uz
Feedback

Firibgarlarga uchmang! Telemetrio bunday kanallarni topadi va belgilaydi 👉 Belgini ko‘rmoqchi bo‘lsangiz, obuna bo‘ling

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Yopiq kanal

🚩 Channel was restricted by Telegram

Ko'proq ko'rsatish
Ma'lumot yo'q
Obunachilar
-524 soatlar
-47 kun
+730 kun
Postlar arxiv
Spider-Man: Far from Home (2019) ⭐IMDB: 7.4/10 (516 k Votes) 🎬 #Action #Adventure #MarvelUniverse #SciFi #ScienceFiction #Comedy 🗓️ 2019 🎞️ Movie 📺 #720p #1080p #4K 💿 1.10 GB ⦿ 2.11 GB ⦿ 5.78 GB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 9 မိနစ် 22 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Endgame အပြီးမှာ ထွက်လာတဲ့ကားတွေကို ကြည့်ရတာ သိပ်အားရပါတော့မလားလို့ တွေးမိပေမယ့် မာဗယ်ကတော့ ပိုပိုကောင်းအောင် လုပ်ပြနိုင်တုန်းပါပဲ။ ဒီစပိုက်ဒါမန်းကားကို အကြိုက်တွေ့ကြမှာပါ။ ဇာတ်လမ်းအကျဉ်း… သားနို့စ်နဲ့တိုက်ပွဲအပြီးမှာ ကမ္ဘာကြီးဟာ အပြိုင်စကြဝဠာတွေနဲ့ ချိတ်ဆက်တဲ့ ဝင်ပေါက်တွေ ပေါ်လာခဲ့ပါတယ်။ ကမ္ဘာတစ်ခုက သူရဲကောင်း မစ်စ်တီးရီယိုဟာ သူ့ရဲ့ကမ္ဘာကို ဖျက်ဆီးသွားတဲ့ သတ္တဝါဆိုးတွေ လက်ရှိ စပိုက်ဒါမန်းတို့ ကမ္ဘာကို ရောက်လာတာကြောင့် လိုက်လံတိုက်ခိုက်ရင်း နစ်ခ်ဖြူရီ၊ စပိုက်ဒါမန်းတို့နဲ့ မိတ်ဆွေဖြစ်လာပါတယ်။ စပိုက်ဒီနဲ့ မစ်စ်တီးရီယိုတို့ ပေါင်းပြီး ဒီအန္တရာယ်တွေကို ရင်ဆိုင်ရပါလိမ့်မယ်…… (ဘာသာပြန်ပေးထားသူကတော့ Littleneo ပါ)

Men in Black: International (2019) ⭐IMDB: 5.6/10 (140 k Votes) 🎬 #Action #Adventure #Comedy #ScienceFiction #SciFi 🗓️ 2019 🎞️ Movie 📺 #720p #4K 💿 1.05 GB ⦿ 5.88 GB 🌎 #China #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 54 မိနစ် 50 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Men in Black: International(2019) အမ်အိုင်ဘီ အသစ်ထွက်လာလို့ တင်ပေးထားပါတယ်။ အမ်အိုင်ဘီဆိုတာ ကလေးကတည်းက ရင်းနှီးပြီးသား လျို့ဝှက်အဖွဲ့ပါပဲ။ ဂြိုလ်သားတွေရန်က ကာကွယ်ဖို့ လျို့ဝှက်ဖွဲ့စည်းထားတာပါ။ သူတို့ရဲ့ မှတ်ဉာဏ်ဖျောက်တဲ့ ကင်မရာလိုအရာလေးတွေကို အားလုံးမှတ်မိနေကြမှာပါ။ မင်းသားနဲ့ မင်းသမီးကိုတော့ စူပါဟီးရိုးဖန်တွေ သိပြီးသားပါ။ သောရ်နဲ့ ဗယ်ခရီ တို့ပါပဲ။ ဇာတ်လမ်းအကျဉ်း အေးဂျင့် အိတ်ချ်ဟာ အမ်အိုင်ဘီရဲ့ အတော်ဆုံး အေးဂျင့်တစ်ယောက်၊ ကမ္ဘာကြီးကို ကယ်တင်ခဲ့ဖူးသူပါ။ အေးဂျင့်အမ်ကတော့ အမ်အိုင်ဘီကို ရအောင်ရှာပြီး အဖွဲ့ဝင်ဖြစ်ဖို့ အစမ်းခန့်ကာလ အေးဂျင့်တစ်ယောက်ပါ။ သူတို့ နှစ်ယောက်တွဲပြီး တာဝန်ယူတဲ့ အရေးမကြီးလှတဲ့ တာဝန်တစ်ခုဟာရုတ်ချည်း ကမ္ဘာကြီးပျက်စီးမယ့် အဖြစ်ကိုပြောင်းလဲသွားတဲ့အခါ……. ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Littleneo ပဲဖြစ်ပါတယ်….

Men in Black 3 (2012) ⭐IMDB: 6.8/10 (373 k Votes) 🎬 #Action #Adventure #Comedy #ScienceFiction #SciFi 🗓️ 2012 🎞️ Movie 📺 #1080p #4K 💿 2.28 GB ⦿ 9.67 GB 🌎 #UnitedStates #UnitedArabEmirates #UnitedStatesofAmerica ⏰ 1 နာရီ 45 မိနစ် 49 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီ MIB 3 မှာလဲ အရင်လို Agent K နဲ့ J ကို ပြန်မြင်ကြရအုံးမှာပါပဲအရမ်းဆိုးရွားလွန်းလို့ အာကသ ထဲမှာ အဆင့်ဆင့် ပိတ်လှောင်ထားတဲ့အကျဉ်းထောင်ထဲက ဘိုးရစ် ဆိုတဲ့ ဂြိုလ်သားတစ်ကောင် ရှိပါတယ်သူနဲ့ အေးဂျင့် ကေ မှာ ရန်ညိုး ရန်စ တစ်ခု ရှိနေတယ်… အေးဂျင့် ကေ ကြောင့် ဘိုးရစ် ရဲ့ လက်တစ်ဖက် ပြတ်သွားဖူးပါတယ်နောက်ဆုံးမှာ အေးဂျင့်ကေ က မသတ်ပဲ အရှင်ဖမ်းပြီး အကျဥ်းထောင်မှာလုံခြုံရေး တင်းကျပ်စွာ ချူပ်နှောင်ထားခဲ့တာ ဖြစ်ပါတယ်… တစ်ရက်မှာတော့ ဘိုးရစ် တစ်ယောက် အပြင်က အကူအညီ နဲ့အကျဉ်းထောင်က လွတ်မြောက်သွားပြီး အေးဂျင့် ကေ ကိုလက်စားချေဖို့ ကြံစည်ပါတော့တယ်… သူလက်စားချေမယ့် အစီအစဉ်ကတော့ အေးဂျင့် ကေဘိုးရစ်ကို မဖမ်းခင် အချိန်ကို ပြန်သွားပြီး သတ်ဖို့ပါပဲ…ဘိုးရစ် ရဲ့ အစီအစဉ် အောင်မြင်သွားတယ် ထင်တာပါပဲအေးဂျင့်ကေ ကို သတ်လိုက်နိုင်ပြီး အချိန်စက်ဝိုင်းကပြောင်းလဲသွားခဲ့ပါတယ်…. အေးဂျင့် ကေ ကို လူတိုင်းက မေ့သွားပေမဲ့အေးဂျင့် ဂျေ တစ်ယောက်ထဲ မှတ်မိနေပါတော့တယ်အချိန်စက်ဝိုင်း ထဲ ပြန်သွားပြီး ပြုပြင်ဖို့ အေးဂျင့် ဂျေ မှာတာဝန်ရှိလာခဲ့သော အခါ….ဒီရုပ်ရှင်ကားကို Archi Thang Gyi မှဘာသာပြန်ပေးထားပြီးThit San Khant မှ တင်ဆက်ပေးထားပါတယ်

