uz
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Yopiq kanal

🚩 Channel was restricted by Telegram

Ko'proq ko'rsatish
Ma'lumot yo'q
Obunachilar
-524 soatlar
-47 kun
+730 kun
Postlar arxiv
Vasco Da Gama (2024) ⭐IMDB: 9.6/10 (1 k Votes) 🎬 #Bollywood #Comedy #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 4 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Vascodagama The Evolution 2024(ဗာဆူရဲ့ဘဝခရီးလမ်း) မဟာဒေဗန်နဲ့ ဗာဆူဒေဗန်ဆိုတဲ့ အရမ်းကို ချစ်ကြတဲ့ ညီအစ်ကိုနှစ်ယောက်ရှိပါတယ်။ မဟာဒေဗန်ဟာ ညီငယ်ဖြစ်သူ ဗာဆူဆိုးသမျှကို အစ်ကိုကြီးပီပီလိုက်ထိန်းပေးခဲ့ပြီးဗာဆူပြဿနာရှာလို့ အချုပ်ကျတိုင်းလည်း အမြဲ မငြိုမငြင် အာမခံလိုက်ထုတ်ပေးလေ့ရှိပါတယ်။ ဗာဆူဟာ အရမ်းကို ဗရုတ်ကျတဲ့အတွက် အိမ်နီးချင်းတွေဟာ သူခြေငြိမ်သွားအောင်မိန်းမပေးစားခိုင်းတဲ့အထိကို ဖြစ်လာပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာ အစ်ကိုကြီးမဟာတစ်ယောက်လက်ကို ရှမိသွားတဲ့ဒဏ်ရာကို ကုသဖို့အတွက် ဆေးရုံကို သွားရောက်ခဲ့ပါတယ်။ဖြစ်ချင်တော့ သူတို့သွားတဲ့ဆေးရုံဟာ ရိုက်စားဆေးရုံဖြစ်နေပြီးတော့မလိုအပ်တဲ့ဆေးကုသမှုတွေကြောင့် အစ်ကိုကြီးမဟာတစ်ယောက်အသက်ကိုပါ ပေးလိုက်ရပါတော့တယ်။ အစ်ကိုကြီးကိုပဲ အမြဲဆိုးပြီးနေခဲ့တဲ့ ဗာဆူတစ်ယောက် အစ်ကိုကြီးဆုံးပါးသွားတဲ့နောက်မှာ ဘဝကို ဘယ်လိုတွေ ဖြတ်သန်းသွားမလဲ ……..သူ့ရဲ့ မဟုတ်မခံတတ်တဲ့စိတ်နဲ့ ဘဝကို တစ်ယောက်တည်း ဘယ်လိုတွေ ရင်ဆိုင်ဖြတ်ကျော်သွားမလဲဆိုတာကိုကြည့်ရှုရမယ့် Comedy Thriller ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)
...

Into the Wild (2007) ⭐TMDB: 78% User Score 🎬 #Adventure #Biography #Drama 🗓 2007 🎞 movie 🌎 #USA #UnitedStatesofAmerica ⏰ 2 နာရီ 29 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Into the Wild (2007) IMDb Rating (8.1) / Rotten Tomatoes (83%) ၁၉၉၃ ခုနှစ်၊ အမေရိကန်နိုင်ငံမှာ လှုပ်လှုပ်ရှားရှား သတင်းတစ်ပုဒ် ထွက်ပေါ်ခဲ့တယ်။အသက် ၂၀ ကျော်၊ ဘွဲ့ရပညာတတ်လူငယ်တစ်ဦး၊ငွေရေးကြေးရေး အခက်အခဲ မရှိသလို၊ မိသားစုပြသနာ၊အချစ်ရေး ပြသနာ ဘာမှ မရှိတဲ့ လူငယ်လေးတစ်ဦးဟာတောထဲကို ဝင်ရောက်သွားခဲ့တယ်။ တောထဲမှာ တစ်ကိုယ်တော်နေထိုင်ရင်းသစ်သားဘတ်စ်ကားအိုကြီးထဲမှာ ပျက်စီးနေတဲ့သူ့ရုပ်အလောင်းကို ဆတ်မုဆိုးအဖွဲ့ကနေ တွေ့ရှိခဲ့ပါတော့တယ်။ ♦️ ဘာကြောင့်သူဟာ ပိုင်ဆိုင်မှူတွေကို စွန့်ခွာခဲ့တာလဲ ♦️ ဘာကြောင့်သူဟာ အောင်မြင်မှူတွေကို စွန့်ခွာခဲ့တာလဲ ♦️ ဘာကြောင့်သူဟာ ချစ်ခင်တဲ့ မိသားစုကို စွန့်ခွာခဲ့တာလဲ အဆိုပါ လူငယ်လေးအကြောင်းဟာ အမေရိကန်နိုင်ငံသားတွေကြားမှာဆွေးနွေးစရာ ဘာသာရပ် တစ်ခု ဖြစ်ခဲ့ပါတယ်။အဆိုပါ လူငယ်လေးရဲ့ ကိုယ်ရေးမှတ်တမ်းတွေအပါအဝင်သူပတ်သက်ခဲ့တဲ့ သူငယ်ချင်းမိတ်ဆွေတွေ၊ ဆရာ ဆရာမတွေ၊မိသားစုဝင်တွေနဲ့ သူ့ချစ်သူတို့ကို မေးမြန်းကာ စာရေးဆရာ Jon Krakauer ကInto the Wild ဆိုပြီး စာအုပ်တစ်အုပ်ထုတ်ဝေလိုက်ပါတယ်။ အဆိုပါစာအုပ်ဟာ အမေရိကန်ပြည်တွင်းကို ကျော်လွန်ကာနိုင်ငံတကာထိ ပေါက်မြောက် အောင်မြင်ခဲ့ပါတယ်။အရောင်းရဆုံးစာရင်းဝင် စာအုပ်တစ်အုပ်ဖြစ်ခဲ့သလိုအမေရိကန်ရှိ တက္ကသိုလ်ကျောင်းအားလုံးနီးပါးရဲ့ Book Club တွေထဲထည့်သွင်းဆွေးနွေးရတဲ့ စာအုပ်တစ်အုပ်ဖြစ်ခဲ့ပါတယ်။ ပြိုင်ဆိုင်မှု ပြင်းထန်ပြီး ရက်စက်ကြမ်းတမ်းတဲ့ မြို့ပြလူနေမှူစနစ်အောက်မှာရုန်းကန်နေရတဲ့ လူငယ်တွေအတွက် ထွက်ပေါက်ကျမ်းစာအုပ်တစ်အုပ်အလား အောင်မြင်ခဲ့ပါတယ်။ မင်းသားကြီး ရှောင်ပင်းကနေ ဒါရိုက်တာလုပ်ပြီး ရုပ်ရှင်အဖြစ် အသက်သွင်းရိုက်ကူးခဲ့ရာမှာလည်းအောင်ပွဲဆင့်ခဲ့ပြန်ပါတယ်။စာအုပ်အဖြစ်သာမက ရုပ်ရှင်အဖြစ်ပါ လူငယ်များအကြား အထူးရေးပန်းစားခဲ့ပြန်ပါတယ်။ မင်းသား Emile Hirsch မှ တောထဲကလူငယ်လေးအဖြစ် ကွက်တိကျအောင်သရုပ်ဆောင်ထားပြီးမင်းသမီး Kristen Stewart နဲ့ အခြားသရုပ်ဆောင်များစွာလဲ ပါဝင်ထားပါတယ်။ (ရုပ်ရှင်အညွှန်းအား NDSP Books မှ ကူးယူဖော်ပြပါသည်။)
...

