ဇာတ်ညွှန်းများ • FDMN
Yopiq kanal
Ma'lumot yo'q
Obunachilar
-524 soatlar
-47 kun
+730 kun
Postlar arxiv
Fighting for the Motherland 1162 (2020) ⭐TMDB: 58% User Score 🎬 #Action #History 🗓 2020 🎞 movie 🌎 #China ⏰ 1 နာရီ 51 မိနစ် 32 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အခုတင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ အမိမြေအတွက်ကိုယ်ကျိုးစွန့် အသက်ကိုရင်းပြီး ကျူးကျော်သူတွေကိုလက်နက်ချအရှုံးမပေးဘဲ အဆုံးထိတိုက်ခိုက်ခဲ့ကြတဲ့မျိုးချစ်သူရဲကောင်းတွေ အကြောင်းကို ရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်ကားလေးပါ ဇာတ်လမ်းအကြောင်းအရာလေးကတော့…. ၁၁၆၂ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့အဖြစ်အပျက်တစ်ခုကို ဦးတည်ရိုက်ကူးထားတာပါ ၁၁၆၂ခုမှာတကျင်လူမျိုးတွေ တစုန့်ပြည်ကို ကျူးကျော်ဝင်ရောက်လာပြီးနယ်မြေတွေသိမ်းကာ ရက်စက်တဲ့ဥပဒေတွေချမှတ်ခဲ့ပါတယ်အဲ့ဒီအချိန်မှာ နေထိုင်သူတို့ မနေသာဘဲ နေရာကွက်ကြားပုန်ကန်မှုတွေပေါ်ပေါက်လာပါတော့တယ် တကျင်စစ်တပ်သိမ်းယူသွားတဲ့နယ်မြေတွေထဲမှာ ရှင်းချီကျီဆိုတဲ့မျိုးချစ်စိတ်အပြည့်ရှိတဲ့ လူငယ်တစ်ယောက်ရဲ့စီဖုန်းကျာရွာလေးလည်း ပါသွားခဲ့ပါတယ် ရှင်းချီကျီက ပညာတတ်စစ်ရေးစစ်ရာကျွမ်းကျင်သူတစ်ယောက်ဖြစ်တဲ့အတွက် သူဟာအများသူငါလို တစ်နယ်ထဲ မပုန်ကန်ဘဲ ပုန်ကန်သူအားလုံးစုပေါင်းကာတကျင်လူမျိုးတွေကို တစုန့်ပြည်ကနေ အပြီးတိုင်မောင်းထုတ်ဖို့ကြိုးပမ်းပါတော့တယ် ဒီဇာတ်ကားလေးမှာဆိုရင်တစုန့်ပြည်မှာ ပြည်သူတွေ ကောင်းမွန်တဲ့ဘဝလေးနဲ့ ငြိမ်းချမ်းစွာနေထိုင်ရဖို့ရှင်းချီကျီနဲ့ သူ့ရဲ့နောက်လိုက်ညီအစ်ကိုတို့ အသက်ကိုစွန့်ဘဝတွေကိုစွန့်ကာ မျိုးချစ်စိတ် ရဲစိတ်ရဲမာန်အပြည့်နဲ့တော်လှန်ကြပုံကို မှင်သက်ရှုမောဖွယ် ဆက်လက်ကြည့်ရှုကြရမှာပါနော်...
Juror #2 (2024) ⭐IMDB: 7.0/10 (36 k Votes) 🎬 #Thriller #Crime #Drama #Mystery 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 54 မိနစ် 21 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မင်းသားကြီး Clint Eastwood ဒါရိုက်တာလုပ်ပြီး ရိုက်တဲ့ ကားတွေက တွေးစရာရင်ခုန်စရာ Plot တွေနဲ့ Crime , Thriller အမှန်အကန်တွေကို ချပြတတ်ပါတယ်… ဒီ Juror 2 ဆိုတဲ့ ရုပ်ရှင်မှာလည်း Xmen ကားတွေနဲ့ နာမည်ရလာတဲ့ မင်းသား Nicholas Hoult , J.K Simmons , Toni Collete စတဲ့ နာမည်ကြီး Actor တွေနဲ့ အားဖြည့်ထားတာဖြစ်လို့ သေချာပေါက် ကြည့်သင့်တဲ့ကားပါ…. ကိုယ်ဝန်သည်ဇနီးဖြစ်သူ အဲလီဆင်နဲ့ အေးချမ်းတဲ့ဘဝလေးကို ဖြတ်သန်းနေတဲ့ ဆောင်းပါးရေးဆရာဂျက်စတင်ကန့်ဟာ ပြည်နယ်က ဂျူရီအဖွဲ့ဝင်လုပ်ပေးဖို့ တာဝန်ပေးလို့ မလုပ်ချင်လုပ်ချင်နဲ့ တရားခွင်တဲ့ သွားထိုင်လိုက်ရပါတယ်…ဒါပေမယ့် အမှုအကြောင်းကိုသိသွားတော့ သူ့အတွက် မိုးကြိုးပစ်ခံလိုက်ရသလို ခြောက်ခြားသွားစေတယ်… ကန်ဒယ်ကာတာနဲ့ ဂျိန်းစ်ဆိုက်ဆိုတဲ့ စုံတွဲက အောက်တိုဘာ ၂၅ ရက် အရက်ဘားတစ်ခုမှာ အရက်သောက် ရန်ဖြစ်ကြရင်း အပြန်မှာ ကောင်မလေးဖြစ်သူ ကန်ဒယ်က သေဆုံးသွားပါတယ်… အမှုအသွားအလာအရ ကောင်မလေးက မိုးတွေသဲကြီးမဲကြီးရွာနေတဲ့ ညကြီးမှာ ချစ်သူနဲ့ ရန်ဖြစ်စကားများထွက်လာပြီး တစ်ယောက်ယောက်က မာကျောတဲ့အရာတစ်ခုနဲ့ ခေါင်းကိုရိုက်နှက်ပြီး ချောင်းထဲကျ သေသွားတာဖြစ်တယ်… ညမှောင်ပြီးမိုးတွေလည်းရွာ မျက်မြင်သက်သေလည်း မရှိတော့ အားလုံးက သူ့ရည်းစားကောင်လေး ဂျိန်းစ်ဆိုက်ကိုပဲ တရားခံအဖြစ် သတ်မှတ်ပြီး ဖမ်းလိုက်ကြတယ်… တကယ့်လူသတ်သမားက ဒီကောင်မလေးကိုကားနဲ့မတော်တဆ တိုက်မိပြီး သတ်သွားတဲ့ ဂျူရီအဖွဲ့ဝင် ဂျက်စတင်ကန့်ကိုယ်တိုင် ဖြစ်နေပါတယ်…သူကျူးလွန်ခဲ့တဲ့အမှုကို တစ်နှစ်အကြာမှာ ဂျူရီ လူကြီးအဖြစ် ပြန်ပြီး အပြစ်ဒဏ်ကိုဆုံးဖြတ်ပေးလာရတဲ့ ဂျက်စတင် တစ်ယောက် ဘာဆက်လုပ်သွားမလဲဆိုတာကို စိတ်ဝင်တစား ဆက်လက်ကြည့်ရှုရမှာဖြစ်ပါတယ်...
