uz
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Yopiq kanal

🚩 Channel was restricted by Telegram

Ko'proq ko'rsatish
Ma'lumot yo'q
Obunachilar
-524 soatlar
-47 kun
+730 kun
Postlar arxiv
Everything Puppies (2024) ⭐IMDB: 5.8/10 (296 Votes) 🎬 #Drama #Romance 🗓 2024 🎞 tv movie 🌎 #Canada ⏰ 1 နာရီ 23 မိနစ် 25 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ပြီးခဲ့တဲ့မေလ ၁၈ ရက်ကထွက်ရှိထားတဲ့ Everything Puppies ရုပ်ရှင်ဟာ Drama အမျိုးအစားဖြစ်ပြီး ချစ်စရာ ခွေးပေါက်လေးတွေနဲ့အတူ ပေါ့ပေါ့ပါးပါးကြည့်ရှု့ရမယ့် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ တစ်စိုက်မတ်မတ်လုပ်ဆောင်တတ်တဲ့ စွန့်ဦးတီထွင်သူ တစ်ဦးဖြစ်တဲ့စကားလတ်ဟာ ခွေးတွေကိုချစ်တဲ့ စိတ်တစ်ခုတည်းနဲ့ ခွေးအရုပ်တွေ၊ ခွေးအစာတွေအစရှိ သဖြင့် ခွေးတွေနဲ့ပတ်သက်တဲ့အရာအားလုံးကို တီထွင် ဖန်တီးလေ့ရှိပါတယ်။ တစ်ရက်မှာတော့ စကားလတ်ဖန်တီးလိုက်တဲ့ ခွေးစာမုန့်တစ်မျိုးကို ခွေးတွေကအရမ်းကြိုက်လွန်း တာကြောင့် ဆိုင်တွေမှာတင်သွင်းရောင်းချဖို့ဆုံးဖြတ် လိုက်ပါတယ်။ ဒါပေမဲ့ ကုန်ပစ္စည်းအသစ်ကို ဆိုင်တွေက လက်မခံရဲကြတာကြောင့် စကားလတ်တစ်ယောက် အခက်တွေ့နေစဉ်မှာပဲ ခွေးပစ္စည်းအရောင်းဆိုင်တစ်ခုရဲ့ အထွေထွေမန်နေဂျာဖြစ်တဲ့အဲလက်စ်နဲ့တွေ့ဆုံခဲ့ပါတယ်။ အဲလက်စ်က စကားလတ်ရဲ့ကုန်ပစ္စည်းသစ်ကို အခွင့် အရေးပေးခဲ့သလို တစ်ဖက်မှာလည်း စကားလတ်ကို ချစ်မိသွားခဲ့ပါတယ်။ စကားလတ်ရဲ့တည်ထောင်ခါစ လုပ်ငန်းငယ်လေးကို အဲလက်စ်က အများကြီးကူညီ ပေးခဲ့ပေမယ့် နာမည်ကျော်ခွေးစာမုန့်တံဆိပ်တစ်ခုက လိုက်လံနှောင့်ယှက်မှုတွေကြောင့် စကားလတ်ရဲ့လုပ်ငန်းမှာ ထိခိုက်နစ်နာမှုတွေရှိလာသလို အဲလက်စ်အပေါ်မှာလည်း အထင်လွဲမှားမှုတွေဖြစ်ပေါ်လာခဲ့ပါတယ်။ စကားလတ်ရဲ့ တီထွင်ဖန်တီးမှုတွေက အောင်မြင်သွားမှာလား။ အဲလက်စ်နဲ့ရောပြန်အဆင်ပြေသွားမှာလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။
...

Everything Puppies (2024) ⭐IMDB: 5.8/10 (296 Votes) 🎬 #Drama #Romance 🗓 2024 🎞 tv movie 🌎 #Canada ⏰ 1 နာရီ 23 မိနစ် 24 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ပြီးခဲ့တဲ့မေလ ၁၈ ရက်ကထွက်ရှိထားတဲ့ Everything Puppies ရုပ်ရှင်ဟာ Drama အမျိုးအစားဖြစ်ပြီး ချစ်စရာ ခွေးပေါက်လေးတွေနဲ့အတူ ပေါ့ပေါ့ပါးပါးကြည့်ရှု့ရမယ့် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ တစ်စိုက်မတ်မတ်လုပ်ဆောင်တတ်တဲ့ စွန့်ဦးတီထွင်သူ တစ်ဦးဖြစ်တဲ့စကားလတ်ဟာ ခွေးတွေကိုချစ်တဲ့ စိတ်တစ်ခုတည်းနဲ့ ခွေးအရုပ်တွေ၊ ခွေးအစာတွေအစရှိ သဖြင့် ခွေးတွေနဲ့ပတ်သက်တဲ့အရာအားလုံးကို တီထွင် ဖန်တီးလေ့ရှိပါတယ်။ တစ်ရက်မှာတော့ စကားလတ်ဖန်တီးလိုက်တဲ့ ခွေးစာမုန့်တစ်မျိုးကို ခွေးတွေကအရမ်းကြိုက်လွန်း တာကြောင့် ဆိုင်တွေမှာတင်သွင်းရောင်းချဖို့ဆုံးဖြတ် လိုက်ပါတယ်။ ဒါပေမဲ့ ကုန်ပစ္စည်းအသစ်ကို ဆိုင်တွေက လက်မခံရဲကြတာကြောင့် စကားလတ်တစ်ယောက် အခက်တွေ့နေစဉ်မှာပဲ ခွေးပစ္စည်းအရောင်းဆိုင်တစ်ခုရဲ့ အထွေထွေမန်နေဂျာဖြစ်တဲ့အဲလက်စ်နဲ့တွေ့ဆုံခဲ့ပါတယ်။ အဲလက်စ်က စကားလတ်ရဲ့ကုန်ပစ္စည်းသစ်ကို အခွင့် အရေးပေးခဲ့သလို တစ်ဖက်မှာလည်း စကားလတ်ကို ချစ်မိသွားခဲ့ပါတယ်။ စကားလတ်ရဲ့တည်ထောင်ခါစ လုပ်ငန်းငယ်လေးကို အဲလက်စ်က အများကြီးကူညီ ပေးခဲ့ပေမယ့် နာမည်ကျော်ခွေးစာမုန့်တံဆိပ်တစ်ခုက လိုက်လံနှောင့်ယှက်မှုတွေကြောင့် စကားလတ်ရဲ့လုပ်ငန်းမှာ ထိခိုက်နစ်နာမှုတွေရှိလာသလို အဲလက်စ်အပေါ်မှာလည်း အထင်လွဲမှားမှုတွေဖြစ်ပေါ်လာခဲ့ပါတယ်။ စကားလတ်ရဲ့ တီထွင်ဖန်တီးမှုတွေက အောင်မြင်သွားမှာလား။ အဲလက်စ်နဲ့ရောပြန်အဆင်ပြေသွားမှာလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။
...

