uz
Feedback

Firibgarlarga uchmang! Telemetrio bunday kanallarni topadi va belgilaydi 👉 Belgini ko‘rmoqchi bo‘lsangiz, obuna bo‘ling

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Yopiq kanal

🚩 Channel was restricted by Telegram

Ko'proq ko'rsatish
Ma'lumot yo'q
Obunachilar
-524 soatlar
-47 kun
+730 kun
Postlar arxiv
Race (2008) ⭐IMDB: 6.6/10 (15 k Votes) 🎬 #Action #Bollywood #Crime #Drama #Thriller 🗓️ 2008 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 35 မိနစ် 12 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Race Film Seriesက အခုဆို Race 3 အထိရောက်ရှိလို့လာခဲ့ပါပြီ (2008)မှာ Race 1 ထွက်ခဲ့ပြီး (2013)မှာ Race 2 ထွက်ခဲ့၍ ယခု (2018)မှာတော့ Race 3 ထပ်မံထွက်ရှိခဲ့ပါတယ် ဇာတ်ကားတွေကတော့ Crime, Action, Drama ကားကောင်းတွေဖြစ်ပြီး အထူးသဖြင့် 1, 2က Ratingsပိုင်းလည်းကောင်းသလို ဇာတ်လမ်းလည်းဆွဲဆောင်မှုရှိလှပါတယ်။ Race 3ကတော့ မကြည့်ရသေးလို့ ဘာမှမပြောလိုပါ။ 1,2 မှာတော့ ဆေ့ဖ်အလီခန်း၊ အနီလ်ကပူးရ်တို့က အဓိကပါဝင်ခဲ့ပြီး ဇာတ်လမ်းကလည်း အလှည့်အပြောင်းများနဲ့ ဂျင်ပေါ်ကထုံးဆိုသလိုတယောက်နဲ့တယောက် ကျော်ခွရင်းအပြိုင်ဆိုင်ချဲကြတဲ့ ဇာတ်ကားကောင်းတွေပါ။ ဇာတ်ဝင်သီချင်းခပ်မြူးမြူးတွေ၊ အက်ရှင်ခပ်လန်းလန်းတွေစတန့်အကွတ်တွေကိုမှ ကြိုက်နှစ်သက်တဲ့ပရိတ်သတ်ကြီးအတွက်Race 1, 2ကို တင်ဆက်ပေးလိုက်ပါတယ်။ Race 3ကတော့ ရုံတင်ထားတာသိပ်မကြာသေးတဲ့အတွက် အကြည်ထွက်ဖို့ကြာဦးမှာမို့လို့ အကြည်၊ စာအမှန်ထွက်လာတာနဲ့ တင်ဆက်ပေးမှာပါ။ အခုတော့ Race 1, 2ကိုပဲ ပြန်လည်ခံစားကြည့်လိုက်ကြပါဦး။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့  ကိုဇော်ထူးပါ)

Bharath Ane Nenu (2018) ⭐IMDB: 7.5/10 (18 k Votes) 🎬 #Action #Bollywood #Drama #Thriller 🗓️ 2018 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 50 မိနစ် 26 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဖခင်ကြီး ကျန်းမာရေးချို့တဲ့နေပြီဆိုတဲ့သတင်းကြောင့် နိုင်ငံခြားမှာ ပညာတော်သင်သွားနေတဲ့လူတစ်ယောက် ကိုယ့်ရပ်ကိုယ့်မြေကို ပြန်လာတယ် ပြန်ရောက်တော့ဖခင်ကြီးရဲ့အသက်ကိုမမှီလိုက်သလိုဇပနအခမ်းအနားကိုတောင် ကျင်းပခွင့် မရလိုက်ဘူး. . . သို့ပေမယ့် ကောက်ကာငင်ကာဆိုသလို ဝန်ကြီးချုပ်ရာထူးကို ဝင်ရောက်ထမ်းဆောင်ဖို့ ဖြစ်လာတယ် ပညာတတ် လူငယ်လေးဖြစ်တဲ့အပြင်ဖခင်ရဲ့ သွေးအပြည့်ပါတဲ့သူဖြစ်တာကြောင့်အလုပ်ကို ကြိုးစားတယ် မှန်ကန်တဲ့အလုပ်ကို လုပ်တယ်တည်ကြည်တယ် ဖြောင့်မတ်တယ်ရဲ့ဝံ့တယ်. . . ဘယ်သူ့မျက်နှာကိုမှ မထောက်ဘူး ပြည်သူတွေကို ချစ်တဲ့သူဖြစ်တာကြောင့်အောက်ခြေလူတန်းစားတွေနေတဲ့ ကျေးလက်ဒေသတွေအထိ ရှောင်တခင် စစ်ဆေးတတ်တယ် သက်ဆိုင်ရာနယ်မြေက တာဝန်ကျ အစိုးရ အရာရှိတွေကို ပြည်သူ့အကျိုး သယ်ပိုးသူမှန်ရင် မြှောက်စားတယ် လာဘ်စားပြီး တာဝန်မကျေရင် ဖြုတ်ပစ်တယ်. . . အဲ့ဒီလောက်အထိ ရဲရဲတောက်တဲ့ဝန်ကြီးချုပ် ဖြစ်လာတယ်. . . လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေးလမ်းတံတားပြုပြင်ရေးကျေးလက်ဒေသ စည်ပင်ဖွံဖြိုးရေးစတဲ့ လုပ်ငန်းတွေမှာ နိုင်ငံတော်ဘတ်ဂျက်ကို မျှတအောင် သုံးစွဲပြီး ရန်ပုံငွေတွေ ချပေးကာကိုယ်ထူကိုယ်ထ လုပ်စေတယ် သူက ပြည်သူကို ကိုယ့်အားကိုယ်ကိုးစေချင်တဲ့ ဒီလိုမျိုးစိတ်ဓာတ်ပိုင်ရှင် ဝန်ကြီးချုပ်ပါ။ သူပြောတဲ့စကားက”စစ်မှန်တဲ့ ခေါင်းဆောင်ဆိုတာခေါင်းဆောင်မလိုတဲ့ လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်တည်လာအောင် လမ်းပြပေးတဲ့သူပါ”တဲ့ မည်သို့ပင်ဆိုစေ. . .ပြည်သူ့အချစ်တော် ခံယူပြီးတာဝန်တွေကို ကျေပွန်အောင် လုပ်သည့်တိုင်မနာလိုတဲ့သူတွေကတော့ မနာလိုစမြဲပါပဲ နေရာတကာ အကောင်းနဲ့ အဆိုး ဒွန်တွဲနေတာမို့မြေခွေးတွေကြားကို ရောက်နေတဲ့ယုန်သူငယ်လိုပဲအမဲဖြတ်ဖို့ ချောင်းမြောင်းနေကြသူတွေရှိတယ် သူ့နောက်ကိုကို လိုက်ပြီး သတင်းယူနေတဲ့ ပါပါရာဇီတွေရှိတယ်. . . လူငယ်ပီပီချစ်သူရည်းစားထားမိတာကအစအပြစ်ရှာ အပုပ်ချလိုသူတွေရှိတယ်. . . ဒီနှစ်ပိုင်းထွက်တဲ့တောင်ပိုင်းကားတွေထဲဒီကားကတော့ ကျွန်တော့်အကြိုက်ဆုံး နိုင်ငံရေး အက်ရှင်ကားဖြစ်ပါတယ် အဖြစ်အပျက်တွေကို ရိုက်ပြထားပုံကကိုယ့်နိုင်ငံရဲ့ အခြေအနေနဲ့ အတော်ကြီးကို ဆင်တူနေတယ်. . . တစ်နည်းပြောရရင် သူတို့ရိုက်ပြသွားတဲ့ အစိုးရရဲ့ လစ်ဟာမှုတွေ အကြောင်းလာဘ်စားတတ်တဲ့ အစိုးရဝန်ထမ်းတွေအကြောင်း   ဖြစ်လေ့ဖြစ်ထရှိတဲ့လူ့သဘော လူ့မနောတွေအကြောင်း ဒီလို ရိုက်ကူးချက်တွေဟာ ကိုယ့်နိုင်ငံကို လက်ညှိုးထိုးပြနေသလားတောင် ထင်မိစရာပါ. . . ကျေးလက်ဖွံ့ဖြိုးရေးအတွက်ပြည်သူတွေအရေးအတွက်လွှတ်တော်မှာ တစ်ဖက်နဲ့ တစ်ဖက် အပြင်းအထန်ကို အတိုက်အခံလုပ်ပြီးအချေအတင်ဆွေးနွေးကြတာ အားရစရာပါ. . . မြင်နေကျ အိန္ဒိယတောင်ပိုင်းကားတွေလိုဘလိုင်းကြီး ကြမ်းပြ ရမ်းပြမိုက်ကြေးခွဲတာထက် ဒီကားမှာတော့အကြောင်းအကျိုးနဲ့ ပြချင်တဲ့ အချက်တွေကိုရေပက်မဝင်အောင် ပြသွားတာ ဖြစ်ပာကြောင်း. . . မကြည့်ဖြစ်ရင် တစ်ခေတ်နောက်ကျမယ့် ဇာတ်ကားတစ်ကား ဖြစ်ပါကြောင်းညွှန်းဆိုလိုက်ပါရစေ ခင်ဗျား. . . (ဇာတ်လမ်းအညွှန်းနဲ့စာတန်းထိုးဖိုင်ကိုတော့ MLMC Team မှ ကူညီပေးထားပါတယ်)