Six Days Seven Nights (1998) ⭐TMDB: 61% User Score 🎬 #Action #Adventure #Comedy #Romance 🗓 1998 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 42 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Six Days, Seven Nights (1998) ဒီရုပ်ရှင်ကားကတော့ ပေါ့ပေါ့ပါးပါးနဲ့ရယ်ရအောင်ရိုက်ကူးထားပြီးအချစ်၊ အလွမ်း၊ အကြမ်း ၊ စွန့်စားခန်းတွေကို ဟာသဆန်ဆန်တင်ဆက်ထားတာမလို့ ရသစုံသလို ကြည့်ပျော်တဲ့ရုပ်ရှင်ကားလေးလဲ ဖြစ်ခဲ့ပါတယ်။ မင်းသားကြီး Harrison Ford နဲ့ မင်းသမီး Anne Heche တို့အဓိကပါဝင်ထားပြီးFriends SitCom ထဲက Ross အဖြစ်လူသိကြတဲ့ မင်းသား David Schwimmer လဲ သူနဲ့လိုက်ဖက်တဲ့နေရာက ပါဝင်ထားပါတယ်။David Schwimmer ကို နေရာတကာ အလွဲလွဲအချော်ချော်နဲ့ ထင်ရာပြော ကြင်နာသနားတတ်တဲ့ဇာတ်ကောင်အဖြစ် မြင်ရတာ Friends ထဲက Ross အတိုင်းပါပဲ ရယ်နေရပါတယ်။ဟယ်ရီဆင်ဖိုဒ့်ကြီးကိုလဲ တကိုယ်တည်းထင်ရာစိုင်း စွန့်စားပြီး အထာကျတဲ့ဘဲအဖြစ် မြင်ရတာ အင်ဒီယာနာဂျုံးဇာတ်ကောင်တောင် ပြန်အမှတ်ရစေပါတယ်။ ဇာတ်လမ်းသွားကတော့ အသည်းနုတဲ့မိန်းမသားတို့သဘာဝနဲ့ အချစ်ရဲ့စေရာကို မလွန်ဆန်နိုင်တဲ့လူသားတို့ရဲ့သဘာဝတွေကိုရှုခင်းလှလှတွေ စွန့်စားခန်းတွေနဲ့ အသည်းတယားယား ရင်တဖိုဖိုဖြစ်အောင်တင်ဆက်ထားပါတယ်။Rating တွေဘာတွေ ခနမေ့ပြီး ဒီအတိုင်း လိုက်ပါစီးမျောရင်ကို ချစ်စရာကောင်းတဲ့ဇာတ်လမ်းလေးပါပဲ။
...

Rocky Road to Berlin (2024) ⭐IMDB: 7.4/10 (951 Votes) 🎬 #Adventure #Comedy 🗓 2024 🎞 movie 🌎 #Ukraine ⏰ 1 နာရီ 45 မိနစ် 23 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ယခုတစ်ယောက်တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ KUZMA SCRYABINရဲ့ ဇာတ်လမ်းကို အခြေခံပြီးတော့ ရိုက်ကူးတင်ဆက်ထားတဲ့ Adventureပုံစံ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ ကူဇ်မာဆိုတာကတော့ ယူကရိန်းက ဖျော်ဖြေပွဲလုပ်ခါနီး ရော့ခ်သမားလေးတစ်ယောက်ပေါ့။ ကူဇ်မာဟာ ချစ်သူလေးဘာရ်ဘာရဲ့ ကားစီးချင်တဲ့ အိပ်မက်တွေအမှန်ဖြစ်လာဖို့အတွက် စုထားတဲ့ပိုက်ဆံလေးနဲ့ တစ်ပတ်ရစ်အဟောင်းတန်းက ပိုဘီဒါကားလေးတစ်စီးကို ဝယ်ယူလိုက်တဲ့အခါမှာ ကားကစုတ်နေတဲ့အတွက် ချစ်သူလေးရဲ့ စိတ်ခုချင်းကို ခံလိုက်ရပါတော့တယ်။ ဒီလိုနဲ့ ဖျော်ဖြေပွဲလုပ်ဖို့ ရက် ဘယ်လောက်မှ မကျန်တော့တဲ့အချိန်မှာ အဖော်ကောင်း ဘာ့ဒ်ဆိုသူနဲ့ ချိန်မိပြီးတော့ ဘာလင်မှာ ပိုဘာဒါကားကို မာစီဒီးနဲ့ လဲချင်တဲ့သူရှိတယ်ဆိုတာကို သိလိုက်ရတဲ့နောက်မှာတော့ ဘာ့ဒ်နဲ့အတူ ဘာလင်ကို လိုက်ခဲ့ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒီလိုနဲ့ ကူဇ်မာနဲ့ ဘာ့ဒ်တို့ နှစ်ယောက်သား ဘာလင်ကို ခရီးဆက်ရာကနေ ဘယ်လို အခက်အခဲတွေ ကြုံတွေ့ရမလဲ …….စိတ်ဓာတ်တွေကျပြီး ဂီတလမ်းကြောင်းကို စွန့်ပစ်ချင်စိတ်ဖြစ်နေတဲ့ ကူဇ်မာတစ်ယောက်ရော ဒီခရီးစဉ်မှာ ဘယ်လိုစိတ်အပြောင်းအလဲတွေဖြစ်ဦးမလဲ …… ခရီးစဉ်ရဲ့အဆုံးမှာရော ဘယ်လိုအဆုံးသတ်တွေက စောင့်ကြိုနေမလဲ ….. ဆိုတာတွေကို စိတ်ဝင်တစားနဲ့ ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေးတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Sakura ပဲဖြစ်ပါတယ်)
...