One Second Ahead, One Second Behind (2023) ⭐IMDB: 6.4/10 (270 Votes) 🎬 #Comedy #Drama #Romance #Fantasy 🗓 2023 🎞 movie 🌎 #Japan ⏰ 2 နာရီ 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 One Second Ahead, One Second Behind (2023) IMDb Rating (6.4) ကမ္ဘာမှာ သူများထက် အရာရာခြေတစ်လှမ်းသာနေသူတွေရှိသလို သူများထက် အရာရာနောက်ကျနေသူတွေလည်းရှိတယ်။ ဒီဇာတ်လမ်းက အဲဒီလိုလူ(၂)မျိုးလုံးရဲ့ ဇာတ်လမ်းပေါ့။ ကမ္ဘာကြီးထက် အရှိန်လွန်သူတွေ, ကမ္ဘာကြီးရဲ့အရှိန်ကို လိုက်မမီနိုင်သူတွေ များသောအားဖြင့်တော့ ကျွန်တော်တို့က ဒီနှစ်မျိုးနှစ်စားထဲကပါပဲ။ ကမ္ဘာကြီးနဲ့ထပ်တူညီတဲ့အရှိန်မျိုးဆိုတာတော့ ကမ္ဘာကလွတ်မြောက်သူတွေ ကမ္ဘာကိုရလိုက်သူတွေမှာပဲရှိလိမ့်မယ်။ ခင်ဖုန်းသက်ဝေထဲကလို ” တဒင်္ဂဆင်းသက်လာတဲ့ နေမင်းရောင်ခြည်ဆီကို တရွေ့ရွေ့ကျောက်တုံးတွေရဲ့အားကိုးယုံကြည်မှုမျိုးနဲ့ ရှေ့ကိုချီတက်လာသူ”တွေထဲမှာ ကျွန်တော်တို့များပါနေမလား။ အချစ်ဆိုတာရော စောစောလာလာ နောက်ကျမှလာလာ အချစ်က အချစ်ပဲဖြစ်တတ်လား။ အချိန်အခါလွဲမှားတဲ့ အချစ်ဇာတ်တွေဟာ ဝမ်းနည်းစရာကောင်းတတ်လား။ ကမ္ဘာကြီးထက် အရှိန်လွန်သူတစ်ယောက်နဲ့ အရာရာမှာနောက်ကျတတ်တဲ့သူတို့က နီးစပ်ဖို့ရော အခွင့်ရှိလား။ အဖြေမရှိပါဘူး၊ အမေးတွေချည်းပဲ ဒီရုပ်ရှင်လည်း ဒီလိုပဲ။ ကျွန်တော်တော့ အရာရာမှာ အဖြေတွေရှိတယ်လို့ ဘယ်တော့မှ မယုံပါဘူး။ အဖြေတွေပေးခဲ့ရင်လည်း အဖြေတွေဖြစ်မလာတတ်ဘူး။ ခံစားချက်ဆိုတာတွေကလည်း မေးခွန်းသက်သက်နဲ့ လည်ပတ်နေတဲ့အရာတွေလို့ ယတိပြတ်သေချာတယ်။ ရုပ်ရှင်လည်း ဒီလိုသာပဲ ဒီရုပ်ရှင်ဟာ အမေးတွေတော့ ထွက်လာမယ့် ရုပ်ရှင်ပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ WiRa Aung ဖြစ်ပါတယ်။)...
Slate (2020) ⭐IMDB: 5.3/10 (321 Votes) 🎬 #Action #Comedy 🗓 2020 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 40 မိနစ် 32 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခေါက်တင်ဆက်ပေးမဲ့ ဇာတ်လမ်းရဲ့အကြောင်းအရာလေးကတော့…ယွန်းဟီးဆိုတဲ့ ကောင်မလေးဟာ မိဘမဲ့ တစ်ယောက်ဖြစ်ပြီး ငယ်ငယ်ကတည်းကအဓိကဇာတ်ကောင် ဖြစ်ချင်စိတ်ပြင်းပြတဲ့လူတစ်ယောက်ပါ ဒါပေမဲ့လည်း သူဟာ အဓိက ဇာတ်ဆောင်ဖြစ်ဖို့ကံတော့ပါမလာဘဲဇာတ်ကားတစ်ကားရဲ့ အက်ရှင်အစားထိုးစတန့်သမားလုပ်ဖို့ကမ်းလှမ်းခံရကာ ရိုက်ကွင်းကိုသွားတဲ့အချိန်မှာ မထင်မှတ်ထားဘဲနဲ့အပြိုင်ကမ္ဘာကိုရောက်ရှိသွားပါတော့တယ် အဲ့ဒီကမ္ဘာမှာယွန်းဟီးကို ရွာသားတွေက ရွာကိုကာကွယ်ပေးမဲ့ ဝိညာဉ်သတ်ဖြတ်သူသူရဲကောင်းလို့ထင်မှတ်ပြီး တစ်ရွာလုံးက သူ့ကိုပစားထားကြပါတယ် ဒီလိုနဲ့ အဓိက ဇာတ်ကောင်ဖြစ်ချင်တဲ့ ယွန်းဟီးတစ်ယောက်အဓိကဇာတ်ကောင်ဖြစ်ဖို့အကြောင်းဖန်လာတဲ့အခါမှာတော့အခွင့်အရေးကို လက်လွှတ်မခံဘဲ ဘယ်လိုအလွဲတွေနဲ့ရွာကိုကယ်တင်မလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်...
Taya (2021) ⭐IMDB: 4.9/10 (429 Votes) 🎬 #Crime #Drama #Thriller 🗓 2021 🎞 movie 🌎 #Philippines ⏰ 1 နာရီ 44 မိနစ် 11 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 တစ်ခါ CMက တင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ ဖေ့စ်ဘွတ်ပေါ်ကonline endingဆိုတဲ့ လောင်းကစားဂိမ်းလေးအကြောင်းကိုရိုက်ကူးပုံဖော်ထားတာပါ ဒီလောင်းကစားဟာဆိုရင်တရားမဝင်ဖွင့်ထားတာဖြစ်ပြီးတော့ အဲ့ဒီမှာ ဆုကြေးတွေကတော့သေနတ်တို့ ပြည့်တန်ဆာတို့ ဆေးတွေပါ အစုံ ကိုယ်ကြိုက်ရာ ဆုအတွက်လောင်းကြေးထည့်လို့ရပါတယ် တကယ်လို့ ကိုယ်လောင်းတာနိုင်သွားရင်အဲ့ဒီဆုရတာ ဖြစ်ပြီးတော့ ရှုံးရင်တော့ ဒိုင်စားတာပါ ဇာတ်လမ်းစပုံလေးကတော့ စစ်တိုဆိုတဲ့ ကောင်လေးဟာနှစ်ကျ ကျောင်းပျော်ကြီးတစ်ယောက်ပေါ့နော် thesisလုပ် အောင်ပြီးမှ ဘွဲ့ရမဲ့သူ့ဘဝကြီးအတွက် thesis ခေါင်းစဉ်ရှာရင်း Online endingလောင်းကစားကိုတွေ့သွားတဲ့အခါမှာတော့ စစ်တိုတစ်ယောက် ရှာဖွေမှုတွေလုပ်ပါတော့တယ်ရှာဖွေရေးလုပ်ရင်တင်မကဘဲ သူအရမ်းကြိုက်ရတဲ့ ကောင်မလေးကလောင်းကစား ဆုကြေးဖြစ်နေတဲ့အခါမှာ ရှိသမျှပိုက်ဆံလေးကိုလောင်းပြီးတော့ သူ့အချစ်ကိုလည်း အရလှမ်းဖို့ ကြံပါတော့တယ်အဲ့ဒီနောက်မှာ စစ်တိုတစ်ယောက် ဒီလောင်းကစားဂိမ်းကြီးနဲ့ဘယ်လိုတွေ ဆက်လက်ပတ်သတ်မိမလဲဆိုတာကို ဆက်လက်ပြီးတော့ကြည့်ရှုကြရမှာပါ အိပ်ယာပေါ်ကဇာတ်ဝင်ခန်းများနှင့်အဖေါ်အချွတ်အခန်းများပါဝင်သောကြောင့်လူကြီးမိဘများ နှင့်အတူမကြည့်သင့်ပါ အသက်မပြည့်သေးသူများမကြည့်သင့်ပါ...
