ဇာတ်ညွှန်းများ • FDMN
Yopiq kanal
Ma'lumot yo'q
Obunachilar
-524 soatlar
-47 kun
+730 kun
Postlar arxiv
Unexpected (2022) ⭐TMDB: 46% User Score 🎬 #Comedy #Drama #Romance 🗓 2022 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 56 မိနစ် 25 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 (IMDb 4.4/10) မင်းသားကြီး Joseph Mazzello နဲ့ မင်းသမီးကြီး Anna Camp တို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Comedy/ Drama/ Romance ဇာတ်ကားလေးတစ်ကားပါ ဒီဇာတ်ကားလေးမှာလည်း ပေးချင်တဲ့ message ကတစ်မျိုးလေးပါပဲ ရင်ထဲတစ်ခုခုတော့ကျန်မှာသေချာပါတယ် ကျွန်တော်တို့နေထိုင်နေတဲ့လောကကြီးကလည်း လိုတာမရ ရတာမလိုနဲ့ အတော်ကိုထူးဆန်းတာမျိုးပဲမလား ကျွန်တော်တို့ မျိုရိုးဗီဇရဲ့ဖြစ်တည်မှုဆိုတာကြီးကလည်းထူးဆန်းတဲ့ဖြစ်ရပ်တစ်မျိုးပါပဲ ဇာတ်အိမ်လေးကတော့ ဘော့ နဲ့ အေမီ တို့လင်မယားနှစ်ယောက်ဟာ ကလေးလိုချင်လွန်းလို့ကြိုးစားနေကြတဲ့သူတွေပေါ့ ဆေးစစ်ချက်မှာ အေမီ ရဲ့အားနည်းချက်ကြောင့်မရနိုင်တာလို့သိတဲ့အချိန်မှာ အေမီ တစ်ယောက်ဆောက်တည်ရာမရခဲ့ဘူး ဂီတဝေဖန်ရေးဆောင်းပါးရေးတဲ့ ဘော့ ကလည်းကလေးရဖို့စိတ်နဲ့ပဲ အလုပ်ကောင်းကောင်းမလုပ်နိုင်တော့ အလုပ်ပြောင်းခံရနဲ့ နှစ်ယောက်စလုံး စိတ်ထောင်းကိုယ်ကြေဖြစ်နေတဲ့အချိန်ပေါ့ တစ်နေတော့ ကြော်ငြာတစ်ခုမှာ ကျေးလက်ကအိမ်လေးတစ်အိမ်အရောင်းတင်ထားတာကို အေမီ တစ်ယောက်တွေ့သွားပြီးတော့ ကျေးလတ်ဒေသလေးမှာ လင်မယားနှစ်ယောက် စိတ်ထွက်ပေါက်တစ်ခုအနေနဲ့သွားပြီး ကလေးရဖို့ နောက်ထပ်တစ်နည်းနဲ့ကြိုးစားဖို့အခွင့်အရေးကိုလုပ်ကြဖို့ဆုံးဖြတ်လိုက်ကြရာကနေ…….. အဲဒီဒေသမှာ တွေရတဲ့လူတွေနဲ့ ဘယ်လိုဆက်ဆံရေးတွေဖန်တီးမှာလည်း….ဝယ်လိုက်တဲ့အိမ်ကရော အဆင်ပြေရဲ့လား…… သူတို့ရဲ့ရည်ရွယ်ချက်ကိုရော အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ပါ့မလားဆိုတာကိုတော့…….. ဒီဇာတ်ကားလေးကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ပဲဖြစ်ပါတယ်...
Twisters (2024) ⭐IMDB: 7.0/10 (49 k Votes) 🎬 #Action #Adventure #Thriller #Drama 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 2 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 နာမည်ကြီး သဘာဝဘေးအန္တရာယ်ရုပ်ရှင် Twister 1996 ရဲ့ နောက်ဆက်တွဲအဖြစ် ထွက်လာတဲ့ ရုပ်ရှင်အသစ်ပါပဲ။ IMDb 7.1 အထိရသွားပြီး မူလပရိသတ်ရော ပရိသတ်အသစ်တွေရော အကြိုက်တွေ့တဲ့ရုပ်ရှင်ပဲဖြစ်ပါတယ်။ “ဇာတ်လမ်းအကျဉ်း” ကိတ်ဟာ မိုးလေဝသပညာရှင်တစ်ယောက်ဖြစ်ပြီး လေဆင်နှာမောင်းတွေကို အရှိန်သတ်နိုင်မဲ့နည်းကို ရှာနေတဲ့သူပါ။ အရှိန်သတ်မဲ့နည်းကို လက်တွေ့စမ်းသပ်ရင်း လေဆင်နှာမောင်းထဲမှာ သူငယ်ချင်းတွေနဲ့ချစ်သူကို ဆုံးရှုံးလိုက်ရလို့ နယူးယောက်မှာပဲ သာမန်မိုးလေဝသပညာရှင်အဖြစ်နဲ့ ဇာတ်မြှပ်နေတာပါ။ ဒါပေမဲ့ တစ်နေ့မှာတော့ လေဆင်နှာမောင်းထဲမှာ အသက်ရှင်ကျန်ခဲ့တဲ့ သူငယ်ချင်းတစ်ယောက်က လေဆင်နှာမောင်းတွေကို နည်းပညာအသစ်တွေနဲ့လေ့လာဖို့ အကူအညီတောင်းလာပါတယ်။ ကိတ်တစ်ယောက် လေဆင်နှာမောင်းတွေကြားထဲမှာ စွန့်စားခန်းပြန်ဖွင့်ရင်း အရင်တုန်းက ကြိုးစားခဲ့တဲ့ သုတေသန အောင်မြင်သွားမလား လူတွေကို ကယ်နိုင်မလားဆိုတာ ဆက်ကြည့်ရမှာပါပဲ။ သဘာဝကပ်ဘေးနဲ့ဆိုင်တဲ့ရုပ်ရှင်တွေကို ကြိုက်တဲ့သူတွေအတွက်တော့ ဒီနှစ်ထဲမှာ ရွှေပါပဲ။ မုန်တိုင်းနဲ့လေဆင်နှာမောင်းတွေကို ကြောက်တတ်တဲ့သူတွေအတွက်တော့ အတော်လေး ကြောက်ဖို့ကောင်းပါလိမ့်မယ်။ ကြည့်ကြည့်လိုက်ကြပါဦး။...
