ဇာတ်ညွှန်းများ • FDMN
Yopiq kanal
Ma'lumot yo'q
Obunachilar
-524 soatlar
-47 kun
+730 kun
Postlar arxiv
Sosok Ketiga (2023) ⭐IMDB: 7.2/10 (78 Votes) 🎬 #Drama #Horror #Thriller 🗓 2023 🎞 movie 🌎 #India #Indonesia ⏰ 1 နာရီ 41 မိနစ် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Sosok Ketiga (2023)IMDb – 7.4/10 ဟော်ရာရုပ်ရှင်တွေမှာ ဆရာတစ်ဆူလိုဖြစ်နေတဲ့ အင်ဒိုဟော်ရာရုပ်ရှင်ကားသစ်ကိုတင်ဆက်ပေးလိုက်ပါတယ်။ ယွန်းနဲ့ဆူရီဆိုတာ အချစ်ဆုံးသူငယ်ချင်းတွေ။ သူငယ်ချင်းနှစ်ယောက် ကတိပြုထားကြတာကတစ်ယောက်ရဲ့ဘဲကို ကျန်တစ်ယောက်က စိတ်နဲ့တောင်မပစ်မှားကြေးပေါ့။ကတိသစ္စာတည်သော်ခါဝယ်ဆိုသလိုပဲ ယောကျ်ားတစ်ယောက်တည်းကို လင်တော်လိုက်ကြတဲ့သူငယ်ချင်းနှစ်ယောက်။ မယားကြီး မယားငယ်ဆိုပေမဲ့ အရမ်းကိုချစ်ခင်ရင်းနှီးကြတော့ ပတ်ဝန်းကျင်ကတောင် ချီးကျူးထောပနာပြုကြရပါတယ်။ဒါပေမဲ့လည်း ဒုတိယဇနီးဖြစ်တဲ့ ယွန်းတစ်ယောက် ကိုယ်ဝန်အရင့်အမာလွယ်ထားရတဲ့အချိန်မှာတော့ထူးဆန်းမှုတွေ ကြုံတွေ့လာရပါတော့တယ်။ ဘယ်သူက သစ္စာဖောက်ပြီး ဘယ်သူကပဲ မကောင်းတဲ့နည်းလမ်းတွေနဲ့ကြံစည်လဲဆိုတာကိုတော့ထိတ်လန့်ခြောက်ခြားဖွယ်ရာ ခံစားကြည့်ရှုလိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ ToMo ~ V ~ Alexတို့ပဲဖြစ်ပါတယ်)...
Dying (2024) ⭐IMDB: 7.6/10 (851 Votes) 🎬 #Comedy #Drama 🗓 2024 🎞 movie 🌎 #Germany ⏰ 3 နာရီ 1 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 2024 April မှာထွက်ရှိထားတဲ့ ဂျာမန် Drama ဇာတ်ကားကောင်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ် Rotten Tomatoes 100% နဲ့ Rating လည်းကောင်းသလို ဇာတ်လမ်းလေးကလည်း Feeling တစ်မျိုးနဲ့ရင်ထဲကျန်နေစေမယ့်ကားပါ ဇာတ်ဝင်ခန်းတော်တော်များများကတော့ ဂျာမန်တွေရဲ့ယဉ်ကျေးမှုနဲ့ပွင့်ပွင့်လင်းလင်းရိုက်ကူးထားပါတယ် ဇာတ်အိမ်လေးကတော့ တွမ် ဆိုတဲ့သံစုံတီးဝိုင်းရဲ့နည်းပြတစ်ယောက်နဲ့ပတ်သက်နေတဲ့လူတွေရဲ့ ဘဝကိုဘယ်လိုတွေရင်ဆိုင်ပြီး ဘယ်လိုတွေဖြတ်သန်းနေကြသလဲဆိုတာကိုရိုက်ကူးထားတာပါ လောကကြီးထဲကို လူသားတစ်ယောက်ဝင်လာလိုက် ပြန်ထွက်သွားလိုက်နဲ့ ဘဝကိုလက်မြောက်အရှုံးပေးသွားတဲ့သူတွေရှိသလို ကြံ့ကြံ့ခံရင်ဆိုင်နေတဲ့သူတွေလဲရှိနေတာပါပဲ ဘဝရဲ့အနိမ့်အမြင့်ဇတ်ခုံပေါ်မှာ ကိုယ့်ရဲ့စိတ်ပျော်ရာကိုခက်ခက်ခဲခဲရှာဖွေနေရတဲ့ ကျွန်တော်တို့လိုလူသားတွေအတွက် ဘဝကိုလက်မြောက်အရှုံးပေးလိုက်ရတာတွေလည်းရှိတာပေါ့ ဘဝဆိုတဲ့တိုက်ပွဲကြီးကိုလုံးဝစိတ်ကုန်သွားတဲ့သူတွေရဲ့နောက်ဆုံးထွက်ပေါက်ကတော့ ဒီလောကကြီးကိုအပြီးတိုင်းနှုတ်ဆက်လိုက်ရုံသာ…… ဇာတ်ကားရဲ့နာမည်နဲ့လည်းလိုက်ဖက်သလို ဒီဇာတ်ကားကိုကြည့်နေရင်းနဲ့ Linkin Park ရဲ့ Front Man တစ်ယောက်ဖြစ်တဲ့ Chester ရဲ့ Suicide လုပ်သွားတာကိုတောင်ပြန်စဉ်းစားမိသွားပါသေးတယ် ဆိုတော့ ဘယ်လိုတွေတင်ဆက်ထားသလဲဆိုတာကိုတော့ကြည့်ရှုခံစားလိုက်ကြပါဦး ဒီဇာတ်ကားလေးကို အညွှန်းရေးပြီးဘာသာပြန်ပေးထားတာကတော့ Loe ပဲဖြစ်ပါတယ်...
100 Yards (2024) ⭐TMDB: 38% User Score 🎬 #Action #Drama 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 48 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 တရုတ်ကွန်ဖူးအက်ရှင်ရုပ်ရှင်မှ ကြည့်ချင်ပါတယ်ဆိုတဲ့ CM ရဲ့ပရိသတ်တွေအတွက်အက်ရှင်ကားကောင်းလေးကိုဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- 1920 ခုနှစ်မှာ ထျန်းကျင်းသိုင်းခန်းမရဲ့ ခန်းမသခင်ကြီးဟာ ဆုံးပါးသွားခဲ့ပါတယ်။သခင်ကြီးဟာ အသက်ရှင်စဉ်က သားဖြစ်သူရှန်အန့်ကိုရှုပ်ထွေးလှတဲ့ သိုင်းလောကထဲက ထွက်ခွာစေချင်တဲ့အတွက်သူ့အတွက် ဘဏ်မှာ အလုပ်တစ်ခု ရှာပေးခဲ့ပြီး တပည့်ကြီး ချီချွမ်ကို ဆက်ခံခွင့်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ ရှန်အန့်ကတော့ ဒီဆုံးဖြတ်ချက်ကို မကျေနပ်နိုင်ဖြစ်ခဲ့ပါတယ်။သူ့အဖေနီးပါး သိုင်းပညာမှာ ပါရမီပါပေမဲ့ အဖေ့ကိုမျက်နှာလိုက်တယ်လို့ ထင်ခဲ့ပြီး ဂိုဏ်းတူအစ်ကို ချီချွမ်းကိုသိုင်းပညာအရ စိန်ခေါ်ဖို့ ကြိုးစားနေခဲ့ပါတယ်။ တစ်ဖက်မှာလည်း ချီချွမ်းဟာ သိုင်းလောကရဲ့ စည်းမျဉ်းတွေကိုအကြိမ်ကြိမ်ဖောက်ဖျက်နေတဲ့အတွက် ရှုပ်ထွေးမှုတွေ ဖြစ်ခဲ့ရပါတယ်။သိုင်းလောက အကြီးအကဲတွေက ရှန်အန့်ကို ပြန်လာစေချင်ပြီးသိုင်းယှဉ်ပြိုင်တဲ့ နည်းလမ်းနဲ့ ချီချွမ်းကို သိုင်းလောကထဲက နှင်ထုတ်ဖို့ ကြိုးစားပါတော့တယ်။ ဒီရုပ်ရှင်ထဲမှာ သိုင်းလောက ရှုပ်ထွေးမှုတွေ၊ အက်ရှင်သိုင်းကွက် လှလှလေးတွေ ၊1920 ပတ်ဝန်းကျင်က ရုပ်ရှင်ရိုက်ကွက် လှလှလေးတွေအားလုံးကို ခံစားရမှာ ဖြစ်တဲ့အတွက် အက်ရှင်ရုပ်ရှင်ကြိုက်သူတွေအတွက်ကြည့်သင့်တဲ့ ရုပ်ရှင်ဖြစ်တယ်ဆိုရင်လည်း မမှားဘူးနော်။...
