ဇာတ်ညွှန်းများ • FDMN
Yopiq kanal
Ma'lumot yo'q
Obunachilar
-524 soatlar
-47 kun
+730 kun
Postlar arxiv
Shape of Tulip (2023)
⭐TMDB: 50.0% User Score
🎬 #Drama #Romance
🗓️ 2023 🎞️ Movie 📺 1480p
🌎 #SouthKorea
⏰ 1 နာရီ 46 မိနစ် 20 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Shape of Tulip(2023)
*******************
ဂျပန်သူလေး ဆာရီတာ ယူရီကိုက လွန်ခဲ့တဲ့ သုံးနှစ်က တိုကျိုကို ခရီးထွက်လာတဲ့ ကိုရီယားသားလေးနဲ့၁၅ မိနစ်လောက် စကားပြောမိရာကနေ အမှတ်မထင်ချစ်မိသွားခဲ့တယ် …ဒါပေမဲ့ ရုပ်ရည်ကိုတော့အတိအကျ မမှတ်မိတော့သလို နာမည်ကိုလည်း မမေးထားမိဘူး …
ကုံးဂျူဆိုတဲ့ မြို့လေးက လာတယ်ဆိုတာကိုပဲ သိခဲ့ရတယ်…ဒါပေမဲ့လည်း ပြန်တွေ့ရမယ်လို့ ယုံကြည်ပြီး
ကိုရီးယားဘာသာစကားကို ၃နှစ်တိုင်တိုင် သင်ယူပြီးတော့ အဲဒီအမျိုးသားကို
ရှာဖို့ ကိုရီးယားကို ထွက်လာခဲ့တယ် ….အဲဒီနောက်မှာ သူတို့နှစ်ယောက် ဘယ်လိုတွေဆက်ဖြစ်ကြမလဲ ဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှူအားပေးလိုက်ကြပါဦးနော်….
Road Trip Hostage (2023)
⭐IMDB: 4.2/10 (61 Votes)
🎬 #Thriller #TVMovie
🗓️ 2023 🎞️ Movie 📺 720p
🌎 #UnitedStates #Canada #UnitedStatesofAmerica
⏰ 1 နာရီ 25 မိနစ် 24 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Road Trip Hostage (2023)===================
အမှတ်တမဲ့ ပြုလုပ်မိလိုက်တဲ့ အမှားတစ်ခုကနေ လူသတ်မှုအထိ ကြီးထွားသွားခဲ့ပြီး ပြစ်မှုတွေဆက်တိုက်ကျူးလွန်ဖို့တွန်းအားတစ်ခု ဖြစ်လာခဲ့တဲ့အခါ…….
ဇာတ်လမ်းကတော့ ဒီလိုပါ။အမ်မာက အောင်မြင်တဲ့အကသမားတစ်ယောက်ဖြစ်ဖို့ စိတ်အားသန်နေပြီး သူ့ရဲ့အမေဖြစ်သူကတော့ ကျောင်းစာကိုပဲအာရုံစိုက်စေချင်တဲ့သူပါ။ ဒီလိုနဲ့ သူတို့နှစ်ယောက် စကားတွေများကြပြီးနောက် အမ်မာတစ်ယောက် အိမ်ပေါ်ကဆင်းပြီးသူ့သူငယ်ချင်းရှိတဲ့အိမ်ကို ရောက်လာခဲ့ပါတယ်။ အဲဒီအိမ်ကိုတော့ ရစ်ခ် ဆိုတဲ့ သူဌေးသားဘောစိတစ်ယောက်က ပိုင်တာပါ။ပိုက်ဆံတွေ သုံးလွန်းအားကြီးတဲ့ ရစ်ခ်ကို ဖခင်ဖြစ်သူက သုံးစွဲခွင့်ကတ်တွေ ပိတ်လိုက်တဲ့အချိန်မှာ ပြဿနာတက်ကြပြီး အဲဒီနေရာမှာပဲ ရစ်ခ် ရဲ့လက်ချက်နဲ့ ဖခင်ဖြစ်သူ သေဆုံးသွားခဲ့ရပါတယ်။
လူသတ်မှုကနေ ထွက်ပြေးတိမ်းရှောင်ဖို့ အမ်မာရဲ့ကားကို လိုက်စီးဖြစ်ရာကနေ အမ်မာတစ်ယောက် ပြန်ပေးဆွဲခံရတဲ့ထိ ဖြစ်လာပါတော့တယ်။ ရစ်ခ်ရဲ့ မဆုံးနိုင်တဲ့ အမှုတွဲတွေအပြင် အမ်မာတစ်ယောက် ရစ်ခ်ရဲ့ လက်ကနေ လွတ်မြောက်နိုင်ပါ့မလားဆိုတာကတော့ Road Trip Hostage ရဲ့ စောင့်ကြည့်သွားရမဲ့ ဇာတ်ဝင်ခန်းများပဲ ဖြစ်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့May Thet Khine Soe ဖြစ်ပါတယ်)
Road Trip Hostage (2023)
⭐IMDB: 4.2/10 (61 Votes)
🎬 #Thriller #TVMovie
🗓️ 2023 🎞️ Movie 📺 1080p

George of the Jungle (1997)