The Scarehouse (2014) ⭐IMDB: 4.5/10 (2 k Votes) 🎬 #Horror #Thriller #Crime 🗓 2014 🎞 movie 🌎 #Canada #UnitedStates ⏰ 1 နာရီ 18 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခေါက် ဘာသာပြန်ထားတဲ့ကားလေးကတော့ သည်းထိတ်ရင်ဖိုကြိုက်နှစ်သက်တဲ့သူတွေ လက််မလွတ်သင့်တဲ့ကားလေးပါ ဇာတ်ကားနာမည်လေးက The Scarehouseလို့ ခေါ်ပြီး ၂၀၁၄ကထွက်ထားတာမို့ ထွက်တာကြာပြီးဖြစ်တဲ့ကားဟောင်းလေးပါ နာမည်ကြီးဒါရိုက်တာနဲ့ ထုတ်လုပ်သူ Gavin Michael Boothက ရိုက်ကူးထုတ်လုပ်ထားတာပဲ ဖြစ်ပါတယ် ဇာတ်ကားအကျဉ်းလေးကတော့ လွန်ခဲ့တဲ့နှစ်နှစ်မှာ ကောလိပ်ကျောင်းသူတစ်စု ဝမ်းနည်းစရာ ဖြစ်ရပ်တစ်ခု ကြုံတွေ့ခဲ့ရပါတယ် နှစ်နှစ်အကြာ ကောလိပ်ကျောင်းသူ၆ယောက်ဟာ သရဲအိမ်ပါတီပွဲကို ဖိတ်ကြားခြင်းခံရပါတယ် ဒါပေမဲ့ သရဲအိမ်ထဲရောက်သွားချိန်မှာတော့ သူတို့ထင်သလို ပါတီပွဲက ပျော်စရာမကောင်းနေတဲ့အခါ သူတို့ကို ဘယ်သူဖိတ်တာလဲ ဘာကြောင့်ဖိတ်ခံရတာလဲ ဘယ်လိုဆက်ဖြစ်မှာလဲဆိုတာကို The Scarehouse ကားမှာ စိတ်ဝင်စားစရာကောင်းအောင် ရိုက်ကူးတင်ဆက်ထားတာမို့ သွေးထွက်သံယိုကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးတို့ကြည့်ရှုဖို့ တိုက်တွန်းလိုပါတယ် ဇာတ်လမ်းအညွှန်းရေးသားသူ...
Jade Dynasty (2019) ⭐IMDB: 5.7/10 (3 k Votes) 🎬 #Drama #Fantasy #Romance #Action 🗓 2019 🎞 movie 🌎 #China ⏰ 1 နာရီ 41 မိနစ် 45 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 စာရေးဆရာ Xiao Ding ရဲ့ XianXia အမျိူးအစား Zhu Xian ဝတ္ထုကိုရုပ်ရှင်အဖြစ်ပြန်လည်ရိုက်ကူးထားတာပါ…ခေါင်းဆောင်မင်းသားကတော့ အမှောင်လောကသခင်ရိလင်လောင်ဂျူလို့ လူသိများတဲ့ ရှောင်းကျန့်ဖြစ်ပြီး တွဲဖက်မင်းသမီးတွေကလည်းခေသူမဟုတ်တဲ့ မုန့်မိန်ချီ, လီချင့် တို့ ပါဝင်သရုပ်ဆောင်ထားတာနော်ဒီ ဝတ္ထုကိုအရင်က ဇာတ်လမ်းတွဲအရှည်အဖြစ်လီရိဖုန်း, ကျောက်လိယင်, ယန်ဇီ တို့ကသရုပ်ဆောင်ခဲ့ပါသေးတယ်။ ဇာတ်လမ်းကတော့ တစ်ရွာလုံး အသတ်ခံရပြီး ရှင်ကျန်သူ ကျန်းရှောင်ဖန်းချင်ယွင်ဂိုဏ်းအကူအညီနဲ့ နတ်တို့ကျင့်စဉ်ကို လေ့ကျင့်ရင်း…. မိဘတို့အတွက်လက်စားချေချင်စိတ် လွန်ရင်း မိစ္ဆာလမ်းစဉ်ရောက်သွားတဲ့ကျန်းရှောင်ဖန်းတစ်ယောက်အကြောင်းကို သရုပ်ဖော်တင်ဆက်ထားတာပါဇာတ်လမ်းတွဲအနေနဲ့ ရင်းနှီးပြီးသား ဇာတ်ကို အခု တစ်ပိုင်းတည်းအပြီး ကြည့်ရမှာဆိုတော့အရင်ကြည့်ခဲ့တဲ့ဇာတ်လမ်းတွဲထက် ပိုကောင်းလေမလား… အရသာပဲပေါ့နေမလား…ဇာတ်အိမ်တွေ အချိုးအကွေ့တွေပြောင်းသွားလေမလား… ဇာတ်လမ်းလေးကြည့်လိုက်ကြပါတော့...
The Oversees Killer (2024) ⭐TMDB: 0% User Score 🎬 #Action #Drama 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 44 မိနစ် 3 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဂျပန်တွေ တရုတ်ပြည်မှာ ကြီးစိုးစဉ်ကာလဖက်ဆစ်ခေတ်ကို အခြေခံထားတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်နိုင်ငံက အဆင်မပြေတုန်း နိုင်ငံခြားထွက် ပညာသင်ခဲ့တဲ့လူငယ်တွေထဲက လူငယ်တစ်ယောက် အမိမြေပြန်ရောက်ချိန်မှာ…သူ့အဖေအပါအဝင် တစ်မိသားစုလုံးသေတဲ့အပြင် အိမ်ပါပြာကျသွားခဲ့တာကိုမြင်ခဲ့ရတယ်… တစ်ချိန်တည်းမှာပဲ သူကိုယ်တိုင်ကလည်း ခေတ်မကောင်းလို့လက်ဆင့်ကမ်းအမွေဖြစ်တဲ့ လက်သီးသိုင်းကိုအစွဲပြုပြီး ကြေးစားလူသတ်သမားဖြစ်နေခဲ့တာပေါ့… ဒီတော့ ပြည်တော်ပြန် မောင်ချိုယွင်လေးတစ်ယောက်ပြောင်းလဲနေတဲ့ အမိမြေပေါ်မှာ တတ်စွမ်းသလောက်တိုင်းပြည်နဲ့ လူမျိုးအပေါ်ပဲ အကျိုးပြုမလား…ကြေးစားလူသတ်သမားအနေနဲ့ ငွေတွေစုပြီးအမိမြေကို ကျောခိုင်း အသက်ရှင်ဖို့ ထွက်ခွာမလား…ကြည့်လိုက်ကြရအောင်...
