uz
Feedback

Firibgarlarga uchmang! Telemetrio bunday kanallarni topadi va belgilaydi 👉 Belgini ko‘rmoqchi bo‘lsangiz, obuna bo‘ling

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Yopiq kanal

🚩 Channel was restricted by Telegram

Ko'proq ko'rsatish
Ma'lumot yo'q
Obunachilar
-524 soatlar
-47 kun
+730 kun
Postlar arxiv
Suzzanna: Kliwon Friday Night (2023) ⭐IMDB: 5.8/10 (336 Votes) 🎬 #Drama #Fantasy #Horror #Mystery #Thriller 🗓 2023 🎞 movie 🌎 #Indonesia ⏰ 2 နာရီ 11 မိနစ် 39 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Suzzanna Kilwon Friday Night 2023 CM ပရိသတ်ကြီးအတွက် ခုတစ်ခါတင်ဆက်ပေးချင်တာကတော့ငယ်ငယ်တုန်းက ကြည့်နေကျ မလေးရှားစုန်းဇာတ်ကားတွေလိုမျိုး အောက်လမ်းပညာတွေ စုန်းကဝေတွေအကြောင်း ပါဝင်တဲ့ အင်ဒိုသရဲကားလေးပဲ ဖြစ်ပါတယ် ဆူဇနာနဲ့ ဆူရာဟာအရမ်းချစ်မြတ်နိုးကြတဲ့ စုံတွဲလေးပါ မကြာခင်မှာလက်ထပ်ဖို့လည်း ရည်ရွယ်ထားပြီး စေ့စပ်ပြီးကြပါပြီဒါပေမဲ့ ဘဝဆိုတာ ကိုယ်စီမံသလိုဖြစ်မလာပဲ လောင်းကစားမက်တဲ့ ဆူဇနာရဲ့အဖေကြောင့်ဆူဇနာဟာ ရွာသူဌေး ရာဒန်ရဲ့အကြွေးနဲ့သိမ်း မယားငယ်လုပ်ခြင်းကို ခံလိုက်ရပါတော့တယ်ဒါကိုပဲ မယားကြီးဖြစ်သူက မကျေနပ်လို့ အောက်လမ်းနဲ့ပြုစားတဲ့ ဘာတွေဖြစ်လာမလဲဆူဇနာကိုဆုံးရှုံးလိုက်ရပေမယ့် အချစ်မပြယ်သေးတဲ့ ဆူရာကရော ဘာတွေဆက်လုပ်မလဲဆိုတာရင်နာနာနဲ့ မျက်ရည်လဲဝဲ ကြောက်လဲကြောက်ရင်း ကြည့်ရှုရမှာမို့ဒီလိုမျိုး ဖျော်ဖြေမှုအသားပေး ငယ်ဘဝအမှတ်တရ စုန်းသရဲကားတွေကြိုက်တဲ့ ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ် အညွှန်းနဲ့ဘာသာပြန်ထားတာကတော့Sai Thurein Lynnပဲဖြစ်ပါတယ်...

Phases of the Moon (2022) ⭐IMDB: 5.9/10 (136 Votes) 🎬 #Drama #Romance #Fantasy 🗓 2022 🎞 movie 🌎 #Japan ⏰ 2 နာရီ 9 မိနစ် 10 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီတစ်ခေါက်ကားလေးကတော့ 2022ခုနှစ်ကထွက်ရှိခဲ့တဲ့Phases of the moon ဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ဒီကားထဲမှာဆိုရင် ဟိုတစ်လောကမှထွက်ရှိထားတဲ့ My happy marriage live action ကအဆိုတော်သရုပ်ဆောင် Meguro Renလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါက‌တော့ ဇာတ်လမ်းအကျဉ်းလေးပေါ့နော်။Tsuyoshi Osanai ဟာ ဇနီးဖြစ်တဲ့ Kozue Osanaiရယ်သူ့ရဲ့သမီးဖြစ်သူ Ruri Osanai ရယ်နဲ့ မိသားစုသုံးယောက် ဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေခဲ့တာပါ။ဒါပေမဲ့ ရုတ်တရက် ဇနီးနဲ့သမီးဟာ မတော်တဆမှုနဲ့ သေဆုံးသွားခဲ့ကြပြီး သူ့ရဲ့ဘဝဟာလည်းပျော်ရွှင်မှုတွေပျောက်ဆုံးသွားခဲ့ရပါတော့တယ်။အဲ့လိုနဲ့ တစ်ရက်မှာတော့ Tsuyoshi ဆီကို Misumi Akihiko ဆိုတဲ့ဓာတ်ပုံဆရာတစ်ယောက်ရောက်ရှိလာခဲ့ပါတယ်။Tsuyoshi ရဲ့ ဇနီးနဲ့သမီးဖြစ်သူ မတော်တဆဖြစ်ခဲ့တဲ့နေ့မှာ သူနဲ့တစ်ခါမှတွေ့ဆုံသိကျွမ်းဖူးခြင်းမရှိတဲ့ Ruriဟာသူနဲ့တွေ့ဖို့လာနေရင်းမတော်တဆဖြစ်ခဲ့တယ်ဆိုတာကို Misumi ကပြောပြခဲ့ပါတယ်။အဲ့ဒီအပြင် သူ့ရဲ့သေဆုံးသွားတဲ့ချစ်သူ Ruri Masaki ရဲ့အကြောင်းကိုပါပြောခဲ့ပြီးRuri Osanai ဟာ သူ့ရဲ့ချစ်သူဝင်စားတာဖြစ်နိုင်ကြောင်းပြောပြခဲ့ပေမဲ့ Tsuyoshi ကတော့လက်မခံနိုင်ခဲ့ပါဘူး။နောက်ဆုံးမှာ Tsuyoshi က သူ့သမီးဟာ လူဝင်စားတယ်ဆိုတာကိုယုံကြည်လက်ခံသွားနိုင်မှာလား။ချစ်ရသူကိုတွေ့ချင်လို့ လူပြန်ဝင်စားခဲ့တဲ့ Ruriကရော Misumi ကိုတွေ့နိုင်သွားမှာလား ဆိုတာကိုတော့ပရိသတ်ကြီးကပဲ ဆက်ပြီးတော့ကြည့်ရှုကြည့်လိုက်ကြပါနော်။ အညွှန်းနဲ့ဘာသာပြန်ကတော့Khaingပဲဖြစ်ပါတယ်...

