uz
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Yopiq kanal

🚩 Channel was restricted by Telegram

Ko'proq ko'rsatish
Ma'lumot yo'q
Obunachilar
-524 soatlar
-47 kun
+730 kun
Postlar arxiv
Once Upon a Time in China V (1994) ⭐TMDB: 54% User Score 🎬 #Action #Asian #Drama 🗓 1994 🎞 movie 🌎 #HongKong ⏰ 1 နာရီ 42 မိနစ် 3 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးမှာတော့ ဝမ်ဖေးဟုန်ဟာ မိသားစုဝင်တွေ တပည့်တပန်းတွေနဲ့ ဟောင်ကောင်ကို ပြန်တဲ့လမ်းတစ်ထောက်မှာ သုဿန်တလင်းလို ခြောက်ကပ်နေတဲ့ မြို့တစ်မြို့ကို ရောက်ရှိလာပါတော့တယ်။ ဖြစ်ပုံကတော့ မဟာမိတ်တပ်တွေက မြို့တော်ကို သိမ်းပိုက်လိုက်တဲ့အချိန်မှာ ဒေသခံအာဏာပိုင်တွေက တစ်ကိုယ်ကောင်းဆန်ပြီး မြို့နယ်ဘဏ္ဍာငွေတွေကို ခိုးယူကာ ထွက်ပြေးသွားပါတော့တယ်။ ဒါကြောင့် တစ်မြို့လုံးက တရားဥပဒေစိုးမိုးမှုမရှိဘဲ တောမီးလောင် တောကြောင်လက်ခမောင်းခတ် ဆိုသလို ပင်လယ်ဓားပြတွေကလည်း သောင်းကျန်းချင်တိုင်း သောင်းကျန်းနေပြီး မြို့သူ့မြို့သားတွေခမျာ စားစရာမရှိ လျော်စရာရှိ ဖြစ်နေပါတော့တယ်။ ဒါကို သိလိုက်ရတဲ့ ဝမ်ဖေးဟုန်ဟာ တရားဥပဒေစိုးမိုးရေး နှင့် ငြိမ်ဝပ်ပိပြားရေး ပြန်လည်ဖြစ်တည်လာအောင် ပင်လယ်ဓားပြတွေကို တိုက်ထုတ်ဖို့အတွက် အကြောင်းဖန်လာပါတော့တယ်။ ဂျက်လီ၊ ဂျက်ကီချန်း၊ ဝမ်ဖေးဟုန်တို့ဆိုတာ ငယ်ငယ်ကတည်းက မသိတဲ့သူ မရှိလောက်အောင် နာမည်ကြီးတဲ့အတွက် ဒီဇာတ်ကားလေးကတော့ ငယ်ဘဝကို လွမ်းဆွတ်စရာ ဇာတ်ကားကောင်းလေးမို့လို့ ကြည့်လိုက်ကြပါဦးခင်ဗျာ။
...

မင်္ဂလာပါ Triggered... 💤 Welcome to FDMN Bot သည် အောက်ပါအချိန်များအတွင်း အသုံးပြုသူမရှိပါက အနားယူတတ်ပါသည်။
တနင်္လာ မှ သောကြာ 🌄 မနက် ၈ နာရီ မှ မနက် ၁၀ နာရီ 🌅 နေ့လည် ၁ နာရီ မှ ညနေ ၄ နာရီ 🌃 ည ၁၁ နာရီ မှ မနက် ၆ နာရီ စနေ နှင့် တနင်္ဂနွေ 🌃 ည ၁၂ နာရီ မှ မနက် ၈ နာရီ
🛌 သင် တောင်းဆိုမှုပြုလုပ်စဉ်က Bot မှာ အနားယူနေနိုင်ပါသည်။ 🛏️ Bot သည် ယခုကစ၍ ၂ မိနစ်ခန့် အတွင်း ပြန်လည်ပတ်ပါမည်။ 🐰 ခေတ္တစောင့်ဆိုင်းပြီး သင့်တောင်းဆိုမှုကို ပြန်လုပ်ကြည့်ပါ။

Poolman (2023) ⭐IMDB: 4.1/10 (1 k Votes) 🎬 #Comedy #Mystery 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 40 မိနစ် 46 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Poolman ဇာတ်ကားဟာ ၂၀၂၃ ခုနှစ်ထွက် နာမည်ကျော်မင်းသား Chris Pine ပါဝင်တဲ့ Comedy, Mystery ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ နည်းနည်းဆန်းတဲ့ Genre အတွဲဖြစ်သလို ဇာတ်ကားလေးကလည်း နည်းနည်းလေးဆန်းပါတယ်။ အတိုပြောရရင် မင်းသားဟာ ဇာတ်ကားထဲမှာ Darren ဆိုတဲ့ ရေကူးကန်ထိမ်းသိမ်းရေးဝန်ထမ်း တစ်ယောက်ပါ။ သူက သူနေတဲ့ Los Angeles မြို့ကို အရမ်းချစ်လို့ မြို့ကို တိုးတက်အောင် အမြဲ ကြိုးစားနေတဲ့လူတစ်ယောက်ပါ။ သူ့မှာ သူ့ကို အမြဲအပြစ်မမြင် ကူညီပေးတဲ့မိတ်ဆွေတွေရှိသလို သူ့ကို ရန်သူလိုမြင်နေတဲ့လူတွေလည်း ရှိပါတယ်။ တစ်နေ့မှာ အများပြည်သူအကျိုးအတွက်လို့ နာမည်ခံထားတဲ့ မြို့ရဲ့ အိမ်ရာစီမံကိန်းနောက်ကွယ် တစ်ခုမှာ လာဘ်ပေးလာဘ်ယူတွေ ရှိနေတာကို သူ သိသွားတဲ့အခါမှာ အဲဒါကို ဖော်ထုတ်ဖို့ ကြိုးစားရင်း နောက်ကွယ်မှာ ဘယ်လိုတွေ ရှိနေမှာလဲ သူထင်တာတွေကရော မှန်ပါ့မလား ဘယ်သူတွေ ထိခိုက်ပြီး ဘယ်သူတွေ အသာစီးရသွားမှာလဲ စတာတွေကို တစ်ကားလုံး ဟာသဆန်ဆန် ရိုက်ပြ ထားတာမို့ Mystery လည်း ကြိုက် comedy လည် ကြိုက်တဲ့လူတွေ ကြည်သင့်ပါတယ်လို့ လက်တို့ လိုက်ပါရစေခင်
...

Once Upon a Time in China IV (1993) ⭐TMDB: 56% User Score 🎬 #Action #Asian #Adventure #History 🗓 1993 🎞 movie 🌎 #HongKong ⏰ 1 နာရီ 42 မိနစ် 14 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီလေးကားမြောက် ဇာတ်ကားလေးမှာတော့ ဝမ်ဖေးဟုန်ဟာ ခြင်္သေ့သိုင်းအကကို သူမတူအောင် ယှဉ်ပြိုင်နိုင်ခဲ့တာမို့ ထူးချွန်ပြောင်မြောက်စွာ အနိုင်ရခဲ့ပြီး ခြင်္သေ့ဘုရင်လို့ ခေါ်ဆိုချီးမြှောက်ခံခဲ့ရပါတယ်။ ဒါကြောင့် တရုတ်ပြည်နဲ့ ပြည်ပနိုင်ငံ (၈) နိုင်ငံတို့ စုပေါင်းပြီး ယှဉ်ပြိုင်ကြမဲ့ ခြင်္သေ့အကပြိုင်ပွဲမှာ ဝမ်ဖေးဟုန်ဟာ တရုတ်ပြည်ကိုယ်စားပြု ယှဉ်ပြိုင်ဖို့ အကြောင်းဖန်လာပါတော့တယ်။ ဒါပေမဲ့ တကယ်တော့ ဒီပြိုင်ပွဲက နိုင်ငံရပ်ခြားတပ်မတော်တွေက တရုတ်ပြည်တွင်းကို ဖြည်းဖြည်းချင်း ကျူးကျော်ဝင်ရောက်လာပြီး တရုတ်ကို သိမ်းပိုက်ဖို့ ကြံစည်နေတဲ့ အစီအစဉ်ရဲ့ တစိတ်တပိုင်း ဖြစ်ပါတယ်။ တရုတ်ဖက်ကလည်း ပေါ်တင် ချေပလို့မရတဲ့အတွက် ပြိုင်ပွဲမှာ နိုင်ငံ့ရပ်တည်ချက်ကို ပြရမှာဖြစ်ပါတယ်။ တစ်ဖက်မှာလည်း မီးအိမ်နီ မျိုးချစ် အမျိုးသမီး ကွန်ဖူး အဖွဲ့အစည်းက တရုတ်ပြည်တွင်းမှာ ရှိနေတဲ့ နိုင်ငံခြားသားတွေကို သတ်ဖြတ်ချေမှုန်းပြီး တော်လှန်ပါတော့တယ်။ ဒါကြောင့် ဒီဇာတ်ကားလေးမှာတော့ ဝမ်ဖေးဟုန်တစ်ယောက် တရုတ်ပြည်ကို ကာကွယ်ပြီး နိုင်ငံခြားတပ်မတော်နှင့် မီးအိမ်နီ မျိုးချစ်အဖွဲ့အစည်းကြားမှာ တင်းမာမှုတွေ ပြင်းထန်လာပြီး စစ်ပွဲဆီ ဦးမတည်သွားအောင် ဘယ်လိုကြံဆောင်မလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။
...