Mind Body Spirit (2023) ⭐IMDB: 5.0/10 (432 Votes) 🎬 #Horror #Thriller 🗓 2023 🎞 movie 🌎 #UnitedStatesofAmerica #UnitedStates ⏰ 1 နာရီ 20 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 2023 ကထွက်ရှိခဲ့တဲ့ horror ကားကောင်းတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းပုံစံက series လိုက်ရိုက်ကူးထားတဲ့ video တွေကို တစ်ပုဒ်ချင်းစီ ဖွင့်ပြထားသလိုဖြစ်နေတဲ့အတွက် ကြည့်ရတာ တခြားရုပ်ရှင်တွေနဲ့ မတူပဲကွဲထွက်နေမှာ အသေအချာပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ အန်ညာက ယောဂအင်ဖလူရန်ဆာတစ်ယောက်ဖြစ်ချင်နေသူဖြစ်ပြီး အဘွားဖြစ်သူ အမွှေပေးခဲ့တဲ့ အိမ်ကြီးထဲမှာ တစ်ယောက်ထဲနေပြီး ယောဂကျင့်စဉ် video တွေရိုက်ကူးနေခဲ့သူပါ။ တနေ့မှာ video ရိုက်နေရင်း နံရံကို မတော်တဆတိုက်မိသွားပြီး လျို့ဝှက်ခန်းတစ်ခန်းကို တွေ့ခဲ့ပါတယ်။ အခန်းထဲမှာလည်း အဘွားဖြစ်သူရဲ့ ပစ္စည်းတွေအပြင် အန်ညာအတွက် လို့ရေးထားတဲ့ အဘွားဖြစ်သူရဲ့ ကျင့်စဉ်တွေ ေရးမှတ်ထားတဲ့ ဂျာနယ်တစ်အုပ်ကိုတွေ့ခဲ့ပါတယ်။ ဂျာနယ်ထဲမှာပါတဲ့ “ပူးပေါင်းခြင်း” ဆိုတဲ့ ကျင့်စဉ်ကို တစ်လတိတိရိုက်ကူးဖို့ အကြံရခဲ့ပြီး အထဲမှာရေးထားတဲ့အတိုင်း စလုပ်တဲ့ ပထမနေ့ကတည်းက အန်ညာအဘွားရဲ့ အိမ်ကြီးမှာ ထူးဆန်းမှုတွေ ဆက်တိုက်ဖြစ်လာတဲ့အခါ...
Best Cop Ever (2024) ⭐IMDB: 4.6/10 (32 Votes) 🎬 #Action #Comedy #ScienceFiction #SciFi 🗓 2024 🎞 movie 🌎 #Portugal ⏰ 1 နာရီ 56 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အဲဗားက ရဲဌာနမှူးတစ်ယောက်ဖြစ်ပြီးတော့ သူတို့မြို့မှာ အကြမ်းဖက်မှုတွေက အမြဲတမ်း ဖြစ်ပွားလို့နေပါတယ်။ တစ်နေ့တစ်နေ့ သူဟာ လူတွေကို ကယ်ဆယ်ရင်းနဲ့ သဘောပေါက်လာတာက သူ့တစ်ယောက်တည်းမှာပဲ အစွမ်းရှိ၊ လူတွေအားလုံးက သူ့ကိုပဲ အဖက်လုပ်၊ သူ့လက်အောက်က ရဲတွေကလည်း အသုံးမကျပဲ သူတစ်ယောက်တည်း အရေးပါအရာရောက်သလိုပဲ ဖြစ်နေတဲ့အခါမှာ တစ်ခုခုလွဲနေမှန်း သတိထားမိလာပါတော့တယ်။ တကယ်တမ်းတော့ သူဟာ မြန်မာပေါကားထဲက မင်းသားလိုပဲ သူတစ်ယောက်တည်း စောက်ဆရာကြီးဖြစ်နေပြီး ဘေးက ကျန်တဲ့သူငယ်ချင်းတွေက သောက်ပေါသာသာလေးတွေ ဖြစ်နေတဲ့ ဇာတ်ကားတစ်ခုထဲက အဓိကဇာတ်ကောင်ဖြစ်နေမှန်း သိသွားပါတော့တယ်။ ဒီတော့ သူ့အနေနဲ့ ဒီဇာတ်ကားထဲက လွတ်မြောက်ဖို့အတွက် ကြိုးပမ်းပါတော့တယ်။ ဒီတော့ သူအနေနဲ့ ဘယ်လိုသိရှိသွားလဲ၊ ဒီဇာတ်ကားထဲက လွတ်မြောက်ဖို့ ဘယ်လိုကြိုးစားမလဲဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်။...
Neighborhood Model (2019) ⭐- 🎬 #Adult #Drama 🗓 2019 🎞 movie 🌎 #Southkorea ⏰ 1 နာရီ 24 မိနစ် 47 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ******************************** Neighborhood Model ဆိုတဲ့ ဇာတ်ကားလေးထဲမှာတော့မီအန်းဟာ ခင်ပွန်းဖြစ်သူရဲ့ဝေယျာဝစ္စတွေကို လိုက်လုပ်ပေးရင်းသူမရဲ့ဘဝကို အိမ်မှုကိစ္စတွေ လုပ်ရင်းနဲ့ပဲ ဖြတ်သန်းနေရတဲ့အိမ်ရှင်မတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာတော့ စီးပွားရေးလုပ်ချင်တာကြောင့် ခင်ပွန်းဖြစ်သူကို ခွင့်တောင်းပြီးကော်ဖီဆိုင်လေးတစ်ဆိုင် ဖွင့်ကာခင်ပွန်းဖြစ်သူရဲ့ညီ ဂျွန်စောကို ဝန်ထမ်းအဖြစ် ခန့်ခဲ့ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ အစ်ကိုဖြစ်သူက ဂျွန်စောဆီ လာပြီးမိန်းမဖြစ်သူ မီအန်းက ထူးဆန်းနေကြောင်း၊သူမကိုစောင့်ကြည့်ပေးဖို့ အကူအညီလာတောင်းခဲ့ပါတော့တယ်။ ဒီတော့ မီအန်းက ဘယ်လိုတွေ ပြောင်းလဲပြီး ထူးဆန်းနေတာလဲ။ ဂျွန်စောနဲ့ သူ့အစ်ကိုလင်မယားတို့ဆက်ဆံရေးမှာ ဘာကိစ္စတွေ ဖြစ်နေသလဲဆိုတာ ခံစားကြည့်ရှုလိုက်ပါဦးနော်...