The Graduates (2007) ⭐TMDB: 68.0% User Score 🎬 #Drama #Romance #Comedy 🗓 2007 🎞 movie 🌎 #Japan ⏰ 1 နာရီ 55 မိနစ် 20 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အခုတစ်ခေါက်ဇာတ်ကားလေးကတော့ 2007ခုနှစ်ကထွက်ရှိထားတဲ့The graduates ဆိုတဲ့ ဂျပန်ကျောင်းသားဇာတ်ကားလေးဖြစ်ပါတယ်။ Kayoko Akimotoဟာဆိုရင် ကျောင်းမှာဘက်စုံတော်ပြီးတော့တိုကျိုမှာ တက္ကသိုလ်သွားရောက်တက်ဖို့မျှော်မှန်းထားတဲ့ စီနီယာအထက်တန်းကျောင်းသူတစ်ယောက်ဖြစ်ပါတယ်။ဘေ့စ်ဘောအသင်းရဲ့ ace pitcher ဖြစ်တဲ့ Sasaki Tomizoကတော့ Kayokoကို သဘောကျနေသူတစ်ယောက်ပါ။ တစ်ဖက်မှာလည်း အတန်းရဲ့နောက်ဆုံးမှာထိုင်ပြီး အမြဲတမ်းသီချင်းနားထောင်နေတတ်တဲ့Kei Shirataဆိုတဲ့ တေးရေးဆရာတစ်ယောက်ဖြစ်တဲ့ ကျောင်းသူလေးတစ်ယောက်ရှိပါတယ်။တစ်ရက်မှာတော့ Keiဟာ သူမနဲ့အတန်းတူ Tsujimoto Kazuyaဆိုတဲ့ကျောင်းကရော့ခ်တီးဝိုင်းမှာ ဝင်ရောက်တီးခက်နေတဲ့ ကျောင်းသားလေးကိုသတိထားမိသွားခဲ့ရာကTsujimoto ဟာ သူ့လိုမျိုးပဲ ဂီတကိုခံစားတတ်တဲ့သူတစ်ယောက်ဆိုတာကို ခံစားမိခဲ့ပါတယ်။ဂီတအကြောင်းပြောရင်း နှစ်ယောက်သားရင်းနှီးသွားခဲ့ကြရာကနေ သူနဲ့ဝါသနာပါရာနယ်ပယ်ချင်းတူတဲ့Tsujimoto အပေါ်မှာ Kei ဟာ ခံစားချက်တွေရှိလာပါတော့တယ်။Kei ရဲ့ခံစားချက်တွေကို Tsujimotoက သိရှိပြီးလက်ခံသွားမှာလား။Kei ရဲ့တေးရေးဆရာဖြစ်ချင်တဲ့အိပ်မက်ကရော ပြည့်ဝသွားမှာလားဆိုတာရယ်။‌Kayokoတက်ချင်တဲ့ တိုကျိုကတက္ကသိုလ်ကို တက်နိုင်သွားမလား။Sasaki ရဲ့ Kayokoအပေါ်ထားတဲ့ခံစားချက်တွေက ထပ်တူကျသွားနိုင်မှာလားဆိုတာတွေကိုစောင့်ကြည့်ရမယ့်အပြင်အထက်တန်းကျောင်းသားဘဝရဲ့ အနာဂတ်ရည်မှန်းချက်တွေ ချစ်ခြင်း‌မေတ္တာတွေ စတဲ့လူငယ်ဘဝခံစားချက်လေးတွေကို ပြန်ပြီးသတိရနိုင်မှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။ အညွှန်းနဲ့ဘာသာပြန်ကတော့Khaingပဲဖြစ်ပါတယ်...

My Name Is Shruthi (2023) ⭐IMDB: 8.7/10 (2 k Votes) 🎬 #Bollywood #Thriller #Uncategorized #Crime 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 10 မိနစ် 18 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 My Name Is Shruthi (2023) “ကျွန်မက ရှရူသီ”IMDb-8.7/10 တောင်ပိုင်းမင်းသမီးချော ဟန်ဆီကာအဓိကပါဝင်တင်ဆက်ထားတဲ့ အိန္ဒိယရုပ်ရှင်ကားကောင်းလေးတကားကိုတင်ဆက်ပေးလိုက်ပါတယ်။ အသက်ကြီးလို့ အသားရေပျက်စီး ယိုယွင်းလာတာကိုမလိုချင်ကြတဲ့ ငွေကြေးချမ်းသာတဲ့လူတွေကနုပျိုမှုအတွက် အရေပြားအစားထိုးကုသကြတယ်။တရားဝင်မဟုတ်တဲ့အတွက်ကြောင့် အရေပြားအစားထိုးကုသဖို့အတွက် မှောင်ခိုကူးတဲ့ မာဖီးယားဂိုဏ်းရှိတယ်။အဲဒီမာဖီးယားဂိုဏ်းရဲ့ခေါင်းဆောင်ကဝန်ကြီးဖြစ်ဖို့အသည်းအသန်ကြိုးစားနေတဲ့ လွှတ်တော်အမတ်တယောက်။ သူတို့ဂိုဏ်းက အသားရေလှပတဲ့ အမျိုးသမီးငယ်လေးတွေကိုဖမ်းပြီး အရေပြားအစားထိုးမှုအတွက် အတင်းအဓမ္မလုပ်ဆောင်စေပါတယ်။ဒီလိုအရှုပ်အထွေးတွေကြားထဲမှာ နယ်မြို့လေးကနေ ဟိုက်ဒရာဘတ်ကိုတက်ပြီး အလုပ်လာလုပ်တဲ့ ရှရူသီဆိုတဲ့အမျိုးသမီးလေးတစ်ယောက် ဘယ်လိုတွေပါဝင်ပတ်သက်သွားမိမလဲ။ ရဲတပ်ဖွဲ့ကရော ဒီမိန်းကလေးတွေပျောက်တဲ့အမှုကို ဖော်ထုတ်အရေးယူနိုင်မှာလားဆိုတာ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...