Good One (2024) ⭐IMDB: 6.6/10 (2 k Votes) 🎬 #Drama 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 30 မိနစ် 23 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Good One ကတော့ ခရမ်းချဉ်သီးပုပ် rating 8.80/10 အထိရရှိထားတဲ့ Drama အမျိုးအစားရုပ်ရှင်ဖြစ်ပါတယ်။ အဓိကဇာတ်ကောင်သုံးယောက်ရဲ့တောင်တက်ခရီးစဉ်တလျှောက်က သာယာလှပပြီးဆိတ်ငြိမ်တဲ့တောတောင်ရေမြေသဘာ၀တွေကို ရေစီးကျတဲ့အသံကအစ သာယာနာပျော်ဖွယ်ကောင်းအောင် ထိထိမိမိရိုက်ကူးထားသလို ကြည့်ရှုသူတွေရဲ့ခရီးထွက်ချင်စိတ်ကိုပါနှိုးဆွပေးနိုင်မှာပါ။ အဖေ့နောက်အိမ်ထောင်နဲ့အတူနေတဲ့ဆမ်ဟာ ကောလိပ်မတက်ခင်မှာ အဖေဖြစ်တဲ့ခရစ္စ၊ အဖေ့သူငယ်ချင်းမတ်၊ မတ်ရဲ့သားဒီလန်တို့နဲ့အတူ တောလမ်းတောင်တက်ခရီးကြမ်းနှင်ဖို့ထွက်ခွာလာခဲ့ပါတယ်။ ဒီလန်က မလိုက်နိုင်တော့တာကြောင့် ဆမ်၊ ခရစ္စနဲ့မတ်တို့သုံးယောက်ဟာ ကျောပိုးအိတ်တစ်လုံးစီနဲ့တောင်တက်ခရီးနှင်ကြရင်း ဆမ်နဲ့ခရစ္စကြားက သားအဖဆက်ဆံရေး၊ အိမ်ထောင်ကွဲခဲ့တဲ့မိဘတွေနဲ့ပတ်သက်လို့ ဆမ်ရဲ့ဝမ်းနည်းမှုတွေ၊ ဆမ်ကိုကြည့်ပြီး မတ်ရဲ့သားဖြစ်သူဒီလန်ကိုအားမလိုအားမရဖြစ်စိတ်တွေ၊ ခရစ္စနဲ့မတ်ကြားကသူငယ်ချင်းဆက်ဆံရေးတွေကို တောင်တက်ခရီးစဉ်တလျှောက်မှာ ကြည့်ရှုခံစားသွားရမှာဖြစ်ပါတယ်။ Good One ကတော့ လိမ္မာတဲ့သားသမီးကိုရည်ညွှန်းချင်တာဖြစ်နိုင်ပါတယ်။ လိမ္မာတဲ့သားသမီးတွေမှာလည်း ခံစားချက်တွေ၊ ဝမ်းနည်းစိတ်တွေ၊ နာကျည်းချက်တွေရှိနေနိုင်တာကို မီးမောင်းထိုးပြချင်တာဖြစ်လို့ Good One ဟာ Drama ကြိုက်ပရိသတ်တွေအတွက် လက်မလွှတ်သင့်တဲ့ကားကောင်းတစ်ခုဖြစ်သလို ရုပ်ရှင်ပွဲတော်တွေမှာလည်း ထူးချွန်ဆုတွေဆွတ်ခူးရရှိထားပါတယ်။...
Master Kid (2021) ⭐TMDB: 72% User Score 🎬 #Uncategorized #Animation #Adventure #Fantasy 🗓 2021 🎞 movie 🌎 #China ⏰ 1 နာရီ 33 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ၂၀၂၁ ရုံတင် animation ဇာတ်ကားလေးတစ်ခုကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။အခုလိုကာလမှာ ပုံဆွဲတာ ပန်းချီလေ့လာသူတွေများတော့ inspiration ရမယ်လို့လည်းထင်လို့ ကာတွန်းလေး တင်ပေးတာပါ။ဇာတ်ကားနာမည်က MasterJi Gong တဲ့ဟုတ်ပါတယ် အားလုံးငယ်ငယ်က ကြည့်ဖူးတဲ့ ကျိကုန်းကိုယ်တော်အကြောင်းပါ။ ဒါပေမယ့် ဒီကျိကုန်းကိုယ်တော်က ငယ်ငယ်က ကြည့်ဖူးတဲ့ ဇာတ်လမ်းမျိုးတော့ မဟုတ်ဘူး။နဂါးတွေရော နတ်မင်းတွေရော ငှက်မိစ္ဆာတွေရော ဇာတ်လမ်းက အတော်တော့ ရှုပ်သား။ရှုပ်တဲ့အပြင် နီကျားငယ်ဘဝနဲ့လည်း နည်းနည်းဆင်သေးတယ်။ နီကျားလိုပဲ အမေက အလိုလိုက်ပြီး အဖေက တင်းကြပ်။ သူကလည်းကဲ ။ဒီလိုနဲ့ မိုးကောင်းကင်အလိုကျ ကမ္ဘာမြေကြီးကိုကယ်တင်မယ် အဲ လူဘုံကိုကယ်တင်ရမယ်ဆိုပြီး နတ်ဆိုးမိစ္ဆာကို ရင်ဆိုင်ဖို့ကြိုးစား အဲ့လိုမျိုးပေါ့။ဒါပေမယ့် ဒီမှာ တပ်ကူတွေလည်း ပါရတာပေါ့။ နောက်ပြီး သူရဲကောင်းတိုင်းနောက်ကွယ်မှာပေးဆပ်မှုတွေရှိစမြဲမို့ သူလည်း ထိုက်သင့်သလောက် ပေးဆပ်လိုက်ရတာပေါ့။ကဲ နတ်ဆိုးကြီးကို ရင်ဆိုင်နိုင်ပါ့မလားနောက်ပြီး တပ်ကူတွေက ဘယ်သူတွေလဲ ပေးဆပ်မှုက ဘာလဲဇာတ်လမ်းလေးကြည့်ပြီးရင် အကုန်နားလည်သွားလိမ့်မယ်...
