uz
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Yopiq kanal

🚩 Channel was restricted by Telegram

Ko'proq ko'rsatish
Ma'lumot yo'q
Obunachilar
-524 soatlar
-47 kun
+730 kun
Postlar arxiv
Low Season (2020) ⭐IMDB: 6.4/10 (651 Votes) 🎬 #Comedy #Horror #Romance 🗓 2020 🎞 movie 🌎 #Thailand ⏰ 2 နာရီ 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဇာတ်ကားနာမည် “ခရီးသွားပါးချိန်” ဆိုတဲ့အတိုင်းပါပဲ ခရီးသွားရာသီမဟုတ်တဲ့ မိုးရာသီတစ်နေ့မှာ တောင်ပေါ်တည်းခိုစခန်းလေးတစ်ခုကို ဧည့်သည်ကောင်မလေးတစ်ယောက် ရောက်လာပါတော့တယ် ကောင်မလေးဟာ မွေးကတည်းကသရဲတွေကိုမြင်ရပြီး သူ့ရဲ့အဲ့အချက်ကြောင့် ကောင်လေးတွေထားခဲ့တာကို ခဏခဏခံရသူလည်းဖြစ်ပါတယ်။ နောက်ဆုံးတွဲခဲ့တဲ့ စီနီယာအစ်ကိုကြီးချောချောလေးဟာလည်း နာမည်ကြီးပြီးနောက်ပိုင်း ရုပ်ရှင်မင်းသမီးတစ်ယောက်နဲ့ဖောက်ပြန်လို့ အသည်းကွဲပြီး ဒီတောင်ပေါ်စခန်းလေးကို ရောက်လာပါတော့တယ်။ ထူးခြားတာက အဲ့ဒီတောင်ပေါ်စခန်းလေးက အသည်းကွဲသမားတွေပဲစုနေတဲ့နေရာ… အဲ့ဒီတော့ အသည်းကွဲသမားအချင်းချင်း တစ်ယောက်ဒဏ်ရာတစ်ယောက် ဘယ်လိုကုစားကြမလဲ။ ဘယ်လိုအမှတ်တရတွေကိုဖန်တီးကြမလဲ။ သရဲနဲ့ပတ်သက်ပြီးရော ဘယ်လိုစွန့်စားခန်းတွေဖွင့်ကြမလဲဆိုတာကို ချင်းမိုင်ရဲ့သဘာဝတောတောင်ရေမြေအလှအပလေးတွေနဲ့ ချစ်စရာရိုးရာဓလေ့လေးတွေကိုခံစားရင်း စိတ်လှုပ်ရှားဖွယ်ကြည့်ရှုကြရမှာဖြစ်ပါတယ်။ မင်းသားချော Mario နဲ့ ချစ်စရာမင်းသမီးလေး Ploypailinတို့ chemistryမိမိလေး ပါဝင်သရုပ်ဆောင်ထားတဲ့ Romance Horror Comedy ဇာတ်ကားလေးကို ကြည့်ရှုခံစားလိုက်ကြပါဦး စာကြွင်း…မင်းသမီးကတော့ ဘယ်အရပ်ရောက်ရောက် ခေါင်းချတာနဲ့အိပ်ပျော်တယ် ကိုယ်တွေလိုပဲ
...

Under the Bridge (2024) ⭐TMDB: 90% User Score 🎬 #Drama #Crime 🗓 2024 🎞 Series 🌎 #UnitedStatesofAmerica ⏰ 48 မိနစ် 20 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Under the Bridge (2024)  Crime , Biography ကို Rating 7.3 နဲ့အတော်လေး မြင့်တဲ့အထဲမှာပါပါတယ် ဖြစ်ရပ်မှန်ကိုအခြေခံထားပြီး လီယိုနာဒိုနဲ့တွဲရိုက်ထားတဲ့ Killer of the Flower Moonမင်းသမီးကြီး Lily Gladstone ဦးဆောင်ပါဝင်ထားပါတယ်…ဇာတ်လမ်းအညွန်းကိုပြောရရင်… ကနေဒါက ဗစ်တိုးရီးယားဆိုတဲ့ မြို့ငယ်လေးမှာ စပါတယ် မြို့လေးက မိဘမဲ့နဲ့အိမ်ရာမဲ့တွေအရမ်းများတဲ့ မြို့ငယ်လေးပါ…ဒီမြို့ငယ်လေးကို ရွှေ့ပြောင်းနေထိုင်သူအများစုနေထိုင်ကြပါတယ် အဲဒီထဲကမှ အိန္ဒိယကနေ ပြောင်းလာတာ မျိုးဆက် ၂ ဆက်ရှိပြီဖြစ်တဲ့ ဆူမန်…မန်ဂျီးတို့မိသားစုရှိပါတယ်ရီနာဟာ သူတို့မိသားစုမှာ တစ်ဦးထဲသောသမီးဖြစ်ပြီး မိသားစုကအရမ်းချစ်သလောက် သူကတော့ မိဘမဲ့ဂေဟာက လူမိုက်တွေနဲ့ပေါင်းပြီး Cool Kid ဖြစ်ချင်နေသူပေါ့…ကျောင်းမှာလည်း အရမ်းနှိမ်ခံရတဲ့အတွက် ကလေးလူမိုက်ဂိုဏ်းထဲဝင်မိလိုက်ပါတယ်…တစ်နေ့သူ့ကိုပါတီဆိုပြီး ဖိတ်လိုက်တာက တကယ်တော့ သူ့သေတွင်းဖြစ်မှန်းမသိဖြစ်နေခဲ့ပါတယ်….အုပ်စုဖွဲ့အနိုင်ကျင့်ခံရပြီး သေဆုံးသွားတဲ့ ရီနာရဲ့အမှုဟာ ဗစ်တိုးရီးယားက ရဲတွေ အာရုံစိုက်စရာဖြစ်လာပါတယ်….ရီနာရဲ့ လူသတ်တရားခံကို ရှာဖွေဖော်ထုတ်ဖို့အတွက် အရင်က ရန်ဘက်ဟောင်းတွေဖြစ်ခဲ့ဖူးတယ် ရဲမေ ကန်ဘန့်လန်နဲ့ ဂျာနယ်လစ်ရေဘက်ကာတို့ရဲ့ တာဝန်ဖြစ်လာပါတယ်( အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ်
...