Mother (2014) ⭐IMDB: 4.1/10 (24 Votes) 🎬 #Horror 🗓 2014 🎞 movie 🌎 #Japan ⏰ 1 နာရီ 24 မိနစ် 46 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Mother 2014 Manga artist ဖြစ်တဲ့ ကာဇူအို အူမဲဇုက မန်ဂါလောကရဲ့ နာမည်ကျော်ဆရာတစ်ူ ဖြစ်ပါတယ်။တစ်နေ့မှာ သူပရိသတ်တဖြစ်လဲ၊ တည်းဖြတ်သူပေါက်စလေး ဆာကူရာကသူ့အတ္ထုပတ္တိအကြောင်းကို စာအုပ်ထုတ် ဖြန့်ဝေဖို့ လာညှိုနှိုင်းပါတော့တယ်။ဒီလိုနဲ့ မန်ဂါဆရာတစ်ယောက် သူကြုံတွေ့ခဲ့ ဘဝဖြတ်သန်းမှုအကြောင်းပြောပြရာကနေ ထူးဆန်းမှုတွေကို သတိပြုမိလာတာပါပဲ။အတိတ်ကို တူးဆွရင်း သူ့မိခင်ရဲ့ သေဆုံးမှုကနေ မဖြေရှင်းနိုင်ခဲ့တဲ့ပဟေဠိကားချပ်ကို ဆက်စပ်ရင်း အဖြေထုတ်ဖို့ ဖြစ်လာတဲ့အခါ…လက်တွေ့နဲ့ စိတ်ကူးယဉ်ပုံပြင်ကို ဆက်စပ်ရင်း သူတို့တွေ အဖြေရှာတွေ့မလားဆိုတာကို ကြည့်ရမှာပဲ ဖြစ်ပါတယ်473MB အညွှန်းနဲ့ဘာသာပြန်ကတော့Su Myatပဲဖြစ်ပါတယ်...

Sons of Anarchy (2008-2014) ⭐IMDB: 8.6/10 (317 k Votes) 🎬 #Crime #Drama #Thriller 🗓 2008-2014 🎞 tv series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 45 မိနစ် 7 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Sons of Anarchy (2008) Your browser does not support the video tag. CM fan တွေ တောင်းဆိုမှု အများဆုံး rating အမြင့်ဆုံးတွေ legendary တွေထဲက စီးရီးတစ်ခု ထပ်တင်ပေးထားလိုက်ပါပြီ။တချိန်က FX ရဲ့ ကြည့်ရှုသူ အမြင့်ဆုံး ဖြစ်ခဲ့ဖူးတဲ့ စီးရီးတစ်ခုဖြစ်ပါတယ်။ Sons of Anarchy ဆိုတာ Charming မြို့မှာ ရှိတဲ့ မော်တော်ဆိုင်ကယ်ဂိုဏ်းတစ်ဂိုဏ်းပါ။ အပေါ်ယံမှာတော့ ဒီလိုဆိုပေမဲ့ ဒီဂိုဏ်းဟာ သေနတ်တွေ မှောင်ခိုရောင်းပါတယ်။ လိုအပ်ရင် လူသတ်ရတဲ့ အပြစ်သားတွေပါပဲ။ဒါပေမဲ့ လူမိုက်ဂိုဏ်းကြီး ဖြစ်နေလို့ ငြိမ်းချမ်းမနေပါဘူး။ အဘက်ဘက်က ရန်သူတွေက သူတို့ကို ဘက်ပေါင်းစုံကနေ တိုက်ခိုက်ချင်ကြတယ်။ SOA ဂိုဏ်းက လက်ဝါးကြီးအုပ်ထားတဲ့ လုပ်ငန်းတွေကို အပိုင်စီးပြီး Charming ကို အုပ်စိုးချင်ကြတော့ SOA မှာလည်း တစ်နေ့တစ်မျိုး မရိုးရတဲ့ ပြဿနာတွေ ကြုံရပါတယ်။ဒီကြားထဲ ဂိုဏ်းအရေး မိသားစုအရေး လူမှုရေးတွေကပါ ရောယှက်လာတဲ့အခါ ပြဿနာတွေက ပိုရှုပ်ထွေးလာပါတော့တယ်။ အက်ရှင်တွေ Crime တွေကြား အချစ်၊ အမုန်း၊ ရန်စ၊ သစ္စာတရား ရသမျိုးစုံကို ပေးစွမ်းမဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်လို့ မြည်းစမ်းကြည့်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်...

The Chase (2009) ⭐IMDB: 5.4/10 (234 Votes) 🎬 #Drama #Romance 🗓 2009 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 29 မိနစ် 52 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 In My End is My Beginning 18+ အညွှန်း အခုတင်ဆက်ပေးလိုက်တဲ့ကိုရီးယားကားလေးကတော့၂၀၀၉ ခုနှစ်မှာ ဒါရိုက်တာ Min Kyu Dong ရဲ့ လက်ရာဖြစ်တဲ့ Short film လေးကို လူကြိုက်များတဲ့အတွက်Full length version အနေနဲ့ ပြန်လည်ရိုက်ကူးခဲ့ပြီး ၂၀၀၉ ဘူဆန်ရုပ်ရှင်ပြပွဲမှာ ထုတ်ပြခဲ့ပါတယ်။၂၀၁၃ ခုနှစ်မှာတော့ ရုံတင်ခဲ့ပြီး Box office မှာ ဒေါ်လာ ၂ မီလီယံကျော်ထိပြန်လည်ရရှိခဲ့တဲ့ကားဖြစ်ပါတယ်။မင်းသားကြီး Hwang Jung Min ၊ မင်းသမီး Uhm Jung Hwa နဲ့Castway Div‌a ထဲက အချောလေးဖြစ်တဲ့ ရန်ဂျူး (Kim Hyo Jin)အစရှိတဲ့ ဒိတ်ဒိတ်ကြဲတွေက ပါဝင်ထားပြီး သရုပ်ဆောင်ပြောင်မြောက်လွန်းတဲ့အတွက် ဝေဖန်ရေးဆရာတွေကတောင် ချီးကျူးတဲ့အထိပါပဲ။ဇာတ်လမ်းအကျဉ်းကတော့ Hwang Jung Min က ဝတ္ထုဆရာအနေနဲ့ စိတ်ကူးထက်သန်တဲ့သူတစ်ယောက်ပါ။သူ့အနေနဲ့ လက်တွေ့ဆန်ရလောက်အောင် ရေးတတ်ပြီးတော့ ပတ်ဝန်းကျင်ကတောင် ‌မျောပါလောက်အထိ ရေးတတ်ပါတယ်။သူ့ ဝတ္ထုထဲမှာ‌တာ့ သူ့အနေနဲ့ လက်ရှိမိန်းမဂျောင်းဟာနဲ့ နေရတာ မပျော်ဘဲနာရူဆိုတဲ့ ကောင်မလေးနဲ့ဖောက်ပြန်ပြီး စိတ်ပျော်အောင် နေတတ်တာပါ။ဇာတ်လမ်းထဲမှာ မင်းသားမတော်တဆဖြစ်ပြီး သေသွားတဲ့အခါမှာ နာရူလေးက ဂျောင်းဟာအိမ်ကိုရောက်ရှိလာပါတော့တယ်။အဲမှာ ဘယ်လိုတွေဆက်ဖြစ်မလဲ။မယားကြီးနဲ့ တိတ်တိတ်ပုန်းကောင်မလေးတို့ ဇာတ်လမ်းက ဘယ်လိုဆက်သွားမလဲဆိုတာကိုတော့ ပရိသတ်များကပဲ ဆက်ပြီးကြည့်ရှုပေးပါဦးနော်။ (ဇာတ်လမ်းထဲမှာ မူစကူဒူးတွေ၊ BDSM တွေ၊ နံပြားရိုက်တာတွေ ပါဝင်တဲ့အတွက်ဘလူးတုစပီကာနဲ့ကြည့်စေချင်ကြောင်း ညွှန်းချင်ပါတယ်)။ အညွှန်းနဲ့ဘာသာပြန်ကတော့Mr.Kaungပဲဖြစ်ပါတယ်...