Superman: Doomsday (2007) ⭐TMDB: 67% User Score 🎬 #Action #Adventure #Animation #Drama #SciFi #ScienceFiction #Family 🗓 2007 🎞 video movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 18 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Superman: Doomsday (2007)IMDB: 6.9/10Rotten Tomatoes: 57% Superman: Doomsday (2007) ရုပ်ရှင်ဟာ DC Comics Book တစ်ခုဖြစ်တဲ့The Death of Superman ကိုအခြေခံကာ ရိုက်ကူးထားတဲ့ DC Animation ဖြစ်ပါတယ်။ ဇာတ်ညွှန်း စူပါမန်းရှိတဲ့ ကမ္ဘာဟာငြိမ်းချမ်းပါတယ်။ စူပါမန်းဆိုတာ နှိုင်းယှဉ်လို့မရနိုင်တဲ့ စံပြု ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။ဒါပေမယ့် ခုလိုမျိုး အနှိုင်းမဲ့တဲ့လူတောင်မှ နေဝင်ချိန်ဆိုတာရှိလာတတ်ပါတယ်။ လက်စ်လူသာဟာသူ့ရဲ့ထုံးစံအတိုင်းလက်စ်ကော်ပိုရေးရှင်းကိုအကြောင်းပြပြီး တစ်ဖက်မှာ မှောင်ခိုလုပ်ငန်းတွေကိုလုပ်နေပါတယ်။ တစ်ရက်မှာတော့ လက်စ်ကော်ပိုရေးရှင်းက သိပ္ပွံပညာရှင် အချို့ဟာမြေအောက်မှာ လုပ်ငန်းတစ်ခုဆောင်ရွက်နေရင်းပြင်ပကမ္ဘာကလာတဲ့ ယာဉ်ပျံတစ်စီးကိုတွေ့ခဲ့ပါတယ်။ အဆိုပါယာဉ်ပျံထဲမှာပါနေတဲ့အရာဟာ Doomsday ဖြစ်ပြီးမြင်မြင်သမျှကို ဖျက်ဆီးမယ့်လူတစ်ယောက်ဖြစ်ပါတယ်။ နောက်ဆုံးတော့ Doomsday ကိုတိုက်ခိုက်နိုင်မယ့်တစ်ဦးတည်းသောသူက စူပါမန်းဖြစ်လို့လာပါတယ်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ
...

The Primevals (2023) ⭐IMDB: 5.5/10 (389 Votes) 🎬 #Adventure #SciFi #ScienceFiction #Fantasy 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 31 မိနစ် 13 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 နှစ်တွေဘယ်လောက်ကြာကြာ အခုထက်ထိ မဖြေရှင်း နိုင်သေးတဲ့ ကမ္တာကြီးပေါ်က လျှို့ဝှက်ဆန်းကြယ် ဖြစ်စဉ်တွေထဲမှာ ဂြိုလ်သားတွေအပြင် Yeti ဆိုတဲ့ နှင်းလူကြီးတွေလည်း ပါဝင်နေပါသေးတယ်။ ဟိုနားလေးမှာတွေ့လိုက်ရတယ် ဒီနားလေးမှာတွေ့ လိုက်ရတယ်ဆိုပြီး တကယ်ကွက်ကွက်ကွင်းကွင်း မမြင်ရတာတွေ ခိုင်မှာတဲ့သက်သေမပြနိုင်‌တာတွေဆိုမှ အများကြီးပါပဲ။အခုတင်ဆက်ပေးမဲ့ဇာတ်ကားကလည်း အဲ့ဒီနှင်းလူကြီးတွေအကြောင်းကို စိတ်ကူးယဉ်ရိုက်ကူး ထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။၂၀၂၃ ထွက် ဇာတ်ကားဖြစ်ပေမဲ့အရင်ခေတ်ပုံစံ အရင်ခေတ် CGI တွေနဲ့ ပြန်လည်အသက်သွင်းရိုက်ကူးထားတာကိုတွေ့ရမှာပါ။ ဇာတ်လမ်းလေးရဲ့နာမည်ကတော့ The Primevals ဖြစ်ပြီး IMDb Rating 5.5 ရရှိထားပါတယ်။ ဒေါက်တာကလယ်ရာနဲ့ မက်သရူးတို့ကတက္ကသိုလ်က ဆရာတပည့်တွေဖြစ်ပြီး ၂ ယောက်စလုံးက နှင်းလူကြီးတွေ အကြောင်းကိုစိတ်ဝင်စားကြတဲ့သူတွေပဲဖြစ်ပါတယ်။သူတို့ နှစ်ယောက်က မတွေ့ရတာကြာပြီဖြစ်ပြီး တစ်နေ့မှာတော့ ကလယ်ရာကျင်းပတဲ့ပွဲတစ်ပွဲမှာ ပြန်လည်တွေ့ရှိခဲ့ပါတော့တယ်။ အဲ့ဒီပွဲကတော့ နီပေါနိုင်ငံမှာ အသေဖမ်းမိခဲ့တဲ့ နှင်းလူကြီးကို ပြသတဲ့ပွဲပဲဖြစ်ပါတယ်။ကိုယ့်မျက်စိရှေ့မှာ ဒီလိုနှင်းလူကြီးကို ကွက်ကွက်ကွင်းကွင်းတွေ့နေရပြီ ဖြစ်တဲ့အတွက် နီပေါနိုင်ငံမှာ တခြားကျန်လောက်ဦးမဲ့ နှင်းလူတွေကိုသွားရှာဖို့ ဆရာတပည့် နှစ်ယောက်စကားစပ်မိခဲ့ကြပါတော့တယ်။ဒီလိုနဲ့ သူတို့ နှစ်ယောက်သား နီပေါကို ခရီးနှင်ခဲ့ကြပြီး ခရီးစဉ်မှာလိုအပ်မဲ့ တခြားသူတွေကို စုဆောင်းပြီး နှင်းလူရှာဖွေရေးခရီးစဉ်ကို စတင်ခဲ့ပါတော့တယ်။ဒါပေမယ့် သူတို့ကိုစောင့်ကြိုနေတဲ့ အရာက နှင်းလူတွေတင်မကဘဲ တခြားကမ္ဘာက လျှို့ဝှက် ဆန်းကြယ်တဲ့ သက်ရှိတွေပါရှိနေတဲ့အခါမှာတော့ ဒေါက်တာ ကလယ်ရာတို့ အဖွဲ့ ဘယ်လိုအရာမျိုးတွေကို လေ့လာစူးစမ်း နိုင်ခဲ့မလဲဆိုတာကိုကြည့်ရှုရမဲ့ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။
...