Men in Black II (2002) ⭐IMDB: 6.2/10 (387 k Votes) 🎬 #Action #Adventure #SciFi #Comedy #Mystery 🗓️ 2002 🎞️ Movie 📺 #720p #4K 💿 907.81 MB ⦿ 9.52 GB 🌎 #UnitedStates ⏰ 1 နာရီ 28 မိနစ် 8 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ပြီးခဲ့တဲ့ MIB ပထမ ရုပ်ရှင်ကားမှာတုန်းကအေးဂျင့် ကေ ဟာ အေးဂျင့် ဂျေ ကို သူသိသမျှ တက်သမျှ တွေအကုန်သင်ပေးခဲ့ပြီး Men In Black အဖွဲ့အစည်းကနေအနားယူခဲ့ပါတယ် ပိုပြီး ထူးခြားတာက သူအနားယူတဲ့အခါဘာမှ မမှတ်မိချင်လို့ ဒီအလုပ်လုပ်ခဲ့သမျှ ကာလပတ်လုံးမေ့သွားအောင် အေးဂျင့် ဂျေ ကို မှတ်ဉာဏ်ဖျက်ပေးဖို့တောင်းဆိုခဲ့ပြီး ထွက်ခွာသွားခဲ့တာပါ… MIB 2 မှာတော့ ကေ မရှိတဲ့တဲ့ အေးဂျင့် ဂျေ တစ်ယောက်အလုပ်မှာ တလွဲတွေ လုပ်တဲ့ ပါတနာ အသစ်နဲ့ အတော်လေးအဆင်မပြေ ကို ဖြစ်နေပါတယ်… အဲ့ဒီလို အချိန်ကိုက်မှာပဲ ကမ္ဘာပေါ်ကို ပထမတစ်ခါလာဖူးပြီးMIB အဖွဲ့ကို ရင်ဆိုင်ရှုံးနိမ့်သွားတဲ့ ဆယ်လီနာ ဆိုတဲ့ဂြိုလ်သားမ ဟာ နောက်တစ်ခါ ထပ်မံ ရောက်ရှိလာပါတော့တယ်သူလာရှာတာကတော့ ဇာသန် တွေ ရဲ့ အလင်းရောင် စွမ်းအားပါလွန်ခဲ့တဲ့ နှစ်တွေတုန်းက အေးဂျင့် ကေ ငယ်ရွယ်တဲ့ အချိန်ဇာသန် တွေဟာ သူတို့ ဂြိုလ်ရဲ့ တန်ဖိုးရှိ အရာကို စောင့်ရှောက်ပေးဖို့အေးဂျင့် ကေ နဲ့ MIB ကို အပ်ထားခဲ့တာ ဖြစ်ပြီးထိုအရာကို လုယူဖို့ ဆယ်လီနာ ပြန်လာခဲ့တာပါ… ဒီသမိုင်းတွေကို သိတဲ့ အေးဂျင့် ကေ ကို ပြန်ခေါ်ဖို့အေးဂျင့် ဂျေ မှာ တာဝန်ရှိလာတဲ့ အခါမှာတော့…ဒီရုပ်ရှင်ကားကို Archi Thang Gyi မှ ဘာသာပြန်ပေးထားပြီးThit San Khant မှ Encode ၍ တင်ဆက်ပေးထားပါတယ်

Ride On (2023) ⭐IMDB: 6.7/10 (647 Votes) 🎬 #Action #Comedy #Drama #Adventure 🗓️ 2023 🎞️ Movie 📺 #1080p #720p #480p 💿 2.13 GB ⦿ 906.60 MB ⦿ 600.75 MB 🌎 #China #HongKong ⏰ 2 နာရီ 6 မိနစ် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Ride On (2023)============[Movie ပေါ်မှာ HardSub ပါနေသေးတဲ့ အကြည်ဗားရှင်းထွက်လာလို့တင်ဆက်ပေးလိုက်ပါပြီ။]မင်းသားကြီး ဂျက်ကီချန်းရဲ့ ရုပ်ရှင်အသစ်လာပါပြီ။ ဂျက်ကီချန်းနဲ့အတူ ရှောင်လင် (၂၀၁၁) ရုပ်ရှင်မှာ ပါဝင်ဖူးခဲ့တဲ့ Xing Yu နဲ့ JingWu၊ New Police Story မှာ ပါဝင်ခဲ့တဲ့ Andy On နဲ့ RongguangYu တို့အတူပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီရုပ်ရှင်ကတော့ CGIတွေခေတ်မစားခင် ဂျက်ကီချန်းတို့ရဲ့ ဟောင်ကောင်ရုပ်ရှင်ရွှေခေတ်ကစတန့်သမားတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ရိုက်ကူးထားတာလဲဖြစ်ပါတယ်။ စတန့်သမားတွေရဲ့ ဘဝတွေ၊ ခံစားချက်တွေကို ပုံဖော်ပြသထားတာပါ။ဇာတ်လမ်းအကျဉ်း –ဂျက်ကီချန်းဟာ လော့ကျီလုံဆိုတဲ့ စတန့်သမားဟောင်းအဘိုးကြီးအနေနဲ့ ပါဝင်ထားပါတယ်။ သူ့မှာ သားအရင်းလိုချစ်ရတဲ့ မြင်းလေးဖိုးနီ(ချိထူ)ပဲရှိပြီး သူတို့နှစ်ယောက်တည်း ဆင်းဆင်းရဲရဲနဲ့ အလုပ်ရှာပြီး အသက်မွေးနေရတာပါ။ သူ့ရဲ့သမီး ရှောင်ပေါင် ကလည်း သူ့ကိုစိတ်နာစရာတွေရှိတာကြောင့် စကားမပြော အသိအမှတ်မပြုပါဘူး။သူ့ရဲ့မြင်းလေးဖိုးနီဟာ သူ့ကို ကုမ္ပဏီပိုင်ရှင်သူဌေးဝမ်က မသေခင်လက်ဆောင်ပေးခဲ့တာပါ။ ဒါပေမဲ့အဲဒီသူဌေးရဲ့ ကုမ္ပဏီ ဒေဝါလီခံရပြီးနောက်မှာ ကုမ္ပဏီအသစ်က သူ့ရဲ့မြင်းကိုပါ ကုမ္ပဏီပိုင်ပစ္စည်းအနေနဲ့သိမ်းဖို့ကြိုးစားလာပါတယ်။ တချိန်တည်းမှာပဲ သူ့ရဲ့အကြွေးရှင်တွေကလည်း မြင်းကို အကြွေးနဲ့သိမ်းဖို့ အတင်းကြိုးစားလာပါတယ်။ အဲဒီအန္တရာယ်တွေကြားမှာ မြင်းလေးကိုကာကွယ်ဖို့ ဘယ်လိုတိုက်ခိုက်ရုန်းကန်ရလဲဆိုတာကို ဆက်ကြည့်ရမှာပဲ ဖြစ်ပါတယ်။Your browser does not support the video tag.(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Mr.Anderson ဖြစ်ပါတယ်)File Size……….(2.13 GB) / (900 MB) / (600 MB)Quality…………WEB-DL 1080p / 720p / 480pDuration………2Hr 06MinSubtitle………..Myanmar HardsubFormat…………MP4Genre…………..Action, Comedy, DramaTranslator…….Mr.AndersonEncoder……….SWMYoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများဒီလင့်မှာ loginအရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။Download Nulled Scripts and PluginsDownload Nulled Scripts and Plugins

Men in Black (1997) ⭐IMDB: 7.3/10 (585 k Votes) 🎬 #Action #Adventure #SciFi #Comedy 🗓️ 1997 🎞️ Movie 📺 #720p #4K 💿 1.09 GB ⦿ 10.36 GB 🌎 #UnitedStates ⏰ 1 နာရီ 37 မိနစ် 58 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 CM Fan တွေ အတွက် Men In Black ရဲ့ပထမ အစ ကားကို ပြန်တင်ပေးလိုက်ပါတယ်ဒီရုပ်ရှင်ကားမှာဆိုရင် လူသားတွေ နဲ့ အတူမသိမသာ နေထိုင်နေတဲ့ ဂြိုလ်သားတွေကိုစည်းကမ်းထိန်းသိမ်းပြီး စောင့်ကြည့်နေတဲ့ MIB အဖွဲ့ အကြောင်း ပါဂျေ ဟာ နယူးရော့ခ် ရဲဌာနက သာမန် အရာရှိ တစ်ယောက်ပါတစ်ရက်မှာတော့ ရာဇဝတ်သား တစ်ဦးကို မရမက လိုက်ဖမ်းရင်းရာဇဝတ်သားက သတ်သေသွားပါတယ် ဂျေ လဲ ဒီကိစ္စကို လိုက်လံစုံစမ်းရင်း MIB က အေးဂျင့် ကေ နဲ့ စသိပါတယ်…ပုံမှန်အနေနဲ့ကတော့ ကေ ဟာ အမှုကိစ္စတွေ လက်စသတ်ပြီးရင်လူတွေရဲ့ မှတ်ဉာဏ်ကို ဖျောက်ပြီး ဘာမှမဖြစ်ခဲ့သလို ပုံစံ ဖန်တီးတက်ပေမဲ့ဂျေ ကိုတော့ MIB ကို လာပြီး အလုပ်လုပ်ဖို့ စည်းရုံးခဲ့ပါတယ်…အဲဒီအချိန်မှာပဲ ကမ္ဘာကို ဖျက်ဆီးချင်တဲ့ ပိုးဟပ်ဂြိုလ်သား တစ်ကောင်ကလဲ ကမ္ဘာပေါ်ကို ရောက်လာခဲ့သော အခါမှာတော့…အေးဂျင့် ကေ နဲ့ အေးဂျင့် ဂျေ တို့ ရဲ့ တွဲဖက်ညီညီ အက်ရှင်ဇတ်ကြမ်းဟာသ ဇတ်လမ်းလေးမို့ အတောမသတ်နိုင် တခွီခွီ ရယ်နိုင်ကြမှာပါရုပ်ရှင်ကားကိုတော့ Archi Thang Gyi မှ ဘာသာပြန်ပေးထားပြီး Thit San Khant မှ Encode ၍ တင်ဆက်ပေးထားပါတယ်

