uz
Feedback

Firibgarlarga uchmang! Telemetrio bunday kanallarni topadi va belgilaydi 👉 Belgini ko‘rmoqchi bo‘lsangiz, obuna bo‘ling

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Yopiq kanal

🚩 Channel was restricted by Telegram

Ko'proq ko'rsatish
Ma'lumot yo'q
Obunachilar
-524 soatlar
-47 kun
+730 kun
Postlar arxiv
Stalingrad (1993) ⭐IMDB: 7.5/10 (36 k Votes) 🎬 #Drama #War 🗓️ 1993 🎞️ Movie 📺 720p 🌎 #Germany ⏰ 2 နာရီ 18 မိနစ် 11 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Stalingrad (1993)Genre – War, Action, DramaIMDB – 7.5/10 All quiet on the Western Front ဇာတ်ကားက ခုနောက်ပိုင်းခေတ်ရဲ့ ဂျာမန်စစ်ကားကောင်း ဖြစ်မယ်ဆို ဒီကားကလည်း ၉၀ ခုနှစ်ရဲ့ အကောင်းဆုံးဖြစ်မှာ ဧကန်မလွဲဘူးဗျာ။ သတိထားကြည့်မိသလောက် ဂျာမန်တွေက စစ်ကားကောင်းကောင်းတွေ ပိုင်ပိုင်နိုင်နိုင် ရိုက်နိုင်ကြတာကို တွေ့ရတယ် ဥပမာ Downfall တို့ ခု Stalingrad တို့ Land of Mine တို့ All quiet.. တို့လိုမျိုးတွေပေါ့။ ပြီးတော့ သဘောကျစရာကောင်းတာက အမေရိကန်တွေလို မျိုးစစ်စိတ်ဘာညာ ဝါဒဖြန့်တဲ့ပုံစံမျိုး မသွားဘူး စစ်ပွဲတစ်ခုရဲ့ အနိဌာရုံတွေကို ပညာပေးချင်တာမျိုး ပိုများတယ် (သူတို့ကိုယ်တိုင် လူဆိုးဖြစ်ခဲ့တာလည်း ပါမှာပေါ့လေ)။ ဒီရုပ်ရှင်အခြေခံထားတဲ့ စတာလင်ဂတ်တိုက်ပွဲဆိုတာ ဒုတိယကမ္ဘာစစ်ကြီးရဲ့ ၁၉၄၂ ခုနှစ်ဝန်းကျင် အဓိကတိုက်ပွဲထဲက တစ်ခုပဲ လူတွေသန်းပေါင်းများစွာလည်း သေကြေပျက်စီးခဲ့ရတာပေါ့ စတာဂတ်မြို့ကို ပတ်စီးဆင်းနေတဲ့ ဗော့ဂါမြစ်ရယ် ဆီကွင်းတွေကို ထိန်းချုပ်ချင်တာနဲ့ ဒီစစ်ဆင်ရေးပေါ်ပေါက်ခဲ့ရတာပါ။ ဇာတ်လမ်းထဲမှာတော့ ရှေ့တန်းကို ပထမဆုံးထွက်ရမယ့် ဗိုလ်ကြီးဝစ်ဇ်လန်က အာဖရိကစစ်မျက်နှာပြင်က ပြန်လာတဲ့လူတွေကို ဦးစီးပြီး မုန်တိုင်းတပ်သားတွေအဖြစ် စတာလင်ဂတ်ကို ချီတက်သိမ်းပိုက်ကြတဲ့အကြောင်းပါ။ ပထမပိုင်းမှာဆို အတွေ့အကြုံမရှိတဲ့ ဗိုလ်ကြီးနဲ့ တပည့်တွေရဲ့ အခြေအနေကို ပေါ့ပေါ့ပါးပါး ပြသွားတယ်၊ နောက်ပြီး တကယ်ကြုံလာတော့ ဒီဗိုလ်ကြီးက ဘယ်လိုပါလားဆိုတာကို မြင်လိုက်ရတော့ တပည့်တွေလည်း ကြည်ညိုလေးစားသွားကြရော။ စစ်တပ်ရဲ့ တစ်သွေးတစ်သံအမိန့်ဆိုတာမျိုးတွေကို ဒီထဲမှာကောင်းကောင်းမြင်ရပြီး ဒီလိုအရာကြောင့်ပဲ ကိုယ့်စစ်တပ်မှာပဲ ကိုယ်က အကျဉ်းသားဘဝရောက်ခဲ့ရတာတွေ သေကောင်ပေါင်းလဲ ရုန်းကန်ခဲ့ရတာတွေ။ အထက်ကလူကြီးကောင်းမှုကြောင့် အသေအလဲတွေစစ်တိုက်ရပြီး လူသားမဆန်မှုတွေ ကြုံရတော့ မခံချင်စိတ်နဲ့ စစ်ပြေးဘဝရောက်ပြီး ဆိုဗီယက်နယ်မြေထဲမှာ ခက်ခက်ခဲခဲတွေ ဖြတ်သန်းပြီး အသက်စွန့်ရတာတွေ။ အစပိုင်း ရာသီဥတုသာလို့ တိုက်ပွဲက အသာစီးရပေမယ့် ဆရာသမား ရုရှားတို့ရဲ့ဆောင်းတွင်း ရောက်လာတဲ့အခါ ချိန်ခွင်တစ်ဖက်ပြောင်းသွားတာတွေ စသဖြင့် သံဝေဂရစရာတွေနဲ့ စုံစုံလင်လင် ဖော်ပြတင်ဆက်ထားတဲ့ စစ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ WW2 အကြောင်း စိတ်ဝင်စားတဲ့လူတွေဆိုရင်တော့ Must watch ပဲပေါ့ဗျာ။

စားတယ် ကိုတင့်တို့ စူပါရပ်ကွက် - ၂ ⭐N/A 🎬 N/A 🗓️ N/A 🎞️ Movie 📺 1080p 🌎 #Myanmar ⏰ 2 နာရီ 32 မိနစ် 50 စက္ကန့် 👑 FDMN ဇာတ်ညွှန်း 📜 ပရိသတ်တွေကြား တော်တော်လေးအောင်မြင်ခဲ့တဲ့ ကိုတင့်တို့စူပါရပ်ကွက်ဟာဆိုရင် ရယ်မောသံလေးတွေကို တစ်ဖန်ယူဆောင်ပေးဖို့အတွက် အတွဲ ၂ အနေနဲ့ ဆက်လက်ထွက်ရှိလို့လာပါပြီ။ ဒီတစ်ခါမှာရော ကိုတင့်တို့ရပ်ကွက်မှာ ဘယ်လိုအလွဲတွေဖြစ်ပြီး ဘယ်လိုဘဝအမောကိုပြေစေမလဲဆိုတာ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။ ဒါရိုက်တာ Various အမျိုးအစား Movies ဘာသာစကား Burmese သရုပ်ဆောင် A Yine,Moe Pyae Pyae Maung