A Picture of Her (2023) ⭐IMDB: 6.7/10 (1 k Votes) 🎬 #Romance #TVMovie 🗓 2023 🎞 tv movie 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 24 မိနစ် 34 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဝါရှင်တန်က အဖေ့ရဲ့ငါးဖမ်းလှေပေါ်မှာ အလုပ်လုပ်တဲ့ ဘတ်သ် ဆိုတဲ့ကောင်မလေးဟာ တစ်နေ့မှာတော့ အယ်လ်အေမြို့က သူ့ရဲ့အဒေါ် ခြေထောက်ကျိုးသွားတာကြောင့် အဒေါ်ကို ပြုစုပေးဖို့အတွက် မြို့ပေါ်ကိုတက်လာခဲ့ပါတယ်။ အယ်လ်အေမြို့က လယ်သမားဈေး တစ်ခုမှာ လျှောက်ကြည့်နေတုန်း ဘတ်သ်ကို ဂျိတ်ဆိုတဲ့ ဓါတ်ပုံဆရာတစ်ယောက်က တွေ့သွားပြီး ဓါတ်ပုံလှမ်းရိုက်ခဲ့ပါတယ်။ အဲ့ဒီရိုက်လိုက်တဲ့ ဓါတ်ပုံဟာ မဂ္ဂဇင်း မျက်နှာဖုံးမှာ ပါဖို့ရွေးချယ် ခံလိုက်ရပြီးမှာတော့ ဘတ်သ်ဟာ လူအများကြားမှာ နာမည်ကြီးလာခဲ့ပါတယ်။ ဒီနောက်မှာတော့ ဘတ်သ်ဟာ သူ့ရဲ့ဓါတ်ပုံကို အခွင့်မရပဲ ရိုက်လိုက်တဲ့ ဓာတ်ပုံဆရာရဲ့ သရုပ်မှန်ကို လိုက်လံရှာဖွေပါတော့တယ်။ဒီလိုရှာဖွေနေချိန်အတွင်းမှာ ဘတ်သ်နဲ့ ဂျိတ် တို့ရဲ့ အချစ်ဇာတ်လမ်းလေး ပေါက်ဖွား လာတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။
...

The Professional Bridesmaid (2023) ⭐IMDB: 6.2/10 (819 Votes) 🎬 #Romance #TVMovie #Comedy 🗓 2023 🎞 tv movie 🌎 #UnitedStates #Canada ⏰ 1 နာရီ 24 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 2023 မှာထွက်ရှိခဲ့တဲ့ The Professional Bridesmaid ဆိုတဲ့Romance/Comedyဇာတ်ကားကောင်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ မက်ဂီဟာ ပရော်ဖက်ရှင်နယ် သတို့သမီးအရံဆိုတဲ့ လက်ထပ်မင်္ဂလာပွဲတွေမှာ သတို့သမီးဖြစ်သူစိတ်ဖိစီးမှုမရှိအောင် သူငယ်ချင်းအနေနဲ့ရော သတို့သမီးအရံတစ်ယောက်အနေနဲ့ပါ အစစအရာရာလိုက်ဖြည့်စည်းပေးရတဲ့အလုပ်လုပ်ကိုင်သူပါ။ တစ်နေ့တော့ မီဒီယာအာရုံစိုက်မှုများတဲ့ မြို့တော်ဝန်သမီးဖြစ်သူရဲ့ မင်္ဂလာပွဲကို ကိုင်တွယ်ရပါတော့တယ်။ မြို့တော်ဝန်ဖြစ်သူကလည်း ဘာအလွဲအချော်မှမဖြစ်ဖို့အတန်တန်မှာထားပြီး ပွဲမှာ ရင်းနှီးသွားတဲ့ သတင်းထောက်လူချောလေးဟင်နရီပေါ် ခံစားချက်တွေရှိလာတဲ့အခါ လက်ထပ်ပွဲကအလွဲတွေတစ်ဖက် သူ့ရဲ့အကြောင်းစုံကိုဟင်နရီသိမှာစိုးရတာတစ်ကြောင်းနဲ့ မက်ဂီတစ်ယောက်ဘယ်လိုရုန်းကန်ရမလဲဆိုတာ ရယ်စရာအလွဲလေးတွေနဲ့ ရှုစားလိုက်ကြပါဦး
...

Vidya Vasula Aham (2024) ⭐IMDB: 7.4/10 (13 Votes) 🎬 #Bollywood #Comedy #Romance #Drama 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 43 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Vidhya Vasula Aham 2024 (အိမ်ထောင်ရေးဇာတ်လမ်းလေးတစ်ပုဒ်) ဘဝဆိုတာရှိလာခဲ့ရင် အိမ်ထောင်ပြုတယ်ဆိုတာကလည်း ပါဝင်နေတယ်မလား။အိမ်ထောင်ပြုရာမှာလည်း ချစ်လို့ကြိုက်လို့ အိမ်ထောင်ပြုလိုက်တာနဲ့ မိဘကပေးစားလို့အိမ်ထောင်ပြုလိုက်ရတာဆိုပြီး ကွဲပြားပါသေးတယ်။ ဒီဇာတ်လမ်းမှာတော့ အိမ်ထောင်မပြုချင်တဲ့ ကောင်လေးနဲ့ ကောင်မလေးတို့ရဲ့ မိဘတွေကအိမ်ထောင်ပြုဖို့ နားပူနားဆာလုပ်လွန်းလို့ အိမ်ထောင်ပြုဖို့ ဆုံးဖြတ်လိုက်ရာကနေချစ်မိသွားကြတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ အိမ်ထောင်ရေးကို စိတ်မဝင်စားလို့ အေးရာအေးကြောင်းနေနေတဲ့ ဗာဆူဆိုတဲ့ကောင်လေးနဲ့ ဗီဒယာဆိုတဲ့ကောင်မလေးတို့ဟာ မိဘတွေရဲ့ ဇွတ်အတင်းတိုက်တွန်းမှုကြောင့် အိမ်ထောင်ပြုဖို့အတွက် ဖြစ်လာပါတော့တယ်။မယ်သီတာဟာ အိမ်ထောင်ဖက်ရှာဖို့အတွက် လေးတင်ရွေးချယ်သလိုမျိုးပဲ ဗီဒယာဆိုတဲ့ကောင်မလေးဟာလည်းအိမ်ထောင်ဖက်ကို သေချာရွေးချယ်ဖို့ ဖောင်ဖြည့်ခိုင်းပြီး ရွေးချယ်ပါတော့တယ်။ ဒီလိုနဲ့ သူလိုချင်တဲ့အချက်နဲ့ကိုက်ညီတဲ့ ဗာဆူ့ကို ရွေးချယ်လိုက်ပြီးတဲ့နောက်မှာတော့သူတို့ရဲ့ အချစ်ဇာတ်လမ်းလေးဟာ စတင်လို့လာခဲ့ပါတယ်။ သို့ပေမယ့်လည်းအတ္တတွေကို ရှေ့တန်းတင်နေကြတဲ့ သူတို့နှစ်ယောက်ဟာ ရှေ့ဆက်ပြီးတော့ ဖြစ်နိုင်ပါ့မလား …..သူတို့ရဲ့ အချစ်ဇာတ်လမ်းလေးကို ဘယ်လို တည်မြဲအောင် ညှိနှိုင်းကြမလဲ …… သူတို့ရဲ့ အချစ်ဇာတ်လမ်းလေးဟာ ဘယ်လိုတွေရိုဆန်ပြီးတော့ ဘယ်လိုတွေချစ်စရာကောင်းနေမလဲ ဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo~V~KKKZ တို့ပဲဖြစ်ပါတယ်)
...