The Fabulous Four (2024) ⭐IMDB: 4.7/10 (623 Votes) 🎬 #Comedy #Drama 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 39 မိနစ် 13 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 လတ်တလောထွက်ရှိထားတဲ့ The Fabulous four ဆိုတဲ့ comedy ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအညွှန်း ကတော့ ဝေးကွာနေတဲ့ငယ်သူငယ်ချင်း လေးယောက် ထဲက တစ်ယောက်ရဲ့ မင်္ဂလာပွဲအတွက် ကျန်သုံးယောက်က သတို့သမီးအရံလုပ်ဖို့ ဖလော်ရီဒါ ကီးဝက်စ်မြို့လေးဆီ ရောက်လာခဲ့ကြပုံပါ။ တစ်ယောက် တစ်မျိုးစီ ကြောင်တောင်တောင် အမူအကျင့်တွေရယ် စိတ်မပြေနိုင်သေးတဲ့ အတိတ်က ရန်စတွေနဲ့ တစ်လွဲတစ်ချော် ဖြစ်ပုံတွေကို ရယ်ရယ်မောမောနဲ့ ကြည့်ကြရမှာပါ။ ပိတ်ရက်မှာစိတ်အပန်းဖြေစေနိုင်ပြီး ငယ်သူငယ်ချင်းတွေကိုပါသတိရသွားစေနိုင်တဲ့ comedy ကားကောင်းလေးတစ်ကားဖြစ်တာကြောင့် လက်မလွှတ်တမ်းကြည့်ရှုသင့်ကြောင်းတိုက်တွန်းပေးလိုက်ပါတယ်။
...

The Shape of Things (2003) ⭐TMDB: 61% User Score 🎬 #Comedy #Drama #Romance 🗓 2003 🎞 movie 🌎 #UnitedStates #France #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 37 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီရုပ်ရှင်က နားလည်ရခက်တဲ့ မိန်းမတွေထက် ပိုနားလည်ရခက်တဲ့ Artist တွေအကြောင်းပါ။ တချို့လူတွေဟာ အချစ်မှာနစ်မြောသွားတဲ့အခါ ထိုလူပြုသမျှနုပြီး ထိုလူအကြိုက်လိုက်ကာ မိမိမဟုတ်တဲ့လူတစ်ယောက်အသွင်ကို ပြောင်းလဲနေထိုင်ရင်း ကိုယ့်ရဲ့ပင်ကိုယ်ဇာတိကိုပါပျောက်ရှရတတ်ပါတယ်။ လူတစ်ယောက်ကို အဲ့လိုလုပ်နိုင်ဖို့က အချစ်၊ ဂရုစိုက်မှုတွေနဲ့ အဲ့လူရဲ့အားနည်းချက်ကို ကောင်းကောင်းနားလည်ပြီးအသုံးချနိုင်ဖို့လိုအပ်ပါတယ်။ ဒီလူဟာ ဖယောင်းလိုအပူပေးရုံနဲ့ ပြောင်းလဲလို့ရသူလား၊ ဒါမှမဟုတ် ရွံ့စေးလို ဖဲ့ထုတ်ဖြုတ်ဆက်ဖို့လိုအပ်သေးလား ဆိုတာကို ကြည့်တတ်မြငါတတ်ရပါမယ်။ ဒီဇာတ်လမ်းလေးကတော့ ချစ်သူအတွက်ဆို ဘာမဆိုပြောင်းလဲပေးနိုင်တဲ့ ကောင်လေးနဲ့ သူ့ကို အသုံးချပြီး “သက်ရှိလူသားရုပ်တု”တစ်ရုပ်လို ပြုပြင်ပြောင်းလဲဖို့ ချဉ္းကပ်လာခဲ့တဲ့ နားလည်ရခက်တဲ့ artist ကောင်မလေး တို့ရဲ့ အချစ်ဇာတ်လမ်းလေးပါ။ တချို့ စကားအသုံးအနှုန်းတွေက ကြမ်းတမ်းတဲ့အတွက် ရုပ်ရှင်ကိုတော့ ၁၈+ Rating ပေးထားပါတယ်။ T Hmue မှ ဘာသာပြန်အညွှန်းရေးသည်။
...

Adios Amigo (2024) ⭐IMDB: 5.8/10 (420 Votes) 🎬 #Bollywood #Drama 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 36 မိနစ် 29 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Adios Amigo(2024) နှုတ်ဆက်ပါတယ် သူငယ်ချင်း သြဂုတ်လအတွင်း လောလောလတ်လတ်ထွက်ထားတဲ့ ဘောလီးဝုဒ်ဟာသဒရမ်မာကားလေးကို တင်ဆက်သွားမှာပဲဖြစ်ပါတယ်။ မိခင်ဖြစ်သူ ဆေးရုံတင်ထားရလို့ သောကဗျာများနေရပြီးဆေးရုံစရိတ်အတွက်ပူပန်နေရတဲ့သူနဲ့ ဥစ္စာကြွယ်ဝလှပြီးဘဝကိုပေါ့ပေါ့ဖြတ်သန်းနေတဲ့သူ..ဘဝအခြေအနေမတူလှတဲ့လူနှစ်ယောက်ဥဒဟိုသွားလာနေကြတဲ့ ဘတ်စ်ကားမှတ်တိုင်လေးတစ်ခုမှာဆုံစည်းခဲ့ကြပြီး ခရီးတစ်ခုတည်းသွားဖြစ်ခဲ့ရာမှာတော့ ဘာတွေဖြစ်လာမှာလဲ… IMDB 6.1/10 ရရှိထားပြီး အခြေအနေမတူတဲ့ လူနှစ်ယောက်ရဲ့ဘဝကိုခံစားကြည့်ရှူရမယ့် ကားလေးဖြစ်လို့ ကြည့်ရှုလိုက်ပါဦးနော်။ (ဘာသာပြန်နဲ့ အညွှန်းကိုတော့ CM Bollywood Team က ခံစားရေးသားထားပါတယ်)
...

Camp Cool Kids (2017) ⭐IMDB: 4.7/10 (623 Votes) 🎬 #Adventure #Comedy #Family #Mystery #Romance 🗓 2017 🎞 video movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 45 မိနစ် 34 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါ တင်ဆက် ပေးသွားမှာကတော့ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းမယ့် လူငယ် ဇာတ်လမ်းလေးပါ။ ဇာတ်လမ်း အကျဉ်းလေးကတော့ ဖခင် သေဆုံးသွားပြီး အဆင်မပြေဖြစ်နေကြတဲ့ ညီအစ်ကို ၂ ယောက် အီစထရိုမာ နွေရာသီကမ့်ပ်ကို သွားဖို့ ဖြစ်လာပါတယ်။ လူကောင်ကြီးပြီး နေရာစုံမှာ တော်တဲ့ အစ်ကို ဖြစ်သူက အနိုင်ကျင့်တဲ့ ဒင်းန်တို့ အဖွဲ့နဲ့ ပေါင်းမိသွားတဲ့အခါ ညီအစ်ကို ၂ ယောက်ကြား ဆက်ဆံရေး တင်းမာလာပါတော့တယ်။ လူကောင်သေးပြီး ကြောက်တတ်တဲ့ စပန့်စ်တစ်ယောက် ဒီ အီစထရိုမာ ကမ့်ပ်မှာ ဘယ်လိုတွေ ဆက်ဖြစ်သွားမလဲဆိုတာ ပေါ့ပေါ့ပါးပါး ကြည့်ရှုရမှာပါ။
...

