ဇာတ်ညွှန်းများ • FDMN
Yopiq kanal
Ma'lumot yo'q
Obunachilar
-524 soatlar
-47 kun
+730 kun
Postlar arxiv
Gomorrah (2008)
⭐TMDB: 69.0% User Score
🎬 #Crime #Drama
🗓 2008 🎞 movie
🌎 #Italy
⏰ 2 နာရီ 17 မိနစ် 55 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီတစ်ခါမှာတော့ IMDb 7 နဲ့ Rotten tomatoes မှာ 91% ထိရရှိထားတဲ့ အီတလီ Crime ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးသွားမှာပါ
ဒီဇာတ်ကားလေးဟာတော့ ဂိုဏ်းတစ်ခုနဲ့ တစ်ခုအကြား စစ်ပွဲဖြစ်ပြီး တစ်ဖက်နဲ့ တစ်ဖက် အပြိုင်အဆိုင် တိုက်ခိုက်ကြတာကို မတူညီတဲ့ ရှုထောင့်တစ်မျိုးကနေ ရိုက်ကူးထားတာဖြစ်ပါတယ် ဒီဇာတ်ကားမှာတော့ ခေါင်းဆောင်ပိုင်းတွေဟာ ဘယ်လိုတိုက်ခိုက်ကြတယ် သူတို့ရဲ့ ဂိုဏ်းတွေကို ဘယ်လိုထိန်းချုပ်တယ်ဆိုတာမျိုးကို ပြသတာမဟုတ်ဘဲ လက်အောက်ခံ အဖွဲ့ဝင်တွေရဲ့ ဘဝကို သီးသန့်ဖော်ပြသွားပြီး ဒုစရိုက်အဖွဲ့အစည်းကြားက စစ်ပွဲတွေမှာ ဘယ်လိုအသက်ရှင်အောင်ရုန်းကန်ကြလဲဆိုတာကို ပြသထားတာဖြစ်ပါတယ်
တရားဥပဒေစိုးမိုးမှု အားနည်းနေတဲ့အချိန်မှာ ဖြစ်ပေါ်နေတဲ့ လမ်းမပေါ်က ဘဝတွေကို ရိုက်ပြထားတာဖြစ်ပြီး ဥရောပရုပ်ရှင် ဆုပေးပွဲမှာ2008 ခုနစ်ရဲ့ အကောင်းဆုံး ရုပ်ရှင်ဆု ရရှိထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်...
Perpetrator (2023)
⭐IMDB: 4.6/10 (956 Votes)
🎬 #Horror
🗓 2023 🎞 movie
🌎 #UnitedStates #France #UnitedStatesofAmerica
⏰ 1 နာရီ 41 မိနစ် 38 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဘဝတစ်လျောက်လုံး ဖခင်နှင့်ကြီးပြင်းလာရတဲ့ ဂျွန်နီဆိုတဲ့ ကျောင်းသူလေးတစ်ဦးဟာ ၁၈နှစ်ပြည့် မွေးနေ့မတိုင်ခင်မှာပဲ ဖခင်၏စေလွှတ်မှုကြောင့် အဒေါ်တော်စပ်သူရဲ့ အိမ်ကိုပြောင်း၍နေထိုင်ရပါတော့တယ်။
ကျောင်းသစ် အိမ်သစ်နှင့် နေသားကျဖို့ကြိုးစားနေချိန်မှာပဲ ဂျွန်နီတို့ကျောင်းမှ ကျောင်းသူလေးများတစ်ယောက်ပြီးတစ်ယောက် စတင်ပျောက်ဆုံးလာပါတော့တယ်။ ဂျွန်နီတစ်ယောက်ဟာဆိုရင်လည်း ခန္ဓာကိုယ်မှာ မူမမှန်တဲ့ပြောင်းလဲမှုတွေကို တစ်စတစ်စ စတင်ခံစားလာရပါတော့တယ်။ကျောင်းသူလေးတွေ ဘာကြောင့်ပျောက်ဆုံးနေတာလဲ၊ ဂျွန်နီဆိုတဲ့ ကျောင်းသူလေးရဲ့ သရုပ်မှန်ကရော ဘာတွေဖြစ်နေမလဲဆိုတာကို ကြည့်ရှုရမယ့်သည်းထိပ်ရင်ဖိုဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။...
North Country (2005)
⭐IMDB: 7.3/10 (44 k Votes)
🎬 #Drama
🗓 2005 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 2 နာရီ 06 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
2005ခုနှစ်ကထွက်ရှိထားပြီး IMDb 7.3/10ထိ ရရှိထားတဲ့ Trial Drama ဇာတ်ကားကောင်းလေးတစ်ခုကို တင်ဆက်ပေးမှာဖြစ်ပါတယ်
ဒီဇာတ်ကားမှာတော့ ဂျိုစီအိမ်းဆိုတဲ့ အမျိုးသမီးဟာ ကလေးနှစ်ယောက်မိခင်ပါ အကြီးကောင်လေး ဆမ်မီကိုတော့ အဖေမပေါ်ဘဲ မွေးထားတာဖြစ်ပြီး သမီးလေး ခယ်ရန်ကိုတော့ လက်ရှိအိမ်ထောင်က ရရှိခဲ့တာပါ သူအိမ်ထောင်ကွဲတဲ့အချိန်မှာတော့ မိဘတွေဆီကို ပြန်လာနေပြီး သတ္ထုတွင်းမှာ အလုပ်လုပ်ရင်း ကလေးတွေကို ထောက်ပံ့နိုင်အောင် ကြိုးစားပါတော့တယ်
ယောက်ျားတွေနဲ့ ရင်ဘောင်တန်းပြီး လုပ်ကိုင်နေတဲ့ သတ္ထုတွင်းက အမျိုးသမီးတွေဟာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို နေ့စဉ်နဲ့အမျှ ခံစားနေခဲ့ရတာပါ ဂျိုစီတစ်ယောက်ယောက်အလုပ်ဝင်ချိန်မှာတော့ လိင်ပိုင်းဆိုင်ရာ စော်ကားမှု မခံရအောင် ကြိုးစားပါတော့တယ် အဖေမပေါ်ဘဲ ကလေးတစ်ယောက် မွေးထားသူဖြစ်တာကြောင့် တစ်မြို့လုံးမှာ နာမည်ဆိုးထွက်နေတဲ့ ဂျိုစီဟာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို တွန်းလှန်ရာမှာ အခက်အခဲများစွာနဲ့ ကြုံတွေ့ရပါတော့တယ် အမျိုးသမီး လုပ်ဖော်ကိုင်ဖက်တွေဟာလည်း အလုပ်ပြုတ်မှာစိုးရိမ်တဲ့အတွက် သူ့ဘက်က ရပ်တည်မပေးခဲ့ကြပါဘူး ဂျိုစီတစ်ယောက် တရားမျှတမှုရရှိအောင် ဆောင်ရွက်နိုင်မှာလား ဆိုတာကိုတော့ ကြည့်ရှုလိုက်ကြပါဦးခင်ဗျာ...