Woman in the Dunes (1964) ⭐TMDB: 82% User Score 🎬 #Drama #Thriller 🗓 1964 🎞 movie 🌎 #Japan ⏰ 2 နာရီ 27 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Woman in the Dunes (1964) ~ IMDb – 8.5/10, Rotten Tomatoes – 100% ~ One of the Best Japanese Films of All Time လို့ သတ်မှတ်ခံခဲ့ရတဲ့ Woman in the Dunes ဟာ Kōbō Abe ရဲ့ နာမည်ကျော်ဝတ္တုကို ပြန်ရိုက်ထားတဲ့ Japanese New Wave ရုပ်ရှင်ပါပဲ။ ဒါရိုက်တာ Hiroshi Teshigahara ရဲ့ နာမည်အကျော်ဆုံးရုပ်ရှင်လည်းဟုတ်တယ်။ နောက်ထပ်နာမည်ကျော်အနေနဲ့တော့ The Face of Another (1966) ကိုလည်း သူရိုက်ခဲ့ဖူးတယ်။ ဒီ၂ကားဟာ ဂျပန်ရုပ်ရှင်လောကရဲ့ အကောင်းဆုံးတွေထဲ မပါမဖြစ်တွေလို့တောင် ပြောလို့ရတယ်။ ဇာတ်ကတော့ ဘာမှမပါသလောက်တော်တော်ရိုးရှင်းတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ဇာတ်အိမ်တည်ထားရာနေရာနဲ့ ဇာတ်လမ်းဇာတ်အိမ်က မတွေးစဖူးလောက်အောင် ထူးခြားတယ်။ အင်းဆက်တွေကို ဝါသနာအရ လေ့လာစုဆောင်းတဲ့ ကျောင်းဆရာတစ်ယောက်ရှိတယ်။ အဲဒီကျောင်းဆရာက သဲပြင်အတိနဲ့ နေရာတစ်နေရာကို ရောက်လာပြီး အဲဒီနေရာက အင်းဆက်တွေကို လာလေ့လာတယ်။ ဒီလိုနဲ့အိမ်ပြန်ရမယ့်အချိန်မှာ ဘတ်စ်ကားချိန်မမီတော့လို့ သဲသောင်ရွာလေးမှာပဲ တစ်ညအိပ်လိုက်ရတယ်။ ဆန်းတာက အဲဒီရွာက သူတည်းတဲ့အိမ်က သဲပေါ်မှာဆောက်ထားတာမဟုတ်ဘဲ သဲကျင်းကြီးထဲ ဆောက်ထားတာ။ ကြိုးလှေကားနဲ့ သဲကျင်းကြီးထဲဆင်းပြီး အိမ်ထဲဝင်ရသလို အိမ်ထဲမှာလည်း တအိအိပြုတ်ကျနေတဲ့ သဲတွေရဲ့ ရိုက်ခတ်မှုကိုခံရတယ်။ ဒီလိုနဲ့ သဲကျင်းကြီးထဲ အဲဒီလူရယ် အိမ်ရှင်မိန်းမရယ် နှစ်ယောက်သား တစ်ညအိပ်ခဲ့ကြတယ်။ ညဘက်မှာ အိမ်ရှင်မိန်းမက သဲတွေကို ဂေါ်ပြားနဲ့ကျုံးပြီး ခြင်းထဲထည့်တယ်။ ကျင်းပေါ်က ရွာခံတွေက ကြိုးနဲ့ပုံးကိုဆွဲတင်ပြီး သဲတွေခပ်ထုတ်ပေးတယ်။ သဲတွေထပ်များလာပြီး သဲကျင်းထဲ အိမ်မမြုပ်သွားအောင် သူတို့တွေနိစ္စဓူဝလုပ်နေရတဲ့လုပ်ရင်တစ်ခုပေါ့။ တောင်ကုန်းကြီးပေါ်ကနေ ကျောက်တုံးကြီးကိုတွန်းချလိုက် ပြန်တွန်းတင်လိုက်လုပ်နေရတဲ့ စစ္စီဖစ်ရဲ့ဒဏ္ဍာရီလိုပေါ့။ မနက်မိုးလင်းတော့ အိမ်ရှင်မိန်းမက ဘာအဝတ်မှမပါဘဲ အိပ်နေတယ်။ ဒီမိန်းမကိုကြည့်နေရတဲ့ သူလည်း အမျိုးအမည်မသိတဲ့ဝေဒနာကိုသိမ်းပြီး အိမ်ပြန်ခရီးစဖို့ပြင်တယ်။ ဒါပေမဲ့ သဲကျင်းထဲ သူဆင်းလာခဲ့တဲ့ ကြိုးလှေကားက မရှိတော့ဘူး။ သဲကျင်းပေါ်တက်ဖို့ကြိုးစားပေမဲ့ သဲတွေဆိုတော့ တက်ဖို့လုပ်လိုက် ပြုတ်ကျလိုက်နဲ့ သူဘယ်လိုမှတက်မရဘူး။ ဒီလိုနဲ့ သူနဲ့အဲဒီမိန်းမ အဲဒီသဲကျင်းကြီးထဲ ဘယ်လောက်ကြာအောင် ဘယ်လိုပိတ်မိနေမလဲ။ သူကရော လွတ်မြောက်ဖို့ ဘယ်လိုကြိုးစားမလဲဆိုတာကိုပြထားတယ်။ ဇာတ်ကတော့ ဒါပဲပေမဲ့ ဒီသဲကျင်းနဲ့ ဒီသဲကျင်းနဲ့လူရဲ့ အဖြစ်သနစ်တွေဟာ ကျွန်တော်တို့နေထိုင်နေတဲ့ ရုပ်ဝတ္တုလောကကြီးနဲ့ ကျွန်တော်တို့ရဲ့အဖြစ်ကို နိမိတ်ပုံယူထားတယ်လည်း ဆိုကြတယ်။ ဒါလည်းပမာတစ်ခုပေါ့။ အဓိပ္ပာယ်ကတော့ ကောက်ချင်သလိုကောက်ရမှာပါပဲ။ ဘာအဓိပ္ပာယ်မှမကောက်လည်းပဲ အလိုလိုတစ်ခုခုတော့ရောက်လာမှာပါပဲ။ Woman in the Dunes ဟာ သူ့ခေတ်သူအခါအနေနဲ့ရော အခုရောက်နေတဲ့ ခေတ်အဆက်ဆက်အထိရော ဂျပန်ရုပ်ရှင်အနေနဲ့ရော ကမ္ဘာ့ရုပ်ရှင်အနေနဲ့ရော ထူးခြားတဲ့ရုပ်ရှင်ဖြစ်နေတုန်းပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုWiRa Aungမှ ပြန်ဆို ရေးသားထားပါတယ်)...
Sing: Thriller (2024) ⭐TMDB: 73% User Score 🎬 #Animation #Comedy #Family #Music #Short 🗓 2024 🎞 movie 🌎 #UnitedStatesofAmerica ⏰ 11 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒါကတော့ Halloween Special အတွက် ထွက်ရှိထားတဲ့ Sing ရဲ့ Short Film လေးပါ။ Pop King, Michael Jackson ရဲ့ Thriller သီချင်းကို Tribute လုပ်ထားတာကို တွေ့ရပါတယ်။ ဇာတ်ကြောင်းလေးကတော့ Sing အဖွဲ့သားတွေ ဟောလိုးဝင်းညကို ဖြတ်သန်းကြတဲ့ အကြောင်းလေးပါ။ 11 မိနစ်စာ ဇာတ်လမ်းတိုလေးမလို့ ရှည်ရှည်ဝေးဝေး မပြောတော့ပါဘူး။ ခရစ်စမတ် နီးပြီဆိုပေမဲ့ အောက်တိုဘာကို ပြန်စိတ်ကူးယဉ်ပြီး Sing အဖွဲ့သားတွေနဲ့အတူ ဟောလိုးဝင်းကို နောက်တစ်ခေါက် အလည်သွားလိုက်ကြပါဦး...
Man in Love (2021) ⭐IMDB: 7.1/10 (4 k Votes) 🎬 #Drama #Romance 🗓 2021 🎞 movie 🌎 #Taiwan #China #HongKong #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 55 မိနစ် 41 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခေါက်တော့ CMကနေ ခပ်မိုက်မိုက် ထိုင်ဝမ် အချစ်ကားလေး တစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် IMDB ကလည်း 7.0 ပါဇာတ်ကြောင်းလေးကတော့…အားချန်ဟာ မဖြစ်သာတဲ့ အကြောင်းအမျိုးမျိုးကြောင့်အကြွေးသိမ်းသမားတစ်ယောက်ဖြစ်ခဲ့ရပေမဲ့သူ့ရဲ့ အတွင်းစိတ်က နူးညံ့ပြီး အကြွေးသွားတောင်းတိုင်း တစ်ဖက်လူကိုအဆင်ပြေရင်ပြေသလောက်ကူညီပေးတတ်သူပါ တစ်နေ့မှာ ဟောက်ထင်ဆိုတဲ့ကောင်မလေးကို အကြွေးသွားတောင်းရင်း နှလုံးသားပျော့ပြောင်းတဲ့အားချန်တစ်ယောက်သူများတွေနဲ့မတူ အလွယ်လမ်းမလိုက်တတ်တဲ့ဟောက်ထင်ကိုကြွေဆင်းသွားပါတော့တယ် ဟောက်ထင်ဆိုတဲ့ ကောင်မလေးကတော့အဖေ့အကြွေးတွေနဲ့ လူမမာအဖေကြီးကို ပြုစုရင်း သူ့ရဲ့ဘဝကြီးကအလင်းတွေကွယ်ပျောက်ကာ အမှောင်တွေဖုံးနေသူပါ ဒီလိုနဲ့ သူ့ရဲ့မှောင်မိုက်နေတဲ့ဘဝကြီးထဲမှာ အားချန်ဆိုတဲ့ အလင်းပျပျလေး ပေါ်လာခဲ့ပါတယ်အကြွေးသိမ်းသမားနဲ့ အကြွေးဆပ်မဲ့သူတို့နှစ်ယောက်ကြားက သံယောဇဉ်တွေတိုးပြီးအချသ်တစ်ခုပေါက်ဖွားလာတဲ့အခါ မဖြစ်နိုင်တဲ့ အချစ်ကိုသူတို့တွေ ဘယ်လိုရှေ့ဆက်ကြမလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ဆက်လက်ကြည့်ရှုကြရမှာပါ...