Kill Your Lover (2023) ⭐IMDB: 3.9/10 (157 Votes) 🎬 #Horror 🗓 2023 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 18 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 သမီးရည်းစားဆက်ဆံရေးတွေမှာ တစ်ဖက်က ဖောက်ပြန်မှ တစ်ဖက်က စိတ်ကုန်ပြီး ပြတ်စဲ ကြတာမျိုးတွေပဲရှိတာမဟုတ်ပါဘူး။ အစက ကိုယ်အရမ်းသဘောကျခဲ့ရတဲ့ ချစ်ရသူဟာ အချိန်ကြာလာတော့မှ ကိုယ်နဲ့ အကျင့်စရိုက်တွေ အတွေးအခေါ်တွေ နေပုံထိုင်ပုံတွေ မတူညီလာတဲ့အခါ ပြဿနာ အသေးအမွှားလေးတွေက ရင်ထဲမှာ အစိုင်အခဲကြီးတစ်ခုအနေနဲ့သွားစုနေတတ်ပါတယ်။ ဒီလို အစိုင်အခဲကြီးက ကြီးထွားလာတာနဲ့အမျှ တစ်ဦးအပေါ်တစ်ဦး နားမလည်နိုင်တော့ဘဲ စိတ်ကုန်လာပြီး လမ်းခွဲပြတ်စဲကြတာမျိုးအထိဖြစ်သွားတတ်ပါတယ်။ ဒီဇာတ်ကားထဲက ဒက်ကိုဒါဟာလည်း အဲဒီလိုတွေ ခံစားနေရတာကြောင့် ရည်းစားဖြစ်သူနဲ့ လမ်းခွဲ ပြတ်စဲဖို့ အချိန်ကောင်းကိုစောင့်နေသူပါ။ ဒက်ကိုဒါဟာ အက်ဆဲနဲ့မတွေ့ခင်က ရော့ခ်ဂီတတီးဝိုင်း တစ်ခုရဲ့ အဖွဲ့ဝင်၊ မိုက်ကန်းကန်းကောင်မလေးတစ်ယောက် ဆိုပေမဲ့ အဲဒါကိုသဘောမကျတဲ့ အက်ဆဲက ဒက်ကိုဒါရဲ့ ပုံစံကိုပြောင်းလဲအောင်တဖြည်းဖြည်းလုပ်ယူခဲ့ပါတယ်။ အချိန်ကြာလာတဲ့အမျှ သူ့ကိုယ်သူပျောက်ဆုံးလာတယ်လို့ ခံစားရတဲ့ ဒက်ကိုဒါဟာ အက်ဆဲနဲ့လမ်းခွဲဖို့ ပြင်ဆင် ပါတော့တယ်။ ဒါပေမဲ့ သူလမ်းခွဲစကားပြောမဲ့နေ့မှာပဲ အက်ဆဲဟာ သူ့ရဲ့ဓာတုဗေဒအလုပ်ကနေ ထိခိုက်လာပြီး ခန္ဓာကိုယ်အနှံ့ အမည်းရောင်သွေးကြောတွေပေါ်လာကာ လောင်ကျွမ်းစေတဲ့ ဓာတုရည်တွေစိမ့်ထွက်လာပါတော့တယ်။ ဒီလိုနဲ့ သာမန် သမီးရည်းစား ပြဿနာဖြေရှင်းခန်း ဇာတ်လမ်း တစ်ပုဒ်ကနေ သွေးသံတရဲရဲ ဟော်ရာဇာတ်လမ်းအဖြစ်ကို ပြောင်းလဲသွားပါတော့တယ်။ ဒီရုပ်ရှင်ရဲ့ ဇာတ်ဝင်ခန်းတော်တော်များများမှာ အဖော်အချွတ် လိင်ဆက်ဆံခန်းတွေ၊ သွေးထွက်သံယိုပြကွက်တွေပါဝင်တဲ့ အတွက်ကြောင့် မိသားစုဝင်တွေ ကလေးသူငယ်တွေနဲ့ အတူကြည့်ရှုဖို့မသင့်တော်ပါဘူး။ ဒက်ကိုဒါနဲ့ အက်ဆဲတို့နှစ်ယောက် ဘယ်လိုဇာတ်သိမ်း သွားမလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ဆက်လက် ကြည့်ရှုလိုက်ကြပါဦး။
...

Human Lost (2019) ⭐IMDB: 5.2/10 (351 Votes) 🎬 #Action #Animation #SciFi #ScienceFiction 🗓 2019 🎞 movie 🌎 #Japan ⏰ 1 နာရီ 50 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Human Lost ( 2019 )IMDb – 5.2/10 လူတစ်ယောက်က ဆေးပညာအကူအညီမပါဘဲ နှစ်ရာကျော်တဲ့အထိ‌ နေနိုင်ပါတယ်လို့ပြောရင်လူကြီးမင်းတို့ အံ့ဩမိကြမှာလား အခုတစ်ကြိမ် cm ပရိတ်သတ်ကြီးကို မိတ်ဆက်ပေးချင်တဲ့သိပ္ပံစိတ်ကူးယဉ် ဂျပန် anime ‌ထဲမှာတော့ ဖြစ်နိုင်ပါတယ် Plot အနေနဲ့ကတော့ နည်းပညာတွေ အလွန့်အလွန်တိုးတက်ထွန်းကားနေတဲ့ ခေတ်ကာလကိုဇာတ်ကြောင်းတည်ထားပါတယ် သေသူကိုတောင် ပြန်ရှင်စေပြီး လူတွေကို သာမန်သက်တမ်းထက်နှစ်ပေါင်းများစွာပိုရှင်သန်နိုင်အောင် စွမ်းဆောင်ပေးနေတဲ့ “SHELL”နည်းပညာမှာ ချို့ယွင်းချက်တချို့ ရှိနေခဲ့ပါတယ်ဒီဇာတ်လမ်းရဲ့အဓိကဇာတ်ဆောင် အီအိုဇိုရဲ့ သူငယ်ချင်းဟာလည်း အဲဒီခြွင်းချက်တွေကြောင့်သေဆုံးသွားခဲ့ရ‌တဲ့အခါမှာတော့ အီအိုဇိုအနေနဲ့ အခြေအနေအရပ်ရပ်ထဲကို ဝင်ပါဖို့ဖြစ်လာပါတော့တယ် ဒီစနစ်ရဲ့ နောက်ကွယ်မှာ ဘယ်သူတွေကြိုးကိုင်နေတာလဲလူသားတွေကိုရော အမှန်တကယ်အကျိုးပြုနေတာမှန်ရဲ့လား စတဲ့ ဒွိဟအရပ်ရပ်နဲ့ စိတ်ဝင်စားစွာကြည့်ရှုရမဲ့ movie တစ်ခုပဲ ဖြစ်ပါတယ်
...