The Adventures of Sharkboy and Lavagirl 3-D (2005) ⭐IMDB: 3.7/10 (40 k Votes) 🎬 #Action #Adventure #Comedy #Family #Fantasy #SciFi 🗓️ 2005 🎞️ Movie 📺 720p HD 🌎 #UnitedStates ⏰ 1 နာရီ 33 မိနစ် 19 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Adventures of Sharkboy and Lavagirl (2005) ကျွန်တော်တို့ငယ်ငယ်က တိတ်ခွေခေတ်မှာ ကျွန်တော့်အတွက် အမှတ်ရစရာအကောင်းဆုံးကားက Lion King ဖြစ်ခဲ့တယ်။အဲဒီခေတ်က ငှားကြည့်ကြတဲ့ခေတ်ဆိုတော့ ဘယ်ကလဲမသိလက်ဆောင်ရခဲ့တဲ့ အဲဒီအခွေကိုပဲ ခဏခဏပြန်ထိုးကြည့်ဖြစ်နေတာကိုး။နောက် VCD ခေတ်စစရောက်လာတော့ ရုပ်ရှင်ကြည့်တာတို့ ကာတွန်းစာအုပ်ဖတ်တာတို့က နိစ္စဓူဝအလုပ်တစ်ခုဖြစ်လာခဲ့ပြီ။အဲဒီတုန်းက ပဲခူးမှာ တစ်ဆိုင်တည်းရှိတာလား။ ကျွန်တော်ပဲမသိခဲ့တာလားမသိပေမဲ့ နာမည်အကြီးဆုံးအခွေဆိုင်က လိပ်ပြာကန်ထောင့်က Happy ဆိုတဲ့ အခွေဆိုင်ပေါ့။အိမ်နဲ့လည်းသိပ်မလှမ်းတော့ နေ့တိုင်းဆိုသလို သွားသွားငှားကြည့်ဖြစ်ခဲ့တယ်။ အဲဒီတုန်းကတော့ ဘာကားငှားရမလဲမသိရင် ကျွန်တော်တို့တော့ အခွေဆိုင်ကို ဘာကားကောင်းလဲ မေးလိုက်ကြတာပဲ။တစ်ခါသား အဲဒီလိုမေးတော့ ဟက်ပီးက အခွေငှားတဲ့အစ်ကိုကြီးတွေက Sharkboy and Lavagirl ကားလေးထုတ်ပေးလိုက်တယ်။သူ့ဇာတ်က ကလေးဇာတ်ပေမဲ့ စိတ်ကူးယဉ်တတ်တဲ့ ကျွန်တော်တို့ကို စိတ်ကူးယဉ်တာကို မစွန့်လွှတ်ဖို့ ပြောထားတဲ့ ရုပ်ရှင်ဆိုတော့ တော်တော်လည်းထိခဲ့လို့နေမယ်။ဒီကားကို ခဏခဏကိုပြန်ပြန်ငှားကြည့်ဖြစ်ခဲ့တော့ VCDခေတ်မှာ ကျွန်တော့်အတွက် အမှတ်ရစရာအကောင်းဆုံး ရုပ်ရှင်လည်းဖြစ်ခဲ့တာပေါ့။နောက်ကျ ခဏခဏပြန်ငှားကြည့်ရလွန်းလို့ အခွေဆိုင်ကို လျော်ပြီး ကားကို အပိုင်သိမ်းထားပြီးကို ကြည့်ခဲ့ကြတယ်။နောက်ပိုင်း သူ့ထက်တော့ ပိုကောင်းတဲ့ ဘရန်ဒန်ဖရေဆာပါတဲ့ Looney Tunes: Back in Actionတို့ ဂျင်ကာရေးရဲ့ A Series Of An Unfortunate Eventsတို့ ကြည့်ခဲ့ရပေမဲ့သူတို့ကိုကျော်ပြီး Sharkboy and Lavagirlက ကျွန်တော့်အတွက် အမှတ်ရစရာအကောင်းဆုံး ရုပ်ရှင်ဖြစ်ခဲ့တာပါပဲ။ DVD ခေတ်မှာ မတူတဲ့ ကားတွေ ဖောခြင်းသောခြင်းကြည့်လာရတဲ့အချိန်ကျတော့ Harry Potter တို့ Lord Of The Ring တို့လိုကားတွေကလွဲ ရုပ်ရှင်တစ်ကားတည်းကို ခဏခဏပြန်ပြန်မကြည့်ဖြစ်ခဲ့ဘူးဒီလိုနဲ့ အဲဒီကနေ အခုထိ ဒီရုပ်ရှင်ကို ကျွန်တော်ပြန်မကြည့်ဖြစ်ခဲ့ဘူး။ ဒီကားက မှတ်ဉာဏ်ထဲကတော့ ပျောက်မသွားဘူး။ဒါပေမဲ့ အမှတ်ရစရာကောင်းနေတာနဲ့ တစ်ချိန်တည်းမှာပဲ ဒီကားကို ပေါတယ် CGI တွေ ညံ့တယ်ဆိုတဲ့ အသိကြီးက မသိမသာကြီးစိုးနေခဲ့တယ်။ဒီလိုနဲ့ သတိရပေမဲ့ ပြန်ကြည့်လိုက်ရင် မှတ်ဉာဏ်တွေ ပျက်စီးသွားမှာစိုးတာကြောင့် ပြန်မကြည့်ဖြစ်ခဲ့ဘူး။ဒီနေ့တော့ ဒီကားကို ပြန်ရေးရင်း ပြန်ကြည့်ဖြစ်တော့ ထင်ထားတာနဲ့ တက်တက်စင်အောင်တော့လွဲနေတယ်။ကျွန်တော့်ကိုယ်ပိုင်အမှတ်တရကြောင့်လားတော့မသိပေမဲ့ ဒီကားကို ပြန်ကြည့်ရတဲ့ အရသာက အစောကထင်ခဲ့သလို ပေါလည်းမပေါသလို စုတ်လည်း မစုတ်ပြတ်နေခဲ့ဘူး။ဇာတ်လမ်းဇာတ်အိမ်ကိုပြောပါတယ်။ ဟိုးတုန်းက အရသာမျိုးရှိနေတုန်းပဲလို့ ပြောရမှာပဲ။ တော်တော်လေးလည်း သဘောကျသွားခဲ့တယ်။အခုအချိန်ထိလည်း ကျွန်တော်က စိတ်ကူးယဉ်တတ်ဆဲမို့လည်း ဖြစ်ကောင်းဖြစ်မှာပေါ့။အားလုံးတော့ ကြိုက်ကြမှာမဟုတ်ပေမဲ့ ၉၇ ၉၈ ၉၉ကာလက ကလေးတော်တော်များများအတွက်တော့ ဒီရုပ်ရှင်ဟာ အမှတ်တရတစ်ခုဖြစ်နေမှာပါပဲ။ ကောင်လေးတစ်ယောက်ရှိတယ်။ သူကအရမ်းစိတ်ကူးယဉ်တတ်တယ်။ သူ့စိတ်ကူးယဉ်တွေထဲက ကမ္ဘာကြီးမှာ သူ့မှာသူငယ်ချင်း၂ယောက်ရှိတယ်။ Sharkboy နဲ့ Lavagirlပေါ့။ဆရာတွေ မိဘတွေကတော့ သူ့ကို စိတ်ကူးမယဉ်ဘဲ လက်တွေ့ဘဝမှာ ရှင်သန်ဖို့ ပြောကြပေမဲ့ သူက သူ့စိတ်ကူးအိပ်မက်တွေကို မစွန့်လွှတ်နိုင်တော့ အားလုံးကြားထဲ ငကြောင်လိုလိုဖြစ်နေခဲ့တာပေါ့။တစ်နေ့ လက်တွေ့ဘဝနဲ့ သူ့စိတ်ကူးယဉ်တွေက အသားကျမနေတဲ့အခါ သူ့ဟာ သူ့စိတ်ကူးယဉ်တွေကို စွန့်လွှတ်လိုက်ဖို့ အကြောင်းဖန်လာခဲ့တယ်။အဲဒီမှာ Sharkboy နဲ့ Lavagirlဟာ ကမ္ဘာပေါ်ရောက်လာပြီး သူ့ကို သူ့စိတ်ကူးယဉ်တွေကနေ ဖြစ်တည်လာတဲ့ ဂြိုဟ်ကြီး ပျက်စီးတော့မှာမို့ လာပြန်ပြင်ပေးဖို့ ခေါ်သွားကြတယ်။ဒီလိုနဲ့ သူ့စိတ်ကူးတွေက တကယ်ဖြစ်နေတာကို သူမျက်မြင်တွေ့လိုက်ရတဲ့ အခါမှာတော့…. အသစ်ပြန်ဖြစ်တတ်တဲ့ နှလုံးသားတွေအတွက်တော့ ဒီရုပ်ရှင်ဟာ မအိုမင်းနိုင်တဲ့ နေ့ရက်တွေအကြောင်းပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့WiRa Aungပဲ ဖြစ်ပါတယ်။

Mrs Undercover (2023) ⭐IMDB: 7.1/10 (8 k Votes) 🎬 #Action #Bollywood #Comedy #Thriller 🗓️ 2023 🎞️ Movie 📺 720p 🌎 #India ⏰ 1 နာရီ 47 မိနစ် 38 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Mrs. Undercover 2023 အသစ်ထွက်ရှိထားတဲ့ ဟင်ဒီစကားပြောအက်ရှင်၊ ဒရမ်မာ၊ဟာသကားတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ IMDb 7.1အထိရရှိထားပြီး Pad man, Andhadhun စတဲ့ကားတွေမှာနာမည်ကြီးမင်းသားတွေနဲ့ အတွဲညီညီသရုပ်ဆောင်ထားတဲ့မင်းသမီး Radhika Apteဖြစ်ပါတယ်။ ဒီကားမှာတော့သူကအိမ်ထောင်ရှင်မမိခင်တစ်ဖြစ်လဲ လျှို့ဝှက်စုံစမ်းရေးအေးဂျင့်အဖြစ် သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းStrong ဖြစ်ပြီး independent ဖြစ်တဲ့အမျိုးသမီးကိုမှရွေးပြီးသတ်တဲ့လူသတ်သမားတစ်ယောက်ရှိပါတယ်။အထူးအေးဂျင့်တပ်ဖွဲ့မှာ ဒီလူသတ်သမားကိုစုံစမ်းဖို့အေးဂျင့်တစ်ယောက်ပြီးတစ်ယောက် လွှတ်ရာမှာမအောင်မြင်ဘဲ နောက်ဆုံးမစ်ရှင်လွှတ်စရာအေးဂျင့်မရှိအောင်ဖြစ်သွားတော့တယ်။ ဒီလိုနဲ့ အိမ်ထောင်ရှင်မဖြစ်တဲ့ဒူရ်ဂါဟာလူသတ်သမားကိုစုံစမ်းဖို့မစ်ရှင်မှာဘယ်အစိတ်အပိုင်းကနေ၀င်ပါသွားမလဲ၊အိမ်ထောင်ရှင်မနောက်ကွယ်မှာသူ့ဘ၀ဟာဘယ်လို‌တွေဖုံးကွယ်ထားတယ်ဆိုတာကြည့်ရှူရမှာပဲဖြစ်ပါတယ်။