Cheat (2023) ⭐TMDB: 72% User Score 🎬 #Horror #Thriller 🗓 2023 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 26 မိနစ် 1 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Cheat (2023) ဒါရိုက်တာ Kevin Ignatius ရဲ့ လက်ရာဖြစ်ပြီးတော့ အတိတ်က mastery တွေ လျှို့ဝှက်ချက်တွေပေါ်ထွက် လာချိန်မှာ လူမှုဆက်ဆံရေးအပေါ် အကျိုးသက်ရောက်မှုတွေဘယ်လောက်တောင်ဖြစ်လာစေလည်းဆိုတာကိုရိုက်ကူးထားခြင်းဖြစ်ပါတယ်။ ဇာတ်လမ်းကို သာယာလှပတဲ့ အိမ်ထောင်ရေးအကြောင်း လျှို့ဝှက်ချက်တွေကြောင့် ဖြစ်ပေါ်လာတဲ့ အခြေအနေတွေကို ရိုက်ကူးထားတာဖြစ်တယ်။ Corin Clay ကတော့စိတ်ခံစားချက်အပြည့်နဲ့ အထိမိဆုံး သရုပ်ဆောင်ထားပါတယ်။ Cheat ကိုတော့ ကြည့်လိုက်ရင် အချိန်တွေကုန်လို့မှန်းမသိအောင်ကုန်သွားစေနိုင်သလို ဇာတ်လမ်းကနှေးနေသလိုခံစားရနိုင်သော်လည်းပဲ သရုပ်ဆောင်ထားတာတွေကောင်းသောကြောင့်ပဲ ထိတ်လန့်စေတဲ့ဇာတ်လမ်းတစ်ခုဖြစ်လာတာပါ။ ယုံကြည်မှုနှင့် ဖောက်ပြန်တာတွေ ရည်းစားနဲ့ဖောက်ပြန်တာတွေကိုလိုက်သတ်တဲ့သရဲမကြီးအကြောင်းကိုကြည့်ချင်ရင်တော့ welcome စွာနဲ့ပဲကြည့်ရှူ့ဖို့ပြောလိုက်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ BANYAR AUNG ဖြစ်ပါတယ်။)...
Dust in the Wind (1986) ⭐TMDB: 76% User Score 🎬 #Drama #Romance 🗓 1986 🎞 movie 🌎 #Taiwan ⏰ 1 နာရီ 50 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Dust in the Wind (1986) ~ IMDb – 7.6/10, Rotten Tomatoes – 100% ~ Dust in the Wind ဟာ နာမည်ကျော်ထိုင်ဝမ်နယူးဝေ့ဒါရိုက်တာတွေထဲကတစ်ယောက်ဖြစ်တဲ့ Hou Hsiao-Hsien နဲ့ ဇာတ်ညွှန်းဆရာ Wu Nien-Jen တို့ တွဲလုပ်ထားတဲ့ Hou and Wu’s Collaborations Trilogy ထဲက ပထမဆုံးကားပါပဲ။ ထိုင်ဝမ်နယူးဝေ့တွေမှာ အတွေ့ရများတဲ့အတိုင်း တိုးတက်မလာခင် တိုးတက်လာဆဲ ထိုင်ဝမ်ရဲ့ ခေတ်အခြေအနေကို ဇာတ်ကောင်တွေရဲ့ ဖြတ်သန်းကြပုံကို ရိုက်ပြထားတယ်။ Dust in the Wind ထဲက အခြေအနေတွေဟာ Hou တို့တွေ ဖြတ်သန်းခဲ့ရတဲ့ အခြေအနေတွေဖြစ်ပြီး ၁၉၇၀ ထိုင်ဝမ်ရဲ့ မြို့ပြရယ်လို့ တိုးတက်မှုတွေများပြားလာတဲ့ ကာလမှာဇာတ်အိမ်တည်ထားတယ်။ အဲဒီကာလမှာ နယ်မြို့ရွာလေးတွေက လူငယ်တွေဟာ တိုင်ပေမှာ အလုပ်လုပ်ရင်း ကျောင်းဆက်တက်သူတက်ကြတယ်။ အလုပ်ချည်းလုပ်သူက လုပ်ကြတယ်။ အိမ်ကို ငွေတွေပြန်ပို့ကြတယ်။ မြို့ပေါ်ကနေ စစ်မှုထမ်းဝင်သူတွေကလည်း ဝင်ကြတယ်။ ဒီလိုအချိန်မှာ လူငယ်တွေ ကြုံတွေ့ရတဲ့ လုပ်ငန်းခွင်အနိုင်ကျင့်မှုတွေကိုလည်း ပုံဖော်ထားသလို ကောင်းတဲ့အလုပ်ရှင်တွေကိုလည်း ပုံဖော်ထားတယ်။ ပြောရရင် Dust in the Wind ဟာ ခေတ်တစ်ခုရဲ့လူငယ်တွေဘဝကို ပုံဖော်ထားတဲ့ ရုပ်ရှင်သက်သက်ပဲ။ နယူးဝေ့ရုပ်ရှင်စာရင်းတော့ဝင်ပေမဲ့ ထိုင်ဝမ်နယူးဝေ့ဒိုကူမန်ထရီထဲ Hou ပြောဖူးသလိုပဲ အသစ်ဘာမှမရှိပါဘူး။ အရာတိုင်းက ရိုက်ပြပြီးသားချည်းပဲ။ ကိုယ့်ရှေ့ကခေတ်ရဲ့ အခြေအနေကို ရိုက်ပြထားတဲ့ရုပ်ရှင်တစ်ကားပါပဲ။ Hou ဟာ Ozu ရဲ့ လွှမ်းမိုးမှုအတန်ရှိတယ်ဆိုတဲ့အတိုင်း Hou ကတော့ အိုဇုရဲ့ ပတ်ဝန်းကျင်က ငြိမ်သက်တဲ့အခြေအနေတွေထဲက အရွေ့သေးသေးလေးတွေကို ရိုက်ပြတဲ့ဘက်အလေးသာပြီး Ozu ရဲ့ လွှမ်းမိုးမှုတော်တော်များတယ်လို့ ကျွန်တော်မြင်တဲ့ Kore-eda ကတော့ နောက်ပိုင်းမှာ အိုဇုရဲ့ ထိပ်လေးပဲ ရေပေါ်ပေါ်နေတဲ့ ရေခဲတုံးကြီးရဲ့ ရေမြုပ်နေတဲ့အောက်ပိုင်းဆန်တဲ့ မပြထားတဲ့ဇာတ်ဝင်ခန်းတွေရဲ့အရေးပါပုံကိုပြတဲ့ဘက် ပိုအလေးသာနေတယ်။ ဒီဇာတ်လမ်းမှာ ကောင်လေးနဲ့ကောင်မလေး သိပ်ချစ်ကြတယ်လို့ မပြောလည်း ကျွန်တော်တို့သိခဲ့ရတယ်။ တစ်နေ့မှာ ခေတ်ကြောင့်ပဲ ကောင်လေးနဲ့ကောင်မလေး တစ်သက်လုံးဝေးသွားကြတယ်။ တစ်ခုခုတော့ ဟုတ်ချင်ဟုတ်ပါလိမ့်မယ်။ ဒါပေမဲ့လည်း ဘာမှမဟုတ်သလိုပါပဲ။ သက်ငြိမ်နေတယ်။ ကျွန်တော်တို့ဘဝတွေရဲ့ သက်ငြိမ်မှုတွေလိုလို… (ဒီဇာတ်ကားနဲ့အညွှန်းကိုWiRa Aungမှ ပြန်ဆို ရေးသားထားပါတယ်)...
