uz
Feedback

Firibgarlarga uchmang! Telemetrio bunday kanallarni topadi va belgilaydi 👉 Belgini ko‘rmoqchi bo‘lsangiz, obuna bo‘ling

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Yopiq kanal

🚩 Channel was restricted by Telegram

Ko'proq ko'rsatish
Ma'lumot yo'q
Obunachilar
-524 soatlar
-47 kun
+730 kun
Postlar arxiv
https://image.tmdb.org/t/p/original/iGzENlBPYJEFWZnye4t3nqWSSp1.jpg Hidalgo (2004) ⭐IMDB: 6.7/10 (83 k Votes) 🎬 #Action #Adventure #Biography 🗓️ 2004 🎞️ Movie 📺 1080p FHD 🌎 United States, Morocco ⏰ 2 နာရီ 18 မိနစ် 20 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Hidalgo(2004) ============== ဒီတစ်ခါမှာတော့ Adventure အမျိုးအစားကို ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးတို့ကို ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက် ပေးပါဦးမယ်။ ဇာတ်ကားနာမည်ကတော့ Hidalgo လို့ခေါ်ပြီး ၂၀၀၄ ခုနှစ်တုန်းက ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။ ဇာတ်ကားရဲ့ ထူးခြားချက်ကတော့ အမေရိကန် မြင်းစီးသမား Frank Hopkins နဲ့ သူ့မြင်း Hodalgo ရဲ့ ဖြစ်ရပ်မှန်ကို ဇာတ်လမ်းပြန်ရိုက်ထားတာပါ။ ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင် Frank Hopkins နဲ့ သူ့မြင်းက Buffalo Bill ဆိုသူရဲ့ Wild West show မှာ အကြမ်းခံနိုင်ဆုံး မြင်းစီးသမားအဖြစ် ပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီနာမည်ကို အာရပ် လူမျိုး‌တွေ ဖြစ်ကြတဲ့ ရှိတ်မိသားစုက သဘောမကျကြပါဘူး။ ဘာလို့လဲဆိုတော့ အတော်ဆုံးမြင်းစီးသမားနဲ့ အကောင်းဆုံးမြင်းက သူတို့ဆီမှာပဲ ရှိတယ်လို့ ယူဆကြလို့ပါ။ ဒါကြောင့်မလို့ ရှိတ်မိသားစုက Frank Hopkins ကို “မီးပင်လယ်”လို့ခေါ်တဲ့ ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ပြိုင်ပွဲကို အနိုင်ရရှိသူက ဆုကြေးငွေအနေနဲ့ အမေရိကန်ဒေါ်လာ ၁ သိန်း အနိုင်ရမှာပါ။ ပိုကောင်းတဲ့အနာဂတ်ကို ရရှိဖို့အတွက် Frank Hopkins တစ်ယောက် ပြိုင်ပွဲဝင်ဖို့ အကြောင်းဖန်လာပါတော့တယ်။ ပြိုင်ပွဲက မိုင် ၃၀၀၀ ခရီး ဖြစ်ပြီးတော့ အလွန်ကြမ်းတဲ့ပွဲလို့တောင် ပြောလို့ရပါတယ်။ အကြောင်းရင်းကတော့ သဲကန္တာရထဲမှာ ပြိုင်ရတာ ဖြစ်ပြီးတော့ သဲမုန်တိုင်းဒဏ်၊ ရေငတ်မှုဒဏ်တွေအပြင် သဲဝဲတွေ၊ အချင်းချင်း ကောက်ကျစ်မှုတွေကိုပါ ကြုံတွေ့ရမှာမလို့ပါ။ Frank အနေနဲ့ ပွဲနေရာကို စရောက်ချိန်မှာ အထင်သေးမှုတွေအများကြီးကို ကြုံရပါတော့တယ်။ အမေရိကန်လူမျိုးက ရောင်စပ်မြင်းနဲ့ လာပြိုင်တယ်ဆိုပြီး လှောင်ပြောင် ကြတာပေါ့။ Frank Hopkins အနေနဲ့ အာရေးဘီးယန်းတွေရဲ့ အကောင်းဆုံးမြင်းတွေကို ကျော်နိုင်ပါ့မလား။ ပြိုင်ပွဲအတွင်းမှာရော ပြိုင်ဖက်တွေရဲ့ ဘယ်လိုနှောင့်ယှက်မှုတွေကို ကြုံတွေ့ရမလဲ။ ပြိုင်ပွဲကို အနိုင်ရပြီး ဆုကြေးငွေတွေကိုရော ရသွားနိုင်မလားဆိုတာကိုတော့ Hidalgo ဆိုတဲ့ ဒီဇာတ်ကားထဲမှာ ကြည့်ရှုလိုက်ကြပါနော်။

https://image.tmdb.org/t/p/original/6NY23F5HKQ6PrnBJmSgAK6e4et7.jpg Birth (2004) ⭐IMDB: 6.2/10 (37 k Votes) 🎬 #Drama #Fantasy #Mystery 🗓️ 2004 🎞️ Movie 📺 1080p FHD 🌎 United Kingdom, France, Germany, United States ⏰ 1 နာရီ 41 မိနစ် 19 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Birth (2004) *************** Db 6.2 / Rotten Tomatoes 39% မင်းသမီးကြီး Nicole Kidman ရဲ့ ငယ်ရွယ်နုပျိုတဲ့အလှကို အပြည့်အဝခံစားရမယ့် ဇာတ်ကားလေးတစ်ကားကို CM ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ် Nicole ရဲ့ ဆံပင်တိုတို မိန်းမအရမ်းမဆန်ဘဲ ရင့်ကျက်တည်ကြည်တဲ့အလှက ဇာတ်ကားကြည့်နေရင်း လှလိုက်တာ လှလိုက်တာလို့ရေရွတ်မိလောက်အောင်ပါပဲ ဇာတ်လမ်းလေးကတော့ ခင်ပွန်းသေးဆုံးပြီး နှစ်အနည်းငယ်အကြာမှာ ဇနီးဖြစ်သူဟာ နောက်အိမ်ထောင်ပြုဖို့ဆုံးဖြတ်ခဲ့ပါတယ် အဲ့ဒီနောက် ဇနီးဖြစ်သူရဲ့မိခင်ပါတီကို အသက်တစ်ဆယ်နှစ်အရွယ် ကောင်လေးတစ်ယောက် ရောက်လာပြီး သူဟာ သေဆုံးသွားတဲ့ခင်ပွန်းဖြစ်ကြောင်း သူ့မိန်းမကို ဒုတိယအိမ်ထောင်မပြုဖို့အကြောင်း ပြောပါတော့တယ် ဆိုတော့ ဒီကောင်လေးဟာ တကယ်ပဲ လူဝင်စားလေးလား ဇနီးဖြစ်သူကရော သားအရွယ်ဒီကောင်လေးဟာ ခင်ပွန်းပြန်ဝင်စားတာလို့ ယုံကြည်သွားမှာလား တကယ်ယုံကြည်သွားရင်ရော သူတို့ဘယ်လိုရှေ့ဆက်ကြမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့် Drama / Mystery ဇာတ်ကားကောင်းလေး တစ်ကားပဲဖြစ်ပါတယ်. Drama / Mysteryလို့သတ်မှတ်ထားပေမယ့် အိုင့်အတွက်တော့ Romance မှ Romanceစစ်စစ်ပါ🤧 ပြီးတော့ ဒီဇာတ်ကားက ဇာတ်လမ်း သရုပ်ဆောင် ဘာတစ်ခုမျှ အပြစ်ပြောစရာမရှိ ကြည့်လို့တကယ် ကောင်းရဲ့သားနဲ့ underrated ဖြစ်ခဲ့လို့ တကယ်နှမြောမိပါတယ် ကဲ ဒီဇာတ်ကားက တကယ်ပဲ underrated ဖြစ်မဖြစ်ကိုတော့ CM ပရိတ်သတ်ကြီးကိုယ်တိုင်သာကြည့်ရှုစစ်ဆေးလိုက်ပါဗျ…

https://m.media-amazon.com/images/M/MV5BY2JhYjUzYzAtMWFhMi00YzIyLTllZGQtMTAzNThkNTJhNTBmXkEyXkFqcGdeQXVyNDc2NjEyMw@@._V1_FMjpg_UX1000_.jpg Street Fighter (1994) ⭐IMDB: 4.0/10 (72 k Votes) 🎬 #Action #Adventure #Comedy 🗓️ 1994 🎞️ Movie 📺 1080p FHD 🌎 Japan, United States ⏰ 1 နာရီ 42 မိနစ် 13 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Street Fighter ဗန်ဒိန်းဆိုတာနဲ့ ကျွန်တော်တို့ ငယ်ဘဝကကြည့်နေကျ အက်ရှင်မင်းသားကြီးဆိုတာ အမှတ်ရနေကြမှာပါ… Street Fighter ဆိုတဲ့ ဒီဇာတ်လမ်းလေးမှာတော့ ဗန်ဒိန်းက Col. Guile အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ် အာရှတစ်လွှားမှာ သူသတ်အကြမ်းဖက်လုယက်နေတဲ့ အာဏာရူး General Bisonဟာ မဟာမိတ်ညွှန့်အပေါင်းအဖွဲ့က စေတနာဝန်ထမ်၆၀ကျော်ကို ပြန်ပေးဆွဲသွားကာ လျော်ကြေးငွေ ၂၀ဘီလီယံတောင်းဆိုလာတဲ့အခါ ဗန်ဒိန်းတို့ မဟာမိတ်တပ်တွေက ဝင်ရောက်တိုက်ခိုက်ဖို့ဖြစ်လာပါတော့တယ်… ဒါတင်မကသေးဘဲ ဘိုင်ဆန့်လက်ချက်ကြောင့် ဒုက္ခရောက်ခဲ့ရသူအပေါင်းကလည်း လက်စားချေတုံ့ပြန်ဖို့ ကြံစည်လာတဲ့အခါ…. တချိန်က ဗန်ဒိန်းကားတွေကို ကြည့်ခဲ့ဖူးသူဆိုရင်တော့ ဒီဇာတ်လမ်းလေးက ငယ်ဘဝကိုလည်း ပြန်ပြောင်းသတိရစေမှာပါ Action ကြိုက်တဲ့သူတွေ့အဖို့လည်း အကြိုက်တွေ့စေမယ့် ဇာတ်ကားလေး တစ်ကားမို့တင်ဆက်ပေးလိုက်ပါတယ် ။ ( ဘာသာပြန်ပြီး အညွှန်း‌ရေးသားထားသူကတော့ Tun Aung Kyaw ပါ )File Size__(2GB) / (1.1GB)Quality__Bluray_1080p, 720pIMDb Rating__5/10Format__mp4Duration__01:42:00Type__Action, Adventure, ComedySubtitle__Myanmar Subtitle (Hardsub)Translated byTun Aung KyawEncoded byNaing Aung Latt