I Have a Date with Spring (2018) ⭐IMDB: 5.9/10 (91 Votes) 🎬 #Drama #Fantasy #Mystery #SciFi 🗓 2018 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 32 မိနစ် 48 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 I Have a Date with Spring (2018)********************************ဒီတစ်ခါတော့ Fantasy/mystery genre ကြိုက်တဲ့သူတွေအတွက်Kang Ha Neul, Jang Young Nam, Kim Sung Kyun တို့လိုဝါရင့်သရုပ်ဆောင်များပါဝင်ထားတဲ့ ကားကောင်းလေးတစ်ကားလာပါပြီ ..ဒီဇာတ်ကားလေးက ဇာတ်လမ်းလေးပုဒ်ပါပြီးလေးခုလုံးကတော့ Plot တစ်ခုတည်းကိုပဲ ဦးတည်ထားတာပါ .. ဇာတ်လမ်းတစ်ခုစီတိုင်းရဲ့ အဓိကဇာတ်ကောင်လေးခုရဲ့မွေးနေ့ဟာကမ္ဘာမပျက်ခင်တစ်ရက်အလိုဖြစ်ပါတယ် ..နောက်ထပ်တူညီတာကတော့ ဇာတ်ကောင်လေးခုလုံးဟာစိတ်ဓာတ်ကျတာ ပစ်ပယ်ခံရတာ စသဖြင့်သောစိတ်ဒဏ်ရာကိုယ်စီရှိပြီးသူတို့ကိုအဖော်ပြုပေးမဲ့ ချီးကျူးပေးမဲ့လူ လိုအပ်နေကြတာပါပဲ .. ဒီလိုနဲ့သူတို့လေးယောက်ဆီကို သူစိမ်းတစ်ယောက်စီရောက်ရှိလာပြီးသူတို့မွေးနေ့မှာ မေ့မရနိုင်မဲ့လက်ဆောင်တွေပေးသွားကြပါတယ်….အဲဒီလက်ဆောင်က ဘာများဖြစ်မလဲဆိုတာကတော့….. (အညွှန်းကိုEricမှ ရေးသားပေးထားပါတယ်)...
Spellbound (2011) ⭐IMDB: 6.8/10 (4 k Votes) 🎬 #Comedy #Drama #Horror #Supernatural #Fantasy #Romance 🗓 2011 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 53 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Spellbound (2011)******************ရိုမန့်စ်သက်သက် ဟာသသက်သက် သရဲကားသက်သက်တွေမဟုတ်ဘဲသရဲကားကိုမှ ရိုမန့်စ်လည်းပါ ဟာသလေးလည်းနှောထားတဲ့ဇာတ်လမ်းမျိုးကြည့်ချင်တဲ့သူတွေရှိပါသလား။ ဒါဆိုရင်တော့ ဒီတစ်ခေါက် CM က ဘာသာပြန်တင်ဆက်ထားတဲ့spellbound ဆိုတဲ့ ဇာတ်ကားလေးကို ကြည့်ဖို့ အကြံပေးချင်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ နာမည်ကြီးမင်းသား၊မင်းသမီးတွေဖြစ်တဲ့Lee Min Ki နဲ့ Son Ye Jin တို့က အဓိကပါဝင်ထားပါတယ်။ ဇာတ်လမ်းအညွှန်းကတော့*********************လမ်းဘေးမျက်လှည့်ဆရာဖြစ်တဲ့မာဂျိုဂူ(အီမင်ဂီ)တစ်ယောက်တစ်နေ့ လမ်းပေါ်မှာမျက်လှည့်ပြနေရင်းဂန်ယောရီ(ဆုန်းယယ်ဂျင်)လို့ခေါ်တဲ့ ထူးဆန်းတဲ့အမျိုးသမီးတစ်ယောက်နဲ့ ဆုံခဲ့ပါတယ်။ လူတွေနဲ့လည်းစကားမပြော ရောရောထွေးထွေးမနေဘဲ သီးသန့်ဆန်တဲ့ယောရီကဂျိုဂူရဲ့ ကြောက်မက်ဖွယ်ရာမျက်လှည့်ရှိုးအတွက်စိတ်ကူးစိတ်သန်းတွေပေးနိုင်တဲ့သူတစ်ယောက်ဖြစ်လာပြီးနှစ်ယောက်သား မျက်လှည့်ရှိုးတွေကို အတူတွဲလုပ်ဖို့ဖြစ်လာပါတော့တယ်။ အလုပ်အတူတွဲလုပ်တာကြာပေမဲ့လည်း အရင်လိုသီးသန့်ဆန်နေဆဲဖြစ်တာကြောင့်ဂျိုဂူတစ်ယောက် ယောရီနဲ့ရင်းနှီးရအောင် ကြိုးစားပါတော့တယ်။ ဒါပေမဲ့ ယောရီမှာ သူမထင်မှတ်ထားတဲ့ လျှို့ဝှက်ချက်ကြီးရှိနေတာကိုသိလိုက်ရတဲ့အခါ…. အဲဒီလျှို့ဝှက်ချက်က ဘာများဖြစ်မလဲ…. နှစ်ယောက်သားရဲ့ရိုမန့်စ်ကရော ဘယ်လိုပေါက်ဖွားလာမလဲဆိုတာကိုတော့Spellbound ဆိုတဲ့ဇာတ်လမ်းလေးမှာ အဖြေရှာကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ် .. (အညွှန်းကို Double M မှ ရေးသားပေးထားပါတယ်)...
Familyhood (2016) ⭐IMDB: 6.3/10 (400 Votes) 🎬 #Comedy #Drama #Life #Action 🗓 2016 🎞 movie 🌎 #SouthKorea ⏰ 2 နာရီ 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Familyhood (2016)*****************Comedy/ drama အမျိုးအစားလေးတစ်ခုဖြစ်တဲ့ familyhood ဇာတ်ကားလေးကတော့အောင်မြင်မှုနဲ့ငွေကြေးအားလုံး ပိုင်ဆိုင်ထားပေမဲ့သူ့ဘက်မှာအမှန်တကယ် ရပ်တည်ပေးမယ့်သူတစ်ယောက်မှ မရှိတဲ့ မင်းသမီးတစ်ယောက်သူ့ဘက်တော်သားဖန်တီးဖို့ ကလေးမွေးဖို့ရာ ကြိုးစားတဲ့အခါဖြစ်လာတဲ့ ဂယက်လေးတွေကို ဟာသအနေနဲ့ပုံဖော်ထားတာဖြစ်ပါတယ် .. Queen of umbrella ထဲက မင်းသမီးကြီး Kim Hye Soo,Penthouse ထဲက မင်းသမီး Kim Hyun Soo နဲ့Train to busan ထဲက မင်းသားကြီး Ma Dong Seok တို့က အဓိကပါဝင်ထားလို့cast တွေနဲ့တင် ကြည့်ရတာတန်နေတဲ့ Movie လေးဖြစ်မှာပါ .. ဇာတ်လမ်းအကျဉ်း**************ဂိုဂျူယွန်း(Kim Hye Soo)ကတော့ Dating scandal ပေါင်းများစွာနဲ့ နာမည်ကြီးတဲ့အပြင်ထင်ရာစိုင်းတတ်တဲ့အကျင့်ကြောင့်‘အရူးမ’လို့ လူသိများတဲ့ မင်းသမီးတစ်ယောက်ပါ .. ဖြောင်းဂူ(Ma Dong Seok)ကတော့ ဂိုဂျူယွန်းထင်ရာစိုင်းသမျှကို သည်းခံရင်းသူ့ရဲ့စတိုင်လစ်အနေနဲ့ အနှစ်၂၀ကျော်လက်တွဲလုပ်လာခဲ့တဲ့သစ္စာရှိအခင်ဆုံးသူငယ်ချင်းတစ်ယောက်ပေါ့ .. ဒန်ဂျီ(Kim Hyun Soo)ဆိုတဲ့ အလယ်တန်းကျောင်းသူလေးကတော့မိဘတွေမရှိတော့တဲ့နောက် အစ်မဖြစ်သူနဲ့ခက်ခက်ခဲခဲရှင်သန်နေရတဲ့အပြင်အသက်မပြည့်တဲ့ ကိုယ်ဝန်သည်တစ်ယောက် ဖြစ်လာတယ် .. ချစ်သူဖြစ်သူရဲ့ သစ္စာဖောက်မှုကို ခံလိုက်ရတဲ့ ဂျူယွန်းတစ်ယောက်သူ့ကိုသစ္စာမဖောက်ဘဲ ဘေးမှာအမြဲရှိပေးမယ့်သူကို စဉ်းစားလိုက်တဲ့အခါမှာမိသားစုဖြစ်နေခဲ့တယ် .. အဲဒီလိုနဲ့ ကလေးယူဖို့ ကြိုးစားလိုက်ပေမဲ့ မရနိုင်တော့တဲ့ဂျူယွန်းကအလယ်တန်းကျောင်းသူ ကိုယ်ဝန်သည်ဒန်ဂျီကို တွေ့သွားခဲ့တယ် .. ဒန်ဂျီရဲ့ကလေးကိုမွေးစားဖို့ ဖြောင်းဂူနဲ့တိုင်ပင်ပြီး စာချုပ်ချုပ်ဆိုခဲ့ကြရာကနေ…အများပြည်သူဆီကနေ အာရုံစိုက်ခံနေရတဲ့ မင်းသမီးတစ်ယောက် ကိုယ်ဝန်ရတယ်ဆိုပြီးဘယ်လိုဇာတ်လမ်းတွေခင်းသွားမလဲ…. ဒန်ဂျီနဲ့စာချုပ်မှာရော ဘယ်လိုပြဿနာတွေ ကြုံတွေ့ရမလဲဆိုတာကိုဟာသလေးတွေနှောထားတာမို့ ကြည့်ရှုခံစားလိုက်ပါဦးနော် .. (ဇာတ်လမ်းအကျဉ်းကို Vanessa မှ ရေးသားထားပါတယ်)...