I Love Lizzy (2023) ⭐IMDB: 6.1/10 (176 Votes) 🎬 #Romance #Drama 🗓 2023 🎞 movie 🌎 #Philippines ⏰ 1 နာရီ 42 မိနစ် 46 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 I Love Lizzy (2023) ရိုးရိုးလေးနဲ့ ကောင်းတဲ့ဖိလစ်ပိုင်ကားလေး လာပါပြီ။ချစ်တိုင်းလည်း မညားကြပါဆိုတဲ့ ဇာတ်ကားကိုမှ ချိုချိုခါးခါးကြည့်ချင်ရင်ဒီဇာတ်ကားကို ကြည့်ရင်း သံဝေဂယူလို့ ရပါတယ်။ဇာတ်လမ်းကတော့ ကတ်သလစ်ခရစ်ယာန်ကိုရင်ဘဝကို ခံယူထားတဲ့ ဂျက်ဖရီအက်စ်ပီနိုကလစ်ဂါစပီမြို့ဆီ စိတ်ပြေလက်ပြောက် ခရီးထွက်လာရာက စပါတယ်။သူဟာ တကယ်ပဲ ခရစ်ယာန်ဘုန်းကြီး ဖြစ်ချင်ရဲ့လားဆိုတာကို အဖြေရှာရင်းပေါ့။လစ်ဂါစပီမှာတော့ အရက်သမား တိုးဂိုက်မလေး လစ်ဇီနဲ့ တွေ့ဆုံခဲ့မှုကစလို့ဘယ်လိုအကြောင်းတရားတွေနဲ့ “လစ်ဇီကို ချစ်မလဲ” ဆိုတာ ကြည့်ရမှာပါ။သရုပ်ဆောင်တွေလည်း ကောင်းကြပြီး၊ ဖိလစ်ပိုင်ရဲ့ ခရီးသွားဆွဲဆောင်မှုအတွက် ဦးတည်ရိုက်ထားသလား မေးရအောင်cinematography လှလှလေးနဲ့ သူ့ကိုယ်ပိုင်ကာလာနဲ့သူ ကြည့်လို့ကောင်းနေတာပါပဲ။သူ့တန်းနဲ့သူ ကြည့်ပျော်ရှိတာမို့ ခဏတာ စိတ်အပန်းပြေမယ့်ဇာတ်ကားအဖြစ် ညွှန်းပေးချင်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်ကတော့Su Myatပဲဖြစ်ပါတယ်...

24 Year Old Yoon Yul's Sexy Breasts (2021) ⭐TMDB: 75.0% User Score 🎬 #Adult #Drama #Romance 🗓 2021 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 31 မိနစ် 16 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ********************************************24 years old YoonYool sexy breasts ကတော့ Yoon Yoolဆိုတဲ့ တက်သစ်စသရုပ်ဆောင်လေးအကြောင်း ရိုက်ကူးထားတာပဲဖြစ်ပါတယ်အပြစ်ကင်းစင်တဲ့မျက်နှာလေး၊ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းနဲ့ ဘယ်လိုအကြောင်းကြောင့် သရုပ်ဆောင်ဖြစ်သွားသလဲဆိုတာ၊ ပွဲဦးထွက်ရုပ်ရှင်နဲ့ ပတ်သက်တဲ့အကြောင်း၊ လက်ရှိအလုပ်နဲ့ပတ်သက်တဲ့ ခံစားချက်တွေ၊ ရှေ့ဆက်လုပ်ကိုင်မယ့်လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး မေးမြန်းထားတာပဲဖြစ်ပါတယ်… စိတ်ဝင်စားဖို့ကောင်းသလို ပါဝင်အခန်းပေါင်းများစွာကလည်း ရှယ်လန်းတာဆိုတော့ကား...

Dear Jo (2023) ⭐IMDB: 8.4/10 (43 Votes) 🎬 #Drama #Romance 🗓 2023 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 44 မိနစ် 22 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Dear Jo: Almost is Never Enough (2023) ဒီသံသရာလောကကြီးမှာ ကျွန်တော်တို့ဘဝတွေဟာ ကံဇာတ်ဆရာညွှန်းရာ အလိုကျကပြနေကြရတဲ့ ဇာတ်ကောင်တွေပဲလေဖယောင်းလမ်းလို့ ထင်ခဲ့တဲ့ ဘဝ‌ခရီးတွေဟာ အချိုးအကွေ့တွေမှာ ဆူးခင်းလမ်းဖြစ်သွားနိုင်အောင် ကြမ်းတမ်းသွားနိုင်တာပါပဲဘဝခရီးမှာ အဆုံးထိအပြုံးမပျက် လျှောက်လှမ်းဖို့အတွက် ဘယ်အရာက အလိုအပ်ဆုံးဖြစ်မလဲ…….အဲ့မေးခွန်းလေးကို ဒီ Dear Jo: Almost is Never Enough ဆိုတဲ့ အင်ဒိုကားလေးထဲမှာပဲ အေးဆေးငြင်သာစွာ ခံစားအ‌ဖြေရှာကြည့်ကြတာပေါ့လူတစ်ကိုယ်အဖြေတစ်မျိုးတော့ ရလာကြမှာပါပဲဘာအဖြေမှမရခဲ့လဲ တွေးစရာတွေတော့ ကျန်ခဲ့ကြပါလိမ့်မယ် အင်ဒိုကားတွေထဲမှာ အက်ရှင်ကား ဖိုက်တင်ကား သရဲကားတွေပဲကြည့်ဖူးရာကနေခုဇာတ်ကားလေးကြည့်လိုက်မှပဲ အင်ဒိုတွေရဲ့ ဒရာမာနိုင်နင်းမှုကို ချီးကျူးရပါတော့မယ်ဇာတ်လမ်းလေးက ရိုးရှင်းပါတယ် ကြိုမှန်းရင်လဲမှန်းကြည့်လို့ရပါတယ်ဒါပေမဲ့ အားလုံးခံစားရမှာကတော့ ဒါက ဇာတ်လမ်းတစ်ခုမဟုတ်ပါဘူးကိုယ့်ဘဝကိုထင်ဟပ်ပြမဲ့ ကြေးမုံပြင်တစ်ခုပါမိဘအိမ်နဲ့ဝေးခဲ့တဲ့ သားသမီးတစ်ယောက်လားချစ်ရသူနဲ့ အိမ်မက်တွေမပြည့်စုံတဲ့လူငယ်လေးတစ်ယောက်လားကိုယ့်အချစ်ဆုံးသူကို ဆုံးရှုံးခဲ့ရသူလားဘယ်လိုပဲဖြစ်ဖြစ် ဒီဇာတ်လမ်းလေးကိုကြည့်ရှုရင်း တိုက်ဆိုင်တာလေးတွေရှိရင် တွေး‌ရင်းငေးရင် ဆွေးကြရအောင်…. အညွှန်းနဲ့ဘာသာပြန်ကတော့Sai Thurein Lynnပဲဖြစ်ပါတယ်...