Thelma the Unicorn (2024) ⭐IMDB: 6.1/10 (212 Votes) 🎬 #Adventure #Animation #Comedy #Fantasy #Family #Musical 🗓 2024 🎞 movie 🌎 #Canada #UnitedStates #France #UnitedStatesofAmerica ⏰ 1 နာရီ 38 မိနစ် 25 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Thelma The Unicorn ဇာတ်ကားဟာ Netflix ရဲ့ 2024 နောက်ဆုံးထွက် musical animation ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ် အဓိက character ဖြစ်တဲ့ မြင်းမလေး Thelma ကို အသံသရုပ်ဆောင်ပေးထားတာကတော့ ဂရမ်မီဆုတွေ ရထားတဲ့ Brittany Howard ဖြစ်လို့ သီချင်းတွေ မကောင်းမှာကို လုံးဝစိတ်ပူစရာ မလိုပါဘူး။ ဇာတ်လမ်းလေးကတော့ နာမည်ကျော်အဆိုတော် ဖြစ်ချင်တဲ့ မြင်းပုမလေး Thelma ဟု သူ့ရဲ့အပေါ်ယံရုပ်ရည်ကြောင့် အိပ်မက်တွေ လက်တွေ့ဖြစ်ဖို့ အလှမ်းဝေးနေပါတယ်။ အဲဒီချိန်မှာ မတော်တဆမှုတစ်ခုကြောင့် မြင်းပုလေးကနေ unicorn အဖြစ် ပြောင်းသွားချိန်မှာ အောင်မြင်မှုတွေက ပိုနီးလာမလား ပိုဝေးသွားမလား သူ့ရဲ့မိတ်ဆွေစစ် မိတ်ဆွေတုတွေကရော သူ့ကို ဘယ်လိုဆက်ဆံကြမှာလဲ စတဲ့ ဇာတ်လမ်းလေးကို အကောင်းဆုံး သီချင်းတွေနဲ့ ထိုင်ရာမှ မကြွ အစအဆုံးကြည့်နိုင်အောင် ဆွဲဆောင်နိုင်မဲ့ ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်
...

Maxton Hall - The World Between Us (2024) ⭐TMDB: 84% User Score 🎬 #Drama 🗓 2024 🎞 Series 🌎 #Germany ⏰ 53 မိနစ် 53 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Maxton Hall – The World Between Us (2024) Maxton Hall – The World Between Us ( 2024 ) ========================================ဒီစီးရီးကတော့ ကျွန်တော်တို့ဒရာမာပေါင်းစုံမှာ မြင်နေရတဲ့ ထိတ်ထိတ်ကြဲလူချမ်းသာ လူဘော်ကြော့ သူဌေးသားနဲ့ ရိုးသားကြိုးစားဆင်းရဲတဲ့ ကျောင်းသူမလေးတို့ကြားက ဒရာမာတွေကို အခြေတည်ထားတဲ့ စီးရီးပဲ။ ကောင်လေးရယ် ကောင်မလေးရယ် ခြားထားတဲ့ ကမ္ဘာတွေရယ်ပေါ့။ ထူးတာက ဒီစီးရီးက ကျွန်တော်တို့မြင်နေကျ နိုင်ငံတွေက စီးရီးတော့မဟုတ်ဘူး။ ဂျာမနီက ထုတ်တဲ့စီးရီး။ ဒါကြောင့်မို့ပဲ ထူးခြားသွားလို့လားတော့မသိ Maxton Hallစီးရီးဟာ အမေဇုန်ပရိုင်းရဲ့ ကြည့်ရှုသူအများဆုံးစီးရီးစာရင်းထဲ နိုင်ငံပေါင်း၁၂၀မှာ ထိပ်ဆုံးမှာ ရောက်နေတယ်။ ဂျာမနီစာရေးဆရာမMona Kastenရဲ့ Save Me ဆိုတဲ့ စာအုပ်ကိုပဲ ပြန်ရိုက်ထားတယ်။ လက်ရှိမှာ Season 1 ထွက်ရှိထားပြီး အောင်လည်းအောင်မြင်နေတာမို့  Season 2ပါ ဆက်ထွက်ဖို့ ပရိုင်းက မီးစိမ်းပြထားတယ်။ဇာတ်လမ်းကတော့  Pride and Prejudice, Gossip Girl,နဲ့ Gilmore Girlsတို့ကို ရောသမမွှေထားသလိုပဲ လို့တော့ ပြောကြတယ်။ ရူဘီဆိုတဲ့ကျောင်းသူလေးက မက်တန်ဟောလ်ဆိုတဲ့  ကိုယ်ပိုင်ကျောင်းမှာ စကောလားရှစ်ရပြီး ကျောင်းလာတက်နေတယ်။ သူ့အိပ်မက်ကတော့ အောက်စ်ဖို့တက္ကသိုလ်မှာ ဝင်ခွင့်ရဖို့ပေါ့။ သူက သူ့အိပ်မက်အတွက် အသေအလဲကြိုးစားနေတဲ့ ကျောင်းသူလေးတစ်ယောက်ပဲ။ အဲဒီကျောင်းက တကယ့်ထိတ်ထိတ်ကြဲ သူဌေးသား သမီးတွေချည်းရှိနေတဲ့ ကျောင်းလို့ပြောရမယ်။ အဲဒီထဲမှာမှ အထင်ရှားဆုံးက ဂျိမ်းစ်ဘဲလ်ဖို့လို့ခေါ်တဲ့ နာမည်ကျော်ဘဲလ်ဖို့မိသားစုကြီးက မျိုးဆက်။ ချမ်းသာသလိုပဲ လူချမ်းသာသူဌေးသားတွေကို ကိုယ်စားပြုနေတဲ့ အချိုးမပြေခြင်းပေါင်းများစွာလည်း သူ့မှာရှိနေတယ်။  ဒီလိုနဲ့ ဂျိမ်းစ်နဲ့ရူဘီတို့ဟာ သူတို့မထင်ထားတဲ့ပြဿနာတစ်ခုကနေစပြီး တစ်ယောက်နဲ့တစ်ယောက် ပတ်သက်ရဖို့အကြောင်းဖန်လာတယ်။ ဒီလိုပတ်သက်လာတဲ့အခါမှာ အစက ရူဘီရဲ့ ကမ္ဘာဟာ မတည်ရှိသလိုဖြစ်နေခဲ့ပေမဲ့ ဂျိမ်းစ်ကြောင့် ရူဘီ့ကမ္ဘာဟာ မြင်သာလာတဲ့နောက် ရူဘီနဲ့ကျောင်းက တခြားလူတွေကြားက ခြားထားတဲ့ကမ္ဘာဟာ ပိုပေါ်လွင်လာခဲ့တယ်။ ဂျိမ်းစ်နဲ့ ရူဘီကြားက ခြားထားတဲ့ ကမ္ဘာအထပ်ထပ်ဟာလည်း ပိုပေါ်လွင်လာခဲ့တယ်။ သူတို့ကြားခြားထားတဲ့ ကမ္ဘာအထပ်ထပ်ကို ရူဘီနဲ့ဂျိမ်းစ်တို့ အချစ်နဲ့ပဲ ကျော်လွှားမလား ကိုယ့်လမ်းပဲကိုယ်ဆက်လျှောက်ကြမလား ကြည့်ရမယ့် စီးရီးပါပဲ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့
...