Speak No Evil (2024) ⭐IMDB: 7.0/10 (26 k Votes) 🎬 #Drama #Horror #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #Croatia #Canada #UnitedStatesofAmerica ⏰ 1 နာရီ 50 မိနစ် 39 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီရုပ်ရှင်ကတော့ ၂၀၂၂ တုန်းက ထွက်ခဲ့တဲ့ Speak No Evil ကို ပြန်လည်ဆန်းသစ်ရိုက်ကူးထားတာပါ။ မူရင်းကားတုန်းက အရမ်းနာမည်ကြီးခဲ့တဲ့ အခန်းတစ်ခန်းပါပါတယ်။ စိတ္တဇလူသတ်သမား စုံတွဲကို သားကောင်လင်မယားက မေးတဲ့အခန်းပေါ့။ “မင်းတို့ ဘာလို့ ဒီလိုရက်စက်ရတာလဲ” “မင်းတို့ လုပ်ခွင့်ပေးနေလို့ပဲ” ဒီရုပ်ရှင်မှာတော့ အဲဒီအခန်းမှာတင် အားမလိုအားမရနဲ့ ဇာတ်မသိမ်းဘဲ သားကောင်မိသားစုက အသက်ရှင်ရေးအတွက်ပြန်တိုက်ခိုက်တဲ့ ဇာတ်ကွက်တွေ ထည့်ထားပြီး ဆိုက်ကိုဟော်ရာ thriller အဖြစ် ပြောင်းလဲထားတာပါ။ ရုံတင်တုန်းကလည်း အားပေးမှုများခဲ့ပြီး IMDb မှာလည်း 7.1 အထိ ရထားတာမို့ ကောင်းကောင်းအရသာခံကြည့်လို့ရမဲ့ ဟော်ရာ ကားကောင်းတစ်ကားပါပဲ။ ဒါရိုက်တာက James Watkins ဖြစ်ပြီး အဓိက ဗီလိန်နေရာမှာ X-Men Charles မင်းသားကြီး James McAvoy ပါဝင်သရုပ်ဆောင်ထားပါတယ်။...
Fight Night: The Million Dollar Heist (2024) ⭐IMDB: 7.4/10 (1 k Votes) 🎬 #Drama #Crime #Action 🗓 2024 🎞 tv mini series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 43 မိနစ် 3 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အပိုင်းသစ် ( ၁ မှ ၃ ) အထိ ဖြစ်ရပ်မှန်ကိုပြန်လည်ရိုက်ကူးထားတဲ့ Fight Night: The Million Dollar Heist စီးရီးကတော့ Crime ၊Drama အမျိုးအစားဖြစ်ပြီး Kevin Hart ၊ Samuel L. Jackson နဲ့ Terrence Howard တို့လိုအကျော်အမော်တွေပါဝင်သရုပ်ဆောင် ပေးထားပါတယ်။ ခရမ်းချဥ်သီးပုပ်မှာတော့ ၉၃ ရာခိုင်နှုန်းက review ကောင်းတွေပေးထားပြီး rating ကတော့ 7.1/10 ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း************* ၁၉၇၀ ပြည့်နှစ်က မိုဟာမက်အလီနဲ့ဂျယ်ရီကွာရီရဲ့သမိုင်းဝင်လက်ဝှေ့ပွဲ ညမှာဖြစ်ခဲ့တဲ့ လက်နက်ကိုင်လုယက်မှုဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူး ထားတာဖြစ်ပါတယ်။ အတ္တလန်တာမြို့မှာ ပိုက်ဆံရဖို့မကောင်းတဲ့ လုပ်ငန်းအကုန်လုပ်တဲ့ချစ်ကန်းမန်းဟာ မိုဟာမက်အလီရဲ့လက်ဝှေ့ပွဲ အတွက် ရောက်ရှိလာတဲ့ နာမည်ကြီးရာဇဝတ်ဂိုဏ်းခေါင်းဆောင်တွေ အတွက် ပါတီကျင်းပပေးဖို့ကြိုးစားခဲ့ပါတယ်။ ချစ်ကန်းမန်းရဲ့ရည်ရွယ်ချက်က လုပ်ကွက်နဲ့ငွေရဖို့ဖြစ်ပေမယ့် တကယ်တမ်း ပါတီကျင်းပချိန်မှာတော့ တစ်နေရာတည်းမှာစုပေးလိုက်သလိုဖြစ်သွားတဲ့ ဒီဂိုဏ်းခေါင်းဆောင်တွေကိုလုယက်ဖို့ကြံစည်ထားတဲ့အဖွဲ့တစ်ခုရှိနေတယ် ဆိုတာတော့ ချစ်ကန်းမန်းတစ်ယောက်မသိရှိခဲ့ဘဲ ထောင်ချောက်ထဲတိုးဝင် သွားခဲ့မိပါတော့တယ်။ File Size – 902 MB / 465 MB Quality –WEB-DL 1080p HEVC , 720p Episodes – 8 Eps Duration – 56 min Subtitle – Myanmar Hardsub Format – mkv / mp4 Genre : Action , Crime , Drama Translator – JULY , Muse , Aoi Encoder – Min Wai ( Season 1 ) Ongoing Sereies Ep-1 (1080p)>>Usersdrive/YoteShin/gdtot/Megaup Ep-1 (720p) >>>Usersdrive/YoteShin/gdtot/Megaup/StreamSb Ep-2 (1080p)>>Usersdrive/YoteShin/gdtot/Megaup Ep-2 (720p) >>>Usersdrive/YoteShin/gdtot/Megaup/StreamSb Ep-3 (1080p)>>Usersdrive/YoteShin/gdtot/Megaup Ep-3 (720p) >>>Usersdrive/YoteShin/gdtot/Megaup/StreamSb (ကျန်ရှိသော အပိုင်းများကိုလည်း ဆက်လက်တင်ဆက်သွားပါမည်)...