Hellhole (2022) ⭐IMDB: 5.8/10 (7 k Votes) 🎬 #Horror #Mystery 🗓 2022 🎞 movie 🌎 #Poland ⏰ 1 နာရီ 31 မိနစ် 41 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Hellhole [2022] (IMDb 5.8/10, RT 57%) ဇာတ်လမ်းအစမှာ ဖာသာတစ်ယောက် မွေးကင်းစကလေးတစ်ယောက်ကို ဓားနဲ့ထိုးပြီး သတ်ဖို့ ဟန်ပြင်နေတယ်…ဒီအခိုက်မှာပဲ ရဲတွေ ရောက်လာပြီး ဖမ်းစီးသွားခဲ့တယ်…ဇာတ်လမ်းဟာ ဒီကစပေမယ့် နောက်အနှစ် ၃၀အကြာကို ရောက်သွားပါတယ်…ဖာသာ မာရက်ကို ခရီးဦးကြိုပြုတာကနေ စတာပါပဲ…ဖာသာမာရက်ဟာ ပိုလန်ကျေးလက်တစ်နေရာက နာတာရှည်သမားတွေကို ကုသပေးနေတဲ့ ဘုန်းတော်ကြီးကျောင်းကို ရောက်လာခဲ့ပါတယ်…ရောက်တာနဲ့ သူ့ထဲက ပစ္စည်းတွေကို စစ်ဆေးပါတော့တယ်..ပြင်ပကမ္ဘာက ပစ္စည်းတွေကြောင့် ကျောင်းတော်ထဲက ဟာမိုနီဖြစ်မှုကို ပျက်ပြားမှာစိုးလို့တဲ့လေ…သည်နောက်မှာတော့ ဖာသာ မာရက်ဟာ သူလာရခြင်း အကြောင်းအရင်းဖြစ်တဲ့ မကောင်းဆိုးဝါးနှင်တဲ့ ကိစ္စတွေမှာ ပါဝင်ပက်သက် ရပါတော့တယ်…တကယ်တော့ မာရက်ဟာ ဖာသာအစစ်မဟုတ်ပါဘူး… အယောင်ဆောင်ထားတဲ့ ရဲတစ်ယောက်သာ ဖြစ်ပါတယ်…ဒီကျောင်းတော်ရှိတဲ့ ဧရိယာမှာ မိန်းမငယ်‌ ၈ယောက်ပျောက်ဆုံးတာဟာဒီကျောင်းတော်ကို အပနှင်ဖို့ စေလွှတ်ခံရပြီးနောက် ပြန်ပေါ်မလာတာလို့သတင်းပေးလာတဲ့အတွက် မာရက်ဟာ အသွင်ယူပြီး စုံစမ်းနေတာပဲ ဖြစ်ပါတယ်..အထဲရောက်သွားမှ ဖြစ်စဉ်ဟာ သူထင်သလောက် မရိုးရှင်းသလို ထူးဆန်းမှုတွေလည်း အများကြီးပါနေပါတော့တယ်…မာရက်တစ်ယောက် ဘာဆက်ဖြစ်မလဲကတော့ ပရိတ်သက်ကြီးကိုယ်တိုင်သာ ရှုစားလိုက်ကြပါဦးခဗျာ အညွှန်းနဲ့ဘာသာပြန်ကတော့Tun Aung Kyawပဲဖြစ်ပါတယ်...

Love Shots (2019) ⭐IMDB: 2.7/10 (19 Votes) 🎬 #Adult #Bollywood #Drama #Romance 🗓 2019 🎞 movie 🌎 #India ⏰ 1 နာရီ 43 မိနစ် 28 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Love Shots (2019) ဒီဇာတ်ကားလေးကတော့ ဆယ်ကျော်သက်အရွယ်ကောင်မလေးတွေလိင်စိတ်ဖြစ်ပေါ်တတ်တဲ့အကြောင်းလေးတွေနဲ့ ဘဝဖြတ်သန်းပုံတွေကိုရိုက်ကူးတင်ဆက်ထားတဲ့ကားလေးပဲဖြစ်ပါတယ်။ အန်ဗီသာဆိုတဲ့ ကျောင်းသူလေးဟာ သူ့စိတ်ထဲ အမြဲမူစကူဒူးဖို့ပဲ စဥ်းစားနေပြီး လိင်စိတ်များနေခဲ့ပါတယ်။ဒီလိုနဲ့ ညတစ်ညမှာ မူစကူဒူးမိလိုက်ပါတယ်။ အဲ့ဒါက သူ့ဘဝရဲ့အကြီးမားဆုံးအမှားကြီးတစ်ခုဖြစ်သွားလိမ့်မယ်မှန်းသူမသိခဲ့ပါဘူး။ ဘဝရဲ့အရေးကြီးဆုံး ဆုံးဖြတ်ချက်တွေနဲ့ ဒီဆယ်ကျော်သက်ကောင်မလေး သူ့ဘဝကို ဘယ်လိုရင်ဆိုင်သွားမလဲဆိုတာကိုတော့….။ ပညာပေးရိုက်ကူးထားတဲ့ ဒီကားလေးမှာ မိန်းမသားဘဝ မိန်းမသားဆန္ဒနဲ့ လိုအပ်ချက်တွေကို မြင်ရဦးမှာပဲ​ဖြစ်ပါတယ်နော်။ Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။...