Bastar: The Naxal Story (2024) ⭐IMDB: 6.5/10 (2 k Votes) 🎬 #Action #Bollywood #Crime #Drama #War 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 59 မိနစ် 32 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Bastar: The Naxal Story 2024 “ရဲရင့်စစ်သည်တော်”IMDb – 6.4/10 မင်းသမီးချော အက်ဒါးရှာမာ ခပ်ကြမ်းကြမ်းသရုပ်ဆောင်ထားတဲ့ ရုပ်ရှင်လေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဆတ္တိံသဂြဟပြည်နယ် ဘက်စတာဒေသမှာရှိတဲ့ မော်ဝါဒီနာဇယ်သူပုန်တွေရဲ့ သောင်းကြမ်းမှုတွေကိုအခြေခံပြီးရိုက်ကူးထားခြင်းပဲ ဖြစ်ပါတယ်။ နီးရ်ဂျာဆိုတာ ဘက်စတာမှာရှိတဲ့ နာဇယ်အမည်ခံသောင်းကြမ်းသူတွေကို ရှင်းလင်းဖို့တာဝန်ကျနေတဲ့စစ်သည်တစ်ဦး။သူ့လုပ်ရပ်နဲ့ ရပ်တည်ချက်တွေကြောင် ဘက်စတာကပြည်သူတွေ သဲသဲလှုပ်ချစ်တာခံရပါတယ်။ဒါပေမဲ့လည်း နိုင်ငံရေးအလှည့်အပြောင်းတွေကြောင့် ဘက်စတာမှာရှိတဲ့ပြည်သူတွေကိုရက်ရက်စက်စက်ညှင်းပန်းနှိပ်စက်နေတဲ့ နာဇယ်တွေကိုခြေမှုန်းနေတဲ့ နီးရ်ဂျာတစ်ယောက်တရားစွဲခံရပါတယ်။ တိုက်ပွဲမှာဒဏ်ရာရခဲ့တဲ့ နီးရ်ဂျာ သူ့တပ်ဖွဲ့တွေကိုဘယ်လိုစီမံပြီးမခံချင်စိတ်နဲ့ နာဇယ်တွေကိုပြန်တွန်းလှန်နေတဲ့ လူတွေ ဘယ်လိုအောင်နိုင်သွားမလဲဆိုတာ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)
...

Light (2024) ⭐IMDB: 2.5/10 (236 Votes) 🎬 #Horror #ScienceFiction #Thriller #SciFi 🗓 2024 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 39 မိနစ် 46 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ပရိသတ်ကြီးအတွက် သည်းထိပ်ရင်ဖို အာကာသ ဇာတ်လမ်းတစ်ခု တင်ဆက်ပေးလိုက်ပါတယ် low-budget ဆိုပေမယ့် ဇာတ်လမ်းက စိတ်ဝင်စားဖို့ကောင်းတာမို့ ကြည့်ပျော်မှာပါ အနာဂတ်ကာလဂြိုဟ်တွေမှာ လူသားတွေ ရပ်တည်နေထိုင်နိုင်တဲ့အချိန်မှာ အမည်မသိ ဂြိုဟ်တစ်ခုပေါ်မှာ ယာဥ်တစ်စင်းပျက်ကျနေတယ် Tallie ဆိုတဲ့ မိန်းမငယ်လေးက နောက်ထပ်အသက်ရှင်ကျန်သူ Niu ဆိုတဲ့ မိခင်တစ်ယောက် ရှိနေတာကို သိလိုက်တဲ့အခါ မြူဆိုင်းကာ အမှောင်ဖုံးနေတဲ့ နေရာမှာအလင်းရောင်က သူတို့အတွက် အန္တရာယ်ဖြစ်နေတာပါ သိသွားပါတယ် သတ္တဝါတစ်မျိုးက အလင်းရောင်ကို အာရုံခံပြီး တိုက်ခိုက်နေတာပါပဲ… အမှောင်ကနေ သူတို့တစ်ယောက်နဲ့ တစ်ယောက် ဆုံနိုင်မှာလား Niu ရဲ့ သားလေးကိုရော ရှာတွေ့နိုင်ပါ့မလား နောက်ကွယ်က လျှို့ဝှက်ချက်က ဘာများဖြစ်မလဲဆိုတာ စိတ်လှုပ်ရှားဖွယ် ကြည့်ရမယ့် ဇာတ်လမ်းလေးဖြစ်ပါတယ်
...

Challengers (2024) ⭐IMDB: 7.7/10 (35 k Votes) 🎬 #Drama #Romance #Sport 🗓 2024 🎞 movie 🌎 #UnitedStates #Italy #UnitedStatesofAmerica ⏰ 2 နာရီ 11 မိနစ် 42 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒါကတော့ အားကစား အခြေပြု သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်း ဒရာမာ ရုပ်ရှင်ပါ။ မင်းသမီးကတော့ စပိုက်ဒါမန်း တို့ Greatest Showman, Dune တို့နဲ့ လူသိများတဲ့ Zendaya ပါပဲ။ ဒီရုပ်ရှင်ထဲ ကလေးတွေ အမြင်မသင့်တော်တာတွေ ပါတာ‌တော့ သတိပေးထားချင်ပါတယ်။ ဇာတ်လမ်းအကျဉ်း နာမည်ကျော်တင်းနစ်ကစားသမား အာ့ ဒေါ်နယ်ဆင်ဟာ အသက်အရွယ်ရလာပြီး ရှုံးပွဲတွေ များလာရာကနေ ယူအက်စ်အိုးပင်းချန်ပီယံ ဖြစ်လာဖို့ ပြန်ကြိုးစားနေတဲ့ သူပဲဖြစ်ပါတယ်။ သူ့ရဲ့ မိန်းမ တာရှီဒေါ်နယ်ဆင်ကတော့ အရင်က တင်းနစ်လူငယ်ပါရမီရှင်ဖြစ်ခဲ့ပေမဲ့ ဒဏ်ရာကြောင့် အနားယူလိုက်ရပြီး အာ့ ရဲ့ နည်းပြအဖြစ်ပဲ လုပ်ပေးနေတော့တာ ဖြစ်ပါတယ်။ သူတို့လင်မယား ကမ်းဘက်ဖို့ ကြိုးစားတဲ့ပြိုင်ပွဲမှာ နောက်ဆုံးဖြတ်ကျော်ရမှာက တာရှီရဲ့ ရည်းစားဟောင်း၊ အာ့ရဲ့ အချစ်ဆုံးသူငယ်ချင်းဟောင်း ပက်ထရစ်စဖိုက်ပဲ ဖြစ်နေပါတယ်။ သူတို့သုံးယောက် အတိတ်က ဖြစ်ခဲ့တဲ့ပြဿနာတွေနဲ့ တင်းနစ်ကွင်းထဲမှာ ဘယ်လို ဆက်ဖြေရှင်းကြမလဲဆိုတာကို ပြထားတာပါပဲ။ ဒရာမာကောင်းကောင်းကြိုက်တဲ့သူတွေ ကြည့်ထားလိုက်ပါဦး။
...