Rebel Ridge (2024) ⭐IMDB: 7.1/10 (3 k Votes) 🎬 #Action #Crime #Drama #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 12 မိနစ် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 နက်ဖလစ်က ထွက်တဲ့ အက်ရှင်ကားအသစ်ပါ။ ဂျက်ရိချာလိုပဲ စစ်ပြန်တစ်ယောက်နဲ့ မြို့ငယ်လေးတစ်ခုက အကျင့်ပျက်နေတဲ့ ရဲစခန်းတစ်ခုလုံး ရင်ဆိုင်ရတဲ့အမျိုးအစားပါပဲ။ ဒါရိုက်တာကလည်း True Detective အပိုင်းတွေ ရိုက်ဖူးတဲ့ Jeremy Saulnier မို့ ဥပဒေပိုင်း ရဲအပိုင်းတွေ‌တော့ ပိုင်ပါတယ်။ RT 98 အထိ ရထားတာဆိုတော့ ဇာတ်လမ်းရောအက်ရှင်ရော ကောင်းတဲ့အထဲမှာပါပါတယ်။ အရမ်းကြီး ကြမ်းထော်နေတာလဲမဟုတ်ဘဲ True Detective လိုပဲ လူသားဆန်ဆန်ဇာတ်လမ်းမျိုးပါပဲ။ ဇာတ်လမ်းအကျဉ်း တယ်ရီဆိုတဲ့ စစ်ပြန်ဟာ သူ့ရဲ့ညီဝမ်းကွဲ ဆေးမှုနဲ့ အဖမ်းခံထားရတာကို အာမခံထုတ်ပေးဖို့ ငွေထုပ်ပိုက်ပြီး စက်ဘီးနဲ့ လာတဲ့လမ်းမှာ ရဲကားတစ်စီးက သူ့ကို တိုက်လိုက်တယ်။ ပြီးတော့ သူယူလာတဲ့ငွေတွေကို မသင်္ကာမှုနဲ့ပါ သိမ်းလိုက်တယ်။ သူက အဲဒီငွေတွေကို ပြန်ရဖို့နဲ့ သူ့ညီလွတ်ဖို့လောက်ပဲ ပြန်လိုက်ကြိုးစားပေမဲ့ ပြဿနာတွေက ရှုပ်လာပြီး ရစခန်းတစ်ခုလုံးရဲ့ ခြစားမှုတွေနဲ့ အရှုပ်တော်ပုံတွေထဲကို ကြားညပ်သွားပါတယ်။ သူနဲ့ သူ့ကိုကူညီနေတဲ့ ရှေ့နေအလုပ်သင်မလေးကို လိုက်သတ်ကြတဲ့အခါ အသက်ရှင်ဖို့နဲ့ ရဲတွေအားလုံးရဲ့ ပြစ်မှုတွေကို ဖော်နိုင်ဖို့ ကြိုးစားရပါတော့တယ်။
...

A House in Jerusalem (2023) ⭐IMDB: 6.9/10 (165 Votes) 🎬 #Drama #Fantasy #Horror 🗓 2023 🎞 movie 🌎 #Germany #PalestinianTerritories #Netherlands #UnitedKingdom #PalestinianTerritory ⏰ 1 နာရီ 44 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါ cm ပရိသတ်ကြီးကို ဆယ်ကျော်သက် ဒရာမာကားကောင်းလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားလေးက IMDB မှာ Rating 6.9 အထိ ရရှိထားပြီး ၂၀၂၃ ရွှေကြက်ဖရုပ်ရှင်ပွဲတော်မှာ ဆန်ကာတင်အဖြစ် ရွေးချယ်ခံခဲ့ရပါ သေးတယ်။ ဒီဇာတ်ကားမှာဆိုရင် ၁၉၄၈ ခုနှစ် ဝန်းကျင် အစ္စရေး-ပါလက်စတိုင်း သမိုင်းကြောင်းဆိုင်ရာ စစ်ပွဲ မငြိမ်းချမ်းမှုတွေရဲ့ စိတ်ဒဏ်ရာတွေနဲ့ ချစ်ခင်သူတွေကို ဆုံးရှုံးရတဲ့ ပူဆွေးဝမ်းနည်းမှုတွေကို တစ်စိတ်တပိုင်း ဖော်ကြူးရိုက်ကူးထားတာပါ။ အဓိကသရုပ်ဆောင်ဖြစ်တဲ့ ဆယ်ကျော်သက်အရွယ် မိုင်လေလော့ခ် ဟာ Stranger Things ထဲက နာမည်ကြီးမင်းသမီး မီလီဘရောင်းရဲ့ ဇာတ်ကောင် စရိုက်နဲ့ အတော်လေးဆင်တူတာကိုလည်း တွေ့ရပါတယ်။ ဇာတ်ကားအဆုံးသတ်ဟာဆိုလည်း ထင်မထားတဲ့ အံ့ဩစရာ လှည့်ကွက်နဲ့ အတူ ကြည့်ရှုသူတွေ မေးခွန်းထုတ်စရာ ပဟေဠိ အတွေးပွားစေမယ့် ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ဇာတ်ကြောင်းကတော့…. ရီဘက်ကာဆိုတဲ့ ဆယ်ကျော်သက်ကောင်မလေး တစ်ယောက်ဟာ မိခင်ဖြစ်သူကို ကားမတော်တဆမှုမှာ အသက်ဆုံးရှုံးခဲ့ရပြီး အဖိုးအမွေ ထားခဲ့တဲ့ ဂျေရုဆလင်မြို့က အိမ်လေးကို ဖခင်နဲ့အတူ ပြောင်းရွှေ့လာခဲ့ ပါတယ်။ အဲဒီအိမ်မှာ ရီဘက်ကာ တစ်ယောက်ပဲ မြင်နိုင်တွေ့နိုင်တဲ့ သူမနဲ့ ရွယ်တူ ရာရှာဆိုတဲ့ ပါလက်စတိုင်းလူမျိုး ကောင်မလေးတစ်ယောက်ကို တွေ့ဆုံခဲ့ပါတယ်။ ဒီကောင်မလေးဟာ ရီဘက်ကာရဲ့ စိတ်ကူးထဲက ကောင်မလေးပဲလား… ဒါမှမဟုတ် ဒီအိမ်ရဲ့ သမိုင်းကြောင်းနဲ့ ဆက်စပ်နေတဲ့ ဝိဉာဉ်အပိုင်းအစလား ဆိုတာကိုတော့
...