The Assassins (2012) ⭐TMDB: 56% User Score 🎬 #Drama #History 🗓 2012 🎞 movie 🌎 #China ⏰ 1 နာရီ 47 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မင်းသားကြီး Chow Yun Fat နဲ့ Liu Yi Fei – Crystal Liu တို့ရဲ့၂၀၁၂ ခုနှစ်ကထွက်တဲ့ သုံးပြည်ထောင်ခေတ်ကရုပ်ရှင်ဇာတ်ကားကိုပြန်တင်ပေးလိုက်ပါတယ်။ သုံးပြည်ထောင်ခေတ်ချောင်ချောင်းပရိသတ်တွေအတွက် ကြိုက်မယ့်ဇာတ်ကားဖြစ်ပါတယ်။ချောင်ချောင်းအဖြစ် Chow Yun Fat ကသရုပ်ဆောင်ထားပြီးတော့မမ Liu Yi Fei ကတော့ ချောင်ချောင်းကိုလုပ်ကြံဖို့ချဉ်းကပ်လာတဲ့ မိန်းမငယ်လေးအဖြစ်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ကလေးငယ်တစ်စုဟာလူသတ်သမားတွေဖြစ်လာအောင်ပျိုးထောင်ပေးခံရတယ်။သူတို့ဟာနေ့နေ့ညညလေ့ကျင့်ခဲ့ရပေမယ့် ဘာအတွက်လဲဆိုတာမသိခဲ့ဘူး။ရက်စက်တဲ့စမ်းသပ်မှုတွေကိုကျော်ဖြတ်ပြီးတဲ့နောက်မှာတော့သူတို့ဟာတိုင်းပြည်ရဲ့အာဏာအရှိဆုံးသူတစ်ယောက်ကိုလုပ်ကြံဖို့ဖြစ်တည်လာတယ်ဆိုတာသိလိုက်ရတယ်။ အဲဒီအာဏာအရှိဆုံးသူကတော့ ချောင်ချောင်းပဲဖြစ်တယ်။စစ်သည်ထောင်ပေါင်းများစွာကသတ်ဖို့ကြိုးစားတာတောင်မသေနိုင်တဲ့ချောင်ချောင်းကို မိန်းမငယ်လေးတစ်ယောက်သတ်ဖို့အောင်မြင်နိုင်ပါ့မလား။ကံကြမ္မာအရအရချောင်ချောင်းကိုသတ်ရမယ်ဆိုပေမယ့်အချိန်ကြာလာတာနဲ့အမျှ ချောင်ချောင်းလုပ်ရပ်တွေရဲ့ရည်မှန်းချက်ကိုသိလာရတဲ့အခါ မိန်းမငယ်လေးကချောင်ချောင်းကိုလုပ်ကြံဖို့တွေဝေလာခဲ့တယ်။နောက်ဆုံးမှာလုပ်ကြံဖို့အောင်မြင်နိုင်ပါ့မလား…… အသက်ကြီးလာတာနဲ့အမျှ စစ်မက်တွေကိုစိတ်ကုန်လာပြီဖြစ်တဲ့ချောင်ချောင်းရဲ့ဘဝနှောင်းပိုင်းကာလကိုရိုက်ထားတာဖြစ်ပြီးတော့ဘယ်သူ့ကိုမှမယုံတဲ့ ဘယ်သူမှကွက်ကျော်ရိုက်လို့မရတဲ့ဉာဏ်အရမ်းထက်တဲ့ချောင်ချောင်းကို Chow Yun Fat ကကောင်းကောင်းပုံဖော်ထားနိုင်ပါတယ်။ Historical Dramaကြိုက်တဲ့သူတွေအတွက်ကားကောင်းတစ်ကားဖြစ်ပါတယ်။...
Nelma Kodama: The Queen of Dirty Money (2024) ⭐IMDB: 5.5/10 (149 Votes) 🎬 #Crime #Documentary 🗓 2024 🎞 movie 🌎 #Brazil ⏰ 1 နာရီ 35 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Nelma Kodama: The Queen of Dirty Money (2024)IMDB: 5.5Genre: DocumentaryNelma Kodama ဆိုတာကတော့ ဘရာဇီးနိုင်ငံကငွေရောင်းငွေဝယ်လုပ်တဲ့လူတစ်ယောက်ဖြစ်ပါတယ်။ သူပါဝင်ပတ်သက်ပြီး ဘယ်လိုမျိုး ငွေကြေးခဝါချခဲ့လဲ၊ဘယ်လိုမျိုး ငွေမည်းဈေးကွက်ကအလုပ်လုပ်ခဲ့လဲဆိုတာကိုမြင်ရမှာဖြစ်ပါတယ်။ မှောင်ခိုဈေးကွက်ထဲမှာ ဘယ်လိုမျိုးအလုပ်လုပ်တယ်၊ ဘယ်လိုမျိုးသူတို့ငွေကြေးတွေကိုလဲလှယ်ခဲ့လဲ၊ ခဝါချခဲ့လဲ၊ အထူးတပ်ဖွဲ့ကသူတို့ကိုဘယ်လိုများဖမ်းခဲ့လဲဆိုတာကို မြင်ရမှာဖြစ်ပါတယ်။...
52-Hertz Whales (2024) ⭐IMDB: 6.9/10 (84 Votes) 🎬 #Uncategorized #Drama 🗓 2024 🎞 movie 🌎 #Japan ⏰ 2 နာရီ 16 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မိသားစုရဲ့နှိပ်စက်မှုဒဏ်တွေကိုငယ်စဉ်ကတည်းက ခံစားလာခဲ့ရတဲ့ မီရှီမာခီကို ဆိုတဲ့ အမျိုးသမီးငယ်လေးတစ်ယောက် တစ်နေ့မခံတော့တဲ့အဆုံး စူစိုက်လုပ်ဖို့ကြိုးစားနေစဉ်မှာပဲ ကျောင်းတုန်းကသူငယ်ချင်းနဲ့ အန်ကိုဆိုတဲ့ကျောင်းဆရာလေးနဲ့တွေ့ပြီး သူ့ဘဝလေး တဆစ်ချိုးပြောင်းလဲသွားပါတော့တယ်။ သုံးယောက်သား ပျော်ရွှင်စွာအချိန်တွေအတူကုန်ဆုံးပြီးနောက် အန်ကိုက ခီကို့အပေါ် ချစ်ကြိုက်မိသွားတယ်။ တစ်နေ့မှာတော့ ခီကိုက အိုအီတာမြို့လေးကို ပြောင်းသွားပြီးနောက် မူရှိ(ပိုးကောင်) ဆိုတဲ့ ကလေးလေးနဲ့ဆုံတွေ့ခဲ့တယ်။ ပိုးကောင်လေးက မိခင်ဖြစ်သူရဲ့ရိုက်နှက်မှုဒဏ်တွေခံလာခဲ့ရတဲ့ကလေးဆိုတော့ ခီကိုက နားလည်ခံစားမိသွားပြီး ကလေးကိုကာကွယ်ပေးဖို့ဆုံးဖြတ်လိုက်တယ်။ အဲလိုနဲ့ ခီကိုတစ်ယောက် သူအလုပ်လုပ်နေတဲ့နေရာကအလုပ်ရှင်နဲ့ချစ်ကြိုက်သွားမိတဲ့အချိန်မှာ ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာ ကြည့်ရှုရမဲ့ ဂျပန်ဒရာမာကားကောင်းလေးပဲဖြစ်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့...