Blood (2012)
⭐IMDB: 6.0/10 (5 k Votes)
🎬 #Crime #Drama #Mystery #Thriller
🗓 2012 🎞 movie
🌎 #UnitedKingdom
⏰ 1 နာရီ 33 မိနစ် 7 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
အဓိကဇာတ်ဆောင်အဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသားကို အားလုံးပဲ
တစ်နေရာမှာရင်းရင်းနီးနီးမြင်ဖူးမှာပါ…
Marvelဇာတ်ကောင်တစ်ခုဖြစ်တဲ့ visionနေရာမှာ သရုပ်ဆောင်ထားတဲ့
မင်းသား Paul Bettanyပဲဖြစ်ပါတယ်…။
သူ့ရဲ့ လေသံခပ်အေးအေးနဲ့ သရုပ်ဆောင်ဟန်ကိုဒီမှာလည်းမြင်တွေ့ရမှာပါ…။
ဇာတ်လမ်းအကျဥ်းကတော့ ပင်လယ်ကမ်းခြေမြို့လေး တစ်မြို့မှာ စုံထောက်
ညီအစ်ကိုနှစ်ယောက် အမှုတစ်ခုကိုလိုက်ကြတယ်…။
အမှုက ဆယ်ကျော်သက်အရွယ်ကောင်မလေးတစ်ယောက် ဓားဒဏ်ရာတွေနဲ့
ရက်ရက်စက်စက်အသတ်ခံရတဲ့အမှု….။
စုံထောက်နဲ့ တရားခံဆိုတာ ပြေးတမ်းလိုက်တမ်းကစားသလိုပါပဲ…
တစ်ခါတလေမှာ ပြေးရင်းလိုက်ရင်းနဲ့ စုံထောက်က တရားခံဖြစ်သွားမိတာမျိုးပါ…။
သို့ပေမဲ့လည်း အမှန်တရားဆိုတာ ဖုံးကွယ်မြှုပ်နှံထားလို့ရတာမျိုးမှမဟုတ်ပဲ…။
ဒီစုံထောက်ညီအစ်ကိုနှစ်ယောက်ကရော အမှုလိုက်ရင်းနဲ့
ထင်မထားမိတာတွေဘာတွေကြုံရမလဲ…။
ဒီလိုဇာတ်အိမ်မျိုးဟာ အဆုံးသတ်မှာ ဘာဖြစ်မလဲဆိုတာ
ကြိုတင်မှန်းဆလို့မရနိုင်တာမျိုးမို့ ကိုယ်တိုင်ပဲကြည့်ရှုလိုက်ပါဗျာ...
Three Blind Mice (2023)
⭐IMDB: 3.9/10 (114 Votes)
🎬 #Horror
🗓 2023 🎞 movie
🌎 #UnitedKingdom
⏰ 1 နာရီ 23 မိနစ် 24 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
သွေးသံရဲရဲနဲ့ ရက်ရက်စက်စက်သတ်ဖြတ်တာတွေပါတဲ့ Horror thriller ကြိုက်တတ်တဲ့သူတွေအတွက် Three Blind Mice ဆိုတဲ့ကားလေးတင်ဆက်ပေးလိုက်ပါတယ်
ဇာတ်လမ်းလေးကတော့ အာဘီဂိုင်းလ်ဆိုတဲ့ကောင်မလေးဟာ မူးယစ်ဆေးစွဲနေတာကြောင့် ကောလိပ်ကနေအိမ်ပြန်ပို့ခံလိုက်ရပါတယ် အဲ့ဒါကြောင့် သူမိဘတွေဟာ သူတို့သမီးလေးဆေးပြတ်ဖို့ကို တိုင်ပင်ဆွေးနွေးပြီး ဆရာဝန်ရဲ့အကြံပြုချက်အရ မြို့နဲ့ဝေးရာ သစ်တောအုပ်ထဲက အိမ်လေးမှာခေတ္တသွားနေဖို့ဆုံးဖြတ်ခဲ့ကြပါတယ် အာဘီဂိုင်းလ်ရယ် သူ့မိဘတွေရယ် အာဘီဂိုင်းလ်ရဲ့အစ်ကိုရယ် နောက်သူ့သူငယ်ချင်းတစ်ယောက်ရယ် လိုက်သွားကြပါတယ်
အဲဒီတောအုပ်ထဲမှာ ဘယ်လိုသတ္တဝါတွေကစောင့်ကြိုနေမလဲ သူတို့ဘာတွေနဲ့ရင်ဆိုင်ရမလဲဆိုတာကို အသဲတယားယားနဲ့ကြည့်ရှုရမှာဖြစ်ပါတယ်ဒီဇာတ်ကားထဲမှာ လူကို ရက်ရက်စက်နှိပ်စက်ပြီး သွေးထွက်သံယိုရိုက်ကွက်တွေအများကြီးပါတာကြောင့် အစာစားရင်းမကြည့်ဖို့တော့အကြံပြုလိုပါတယ်...
The Blacklist (2021)
⭐TMDB: 43.0% User Score
🎬 #Comedy #Crime
🗓 2021 🎞 movie
🌎 #SouthKorea #SouthKorea
⏰ 1 နာရီ 47 မိနစ် 23 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Blacklist(2021)
******************
ဒီဇာတ်ကားသည် အကျဉ်းထောင်ထဲမှာရှိတဲ့ အကျဉ်းသားများရဲ့ဘဝနဲ့အယူသည်းမှုများကို နောက်ခံထားပြီး ရိုက်ကူးထားတာပါ…
လူတစ်ယောက်ဟာ ထောင်ကျသွားတယ်…
ထောင်ကျတာတဲ့စိတ်ညစ်ဖို့ကောင်းတာက
ထောင်ကျတဲ့အချိန်အတူနေရတဲ့ အခန်းဖော်တွေပဲ…
တစ်ယောက်တစ်မျိုး ပလပ်ကျွတ်နေကြတယ်..
တစ်ယောက်စီတိုင်းမှာလည်း မတူညီတဲ့အမှုတွေနဲ့ထောင်ကျလာတာပါ..
အဲ့ဒီနောက် ထောင်ကျအချင်းချင်း ပြစ်မှုတွေနဲ့ ကျရတဲ့အကြောင်းတွေ
ရင်ဖွင့်ပြောပြလာတဲ့အခါမှာတော့…
ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ခံစားကြည့်လိုက်ပါဦး...
Doctor Qin Ming: Rain Killer (2023)
⭐TMDB: 0.0% User Score
🎬 #Crime #Mystery
🗓 2023 🎞 movie
🌎 #China
⏰ 1 နာရီ 18 မိနစ် 26 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီဇာတ်ကားလေးကတော့ မှုခင်းဆရာဝန်ဒေါက်တာချင်မင်ရဲ့ထူးဆန်းတဲ့မိုးညလူသတ်မှုအကြောင်းလေးဖြစ်ပါတယ်။ဒီအမှုဟာ မြို့ပြင်ကစွန့်ပစ်ကစားကွင်းတစ်ခုမှာ မီးကျွမ်းနေတဲ့အလောင်းတစ်ခုတွေ့ရာကနေ စတာပဲဖြစ်ပါတယ်။
အာရုံမတက်ခင်မနက်(၃)နာရီလောက်မှာ မိုးရွာခဲ့တာဖြစ်တဲ့အတွက်မှုခင်းနေရာကခြေရာလက်ရာတွေက မိုးရေနဲ့အတူပျောက်ကွယ်သွားခဲ့တယ်။မီးကျွမ်းနေတဲ့အလောင်းဟာ ကိုယ့်ကိုယ်ကိုယ်သတ်သေသွားတဲ့ကောင်မလေးတစ်ယောက်ရဲ့အလောင်းဖြစ်နေပါတယ်။
သေပြီးသားလူကိုဘာကြောင့် မီးရှို့တာလဲ အဖြေမထုတ်နိုင်ခင်မှာပဲနောက်ထပ်အလောင်းအပိုင်းအစတွေကို မြို့ပြင်မှာရှာတွေ့ပြန်တယ်။အရိုးမပါတဲ့ အလောင်းအပိုင်းအစတွေရဲ့ပိုင်ရှင်ဟာဘယ်သူဖြစ်နေမလဲဆိုတာဘယ်လိုများဖော်ထုတ်ရပါ့မလဲ။ဒီအမှုနှစ်ခုကရောဘယ်လိုဆက်စပ်နေမလဲ ဆိုတာကိုဒေါက်တာချင်မင်တို့ဟာလိုက်လံစုံစမ်းရင်းဒါကလက်စားချေဖို့လူသတ်မှုဆိုတာသိလိုက်ရတယ်။
ဒီလိုရက်ရက်စက်စက်လက်စားချေရအောင် နောက်ကွယ်ကအကြောင်းအရင်းဟာဘယ်လိုတွေများဖြစ်နေမလဲဆိုတာ ဆက်ပြီးခံစားလိုက်ပါဦးနော်...