The Adventures of Sharkboy and Lavagirl 3-D (2005) ⭐IMDB: 3.7/10 (40 k Votes) 🎬 #Action #Adventure #Comedy #Family #Fantasy #SciFi 🗓️ 2005 🎞️ Movie 📺 1080p FHD 🌎 #UnitedStates ⏰ 1 နာရီ 33 မိနစ် 19 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Adventures of Sharkboy and Lavagirl (2005) ကျွန်တော်တို့ငယ်ငယ်က တိတ်ခွေခေတ်မှာ ကျွန်တော့်အတွက် အမှတ်ရစရာအကောင်းဆုံးကားက Lion King ဖြစ်ခဲ့တယ်။အဲဒီခေတ်က ငှားကြည့်ကြတဲ့ခေတ်ဆိုတော့ ဘယ်ကလဲမသိလက်ဆောင်ရခဲ့တဲ့ အဲဒီအခွေကိုပဲ ခဏခဏပြန်ထိုးကြည့်ဖြစ်နေတာကိုး။နောက် VCD ခေတ်စစရောက်လာတော့ ရုပ်ရှင်ကြည့်တာတို့ ကာတွန်းစာအုပ်ဖတ်တာတို့က နိစ္စဓူဝအလုပ်တစ်ခုဖြစ်လာခဲ့ပြီ။အဲဒီတုန်းက ပဲခူးမှာ တစ်ဆိုင်တည်းရှိတာလား။ ကျွန်တော်ပဲမသိခဲ့တာလားမသိပေမဲ့ နာမည်အကြီးဆုံးအခွေဆိုင်က လိပ်ပြာကန်ထောင့်က Happy ဆိုတဲ့ အခွေဆိုင်ပေါ့။အိမ်နဲ့လည်းသိပ်မလှမ်းတော့ နေ့တိုင်းဆိုသလို သွားသွားငှားကြည့်ဖြစ်ခဲ့တယ်။ အဲဒီတုန်းကတော့ ဘာကားငှားရမလဲမသိရင် ကျွန်တော်တို့တော့ အခွေဆိုင်ကို ဘာကားကောင်းလဲ မေးလိုက်ကြတာပဲ။တစ်ခါသား အဲဒီလိုမေးတော့ ဟက်ပီးက အခွေငှားတဲ့အစ်ကိုကြီးတွေက Sharkboy and Lavagirl ကားလေးထုတ်ပေးလိုက်တယ်။သူ့ဇာတ်က ကလေးဇာတ်ပေမဲ့ စိတ်ကူးယဉ်တတ်တဲ့ ကျွန်တော်တို့ကို စိတ်ကူးယဉ်တာကို မစွန့်လွှတ်ဖို့ ပြောထားတဲ့ ရုပ်ရှင်ဆိုတော့ တော်တော်လည်းထိခဲ့လို့နေမယ်။ဒီကားကို ခဏခဏကိုပြန်ပြန်ငှားကြည့်ဖြစ်ခဲ့တော့ VCDခေတ်မှာ ကျွန်တော့်အတွက် အမှတ်ရစရာအကောင်းဆုံး ရုပ်ရှင်လည်းဖြစ်ခဲ့တာပေါ့။နောက်ကျ ခဏခဏပြန်ငှားကြည့်ရလွန်းလို့ အခွေဆိုင်ကို လျော်ပြီး ကားကို အပိုင်သိမ်းထားပြီးကို ကြည့်ခဲ့ကြတယ်။နောက်ပိုင်း သူ့ထက်တော့ ပိုကောင်းတဲ့ ဘရန်ဒန်ဖရေဆာပါတဲ့ Looney Tunes: Back in Actionတို့ ဂျင်ကာရေးရဲ့ A Series Of An Unfortunate Eventsတို့ ကြည့်ခဲ့ရပေမဲ့သူတို့ကိုကျော်ပြီး Sharkboy and Lavagirlက ကျွန်တော့်အတွက် အမှတ်ရစရာအကောင်းဆုံး ရုပ်ရှင်ဖြစ်ခဲ့တာပါပဲ။ DVD ခေတ်မှာ မတူတဲ့ ကားတွေ ဖောခြင်းသောခြင်းကြည့်လာရတဲ့အချိန်ကျတော့ Harry Potter တို့ Lord Of The Ring တို့လိုကားတွေကလွဲ ရုပ်ရှင်တစ်ကားတည်းကို ခဏခဏပြန်ပြန်မကြည့်ဖြစ်ခဲ့ဘူးဒီလိုနဲ့ အဲဒီကနေ အခုထိ ဒီရုပ်ရှင်ကို ကျွန်တော်ပြန်မကြည့်ဖြစ်ခဲ့ဘူး။ ဒီကားက မှတ်ဉာဏ်ထဲကတော့ ပျောက်မသွားဘူး။ဒါပေမဲ့ အမှတ်ရစရာကောင်းနေတာနဲ့ တစ်ချိန်တည်းမှာပဲ ဒီကားကို ပေါတယ် CGI တွေ ညံ့တယ်ဆိုတဲ့ အသိကြီးက မသိမသာကြီးစိုးနေခဲ့တယ်။ဒီလိုနဲ့ သတိရပေမဲ့ ပြန်ကြည့်လိုက်ရင် မှတ်ဉာဏ်တွေ ပျက်စီးသွားမှာစိုးတာကြောင့် ပြန်မကြည့်ဖြစ်ခဲ့ဘူး။ဒီနေ့တော့ ဒီကားကို ပြန်ရေးရင်း ပြန်ကြည့်ဖြစ်တော့ ထင်ထားတာနဲ့ တက်တက်စင်အောင်တော့လွဲနေတယ်။ကျွန်တော့်ကိုယ်ပိုင်အမှတ်တရကြောင့်လားတော့မသိပေမဲ့ ဒီကားကို ပြန်ကြည့်ရတဲ့ အရသာက အစောကထင်ခဲ့သလို ပေါလည်းမပေါသလို စုတ်လည်း မစုတ်ပြတ်နေခဲ့ဘူး။ဇာတ်လမ်းဇာတ်အိမ်ကိုပြောပါတယ်။ ဟိုးတုန်းက အရသာမျိုးရှိနေတုန်းပဲလို့ ပြောရမှာပဲ။ တော်တော်လေးလည်း သဘောကျသွားခဲ့တယ်။အခုအချိန်ထိလည်း ကျွန်တော်က စိတ်ကူးယဉ်တတ်ဆဲမို့လည်း ဖြစ်ကောင်းဖြစ်မှာပေါ့။အားလုံးတော့ ကြိုက်ကြမှာမဟုတ်ပေမဲ့ ၉၇ ၉၈ ၉၉ကာလက ကလေးတော်တော်များများအတွက်တော့ ဒီရုပ်ရှင်ဟာ အမှတ်တရတစ်ခုဖြစ်နေမှာပါပဲ။ ကောင်လေးတစ်ယောက်ရှိတယ်။ သူကအရမ်းစိတ်ကူးယဉ်တတ်တယ်။ သူ့စိတ်ကူးယဉ်တွေထဲက ကမ္ဘာကြီးမှာ သူ့မှာသူငယ်ချင်း၂ယောက်ရှိတယ်။ Sharkboy နဲ့ Lavagirlပေါ့။ဆရာတွေ မိဘတွေကတော့ သူ့ကို စိတ်ကူးမယဉ်ဘဲ လက်တွေ့ဘဝမှာ ရှင်သန်ဖို့ ပြောကြပေမဲ့ သူက သူ့စိတ်ကူးအိပ်မက်တွေကို မစွန့်လွှတ်နိုင်တော့ အားလုံးကြားထဲ ငကြောင်လိုလိုဖြစ်နေခဲ့တာပေါ့။တစ်နေ့ လက်တွေ့ဘဝနဲ့ သူ့စိတ်ကူးယဉ်တွေက အသားကျမနေတဲ့အခါ သူ့ဟာ သူ့စိတ်ကူးယဉ်တွေကို စွန့်လွှတ်လိုက်ဖို့ အကြောင်းဖန်လာခဲ့တယ်။အဲဒီမှာ Sharkboy နဲ့ Lavagirlဟာ ကမ္ဘာပေါ်ရောက်လာပြီး သူ့ကို သူ့စိတ်ကူးယဉ်တွေကနေ ဖြစ်တည်လာတဲ့ ဂြိုဟ်ကြီး ပျက်စီးတော့မှာမို့ လာပြန်ပြင်ပေးဖို့ ခေါ်သွားကြတယ်။ဒီလိုနဲ့ သူ့စိတ်ကူးတွေက တကယ်ဖြစ်နေတာကို သူမျက်မြင်တွေ့လိုက်ရတဲ့ အခါမှာတော့…. အသစ်ပြန်ဖြစ်တတ်တဲ့ နှလုံးသားတွေအတွက်တော့ ဒီရုပ်ရှင်ဟာ မအိုမင်းနိုင်တဲ့ နေ့ရက်တွေအကြောင်းပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့WiRa Aungပဲ ဖြစ်ပါတယ်။