Pseudo Harem (2024) ⭐IMDB: 7.3/10 (390 Votes) 🎬 #Animation #Comedy #Romance 🗓 2024 🎞 tv series 🌎 #Japan ⏰ 24 မိနစ် 6 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အထက်တန်းကျောင်းသားတစ်ယောက်ဖြစ်တဲ့ ကီတာဟာမာအဲဂျီက ပေါ်ပြုူလာဖြစ်ချင်စိတ်ရှိပြီး ကောင်မလေးတွေဝိုင်းဝိုင်းလည်ချင်တဲ့ အိမ်မက်ရှိသူပါ။ စီနီယာ ကီတာဟာမာကို သဘောကျနေတဲ့ ညီမလေးနာနာကူရာကတော့ သရုပ်ဆောင်အရမ်းတော်တဲ့ကောင်မလေးပါ။ ပြဇာတ်အဖွဲ့ထဲမှာဆို စီနီယာကီတာဟာမာက ပြဇာတ်စင်နောက်ဘက်မှာ လိုတာတွေကို ပြင်ဆင်ပေးရတာဖြစ်ပြီး နာနာကူရာကတော့ သရုပ်ဆောင်ကောင်းလွန်းတာကြောင့် အဓိကသရုပ်ဆောင်ရတဲ့မင်းသမီးလေးပါ။ နာနာကူရာက စီနီယာကို အရမ်းသဘောကျတာကြောင့် သူ့ရဲ့သရုပ်ဆောင်စွမ်းရည်နဲ့ စရိုက်မတူတဲ့ကောင်မလေးတွေအဖြစ် ဟန်ဆောင်ပေးပြီး စီနီယာ့အိမ်မက်ဖြစ်တဲ့ ကောင်မလေးတွေဝိုင်းဝိုင်းလည်တယ်ဆိုတာကို ဖြည့်ဆည်းပေးရင်းနဲ့ စီနီယာနဲ့နီးစပ်ဖို့ကြိုးစားပါတော့တယ်။ သရုပ်ဆောင်စွမ်းရည်ကိုသုံးပြီး နာနာကူရာတစ်ယောက် စီနီယာ့ရဲ့အချစ်ကိုဘယ်လိုအရယူသွားမလဲဆိုတာကို ကြည့်ရှုခံစားရမှာပါ။ အထက်တန်းကျောင်းက စီနီယာ ဂျူနီယာဆက်ဆံရေးကြားထဲက အချစ်ပေါက်ပေါက်လာပုံလေးကို ချစ်စရာကောင်းပြီး ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုခံစားရမှာပါ။...
Grotesquerie (2024) ⭐IMDB: 6.8/10 (1 k Votes) 🎬 #Drama #Mystery #Crime #Horror 🗓 2024 🎞 tv series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 41 မိနစ် 56 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အပိုင်းသစ် ( ၁ ) Horror Series ကောင်းတွေ ကြည့်ဖို့ ရှာနေရင် ဒီစီးရီးလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Grotesquerie ဆိုတဲ့အတိုင်း နာမည်နဲ့လိုက်အောင် ပုံမှန်လူစိတ်နဲ့ အံဝင်ခွင်ကျ မဖြစ်နေတဲ့၊ စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းလောက်တဲ့ ကြောက်လန့်ဖွယ် ရိုက်ကွက်တွေ ဇာတ်လမ်းသွားတွေ ပါတာမို့ နှလုံးမကောင်းသူတွေ မကြည့်သင့်ပါဘူး။ လက်ရှိ ထုတ်လွှင့်နေတဲ့ Season 1 မှာ အပိုင်း ၁၀ ပိုင်း ပါဝင်ပြီးတော့ IMDB Rating 6.8 နဲ့ Rotten Tomatoes 75% ရရှိထားပါတယ်။ ဇာတ်ညွှန်းကတော့ စုံထောက် လူးဝစ်ထရိုင်ရွန်ဟာ ခင်ပွန်းသည်က ကိုမာနဲ့ ဆေးရုံတက်နေရပြီး သူကိုယ်တိုင်လည်း အရက်စွဲနာ ဖြစ်နေသူပါ။ သူတို့မြို့မှာ မိသားစုလိုက် သတ်ဖြတ်မှု မှုခင်းတစ်ခုဖြစ်ပြီး သွားရောက်စစ်ဆေးတဲ့အခါမှာ အံ့ဩစရာ ကောင်းလောက်အောင် လူသတ်သမားမှာ တစ်မိသားစုလုံးကို အေးအေးဆေးဆေး စိမ်ပြေ နပြေနဲ့ ရွံရှာစက်ဆုပ်ဖွယ် နည်းလမ်းတွေသုံးပြီး သတ်ခဲ့တာကို တွေ့ရပါတယ်။ ဒီအဖြေရှာမရတဲ့ အမှုကို ခေါင်းစားနေတဲ့ စုံထောက်လူးဝစ်တစ်ယောက်ဆီကို လာတွေ့တဲ့သူက စစ်စတာ မီဂန်ပါ။ အပတ်စဉ် ထုတ်ဝေတဲ့ ကက်သလစ် စာစောင်မှာ မှုခင်းသတင်းရေးသားသူ မီဂန်ရဲ့ အမြင်မှာတော့ ဒီလူ သတ်သမားဟာ ဘာသာရေးနဲ့ ဆက်နွယ်တဲ့ စိတ္တဇလူသတ်သမားလို့ မြင်ပါတယ်၊ မရှေးမနှောင်းမှာပဲ တခြားတစ်နေရာမှာ ပထမ အမှုလိုမျိုးပဲ လူမဆန် ရက်စက်စွာ သတ်ထားတာ ထပ်ဖြစ်လာတဲ့ အခါမှာ စုံထောက် လူးဝစ်နဲ့ စစ်စတာ မီဂန်တို့ ဘယ်လိုမျိုး ဒီလူသတ်သမားကို ဖော်ထုတ်ကြမလဲ။ ထပ်ပြီးတော့ ဘယ်လိုသတ်ဖြတ်မှုမျိုးတွေ လာဦးမလဲဆိုတာ…..။ File Size – 482 MB / 233 MB Quality –WEB-DL 1080p HEVC , 720p Episodes – 10 Eps Duration – 41 min Subtitle – Myanmar Hardsub Format – mkv / mp4 Genre : Drama , Horror Translator – Aoi , JULY Encoder – Min Wai ( Season 1 ) Ongoing Sereies Ep-1 (1080p)>>Usersdrive/YoteShin/gdtot/Megaup Ep-1 (720p) >>>Usersdrive/YoteShin/gdtot/Megaup/StreamSb (ကျန်ရှိသော အပိုင်းများကိုလည်း ဆက်လက်တင်ဆက်သွားပါမည်)...
Rajawali (2022) ⭐IMDB: 6.3/10 (28 Votes) 🎬 #Action #Horror #Mystery 🗓 2022 🎞 movie 🌎 #Malaysia ⏰ 1 နာရီ 20 မိနစ် 24 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Rajawali (2022) IMDb Rating (6.3) ဒီဇာတ်လမ်းလေးကတော့ ပရိုဂရမ်ဟောင်းတစ်ခုထဲက အောက်လမ်းမှော်ကိုဖော်ထုတ်ပြီးစွမ်းအင်ရဖို့ကြိုးစားနေတဲ့ မကောင်းဆိုးဝါးအကပ်ခံရထားတဲ့ Komang နဲ့ သူ့ကိုတားဆီးရမဲ့ Komang ရဲ့သား Abang Long တို့ရဲ့ မလေးရှား horror ကား တစ်ပုဒ်ပဲဖြစ်ပါတယ်။ Komang က မကောင်းဆိုးဝါးတွေကို ထိန်းချုပ်ဖို့ ပရိုဂရမ်တစ်ခုကိုဖန်တီးခဲ့ပြီး ရုတ်တရက် မကောင်းဆိုးဝါးပူးခံရတာကြောင့် သူ့ရဲ့သားသမီးတွေကို စွန့်ပစ်လိုက်တယ်။ Komang ရဲ့သူငယ်ချင်း Tok Wan က Abang Long တို့ကို သူ့သားသမီးအရင်းလို စောင့်ရှောက်ခဲ့ပြီး Abang Long ကြီးပြင်းလာတဲ့အခါမှာတော့ အောက်လမ်းမှော်ရှိတဲ့ ပရိုဂရမ်ဟောင်းကို ဖော်ထုတ်ဖို့အတွက် ကျွမ်းကျင် hackers တွေကို စုဆောင်းနေတဲ့ သူ့အဖေဆီကနေ သူ့ရဲ့ညီလေးနဲ့ညီမလေးကို ဘယ်လိုကယ်ထုတ်မလဲဆိုတာကိုတော့ ဒီဇာတ်လမ်းထဲမှာ စိတ်ဝင်စားဖွယ် ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ပဲဖြစ်ပါတယ်။)...