The 8 Show (2024) ⭐TMDB: 63% User Score 🎬 #Drama #Mystery 🗓 2024 🎞 Series 🌎 #SouthKorea ⏰ 1 နာရီ 8 မိနစ် 51 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The 8 Show (2024) [Complete]The 8 Show (2024) *******************အပိုင်းသစ် (၁ မှ ၈) /ဆုံး  Survival Series အမျိုးအစားကို သဘောကျနှစ်ခြိုက်တဲ့ ပရိသတ်တွေအတွက်The 8 Showဆိုတဲ့ Series အသစ်ထွက်ရှိလို့လာပါပြီ။ဒီစီရီးကတော့ Money Gameနဲ့ Pi Game ဆိုတဲ့Webcomic နှစ်ခုကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်လမ်းကတော့ ငွေလိုအပ်နေတဲ့ လူ၈ယောက်ဟာMoney Gameလို့‌ ခေါ်တဲ့ Reality Variety Showကိုဖိတ်ကြားခံလိုက်ရပြီး ဗလာနတ္ထိဖြစ်‌နေတဲ့ ကွန်ကရစ်နံရံတွေကြားမှာရက်၁၀၀ တိတိနေရမှာ ဖြစ်ပါတယ်။ရက်၁၀၀ အထိ နေနိုင်သွားရင်တော့ ၄၄.၈ဘီလီယံဆိုတဲ့ဆုကြေးကို အညီအမျှ ခွဲဝေယူနိုင်မှာ ဖြစ်ပါတယ်။ဒါပေမဲ့ သူတို့အတွက် နေ့စဉ် လိုအပ်တဲ့ အစားအသောက်အသုံးအဆောင် ပစ္စည်းတွေဟာ သာမန် ဈေးနှုန်းထက် အဆ၁၀၀၀များပြားပြီးတော့ ဆုကြေး‌ငွေထဲကနေ နုတ်ယူခံရမှာ ဖြစ်တယ်။ကွန်ကရစ် စတူဒီယိုထဲက သူတို့၈ယောက် ဘယ်လို စိန်ခေါ်မှုတွေအခက်အခဲတွေနဲ့ ရင်ဆိုင်ကြရမှာလဲ…။Cast တွေအနေနဲ့ကတော့ ပရိသတ်တွေရင်းနှီးပြီးသားဖြစ်တဲ့ Reply 1988ထဲက မင်းသား Ryu Joon Yeol,လက်ရှိပြသနေတဲ့ The Atypical Family ထဲက မင်းသမီး Chun Woo Hee,The World of The Married ထဲက မင်းသားကြီး Park Hae Joon ,Smuggler ထဲက Park Jeong Min တို့အပြင် တခြား သရုပ်ဆောင်ကောင်းတွေအများကြီး ပါဝင်ထားတာမို့လို့ ဘယ်သူတွေက ဘယ်လို ဇာတ်ရုပ်မျိုး ဖြစ်မလဲဆိုတာကိုရင်ခုန်စွာနဲ့ စောင့်စားကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ (အညွှန်းကို Treasure Htet မှ ရေးသားပေးထားပါတယ်။)
...

The Girls on the Bus (2024) ⭐TMDB: 60% User Score 🎬 #Drama 🗓 2024 🎞 Series 🌎 #UnitedStatesofAmerica ⏰ 44 မိနစ် 7 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Girls on the Bus (2024)The Girls on the Bus (2024) ===================== IMDb Rating – 6.6/10စီးရီးနာမည်လေးက ရိုးသလိုလိုနဲ့ ခန့်မှန်းမရဘူးဟုတ်။ “The Girls on the Bus” ဆိုတော့ ဘာလားပေါ့။ ဇာတ်လမ်းလေးကလည်း ရိုး သလိုလိုနဲ့ မရိုးဘဲကြည့်ကောင်းတယ်ဗျ။ ရုတ်တရက် ပရိတ်သတ် ကြီးတို့က ဘက်စ်ကားနဲ့ခရီးထွက်ရင်း သရဲအခြောက်ခံရတဲ့ကားတို့ ဘာတို့ ထင်ကောင်းထင်နိုင်ပေမဲ့ တကယ်တော့ The Girls on the Bus ဆိုတာ ဒီလို။ အမေရိကန်မှာ ရွေးကောက်ပွဲနီးလာလို့ မဲဆွယ်‌စည်းရုံးရေးတွေဆင်း ကြပြီဟေ့ဆိုရင် အဲဒီကိုယ်စားလှယ်လောင်းတွေအကြောင်း သတင်း ရေးရတဲ့ သတင်းဌာနအသီးသီးက သတင်းထောက်တွေက စည်းရုံး ရေးဆင်းတဲ့နေရာတွေကို နောက်ကနေ ဘက်စ်ကားနဲ့ လိုက်ပြီး သတင်း ယူရတယ်။ ဘက်စ်ကားပေါ်မှာ သတင်းစာတိုက်အစုံရဲ့ သတင်းထောက် တွေစုံပလုံစေ့ပြွတ်သိပ်ထိုးနေတာပေါ့။ အဲ့ထဲကမှ အမျိုးသမီးသတင်း ထောက်(၄)ယောက်က “The Girls on the Bus”ရဲ့ ဇာတ်ဆောင်တွေပါပဲ။ဆေဒီက ခံစားချက်အသားပေးပြီးရေးမိလို့ နိုင်ငံရေးသတင်းထောက်အဖြစ် ကနေ နာရေးသတင်းရေးတဲ့သူပဲဖြစ်သွားပြီး သူ့နေရာပြန်ရဖို့ ဒီတစ်ခေါက်မှာ အကောင်းဆုံးလုပ်ပြဖို့လိုနေတဲ့သူ။ ဂရေ့စ်က ဆေဒီ့သူငယ်ချင်း၊ ပရော်ဖက် ရှင်နယ်ကျတဲ့သတင်းထောက်။ ကင်ဘာလင်ကတော့ ရွေးကောက်ပွဲပြီးမှ လက် ထပ်မဲ့ လူမည်းအမျိုးသမီးသတင်းထောက်။ လိုလာကကျ အဲဒီသုံးယောက်ဆီ ကနေ တရားဝင်သတင်းထောက်လို့ အသတ်မှတ်မခံရတဲ့ ဆိုရှယ်မီဒီယာက ဆယ်လီမမ။သူတို့သတင်းထောက်တစ်ယောက်ချင်းစီမှာ ကိုယ်ပိုင်ခံယူချက်တွေ၊ ကိုယ်ပိုင် နည်းလမ်းတွေရှိတယ်။ အဲဒါကိုရိုက်ပြသွားတာ‌လေးက အတော်လှတယ်လို့ထင် ပါတယ်။ ကိုယ်စားလှယ်လောင်းတွေရဲ့အားပြိုင်မှုတွေ၊ သတင်းထောက်တွေရဲ့ ရပ်တည်မှုတွေ၊ မီဒီယာလောကရဲ့လုပ်ရိုးလုပ်စဉ်တွေ အတော်လေးမြိုင်မြိုင်ဆိုင် ဆိုင်ကြည့်ရမှာပါ။ ချတာတိုက်တာခိုက်တွေမပါဝင်ဘဲ ကိုယ်မသိတဲ့နယ်ပယ်တစ် ခုအကြောင်း ထဲထဲဝင်ဝင်သိလိုက်ရသလိုမျိုးဖြစ်စေမဲ့ကားပါ။ ကြည့်ရှုခံစားလိုက် ကြပါဦး။ဆေဒီအဖြစ် သရုပ်ဆောင်ထားသူကတော့ အချစ်တော် ကာရာ . စူပါဂဲလ်လေးပဲ ဖြစ်ပါတယ်။(ဒီစီးရီးရဲ့ အညွှန်းကို Ngwe Zin မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူ များကကတော့ CM Team မှ ဖြစ်ပါတယ်။)
...