Mrs Undercover (2023) ⭐IMDB: 7.1/10 (8 k Votes) 🎬 #Action #Bollywood #Comedy #Thriller 🗓️ 2023 🎞️ Movie 📺 1080p 🌎 #India ⏰ 1 နာရီ 47 မိနစ် 38 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Mrs. Undercover 2023 အသစ်ထွက်ရှိထားတဲ့ ဟင်ဒီစကားပြောအက်ရှင်၊ ဒရမ်မာ၊ဟာသကားတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ IMDb 7.1အထိရရှိထားပြီး Pad man, Andhadhun စတဲ့ကားတွေမှာနာမည်ကြီးမင်းသားတွေနဲ့ အတွဲညီညီသရုပ်ဆောင်ထားတဲ့မင်းသမီး Radhika Apteဖြစ်ပါတယ်။ ဒီကားမှာတော့သူကအိမ်ထောင်ရှင်မမိခင်တစ်ဖြစ်လဲ လျှို့ဝှက်စုံစမ်းရေးအေးဂျင့်အဖြစ် သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းStrong ဖြစ်ပြီး independent ဖြစ်တဲ့အမျိုးသမီးကိုမှရွေးပြီးသတ်တဲ့လူသတ်သမားတစ်ယောက်ရှိပါတယ်။အထူးအေးဂျင့်တပ်ဖွဲ့မှာ ဒီလူသတ်သမားကိုစုံစမ်းဖို့အေးဂျင့်တစ်ယောက်ပြီးတစ်ယောက် လွှတ်ရာမှာမအောင်မြင်ဘဲ နောက်ဆုံးမစ်ရှင်လွှတ်စရာအေးဂျင့်မရှိအောင်ဖြစ်သွားတော့တယ်။ ဒီလိုနဲ့ အိမ်ထောင်ရှင်မဖြစ်တဲ့ဒူရ်ဂါဟာလူသတ်သမားကိုစုံစမ်းဖို့မစ်ရှင်မှာဘယ်အစိတ်အပိုင်းကနေ၀င်ပါသွားမလဲ၊အိမ်ထောင်ရှင်မနောက်ကွယ်မှာသူ့ဘ၀ဟာဘယ်လို‌တွေဖုံးကွယ်ထားတယ်ဆိုတာကြည့်ရှူရမှာပဲဖြစ်ပါတယ်။

Mighty Morphin Power Rangers: Once & Always (2023) ⭐IMDB: 7.1/10 (89 Votes) 🎬 #Action #Adventure #Family #ScienceFiction #Fantasy #SciFi 🗓️ 2023 🎞️ Movie 📺 1080p 🌎 #UnitedStates #Canada #Japan ⏰ 58 မိနစ် 24 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Mighty Morphin Power Rangers : Once and Always (2023) မော်ဖင် ပါဝါရိန်းဂျားတွေ နှစ် ၃၀ ပြည့် အထိမ်းအမှတ် အထူးရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါပြီ။ပါဝါရိန်းဂျားတွေဆိုတာ ၉၀ ဝန်းကျင်ကလေးတွေအတွက်တော့ မကြည့်ဖူးသူမရှိလောက်အောင် နာမည်ကြီးခဲ့တဲ့ သူရဲကောင်းတွေပါပဲ။အခုချိန်မှာပြန်ကြည့်ရင် ကလေးဆန်တယ်ထင်ရပေမဲ့ ငယ်ဘဝအမှတ်တရတွေနဲ့ သရုပ်ဆောင်တွေကို ပြန်တွေ့ရတာနဲ့တင် ပျော်စရာကောင်းနေပါပြီ။မူရင်းသရုပ်ဆောင်တွေ ပြန်ပါဝင်ထားပြီး ဇာတ်လမ်းကတော့ ဇော်ဒန်မရှိတော့တဲ့အချိန်မှာသူတို့ရဲ့ ရန်သူတော်ကြီး ရီတာ ပြန်ပေါ်လာပြီး ရိန်းဂျားတစ်ယောက်ကို သတ်သွားတာကနေ အစပြုခဲ့ပါတယ်။ရိန်းဂျားတွေဟာ ပြန်လွတ်လာတဲ့ ရီတာကို နှိမ်နင်းဖို့လိုက်ရှာနေချိန်မှာ ရီတာကလည်း ပိုကြီးတဲ့အကြံကြီးနဲ့ ရိန်းဂျားတွေကို တိုက်ခိုက်လာပါတော့တယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့Mr.Andersonပဲ ဖြစ်ပါတယ်။

Sapul (2023) ⭐TMDB: 0.0% User Score 🎬 #Adult #Asian #Drama 🗓️ 2023 🎞️ Movie 📺 1080p 🌎 #Philippines ⏰ 1 နာရီ 39 မိနစ် 31 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အီစီဒရိုက ရဲအရာရှိတစ်ယောက်ဖြစ်ပြီး ရှီလာဆိုတဲ့ဇနီးချောလေးနဲ့အတူ သာယာတဲ့အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားကြသူတွေဖြစ်ပါတယ်။ ဒါပေမယ့်လည်း အီစီဒရိုရဲ့ဖောက်ပြန်မှုကြောင့်အိမ်ထောင်ရေးပြိုကွဲသွားတဲ့နောက် ရှီလာဟာ သူ့အမေဆီပြန်သွားခဲ့ပြီးအီစီဒရို ဘယ်လိုတောင်းပန်ပါစေပြန်လက်မခံတော့ပါဘူး။ အီစီဒရိုကတော့ နောင်တတွေတပွေ့တပိုက်နဲ့အရက်သမားကြီးလုံးလုံးဖြစ်သွားခဲ့ပြီး စခန်းမှူးနဲ့သူ့လုပ်ဖော်ကိုင်ဖက်တွေဘယ်လိုပဲဆုံးမဖျောင့်ဖျပါစေမထူးဇာတ်လင်းနေခဲ့ပါတယ်။ အဲ့ဒီလိုတစ်ဖြည်းဖြည်းနဲ့လုံးပါးပါးလာရင်းမခံနိုင်တော့တဲ့အဆုံးစခန်းကလုပ်ဖော်ကိုင်ဖက်တစ်ဦးကို သေနတ်နဲ့ချိန်ခြိမ်းခြောက်ပြီး သူ့ဇနီးကိုအတင်းအကျပ်ခေါ်ပေးဖို့တောင်းဆိုပါတော့တယ်။ဒီဖြစ်ရပ်အထိ ဘယ်လိုအရာတွေက သူ့ကိုတွန်းပို့ခဲ့သလဲ?ဒီဖြစ်ရပ်ရဲ့နောက် သူတို့ဝန်းကျင်က ဘယ်သူတွေရဲ့ဘဝတွေကိုဂယက်တွေရိုက်ခတ်လာမလဲဆိုတာကို ဆက်လက်ရှုစားကြရမှာပါ။

Dee Renjie's Burning Sky Extraordinary Fire (2020) ⭐IMDB: 9.3/10 (54 Votes) 🎬 #Fantasy #Mystery #Action 🗓️ 2020 🎞️ Movie 📺 1080p FHD 🌎 #China ⏰ 1 နာရီ 19 မိနစ် 18 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီတစ်ခါ CM ကနေမိတ်ဆက်ပေးမယ့် ဇာတ်လမ်းလေးကတော့detective Dee ရှေးဟောင်းစုံထောက် movie လေးဖြစ်ပါတယ် အေဒီ ၆၉၆ခုနှစ် ဝူကျယ်ထျန်းအုပ်စိုးစဉ်ကာလမှာ လူရိုင်းတပ်သားတွေကဝေ့ကျိုးမြို့ကိုတိုက်ခိုက်စဥ် အဲ့ဒီမြို့ဟာ စစ်ဘေးနှင့်ရောဂါကပ်ဘေးကိုကြုံတွေ့ရတယ်။ ဒီးရန်ကျယ်ဟာ မင်းအမိန့်ဖြင့်ဝေ့ကျိုးမြို့ကို အုပ်ချုပ်ရေးမှူးအဖြစ် ရောက်လာတုန်းအခိုက်မှာ လူသတ်သမားတိုက်ခိုက်ခံရတယ်။ ဝေ့ကျိုးမြို့ရဲ့အရင်အုပ်ချုပ်ရေးမှူးဖြစ်တဲ့ တူကူစစ်ကျွမ်းဟာအံ့ဩဖွယ် အဆိပ်သင့်ပြီးသေဆုံးနေပြီး ယင်းအမှုဟာဒီး‌ရန်ကျယ် ရောက်ရှိလာမှုနဲ့ ပတ်သက်နေမလား။တပ်သား၅၀၀ သေဆုံးမှုနှင့် ငွေစ၅သိန်းပျောက်ဆုံးတဲ့ထူးဆန်တဲ့ဖြစ်ရပ်ကို ဒီးရန်ကျယ်ကဘယ်လို ပြောင်မြောက်တဲ့နည်းလမ်းနဲ့ဖြေရှင်းမလဲ။ဒီးရန်ကျယ်ဟာ ဤပဟေဠိဆန်တဲ့ဖြစ်ရပ်တွေကြားအမှန်တရားတွေဖော်ထုတ်နိုင်မလားဆိုတာ CMက‌နေ အားပေးစောင့်မျှော်ကြည့်ရှုကြပါရှင့်