Powder (2024) ⭐IMDB: 6.9/10 (23 Votes) 🎬 #Bollywood #Drama #Romance 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 11 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Powder 2024 ပေါင်ဒါ မှောင်ခိုလောကမှာ ကျင်လည်နေတဲ့ ဘိန်းရာဇာကြီး ဘရုစ်လီသူ့ရဲ့လက်ရုံးတွေကတော့ နယ်စပ်ကနေ မှောင်ခိုသယ်ဖို့ အရာရာကူညီနေတဲ့ ဂျိဗ်စ်နယ်စပ်ကသယ်လာတာကို မြို့ထဲဖြန့်ပေးတဲ့ အန်နာချီနဲ့ဂျိဗ်စ်နဲ့အန်နာချီတို့အရှုပ်မှန်သမျှ နောက်ကလိုက်ရှင်းရတဲ့ ကြေးစား မလိကာတို့ပါ။ ဒီတစ်ခါ သူတို့ရဲ့မဟာအကြံကတော့ ဘိန်းဖြူကို ပေါင်ဒါမှုန့်ဘူးထဲထည့်ပြီး မှောင်ခိုသယ်ဖို့ပါပဲ။ ဒါပေမဲ့ ကံဆိုးချင်တော့ အစီအစဉ်ချွတ်ချော်ပြီး ကုဋေချီတန်တဲ့ဘိန်းဖြူပေါင်ဒါဘူးက သူများလက်ထဲရောက်သွားတဲ့အခါ… ဘိန်းဖြူဆိုတော့ပေါ်ပေါ်ထင်ထင်ကလည်း ရှာလို့မဖြစ်လေတော့ဒီဘိန်းဖြူပေါင်ဒါဘူးကို ပြန်ရယူဖို့လုပ်ရင်း ဘယ်လိုတလွဲတချော်တွေဖြစ်ကြမလဲဆိုတာအခွီလေးတစ်ဖြတ်နဲ့ ရှုစားလိုက်ရအောင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲ ဖြစ်ပါတယ်)...
Hold Your Breath (2024) ⭐IMDB: 5.3/10 (712 Votes) 🎬 #Drama #Horror #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 36 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ၁၉၃၀ ခေတ်ဟောင်း ဒရာမာ ဟော်ရာအမျိုးအစား ရုပ်ရှင်အသစ်ဖြစ်ပါတယ်။ ဒါရိုက်တာကလည်း Westworld စီးရီးထဲက ဇာတ်ညွှန်းဆရာတွေဖြစ်တဲ့ William Joines, Karrie Crouse အတွဲပါပဲ။ မင်းသမီးကတော့ 12 years a slave တို့ Run တို့ ရိုက်ခဲ့တဲ့ Sarah Paulson ပါပဲ။ ဇာတ်လမ်းအကျဉ်း သဲမုန်တိုင်းတွေ ဆက်တိုက်ကျနေပြီ အစာရေစာရှားပါးတဲ့၊ ရောဂါထူပြောတဲ့ ကပ်ဘေးကြုံနေရတဲ့ မြို့လေးတစ်မြို့အကြောင်းကို ရိုက်ပြထားတာပါ။ အဲဒီမြို့ရဲ့ ဒေသပုံပြင်ထဲမှာ မီးခိုးရောင်လူကြီးဆိုတာရှိပါတယ်။ အဲဒီလူကြီးက သဲမှုန်တွေနဲ့အတူ ရောပါလာနိုင်တဲ့အစွမ်းရှိပြီး သူ့ကိုရှုမိတဲ့သူတွေက သူခိုင်းတဲ့ မကောင်းတာတွေအကုန်လုပ်မိတတ်ပါတယ်တဲ့။ အဲဒီ မြို့လေးမှာပဲ ယောကျ်ားဖြစ်သူက ခရီးသွားနေပြီး သမီးနှစ်ယောက်ကို စောင့်ရှောက်ရင်း ကျန်နေခဲ့တဲ့ အမေတစ်ယောက်ရှိတယ်။ အဲဒီမြို့ထဲက ထူးဆန်းတဲ့ ကြောက်စရာလူသေမှုတွေအပြီးမှာ သူတို့ရဲ့အိမ်ကိုလည်း လူစိမ်းတစ်ယောက်ရောက်လာပါတယ်။ အဲဒီလူက လူကောင်းလား လူဆိုးလား၊ ဒါမှမဟုတ် မိစ္ဆာအစစ်လားဆိုတာကို ပဟေဠိတွေကြားထဲကနေ ဝေခွဲရင်း အသက်ရှင်ဖို့ ကြိုးစားရတဲ့ ဟော်ရာအမျိုးအစားပါပဲ။...
Amar Prem Ki Prem Kahani (2024) ⭐IMDB: 6.9/10 (40 Votes) 🎬 #Bollywood #Comedy #Romance #Drama 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 57 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Amar Prem Ki Prem Kahani 2024 ငယ်ငယ်လေးကတည်းက ရုပ်ရည်ချောမောမှုကြောင့်နဲ့ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်ခဲ့ရတဲ့ အာမာပရမ်။ အာမာရဲ့ထူးခြားချက်ကတော့ ကောင်မလေးတွေ ဝိုင်းဝိုင်းလည်နေတဲ့ကြားကဘယ်ကောင်မလေးကိုမှ မကြိုက်ဘဲနဲ့ အကုန်လုံးကို ဖရန့်ဇုန်ထဲပစ်သွင်းပြီးတော့ နေလာခဲ့သူ။အာမာ့မှာ လျှို့ဝှက်ချက်တစ်ခုရှိပါတယ် ဘာလဲဆိုတော့ သူဟာ ကောင်မလေးတွေကိုတမင် ဖရန့်ဇုန်ထဲထည့်တာမဟုတ်ဘဲ ဘယ်ကောင်မလေးကိုမှ ချစ်လို့မရလို့ပါတဲ့ အကြောင်းကတော့သူက ကောင်လေးတွေကိုပဲ စိတ်ဝင်စားနေတဲ့ အုံ့ပုန်းလေးဖြစ်နေလို့ပါပဲ ငယ်စဉ်ကတည်းကတိတ်တခိုးလေးကြိုက်နေတဲ့ကောင်လေးရှိခဲ့ပေမယ့်လည်း မိသားစုကိုမပြောရဲတဲ့အတွက်ကျားချင်ယောင်ဆောင်နေခဲ့ရပါတော့တယ်။ ဒီလိုနဲ့ အရွယ်ရောက်လာတဲ့ အခါမှာတော့ အာမာ့ကို သူ့မိသားစုက လက်ထပ်ပေးဖို့ လုပ်ကြပါတော့တယ်။ဒီမှာပဲ အုံ့ပုန်းလေး အာမာဟာ လက်မထပ်ချင်တဲ့အတွက်သူ့ဦးလေးရှိတဲ့ လန်ဒန်ကို ထွက်ပြေးဖို့ အကြံထုတ်ပါတော့တယ်။ဒီလိုနဲ့ လန်ဒန်ကို သွားတဲ့ လေဆိပ်မှာတင် ကောင်လေးတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပြီးတော့သူ့နှလုံးသားထဲကို နေရာယူသွားခဲ့ပါတော့တယ်။ တိုက်တိုက်ဆိုင်ဆိုင်လန်ဒန်မှာ ဒီကောင်လေးနဲ့ ပြန်ပြီးတွေ့ဆုံမိကြတဲ့အခါမှာတော့ ………..အုံ့ပုန်းလေး အာမာနဲ့ အဲဒီကောင်လေးတို့ ဘယ်လိုတွေ ဇာတ်လမ်းဆက်ကြမလဲ ….သူတို့နှစ်ယောက်ရဲ့ အချစ်ခရီးလမ်းကရော သာယာဖြောင့်ဖြူးပါ့မလား ………..ဘယ်လို အခက်အခဲတွေနဲ့ရော တွေ့ကြုံသွားရမလဲဆိုတာတွေကိုကြည့်ရှုရမယ့် ရိုမန့်ဟာသအချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်)...