Threads (1984) ⭐TMDB: 76% User Score 🎬 #Drama #SciFi #Thriller #War #ScienceFiction 🗓 1984 🎞 tv movie 🌎 #UnitedKingdom #Australia #UnitedStates ⏰ 1 နာရီ 57 မိနစ် 55 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခေါက်ကတော့ IMDb 8/10 ရရှိထားပြီး Rotten tomatoes မှာ 100%ထိရရှိထားတဲ့ အမေရိကန်နဲ့ ဆိုဗီယက်ပြည်ထောင်စုကြားက စစ်ပွဲကာလအတွင်း ရိုက်ကူးထားတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ် ဒီဇာတ်ကားမှာတော့ နျူကလိယစစ်ပွဲအကြောင်းနဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေအပြင် စစ်အတွင်း စီမံအုပ်ချုပ်ပုံတွေ လူ့သဘာဝတွေကိုပါ ရိုက်ကူး တင်ဆက်ပေးထားတာပါ ရုသ်နဲ့ ဂျင်မီတို့ဟာ သမီးရည်းစားတွေဖြစ်ပြီး ခြေလွန်လက်လွန်ဖြစ်ကာ ရုသ်တစ်ယောက် ကိုယ်ဝန်ရသွားပါတော့တယ်။ ဒီလိုနဲ့ ဂျင်မီနဲ့ ရုသ်တို့ လက်ထပ်ဖို့ အကြောင်းဖန်လာပေမဲ့ အချိန်ကာလအားဖြင့် စီးပွားရေးကျဆင်းမှုဖြစ်ပေါ်နေပြီး အမေရိကန်နဲ့ ဆိုဗီယက်တို့ စစ်ရေးဟာလည်း တင်းမာနေချိန်ဖြစ်ပါတယ်။ ရုသ်နဲ့ ဂျင်မီတို့ အတူတူနေထိုင်နိုင်ရန် ကြိုးစားနေကြချိန် သူတို့မြို့လေးရဲ့ မိုင် ၂၀အကွာ နေတိုး အခြေစိုက်စခန်းဟာ နျူကလိယနဲ့ တိုက်ခိုက်ခြင်းခံလိုက်ရပါတယ်။ ဒီလိုနဲ့ ရုတ်ရုတ်သဲသဲဖြစ်သွားချိန် သူတို့စုံတွဲလည်းကွဲကွာသွားကြပါတော့တယ်။စစ်ပွဲအတွင်း ပြည်သူတွေရဲ့ အခက်အခဲတွေ ရှင်သန်နိုင်အောင်ရုန်းကန်ကြပုံတွေ တာဝန်ရှိသူတွေရဲ့ စီမံခန့်ခွဲပုံတွေအပြင် နျူကလိယရဲ့ ကြောက်မက်ဖွယ် အဖျက်စွမ်းအား နောက်ဆက်တွဲအကျိုးဆက် စတာတွေကိုပါလက်တွေ့ဆန်ဆန် ခံစားကြည့်ရှုရမှာပဲဖြစ်ပါတယ်
...

Hot Spot (2024) ⭐IMDB: 7.9/10 (140 Votes) 🎬 #Bollywood #Drama 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 55 မိနစ် 48 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Hot spot 2024 ကြုံရဆုံရလူ့ဘဝ ဒီနေ့မှာတော့ ထူးထူးခြားခြား underrated ဖြစ်နေတဲ့ လူကြီးတွေကြည့်သင့်တဲ့Adult comedy dramaလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါပြီဗျ။ adult ဆိုလို့ ညစ်ညစ်ညမ်းညမ်းပြောတာတွေ အိပ်ရာခန်းတွေများနေတာမျိုးမဟုတ်ဘဲ ကျွန်တော်တို့လူမှုဘဝမှာ ‌ဖြစ်နေကြအစဉ်အလာလိုဖြစ်နေပေမဲ့ normalizeမဖြစ်သင့်တဲ့အရာတွေကို မတူညီတဲ့ဇာတ်လမ်း 4 ပုဒ်နဲ့ တင်ဆက်သွားမှာဆိုတော့ ပညာပေးတစ်ဖြစ်လည်း အမှန်အမှားကို ကိုယ်တိုင်ဆုံးဖြတ်ရမယ့် ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့။ Anthology movie လေးဖြစ်တာမလို့ ဇာတ်လမ်းတစ်ခုကို မိနစ် 30 ဝန်းကျင်နဲ့ ဆက်စပ်မှုမရှိတဲ့ ဇာတ်လမ်းလေးခု၊ဇာတ်လမ်းတစ်ခုစီမှာ လူ့ဘောင်အဖွဲ့အစည်းရဲ့ မတူညီတဲ့ပြဿနာတစ်ခုစီ မြင်ရမှာပါ။ ဆိုတော့ ဇာတ်လမ်းလေးကိုဆက်ကြပါစို့။ ပထမဆုံးဇာတ်လမ်းမှာတော့ အိမ်ထောင်ရေးတိုင်းမှာ မပါမဖြစ် ယောက္ခမ ချွေးမပြဿနာပေါ့။ ဗီဂျေးကတော့ ချစ်ရသူဒန်ယာနဲ့လက်ထပ်ရင်ချွေးမကို ယောက္ခမကနှိမ်တာ ဖိနှိပ်တာတွေကို တွန်းလှန်မယ်လို့ ကြွေးကြော်ထားလေရဲ့။ အချစ်က ရက် 60 တဏှာကရက် 30 အိမ်မှုကိစ္စကတော့ တစ်သက်လုံးဆိုတာကို အိမ်ထောင်ရှင်ထီးလေး ဗီဂျေး ဘယ်လိုရင်ဆိုင်မလဲ။ ဒုတိယဇာတ်လမ်းမှာတော့ အချစ်ဟာမျက်စိမပါဘူးဆိုပေမဲ့ သွေးသားတော်စပ်နေတဲ့မောင်နှမမှန်းမသိ ‌ပေါက်ဖွားလာတဲ့လူ့အဖွဲ့အစည်းက လက်မခံနိုင်တဲ့အချစ်တစ်ခုရဲ့အဆုံးသတ်က ဘာဖြစ်မလဲ။ တတိယဇာတ်လမ်းမှာတော့ အချစ်နဲ့တဏှာဟာ မတူပါဘူးဆိုပြီး တွင်တွင်ပြောနေသူတွေရောကိုယ့်အလှည့်ရောက်လာတော့ လက်ခံနိုင်မလား။ နောက်ဆုံးအနေနဲ့ Deepအဖြစ်ဆုံး အိမ်ထောင်ရေးပြဿနာလေးဖြစ်တဲ့ အဆင်မပြေတဲ့အိမ်ထောင်ရေးတစ်ခုရဲ့ဓားစာခံဖြစ်တဲ့ သားသမီးတွေအပေါ်သက်ရောက်မှုတွေကို ကြည့်ရှုရမှာပါ။ အကြောင်းအရာကတော့deepဖြစ်ပေမဲ့ ဟာသလေးနှောပြီးတင်ဆက်ထားတာမလို့ ကြည့်ပျော်ရှုပျော်ဖြစ်သလိုပညာလည်းရမယ့် အတွေးလည်းရမယ့်ဇာတ်လမ်းလေးဖြစ်တာမလို့ ရှုစားဖို့ တင်ဆက်ပေးလိုက်ရပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှဖြစ်ပါတယ်။)
...