How to Train Your Dragon: The Hidden World (2019) ⭐IMDB: 7.4/10 (138 k Votes) 🎬 #Action #Adventure #Animation #Family #Comedy #Drama #Fantasy 🗓️ 2019 🎞️ Movie 📺 #720p #4K 💿 922.47 MB ⦿ 4.11 GB 🌎 #UnitedStates #Japan #UnitedStatesofAmerica ⏰ 1 နာရီ 45 မိနစ် 23 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 How to Train Your Dragon: The Hidden World (2019)IMDb – 7.5/10_____Rotten – 91% How To Train Your Dragon ဟာ ၁ နဲ့ယခုဇတ်သိမ်းမယ့် ၃ ဟာ ၉ နှစ်ခြားခဲ့ပါတယ်…How To Train Your Dragon ရဲ့ပရိတ်သတ်တွေအမြောက်အမြားဆိုတာယုံမှားဖွယ်မရှိပါဘူး ဇာတ်လမ်းအကျဉ်းဟစ်ကပ်တို့ရဲ့ ဘာ့ခ်မှာ နဂါးတွေ တဖြည်းဖြည်းများပြားလာသလိုနဂါးမုဆိုးတွေရဲ့ ရန်ကလည်း ပိုကြီးမားလာပါတယ်။ဒါကြောင့် နဂါးတွေနဲ့ သူ့လူတွေ လုံခြုံစေဖို့ ဟစ်ကပ်ဟာကမ္ဘာကြီးရဲ့ အဆုံးက လျို့ဝှက်နေရာတစ်ခုကိုရှာဖွေဖို့ ကြိုးစားပါတော့တယ်။

How to Train Your Dragon 2 (2014) ⭐IMDB: 7.8/10 (348 k Votes) 🎬 #Action #Adventure #Animation #Fantasy #Comedy #Family 🗓️ 2014 🎞️ Movie 📺 #1080p #4K 💿 2.04 GB ⦿ 4.65 GB 🌎 #UnitedStates #India #UnitedStatesofAmerica ⏰ 1 နာရီ 43 မိနစ် 11 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 How to Train Your Dragon 2 (2014)IMDb – 7.8/10_____Rotten – 91% နဂါးတွေနဲ့ ပြေလည်မှုရသွားပြီး နဂါးတွေရဲ့ လုပ်အားနဲ့ ပြန်လည်တိုးတက်လာခဲ့တဲ့ Berk ရွာလေးဟာ နဂါးပြိုင်ပွဲ ကျင်းပနေပါတယ်။ဒါပေမယ့် Hiccup ကတော့ သူရဲ့ နဂါးလေး Toothless နဲ့အတူ နယ်မြေသစ် ရှာဖွေမှုတွေ ပြုလုပ်ရင်း အေးအေးလူလူပဲ နေထိုင်ကြပါတယ်။ဒါပေမယ့် အရွယ်လွန်လာပြီဖြစ်တဲ့ Stoick ကတော့ သူ့သား Hiccup ကို ရွာသူကြီးလုပ်ဖို့ ဖိအားပေးစ ပြုနေပါပြီ။ ကိုယ့်ကိုယ်ကိုယုံကြည်မှု မရှိသေးတဲ့ Hiccup အတွက်တော့ ဒီကိစ္စဟာ အကြီးမားဆုံး စိန်ခေါ်မှုတစ်ခုပါပဲ။ အပြောကျယ်တဲ့ မြေကမ္ဘာမှာ လျှောက်သွားရင်း Hiccup နဲ့ Astrid တို့ဟာ အလွန်ကြီးမားတဲ့ အစိမ်းရောင် ရေခဲတုံးကြီး တစ်ခုကို တွေ့ပါတယ်။အဲဒီရေခဲတုံးကို လေ့လာနေဆဲမှာ Eret လို့ခေါ်တဲ့ နဂါးဖမ်းတဲ့မုဆိုးတစ်ယောက်က သူတို့ရဲ့ နဂါးတွေကို ဖမ်းဖို့ ကြိုးစားပါတယ်။Eret ဟာ သူ့ရဲ့ ရွာပျက်သွားတာကြောင့် နဂါးတွေကို ကြည့်မရသူဖြစ်ပြီး Drago Bludvist လို့ခေါ်တဲ့နဂါးနိုင်မင်းတစ်ယောက်အတွက် နဂါးတွေ လိုက်ဖမ်းပေးနေတာပါ။ ဒီကိစ္စကို အသိပေးဖို့ Hiccup နဲ့ Astrid တို့ဟာ ရွာကို ပြန်ခဲ့ကြပါတယ်။ Hiccup နဲ့ Astrid တို့ဆီက သတင်းစကား ကြားရပြီးနောက်မှာတော့ Stoick က တစ်ရွာလုံးကို တပ်လှန့်လိုက်ပါတယ်။ Stoick ဟာ အရင်ကDrago နဲ့ ရင်ဆိုင်ဖူးပြီး ရူးသွပ်နေတယ်လို့ ဆိုပါတယ်။ Drago ဟာ ရွာကို နဂါးတွေနဲ့ မီးလောင်တိုက်သွင်းဖို့ ကြိုးစားခဲ့ဖူးပါတယ်။ ဒါပေမယ့်Hiccup ကတော့ အဲဒီ သုံးသပ်ချက်ကို လက်မခံပဲ Drago ကို သူဖြောင်းဖြရင် ရနိုင်မယ်လို့ ယုံကြည်ပြီး Eret ဆီမှာ သွားအဖမ်းခံလိုက်ပါတယ်။အဲဒီလို အဖမ်းခံပေမယ့်လည်း Hiccup ကို တကယ်တမ်း မဖမ်းနိုင်ပဲ လွတ်မြောက်သွားပြီး Hiccup နဲ့ Astrid တို့ဟာ တခြားသူတစ်ယောက် ဖမ်းဆီးတာ ခံလိုက်ရပါတယ်။ ဖမ်းလိုက်တဲ့သူကတော့ တခြား နဂါးစီးသူ တစ်ယောက်ဖြစ်ပြီး Valka လို့ အမည်ရပါတယ်။ သူဟာ Alp့ha အမျိုးအစား ဧရာမ နဂါးကြီးကိုနိုင်နင်းသူဖြစ်ပြီး အဲဒီ Alpha နဂါးကြီးဟာ ကျန်တဲ့ နဂါးလေးတွေကို စောင့်ရှောက်သူ ဖြစ်ပါတယ်။ နောက်မှ သိရတာက Valka က Hiccup ရဲ့မိခင်ဖြစ်ပြီး သူငယ်စဉ်က နဂါးတွေနဲ့အတူ ရွာကနေ ထွက်သွားခဲ့တာပါ။ Hiccup ဟာ သူ့မိခင်ကို ပြန်တွေ့ရပေမယ့် Drago ရဲ့ အန္တရာယ်ကနေ လွတ်မြောက်ခြင်း မရှိသေးပါဘူး။ ဗိုက်ကင်းကြီး Stoick ကလည်းHiccup နောက်ကို လိုက်လာပါတယ်။ Hiccup တို့ မိသားစု ပြန်လည်ဆုံတွေ့ကြမှာလား။ Drago ကရော ဘာတွေ ကြံစည်ထားလဲ ဆိုတာကိုတော့ ဆက်လက်ရှုစားကြပါ။ Kung Fu Panda ကနေ တောက်လျှောက် 3D နဲ့ အောင်မြင်မှု ရခဲ့တဲ့ DreamWorks Animation ဟာ ၂၀၁၀ ပြည့်နှစ်က အောင်မြင်ခဲ့တဲ့How to Train Your Dragon ရဲ့ ဒုတိယမြောက် ဇာတ်ကားကို ဆက်လက်ထုတ်လုပ်လိုက်တာ ဖြစ်ပါတယ်။ စာရေးဆရာမ Cressida Cowell ရဲ့How to Train Your Dragon ဝတ္ထုကို သုံးပိုင်းခွဲ ရိုက်ကူးတဲ့ထဲက ဒုတိယမြောက် ဇာတ်ကား ဖြစ်ပါတယ်။ ဒါရိုက်တာ Dean DeBlois ရိုက်ကူးပြီးJay Baruchel ၊ Cate Blanchett ၊ Gerald Butler ၊ Craig Ferguson ၊ America Ferrera နဲ့ Djimon Hounsou တို့က အသံနဲ့ ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ IMDb မှာ Rating 7.8 ရရှိထားပြီး Rotten Tomatoes မှာတော့ Tomatometer 91% ထိ ရရှိထားပါတယ်။ နဂါးတွေ အရောင်စုံနဲ့ရုပ်ထွက်လှပမှုကလည်း Rio 2 နဲ့ အပြိုင်ပါပဲ။ ဗိုက်ကင်းတွေရဲ့ ဇာတ်အိမ်နဲ့ ခိုင်မာတဲ့ ဇာတ်ကြောင်းကိုလည်း ပရိသတ်နှစ်သက်မှာပါ။ (အညွှန်းကို myanmar movie guide မှ ကူးယူပါသည် )