Eric (2024) ⭐TMDB: 71% User Score 🎬 #Drama #Mystery 🗓 2024 🎞 Series 🌎 #UnitedKingdom ⏰ 53 မိနစ် 43 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Eric (2024) ဗင်းဆင့်ဟာ အင်မတန် အရည်အချင်းရှိတဲ့ ရုပ်သေးဆရာတစ်ယောက်ဖြစ်ပြီးတော့ Good Day Sunshine ဆိုတဲ့ ရုပ်သေးတီဗွီအစီအစဉ်ကို ဖန်တီးခဲ့သူတစ်ဦးဖြစ်ပါတယ်။ သူ့မှာ ဇနီးဖြစ်သူ ကက်ဆီနှင့် အက်ဂါဆိုတဲ့ တအားလိမ္မာတဲ့ သားလေးတစ်ယောက်လည်း ရှိပြီးတော့ အဖက်ဖက်က ကြည့်ရင် သာယာစိုပြေတဲ့ အိမ်ထောင်ရေးနှင့် မိသားစု ဘဝကို ပိုင်ဆိုင်ထားသူပေါ့။ ဒါပေမဲ့ ဗင်းဆင့်ဟာ အရမ်း အတ္တကြီးပြီးတော့ သူ့ဘေးပတ်ဝန်းကျင်က မိသားစုဝင်၊ လုပ်ဖော်ကိုင်ဖက် အားလုံးကို သူ့စိတ်ထဲမှာ အကောင်းဆုံးဖြစ်မယ့်ပုံစံကို အတင်းသွပ်သွင်း၊ တခြားလူရဲ့ ထင်မြင်ချက် အတွေးအမြင်ကို ဂရုမစိုက်ပဲ သူအထင်အမြင်၊ သူလုပ်တာသာ အကောင်းဆုံးဆိုပြီးတော့ လူတိုင်းကို အတ္တနဲ့ လွမ်းမိုးတတ်သူပါ။ တစ်နေ့မှာတော့ သားလေးဖြစ်သူ အက်ဂါဟာ ဗင်းဆင့်ရဲ့ ရုပ်သေးအစီအစဉ်အတွက် သူစိတ်ကူးနဲ့ ဆွဲထားတဲ့ ရုပ်သေးသတ္တဝါကြီး အဲရစ်ကို ဗင်းဆင့်ကို ပြခဲ့ပေမယ့် ဗင်းဆင့်က သူ့သားလေးရဲ့ ကြိုးစားအားထုတ်မှုကို လက်သင့်မခံပဲ ထုံးစံအတိုင်း အတ္တနဲ့ လွမ်းမိုးခဲ့တဲ့အတွက် အက်ဂါတစ်ယောက် နောက်တစ်နေ့မှာ ကျောင်းသွားရင်း ကျောင်းကို မရောက်ပဲ ပျောက်ချင်းမလှ ပျောက်သွားခဲ့ပါတော့တယ်။ ဒီအချိန်မှာ ဗင်းဆင့်ခဗျာ အရူးမီးဝိုင်းဖြစ်ပြီး သားဖြစ်သူ အက်ဂါကို အသည်းအသန်လိုက်ရှာကာ သားဖြစ်သူဆွဲခဲ့တဲ့ သတ္တဝါကြီး အဲရစ်ကိုပါ မျက်စိထဲ ထင်ယောင်ထင်မှား မြင်လာပါတော့တယ်။ဒီတော့ ဗင်းဆင့်အနေနဲ့ သားလေးဖြစ်သူ အက်ဂါကို ပြန်ရှာတွေ့ပါမလား၊ သူ့ရဲ့ အတ္တကိုရော ပြန်လည်သုံးသပ်နိုင်ပြီး ပြုပြင်နိုင်ပါမလားဆိုတာကို အတုယူဖွယ်ရာ ကြည့်ရှုရမှာဖြစ်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့
...

Catwoman (2004) ⭐TMDB: 46% User Score 🎬 #Action #Crime #Fantasy 🗓 2004 🎞 movie 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 44 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Catwoman (2004)Genre – Action,Crime,Fantasy ဒီတစ်ခါမှာတော့ အားလုံးနဲ့မစိမ်းတဲ့ မင်းသမီးကြီး Halle Berry ပါဝင်သရုပ်ဆောင်ထားတဲ့Catwoman နဲ့မိတ်ဆက်ပေးပါမယ်။ Patience ဟာ Hadre အလှကုန်ကုမ္ပဏီမှာဒီဇိုင်းဆွဲတဲ့အလုပ်လုပ်နေတဲ့ကောင်မလေးပါ။ တစ်နေ့မှာတော့ သူ့တိုက်ခန်းမှာဒီဇိုင်းဆွဲနေတုန်းကြောင်လေးတစ်ကောင်ခေါင်မိုးပေါ်ရောက်နေတာတွေ့တာနဲ့ ပြတင်းပေါက်ကထွက်ပြီးကယ်ဖို့လုပ်ပါ‌တော့တယ်။ အဲဒီလိုကယ်နေတဲ့အချိန်မှာပဲ လမ်းကဖြတ်သွားတဲ့ စုံထောက်ကြီးတစ်ယောက်က ခုန်ချမယ်ထင်ပြီးလာကယ်ရင်းနဲ့ပဲ Patience နဲ့ စုံထောက်ကြီးတို့ခင်မင်သွားပါတော့တယ်။ တစ်နေ့ Patience တစ်ယောက်ကုမ္ပဏီကခိုင်းထားတဲ့ဒီဇိုင်းကိုစက်ရုံအထိသွားပေးရပါတယ်။ စက်ရုံကလျှို့ဝှက်ချက်တစ်ခုကိုမထင်မှတ်ပဲသိသွားတာကြောင့် ကံဆိုးမိုးမှောင်ကျပြီး အသတ်ခံလိုက်ရပါတယ်။ Patience တစ်ယောက်သေသွားတယ်ဆိုပေမဲ့ သူကယ်ခဲ့တဲအီဂျစ်နတ်ဘုရားမရဲ့တမန်တော်ကြောင်လေးရဲ့အစွမ်းနဲ့ အသက်ပြန်ရှင်သန်လာခဲ့ပါတယ်။ ပြန်ရှင်သန်လာတဲ့အခါမှာ Patience တစ်ယောက်အရင်လိုမဟုတ်တော့ပါဘူး။ အထိအတွေ့၊ အနံ့ အာရုံခံမှုတွေဟာ လူသားတစ်ယောက်နဲ့မတူတော့ဘဲထူးခြားနေပါတယ်။ အဲဒီညကကိစ္စကိုလည်း မမှတ်မိပါဘူး။ ဒီလိုနဲ့‌‌ ကြောင်အစွမ်းတွေရပြီးကြောင်လူသားဖြစ်သွားတဲ့ Patience ဟာ သူ့စိတ်ထင်ရာလျှောက်သွားလိုက်၊ လူဆိုးတွေကိုဝင်ဖမ်းလိုက်နဲ့သတင်းတွေမှာနာမည်ကြီးလာပါတယ်။ နောက်ပိုင်းမှာ သူအသတ်ခံခဲ့ရတဲ့အဖြစ်မှန်ကိုသိပြီးသတ်ခဲ့တဲ့လူနဲ့ သတ်ခဲ့တဲ့အကြောင်းအရင်းကိုရှာပုံတော်ဖွင့်ပါတော့တယ်။ Catwoman တစ်ယောက်ကုမ္ပဏီရဲ့လျှို့ဝှက်ချက်ကိုဖော်ထုတ်နိုင်ပြီး တရားမျှတမှုကိုရှာဖွေနိုင်မလားဆိုတာကို မမရဲ့အမိုက်စားတိုက်ခိုက်မှုပြကွက်တွေနဲ့တင်ဆက်ပေးထားတာကြောင့်ကြည့်ရှုခံစားလိုက်ပါဦး။
...