Don't Look Away (2023)
⭐IMDB: 3.9/10 (380 Votes)
🎬 #Horror #Thriller
🗓 2023 🎞 movie
🌎 #Canada
⏰ 1 နာရီ 25 မိနစ် 3 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
တစ်မူထူးခြားတဲ့ horror ဇာတ်ကားတစ်ကားဖြစ်ပြီး သရဲလား ဝိဉာဉ်လား ကျိန်စာလား နတ်ဆိုးလားဆိုတောင်သိပ်မသဲကွဲပါဘူး…..ဖက်ရှင်ဆိုင်တွေမှာထောင်ထားတတ်တဲ့ မော်ဒယ်ရုပ်/လူရုပ် က ကျောချမ်းစရာအပြုံးကြီးနဲ့ လူလိုက်သတ်နေတာကိုကြည့်ရှုရမှာပါ
ဇာတ်လမ်းအကျဉ်းကတော့…..ကောင်မလေးတစ်ယောက်ဟာ မတော်တဆမှုတစ်ခုဖြစ်ရာကနေ လူရုပ်ကြီးတစ်ရုပ်ကိုရုတ်တရက်တွေ့လိုက်ရပြီး အရုပ်ကနောက်ကိုလိုက်လာနေခဲ့တာကိုသိပေမဲ့ ဘယ်သူမှသူပြောတာကိုမယုံကြပါဘူး…………
ဒါပေမဲ့ သူ့သူငယ်ချင်းတွေအားလုံးလည်း တွေ့သွားကြတဲ့အခါမှာတော့ တစ်ယောက်ပြီးတစ်ယောက် ဆက်တိုက်အသတ်ခံနေရပါတော့တယ် ဒီလူရုပ်ကြီးက ဘာကိုလိုချင်နေတာလဲ ဝိဉာဉ်ပူးနေလို့လား နတ်ဆိုးများလား ကျိန်စာကြောင့်ဖြစ်တာလားဆိုတာကိုလည်းဘယ်သူမှရေရေရာရာမသိကြပါဘူး….
သူတို့သူငယ်ချင်းတစုသား ဒီကျောချမ်းစရာ လူရုပ်ကြီးကိုတားဆီးလို့ရနိုင်ပါ့မလား သူ့လက်ထဲကနေရော ထွက်ပြေးလွတ်မြောက်နိုင်ပါ့မလားဆိုတာကိုကြည့်ရှုရမှာဖြစ်ပါတယ် သွေးသံရဲရဲနဲ့ခြောက်ခြားစရာအခန်းတွေသိပ်မပါပေမဲ့ အရုပ်ကြီးရဲ့ကျောချမ်းစရာအပြုံးကြီးက ကြက်သီးထစေပြီး The boy ရဲ့ cheaper version လိုခံစားရစေမှာပါ...
The Royal Hotel (2023)
⭐IMDB: 6.0/10 (2 k Votes)
🎬 #Drama #Thriller
🗓 2023 🎞 movie
🌎 #Australia #UnitedKingdom #UnitedStatesofAmerica
⏰ 1 နာရီ 31 မိနစ် 30 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb 6.2 ရရှိထားတဲ့ thriller & drama အမျိုးအစားဖြစ်ပြီး 2023 RTVE-Otra Mirada Award အပါအဝင်ဆုနှစ်ခုရရှိထားပြီး နောက်ထပ်ဆုနှစ်ခုအတွက်ပါဇကာတင်ထားတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။
သရဲထက်ကြောက်ဖို့ကောင်းတဲ့လူတွေရဲ့အကြောင်းကိုရိုက်ပြထားတာကြောင့် ထိတ်လန့်စရာကောင်းပြီး တစ်မူထူးခြားတဲ့ရသမျိုးကိုခံစားရမှာပါ
ဇာတ်လမ်းအကျဉ်း…..လိဗ်နဲ့ဟန်နာတို့သူငယ်ချင်းနှစ်ယောက်ဟာ စွန့်စွန့်စားစားခရီးသွားရတာကိုကြိုက်ကြပြီး ကြုံရာမှာပျော်တတ်တဲ့သူလေးတွေပါတစ်နေ့တော့ သူတို့အပန်းလည်းဖြေရင်း ငွေပိုလေးဘာလေးရဖို့အတွက် ဩစတေးလျကအရက်ဆိုင်တစ်ခုမှာ အလုပ်သွားလုပ်ခဲ့ကြပါတော့တယ်အလုပ်စတဲ့ပထမနေ့ကတည်းက လူတွေကထင်တာထက်ပိုရိုင်းစိုင်းပြီး ထူးဆန်းနေကြတာကြောင့်သဘောမကျပေမဲ့ ငွေရဖို့အတွက် သည်းခံပြီးဆက်လုပ်ပေးကြရပါတော့တယ်။
တဖြည်းဖြည်း လူတွေရဲ့ထူးဆန်းတဲ့အကျင့်စရိုက်တွေကိုသိလာရတဲ့အခါမှာတော့ အဲဒီနေရာကြီးတစ်ခုလုံးကကြောက်ဖို့ကောင်းလာပြီး လိဗ်နဲ့ဟန်နာတို့ ထူးဆန်းတဲ့နယ်မြေမှာ ဘယ်လိုရှင်သန်ကြမလဲ ဘာတွေဖြစ်သွားမလဲ ဆိုတာကိုကြည့်ရှုရမှာပါ...