October (2018) ⭐IMDB: 7.5/10 (16 k Votes) 🎬 #Bollywood #Drama #Romance 🗓️ 2018 🎞️ Movie 📺 720p HD 🌎 #India ⏰ 1 နာရီ 54 မိနစ် 33 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အောက်တိုဘာ တဲ့ ရုပ်ရှင်နာမည်ကစွဲဆောင်မှုမရှိသလိုပါပဲ။ ဒါပေမယ့် IMDB Rating 7.9 ရရှိထားပြီး Rotten tomato ကတော့ 86% ရရှိထားပါတယ်။ Rating မြင့်သလောက်လဲဇာတ်ကားက အရမ်းစွဲဆောင်မှုရှိပြီး အဓိပ္ပါယ်ရှိပြီး ကြည့်ရတာတန်တဲ့ဇာတ်ကားတစ်ကားပါ အာမခံနိုင်ပါတယ်။ ကျွန်တော့်အနေနဲ့ဆိုရင် ဆရာမြသန်းတင့်ရဲ့ လေလွင့်သူကို Romance Version နဲ့ဖတ်လိုက်ရသလိုခံစားရပါတယ်။ လူငယ်တွေ ကြည့်ကိုကြည့်သင့်တဲ့ကားလို့ပြောရင်မလွန်ဘူးထင်ပါတယ်။ အပူအပင်မရှိတဲ့ ဟော်တယ်အလုပ်သင်ဝန်ထမ်း ၂၁ အရွယ် Dan တစ်ယောက် သူ့ရဲ့လုပ်ဖော်ကိုင်ဖက်လည်းဖြစ်တဲ့သူငယ်ချင်းတွေနဲ့ အတူတူ အေးအတူပူအမျှပျော်ပျော်ရွှင်ရွှင်နေနေတုန်းမှာပဲ သူ့ရဲ့ဘဝဟာအကြီးအကျယ်ပြောင်းလဲသွားခဲ့ပါတယ်။ သူနဲ့နီးစပ်တဲ့ သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ Shiuli တစ်ယောက်တိုက်ပေါ်ကကျပြီးကိုးမားဖြစ်သွားခဲ့တာပါပဲ။ အဲဒီဖြစ်ရပ်ကို စိတ်ခံစားလွယ်တဲ့ Dan တစ်ယောက်ဘယ်လိုရင်ဆိုင်ရလဲဆိုတာကိုဇာတ်အိမ်ဖွဲ့ထားတာဖြစ်ပါတယ်။ ပြီးတော့ ဒီဇာတ်ကားက အချစ်ဇာတ်လမ်းမဟုတ်ပါဘူး ဒါပေမယ့် အချစ်အကြောင်းကိုပြောပြထားတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ d3mon ပါ)

Blackmail (2018) ⭐IMDB: 7.1/10 (11 k Votes) 🎬 #Bollywood #Comedy #Drama #Thriller 🗓️ 2018 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 17 မိနစ် 10 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီကားကတော့အိန္ဒိယကားတွေကိုစောင့်မျှော်နေသူများအတွက် Comedy/Drama ဇာတ်ကားသစ်လေးဖြစ်ပါတယ်။ Rating လည်း7.2 အထိရရှိထားပြီးစိတ်ဝင်စားစရာကောင်းတဲ့ဇာတ်ကားလေးပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ သာမန်ရုံးလုပ်ငန်းမှာလုပ်ကိုင်ရင်း အကြွေးတွေပတ်ချာလည်နေတဲ့ လင်ယောကျာ်းတစ်ယောက် မိသားစုအတွက် ရုန်းကန်ကြိုးစားနေတဲ့ လင်ယောကျာ်းတစ်ယောက်၊ အိမ်ထောင်ရေးမသာယာလင်ယောကျာ်းတစ်ယောက်၊ သူများမစားတဲ့အသီးကို ထိုးကျွေးခံလိုက်ရပြီးကိုယ့်အတွက်လည်းဘာမှအကျိုးမရှိဘဲ ဝဋ်ခံနေရတဲ့လင်ယောကျာ်းတစ်ယောက်ကို ဦးတည်ရိုက်ကူးထားတာပါ။ အိမ်ထောင်ရေးမသာယာတာကြောင့် အိမ်ကိုစောစောမပြန်ဖြစ်ပဲ ရုံးမှာအနေများတဲ့ Dav တစ်ယောက် ကိုယ့်မိန်းမနောက်မီးလင်းနေမှန်းသိရတော့ တော်တော်စိတ်ထိခိုက်သွားပါတယ်။ ဒီတော့ ဇာတ်ကားနာမည်အတိုင်းဒေးဗ်တစ်ယောက်လက်စားပြန်ချေဖို့ကြိုးစားပါတော့တယ်။ ဟာသလေးတွေနှောပြီး ရိုက်ကူးထားတဲ့အတွက် ရယ်လည်းရယ်ရပါတယ်။ ဇာတ်လိုက်မင်းသားရဲ့ထုံပေပေမျက်နှာပေးဟာလည်း ဇာတ်ရုပ်နဲ့အရမ်းပလဲနံသင့်ပါတယ်။ အားလပ်ချိန် ပေါ့ပေါ့ပါးပါးကြည့်လို့ရတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ Dev တစ်ယောက် ဘယ်လိုအကွက်ချမလဲဆိုတာ ကြည့်လိုက်ကြပါဦး။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုသူရပါ)

Kaalakaandi (2018) ⭐IMDB: 6.2/10 (3 k Votes) 🎬 #Bollywood #Comedy #Thriller #Drama 🗓️ 2018 🎞️ Movie 📺 720p HD 🌎 #India ⏰ 1 နာရီ 44 မိနစ် 25 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီတခါတော့ Bollywood ပရိတ်သတ်ကြီးအတွက် Hangover Trilogy, Superbad အစရှိတဲ့ကားတွေလိုပဲ Black Comedy ကားကောင်းတကားကို တင်ဆက်ပေးလိုက်ပါတယ် Saif Ali Khan နဲ့အတူ တခြားသရုပ်ဆောင်ပေါင်းများစွာ ပါဝင်သရုပ်ဆောင်ထားတဲ့ ကားကောင်းတကားပါ ဇာတ္လမ္းေလးကေတာ့ အစာအိမ်ကင်ဆာရောဂာကျွမ်းနေလို့ သုံးလလောက်သာ နေရတော့မယ်လို့သိလိုက်ရတဲ့ ရီလန် ဒါပေမဲ့ တအိမ်လုံးကတော့ ညီဖြစ်သူမင်္ဂလာဆောင်ကြောင့် သူ့ဝမ်းနည်းမှုကိုမသိနိုင်ဘဲ ပျော်ပွဲရွှင်ပွဲတွေလုပ်နေတဲ့အချိန်မှာသူကိုယ်တိုင်လည်း မပြောပြတော့ဘဲ တသက်နဲ့တခါ လုံးဝမသုံးဖူးတဲ့ မူးယစ်ဆေးသုံးပြီး စိတ်ထွက်ပေါက်ရှာပါတော့တယ် မင်္ဂလာဆောင်ခါနီးနီး ရည်စားဟောင်းက ပြန်ဆက်သွယ်လာလို့ ခိုးတွေ့ဖို့ကြံနေတဲ့ အန်ဂတ် အမေရိကန်ကို ပညာတော်သင်သွားဖို့ပြင်ဆင်ပြီးနေမှ သူငယ်ချင်းတစ်ယောက်ရဲ့ မွေးနေ့ပွဲကိုသွားရင်း မူးယစ်ဆေးဝါးဝင်စစ်တဲ့ရဲတွေကြောင့် ကလပ်ထဲပိတ်မိနေတဲ့ တရာ ၁၅ နှစ်တာ ရာဇာဘိုင်ဆိုတဲ့ဂိုဏ်းစတားခိုင်းသမျှလုပ်ခဲ့ကြပြီးဒီတကြိမ်မှာတော့ ကွက်ကျော်ရိုက်ဖို့ကြံနေတဲ့ လူဆိုးနှစ်ကောင် ဒီလိုမတူညီတဲ့ အခြေအနေတွေဟာ ဘယ်ကိစ္စကြောင့် ထိပ်တိုက်တွေ့ဖို့ ကံဖန်လာခဲ့ပါသလဲဲ ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ….. ( ရုပ်ရှင်ကားက Adults Rated ဖြစ်တဲ့အတွက် စကားလုံးအသုံးနှုန်းတွေ ကြမ်းတမ်းသည်ကို သတိပြုပါခင်ဗျာ ) (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုဇော်ထူး ဖြစ်ပါတယ်)

Pad Man (2018) ⭐IMDB: 7.9/10 (27 k Votes) 🎬 #Biography #Bollywood #Comedy #Drama 🗓️ 2018 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 08 မိနစ် 32 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ” ကျွန်တော်တို့ အိန္ဒိယဟာ ပြသနာပေါင်းသောင်းခြောက်ထောင်နဲ့ နိုင်ငံပါ ကျွန်တော်ရှာတွေ့ခဲ့တဲ့ပြသနာက အမျိုးသမီးတွေဓမ္မတာလာတဲ့ ၅ရက်တာ ပြသနာပါ ဓမ္မတာလာပြီဆိုရင် အမျိုးသမီးတွေဟာ ဘာအလုပ်မှလုပ်ခွင့်မရှိဘဲ အိမ်အပြင်ထွက်ထိုင်နေရပါတယ် သန့်ရှင်းရေးအတွက်ကျလည်း အဝတ်စုတ်တွေသုံးနေကြတယ် ဒီကိစ္စကို ကျွန်တော့်မိန်းမလည်းလုပ်နေတာမြင်တော့ တခုခုလုပ်ဖို့ကြံမိပါတယ်။ အမျိုးသမီးတယောက်ကို ပဒ်အသုံးပြုခိုင်းခြင်းဟာ သူ့အတွက် အချိန် ၂လထပ်အပိုပေးလိုက်သလိုပါပဲ ရှင်းပြပါမယ် ၁လကို ၅ရက်၊ ၁၂လဆို ရက် ၆၀၊ တနှစ်မှာ ၂လပါ။ အမျိုးသားတွေကျတော့ တနှစ်မှာ ၁၂လရပြီး အမျိုးသမီးတွေမှ ဘာကြောင့် ၁၀လပဲ ရ,ရမှာလဲ နာရီဝက်လောက်ပဲ အမျိုးသားတစ်ယောက်က အမျိုးသမီးတွေလိုသွေးထွက်ကြည့်လိုက်၊ တန်းသေပြီပဲ ” ဒီမိန့်ခွန်းကို အင်္ဂလိပ်ဝေါဟာရမကြွယ်မဝနဲ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာဟောပြောခဲ့သူကတော့ ပဒ်မန်းလို့ အမည်တွင်ခဲ့တဲ့ လက်(ရှ်)မီးကန့် ချော်ဟန့်ပဲဖြစ်ပါတယ်။ သူ့ဘဝဇာတ်ကြောင်းကို ပုံဖော်ထားပြီး အိမ်ထောင်ကျပြီးချိန်မှသိပ်ချစ်လွန်းတဲ့ဇနီးဖြစ်သူရဲ့ ဒီဒုက္ခကိုဖြေရှင်းပေးဖို့ကြိုးစားရင်းအရူး၊ တဏှာရူး၊ လူညစ်ပတ် စသဖြင့်ပေါင်းစုံဝေဖန်အပြစ်တင်မှုတွေခံခဲ့ရပြီးနောက်ဆုံး သိပ်ချစ်ရတဲ့ဇနီးနဲ့ပါ ကွဲရတဲ့အထိဖြစ်ခဲ့ရပါတယ် ဒါလည်း သူ့ယုံကြည်ရာကို ဇွဲမလျော့ဘဲ ကြိုးစားမှုကြောင့်လက်(ရှ်)မီးဟာ ပဒ်မန်းဖြစ်လာခဲ့ပါတယ်။ သူဘဝမှာဘယ်လိုတွေ ခက်ခဲကြိုးပမ်းခဲ့ရလဲဘယ်သူတွေက အပြစ်တင်ကြပြီးဘယ်သူတွေက ကူညီပေးခဲ့လဲဆိုတာ သူ့ဘဝဇာတ်ကားကြီးမှာ ခံစားမှုပေါင်းစုံနဲ့ စီးမျောလိုက်ကြပါဦးဗျာ (#ဒီကားက အကြည်ထွက်တာကြာပြီဆိုပေမယ့် စာဖိုင်အမှန်မထွက်သေးလို့ မတင်ပေးနိုင်တာပါအခုလည်း နားထောင်ပြီး ဘာသာပြန်ထားတာဖြစ်လို့ ့လိုအပ်ချက်တွေရှိရင် သည်းခံပေးကြပါကုန်) (ဇာတ်လမ်းအညွန်းနဲ့ဘာသာပြန်သူကတော့ ကိုဇော်ထူးပါ)