How to Train Your Dragon (2010) ⭐IMDB: 8.1/10 (761 k Votes) 🎬 #Action #Adventure #Animation #Comedy #Family #Fantasy 🗓️ 2010 🎞️ movie 📺 #720p 💿 958.04 MB 🌎 #UnitedStates #France ⏰ 1 နာရီ 39 မိနစ် 27 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 CM Fan တွေ အတွက် ၂၀၁၀ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့How to Train Your Dragon ကို တင်ဆက်ပေးလိုက်ပါတယ် ဇတ်လမ်း ရဲ့ အစကတော့ ဗိုက်ကင်းတွေ နေတဲ့ ကျွန်းလေးတစ်ခုကနေအစပြုတာပါပဲ ဗိုက်ကင်း သူရဲကောင်းတွေ ရဲ့ ရွာဟာ ပြသနာ တစ်ခုကိုအမြဲ လိုလို ရင်ဆိုင်နေရပါတယ် အဲ့ဒါကတော့ နဂါးတွေပါပဲတစ်ချို့ ညတွေမှာ နဂါးတွေဟာ ခိုးဝင်လာပြီး အစားအသောက်တွေကိုခိုးယူသွားတက်ကြသလို အိမ်တွေကိုလဲ မီးရှို့သွားတက်ကြပါသေးတယ်ဗိုက်ကင်း တွေရဲ့ အိမ်တွေဟာ အမြဲလိုလို အသစ်တွေ ဖြစ်နေတာနဂါးတွေ ရဲ့ လက်ချက်ပါပဲ… ဒီဗိုက်ကင်း ရွာလေး မှာ ဟစ်ကပ် ဆိုတဲ့ ကောင်လေးရှိပြီးသူက ဗိုက်ကင်းတွေ ထဲမှာ အားအနည်းဆုံး မို့ ရွယ်တူတွေလိုနဂါးတွေ ဖမ်းရမယ့် အစား လက်နက်တိုက်မှာ အကူလုပ်နေရတာပါဗိုက်ကင်းတွေ ရဲ့ သတ္တိရှိမှု ရဲစွမ်းရှိမှုကို ပြဖို့ဆိုရင် နဂါးတစ်ကောင်တော့အနည်းဆုံး သတ်ပြ ဖမ်းပြရမှာပဲ ဖြစ်ပါတယ်လူကောင်သေးတဲ့ဟစ်ကပ်ကတော့ နဂါးတစ်ကောင်ဖမ်းဖို့ ကိုတက်ကြွ နေပြီး သူ့ရဲ့ အစွမ်းကိုလဲ ပြချင်နေပါတယ်တစ်ရက်မှာတော့ သူထွင်ထားတဲ့ နဂါးဖမ်းတဲ့ လက်နက် နဲ့နိုက်ဖျူရီ လို့ ခေါ်တဲ့ နဂါးတွေထဲမှာ အလျင်မြန်ဆုံး နဲ့ အဖမ်းရခက်ဆုံးအကောင်လေး တစ်ကောင်ကို မတော်တဆ ဖမ်းမိသွားတဲ့ အခါမှာတော့

Johnny English Strikes Again (2018) ⭐IMDB: 6.2/10 (78 k Votes) 🎬 #Action #Adventure #Comedy 🗓️ 2018 🎞️ Movie 📺 #720p #4K 💿 507.71 MB ⦿ 2.83 GB 🌎 #UnitedKingdom #France #UnitedStates #China ⏰ 1 နာရီ 29 မိနစ် 1 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb Rating (6.2)ထုံးစံအတိုင်း အင်္ဂလန်ပြည်ကြီး ဒုက္ခရောက်ပြီဆို ဂျွန်နီအင်္ဂလစ်ရှ်ဝင်ကယ်ရပြန်ပါဦးမယ်။ဗြိတိန်ထောက်လှမ်းရေးအဖွဲ့တစ်ခုလုံးက အေးဂျင့်တွေရဲ့ အချက်အလက်တွေကို ဟက်ကာတစ်ယောက်က ဖွင့်ချသွားတဲ့အတွက် ဝန်ကြီးချုပ် အခက်ကြုံလာရပါတယ်။လက်ရှိအေးဂျင့်တွေရဲ့ အချက်အလက်တွေ ပေါ်သွားပြီဖြစ်လို့ ထောက်လှမ်းရေးအဖွဲ့ကြီးအနေနဲ့ ရွေးစရာမရှိတော့ပြန်ပဲ ခေတ်ဟောင်းက အေးဂျင့်ဟောင်းကြီး ဂျွန်နီကို ခေါ်သုံးရပြန်ပါတော့တယ်။မစ္စတာ အင်္ဂလစ်ရှ်တစ်ယောက် ရုပ်တည်ကြီးနဲ့ ဘယ်လိုတွေ ဖောက်ပြီး တလွဲတွေလုပ်ပြမလဲဆိုတာ….။Johnny English ဇာတ်ကား ၃ ကားရှိပြီး ၃ ကားလုံးကို ဒီမှာ https://channelmyanmar.org/?s=Johnny+English ကြည့်လို့ရပါတယ်။File size… (2.8 GB)/(1 GB) / (500 MB) Quality…BluRay 4K EHVC/1080p HEVC /720p Format…mkv/mp4 Duration….01:28:31 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Littleneo Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။

The Accountant (2016) ⭐IMDB: 7.3/10 (305 k Votes) 🎬 #Action #Crime #Drama #Thriller 🗓️ 2016 🎞️ Movie 📺 #720p #4K 💿 740.36 MB ⦿ 7.86 GB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 8 မိနစ် 15 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Batman မင်းသား Ben Affleck ရဲ့ Action, Crime အမျိုးအစားရုပ်ရှင်ပါ။ဇာတ်လမ်းအကျဉ်းကတော့ ကလေးဘဝမှာ High Functioning Autism(ဉာဏ်ရည်မနိမ့်ကျသော အထီးကျန်စိတ်ဝေဒနာတစ်မျိုး)ခံစားနေရပြီး အထူးကျွမ်းကျင်သူ တစ်ဦးဆီမှာ ကုသရင်း နေထိုင်ခဲ့ရပါတယ်။ ဒါပေမယ့် သူအရွယ်ရောက်လာချိန်မှာတော့ စာရင်းကိုင်တစ်ယောက်ဖြစ်လာခဲ့ပါပြီ။ သာမာန်စာရင်းကိုင်တွေ၁နှစ်လောက်လုပ်ရမယ့် စာရင်းကို တစ်ညတည်းလုပ်နိုင်တဲ့သင်္ချာဉာဏ်ကြီးရှင်မျိုးဖြစ်လာပြီးလူဆိုးဂိုဏ်းတွေကြားထဲက အရှုပ်အရှင်းတွေ ငွေတွေကို စစ်ဆေးပေး၊ခဝါချပေးတဲ့အလုပ်ကိုလုပ်ကိုင်လာပါတယ်။ သူ့ကိုကူညီနေတဲ့ ဖုန်းထဲက အသံပဲကြားရတဲ့ လျို့ဝှက်မိန်းကလေးတစ်ယောက်ရဲ့အကူအညီနဲ့ပေါ့။ လူဆိုးဂိုဏ်းတွေကြားမှာ အသက်ရှင်ရက်နေနိုင်ပြီး သူ့ကိုဘယ်သူဘယ်ဝါမှန်းပါမသိအောင် နေနိုင်ခဲ့တဲ့အပြင် တိုက်ခိုက်ရေးပညာ နဲ့ လက်နက်မျိုးစုံလည်း ကျွမ်းကျင်ပါတယ်(ခြုံပြောရရင် Batman စီးပွားပျက်ပြီး စာရင်းကိုင်လုပ်စားသလိုပါပဲ :3 )။ဒီဇာတ်လမ်းမှာတော့ သူဖော်ချလိုက်မိတဲ့ ငွေမသမာမှုတစ်ခုမှာ ပါနေတဲ့ အပြစ်မဲ့ မိန်းကလေးတစ်ယောက်ကိုကြေးစားတွေလိုက်နှုတ်ပိတ်တာကို ကယ်တင်ရင်း သူစခဲ့တဲ့ ဇာတ်လမ်းကို အဆုံးထိပြန်လိုက်ရှင်းဖို့ကြိုးစားရတဲ့အခါမှာ…….