Woman at War (2018)
⭐IMDB: 7.4/10 (11 k Votes)
🎬 #Adventure #Comedy #Drama #Thriller
🗓 2018 🎞 movie
🌎 #Iceland #France #Ukraine
⏰ 1 နာရီ 41 မိနစ် 15 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဇာတ်လမ်းလေးကတော့ သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းနိုင်ဖို့အတွက်
တစ်ကိုယ်တည်းတိုက်ပွဲဝင်ခဲ့ အမျိုးသမီးတစ်ဦးရဲ့စစ်ပွဲကို သရုပ်ဖော်ထားတဲ့
အိုင်စလန် မူဗီလေးပါပဲ…။
ဇာတ်လမ်းကျောရိုးလေးက အဓိပ္ပာယ်ရှိသလို၊ အိုင်စလန်ရှုခင်းလှလှတွေပါ
ရိုက်ကူးပြထားပြီး ဆုတံဆိပ်တွေလည်းအများကြီးရရှိခဲ့တာဇာတ်လမ်းလေးပါ…။
အဲ့ဒီဒေသမှာတော့ သူ့ကို တောင်ပေါ်အမျိုးသမီးလို့သိကြတယ်ဗျ…။
ဘာလို့ဆို သဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေတဲ့စက်မှုလုပ်ငန်းတွေ မလည်ပတ်နိုင်အောင်
တောင်ပေါ်တက်ပြီး လျှပ်စစ်ဓာတ်အားလိုင်းတွေကို ဖြတ်တောက်ပစ်လို့ပါပဲ…။
သူ့ရဲ့ခံယူချက်ကတော့ ကမ္ဘာတစ်ဝန်းစက်မှုလုပ်ငန်းများတွင်ကျယ်ပြန့်လာခြင်းဟာ
ကမ္ဘာကြီးပူနွေးလာအောင်လုပ်တာ…
လူသားမျိုးနွယ်အနေနဲ့ကိုယ့်ကိုယ်ကိုသတ်သေတဲ့အမှုဖြစ်ပြီး ဒီမိုကရေစီကလည်း
မကယ်တင်နိုင်တဲ့ကိစ္စမျိုးပါတဲ့….။
အသက် ၄၉နှစ်အရွယ်ရှိပြီဖြစ်တဲ့ အမျိုးသမီးကြီးတစ်ဦးက သူချစ်တဲ့
မိခင်သဘာဝကြီးကိုကာကွယ်ဖို့ဘာတွေပေးဆပ်တိုက်ပွဲဝင်ခဲ့သလဲဆိုတာကို
အိုင်စလန်ရှုခင်းလှလှတွေကြားမှာ မြင်တွေ့ရမယ့် ဇာတ်လမ်းလေးဖြစ်ပါတယ်...
Marshland (2014)
⭐IMDB: 7.2/10 (36 k Votes)
🎬 #Action #Crime #Mystery #Thriller
🗓 2014 🎞 movie
🌎 #Spain
⏰ 1 နာရီ 45 မိနစ် 3 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
MDB -7.2 Rotten Tomatoes – 92% အထိရထားတဲ့စပိန်ဇာတ်ကားကောင်းလေးနဲ့
မိတ်ဆက်ပေးချင်ပါတယ်…
ဇာတ်လမ်းအကျဉ်းက ပတ်ဒရိုဆွာရက်ဇ် ရဲတစ်ယောက်ဖြစ်ပြီးကအစိုးရကိုဝေဖန်တဲ့
စာတစ်စောင်ရေးခဲ့တဲ့အတွက် မက်ဒရစ်မြို့ကနေ နယ်မြို့ကိုပြောင်းရွှေ့ခံလိုက်ရတယ်
သူရောက်သွားတဲ့မြို့မှာ ကျောင်းသူအရွယ်မိန်းကလေးနှစ်ယောက်
ပျောက်သွားတယ်ဆိုတဲ့အမှုက တိုင်ကြားချက်ရောက်လာတဲ့အတွက်
ပက်ဒရိုနဲ့ သူရဲ့တွဲဖက်ဖြစ်တဲ့ ဟွမ်ရော့ဘ်လက်စ် တို့ကစုံစမ်းမှုကိုစတင်
ကြပါတော့တယ်။ အရင်က ဒီလိုအလားတူအမှုမျိုးတွေရှိဆိုပေမယ့် ခံရသူတွေက
သူတို့ရဲ့ဂုဏ်သိက္ခာထိခိုက်တယ်လို့ယူဆတဲ့အတွက် အမှုတွေပြီးပြတ်အောင်
ဆောင်ရွက်နိုင်ခြင်းမရှိပါဘူး။
ပျောက်သွားတဲ့မိန်းကလေးတွေရဲ့ ဖခင်ကနေ တဖြည်းဖြည်းလိုက်စုံစမ်းပေမယ့်
လုံလောက်တဲ့သဲလွန်စတွေမရခဲ့ပါဘူး။
ပျောက်ဆုံးပြီးသုံးရက်အကြာမှာ မိန်းကလေးတွေရဲ့ အလောင်းကိုမြစ်ထဲမှာစတင်တွေ့ရှိပြီး
နောက်မှာတော့...
Mindhorn (2016)
⭐IMDB: 6.3/10 (14 k Votes)
🎬 #Comedy #Thriller
🗓 2016 🎞 movie
🌎 #UnitedKingdom
⏰ 1 နာရီ 28 မိနစ် 32 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
စုံထောက်အမှုလိုက်ဟာသဇာတ်လမ်းလေးဖြစ်ပြီး ပေါ့ပေါ့ပါးပါးဟာသတွေ
စိတ်လှုပ်ရှားစရာဇာတ်ကွက်အစုံကို ရုပ်တည်ကြီးနဲ့သရုပ်ဆောင်ပြသွားတဲ့ဇာတ်လမ်းလေးပါ…။
ဇာတ်လမ်းအကျဥ်းလေးကတော့…
ရစ်ချက် သွန်းခရက်ဟာ ၁၉၈၀ ပြည့်နှစ်များဆီက ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့
သရုပ်ဆောင်တစ်ယောက်ပါ…။
သူနာမည်ကြီးခဲ့တဲ့ရုပ်ရှင်နာမည်က အမှန်တရားကို မြင်နိုင်တဲ့ “စက်မျက်စိ စုံထောက်မိုင်းဟွန်း”….
ရုပ်ရှင်ကအောင်မြင်ခဲ့ပေမယ့်လည်း ရစ်ချက်ဟာ ဘဝင်မြင့်အောက်ခြေလွတ်ပြီး
လေကြီးလေကျယ်ပြောတတ်တဲ့သူဖြစ်လေတော့ လက်ရှိကာလမှာ ဘယ်သူမှ
သူ့ကိုရုပ်ရှင်ခေါ်မရိုက်ကြတော့ပါဘူး…။
ဒီတော့ ရစ်ချက်ခမျာ အလုပ်လက်မဲ့ မင်းသားအဖြစ်ပေတေလေလွင့်နေရတာပေါ့…
ကံကောင်းချင်တော့ ရစ်ချက်ရဲ့ မွေးရပ်မြေကျွန်းလေးမှာ လူသတ်မှုတစ်ခုဖြစ်ပါတယ်…။
လူသတ်တရားခံက ရဲတွေဆီဆက်သွယ်ပြီးတော့ သူနဲ့ညှိနှိုင်းချင်ရင်
စုံထောက်မိုင်းဟွန်းကိုခေါ်ပေးလို့ပြောပါတယ်…။
စုံထောက်မိုင်းဟွန်းဆိုတာ လက်တွေ့ဘဝမှာတကယ်မရှိတဲ့အတွက် ရဲတွေလည်း
ကြံရာမရမယ့်အတူတူ စုံထောက်မိုင်းဟွန်းအဖြစ်သရုပ်ဆောင်ခဲ့တဲ့ ရစ်ချက်ကိုပဲ
အကူအညီလှမ်းတောင်းပါတယ်…
ရစ်ချက်ကလည်း အလုပ်မရှိတဲ့အပြင် တီဗီထဲကစုံထောက်က တကယ့်စုံထောက်
စစ်စစ်တွေကိုကူညီပြီးအမှုဖြေရှင်းနိုင်ရင် နာမည်ကြီးမှာပဲဆိုပြီး လက်ခံလိုက်ပါတယ်….
စိတ်ကူးယဥ်ရုပ်ရှင်ဇာတ်ကောင်တဖြစ်လဲ စုံထောက်မိုင်းဟွန်းတစ်ယောက် လက်တွေ့ဘဝမှာ
ဘယ်လိုအမှုလိုက်မလဲဆိုတာကို ရယ်ရင်းမောရင်းကြည့်ရှုရမယ့်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်...