⭐IMDB: 5.5/10 (82 k Votes)
🎬 #Action #Adventure #Comedy #Family #Romance
🗓️ 1997 🎞️ Movie 📺 720p
🌎 #UnitedStates
⏰ 1 နာရီ 32 မိနစ် 25 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
George of the Jungle (1997)
ကမ္ဘာကျော် တောတွင်းဇာတ်ကောင်တွေ အများကြီးရှိခဲ့တယ်ဗျ။ ကလေးဘဝက သူများအိမ်မှာ တိုးဝှေ့ပြီးသွားကြည့်ရတာတစ်မျိုး၊ ဗီဒီယိုရုံမှာ မုန့်ဖိုးလေး ကျစ်ကျစ်ပါအောင် စုဆောင်းပြီး ကြည့်ရတာကတစ်ဖုံ မျိုးစုံကြုံခဲ့ရတာပေါ့လေ။
ကောင်ကလေး မောဂ္ဂလိ၊ တောဘုရင် တာဇံ၊ မစ္စတာ ဘုန်း စသဖြင့် ဖိုက်တင်ချ၊ ရယ်စရာဟာသတွေနဲ့ ဆေးရောင်စုံပိတ်ကားကြီးကို မျက်တောင်မခတ်စတမ်း ငေးမောခဲ့ရဖူး။
ဒီနေ့တင်ဆက်မှာကတော့ တောဘုရင်ကြီးဖြစ်တဲ့ တောနက်ထဲက ဂျော့ ပါတဲ့ခင်ဗျ။ စုစုပေါင်း နှစ်ကားထွက်ရှိထားပြီး ၁၉၉၇ ခုနှစ်က ပထမဇာတ်ကားကို တင်ဆက်ပါ့မယ်။ ဟာသကားဆိုတော့ ဟာသကားလောက်ပဲ Rating ရခဲ့တယ်ဆိုပေမဲ့ စိတ်ကူးကောင်းတဲ့ဟာသလေးတွေ တော်တော်များများ တွေ့ရမှာပါ။
အဟောင်းဖြစ်ပြီး လူတကာကြည့်ဖူးပြီးသားဆိုပေမယ့်The Mummyနဲ့The Whaleမင်းသားကြီး Brendan Fraser ရဲ့ ငယ်မူငယ်သွေးကို ပြန်ကြည့်ရမှာမလို့ ဟောင်းပေမဲ့ ကောင်းနေဦးမှာပါ။ မင်းသမီးကြီး Leslie Mann ကိုလည်း ပြန်ကြည့်နိုင်ပါသေးတယ်။
ဇာတ်လမ်းအကျဉ်းကတော့ ဆန်ဖရန်စစ္စကိုမြို့ရဲ့ လူကုံတန်အသိုင်းအဝိုင်းက တစ်ဦးတည်းသောသမီး အမွေခံအမျိုးသမီးလေး အာဆယ်လာက တောဘုရင်ကြီးရှိတဲ့ အာဖရိကတောထဲကို လူဝံတွေကြည့်ချင်လို့ လာခဲ့ပါသတဲ့။ လေယာဉ်ပျက်ကျပြီး အာဖရိကတောထဲရောက်လာ၊ ကလေးပေါက်စတည်းကနေ လူဝံထီးကြီးတစ်ကောင်ရဲ့ ထိန်းကျောင်းမှုအောက်မှာ လူလားမြောက်ခဲ့ရတဲ့ တောဘုရင် ဂျော့နဲ့ ဆုံတွေ့ခန်းရဲ့ ဇာတ်လမ်းကတော့ ကိုယ်ရယ် မင်းရယ် ပန်းပိတောက်ရယ် ပါပဲ။
ခင်ပွန်းလောင်းကိုစွန့်ပယ်၊ တောဘုရင်အပေါ်မှ အချစ်ကြီးချစ်မိတဲ့ အာဆယ်လာရယ်၊ အခုမှ လူဆိုတာမြင်ဖူးတဲ့ ဂျော့ရဲ့ တောတွင်းလူရိုင်းနှလုံးသားရယ်၊ မတူတဲ့အသိုင်းအဝိုင်းကြောင့် သဘောမတူတဲ့ အာဆယ်လာရဲ့ မိခင်ရယ်၊ ဂျော့ရဲ့ မွေးစားဖခင် လူဝံကြီးကို ဖမ်းခေါ်သွားတဲ့ တရားမဝင်မုဆိုးနှစ်ယောက်ရယ်တို့ကို တဝါးဝါး တဟားဟား ကြည့်ရှုလိုက်ကြပါဦးလို့။
(ဒီဇာတ်ကားနဲ့အညွှန်းကိုArr Khun Winchesterမှ ပြန်ဆို ရေးသားထားပါတယ်)
George of the Jungle (1997)
⭐IMDB: 5.5/10 (82 k Votes)
🎬 #Action #Adventure #Comedy #Family #Romance
🗓️ 1997 🎞️ Movie 📺 1080p

Barbara Broadcast (1977)
⭐IMDB: 6.5/10 (618 Votes)
🎬 #Adult #Comedy #Drama
🗓️ 1977 🎞️ Movie 📺 720p
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 23 မိနစ် 5 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Barbara ရဲ့ နာမည်သတင်းနဲ့ ရုပ်ရည်ရူပကာကျော်ကြားမှုကအံ့ဩစရာကောင်းလောက်အောင်ပါပဲ