Angry Neighbors (2022) ⭐IMDB: 4.2/10 (863 Votes) 🎬 #Comedy 🗓 2022 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 30 မိနစ် 36 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Angry Neighbors (2022) ဒီတစ်​ခေါက်မိတ်ဆက်​ပေးမှာ​​တော့ 2022 မှာထွက်ရှိထားတဲ့ Angry Neighbors ဆိုတဲ့ ​ဟာသကား​လေးပဲဖြစ်ပါတယ်။ ~ ဇာတ်လမ်းအညွှန်း ~ ဘဝကို တစ်​ယောက်တည်းဖြတ်သန်းချင်လို့ ကျွန်း​လေးတစ်ကျွန်း​ပေါ်မှာ အိမ်​လေး​ဆောက်ပြီး ​စကား​ပြောတတ်တဲ့​ခွေး​လေးနဲ့ အတူ​နေ​နေတဲ့ တစ်ချိန်တုန်းက နာမည်​ကျော်စာ​ရေးဆရာ ဟယ်ရီတစ်​ယောက် သူ့အိမ်​ဘေးမှာ သူ​ဌေးမိသားစု လမ်ပမ်တို့ ဇိမ်ခံအိမ်အကြီးစားကြီး လာ​ဆောက်တဲ့အချိန်ကစပြီး ဘယ်လို​တွေ သူ့အတွက် မျက်စိစပါး​မွှေးစူးလဲ… လမ်ပမ်ရဲ့ အိမ်တက် ညစာစားပွဲကြီးကို ပျက်​အောင်ဘာ​တွေကြံစည်​နေလဲ… အဲဒီလိုကြံစည်ရာမှာ ဘယ်လိုကြိုးစားခဲ့ရလဲ… ဆိုတာ​တွေကို ရယ်ရယ်​မော​မောကြည့်ရမယ့် ဟာသကား​လေးတစ်ကားပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုDBမှ ပြန်ဆို ရေးသားထားပါတယ်)...

Thunderbolt (1995) ⭐TMDB: 64.0% User Score 🎬 #Action #Asian #Comedy #Crime #JackieChan #Thriller 🗓 1995 🎞 movie 🌎 #HongKong #HongKong ⏰ 1 နာရီ 46 မိနစ် 5 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီကားလေးကတော့ ဂျက်ကီချန်း ကားပြိုင်မောင်းတဲ့ကားလေးပေါ့……အရင်က ကားဟောင်းလေးဆိုတော့ အထူးအထွေညွှန်းစရာမလိုလောက်ဘူးလို့ထင်ပါတယ်….. အလွမ်းပြေအမှတ်တရလေးကို ကြည့်ရှုခံစားလိုက်ပါဦးလို့...

The Art of Fighting (2006) ⭐TMDB: 61.0% User Score 🎬 #Comedy #Drama #Action 🗓 2006 🎞 movie 🌎 #SouthKorea #SouthKorea ⏰ 1 နာရီ 40 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Art of Fighting (2006) ဂွန်းဝူက ငယ်ရွယ်စဥ်ကတည်းက တိုက်ကွမ်ဒိုကို သင်ယူခဲ့သူဖြစ်ပြီးတိုက်ကွမ်ဒိုပြိုင်ပွဲမှာ ဝင်ပြိုင်ရာမှ ဒိုင်လူကြီး၏ မမျှတမှုကြောင့်ဒိုင်လူကြီးကို ပြန်ခံပြောရင်း သူ့ရဲ့တိုက်ကွမ်ဒိုအားကစားသမားဘဝကို အဆုံးသတ်ခဲ့ရပါတယ်။ ဒေါ်လေးဖြစ်သူနဲ့ နေထိုင်တဲ့ ဂွန်းဝူဟာ ငယ်ငယ်တည်းက သင်ယူခဲ့ရတဲ့ အားကစားကို စွန့်လွှတ်ပြီးသာမန်အထက်တန်းကျောင်းသားအဖြစ် စာသင်ယူဖို့ ကျောင်းပြောင်းလာခဲ့ရပါတယ်။တိုက်ကွမ်ဒိုကို စွန့်လွှတ်ပြီး ရိုးရိုးကျောင်းတက်ရင်း အေးအေးဆေးဆေးနေထိုင်ချင်တဲ့ ဂွန်းဝူအတွက်တော့ ကျောင်းအသစ်က ဆုံးဖြတ်ချက်မှားတစ်ခုပါပဲ။ ဂွန်းဝူရဲ့ကျောင်းအသစ်မှာ ကျောင်းသားချင်း ပိုက်ဆံလု၊ ရိုက်နှက်အနိုင်ကျင့်တဲ့ အုပ်စုဆိုပြီး တစ်ဖွဲ့သက်သက်ရှိပြီးအဲဒီအုပ်စုရဲ့ခေါင်းဆောင်နေရာကို အတိုက်အခိုက်အတော်ဆုံးသူက ရရှိတဲ့သဘောပါ။ ကျောင်းသားသစ်ဆိုပြီး ဂွန်းဝူကို အနိုင်ကျင့်ချင်တဲ့ အဲဒီအဖွဲ့က ဂွန်းဝူကို သွေးတိုးလာစမ်းပေမဲ့သူတို့ထက်တော်တဲ့ ဂွန်းဝူနဲ့ တွေ့တဲ့အချိန်မှာတော့ သူတို့ပဲ ပညာပြန်ပေးခံလိုက်ရပြီးဂွန်းဝူက ကျောင်းတွင်းအနိုင်ကျင့်မှုတွေကို ရပ်တန့်သွားအောင် ကြိုးစားတဲ့ ကျောင်းသားကားလေးပဲ ဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့Kppksပဲ ဖြစ်ပါတယ်။...