Winny (2023) ⭐IMDB: 6.5/10 (148 Votes) 🎬 #Drama 🗓 2023 🎞 movie 🌎 #Japan ⏰ 2 နာရီ 6 မိနစ် 42 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ၂၀၀၂ ခုနှစ်မှာ ဂျပန်လူမျိုးဆော့ဖ်ဝဲလ်အင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့ အီစာမူခါနဲကိုက ဖိုင်ဝေမျှတဲ့ဆော့ဖ်ဝဲလ်ဖြစ်တဲ့ “ဝင်နီ” ကိုဖန်တီးခဲ့ပါတယ်။ ဆော့ဖ်ဝဲလ်မှာ ဖိုင်တွေအပြန်အလှန်ဝေမျှလို့ရတဲ့အတွက် တရားမဝင်ဖြန့်ချိမှုတွေ ဒေါင်းလုပ်ဆွဲမှုတွေပေါ်လာပြီး မူပိုင်ခွင့်ပြဿနာတွေဖြစ်လာပါတော့တယ်။ အဲ့နောက် ရဲတပ်ဖွဲ့ကနေပြီး မူပိုင်ခွင့်ချိုးဖောက်တဲ့သုံးစွဲသူတွေကိုလိုက်ဖမ်းပြီး ဖန်တီးရှင် ခါနဲကိုလည်း အဖမ်းခံလိုက်ရတယ်။ ဒါပေမဲ့ ခါနဲကို့မှာအပြစ်မရှိဘူးဆိုပြီး ထောက်ခံအားပေးကြတဲ့လူတစ်စုက သူ့အတွက် ရှေ့နေအဖွဲ့တစ်ဖွဲ့ကိုငှားပေးလိုက်တဲ့အခါမှာတော့ ခါနဲကို့အတွက် တရားသေလွတ်ဖို့အတွက် ရှေ့နေအုပ်စုပ်က မဆုတ်မနစ်ကြိုးစားရပါတော့တယ်။ ဒီဇာတ်ကားလေးက ဖြစ်ရပ်မှန်အကြောင်းပြန်ရိုက်ထားတာဖြစ်လို့ စိတ်ဝင်တစားကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ် ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့...
61st Street (2022) ⭐IMDB: 6.7/10 (1 k Votes) 🎬 #Drama #Crime #Thriller 🗓 2022 🎞 tv series 🌎 #UnitedStates #UnitedKingdom #UnitedStatesofAmerica ⏰ 45 မိနစ် 29 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မိုဆတ်ဂျွန်ဆင်ဟာ တောက်ပတဲ့အနာဂတ်နဲ့အလားအလာကောင်းတွေနဲ့ကျောင်းသားအားကစားသမားလူမည်းလူငယ်တစ်ယောက်ပါ။သူတို့နေထိုင်ရာရပ်ကွက်ဟာ ဆင်းရဲသားရပ်ကွက်ပီပီမူးယစ်ဂိုဏ်းဝင်တွေ၊ဒုစရိုက်သမားတွေဒွေးရောယှက်တင် ကျက်စားနေတဲ့နေရာပါပဲ။သူကတော့ မကြာခင်မှာပညာသင်ဆုနဲ့မြို့ကြီးမှာကောလိပ်တက်ဖို့သွားရတော့မှာဖြစ်ပြီး အဲ့ဒီလိုမသွားခင် တစ်ညနေမှာသူတို့အိမ်နားက မူးယစ်ဆေးရောင်းတဲ့ဂိုဏ်းကို ရဲတပ်ဖွဲ့ကဝင်စီးတဲ့အချိန်နဲ့တိုးပြီး ရုန်းရင်းဆန်ခတ်ဖြစ်ရပ်တွေကြားမှာသူ့ကြောင့် ရဲတစ်ယောက်သေဆုံးသွားတဲ့အဖြစ်ကိုကြုံခဲ့ရပါတယ်။ Black life matters movement လိုဖြစ်စဉ်မျိုးတွေကြောင့် ရဲတပ်ဖွဲ့ကိုလူတွေမျက်မုန်းကျိုးနေကြတဲ့အချိန်၊ ရဲတပ်ဖွဲ့ထဲကလူတွေကလည်းဒီလိုကိစ္စတွေနဲ့ပတ်သက်ပြီး သူတို့ဘက်ကဂုဏ်သိက္ခာကိုပြန်အဖတ်ဆည်ရမယ့်အခြေအနေတွေရှိတာကြောင့် မိုဆတ် ကိုစံပြအနေနဲ့တရားစီရင်ဖို့ အသေအလဲကြိုးစားကြတော့မှာဖြစ်ပါတယ်။အဲ့ဒီအချိန်မှာ သူ့ဘက်ကရပ်တည်ပေးမယ့်သူကတော့ ဖရန်ကလင်ရောဘတ်ဆိုတဲ့ အငြိမ်းစားယူကာနီးရှေ့နေတစ်ဦးဖြစ်ပြီး သူတို့ရဲ့ရပ်ကွက်သူရပ်ကွက်သားတွေအပေါ် တရားရေးစနစ်ရဲ့ဘက်လိုက်မှု၊မျက်ကွယ်ပြုမှုတွေကို တိုက်ဖျက်ဖို့ကြိုးစားနေတဲ့သူဖြစ်ပါတယ်။ရောဘတ်ကိုယ်တိုင်ကလည်း ကင်ဆာရောဂါကြောင့် ဘ၀ဆုံးတော့မယ့်အခြေအနေကြုံနေရတဲ့အတွက် သူ့ရှေ့နေသက်တမ်းတစ်လျှောက်နောက်ဆုံးအနေနဲ့အပြောင်းအလဲလေးတစ်ခု အရာထင်အောင်ကြိုးစားသွားမှာပါပဲ။တစ်ဖက်မှာတော့ တရားရေးစနစ်ရဲ့အထက်စီး အတွင်းစည်းက လူဖြူလူများစုအင်အားကြီးတဲ့ အုပ်စုတစ်ခုဖြစ်ပြီး၊ တစ်ဖက်ကတော့ မွေးရာပါလူမည်းဖြစ်နေရုံနဲ့အဖိနှိပ်ခံ၊ဩဇာကင်းမဲ့တဲ့ လူနည်းစုဖြစ်နေပါတယ်။ သူတို့နှစ်ဘက်ရဲ့အားပြိုင်မှုကိုသရုပ်ဆောင်အင်အားကောင်းကောင်းနဲ့ရှုစားကြရမယ့် Crime/Drama ဇာတ်လမ်းတွဲကောင်းတစ်ခုဖြစ်ပါတယ်...