သူမရဲ့ အဓိက အလုပ်က စာရေးဆရာဖြစ်တယ်ဒါပေမဲ့ အမျိုးသားထုကြီးကတော့ သူ့ကို အပြာမော်ဒယ်လို့ပဲသိတယ်သူက အပြာလောကမှာ ပိုပြီး နာမည်ကြီးပါတယ်
တစ်နေ့ စားသောက်ဆိုင်တစ်ခုမှာ အင်တာဗျူးလုပ်ပါတယ်ဆိုင်မှာရတဲ့ မန်နျူးတွေက DS Fans တွေအကြိုက်ပါပဲPublic မှာ ပေါ်တင်ကြီးတွေ ဆင်ဆာမပါဘွင်းဘွင်းရှင်းရှင်းကြီးတွေဖြစ်လို့ မိသားစုနှင့် အတူကြည့်ဖို့ မသင့်တော်ပါဘူး
Barbara Broadcast (1977)
⭐IMDB: 6.5/10 (618 Votes)
🎬 #Adult #Comedy #Drama
🗓️ 1977 🎞️ Movie 📺 1080p
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 23 မိနစ် 5 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Barbara ရဲ့ နာမည်သတင်းနဲ့ ရုပ်ရည်ရူပကာကျော်ကြားမှုကအံ့ဩစရာကောင်းလောက်အောင်ပါပဲ
သူမရဲ့ အဓိက အလုပ်က စာရေးဆရာဖြစ်တယ်ဒါပေမဲ့ အမျိုးသားထုကြီးကတော့ သူ့ကို အပြာမော်ဒယ်လို့ပဲသိတယ်သူက အပြာလောကမှာ ပိုပြီး နာမည်ကြီးပါတယ်
တစ်နေ့ စားသောက်ဆိုင်တစ်ခုမှာ အင်တာဗျူးလုပ်ပါတယ်ဆိုင်မှာရတဲ့ မန်နျူးတွေက DS Fans တွေအကြိုက်ပါပဲPublic မှာ ပေါ်တင်ကြီးတွေ ဆင်ဆာမပါဘွင်းဘွင်းရှင်းရှင်းကြီးတွေဖြစ်လို့ မိသားစုနှင့် အတူကြည့်ဖို့ မသင့်တော်ပါဘူး
Philomena (2013)
⭐IMDB: 7.6/10 (102 k Votes)
🎬 #Biography #Comedy #Drama
🗓️ 2013 🎞️ Movie 📺 720p
🌎 #UnitedKingdom #France #UnitedStates
⏰ 1 နာရီ 38 မိနစ် 24 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Genre – Biography, DramaIMDB – 7.6/10
နှစ် ၅၀ ကျော် ပျောက်ဆုံးနေတဲ့သားကို လိုက်ရှာရတဲ့
မိခင်တစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာကို ဖော်ကျူးထားတဲ့
ဖြစ်ရပ်မှန် ဇာတ်လမ်းလေးပါ။
ဇာတ်လမ်းအကျဉ်းလေး ပြောရမယ်ဆို ဖီလိုမီနာဆိုတဲ့
ကောင်မလေးဟာ ပွဲခင်းတစ်ခုမှာ ကောင်လေးရပြီး လူငယ်
သဘာဝ ကျူးလွန်ပြီး ကိုယ်ဝန်ရခဲ့ပါတယ်။ သို့သော်လည်း ဒါကို
လက်မခံနိုင်တဲ့ ဖခင်က သမီးဖြစ်သူကို သီလရှင်ကျောင်းမှာ
စွန့်ပစ်ခဲ့ပါတော့တယ်။ သီလရှင်ကျောင်းမှာပဲ ဒီသားလေးကို
မွေးခဲ့တဲ့ ဖီလိုမီနာဟာ အဝတ်လျှော်ဌာနမှာနေရင်း တစ်နေကုန်
တစ်နာရီပဲ သားလေးနဲ့ တွေ့ခွင့်ရပါတယ်။ တစ်ရက်ကျ ကား
အကောင်းစားကြီးရောက်လာပြီး သူတို့တောင်သိခွင့်မရှိပဲ
သားဖြစ်သူကလေးလေးကို လူကုံထံတချို့က မွေးစားသွားကြပါရော….။
ဒီလိုနဲ့ နေထိုင်လာတာ အနှစ် ၅၀ ရှိလို့နေပါပြီ တစ်ရက်မှ သူ့သား
လေးကို မမေ့ခဲ့ပါဘူး ဒါကြောင့် နောက်ပိုင်းမှ မွေးတဲ့သမီးဖြစ်သူကို
ရင်ဖွင့်မိတော့ သမီးဖြစ်သူက လောကကြီးကိုစိတ်ကုန် ဘဝနာနေတဲ့
ဂျာနယ်လစ်တစ်ယောက်နဲ့ ချိတ်ဆက်ပြီး အမေဖြစ်သူရဲ့ နှစ် ၅၀ ကြာ
ပျောက်ဆုံးနေတဲ့သားဖြစ်သူကို လိုက်ရှာဖို့ အကြောင်းဖန်
လာပါတော့တယ်။ အဲဒီမှာ သီလရှင်ကျောင်းထွက် အဘွားကြီး
တစ်ယောက်နဲ့ ဘုရားသခင်ဆိုတာ မယုံကြည်ကြတဲ့ ဂျာနယ်လစ်တို့
နှစ်ယောက် သားဖြစ်သူရှာပုံတော်ခရီးရှည်ကြီး ထွက်ခဲ့ကြတဲ့အခါ….