Everything I Am (2022) ⭐IMDB: 6.8/10 (69 Votes) 🎬 #Drama 🗓️ 2022 🎞️ Movie 📺 720p 🌎 #Australia ⏰ 1 နာရီ 27 မိနစ် 53 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Everything I Am (2022) ~ IMDb rating – 6.8/10 ~ ကမ္ဘာကို ဝေ့ဝဲကြည့်လိုက်ရင် ကိုယ့်ကိုယ်ကိုယ်ပြန်ကြည့်လိုက်ရင် အားလုံးက အတ္တဟိတနဲ့ပဲ အလုပ်များနေတာကိုတွေ့ရမှာပဲ။ ပရဟိတကို လုပ်ကြတဲ့လူတွေ ရှိတော့ရှိမယ်။ လုံးဝ ကိုယ်ကျိုးမကြည့်တဲ့ ပရဟိတသမားစစ်စစ်ကိုတော့ တော်တော်ရှာယူရလိမ့်မယ်။ ကမ္ဘာကိုက ဒီလိုကမ္ဘာဖြစ်နေတော့ ကမ္ဘာကို အသက်သွင်းထားတဲ့ ရုပ်ရှင်တွေကို အသက်သွင်းတဲ့အခါမှာလည်း ရက်စက်တဲ့ကမ္ဘာရဲ့ ပုံရိပ်တွေသာ ထင်နေတာကို တွေ့ကြရမှာပဲ။ ဝေဒနာက ကြီးလွန်းတော့ ဘယ်လောက်ပီပြင်လိုက်သလဲဆို အကောင်းဆုံးဆိုတဲ့ရုပ်ရှင်တွေဟာ ဝေဒနာတွေဖြစ်နေတာကို တွေ့ကြရမှာပဲ။ ဒီရုပ်ရှင်က အကောင်းဆုံးဆိုတဲ့ ရုပ်ရှင်တွေထဲတော့ မပါဘူး။ ဒါပေမဲ့ ဒီရုပ်ရှင်က ကမ္ဘာကြီးရဲ့ သိပ်နည်းပါးတဲ့ တစ်ထောင့်လေးကို ရိုက်ပြထားတယ်။ ချစ်ခြင်းတွေ ပရဟိတအစစ်တွေအကြောင်းပေါ့။ နောက် ကိုယ့်ထက်ကိုယ် အားလုံးကို ချစ်ကြတဲ့လူတွေအကြောင်းပေါ့။ အားလုံးကို ဘုံဆန်ဆန်ချစ်ဖို့ ဆိုတဲ့ ခက်ခဲတဲ့အရာတစ်ခုရဲ့အကြောင်းပေါ့။ သံသရာရုပ်ရှင်ရဲ့ နောက်ဆုံးက စာသားလိုပဲ။ ရေတစ်ပေါက်ကို ဘယ်တော့မှ မခန်းခြောက်အောင် အဲဒီရေပေါက်ကို ပင်လယ်ထဲ ပစ်ချလိုက်ရသတဲ့။ အားလုံးကို ထပ်တူညီချစ်ခြင်းဟာ ချစ်ခြင်းမေတ္တာကို မကုန်ခန်းစေတဲ့ နည်းတစ်နည်းပေါ့။ ကျင့်နိုင်ခဲလိမ့်မယ်။ ဒီရုပ်ရှင်ဟာ သူ့ခရစ်ယာန်ဘာသာကို ယုံကြည်တဲ့အတိုင်း အားလုံးကို ချစ်ဖို့ကြိုးစားခဲ့ ချစ်ခဲ့တဲ့ မိန်းကလေးတစ်ယောက်အကြောင်းပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုBမှ ပြန်ဆို ရေးသားထားပါတယ်)

The Tutor (2023) ⭐IMDB: 5.1/10 (1 k Votes) 🎬 #Mystery #Thriller 🗓️ 2023 🎞️ Movie 📺 1080p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 32 မိနစ် 55 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Tutor (2023) ဒီဇာတ်လမ်းထဲက ကျူတာကတော့အီသန်ပါ။ အီသန်က လူချမ်းသာတွေရဲ့ကလေးတွေကို ကျူတာအဓိကလုပ်ပေးတယ်။ဘောစိကလေးတွေဆိုတော့ ငဆိုးလေးတွေများပေမယ့် အီသန်ကတော့ဒီကလေးတွေကို ပညာရေးမှာစိတ်ဝင်စားလာအောင် တိုးတက်လာအောင်ဆွဲခေါ်ပေးနိုင်လို့နာမည်ရတယ်။တစ်နေ့မှာ ကလေးတစ်ယောက်ကိုစာသင်ပေးဖို့ အီသန့်ကိုဌားတယ်။ ပေးတဲ့လစာကလဲ မယုံနိုင်လောက်အောင်များတယ်။အီသန်ကလဲပိုက်ဆံလိုတယ်တော့မဟုတ်ပေမယ့် သူ့ချစ်သူကကလေးမွေးတော့မှာဆိုတော့ ပိုက်ဆံများများရတော့လဲကောင်းတယ်ပေါ့။သူ့ကိုအဲ့လောက်ထိပေးတယ်ဆိုတော့ ဒီကလေးက အားစိုက်သင်ရမယ့်ကလေး စာညံ့တဲ့ကလေးလို့အီသန်ကတွက်ထားတာပေါ့။ကလေးအဖေဘက်က အီသန့်ကိုသူတို့အိမ်မှာလာနေပြီး အရင်ဆုံးတစ်ပတ်အစမ်းသင်ကြည့်ဖို့ခေါ်တယ်။တကယ်တမ်းစာသင်ကြည့်တော့ ကလေးကလဲတော်လိုက်တာမှ ဘာမှကိုသင်စရာမလိုလောက်အောင်ပဲ။အဲ့တော့အီသန့်ကို လစာအများကြီးပေးပြီးခေါ်တာဘာအတွက်လဲ။ဂျက်ဆန်ဆိုတဲ့ကလေးရဲ့မိသားစုက ပိုက်ဆံတွေများသိပ်ပေါနေလား။စာသွားသင်တဲ့တစ်ပတ်အတွင်းမှာပဲ ဂျက်ဆန့်ဆီမှာရော အီသန့်ဆီမှာပါ မူမမှန်တာလေးတွေပေါ်ပေါ်လာတော့ ဘယ်သူကဘာတွေကြံစည်နေကြလဲ။ဘယ်လိုရည်ရွယ်ချက်တွေရှိလဲဆိုတာ Plot Twist ကောင်းကောင်းနဲ့တင်ဆက်ထားတဲ့ဇာတ်ကားပဲဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့Rashidaပဲ ဖြစ်ပါတယ်။

Here Love Lies (2023) ⭐IMDB: 5.0/10 (110 Votes) 🎬 #Romance #Thriller 🗓️ 2023 🎞️ Movie 📺 720p 🌎 #UnitedStates #Nigeria #UnitedStatesofAmerica ⏰ 2 နာရီ 12 မိနစ် 1 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Here Love Lies (2023)================= “ဒီနေရာတွင် အချစ်ရှိသည်ဒီနေရာတွင် အချစ်သည် အလိမ်အညာဖြစ်သည်.ဒီနေရာတွင် အချစ်သည် ထာဝရအိပ်စက်နေသည်.”ဆိုသလိုပဲ. အချစ်ဆိုတာက အပျော်ကစားတတ်တဲ့သူတွေအဖို့သေဆုံးပြီလို့ သတ်မှတ်ကာ မြှုပ်နှံထားတဲ့မြေပုံလေး တစ်ခုသာသာ ဖြစ်ပြီး ဆန်းကြယ်နက်နဲတဲ့အရာအဖြစ် ယုံကြည်ထားသူတွေအတွက် တစ်နေ့တော့ ရောက်လိမ့်မယ်လို့ တွန်းအားပေးနေတဲ့လမ်းပြမြေပုံလေးတစ်ခုပါပဲ။ ငယ်ရွယ်စဉ်အတိတ်က ရူးမိုက်မှုတွေကြောင့် Single Motherဘဝနဲ့ သမီးလေးတစ်ယောက်ကို တစ်ကိုယ်တည်း ရုန်းကန်ပြီးပြုစုပျိုးထောင်လာခဲ့သူ အမန်ဒါ၊ မေတ္တာစစ်ကိုရှာဖွေရင်း အပေါ်ယံအချစ်တွေကိုသာ ရှာတွေ့ခဲ့ပြီး ဆိုရှယ်မီဒီယာမှ တွေ့ဆုံခဲ့သူမိုက်ကယ့် အပေါ် မမျှော်လင့်ဘဲ သံယောဇဉ်တွယ်မိမှန်းမသိ တွယ်လာခဲ့တယ်ပေါ့။ အဲနောက် ရေမြေခြားသူ မိုက်ကယ့်ကို တွေ့ဆုံနိုင်ဖို့ အကြောင်းဖန်လာခဲ့ပြီး နှစ်ယောက်သား စတွေ့တွေ့ချင်းအခက်အခဲ၊ အတားအဆီးများကြားမှ နားလည်မှုကို ရှာတွေ့သွားချိန်၊ သူ ကျားကုတ်ကျားခဲ ရှာဖွေခဲ့ရတဲ့ Mr.Right ဖြစ်သူ မိုက်ကယ့်ရဲ့ စကားလုံးတွေနောက်ကွယ်က အမှန်တရားကို မမြင်နိုင်တော့ဘဲ အကြာကြီးမျှော်မှန်း ခဲ့ရတဲ့ ဘဝလေးကို ပိုင်ဆိုင်နိုင်ဖို့စိတ်ကူးနေမိသူ အမန်ဒါကို နောက်ဆုံးအချိန်တွင်မှ ကံကြမ္မာမြားဦးက အကောင်းနဲ့အဆိုး ဘယ်ဘက်ကို ဦးတည်ပေးမလဲဆိုတာကတော့ ကိုယ်တိုင်ပဲကြည့်ရှုရမှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Sai Sumali ဖြစ်ပါတယ်)