The Platform 2 (2024) ⭐IMDB: 5.4/10 (263 Votes) 🎬 #Horror #SciFi #Thriller #ScienceFiction #Drama 🗓 2024 🎞 movie 🌎 #Spain ⏰ 1 နာရီ 40 မိနစ် 57 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Platform 2 (2024) 2019 ခုနှစ်တုန်းက ကမ္ဘာကျော်ခဲ့တဲ့ သိပ္ပံစိတ်ကူးယဉ် ဟော်ရာ ရုပ်ရှင် The Platform ရဲ့ အဆက် ဒုတိယရုပ်ရှင် ထွက်လာပါပြီ။ အဆက်ထွက်တဲ့ ရုပ်ရှင်တွေဟာ ပေါသွားတတ်တယ်ဆိုပေမဲ့ ဒီတစ်ခါမှာတော့ ပထမရုပ်ရှင်ကို ပိုပြီး ပြီးပြည့်စုံစေတဲ့ ဇာတ်လမ်းအနေနဲ့ထွက်ရှိလာပါပြီ။ ပထမကားဒါရိုက်တာဖြစ်တဲ့ Galder Gaztelu-Urrutia ပဲ ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဉ်း (၁ ရော ၂ ရော မကြည့်ရသေးတဲ့သူတွေ ဖတ်ဖို့ပါ) ဇာတ်လမ်းရဲ့ သဘောတရားကတော့ ထောင်တစ်ခုရှိတယ်။ ထောင်ထဲမှာ အကျဉ်းခန်းတွေကို တစ်ထပ်တစ်ခန်းဆီ မျှော်စင်ကြီးလိုတည်ဆောက်ထားတယ်။ နေ့တိုင်း အဲဒီ အထပ်တွေကို အပေါ်ဆုံးကနေ အောက်ဆုံးအထိ စားစရာတွေပါတဲ့ ပလက်ဖောင်းဆိုတဲ့ အခင်းပြားကြီးကို ချပေးတယ်။ တစ်ထပ်မှာ စားသောက်ချိန် မိနစ်ပိုင်းပဲရပြီး စားစရာတွေကို သိမ်းထားခွင့်လည်းမရှိဘူး။ ဒီတော့ အပေါ်ဆုံးကလူတွေက စားချင်တာတွေကို အားရပါးရစားတယ်။ အောက်ရောက်လေလေ ရွံစရာအကြွင်းအကျန်တွေပဲ ရှိလေလေပဲ။ အောက်ဆုံးထပ်ကလူတွေဆိုရင် ငတ်မွတ်ပြီး အချင်းချင်းပါ သတ်စားရတဲ့အခြေအနေဖြစ်လာတယ်။ ဒါပေမဲ့ ဒါက တသမတ်တည်းမဟုတ်ဘူး။ တစ်လကို တစ်ခါ အကျဉ်းသားတွေကို မေ့ဆေးပေးပြီး အထပ်တွေကို ကျပမ်းပြန်လဲပစ်တဲ့အတွက်၊ အပေါ်ဆုံးရောက်တဲ့လူတွေက အောက်ကလူတွေကို တဖန် အကျင့်ပြန်ယုတ်ပြီး သံသရာလည်နေတယ်။ ပထမရုပ်ရှင်မှာတော့ အဲဒီသံသရာကို ချိုးဖျက်ပြီး လူတွေအားလုံး တန်းတူစားနိုင်ဖို့ ကြိုးစားတဲ့လူတစ်ယောက်အကြောင်းနဲ့ လူတွေရဲ့ စိတ်ရိုင်းနဲ့ စရိုက်တွေကို ဖော်ပြထားတဲ့ ရုပ်ရှင်ကို ကြည့်ရမှာပါ။ ဒုတိယရုပ်ရှင်ကတော့ အဲဒီ ပထမဇာတ်လမ်းရဲ့ နောက်ဆက်တွဲတွေကို ရိုက်ကူးပြထားတာပါ။ The Platform 2 ဇာတ်လမ်းအကျဉ်း (၁ ကြည့်ပြီးသူများသာ ဖတ်ပါ) ဒီရုပ်ရှင်က ပထမဆုံး ရုပ်ရှင်ကို ဘာလို့ ပြီးပြည့်စုံသလဲဆိုရင် ပထမရုပ်ရှင်ကို ကြည့်ခဲ့တဲ့လူအားလုံးရဲ့ စိတ်ထဲက မေးခွန်းတွေကို ဖြေပေးလို့ပါပဲ။ လူတွေအကုန် မျှမျှတတစားကြမယ်ဆိုရင် ဘာဆက်ဖြစ်မလဲဆိုတာပေါ့။ ဒုတိယရုပ်ရှင်မှာတော့ ပထမဆုံးရုပ်ရှင်ရဲ့ မင်းသား ဖောက်ခဲ့တဲ့လမ်းကို ယုံကြည်သူတွေ ရှိလာပါတယ်။ သူတို့ကိုယ်သူတို့ သစ္စာရှင်တွေလို့ ခေါ်ကြတယ်။ အဲဒီလူတွေက မင်းသားကို ဘုရားလို ကိုးကွယ်ပြီး ထောင်တစ်ခုလုံးကို ဥပဒေထုတ်ထားပါတယ်။ ကိုယ်မှာခဲ့တဲ့ အစားအစာပဲ စားရမယ်။ သူများဟာကိုမစားရဘူး။ သေသွားတဲ့လူဟာကိုတောင် မစားရဘူးစသဖြင့်ပေါ့။ စည်းကမ်းဖောက်တဲ့လူရှိရင်လည်း အပေါ်ထပ်တွေကနေ လူစုပြီး လာသတ်ကြတယ်။ ထောင်တစ်ခုလုံးကို တင်းကြပ်တဲ့စည်းကမ်းနဲ့ ထိန်းချုပ်ဖို့ကြိုးစားတယ်။ အဲဒီတော့ ထိန်းချုပ်မှုထဲမှာ ပါလာတဲ့ မတရားတာတွေ အစွန်းရောက်တာတွေကို မခံနိုင်တဲ့လူတွေက အရင်အတိုင်း နိုင်ရာစားအခြေအနေကို ပြန်သွားနိုင်ဖို့ တော်လှန်ကြပြန်တယ်။ ဒီရုပ်ရှင်ဟာ ကမ္ဘာပေါ်က နိုင်ငံရေးသဘောတရားမျိုးစုံ အားပြိုင်နေပုံနဲ့ ဘယ်သဘောတရားမဆို အစွန်းရောက်နေသရွေ့ လူဆိုတဲ့အမျိုးရဲ့ မကောင်းတဲ့သဘာဝတွေပါနေသရွေ့ ချို့ယွင်းချက်တွေရှိနေမှာပဲဆိုတာ မီးမောင်းထိုးပြထားသလိုပါပဲ။ (အားလုံးသေမှအေးမယ်) ပြီးတော့ ပလက်ဖောင်းထောင်ဟာ အဖြေမရှိတဲ့ ငရဲတွင်းတစ်ခုလိုပဲဆိုတာကို မြင်ရမှာပါ။ အဲဒီထက်ပိုပြီး မသိမသာ မက်ဆေ့ပေးချင်တာကတော့ အထပ်အရေအတွက်နဲ့ လူအရေအတွက်ပါပဲ။ ၃၃၃ ထပ်မှာ ၂ ယောက်စီ နေတာကြောင့် စုစုပေါင်း အကျဉ်းသား ၆၆၆ ယောက်ရှိပါတယ်။ ဒါဟာ ငရဲကို ကိုယ်စားပြုတဲ့နံပါတ်ပါပဲ။ ကျန်တဲ့မက်ဆေ့တွေကတော့ ကိုယ့်အတွေးနဲ့ကိုယ်တွေးရင် ဆက်ကြည့်လို့ရတာမို့ ကြည့်လိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကိုMr. Andersonမှ ပြန်ဆို ရေးသားထားပါတယ်)...