Fantasy Mission Force (1983)
⭐TMDB: 48.0% User Score
🎬 #Action #Adventure #Comedy #JackieChan #Crime #Thriller #War
🗓 1983 🎞 movie
🌎 #Taiwan #HongKong #HongKong
⏰ 1 နာရီ 30 မိနစ် 12 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
သရုပ်ဆောင်မင်းသားကြီး ဂျက်ကီချန်းပါဝင်တဲ့ ဒီဇာတ်ကားကတော့ ဂျပန်မဲ့ တရုတ်စစ်တွင်းကာလကို နောက်ခံပြုထားတဲ့ ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။
တိုက်ပွဲတစ်ပွဲမှာ ဂျပန်တွေက တရုတ်ဘက်က ခေါင်းဆောင် ၄ ယောက်ကို ဖမ်းခေါ်သွားခဲ့တယ်။ ဒီသတင်းပြန့်သွားရင် တပ်သားတွေ စိတ်ဓာတ်ကျကုန်မှာစိုးလို့ဆိုပြီး အဖွဲ့သစ်တစ်ဖွဲ့ ဖွဲ့ပြီး ၄ ရက်အတွင်း ခေါင်းဆောင်တွေကို ပြန်ခေါ်လာခိုင်းတယ်။ အဲ့အဖွဲ့မှာဆိုရင်တော့ သူခိုးလောင်စွန်း၊ ထွက်ပြေးချန်ပီယံ၊ ကလိမ်ကကျစ်သမားနဲ့ သူ့ရည်းစားဟောင်း၊ လက်ဝှေ့သမားနဲ့ သူ့ပါတနာတွေ ပါတယ်။ ပိုက်ဆံရမယ်ဆို ဘာမဆို လုပ်မယ်ဆိုတဲ့ အဖွဲ့တွေပေါ့။
ပရမ်းပတာ အဖွဲ့ဖြစ်တဲ့ သူတို့တွေ အလွဲလွဲအချော်ချော်တွေကြားထဲက မစ်ရှင်ကို ဘယ်လို ကျေပွန်အောင် ဆောင်ရွက်ကြမလဲ ဟာသနှောပြီး ကြည့်ရမဲ့ Comedy, Action ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။
ဒါပေမဲ့ သူတို့တွေ တကယ်ပဲ မစ်ရှင်ကို အောင်မြင်နိုင်ပါ့မလား၊ ကိစ္စက သူတို့ထင်ခဲ့သလို ရိုးရှင်းမနေခဲ့မှန်း သိလိုက်ရတဲ့အချိန်မှာ တကယ့် final boss က ဘယ်သူများဖြစ်လေမလဲ...
Revanche (2008)
⭐IMDB: 7.5/10 (16 k Votes)
🎬 #Crime #Drama #Romance #Thriller
🗓 2008 🎞 movie
🌎 #Austria
⏰ 2 နာရီ 2 မိနစ် 17 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb 7.5 , RT – 96 %
ရသပေါင်းစုံ ပေးစွမ်းနိုင်မယ့် ဇာတ်အိမ်ကောင်းကောင်းနဲ့ ဂျာမနီ ရုပ်ရှင်ကို တင်ဆက်ပေးချင်ပါတယ်။
သင့်မှာ သိပ်ချစ်ရတဲ့ လူ တစ်ယောက်ရှိလား။ အဲဒီလူရဲ့ ဖြစ်တည်မှု၊ အပြုမူ၊ ကာရိုက်တာ၊ အလုပ်၊ အကုန်လုံးကို အရာရာ နားလည်ပေးနိုင်တဲ့အထိ ချစ်ပေးရတဲ့ Favourite person မျိုး ရှိပြီလား။ ယောင်္ကျားလေးတွေက ကိုယ်သိပ်ချစ်ရတဲ့ ကောင်မလေးကိုဆိုရင် အသက်ပါပေးပြီး ကာကွယ်ပေးချင်ကြတာက သဘာဝပါပဲ။ အကယ်၍ ကိုယ် နှစ်နှစ်ကာကာ ချစ်ရတဲ့ ကောင်မလေးကို လက်လွတ်ဆုံးရှုံးလိုက်ရမယ်ဆိုရင်ရော ….. ရင်ကွဲမတတ် ခံစားရမှာက မလွဲဧကန်ပါပဲ။
တာမာရာနဲ့ အဲလက်စ်က သိပ်ကို ချစ်ကြတဲ့ရည်းစားတွေပါ။ ဒါပေမယ့် ကံတရားက မျက်နှာသာ မပေးတော့ ၂ယောက်လုံး ဆင်းဆင်းရဲရဲနဲ့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ကြိုးစားရှာဖွေနေကြရပါတယ်။ ဒါပေမယ့် လောကကြီးရဲ့ Matrix အတိုင်း ဆင်းရဲလေ ပိုပြီးဆင်းရဲလေ ဆိုတော့ ကြံမိကြံရာတွေ ကြံရပါတော့တယ်။ အဲလက်စ်တစ်ယောက် မရတဲ့အဆုံး ဘဏ်ဓားပြတိုက်ပါတော့တယ်။ ဒါပေမယ့် ဘဏ်ဓားပြတိုက်မှုအတွင်း အဲလက်စ်ရဲ့ကောင်မလေး တာမာရာက ရဲပစ်လိုက်တဲ့ ကျည်ဆံကြောင့် သေဆုံးသွားရပါတော့တယ်။ အဲလက်စ် တစ်ယောက် သူသိပ်ချစ်ရတဲ့ကောင်မလေးကို ဆုံးရှုံးလိုက်ရတော့ သူ့ကောင်မလေးကို သတ်သွားတဲ့ ရဲကို ရှာပြီး လက်စားချေဖို့လုပ်ပါတော့တယ်။ အဲလက်စ် တစ်ယောက် ဘယ်လို လက်စားချေမလဲ ….. အဲလက်စ်ဘက်ကအမြင် ….. ရဲရဲ့အမြင် ….. မိသားစုဝင်တွေဘက်ကအမြင် ….. လူပေါင်းမျိုးစုံ ဘက်ပေါင်းမျိုးစုံရဲ့အမြင်ဘက်ကနေ စုံလင်စွာနဲ့ ကြည့်ရှု့ရမှာဖြစ်ပါတယ်။
ကိုရီးယား/ဂျပန် ရုပ်ရှင်တွေ Dramaကောင်းမှန်း သိပေမယ့် ဂျာမနီ Drama ဘယ်လောက်ကောင်းကြောင်းကို ယခုရုပ်ရှင်မှာ မျက်မြင်တွေ့ရှိရမှာပါ။ ဇာတ်လမ်းက အနိမ့်ကနေ အမြင့်ထိကို ဆွဲခေါ်သွားနိုင်ပြီး ရုပ်ရှင်ရဲ့ run time ၂နာရီက ကုန်သွားလို့ကုန်သွားမှန်းတောင် သိလိုက်ရမှာ မဟုတ်ပါဘူး။
အညွှန်းနဲ့ ဘာသာပြန်ကတော့ Minn Khant Kyi Win ဖြစ်ပါတယ်။...