My Lady Jane (2024) ⭐IMDB: 7.4/10 (11 k Votes) 🎬 #Drama #Comedy #SciFi #Fantasy #History #Romance 🗓 2024 🎞 tv series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 52 မိနစ် 14 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အင်္ဂလန်သမိုင်းမှာ ၉ ရက်ပဲ ဘုရင်မဖြစ်ခွင့်ရလိုက်တဲ့ ဘုရင်မ ဂျိန်းဂရေးအကြောင်းကို ကျောရိုးတည်ပြီးရိုက်ကူးထားတာ ဖြစ်ပါတယ် သမိုင်းမှာတော့ Nine Days Queen လို့နာမည်ကြီးပြီး 9 ရက်အကြာမှာ ခေါင်းဖြတ်သတ်ခံလိုက်ရတဲ့ ဘုရင်မပါ .. ဒီဇာတ်လမ်းတွဲမှာတာ့ သမိုင်းကိုအနည်းငယ်ပြောင်းလဲရိုက်ကူးထားပါတယ် … Jane Grey ဟာ ဂရေးမိသားစုရဲ့ အကြီးဆုံးသမီးဖြစ်ပြီး အမျိုးသမီးတွေပညာသင်ခွင့်မရတဲ့ ခေတ်မှာ စာပေပညာထူးချွန်သူတစ်ေယာက်ပါ ..သူ့မိခင် ဖရန်စစ်က သမီးတွေကြည့် 3 ယောက်မွေးထားတာဖြစ်လို့ အမွေဆက်ခံမယ့်ယောက်ျားသားကို လိုချင်တဲ့အတွက် ဒူဒလီ မိသားစုက သားငယ် ဂေးဖို့ဒူဒလီနဲ့ အတင်းလက်ဆက်ပေးစားပါတယ်ဒါပေမယ့် သူတို့ခေတ်မှာ အီသီယန်လို့ခေါ်တဲ့ လူတစ်ပိုင်း သားရဲတစ်ပိုင်း သတ္တဝါတွေလည်း အတော်သောင်းကြမ်းနေပါတယ် … ဂျိန်းလက်ထပ်လိုက်တဲ့ ဂေးဖို့ဟာ အီသီယန်တစ်ကောင်ဖြစ်နေမှန်း သိလိုက်ရတဲ့အခါမှာတော့ လက်ထပ်ပွဲက ပြီးဆုံးကာ အားလုံးနောက်ကျ သွားပါပြီ… တစ်ဆက်ထဲမှာပဲ အင်္ဂလန်ဘုရင် အက်၀က်ဟာ အစ်မဖြစ်သူ နန်းလုသူ မယ်ရီရဲ့ အဆိပ်ခပ်လုပ်ကြုံမှုကို ခံလိုက်ရပါတယ် အက်၀က်မသေခင်မှာ ဂျိန်းကို နန်းလွှဲခဲ့တာ ဖြစ်တဲ့အတွက် ဂျိန်းဂရေးဟာ အင်္ဂလန်ရဲ့ ပထမဆုံး ဘုရင်မဖြစ်လာပြီး အန္တရာယ်တွေပိုဝိုင်းလာပါတယ် … အီသီယန်တွေနဲ့ နန်းလုချင်သူ အစ်မ မယ်ရီရဲ့ နှစ်ဖက်မှာ ဂျိန်းတစ်ယောက် သမိုင်းထဲကအတိုင်း 9 ရက်နဲ့သေမှာလား သမိုင်းအသစ်ရေးထိုးသွားမှာလားဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပါတယ် အင်္ဂလန်သမိုင်းနောက်ခံကိုမှ မှော်တွေ သားရဲသတ္တဝါအကောင်ကြီးတွေနဲ့ ဖန်တီးရောစပ်ရိုက်ကူးထားပြီး Rating လည်း 7.4 အထိရိုက်ထားတာကြောင့် လက်မလွှတ်တမ်းကြည့်သင့်တဲ့ စီးရီးတစ်ခုပါပဲ...