https://m.media-amazon.com/images/M/MV5BZTJiZjFkNmYtNmU3My00MmE1LWI4YWEtNWFkZDJiOTgwMTNkXkEyXkFqcGdeQXVyMTg0MTI3Mg@@._V1_FMjpg_UX1000_.jpg The VelociPastor (2018) ⭐IMDB: 5.0/10 (7 k Votes) 🎬 #Action #Adventure #Comedy 🗓️ 2018 🎞️ Movie 📺 1080p FHD 🌎 United States, China ⏰ 1 နာရီ 11 မိနစ် 18 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 စူပါပါဝါလည်းရှိ၊ ဒိုင်နိုဆောလည်းပါပြီး၊ နင်ဂျာတွေနဲ့ပါချတဲ့ ရုပ်ရှင်မျိုး မရှိဘူးထင်ရင် မှားသွားပါမယ်။ Social mediaတွေမှာတွေ့နေကြ memeရုပ်ရှင်လေးလာပါပြီ။ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါးဟာ သူ့မိဘတွေဆုံးပါးသွားတဲ့အချိန်မှာ စိတ်ပြေလက်ပျောက်ဖြစ်အောင် တရုတ်ပြည်ဘက် ခရီးထွက်လာပါတယ်။ တရုတ်ပြည်သွားရာကနေ မထင်မှတ်ပဲ ဒိုင်နိုဆောအဖြစ်ပြောင်းနိုင်တဲ့အစွမ်းတွေရရှိလာပါတော့တယ်။ ဒိုင်နိုဆောအစွမ်းတွေရှိလာတဲ့အချိန် ကာရိုဆိုတဲ့ အပျော်မယ်လေးနဲ့တွေ့ဆုံမိချိန်မှာ သူ့ရဲ့ ဒိုင်နိုဆောပြောင်းနိုင်တဲ့ အစွမ်းတွေကို ဘယ်လိုအသုံးချသွားမလဲဆိုတာကြည့်ရှု့ရမှာပါ။

https://image.tmdb.org/t/p/original/iGzENlBPYJEFWZnye4t3nqWSSp1.jpg Hidalgo (2004) ⭐IMDB: 6.7/10 (83 k Votes) 🎬 #Action #Adventure #Biography 🗓️ 2004 🎞️ Movie 📺 720p HD 🌎 United States, Morocco ⏰ 2 နာရီ 18 မိနစ် 20 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Hidalgo(2004) ============== ဒီတစ်ခါမှာတော့ Adventure အမျိုးအစားကို ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးတို့ကို ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက် ပေးပါဦးမယ်။ ဇာတ်ကားနာမည်ကတော့ Hidalgo လို့ခေါ်ပြီး ၂၀၀၄ ခုနှစ်တုန်းက ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။ ဇာတ်ကားရဲ့ ထူးခြားချက်ကတော့ အမေရိကန် မြင်းစီးသမား Frank Hopkins နဲ့ သူ့မြင်း Hodalgo ရဲ့ ဖြစ်ရပ်မှန်ကို ဇာတ်လမ်းပြန်ရိုက်ထားတာပါ။ ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင် Frank Hopkins နဲ့ သူ့မြင်းက Buffalo Bill ဆိုသူရဲ့ Wild West show မှာ အကြမ်းခံနိုင်ဆုံး မြင်းစီးသမားအဖြစ် ပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီနာမည်ကို အာရပ် လူမျိုး‌တွေ ဖြစ်ကြတဲ့ ရှိတ်မိသားစုက သဘောမကျကြပါဘူး။ ဘာလို့လဲဆိုတော့ အတော်ဆုံးမြင်းစီးသမားနဲ့ အကောင်းဆုံးမြင်းက သူတို့ဆီမှာပဲ ရှိတယ်လို့ ယူဆကြလို့ပါ။ ဒါကြောင့်မလို့ ရှိတ်မိသားစုက Frank Hopkins ကို “မီးပင်လယ်”လို့ခေါ်တဲ့ ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ပြိုင်ပွဲကို အနိုင်ရရှိသူက ဆုကြေးငွေအနေနဲ့ အမေရိကန်ဒေါ်လာ ၁ သိန်း အနိုင်ရမှာပါ။ ပိုကောင်းတဲ့အနာဂတ်ကို ရရှိဖို့အတွက် Frank Hopkins တစ်ယောက် ပြိုင်ပွဲဝင်ဖို့ အကြောင်းဖန်လာပါတော့တယ်။ ပြိုင်ပွဲက မိုင် ၃၀၀၀ ခရီး ဖြစ်ပြီးတော့ အလွန်ကြမ်းတဲ့ပွဲလို့တောင် ပြောလို့ရပါတယ်။ အကြောင်းရင်းကတော့ သဲကန္တာရထဲမှာ ပြိုင်ရတာ ဖြစ်ပြီးတော့ သဲမုန်တိုင်းဒဏ်၊ ရေငတ်မှုဒဏ်တွေအပြင် သဲဝဲတွေ၊ အချင်းချင်း ကောက်ကျစ်မှုတွေကိုပါ ကြုံတွေ့ရမှာမလို့ပါ။ Frank အနေနဲ့ ပွဲနေရာကို စရောက်ချိန်မှာ အထင်သေးမှုတွေအများကြီးကို ကြုံရပါတော့တယ်။ အမေရိကန်လူမျိုးက ရောင်စပ်မြင်းနဲ့ လာပြိုင်တယ်ဆိုပြီး လှောင်ပြောင် ကြတာပေါ့။ Frank Hopkins အနေနဲ့ အာရေးဘီးယန်းတွေရဲ့ အကောင်းဆုံးမြင်းတွေကို ကျော်နိုင်ပါ့မလား။ ပြိုင်ပွဲအတွင်းမှာရော ပြိုင်ဖက်တွေရဲ့ ဘယ်လိုနှောင့်ယှက်မှုတွေကို ကြုံတွေ့ရမလဲ။ ပြိုင်ပွဲကို အနိုင်ရပြီး ဆုကြေးငွေတွေကိုရော ရသွားနိုင်မလားဆိုတာကိုတော့ Hidalgo ဆိုတဲ့ ဒီဇာတ်ကားထဲမှာ ကြည့်ရှုလိုက်ကြပါနော်။

https://m.media-amazon.com/images/M/MV5BY2JhYjUzYzAtMWFhMi00YzIyLTllZGQtMTAzNThkNTJhNTBmXkEyXkFqcGdeQXVyNDc2NjEyMw@@._V1_FMjpg_UX1000_.jpg Street Fighter (1994) ⭐IMDB: 4.0/10 (72 k Votes) 🎬 #Action #Adventure #Comedy 🗓️ 1994 🎞️ Movie 📺 720p HD 🌎 Japan, United States ⏰ 1 နာရီ 42 မိနစ် 13 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Street Fighter ဗန်ဒိန်းဆိုတာနဲ့ ကျွန်တော်တို့ ငယ်ဘဝကကြည့်နေကျ အက်ရှင်မင်းသားကြီးဆိုတာ အမှတ်ရနေကြမှာပါ… Street Fighter ဆိုတဲ့ ဒီဇာတ်လမ်းလေးမှာတော့ ဗန်ဒိန်းက Col. Guile အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ် အာရှတစ်လွှားမှာ သူသတ်အကြမ်းဖက်လုယက်နေတဲ့ အာဏာရူး General Bisonဟာ မဟာမိတ်ညွှန့်အပေါင်းအဖွဲ့က စေတနာဝန်ထမ်၆၀ကျော်ကို ပြန်ပေးဆွဲသွားကာ လျော်ကြေးငွေ ၂၀ဘီလီယံတောင်းဆိုလာတဲ့အခါ ဗန်ဒိန်းတို့ မဟာမိတ်တပ်တွေက ဝင်ရောက်တိုက်ခိုက်ဖို့ဖြစ်လာပါတော့တယ်… ဒါတင်မကသေးဘဲ ဘိုင်ဆန့်လက်ချက်ကြောင့် ဒုက္ခရောက်ခဲ့ရသူအပေါင်းကလည်း လက်စားချေတုံ့ပြန်ဖို့ ကြံစည်လာတဲ့အခါ…. တချိန်က ဗန်ဒိန်းကားတွေကို ကြည့်ခဲ့ဖူးသူဆိုရင်တော့ ဒီဇာတ်လမ်းလေးက ငယ်ဘဝကိုလည်း ပြန်ပြောင်းသတိရစေမှာပါ Action ကြိုက်တဲ့သူတွေ့အဖို့လည်း အကြိုက်တွေ့စေမယ့် ဇာတ်ကားလေး တစ်ကားမို့တင်ဆက်ပေးလိုက်ပါတယ် ။ ( ဘာသာပြန်ပြီး အညွှန်း‌ရေးသားထားသူကတော့ Tun Aung Kyaw ပါ )File Size__(2GB) / (1.1GB)Quality__Bluray_1080p, 720pIMDb Rating__5/10Format__mp4Duration__01:42:00Type__Action, Adventure, ComedySubtitle__Myanmar Subtitle (Hardsub)Translated byTun Aung KyawEncoded byNaing Aung Latt