Gamer (2009) ⭐IMDB: 5.7/10 (137 k Votes) 🎬 #Action #SciFi #Thriller #ScienceFiction 🗓️ 2009 🎞️ Movie 📺 #720p #4K 💿 1.12 GB ⦿ 6.20 GB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 35 မိနစ် 29 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Gamer (2009)=====================အင်မတန်ချမ်းသာပြီး နာမည်ကြီးရုံသာမကအာဏာပါကြီးလွန်းတဲ့ ကန်ကာဆယ် ဆိုတဲ့ လူတစ်ယောက်ဟာစိတ်ကိုထိန်းချုပ်ရတဲ့ဂိမ်းတစ်ခုကို တီထွင်ခဲ့ပြီးလူတွေပါ၀င်ကစားလာဖို့ ဆွဲဆောင်ခဲ့ပါတယ်။ဒီဂိမ်းဟာ သာမာန်ဂိမ်းမျိုးမဟုတ်ပဲ လူတစ်ယောက်ရဲ့လှုပ်ရှားမှုမှန်သမျှကိုကစားသမားကထိန်းချုပ်လို့ရတဲ့ဂိမ်းမျိုးဖြစ်ပါတယ်။အထိန်းချုပ်ခံတဲ့သူက ပိုက်ဆံရမှာဖြစ်ပြီးကစားတဲ့သူက ပိုက်ဆံပေးပြီး ကစားရတာပါ။ ဒါထက်အဆင့်မြင့်သွားတဲ့ စလေယာစ် ဆိုတဲ့ဂိမ်းမှာတော့ သေဒဏ်ကျပြီးသားလူတွေဟာသူတို့စိတ်ကိုထိန်းချုပ်ခံထားရပြီးတော့ အချင်းချင်းပစ်သတ်နေတဲ့ကြားကနေ အသက်ရှင်ဖို့ကြိုးစားရတာပါ။အဆင့်၃၀လုံးအောင်တဲ့သူက သေဒဏ်ကနေလွတ်ကင်းပြီး အိမ်ကိုပြန်ခွင့်ရှိမှာဖြစ်ပါတယ်။ဒီဂိမ်းမှာ ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေတာကတော့ ဂျွန်ကေဘယ်ဆိုတဲ့ လူဖြစ်ပါတယ်။ဂျွန်ကေဘယ် ကို ဆိုင်မွန်ဆိုတဲ့ကစားသမားက ထိန်းချုပ်ကစားနေတာဖြစ်ပြီး သူတို့နှစ်ယောက်ဘယ်လိုအခက်အခဲတွေကြုံရမလဲ၊ အဆင့်အားလုံးကိုရော အောင်မြင်အောင်ကျော်ဖြတ်နိုင်မလားဆိုတာကိုစိတ်၀င်စားဖွယ်ကြည့်ရှုရမှာပါ။ဒီကားရဲ့ တချို့အသုံးအနှုန်းလေးတွေကြမ်းပေမယ့် ဇာတ်ကားကိုကscience fiction action အမျိုးအစားဖြစ်တာမို့ စိတ်ကူးယဉ်ဆန်ပြီးကြမ်းတာမှကြိုက်တဲ့ကိုယ့်လူတို့အတွက်ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားလို့ညွှန်းလိုက်ပါရစေ။

Top Gun: Maverick (2022) ⭐IMDB: 8.3/10 (590 k Votes) 🎬 #Action #Drama 🗓️ 2022 🎞️ Movie 📺 #1080p #4K 💿 2.51 GB ⦿ 4.45 GB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 10 မိနစ် 45 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Top Gun: Maverick (2022)====================IMDb Rating – (8.6/10) / Rotten Tomatoes (96%) တွမ်ခရုရဲ့ အအောင်မြင်ဆုံး ရုပ်ရှင်တွေထဲက တစ်ခုဖြစ်ခဲ့တဲ့တော့ပ်ဂန်းရုပ်ရှင်ရဲ့ အဆက် တော့ပ်ဂန်း-မက်ဗရစ်ထွက်လာပါပြီ။ ဒီရုပ်ရှင်ထဲမှာတော့ မက်ဗရစ်ရဲ့ မိတ်ဆွေကြီးအိုက်စ်တောင် ရေတပ်ဗိုလ်ချုပ်ဖြစ်နေပါပြီ။ ဒါပေမဲ့ မက်ဗရစ်ကတော့ ပြဿနာတွေရှာလိုက် လူကြီးတွေနဲ့ ငြိလိုက်နဲ့ သက်တမ်းရင့် ကပ္ပတိန် (ဗိုလ်မှူးကြီး) ဖြစ်နေတုန်းပါပဲ။ သူ့ကိုအပြီးသတ်အနားပေးခါနီးမှာပဲ အရေးကြီးတဲ့ စစ်ဆင်ရေးတစ်ခုပေါ်လာပါတယ်။အဲဒီစစ်ဆင်ရေးက အရမ်းခက်ခဲလွန်းတဲ့အတွက် တော့ပ်ဂန်း သင်တန်းဆင်းအတော်ဆုံးလေယာဉ်မှူးတွေကို ပြန်ခေါ်ပြီး မက်ဗရစ်ကို နည်းပြအဖြစ်တာဝန်ပေးလိုက်ပါတော့တယ်။ အဲဒီအဖွဲ့ထဲမှာပဲ တိုက်တိုက်ဆိုင်ဆိုင် ဂုစ်ရဲ့ သားပါလာပြီး သူက မက်ဗရစ်ကိုသူ့အဖေသေရတဲ့အတွက်မုန်းတီးနေတဲ့သူပါ။ သူတို့နှစ်ယောက်ကြားကအမုန်းတွေကိုဘယ်လိုဖြေရှင်းပြီး မဖြစ်နိုင်တဲ့စစ်ဆင်ရေးတစ်ခုကို ဘယ်လိုရအောင် တိုက်ခိုက်ကြမလဲဆိုတာ….ဒီရုပ်ရှင်မှာကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ $1.3 Billionနီးပါး ရုံတင်ငွေရရှိထားတာဖြစ်ပြီး၊ တွမ်ခရုရဲ့သရုပ်ဆောင်သက်တမ်း နှစ်(၄၀)အတွင်း ပထမဆုံးသော Billionနဲ့ချီပြီးဝင်ငွေရရှိခဲ့သော ရုပ်ရှင်တစ်ကားလည်းဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်) ဇာတ်ကားက Top Gun (1986) ကို ကြည့်ထားရင် ပိုအဆင်ပြေပါမယ်..ပထမကားက ဇာတ်ဆောင်တွေနဲ့ပတ်သက်တာတွေကို နှစ် ၃၀ ကျော်အကြာမှာ ဖြစ်ပျက်တာတွေနဲ့ ရိုက်ထားတာမလို့ပါ။ မမ Jennifer Connelly ကလဲ ပထမဇာတ်ကားက ပန်နီအဖြစ် ပါဝင်ထားပါတယ်။ Top Gun (1986) ကားကို မကြည့်ရသေးသူများက ဒီလင့်ကနေ ကြည့်ရှုနိုင်ပါတယ်။

Top Gun (1986) ⭐IMDB: 6.9/10 (475 k Votes) 🎬 #Action #Drama #Romance 🗓️ 1986 🎞️ Movie 📺 #720p #4K 💿 1.03 GB ⦿ 9.83 GB 🌎 #UnitedStates ⏰ 1 နာရီ 49 မိနစ် 27 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီကားက ၁၉၈၆ ခုနှစ်ကထွက်ခဲ့တာဖြစ်ပြီး နှစ် ၃၀ ကျော်ကြာမှာတော့ သူ့ရဲ့အဆက် နံပါတ် ၂ ဇာတ်ကားTop Gun: Maverick(2022) ရုပ်ရှင်ကားလဲ ထွက်ရှိလို့ လာခဲ့ပါပြီ။ Top Gun 1986 ဇာတ်ကားကတော့ ခပ်မိုက်မိုက် အမေရိကန်လေသူရဲတစ်ယောက်နဲ့ ခပ်မိမိဆရာမလေးတို့ရဲ့အချစ်အကြောင်းကို အမေရိကန်တိုက်လေယာဉ်သင်တန်းကျောင်းတစ်ခုမှာ အခြေခံရိုက်ကူးထားတဲ့ ဇာတ်ကားပါ။ မင်းသားကြီး တွမ်ခရုစ်ရဲ့ နာမည်ကြီးဇာတ်ကားဖြစ်ပြီး ၂၀၂၂ ခုနှစ် အသက် ၆၀ ထိ နုပျိုနေတဲ့ တွမ်ခရုစ်အကြောင်းတွေက မမြင်ချင်မှ အဆုံးပါပဲ။ ဒီထဲက မင်းသမီး Kelly McGillis ကိုတော့ အိုစာလွယ်တယ် ပုံပျက်လွယ်တယ်ဆိုပြီး တွမ်ခရုစ်ပုံနဲ့ ယှဉ်ပြီးပြပြတတ်ကြပါတယ်။ တကယ်တော့ မင်းသမီး ကယ်လီမက်ဂေးဟာ ဒီဇာတ်ကားမရိုက်ခင် ၁၉၈၄ ခုနှစ်မှာ သူ့အိမ်ကိုဖောက်ထွင်းခံခဲ့ရပြီး အဓမ္မပြုကျင့်ခံခဲ့ရတာကြောင့် စိတ်ဝေဒနာခံစားခဲ့ရသလို တခြားရောဂါတွေကိုလဲ ကုသခဲ့ရတာကြောင့် ပုံတချို့မှာ အိုစာတဲ့ပုံတွေ ပေါက်နေတာပါ။အခုတော့ သူမဟာ ဒီဝေဒနာဆိုးတွေကို ဖြတ်ကျော်နိုင်ခဲ့ပြီး သာမန်မိန်းခလေးတစ်ယောက်လို ရင့်ကျက်တည်ငြိမ်တဲ့ပုံစံတွေနဲ့ ပြန်လည်မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ  မင်းသမီး ကယ်လီမက်ဂေးရဲ့ သရုပ်ဆောင်မှုတွေကလဲ တွမ်ခရုစ်ကို အများကြီးပံ့ပိုးနိုင်ခဲ့တာကို မြင်ရမှာပါ။ ဂန္တဝင်ဇာတ်လမ်းတွေထဲက တစ်ခုဖြစ်တဲ့ Top Gun (1986) ကို သိမ်းထားလို့ရအောင် BluRay 4K HEVC Quality နဲ့ ပြန်လည်တင်ဆက်လိုက်ပါတယ်။