Oceans Are the Real Continents (2023) ⭐IMDB: 7.4/10 (82 Votes) 🎬 #Drama 🗓 2023 🎞 movie 🌎 #Italy #Cuba ⏰ 2 နာရီ 43 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Oceans are the real Continent (2023) IMDb 6.6/10 ကျူးဘားနိုင်ငံမှာ အကျပ်အတည်းအမျိုးမျိုးကြောင့် လူတွေအလုံးအရင်းနဲ့ နိုင်ငံကနေ ပြောင်းရွှေ့ထွက်ခွာကြတဲ့ အကြောင်းကိုမိသားစုလေးတစ်စုကိုအခြေပြုပြီး ရိုက်ကူးထားတဲ့ကျူးဘန်းကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း သားလေး ၂ယောက်အမေ အီဒစ်သ်တို့လင်မယားဟာ ကျူးဘားနိုင်ငံသားတွေဖြစ်ကြပါတယ်။အီဒစ်သ်ဟာ ရုပ်သေးရုပ်ကပြဖျော်ဖြေတဲ့ အမျိုးသမီးတစ်ယောက်ပါ။သူမရဲ့အမျိုးသားနဲ့အတူ တခြားနိုင်ငံကိုရေကြည်ရာ မြက်နုရာ ပြောင်းရွှေ့ဖို့ပြင်နေပါတယ်။ ဒါပေမဲ့ တစ်ချက်ချက် အမျိုးသားဖြစ်သူနဲ့လည်း အတိုင်အဖောက်မညီဖြစ်ပြီးစကားတွေများရတတ်တာပေါ့ ယောက်ျားလေးများရဲ့ သဘာဝနဲ့ မိန်းကလေးတို့ရဲ့ သဘာဝအရ။ ဒါပေမဲ့လည်း နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ အမေရိကကိုသွားဖို့ ပြင်ဆင်စရာအားလုံးပြင်ဆင်စီစဉ်စရာအားလုံးစီစဉ်ပြီးသွားတဲ့နောက်မှာ သူတို့မိသားတစ်စု နိုင်ငံကနေ အဆင်ပြေပြေထွက်ခွာပြီးမိသာစုလေးပျော်ရွှင်စွာ ဆုံစည်းနိုင်မလား အလွဲလွဲ အကွဲကွဲလေးတွေဖြစ်လာဦးမလားဆိုတာတော့ ဇာတ်ကားထဲမှာ အဖြေရှာဖော်ထုတ်ကြည့်စေချင်ပါတယ်ခင်ဗျာ။ အညွှန်းနဲ့ဘာသာပြန်ကတော့ Ko Wunna ဖြစ်ပါတယ်ခင်ဗျ။...
The Dancing Hawk (1978) ⭐TMDB: 54% User Score 🎬 #Drama 🗓 1978 🎞 movie 🌎 #Poland ⏰ 1 နာရီ 39 မိနစ် 54 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဘဝမှာ ဆင်းဆင်းရဲရဲနဲ့မွေးလာတာ အပြစ်မဟုတ်ပေမဲ့ ဆင်းဆင်းရဲရဲနဲ့သေသွားရင်တော့ ကိုယ့်အပြစ်လို့ ပြောကြတာပါပဲ…. ဒီကားလေးထဲမှာတော့ ဆင်းဆင်းရဲရဲ ဒုက္ခပေါင်းများစွာနဲ့ မွေးလာခဲ့ပေမဲ့ ကြိုးစားရုန်းကန်ခဲ့လို့ မြို့ပေါ်က စက်ရုံကြီးတစ်ရုံမှာ ရာထူးမြင့်ပိုင်းရသွားတဲ့သူအကြောင်းရိုက်ပြထားတာပါ…… ရာထူးရသွားပေမဲ့ အဲဒီနေရာကိုရောက်ဖို့ သူဘာတွေရင်နှီးခဲ့ရလဲ ဘာတွေပေးဆပ်လိုက်ရလဲ အဆင့်မြင့်သွားတဲ့ဘဝနဲ့ ထိုက်တန်တဲ့ ပျော်ရွှင်မှုရောရပါ့မလား……သာယာတဲ့ဘဝလေးထက် ချမ်းသာပြီးစိတ်ပူနေရတဲ့ဘဝကပိုကောင်းနိုင်ပါ့မလား စတာတွေကို အေးအေးဆေးဆေးရိုက်ပြထားတာမို့ အေးအေးဆေးဆေးလေးသာ ကြည့်ရှုခံစားလိုက်ကြပါဦးလို့...
Hostiles (2017) ⭐IMDB: 7.2/10 (97 k Votes) 🎬 #Adventure #Drama #Western #History 🗓 2017 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 14 မိနစ် 32 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Hostiles (2017) IMDb Rating (7.2) / Rotten Tomatoes (70%) အခုတစ်ခါမှာတော့ ကမ္ဘာကျော်မင်းသားကြီး Christian Bale ရဲ့ Western Film တစ်ကားတင်ဆက်ပေးပါမယ်။ Western ဇာတ်ကားအမျိုးအစားကိုတော့ မြန်မာမှာ ကောင်းဘွိုင်ဇာတ်ကားအမျိုးအစားအဖြစ် လူသိများပါတယ်။ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ Scott Copper ကရိုက်ကူးထားပါတယ်။ ခေါင်းဆောင်မင်းသားကတော့ American Psycho, The Machinist, Batman Trilogy ဇာတ်ကားတွေနဲ့အတူနာမည်ကျော်ကြားလာတဲ့ မင်းသား Christian Bale ဖြစ်ပြီးတော့ဇာတ်ဆောင်မင်းသမီးနေရာမှာ 2002 ခုနှစ်ထွက် James Bond ဇာတ်ကားတစ်ကားဖြစ်တဲ့ Die Another Day မှာ Bond Girl အဖြစ်သရုပ်ဆောင်ခဲ့ပြီးတော့ နာမည်ကျော်ဇာတ်ကားတစ်ကားဖြစ်တဲ့ Gone Girl မှာခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့မင်းသမီးချောကြီး Rosamund Pike ပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းအရတော့ ဂျိုးဘလော့ကာဟာစစ်တပ်မှာ ကပ္ပတိန်အဖြစ်တာဝန်ထမ်းဆောင်နေတဲ့သူတစ်ဦးဖြစ်ပြီးတော့အင်ဒီယန်းတွေကို လွန်စွာမုန်းတီးသူဖြစ်ပါတယ်။ တစ်နေ့မှာ သူ့ရဲ့ရဲဘော်ရဲဘက်တွေကို သတ်ဖြတ်ခဲ့တဲ့ သူမုန်းတီးရတဲ့ ရှိုင်ယန်းအကြီးအကဲတစ်ဦးကို မွေးရပ်မြေအရောက်ပြန်ပို့ပေးဖို့အတွက်သမ္မတကိုယ်တိုင်ကခိုင်းစေလာတာကြောင့် အဆိုပါတာဝန်ကိုမဖြစ်မနေထမ်းဆောင်ရမယ့် အခြေအနေကိုကျရောက်လာပါတော့တယ်။ သူမုန်းတီးတဲ့အင်ဒီးယန်းလူမျိုးကြီးကို နေရပ်ဆီအရောက်ပို့ပေးနိုင်မလား။ လမ်းခရီးမှာရော ဘယ်လိုအခက်အခဲတွေကြုံတွေ့ရဦးမလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲဆက်လက်ကြည့်ရှုလိုက်ပါ။ နာမည်ကျော်မင်းသားကြီးနဲ့ မင်းသမီးကြီးပါဝင်ထားတဲ့ဇာတ်ကားဖြစ်တာကြောင့် လက်လွတ်မခံသင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။...