Rumours (2024) ⭐TMDB: 50% User Score 🎬 #Comedy #Horror 🗓 2024 🎞 movie 🌎 #Canada #Germany #Hungary #UnitedStatesofAmerica ⏰ 1 နာရီ 45 မိနစ် 10 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 G7 လို့ခေါ်တဲ့ ကမ္ဘာ့အချမ်းသာဆုံး ဒီမိုကရေစီနိုင်ငံတွေက ခေါင်းဆောင် 7 ယောက်ဟာ နှစ်ပတ်လည်ညီလာခံတစ်ခုမှာ Global Crisis တစ်ခုအတွက် ယာယီထုတ်ပြန်ချက် ထုတ်ဖို့ရာ ဆွေးနွေးဖို့ ရောက်ရှိလာကြတယ်။ ပြီးနောက်မှတော့ သူတို့ခေါင်းထဲမှာ အဲဒီပြဿနာကို ဖြေရှင်းဖို့ကလွဲလို့ အကြောင်းအရာ ပေါင်းစုံ အကုန်ရောက်ကြတယ်။ ပုဂ္ဂိုလ်ရေးကိစ္စကိုပဲ စိတ်ဝင်စားသူက စိတ်ဝင်စား စသဖြင်ပေါ့။ နောက်တော့ အမှောင်ကျသွားချိန်မှာ ခြံကြီးထဲမှာ သူတို့ ၇ ယောက်သာ ကျန်ခဲ့ပြီး အပြင်လောကနဲ့ အဆက်အသွယ်ပြတ်သွားခဲ့တယ်။ ဒါ့အပြင် ပုံမှန်မဟုတ်တဲ့ ကြောက်စရာကိစ္စတွေပါ ထဖြစ်လာချိန်မှာ မြူဆိုင်းနေတဲ့ တောထဲကနေတစ်ဆင့် အပြင်ကို ရောက်အောင် ကြိုးစားကြပါတော့တယ်။ ဒီဇာတ်လမ်းက ကမ္ဘာ့အကျပ်အတည်းဖြစ်နေချိန် ကိုယ်ကိစ္စကိုယ်ပဲ အာရုံစိုက်တဲ့ နိုင်ငံရေးသမားတွေကို ပါးပါးလေးနဲ့ ပညာပြထားတဲ့ Dark Comedy အမျိုးအစားပါ။ ၇၇ ကြိမ်မြောက် Cannes ရုပ်ရှင်ပွဲတော်မှာ ပြသခဲ့ပြီး critics တွေဆီက positive review တွေ ရရှိထားတဲ့ ဉာဏ်မီမှ ကြည့်လို့ နားလည်မဲ့ ဇာတ်လမ်းမျိုးလို့ သိရပါတယ်။ ဘာသာပြန်ကတော့ အဲဒီအုပ်စုထဲ မပါပါ...
Old Men in New Cars: In China They Eat Dogs II (2002) ⭐TMDB: 68% User Score 🎬 #Action #Comedy #Crime #Thriller 🗓 2002 🎞 movie 🌎 #Denmark ⏰ 1 နာရီ 36 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒိန်းမတ်ထောင်ကနေ ထွက်လာတဲ့ ဟာရန်းက ဆေးရုံတက်နေတဲ့ သူ့မွေးစားအဖေ မွန့်ကို သွားတွေ့ခဲ့တယ်။ မွန့်ဟာ သေခါနီးနောက်ဆုံးဆန္ဒအဖြစ် သူ့သားအရင်းနဲ့ တွေ့သွားချင်ခဲ့တာကြောင့် သူ့ရဲ့ မွေးစားသား ဟာရန်းက သားအရင်းရှာပုံတော်ကို ဖွင့်ခဲ့ရပါတယ်။ မွန့်ရဲသား လူဗစ်က လက်ရှိမှာ ဆွီဒင်ထောင်ထဲမှာ ထောင်ကျနေတာကြောင့် ဟာရန်းက သူ့မိတ်ဆွေ စာဖိုးမှူးနှစ်ယောက်ဖြစ်တဲ့ ပီတာနဲ့ မာတင်တို့ကို ခေါ်ပြီး ထောင်ဖောက်ဖို့ ကြိုးစားခဲ့ကြတယ်။ အဖေနဲ့သား ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြပြီး ဖခင်ဖြစ်သူမွန့်ဟာ အသည်းအစားထိုးဖို့ ပိုက်ဆံလိုတာကြောင့် ဟာရန်းတို့တတွေဟာ ဘဏ်ကို ဓားပြတိုက်ဖို့ ကြိုးစားခဲ့ကြတယ်။ ဘဏ်ဓားပြတိုက်နေစဉ်မှာ မေလီနဲ့ ဆုံတွေ့ခဲ့ပြီး သူတို့အဖွဲ့ဟာ အုတ်အော်သောင်းနင်းနဲ့ ဘယ်လိုတွေ တလွဲတချော် လုပ်ကြမလဲဆိုတာကို ဟာသဆန်ဆန် ကြည့်ရှုရမယ့် အက်ရှင်ကားတစ်ကားပဲ ဖြစ်ပါတယ်။...
Trainspotting (1996) ⭐TMDB: 80% User Score 🎬 #Crime #Drama 🗓 1996 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 35 မိနစ် 22 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Trainspotting (1996) IMDb Rating (8.1) / Rotten Tomatoes (90%) ဒါရိုက်တာ Danny Boyle က ရိုက်ကူးတင်ဆက်ထားပြီး Stars တွေဖြစ်တဲ့ Ewan McGregor, Jonny Lee Miller, Kevin McKidd မင်းသမီး Kelly Macdonald တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ Trainspotting 1996 ဒီဇာတ်ကားကတော့ မာခ့်ဆေးစွဲနေတဲ့လူငယ်လေးတစ်ဦးနဲ့ သူ့မိတ်ဆွေတွေ မူးယစ်ဆေးကိုစွဲလမ်းနေပုံ၊ မူးယစ်ဆေးကြောင့် အမှားအမှန်မသိအရှက်အကြောက်မရှိတော့ပဲနဲ့ လုပ်ချင်တာတွေကို စိတ်ထင်တိုင်းလုပ်ကြပုံ။ ပတ်ဝန်းကျင်မှတွန်းအားပေးကူညီမှုကြောင့် မာခ့်တစ်ယောက်ဆေးပြတ်သွားသောအခါ သူ့ဘဝရှေ့ခရီးဘယ်လိုဆက်ဖြစ်မလဲ။ သူနှင့်ဆေးအတူသုံးတဲ့ မိတ်ဆွေတွေကို ဘယ်လိုအဆက်ဖြတ်ဖို့ကြိုးစားမလဲ ၊သူ့ရဲ့ဆိုးဖော်ဆိုးဖက်မိတ်ဆွေတွေကရော မာခ့်ကို အလွတ်ပေးပါ့မလား ၊ သူ့မိတ်ဆွေတွေကရော မူးယစ်ဆေးဘယ်လိုအကျိုးဆက်တွေ ခံစားရမလဲ စသည်တို့ကို ဟာသနှောကရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Eunice ဖြစ်ပါတယ်။)...