Missing (2018) ⭐IMDB: 5.8/10 (2 k Votes) 🎬 #Bollywood #Drama #Thriller #Mystery 🗓️ 2018 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 00 မိနစ် 08 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီတစ်ခါတော့ Channel Myanmarပရိသတ်ကြီးအတွက်ဘောလိ၀ုကားကောင်းကောင်းလေးတစ်ကားတင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းလေးနာမည်ကတော့ Missing (2018) ပါ။ အချစ် ဟာသ ကားတွေနဲ့ငြီးငွေ့နေတဲ့ ပရိသတ်ကြီးအတွက် ဒီ Drama Thriller အမျိုးအစား ကားလေးကအကြိုက်တွေ့စေမှာပါ။ Ratingအနေနဲ့ကလဲ Imdb Rating 6.2/10 လောက်ရထားတာဆိုတော့ ကုလားကားတစ်ကားအနေနဲ့မဆိုးဘူးလို့ပဲ ဆိုရမှာပါ။ ဇာတ်လမ်းအကျဥ်းလေးကိုလဲ အားလုံးမြည်းစမ်းကြည့်ရအောင်တင်ဆက်ပေးချင်ပါသေးတယ်။ အေးအေးလူလူ အပန်းဖြေခရီးထွက်လာတဲ့မိသားစုတစ်စု… ဖခင်ဖြစ်သူ Sushantရယ် မိခင်ဖြစ်သူ Aparnaရယ် သုံးနှစ်အရွယ်သမီးလေး Titli တို့ကပင်လယ်ကမ်းခြေတစ်ခုကိုအလည်အပါတ်ရောက်ရှိနေတာပါ။ အဲ့ဒီခရီးစဥ်မှာပဲ သမီးလေး Titli ကအပြင်းဖျားပါတော့တယ်။ဒီလိုနဲ့ နောက်တစ်နေ့မနက်မှာ အပြင်းဖျားနေတဲ့ကလေးလေး ပျောက်ချင်းမလှပျောက်ဆုံးသွားပါတော့တယ်။ နယ်မြေရဲတွေကိုသတင်းပို့တိုင်ချက်ဖွင့်သော်ငြား အခြေအနေထူးမလာခဲ့ပါဘူး။ အဲ့အချိန်မှာပဲ တစ်ယောက်နဲ့တစ်ယောက်သံသယတွေဝင်ကာအခြေအနေတွေက တစ်စတစ်စတင်းမာလာခဲ့ပါတယ်။ ဒီကလေးပျောက်ဆုံးသွားမှုအပေါ်ဘေးလူတွေဝိုင်းသုံးသပ်မှုတွေနဲ့ ဒီပျောက်ဆုံးမှုဟာသွေးရိုးသားရိုးရောဟုတ်ပါသလား? ဘယ်သူ့ပယောဂကြောင့်များပျောက်ဆုံးသွားခဲ့တာလဲ?ပြန်ရောတွေ့ပါ့မလား? စတဲ့သို့လောသို့လောမေးခွန်းတွေနဲ့ အဆုံးအထိ စိတ်ဝင်တစားကြည့်ရှူသွားရမယ့်ကားလေးတစ်ကားပါ။ ဒီကားလေးရဲ ႔နာမည်ကတော့ Missing (2018)ဖြစ်ပြီး CMပရိသတ်ကြီးအတွကိတင်ဆက်ပေးလိုက်ရပါတယ်။ (ဘာသာျပန္သူကေတာ့ d3mon ပါ)

Raid (2018) ⭐IMDB: 7.4/10 (18 k Votes) 🎬 #Action #Bollywood #Crime #Drama #Thriller 🗓️ 2018 🎞️ Movie 📺 720p HD 🌎 #India ⏰ 1 နာရီ 55 မိနစ် 21 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးဟာ ၁၉၈ဝခုနှစ်များဆီက အိန္ဒိယနိုင်ငံမှ အခွန်ဦးစီးဌာနအရာရှိတစ်ယောက်ရဲ့ အဖြစ်အပျက်ကိုအခြေခံရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဆင်းရဲသားတွေဆီကခေါင်းပုံဖြတ်၊ လာဘ်ပေးလာဘ်ယူမှုတွေနဲ့ချမ်းသာလာပြီး တစ်ဖက်မှာလူအများအမြင်ကြည်အောင်ဘီလူးခေါင်းကွယ်ထားတတ်တဲ့ လူချမ်းသာတွေ၊ ပြည်သူတွေကိုအသုံးချပြီး ကိုယ်ကျိုးရှာတဲ့နိုင်ငံရေးသမားတွေကို သူတို့ဆီမှာအမှန်တကယ် တရားဘောင်အတွင်းကနှိပ်ကွပ်ခဲ့တဲ့အဖြစ်အပျက်လေးကိုအခြေတည်ထားတာပါ။ ရိုးသားပြီးကိုယ့်ခံယူချက်အတိုင်းလုံးဝတရားမပျက်တဲ့ အစိုးရအရာရှိတစ်ယောက်သူတို့ဆီမှာရှိဖူးတယ်ဆိုတာကို ရိုက်ကူးပြထားတာဖြစ်ပါတယ်။ ဘယ်သူတရားပျက်ပျက်ကိုယ်မပျက်ဘူးဆိုတဲ့သတ္တိနဲ့ အဆိုပါအခွန်ဦးစီးဌာနကအရာရှိတစ်ယောက် လက်နောင်းမြို့ကို၄၉ကြိမ်မြောက် ရာထူးပြောင်းရွေ့ခြင်းခံရပြီးရောက်လာတာကစတာပါပဲ။ အရင်အရာရှိတွေနဲ့မတူပဲ အလုပ်ကိုအမှန်အကန်လုပ်တဲ့သူနဲ့တွေ့တဲ့အခါမှာတော့ ဂုတ်သွေးစုပ်နေတဲ့ သွေးစုပ်ဖုတ်ကောင်ကြီးတွေ မျက်ဖြူလန်တော့တာပါပဲ။ ဇာတ်လမ်းလေးကိုဆက်မပြောတော့ဘဲကိုယ်တိုင်ပဲကြည့်လိုက်စေချင်ပါတယ်။ နိုင်ငံရေးသဘောသဘာဝတွေ၊ ရိုးသားတဲ့အစိုးရဝန်ထမ်းတွေနှိပ်ကွက်ခံရမှုတွေ၊ လူထုကိုနိုင်ငံရေးသမားတွေဘယ်လို ဦးနှောက်အဆိပ်ခတ်ထားသလဲဆိုတာတွေကို ကွက်ကွက်ကွင်းကွင်းရိုက်ကူးပြသပုံဖော်ထားတာကိုတွေ့ရမှာပါ။ Rating အနေနဲ့လည်း 7.6 အထိရရှိထားပြီး ငွေကြေးအရလည်းအောင်မြင်ထားတဲ့ဖြစ်ရပ်မှန်ဇာတ်ကားလေးဖြစ်ပါတယ် (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုသူရပါ)