Blade: Trinity (2004) ⭐TMDB: 59% User Score 🎬 #Action #Horror #SciFi #ScienceFiction 🗓 2004 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 3 မိနစ် 34 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Marvel ဟာ Comic Book တွေ ရောင်းအားကျလို့ ဒေဝါလီခံရလုနီးပါးဖြစ်နေတဲ့အချိန် သူတို့ကို ကယ်တင်ခဲ့တာကတော့ ပထမဆုံးစူပါဟီးရိုးလူမည်းရုပ်ရှင်ဖြစ်တဲ့ Blade ရုပ်ရှင်ပါပဲ။ Blade ဟာ ရုံတင်ဝင်ငွေပိုင်းမှာရော ပရိတ်သတ်အားပေးမှုအပိုင်းမှာရော အောင်မြင်ခဲ့တာကြောင့် Marvel ကုမ္ပဏီအနေနဲ့ အမြတ်အစွန်းများစွာရရှိခဲ့ပြီး MCU ကဲ့သို့ စူပါဟီးရိုး Universe ကိုပါ ပရိတ်သတ်တွေ ဆက်လက်ကြည့်ရှုခံစားခွင့်ရရှိခဲ့တာပါ။ Blade နေရာမှာ မင်းသားကြီး Wesley Snipes က လုံးဝပီပြင်စွာ သရုပ်ဆောင်ထားပြီး Blade ၃ ကားထွက်ရှိခဲ့ပါတယ်။ Blade ဟာ သွေးစုပ်ဖုတ်ကောင် vampire သွေးတစ်ဝက်ပါတဲ့ စူပါဟီးရိုးဖြစ်ပြီး လူသားကမ္ဘာကို ချုပ်ကိုင်လွှမ်းမိုးမယ့် vampire ဗီလိန်ကောင်တွေကို ရင်ဆိုင်တိုက်ခိုက်တာကို အမိုက်စားကြည့်ရှုခံစားရမှာပါ။ စူးရှတဲ့ ဇာတ်ကောင်တွေ ၊ ပုံစံမျိုးစုံနဲ့မိစ္ဆာကောင်တွေ ၊အသတ်အဖြတ်ကြမ်းကြမ်းတွေနဲ့ Marvel ရဲ့ ခြေလှမ်းအစကို ပြန်လည်ခံစားကြည့်ကြပါဦး။ Blade ရုပ်ရှင်ကား ၃ ကားစလုံးကို ဒီမှာhttps://www.channelmyanmar.to/?s=blade+marvelဒေါင်းပါ။...
Blade II (2002) ⭐TMDB: 65% User Score 🎬 #Action #Horror #SciFi #Fantasy #Thriller 🗓 2002 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 57 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Marvel ဟာ Comic Book တွေ ရောင်းအားကျလို့ ဒေဝါလီခံရလုနီးပါးဖြစ်နေတဲ့အချိန် သူတို့ကို ကယ်တင်ခဲ့တာကတော့ ပထမဆုံးစူပါဟီးရိုးလူမည်းရုပ်ရှင်ဖြစ်တဲ့ Blade ရုပ်ရှင်ပါပဲ။ Blade ဟာ ရုံတင်ဝင်ငွေပိုင်းမှာရော ပရိတ်သတ်အားပေးမှုအပိုင်းမှာရော အောင်မြင်ခဲ့တာကြောင့် Marvel ကုမ္ပဏီအနေနဲ့ အမြတ်အစွန်းများစွာရရှိခဲ့ပြီး MCU ကဲ့သို့ စူပါဟီးရိုး Universe ကိုပါ ပရိတ်သတ်တွေ ဆက်လက်ကြည့်ရှုခံစားခွင့်ရရှိခဲ့တာပါ။ Blade နေရာမှာ မင်းသားကြီး Wesley Snipes က လုံးဝပီပြင်စွာ သရုပ်ဆောင်ထားပြီး Blade ၃ ကားထွက်ရှိခဲ့ပါတယ်။ Blade ဟာ သွေးစုပ်ဖုတ်ကောင် vampire သွေးတစ်ဝက်ပါတဲ့ စူပါဟီးရိုးဖြစ်ပြီး လူသားကမ္ဘာကို ချုပ်ကိုင်လွှမ်းမိုးမယ့် vampire ဗီလိန်ကောင်တွေကို ရင်ဆိုင်တိုက်ခိုက်တာကို အမိုက်စားကြည့်ရှုခံစားရမှာပါ။ စူးရှတဲ့ ဇာတ်ကောင်တွေ ၊ ပုံစံမျိုးစုံနဲ့မိစ္ဆာကောင်တွေ ၊အသတ်အဖြတ်ကြမ်းကြမ်းတွေနဲ့ Marvel ရဲ့ ခြေလှမ်းအစကို ပြန်လည်ခံစားကြည့်ကြပါဦး။ Blade ရုပ်ရှင်ကား ၃ ကားစလုံးကို ဒီမှာhttps://www.channelmyanmar.to/?s=blade+marvelဒေါင်းပါ။...
Blade (1998) ⭐TMDB: 68% User Score 🎬 #Action #Horror #SciFi 🗓 1998 🎞 movie 🌎 #USA #UnitedStatesofAmerica ⏰ 2 နာရီ 36 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Marvel ဟာ Comic Book တွေ ရောင်းအားကျလို့ ဒေဝါလီခံရလုနီးပါးဖြစ်နေတဲ့အချိန် သူတို့ကို ကယ်တင်ခဲ့တာကတော့ ပထမဆုံးစူပါဟီးရိုးလူမည်းရုပ်ရှင်ဖြစ်တဲ့ Blade ရုပ်ရှင်ပါပဲ။ Blade ဟာ ရုံတင်ဝင်ငွေပိုင်းမှာရော ပရိတ်သတ်အားပေးမှုအပိုင်းမှာရော အောင်မြင်ခဲ့တာကြောင့် Marvel ကုမ္ပဏီအနေနဲ့ အမြတ်အစွန်းများစွာရရှိခဲ့ပြီး MCU ကဲ့သို့ စူပါဟီးရိုး Universe ကိုပါ ပရိတ်သတ်တွေ ဆက်လက်ကြည့်ရှုခံစားခွင့်ရရှိခဲ့တာပါ။ Blade နေရာမှာ မင်းသားကြီး Wesley Snipes က လုံးဝပီပြင်စွာ သရုပ်ဆောင်ထားပြီး Blade ၃ ကားထွက်ရှိခဲ့ပါတယ်။ Blade ဟာ သွေးစုပ်ဖုတ်ကောင် vampire သွေးတစ်ဝက်ပါတဲ့ စူပါဟီးရိုးဖြစ်ပြီး လူသားကမ္ဘာကို ချုပ်ကိုင်လွှမ်းမိုးမယ့် vampire ဗီလိန်ကောင်တွေကို ရင်ဆိုင်တိုက်ခိုက်တာကို အမိုက်စားကြည့်ရှုခံစားရမှာပါ။ စူးရှတဲ့ ဇာတ်ကောင်တွေ ၊ ပုံစံမျိုးစုံနဲ့မိစ္ဆာကောင်တွေ ၊အသတ်အဖြတ်ကြမ်းကြမ်းတွေနဲ့ Marvel ရဲ့ ခြေလှမ်းအစကို ပြန်လည်ခံစားကြည့်ကြပါဦး။ Blade ရုပ်ရှင်ကား ၃ ကားစလုံးကို ဒီမှာhttps://www.channelmyanmar.to/?s=blade+marvelဒေါင်းပါ။...