https://m.media-amazon.com/images/M/MV5BODJmYTg4NTEtYTU0Mi00YjQ0LTkyYzEtMTU4MTM2ZWY3NjY4XkEyXkFqcGdeQXVyNjEwNTM2Mzc@._V1_FMjpg_UX1000_.jpg Pelé (2021) ⭐IMDB: 7.0/10 (5 k Votes) 🎬 #Biography #Documentary #Sport 🗓️ 2021 🎞️ Movie 📺 1080p FHD 🌎 United Kingdom ⏰ 1 နာရီ 49 မိနစ် 39 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Pelé (2021) ========= IMDb Rating 7.1/10 ပီလီ…ဘောလုံးချစ်သူတိုင်း ပီလီကို မသိရင် ရာဇဝင်ရိုင်းသွားလိမ့်မယ်လို့တောင် ပြောလို့ရပါတယ်။သမိုင်းတစ်လျှောက် အကောင်းဆုံးဘောလုံးသမား ပီလီ၊ ဘောလုံးဘုရင် ပီလီ၊ ကမ္ဘာ့ဖလားအကြိမ်ရေအများဆုံးရယူထားနိုင်တဲ့ ကစားသမား ပီလီ သူ့ကိုတော့ မသိတဲ့သူမရှိပါဘူး။သူ့ကြောင့်ပဲ ကမ္ဘာပေါ်က ဟိုမရောက်ဒီမြောက် နိုင်ငံလေးက တစ်ကမ္ဘာလုံးသိတဲ့ ဘရာဇီးဆိုပြီးဖြစ်လာခဲ့တာပါ။သူ့ကို ဘရာဇီးနိုင်ငံရဲ့တော်ဝင်မင်းသားလို့တောင် သတ်မှတ်ထားကြပါတယ်။ဘရာဇီးလူမျိုးဖြစ်ရတာ သူ့ကြောင့် ဂုဏ်ယူတတ်လာကြပါတယ်။ဒါပေမဲ့ ဘရာဇီးနိုင်ငံကို စစ်တပ်က အာဏာသိမ်းတဲ့အချိန်မှာ သူဘာလုပ်ခဲ့လဲဆိုတော့ ဘာမှမလုပ်ခဲ့ပါဘူး။သူ့ရဲ့အရှိန်အဝါကြီးမားမှုကို အာဏာရှင်က အခွင့်ကောင်းယူဖို့ ကြိုးစားတာကိုလည်း သူကမသိကျိုးကျွန်ပြုနေခဲ့ပါတယ်။သူသာနိုင်ငံရေးမှာဝင်ပါခဲ့ရင် ဘရာဇီးသမိုင်းက အပြောင်းလဲကြီးပြောင်းလဲသွားမှာ အသေအချာပါပဲ။ဒါပေမဲ့ သူကတော့ နိုင်ငံရေးမှာ လုံးဝဝင်မစွက်ဖက်ခဲ့ပါဘူး။သူ့စိတ်ထဲမှာဘောလုံးပဲရှိပါတယ်။အဲဒါကြောင့် သူ့ရဲ့နိုင်ငံသားတွေအပေါ် တင်နေတဲ့အကြွေးကို ၁၉၇၀ မက္ကစီကိုမှာ ကျင်းပတဲ့ ကမ္ဘာ့ဖလားပွဲမှာ အနိုင်ယူပြီး အာဏာရှင်အောက်ကျရောက်နေတဲ့ သူ့နိုင်ငံအတွက် စိတ်အားတက်ကြွစရာတစ်ခုပေးနိုင်လိုက်ပါတယ်။သူ့ရဲ့အောင်မြင်မှုက အာဏာရှင်စနစ်ကိုတိုက်ဖျက်ရေးအတွက် ဘာမှအထောက်အကူမဖြစ်ပေမဲ့ ဘရာဇီးလူမျိုးတွေက ကမ္ဘာနဲ့ယှဉ်ပြီး ရင်ဘောင်တန်းနိုင်သေးတယ်ဆိုတာကို ပြပေးပြီး မျှော်လင့်ချက်တွေ ဆက်လက်ရှင်သန်စေခဲ့ပါတယ်။ဘောလုံးဘုရင်ပီလီကတော့ နိုင်ငံရေးမှာ လုံးဝကြားနေဆိုပေမဲ့ သူ့နိုင်ငံအတွက် သူချစ်တဲ့ ဘောလုံးနဲ့ တစ်ထောင့်တစ်နေရာကနေ အကျိုးပြုပေးခဲ့ပါတယ်။ကျွန်တော်တို့ရော ပီလီလို နိုင်ငံအတွက် အကျိုးဖြစ်ထွန်းအောင် ကိုယ်ကျွမ်းကျင်ရာနဲ့ အထောက်အပံ့ပေးနိုင်ဖို့၊ လုပ်ဆောင်နေဆဲဆိုရင်လည်း ကိုယ်လုပ်နေတဲ့အရာက နိုင်ငံအတွက်အမျိုးဖြစ်ထွန်းမှာကိုတွေးမိပြီး အားတက်လာနိုင်ဖို့၊ နိုင်ငံအတွက် ဘာမှမလုပ်ပေးနိုင်တာကို အရှက်ရကြရတဲ့သူတွေမဖြစ်ကြရဖို့ ပီလီရဲ့ ဘဝတစ်စိတ်တစ်ပိုင်းလေးကို ဝင်ပြီးခံစားကြည့်လိုက်ကြရအောင်ဗျာ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ d3mon ပဲဖြစ်ပါတယ်။)

https://m.media-amazon.com/images/M/MV5BMTg2NzQwMzQyMF5BMl5BanBnXkFtZTgwNzkzODk2ODE@._V1_FMjpg_UX1000_.jpg Pele: Birth of a Legend (2016) ⭐IMDB: 7.1/10 (19 k Votes) 🎬 #Biography #Drama #Sport 🗓️ 2016 🎞️ Movie 📺 720p HD 🌎 United States ⏰ 1 နာရီ 47 မိနစ် 06 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီကားလေးဟာ Imdb rating အနေနဲ့ 7.2/10 အထိရရှိထားပြီး အောင်မြင်ထားတဲ့ကားလေးပါထွက်ရှိတဲ့နေ့ရက်ကတော့ ၁၃ ရက် မေလ ၂၀၁၆ မှာထွက်ရှိခဲ့ပါတယ်။————————–ဒီကားလေးရဲ့ ဇာတ်အိမ်ဟာ ၁၉၈၅ ခုနှစ်လောက်ကဘောလုံးလောကထဲကို စတင်ခြေချ ခဲ့တဲ့ ဘရာဇီးနိုင်ငံသား ဘောလုံးသမားကြီး {ပီလီ (pele)} နာစီမန်တို ရဲ့ သူ ကလေးဘဝကနေစပြီးအောင်မြင်လာတဲ့အချိန်အထိ ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ။ သူ့ရဲ့ ငယ်ဘဝဟာ ဖိနပ်တိုက်ကျောင်းတက်ရတဲ့ဘဝဖြစ်ပြီး သူ့ရဲ့မွေးရာပါပင်ကိုယ်စွမ်းရည်ကတော့ဘောလုံး ကစားတာပါ။ ဘောလုံးကို ကျွမ်းကျွမ်းကျင်ကျင်ကစားတတ်ပြီးအများနဲ့မတူတဲ့ ကစားနည်းနဲ့ဆော့ကစားတာပါဒါပေမဲ့ ဘောလုံးဆော့တာကို သူ့ရဲ့အမေဖြစ်သူကမကြိုက်ပါဘူး။ ဒါပေမဲ့ ခိုးကြောင်ခိုးဝှက်ဆော့ရင်းနဲ့သူ့သူငယ်ချင်းတစ်ဦးသေဆုံးခဲ့ပြီး စိတ်ဒါဏ်ရာ ရခဲ့ပါတယ်။ ဒါပေမဲ့ လဲ သူ့မှာရှိတဲ့ ဘောလုံး ပင်ကိုယ်စွမ်းရည်ကို သူ့အမေဟာ တွေ့မြင်သွားပြီး သူ့ရဲ့သားကို ချစ်တဲ့ စိတ်နဲ့ ဘောလုံးအသင်း ဥက္ကဌတစ်ဦးနဲ့ မိတ်ဆက်ပေးခဲ့ပါတယ် ။ အဲ့လိုမိတ်ဆက်ပေးပြီးတဲ့နောက်မှာတော့ သူ့ဘဝရဲ့အောင်မြင်မှုလမ်းကြောင်းဟာ စတင်လို့လာခဲ့ပါပြီ။လူတိုင်းဟာ အောင်မြင်မှုလမ်းကြောင်းအပေါ်လျှောက်လှမ်းတဲ့အခါ အခက်အခဲတွေကတော့အများကြီးတွေ့ကျစမြဲပါ ။ သူလဲ အခက်အခဲတွေအများကြီးရင်ဆိုင်ခဲ့ရပါတယ်။သူလဲ သူ့ရဲ့ အောင်မြင်မှု လမ်းကြောင်းကို လျှောက်တဲ့အခါ ………..-ဘယ်လိုအခက်အခဲတွေတွေ့မလဲ-အောင်မြင်မှုကို ဘယ်လိုရရှိမလဲ-သူ့ရဲ့ သနားစရာကောင်းတဲ့ ငယ်ဘဝ ပုံရိပ်တွေကိုဒီကားလေးထဲမှာ ကြည့်ရှုရမှာပါ ……..-သားသမီး အပေါ်ကို ချစ်တတ်တဲ့ မိဘ ရဲ့ ပုံရိပ်လေးတွေလဲတွေ့ရမှာပါ ဒီကားလေးဟာ Imdb rating အနေနဲ့ 7.2/10 အထိရရိွထားပြီး အောင်မြင်ထားတဲ့ကားလေးပါထွက်ရိွတဲ့နေ့ရက်ကတော့ ၁၃ ရက် မေလ ၂၀၁၆ မှာထွက်ရိွခဲ့ပါတယ်။————————–ဒီကားလေးရဲ့ ဇာတ်အိမ်ဟာ ၁၉၈၅ ခုနှစ်လောက်ကဘောလုံးလောကထဲကို စတင်ခြေချ ခဲ့တဲ့ ဘရာဇီးနိုင်ငံသား ဘောလုံးသမားကြီး {ပီလီ (pele)} နာစီမန်တို ရဲ့ သူ ကလေးဘဝကနေစပြီးအောင်မြင်လာတဲ့အချိန်အထိ ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ။ သူ့ရဲ့ ငယ်ဘဝဟာ ဖိနပ်တိုက်ကျောင်းတက်ရတဲ့ဘဝဖြစ်ပြီး သူ့ရဲ့မွေးရာပါပင်ကိုယ်စွမ်းရည်ကတော့ဘောလုံး ကစားတာပါ။ ဘောလုံးကို ကျွမ်းကျွမ်းကျင်ကျင်ကစားတတ်ပြီးအများနဲ့မတူတဲ့ ကစားနည်းနဲ့ဆော့ကစားတာပါဒါပေမဲ့ ဘောလုံးဆော့တာကို သူ့ရဲ့အမေဖြစ်သူကမကြိုက်ပါဘူး။ ဒါပေမဲ့ ခိုးကြောင်ခိုးဝှက်ဆော့ရင်းနဲ့သူ့သူငယ်ချင်းတစ်ဦးသေဆုံးခဲ့ပြီး စိတ်ဒါဏ်ရာ ရခဲ့ပါတယ်။ ဒါပေမဲ့ လဲ သူ့မှာရိွတဲ့ ဘောလုံး ပင်ကိုယ်စွမ်းရည်ကို သူ့အမေဟာ တွေ့မြင်သွားပြီး သူ့ရဲ့သားကို ချစ်တဲ့ စိတ်နဲ့ ဘောလုံးအသင်း ဥက္ကဌတစ်ဦးနဲ့ မိတ်ဆက်ပေးခဲ့ပါတယ် ။ အဲ့လိုမိတ်ဆက်ပေးပြီးတဲ့နောက်မှာတော့ သူ့ဘဝရဲ့အောင်မြင်မှုလမ်းကြောင်းဟာ စတင်လို့လာခဲ့ပါပြီ။လူတိုင်းဟာ အောင်မြင်မှုလမ်းကြောင်းအပေါ်လျှောက်လှမ်းတဲ့အခါ အခက်အခဲတွေကတော့အများကြီးတွေ့ကျစမြဲပါ ။ သူလဲ အခက်အခဲတွေအများကြီးရင်ဆိုင်ခဲ့ရပါတယ်။သူလဲ သူ့ရဲ့ အောင်မြင်မှု လမ်းကြောင်းကို လျှောက်တဲ့အခါ ………..-ဘယ်လိုအခက်အခဲတွေတွေ့မလဲ-အောင်မြင်မှုကို ဘယ်လိုရရိွမလဲ-သူ့ရဲ့ သနားစရာကောင်းတဲ့ ငယ်ဘဝ ပုံရိပ်တွေကိုဒီကားလေးထဲမှာ ကြည့်ရှုရမှာပါ ……..-သားသမီး အပေါ်ကို ချစ်တတ်တဲ့ မိဘ ရဲ့ ပုံရိပ်လေးတွေလဲတွေ့ရမှာပါ