Batman Unlimited: Monster Mayhem (2015) ⭐IMDB: 5.6/10 (3 k Votes) 🎬 #Action #Adventure #Animation #Family #SciFi 🗓 2015 🎞 video movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 21 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Batman Unlimited: Monster Mayhem(2015)IMDb: 5.6/10Rotten Tomatoes : 80% Batman Unlimited: Monster Mayhem ဟာ DC မှထုတ်ထားတဲ့ Animation ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ အတော်လေးလည်းကြည့်လို့ကောင်းတဲ့ Animation ဆိုလည်းမမှားပါဘူး။ ဇာတ်လမ်းအညွှန်း ဆေးဗားလ် ဘန်ရှီးနဲ့ ဆော်လမွန် ဂရမ်ဒီတို့နှစ်ယောက် အာခမ်ကနေဟော်လိုးဝင်းညမှာ ဖောက်ပြေးလာခဲ့ပါတယ်။ နှစ်ယောက်သားထွက်ပြေးရင်း စကဲခရိုးနဲ့တွေ့ခဲ့ပါတယ်။စကဲခရိုးဟာအစည်းအဝေးလုပ်မယ့်နေရာကိုခေါ်သွားတော့ ရှိနေတဲ့လူဆိုးတွေကစကဲခရိုး၊ ဆော်လမွန်ဂရန်ဒီ၊ ဆေးလ်ဗားဘန်ရှီး၊ ကလေးဖေ့စ် တို့ပဲဖြစ်ပါတယ်။ သူတို့အားလုံးကိုအစည်းအဝေးခေါ်လိုက်သူကတော့ ဂျိုကာပဲဖြစ်ပါတယ်။ သူတို့အဖွဲ့ဟာ ဂိုဂိုရိုတိုဆိုတဲ့ဂိမ်းဒီဇိုင်နာတစ်ယောက်ကို ဖမ်း၊ အင်ကာပြတိုက်ထဲကနေပြီး အဖိုးတန်နှင်းဆီ ကျောက်တုံးကိုခိုးခဲ့ပါတယ်။ဂျိုကာတို့ဘာတွေကြံစည်နေတာလဲ။ အဲဒါကို ဘတ်မန်း၊ အိုလီဗာ(ဂရင်းအဲရိုး)၊ တင်မ်ဒရိတ်(ရက်ဒ်ရော်ဘင်)၊ ဆိုက်ဘော့တို့ကဘယ်လိုများတားဆီးသွားမှာလဲ။
...

မင်္ဂလာပါ Triggered... 💤 Welcome to FDMN Bot သည် အောက်ပါအချိန်များအတွင်း အသုံးပြုသူမရှိပါက အနားယူတတ်ပါသည်။
တနင်္လာ မှ သောကြာ 🌄 မနက် ၈ နာရီ မှ မနက် ၁၀ နာရီ 🌅 နေ့လည် ၁ နာရီ မှ ညနေ ၄ နာရီ 🌃 ည ၁၁ နာရီ မှ မနက် ၆ နာရီ စနေ နှင့် တနင်္ဂနွေ 🌃 ည ၁၂ နာရီ မှ မနက် ၈ နာရီ
🛌 သင် တောင်းဆိုမှုပြုလုပ်စဉ်က Bot မှာ အနားယူနေနိုင်ပါသည်။ 🛏️ Bot သည် ယခုကစ၍ ၂ မိနစ်ခန့် အတွင်း ပြန်လည်ပတ်ပါမည်။ 🐰 ခေတ္တစောင့်ဆိုင်းပြီး သင့်တောင်းဆိုမှုကို ပြန်လုပ်ကြည့်ပါ။

Stress Positions (2024) ⭐IMDB: 4.7/10 (331 Votes) 🎬 #Comedy 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 35 မိနစ် 38 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခေါက်မှာတော့ရယ်လည်းရယ်ရ ခေါင်းလည်းစားရ အဓိပ္ပာယ်အနှစ်သာရလေးတွေလည်းပါတဲ့ LGBT တွေရဲ့ ဘ၀ကိုပုံစံတစ်မျိုးတစ်ဖုံထူးထူးခြားခြားလေးရိုက်ကူး တင်ဆက်ထားတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားနာမည်ကတော့ Stress Positions ဖြစ်ပြီး LGBT ဒရာမာ ဟာသအမျိုးအစားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာ တယ်ရီနဲ့ခါလာဆိုတဲ့ သူငယ်ချင်းနှစ်ယောက်က အဓိကအနေနဲ့ပါဝင်ထားပြီး တယ်ရီကသာမန် Gay ခါလာကတော့ လိင်ပြောင်းထားတဲ့ Transgender ပဲဖြစ်ပါတယ်။တယ်ရီက မကြာသေးခင်ကမှ ယောက်ျားဖြစ်သူနဲ့ကွာရှင်းထားတာဖြစ်ပြီး လက်ရှိမှာတော့ပိုက်ဆံအပြင်အလုပ်အကိုင်ပါမယ်မယ်ရရမရှိတဲ့ အတွက် ယောက်ျားဖြစ်သူရဲ့ ဂေးပါတီတွေလုပ်တဲ့ ပါတီအိမ်လို့ ခေါ်တဲ့အိမ်ကြီးထဲမှာ နေနေရတာပဲဖြစ်ပါတယ်။အဲ့ဒါအပြင် မတော်တဆမှုတစ်ခုဖြစ်ပြီး ခြေထောက်ကျိုးထားတဲ့ သူ့ရဲ့ တူဖြစ်သူမော်ဒယ်လေးကိုပါ အိမ်ပေါ်ခေါ်တင်ပြီး ပြုစုပေးနေရတဲ့ အတွက် တယ်ရီ့ဘ၀ကတော့ လွယ်ကူတယ်လို့တော့မဟုတ်ပါဘူး။ သူက ကိုဗစ်ကိုအရမ်းစိတ်ပူတတ်တဲ့သူဖြစ်ပြီး သူငယ်ချင်း အကြောင်းကိုသိနေလို့ သူ့တူအဆင်လေးနဲ့တောင်တစ်ခါမှ တောင်ပေးမတွေ့ပါဘူး။ဒါပေမယ့်လည်း နောက်ပိုင်းမှာ တွေ့ဖြစ်အောင်တွေ့သွားကြပြီး သူတို့သူငယ်ချင်းတွေ ကြားထဲက စိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့ LGBT တွေရဲ့ဘ၀တွေကခက်ခဲပုံတွေအကြောင်း ပွင့်ချိန်တန်ရင်တော့ ပွင့်သင့်ကြောင်းတွေကို ဟာသလေးတွေနဲ့နှောပြီး တင်ဆက်သွားမဲ့ ဇာတ်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်။
...

Pilecki's Report (2023) ⭐IMDB: 5.9/10 (252 Votes) 🎬 #Biography #Drama #War #History 🗓 2023 🎞 movie 🌎 #Poland ⏰ 1 နာရီ 59 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားကတော့ ဇာတ်ကားပြီးသွားတဲ့အခါ သူရဲကောင်းတွေကို ဘာကြောင့် သတ်ပစ်ကြတာလဲဆိုတဲ့ မေးခွန်းပေါင်းများစွာနဲ့ စိတ်ဝင်တစား ကြည့်ရမယ့် ဇာတ်ကားမျိုးပါ။၂ နာရီစာ ဒီဇာတ်ကားက တကယ့် ဖြစ်ရန်မှန်ကို အခြေခံထားတဲ့ ဇာတ်ကား တစ်ကား ဖြစ်ပါတယ်။ ဒုတိယ ကမ္ဘာစစ်မှာ ပိုလန် လူမျိုး ဝစ်တိုး ပီလက်ကီဆိုတဲ့ တော်လှန်ရေး တပ်သားတစ်ယောက်ဟာ အရမ်း ဆိုးဝါးတဲ့ အော့ဇ်ဝစ်ချ် ဂျာမန် အကျဉ်းထောင်ထဲကို ဝင်ရောက်ခဲ့ပါတယ်။ စစ်ကြီးပြီးသွားတဲ့အခါမှာတော့ ကွန်မြူနစ် အရာရှိတွေရဲ့ ဖမ်းဆီးခြင်းကို သူ့အနေနဲ့ ခံလိုက်ရတယ်။ စစ်အတွင်းမှာ သူကြုံခဲ့ရတာတွေ .. အော့ဇ်ဝစ်ချ်ဆိုတဲ့ ငရဲခန်းထဲမှာ သူ့ရဲ့ အတွေ့အကြုံတွေနဲ့ မျက်မြင်ကိုယ်တွေ့ သူကြုံခဲ့ရတဲ့ အနိဌာရုံ မြင်ကွင်းတွေအကြောင်း ကွန်မြူနစ်အရာရှိတွေက သိချင် ခဲ့ကြတာဖြစ်ပါတယ်။ ဝမ်းနည်းစရာကောင်းတာကတော့ ၁၉၄၈ ခုနှစ်မှာ ဆိုဗီယက်အစိုးရကို ဆန့်ကျင်မှုကြောင့် သူဟာ ကွပ်မျက်ခံလိုက်ရတာပါပဲ။ ပထမ စစကြည့်ချင်းမှာ ဇာတ်ကားကို သိပ်နားမလည်နိုင်ပေမဲ့ နောက်ပိုင်းမှာ အော့ဇ်ဝစ်ချ် အကျဉ်းထောင်ထဲက ရိုက်ကွင်းတွေ ကြောင့် ဇာတ်ကားက ပိုကြည့်လို့ ကောင်းလာပြီး ဇာတ်ရည်လည်း လည်လာမှာဖြစ်ပါတယ်။ သမိုင်း ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ ဇာတ်ကားဖြစ်တဲ့အတွက် ဒီဇာတ်ကားက ကြည့်ရမယ့် ဇာတ်ကားကောင်း တစ်ကားပါပဲ လို့ ပြောရင်း
...