Twilight Dinner (1998) ⭐IMDB: 6.6/10 (104 Votes) 🎬 #Adult #Asian #Drama #Horror 🗓️ 1998 🎞️ Movie 📺 480p 🌎 #Japan ⏰ 1 နာရီ 3 မိနစ် 21 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အချစ်ကြမ်းကြတဲ့အထဲမှာ သွေးစုပ်ဖုတ်ကောင်တွေလည်းပါတယ်နော်။ အချစ်လည်းကြမ်းသလို အငြိုးလည်းကြီးကြပါတယ်။ ဒါပေမဲ့ ဒီကားလေးထဲမှာပါတဲ့ Vampire လေးတွေချစ်တာကိုတော့ ဘယ်သူမှမရှောင်နိုင်လောက်ပါဘူး ။ အချစ်ကြမ်းကြမ်းတွေမို့ နားကြပ်လေးနဲ့ခံစားဖို့ ကြိုတင်သတိပေးပါရစေဗျ ။ မျက်နှာချင်းဆိုင်ကတိုက်ခန်းဘက်ကို လူသစ်ပြောင်းလာတာကြောင့် သွားနှုတ်ဆက်ရင်းနဲ့ အရမ်းချစ်ဖို့ကောင်းတဲ့ညီအစ်မနှစ်ယောက်နဲ့ ကာဇူဟီကိုတစ်ယောက် ရင်းနှီးခွင့်ရခဲ့ပါတယ် ။ သူတို့နဲ့ချိန်းတွေ့ချင်ပေမယ့် နေရောင်နဲ့အထိမခံနိုင်တဲ့ အရေပြားရောဂါရှိလို့ ခဏခဏငြင်းပယ်ခံရပြီးနောက်မှာတော့ ညီမဖြစ်သူ မာရာကိုနဲ့ ညဘက်ချိန်းတွေ့ဖို့ အကြောင်းဖန်လာပါတော့တယ်။ ညီမနဲ့လည်းချိန်းတွေ့ရင်း အစ်မနဲ့လည်း ခိုးစားဖြစ်သွားတဲ့အခါမှာတော့ ကာဇူဟီကိုဆီမှာ ပြောမပြတတ်အောင် ပြောင်းလဲမှုကြီးတစ်ခု စတင်ခံစားရပါတော့တယ်။ ကိုယ့်ကိုကိုယ်လည်း ထိန်းချုပ်လို့မရနိုင်အောင် ဘာမြင်မြင်အကုန်လုံးဆွဲစားချင်တော့တာပါပဲ။ ကာဇူဟီကိုတစ်ယောက် ဘာတွေပြောင်းလဲသွားတာလဲ? ဘာတွေများဆွဲစားခဲ့တာလဲဆိုတာတွေကို တစ်ဝကြီးခံစားလိုက်ပါတော့နော်….

Angels Of Vengeance (2023) ⭐TMDB: 0.0% User Score 🎬 #Action #Crime 🗓️ 2023 🎞️ Movie 📺 1080p FHD 🌎 # ⏰ 1 နာရီ 26 မိနစ် 11 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ၁၉၀၀ခုနှစ်လောက်တုန်းကတောင်အာဖရိကမိုင်းတွင်းတစ်ခုမှာတူးဖော်ရရှိခဲ့တဲ့ဒေါ်လာသန်း၂၀တန်ဖိုးရှိတဲ့ တောင်အာဖရိကနှလုံးသားလို့ခေါ်တဲ့စိန်တုံးကြီးကိုလိုချင်တပ်မက်တဲ့မသမာလောဘသားတွေဟာသူဌေးကြီးရဲ့သမီးကိုပြန်ပေးဆွဲခဲ့ပါတယ်။ ဓားစာခံကိုကယ်တင်ဖို့နဲ့ ပြန်ပေးတရားခံတွေကိုဖမ်းဆီးနိုင်ဖို့အတွက်ထန်ရှီးယွီတို့အမျိုးသမီးအထူးရဲအဖွဲ့ကိုတာဝန်ပေးအပ်ခဲ့ပါတယ်။ဒီတစ်ကြိမ်မှာရော ထန်ရှီးယွီတို့အဖွဲ့ကဓားစာခံကိုဘေးကင်းကင်းနဲ့ကယ်တင်နိုင်ပါ့မလား……ဉာဏ်များတဲ့ပြန်ပေးတရားခံတွေကိုရော အမိဖမ်းနိုင်ပါ့မလား……မမရှီးယွီတို့အဖွဲ့ ဘယ်လိုတွေလက်စွမ်းပြကြဦးမလဲဆိုတာကိုဆက်ပြီးကြည့်လိုက်ကြပါဦးနော်

Ghost Sniper (2023) ⭐⁉️ 🎬 #Action 🗓️ 2023 🎞️ Movie 📺 1080p 🌎 #China ⏰ 1 နာရီ 14 မိနစ် 51 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 စစ်မှန်တဲ့ မေတ္တာတွေနဲ့ ဖွဲ့စီးထားတဲ့ ကြေးစား တပ်ဖွဲ့တစ်ခု…? တစ်နေ့မှာတော့သူတို့ဟာ ပြန်ပေးသမားတွေဖမ်းခေါ်သွားခဲ့တဲ့ ဇီဝလက်နက်ထုတ်လုပ်ရာမှာပညာရှင်တစ်ဦးဖြစ်သူ ပါမောက္ခနန်စီကို ကယ်တင်ဖို့အတွက် တာဝန်ကို ပေးအပ်ခြင်းခံခဲ့ရပါတယ် ။ ဒီကယ်တင်တဲ့ လမ်းကြောင်းအတွင်းမှာပဲ ပြန်ပေးသမားတွေရဲ့ထောင်ခြောက်အတွင်းဝင်ရောက်ခဲ့ရပြီး အဖွဲ့သားတွေ သေဆုံးသွားခဲ့ရပါတယ် ။ဒီလိုရက်စက်တဲ့ မြင်ကွင်း အားလုံးကို မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရတဲ့အဖွဲ့အတွင်းက ယွီဝေ ဆိုသူ…? အဖွဲ့သားတွေကို ဘယ်သူသတ်သလဲဆိုတာအရိပ်အယောင်တောင် မမြင်ရခဲ့တာကြောင့် စိတ်ထဲမှာ နာကျည်းမှုတွေမုန်းတီးမှုတွေ လွှတ်မချနိုင်တဲ့အရာတွေနဲ့ ပြည့်နှက်နေခဲ့ရှာသူ….? တစ်နေ့မှာ ယွီဝေကိုယ်တိုင်လဲ ထူးဆန်းလှတဲ့ သေနတ်တစ်ချက်ကြောင့်သေဆုံးသွားခဲ့ပြီး အပြိုင်ကမ္ဘာတစ်ခုလိုဖြစ်တဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်အဖွဲ့သားတွေသေဆုံးခဲ့တဲ့ အချိန်ကို ပြန်လည်ရောက်ရှိသွားချိန်မှာတော့အဖွဲ့သားတွေရဲ့ ကံကြမ္မာကို ပြန်လည်ကယ်တင်ဖို့ အသည်းအသန်လုပ်လာခဲ့တဲ့အခါမှာ ….? ❏ အဖွဲ့သားတွေကို မကယ်တင်နိုင်တဲ့အပြင် ဒီလိုရက်စက်ဖွယ်ကောင်းတဲ့မြင်ကွင်းကြီးကို အကြိမ်ကြိမ်အဖန်ဖန်ကြုံတွေ့လာချိန်မှာတော့ သူဘယ်လိုတွေရင်ဆိုင်မှာလဲ ? ❏ ဒီလိုမျိုး ထူးခြားဆန်းကြယ်လှတဲ့ ပဟေဋိဆန်ဆန် ဖြစ်ရပ်ရဲ့ အမှန်တရားကရော ဘာတွေဖြစ်နေမှာလဲ?❏ ယွီဝေတစ်ယောက် နာကျဥ်းမှုတွေနဲ့ ပြည့်နှက်နေတဲ့ ဒီဝင်္ကပါကြီးထဲကနေလွတ်မြောက်နိုင်ပါ့မလားဆ်ိုတာ? ဒီဇာတ်ကားလေးကို ကြည့်ရှုရင်း အဖြေရှာလိုက်ရအောင်ပါ ။