ပြန်များတွေ့နိုင်မလား၊ နှစ်ယောက်သား ဘုနဲ့ဘောက်သွားကြရင်း
အဆင်ပြေကြပါ့မလား၊ နောက်ကွယ်က မထင်မှတ်ထားတဲ့ လျှို့ဝှက်
ချက်ကြီးတွေ သိရတဲ့အခါ ဘယ်လိုတွေ ဆက်လုပ်ကြမလဲဆိုတာ
တကယ့်ဖြစ်ရပ်မှန်အပေါ် အခြေခံရိုက်ကူးထားတဲ့ မိခင်မေတ္တာဒရမ်မာ
ကားကောင်းလေး ဖြစ်ပါတယ်။ ဒရမ်မာဆိုပေမဲ့ ဟာသလေးတွေလည်း
မထင်မှတ်ထားသလို ထည့်ထည့်ပေးတာ မြင်ရမှာပါ။ မိခင်နေရာမှာ
တော့ ကျွန်တော်တို့ဆရာ ဂျိန်းစ်ဘွန်းရဲ့ အထက်လူကြီးဖြစ်တဲ့ M က
သရုပ်ဆောင်ပေးထားပြီး သားပျောက်ဇောနဲ့ စိုးရိမ်ပူပင်တဲ့ အပူသည်
အမေကြီးနေရာ သရုပ်ဆောင်ထားတာများ တချို့အခန်းတောင်
မျက်ရည်ဝဲချင်ချင်ပါ။ ဂျာနယ်လစ်နေရာက သရုပ်ဆောင်တဲ့
Steve Coogan ဆိုလည်း ဘုရားမယုံတဲ့ ဂွကျကျ ဇွဲမလျှော့တတ်တဲ့
ဂျာနယ်လစ်နေရာမှာ အစွမ်းပြထားပါတယ်။ တကယ့်ဖြစ်ရပ်မှန်ဆိုတော့
ပိုကြည့်ကောင်းပြီး နောက်ကွယ်က သမိုင်းဆိုးတစ်ခုကိုလည်း
ဗဟုသုတအနေနဲ့ သိရှိရမှာ ဖြစ်ပါတယ်။
Philomena (2013)
⭐IMDB: 7.6/10 (102 k Votes)
🎬 #Biography #Comedy #Drama
🗓️ 2013 🎞️ Movie 📺 1080p

The Starving Games (2013)
⭐IMDB: 3.2/10 (21 k Votes)
🎬 #Adventure #Comedy #Sci-Fi #SciFi
🗓️ 2013 🎞️ Movie 📺 720p
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 22 မိနစ် 48 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Hunger Games ရုပ်ရှင်စီးရီးကိုတော့
တော်တော်များများရင်းနှီးကြမယ် ထင်ပါတယ်ဗျ။
ခရိုင် ၁၂ခုကနေ ယောက်ျားလေးတစ်ယောက် မိန်းကလေး
တစ်ယောက်စီ ရွေးချယ်ခံရပြီး ကစားပွဲထဲမှာ နောက်ဆုံး
အသက်ရှင်ကျန်ရစ်သူဖြစ်တဲ့အထိ တိုက်ခိုက်ရတဲ့ ဂိမ်းမျိူးပါ။
ယခုတင်ဆက်ပေးလိုက်တဲ့ The Starving Gamesကတော့
The Hunger Gamesကို parodyအဖြစ် သရော်ပြီး
ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ သူ့ရဲ့မူရင်းဇာတ်လမ်း
အတိုင်းကိုမှ မထင်မှတ်ထားတဲ့ ဟာသတွေ အများကြီး
ထည့်ထားတဲ့ အခွီဇာတ်ကားပဲဖြစ်ပါတယ်။
မူရင်းဇာတ်လမ်းထဲကလိုပဲ ဇာတ်လိုက်မင်းသမီးဟာ သူ့ညီမဖြစ်သူ
ဂိမ်းကစားဖို့အရွေးချယ်ခံလိုက်ရတာကို လက်မခံနိုင်ပဲ သူ့ကိုယ်သူ
သူ့ညီမကိုယ်စား ဝင်အရွေးခံခဲ့ရာကနေ ဇာတ်လမ်းစပါတယ်။
ဒီလိုနဲ့ ဂိမ်းထဲမှာ ဘယ်လိုတလွဲတွေ ဆက်ဖြစ်ကြမလဲဆိုတာ
ဟာသပေါင်းစုံနဲ့ ကြည့်ရှုရမယ့် ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်ခင်ဗျာ။

One Ranger (2023)
⭐IMDB: 4.7/10 (600 Votes)
🎬 #Action #Thriller
🗓️ 2023 🎞️ Movie 📺 1080p
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 36 မိနစ် 46 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
One Ranger(2023)
တက္ကဆက်ပြည်ရဲ့ ထိတ်ထိတ်ကြဲ တက္ကဆက် ရိန်းဂျားကြီးကိုဗြိတိန်ထောက်လှမ်းရေးက လန်ဒန်ရွှေမြို့တော်ဆီ ပင့်ဖိတ်ပြီးကမ္ဘာ့အဆိုးဝါးဆုံး အကြမ်းဖက်မှုကြီးကို ကာကွယ်ကြမယ့် ဇာတ်ကားပါ။