https://image.tmdb.org/t/p/original/nmh7vD2eDVRqFJoCpEzVcfGcPPf.jpg Argentina, 1985 (2022) ⭐IMDB: 7.7/10 (11 k Votes) 🎬 #Biography #Drama 🗓️ 2022 🎞️ Movie 📺 720p HD 🌎 N/A ⏰ 2 နာရီ 22 မိနစ် 17 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Argentina, 1985 (2022) ~ IMDb – 7.7/10, Rotten Tomatoes – 98% ~ တလောက ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲသွားခဲ့တဲ့ အာဂျင်တီးနားနိုင်ငံရဲ့ နိုင်ငံရေးဖြတ်သန်းမှု မိုင်တိုင်တစ်ခုကို ရိုက်ပြထားတဲ့ ဖြစ်ရပ်မှန် ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။ စစ်အုပ်ချုပ်မှုကနေ ဒီမိုကရေစီရပြီးကာစ အာဂျင်တီးနားနိုင်ငံရဲ့ နိုင်ငံရေးအခင်းအကျင်းပေါ်က တရားဥပဒေဘက်တော်သားတွေရဲ့ အားထုတ်ခဲ့မှုတစ်ခုဖြစ်တဲ့ စစ်ခေါင်းဆောင်ဟောင်းတွေကို ရုံးတင်စစ်ဆေးခဲ့တဲ့ ကာလတစ်လျှောက်လုံးကို မြင်တွေ့ရမှာပါ။ ဒိတ်ဒိတ်ကြဲ စစ်ခေါင်းဆောင်ဟောင်းတွေကို တရားစွဲဆိုဖို့ ဆွဲချရှေ့နေအဖြစ်တာဝန်ပေးခံလိုက်ရတဲ့ အစိုးရရှေ့နေ စထရက်စဲရာရဲ့ ရင်ပူစရာတွေကို အတူတူလိုက်ပူပေးလို့ရမယ့်၊ အားတက်စရာတွေကို အတူတူလိုက်ပျော်ပေးလို့ရမယ့်၊ မိသားစုအရေးနဲ့ တရားရေးကြားက ချိန်ခွင်လျှာကို ဘက်စောင်းမသွားအောင် ထိန်းဖို့ကြိုးစားနေတဲ့ အိမ်ထောင်ဦးစီးတဖြစ်လဲ အစိုးရရှေ့နေတစ်ယောက်ရဲ့ အပူမီးတွေကိုလည်း မျှဝေခံစားနိုင်ဦးမယ့် ပစ်ရက်စရာတစ်ကွက်မရှိတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ အာဂျင်တီးနား နိုင်ငံရေးကားလေးဖြစ်တဲ့အလျောက် လက်ရှိ အရမ်း Hot ဖြစ်နေတဲ့ “အာဂျင်တီးနား” နဲ့ “နိုင်ငံရေး” ၂မျိုးလုံးကို တစ်ကားထဲမှာ ကြည့်ရမှာမို့ ရှယ်တန်နေပါပြီ။ ဒီနှစ် အောက်တိုဘာလတုန်းကထွက်ခဲ့တဲ့ ဒီကားဟာ လက်ရှိမှာ ဆု ၇ဆုပိုင်ဆိုင်ထားတဲ့အပြင် လာမယ့်နှစ်အတွက် ရွှေကမ္ဘာလုံးဆု (Golden Globes) မှာ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားအဖြစ် အမည်စာရင်းဝင်ထားပြီးပါပြီ။ ဒါ့အပြင် ၂၀၂၃ ခုနှစ်အတွက် အကောင်းဆုံးနိုင်ငံတကာရုပ်ရှင် အကယ်ဒမီဆုအတွက်လည်း လျာထားစာရင်းထဲမှာလည်း ပါဝင်ထားပါတယ်။ ဆိုတော့ ကောင်း/မကောင်း သိပ်ညွှန်းနေစရာ လိုမယ်မထင်တော့ပါဘူး။ အခုမကြည့်သေးဘဲ အကယ်ဒမီနဲ့ ရွှေကမ္ဘာလုံးတစ်ခုခုရပြီးမှ ကြည့်ချင်ရင်တောင် ခုပဲ ကြိုတင်ဒေါင်းထားဖို့မမေ့နဲ့ဦးနော့်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုZမှ ပြန်ဆို ရေးသားထားပါတယ်)

https://m.media-amazon.com/images/M/MV5BYzEwODM4MzgtMzVjMy00ODFjLWJhNDktMjYyYTU4MjViNzBlXkEyXkFqcGdeQXVyMTQyNDk2NzE@._V1_FMjpg_UX1000_.jpg A Christmas Masquerade (2022) ⭐IMDB: 5.2/10 (231 Votes) 🎬 #Comedy #Romance 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 N/A ⏰ 1 နာရီ 30 မိနစ် 01 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 A Christmas Masquerade(2022) လော်ရာနဲ့ ဂျူလီဟန်းတို့ဟာ အလုပ်အတူတွဲလုပ်ကြတဲ့ best fri တွေပေါ့ လော်ရာက PR(public relations) လုပ်တယ် ဂျူလီယန်းက လော်ရာရဲ့ assistant ပေါ့ တစ်နေ့မှာ အလုပ်တွေအသားကုန်လုပ်နေရတဲ့လော်ရာတစ်ယောက် ခနတဖြုတ်အေးဆေးအနားယူချင်တာနဲ့ သူ့ရဲ့လက်ထောက်လဲဖြစ် bestie လဲဖြစ်တဲ့ ဂျူလီယန်းကို ပါတီတစ်ခုသူ့အစားသွားတက်ခိုင်းပါတော့တယ် ကံဆိုးသလားကံကောင်းလားတော့မသိဘူး ပါတီသွားတက်တဲ့ဂျူလီယန်းတစ်ယောက် လော်ရာ့နေရာကနေဟန်ဆောင်ရင်းအဟန်ဆောင်လွန်ပြီး မိုက်ကယ်ဆိုတဲ့ ခန့်ချောကြီးကို PRလုပ်ပေးဖို့ဖြစ်လာတော့တယ် ကောင်မလေးနှစ်ယောက်လဲ မတတ်သာတဲ့အဆုံး ရာထူးတွေချ်ိန်းကုန်ပြီး အရင်က PR လုပ်တဲ့ လော်ရာက assistant ပြန်လုပ် အရင်က assistant လုပ်တဲ့ ဂျူလီယန်းကလော်ရာ့အစား PR ပြန်လုပ်တွေဖြစ်ကုန်ပြီး လူ့ဂွစာကြီး မိုက်ကယ်နဲ့ဘယ်လို ဆက်ခရီးဆက်မလဲကြည့်ရမှာ Christmas ကာလမှာ couple တွေအနေနဲ့ အိမ်မှာအတူတူစောင်လေးခြုံကွေးပြီး ကြည့်လို့ကောင်းမယ့် Christmas Love story လေးတစ်ပုဒ်ပါ ။ ( ဘာသာပြန်ပြီး အညွှန်း‌ရေးသားထားသူကတော့ Hein That Naing ပါ )