3: Alif, Lam, Mim (2015) ⭐IMDB: 7.1/10 (389 Votes) 🎬 #Action #Drama #SciFi #Thriller 🗓 2015 🎞 movie 🌎 #Indonesia ⏰ 2 နာရီ 6 မိနစ် 16 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 3.Alif Lam Min [2015] IMDB (7.1/10) အင်ဒိုနီးရှားဟာ ဘာသာရေးဂိုဏ်းဂဏ ကွဲပြားမှုတွေကြောင့် အကြမ်းဖက်မှုတွေ ပဋိပက္ခတွေနဲ့ အပြင်းအထန်ရင်ဆိုင်ရပြီးနောက်မှာ လူထုဟာ တော်လှန်ရေးတစ်ရပ် ကျင်းပကာ ဘာသာရေးကို အဓိကထောက်တိုင်အဖြစ်ကနေ ဖယ်ရှားပစ်လိုက်ကြပါတယ်…ဒီလို ဖယ်ရှားလိုက်တဲ့အခါ ကျန်ရှိတဲ့ ယုံကြည်ကိုးကွယ်သူတွေကိုလည်း အစိုးရက နှိမ်နှင်းဖို့ ကြိုးစားပါတော့တယ်…ဘာသာရေးနဲ့ သက်ဆိုင်သူတွေကို ရာဇဝတ်မှုမျိုးစုံတပ်ပြီး ရှင်းလင်းလာပါတယ်…ဒီလိုအရှုပ်အထွေးကြီးထဲမှာ တိုင်းပြည်အတွက် နိုင်ငံအတွက် ဘာမဆိုလုပ်ပေးမယ့် ရဲတပ်ဖွဲ့ဝင် အာလစ်ဖ်က အသုံးချခံ ဖြစ်လာပါတော့တယ်…ဒီလိုနဲ့ တစ်ရက် သူ့ရည်းစားဟောင်း လာရာစ်နဲ့ ပြန်ဆုံပြီး မရှေးမနှောင်းမှာပဲ လာရာစ် အလုပ်လုပ်ကိုင်ရာ ကန်ဒီကဖေးမှာ ဗုံးပေါက်ကွဲပါတော့တယ်…အာလစ်ဖ်ကိုယ်တိုင်လည်း ရှိနေခဲ့တာမို့ ဒီဗုံးကွဲမှုရဲ့ လက်သည်တရားခံဟာ အစ္စလာမ်ကျောင်းသားလေးတွေကြောင့်လို့ အာလစ်ဖ် ထင်မှတ်သွားပါတယ်….တကယ်တော့ အဖြစ်မှန်ဟာ ထင်သလောက် ရိုးစင်းမနေဘဲ ရှုပ်ထွေးပွေလီမှုတွေ အများကြီး ရှိလို့နေပါတယ်…ဒီလိုအဖြစ်ကြီးကို အာလစ်ဖ်တစ်ယောက် ဘယ်လိုရင်ဆိုင်သွားမလဲ ရှုစားရမှာပဲ ဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့Tun Aung Kyawပဲ ဖြစ်ပါတယ်။...

Closed School (2019) ⭐IMDB: 5.6/10 (16 Votes) 🎬 #Horror #Thriller 🗓 2019 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 22 မိနစ် 35 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Closed School (2019) ဒီတစ်ခါမိတ်ဆက်ပေးချင်တာကတော့ ကျောင်းတွင်းအနိုင်ကျင့်မှုကိုအခြေခံပြီးရိုက်ကူးထားတဲ့ Horror Movie ပဲဖြစ်ပါတယ်မီအုတ်နဲ့ယူရာဟာအချစ်ဆုံးသူငယ်ချင်းတွေဖြစ်ကြပြီး တစ်နေ့မှာတော့မီအုတ်ကိုလူတစ်စုက ကျောင်းတွင်းအနိုင်ကျင့်မှုတွေဆိုးဆိုးရွားရွားလုပ်ခံရတဲ့အခါ ဘာဆက်ဖြစ်မလဲ“မြန်မာစကားပုံ တွေထဲကအတိုင်း လူယုံသတ်လို့သေတယ်” ဆိုတဲ့စကားအတိုင်းကိုယ်ကကြူးကိုယ်ဒူးတောင်မယုံသင့်ဘူးဆိုတာဒီဇာတ်ကားလေးကသက်သေပြသွားတာပါပဲ ဒါပေမယ့်အမှားဆိုတာလုပ်ထားရင်ပြန်ပေးဆပ်ရမှာ လောကရဲ့နိယာမပဲမို့မီအုတ်ကိုအနိုင်ကျင့်တဲ့သူတွေရောသူတို့လုပ်ရပ်တွေအတိုင်းဘယ်လိုပြန်ပေးဆပ်ရမလဲဆိုတာကြည့်လိုက်ကြရအောင်နော် အညွှန်း နဲ့ ဘာသာပြန်ကတော့Thae Thaeပဲ ဖြစ်ပါတယ်။...

The Ordinaries (2022) ⭐IMDB: 6.7/10 (541 Votes) 🎬 #Comedy #Drama #SciFi #Fantasy 🗓 2022 🎞 movie 🌎 #Germany ⏰ 1 နာရီ 59 မိနစ် 32 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဘဝမှာ ခင်ဗျားကအရံလူတစ်ယောက် ဖြစ်နေတယ်ဆိုရင် ခင်ဗျားက အရေးပါတဲ့သူ တစ်ယောက်ဖြစ်ဖို့ကြိုးစားမလား ဒါမှမဟုတ် အမေ့လျော့ခံ ဘဝလေးမှာပဲ ရှင်သန်သွားမလား ဒီ Ordinariesဆိုတဲ့ ရုပ်ရှင်ဇာတ်ကားက ရုပ်ရှင်လောကရဲ့ဇာတ်ကောင်သုံးမျိုးဖြစ်တဲ့ အဓိကဇာတ်ဆောင်တွေ ဇာတ်ပို့ ဇာတ်ရံတွေ အပယ်ခံတွေရဲ့အကြောင်းကို အဓိကဇာတ်အိမ်တည်ထားပြီး ဒါရိုက်တာSophie Linnenbaumက ရိုက်ကူးပုံဖော်ထားပါတယ် ဒီဇာတ်ကားက rating 6.7/10 အထိရရှိထားပြီး ဂျာမနီနိုင်ငံရဲ့သရုပ်ဆောင် အကျော်အမော် မင်းသမီးဖြစ်တဲ့ Fine Sendel ကအဓိကဇာတ်ဆောင် ပေါ်လာ အဖြစ် သရုပ်ဆောင်ထားပြီး အကောင်းဆုံးမျက်နှာသစ်ဒါရိုက်တာဆု အကောင်းဆုံး နိုင်ငံတကာရုပ်ရှင်ဆု အကောင်းဆုံးရုပ်သံတည်းဖြတ်ဆု စတဲ့ဆုပေါင်းများစွာကို ဆွတ်ခူးရရှိထားပါတယ် ဒီဇာတ်ကားမှာ ဇာတ်ပို့ဇာတ်ရံတစ်ယောက်ဖြစ်တဲ့ ပေါ်လာဆိုတဲ့ ကောင်မလေးတစ်ယောက် အဓိကဇာတ်ဆောင်ဖြစ်ဖို့ ကြိုးစားရာမှာ တွေ့ကြုံရတဲ့ အခက်အခဲတွေ အတားအဆီးတွေကို တွေ့မြင်ရမှာဖြစ်ပါတယ် ဒီဇာတ်ကားမှာ အဖိနှိပ်ခံလူတန်းစားတစ်ရပ်ဖြစ်တဲ့ အပယ်ခံလူတန်းစားတွေက ရုပ်ရှင်တေးသွားတွေကို ဖန်တီးခွင့်မရှိသလို အဓိဇာတ်ဆောင်တစ်ယောက် ဖြစ်ခွင့်လည်းမရှိဘူးလို့ တားဆီးပိတ်ပင်ခံထားရပြီး ကိုယ့်စိတ်ကူးအိပ်မက်တွေကို လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်မရှိပါဘူး အဓိကဇာတ်ဆောင် တစ်ယောက်ဖြစ်ဖို့ အဓိကဇာတ်ဆောင်သင်တန်းကျောင်းမှာ ကြိုးစားနေတဲ့ ပေါ်လာတစ်ယောက် ငယ်ငယ်ကတည်းက စွန့်ပစ်သွားတဲ့ ဖခင်ဖြစ်သူကို လိုက်ရှာရင်း မိမိကအပယ်ခံ တစ်ယောက် ဖြစ်နေတာကိုသိရှိသွားတဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲ ဘယ်လို အတားအဆီးတွေနဲ့ကြုံတွေ့ရမလဲ ပေါ်လာတစ်ယောက်ကြုံတွေ့လာတဲ့ အတားအဆီး အခက်အခဲတွေကိုကျော်ဖြတ်ပြီး အဓိကဇာတ်ဆောင်တစ်ယောက်ဖြစ်သွားနိုင်ပါ့ မလားဆိုတာကို ဒီဇာတ်ကားလေးထဲမှာ ပရိတ်သတ်ကြီးကိုယ်တိုင် လိုက်ပါစီးမျော ခံစားကြည့်ရှုလိုက်ပါဦး ဒီဇာတ်ကားက Sci-fi/Fantasyအမျိုးအစားကိုမှ ကြည့်ရှုရတာ ကြိုက်နှစ်သက်ပါတယ်ဆိုတဲ့ ပရိတ်သတ်ကြီးအတွက် လက်မလွတ်စတမ်းကြည့်ရှုသင့်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်...