Pilecki's Report (2023) ⭐IMDB: 5.9/10 (252 Votes) 🎬 #Biography #Drama #War #History 🗓 2023 🎞 movie 🌎 #Poland ⏰ 1 နာရီ 59 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားကတော့ ဇာတ်ကားပြီးသွားတဲ့အခါ သူရဲကောင်းတွေကို ဘာကြောင့် သတ်ပစ်ကြတာလဲဆိုတဲ့ မေးခွန်းပေါင်းများစွာနဲ့ စိတ်ဝင်တစား ကြည့်ရမယ့် ဇာတ်ကားမျိုးပါ။၂ နာရီစာ ဒီဇာတ်ကားက တကယ့် ဖြစ်ရန်မှန်ကို အခြေခံထားတဲ့ ဇာတ်ကား တစ်ကား ဖြစ်ပါတယ်။ ဒုတိယ ကမ္ဘာစစ်မှာ ပိုလန် လူမျိုး ဝစ်တိုး ပီလက်ကီဆိုတဲ့ တော်လှန်ရေး တပ်သားတစ်ယောက်ဟာ အရမ်း ဆိုးဝါးတဲ့ အော့ဇ်ဝစ်ချ် ဂျာမန် အကျဉ်းထောင်ထဲကို ဝင်ရောက်ခဲ့ပါတယ်။ စစ်ကြီးပြီးသွားတဲ့အခါမှာတော့ ကွန်မြူနစ် အရာရှိတွေရဲ့ ဖမ်းဆီးခြင်းကို သူ့အနေနဲ့ ခံလိုက်ရတယ်။ စစ်အတွင်းမှာ သူကြုံခဲ့ရတာတွေ .. အော့ဇ်ဝစ်ချ်ဆိုတဲ့ ငရဲခန်းထဲမှာ သူ့ရဲ့ အတွေ့အကြုံတွေနဲ့ မျက်မြင်ကိုယ်တွေ့ သူကြုံခဲ့ရတဲ့ အနိဌာရုံ မြင်ကွင်းတွေအကြောင်း ကွန်မြူနစ်အရာရှိတွေက သိချင် ခဲ့ကြတာဖြစ်ပါတယ်။ ဝမ်းနည်းစရာကောင်းတာကတော့ ၁၉၄၈ ခုနှစ်မှာ ဆိုဗီယက်အစိုးရကို ဆန့်ကျင်မှုကြောင့် သူဟာ ကွပ်မျက်ခံလိုက်ရတာပါပဲ။ ပထမ စစကြည့်ချင်းမှာ ဇာတ်ကားကို သိပ်နားမလည်နိုင်ပေမဲ့ နောက်ပိုင်းမှာ အော့ဇ်ဝစ်ချ် အကျဉ်းထောင်ထဲက ရိုက်ကွင်းတွေ ကြောင့် ဇာတ်ကားက ပိုကြည့်လို့ ကောင်းလာပြီး ဇာတ်ရည်လည်း လည်လာမှာဖြစ်ပါတယ်။ သမိုင်း ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ ဇာတ်ကားဖြစ်တဲ့အတွက် ဒီဇာတ်ကားက ကြည့်ရမယ့် ဇာတ်ကားကောင်း တစ်ကားပါပဲ လို့ ပြောရင်း
...

The Lobster (2015) ⭐IMDB: 7.1/10 (300 k Votes) 🎬 #Comedy #Drama #Romance #SciFi #Thriller 🗓 2015 🎞 movie 🌎 #France #Greece #Ireland #Netherlands #UnitedKingdom #UnitedStates #Belgium ⏰ 1 နာရီ 53 မိနစ် 45 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းဟာ၂၀၁၅မှာတင်မဟုတ်ပဲအခုချိန်တမူကွဲနေတုန်းပါ ကျွန်တော်တို့နဲ့မေ၀းလှတဲ့အနာဂတ်ကိုအခြေခံရိုက်ထားတာပဲဖြစ်ပါတယ် ဘဲမရှိ၊စော်မရှိFAလေးတွေဟာမြို့တော်ရဲ့ဥပဒေအရ Hotelကိုအပို႔ခံၾကရပါတယ္ ၄၅ရက်အတွင်း စော်ရှာဖို့/ဘဲရှာဖို့ပါ အဲ့လိုလုပ်ပေးတာမစွံခဲ့ရင်တော့တိရစာၦန်အဖြစ်အပြောင်းခံရပြီး တောထဲကိုနှင်ထုတ်ခံရမှာပဲဖြစ်ပါတယ် ပြီးတော့Hotelမှာစည်းကမ်းတစ်ခုရှိပါတယ် လုံး၀လက်သုံးလို့မရပါဘူး Maidရဲ့အထူးဂရုစိုက်မှု(without orgasm)ကိုပဲယောကျာ်းလေးတွေ အနေနဲ့ဖြေသိမ့်ရပါတယ် ခွေးဖြစ်နေတဲ့သူ့အစ်ကိုနဲ့ဒေးဗစ်တို့Hotelကိုရောက်သွားတဲ့အခါမှာတော့… ဒီကားရဲ့ရရှိထားတဲ့အောင်မြင်မှုတွေကတော့ (Nominated for 1 Oscar.Another 33 wins & 72 nominations)တို့ပဲဖြစ်ပါတယ်
...