https://m.media-amazon.com/images/M/MV5BYmMyZTNkNzktOWM5NC00OWEyLWIzYjctYjk2MzFlOWRkMThiXkEyXkFqcGdeQXVyMTU2NDkwOTAw._V1_FMjpg_UX1000_.jpg Butterfly (2022) ⭐IMDB: 7.2/10 (48 Votes) 🎬 #Bollywood #Mystery #Thriller 🗓️ 2022 🎞️ movie 📺 720p HD 🌎 India ⏰ 2 နာရီ 17 မိနစ် 07 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Butterfly ( 2022 )IMDb 7.7/10 အခုတစ်ခေါက်တင်ဆက်ပေးမှာကတော့ ဒီနှစ်ထဲမှာပဲRowdy Boysနဲ့ Karthikeyan 2ရုပ်ရှင်တွေထွက်ရှိထားတဲ့ မင်းသမီး Anupama ရဲ့ Mystery ရုပ်ရှင်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ ဗိုင်ဂျေယန်တီနဲ့ဂီသာတို့ဟာ မိဘတွေမရှိကြတော့ပဲ ကိုယ့်ဘ၀ကိုယ်ရပ်တည်နေကြတဲ့ ညီအစ်မနှစ်ယောက်ဖြစ်ပါတယ်။ဗိုင်ဂျေယန်တီဟာ အလွန်တော်တဲ့ရှေ့နေတစ်ယောက်ဖြစ်ပြီးတော့ အိမ်ထောင်ကွဲ ကလေးနှစ်ယောက်မိခင်လည်းဖြစ်ပါတယ်။တရားသူကြီးဖြစ်ဖို့ကြိုးပမ်းနေတဲ့အပြင် လာဘ်ပေးလာဘ်ယူတွေလက်မခံတဲ့အတွက်ကြောင့်လည်း မုန်းတဲ့သူတွေရှိနေပါတယ်။ ဂီသာကတော့ အစ်မဖြစ်သူကိုအမေတစ်ယောက်လိုလေးစားချစ်ခင်တဲ့သူပါ…။ တစ်ရက်မှာတော့ အစ်မဖြစ်သူဒေလီမြို့ကို အင်တာဗျူးဖြေဖို့သွားနေတဲ့အချိန် ဂီသာတစ်ယောက် ကလေးနှစ်ယောက်ကိုကြည့်ရှုပေးထားဖို့ဖြစ်လာပါတယ်။ကျောင်းပို့ဖို့ လှေကားကနေအဆင်း ဂီသာသတိမပြုမိလိုက်တဲ့အချိန်ခဏလေးမှာပဲ ကလေးနှစ်ယောက် ပျောက်ချင်းမလှပျောက်သွားပါတော့တယ်…။ကလေးနှစ်ယောက်ဘယ်ကိုပျောက်သွားတာလဲ…ပြန်ပေးဆွဲတဲ့သူတွေရှိနေတာလား…အစ်မဖြစ်သူမရှိတဲ့အချိန်မှာ ဂီသာတစ်ယောက် ကလေးတွေကိုဘယ်လိုပြန်ရှာမှာလဲဆိုတာကိုတော့ ဒီဇာတ်လမ်းမှာစိတ်၀င်စားဖွယ်ဆက်လက်ကြည့်ရှုရမှာပါ။

https://channelmyanmar.org/wp-content/uploads/2022/12/MV5BYmMyZTNkNzktOWM5NC00OWEyLWIzYjctYjk2MzFlOWRkMThiXkEyXkFqcGdeQXVyMTU2NDkwOTAw._V1_.jpg Butterfly (2022) ⭐IMDB: ⁉️ 🎬 #Bollywood #Mystery #Thriller 🗓️ 2022 🎞️ Movie 📺 720p HD 🌎 N/A ⏰ 2 နာရီ 17 မိနစ် 07 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Butterfly ( 2022 )IMDb 7.7/10 အခုတစ်ခေါက်တင်ဆက်ပေးမှာကတော့ ဒီနှစ်ထဲမှာပဲRowdy Boysနဲ့ Karthikeyan 2ရုပ်ရှင်တွေထွက်ရှိထားတဲ့ မင်းသမီး Anupama ရဲ့ Mystery ရုပ်ရှင်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ ဗိုင်ဂျေယန်တီနဲ့ဂီသာတို့ဟာ မိဘတွေမရှိကြတော့ပဲ ကိုယ့်ဘ၀ကိုယ်ရပ်တည်နေကြတဲ့ ညီအစ်မနှစ်ယောက်ဖြစ်ပါတယ်။ဗိုင်ဂျေယန်တီဟာ အလွန်တော်တဲ့ရှေ့နေတစ်ယောက်ဖြစ်ပြီးတော့ အိမ်ထောင်ကွဲ ကလေးနှစ်ယောက်မိခင်လည်းဖြစ်ပါတယ်။တရားသူကြီးဖြစ်ဖို့ကြိုးပမ်းနေတဲ့အပြင် လာဘ်ပေးလာဘ်ယူတွေလက်မခံတဲ့အတွက်ကြောင့်လည်း မုန်းတဲ့သူတွေရှိနေပါတယ်။ ဂီသာကတော့ အစ်မဖြစ်သူကိုအမေတစ်ယောက်လိုလေးစားချစ်ခင်တဲ့သူပါ…။ တစ်ရက်မှာတော့ အစ်မဖြစ်သူဒေလီမြို့ကို အင်တာဗျူးဖြေဖို့သွားနေတဲ့အချိန် ဂီသာတစ်ယောက် ကလေးနှစ်ယောက်ကိုကြည့်ရှုပေးထားဖို့ဖြစ်လာပါတယ်။ကျောင်းပို့ဖို့ လှေကားကနေအဆင်း ဂီသာသတိမပြုမိလိုက်တဲ့အချိန်ခဏလေးမှာပဲ ကလေးနှစ်ယောက် ပျောက်ချင်းမလှပျောက်သွားပါတော့တယ်…။ကလေးနှစ်ယောက်ဘယ်ကိုပျောက်သွားတာလဲ…ပြန်ပေးဆွဲတဲ့သူတွေရှိနေတာလား…အစ်မဖြစ်သူမရှိတဲ့အချိန်မှာ ဂီသာတစ်ယောက် ကလေးတွေကိုဘယ်လိုပြန်ရှာမှာလဲဆိုတာကိုတော့ ဒီဇာတ်လမ်းမှာစိတ်၀င်စားဖွယ်ဆက်လက်ကြည့်ရှုရမှာပါ။

https://image.tmdb.org/t/p/original/nmh7vD2eDVRqFJoCpEzVcfGcPPf.jpg Argentina, 1985 (2022) ⭐IMDB: 7.7/10 (11 k Votes) 🎬 #Biography #Drama 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 N/A ⏰ 2 နာရီ 22 မိနစ် 17 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Argentina, 1985 (2022) ~ IMDb – 7.7/10, Rotten Tomatoes – 98% ~ တလောက ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲသွားခဲ့တဲ့ အာဂျင်တီးနားနိုင်ငံရဲ့ နိုင်ငံရေးဖြတ်သန်းမှု မိုင်တိုင်တစ်ခုကို ရိုက်ပြထားတဲ့ ဖြစ်ရပ်မှန် ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။ စစ်အုပ်ချုပ်မှုကနေ ဒီမိုကရေစီရပြီးကာစ အာဂျင်တီးနားနိုင်ငံရဲ့ နိုင်ငံရေးအခင်းအကျင်းပေါ်က တရားဥပဒေဘက်တော်သားတွေရဲ့ အားထုတ်ခဲ့မှုတစ်ခုဖြစ်တဲ့ စစ်ခေါင်းဆောင်ဟောင်းတွေကို ရုံးတင်စစ်ဆေးခဲ့တဲ့ ကာလတစ်လျှောက်လုံးကို မြင်တွေ့ရမှာပါ။ ဒိတ်ဒိတ်ကြဲ စစ်ခေါင်းဆောင်ဟောင်းတွေကို တရားစွဲဆိုဖို့ ဆွဲချရှေ့နေအဖြစ်တာဝန်ပေးခံလိုက်ရတဲ့ အစိုးရရှေ့နေ စထရက်စဲရာရဲ့ ရင်ပူစရာတွေကို အတူတူလိုက်ပူပေးလို့ရမယ့်၊ အားတက်စရာတွေကို အတူတူလိုက်ပျော်ပေးလို့ရမယ့်၊ မိသားစုအရေးနဲ့ တရားရေးကြားက ချိန်ခွင်လျှာကို ဘက်စောင်းမသွားအောင် ထိန်းဖို့ကြိုးစားနေတဲ့ အိမ်ထောင်ဦးစီးတဖြစ်လဲ အစိုးရရှေ့နေတစ်ယောက်ရဲ့ အပူမီးတွေကိုလည်း မျှဝေခံစားနိုင်ဦးမယ့် ပစ်ရက်စရာတစ်ကွက်မရှိတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ အာဂျင်တီးနား နိုင်ငံရေးကားလေးဖြစ်တဲ့အလျောက် လက်ရှိ အရမ်း Hot ဖြစ်နေတဲ့ “အာဂျင်တီးနား” နဲ့ “နိုင်ငံရေး” ၂မျိုးလုံးကို တစ်ကားထဲမှာ ကြည့်ရမှာမို့ ရှယ်တန်နေပါပြီ။ ဒီနှစ် အောက်တိုဘာလတုန်းကထွက်ခဲ့တဲ့ ဒီကားဟာ လက်ရှိမှာ ဆု ၇ဆုပိုင်ဆိုင်ထားတဲ့အပြင် လာမယ့်နှစ်အတွက် ရွှေကမ္ဘာလုံးဆု (Golden Globes) မှာ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားအဖြစ် အမည်စာရင်းဝင်ထားပြီးပါပြီ။ ဒါ့အပြင် ၂၀၂၃ ခုနှစ်အတွက် အကောင်းဆုံးနိုင်ငံတကာရုပ်ရှင် အကယ်ဒမီဆုအတွက်လည်း လျာထားစာရင်းထဲမှာလည်း ပါဝင်ထားပါတယ်။ ဆိုတော့ ကောင်း/မကောင်း သိပ်ညွှန်းနေစရာ လိုမယ်မထင်တော့ပါဘူး။ အခုမကြည့်သေးဘဲ အကယ်ဒမီနဲ့ ရွှေကမ္ဘာလုံးတစ်ခုခုရပြီးမှ ကြည့်ချင်ရင်တောင် ခုပဲ ကြိုတင်ဒေါင်းထားဖို့မမေ့နဲ့ဦးနော့်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုZမှ ပြန်ဆို ရေးသားထားပါတယ်)