တက္ကဆက်ရိန်းဂျားအဖြစ် ဝါရင့် အက်ရှင်မင်းသားကြီး Thomas Janes က သရုပ်ဆောင်ထားပြီးJohn Malkovich ကတော့ လန်ဒန်ထောက်လှမ်းရေးအေဂျင်စီရဲ့ ကြီးကြပ်ရေးမှူးအဖြစ် သရုပ်ဆောင်ထားပါတယ်။ဗြိတိန်မင်းသမီး Dominique Tipper လည်း အားဖြည့်ထားပါသေးတယ်။Thomas Janes ရဲ့ ထီမထင်ဟန်ပန်နဲ့ John Malkovich ရဲ့ အေးတိအေးစက် အပြောတွေနဲ့တင် ကြည့်ရကျိုးနပ်တဲ့ ဇာတ်ကားပါ။
ဆိုတော့…Thomas Janes တစ်ယောက် ကောင်းဘွိုင်ဦးထုပ်ကြီးဆောင်းပြီးလန်ဒန်မှာ ဘယ်လိုတွေ ကြမ်းပြမလဲဆိုတာ ရှုစားလိုက်ကြပါဦး။
အညွှန်း နဲ့ ဘာသာပြန်ကတော့Roman NoXပဲ ဖြစ်ပါတယ်။
My Shining Revenge (2023)
⭐⁉️
🎬 #Drama
🗓️ 2023 🎞️ Movie 📺 1080p
🌎 #SouthKorea
⏰ 1 နာရီ 31 မိနစ်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
My Shining Revenge (2023)
တစ်ခါတလေမှာ ကိုယ့်အတွက် အပြင်းထန်ဆုံး စိတ်ဒဏ်ရာက တခြားတစ်ယောက်အတွက် မတော်တဆလို့ သတ်မှတ်ခံရတာရှိပါတယ်အဲလိုအချိန်မှာ လက်စားချေတာ မှန်ရဲ့လား…
ဒီဇာတ်လမ်းရဲ့ ဇာတ်လိုက် စုံထောက်ရူအီဂျယ်ဟာ သားဖြစ်သူကိုဆုံးရှုံးလိုက်ရသလိုဇနီးဖြစ်သူကိုလည်း ကွာရှင်းလိုက်ရပြီး တစ်ယောက်တည်း ဖြစ်သလိုနေခဲ့ရာကနေ..
သားဖြစ်သူကိုသတ်သွားတဲ့ တရားခံကို နောက်မှသိလိုက်ရတဲ့အချိန်မှာအချိန်တွေအများကြီး ကိန်းအောင်းခဲ့တဲ့ စိတ်ဒဏ်ရာတွေ၊ အမုန်းတရားတွေကို လက်စားချေနိုင်မလားလက်စားချေရင်ရော ရင်ထဲကအမုန်းတရားတွေပျောက်သွားမလား၊ဘဝအသစ်ကိုပြန်ထူထောင်နိုင်မလားဆိုတဲ့ မေးခွန်းတွေကို ဒီဇာတ်လမ်းကိုကြည့်ရင်း အဖြေရှာလိုက်ပါဦးနော်…
အညွှန်း နဲ့ ဘာသာပြန်ကတော့JoyZပဲ ဖြစ်ပါတယ်။
Fatal Attraction (2023- )
⭐IMDB: 5.9/10 (1 k Votes)
🎬 #Drama #Thriller
🗓️ 2023- 🎞️ Series 📺 1080p
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 18 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Fatal Attraction (2023)Fatal Attraction (2023)ယခုဇာတ်လမ်းတွဲဟာ ၁၉၈၇ က ထွက်ရှိခဲ့တဲ့ Fatal Attraction အမည်ရ ရုပ်ရှင်ကို ပြန်လည်ဆန်းသစ် ပုံဖော်ထားတာပါ။
Erotic Psychological Thriller အမျိုးအစားဖြစ်တာမို့ မထင်ထားတဲ့ ဇာတ်ကွက်တွေ၊
မြှုပ်ကွက်တွေကို သည်းထိတ်ရင်ဖို ကြည့်ရှု့ရမှာ ဖြစ်တာမို့ လက်လွတ်မခံဖို့ အကြံပေးချင်ပါတယ်။
Erotic အမျိုးအစားလည်းဖြစ်တာမို့ မိသားစုနဲ့အတူ မကြည့်သင့်တဲ့ ဇာတ်ဝင်ခန်းတစ်ချို့ ပါဝင်လာနိုင်တာမို့
ညိုကီတို့ ဒုက္ခမရောက်ရလေအောင် ကြိုပြီး သတိပေးလိုက်ချင်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဒန်ဟာ အောင်မြင်နေတဲ့ အစိုးရ ခရိုင်ရှေ့နေတစ်ယောက်ပါ။
လှပတဲ့ ဇနီးရယ်၊ ချစ်စရာကောင်းတဲ့ သမီးလေးရယ်၊ သာယာတဲ့ အိမ်ထောင်ရေးရယ် ၊ အဆင်ပြေတဲ့ အလုပ်အကိုင်နဲ့ ဒန်ရဲ့ ဘဝဟာ ပြီးပြည့်စုံနေခဲ့ပါတယ်။
အဲလို ပြီးပြည့်စုံနေတဲ့ ဒန်ရဲ့ ဘဝကို မုန်တိုင်းလိုမွှေမယ့် မိန်းကလေး အဲလက်စ် ဖောရက်စ်နဲ့ တရားခွင်တစ်ခုမှာ ဆုံခဲ့ပါတယ်။
အဲလက်စ်ဟာဆိုရင် တရားလိုမိသားစုတွေကို အားပေးရတဲ့ ဝန်ထမ်းဖြစ်ပြီး ဒန်ဟာလည်း ရှေ့နေဖြစ်တာမို့