Kade Dade Diyan Kade Pote Diyan (2023) ⭐IMDB: 6.1/10 (579 Votes) 🎬 #Bollywood #Comedy #Drama #Horror #Romance 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 27 မိနစ် 43 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားကတော့ IMDbမှာ rating 6.1 အထိ ရရှိထားတဲ့ ကားလေးပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ဂိုဂဲနဲ့ ကာမာလ်ဟာ တစ်ယောက်ကို တစ်ယောက်အရမ်းချစ်ကြပြီးတော့ လက်ထပ်ချင်နေကြတဲ့ ချစ်သူတွေပဲဖြစ်ကြပါတယ်၊ဒါပေမဲ့လည်း ကာမာလ်ရဲ့ အဘွားကတော့ သူတို့နှစ်ယောက်လက်ထပ်မှာကိုသဘောမတူချင်ဘူးတဲ့။ အဲဒီတော့ ဂိုဂဲက ကာမာလ်ရဲ့ အဘွားဖြစ်သူ သေသွားပါစေဆိုပြီးတော့ ဆုတောင်းလိုက်တာအဘွားက တကယ်ပဲ သေသွားပါတော့တယ်။ သူ့ဆုတောင်း တကယ်ပြည့်သွားတဲ့အချိန်မှာ ဂိုဂဲက လန့်သွားတာပေါ့။အဲဒီလိုနဲ့ သူလည်း သူတို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲအတွက် အဆင်ပြေပြီလို့ ထင်ခဲ့ပေမဲ့ အဘွားရဲ့ ဝိညာဥ်ကိုပြန်တွေ့လိုက်ရတော့ သူ့ကို မြင်နေရပါတယ်ဆိုတဲ့အကြောင်းကို တခြားသူတွေကို သက်သေပြဖို့ လုပ်ပါလေရော။ ဒါပေမဲ့လည်း သူကလွဲပြီး တခြားဘယ်သူမှမမြင်ရတော့ ဒုက္ခရောက်နေတော့တာပေါ့။ အဲဒီလိုနဲ့ တစ်ရက်ကျတော့ ဂိုဂဲကို ဘုရားကျောင်းကဘုန်းကြီးကနေ သူ့အဘိုးဝိညာဥ်ကို ခေါ်ပြီး အကူအညီတောင်းခိုင်းဖို့ အကြံပေးတော့ အကြံအတိုင်း လုပ်ဖြစ်လိုက်ရော။ဒါပေမဲ့ ဖြစ်ချင်တော့ အဘိုးရဲ့ ဝိညာဥ်ကို မြင်ရတာက ကာမာလ်တစ်ယောက်ပဲ ဖြစ်နေတယ်တဲ့။ဒီလိုအရှုပ်တွေ၊ အမှားတွေကြားကနေ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာကြောင့် သူတို့နှစ်ယောက်ကြားကအရာရာအားလုံး အဆင်ပြေသွားနိုင်မလားဆိုတာကို ဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်… အညွှန်းနဲ့ ဘာသာပြန်ကတော့ Cyrah ပဲ ဖြစ်ပါတယ်
...

Knuckles (2024) ⭐TMDB: 78% User Score 🎬 #Action #Adventure #Family #Comedy 🗓 2024 🎞 Series 🌎 #UnitedStatesofAmerica ⏰ 29 မိနစ် 26 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Knuckles (2024)  Sonic the Hedgehog ထဲက နက်ကယ်လေးရဲ့ spin-off series ဖြစ်ပြီး ဒီနှစ်ကုန်ပိုင်းလောက် ထွက်ရှိမယ့် Sonic 3 မတိုင်ခင် အလွမ်းပြေအနေနဲ့ ကြည့်ရှုနိုင်ဖို့ ပူပူနွေးနွေးတင်ဆက်ပေးလိုက်ပါတယ်။ဒီ miniseries လေးမှာတော့ Sonic ရဲ့ ဘော်ဒါကြီး ဂွကျသူ အနီရောင် အီခစ်ဒ်နာလေး နက်ကယ်က ဝိတ်ကို အီခစ်ဒ်နာ စစ်သည်တော်ကောင်းတစ်ယောက်ဖြစ်အောင် လေ့ကျင့်ပေးမှာပဲဖြစ်ပါတယ်။ ဝိတ်အဖြစ် Adam Pally နဲ့ နက်ကယ်အဖြစ် Idris Elba ကပဲ အသံသရုပ်ဆောင်ထားတာဖြစ်ပြီး အပိုင်း ၆ ပိုင်းထွက်ရှိထားပါတယ်။နက်ကယ်က ကမ္ဘာမြေကြီးနဲ့ လိုက်လျောညီထွေဖြစ်အောင် ကြိုးစားနေရင်းနဲ့ ဝိတ်ကို အစ်ခစ်ဒ်နာ စစ်သည်တော်ကောင်းတစ်ယောက်ဖြစ်အောင် လေ့ကျင့်ပေးလိုက်ပါဆိုတဲ့ သူ့အကြီးအကဲရဲ့စကားကို လိုက်နာရင်း မစ်ရှင်အသစ်ကို ပြီးမြောက်အောင် လုပ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ကိစ္စတွေက ထင်သလိုမဖြစ်ဘဲ နက်ကယ့်ရဲ့အစွမ်းတွေကိုယူပြီး ရောင်းစားချင်တဲ့ အေးဂျင့်အဖွဲ့က သူတို့ကို ဒုက္ခပေးဖို့ ကြိုးစားလာရာမှာတော့.. ၆ ပိုင်းပေမဲ့ တစ်ပိုင်းကို နာရီဝက်လောက်ပဲမို့ ပေါ့ပေါ့ပါးပါးနဲ့ ရှုစားလိုက်ကြပါဦး။(ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ)
...