Chain of Fools (2001) ⭐TMDB: 57% User Score 🎬 #Comedy #Crime 🗓 2001 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 39 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Chain of Fools (2000)IMDB: 6Rotten Tomatoes: 40%Genre: Comedy/Crime Chain of Fools (2000) ကတော့ ဘယ်လိုပြောရမလဲ အတော်လေးသဘောကျဖို့ကောင်းတဲ့ ဟာသကားတစ်ကားလို့ပဲပြောချင်ပါတယ်။ မင်းသား၊ မင်းသမီးတွေကလည်းပရိသတ်နဲ့မစိမ်းတဲ့လူတွေဖြစ်တာကြောင့် ကြည့်ရတာ တန်တဲ့ ရုပ်ရှင်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်။ ဇာတ်ညွှန်း၊ Kresk ဆိုတာကတော့ ဘဝကို အောင်မြင်မှုဆိုတာဘာမှန်းမသိပဲ ဖြတ်သန်းနေတဲ့လူတစ်ယောက်ဖြစ်ပါတယ်။ ဆံသဆရာဆိုပေမယ့် မိန်းမကလည်းကွာရှင်းတော့မယ် ဝင်ငွေကလည်းမကောင်း ဘဝကြီးကို ယက်ကန်၊ ယက်ကန် ပတ်လက်လေး ဖြတ်သန်းနေတဲ့ လူတစ်ယောက်ဖြစ်ပါတယ်။ တစ်ရက်မှာတော့ Avnet ဆိုတဲ့လူတစ်ယောက် Kresk ရဲ့ ဆိုင်ထဲကိုတည့်တည့်မတ်မတ်ဝင်လာပြီး ဆံပင်ညှပ်ခဲ့ပါတယ်။ Kresk မသိခဲ့တာက Avnetဟာ လက်ရှိနာမည်ကြီးနေတဲ့ တန်ကြေးမြင့် တရုတ်ဒင်္ဂါးပြားတွေကို ဓားပြတိုက်သွားတဲ့ လူတစ်ယောက်ဖြစ်လာပါတော့တယ်။ ဖြစ်ချင်တော့ ကတ်ကြေးနဲ့ Avent ရဲ့လည်မြိုကိုစိုက်မိပြီး Avent တစ်ယောက် ခန့်ခန့်ကြီးနဲ့ ဆန့်ဆန့်ကြီးလျှောသွားပါတော့တယ်။ ဒင်္ဂါးတွေဟာလည်း Kresk ရဲ့လက်ထဲကိုရောက်လာခဲ့ပါတယ်။ ဒါပေမယ့် ထင်သလောက်မရိုးရှင်းပဲ လုပ်ကြံရေးသမား Mikey နဲ့ ရဲတပ်ကြပ်ကြီး Kolko တို့ပါပါလာခဲ့ပါတယ်။ ကဲဘယ်လိုများ အရှုပ်ထုပ်တွေဖြစ်လာမှာလဲ ဆိုတာကိုတော့ကြည့်လိုက်ကြပါ။ Kolko အဖြစ်မင်းသမီး Salma HayekAvnet အဖြစ်မင်းသား Jeff GoldblumMikey အဖြစ်မင်းသား Elijah Wood Kresk အဖြစ်မင်းသား Steve Zahn တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။
...

Antikalpa (2023) ⭐IMDB: 4.2/10 (80 Votes) 🎬 #Crime #History #Horror 🗓 2023 🎞 movie 🌎 #Taiwan ⏰ 1 နာရီ 34 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Taiwan ကားတွေက အခုနောက်ပိုင်း တရုတ်ပြည်မကြီးက ကားတွေထက် ပိုကောင်းလာကြတယ်…သူတို့ရဲ့ ဇာတ်လမ်း ဇာတ်အိမ်အထားအသိုတွေက Special Effect တွေအများကြီးသုံးထားတဲ့ တရုတ်ပေါကားတွေထက်တော့ အပုံကြီးသာတာအမှန်ပဲ ဒီကားထဲမှာကတော့ အရင် ၂၀၂၁ တုန်းက ရှယ်ပေါက်ထားတဲ့ Limited Movieဖြစ်တဲ့ The Sadness ဆိုတဲ့ Zombie ကားထဲက မင်းသမီးချော Regina Leiကပဲ ထပ်မံပါ၀င်ထားပါတယ် ဇာတ်လမ်းကတော့ Dai ဆိုတဲ့ကောင်လေးက ဂုဏ်သိက္ခာကြီးမားတဲ့ ရှေးရိုးစွဲဘုရားကျောင်း ဖွင့်လှစ်ထားတဲ့ မိသားစုမှ ဆင်းသက်လာတာပါ…သူ့မှာ ငယ်ငယ်တည်းက ချစ်ရတဲ့ Yu Fan ဆိုတဲ့ကောင်မလေးတစ်ယောက်ရှိတယ် အဲ့ကောင်မလေးရဲ့ ပျောက်ဆုံးနေတဲ့အဒေါ်ကို ကူရှာပေးဖို့ ကြိုးစားကြရင်း နတ်ဘုရားတွေဆီ အကူအညီတောင်းကြတဲ့အခါ
...