https://image.tmdb.org/t/p/original/q2CbFRigH5qz8v68Q5GbadSMcOz.jpg 1898: Our Last Men in the Philippines (2016) ⭐IMDB: 6.5/10 (3 k Votes) 🎬 #Drama #History #War 🗓️ 2016 🎞️ Movie 📺 1080p FHD 🌎 Spain ⏰ 2 နာရီ 10 မိနစ် 14 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 1898: Our Last Men in the Philippines(2016) ***************************************** ဒီဇာတ်ကားဟာ လေးရာစုနီးပါး သက်တမ်းကြာရှည်ခဲ့တဲ့ စပိန်အင်ပါယာရဲ့နောက်ဆုံး ကိုလိုနီနယ်မြေဆုံးရှုံးခဲ့ရတဲ့အကြောင်းကို ပြန်လည်ရိုက်ကူးထားတဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းလေးပါ။ဘယ်သူမှမနိုင်နိုင်တဲ့စစ် ဘယ်သူမှ မရှုံးချင်တဲ့စစ်ပွဲလေးကို ရည်ညွှန်းရိုက်ကူးထားပါ။ ဇာတ်လမ်းအစမှာ စပိန်အင်ပါယာပိုင် ဖိလစ်ပိုင်နိုင်ငံ ဘာလယ်ဆိုတဲ့ကျွန်းမြို့လေးဟာနယ်ခံတော်လှန်ရေးသမားတွေအလစ်ငိုက်သိမ်းပိုက်တာခံရပြီး စပိန်မြို့စောင့်တပ်သားတွေဟာလည်း အားလုံးနီးပါးသတ်ဖြတ်ခံလိုက်ရပါတယ်။ ဒီကိုလိုနီမြို့လေးကို ပြန်သိမ်းဖို့အတွက်ကပ္ပတိန် အန်းရစ်နဲ့ လက်ဖတင်နင် မာတင်စီရီဇိုတို့ဦးဆောင်ပြီးနောက်ထပ် တပ်စုတစ်စုကိုစပိန်ကစေလွှတ်လိုက်ပါတယ်။ အဲ့ကာလဟာစပိန်အင်ပါယာရဲ့ဆုတ်ယုတ်အချိန်လည်းဖြစ်နေတာကြောင့်သူတို့တပ်စုကို ရိက္ခာအင်အား ဘာ့မှထောက်ပံ့မပေးနိုင်တော့ပါဘူး။ အဆုံးသတ်မှာ ဘယ်လိုဖြစ်သွားမလဲဆိုတာ ကိုတော့ ဇာတ်လမ်းထဲမှာစောင့်ကြည့်ရင်းကြည့်ရှုခံစားလိုက်ပါဦး။

https://image.tmdb.org/t/p/original/q2CbFRigH5qz8v68Q5GbadSMcOz.jpg 1898: Our Last Men in the Philippines (2016) ⭐IMDB: 6.5/10 (3 k Votes) 🎬 #Drama #History #War 🗓️ 2016 🎞️ Movie 📺 720p HD 🌎 Spain ⏰ 2 နာရီ 10 မိနစ် 14 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 1898: Our Last Men in the Philippines(2016) ***************************************** ဒီဇာတ်ကားဟာ လေးရာစုနီးပါး သက်တမ်းကြာရှည်ခဲ့တဲ့ စပိန်အင်ပါယာရဲ့နောက်ဆုံး ကိုလိုနီနယ်မြေဆုံးရှုံးခဲ့ရတဲ့အကြောင်းကို ပြန်လည်ရိုက်ကူးထားတဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းလေးပါ။ဘယ်သူမှမနိုင်နိုင်တဲ့စစ် ဘယ်သူမှ မရှုံးချင်တဲ့စစ်ပွဲလေးကို ရည်ညွှန်းရိုက်ကူးထားပါ။ ဇာတ်လမ်းအစမှာ စပိန်အင်ပါယာပိုင် ဖိလစ်ပိုင်နိုင်ငံ ဘာလယ်ဆိုတဲ့ကျွန်းမြို့လေးဟာနယ်ခံတော်လှန်ရေးသမားတွေအလစ်ငိုက်သိမ်းပိုက်တာခံရပြီး စပိန်မြို့စောင့်တပ်သားတွေဟာလည်း အားလုံးနီးပါးသတ်ဖြတ်ခံလိုက်ရပါတယ်။ ဒီကိုလိုနီမြို့လေးကို ပြန်သိမ်းဖို့အတွက်ကပ္ပတိန် အန်းရစ်နဲ့ လက်ဖတင်နင် မာတင်စီရီဇိုတို့ဦးဆောင်ပြီးနောက်ထပ် တပ်စုတစ်စုကိုစပိန်ကစေလွှတ်လိုက်ပါတယ်။ အဲ့ကာလဟာစပိန်အင်ပါယာရဲ့ဆုတ်ယုတ်အချိန်လည်းဖြစ်နေတာကြောင့်သူတို့တပ်စုကို ရိက္ခာအင်အား ဘာ့မှထောက်ပံ့မပေးနိုင်တော့ပါဘူး။ အဆုံးသတ်မှာ ဘယ်လိုဖြစ်သွားမလဲဆိုတာ ကိုတော့ ဇာတ်လမ်းထဲမှာစောင့်ကြည့်ရင်းကြည့်ရှုခံစားလိုက်ပါဦး။

https://m.media-amazon.com/images/M/MV5BMjQ1MTYxMzA4OF5BMl5BanBnXkFtZTgwNjg2NTM1MTI@._V1_FMjpg_UX1000_.jpg Conspiracy Theory (1997) ⭐IMDB: 6.7/10 (102 k Votes) 🎬 #Action #Mystery #Thriller 🗓️ 1997 🎞️ Movie 📺 1080p FHD 🌎 United States ⏰ 2 နာရီ 15 မိနစ် 45 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ခုတစ်ခေါက် တင်ဆက်ပေးမယ့် ဒီဇာတ်ကားမှာ နာမည်ကြီးမင်းသမီး အလှပဂေး Julia Roberts နဲ့ ဒါရိုက်တာ-သရုပ်ဆောင် မင်းသားကြီး Mel Gibson တို့ရဲ့ ပြောင်မြောက်တဲ့ သရုပ်ဆောင်ချက်တွေ ပါဝင်ပြီးတော့ ကြည့်ရှုသူတွေအနေနဲ့ အက်ရှင်၊ နိုင်ငံရေးလျှို့ဝှက်မှုခင်းတွေနဲ့ အချစ် အကြောင်းတို့ကို စုံလင်စွာ ခံစားကြည့်ရှုရမှာ ဖြစ်ပါတယ်။တက္ကဆီမောင်းသမား Jerry က နိုင်ငံမှာ ဖြစ်ပျက်နေတာတွေအကုန်လုံးကို လိုက်ကြည့်ပြီး ဒါကတော့လက်မဲကြီးတွေကလုပ်တာ၊ ဘယ်သူတွေကကြိုးကိုင်နေလို့ ဒီလိုဖြစ်တာဆိုပြီး ကိုယ်ပိုင်သီအိုရီတွေထုတ်တတ်လေ့ရှိပါတယ်။တက္ကဆီမောင်းတဲ့သူလည်း ဖြစ်နေတော့ လူတွေအများကြီးနဲ့ ဆက်ဆံရပြီး တွေ့သမျှလူတိုင်းကိုလည်း သူ့အတွေးတွေအကုန်လုံးကို လိုက်ပြောလေ့ရှိပါတယ်။သူပြောသမျှက ယုံချင်စရာမကောင်းလွန်းလို့ အရူးလို့ထင်ရပေမဲ့ သူပြောတဲ့အထဲက တစ်ခုခုကမှန်သွားပြီးတော့ သူ့ကိုလိုက်ဖမ်းတဲ့ အဖွဲ့အစည်းတစ်ခုပေါ်လာပါတယ်။ Jerry ကတော့ သူထုတ်ထားတဲ့ သီအိုရီတွေက များလွန်းလို့ ဘယ်ဟာကြောင့်ခုလို ဖြစ်ရတယ်ဆိုတာတောင် မသိတော့ပါဘူး။Jerry မှာ သူ အရူးအမူးစွဲလမ်းနေတဲ့ Alice လို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်လည်း ရှိပါတယ်။ Jerry ကို လိုက်ဖမ်းတဲ့ အဖွဲ့အစည်းက အဲဒီကောင်မလေးနဲ့ရော ဘယ်လိုဆက်စပ်မှုတွေရှိလဲ။ Jerry ရဲ့ စွဲလမ်းမှုကရော Alice အပေါ် အန္တရာယ်ဖြစ်စေနိုင်မလား ဆိုတာတွေကို ဇာတ်ကားထဲမှာ စိတ်ဝင်စားဖွယ်ကောင်းစွာ တင်ဆက်ပေးထားလို့ လက်လွှတ်မခံဘဲ ကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။