Urvi (2017) ⭐IMDB: 6.8/10 (261 Votes) 🎬 #Bollywood #Crime #Drama #Thriller 🗓️ 2017 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 01 မိနစ် 01 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အိန္ဒိယဇာတ်​ကား​တွေကြိုက်​နှစ်​သက်​တဲ့ပရိတ်​သတ်​ကြီးအတွက်​ Urvi ဆိုတဲ့ဇာတ်​ကား​ကောင်​း​လေးကိုတင်​ဆက်​​ပေးလိုက်​ပါတယ်​။ Ratingလည်​း 7.1ထိရထား​တော့ ဇာတ်​ကား​ကောင်​းတစ်​​ကားလို့​ပြောလို့ရပါတယ်​။ ဇာတ်​လမ်​းအကျဉ်​း​လေးက​တော့…အိန္ဒိယဆင်​းရဲသား တံငါသည်​တစ်​​ယောက်​ဖြစ်​တဲ့ နာနီမှာ သမီး​ငယ်​အ​ချော​လေးနှစ်​​ယောက်​ပိုင်​ဆိုင်​ထားပါတယ်​။ ဆင်​းရဲပြီးဥစ္စာပစ္စည်​းမရှိ​ပေမယ်​့ သမီးငယ်​​လေးနှစ​်​​ယောက်​ရှိ​နေတဲ့အတွက်​ သူ့ဘဝဟာ ပြည်​့စုံလွန်​း​နေပါတယ်​။ ဒီလိုနဲ့တစ်​​နေ့မှာ ​ခေါင်​းပုံဖြတ်​တတ်​တဲ့ သူ​ဋ္ဌေးတစ်​​ယောက်​ဆီက​နေ ​ငွေ​ချေးယူမိပြီး ပြန်​မဆပ်​နိုင်​တဲ့အခါမှာ သူ့ရဲ့သမီးအကြီးဖြစ်​သူကို အတင်​းအဓမ္မသိမ်​းယူပါ​တော့တယ်​။ သူ​ဋ္ဌေးဖြစ်​သူရဲ့ အဓမ္မကျင်​့ခြင်​းကိုခံပြီးတဲ့​နောက်​မှာ​တော့ သမီးအကြီးဖြစ်​သူက အရှက်​အသက်​ကိုလဲသွားခဲ့ပါတယ်​။ အဲ့ဒီခါမှာ​တော့ အငယ်​ဆုံးသမီး​လေးဖြစ်​သူက သူ့အ​ဖေနဲ့အစ်​မရဲ့ဖြစ်​ရပ်​ဆိုး​တွေကို အသက်​အရွယ်​ကြီးပြင်​းလာတဲ့တစ်​​နေ့မှာပဲ လက်​စား​ချေခွင်​့ရလာခဲ့ပါတယ်​။ အဲ့လိုရရှိလာတဲ့အခွင်​့အ​ရေးကို အမိအရဆုပ်​ကိုင်​ပြီးဘယ်​လိုလက်​စားပြန်​​ချေသွားမလဲ၊ ဘယ်​လိုလှည်​့ကွက်​​တွေရှိလာဦးမလဲဆိုတာ ဒီဇာတ်​လမ်​းထဲမှာဆက်​လက်​ကြည်​့ရှု့ရမှာပါ။ Rating လည်​း 7.1 ထိရထားတဲ့ဇာတ်​ကား​လေးဆို​တော့ ဇာတ်​လမ်​း​ကောင်​း​လေးလို့​ပြောပါရ​စေ။ (ဘာသာပြန်သူကတော့ Ye Yint & Saw A Mon ပါ)

Special 26 (2013) ⭐IMDB: 8.0/10 (57 k Votes) 🎬 #Bollywood #Crime #Drama #History #Thriller 🗓️ 2013 🎞️ movie 📺 720p HD 🌎 #India ⏰ 2 နာရီ 23 မိနစ် 34 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အားလပ်ချိန်မှာ ပေါ့ပေါ့ပါးပါးလေးနဲ့ Bollywood ဇာတ်ကားကောင်းကို ကြည့်ရှုခံစားချင်ရင်တော့ IMDB 8/10 အထိရရှိထားတဲ့ ဒီဇာတ်ကားလေးကို မိတ်ဆက်ပေးပါရစေ။ ဒီဇာတ်ကားမှာတော့ အဂျေး နဲ့ အပေါင်းအပါတွေရဲ့ လိမ်လည်မှုပညာ တွေကို အဓိက တင်ဆက်ထားပြီး လူလိမ်နဲ့ ရဲကြား အားပြိုင်မှုကို ဖော်ပြထားပါတယ်။ ဒီနေရာမှာ အဂျေးနဲ့ အပေါင်းအပါတွေဟာ ခေသူတွေမဟုတ်ပါဘူး။ ဝန်ကြီးချုပ်ကိုတောင် လိမ်လည်နိုင်စွမ်းရှိခဲ့သူတွေပါ။ သူတို့တွေ ဘယ်သူတွေကို ဘယ်လို လိမ်ခဲ့ကြမှာလဲ။ ရဲတွေလက်ကနေ ဘယ်လောက် ဖောက်ထွက်နိုင်မလဲ / အလွန်တော်တဲ့ စုံထောက်တွေကရော ဖမ်းဆီးနိုင်မလား ဆိုတာ ရင်ခုန်ခံစားရမှာပါ။ အဂျေး အဖြစ် မင်းသားကြီး အရှေးကူးမားက ပါဝင်သရုပ်ဆောင်ထားပြီး Bollywood ဇာတ်ကားကောင်းတို့၏ ထုံးစံအတိုင်း ပဥ္စလက်ဆန်ဆန် လှည့်ကွက်တွေနဲ့ ဆွဲဆောင်သွားစေမှာ ဖြစ်လို့ ကြည့်ရှုအားပေး ခံစားကြည့်ကြစို့လားခင်ဗျာ။

Baaghi 2 (2018) ⭐IMDB: 4.8/10 (11 k Votes) 🎬 #Action #Bollywood #Crime #Drama #Mystery #Thriller 🗓️ 2018 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 23 မိနစ် 47 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီတခါဘောလီဝုဒ်ပရိတ်သတ်ကြီးအတွက် အက်ရှင်ခပ်ကြမ်းကြမ်းကားတစ်ကား တင်ဆက်ပေးလိုက်ပါတယ် ရုပ်ရှင်ကားကထွက်တာကြာပြီဆိုပေမယ့် စာဖိုင်အမှန်မထွက်သေးလို့ မတင်ပေးနိုင်ဖြစ်နေတာပါ အခုဟာကလည်း အမှန်ဆုံးလို့ထင်ရတဲ့ အင်္ဂလိပ်စာဖိုင်ကို နားထောင်ကြည့်ပြီး အမှန်ဆုံးဖြစ်အောင်ရေးပေထားပါတယ် ဟန္ဒီ/အူရ်ဒူစကေးသိပ်မကောင်းတော့ အမှားတွေလိုအပ်ချက်တွေပါရင် သည်းခံပေးကြဖို့ မေတ္တာရပ်ခံထားပါရစေ။ —————————————————————————- ဇာတ်လမ်းကတော့ နီဟာဆိုတဲ့မိန်းကလေးတစ်ဦးဟာ သူ့သမီးလေးကို ကျောင်းသွားပို့ရင်း ကလေးကို ပြန်ပေးဆွဲခံလိုက်ရပါတယ်။ အချိန်အတော်ကြာအောင် နည်းလမ်းမျိုးစုံနဲ့ကြိုးစားခဲ့ပေမယ့် သူ့သမီးကို လုံးဝရှာမတွေ့ခဲ့ပါဘူး အဲ့ဒီအချိန်မှာ လွန်ခဲ့တဲ့ ၄နှစ်ကျော်ကရည်းစားဟောင်း ရောနီဆီကို အကူအညီတောင်းခဲ့ပါတယ် ရော်နီတစ်ယောက် ကလေးလေးကို ရှာတွေ့မလား နီဟာဘာကြောင့် ရော်နီကို အကူအညီတောင်းခဲ့တာလဲ နောက်ကွယ်မှာ ဘာပြသနာတွေရှိနေမလဲဆိုတာ ပရိတ်သတ်ကြီးကပဲ ဆက်လက်ကြည့်ရှု့လိုက်ကြပါဦး #အက်ရှင်ခပ်ကြမ်းကြမ်းမှကြိုက်တဲ့လူတွေ လုံးဝကုိ လက္အလြတ္မခံသင့္ပါဘူး

Hate Story 2 (2014) ⭐IMDB: 4.4/10 (2 k Votes) 🎬 #Bollywood #Drama #Thriller 🗓️ 2014 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 01 မိနစ် 44 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 မင်းသမီးအသစ်နဲ့ ထပ်ရိုက်ကူးထားတဲ့ ဇာတ်ကားပါ။ပထမဇာတ်ကားနဲ့ အဆက်အစပ်မရှိပါဘူး။ဆက်စပ်တာကတော့ ဇာတ်နာနေတဲ့ မိန်းကလေးတစ်ယောက်က ပြန်လည်လက်စားချေတဲ့ ဇာတ်လမ်းပုံစံတူတာပါပဲ။

Aiyaary (2018) ⭐IMDB: 5.3/10 (5 k Votes) 🎬 #Action #Bollywood #Crime #Drama #Thriller 🗓️ 2018 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 38 မိနစ် 40 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဘောလီး၀ုဒ်ဇာတ်ကားကိုမှကြိုက်နှစ်သက်တယ်ဆိုတဲ့ CM ပရိသတ်တွေအတွက် 2018 ခုနှစ်ထွက် Aiyaary ဆိုတဲ့ Action, Thrillerဇာတ်ကားကောင်းလေးတင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားကို Neeraj Pandey ကဇာတ်ညွှန်းရေးသားပြီး သူကိုယ်တိုင်ကပဲရိုက်ကူးထားပါတယ်။ အဓိကဇာတ်ဆောင်များဖြစ်ကြတဲ့ Major Jai Bakshi နဲ့ Colonel Abhay Singh တို့နေရာမှာ Sidharth Malhotraနဲ့ Manoj Bajpayee တို့က အသီးသီး ပါ၀င်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဥ်း==========စစ်တပ်မှာအရာရှိနှစ်ဦးဖြစ်ကြတဲ့ ကာနယ် Abhay Singh နဲ့မေဂျာ Jai Bakshi တို့ဟာ ဆရာတပည့်နှစ်ဦးဖြစ်ပြီးတော့ အမိမြေကိုချစ်မြတ်နိုးကြတဲ့ စစ်သားကောင်းများဖြစ်ပါတယ်။ ကာနယ်Abhay Singh ဟာ တိုင်းပြည်ရဲ့အုပ်ချုပ်ရေးကို ချွင်းချက်မရှိ သက်၀င်ယုံကြည်သူတစ်ဦးဖြစ်ပါတယ်။ သို့ပေမယ့် တပည့်ဖြစ်သူ မေဂျာJai Bakshi ဟာတိုင်းပြည်ရဲ့အုပ်ချုပ်သူပိုင်းမှာဖြစ်ပျက်နေတဲ့ လျှူိ့၀ွက်ချက်တစ်ခုကို သိသွားတဲ့အခါမှာတော့…..။ (ဘာသာပြန်ပေးထားသူကတော့ ကိုရဲမာန်အောင်ပါ)