Thadam (2019) ⭐IMDB: 8.1/10 (9 k Votes) 🎬 #Action #Bollywood #Crime #Drama #Mystery #Thriller 🗓 2019 🎞 movie 🌎 #India ⏰ 2 နာရီ 16 မိနစ် 41 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Thadam (2019)“ဟာကွက်” IMDb 8.1 အထိရထားတဲ့ တေလဂူး မှုခင်း/လျှို့ဝှက်သည်းဖိုရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်မင်းသား Arun Vijay က ဒီရုပ်ရှင်မှာ နှစ်ကိုယ်ခွဲဇာတ်ရုပ်အဖြစ်သရုပ်ဆောင်ပြီးတေလဂူးရုပ်ရှင်ပွဲတိုင်းကျော် ‘ယိုဂီဘာဘူ’ လည်း ပါဝင်ထားပါတယ် အေဟီလ်က ဆောက်လုပ်ရေးအင်ဂျင်နီယာတစ်ယောက်၊ အိပ်မက်တွေနဲ့လူဖြစ်ပြီးချစ်ရသူနဲ့ တစ်အိုးတစ်အိမ်တည်ဆောက်ဖို့ ကြံရွယ်ထားတဲ့ လူရည်လူမွန်ကာဗင်ကတော့ ဆန့်ကျင်ဘက်၊ အသေးစားလူလိမ်ဆိုပေမယ့် သူများကိုလိမ်လည်လှည့်ဖြားတဲ့ နေရာမှာ တစ်ဖက်ကမ်းခတ်နေသူ၊ လောင်းကစားနွံမှာ နစ်နေတဲ့ လူလေလူလွင့်တစ်ယောက်မိုးသည်းတဲ့ ညတစ်ညမှာ လူတစ်ယောက်အသတ်ခံလိုက်ရတဲ့အခါ ဓာတ်ပုံသက်သေတစ်ခုကြောင့်အေဟီလ်ကို သံသယတရားခံအဖြစ် ခေါ်ယူမေးမြန်းခံရတယ် သိပ်မကြာခင်မှာပဲ အေဟီလ်နဲ့ ချွတ်စွပ်တူနေတဲ့ ကာဗင်ပါ မူးပြီးကားမောင်းမှုကြောင့် စခန်းရောက်လာတဲ့ အချိန်မှာတော့ … အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni ~ ToMo ~ Alex ~ V ~ KKKZ တို့ ဖြစ်ပါတယ်
...

Life After Fighting (2024) ⭐IMDB: 6.1/10 (220 Votes) 🎬 #Action #Drama #Thriller 🗓 2024 🎞 movie 🌎 #Australia ⏰ 2 နာရီ 5 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Life After Fighting ဇာတ်ကားဟာ ၂၀၂၄ ထွက် သြစတြေးလျ Action Drama ဇာတ်ကားကောင်း တစ်ကားပဲ ဖြစ်ပါတယ်။ သြစတြေးလျရိုက်တာဆိုပေမဲ့ ရုပ်ရှင် အရည်အသွေးက ဟောလီဝုဒ်မှီပါတယ်။ ဇာတ်လမ်းလေးကို အမြည်းပြောရရင် အဲလက်စ်ဆိုတဲ့ ကမ္ဘာကိုယ်ခံပညာချန်ပီယံ သူ ကျန်းမာရေးကိစ္စတွေကြောင့် အနားယူပြီး ကိုယ်ခံပညာသင်တန်းဖွင့်နေတဲ့သူ တစ်ယောက်ပါ။ တစ်ချိန်က နာမည်ကြီးခဲ့တဲ့သူမို့ သွေးတိုးစမ်းချင်သူတွေလည်း ရှိနေပါတယ်။ တစ်ရက်တော့ သူ့သင်တန်းက ကလေး ၂ ယောက် သူ့မိတ်ဆွေရဲ့ ကလေးအပါအဝင် သင်တန်းနားကနေ ပျောက်သွားခဲ့ပါတယ်။ ပြန်ရှာဖို့ ကြိုးစားရင်းပဲ ဘယ်လိုအခက်အခဲတွေရင်ဆိုင်ရမလဲ လူတွေက ထင်ထားသလို ဟုတ်ပါ့မလား အဆုံးသတ်မှာ ဘယ်သူတွေသေပြီး ဘယ်သူတွေ ရှင်မှာလဲ စတာတွေကို တစ်ကားလုံး သေနတ်မသုံးဘဲ hand-to-hand တိုက်ခိုက်မှုတွေ တဝကြီး ကြည့်ရမှာ ဖြစ်ပါတယ်။ ဒီကားကို ကြည့်ရင်း ငယ်ငယ်က ဂျက်ကီချန်းငယ်စဉ်က ကားတွေကိုတောင် သတိရမိစေပါတယ်။ ဒါကြောင့် အက်ရှင်ကြမ်းကြမ်း ကြိုက်သူတွေ ကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးပါလို့ လက်တို့လိုက်ပါရစေ
...

Am I OK? (2022) ⭐IMDB: 6.1/10 (2 k Votes) 🎬 #Comedy #Drama #Romance 🗓 2022 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 27 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Am I OK? ရုပ်ရှပ်ပိုစတာက မင်းသမီးငိုနေတဲ့ပုံဖြစ်နေပေမယ့် တကယ်ကတော့ Comedy ၊ Drama နဲ့ Romance အမျိုးအစားပဲဖြစ်ပါတယ်။ Fifty Shades of Grey နဲ့လူသိများမင်းသမီးဖြစ်တဲ့ Dakota Johnson က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ အချစ်ဆုံးသူငယ်ချင်းတွေရဲ့ ခံစားချက်လေးတွေကို ပြန်လည်တူးဆွကြည့်ချင်နေတဲ့လူတွေအတွက်တော့ ဒီရုပ်ရှင်ကကွက်တိပါပဲ။အလှအပစပါးတစ်ခုရဲ့ ဧည့်ကြိုကောင်တာမှာအလုပ်လုပ်တဲ့ အသက် ၃၂ နှစ် အရွယ်လူစီမှာ ဂျိန်းဆိုတဲ့အချစ်ဆုံးသူငယ်ချင်းတစ်ယောက် ရှိပါတယ်။ လူစီနဲ့ဂျိန်းဟာ အချင်းချင်းအရမ်းချစ်ကြပြီး အသေးအမွှားလေးတွေကအစ တစ်ယောက်ကိုတစ်ယောက် ပြောပြလေ့ရှိကြပါတယ်။ တစ်နေ့မှာတော့ ဂျိန်းက ကောင်မလေးတစ်ယောက်ကို နမ်းဖူးတယ်လို့ပြောပြလာတဲ့ အချိန်မှ လူစီက သူဟာလိင်တူချင်းချစ်သူတစ်ယောက်ပါလို့ ဝန်ခံလာခဲ့ပါတယ်။ လူစီက လိင်တူချစ်ခင်သူဆိုတာကို တခြားသူတွေသိသွားမှာစိုးရိမ်နေပြီး အချစ်ရေးမှာ မဝံ့မရဲတွေဖြစ်နေတာကြောင့် ဂျိန်းကပဲ အစစအရာရာ လိုက်ကူညီခဲ့ရပါတယ်။ ဒါပေမဲ့ ဂျိန်းက အလုပ်ရာထူးတိုးနဲ့ လန်ဒန်ကိုပြောင်းရတော့မယ့်အချိန်မှာ လူစီနဲ့ဂျိန်းတို့ အကြီးအကျယ်ရန်ဖြစ်ခဲ့ကြပါတယ်။ တစ်ယောက်နဲ့တစ်ယောက်မခေါ်ဘဲနေတဲ့ အချိန်ကြာလာတာနဲ့ အမျှ အချင်းချင်းထောက်ပြခဲ့ကြတဲ့ ကိုယ့်အားနည်းချက် တွေကိုယ်ပြန်လည်ဆန်းစစ်ပြုပြင်ခဲ့ကြပါတယ်။ တစ်ယောက်တစ်နေရာစီဝေးကွာသွားကြတော့မယ့် အချစ်ဆုံး သူငယ်ချင်းတွေဟာ အချင်းချင်းမာနတွေတင်းခံပြီး တစ်သက်လုံးမခေါ်ဘဲနေကြတော့မှာလား။ ဂျိန်းလန်ဒန်ကိုမသွားခင် လူစီနဲ့ဂျိန်းတို့ ပြန်လည်သင့်မြတ် သွားမှာလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။
...