Brotherhood (2022) ⭐TMDB: 57% User Score 🎬 #Action #Drama 🗓 2022 🎞 movie 🌎 #China ⏰ 1 နာရီ 37 မိနစ် 41 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အခုတင်ဆက်ပေးမှာတော့ မင်းသားကြီး Wu Yue ရဲ့ဟောင်ကောင်အက်ရှင်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့Lei Zhan Sheng ဟာမြေအောက်ဘုရင်တစ်ယောက်ဆီကနေဒေါ်လာသိန်း၁၀၀၀ကိုခိုးယူခဲ့တာကဇာတ်လမ်းစတာပါပဲ။ဒေါ်လာသိန်း၁၀၀၀အတွက် ကျွန်းတစ်ကျွန်းပေါ်မှာပစ်ကြခတ်ကြရင်Lei Zhan Shengဟာသေသွားပါတယ်။ Lei Zhan Shengရဲ့အမွှာအကို Lei Zhan Jun ညီသေသွားတာကိုမယုံနိုင်ပဲနိုင်ငံကူးပြီးအဖြစ်မှန်ကိုလိုက်ရှာပါတယ်။တကယ်တော့ထွက်ပြေးလွတ်မြောက်နေတဲ့ညီဖြစ်သူ Lei Zhan Sheng ဟာမျက်နှာကိုခွဲစိတ်ပြင်ဆင်ထားတာပါ အကိုကိုမြေအောက်ဂိုဏ်းလက်ကကယ်ဖို့ပြန်လာရင်းညီအကို၂ယောက်ဟာ ရဲတွေရောမြေအောက်ဂိုဏ်းသားတွေရဲ့လိုက်လံဖမ်းဆီးမှုကိုခံရပါတော့တယ်။ဒီကားလေးဟာ အက်ရှင်ကားဆိုပေမယ့် ဟာသနှောတဲ့အပြောလေးတွေပါတာကြောင့်ပေါ့ပေါ့ပါးနဲ့အရမ်းကြည့်ကောင်းတဲ့ကားလေးပါ။ညီအကိုကြား Bromanceကိုလဲအရမ်းလေးလေးကြီးမဖြစ်အောင်ထည့်ထားတာကလဲသဘောကျစရာပါပဲ ။ရှေ့ဆက်ပြီးဘယ်လိုဖြစ်သလဲဆိုတာကို ဆက်ပြီးကြည့်ရှုအားပေးကြပါဦး။...
Avenging Angelo (2002) ⭐TMDB: 54% User Score 🎬 #Action #Comedy #Crime 🗓 2002 🎞 movie 🌎 #UnitedStatesofAmerica #France #Switzerland ⏰ 1 နာရီ 38 မိနစ် 41 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 (IMDb 5.1/10) Director ကြီး Martyn Burke ရိုက်ကူးထားတဲ့ Action/Comedy/Crimeဇာတ်ကားကောင်းလေးပါ မင်းသားကြီး Sylvester Stallone နဲ့ မင်းသမီးကြီး Medeleine Stowe တို့အဓိကပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်ကားလေးကတော့ ဖရန်ကီ ဆိုတဲ့ သစ္စာရှိသက်တော်စောင့်ကောင်လေးဟာ အန်ဂျလို ဆိုတဲ့မာဖီးယား ဂိုဏ်ခေါင်းဆောင်ကြီးရဲ့လက်စွဲတော်ပေါ့ဖအေနဲ့သားလိုဆက်ဆံမှုမျိုးရှိကြတာပေါ့…..ဒီလိုနဲ့တစ်နေ့မှာ အန်ဂျလို ဟာသူသေတော့မှာကိုသိနေတဲ့အတိုင်း ဗီဒီယိုမှတ်တမ်းနဲ့သူ့ကိုအဖေမှန်းတောင်မသိတဲ့ သူ့ရဲ့သမီးကိုအမှာစကားထားခဲ့ပါတယ်…..အန်ဂျလို လုပ်ကြံခံရပြီးသေသွားတော့ ဖရန်ကီ ဟာသူ့သမီးရှိရာကိုသွားပြီးဖြစ်ကြောင်းကုန်စင်ပြောပြပြီး…… နှစ်ယောက်ပေါင်းပြီး ပြန်လက်စားခြေမယ့်အစီအစဉ််တွေကိုဘယ်လိုလုပ်ကြမလဲ…..မသိနိုင်တဲ့နောက်ကွယ်ရိုမန့်တစ်ဆန်တဲ့ ဇာတ်လမ်းလေးကရောဘယ်လိုများလဲဆိုတာကိုတော့….. ဒီဇာတ်ကားလေးကို အညွှန်းရေးပြီးဘာသာပြန်ပေးထားတာကတော့ Leo ပဲဖြစ်ပါတယ်...
Back on the Society (2021) ⭐TMDB: 20% User Score 🎬 #Crime #Drama #Action #Thriller 🗓 2021 🎞 movie 🌎 #China ⏰ 1 နာရီ 21 မိနစ် 10 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Back to the Societyဆိုတဲ့ဇာတ်ကားကတော့Jordan Chanအဓိကပါဝင်သရုပ်ဆောင်ထားတဲ့actionဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်ဇာတ်လမ်းရဲ့အစမှာတော့ ကျန်းရှန်းဟောင်ဆိုတဲ့တစ်ချိန်ကလူဆိုးဂိုဏ်းရဲ့ခေါင်းဆောင်ကတရားမဝင် ဥပဒေချိူးဖောက်တဲ့ပြစ်မှုတွေကိုကျူးလွန်လို့ရဲအရာရှိတွေကလာဖမ်းပြီးထောင်ဒဏ်ချမှတ်ခြင်းခံလိုက်ရပါတယ်အဲ့ချိန်မှာပဲသူ့ရဲ့ဇနီးဖြစ်သူ ကိုယ်ဝန်သည်မိန်းမကစိတ်လှုပ်ရှားမှုကြောင့် ကလေးကိုရက်စောမွေးပြီးကလေးမွေးဖွားရခက်တဲ့ပြဿနာနဲ့ကြုံတွေကာမိခင်အသက်ဆုံးရှုံးလိုက်ရပါတယ် သမီးလေးမွေးဖွားပြီးနောက် ထိန်းပေးမဲ့လူမရှိလို့ငယ်ငယ်ထဲက မိဘမဲ့ကျောင်းမှာပဲနေခဲ့ရမှထောင်ထွက်ကျန်းရှန်းဟောကလည်း သမီးကိုချစ်တဲ့စိတ်နဲ့သူတစ်ယောက်ထဲ လုပ်ကိုင်ကျွေးမွေးပြီး အရင်တုန်းကလိူရှုပ်ထွေးတဲ့လောကကြီးထဲကို ပြန်မဝင်တော့ကြောင်း သစ္စာပြုခဲ့ပါတယ် ဒီလိုအေးအေးချမ်းချမ်းနဲ့ နှစ်တွေအများကြီးနေထိုင်လာရာကနေတစ်ရက်မှာ ကျန်းရှန်းဟော မထင်မှတ်ပဲလူတစ်ယောက်ကိုသတ်မိရာမှပြဿနာကစတင်ဖြစ်ပွားခဲ့တာပါထိုပြဿနာကြောင့်လည်း သူ့သမီးဖမ်းခံရပြီးလူကုန်ကူးခံလိုက်ရပါတယ်နောက်ဆုံးမှာသူ့သမီးကိုဖမ်းတဲ့လူက ဘယ်သူဖြစ်မလဲသူ့သမီးကိုရောအသက်ရှင်လျက်ပြန်ကယ်နိုင်မလားဆိုတာနောက်ဆုံးထိကြည့်ရှုပေးပါဦး...