Pink (2016) ⭐IMDB: 8.1/10 (46 k Votes) 🎬 #Bollywood #Crime #Thriller #Drama 🗓️ 2016 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 16 မိနစ် 04 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 unicode IMDb (8.2)..Rotten Tomatoes (100%) အမျိုးသမီးတွေရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်..အခွင့်အရေးတွေကို ပညာသားပါပါထည့်သွင်းရိုက်ကူးထားလို့ နာမည်ကြီးတဲ့ Bollywood ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပြီး Rating တွေလဲကောင်းမွန်လှပါတယ်။ ဇာတ်လမ်းကတော့…… မီနယ်အရိုရာ၊ ဖယ်လက်အ လီနဲ့ အန်ဒရီယာတို့ သုံးယောက် ဟာ ဒေလီတောင်ပိုင်းက လူကုံ ထံရပ်ကွက်တစ်ခုမှာ အိမ်ငှားနေ ကြပြီး လုပ်ငန်းခွင်တွေမှာ အလုပ်ဝင်နေကြသူတွေပါ။ တစ်ညမှာ တော့ ရော့ခ်ဂီတပွဲကြည့်အပြီးမှာ ရာ့ဂျ်ဗီးရားဆိုသူက ညစာစားပွဲ ဖိတ်ကြားတဲ့အတွက် သွားခဲ့ကြပါ တယ်။ ရာ့ဂျ်ဗီးရားက ဒေလီတောင်ပိုင်းက အာဏာရှိနိုင်ငံရေး သမားရဲ့တူပါ။ဒီလိုနဲ့ အပန်းဖြေအိမ်တစ်ခု မှာ မင်နယ်တို့ သုံးယောက်ရယ်၊ ရာ့ဂျ်ဗီးရားနဲ့ သူ့အပေါင်းအသင်း နှစ်ယောက်ရယ် စားကြသောက် ကြပြီး အခွင့်အရေးကို စောင့်နေ တဲ့ အမျိုးသားသုံးယောက်ဟာ ကောင်မလေးသုံးယောက်နဲ့ တစ် တွဲစီဖြစ်အောင် ကြံဖန်ခဲ့ကြပါ တယ်။ တကယ်တော့ မင်နယ်နဲ့ ရာ့ဂျ်ဗီးရားတို့ဟာ သာမန်မိတ် ဆွေအဆင့်သာ ခင်မင်ကြတာဖြစ် ပြီး ရာ့ဂျ်ဗီးရားက မင်နယ်ကို ဗလက္ကာရလုပ်ဖို့ ကြိုးစားခဲ့တာ ကြောင့် မင်နယ်က အနားက ပုလင်းကို ရိုက်ခွဲပြီး ရာ့ဂျ်ဗီးရားရဲ့ မျက်လုံးကို ထိုးခဲ့ပါတယ်။ မင်နယ်ရဲ့ သူငယ်ချင်းနှစ်ယောက်ကလည်း ကိုယ်ထိလက်ရောက်စော်ကားတာကို လက်မခံခဲ့ကြပါဘူး။ ရာ့ဂျ်ဗီးရားနဲ့ သူ့သူငယ်ချင်း တွေဟာ ဖြစ်ခဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကောင်မလေးသုံးယောက်ဆီကို ဖုန်းဆက်ပြီး ခြိမ်းခြောက်တာတွေ လုပ်ခဲ့ပါတယ်။ အဲဒါနဲ့ မင်နယ်ဟာ ရဲဌာနကိုသွားပြီး ရာ့ဂျ်ဗီးရား နဲ့ သူ့သူငယ်ချင်းတွေရဲ့ လုပ်ရပ်ကို အမှုဖွင့်တိုင်ကြားခဲ့ပါတယ်။ရာ့ဂျ်ဗီးရားရဲ့ မိသားစု နောက်ခံအနေအထားကိုသိတဲ့ အမျိုးသမီးရဲအရာရှိဟာ မင်နယ်အမှုဖွင့်တာကို လက်မခံခဲ့ပါဘူး။ ရာ့ဂျ်ဗီးရားကလည်း ဦးလေးရဲ့ အာဏာပါဝါကိုသုံးပြီး အမှန်ကို အမှားဖြစ်အောင် ဖန်တီးကာ မင်နယ်တို့သုံးယောက်ကို မိန်းမပျက်တွေလို့ စွပ်စွဲပြီး မင်နယ်ကို အသက်ကိုရန်ရှာမှုနဲ့ တရားစွဲခဲ့ပါ တယ်။ အကယ်၍သာ အမှုရှုံးသွားခဲ့ရင် မင်နယ်ဟာ ထောင် ၁၀ နှစ်လောက် ကျခံရဖို့ရှိနေပါတယ်။ စိတ်ကျရောဂါခံစားနေရတဲ့ အငြိမ်းစားရှေ့နေကြီး ဒီပက်ဆာဂေါလ်ဟာ မင်နယ်တို့သုံးယောက်ရဲ့ အိမ်နီးချင်းဖြစ်ပြီး သူတို့ရဲ့ ပြဿနာအစအဆုံးကို သိရှိသူလည်းဖြစ်ပါတယ်။ ဒါကြောင့်မို့ ရှေ့နေကြီးက သူ့ဇနီးနဲ့တိုင်ပင်ပြီး ဒုက္ခတွေ့နေတဲ့ မိန်းကလေး သုံးယောက်ရဲ့အမှုကို လိုက်ဖို့ဆုံး ဖြတ်ခဲ့ပါတယ်။ မိသားစုနောက်ခံအင်အားသုံးပြီး မတရားမှုလုပ်နေတဲ့ ရာ့ဂျ်ဗီးရားတို့အမှုပေါ်အောင် မစ္စတာ ဒီပက်က ဘယ်လိုလုပ်မှာလဲ။ မင်နယ်တို့သုံးယောက်အတွက် အမှန်တရားကို ဖော်ထုတ်ခွင့်ရမှလားဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါဦးနော်။ တရားခွင်မှာ အမှန်တရားထွက်လာအောင် စစ်ဆေးဖော်ထုတ်တာတွေကို ရှုစား ရမှာဖြစ်လို့ ပရိသတ်တွေအတွက် စိတ်ဝင်စားဖို့ကောင်းမယ့် ဇာတ်ကားလေးလို့ ထင်ပါတယ်။ ဒီဇာတ်ကားမှာ အဓိကသရုပ်ဆောင်ထားသူတွေက အမီတာဘက်ချန်း၊ တာ့ပ်ဆီပန်နူး၊ ကာတီကာလ်ဟာရီ၊ အန်ဒရီရာတာရီအန်း၊ အန်ဂတ်ဘီဒီ စသူတွေပဲ ဖြစ်ပါတယ်။ File size…(999 MB) and (320 MB)Quality…Blu-Ray 720pFormat…mp4Duration….02:16:00Subtitle….Myanmar Subtitle (Hardsub)Encoder….Thanhtike Zaw zawgyi IMDb (8.2)..Rotten Tomatoes (100%) အမျိုးသမီးတွေရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်..အခွင့်အရေးတွေကို ပညာသားပါပါထည့်သွင်းရိုက်ကူးထားလို့ နာမည်ကြီးတဲ့ Bollywood ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပြီး Rating တွေလဲကောင်းမွန်လှပါတယ်။ ဇာတ္လမ္းကေတာ့…… မီနယ်အရိုရာ၊ ဖယ်လက်အ လီနဲ့ အန်ဒရီယာတို့ သုံးယောက် ဟာ ဒေလီတောင်ပိုင်းက လူကုံ ထံရပ်ကွက်တစ်ခုမှာ အိမ်ငှားနေ ကြပြီး လုပ်ငန်းခွင်တွေမှာ အလုပ်ဝင်နေကြသူတွေပါ။ တစ်ညမှာ တော့ ရော့ခ်ဂီတပွဲကြည့်အပြီးမှာ ရာ့ဂျ်ဗီးရားဆိုသူက ညစာစားပွဲ ဖိတ်ကြားတဲ့အတွက် သွားခဲ့ကြပါ တယ်။ ရာ့ဂျ်ဗီးရားက ဒေလီတောင်ပိုင်းက အာဏာရှိနိုင်ငံရေး သမားရဲ့တူပါ။ဒီလိုနဲ့ အပန်းဖြေအိမ်တစ်ခု မှာ မင်နယ်တို့ သုံးယောက်ရယ်၊ ရာ့ဂျ်ဗီးရားနဲ့ သူ့အပေါင်းအသင်း နှစ်ယောက်ရယ် စားကြသောက် ကြပြီး အခွင့်အရေးကို စောင့်နေ တဲ့ အမျိုးသားသုံးယောက်ဟာ ကောင်မလေးသုံးယောက်နဲ့ တစ် တွဲစီဖြစ်အောင် ကြံဖန်ခဲ့ကြပါ တယ်။ တကယ်တော့ မင်နယ်နဲ့ ရာ့ဂျ်ဗီးရားတို့ဟာ သာမန်မိတ် ဆွေအဆင့်သာ ခင်မင်ကြတာဖြစ် ပြီး ရာ့ဂျ်ဗီးရားက မင်နယ်ကို ဗလက္ကာရလုပ်ဖို့ ကြိုးစားခဲ့တာ ကြောင့် မင်နယ်က အနားက ပုလင်းကို ရိုက်ခွဲပြီး ရာ့ဂျ်ဗီးရားရဲ့ မျက်လုံးကို ထိုးခဲ့ပါတယ်။ မင်နယ်ရဲ့ သူငယ်ချင်းနှစ်ယောက်ကလည်း ကိုယ်ထိလက်ရောက်စော်ကားတာကို လက်မခံခဲ့ကြပါဘူး။ ရာ့ဂျ်ဗီးရားနဲ့ သူ့သူငယ်ချင်း တွေဟာ ဖြစ်ခဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကောင်မလေးသုံးယောက်ဆီကို ဖုန်းဆက်ပြီး ခြိမ်းခြောက်တာတွ