Peddha Kapu 1 (2023)
⭐IMDB: 7.9/10 (795 Votes)
🎬 #Action #Bollywood #Drama #Family
🗓 2023 🎞 movie
🌎 #India
⏰ 2 နာရီ 22 မိနစ် 31 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Peddha Kapu 1 (2023) [အလံလုကြသူများ]
IMDB — 8.0/10
ဒီတစ်ခါ မိတ်ဆက်ပေးမဲ့ကားလေးကတော့ကြမ်းကြမ်းရမ်းရမ်းနဲ့ အက်ရှင်ဇာတ်ဝင်ခန်းတွေပါတဲ့နိုင်ငံရေးတေလဂူးဘာသာ ဇာတ်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်။
ဇာတ်လမ်းရဲ့အစမှာတော့ ၁၉၆၂ခုနှစ်မှာ ဂိုဒါဗာရီမြစ်တစ်လျှောက်က ရွာတွေမှာဖြစ်ပွားခဲ့တဲ့ ပျက်စီးဆုံးရှုံးမှုတွေကနေ အစပြုထားပါတယ်။ဒီရွာတွေက လူတွေဟာ အိုးအိမ်တွေကို စွန့်ခွာ ထွက်ပြေးကြရင်းအဲဒီထဲက သားအမိနှစ်ယောက်ဟာ ကွင်းပြင်ထဲမှာကလေးလေးတစ်ယောက်ကို တွေ့ခဲ့ပါတယ်။
သူတို့ကိုယ်တိုင်လည်း လူချည်းလွတ်အောင် ပြေးလာခဲ့ရသူတွေမလို့ ကလေးကိုမစောင့်ရှောက်နိုင်ပေမဲ့ ပစ်မထားရက်ခဲ့တာကြောင့် ကလေးကို သူများကို ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ဒီကလေးကို မွေးစားလိုက်တဲ့သူကတော့ စိတ်နှလုံးသားဖြူစင်တဲ့ အရက်သမားတစ်ယောက်ပေါ့အဲဒီနောက်မှာတော့ ရွာမှာ ပါတီကြီးနှစ်ခုဖြစ်တဲ့ ဆတ်တရာရန်ဂီရ်နဲ့ ဘာယာနာတို့ ပါတီနှစ်ခု။
ဘာယာနာကတော့ ပျော့ပျော့လေးနဲ့ ဆွဲခေါ်တတ်တဲ့သူဖြစ်ပြီးတော့ ဆတ်တရာရန်ဂီရ်ကတော့သတ်မယ်ဖြတ်မယ်ဆိုတဲ့သူမျိုးပေါ့။ ဘာယာနာက သူတို့ပါတီအတွက် အလံထောင်ဖို့သူ့နောက်လိုက်တဲ့သူတွေကို ခိုင်းတဲ့အခါမှာ အလံထောင်တာကို မကြိုက်တဲ့ ဆတ်တရာတို့ကဘယ်လိုတွေ ပြဿနာလုပ်ကြမလဲ …….. သူတို့ပါတီဝင်နှစ်ခု နောက်ပိုင်းမှာရော ဘာတွေ ဆက်ဖြစ်သွားကြမလဲ ……
အရက်သမားမွေးစားလိုက်တဲ့ ကလေးလေးကရော ကြီးလာတဲ့အခါမှာ ဒီဇာတ်လမ်းရဲ့ ဘယ်အခန်းကဏ္ဍကနေပါဝင်သွားမလဲဆိုတာတွေကို ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေး တစ်ပုဒ်ဖြစ်ပါတယ်။ *
သတ်မယ်ဖြတ်မယ် ကြမ်းမယ်ရမ်းမယ် ဆိုတာတွေကို ကြိုက်နှစ်သက်သူတွေအဖို့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်* (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Alex~V~BpL~Zwe~ToMo တို့ပဲ ဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
The Plus One (2023)
⭐IMDB: 3.2/10 (81 Votes)
🎬 #Comedy #Romance
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 34 မိနစ် 48 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီတစ်ခေါက်မှာတော့ ပရိတ်သတ်ကြီးအတွက် October 3 ရက်နေ့ကမှထွက်ရှိထားတဲ့ Comedy,Romance ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်။
ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့…
အချစ်ငှက်ကလေး သတို့သမီးလေး လစ်ဇီ နဲ့ သတို့သား လု့ခ် တို့အချစ်ခရီးကိုစတင်မယ့် သူတို့ရဲ့လက်ထပ်ပွဲလေးကို ဖလော်ရီဒါမှာလုပ်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ သူတို့ရဲ့လက်ထပ်ပွဲလေးကို သူတို့ချစ်ရတဲ့သူငယ်ချင်းတွေ မိသားစုအနည်းအကျဉ်းကိုသာဖိတ်ကြားခဲ့ပါတယ်။
“Male of honor” အဖြစ်ဖိတ်ကြားထားတဲ့ လစ်ဇီရဲ့ အချစ်ဆုံးသူငယ်ချင်းက မာရှယ်လ်က မင်္ဂလာပွဲမှာအတူတူတက်ရောက်မယ့်သူအဖြစ် လစ်ဇီအမုန်းဆုံး မာရီဂျမ်းကိုခေါ်လာခဲ့တဲ့အခါမှာတော့ သတို့သမီးလေးလစ်ဇီတစ်ယောက် မာရီဂျိမ်းနဲ့ ဘယ်လိုပြဿနာတွေရင်ဆိုင်ရမလဲ… လက်ထပ်ပွဲလေးအောင်အောင်မြင်မြင်ပြီးဆုံးသွားမှာလားဆိုတာကို ဟာသလေးတွေရောနှောပြီး ကြည့်ရှူရမယ့်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။...