Here Love Lies (2023) ⭐IMDB: 5.0/10 (110 Votes) 🎬 #Romance #Thriller 🗓️ 2023 🎞️ Movie 📺 1080p 🌎 #UnitedStates #Nigeria #UnitedStatesofAmerica ⏰ 2 နာရီ 12 မိနစ် 1 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Here Love Lies (2023)================= “ဒီနေရာတွင် အချစ်ရှိသည်ဒီနေရာတွင် အချစ်သည် အလိမ်အညာဖြစ်သည်.ဒီနေရာတွင် အချစ်သည် ထာဝရအိပ်စက်နေသည်.”ဆိုသလိုပဲ. အချစ်ဆိုတာက အပျော်ကစားတတ်တဲ့သူတွေအဖို့သေဆုံးပြီလို့ သတ်မှတ်ကာ မြှုပ်နှံထားတဲ့မြေပုံလေး တစ်ခုသာသာ ဖြစ်ပြီး ဆန်းကြယ်နက်နဲတဲ့အရာအဖြစ် ယုံကြည်ထားသူတွေအတွက် တစ်နေ့တော့ ရောက်လိမ့်မယ်လို့ တွန်းအားပေးနေတဲ့လမ်းပြမြေပုံလေးတစ်ခုပါပဲ။ ငယ်ရွယ်စဉ်အတိတ်က ရူးမိုက်မှုတွေကြောင့် Single Motherဘဝနဲ့ သမီးလေးတစ်ယောက်ကို တစ်ကိုယ်တည်း ရုန်းကန်ပြီးပြုစုပျိုးထောင်လာခဲ့သူ အမန်ဒါ၊ မေတ္တာစစ်ကိုရှာဖွေရင်း အပေါ်ယံအချစ်တွေကိုသာ ရှာတွေ့ခဲ့ပြီး ဆိုရှယ်မီဒီယာမှ တွေ့ဆုံခဲ့သူမိုက်ကယ့် အပေါ် မမျှော်လင့်ဘဲ သံယောဇဉ်တွယ်မိမှန်းမသိ တွယ်လာခဲ့တယ်ပေါ့။ အဲနောက် ရေမြေခြားသူ မိုက်ကယ့်ကို တွေ့ဆုံနိုင်ဖို့ အကြောင်းဖန်လာခဲ့ပြီး နှစ်ယောက်သား စတွေ့တွေ့ချင်းအခက်အခဲ၊ အတားအဆီးများကြားမှ နားလည်မှုကို ရှာတွေ့သွားချိန်၊ သူ ကျားကုတ်ကျားခဲ ရှာဖွေခဲ့ရတဲ့ Mr.Right ဖြစ်သူ မိုက်ကယ့်ရဲ့ စကားလုံးတွေနောက်ကွယ်က အမှန်တရားကို မမြင်နိုင်တော့ဘဲ အကြာကြီးမျှော်မှန်း ခဲ့ရတဲ့ ဘဝလေးကို ပိုင်ဆိုင်နိုင်ဖို့စိတ်ကူးနေမိသူ အမန်ဒါကို နောက်ဆုံးအချိန်တွင်မှ ကံကြမ္မာမြားဦးက အကောင်းနဲ့အဆိုး ဘယ်ဘက်ကို ဦးတည်ပေးမလဲဆိုတာကတော့ ကိုယ်တိုင်ပဲကြည့်ရှုရမှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Sai Sumali ဖြစ်ပါတယ်)

A Little White Lie (2023) ⭐IMDB: 5.9/10 (608 Votes) 🎬 #Comedy 🗓️ 2023 🎞️ Movie 📺 720p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 41 မိနစ် 24 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 A Little White Lie (2023)==================Genre – Comedy, DramaIMDb Rating – 5.9/10 လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က စာပေလောကကို တုန်လှုပ်စေခဲ့တဲ့ဝတ္ထုတစ်အုပ်ထွက်ပြီး လူလုံးထွက်မပြတဲ့ စာရေးဆရာ ရှရိုက်ဗာဆိုတာ ရှိခဲ့ပါတယ်။ အမျိုးသားစာပေဆုကို သမ္မတကပေးတာတောင်တက်မယူဘဲနဲ့ပေါ့။ ဒီလိုနဲ့ သူကတော့ တစ်အုပ်ထွက်ပြီး ပျောက်ကွယ်သွားခဲ့တယ်။ အခုလက်ရှိမှာတော့ တက္ကသိုလ်စာပေပွဲတော်လုပ်ဖို့ပရော်ဖက်ဆာကလီရီတို့တသိုက် ခေါင်းကိုက်နေကြတယ်။ ဘာလို့လဲဆိုတော့ ဘုတ်အဖွဲ့က ဘတ်ဂျတ်ချမပေးတော့ဘူးဆိုတော့။ အဲဒီမှာကလီရီက ရှရိုက်ဗာကို ရအောင်ရှာပြီး သူတို့စာပေပွဲတော်ကို ဖိတ်တယ်၊သူသာတက်ရောက်မယ်ဆို ဒီပွဲတော်က ဆက်လက်ပြီး လူတွေကိုဆွဲဆောင် အသက်ဆက်နိုင်တော့မှာကိုး။ အဲဒီမှာ တစ်ဖက်မှာ ဆက်သွယ်ခံရတဲ့ ရှရိုက်ဗာက စာရေးတာကိုမပြောနဲ့တစ်ရက်တစ်ရက် သူများခိုင်းသမျှလုပ်ပြီး၊ မျက်နှာကြက်ရေယိုတာကိုကြောင်လေးကိုပိုက်ပြီး အိပ်ရာပေါ်ကနေ ကြည့်တတ်တဲ့ အထီးကျန်အရက်သမားတစ်ယောက်။ ဒါပေမဲ့ ဘေးနားက ဘော်ဒါက ဟန်ဆောင်ပြီးသွားတက်ရင် ဆုတွေရမှာဘာညာနဲ့ ဂျင်းထည့်ပြီး မြှောက်ပေးလိုက်တော့ဒီပွဲတော်ကို သွားပြီး ဟန်ဆောင်တက်ရောက်ဖို့ ဖြစ်လာတယ်။ အဲဒါနဲ့ဒီပွဲတော်သုံးရက်ကာလမှာ ရှရိုက်ဗာတစ်ယောက် လူတွေကို ဘယ်လိုလှည့်စားနိုင်မလဲ၊ အလိမ်အညာတွေ ပေါ်သွားမလား၊ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ဟာသဆန်ဆန် စာပေဆန်စွာနဲ့ တင်ဆက်ထားတဲ့ စာပေလောကအလွဲအမှားတွေအကြောင်းရိုက်ကူးသွားတဲ့ ဟာသဒရမ်မာဇာတ်ကားသစ်လေးပါ။ အဓိကသရုပ်ဆောင်ကြီးကတော့ ကျွန်တော်တို့ Superman ကြီးရဲ့ GeneralZod အဖြစ် သရုပ်ဆောင်ထားတဲ့ Michael Shannon ဖြစ်ပြီး အူတိအူကြောင်ဂွကျကျပုံစံမျိုး ပိုင်နိုင်စွာ သရုပ်ဆောင်ထားတာကို တွေ့ရမှာပါ။ မင်းသမီးနေရာက Kate Hudson ဆိုလည်း အသက်ကြီးပေမယ့် မပျက်စီးသေးတဲ့အလှတရားတွေနဲ့ ပါဝင်သရုပ်ဖော်ပေးထားပါသေးတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thura Aung ဖြစ်ပါတယ်)

Sisters on the Run (2023) ⭐IMDB: 5.7/10 (59 Votes) 🎬 #Crime #Thriller #TVMovie 🗓️ 2023 🎞️ Movie 📺 1080p FHD 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 26 မိနစ် 22 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Sisters on the Run (2023)================== ဇာတ်လမ်းစစချင်းမှာပဲ Selma က abusiveဖြစ်တဲ့ သူ့ယောကျ်ားရဲကို သေနတ်နဲ့ပစ်ပြီး ထွက်ပြေးခဲ့ပါတယ်။ သူ့ယောကျ်ားရဲ့ နောက်လိုက်နှစ်ယောက် သူ့နောက်မလိုက်ခင် ထွက်ပြေးပြီး သူ့အစ်မ Maddyအိမ်မှာ တည်းခွင့်သွားတောင်းပါတယ်။ ဖြစ်ချင်တော့ Selmaနဲ့ Maddyက သူတို့အမေဆုံးကတည်းက ကွဲသွားပြီး စကားမပြောဖြစ်ကြတော့ဘူး။ အကျင့်စရိုက်ချင်းကလည်း ဆန့်ကျင်ဘက်မို့ မတည့်ကြပါဘူး။Selmaက ပါတီတက်၊ ပစ္စည်းတွေ လိုက်ခိုးနဲ့ အပေအတေကောင်မလေးဖြစ်ခဲ့တာ။ သူ့အစ်မ Maddyကတော့ စည်းကမ်းရှိပြီး ဂုဏ်သရေရှိတဲ့လူကြီးလူကောင်းပုံစံ နေတာပေါ့။ ညီအစ်မနှစ်ယောက်က ယောကျ်ားရကံချင်းလည်း ကွာတယ်။ အစ်မMaddyက အဆင်ပြေတဲ့ ယောကျ်ားကောင်းရပြီး အေးဆေးနေနိုင်ပေမဲ့Selmaကတော့ ရဲနဲ့ယူပြီး အဲ့ရဲက မှူးယစ်ဆေးမှောင်ခိုဂိုဏ်းရဲ့ ခေါင်းဆောင်ဖြစ်နေ​တဲ့အပြင် Psychoဆန်ဆန် သူ့ကိုနှိပ်စက်တတ်လို့ အမြဲတမ်း ဒုက္ခခံခဲ့ရတာပါ။ Selma သူ့ယောကျ်ားကို ပစ်ပြီး ထွက်ပြေးတော့Maddy အစက လက်မခံခဲ့ဘူး။ ဒါပေမဲ့ သွေးက စကားပြောတယ်လေ။Selma သူ့ယောကျ်ားကိုသတ်ပြီး ထွက်ပြေးခဲ့မှန်းအဖြစ်မှန်ကို မသိသေးတာတောင် သူ့ညီမ အကူအညီလိုနေမယ်မှန်းသိလို့ နောက်ပိုင်းမှာ Maddyက Selmaကို သူ့အိမ်မှာ ခဏနေခွင့်ပေးလိုက်တယ်။ အဲအချိန်မှာပဲ Selma နောက် လိုက်နေတဲ့ ရဲဆိုးတွေ အိမ်ကိုဖောက်ပြီးလာသောင်းကျန်းတော့ Selmaရော ဘာမှမသိတဲ့ Maddyပါ အတူထွက်ပြေးခဲ့ရတယ်။ အဲလိုနဲ့ Selmaနဲ့ Maddyကို ဝရန်းထုတ်ခံရပြီး သတင်းတွေမှာသူတို့မျက်နှာတွေအကုန် ပြန့်သွားတာပေါ့။ ဒီတော့ သူတို့ညီအစ်မ ဒုက္ခအကြီးအကျယ် ဘယ်လိုတွေရောက်လဲဆိုတာ ဒီဇာတ်လမ်းမှာ ဆက်ကြည့်လိုက်ပါဦးနော်…။ Selmaနဲ့ Maddyရဲ့ ဘဝအခက်အခဲတွေ၊ အဓိကကတော့ညီအစ်မနှစ်ယောက်က အချင်းချင်းမတည့်ပေမဲ့ အကူအညီလိုတဲ့အခါမှာတော့တစ်ယောက်ဘေးတစ်ယောက်ရှိပေးကြတဲ့ ညီအစ်မချစ်ခြင်းတွေကို ပုံပေါ်အောင် ရိုက်ကူးထားတဲ့ Crime, Thriller ဇာတ်လမ်းကောင်းပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thwal Htoo Zin ဖြစ်ပါတယ်)