https://m.media-amazon.com/images/M/MV5BOTg5ODBkOGUtNzg3OS00NmYyLWI0OGMtZDY3NTc0OTQ0M2I0XkEyXkFqcGdeQXVyNTI5NjIyMw@@._V1_FMjpg_UX1000_.jpg The Hows of Us (2018) ⭐IMDB: 6.8/10 (3 k Votes) 🎬 #Asian #Comedy #Drama #Romance 🗓️ 2018 🎞️ Movie 📺 1080p FHD 🌎 Philippines ⏰ 2 နာရီ 00 မိနစ် 18 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 KathNielလို့ ချစ်စနိုးခေါ်ကြတဲ့ Kathryn Bernardo နဲ့ Daniel Padilla တို့ရဲ့ နောက်ထပ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်…အတော်လေးအောင်မြင်ခဲ့သလိုဖိလစ်ပိုင်ရုပ်ရှင်သမိုင်းမှာလည်း ဝင်ငွေစံချိန်တင်ခဲ့တယ်…ရုပ်ရှင်ထဲသာမက အပြင်မှာပါ ပရိသတ်တွေရဲ့အချစ်ကိုပိုင်ဆိုင်ထားတဲ့ စုံတွဲလို့ပြောရင်လည်းမမှားဘူး…IMDB မှာ Rating 7.9 အထိရရှိထားသလို ဒါရိုက်တာကလည်း သူတို့အတွဲ နာမည်ကြီးအောင်မြင်ခဲ့တဲ့ she’s dating the gangster ကိုရိုက်ခဲ့တဲ့ ဒါရိုက်တာ Cathy Garcia-Molinaဖြစ်နေလေတော့ အများကြီးညွှန်းစရာလိုမယ်တော့မထင်ပါဘူး….. ဇာတ်လမ်းလေး နည်းနည်းပြောပြရရင် !George က Primoကို မြင်တည်းက ကြည့်မရဘူး…ကြည့်မရတဲ့ Primoက တဖြည်းဖြည်း သူ့အနားရောက်လာခဲ့တယ်…မိသားစုက သူ့ကိုချစ်ကြတယ်…အဖွားဖြစ်သူက Primoကို အသည်းစွဲ…နောက်ဆုံးတော့ သူလည်း Primoကို ချစ်မိသွားခဲ့တယ်…အဖွားဆုံးခါနီးတော့ သူ့ကို Primoလက်ထဲအပ်ခဲ့ရုံမက အိမ်လေးကိုပါပေးခဲ့တယ်…ချစ်သူနှစ်ဦး အိပ်မက်တွေတပွေ့တပိုက်နဲ့ စိတ်ကူးတွေယဉ်ခဲ့ကြ ချစ်ခဲ့ကြတယ်…နေ့ရက်တိုင်းဟာ ပျော်စရာပဲ…ရယ်ပြီးရင် ငိုရဦးမယ်ဆိုတဲ့ သီချင်းစာသားလေးအတိုင်း ကြင်နာခြင်းတွေနောက်မှာ နာကျင်ခြင်းတွေကပ်ပါလာခဲ့တယ်…သူတို့ ဝေးခဲ့ကြတယ်…အရာရာဟာ နေသားမကျခြင်းတွေနဲ့…အိမ်လေးကို Primoပြန်ရောက်လာခဲ့တယ်… Georgeကို ပျော်ရွှင်အောင်ထားမယ်ဆိုတဲ့စိတ်နဲ့… ဒါပေမဲ့ Georgeက သူ့ကိုစိတ်နာနေတုန်းပဲ…သူ့ကိုစိတ်နာနေတဲ့ George စိတ်ပြန်ပြေပြီး ပြန်ချစ်လာဖို့… သူကတိပေးခဲ့ဖူးပြီး Georgeအရမ်းသွားချင်ခဲ့တဲ့နေရာလေးတစ်ခုကို လိုက်ပို့ပေးနိုင်ဖို့…Georgeတို့မောင်နှမနှစ်ယောက် အရမ်းတွေ့ချင်နေတဲ့အဖေကိုတွေ့အောင်ရှာပေးနိုင်ဖို့ Primo စွမ်းနိုင်မှာလား… သူ့ရဲ့အချစ်တွေကိုရော သက်သေပြနိုင်မှာလားဆိုတာ ကိုယ်တိုင်ခံစားကြည့်ရှုလိုက်ပါဦး… အများကြီးပြောရင် ကြည့်ရပေါ့မှာစိုးလို့ ဒီလောက်လေးပဲပြောပါရစေ…ဇာတ်သိမ်းက အသက်မို့ ငိုတတ်တယ်ဆိုရင် တစ်ရှူးလေးဆောင်ထားဖို့အကြံပေးချင်ပါတယ်………………………… အခက်အခဲလေးတွေရှိမှအကောက်အကွေ့ဆိုတာလေးတွေရှိမှ အချစ်က ပိုပြည့်စုံသတဲ့… အချစ်စစ်တို့မည်သည် မဖြောင့်ဖြူးစတမ်းလို့ ဆိုကြတယ်မဟုတ်ပါလား…တကယ်တော့ ဒါဟာ စမ်းသပ်မှုတွေလည်းဖြစ်နိုင်ပါတယ်…ဒီလူတစ်ယောက်အပေါ် ကိုယ်ဘယ်လောက်အထိချစ်နိုင်လဲ ? ဘယ်လောက်အထိ နားလည်နိုင်လဲ ? ဘယ်လောက်အထိ သည်းခံခွင့်လွှတ်ပေးနိုင်လဲ စသည်ဖြင့်ပေါ့…..တစ်စုံတစ်ယောက်ကို ချစ်တဲ့အခါသူ့ရဲ့နှလုံးသားကိုပဲ ချစ်ပါ…ကျန်တဲ့အပေါ်ယံတွေကို မေ့ထားပါ…ချမ်းသာတာ ဆင်းရဲတာရုပ်ဆိုးတာ ရုပ်လှတာအောင်မြင်တာ မအောင်မြင်တာစတဲ့အချစ်လောက် အရေးမကြီးတဲ့အရာတွေကို ခဏမေ့ထားပါ…သူဟာ မင်းရဲ့လက်ဝဲဘက်အခြမ်းဆိုတာသေချာပြီလားသူ မင်းအပေါ်ထားတဲ့အချစ် စစ်မှန်တယ်လို့ခံစားရလားသူနဲ့အတူရှိနေရင် မင်းအတွက်အရာရာပြည့်စုံတယ်လို့ခံစားရလား ဒါဆို မင်းအတွက် ဘာလိုဦးမလဲ ?မင်းကိုတကယ်ချစ်တဲ့နှလုံးသားတစ်စုံဟာတစ်ဘဝလုံးစာမင်း နာကျင်အောင် ဘယ်တော့မှမလုပ်ပါဘူး …..။ (ရုပ်ရှင်အညွှန်းကို အောင်ဇင်ဖြိုးမှရေးသားထားပြီး ဘာသာပြန်ကိုတော့ ခင်ပြည့်စုံကျော် မှတင်ဆက်ထားပါတယ်။) Tele Link ကနေပဲကြည့်တတ်တယ်ဆိုရင်https://t.me/Myname2021hakak/48မှာဝင်ကြည့်ပါ။720p HD ကို တင်ပေးထားပါတယ်။

https://m.media-amazon.com/images/M/MV5BMjQ1MTYxMzA4OF5BMl5BanBnXkFtZTgwNjg2NTM1MTI@._V1_FMjpg_UX1000_.jpg Conspiracy Theory (1997) ⭐IMDB: 6.7/10 (102 k Votes) 🎬 #Action #Mystery #Thriller 🗓️ 1997 🎞️ Movie 📺 720p HD 🌎 United States ⏰ 2 နာရီ 15 မိနစ် 45 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ခုတစ်ခေါက် တင်ဆက်ပေးမယ့် ဒီဇာတ်ကားမှာ နာမည်ကြီးမင်းသမီး အလှပဂေး Julia Roberts နဲ့ ဒါရိုက်တာ-သရုပ်ဆောင် မင်းသားကြီး Mel Gibson တို့ရဲ့ ပြောင်မြောက်တဲ့ သရုပ်ဆောင်ချက်တွေ ပါဝင်ပြီးတော့ ကြည့်ရှုသူတွေအနေနဲ့ အက်ရှင်၊ နိုင်ငံရေးလျှို့ဝှက်မှုခင်းတွေနဲ့ အချစ် အကြောင်းတို့ကို စုံလင်စွာ ခံစားကြည့်ရှုရမှာ ဖြစ်ပါတယ်။တက္ကဆီမောင်းသမား Jerry က နိုင်ငံမှာ ဖြစ်ပျက်နေတာတွေအကုန်လုံးကို လိုက်ကြည့်ပြီး ဒါကတော့လက်မဲကြီးတွေကလုပ်တာ၊ ဘယ်သူတွေကကြိုးကိုင်နေလို့ ဒီလိုဖြစ်တာဆိုပြီး ကိုယ်ပိုင်သီအိုရီတွေထုတ်တတ်လေ့ရှိပါတယ်။တက္ကဆီမောင်းတဲ့သူလည်း ဖြစ်နေတော့ လူတွေအများကြီးနဲ့ ဆက်ဆံရပြီး တွေ့သမျှလူတိုင်းကိုလည်း သူ့အတွေးတွေအကုန်လုံးကို လိုက်ပြောလေ့ရှိပါတယ်။သူပြောသမျှက ယုံချင်စရာမကောင်းလွန်းလို့ အရူးလို့ထင်ရပေမဲ့ သူပြောတဲ့အထဲက တစ်ခုခုကမှန်သွားပြီးတော့ သူ့ကိုလိုက်ဖမ်းတဲ့ အဖွဲ့အစည်းတစ်ခုပေါ်လာပါတယ်။ Jerry ကတော့ သူထုတ်ထားတဲ့ သီအိုရီတွေက များလွန်းလို့ ဘယ်ဟာကြောင့်ခုလို ဖြစ်ရတယ်ဆိုတာတောင် မသိတော့ပါဘူး။Jerry မှာ သူ အရူးအမူးစွဲလမ်းနေတဲ့ Alice လို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်လည်း ရှိပါတယ်။ Jerry ကို လိုက်ဖမ်းတဲ့ အဖွဲ့အစည်းက အဲဒီကောင်မလေးနဲ့ရော ဘယ်လိုဆက်စပ်မှုတွေရှိလဲ။ Jerry ရဲ့ စွဲလမ်းမှုကရော Alice အပေါ် အန္တရာယ်ဖြစ်စေနိုင်မလား ဆိုတာတွေကို ဇာတ်ကားထဲမှာ စိတ်ဝင်စားဖွယ်ကောင်းစွာ တင်ဆက်ပေးထားလို့ လက်လွှတ်မခံဘဲ ကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။