Cyrano Agency (2010) ⭐TMDB: 69% User Score 🎬 #Comedy #Drama #Romance 🗓 2010 🎞 movie 🌎 #SouthKorea ⏰ 2 နာရီ 2 မိနစ် 16 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Cyrano Agency (2010)**********************Cyrano လို့ခေါ်တဲ့ မြားနတ်မောင်အေဂျင်စီဟာလူငယ်တွေနဲ့ ဖွဲ့စည်းထားလေတော့သူတို့ အိုင်ဒီယာလေးတွေက အတော်မိုက်တယ် .. သူတို့က အောင်သွယ်ပေးဖို့ အလုပ်လာအပ်တဲ့သူကို အကြံပေးရုံသက်သက်တင်မဟုတ်ဘူး……အောင်သွယ်ပေးရမဲ့လူ (၂)ယောက်လုံးရဲ့ Biography ကို အသေးစိတ်လေ့လာတယ် ..ပြီးရင် Plan တွေ စနစ်တကျဆွဲတယ် .. နားကြတ်တပ်ပေးပြီးတော့ အနီးကပ်ညွှန်ကြားပေးတဲ့အပြင် သူတို့(၄)ယောက်ကလည်း လိုအပ်ရင် လိုအပ်သလိုplanထဲ ကွက်တိဝင်အောင် သရုပ်ဆောင်ပေးတယ်….. တစ်နေ့တော့ သူတို့အဖွဲ့ဆီကို ကောင်လေးတစ်ယောက်ကအောင်သွယ်လုပ်ပေးဖို့အလုပ်အပ်တယ်… အလုပ်အပ်တဲ့ကောင်လေးနဲ့ အောင်သွယ်ပေးရမဲ့ကောင်မလေးရဲ့အချက်အလက်တွေစုဆောင်းပြီးတဲ့ အချိန်မှာတော့ Cyrano အေဂျင်စီမှာ စိတ်ဝမ်းကွဲစရာတွေဖြစ်ကုန်တယ်… ကောင်လေးတစ်ယောက်က မဖြစ်နိုင်ဘူးဒီအလုပ်ဆက်မလုပ်ရဘူးလို့ ကန့်ကွက်တယ်ကျန်တဲ့သူတွေက ဒီအလုပ်ကို လက်ခံလိုက်တယ် .. ဒီကားရဲ့သရုပ်ဆောင် Tae-woong Eom, Lee Min Jung, Park Shin HyeDaniel Choi စတဲ့ နာမည်ကြီး (၄)ယောက်ကို အားလုံးရင်းနှီးပြီးသားဖြစ်မှာပါ…. ကိုရီးယားကားတွေရဲ့ထုံးစံအတိုင်း Entertainment အတော်ဆန်လှတယ် Story တွေက သိပ်မဆန်းရင်တောင် ဇာတ်ကွက်လေးတွေက အတော်ဆွဲဆောင်မှုရှိတယ် နောက်တစ်ခု ချီးကျူးစရာကောင်းတာက Lighting ပိုင်းပါသရုပ်ဆောင်တွေရဲ့လှုပ်ရှားမှုတွေအမူအရာတွေကို အကောင်းဆုံးအထောက်အပံ့ပေးနိုင်တယ်သူတို့ရဲ့ဖက်ရှင်ဒီဇိုင်းတွေကလည်း lightion ကြောင့် ကြွရွထွက်နေတယ်….ကိုင်းခံစားကြည့်လိုက်ပါဦးခင်ဗျ...
Ratatouille (2007) ⭐TMDB: 78% User Score 🎬 #Adventure #Animation #Comedy #Family #Fantasy 🗓 2007 🎞 movie 🌎 #USA #UnitedStatesofAmerica ⏰ 1 နာရီ 51 မိနစ် 21 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Animationဇာက်ကားကြိုက်တဲ့လူများအတွက် နာမည်ကျော် ကာတွန်းကားအများအပြားကို ထုတ်လုပ်တဲ့ Walt Disney က ရိုက်ကူးထားတဲ့ ratatouille ဆိုတဲ့ ကြွက်ကားနဲ့ မိတ်ဆက်ပေးပါရစေ Remyက အိုင်ဒီယာကောင်းပြီး အနံ့ အရသာခံတဲ့နေရာမှာ ထူးချွန်တဲ့ ကြွက်တစ်ကောင်ဖြစ်ပါတယ်။ သူက ချက်ပြုတ်တာကို အလွန်ဝါသနာပါသလို သူရဲ့ Heroကတော့ စားဖိုမှူး Auguste Gusteaပဲဖြစ်ပြီး သူ့ရဲ့ ဟင်းချက်နည်းကို တီဗီကနေ အဘွားကြီးတစ်ယောက်ထဲနေတဲ့အိမ်မှာ အမြဲတမ်း သွား သွားကြည့်ပါတယ် တစ်ရက်မှာတော့ ဟင်းလျာတွေကို အကဲဖြတ်ရတဲ့ Egoက Auguste Gusteaရဲ့ ဟင်းလျာတွေကို Rating နည်းနည်းသာပေးတာကြောင့် Auguste Gustea ကိုယ့်ကိုကို သတ်သေသွားတဲ့ သတင်းကို တွေ့လိုက်ရပြီး ဝမ်နည်းစွာ အော်မိတာကြောင့် အဘွားကြီးက ကြွက်ရှိကြောင်း သိသွားပြီး သေနတ်နဲ့ လိုက်ပစ်တာကြောင့် တစ်ဆွေလုံး တစ်မျိုးလုံးထွက်ပြေးရင်း Remyကတော့ သူ့အမျိုးတွေနဲ့ ကွဲသွားပြီး စားသောက်ဆိုင်တစ်ခုကို ရောက်သွားရကနေ အစမ်းခန့်ထားတဲ့ စာဖိုမှူး Linguini နဲ့ဆုံတွေ့ခဲ့ရပါတယ် အဲဒီမှာ ဟင်းချက်ဝါသနာပါတဲ့ Remyက ဟင်းချက်ညံ့တဲ့ Linguiniကို ချက်ပြုတ်ဖို့ ကူညီပေးခဲ့ပြီး သူ့ကို ဘယ်လိုချက်ပြုတ်ရမယ်ဆိုတာ ထိန်းချူပ်ပုံက သဘောကျစရာပါ ဇာတ်ကားရဲ့ အလှည်းအပြောင်းအဖြစ် Linguiniက စာဖိုမှူး Auguste Gusteaရဲ့ သားဖြစ်ပြီး အဲဒီစားသောက်ဆိုင်ကို ဆက်ခံရမဲ့ပိုင်ရှင်ဖြစ်နေတာကို အဲဒီဆိုင်က စာဖိုမှူးချူပ်က အကောက်ကြံပုံ၊ EGoရဲ့ အစားအသောက် စစ်ဆေးချက်ကို သူ့ရဲ့သားကရော ကျော်လွားနိူင်ပါ့မှလားဆိုတာတွေက ဇာတ်ကားရဲ့ ကြည့်ချင်စိတ်ကို အမြင့်ဆုံးထိ ဆွဲခေါ်သွားမှာသေချာပါတယ်။ animation ဇာတ်ကားကြိုက်သူတွေအတွက် လက်မလွဲပဲ ကြည့်သင့်တဲ့ဇာတ်ကားပါ။ IMDB movie ratingမှာ 8/10 အထိ ရထားတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်...