A Little White Lie (2023) ⭐IMDB: 5.9/10 (608 Votes) 🎬 #Comedy 🗓️ 2023 🎞️ Movie 📺 1080p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 41 မိနစ် 24 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 A Little White Lie (2023)==================Genre – Comedy, DramaIMDb Rating – 5.9/10 လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က စာပေလောကကို တုန်လှုပ်စေခဲ့တဲ့ဝတ္ထုတစ်အုပ်ထွက်ပြီး လူလုံးထွက်မပြတဲ့ စာရေးဆရာ ရှရိုက်ဗာဆိုတာ ရှိခဲ့ပါတယ်။ အမျိုးသားစာပေဆုကို သမ္မတကပေးတာတောင်တက်မယူဘဲနဲ့ပေါ့။ ဒီလိုနဲ့ သူကတော့ တစ်အုပ်ထွက်ပြီး ပျောက်ကွယ်သွားခဲ့တယ်။ အခုလက်ရှိမှာတော့ တက္ကသိုလ်စာပေပွဲတော်လုပ်ဖို့ပရော်ဖက်ဆာကလီရီတို့တသိုက် ခေါင်းကိုက်နေကြတယ်။ ဘာလို့လဲဆိုတော့ ဘုတ်အဖွဲ့က ဘတ်ဂျတ်ချမပေးတော့ဘူးဆိုတော့။ အဲဒီမှာကလီရီက ရှရိုက်ဗာကို ရအောင်ရှာပြီး သူတို့စာပေပွဲတော်ကို ဖိတ်တယ်၊သူသာတက်ရောက်မယ်ဆို ဒီပွဲတော်က ဆက်လက်ပြီး လူတွေကိုဆွဲဆောင် အသက်ဆက်နိုင်တော့မှာကိုး။ အဲဒီမှာ တစ်ဖက်မှာ ဆက်သွယ်ခံရတဲ့ ရှရိုက်ဗာက စာရေးတာကိုမပြောနဲ့တစ်ရက်တစ်ရက် သူများခိုင်းသမျှလုပ်ပြီး၊ မျက်နှာကြက်ရေယိုတာကိုကြောင်လေးကိုပိုက်ပြီး အိပ်ရာပေါ်ကနေ ကြည့်တတ်တဲ့ အထီးကျန်အရက်သမားတစ်ယောက်။ ဒါပေမဲ့ ဘေးနားက ဘော်ဒါက ဟန်ဆောင်ပြီးသွားတက်ရင် ဆုတွေရမှာဘာညာနဲ့ ဂျင်းထည့်ပြီး မြှောက်ပေးလိုက်တော့ဒီပွဲတော်ကို သွားပြီး ဟန်ဆောင်တက်ရောက်ဖို့ ဖြစ်လာတယ်။ အဲဒါနဲ့ဒီပွဲတော်သုံးရက်ကာလမှာ ရှရိုက်ဗာတစ်ယောက် လူတွေကို ဘယ်လိုလှည့်စားနိုင်မလဲ၊ အလိမ်အညာတွေ ပေါ်သွားမလား၊ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ဟာသဆန်ဆန် စာပေဆန်စွာနဲ့ တင်ဆက်ထားတဲ့ စာပေလောကအလွဲအမှားတွေအကြောင်းရိုက်ကူးသွားတဲ့ ဟာသဒရမ်မာဇာတ်ကားသစ်လေးပါ။ အဓိကသရုပ်ဆောင်ကြီးကတော့ ကျွန်တော်တို့ Superman ကြီးရဲ့ GeneralZod အဖြစ် သရုပ်ဆောင်ထားတဲ့ Michael Shannon ဖြစ်ပြီး အူတိအူကြောင်ဂွကျကျပုံစံမျိုး ပိုင်နိုင်စွာ သရုပ်ဆောင်ထားတာကို တွေ့ရမှာပါ။ မင်းသမီးနေရာက Kate Hudson ဆိုလည်း အသက်ကြီးပေမယ့် မပျက်စီးသေးတဲ့အလှတရားတွေနဲ့ ပါဝင်သရုပ်ဖော်ပေးထားပါသေးတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thura Aung ဖြစ်ပါတယ်)

Everything I Am (2022) ⭐IMDB: 6.8/10 (69 Votes) 🎬 #Drama 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 #Australia ⏰ 1 နာရီ 27 မိနစ် 53 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Everything I Am (2022) ~ IMDb rating – 6.8/10 ~ ကမ္ဘာကို ဝေ့ဝဲကြည့်လိုက်ရင် ကိုယ့်ကိုယ်ကိုယ်ပြန်ကြည့်လိုက်ရင် အားလုံးက အတ္တဟိတနဲ့ပဲ အလုပ်များနေတာကိုတွေ့ရမှာပဲ။ ပရဟိတကို လုပ်ကြတဲ့လူတွေ ရှိတော့ရှိမယ်။ လုံးဝ ကိုယ်ကျိုးမကြည့်တဲ့ ပရဟိတသမားစစ်စစ်ကိုတော့ တော်တော်ရှာယူရလိမ့်မယ်။ ကမ္ဘာကိုက ဒီလိုကမ္ဘာဖြစ်နေတော့ ကမ္ဘာကို အသက်သွင်းထားတဲ့ ရုပ်ရှင်တွေကို အသက်သွင်းတဲ့အခါမှာလည်း ရက်စက်တဲ့ကမ္ဘာရဲ့ ပုံရိပ်တွေသာ ထင်နေတာကို တွေ့ကြရမှာပဲ။ ဝေဒနာက ကြီးလွန်းတော့ ဘယ်လောက်ပီပြင်လိုက်သလဲဆို အကောင်းဆုံးဆိုတဲ့ရုပ်ရှင်တွေဟာ ဝေဒနာတွေဖြစ်နေတာကို တွေ့ကြရမှာပဲ။ ဒီရုပ်ရှင်က အကောင်းဆုံးဆိုတဲ့ ရုပ်ရှင်တွေထဲတော့ မပါဘူး။ ဒါပေမဲ့ ဒီရုပ်ရှင်က ကမ္ဘာကြီးရဲ့ သိပ်နည်းပါးတဲ့ တစ်ထောင့်လေးကို ရိုက်ပြထားတယ်။ ချစ်ခြင်းတွေ ပရဟိတအစစ်တွေအကြောင်းပေါ့။ နောက် ကိုယ့်ထက်ကိုယ် အားလုံးကို ချစ်ကြတဲ့လူတွေအကြောင်းပေါ့။ အားလုံးကို ဘုံဆန်ဆန်ချစ်ဖို့ ဆိုတဲ့ ခက်ခဲတဲ့အရာတစ်ခုရဲ့အကြောင်းပေါ့။ သံသရာရုပ်ရှင်ရဲ့ နောက်ဆုံးက စာသားလိုပဲ။ ရေတစ်ပေါက်ကို ဘယ်တော့မှ မခန်းခြောက်အောင် အဲဒီရေပေါက်ကို ပင်လယ်ထဲ ပစ်ချလိုက်ရသတဲ့။ အားလုံးကို ထပ်တူညီချစ်ခြင်းဟာ ချစ်ခြင်းမေတ္တာကို မကုန်ခန်းစေတဲ့ နည်းတစ်နည်းပေါ့။ ကျင့်နိုင်ခဲလိမ့်မယ်။ ဒီရုပ်ရှင်ဟာ သူ့ခရစ်ယာန်ဘာသာကို ယုံကြည်တဲ့အတိုင်း အားလုံးကို ချစ်ဖို့ကြိုးစားခဲ့ ချစ်ခဲ့တဲ့ မိန်းကလေးတစ်ယောက်အကြောင်းပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုBမှ ပြန်ဆို ရေးသားထားပါတယ်)