Sonu Ke Titu Ki Sweety (2018) ⭐IMDB: 7.1/10 (23 k Votes) 🎬 #Bollywood #Comedy #Romance 🗓️ 2018 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 17 မိနစ် 48 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီတစ်ခါတော့အိန္ဒိယလူငယ်ဟာသကားပေါ့ပေါ့ပါးပါးလေးတင်ပေးချင်ပါတယ်။ ဒီဇာတ်ကားဟာ Rating ကောင်းကောင်းရရှိထားရုံသာမက ပေါ့ပေါ့ပါးပါးနဲ့ရယ်ရယ်မောမောကြည့်ရမယ့် ဇာတ်ကားကောင်းလေးပါ။ ဇာတ်လမ်းအကျဉ်းကတော့ တီတူးနဲ့ဆွန်နူးတို့ဆိုတာက မူကြိုအရွယ်လောက်ကတည်းက ပေါင်းလာတဲ့သူငယ်ချင်းတွေဖြစ်ပြီး တီတူးတို့အိမ်နဲ့ ဆွန်နူးတို့အိမ်ဆိုတာကလည်း အလွန်ရင်းနှီးကြပါတယ်။ ငယ်ကတည်းတစ်ပူးတွဲတွဲ လည်ပင်းဖက်ပေါင်းလာကြတဲ့ သူငယ်ချင်း၂ယောက်မှာ တစ်ယောက်ကတော့ လည်လည်ဝယ်ဝယ် သွက်သွက်လက်လက်ရှိသလောက် နောက်တစ်ယောက်က အူတူတူ ရိုးရိုးစင်းစင်းနေတတ်တဲ့သူဖြစ်နေပါတယ်။ ဒါပေမယ့် နှစ်ဦးသားအရမ်းချစ်ကြတဲ့သူငယ်ချင်းတွေဖြစ်ပြီး အမြဲဘာလုပ်လုပ် တပူးတွဲတွဲပါပဲ။ တီတူးဟာ အမြဲရည်းစားထားရင် အဆင်မပြောတာတွေပဲဖြစ်တတ်ပြီး ဆွန်နူးကတော့ အမြဲနောက်ကနေလိုက်ရှင်းပေးရတတ်ပါတယ်။ တစ်နေ့ အိမ်က လက်ထပ်ပေးဖို့စီစဉ်ပေးတဲ့အခါမှာ တီတူးတစ်ယောက် ဆွီတီဆိုတဲ့မိန်းကလေးသဘောကျပြီးနောက် ဆွန်နူးအလုပ်ရှုပ်ရပြန်ပါပြီ။ ဒါပေမယ့် ဒီတစ်ခါသူရှင်းရမယ့်ကိစ္စက အရင်တစ်ခေါက်တွေလိုလွယ်ကူပါ့မလား။ ဘယ်လိုကမောက်ကမလေးတွေဖြစ်လာမလဲ ဆိုတာကိုဟာသလေးတွေနဲ့ အူနှိပ်ပြီးကြည့်ရမယ့်ဇာတ်ကားလည်းဖြစ်ပါတယ်။ အိန္ဒိယကားကြိုက်တဲ့သူတွေရော မကြည့်ဖြစ်တဲ့သူတွေအတွက်ပါ Comdey ဇာတ်ကားကောင်းဖြစ်တာကြောင့် ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ Rating အနေနဲ့ 7. 6 ထိရှိပြီး ဝင်ငွေအရလည်းအောင်မြင်တဲ့ဇာတ်ကားလေးပါ။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုသူရပါ)

Pari (2018) ⭐IMDB: 6.6/10 (7 k Votes) 🎬 #Bollywood #Fantasy #Horror #Mystery 🗓️ 2018 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 13 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 မိုးတွေ သဲကြီးမဲကြီးရွာတဲ့ တစ်နေ့မှာ အာနက်ဘ်နဲ့ သူ့မိဘတွေဟာ အာနက်ဘ်အတွက် သတို့သမီးလောင်းလေးနဲ့ တွေ့ဆုံ မင်္ဂလာစကားပြောဆိုပြီး မြို့ပြင် တောတစ်နေရာကို ဖြတ်သွား တုန်း တစ်စုံတစ်ခုကို ကားနဲ့တိုက် မိခဲ့ပါတယ်။ အိမ်ခြေရာမဲ့ လျှောက်သွားနေပုံရတဲ့ အဘွား အိုတစ်ဦးကို တိုက်မိတာဖြစ်ပြီး နေရာမှာတင် ပွဲချင်းပြီး သေဆုံး သွားခဲ့ပါတယ်။ အဲဒါနဲ့ပဲ အာနက်ဘ်ဟာ ရဲတွေကို အကြောင်းကြားပြီး အနီးအနားမှာ အဘွားအိုရဲ့ အိမ်ကို လိုက်ရှာတဲ့အခါမှာ အိမ်ထဲမှာ ထူးဆန်းတာတစ်ခုနဲ့ တွေ့ခဲ့ပါ တယ်။ အဘွားအိုရဲ့ သမီးဖြစ်တဲ့ ရက်ခ်ဆာဟာနာဆိုတဲ့ မိန်း ကလေးကို လက်ထိတ်ခြေထိတ် တွေခတ်လျက်သားနဲ့ တွေ့ခဲ့တာဖြစ်ပြီး မိန်းကလေးကြည့်ရတာ မူမမှန်ဖြစ်နေကာ အပြင်လောကနဲ့ လုံးဝအဆက်အဆံမရှိတဲ့ ပုံစံ မျိုးဖြစ်နေတာပါ။ သေသွားတဲ့ အဘွားအိုအ တွက် ဓလေ့ထုံးတမ်းအတိုင်း သဂြုႋဟ်ပေးပြီးနောက်မှာတော့ အာနက်ဘ်ဟာ ရက်ခ်ဆာဟာနာ ကို သူ့အိမ်ကို ပြန်ပို့ပေးခဲ့ပါတယ်။ နောက်တော့ ပါမောက္ခကာဆင် အလီဆိုသူဟာ မိန်းကလေးရဲ့ သရုပ်မှန်ကိုသိတဲ့လူတွေနဲ့အတူ မိန်းကလေးကို ဖမ်းဆီးဖို့အတွက် ရောက်လာခဲ့ပါတယ်။ အဲဒီအခါမှာ ရက်ခ်ဆာဟာ နာဟာ ထွက်ပြေးခဲ့ပြီး အာနက်ဘ် ဆီကို ရောက်လာခဲ့ပါတယ်။ အာနက်ဘ်အိမ်မှာနေရင်း ရက်ခ် ဆာဟာအနားမှာ တစ်စုံတစ် ယောက်ရှိနေတဲ့ ပုံစံမျိုးနဲ့ အ ခြောက်အလှန့်တွေ စတင်ကြုံ တွေ့ရပါတော့တယ်။ သေသွားတဲ့ အဘွားအိုနဲ့ ရက်ခ်ဆာဟာတို့က ဘယ်လို ဆက်စပ်မှုတွေရှိနေတာလဲ၊ အာ နက်ဘ်အိမ်မှာ တွေ့နေရတဲ့ ဒဏ်ရာတွေနဲ့ မိန်းကလေးက ဘယ်သူဖြစ်မလဲ၊ ရက်ခ်ဆာဟာ နာရဲ့ သရုပ်မှန်က ဘာဖြစ်မလဲဆို တာကိုတော့ ရင်ဖိုစိတ်လှုပ်ရှား ရင်း ဆက်ကြည့်လိုက်ဦးနော်။ ပါဝင်ထားတဲ့ သရုပ်ဆောင် တွေကတော့ Anushka Sharma, Parambrata Chatterjee, Rajat Kapoor, Ritabhari Chakraborty တို့ပဲ ဖြစ်ပါတယ်။

Fukrey Returns (2017) ⭐IMDB: 6.5/10 (6 k Votes) 🎬 #Bollywood #Comedy #Drama 🗓️ 2017 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 14 မိနစ် 39 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာတော့စီအမ်ပရိတ်သတ်တွေအတွတ်ဘောလိဝုကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ Fukrey Returns (2017) ဆိုတဲ့ ဟာသကားလေးပါ။ IMDb rating 6.8/10 ရထားတာဆိုတော့ဒီလောက်ကြီးညွှန်းစရာမလိုတော့ပါဘူး။ ဒါပေမယ့်ဘောလိဝုပေါကားလေးတစ်ကားလို့လည်းသတ်မှတ်လို့တော့ရပါတယ်။ ပေါကားဆိုပေမယ့်ဇာတ်လမ်းထဲမှာပြောတဲ့စကားလုံးတွေကမြန်မာပေါကားတွေလိုအောက်ပိုင်းပြက်လုံးတွေနဲ့ရူးတူးတူးစကားလုံးတွေမဟုတ်ပါဘူး။ ဇာတ်လမ်းရဲ့ဖြစ်စဉ်ထဲမှာပဲအလွဲလွဲအချော်ချော်လေးတွေဖြစ်သွားရင်းနဲ့ရယ်ရမယ့်ဟာသမျိုးတွေပါ။ မြန်မာတွေအတိုင်းပဲအိမ်မက် မက်တဲ့ဟာလေးကိုအတိတ်ကောက်ပြီး၂လုံး၃လုံးထိုးကြသလိုဒီဇာတ်လမ်းလေးထဲမှာလည်းကောင်လေးတစ်ယောက်ရဲ့အိမ်မက်နဲ့လူငယ်လေးယောက်ကံစမ်းရင်းပိုက်ဆံတွေအများကြီးရလာပါတယ်။ အဲ့အချိန်ကောင်မလေးတစ်ယောက်ကလည်းသူတို့လေးယောက်နဲ့ပူးပေါင်းပြီးအလုပ်အတူတူလုပ်ခဲ့ကြပေမယ့်ကောင်လေး၄ယောက်ရဲ့ထောင်ချောက်ဆင်ခံရမှုကြောင့်ထောင်ကျသွားခဲ့ပါတယ်။ ထောင်ကလွတ်ဖို့နိုင်ငံရေးသမားတစ်ယောက်နဲ့ကတိလုပ်ပြီးပြန်လွတ်လာချိန်မှာကောင်လေး၄ယောက်ဆီကနေအကြွေးပြန်တောင်းပါတော့တယ်။ တစ်ဖက်ကကောင်လေးတွေမှာလည်းလုပ်ငန်းတစ်ခုလုပ်ကိုင်ရင်းနဲ့မီလီယံပေါင်းများစွာအရှုံးပေါ်နေခဲ့ပါတယ်။ အဲ့အချိန်မှာပဲအိမ်မက် မက်တဲ့ကောင်လေးကရတနာပစ္စည်းတွေကိုမြင်မက်လာပါတယ်။ ဒီရတနာပစ္စည်းတွေကသူတို့အတွတ်ရည်မှန်းချက်တစ်ခုဖြစ်လာပါတယ်။ ဒါပေမယ့်တစ်ဖက်မှာလည်းအကြွေးတွေပေးဖို့ရှိနေတော့ဒီရတနာတွေကိုရှာဖို့အကြောင်းဖန်လာပါတော့တယ်။ ဒီရတနာတွေရဖို့ကိုတော့ဘယ်လိုဆက်ကြိုးစားမလဲ ဒီရတနာတွေကဘယ်လောက်တောင်အဖိုးတန်နေလဲ ဒီရတနာတွေကိုရောတကယ်ပဲရလာပါ့မလား ဘယ်လိုအန္တရာယ်မျိုးတွေနဲ့ရင်ဆိုလာရမလဲ စတဲ့မေးခွန်းတွေကိုတော့ဇာတ်လမ်းအဆုံးမှာပရိသတ်ကြီးကအဖြေရှာတွေ့ကြမှာပါ။ဇာတ်လမ်းလေးကိုပေါ့ပေါ့ပါးပါးနဲ့ကြည့်ရှုခံစားရင်းရယ်မောလိုက်ကြပါဦး (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုနေမျိုးပါ)