Driving Madeleine (2022) ⭐IMDB: 7.0/10 (2 k Votes) 🎬 #Drama #Comedy 🗓 2022 🎞 movie 🌎 #France #Belgium ⏰ 1 နာရီ 30 မိနစ် 25 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးက အဘိုးအဘွားကိုချစ်တတ်တဲ့သူတွေအတွက် ကြည့်ပြီးရင် ရင်ထဲတစ်ခုခုကျန်ခဲ့စေမယ့် ကားမျိုးပဲဖြစ်ပါတယ်။ IMDb-7/10 နဲ့ Rotten Tomato-100%အထိ ရရှိထားတဲ့ဇာတ်ကားဖြစ်လို့ ကြည့်ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ ချားလ်ဟော့မန်းဟာ ပြဿနာပေါင်းသောင်းခြောက်ထောင်နဲ့ မိသားစုအတွက် ရုန်းကန်နေရတဲ့ တက္ကစီသမားတစ်ဦးပဲဖြစ်ပါတယ်။ တစ်နေ့မှာတော့ မက်ဒလိန်းကယ်လာဆိုတဲ့ အသက်၉၂နှစ်အရွယ် အဖွားအိုတစ်ယောက်ကို လူအိုရုံကိုပို့ဖို့ သူ့ရဲ့ကားကိုငှားခဲ့ပါတယ်။ ပို့ရမယ့်နေရာက ပဲရစ်မြို့ရဲ့တစ်ဖက်ခြမ်း ဖြစ်တော့ မလိုက်ချင်ပေမယ့်လည်း ငွေကြေးအခက်အခဲကြောင့် လိုက်ပို့မိတဲ့အခါမှာ ဒီအဖွားအိုနဲ့ စကားပြောမိရင်း မက်ဒလိန်းရဲ့အတိတ်ကအဖြစ်အပျက်တွေကို ပြန်လည်တူးဖော်ကြပါတော့တယ်။ ဒီခရီးစဉ်တိုလေးတစ်ခုအတွင်းမှာပဲ ချားလ်နဲ့ မက်ဒလိန်းတို့ကြားမှာ ဘယ်လိုသံယောဇဉ်တွေဖြစ်သွားမလဲ။ မက်ဒလိန်းရဲ့အတိတ်မှာရော ဘယ်လိုကြမ်းတမ်းမှုတွေနဲ့ကြုံတွေ့ခဲ့ရလဲဆိုတာကို ကရုဏာသက်စွာ ကြည့်ရှုခံစားကြရမှာပဲ ဖြစ်ပါတယ်။...

Safed (2023) ⭐IMDB: 4.8/10 (25 Votes) 🎬 #Bollywood #Drama #Romance 🗓 2023 🎞 movie 🌎 #India ⏰ 1 နာရီ 10 မိနစ် 11 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Safed (2023) အမှောင်နှစ်ဘက်ခြမ်း IMDb-6/10 လိင်ပြောင်းတွေနဲ့ မိန်းမလျာတို့ရဲ့ ဘဝအသက်မွေးဖို့အတွက် ခက်ခဲပင်ပန်းရတဲ့အမှောင်တစ်ဘက် နဲ့ကြီးကြီးငယ်ငယ် ခင်ပွန်းသည်ဆုံးပါသွားသူတွေရဲ့ အဖြူဝတ်ပြီး များစွာသောစောင့်ထိန်းမှုတွေနဲ့ ခက်ခဲရတဲ့ အမှောင်တစ်ဘက်…. ဒါရိုက်တာ Sandeep Singh ရဲ့ ပွဲဦးထွက်ဇာတ်ကားတစ်ကားဖြစ်ပြီး သူ့ရဲ့ဘဝအမြင်တွေကို ကာရိုင်တာတွေကတစ်ဆင့်ဖော်ပြထားတဲ့ကားပါ လိင်ပြောင်းနဲ့ မုဆိုးမတွေရဲ့ဘဝက အစကမှခက်ခဲနေရတဲ့အထဲ ဒီနှစ်ယောက်ရဲ့ပေါင်းစည်းမှုတွေကလူ့လောကအလယ်မှာတော့ အတော့်ကိုအံ့ဩထိတ်လန့်စရာကိစ္စတစ်ခုပေါ့ ဒီအသိုက်အဝန်းနှစ်ခု လူ့လောကအလယ်ဘယ်လိုရှင်သန်ရပ်တည်မလဲဒါရိုက်ဝာာရဲ့ ဘဝဒဿနတွေကရော ကြည့်ရှုသူတွေကပါဘဝအကြောင်း ခဏတဖြုတ်အတွေးဝင်စေမလား…. အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ Yunni ပဲဖြစ်ပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...