သူတို့ချင်း မကြာခဏဆိုသလို တွေ့လာရာကနေ မလိုလားအပ်တဲ့ စွဲလန်းမှုတွေဖြစ်လာပါတော့တယ်…….အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။Genre….. Drama
Perry Mason (2020- )
⭐IMDB: 7.6/10 (26 k Votes)
🎬 #Drama #Mystery #Crime #History
🗓️ 2020- 🎞️ Series 📺 720p
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 4 မိနစ် 44 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Perry Mason Season (1+2)ပယ်ရီမေဆန် တီဗီဇာတ်လမ်းတွဲ ၂၀၂၀ (၁၈+)HBO ကတော့ စိတ်ဝင်စားစရာ စီးရီးတစ်ခုကို တင်ဆက်ထားလိုက်ပါပြီ။ စာရေးဆရာကြီး Erle Stanley Gardner ရဲ့ နာမည်ကျော် ရှေ့နေကြီးပယ်ရီမေဆင် ဇာတ်ကောင်နာမည်ကို ယူထားတာပါပဲ။ မူရင်းဝတ္ထုတွေမှာ ပယ်ရီမေဆန်ဟာ နာမည်ကျော် ရှေ့နေကြီးဖြစ်ပါတယ်။ ဆရာမောင်ဝံသ ဘာသာပြန်ထားတဲ့စာအုပ်တွေလည်း ရှိပါတယ်။ ဒါပေမယ့် ဒီစီးရီးမှာတော့ ပယ်ရီမေဆန်ဟာ စစ်ပြန် အလွတ်စုံထောက် ပေတိပေစုတ်အနေနဲ့ စတင်ပြသထားပါတယ်။ အိမ်ပြေးမှု၊ ဖောက်ပြန်မှုလေးတွေလိုက်တတ်တဲ့ အလွတ်စုံထောက်ပေါ့။ တစ်နေ့မှာတော့ ကလေးငယ်လေးကို ပြန်ပေးဆွဲပြီး သတ်ဖြတ်သွားတဲ့ အမှုကိုစလိုက်ဖို့ အကြောင်းဖန်လာတဲ့အခါ ပြဿနာကြီးတွေနဲ့ ရင်ဆိုင်လာရပုံနဲ့ အစပျိုးထားပါတယ်။ တစ်ပတ်တစ်ပိုင်းမို့ ဘာတွေ ဆက်ဖြစ်လာမလဲ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ တိုက်ခိုက်သတ်ဖြတ်ခန်းတွေ၊ အိပ်ရာခန်းတွေ ကြမ်းတမ်းတာမို့ မိသားစုနဲ့ မကြည့်သင့်သလို၊ အသက်မပြည့်သေးရင်မကြည့်သင့်ပါဘူးလို့ သတိပေးလိုပါတယ်။
Crater (2023)
⭐IMDB: 4.9/10 (1 k Votes)
🎬 #Adventure #Drama #Family #ScienceFiction #Action #SciFi
🗓️ 2023 🎞️ Movie 📺 1080p
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 44 မိနစ် 39 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Crater (2023)
တော်တော်ကြည့်ကောင်းတဲ့ ချစ်ဖို့ကောင်းတဲ့သူငယ်ချင်းတွေ ချစ်ဖို့ကောင်းတဲ့စိတ်ကလေးတွေနဲ့ ကလေးကားလေးပါ။ ကလေးတွေကို ပြသင့်သလို ကလေးစိတ်မကုန်သေးတဲ့ ကျွန်တော်တို့လို လူတွေလည်း ကြည့်သင့်ပါတယ်။ ကားကိုက Coming-of-Age, Sci-Fi, Adventure အမျိုးအစားဆိုတော့ ဘယ်လောက်တောင် စိတ်ကူးယဉ်ဆန်မလဲတော့ တွေးကြည့်လို့ရပါတယ်။ ဒါပေမဲ့လည်း ပေါတောမသွားဘဲ မျှော်လင့်ချက်တွေ ချစ်ခြင်းတွေနဲ့ လှနေတဲ့ ရုပ်ရှင်လေးပါပဲ။
ပြောရရင် ဒီရုပ်ရှင်မှာ နေရာကြီး၃ခုရှိတယ်။ လကမ္ဘာပေါ်ရယ် ကမ္ဘာရယ် အိုမီဂါလို့ခေါ်တဲ့ နိဗ္ဗာန်လိုနေရာသစ်တစ်ခုရယ်ပေါ့။ အဓိကဇာတ်ကောင်တွေက လကမ္ဘာပေါ်နေကြတာ။ လကမ္ဘာပေါ်မှာက ဥက္ကာပျံမိုးတွေရွာရွာနေတတ်ပြီး အန္တရာယ်ကြီးလို့ အမိုးခုံးလို့ ခေါ်တဲ့ အကာအကွယ်နေရာကြီးအောက်မှာ နေကြတယ်ပေါ့။ လပေါ်က အခြေခံလူတန်းစား လူအများစုက မိုင်းတူးသမားတွေဖြစ်ပြီး အိုမီဂါကိုသွားမယ့် ယာဉ်အတွက် လောင်စာတူးပေးရတယ်။ အနှစ်၂၀တူးပြီးရင် သူတို့လည်း သွားခွင့်ရတယ်။ ဒါပေမဲ့ ညစ်တီးညစ်ပတ်လုပ်ထားတဲ့စနစ်ကြောင့် မျိုးဆက်တစ်ဆက်ကူးတဲ့အထိ မသွားရတဲ့လူတွေချည်းပဲ။ ဒီတော့ ကောင်လေးတစ်ယောက်ရဲ့အဖေက သူ့သားကိုသွားစေချင်တော့ သေဆုံးမှုနစ်နာကြေးအရ ပို့ပေးခံရအောင် လုပ်ငန်းခွင်မှာ သေကြောင်းကြံလိုက်တယ်။ ဒီလိုနဲ့ သူတို့သူငယ်ချင်းအုပ်ထဲက အဲဒီကောင်လေးက အိုမီဂါကို သွားဖို့အကြောင်းဖန်လာတယ်။ မသွားခင်မှာ သူတို့အချိန်၂ရက်ရသွားပြီး သူ့အဖေသွားစေချင်တဲ့ အမိုးခုံးအပြင်ဘက်က လကမ္ဘာချိုင့်ကြီးဆီ သူ့သူငယ်ချင်းတွေနဲ့ စွန့်စားခန်းဖွင့်ကြတယ်။ ဒီအကြောင်းကို သူငယ်ချင်းတွေရဲ့ ချစ်ခြင်းတွေ စွန့်လွှတ်မှုတွေနဲ့ ချစ်စဖွယ်ရော အသည်းငြိချင်စရာရောကောင်းအောင် ရိုက်ပြသွားတယ်။
ကလေးသရုပ်ဆောင်တွေက သူ့ဟာနဲ့သူကောင်းကြတဲ့အပြင် ခရစ်အီဗန်ရဲ့ Gifted ထဲက မျက်စိရှေ့တင်အရွယ်ရောက်လာတဲ့ ကလေးမလေးတဖြစ်လဲ Mckenna Grace ရဲ့ ချစ်စရာမျက်နှာလေးကို မြင်ကြရမှာပါ။ ဒီလိုကားတွေဟာ ရှားရှားပါးပါးထွက်လာတတ်တဲ့ကားတွေမို့ ကိုယ်တိုင်ရော ကလေးတွေကိုရော ကျိန်းသေကြည့်သင့်ပြသင့်တဲ့ရုပ်ရှင်ပါပဲ။ ဘာမှမရရင်တောင် စိတ်ကိုနွေးထွေးသွားစေမယ့် ရုပ်ရှင်ပါပဲ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုWမှ ပြန်ဆို ရေးသားထားပါတယ်)
The Best is Yet to Come (2023)
⭐TMDB: 65.0% User Score
🎬 #Drama
🗓️ 2023 🎞️ Movie 📺 480p
🌎 #China
⏰ 1 နာရီ 56 မိနစ် 48 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
“မိမိကြိုးစားလျှောက်လှမ်းသလောက် ပန်းတိုင်ကိုမရောက်သေးရင်လမ်းခရီးဟာအဆုံးမဟုတ်သေးလို့ပါတဲ့”ဒီလိုပါပဲ… ဒီ”အဆုံးမဲ့ပန်းတိုင်”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားလေးမှာတော့….
ဘဝရေးပြဿနာတွေကြောင့် ပိုက်ဆံချို့ယွင်းပြီးအထက်တန်းမှာတင်ကျောင်းနားလိုက်ရတဲ့-ဟန်သုန်းဟာပေကျင်းကိုသူ့ကောင်မလေးရှောင်ကျူးနဲ့အတူ တက်လာပြီး အလုပ်ရှာပါတော့တယ်။
အဲ့အချိန်က တရုတ်နိုင်ငံကြီးဖွံ့ဖြိုးတိုးတက်ဆဲ 2003ခုနှစ်လောက်မှာပေါ့၊ပညာအရည်အချင်းအပြင်အဆက်သွယ်ကောင်းရှိမှလူရာဝင်မဲ့ခေတ်မှာ ဟန်သုန်းတစ်ယောက် နှစ်ဝက်ကြာတာတောင် အလုပ်ရှာမရဖြစ်နေဆဲပါပဲ။
တစ်ချိန်တည်းမှာပဲ ဟန်သုန်းဟာ ခန္ဓာကိုယ်လုံးပန်းနေပေမဲ့စိတ်ကတော့ခိုင်မာဆဲဖြစ်နေခဲ့တယ် ၊ဒီလိုနဲ့သတင်းစာဌာနတစ်ခုကိုပန်းတိုင်အဖြစ်ထားလိုက်တဲ့အခါ…
∆လူ့အသိုင်းဝိုင်းရဲ့မျက်နှာသာပေးမှုနဲ့လောကဓံကသူ့အပေါ်မှာ ဘယ်လိုရေလှိုင်းအသွင်နဲ့ တိုက်စားသွားမလဲ?ကြိုးစားတိုင်းအောင်မြင်မှာမသေချာပေမဲ့ မကြိုးစားရင်ဘာမှမရလာမှာေတာ့ေသချာတဲ့သဘောတရားကိုသူနားလည်သွားပြီး တစ်ခြားသူ့လိုဒုက္ခရောက်နေသူတွေကရောနားလည်လက်ခံနိုင်ပါ့မလားဆိုတာ.စောင့်မျှော်ကြည့်ရှုလိုက်ရအောင်ပါ။

Defendor (2009)
⭐IMDB: 6.7/10 (37 k Votes)
🎬 #Comedy #Crime #Drama #Action
🗓️ 2009 🎞️ Movie 📺 1080p
🌎 #Canada #UnitedStates #UnitedKingdom #UnitedStatesofAmerica
⏰ 1 နာရီ 42 မိနစ် 8 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Defendor (2009)