Antim: The Final Truth (2021)
⭐IMDB: 6.6/10 (42 k Votes)
🎬 #Action #Bollywood #Crime #Drama
🗓 2021 🎞 movie
🌎 #India
⏰ 2 နာရီ 16 မိနစ် 19 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီနေ့ပဲ ထွက်ရှိလာတဲ့ Bollywood ရုပ်ရှင်တစ်ကားကို တင်ဆက်လိုက်ပါတယ်…
မင်းသား Salman Khan နဲ့ သူ့ယောက်ဖ Aayush Sharma တို့ အပြိုင်ကြဲထားတဲ့ Action,Crime,Drama ဇာတ်ကားလေးဖြစ်ပြီး IMDb Rating (7.6) ထိ ရရှိထားသလို ရုံတင်တုန်းကလဲ နာမည်ကြီးလူကြိုက်များခဲ့တဲ့ဇာတ်ကားပါ။
လယ်သမားတစ်ဦးရဲ့ ချစ်ခြင်းမေတ္တာ၊ ဘဝအဓိပ္ပာယ်နဲ့ ရှင်သန်ရပ်တည်ခြင်းက သူ့ရဲ့ လယ်မြေလေးတစ်ကွက်ရယ်ပါ။ ခြေမအထိ စီးကျနေတဲ့ ချွေးကို သုတ်ဖို့မအား၊ မြေကြီးထဲကပြူထွက်လာတဲ့ ကောက်ပဲသီးနှံလေးတွေက သူ့ခွန်အားပါ။ ဒါပေမယ့် သူဆုံးရှုံးလိုက်ရတဲ့ သူ့လယ်မြေပေါ်မှာပဲ အလုပ်ပြန်လုပ်ရတဲ့ သူ့ခံစားချက်ကို ကျွန်တော်တို့ ကိုယ်စား ဝင်ခံစားကြည့်ရအောင်လား။
ပုလ္လင်ပေါ်က မဆင်းခဲ့တဲ့ နပန်းချန်ပီယံကြီး၊ သမီးမိုက်တစ်ယောက်နဲ့ သား မလိမ္မာတစ်ယောက်ကို အရင်းတည်ပြီး အရင်းရှင်တစ်ယောက် ခြေအောက်မှာ ပြားပြားဝပ်ခဲ့ရ။ ဘဝက ထိချက်နာလိုက်ပုံများ။
လူငယ်ပီပီ ခံစားချက်အတိုင်း လိုက်လုပ်တတ်တဲ့ လူငယ်လေးတစ်ယောက်။ သူ့အဖေ နပန်းသမား ဘဝဆုံးနေသူကြီးနဲ့ မိသားစုကိုကယ်တင်ဖို့၊ သူသိပ်ချစ်တဲ့ သူ့လယ်မြေကို ပြန်ယူဖို့ လက်သီးတစ်လုံး အရင်းပြုပြီး လူမိုက်လောကထဲ ဝင်လာခဲ့တယ်။ သူ့မျက်စိရှေ့က အရင်းရှင် အမြတ်ကြီးစား ခေါင်းပုံဖြတ်သူများကို ခါးခါးသီးသီး ဆန့်ကျင်တိုက်ခိုက်လာခဲ့ရင်း လူမိုက်လောကမှာ တစ်နေရာရလာတော့ အကွက်တွေရွှေ့ ငွေပုံပေါ်မှာ ဘဝမေ့လာပြီ။ ရုတ်တရက်နိုးအထ မှန်ကိုကြည့်လိုက်မှ သူမုန်းခဲ့တဲ့ အရင်းရှင်ဘဝ သူကိုယ်တိုင်ရနေမှန်းသိလို့ အမှားကို အမှန်ပြင် နောင်တကို နောင်မှမတရအောင် ပြန်အဖက်ဆည်နိုင်မလား။
နှလုံးသားလှုပ်အနှိုးမှာ ရုတ်တရက်လန့်နိုးရတဲ့ အချစ်တွေကို သိမ်းပိုက်သွားတဲ့ ကောင်မလေးကိုလည်း အမုန်းတရားပွားအောင် မရည်ရွယ်ဘဲမှားခဲ့တာတွေ ပြန်ပြင်နိုင်မလား။ သူ့ဖခင်ရဲ့ ရန်ကြွေးကိုလည်း ကျေနပ်တဲ့အထိ ပြန်ဆပ်နိုင်ပါ့မလား။ လားပေါင်းများစွာပေါ့ဗျာ။ အိန္ဒိယနိုင်ငံရဲ့ လတ်တလောကြေးမုံပြင်ကို မြင်အောင်ပြတဲ့ ဇာတ်ကားလေးမလို့ လက်လွတ်မခံသင့်ပါဘူး။ ဒီနေ့ထွက် ဇာတ်ကားကို ဦးဦးဖျားဖျား တင်ပေးနိုင်အောင် အကောင်းဆုံးကြိုးစားတင်ဆက်ပေးထားပါတယ်။ ဆောင်းလေအေးအေးမှာ ကော်ဖီလေးနဲ့ နွေးထွေးစေမယ့် ဇာတ်ကားလေးပါပဲဗျာ။
(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Arr Khun Winchester,Elrond,Jim X တို့မှ တင်ဆက်ထားတာပါ။)...
Kaala Paani (2023- )
⭐IMDB: 8.1/10 (2 k Votes)
🎬 #Drama #Thriller
🗓 2023- 🎞 tv series
🌎 #India
⏰ 1 နာရီ 5 မိနစ် 24 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Kaala Paani (2023)Kaala Paani (2023) “သဘာ၀တရားရဲ့ဒဏ်ခတ်ခြင်း”
IMDb – 8.1/10Netflixကနေ ထုတ်လွှင့်လိုက်တဲ့ ကပ်ရောဂါဘေးဇာတ်လမ်းတွဲ အမိုက်စားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။
3Idiotsဇာတ်ကားထဲမှာ မင်းသမီးရဲ့အစ်မဖြစ်သူနေရာက ဖုန်စုတ်စက်နဲ့ မီးဖွားခဲ့ရတဲ့
မင်းသမီးမိုနာဆင်းဂ်က ဒေါက်တာဆင်းဂ်အဖြစ် အဓိကသရုပ်ဆောင်ထားပါတယ်။
Your browser does not support the video tag.ရေပတ်လည်ဝန်းရံနေတဲ့ ဆိပ်ကမ်းမြို့လေးတစ်ခု။ပွဲတော်ကြီးကျင်းပမှာမို့
ခရီးသွားတွေထောင်ချီလာရောက်လည်ပတ်ကြမယ့်နေရာ။ ရှားပါးသစ်ပင်ပန်းမန်တွေနဲ့ လူမျိုးနွယ်စုတွေ
နေထိုင်နေတဲ့ တောတောင်တွေနဲ့။ အဲဒီလိုသဘာ၀တရားကြီးက ပေးထားတဲ့ကောင်းခြင်းတွေတည်ရှိရာနေရာ။
ရှားပါးလူရိုင်းမျိုးနွယ်စုနဲ့ တောတောင်ရေမြေပြုန်းတီးမှာစိုးရိမ်လို့ သဘာ၀တရားကြီးကိုကာကွယ်ပေးချင်သူတစ်စု။
သဘာ၀တရားကို ဖျက်ဆီးပြီး တကိုယ်ရည်ကောင်းကျိုးကိုရှာချင်ကြတဲ့လူက တစ်စု။အဲဒါတွေကြားထဲမှာ ကိုယ်လုပ်စရာရှိတာလုပ်ပြီး ထင်ရာစိုင်းခေါင်းမာတတ်တဲ့ ဒေါက်တာဆင်းဂ်။
ကိုဗစ်ကပ်ရောဂါကြီးအပြီး အဲဒီရေပတ်လည်ဝန်းရံနေတဲ့ ကျွန်းတွေထဲက
အဒါမန်နဲ့ နီကိုဘာဆိုတဲ့ ကျွန်းပေါ်မှာ LHF-27 ဆိုတဲ့ကူးစက်မြန်ရောဂါပိုးတစ်ခုပျံ့နှံ့ဖြစ်ပွားလာပါတော့တယ်။
ဒီရောဂါပိုးကိုစတင်တွေ့ရှိခဲ့တာကတော့ ဒေါက်တာဆင်းဂ်။ရောဂါပိုးက အခုမှာဖြစ်တာတော့မဟုတ်။
လွန်ခဲ့တဲ့နှစ်လေးဆယ်ကလည်းဖြစ်ခဲ့ပြီး အဲဒီတုန်းကလည်း စုစုပေါင်းခုနစ်ယောက်ပဲသေခဲ့တာဆိုတော့
ဒေါက်တာဆင်းဂ်ပြောတာဆိုတာ ပိတ်ပင်တားဆီးတာတွေ ဘယ်သူကမှနားမထောင်။
ဒီလိုနဲ့ ကပ်ရောဂါကြီးက အရှိန်အဟုန်နဲ့ကူးစက်ပါတော့တယ်။လူ့ဘဝမှာ ပျော်ရွှင်စရာအဆုံးသတ်ဆိုတာ မရှိပါဘူး။ ဘာလို့လဲဆိုတော့ အဆုံးသတ်ဆိုတာကိုက မရှိလို့ပါတဲ့။
လူတွေကသေပြီးသွားရင် ကိုယ့်ကိုချစ်တဲ့လူတွေဆီမှာ မျက်ရည်တစ်ဖြစ် အပြုံးတစ်ဖုံနဲ့ ရှိနေတတ်ကြပါတယ်တဲ့။
အိုရ နာရ သေရတဲ့ ဒီတိုတောင်းလှတဲ့ဘဝလေးအတွင်း လူအများသိကြတဲ့ ကိုဗစ်ဗိုင်းရပ်စ်လိုမျိုး
ကူးစက်မြန်ကပ်ရောဂါပျံ့နှံ့မှုကြောင့် ရှင်သန်ဖို့နည်းကို အသည်းအသန်ရှာကြရတဲ့
ဇာတ်လမ်းတွေထဲက စီးရီကောင်းလေးတစ်ခုမို့ ကြည့်ရှုအပန်းဖြေတော်မူကြပါဦး။(အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ V ~ KKKZ ~ BpL ~ Alex ~ Yunni ~ ToMo ~ Zwe တို့ပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့
ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Maid Droid (2023)
⭐TMDB: 33.0% User Score
🎬 #Horror #ScienceFiction #Thriller
🗓 2023 🎞 movie
🌎 #UnitedStatesofAmerica
⏰ 1 နာရီ 32 မိနစ် 43 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဂေါင်းကြီးတို့သာ လူသားနဲ့တစ်ပုံစံတည်းတူတဲ့ အိမ်ဖော်စက်ရုပ်မလေးကို အချိန်ပိုင်းနဲ့ငှားပြီး ကိုယ်ကြိုက်တာလုပ်ခွင့်ရမယ် ကိုယ်တတ်နိုင်တဲ့ ငွေကြေးပမာဏအတိုင်း ငှားလို့ရမယ် ငှားကြမလား???