Annihilation (2018) ⭐IMDB: 6.8/10 (364 k Votes) 🎬 #Adventure #Drama #Fancy #Fantasy #ScienceFiction #Horror #Mystery #SciFi #Thriller 🗓 2018 🎞 movie 🌎 #USA #UnitedStates #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 55 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 (Unicode) လူတွေက ဆုံးဖြတ်ချက်တွေချတာလား၊ ကိုယ့်စိတ်ကတွန်းအားပေးတဲ့အတိုင်း လိုက်လုပ်နေကြတာလား? ကိုယ့်ကိုယ်ကိုသေကြောင်းကြံတာနဲ့ ကိုယ့်ကိုယ်ကိုဖျက်ဆီးတာ တူသလား? ပျက်သုန်းခြင်းဆိုတာ ဘာလဲ? လီနာ့ယောကျ်ား စစ်မစ်ရှင်ရှိတယ်ဆိုပြီး ထွက်သွားတာ တစ်နှစ်ရှိပါပြီ။ ဘာမစ်ရှင်လဲ၊ ဘယ်ကိုသွားရမှာလဲ၊ ဘယ်သူတွေနဲ့လဲဆိုတာ လီနာကိုယ်တိုင်တောင်မသိရပါဘူး။ လီနာကတော့ သူ့ယောကျ်ားသေသွားပြီလို့ပဲ မှတ်ယူထားခဲ့ပါတယ်။ ဒါပေမယ့် တစ်နေ့မှာ သူ့ယောကျ်ား အမှတ်မထင်ပြန်ရောက်လာခဲ့ပါတယ်။ ဘယ္ကိုသြားခဲ့တာလဲ၊ အိမ်ကိုဘယ်လိုပြန်ရောက်လာတာလဲဆိုတာ သူကိုယ်တိုင်တောင် မသိတဲ့အခြေအနေ၊ ရုတ်တရက်ကြီး သွေးတွေအန်ကျလာလို့ ဆေးရုံကိုအပြေး၊ လမ်းမှာ ရဲတပ်ဖွဲ့တစ်ဖွဲ့က လီနာနဲ့ သူ့ယောကျ်ားကို ဝင်ဖမ်းသွားပါတော့တယ်။ လီနာ ပြန်နိုးလာတဲ့အချိန်မှာ သူ့ရှေ့မှာ အမိုးခုံးကြီးတစ်ခု၊ သာမန်ထက်ပိုထူးခြားတဲ့ Dimension တစ်ခုကို တွေ့လိုက်တယ်။ အဲ့အမိုးခုံးထဲဝင်သွားသမျှ အရာအားလုံး ဘာမှပြန်ထွက်မလာနိုင်ခဲ့ဘူး။ လီနာရဲ့ယောကျ်ားကလဲ ဒီအမိုးခုံးထဲကိုဝင်သွားခဲ့ပြီး အသက်ငင်ငင်နဲ့ပြန်ထွက်လာနိုင်ခဲ့မှန်း သူသိလိုက်ပါတယ်။ အမိုးခုံးကြီး ပိုပိုကြီးမားလာတာနဲ့အမျှ လူသားတွေအတွက် အန္တရာယ်ပိုရှိလာမှန်း သိလာတဲ့အခါ လီနာနဲ့မိတ်ဆွေအမျိုးသမီးတစ်ချို့ဟာ ဒီအမိုးခုံးထဲကို ဝင်ပြီး အထဲကအဖြစ်အပျက်တွေကို သွားလေ့လာပါတော့တယ်။ ဒီဇာတ်ကားဟာ ဘဝအကြောင်းကိုရေးစပ်ပြထားတဲ့ကဗျာတစ်ပုဒ်နဲ့တူပါတယ်။ ဇာတ်လမ်းထဲမှာပါတဲ့ ဆဲလ်တွေ၊ အပင်တွေ၊ ထူးဆန်းဖြစ်ရပ်တွေနဲ့ ဒီ Dimension ကြီးဟာ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝတွေကို ထင်ဟပ်ပြနေသလို အပေါ်ဆုံးက မေးခွန်းတွေအတိုင်းပဲ ဇာတ်လမ်းကိုတည်ဆောက်ပြသွားပါတယ်။ ဒီဇာတ်ကားမှာ ဗီလိန်လဲမပါသလို လူကောင်းလဲမပါပါဘူး။ သိပ္ပံအက်ရှင်ဇာတ်ကားနဲ့ဆင်ပေမယ့်လဲ တကယ်တော့ Symbollism တွေ သေချာသုံးပြထားတဲ့၊ဇာတ်လမ်းတစ်ကွက် လွတ်သွားရင် ဇာတ်ရည်လည်ဖို့ခက်သွားနိုင်တဲ့ Arthouse ဆန်ဆန်ရုပ်ရှင်ကားတစ်ကားလို့ပြောရင် မလွန်လောက်ပါဘူး။ လီနာရဲ့ Relationship အခြေအနေ၊ သူ့ရဲ့ ခံယူချက်တွေ၊ သူ့ရဲ့ဆုံးဖြတ်ချက်တွေကို စကားပြောထက် အမူအရာတွေနဲ့ပဲ ပုံဖော်သွားခဲ့ပါတယ်။ ဒီဇာတ်ကားရဲ့ အကောင်းဆုံးအချက်ကတော့ ဇာတ်လမ်းကို အပေါ်ယံကြည့်ရုံနဲ့နားလည်နိုင်မှာမဟုတ်ပဲ ပြောသမျှစကား၊ လုပ်သမျှအပြုအမူတိုင်းကို သေချာအာရုံစိုက် ကြည့်မှသာ ဇာတ်လမ်းရဲ့အနှစ်ကို ရနိုင်တဲ့ကားမျိုးဖြစ်ပါတယ်။ ဒါပေမယ့် ဒီဇာတ်ကားကို နားလည်သွားတာဟာ ကဗျာတစ်ပုဒ်ဖတ်ပြီး ကဗျာဆရာရဲ့ပေးချင်တဲ့ Message ကို သိသွားတာနဲ့ တူပါတယ်။ ကျွန်တော်တို့ ဘဝမှာ နေ့စဉ်ရုန်းကန်လှုပ်ရှားနေရတဲ့သူတိုင်း၊ ကိုယ့်ချစ်သူရည်းစားနဲ့ အဆင်မပြေတဲ့သူတိုင်း၊ စိတ်ညစ်နေတဲ့သူတိုင်း ဒီဇာတ်ကားကိုကြည့်ပြီးရင် အဆုံးသတ်မှာစိတ်ထဲ တစ်ခုခုတော့ ကျန်ရစ်နေမှာ အသေအချာပါပဲ။ Imdb 7.7 နဲ့ Rotten Tomatoes 87% ရရှိထားပြီး Star Wars fan တို့ရဲ့အချစ်တော် Natalie Portman, Thor: Ragnarok ကားထဲက Valkyrie အဖြစ်ပါဝင်ခဲ့တဲ့ Tessa Thompson နဲ့အတူ Oscar Issac တို့ပါဝင်ထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်တဲ့အတွက် ပရိသတ်တွေအနေနဲ့ ဒီကားကြည့်ပြီး ဂိသထက် ဂိနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ ကွီးအာကာပါ)
...

The Eight Immortals Restaurant: The Untold Story (1993) ⭐IMDB: 6.8/10 (5 k Votes) 🎬 #Comedy #Crime #Horror #Thriller 🗓 1993 🎞 movie 🌎 #HongKong ⏰ 1 နာရီ 35 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 လူသားပေါက်စီလို့ဆိုလိုက်တာနဲ့ ဟိုတုန်းကကားတွေတော်တော်များများကို ပြန်အမှတ်ရမိမှာပါ ဒီကားကတော့ မကာအိုပြည်မှာတကယ်ဖြစ်ပျက်ခဲ့တဲ့ Eight Immortal စားသောက်ဆိုင်က ဖြစ်ရပ်မှန်ကိုပြန်ရိုက်ထားတာပါ ၁၉၈၅ မကာအိုပြည်က Eight Immortal ဆိုတဲ့ စားသောက်ဆိုင်လေးမှာ လူနှစ်ယောက် မာကျောက်ကစားရင်း အငြင်းအခုံထဖြစ်တယ် ၀မ်ချီးဟန်ဆိုတဲ့ သိပ်ကိုဖျံကျပြီး ကလိမ်ညာဏ်များတဲ့သူက မာ​ကျောက်ကစားတိုင်း တစ်ကွက်ခိုးခိုးပြီးဆော့တာ ဆိုင်ရှင် ချန်လမ်က​ကောင်းကောင်းသိတယ် ဒါကြောင့်လဲ ၀မ်ချီးဟန်နိုင်တိုင်း ပိုက်ဆံမပေးပဲ အကြွေးနဲ့လျှော်လျှော်ထားခဲ့တာ တကယ်တော့ ဆိုင်ရှင် ချန်လမ်ကပိုက်ဆံ တစ်ပြားတောင် ပေးချင်စိတ်ရှိတာမဟုတ်ပါဘူး ဒါပေမယ့် ဒီငွေလေး အနည်းကျဥ်းလောက်အတွက်နဲ့ မကာအိုမှာဟိုးလေးတကျော်ဟော်လေးတစ်ကျိုးဖြစ်သွားစေ တဲ့ ထိပ်တန်းလူသတ်မှု တစ်နည်းအားဖြင့် လူသားပေါက်စီဆိုပြီးနာမည်ကြီးတဲ့ case တစ်ခုပေါ်လာခဲ့ပါတယ် ဒီကားဟာ 1993 လောက်ကရိုက်တဲ့ကားပေမယ့်လို့ တကယ့်အဖြစ်ပျက်နဲ့အတော်လေးတူအောင် ရိုက် ယူထားနိုင်တာတွေ့တယ် နောက်ပြီး R-Rated အဆင့်ရှိ scene တော်တော်များများပါတဲ့အတွက် ကလေးသူငယ်တွေ နှလုံးရောဂါရှိသူတွေမကြည့်ကြဖို့ ပြောချင်ပါတယ်အဲ့ဖက်ခေတ်ကရိုက်တဲ့ကားပေမယ့် အသတ်အဖြတ်တွေ 21+ scene တွေ အော်ဂလီဆန်လောက်အောင်အများအပြားပါ၀င်တာမို့ ကျွန်တော်ကတော့ ဒီလိုကားမျိုး reboot တောင်ပြန်မလုပ်ပါစေနဲ့လို့ဆုတောင်းမိပါတယ် ဒီဖက်ခေတ်နည်းပညာတွေ မိတ်ကပ်အလန်းစားတွေ နဲ့ ရိုက်ရင်ဘယ်လောက်တောင်အော်ဂလီဆန်ရမလဲလို့ ကဲ အော်ဂလီလဲဆန်ရမယ် ရွံဖို့လဲကောင်းရမယ် တကယ့်ဖြစ်ရပ်မှန်လဲဖြစ်တဲ့ကားကိုကြည့်ချင်တဲ့သူတွေအတွက်တော့ ကြည့်ဖို့တိုက်တွန်းချင်ပါတယ် တချို့တော်တော်များလဲ ကြည့်ပြီးလောက်ပြီထင်ပါတယ်
...