Ganymede (2024) ⭐IMDB: 4.3/10 (312 Votes) 🎬 #Drama #Thriller #Horror 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 38 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဘာသာရေးအစွန်းရောက်မှုတွေ LGBT လူ့အဖွဲ့အစည်းနဲ့ ပတ်သတ်လို့လွဲမှားနေတဲ့အယူအဆတွေကိုမီးမောင်းထိုးပြ ပေးသွားမဲ့ BL ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားလေးရဲ့နာမည်ကတော့ Ganymede ဖြစ်ပြီး သည်းထိပ်ရင်ဖိုဒရာမာပုံစံရိုက်ကူးပြသထားပါတယ်။ မိဘမှန်ရင်ကိုယ့်သားသမီးကိုသဘာ၀အတိုင်းပဲဖြစ်စေချင်ကြပေမဲ့ သဘာ၀နဲ့ဆန့်ကျင်တဲ့လိင်စိတ်တွေဖြစ်လာတဲ့အခါမှာလက်ခံ ပေးကြတဲ့မိဘတွေရှိသလို ခါးခါးသီးသီးမုန်းတီးကြတဲ့မိဘတွေလည်း ရှိပါတယ်။အပြင်လောကမှာလည်းတကယ်ဖြစ်နေတဲ့ဒီလိုအရှုပ် အထွေးတွေကိုကျောင်းသားကောင်လေး ၂ ယောက်ရဲ့အချစ် ဇာတ်လမ်းလေးနဲ့တင်ဆက်ပေးထားပါတယ်။ လီဖလက်ချာဆိုတဲ့ ကောင်လေးက မျိုးရိုးမြင့်တဲ့ ဖလက်ချာမိသားစုက ဆင်းသက်လာတဲ့သူဖြစ်ပြီး သူ့ဘ၀မှာလွတ်လပ်မှုအရသာကို မခံစားဖူးသလို မိဘတွေပြောတဲ့အတိုင်းတသဝေမတိမ်းနေခဲ့ရ ပါတယ်။ဒါပေမယ့်သူ့မှာ လိင်တူချစ်ကြိုက်တဲ့စိတ်လေးအနည်းငယ် ရှိနေတာကိုတော့ ကိုင်လ်ဆိုတဲ့ကောင်လေးနဲ့တွေ့မှ သူကိုယ်တိုင် သိလာခဲ့ရတာဖြစ်ပါတယ်။ အဲ့ဒီမှာတင်လီရဲ့မိသားစုမှာ ပြဿနာအကြီးအကျယ်စဖြစ်ကြပြီး လီကိုလမ်းမှန်ရောက်အောင်ပြန်တည့်ပေးဖို့အတွက်မိဘတွေက ဘာသာရေးနဲ့အစွမ်းကုန်ကြိုးစားကြပါတော့တယ်။ဒါပေမယ့်သူတို့ရဲ့ ဘာသာရေးက တော်ရုံတန်ရုံမဟုတ်ပဲအစွန်းရောက်နေတဲ့အဆင့် ဖြစ်နေတဲ့အခါမှာ လီနဲ့ကိုင်လ်တို့ရဲ့အချစ်အတွက် ဘယ်လိုအခက်အခဲ တွေကိုကြုံတွေ့ရင်ဆိုင်သွားရမယ်ဆိုတာကြည့်ရှုရမဲ့ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။
...

Rebel (2024) ⭐IMDB: 4.1/10 (29 Votes) 🎬 #Action #Crime #Drama 🗓 2024 🎞 movie 🌎 #Malaysia ⏰ 1 နာရီ 41 မိနစ် 23 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ ၂၀၂၄ ခုနှစ်မှာထွက်ရှိခဲ့တဲ့ မလေးရှား ဂန်းစတား ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကတော့ အဖြစ်မှန်အပေါ် အခြေခံထားတာဖြစ်ပြီး မလေးရှားဂန်းစတား လုကာ ရဲ့အကြောင်းကို ပြန်လည်ရိုက်ကူး ထားတာပါ။ လုကာ တို့က ကျူးကျော်ရပ်ကွက်တစ်ခုထဲမှာနေထိုင်ပြီး အဲဒီ ရပ်ကွက်မှာ လူမိုက်တွေ၊ မူးယစ်ဆေးတွေနဲ့ ဒုစရိုက်မှုတွေနဲ့ ပြည့်နေတယ်။ လုကာ အမေက ရပ်ကွက်ထဲမှာ မုန့်ရောင်းပြီး လုကာအဖေက အလုပ်အရမ်းလုပ်လို့ အိမ်ကိုနောက်ကျမှပြန် ရောက်လေ့ရှိတယ်။ လုကာတို့ ရပ်ကွက်‌မှာ သာမန်ပြည်သူတွေက လူမိုက်တွေကိုကြောက်ရပြီး လုကာ ကလည်း အနိုင်ကျင့်ခံရတဲ့ ကလေးတစ်ယောက်ပါ။ အဲဒီလိုနဲ့ မခံချင်စိတ်ပြင်းထန်တဲ့ လုကာ က အသက်ကြီးလာတဲ့အခါ လူမိုက်တွေကိုပြန်တွန်းလှန်ခဲ့တယ်။ ဒီဇာတ်လမ်းလေးမှာတော့ လုကာ နဲ့ လူမိုက်တွေကြားက အကြောင်းတွေ၊ မလေးရှားမြေအောက်လောက အဖွဲ့အစည်းတွေရဲ့ပတ်သတ်မှုတွေကို အက်ရှင်ခန်းတွေအပြည့်နဲ့ရှုစားကြရမှာဖြစ်ပါတယ်။ (မလေးရှားရဲ့ လမ်းမတော်ဖိုးတုတ်ပေါ့ခင်ဗျာ)
...

Fuchsia Libre (2024) ⭐IMDB: 5.2/10 (33 Votes) 🎬 #Action #Comedy #Sport 🗓 2024 🎞 movie 🌎 #Philippines ⏰ 1 နာရီ 53 မိနစ် 14 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Fusha Libre ဟာ အက်ရှင်၊ ဟာသအမျိုးအစားဖိလစ်ပိုင် ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။ မိခင်ဆုံးပါးပြီးတဲ့နောက် တစ်ဦးကိုတစ်ဦးမှီခိုနေထိုင်လာကြတဲ့ဒန်နီနဲ့အိုလီဗာတို့ဟာ သိပ်ချစ်ကြတဲ့သားအဖတွေဖြစ်ပါတယ်။ ငယ်ငယ်ငယ်ကတည်းက ကိုယ့်ကိုယ်ကိုယ်ဂေးမှန်းသိနေခဲ့တဲ့ အိုလီဗာဟာ ယောကျ်ားပီသစေချင်တဲ့ဖခင်ရဲ့ဆန္ဒကြောင့် သူ့ပုံစံမှန်ကိုမျိုသိပ်ရင်း ကြီးပြင်းလာခဲ့ရပါတယ်။ လူပျိုအရွယ်ရောက်လာတဲ့အခါမှာတော့ အိုလီဗာက ယောကျ်ားလေးချင်းရည်းစားထားနေတာကိုသိသွားတဲ့ဒန်နီက အိုလီဗာကိုစိတ်ဆိုးပြီး သားအဖဆက်ဆံရေးကိုလည်းဖြတ်ပစ် ခဲ့ပါတယ်။ အိုလီဗာက ဘဝကိုကြိုးစားရုန်းကန်ရင်း သူတည်ထောင်ထားတဲ့ အားကစားခန်းမလေးကိုကယ်တင်နိုင်ဖို့ ကြေးကြီးတဲ့ မြေအောက် လက်ဝှေ့ကြိုးဝိုင်းတစ်ခုမှာ ဝင်ထိုးဖို့ဖြစ်လာခဲ့ပါတယ်။ အိုလီဗာထင်မထားခဲ့တာက သူ့အဖေဒန်နီဟာ လက်ဝှေ့ပွဲကျင်းပ သူတွေထဲကတစ်ယောက်ဖြစ်နေတဲ့အပြင် သူပတ်သက်ခဲ့မိတာက သာမန်တရားမဝင်လက်ဝှေ့ကြိုးဝိုင်းလေးတစ်ခုမဟုတ်ဘဲ ရက်စက်တဲ့ လူသတ်မှုတွေ၊ ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ဂိုဏ်းကြီးတစ်ခု ဖြစ်နေပါတော့တယ်။
...