The Good Thief (2003) ⭐TMDB: 61% User Score 🎬 #Action #Crime #Drama #Romance #Thriller 🗓 2003 🎞 movie 🌎 #Canada #France #Ireland #UnitedKingdom ⏰ 1 နာရီ 49 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Good Thief (2002) IMDb Rating (6.5) / Rotten Tomatoes (77%) ဘော့ဆိုတာ အတိတ်က နေ့ရက်ကောင်းတွေကို ကျော်ခဲ့ပြီးတဲ့ အသက်ကြီးကြီး သူခိုးတစ်ယောက်။ ဆေးကလည်းစွဲနေပြီး လောင်းကစားကလည်း မဖြတ်နိုင်ဘူး။ သူခိုးပေမယ့် စိတ်ထားလေးက ကောင်းရှာတော့ သူ့ခိုးယက်မှုတွေမှာ လူမသတ်ဖူးသလို ကောင်မလေးတစ်ယောက်ကိုတောင် ကူညီလိုက်သေးတယ်။ သူ ဘာကြံဦးမလဲတောက်လျှောက်စောင့်ကြည့်နေတဲ့ အသိဟောင်းရဲရော်ဂျာကလည်း ရှိသေးတယ်။ အဲ့တာတောင်မှ သူ့သူငယ်ချင်း ရာအို အကြံပေးချက်အရ မွန်တီကာလိုကာစီနိုကို လုယက်ဖို့ ကြံပြန်တယ်။ အဲ့လိုကြံနေတာကို ရော်ဂျာသိသွားတော့ ဘော့ကို ဘယ်လိုဖမ်းဖို့ကြိုးစားမလဲ ဘော့ကကော ဘယ်လိုနည်းလမ်းတွေနဲ့ ကာစီနိုကို အလစ်သုတ်သွားမလဲ။ နာမည်အတိုင်းပဲ သူခိုးကောင်းတစ်ယောက်က ဉာဏ်နီဉာဏ်နက်တွေ ဘယ်လိုထုတ်သုံးသွားမလဲသိချင်ရင်တော့ ဇာတ်လမ်းလေးကို ကြည့်ကြည့်လိုက်ကြနော်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Phu Thet Khin ဖြစ်ပါတယ်။)...
The Wild Thornberrys Movie (2002) ⭐TMDB: 64% User Score 🎬 #Adventure #Animation #Family 🗓 2002 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 25 မိနစ် 57 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အန်နီမေးရှင်းရုပ်ရှင်ကြိုက်တတ်သူများတိရစ္ဆာန်လေတွေကိုချစ်တတ်သူများအတွက်နာမည်ကြီးဇတ်ကားကောင်းတစ်ခု အီလိုက်ဇာသွန်းဘယ်ရီဆိုတဲ့၁၂နှစ်အရွယ်ကောင်မလေးဟာတောနက်ထဲမှာကွန်ဗီးလို့ခေါ်တဲ့ကားအိမ်လေးနဲ့တောရိုင်းတိရစ္ဆာန်တွေကိုလေ့လာရုပ်ရှင်ရိုက်တဲ့မိဘတွေနဲ့အတူ အစ်မတစ်ယောက်ပါအပါ အတူခရီးလှည့်သွားနေခဲ့ကြပါတယ်။အီလိုက်ဇာဟာနတ်ဆရာတစ်ယောက်ဆီကနေ တိရစ္ဆာန်တွေကိုစကားပြောနိုင်တဲ့စွမ်းရည်ရထားခဲ့ပြီး ဒါက မိဘတွေ အဘိုးအဘွားနဲ့အစ်မဖြစ်သူအတွက် ထူးဆန်းတာတွေလုပ်နေတဲ့ကောင်မလေးဖြစ်လို့နေပါတယ်။အီလိုက်ဇာမှာ ဒါဝင်လို့ခေါ်တဲ့ ချန်ပင်ဇီမျောက်လေးတစ်ကောင်လည်းရှိပါတယ်။ တစ်နေ့မှာအီလိုက်ဇာရဲ့ကြီးကြပ်မှုနဲ့သစ်ကျုတ်ပေါက်လေးသုံးကောင်အပြေးပြိုင်ကြရင်း တောရိုင်းတိရစ္ဆာန်ခိုးဖမ်းပြီးသတ်တဲ့သူတွေနဲ့ တွေ့ပြီး တာလီလို့ခေါ်တဲ့သစ်ကျုတ်ပေါက်ကလေးကိုဖမ်းသွားပါတယ်။အီလိုက်ဇာက လိုက်ကယ်ရင်း သူကိုယ်တိုင်အန္တရာယ်ဖြစ်လာတဲ့အခြေအနေကိုတွေ့တဲ့အခါ အဘွားဖြစ်က သူ့ကိုလန်ဒန်က ဘော်ဒါကျောင်းကိုပို့လိုက်ပါတယ်။ ဘော်ဒါကျောင်းမှာဘာကြုံရမလဲ။နတ်ဆရာမိုင်ယန်ဘိုက အီလိုက်ဇာကိုဘာလို့ တိရစ္ဆာန်တွေနဲ့စကားပြောနိုင်တဲ့စွမ်းရည်လက်ဆောင်ကိုပေးခဲ့တာလဲ။ဒီစွမ်းရည်က ဘယ်လိုဆိုရင်ပျက်ပြယ်မလဲ။တာလီ့ကို အီလိုက်ဇာကယ်တင်နိုင်မလား။ ကွန်ဂိုတောနက်ထဲက ဒဏ္ဍာရီကဘာဖြစ်မလဲ ။ဒါက တကယ်ဖြစ်လာမလား။တောရိုင်းတိရစ္ဆာန်ခိုးဖမ်းတဲ့သူတွေရဲ့ရည်ရွယ်ချက်ကဘာလဲ။ဒါကိုတော့ ရုပ်ရှင်ပိတ်ကားပေါ်မှာဆက်ကြည့်နိုင်ပါတယ်။ ဖခင်ရဲ့မေတ္တာတွေကိုဖော်ကျူးထားတဲ့သီချင်းလေးက အဓိပ္ပါယ်ပြည့်ဝလှသလိုအဖေတွေကိုသတိရစေမှာဖြစ်ပါတယ်။အော်စကာဆုအတွက် အကောင်းဆုံးမူလသီချင်းဆုအတွက် ပေါလ်ဆီမွန်ရဲ့ Father and Daughter(အဖေနဲ့သမီး) သီချင်းကအမည်စာရင်းတင်သွင်းခံရပါတယ်။ မှတ်မှတ်သားသားစကားလေးတွေကတော့- – “ပြီးတော့ မင်းကဒါကိုလုပ်ခဲ့တယ်မင်းရဲ့ လက်ဆောင်နဲ့မဟုတ်ဘူးဒါပေမယ့်မင်းရဲ့နှလုံးသားနဲ့လုပ်ခဲ့တာတကယ်လို့ ဒါကမင်းရဲ့စွမ်းအားမပါပဲနဲ့မင်းလုပ်နိုင်ခဲ့တဲ့ဟာဖြစ်မယ်ဆိုရင်ငါသိထားခဲ့တာထက်တောင်မှမင်းမှာပိုကောင်းတဲ့ကံကြမ္မာတစ်ခုရှိတယ်” လူ့လောကမှာ စွမ်းရည်တွေထက်အရေးကြီးတာက နှလုံးသားထဲက မေတ္တာတရားနဲ့ကိုယ်ချင်းစာတရားပါပဲ။ကြည့်ရှု့ခံစားကြည့်လိုက်ပါ။...