An American Pickle (2020) ⭐IMDB: 5.7/10 (27 k Votes) 🎬 #Comedy #Fantasy #Drama 🗓 2020 🎞 movie 🌎 #UnitedStates #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 29 မိနစ် 11 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 An American PickleGenre – Comedy,FantasyIMDb – 5.7/10 Herschel Greenbaumဟာဂျူးလူမျိုးတစ်ယောက်ဖြစ်ပြီးမြောင်းတူးတဲ့အလုပ်လုပ်ကာအသက်မွေးနေသူတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့ သူ့ဘဝထဲ Sarashဆိုတဲ့အမျိုးသမီးလေးတစ်ယောက်နဲ့ ချစ်ကျွမ်းဝင်ပြီးတစ်မြို့လုံးရှေ့မှာဘဲလက်ထက်လိုက်ကြပါတော့တယ်။ဒါပေမယ့်ကံတရားကHerschelတို့ကိုမျက်နှာသာမပေးခဲ့ပါဘူး။ သူတို့လက်ထပ်ပြီးမကြာခင်မှာပဲCossacksဆိုတဲ့ ဂျူးသုတ်သင်ရှင်းလင်းရေးသမားတွေ ဟာ Herschelတို့မြို့လေးကိုဝင်ရောက်ဖျက်စီးပြီးမြို့ခံဂျူးတွေကိုသုတ်သင်ခဲ့ကြပါတယ်။ အဲ့ဒီအဖြစ်ဆိုးကြီးဖြစ်ပြီးတဲ့နောက်Herschelတို့ဇနီးမောင်နှံနှစ်ယောက်လည်းပိုမိုကောင်းမွန်တဲ့အနာဂတ်အတွက်အမေရိကကိုအခြေချပြောင်းရွေ့နေထိုင်ဖို့အကြောင်းဖန်လာပါတော့တယ်။ အမေရိကကိုရောက်တော့ သခွားချဉ်လုပ်တဲ့စက်ရုံတစ်ခုမှာ Herschelကကြွက်နှိမ်နင်းတဲ့အလုပ်ရသွားခဲ့ပါတယ်။ Sarashကလည်းသူတို့ရဲ့ပထမဆုံးရင်သွေးလေးကိုလွယ်ထားရနေပြီဆိုတော့ မျိုးဆက်ကိုကြီးပွားတိုးတက်စေချင်တဲ့ Herschelကအလုပ်ကိုပိုကြိုးစားလုပ်ကိုင်ရပါတော့တယ်။ ဒါပေမယ့်ကံမကောင်းစွာနဲ့ Herschelတို့ရဲ့စက်ရုံဟာပိတ်သိမ်းခံလိုက်ရပါတော့တယ်။ အဲ့ဒီနေ့မှာဘဲ Herschelဟာကြွက်လိုက်ဖမ်းရင်းသခွားသီးတွေစိမ်ထားတဲ့ဆားရည်စည်ကြီးထဲကိုကျပြီးသတိမေ့ပြီးကျန်နေခဲ့ပါတော့တယ်။ နှစ်တစ်ရာအကြာHerschelပြန်နိုးလာတဲ့အခါမှာတော့မော်ဒန်ခေတ်ကြီးကိုရောက်နေပြီးဖြစ်ပြီးSarashနဲ့သူရင်သွေးလေးအပါအဝင်သူသိသမျှလူတွေအကုန်မရှိကြတော့ပါဘူး။အဲ့လို့နဲ့ယူကြုံးမရဖြစ်နေတုန်းမှာပဲသူမှာBenဆိုတဲ့မြစ်တစ်ယောက်ရှိနေ‌သေးမှန်းသိသွားပြီးBenရဲ့တိုက်ခန်းမှာအတူလိုက်ခဲ့ပါတယ်။ နှစ်တရာလုံးလုံးကမ္ဘာကြီးနဲ့အဆက်သွက်ပြတ်နေသူတစ်ယောက်အနေနဲ့ မော်ဒန်ခေတ်ရဲ့လူနေမှုစနစ်တွေကြားမှာ ဘယ်လိုတွေ တိုင်ပတ်နေမလဲ သူ့ရဲ့မြစ်ဖြစ်သူBenနဲ့ရောလူကြီးနဲ့လူငယ်သဘောထားမတိုက်ဆိုင်မှုတွေကိုရော ဘယ်လိုဖြေရှင်းကြမလဲဆိုတာဟာသနှောပြီးရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်တဲ့အတွက် စိတ်လက်ပေါ့ပါးစွာကြည့်ချင်တဲ့သူတွေအတွက် အကြိုက်တွေ့စေမှာအသေချာပါပဲ။
...

Half Baked: Totally High (2024) ⭐IMDB: 4.8/10 (172 Votes) 🎬 #Comedy 🗓 2024 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 37 မိနစ် 38 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 စတုန်နာ ဟာသရုပ်ရှင်ပါ။ ဇာတ်လမ်းအကျဉ်းကတော့ ‌ဂျေအာ၊ ဘရုစ်၊ ကော်ရီနဲ့ မိုင်းလ်စ်ဆိုတဲ့ အလယ်တန်းကတည်းကပေါင်းလာကြတဲ့ စတုန်နာသူငယ်ချင်းလေးယောက်ရှိကြတယ်ပေါ့။ တစ်နေ့မှာ ဘရုစ်က Holy Trinity လို့ခေါ်တဲ့ ဆေးခြောက်ပင်သုံးမျိုးကိုပေါင်းထားတဲ့အတိုင်ကိုသောက်မိပြီး နတ်ပြည်ရောက်သွားတာ နတ်ပြည်ကနေပြန်မဆင်းလာတော့ဘူးပေါ့။ အဲဒီလိုနဲ့ ကျော်မကောင်းကြားမကောင်း ဝိပြဲရင်းရှောသွားတဲ့သူငယ်ချင်းဘရုစ်ရဲ့ နောက်ဆုံးဆန္ဒဖြစ်တဲ့ သူ့ရဲ့မွေးရပ်မြေမှာ သင်္ဂ်ြုဟ်ပေးဖို့ကိစ္စကို အကောင်အထည်ဖော်ဖို့အတွက် သူငယ်ချင်းသုံးယောက်ကဆုံးဖြတ်လိုက်တော့တယ်။ ဘရုစ်ရဲ့အလောင်းကိုရွေးပြီး နယူးဂျာစီ၊ ပါဆေးအထိသယ်ဖို့ဆိုရင် ‌ဒေါ်လာလေးသောင်းတောင်ကျမှာဖြစ်တာကြောင့် စတုန်နာသူငယ်ချင်းတသိုက်ဟာ သတ်မှတ်ရက်အတွင်းမှာ လိုအပ်နေတဲ့ငွေကိုရှာဖို့ကြိုးစားကြရင်း မူးယစ်ရာဇာတွေနဲ့ပါဇာတ်ရှုပ်ကုန်ပါတော့တယ်။ ဒီလိုနဲ့ နောက်ဆုံးမှာ သူငယ်ချင်းဖြစ်သူရဲ့ဆန္ဒကိုဖြည့်ဆည်းပေးနိုင်မလားဆိုတာကိုတော့ လေပေါ်မှာလွင့်ရင်းဆက်ကြည့်လိုက်ပါဦး။ ဟာသကားမို့အများကြီးတော့မမျှော်လင့်ထားစေချင်ပါဘူး။
...