The Dark Tower (2017) ⭐IMDB: 5.6/10 (142 k Votes) 🎬 #Action #Adventure #Fantasy #ScienceFiction #SciFi #Western 🗓️ 2017 🎞️ Movie 📺 #720p #4K 💿 774.33 MB ⦿ 5.52 GB 🌎 #UnitedStates #SouthAfrica #UnitedStatesofAmerica ⏰ 1 နာရီ 35 မိနစ် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇတ်လမ်းဟာ စာရေးဆရာ Stephen King ရဲ့ ဝတ္တုကို ရုပ်ရှင်အဖြစ်အသက်သွင်းထားတာပါ ဇတ်လမ်း အစကို ကြည့်မိရင် အဆုံးထိ ဆွဲခေါ်သွားနိုင်တဲ့ ရုပ်ရှင်ကားကောင်းတစ်ခုဖြစ်ပြီး သင့်အတွက် ကြည့်ရတာ နောင်တ မရနိုင်မယ့် ရုပ်ရှင်ကားကောင်းတစ်ခုအဖြစ်ညွှန်းပါရစေ… Movie Review ========== ကမ္ဘာတွေဟာ အများကြီး ရှိနေပြီး ကမ္ဘာတစ်ခုနဲ့ တစ်ခုဟာ စွမ်းရည်တွေ မတူညီကြပါဘူး ဒီကမ္ဘာတွေ အားလုံးရဲ့ အလယ်ဗဟို တည့်တည့်မှာတော့ ကမ္ဘာကြီးရဲ့ ထောက်တိုင် တစ်ခု တည်ရှိနေပြီး ထို ထောက်တိုင်ကြီး မရှိတော့တဲ့အခါမှာတော့ ကမ္ဘာတွေဟာ မှောင်အတိပြီး၍ မီးလောင်ကျွမ်းကုန်မှာပဲ ဖြစ်ပါတယ်… ထို ထောက်တိုင်ကြီးကို ဖျက်ဆီးဖို့ ကြံရွယ်နေသူတွေကတော့ ဝေါ်တာ ဆိုသော မကောင်းဆိုးဝါး နှင့် အရေခွံခြုံသူများ ဖြစ်ပါတယ် ထိုကဲ့သို့ ဖျက်ဆီးဖို့ရန် အတွက် စိတ်ထားသန့်စင်သော ကလေးများကို ဖမ်းပြီး စိတ်စွမ်းအင် ထုတ်ယူ၍ ကမ္ဘာတွေရဲ့ အလယ်ဗဟို ထောက်တိုင်ကို တစ်ဖြေးဖြေးအားနည်းစေရန် တိုက်ခိုက်လျက် ရှိပါတယ်… တစ်နေ့မှာတော့ ကမ္ဘာတစ်ခုပေါ်မှာ စိတ်စွမ်းအင်အမြင့်ဆုံး ကလေးတစ်ယောက်ဖြစ်တဲ့ ဂျိတ်ချန်ဘာ ကို အရေခွံခြုံတွေ ရှာတွေ့သွားပြီး ဖမ်းဆီးရန် ရောက်လာစဉ်မှာပဲ ကြိုတင်အကြားအမြင်ရထားတဲ့ ဂျိတ်ဟာ ကမ္ဘာအလယ်ဗဟို ထောက်တိုင် ကို ကာကွယ်သူ သေနတ်သမားကို ရှာဖို့ ထွက်ပြေးခဲ့ပါတယ်.. ထို အချိန်မှာပဲ ကမ္ဘာ့အလယ်ဗဟို ထောက်တိုင် ကာကွယ်သူ ရိုလန် ဟာ သူ့အဖေကို သတ်သွားတဲ့ ဝေါ်တာကို လက်စားချေလိုစိတ်ပြင်းပြစွာ ရှာဖွေနေတဲ့ အချိန်မှာ သူ့ကို လာရှာတဲ့ ဂျိတ် နဲ့ စတင်တွေ့ပြီး ဝေါ်တာ ကို ရှာဖို့ ဂျိတ် ရဲ့ စိတ်စွမ်းအင် အကူအညီကိုယူကာ နှစ်ဦးသား ပူးပေါင်းမိခဲ့ပါတယ်… ဝေါ်တာ ကြောက်ရတဲ့ နောက်ဆုံးမျိုးဆက် သေနတ်သမား ရိုလန် နှင့် ဝေါ်တာ ရှာဖွေနေသော စိတ်စွမ်းအင်မြင့်သူ ဂျိတ်တို့ဟာ ဝေါ်တာကို ကလဲ့စားချေရန် ရှာဖွေခဲ့ကြသော အခါမှာတော့….. ဇတ်လမ်း ကြာမြင့်ချိန် ၁ နာရီခွဲ ကျော်ခန့် ှရှိပြီး ရုပ်ရှင်အစကနေ အဆုံးထိ ပျင်းချိန်ရလိုက်မှာ မဟုတ်ပါဘူး ဒီရုပ်ရှင်ကားကို ရိုက်ကူးတဲ့ ဒါရိုက်တာကတော့ Nikolaj Arcel ဖြစ်ပြီး IMDb 5.9/10 ထိ ရရှိထားပါတယ်… ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့ CM Translator တစ်ဦးဖြစ်သူ Yeဲ Khant Min ဖြစ်ပြီး Movie Review ကိုတော့ ကျနော် သစ်ဆန်းခန့် မှ တင်ဆက်ပေးထားပါတယ်

Mission: Impossible - Fallout (2018) ⭐IMDB: 7.7/10 (345 k Votes) 🎬 #Action #Adventure #Thriller 🗓️ 2018 🎞️ Movie 📺 #720p #4K 💿 1.24 GB ⦿ 11.44 GB 🌎 #UnitedStates #China #France #Norway #UnitedKingdom #UnitedStatesofAmerica ⏰ 2 နာရီ 27 မိနစ် 25 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Mission: Impossible VI – Fallout (2018) ============================= IMDb Rating 7.7/10 MI ရုပ်ရှင်တွေဟာ ပုံမှန်အားဖြင့် တော်တော်လေးမိုက်တယ်။ Action scene တွေ၊ လုပ်သွားတဲ့ အကွက်တွေ ကြမ်းတယ်။ ပစ္စည်းပစ္စယ gadget တွေလည်း စုံတယ်။ တစ်ကားနဲ့ တစ်ကား နည်းနည်းလေးဆင်နေပေမဲ့ ကြည့်ရပျော်တယ်။ ဒါပေမဲ့ Fallout ကတော့ နောက်တစ်ဆင့်တက်သွားပြီလို့ ပြောရမှာပါ။ ဇာတ်လမ်းပိုင်းမှာ ခါတိုင်း MI ကားတွေလိုပဲ ပြဿနာတွေတက်၊ မဖြစ်နိုင်လောက်တဲ့ Impossible တွေလုပ်ပြီး နောက်ဆုံးတော့ “Ethan Hunt saves the day” ဆိုတာအဓိကပဲပေါ့။ ဒါပေမဲ့ မသိမသာနဲ့ သိသိသာသာပြောင်းသွားတာတွေရှိတယ်။ သတိထားမိတာက ဒီကားမှာ အရင်လို လွန်အားကြီးတဲ့ tech တွေ သိပ်မပါတော့ဘူး။ အရင်ကားတွေလို Kremlin ကို ပြောင်ကြီးခိုးဝင်ရလောက်အောင် “မလွယ်လွန်းဘူးလားဟ” ဆိုတာမျိုးတွေ မပါဘူး။ ဇာတ်လမ်းပိုင်းမှာလည်း twist တွေ revelation တွေထည့်ထားပေမဲ့ အရမ်းကြီးလည်း မရှုပ်သလို အရမ်းကြီးလည်း မပေါ့ဘူး။ Fallout ရဲ့ အကောင်းဆုံးကတော့ တင်ဆက်သွားပုံတွေပဲ။ Christopher McQuarrie ကြီးက တကယ်လန်ထွက်နေတယ်လို့ ပြောရမှာပါ။ ရုပ်ရှင်ရဲ့ 70% လောက်က ပြေးလွှား၊ ကားမောင်း၊ ပစ်ခတ်၊ ရဟတ်ယာဉ်မောင်း စတဲ့ action scene တွေ။ ဒါပေမဲ့ လုံးဝ ပျင်းသွားရတယ်ဆိုတာမျိုး မရှိဘူး။ John Wick 2 မှာတုန်းကဆို action scene အရမ်းများ၊ အချိန်တန်သူပဲနိုင်မှာ သိတော့ ပျင်းသွားတဲ့အခိုက်အတန့်ရှိသေးတယ်။ MI ကတော့ creative လည်းဖြစ်၊ ရိုက်ချက်တွေလည်း လှ၊ ကိုယ်တော်ချော Tom Cruise ကိုယ်တိုင် stunt တွေဆိုတော့ တစ်ကားလုံး မျက်လုံးကြီးပြူးပြီး ကြည့်နေရတယ်။ ရိုက်ချက်တွေလှတယ်ဆိုလို့ ထပ်ပြောရရင် ဒီကားမှာ visual တွေက လုံးဝ stunning ပါ။ Action ကားကြီးကို လှအောင်ရိုက်တယ်ဆိုတာ မလွယ်ဘူး။ Scene ကြီးကိုရှယ်ပြလို့ action ပေါ့သွားတာမျိုး၊ action ပိုပြလို့ ရုပ်ထွက်ပျက်သွားတာမျိုးလည်းမရှိဘူး။ ဒီအတိုင်း လေယာဉ်ဆီကို ကားနဲ့ ပုံမှန်လေးမောင်းဝင်လာတဲ့ အခန်းကအစ woah ဆိုပြီးဖြစ်လောက်အောင်ရိုက်ထားတယ်။ ကြမ်းတယ်ဟ ဆိုတာထက် oh sh** moment တွေလည်း များတယ်။ နောက် CGI, Green Screen, stuntman, stunt robot စတာတွေ ပြွတ်ထနေတဲ့ဒီနေ့ခတ်ကြီးထဲမှာ Fallout က တကယ့်အစစ်တွေ သုံးထားတယ်။ ကားတွေ၊ ဆိုင်ကယ်တွေ၊ ရဟတ်ယာဉ်တွေကိုယ် Tom Cruise ကြီးကိုယ်တိုင်မောင်းတယ်။ ရဟတ်ယာဉ်ပေါ်က ရိုက်ချက်တွေ Green screen လေးခံလိုက်ရင် အလွယ်လေးဆိုပေမဲ့ တကယ်ကြီး မိုးပေါ်မှာရိုက်တယ်။ တချို့ တကယ်တမ်း vfx နဲ့ရိုက်မယ်ထင်ရတဲ့ ရှုခင်းလိုနေရာတွေကအစ တကယ်ကြီးခက်ခက်ခဲခဲသွားရိုက်တယ်။ အဲအတွက် ရုပ်ရှင်ဟာ CGI heavy ရုပ်ရှင်တွေထက် အများကြီး weight ရှိတယ်။ ကြည့်နေရတဲ့သူ ပိုပြီး အသည်းယားတယ်။ အကုန်လုံးနီးပါးက အစစ်တွေချည်းကိုး။ ဒီ effort က တကယ်ကိုချီးကျူးရမှာပါ။ Mission: Impossible – Fallout ဟာ တကယ် နောက်တစ်ဆင့်တက်သွားတဲ့ action film ပါပဲ။ Tom Cruise, Henry Cavil တို့ရဲ့ performance လည်းကောင်း၊ ဒါရိုက်တာ Christopher McQuarrie ရဲ့ လန်ထွက်နေတဲ့ vision အောက်မှာ ထပ်အောင်မြင်ဦးမှာ အသေအချာပဲ။ တော်သေးတယ်။ Cavill ရဲ့ မုတ်ဆိတ် မဖျက်လိုက်ရကျိုးနပ်တယ်။ ခါတိုင်း MI ကားတွေမကြိုက်တဲ့သူတွေတောင် action ကားကြိုက်တယ်ဆိုရင်၊ ကားကောင်းကောင်းကြိုက်တယ်ဆိုရင် လုံးဝ ကြည့်ရကျိုးနပ်တဲ့ကားပါ။ (ရုပ်ရှင်အညွှန်းကို Dat Shin မှ ကူးယူဖော်ပြပါသည်။) Mission Impossible ဇာတ်ကားအားလုံးကို ဒီမှာhttps://channelmyanmar.org/?s=mission+impossibleကြည့်ပါ။