Secret Superstar (2017) ⭐IMDB: 7.8/10 (27 k Votes) 🎬 #Bollywood #Drama #Family #Music 🗓️ 2017 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 30 မိနစ် 09 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အဆိုတော်တစ်ယောက်ဖြစ် ချင်တဲ့ (၁၄)နှစ်အရွယ် မွတ်စလင်မိန်းကလေးတစ်ယောက်အ ကြောင်းကို ဇာတ်အိမ်တည်ထား ပြီး Aamir Khan၊ Zaira Wasim၊Meher Vij၊ Raj Arjun စတဲ့ သရုပ်ဆောင်တွေ အဓိကပါ၀င် ထားတာပါ။ အထက်တန်းကျောင်းသူလေးအင်ဆူဟာ စည်းကမ်းတင်းကျပ်လွန်းပြီး အကြင်နာတရားမရှိ တဲ့ ဖခင်ရဲ့ အုပ်ထိန်းမှုအောက် မှာ နေရသူဖြစ်ပြီး သမီးကြီးဆိုပေ မယ့်လို့ မိန်းကလေးတွေကို ဖိနှိပ်တဲ့ အသိုင်းအ၀ိုင်းကဖြစ်တဲ့အ တွက် မျက်နှာသာအပေးမခံရပါ ဘူး။ သီချင်းဆို၀ါသနာပါပြီး အ ဆိုတစ်ယောက်ဖြစ်ချင်တဲ့ အင် ဆူရဲ့စိတ်ကူးအိပ်မက်ကို သူ့အမေက နားလည်သဘောပေါက်ပြီး သီချင်းတွေနဲ့ ထိတွေ့ခွင့်ပြုပေမယ့်လို့ သူ့အဖေသိသွားတဲ့အခါ မှာ ဆူဟောက်မာန်မဲခံရသလို အင်ဆူရဲ့ ဂစ်တာလေးပါ ဖျက်ဆီးခံရပြီး သီချင်းဆိုဖို့ကိုလည်း တား မြစ်ပိတ်ပင်ခံရပါတော့တယ်။ အဆို၀ါသနာရှင်လေး အင် ဆူဟာ သူ့အဖေဘယ်လောက်ပဲ မာန်မဲရိုက်နှက်ပါစေ သူ့အိပ်မက် ကို အကောင်အထည်ဖော်ဖို့ လုံး၀လက်မလျှော့ခဲ့ပါဘူး။ အိမ်ကနေ မွမ်ဘိုင်းကို တိတ်တဆိတ်ထွက် ခွာပြီး အောင်မြင်နေတဲ့ တေးရေး ဆရာ အဆိုတော်ရှက်တီကူးမားနဲ့ တွေ့ပြီး သူ့အိပ်မက်တက် ပိုပြီးအကောင်အထည်ဖော်ကာ အိမ် မှာ ညှဥ်းပန်းနှိပ်စက်ခံနေရတဲ့ သူ့အမေနဲ့မောင်လေးကို ကယ်ထုတ် နိုင်ဖို့ စိတ်ကူးထားတာပါ။ သူ့အဖေက မြို့ပြင်မှာအ လုပ်ထွက်လုပ်တဲ့အတွက် တစ် ပတ်မှာ တစ်ရက်လောက်ပဲ အိမ်ပြန်လာနိုင်တဲ့ အခြေအနေကို အင်ဆူတစ်ယောက် ကောင်းကောင်း အသုံးချပြီး အဆိုပြိုင်ပွဲ၀င်ဖို့ လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့အဖေသိ သွားပြီး လုံး၀ခွင့်မပြုခဲ့ပါဘူး။ ဒါပေမဲ့လည်း ဇွဲမလျှော့တဲ့ အင်ဆူဟာ သီချင်းဆိုနေတဲ့ဂီတ ဗီဒီယိုတစ်ခုကို Youtube မှာတင် တဲ့အခါမှာ ၀င်ကြည့်တဲ့သူတွေ ညတွင်းချင်းတက်လာသလို သူ တွေ့ချင်နေတဲ့ တေးရေးဆရာ၊ အဆိုတော် ရှက်တီကူးမားက လည်း အင်ဆူကို သတိထားမိ သွားပါတော့တယ်။ ဖိနှိပ်ခံ အင်ဆူတစ်ယောက် အတားအဆီးတွေ၊ အခက်အခဲ တွေ၊ အတိုက်အခံတွေကြားက သူဖြစ်ချင်တဲ့ အဆိုတော်တစ် ယောက်ဖြစ်ခွင့်ရမှာလားဆိုတာ တော့…. ။ (ဇာတ်လမ်းအညွှန်းကို 7daydaily Website မှကူးယူဖော်ပြထားတာဖြစ်ပြီး ဘာသာပြန်သူကတော့ ကိုဇော်ထူးပါ)

A Wednesday (2008) ⭐IMDB: 8.1/10 (80 k Votes) 🎬 #Action #Bollywood #Crime #Drama #Thriller #Mystery 🗓️ 2008 🎞️ Movie 📺 720p HD 🌎 #India ⏰ 1 နာရီ 43 မိနစ် 33 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 “လူသားစစ်မှန်ခဲ့ရင် ဇီဝန်ခြွေတဲ့ အလုပ်ကို သာယာနေမှာမဟုတ်ဘူး ” ဒါမှမဟုတ် အဲ့ဒီစကားပြောခဲ့တဲ့ဗုဒ္ဓဟူးနေ့လေးတစ်နေ့ °°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°° နိုင်ငံတစ်နိုင်ငံ၏ တရားရေးကို သဘောမကျရင် ကိုယ်တိုင်စီရင်ပစ်ရမည်ဟု ဒီဇာတ်ကားလေးနဲ့ ပြောခဲ့ချင်ပုံရသည်။ ထို့သို့အတိုင်းပင် အိန္ဒိယ၏ ဇာတ်ကားတော်တော်များများသည် တည့်မတ်စေလိုသော သဘောတရားအရင်းခံရင်း တရားရေးမဏ္ဍိုင်ကို ကြုံရင်ကြုံသလို သရော်လိုက်ကြသည်။ ဤကားသည် ထို့သို့အတိုင်းပင်။ ဤဇာတ်ကား၏ အရှိန်သည် အစ၌ပင် စ၍ အဆုံးပြီးမှ ဆုံးလိုက်သည့် ရစ်သမ်ညီသည့် ဇာတ်မျိုးဖြစ်သည်။ IMDB – 8.1 အထိ ရရှိထားပြီး ဝေဖန်ရေး အရလည်း တော်တော်အောင်မြင်ခဲ့သည့် ကားမျိုးဖြစ်သည်။ ဇာတ်လမ်း အကျဉ်းအားဖြင့် ဆိုသော် တစ်နေ့သော ဗုဒ္ဓဟူး နေ့လေးတွင်သာ ဖြစ်ပျက်ခဲ့၏။ ထိုနေ့လေးတွင် ရဲကော်မရှင်နာ ရာဟိုးလ် ထံသို့ အမည်မသိ ဖုန်း တစ်ခု ဝင်လာသည်။ အမည် ကို A ဟု သတ်မှတ်ပါစို့။ A က မြို့၏ နေရာကြီးငါးနေရာတွင် ဗုံးထောင် ခဲ့ကြောင်း ဆိုသည်။ A ၏ ရည်ရွယ်ချက်မှာ နာမည်ကြီး အကြမ်းဖက်သမား လေးဦးအား လွှတ်ပေးရေးဖြစ်သည်။ ပထမ အစတွင် ရာဟိုးလ် က A ကို မယုံကြည်ခဲ့ပေ။ ဖုန်းနှောင့်ယှက်သူ တစ်ဦးအဖြစ်သာ သတ်မှတ်ခဲ့သည်။ သို့သော် ရဲစခန်းအိမ်သာ၌ ထောင်ခဲ့သော ဗုံးတစ်နေရာကို ဖွင့်ပြောလိုက်သောအခါမှ ရာဟိုးလ် ယုံကြည်ခဲ့သည်။ ထို့နောက် နည်းပညာအကူအညီဖြင့် A ၏ တည်နေရာအားစုံစမ်းကြသည်။ A ကား မည်သူနည်း ဟု စုံစမ်းခဲ့ကြသည်။ ရဲမှတ်တမ်းများအရ လွတ်မြောက်နေသော အကြမ်းဖက်သမားများ ရှိနေသောကြောင့် ရာဟိုးလ်အနေနဲ့ A သည် အကြမ်းဖက်ခေါင်းဆောင် ဖြစ်မည်ဟု မှတ်ယူခဲ့သည်။ A အနေနဲ့လည်း ကျွမ်းကျင်သင့်တင့်သော နည်းပညာ ရှိနေ၍ Sim card အမျိုးမျိုး တည်နေရာ အမျိုးမျိုး ပြောင်းနိုင်ခဲ့သည်။ အကြမ်းဖက် သမားလေးယောက် ကို တစ်နေရာတည်း တစ်စုတစည်း မရပါက ကျန်ရှိနေသည့် ငါးနာရီအတွင်း ဗုံးဖောက် ခွဲရန် ကြုံးဝါးခဲ့သည်။ ဤသိူ့ဖြင့် ရာဟိုးလ် နှင့် အမည်မသိ ဖုန်းခေါ်သူ တို့ အားပြိုင် ဇာတ်ရှိန်တက်လာချိန်မှာတော့ …………? ဘာတွေ ဆက်ဖြစ်လာမည်နည်း ။ A ဟာ မည်သူနည်း။ မည်သို့သော မျက်နှာဖုံးနဲ့ တရားရေး ကဏ္ဍ ဆီ ချဉ်းနင်းလာခဲ့ပါသနည်း။ ဤဇာတ်ကားသည် အလှည့်အပြောင်း နှင့် လူ့စိတ်ကို ဖွင့်ဟလိုက်သည်။ “ငါမှ မဆိုင် “ဟူသော စိတ်ဓာတ်နှင့် နိုင်ငံသားကောင်း မဖြစ်နိုင်ခြင်းကိုလည်း ပြောပြသည်။ ကိုယ့် ဓား ကိုယ် ထမ်းမှ ကိုယ့် ဘ၀ သာယာမည် ဟူသော တရားစီရင်ရေးကို လည်း တော်လှန်ပစ်ခဲ့သည်။ အမှန်တရားနှင့် ထိုက်တန်သော ပြစ်ဒဏ် ကိုလည်း ကွက်ကွက် ကွင်းကွင်း ဖော်ပြခဲ့သည်။ဒီကားဟာ အကောင်းဆုံးဇာတ်လမ်းဆု၊အကောင်းဆုံးဇာတ်ညွှန်းဆုနဲ့အကောင်းဆုံးဇာတ်ပို့ဆုရရှိခဲ့သည်။သီးချင်းတွေနဲ့ကတဲ့အခန်းတစ်ခန်းမှမပါ…