In Good Hands 2 (2024) ⭐IMDB: 5.3/10 (478 Votes) 🎬 #Comedy #Drama #Romance 🗓 2024 🎞 movie 🌎 #Turkey ⏰ 1 နာရီ 40 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီကားဟာ In good hands 1 ရဲ့ အဆက်ဖြစ်ပြီး 1 မှာတော့ မယ်လစ်ဆာဆုံးသွားပြီး ဖာရတ်တို့သားအဖနှစ်ယောက်တည်း ကျန်ခဲ့တာနဲ့ အဆုံးသတ်ထားပါတယ်။ ဒီ 2 မှာတော့ ဖာရတ်တို့သားအဖနှစ်ယောက်ဟာ မိသားစု တစ်ခုမှာ အရေးပါတဲ့လူတစ်ယောက် မရှိတော့လို့ တက်နိုင်သလောက် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရုန်းကန် နေကြပေမဲ့ 1နှစ်ကြာသွားတဲ့အထိ အဆင်မပြေရှာပါဘူး။ ဖာရတ်ကလည်း အရက်တွေအမြဲမပြတ်သောက်သလို သားလေးဂျန်ကလည်း ကျောင်းမှာအပယ်ခံလေးဖြစ်နေဆဲပါ။ ဒါအပြင် သားအဖနှစ်ယောက်ကလည်း အဖေရယ် သားရယ်လို့မခေါ်ကြပြန်တာကြည့်ခြင်းဖြင့် လုံလောက်တဲ့နားလည်မှုမရှိသေးဟန်တူပါတယ်။ သားဖြစ်သူကလည်း အဖေကို အရက်ဖြတ်စေချင် အဖေဖြစ်သူကလည်း သားကို ကျောင်းအမြဲပို့ချင်နဲ့ နှစ်ယောက်သား ဘယ်လိုမှတိုင်ပင်ညှိမရနဲ့ လစ်လပ် သွားတဲ့မယ်လစ်ဆာနေရာကို အစားထိုးဖို့ လူတစ်ယောက် လိုကိုလိုလာပါပြီ။ ရှေ့ဆက်ပြီး သူတို့သားအဖတွေ ဘာတွေဆက်ဖြစ်ကြမလဲ ဘယ်သူတွေနဲ့ဆုံကြမလဲဆိုတာ ဆက်ကြည့်လိုက်ပါဦးနော်။
...

Boomer Uncle (2024) ⭐IMDB: 3.5/10 (24 Votes) 🎬 #Bollywood #Comedy #Drama #Horror 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 56 မိနစ် 46 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Boomer Uncle (2024)“ပဟေဠိစံအိမ်” ပရိသတ်ကြီး အမောပြေစေမယ့် တမီးလ်ဟာသရုပ်ရှင်လေးကိုတင်ဆက်ပေးလိုက်ပါတယ် ဟာသ သရုပ်ဆောင် ယိုဂီဘာဘူကဇာတ်လိုက်အဖြစ် ပါဝင်ထားတဲ့ စူပါဟီးရိုးကားလေးပါ ဇာတ်လမ်းအကျဥ်းကတော့ …. နေဆမ်က သူ့ဇနီးချော လန်ဒန်က အဖြူမလေး အေမီနဲ့ မပျော်ပိုက်လို့ကွာရှင်းခွင့်တောင်းတော့ ကောင်မလေးက ရွာကသူပိုင်တဲ့ စံအိမ်ကြီးကိုခေါ်လာပေးမှ ကွာရှင်းပေးမယ် ပြောလာတော့ သူ ဆယ်နှစ်ကြာ စွန့်ပစ်ထားတဲ့ ဇာတိရွာက စံအိမ်တော်ကြီးကို သူ့တို့လင်မယားရယ်သူငယ်ချင်းတွေရယ် ရောက်လာတယ်… နေဆမ်က ဘာကြောင့်ရယ်မှန်းမသိအပေါ်ထပ်ကို ဘယ်သူမှ မသွားကြဖို့ စည်းကမ်းထုတ်ထားလေရဲ့ ဒါကို စပ်စုတတ်တဲ့ အေမီက ရအောင်တက်သွားပြီး နေဆမ့်ကို မကျေနပ်တဲ့ရွာက သုံးယောက်ကပါ အိမ်ထဲကို ခိုးဝင်လာတဲ့အချိန်မှာတော့ …. ဘယ်လိုအလွဲတွေ ဖြစ်ကြမှာလဲ… ပေါ့ပေါ့ပါးပါး စူပါဟီးရိုး parody ဆန်ဆန်ဒီဇာတ်လမ်းလေးမှာ ပရိသတ်ကြီး ရှုစားပေးပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်
...

Oru Kadha Sollattaa Sir (2024) ⭐TMDB: 0% User Score 🎬 #Bollywood #Horror #Uncategorized #Fantasy #Comedy 🗓 2024 🎞 movie 🌎 #India #Malaysia ⏰ 2 နာရီ 6 မိနစ် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Oru Kadha Sollattaa Sir (2024) ဆန်းကြယ်သောစာအုပ်တစ်အုပ် Imdb 7.2 လွန်ခဲ့တဲ့နှစ်ပေါင်းများစွာ ဘုရင်ခေတ်လက်ထက်တုန်းက စုန်းမမင်းသမီးတစ်ပါးရှိခဲ့တယ်ကလေးတွေရဲ့နှလုံးသားနဲ့ဆေးဖော်ပြီး ထာဝရနုပျိုအောင်လုပ်ခဲ့သူပေါ့ အနီးအနားရွာတွေကလေးတွေပျောက်နေပေမဲ့ဘာဆက်ဖြစ်မှန်းမသိရတာနဲ့ အတိတ်နဲ့အနာဂတ်ကိုကျွမ်းကျင်ပိုင်နိုင်တဲ့ဘုန်းတော်ကြီးတစ်ပါးဆီသွားရောက်မေးမြန်းခဲ့ကြတယ် အဖြစ်မှန်ကိုသိခဲ့ကြပေမဲ့သူတို့မှာကတားဆီးနိုင်စွမ်းမရှိခဲ့ဘူးလေ ဘာလို့လဲဆိုတော့ ဒီစုန်းမကိုသတ်နိုင်တဲ့လူက‌မမွေးလာသေးလို့ပါပဲဒီကလေးက လသစ်ထွက်မဲ့ညမှာမွေးလာမှာဖြစ်ပြီး သူတစ်ယောက်ပဲတားဆီးနိုင်မယ် သူမမွေးလာခင်ထိဘာမှမတတ်နိုင်ဘူးလို့ ဘုန်း‌တော်ကြီးကဟောကိန်းထုတ်ခဲ့ပြီး ဂမ္ဘီရစာအုပ်ထဲ ချရေးခဲ့ပါတယ် လက်ရှိခေတ်…ဇာတ်ညွှန်းရေး ဒါရိုက်တာအရမ်းဖြစ်ချင်နေတဲ့ ကာရူနာ ဒါပေမဲ့ရေးတဲ့ဇာတ်လမ်းတိုင်းကတိုတိုတုတ်တုတ်တွေမို့ဒါရိုက်တာကြီးကအချိန်ယူပြီးကောင်းတာလေးရေးဆိုပြီးပြောလွှတ်လိုက်လေရဲ့ သူ့လိုရည်မှန်းချက်တူတဲ့သူငယ်ချင်း၂ယောက်လည်းရှိပါသေးတယ် သူတို့၃ယောက်က ဇာတ်ညွှန်းရေးမယ်ဆိုပြီး အိမ်တစ်လုံးသီးသန့်ငှားခဲ့တယ် ဒီအိမ်ကလည်းဈေးဘယ်လောက်ခေါ်ခေါ် မရောင်းဘဲတင်းခံထားတဲ့အိမ်ပါ ဒီအိမ်ကြီးမှာရောဘယ်လိုလျှို့ဝှက်ချက်တွေရှိနေမလဲဒီအိမ်ထဲ‌ ၃‌ယောက်သားဇာတ်ညွှန်းရေးကြရင်း ကာရူနာ့အဘိုးထားခဲ့တဲ့ ဂမ္ဘီရစာအုပ်ထဲချရေးမိရာကရေးသမျှက လက်တွေ့ဖြစ်လာတဲ့အခါမှာတော့…. ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်
...