Muted (2023-2023) ⭐IMDB: 5.6/10 (2 k Votes) 🎬 #Drama #Mystery #Crime #Thriller 🗓️ 2023-2023 🎞️ Series 📺 1080p 🌎 #Spain ⏰ 48 မိနစ် 15 စက္ကန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Muted (2023)  ဒီတစ်ခေါက်မှာတော့ CM ပရိသတ်ကြီးကို အသစ်ထွက် Crime/Drama/Mysteryအမျိုးအစား စပိန် mini series လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီစီးရီးလေးထဲမှာတော့ မင်းသား Arón Piper (Eliteထဲက Ander Muñoz)နဲ့ မင်းသမီး Almudena Amor (The Good Boss)တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြတာပါ။ ဇာတ်လမ်းအကျဉ်း ဆယ်ဂီရိုဆိုတဲ့ကောင်လေးက အိုင်ကျူ ၁၅၄ ရှိပြီး ဉာဏ်ကောင်း ထက်မြက်လွန်းပေမယ့် အဖေနဲ့အမေကို ရက်ရက်စက်သတ်ခဲ့တဲ့ ရာဇဝတ်သားတစ်ယောက်ပါ။ မိဘတွေကို ဝရန်တာကနေ တွန်းချခဲ့တာမို့ သူ့ကို ဝရန်တာလူသတ်သမားလို့ ခေါ်ခဲ့ကြတာပေါ့။မိဘတွေကို ရက်ရက်စက်စက်သတ်ခဲ့ပေမယ့် အမှုရင်ဆိုင်တဲ့အချိန်မှာ ဘာစကားတစ်ခွန်းမှ မဆိုဘဲ နှုတ်ဆိတ်နေခဲ့တာကြောင့် သူ့အမှုက ထွက်ဆိုချက်မရှိတဲ့ အမှုတစ်ခုအဖြစ် ထူးဆန်းတဲ့အမှုတစ်ခုလည်း ဖြစ်ခဲ့ရပါတယ်။ မိဘတွေကိုသတ်မှုနဲ့ ထိန်းသိမ်းခံခဲ့ရပြီး ၆နှစ်အကြာမှာတော့ လျှော့ပေါ့ပြစ်ဒဏ်နဲ့ ဆယ်ဂီရိုတစ်ယောက် အကျဉ်းသားဘဝကနေ လွတ်ငြိမ်းခွင့်ရခဲ့ပြီး ပြန်လွတ်လာခဲ့ပါတယ်။ အဲဒီလိုလွတ်လာတဲ့ ဆယ်ဂီရို့ကို စောင့်ကြည့်ပြီး သူ့ရဲ့စိတ်အခြေအနေနဲ့ နောင်မှာ ဖြစ်လာနိုင်မယ့် ခြိမ်းခြောက်မှုတွေကို တားဆီးမယ့်ပရိုဂရမ်ကို တာဝန်ယူထားရသူ စိတ်ရောဂါကုဆရာဝန်မလေး အာနာကတော့ ဆယ်ဂီရို့ရဲ့အတိတ်က လူသတ်မှုရဲ့ အဖြစ်မှန်ကိုသိချင်သူဖြစ်ပြီး၊ ဆယ်ဂီရို့ရဲ့တိတ်ဆိတ်နေမှုအကြောင်းရင်းကိုလည်း ရှာဖွေချင်သူပါ။ပြောချင်တဲ့သူနဲ့ ပြောချင်တဲ့အချိန်မှာသာ စကားပြောတဲ့ ဆယ်ဂီရို့ရဲ့ အတွင်းစိတ်ကို သိနိုင်ဖို့ ကြိုးစားရင်း နောင်ဖြစ်လာမယ့် ရာဇဝတ်မှုတွေကို တားဆီးနိုင်ဖို့ စိတ်အားထက်သန်နေသူဆိုလည်း မမှားဘူးပေါ့။ ဒီလိုနဲ့ သူတို့ပရိုဂရမ်ရဲ့ အစမ်းသပ်ခံ ဆယ်ဂီရိုတစ်ယောက် မူမမှန်တဲ့ လှုပ်ရှားမှုတွေနဲ့ သံသယဖြစ်ဖွယ်အပြုအမူတွေကို ပြုလုပ်လာခဲ့တဲ့အခါ.. သူတို့တွေ စီစဉ်ထားသလို ဆယ်ဂီရို့ရဲ့အခြေအနေကို တားဆီးနိုင်မှာလား.. ဆယ်ဂီရိုကရော မိဘတွေကိုသတ်ပြီး ဘာလို့ စကားတစ်ခွန်းမှမပြောဘဲ နှုတ်ဆိတ်နေခဲ့တာလဲ.. အဲဒီလူသတ်မှုရဲ့ အဖြစ်မှန်ကရော ဘယ်လိုများလဲ.. နောက်ကွယ်မှာ တခြားဖုံးကွယ်မှုတွေ ရှိနေမလား.. ဆိုတာကိုတော့ ဒီစီးရီးလေးထဲမှာ စိတ်ဝင်စားဖွယ် ဆက်ကြည့်လိုက်ကြပါဦးနော်..File size…(877 MB)/(422 Mb)