Uhaw (2024) ⭐TMDB: 0% User Score 🎬 #Adult #Drama 🗓 2024 🎞 movie 🌎 #Philippines ⏰ 1 နာရီ 34 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ရီဂျွိုက်စ်နဲ့မားကပ်စ်ဟာ သိပ်ချစ်ကြတဲ့စုံတွဲတွေဖြစ်ပြီး လတ်တလောမှာတော့ မားကပ်စ်တစ်ယောက် ရောဂါကြောင့်ကိုမာဝင်သွားတဲ့အတွက်ရီဂျွိုက်စ်ကပဲ စီးပွားရေးလူမှုရေးတင်မက မားကပ်စ်ရဲ့ကျန်းမာရေးကိစ္စကိုပါ အသေးစိတ်ပြုစုတာဝန်ယူထားရပါတယ်။တစ်နေ့မှာတော့ မားကပ်စ်ရဲ့ဖုန်းကို အမျိုးသမီးတစ်ယောက်ဆီက မက်ဆေ့ချ်ဝင်လာခဲ့ပြီး အဲ့ဒီအမျိုးသမီးဟာ သူ့ကိုသိပ်ချစ်ပါတယ်ဆိုတဲ့မားကပ်စ်ရဲ့တိတ်တိတ်ပုန်းလျှို့ဝှက်ဇာတ်လမ်းတစ်ခုဖြစ်တယ်ဆိုတာ သိလိုက်ရတဲ့နောက် ရီဂျွိုက်စ်တစ်ယောက်အဲ့ဒီအမျိုးသမီးနဲ့ရင်ဆိုင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒါပေမယ့် တကယ်တမ်းတွေ့လိုက်ရတဲ့အချိန်မှာ သူထင်ထားသလိုမဟုတ်ပဲအကြောင်းရင်းအမှန်တွေကိုပိုသိလာရတဲ့နောက် အဲ့ဒီအမျိုးသမီးကို သတိလစ်နေတဲ့ သူ့ခင်ပွန်းထက်ပိုပြီးငြိတွယ်သွားမိပါတော့တယ်။Mainstream လိုင်းဘက်ကိုပြောင်းသွားပြီးနောက် ဒီဘက်ပိုင်းမှာကားရိုက်ကြဲသွားတဲ့ မမလေး Angeli Khang ရဲ့ကားသစ်ဖြစ်ပါတယ်။ရီဂျွိုက်စ်အဖြစ်ပါဝင်ထားသူကတော့ The Voice Kids မှာဒိုင်သုံးယောက်ကိုခုံလှည့်အောင်စွမ်းဆောင်နိုင်ခဲ့တဲ့ Ataska Mercado ဖြစ်ပြီးဒီဇာတ်ကားရဲ့ဇာတ်ဝင်သီချင်းတွေကို ကိုယ်တိုင်သီဆိုထားပါတယ်။အားရကျေနပ်ကြမှာပါ။ ( အညွှန်းရေးသားထားသူက‌တော့
...

The Daechi Scandal (2024) ⭐TMDB: 60% User Score 🎬 #Drama #Melodrama #Romance 🗓 2024 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 49 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Daechi Scandal (2024) ************************** ဒီတစ်ခေါက်မှာတော့ Wonder Girls အဖွဲ့ဝင်ဟောင်း Ahn So-Hee နဲ့ Military Prosecutor Doberman ထဲမှ မင်းသား Park Sang-Nam တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ရုံတင်ကားသစ်လေးကို တင်ဆင်ပေးလိုက်ပါ‌တယ်။ – ဇာတ်လမ်းအကျဉ်း – ဂင်ယွန်းအင် (Ahn So-Hee) ကတော့ ဒယ်ချီဒုံက ယွန်းချောဆူသင်တန်းကျောင်းမှာ အလုပ်လုပ်နေတဲ့ ဘာသာဗေဒနည်းပြဆရာမလေးပါ။ အလယ်တန်းနှစ်ဝက်စာမေးပွဲတွေအပြီးမှာ အလယ်တန်း ဘာသာဗေဒဆရာလေး ဘဲ့ဂီဟိန်းက ယွန်းအင်ရဲ့ အိမ်ကို လာတွေ့ခဲ့ပါတယ်။ ဂီဟိန်းကတော့ တခြားသူမဟုတ်ဘဲ လွန်ခဲ့တဲ့ ၁၀ နှစ်က ယွန်းအင်နဲ့ တက္ကသိုလ်တစ်ကျောင်းတည်း တစ်မေဂျာတည်းမှာတက်ခဲ့တဲ့ ကျောင်းနေဖက်ဖြစ်သလို ယွန်းအင်ရဲ့ရည်းစားဟောင်းတစ်ယောက်ပါ။ သင်တန်းကျောင်းက ဘာသာဗေဒနည်းပြဆရာမလေးနဲ့ ကျောင်းဆရာလေးတို့ တွေ့ဆုံနေကြတဲ့ပုံတွေ ပျံ့နှံ့သွားပြီး မေးခွန်းပေါက်ကြားပါတယ်ဆိုတဲ့ သံသယဝင်မှုတွေ စဖြစ်လာတဲ့အခါမှာတော့… အဲဒီသံသယတွေ ပျောက်သွားအောင် ဘယ်လိုဖြေရှင်းကြမလဲ ယွန်းအင်နဲ့ ၁၀ နှစ်ကြာမှ ပြန်တွေ့တဲ့ ရည်းစားဟောင်း ဂီဟိန်းတို့ကြားမှာ ဘယ်လိုမျိုး ဇာတ်လမ်းလေးတွေ ပြန်စတင်လာမလဲဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာပဲ ဆက်လက်ကြည့်ရှုပေးကြပါဦး။ (ဇာတ်လမ်းအကျဉ်းကို Hnin Wai Oo မှ ရေးသားပေးထားပါတယ်။)
...