ဟုတ်ပါတယ် ဒီဇာတ်ကားက အပေါ်မှာပြောထားသလိုပါပဲ ရန်ဒယ်ကုမ္မဏီဟာ လူသားနဲ့တစ်ပုံစံတည်း ထပ်တူညီတဲ့ ခံစားချက်ရှိတဲ့ လုပ်ဆောင်မှုစနစ်တွေ ပါဝင်တဲ့ အိမ်ဖော်စက်ရုပ်မလေးတွေကို အမျိုးသားတွေအတွက် အချိန်ပိုင်းအလိုက် ငွေကြေးတတ်နိုင်မှုအလိုက် ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ ဇာတ်လိုက်ကျော်ကတော့ ဟယ်ရီဆန်ဆိုတဲ့ သက်လတ်ပိုင်းလူတစ်ယောက်ပါ။ သူဟာ သူ့ထက်အသက်ထက်ဝက်ခန့်ငယ်တဲ့သူ့ကောင်မလေးက သူ့ကို ထားခဲ့တဲ့အတွက် ကြေကွဲလူငယ်လေးဖြစ်နေပြီး ဘားမှာသူ့သူငယ်ချင်းနဲ့ ထိုင်သောက်နေချိန်မှာ သူ့သူငယ်ချင်းက ဒီကုမ္ပဏီကို မိတ်ဆက်ပေးပြီး အိမ်ဖော်စက်ရုပ်မလေးတွေ ငှားလို့ရကြောင်း လမ်းညွန်လိုက်ပါတယ်။
ဒီလိုနဲ့ သူဟာ ပထမဆုံးတစ်ကြိမ် လေးနာရီစာဆက်ရှင် စမ်းယူကြည့်ပြီး သဘောကျတဲ့အတွက် ဆက်ငှားဖြစ်ပါတော့တယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ သူ့ကောင်မလေးက သူနဲ့ဇာတ်လမ်းပြန်ဆက်ချင်တယ်ဆိုပြီး ပြန်ဆက်သွယ်လာတဲ့အတွက် သူဟာ စက်ရုပ်မလေးကို ကုမ္ပဏီပြန်အပ်ဖို့လုပ်ပါတော့တယ်။ ဒီအချိန်မှာ လူသားခံစားချက်တွေကိန်းအောင်းနေတဲ့ စက်ရုပ်မလေးကို မပြန်ချင်တဲ့အတွက် တစ်ခုခုကြံစည်ပါတော့တယ်။ ဒီလောက်ဆို ဇာတ်လမ်း အသွားအလာလည်းကောင်းတယ်၊ ဇာတ်အိမ်လည်း ကောင်းတဲ့ Romance Thriller အမျိုးအစားဖြစ်တဲ့အတွက် ဂေါင်းကြီးတို့ မကြည့်လိုက်ရရင် ဂေါင်းကြီးတို့အရှုံးပါပဲ။ ဒီတော့ လက်နှေးပြီး ခွက်မဆေးရအောင် အမြန်သာကြည့်လိုက်ပါတော့ဗျို့။...
Cart (2014)
⭐IMDB: 6.7/10 (1 k Votes)
🎬 #Drama
🗓 2014 🎞 movie
🌎 #SouthKorea
⏰ 1 နာရီ 50 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Cart(2014)
*********
၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ရုံတင်ပြသခဲ့သည့် Cart ရုပ်ရှင်ဇာတ်ကားသည်
နာမည်ကြီးမင်းသမီးများဖြစ်သည့် ယွန်းဂျောင်အာ (Yum Jung-ah),မွန်းဂျောင်ဟီး (Moon Jeong-Hee)နှင့်
ဝါရင့်မင်းသမီးကြီးဖြစ်သည့် ဂင်ယောင်းအယ် (Kim Young-ae), နာမည်ကြီးမင်းသားဖြစ်သည့် ဂင်ဂန်ဝူ (Kim Kang-Woo)နှင့်နာမည်ကြီးကေပေါ့(EXO)အဖွဲ့ဝင်ဖြစ်သည့် ဒိုဂယောင်းဆူ (Doh Kyung-Soo) တို့က
ပါဝင်အားဖြည့်သရုပ်ဆောင်ထားပါသည်။ ထိုဇာတ်ကားသည်ဖြစ်ရပ်မှန်ကိုအခြေခံပြီး ရိုက်ကူးထားပါသည်။
ထိုဖြစ်ရပ်မှန်သည် ၂၀၀၇ ခုနှစ် ဇူလိုင်လတွင်ဖြစ်ပွားခဲ့ပြီး E-Land မားကတ်မှ ငွေကိုင်များသည်
အလုပ်ဖြုတ်ခံရပြီး တရားမျှတမှု အမှန်တရားအတွက်ရက်ပေါင်း (၅၁၀)ကြာအောင် သပိတ်မှောက်ခဲ့ပါသည်။ဟန်ဆွန်ဟီးတွင် သားနှင့်သမီး ကလေးနှစ်ယောက်ရှိပြီး သူမရဲ့မိသားစု စားဝတ်နေရေးအတွက်
မားကတ်တစ်ခုတွင် စာချုပ်ယာယီဝန်ထမ်းအဖြစ် အလုပ်ကို အချိန်ပိုဆင်းပြီး နေ့မအားညမအား
ကြိုးကြိုးစားစားအလုပ်လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါသည်။ တစ်နေ့တွင်
ကုမ္ပဏီမှ သူမနှင့် စာချုပ်ဝန်ထမ်း လုပ်ဖော်ကိုင်ဖက်များအား ရုတ်တရက် အလုပ်ဖြုတ်ခဲ့ပါသည်။ထို့ကြောင့် အလုပ်သမားအသင်းအဖွဲ့အစည်းကို ဖွဲ့စည်းပြီး တရားမျှတမှု အမှန်တရားအတွက်
ကုမ္ပဏီကို သပိတ်မှောက်ဖို့ ဆုံးဖြတ်ခဲ့ကြပါသည်။အဲ့ဒီနောက်မှာတော့
ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့...