The Untold Story 2 (1998) ⭐IMDB: 5.7/10 (455 Votes) 🎬 #Asian #Crime #Thriller #Horror 🗓 1998 🎞 movie 🌎 #HongKong ⏰ 1 နာရီ 30 မိနစ် 51 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတခါတော့ cmပရိသတ်ကြီးအတွက် ၁၉၉၈ခုနှစ်က ရိုက်ကူးပြီး IMDb 5.5ရထားတဲ့ horrorဇာတ်လမ်းလေး တင်ဆက်ပေးလိုက်ပါတယ်. ဇာတ်လမ်းအကျဉ်းကတော့ အလုပ်ကိုပဲ အာရုံစိုက်တ‌ဲ့ Cheung ဟာ တနေကုန် ပင်ပန်းတာတွေ များလို့ ညရောက်တဲ့အခါ ဇနီးKuenဖြစ်သူကို စိတ်မကျေနပ်စေနိုင်ခဲ့ပါဘူး. အဲ့ဒါကြောင့် ဇနီးဖြစ်သူဟာ စိတ်ကျေနပ်မှုရအောင် အမြဲယောကျာ်းတစ်ယောက်မဟုတ် တစ်ယောက် ရှာပြီး ဆန္ဒကို ဖြေသိမ့်နေခဲ့ပါတယ်. လူရိုးကြီးCheungဟာလဲ ဇနီးသည်ကို ပြောမရတာကြောင့် လွှတ်ပေးထားခဲ့ပါတယ်။ ဒီလိုနဲ့ မထင်မှတ်ပဲ တနေ့မှာတော့ kuen ရဲ့ညီမ၀မ်းကွဲဖြစ်သူ Fungဟာ ဟောင်ကောင်ကို ရောက်လာခဲ့ပါတယ်. Fung ဟာအမဖြစ်သူရဲ့ လုပ်ရပ်တွေကို တွေ့တဲ့အခါမှာ ရွံရွာမုန်းတီးပြီး လူရိုးကြီး Cheungကို သနားချစ်ခင်ခဲ့ပါတယ်. အဲ့ဒါနဲ့ fungဟာ လူရိုးကြီး Cheungကို မာယာတွေနဲ့ ဖြားယောင်းပြီး သူ့ကိုချစ်ခင်အောင် လုပ်ခဲ့ပါတယ်. horrorကြိုက်နှစ်သက်တဲ့ ပရိတ်သတ်တွေ လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးပါ…. လူသတ်ခန်းနဲ့ ချစ်ကျွမ်း၀င်ခန်းတချို့ပါ၀င်တာကြောင့် အသက်၁၈နှစ်အောက် မကြည့်သင့်ပါ
...

Mahal Ko Ang Mahal Mo (2024) ⭐IMDB: 5.9/10 (22 Votes) 🎬 #Adult #Drama 🗓 2024 🎞 movie 🌎 #Philippines ⏰ 49 မိနစ် 39 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 =========================== လတ်စလီနဲ့ကာမီနာတို့ဟာ တစ်ဦးနဲ့တစ်ဦးဘာမှသက်ဆိုင်ပတ်သက်မှုမရှိခဲ့တဲ့ မိန်းမနှစ်ယောက်ပါ။တစ်နေ့တော့ သူတို့နှစ်ဦးဟာ ယောက်ျားတစ်ယောက်တည်းကိုတွဲမိရက်သားဖြစ်နေပြီး အဲ့ဒီယောက်ျားကသူတို့နှစ်ယောက်လုံးကို လှည့်စားထားတာကိုသိလိုက်ရပါတယ်။ အဲ့ဒါတင်မကပဲ အဲ့ဒီလူမှာ သူတို့နှစ်ယောက်အပြင်ထပ်ရှိနေသေးတာကိုပါသိလိုက်ရချိန်မှာတော့ နှစ်ယောက်ပေါင်းပြီးပညာပေးဖို့ကြံခဲ့ပါတယ်။ဒါပေမယ့် အနေနီးစပ်ရင်း အချင်းချင်းလက်ဖက်ဆီပြန်အချစ်တွေပေါက်ပွားလာခဲ့ချိန်မှာ ဘယ်လိုအခြေအနေမျိုးနဲ့ရှေ့ဆက်ကြမလဲဆိုတာ စဉ်းစားဆုံးဖြတ်ဖို့ဖြစ်လာပါတော့တယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့
...

Tainted Soul (2022) ⭐IMDB: 5.4/10 (258 Votes) 🎬 #Horror 🗓 2022 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 46 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Tainted Soul (2023) ==============Genre – Horror ခုနောက်ပိုင်း ထိုင်းခေတ်ပြီးတဲ့နောက် သရဲကားတွေကို တွင်တွင်ကျယ်ကျယ် ဖန်တီးရိုက်ကူးနိုင်လာကြတဲ့ အင်ဒိုနီးရှား သရဲကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သူက သရဲကားဆိုပေမဲ့လည်း အချစ်ဆန်ဆန် ဒရမ်မာလေးလည်း ပါသေးတာမို့ ရသတစ်မျိုးပဲ ပေးစွမ်းနိုင်တာ မဟုတ်ပါဘူး။ ဇာတ်လမ်းလေးကို ပြောပြပေးရမယ်ဆို ရာကာဆိုတဲ့ အထက်တန်းကျောင်းသားလေးက မျိုးရိုးစဉ်ဆက် အကြားအမြင်ပညာသည်ဖြစ်နေတော့ ငယ်စဉ်ကတည်းက သရဲပေါင်းစုံကို မြင်တွေ့နေရပြီး လိုအပ်တဲ့အခါတိုင်း အလျဉ်းသင့်သလို ကူညီပေးနေရတဲ့ လူငယ်လေးပါ။ ဒါပေမဲ့ ဆိုးကျိုးအနေနဲ့ ကျောင်းတွေမှာ အပေါင်းအသင်းမရှိပဲ အမြဲတမ်း အထီးကျန် အနိုင်ကျင့်ခံလေး ဖြစ်ပါတယ်။ ဒါကြောင့် ရာကာတစ်ယောက် ဦးလေးရှိရာ ငယ်ဘဝကနယ်မြို့လေးကို ပြန်လာပြီး ကျောင်းပြောင်းတက်ပါတယ်။ ဒီလိုနဲ့ ပြန်လာတဲ့အခါမှာတော့ ရာကာတစ်ယောက် အထက်တန်းကျောင်းသူ သရဲမချောချောလေးနဲ့ သူငယ်ချင်းဖြစ်ပြီး အထီးကျန်နေတဲ့ ဘဝလေးကို ကြည်နူးစွာ ဖြတ်သန်းနိုင်ခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ ရာကာတက်နေတဲ့ကျောင်းမှာ သူများတွေကို အနိုင်ကျင့်နေကြဖြစ်တဲ့ ကျောင်းသားတစ်သိုက်ကို လျှို့ဝှက်ဆန်းကြယ်တဲ့ မျက်နှာဖုံးသရဲတစ်ကောင်က သေတဲ့ထိ တစ်ယောက်ပြီးတစ်ယောက် လိုက်လံ သတ်ဖြတ်နေတဲ့အချိန်မှာတော့ ရာကာတစ်ယောက် ဘယ်လိုမျိုး သရဲမလေးနဲ့အတူ ဖြေရှင်းမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ သူကတော့ သရဲကားဆန်ဆန် အငွေ့အသက်တွေလည်း ပါသလို လူသတ်ကား အရသာမျိုးတွေလည်း တွေ့ရမှာဖြစ်ပြီး ဖူးသစ်စ ကျောင်းသားကျောင်းသူလေးတွေရဲ့ နုနုနယ်နယ် အချစ်ဇာတ်လမ်းဆန်ဆန်လေးလည်း ပါဝင်သေးတာကြောင့် စုံစီနဖာ ခံစားရမှာ ဖြစ်ပါတယ်။ ပါဝင်သရုပ်ဆောင်ထားကြတာကတော့ အင်ဒိုဇာဏ်ခီနဲ့ အင်ဒို ချစ်သူဝေတို့ပဲ ဖြစ်ပါတယ်ဗျ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့
...