I Heart Robots (2024) ⭐IMDB: 5.0/10 (2 k Votes) 🎬 #Action #Adventure 🗓 2024 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 17 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အနာဂတ်ကာလတစ်ခုမှာ လူတွေနဲ့ စက်ရုပ်တွေ ယှဉ်တွဲနေထိုင် လာကြရင်း AIနဲ့ စက်ရုပ်တွေရဲ့ သဘာဝအတိုင်း လူသားတွေကို သတ်ဖြတ်မယ့် စက်တွေအဖြစ်ကို ပြောင်းလဲသွားတာကြောင့် လူသားတွေနဲ့ စက်ရုပ်တွေ စစ်မက်ဖြစ်လာခဲ့ပြီး ကမ္ဘာပျက်ကပ်ကြီး စဖြစ်လာခဲ့ပါတယ်။ ဒီစစ်ပွဲမှာ လူသားတွေ အရေးနိမ့်သွားခဲ့ပြီး စက်ရုပ်တွေရဲ့ လိုက်လံ သတ်ဖြတ်ခြင်းကို ခံရတာကြောင့် အဖွဲ့လိုက် ပုန်းခိုနေရတဲ့ဘဝကို ရောက်သွားကြပါတယ်။ ဒီထဲက တဲရာဆိုတဲ့ မိန်းကလေးတစ်‌ဦးက စိတ်မဖောက်သွားတဲ့ စက်ရုပ်တစ်ရုပ်နဲ့အတူ လူသားတွေရော၊စက်ရုပ်တွေပါ သေကြေပျက်စီးစေမယ့် အဏုမြူဗုံး ပေါက်ကွဲမှုကို တားဆီးဖို့ ကြိုးပမ်းရပါတော့တယ်
...

Bheema (2024) ⭐IMDB: 6.7/10 (579 Votes) 🎬 #Bollywood #Crime 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 26 မိနစ် 57 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Bheema 2024( ဘီးမာ ) ဒီတစ်ခါ CM Bollywood ပရိသတ်ကြီးကိုတင်ဆက်ပေးချင်တာကတော့ IMDb 6.8/10 ရBheema ဆိုတဲ့ 2024 ထွက်ရုပ်ရှင်ပဲဖြစ်ပါတယ်.. ဘီးမာလို့အမည်ရတဲ့ မိဘမဲ့နဲ့ ဆေးခြောက်ရောင်းတဲ့မန်ဂျူတို့ရဲ့ကြားက အငြိုးအတေးတွေအကြောင်းကို အကအလှတွေနဲ့အတူမြိုင်မြိုင်ဆိုင်ဆိုင်ရိုက်ကူးထားတဲ့ Thriller/Action အမျိုးအစားပါ ဇာတ်လမ်းအကျဉ်းကတော့.. ကားအပိုပစ္စည်းတွေရောင်းတဲ့ဂျေစီလမ်းမှာ နာမည်ကြီးကားပြင်ဆရာ ရန်မနဆိုသူရှိပါတယ်။သူတို့မှာ သားလေးတစ်ယောက်အပြင် မန်ဂျူဆိုတဲ့ အကူကောင်လေးတစ်ယောက်ကိုလည်းသားတစ်ယောက်လိုပြုစုပြီး ခေါ်ထားပါသေးတယ်။ ဒါပေမဲ့ ၀မ်းမနာသားလေးကတော့လူမိုက်တွေနဲ့ပေါင်းပြီး ကားပြင်ရုံမှာ ဆေးခြောက်ခိုးရောင်းပြီး ကျွေးကျေးဇူးတွေကိုဆပ်နေရှာပါတယ်။ သားအရင်းကသိတော့ ဆေးခြောက်တောင်းသုံးရင်း အက်စီးဒန့်ဖြစ်ကာ မာလကဈာန်ကြွသွားပါတော့တယ်။အဲဒီမှာပဲ မွေးစားသားကို နှင်ထုတ်လိုက်ကာ ရန်မနလည်း အရက်ဂျိုးကပ်ပြီး မူးရူးနေရင်း နေ့ရက်တွေကိုဖြတ်သန်းနေတော့မကြည့်ရက်တဲ့မိတ်ဆွေက ဘီးမာနဲ့အလူလို့ခေါ်တဲ့ မိဘမဲ့ကောင်လေးနှစ်ယောက်ကို ခေါ်လာပြီးပညာသင်ရင်းမွေးစားခိုင်းလိုက်ပါတယ်။ ဒီလိုနဲ့ သားလေးသေတဲ့ တစ်နှစ်ပြည့်မှာ လူမိုက်စစ်စစ်ကြီးဖြစ်နေပြီဖြစ်တဲ့ မန်ဂျူကိုငါ့သားသေတာမင်းကြောင့်ဘာညာ သွားဖြဲရာက ဟိုကထိုးကြိတ်လွှတ်လိုက်လို့အိပ်ရာပေါ်လဲသွားပါတယ်။ အဲဒီနောက်တော့ နာလန်မထူဘဲ တအိအိနဲ့နေမကောင်းဖြစ်ပြီးဆုံးပါးသွားတဲ့အတွက် မွေးစားသားအသစ်လေး ဘီးမာနဲ့ မွေးစားသားဟောင်းမန်ဂျူတို့ကြားမှာ ဖျောက်ဖျက်မရနိုင်တဲ့ အငြိုးတရားတွေ ကြီးထွားလာတယ်။ အဲဒီလိုနဲ့ ဘီးမာဆိုတဲ့ ခါချဉ်ကောင်လေးက မန်ဂျူဆိုတဲ့တောင်ကြီးကို ဘယ်လိုဖြိုမလဲ..နိုင်ငံရေးလှည့်ကွက်တွေ ဘယ်နေရာမှာ ဘယ်လိုပါ၀င်နေမလဲ..တကယ်ပဲ တရားမျှတမှုက ငွေကြေးနဲ့အာဏာကိုအနိုင်ယူနိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်လိုက်ကြရအောင်ဗျ ( ဘာသာပြန်နဲ့အညွှန်းကတော့ CM Bollywood Team မှဖြစ်ပါတယ်
...

No Way to Spin It (2023) ⭐IMDB: 5.7/10 (19 Votes) 🎬 #Drama 🗓 2023 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 26 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ ကလယ်ယာ ဆိုတဲ့ နယူးယောက်မှာရှိတဲ့ အောင်မြင်သာယာနေတဲ့ မိန်းကလေးတစ်ယောက်က သာသာယာယာနေနေရင်း သူ့သတိုးသားလောင်းနဲ့ မင်္ဂလာဆောင်ခါနီးမှ သူ့ရဲ့ personal ပြဿနာတွေ တစ်ခုပြီးတစ်ခုပေါ်လာတာတွေကို သူဘယ်လိုဖြေးရှင်းလဲဆိုတာကို ရိုက်ပြထားတဲ့ Drama ကားလေးတစ်ကားပါ ပုံမှန်လက်တွေ့ဘဝမှာလည်း ကြုံရတတ်တဲ့ မထင်မှတ်ထားတာတွေပါ ဒီလို အခက်အခဲတွေနဲ့ကြုံလာရင် ဘယ်လိုဖြေရှင်းကြမလဲဆိုတာလေးပါ ကြည့်ရှုလိုက်ကြပါဦးလို့
...