~ IMDb – 6.7/10, Rotten Tomatoes – 75% ~
နေ့ခင်းဘက်မှာ ဆောက်လုပ်ရေးသမား…ညဘက်ကျတော့ စူပါဟီးရိုး…
အာသာပေါ်ပင်တန်ဟာ ရုပ်ပြတွေထဲက စူပါဟီးရိုးတွေကိုသိပ်အားကျတဲ့လူတစ်ယောက်ပါ။ ဒါကြောင့်လည်း သူဟာ သူ့နည်းသူ့ဟန်နဲ့ စေတနာ့ဝန်ထမ်းစူပါဟီးရိုး Defendor အဖြစ် အသွင်ယူပြီး ညဘက်မှာဒုစရိုက်သမားတွေကို ပရဟိတ နှိမ်နင်းပါတော့တယ်။ ရုပ်ရှင်တွေရုပ်ပြတွေထဲက စူပါဟီးရိုးတွေဖြစ်တဲ့ ဘတ်မန်းတို့ အိုင်းရွန်းမန်းတို့က သာမန်လူတစ်ယောက်အနေနဲ့ဆိုရင် ဘီလျံနာသူဌေးကြီးတွေဖြစ်ပေမယ့် အာသာကတော့ နေစရာအိမ်တောင်မရှိတဲ့ စူပါဟီးရိုးတစ်ယောက်ပါ။
သူ့မှာ ရိုးသားမှု ကြင်နာမှု နဲ့ စူပါဟီးရိုးဖြစ်ချင်စိတ်ပဲရှိပါတယ်။ ဇာတ်လမ်းအစမှာ မင်းသားခံရတယ်ဆိုတဲ့အတိုင်း အာသာကတော့ ဇာတ်လမ်းစစ ဆုံးဆုံး သူချည်းခံနေရတဲ့ စူပါဟီးရိုးပါ။
တစ်နေ့မှာတော့ ကတ်ဆိုတဲ့ ကောင်မလေးနဲ့တွေ့ပြီး သူလိုက်ရှာနေခဲ့တဲ့ ဗီလိန်ကြီးဟာ မြို့ရဲ့မူးယစ်ရာဇာကြီးမှန်းသိလိုက်ရတဲ့အခါမှာတော့ သူကိုယ်တိုင်ရင်ဆိုင်ဖို့ဆုံးဖြတ်ခဲ့ပါတော့တယ်။
ရယ်လည်းရယ်ရ သနားစရာလည်းကောင်းတဲ့အပြင် အာသာရဲ့ လူသားဆန်မှုနဲ့ အလွဲတွေကို ဟာသနှောပြီးရိုက်ပြထားတဲ့ ရုပ်ရှင်ကားကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။
ပါတဲ့သူတွေကလည်း ကိုယ်တွေမစိမ်းတဲ့ မင်းသားကြီး Woody Harrelson နဲ့ Thor ကားတွေထဲက မင်းသမီး Kat Dennings အပြင် Killing Eve စီးရီးထဲက မင်းသမီးကြီး Sandra Oh စတဲ့ ရင်းနှီးပြီးသားသူတွေချည်းဆိုတော့ ကြည့်ရ ပိုအဆင်ချောပါလိမ့်မယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုMin Thant Boမှ ပြန်ဆို ရေးသားထားပါတယ်)
Sisu (2022)
⭐IMDB: 7.3/10 (7 k Votes)
🎬 #Action #War
🗓️ 2022 🎞️ Movie 📺 4K
🌎 #Finland #UnitedKingdom #UnitedStatesofAmerica
⏰ 1 နာရီ 31 မိနစ် 37 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Sisu(2022)
*********
ဇာတ်ကားနာမည် Sisu ဆိုတာ ဖင်လန် စကားလုံးပါ။ တိုက်ရိုက်တစ်ခွန်းတည်းဘာသာပြန်လို့မရတဲ့
စာလုံးလည်းဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ မဆုတ်မနစ်ဇွဲနပဲကြီးကြီး လုံးဝလက်မလျှော့ဘဲ သဲကြီးမဲကြီးလုပ်တတ်တဲ့သူပါတဲ့။
သမိုင်းနောက်ခံကတော့ ဒုတိယကမ္ဘာစစ်ပြီးခါနီးကာလ ဂျာမန်တွေ ဖင်လန်ကနေ ပြန်ဆုတ်နေချိန်ပါ။
မြေလှန်နည်းကိုသုံးပြီး နာဇီတွေဟာ လမ်းတလျှောက် အရာရာတိုင်းကို ဖျက်ဆီးပြီး ဆုတ်ခွာနေပါပြီ။
ဒါပေမဲ့ နာဇီတပ်ခွဲတစ်ခုကတော့ လမ်းမှာ ကံကောင်းပြီး ရွှေတွေအများကြီးသယ်လာတဲ့
ဘိုးတော်တစ်ယောက်နဲ့တွေ့သွားပါတယ်။ သူ့ဆီက ရွှေတွေကို လုယူလာပြီး သူ့ကိုသတ်ဖို့ကြိုးစားခဲ့ပေမဲ့။
သူတို့တွေ့တဲ့ဘိုးတော်က ဂျွန်ဝစ်ရဲ့အဘိုးအဆင့်လောက်ဖြစ်နေတဲ့အခါ တပ်ခွဲတစ်ခွဲလုံးကို လိုက်သတ်တာကြောင့်
ခွေးပြေးဝက်ပြေးပြေးရပါတော့တယ်။ ကျန်တာကတော့ အက်ရှင်အကြမ်းသီးသန့်မို့ အများကြီးပြောစရာမရှိပါဘူး ကြည့်လိုက်ပါဦး။