Ground (2024) ⭐IMDB: 8.3/10 (2 k Votes) 🎬 #Bollywood #Drama 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 40 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Ground (2024)“ကစားကွင်း” IMDb 8.3 ရထားပြီး ကိန်းခမ်းကြီးကျယ်ရုပ်ရှင်တွေကို ရိုးအီနေတဲ့ပရိသတ်ကြီးအတွက် လူငယ်တွေဝိုင်းဝန်းဖန်တီးထားတဲ့ ရိုးရှင်းလတ်ဆတ်တဲ့ လက်ရာ –တေလဂူး ဟာသ/ဒရာမာ ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ် ခရစ်ကတ်ရူးသွပ်ကြတဲ့ သူငယ်ချင်းတစ်သိုက် ကျောင်းပိတ်ရက်တစ်ရက်မှာရပ်ကွက်အစွန်က ကစားကွင်းကို ခရစ်ကတ်ဆော့ဖို့ ရောက်လာတယ် သူတို့တင်မကပဲ မိန်းကလေးတစ်ချို့လည်း လာကြည့်ကြရင်းသာမန်တနင်္ဂနွေနေ့ ပျော်စရာအားလပ်ရက်လေးမှာ ပျော်ရမယ်ကြံကာမှ … နောက်ထပ်အဖွဲ့တစ်ဖွဲ့နဲ့ အချင်းများကြလေရဲ့… ဒီလိုကနေ တဆင့်တက်လို့ဟာရီက လောင်းကြေးနဲ့ဆော့ဖို့ စိန်ခေါ်လိုက်ရာကနေ မထင်မှတ်ထားတာတွေ ဖြစ်လာတဲ့အခါမှာတော့ … အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်
...

Sully (2016) ⭐IMDB: 7.4/10 (300 k Votes) 🎬 #Biography #Drama #History 🗓 2016 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 36 မိနစ် 42 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားက ၂၀၀၉ ခုနှစ် တစ်လပိုင်းက ဖြစ်ပျက်ခဲ့တဲ့ မြစ်ထဲကို လေယာဉ်ပျက်ကျမှုဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးထားတာပါ။ ထူးခြားမှုကတော့ လေယာဉ်ပေါ်က လူ ၁၅၅ ယောက်လုံးအသက်ရှင်နိုင်ခဲ့တာပါပဲ။ ဒီဇာတ်ကားမှာ မင်းသားကြီး တွမ်ဟန့်ခ်က အမေရိကန်ရဲ့ သူရဲကောင်းတစ်ယောက်ဖြစ်လာတဲ့ ပိုင်းလော့ကြီးနေရာကနေ သရုပ်ဆောင်ထားပါတယ်။ မြစ်ထဲကို လူအသေအပျောက်မရှိထိုးဆင်းနိုင်ခဲ့လို့ တကယ်ချီးကျူးစရာဖြစ်ခဲ့သလို ၂၄ မိနစ်အတွင်း သင်္ဘောတွေ လေယာဉ်တွေနဲ့ ကယ်ဆယ်ရေး လူ၁၀၀၀ ကျော်စုစည်းပြီး အားလုံးကို ကယ်တင်နိုင်ခဲ့တဲ့ နိုင်ငံရဲ့စီမံခန့်ခွဲမှုကလည်း အံသြစရာတစ်ခုလို့ ပြောသင့်တယ်ထင်ပါတယ်။ IMDb rating 7.8 ရထားတဲ့ဒီဇာတ်လမ်းမှာ အားလုံးက သူရဲကောင်းလို့သတ်မှတ်ထားတဲ့ ပိုင်းလော့ကြီးရဲ့ လေယာဉ်ဆင်းသက်ခဲ့ပြီး နောက်ဆက်တွဲပြဿနာနဲ့ လေယာဉ်ပေါ်က အကြောင်းအရာတွေကို ပေါင်းစပ်ပြီးပြသထားတာပါ။ ပြဿနာကတော့ လေယာဉ်ကိုစစ်ဆေးတဲ့ အင်ဂျင်ပိုင်းဆိုင်ရာ ပညာရှင်တွေနဲ့ ကွန်ပြူတာအချက်အလက်တွေက လေယာဉ်ဟာ မြစ်ထဲထိုးဆင်းစရာမလိုဘဲ လေဆိပ်ကိုအရောက်ပျံသန်းနိုင်တယ်လို့ ညွှန်ပြပြီး ပိုင်းလော့ကို အာမခံကုမ္မဏီက တရားခံရှာဖို့ကြိုးစားလာတာပါပဲ။ ဆူလီဟာ သူရဲကောင်းတစ်ယောက်လား အားလုံးကိုအန္တရာယ်ကျရောက်စေတဲ့ ဆုံးဖြတ်ချက်မှားယွင်းသူလား? ဆူလီတစ်ယောက် သူ့အတွေ့အကြုံနဲ့ဆုံးဖြတ်ချက်ဟာ ကွန်ပြူတာတွေ ပညာရှင်တွေရဲ့ သီအိုရီတွေထက် ပိုမှန်ကန်လားဆိုတာ သက်သေပြနိုင်ဖို့
...

Fighter (2023) ⭐IMDB: 8.9/10 (546 Votes) 🎬 #Action #Bollywood #Drama #Thriller 🗓 2023 🎞 movie 🌎 #India ⏰ 1 နာရီ 59 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Fighter 2023 (သွေးမာဖီယားဂိုဏ်းနှင့် ဖိုက်တာ)IMDb- 7.9/10 ယခုတစ်ခါတင်ဆက်ပေးမှာကတော့ မှောင်ခိုလုပ်ငန်းတွေအများကြီးရှိတဲ့အထဲကနေပြည်သူတွေက စေတနာနဲ့လှူထားတဲ့ သွေးတွေကို မှောင်ခိုလုပ်တဲ့သွေးမာဖီးယားဂိုဏ်းကို ဖြိုခွင်းမယ့် အက်ရှင်ကားလေးပဲဖြစ်ပါတယ်။ ပြည်သူတွေက စေတနာနဲ့လှူထားတဲ့ သွေးတွေကို ပုဂ္ဂလိကဆေးရုံနှင့်ဆေးခန်းတော်တော်များများ ပါဝင်ထားပြီးသွေးမှောင်ခိုလုပ်တဲ့ မာဖီးယားဂိုဏ်းတစ်ခုအကြောင်းကို ဖိုက်တာဆိုတဲ့ဘလော့ခ်တစ်ခုကနေ မြင်ပြီးတော့အမှုလိုက်ရာကနေ ဒီကိစ္စဟာ လူသိများလာပါတော့တယ်။ ဒီလို တရားမဝင်အမှုတွေရဲ့အကြောင်းကို ရေးသားတင်ပြနေတဲ့သူကတော့မိုဟွတ်ခ်ဆိုတဲ့ကောင်လေးတစ်ယောက်ပေါ့။ သူ့ရဲ့ထုံးစံအတိုင်းဒီသွေးမှောင်ခိုကိစ္စကိုလည်း သူဟာ ရေးသားတင်ပြလိုက်ပါတယ်။ဒီလိုနဲ့ တစ်နေ့မှာ သူ့ရဲ့အမေဟာ ပြန်ပေးဆွဲခံလိုက်ရပါတော့တယ်…….သူ့အမေကို ပြန်ပေးဆွဲသွားတဲ့သူတွေနောက်ကို ဘယ်လိုခြေရာခံလိုက်မလဲ ….. သူ့အမေ ပြန်ပေးဆွဲခံရတဲ့နောက်ကွယ်မှာ သွေးမှောင်ခိုဂိုဏ်းက ပါဝင်ပတ်သတ်နေမလား ……တရားမဝင်သွေးမှောင်ခိုဂိုဏ်းကိုရော ဘယ်လိုတွေ နှိမ်နင်းသွားဦးမလဲ ……. ဆိုတာတွေကိုကြည့်ရှုရမယ့် ရှယ်ဖြဲရှယ်ကြမ်းမယ့် အက်ရှင်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)
...