Rang De Basanti (2006) ⭐IMDB: 8.1/10 (120 k Votes) 🎬 #Bollywood #Comedy #Drama #Crime 🗓️ 2006 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 46 မိနစ် 43 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Rang De Basanti (2006)- ပါဝင္သူမ်ား- Aamir Khan, Sharman Joshi, Kunal Kapoor, Siddharth Narayan, Atul Kulkarni, R.Madhavan, Soha Ali Khan “သေခြင်းတရားကို ပက်ပင်းတိုး ရင်ဆိုင်ရတဲ့အခါ တုန့်ပြန်တာချင်း မတူတာမှာ လူနှစ်မျိုးပဲ ကြုံဖူးတယ်… ပထမတစ်မျိုးက အသံ တစ်ချက်မှမထွက်ပဲ တည်ငြိမ်စွာ အသေခံတာရယ် ဒုတိယ တစ်မျိုးကျတော့ သေခြင်းတရားကို မချိတင်ကဲ ပြင်းထန်တဲ့ ဝေဒနာနဲ့ အော်ဟစ်ငိုယိုပြီး အသေခံသွားကြတာပဲ ရှိတယ်… ကျုပ်တစ်ဘဝစာ အတွေ့အကြုံကို လှုပ်ခါပစ်ခဲ့တဲ့ တတိယ တစ်မျိုး ကြုံတွေ့လိုက်ရတဲ့အခါ…” ဆိုပြီး အစချီထားတဲ့ အိန္ဒိယမှာ အင်္ဂလိပ်တွေ အုပ်စိုးတုန်းက ထောင်မှူး Mr. McKinley တစ်ယောက် သူ့ ဒိုင်ယာရီထဲမှာ ရေးထားခဲ့တဲ့ ထောင်မှာ ကြိုးမိန့်ကျနေတဲ့ နိုင်ငံရေး အကျဥ်းသား သုံးယောက်ကို ထိန်းသိမ်းခဲ့ရစဥ်နဲ့ ကြိုးပေးခါနီး အဖြစ်သနစ်တွေကို ဖတ်ရတဲ့သူ့သမီး Sue McKinley (တက်သစ်စ ရုပ်ရှင်ရိုက်ကူးသူ) တစ်ယောက်က ဒီ နိုင်ငံရေး အကျဥ်းသား ဆိုသူတွေဟာ အိနိၵယ တော်လှန်ရေး သမိုင်းမှာ အထင်ကရ နာမည်ကြီး ကျော်ကြားခဲ့သူ တော်လှန်ရေး သူရဲကောင်းသုံးယောက် အကြောင်း Documentry ရိုက်ကူးမယ်လို့ စိတ်ပိုင်းဖြတ်ပြီး အိနိၵယမှာ နေတဲ့ သူ့သူငယ်ချင်း ဆိုနီယာဆီ ထွက်လာခဲ့တယ်။ (အခုဒီမှာ ဗိုလ်ချုပ် အကြောင်းဇာတ်ကား ရိုက်မယ် ဆိုသလိုပေါ့ဗျာ) အိနိၵယရောက်တော့ သူရိုက်မယ့် ဇာတ်ကား အတွက် ဇာတ်ကောင်နဲ့ ကိုက်ညီမယ့် သရုပ်ဆောင် ရှာတော့ ထင်သလောက် မလွယ်၊ ဒါနဲ့ စိတ်ပျက်လက်လျှော့ဖို့ ကြံနေတုန်း ဆိုနီယာ့ ကျောင်းနေဘက် သူငယ်ချင်းတွေကို သုံးပြီး ရိုက်ပါလားလို့ အကြံပေးတယ်။ ဒါနဲ့ သူက ဇာတ်ညွှန်းတွေ ရှင်းပြ ဇာတ်ဝင်ခန်းတွေကို အစမ်းလေ့ကျင့်တဲ့အခါ ဒီလူတွေက ဘယ်လိုမှ စျာန်မဝင်စားဘူး၊ လမိုင်းမကပ်ဘူးပေါ့ဗျာ။ အဲဒီအပြင် သူလာရိုက်တဲ့ ဇာတ်ကားဆိုတာ အပိုအလုပ်… သူ ‘သူရဲကောင်း’ တင်ရိုက်နေတဲ့ ပုဂ္ဂိုလ်တွေဟာ တကယ့်တကယ်ဘဝမှာ ဒီလိုလုပ်ခဲ့တယ် ဆိုတာ မခံစားတတ်ဘူး။ တိုင်းပြည် လွတ်လပ်ရေးအတွက် အသက်ပေး စွန့်လွှတ် စွန့်စားတယ် ဆိုတာက စာအုပ်ထဲက တော်ကီတွေ… ဘာအတွက် ဒီလောက် ရူးရူးမိုက်မိုက် လုပ်ခဲ့ကြသလဲ? ကဲတကယ် စွန့်လွှတ်ခဲ့သည်ပဲထားဦး သူတို့ အားထုတ်မှုရလဒ်က ဘာလဲ? အခုလို တိုင်းပြည် ဆင်းရဲတွင်းထဲ ရောက်အောင် ပို့ခဲ့တဲ့ သမိုင်းက အဖြေလား? ရမ်းချင်တိုင်းရမ်း ခိုးချင်တိုင်း ခိုးနေတဲ့ ဝန်ကြီးတွေ၊ အသုံးမကျတဲ့ အုပ်ချုပ်ရေးစံနစ် တခု ဖြစ်လာဖို့ လုပ်ခဲ့တာ သူတို့ပဲ မဟုတ်လား… အဲသလို တွေဝေဖန်ပြီး ဟားတိုက်တာ ခံလိုက်ရရော။ ဒါက အစခ်ီထားတဲ့ မိတ္ဆက္ဗ်ာ… ဇာတ်လမ်းကို ပြောပြဖို့ စိတ်ကူးမရှိပါဘူး… ကိုယ်တိုင်ကြည့်တဲ့အခါ ခံစားဖို့ ချန်ခဲ့ပါရစေ။ မှာချင်တာက ဒီဇာတ်ကား စကြည့်ဖြစ်ခဲ့ရင် အဆုံးထိအောင် ကြည့်စေချင်တယ်။ အစချီတာမှာ စိတ်ပျက်မသွားဖို့ပါပဲ။ ဒီဇာတ်ကား ရိုက်ကူးစဥ်နဲ့ ရိုက်ကူးပြီး နိုင်ငံရေးမှာ လှုတ်ခတ်သွားခဲ့တာတွေ အများကြီးပါ အဲဒီထဲက ထင်ရှားတာကတော့ မနေ့က ရန်ကုန် မြို့တော်ခန်းမရှေ့က Candle Campagne တွေလို Campagne တွေ အစပြုစေခဲ့တာ တစ်ခု အပါအဝင်ပါ။ ဇာတ်လမ်းက အသင့်ရှိနေတဲ့ ဝတ္တုတစ်ပုဒ်ကို ဟိုဒီ တည်းဖြတ် ဇာတ်ညွှန်းရေးပြီး ရိုက်ခဲ့တာ မဟုတ်ပါဘူး။ ဇာတ်လမ်း ဖန်တီးဖို့ကို ၇နှစ်ကျော် ကြာခဲ့ပါတယ် ဆိုပါတယ်။ ဖန်တီးခဲ့တဲ့သူဟာ အပြင်မှာ ခေတ်လူငယ်တွေနဲ့ ထိတွေ့ဆက်ဆံ ၇နှစ်ကြာ သုတေသနပြုရင်း ဒီဇာတ်လမ်းကို တဖြည်းဖြည်းချင်း အဆင့်ဆင့် ပြင်ဆင်တည်းဖြတ် ရေးသားခဲ့ရတယ်လို့ မှတ်ဖူးပါတယ်။ ဒီဇာတ်ကား အကြောင်း ပြောရင် ပြောစရာတွေ အများကြီးပါ… ပြောလို့ ကုန်မှာ မဟုတ်တော့ပါဘူး။ မကြည့်ရသေးရင် ကြည့်စေချင်တဲ့ စေတနာရယ် ပြီးတော့ အခု လက်ရှိ မြန်မာနိုင်ငံက အဖြစ်တွေနဲ့ တိုက်ဆိုင်တဲ့ အချက်တွေ တော်တော်များများ တွေ့မိတာရယ်ပါ။ အဲ.. ဒီဇာတ်ကားထဲ ဇာတ်တည်ထားတဲ့ နိုင်ငံရေး သူရဲကောင်း Bhagat Singh အကြောင်းသီးသန့် ကြည့်ချင်သပဆိုရင်တော့ 2002 မှာ ရိုက်ထားတဲ့ The Legend of Bhagat Singh ဆိုတဲ့ကားက သိပ်ပြောင်မြောက်ပါကြောင်း။ (ဇာတ်လမ်းအညွှန်းကို AKK ထံမှ ကူးယူဖော်ပြပါသည်)