Time Addicts (2023) ⭐IMDB: 5.3/10 (273 Votes) 🎬 #SciFi #Thriller #ScienceFiction #Crime 🗓 2023 🎞 movie 🌎 #Australia ⏰ 1 နာရီ 33 မိနစ် 39 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းလေးကတော့ စိတ်ကူးယဉ်ဆန်ဆန်နဲ့ ကြည့်လို့ကောင်းမယ့်ကားကောင်းလေးတစ်ကားပါ ဒနိစ့်ဆိုတဲ့ကောင်မလေးတစ်ယောက်နဲ့ ဂျွန်နီဆိုတဲ့ ကောင်လေးတို့က သူငယ်ချင်းတွေဖြစ်ပြီး ခိုးဆိုးလုနှိုက်နဲ့ မူယစ်ဆေးကိစ္စပါမကင်းတဲ့ လူငယ်တွေပါ တနေ့မှာသုံးစရာဆေးမရှိတော့လို့ ကိန်းဆိုတဲ့လူဆီဆေးသွားဝယ်ရာကနေ ပေးစရာပိုက်ဆံမရှိလို့အပေးအယူအ‌နေနဲ့ ခိုးမှုတစ်ခုလုပ်ခဲ့ကြပါတယ် အဲဒီလိုနဲ့သူတို့သွားခိုးခဲ့တာက ဘယ်သူမှနားမလည်နိုင်မဲ့ဆေးတွေဖြစ်နေပြီး သုံးလိုက်တာနဲ့ အတိတ်နဲ့အနာဂတ်ကို ကျော်လွှားလို့ရနေတာမျိုးဆိုတော့ သူတို့တွေဘာတွေဆက်လုပ်ကြမလဲ အတိတ်နဲ့အနာဂတ်ကိုရောက်သွားကြရင်ဘယ်လိုအရှုပ်တော်ပုံတွေနဲ့ရင်ဆိုင်ရမလဲဆိုတာ ရင်ခုန်စွာနဲ့ကြည့်ရမယ့် ကားကောင်းလေးတစ်ကားဖြစ်ပါတယ်
...

Crooks (2024) ⭐TMDB: 66% User Score 🎬 #Action #Adventure #Drama #Crime 🗓 2024 🎞 Series 🌎 #Germany ⏰ 52 မိနစ် 35 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Crooks (2024)  Netflix ရဲ့ Rating 7 နဲ့ နောက်ဆုံးထွက်ဂျာမန်ဇာတ်လမ်းတွဲဖြစ်ပါတယ်.. ရှေးဟောင်း ဒင်္ဂါးပြားတစ်ပြားကို လိုက်လုကြရင်းနဲ့ ဖြစ်လာတဲ့ ဂိုဏ်းးစစ်ပွဲတွေကြားက ဘဝနဲ့ အက်ရှင် ဒရမ်မာပိုင်းကို ကောင်းကောင်းရိုက်ပြထားပါတယ်မိသားစုနဲ့အတူဘဝကိုအေးဆေးဖြတ်သန်းနေတဲ့ ချာလီဟာ လူကောင်းတော့မဟုတ်ပါဘူး အရင်က အိမ်တွေကို ခိုးဝင်အလစ်သုတ်မှုနဲ့ထောင်ကျဖူးပါတယ်…နောက်ပိုင်းထောင်ကထွက်လာပြီး သူကျွမ်းကျင်တဲ့ သော့ပညာနဲ့ သော့ဖျက်ပညာရှင်လုပ်နေပြီး ဘယ်သော့မဆို ဖျက်ပြနိုင်တဲ့ သော့ဝိဇ္ဇာတစ်ယောက်ပါတစ်နေ့ လူမိုက်ဂိုဏ်းတစ်ဂိုဏ်းက ယူရိုသန်းချီတန်တဲ့ မီးခံသေတ္တာတစ်ခုကို ဖျက်ဖို့တာဝန်မှာ ချာလီဟာ အဓိက အရေးပါသူဖြစ်လာတဲ့အခါမှာတော့ အေးချမ်းနေတဲ့ ချာလီရဲ့ဘဝဟာက ဒီမီးခံသေတ္တာထဲက သန်းချီတန်တဲ့ပစ္စည်းတွေကို လိုက်လုနေတဲ့ ဂိုဏ်းစစ်ပွဲကြီးမှာ ပါဝင်ရပါတော့တယ်…( အညွှန်းနဲ့ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ်
...

Hanky Panky (2023) ⭐IMDB: 3.2/10 (254 Votes) 🎬 #Comedy #Horror 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 27 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Hanky Panky ဆိုတဲ့ဇာတ်ကားဟာ 2023 ခုနှစ်မှာထွက်ရှိခဲ့တဲ့ American comedy horror ရုပ်ရှင်ဖြစ်ပါတယ်။ ဆမ်ဆိုတဲ့သူဟာ နှင်းတောင်ကြားမှာရှိတဲ့ သစ်လုံးအိမ်လေးဆီကိုအားလပ်ရက်မှာအပန်းဖြေခရီးလာဖို့ စာပို့အဖိတ်ခံရလို့သွားဖြစ်ခဲ့ပါတယ်။မသိတဲ့လူတွေနဲ့အားလပ်ရက်မှာအတူနေရင်း ကမ္ဘာကြီးကိုသိမ်းပိုက်ဖို့ကြိုးစားနေတဲ့မကောင်းဆိုးဝါးနဲ့ကြုံလာရတော့ ဆမ်နဲ့သူ့ရဲ့စကားပြောတဲ့လက်ကိုင်ပဝါလေးအပါအဝင် တခြားသူတွေဟာသစ်လုံးအိမ်ကနေအသတ်မခံရဖို့ထွက်ပြေးရင်း မကောင်းဆိုးဝါးကောင်ကိုဘယ်လိုနှိမ်နင်းကြမလဲဆိုတာကို ကြည့်ရှုရမှာပါ။
...

Migrant Harvester (2024) ⭐TMDB: 0% User Score 🎬 #Action #Drama 🗓 2024 🎞 movie 🌎 #China ⏰ 2 နာရီ 3 မိနစ် 9 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 စစ်ပြီးခေတ် အုပ်ချုပ်ရေးမတည်ငြိမ်တဲ့အချိန်မှာမသမာသူတွေကအင်အားကြီးပြီး ပြည်သူတွေကိုဂုတ်သွေးစုပ် ကြီးစိုးနေကြတယ်။ ပြည်သူတွေစည်းလုံးပြီးဒီလူဆိုးတွေကိုပြန်တော်လှန်ဖို့လိုအပ်နေတဲ့အချိန်မှာရာသီကောက်ရိတ်သမားတစ်ယောက်ရောက်လာခဲ့တယ်။ မတရားအနိုင်ကျင့်ခံနေရတဲ့ စားသောက်ဆိုင်ပိုင်ရှင်တို့သားအဖကိုကယ်တင်လိုက်ရာကနေပြီးတော့ ချန်ကျိုးကပြည်သူတွေအတွက်ဒီလူဆိုးအင်အားစုကိုတော်လှန်ဖို့ မျှော်လင့်ချက်တစ်ခုဖြစ်လာခဲ့တယ်။ပြည်သူတွေကကောက်ရိတ်သမားနဲ့အတူဘယ်လိုတော်လှန်ကြမလဲဆိုတာဟာသလေးနှောပြီးတင်ဆက်ထားတာပဲဖြစ်ပါတယ်။
...