For Better and for Worse (2023) ⭐IMDB: 5.4/10 (499 Votes) 🎬 #Comedy 🗓 2023 🎞 movie 🌎 #France ⏰ 1 နာရီ 30 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ရှေးရိုးစွဲမြို့တော်ဝန်ဂျန်က transgenderဆန့်ကျင်သူတစ်ယောက်ဖြစ်ပြီး မြို့တော်ဝန်သက်တမ်းတိုးဖို့အတွက် မြို့တော်ဝန်ရွေးကောက်ပွဲကို ထပ်ပြီးဝင်ပြိုင်တော့မှာပါ ။ ရွေးကောက်ပွဲကျင်းပခါနီးမှာပဲ ဂျန်ရဲ့ဇနီး အီဒီက ဂျန်ကို ကြီးမားတဲ့လျို့ဝှက်ချက်တစ်ခုဝန်ခံလိုက်တယ် ။ အဲဒါကတော့ အီဒီက ယောကျ်ားတစ်ယောက်လို ပြောင်းလဲနေထိုင်ချင်တဲ့အမျိုးသမီးတစ်ယောက်ဆိုတာပါပဲ ။ ငယ်စဥ်ကတည်းက အီဒီက အဲဒီစိတ်ကိုတွန်းလှန်ဆန့်ကျင်လာခဲ့ပြီး အိမ်ထောင်ပြု၊ကလေးတွေရပြီးမှ နောက်ဆုံးမှာ ကိုယ့်ဖြစ်တည်မှုကို ကိုယ်လက်ခံဖို့ဆုံးဖြတ်ခဲ့တာပါ ။ ဒီအကြောင်းကိုကြားလိုက်ရတဲ့ ဂျန်ကတော့ တစ်ခါတည်း ခေါင်းဆင်နင်းသွားတော့တယ် ။လက်ထပ်ပွဲကတိသစ္စာထဲက ” FOR BETTER OR FOR WORSE “ဆိုတဲ့စကားအတိုင်း ဂျန်က အီဒီရဲ့ဖြစ်တည်မှုကို လက်ခံနိုင်ပါ့မလား… ။ ဟာသကားမို့လို့ သဘာဝဆန်ဆန်လေးနဲ့ ရယ်ရပြီး ပိတ်ရက်မှာအပန်းပြေကြည့်လို့ကောင်းတဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ် ။ ကြည့်ရှုသူတွေရော မြို့တော်ဝန်ဂျန်လိုအခြေအနေမျိုးနဲ့ကြုံရရင် ဘယ်လိုဆုံးဖြတ်ချက်မျိုးချမလဲဆိုတဲ့အတွေးလေးတစ်ခုလည်းရစေပါတယ်နော်
...

One Night Stand (2021) ⭐TMDB: 78% User Score 🎬 #Drama #Romance 🗓 2021 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 21 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းလေးကတော့ ပေါ့ပေါ့ပါးပါးနဲ့ကြည့်လို့ကောင်းတဲ့ကားလေးပါ ဇာတ်လမ်းရဲ့နာမည် one night stand ဆိုတဲ့အတိုင်းပဲ တစ်ရက်တည်းအတွင်းဖြစ်ပျက်တာတွေကိုဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာပဲဖြစ်ပါတယ် လူငယ်ပီပီ ကြုံလာရတဲ့ဘဝအခက်အခဲ၊ အချစ်ရေးစတဲ့အကြောင်းအရာတွေနဲ့ပတ်သတ်ပြီး ရိုက်ကူးထားတဲ့အတွက် အချိန်ကုန်ရကျိုးနပ်မဲ့ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်
...

Hit Man (2023) ⭐IMDB: 7.1/10 (18 k Votes) 🎬 #Action #Comedy #Crime #Romance 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 55 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb 7.2Tomato 97% ဒီရုပ်ရှင်ကတော့ ဟာသအက်ရှင်အမျိုးအစားပါ၊ Netflix ရဲ့ ပေါကားတွေကြားထဲမှာ ရှားရှားပါးပါး စိတ်ဝင်စားစရာ ကားကောင်းလေးပါပဲ။ ဒါရိုက်တာက Before Trilogy ရဲ့ ဖန်တီးရှင် Richard Linklater ဆိုတော့ ဒိုင်ယာလော့ လန်းလန်းတွေ ပါတာပေါ့။ ဇာတ်လမ်းကတော့ နာမည်အတိုင်း ကြေးစားလူသတ်သမား တစ်ယောက်အကြောင်းလို့ ထင်မိရင် မှားမယ်။ မဟုတ်ပါဘူး။ ဒီဇာတ်လမ်းအရဆိုရင် ကြေးစား လူသတ်သမားဆိုတာ တကယ်မရှိပါဘူး။ ဘယ်ကောင်မှ သေဒဏ်ကျနိုင်တဲ့ကိစ္စကို ငွေလေးနှစ်ပဲတစ်ပြားနဲ့ မလုပ်ပါဘူးတဲ့။ ဒီတော့ လူတစ်ယောက်ကို သတ်ချင်လို့ လိုက်ငှားတဲ့သူတွေကို ရဲက စုံစမ်းမိပြီဆိုရင်သူတို့ရဲ့ လက်ရွေးစင် အသွင်ယူ ကြေးစားလူသတ်သမားကြီးကို ခေါ်လိုက်ပါတယ်။ သူက ကလိုင်းယန့်တွေကိုလေ့လာပြီး သူတို့ယုံမဲ့ပုံစံ စကားတွေနဲ့ အလုပ်အပ်တာကိုလက်ခံပြီးမှ ရဲတွေက သက်သေနဲ့ တစ်ခါတည်း ဖမ်းပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ ယောကျာ်းကိုသတ်ဖို့ အလုပ်လာအပ်တဲ့ ကောင်မလေးတစ်ယောက်ကို မဖမ်းဘဲ ဆုံးမပြီး ပြန်လွှတ် လိုက်ပါတယ်။ အဲဒီကောင်မလေးနဲ့ ပြန်တွေ့ရကနေ နောက်ဆက်တွဲတွေ ရှုပ်ကုန်ပြီး တကယ့် လူသတ်သမားတွေ အဖြစ် ဘယ်လိုပြောင်းသွားလဲ ကြည့်ရမှာပါ။ အစအဆုံး ဘာဖြစ်မလဲ သိချင်စိတ်ဖြစ်စေတဲ့ရုပ်ရှင်မျိုးမို့ သေချာပေါက် ကြည့်လိုက်ကြပါဦး။
...