https://m.media-amazon.com/images/M/MV5BOTg5ODBkOGUtNzg3OS00NmYyLWI0OGMtZDY3NTc0OTQ0M2I0XkEyXkFqcGdeQXVyNTI5NjIyMw@@._V1_FMjpg_UX1000_.jpg The Hows of Us (2018) ⭐IMDB: 6.8/10 (3 k Votes) 🎬 #Asian #Comedy #Drama #Romance 🗓️ 2018 🎞️ Movie 📺 720p HD 🌎 Philippines ⏰ 2 နာရီ 00 မိနစ် 18 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 KathNielလို့ ချစ်စနိုးခေါ်ကြတဲ့ Kathryn Bernardo နဲ့ Daniel Padilla တို့ရဲ့ နောက်ထပ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်…အတော်လေးအောင်မြင်ခဲ့သလိုဖိလစ်ပိုင်ရုပ်ရှင်သမိုင်းမှာလည်း ဝင်ငွေစံချိန်တင်ခဲ့တယ်…ရုပ်ရှင်ထဲသာမက အပြင်မှာပါ ပရိသတ်တွေရဲ့အချစ်ကိုပိုင်ဆိုင်ထားတဲ့ စုံတွဲလို့ပြောရင်လည်းမမှားဘူး…IMDB မှာ Rating 7.9 အထိရရှိထားသလို ဒါရိုက်တာကလည်း သူတို့အတွဲ နာမည်ကြီးအောင်မြင်ခဲ့တဲ့ she’s dating the gangster ကိုရိုက်ခဲ့တဲ့ ဒါရိုက်တာ Cathy Garcia-Molinaဖြစ်နေလေတော့ အများကြီးညွှန်းစရာလိုမယ်တော့မထင်ပါဘူး….. ဇာတ်လမ်းလေး နည်းနည်းပြောပြရရင် !George က Primoကို မြင်တည်းက ကြည့်မရဘူး…ကြည့်မရတဲ့ Primoက တဖြည်းဖြည်း သူ့အနားရောက်လာခဲ့တယ်…မိသားစုက သူ့ကိုချစ်ကြတယ်…အဖွားဖြစ်သူက Primoကို အသည်းစွဲ…နောက်ဆုံးတော့ သူလည်း Primoကို ချစ်မိသွားခဲ့တယ်…အဖွားဆုံးခါနီးတော့ သူ့ကို Primoလက်ထဲအပ်ခဲ့ရုံမက အိမ်လေးကိုပါပေးခဲ့တယ်…ချစ်သူနှစ်ဦး အိပ်မက်တွေတပွေ့တပိုက်နဲ့ စိတ်ကူးတွေယဉ်ခဲ့ကြ ချစ်ခဲ့ကြတယ်…နေ့ရက်တိုင်းဟာ ပျော်စရာပဲ…ရယ်ပြီးရင် ငိုရဦးမယ်ဆိုတဲ့ သီချင်းစာသားလေးအတိုင်း ကြင်နာခြင်းတွေနောက်မှာ နာကျင်ခြင်းတွေကပ်ပါလာခဲ့တယ်…သူတို့ ဝေးခဲ့ကြတယ်…အရာရာဟာ နေသားမကျခြင်းတွေနဲ့…အိမ်လေးကို Primoပြန်ရောက်လာခဲ့တယ်… Georgeကို ပျော်ရွှင်အောင်ထားမယ်ဆိုတဲ့စိတ်နဲ့… ဒါပေမဲ့ Georgeက သူ့ကိုစိတ်နာနေတုန်းပဲ…သူ့ကိုစိတ်နာနေတဲ့ George စိတ်ပြန်ပြေပြီး ပြန်ချစ်လာဖို့… သူကတိပေးခဲ့ဖူးပြီး Georgeအရမ်းသွားချင်ခဲ့တဲ့နေရာလေးတစ်ခုကို လိုက်ပို့ပေးနိုင်ဖို့…Georgeတို့မောင်နှမနှစ်ယောက် အရမ်းတွေ့ချင်နေတဲ့အဖေကိုတွေ့အောင်ရှာပေးနိုင်ဖို့ Primo စွမ်းနိုင်မှာလား… သူ့ရဲ့အချစ်တွေကိုရော သက်သေပြနိုင်မှာလားဆိုတာ ကိုယ်တိုင်ခံစားကြည့်ရှုလိုက်ပါဦး… အများကြီးပြောရင် ကြည့်ရပေါ့မှာစိုးလို့ ဒီလောက်လေးပဲပြောပါရစေ…ဇာတ်သိမ်းက အသက်မို့ ငိုတတ်တယ်ဆိုရင် တစ်ရှူးလေးဆောင်ထားဖို့အကြံပေးချင်ပါတယ်………………………… အခက်အခဲလေးတွေရှိမှအကောက်အကွေ့ဆိုတာလေးတွေရှိမှ အချစ်က ပိုပြည့်စုံသတဲ့… အချစ်စစ်တို့မည်သည် မဖြောင့်ဖြူးစတမ်းလို့ ဆိုကြတယ်မဟုတ်ပါလား…တကယ်တော့ ဒါဟာ စမ်းသပ်မှုတွေလည်းဖြစ်နိုင်ပါတယ်…ဒီလူတစ်ယောက်အပေါ် ကိုယ်ဘယ်လောက်အထိချစ်နိုင်လဲ ? ဘယ်လောက်အထိ နားလည်နိုင်လဲ ? ဘယ်လောက်အထိ သည်းခံခွင့်လွှတ်ပေးနိုင်လဲ စသည်ဖြင့်ပေါ့…..တစ်စုံတစ်ယောက်ကို ချစ်တဲ့အခါသူ့ရဲ့နှလုံးသားကိုပဲ ချစ်ပါ…ကျန်တဲ့အပေါ်ယံတွေကို မေ့ထားပါ…ချမ်းသာတာ ဆင်းရဲတာရုပ်ဆိုးတာ ရုပ်လှတာအောင်မြင်တာ မအောင်မြင်တာစတဲ့အချစ်လောက် အရေးမကြီးတဲ့အရာတွေကို ခဏမေ့ထားပါ…သူဟာ မင်းရဲ့လက်ဝဲဘက်အခြမ်းဆိုတာသေချာပြီလားသူ မင်းအပေါ်ထားတဲ့အချစ် စစ်မှန်တယ်လို့ခံစားရလားသူနဲ့အတူရှိနေရင် မင်းအတွက်အရာရာပြည့်စုံတယ်လို့ခံစားရလား ဒါဆို မင်းအတွက် ဘာလိုဦးမလဲ ?မင်းကိုတကယ်ချစ်တဲ့နှလုံးသားတစ်စုံဟာတစ်ဘဝလုံးစာမင်း နာကျင်အောင် ဘယ်တော့မှမလုပ်ပါဘူး …..။ (ရုပ်ရှင်အညွှန်းကို အောင်ဇင်ဖြိုးမှရေးသားထားပြီး ဘာသာပြန်ကိုတော့ ခင်ပြည့်စုံကျော် မှတင်ဆက်ထားပါတယ်။) Tele Link ကနေပဲကြည့်တတ်တယ်ဆိုရင်https://t.me/Myname2021hakak/48မှာဝင်ကြည့်ပါ။720p HD ကို တင်ပေးထားပါတယ်။

https://m.media-amazon.com/images/M/MV5BMDk5OTBiZWEtMDExOS00NzZmLWFhMTUtMjBjOGY3ZjhhYWNlXkEyXkFqcGdeQXVyMzQwMTY2Nzk@._V1_FMjpg_UX1000_.jpg The Apology (2022) ⭐IMDB: 5.0/10 (887 Votes) 🎬 #Thriller 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 USA ⏰ 1 နာရီ 32 မိနစ် 38 စက္ကန့် 👑 Gold Channel Movies ဇာတ်ညွှန်း 📜 The Apology (2022)ဒီကားလေးကတော့ခရစ်စမတ်အချိန်ကိုအခြေခံထားတဲ့ဝမ်းနည်းစရာဇာတ်လမ်းလေးပါပဲနှစ်၂၀ကြာအောင်ပျောက်သွားတဲ့သမီးလေးကိုလက်မလျော့ပဲရှာနေတဲ့အမေတစ်ယောက်ဟာခရစ်စမတ်အကြိုတစ်ရက်မှာလည်းထုံးစံအတိုင်း သူ့သမီးလေးကိုသတိရနေတာပေါ့ ရာသီဥတုကလည်းအရမ်းဆိုးဝါးနေတဲ့နေ့အဲ့အချိန် မမျှော်လင့်ထားတဲ့ဧည့်သည်တစ်ယောက်ရောက်လာပါတယ်သူ့ညီမယောင်္ကျားဖြစ်တဲ့ ဂျက်ခ်ပါအဲ့အချိန်ကစလို့ ဘယ်လိုအပြောင်းအလဲတွေဖြစ်လာမလဲကိုတော့ မပြောပြတော့ပါဘူးဒေါင်းကြည့်လိုက်ပါနော်ဒီဇာတ်လမ်းရဲ့ထူးခြားချက်ကဇာတ်ကောင်တွေ လူတွေအများကြီးမပါပဲနဲ့မရပ်ပဲ အဖြေရှာဖို့ဆက်ကြည့်ချင်မိတာပါပဲအညွှန်းနဲ့ဘာသာပြန် ThinZar ဖြစ်ပါတယ်Encoded by Siran