Eiga Nemesis: Ougon Rasen no Nazo (2023) ⭐IMDB: 4.8/10 (55 Votes) 🎬 #Mystery 🗓 2023 🎞 movie 🌎 #Japan ⏰ 1 နာရီ 39 မိနစ် 38 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Eiga Nemesis : Ougon Rasen no Nazo (2023)======================================= (2021)ခုနှစ်ကထွက်ရှိခဲ့တဲ့ ဂျပန်စုံထောက်စီးရီး Nemesis ရဲ့နောက်ဆက်တွဲရုပ်ရှင်ဖြစ်ပါတယ်။ ဒါပေမဲ့ ဇာတ်သွားပြန်ရှင်းပြထားပြီး ပါဝင်တဲ့အကြောင်းအရာတွေက အရမ်းကြီးဆက်စပ်မနေတာမို့ စီးရီးကိုမကြည့်ဖူးလည်း အခုမူဗီကိုကြည့်လို့ရပါတယ်။ 99.9 Criminal Lawyer လိုမျိုး စိတ်ဝင်စားစရာကောင်းတဲ့ ဂျပန်စုံထောက်ကားဖြစ်ပါတယ်။ အောက်မှာဇာတ်ညွှန်းလာပါပြီ။ ကမ္ဘာ့ပထမဆုံးမျိုးဗီဇပြောင်းကလေးငယ်သုတေသနကို အောင်မြင်သွားတဲ့ သိပ္ပံပညာရှင်တာချိဘနဟာဂျိမဲ အသတ်ခံရပြီးတဲ့နောက် ကမ္ဘာပေါ်မှာ သူ့အမွေဆိုလို့ သူ့သမီးတဖြစ်လဲ ကမ္ဘာ့ပထမဆုံးမျိုးဗီဇပြောင်းကလေးငယ် မီခမိအန်နာနဲ့ လည်ဆွဲထဲက သုတေသနဒေတာတွေပဲ ကျန်ခဲ့ပါတယ်။ အဲဒီဒေတာတွေကိုလိုချင်နေတဲ့ မသမာသူလူချမ်းသာတစ်စုက အန်နာ့နောက်ကို လိုက်ကြနေတာပေါ့။ အန်နာ့မှာ သူမတူတဲ့စွမ်းရည်တွေရှိပြီး Nemesis စုံထောက်အေဂျင်စီမှာ သူ့ဒုတိယအဖေတို့၊ သူငယ်ချင်းတွေတို့နဲ့အတူ အလုပ်လုပ်နေပါတယ်။ ဒါပေမဲ့ Nemesis ခမျာ နှစ်လလုံးလုံး အမှုအပ်သူမရှိတာကြောင့် မွဲကိန်းဆိုက်ပြီး ရုံးခန်းပါပြောင်းလိုက်ရပါတယ်။ တစ်ချိန်တည်းမှာပဲ အန်နာဟာ ဒေတာတွေကိုလက်လွှဲမပေးရင် သူတန်ဖိုးထားရတဲ့သူတွေတစ်ယောက်ပြီးတစ်ယောက် အသတ်ခံရတဲ့ အိပ်မက်ဆိုးကို ညတိုင်းထပ်ခါထပ်ခါမက်နေရပါတယ်။ အဲလိုနဲ့ အန်နာတို့တွေ အိပ်မက်ဆိုးတွေကိုအဖြေရှာရင်း သုတေသနဒေတာတွေကို ဘယ်လိုကာကွယ်သွားမလဲဆိုတာ Plot ကောင်းကောင်းနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့
...

House of the Dragon (2022) ⭐IMDB: 8.4/10 (388 k Votes) 🎬 #SciFi #Fantasy #Drama #Action #Adventure #Romance 🗓 2022 🎞 Series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 58 မိနစ် 34 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 House of the Dragon (2024) Season 2 Game of Thrones စီးရီးရဲ့ ခေတ်ကာလ မတိုင်ခင် ဖြစ်ပျက်ခဲ့တဲ့ တာဂေးရီးယန်းအိမ်တော်ဇာတ်လမ်းအကြောင်း စီးရီးအသစ်ထွက်ရှိလာပါပြီ။ Game of Thrones ကို မကြည့်ဖူးရင်တောင်ဒီကနေ စကြည့်လို့ရပြီး အတော်လေး စိတ်ဝင်စားဖို့ကောင်းပါတယ်။ဒါကဘာခေတ်လဲဆိုတာသိဖို့ ဒီစိတ်ကူးယဉ်လောကကြီးရဲ့သမိုင်းကိုအကြမ်းဖျဉ်းသိဖို့လိုအပ်ပါတယ်။ အရင်ဆုံး ခုနှစ်တွေကိုBAC နဲ့ AC ဆိုပြီး နှစ်မျိုးရှိတာ သိဖို့လိုပါတယ်။ BAC ဆိုတာကတော့အေဂွန်ရဲ့ သိမ်းပိုက်မှုမတိုင်ခင် (Before Aegon’s Conquest) ဖြစ်ပြီးAC ဆိုတာကတော့ (After Conquest) ၇ ပြည်ထောင်ကိုသိမ်းပြီးနောက်ပိုင်းခုနှစ်တွေပဲဖြစ်ပါတယ်။BAC 12000 (အေဂွန်မလာခင် နှစ်ပိုင်း ၁၂၀၀၀) မှာ အနောက်တိုင်းကိုရှေးဦးလူတွေ လာရောက်အခြေချခဲ့ပါတယ်။ အဲဒီမှာ ယခင်ရှိနေပြီးသားဖြစ်တဲ့ သစ်တောရဲ့ကလေးငယ်များဆိုတဲ့ မျိုးနွယ်တွေနဲ့လူ့ဘီလူးကြီးတွေနဲ့ တိုက်ပွဲဖြစ်ခဲ့ပါတယ်။ သစ်တောကလေးငယ်တွေကရှေးဦးလူတွေကို အနိုင်ယူဖို့ အဖြူရောင်ခရီးသည်တွေကိုဖန်တီးခဲ့ပါတယ်။စစ်ပွဲအဆုံးမှာ ရှေးဦးလူတွေက အနောက်တိုင်းကို စိုးမိုးပြီးသစ်တောကလေးငယ်တွေက သစ်တောတွေထဲကို ထွက်သွားရပါတော့တယ်။8000 BACနှစ်ပေါင်းများစွာရှည်ကြာတဲ့ ဆောင်းရာသီကြီးနဲ့အတူ အဖြူရောင်လမ်းလျှောက်သူတွေက သက်ရှိအားလုံးကို သတ်ဖြတ်ဖို့ချီတက်လာခဲ့တဲ့အတွက် ရှေးဦးလူတွေနဲ့ သစ်တောကလေးငယ်တွေစုပေါင်းပြီး ပြန်တိုက်ထုတ်ခဲ့ရပါတယ်။ တိုက်ပွဲပြင်းထန်လွန်းပြီးသစ်တောမျိုးနွယ်တွေ အားလုံးနီးပါး ပျောက်ကွယ်သွားခဲ့ပါတယ်။ရှေးဦးလူတွေထဲက ဘရန်စတာ့ခ်က နံရံကြီးကို အဖြူရောင်လမ်းလျှောက်သူတွေမဖြတ်နိုင်အောင် မှော်ပညာနဲ့ စီရင်တည်ဆောက်ခဲ့ပြီး၊ ဝင်းတားဖဲလ်ကိုလည်း တည်ထောင်ခဲ့ပါတယ်။နံရံကြီးတည်ဆောက်အပြီးမှာ နံရံရဲ့ မြောက်ပိုင်းမှာ ကွဲကျန်နေခဲ့တဲ့ရှေးဦးလူတွေကတော့ လွတ်လပ်သောမျိုးနွယ်စုဖြစ်လာပြီး၊အနောက်တိုင်းသားတွေကတော့ သူတို့ကို လူရိုင်းမျိုးနွယ်လို့ပဲ သတ်မှတ်ပါတယ်။5000 BAC အရှေ့တိုင်း အက်ဆော့မှာ ဗလေးရီးရားမျိုးနွယ်တွေက နဂါးတွေကိုထိန်းချုပ်နိုင်ခဲ့ပြီး အင်အားကြီးမားတဲ့အိမ်တော်ဖြစ်လာခဲ့ပါတယ်။စစ်ဘုရင်မ နိုင်မဲရီးရားက ဗလေးရီးရားတွေကို မနိုင်လို့ သူ့လူတွေကိုလှေကြီးတွေနဲ့ကယ်ထုတ်ပြီး ဒွန်းမှာ အခြေချခဲ့ရပါတယ်။100 BAC မှာတော့ မီးတောင်ကြီးတွေဆက်တိုက်ပေါက်ကွဲမှုဖြစ်ပြီးဗလေးရီးရားတိုင်းပြည် ပျက်သုန်းခဲ့ပါတော့တယ်။0 BACအဲဒီနောက်မှာတော့ အေဂွန်တာဂေးရီးယန်းဟာ အနောက်တိုင်းကိုသိမ်းပိုင်ပြီး ၇ ပြည်ထောင်ကို သံပလ္လင်ကနေ အုပ်စိုးပါတော့တယ်။အေဂွန်သေဆုံးပြီးနောက်မှာတော့ သူ့ရဲ့သား အေးနိစ်တာဂေးရီးယန်းကသံပလ္လင်ကို ပျော့ညံ့စွာပဲ ၅ နှစ်ပဲ အုပ်စိုးပြီးသေဆုံးသွားခဲ့ပါတယ်။အေးနိစ်နောက်မှာတော့ အေဂွန်ရဲ့ အမေကွဲညီ မေဂေါ်ကသံပလ္လင်ကိုဆက်ခံခဲ့ပါတယ်။ အရမ်းရက်စက်ကြမ်းကြုတ်လွန်းတာကြောင့်၆ နှစ်နဲ့ ၆၆ ရက် အုပ်စိုးအပြီးမှာ သံပလ္လင်ပေါ်မှာ သွေးအလိမ်းလိမ်းနဲ့သေဆုံးနေတာကိုပဲလူတွေတွေ့ခဲ့ရပါတော့တယ်။မေဂေါ်မှာ အမွေခံမရှိတာကြောင့် သံပလ္လင်ကို အေးနိစ်ရဲ့သား ဂျဟဲရစ်ကဆက်ခံခဲ့ပြီး နှစ်ပေါင်း ၅၀ တိုင်တိုင် ငြိမ်းချမ်းစွာအုပ်ချုပ်ခဲ့ပါတယ်။အဲဒီကာလကို ရွှေခေတ်လို့ လူတွေက သတ်မှတ်ကြပါတယ်။ဂျဟဲရစ်ရဲ့ သားနှစ်ယောက်လုံးသေဆုံးခဲ့တာကြောင့် အမွေခံအဖြစ်အကြီးဆုံးမြေးမ ရေးနိစ်တာဂေးရီးယန်း နဲ့ အငယ်မြေးဦး ပထမဗဆဲရစ်တာဂေးရီးယန်းတို့နှစ်ယောက်ထဲက ဗဆဲရစ်ကို ရွေးချယ်ခဲ့ပါတယ်။ဗဆဲရစ်ဟာ ရွှေခေတ်ကို နှစ် ၃၀ ဆက်လက်အုပ်ချုပ်ခဲ့ပြီးသူ့ရဲ့ခေတ်အဆုံးမှာတော့ ဟောဒီ နဂါးအိမ်တော်ဇာတ်လမ်းတွဲကြီးစတင်လာပါတော့တယ်။
...