The Wilds (2020-2022) ⭐IMDB: 7.3/10 (24 k Votes) 🎬 #Mystery #Drama #Adventure 🗓️ 2020-2022 🎞️ Series 📺 1080p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 2 မိနစ် 29 စက္ကန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Wilds (2020)   ပရိသတ်ကြီးအတွက် ဒီတစ်ခါတော့ IMDb 7.3 ရှိတဲ့ ဇာတ်လမ်းတွဲလေးတစ်ခုတင်ဆက်ပေးလိုက်ပါတယ် မိဘတွေဆိုတာ သားသမီးတွေအတွက် အစစအရာရာ ကူညီပေးချင်ကြတာ ဓမ္မတာပါပဲ ဒါပေမဲ့လည်း သူတို့လည်း အရာရာကို အလုံးစုံသိနေတဲ့သူတွေမဟုတ်တော့လည်း တခါတလေ သားသမီးဇောနဲ့ မှားတတ်ကြတာပေါ့လေ ဒီကားလေးထဲမှာတော့ စိတ်ဖိစီးမှုတွေ စိတ်ညစ်စရာတွေနဲ့ ပြည့်နှက်နေတဲ့ မိန်းကလေးတသိုက်ကို မိဘတွေက လက်ရှိနေ နေတဲ့ဘဝလေးထဲကနေ ခေတ္တခနနားပြီး စိတ်ခွန်အားပေးတဲ့ အစီစဉ်ဆီကို လွှတ်လိုက်ကြတာပါကိုယ့်သဘောနဲ့ကိုယ်လာတဲ့သူရှိသလို အိမ်ကအတင်းလွှတ်လိုက်တဲ့သူတွေလည်းပါတာပေါ့ ခရီးစဉ်က ဘစ်အိုင်းလန် ဆိုတဲ့ကျွန်းဆီကို သီးသန့်လေယာဉ်နဲ့ သွားရမှာပါ ဖြစ်ချင်တော့ လေယာဉ်က ရေထဲမှာပျက်ကျပါလေရော အဲဒီလိုနဲ့ မိန်းကလေးတသိုက်ဟာ လူမနေတဲ့ ကျွန်းပေါ်မှာ ကယ်တင်မဲ့သူကိုစောင့်စားရင်း ရှင်သန်နိုင်အောင် ရုန်းကန်ကြရတာပေါ့ ဇာတ်လမ်းလေးထဲမှာ အချစ်ရေးတွေ ညီအစ်မဆက်ဆံရေးတွေ တခြားဆက်ဆံရေးပုံစံတွေပါလို့ အဝကြည့်လို့ကောင်းမဲ့ကားလေးပါပဲ အဲဒီလိုလေယာဉ်ပျက်ကျသွားပြီး သူတို့တွေ ကျွန်းပေါ်မှာ သောင်တင်သွားတဲ့ဖြစ်ရပ်ရဲ့ နောက်ကွယ်မှာရော ဘာတွေရှိနေနိုင်လဲ သွေးရိုးသားရိုးရော ဟုတ်ရဲ့လား ဆိုတာကိုတော့ ပရိတ်သတ်ကြီးပဲ စောင့်ကြည့်လိုက်ကြပါတော့ဗျာ………… File size…(1.3GB ) / (671 MB)

Pantaxa Laiya (2023- ) ⭐IMDB: 6.3/10 (32 Votes) 🎬 #Reality #RealityTV 🗓️ 2023- 🎞️ Series 📺 1080p 🌎 #Philippines ⏰ 59 မိနစ် 23 စက္ကန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 [18+] Pantaxa Laiya (2023)Pantaxa Laiya (2023) Vivamax’s Reality Show  Vivamax ရုပ်ရှင်တွေရဲ့ပရိသတ်ပုရိသတွေ ညည်းညူလေ့ရှိကြတဲ့ မင်းသမီးတွေထပ်နေတာပဲ ဆိုတဲ့စကားကို ပြောင်းပြန်လှန်ဖို့အတွက် Vivamax ကခြေလှမ်းသစ်တစ်ခုကို စတင်လိုက်ပါတယ်။ အဲ့ဒီခြေလှမ်းကတော့ Pantaxa Laiya ပါပဲ။ Reality Show ပုံစံမျိုးနဲ့သွားမှာဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံအနှံ့အပြားက ဖျော်ဖြေရေးလောကထဲကို တိုးဝင်ချင်တဲ့ မင်းသမီးဖြစ်ချင်တဲ့ ဝါသနာရှင် မိန်းမလှလေးရှစ်ယောက်က ပြိုင်ပွဲဝင်တွေအဖြစ်ပါဝင်ကြမှာပါ။ သူတို့တွေဟာ မင်းသမီးတစ်ယောက်ဖြစ်လာစေဖို့ လိုအပ်တဲ့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ သရုပ်ဆောင် ဓာတ်ပုံရိုက်ကူးမှု အညုအခရာတွေကို ပြိုင်ပွဲဝင်ရင်း လေ့ကျင့်သင်ကြားသွားကြရမှာဖြစ်ပြီး အရည်အချင်းမီတဲ့သူတွေကို Vivamax ဇာတ်ကားတွေမှာ တွေ့မြင်လာရဖို့ရှိပါတယ်။ လမ်းညွှန်ဆရာတွေအဖြစ် Viva Babe ကြီးတွေဖြစ်ခဲ့တဲ့ Maui Taylor နဲ့ Katya Santos တို့ကပါဝင်ထားပြီး ဧည့်သည်တွေအဖြစ် ပရိသတ်အသည်းကျော် Ayanna Misola နဲ့ Angeli Khang တို့အပြင် တစ်ခြား Vivamax မင်းသမီးလေးတွေကိုလည်းတွေ့မြင်ရမှာပါ။ အစဉ်အလာဇာတ်လမ်းတွဲတွေကနေခွဲထွက်လာတဲ့ ဒီ Reality show ကိုအပတ်စဉ်တနင်္ဂနွေတိုင်းတင်ဆက်သွားမှာဖြစ်ပြီး အပိုင်းခြောက်ပိုင်းပါဝင်ပါတယ်။ ပြိုင်ပွဲမှာယှဉ်ပြိုင်ရတဲ့ စိန်ခေါ်မှုတွေ၊ သင်ကြားပြသမှုတွေ၊ လေ့ကျင့်မှုတွေဟာ အဆုံးထိသွားထားတဲ့ ကွက်ကွက်ကွင်းကွင်းတွေ ပါဝင်မှာဖြစ်တဲ့အတွက် တစ်ဦးတည်းကြည့်သင့်တဲ့ အစီအစဉ်လည်းဖြစ်ပါတယ်။ (ဒီစီးရီးကို အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ ALS ပဲဖြစ်ပါတယ်)Size ~ 700MB+

Ugram (2023) ⭐IMDB: 9.1/10 (3 k Votes) 🎬 #Action #Bollywood #Drama #Romance #Thriller 🗓️ 2023 🎞️ Movie 📺 #1080p #720p 💿 3.08 GB ⦿ 1.26 GB 🌎 #India ⏰ 2 နာရီ 28 မိနစ် 2 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Ugram 2023 ဒီတစ်ခါ တင်ဆက်ပေးချင်တဲ့ကားလေးကတော့ IMDb 9/10 ရထားတဲ့ အိန္ဒိယကားသစ်လေးပဲ ဖြစ်ပါတယ်။ ‌ပရိသတ်ကြီးတို့ နေ့မြင်ညပျောက်ဆိုတဲ့စကားကြားဖူးကြမှာပါ။ ဒါဟာလည်း သေဆုံးမှုကို ရည်ညွှန်းတယ်လို့ပဲသဘောပေါက်ထားကြပါလိမ့်မယ်။ ဒါပေမဲ့ ဒီစကားစုဟာ ဒီကားမှာတော့ ပျောက်ဆုံးမှုကို ရည်ညွှန်းတဲ့အသုံးဖြစ်သွားပါလိမ့်မယ်။ညကလေးတင် ကားအက်ဆီးဒင့်နဲ့ကိုယ်တိုင် ဆေးရုံတင်ထားတဲ့ ဇနီးသည်နဲ့သမီးလေးဟာ နာရီပိုင်းလောက်ပဲကြာတဲ့ မနက်ခင်းမှာတော့ ဆေးရုံကို ဘယ်တုန်းကမှရောက်မလာဖူးတဲ့သူတွေဖြစ်လို့နေပါတယ်။ မှတ်ဉာဏ်ထဲမှာ ထင်ထင်ရှားရှားသိနေပါရဲ့နဲ့ ဒီလိုဖြစ်တာဘာလို့များပါလဲ..။ ဒါမှမဟုတ်မင်းသားရဲ့ခေါင်းကဒဏ်ရာကြောင့်များ တစ်ယောက်တည်းဖြစ်တာကို အထင်လွဲနေတာလား…။ဒါမှမဟုတ် လူနာတွေကို ပိုက်ဆံပဲယူပြီး လူနာရှင်နဲ့တွေ့ခွင့်မပေး ဈေးကြီးလွန်းတဲ့ဒီဆေးရုံကြီးမှာများ လျှို့ဝှက်ချက်တွေရှိနေတာလား….။ ဒါမှမဟုတ် ရဲအုပ်ဖြစ်တဲ့မင်းသားနဲ့ ရန်ဘက်ဖြစ်တဲ့ သူ့ဇနီးသည်ရဲ့အဖေဖြစ်သူ မူးယစ်ရာဇာရဲ့ လက်ချက်များလား…။ဒီလို သို့လောသို့လော ပဟေဠိတွေနဲ့ အချစ်/အမုန်း/ မှုခင်း/ ဆေးပညာ တွေကို စနစ်တကျပေါင်းစပ်ပြီးတစ်ခန်းချင်းမှာ စိတ်ဝင်စားဖို့ကောင်းအောင် ရိုက်ကူးထားတဲ့ကားလေးမို့ CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်နော်။(အညွှန်းရေးသားသူကတော့ Aditi ဖြစ်ပြီး ဘာသာပြန်တွေကတော့ Aditi~Yunni~BpLနဲ့ Zwe Yanတို့ပဲဖြစ်ပါတယ်)