King ရဲ့ နာမည်ကျော် စာအုပ်တစ်အုပ်ကို ရုပ်ရှင်အဖြစ်ပြန်လည် ရိုက်ကူးထားတာဖြစ်ပါတယ်။Rating အရ IMDb 8.4/10 နဲ့ RT 84% ရရှိခဲ့တာပါ။Old but Gold ပါပဲ…. ဇာတ်လမ်းကတော့………..ဘဝမှာ အောင်မြင်မှုမရခဲ့တဲ့ ကျောင်းဆရာလူထွက် ဖခင်တစ်ယောက်…ခင်ပွန်းနဲ့သားကို ချစ်တတ်လွန်းတဲ့မိခင်တစ်ယောက်…. ထူးခြားတဲ့ပါရမီတစ်ခုကို ပိုင်ဆိုင်ထားပြီးချစ်ရာကောင်းတဲ့ ကောင်လေးတစ်ယောက်…..အဲဒီသုံးယောက်ပေါင်းစပ်ထားပြီး မပြည့်စုံတဲ့ မိသားစုတစ်ခုဟာ မကြာသေးမီအချိန်ကပဲ ဆိုးရွားတဲ့လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့တဲ့၊ ရာသီဥတုဆိုးတဲ့ဆောင်းတွင်း ကာလမှာပိတ်ထားရပြီး အင်ဒီးယန်းတွေရဲ့ သုဿန်မြေဟောင်းပေါ်မှာ တည်ဆောက်ထားတဲ့ ကော်လိုရာဒိုကရှေးဟောင်းဟိုတယ်တစ်ခုမှာ ဆောင်းတွင်းဘက် ဟိုတယ်အစောင့်အလုပ်ကို လက်ခံခဲ့ပြီးတဲ့နောက်မှာတော့…….. ဒီဇာတ်ကားမှာ အော်စကာဆုအတွက်ရာထားခံရမှုအများဆုံးနဲ့၊ အော်စကာဆု ၃ ဆု ဆွတ်ခူးခဲ့သူဖြစ်တဲ့ Jack Nicholson က ခေါင်းဆောင်ပါဝင်ထားပြီး ထိပ်တန်းHorror Movies List မှာပါဝင်တဲ့ ဇာတ်ကားကောင်း ဇာတ်ကားဟောင်းဖြစ်တာကြောင့် ကြည့်ရှုခံစားလိုက်ပါဦးခင်ဗျာ။
...