Your Mother's Son (2023) ⭐IMDB: 5.6/10 (120 Votes) 🎬 #Adult #Drama 🗓 2023 🎞 movie 🌎 #Philippines ⏰ 1 နာရီ 40 မိနစ် 2 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Your Mother’s Son (2024)==================မကြာခင်လာတော့မယ့်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးကားတစ်စီးဖြတ်မောင်းသွား၊ လှုံ့ဆော်သွားသလို၊လက်ကမ်းစာစောင်တွေပါဝေသွားပေမယ့် ဆင်းရဲပြီးတစ်နေ့စာတစ်နေ့အနိုင်နိုင်ရှာစားနေရတဲ့ ရွာသားတွေကတော့ ဘာကိုမှဂရုမစိုက်နိုင် သတိမထားမိနိုင်ပါဘူး။အဲ့ဒီရွာမှာသက်လတ်ပိုင်းအမျိုးသမီး ဆာရာနေထိုင်ပါတယ်။ဆာရာဟာ တစ်ချိန်ကကျောင်းဆရာမတစ်ယောက်ဖြစ်ခဲ့ပြီး အခုချိန်မှာတော့ ကိုဗစ်ကပ်ဆိုက်နေတဲ့အတွက် ကျောင်းသားတွေကို အွန်လိုင်းကနေ စာသင်သလို၊တစ်ဖက်ကလည်း အွန်လိုင်းပေါ်ကပဲ မုန့်ရောင်း၊အဝတ်လျှော်တဲ့ အလုပ်တွေကိုပါ မနေမနားလုပ်ကိုင်ရုန်းကန်နေသူပါ။သူ့မှာဆယ်ကျော်သက်သားတစ်ယောက်ရှိပြီး မကြာသေးခင်ကမှ သူအလုပ်လုပ်နေတဲ့စားသောက်ဆိုင်ပိတ်ခံထားရလို့ အလုပ်ပြုတ်ထားပါတယ်။ဒါပေမယ့်လည်းအလုပ်ရှာဖို့မကြိုးစားသလို ဆာရာရဲ့အလုပ်တွေကိုလည်း ဝင်မကူပဲ အိပ်ယာထဲမှာပဲ လူးလှိမ့်နေရင်းအချိန်ကုန်တတ်ပါတယ်။ဆာရာ့ဆီမှာ မုန့်လုပ်၊အဝတ်လျှော်အကူလုပ်နေတဲ့ အေမီဆိုတဲ့ကောင်မလေးနဲ့လည်း အီစီကလီဆက်ဆံရေးရှိပါသေးတယ်။ ဒါပေမယ့်လည်း ဒါတွေဟာ အပြင်က သူတို့အပေါ်မြင်ရတဲ့ အမြင်ပဲဖြစ်ပါတယ်။ တကယ်တမ်းအိမ်တွင်းထဲမှာတော့..။တကယ်တမ်းတော့ ဆာရာနဲ့သူ့သားလို့အများကိုပေးသိထားတဲ့ အမ်မန်းတို့ဟာ လင်မယားတွေဖြစ်ပါတယ်။သားအမိအသက်အရွယ်လောက် ကွာနေတဲ့အတွက်ပတ်ဝန်းကျင်ရဲ့စူးစမ်းမှုတွေကိုရှောင်ဖို့အတွက် ဒီလိုပဲသတင်းလွှင့်ထားတာဖြစ်ပါတယ်။သူတို့ဟာ တစ်နေရာမှာအမြဲမနေပဲ လူတွေသိလာ ရင်းနှီးလာပြီဆိုရင် တစ်ခြားနေရာကိုရွှေ့ပြောင်းနေထိုင်လေ့ရှိပါတယ်။တစ်နေ့တော့ ဆာရာစာသင်နေတဲ့ကျောင်းသားတစ်ယောက်ကို သူ့အိမ်ကိုဖိတ်ခေါ်လာရာကနေ နဂိုကတည်းက တအုံနွေးနွေးဖြစ်နေတဲ့ မနာလိုမှု၊ ဖောက်ပြန်မှု၊ ရမ္မက်တွေဟာ အဆုံးစွန်အထိအကြမ်းဖက်ပေါက်ကွဲထွက်ဖို့အကြောင်းဖန်လာပါတော့တယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(1GB)/(500MB)Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:40:00 Genre_Adult, Drama, Family Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။
...

ဇာတ်ညွှန်းများ • FDMN - Telegram kanali statistikasi va tahlili