Fortunes of War (2024) ⭐IMDB: 3.7/10 (142 Votes) 🎬 #War #Action 🗓 2024 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 25 မိနစ် 12 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားကတော့ ဒုတိယကမ္ဘာစစ် အတွင်းမှာ နေရာယူထားတာပါ။ ဗြိတိသျှတပ်ဖွဲ့ တစ်ဖွဲ့ဟာ ဂျာမန်တပ်ကို အလစ်ဝင်တိုက်ဖို့လုပ်ရင်း ဂျာမန်တွေက အရင်အလစ်ဝင်တိုက်သွားတဲ့အတွက် တပ်တွေကွဲသွားပါတယ်။ ဆာဂျင် မေဆန် ဦးဆောင်တဲ့ တပ်စုဟာ ဂျာမန်တွေလက်ကနေထွက်ပြေးရင်း လမ်းပြတွေရဲ့ အကြံပေးချက်အရ လယ်ကွင်းတစ်ခုဆီရောက်လာပါတယ်။ ဒီနေရာမှာ ပြန်ဆုတ်ခွာဖို့လမ်းကြောင်းဆွဲနေတုန်း ဂျာမန်တွေက လိုက်မှီလာတဲ့အတွက် ပြန်လည်ခုခံကြရပါတော့တယ်။ ဂျာမန်တပ်တွေဟာ သူတို့ကိုဝိုင်းထားနိုင်ပေမယ့် ရှေ့ကိုဆက်တိုးမလာကြပါဘူး။ ဆာဂျင် မေဆန်တို့တွေ ဒီအခြေအနေက ဘယ်လိုထွက်ကြမလဲ ဂျာမန်တွေက ဘာလို့ သူတို့ကိုဝင်မတိုက်ကြတာလဲ ဆိုတာတွေကိုတော့ ဇာတ်ကားထဲမှာ ကြည့်ရှူပေးပါဦး။...
Halls of Montezuma (1951) ⭐TMDB: 57% User Score 🎬 #Action #Adventure #Drama #War 🗓 1951 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 54 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီကားလေးကတော့ ၁၉၅၁ အမေရိကန် world war II အကြောင်းကိုပြန်ရိုက်ထားတဲ့War/actionစစ်ကားလေးပါ မင်းသား Robert Wagner ရဲ့ပထမဆုံး credited screen role ပါဝင်တာဖြစ်ပြီးဒုတိယကမ္ဘာစစ်ရဲ့ဂျပန်တွေအပိုင်းစီးထားတဲ့ကျွန်းကိုအမေရိကန်ကြည်းတပ်ကပြန်ယူတဲ့စစ်ကားကောင်းလေးဖြစ်ပါတယ် Richard Booneရဲ့ debutကားဖြစ်ပြီးကျွန်းကိုပြန်သိမ်းဖို့ကြိုးစားကျတဲ့အခါဘယ်လိုအခက်အခဲတွေတွေ့ပြီးဂျပန်တွေရဲ့ဒုံးကျည်တည်နေရာကိုတပ်ကြပ်ကြီးနဲ့တပ်သားတွေဘယ်လိုရှာကြမလဲဆိုတာရင်ခုန်စွာကြည့်ရမဲ့စစ်ကားကောင်းလေးဖြစ်ပါတယ် စစ်ကားကြိုက်တဲ့သူတွေလက်လွှတ်မခံသင့်တဲ့ကားလေးပါ...
The Birthday Boy (2024) ⭐IMDB: 8.7/10 (2 k Votes) 🎬 #Bollywood #Comedy #Drama #Mystery #Thriller 🗓 2024 🎞 movie 🌎 #India #Canada ⏰ 1 နာရီ 58 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Birthday Boy (2024)“မွေးနေ့ရှင်” ဒီတစ်ခါမှာတော့ အသစ်ထွက်ရှိလာတဲ့ သည်းထိပ်ရင်ဖိုတေလဂူးရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်တေလဂူးရုပ်ရှင်တို့ထုံးစံအတိုင်း ရိုးရိုးရှင်းရှင်း ပုံဖော်ထားတဲ့ ဇာတ်လမ်းလေးပါ ဇာတ်လမ်းအကျဥ်းကတော့ အမေရိကားမှာ ကျောင်းတက်နေကြတဲ့ သူငယ်ချင်းငါးယောက်အချင်းချင်းစကြနောက်ကြတဲ့ ရယ်မောသံတွေပြည့်နေတဲ့စကားဝိုင်းလေးမှာ ဘာလူ့မွေးနေ့အတွက် အစစအရာရာကြိုတင်ပြင်ဆင်ထားကြောင်း သူငယ်ချင်းတစ်ယောက်က ပြောလာပါတယ် အမေရိကားမှာ ငွေကိုစိစစ်ပြီး သုံးစွဲနေရတဲ့ သူတို့အဖို့ အစွမ်းကုန်ခြေလွတ်လက်လွတ် ကဲလို့ရမယ့် သူငယ်ချင်းမွေးနေ့ရောက်တဲ့အခါ အမူးသောက်ကြပြီး …ပျော်ကြပါးကြ ပရမ်းပတာတွေ လုပ်ရင်းမှ လက်လွန်ကြက်သွန်တွေဖြစ်ကာထိတ်ထိတ်ပျာပျာ ကြံမိကြံရာတွေ လုပ်ကြပုံကို ပရိသတ်ကြီးကြည့်ရှုအားပေးကြပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်...
