ဇာတ်ညွှန်းများ • FDMN
Yopiq kanal
Ma'lumot yo'q
Obunachilar
-524 soatlar
-47 kun
+730 kun
Postlar arxiv
Stella (2022)
⭐IMDB: 6.7/10 (7 Votes)
🎬 #Drama
🗓 2022 🎞 movie
📺 #1080p #720p
💿 1.5 GB ⦿ 674.3 MB
🌎 #UnitedKingdom
⏰ 1 နာရီ 59 မိနစ် 51 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Stella (2022)
အခု မိတ်ဆက်ပေးမယ့် Stella ဆိုတဲ့ ဇာတ်ကားကတော့ ၂၀၂၂ ခုနှစ်ကထွက်ရှိထားတဲ့ ဟစ်တလာတန်ခိုးထွားခဲ့တဲ့အချိန်ကာလကို အခြေခံရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။
ဒီဇာတ်ကားမှာဆိုရင်တော့ မင်းသား မင်းသမီးသစ်တွေဖြစ်တဲ့ လူးဝစ်(စ်)ဟောလ်နဲ့ အော်လီဖင်းန် ကနေပြီးတော့ ဇာတ်ဆောင်တွေအဖြစ်ပါဝင် သရုပ်ဆောင်ထားကြပါတယ်။ မင်းသား၊ မင်းသမီးသစ်လေးတွေဆိုပြီးတော့ အထင်တော့သွားမသေးစေချင်ပါဘူး။ နာမည်ကြီးတက္ကသိုလ်တစ်ခုဖြစ်တဲ့ အောက်စဖို့ဒ်ရဲ့ ဒရာမာကျောင်းနဲ့ အင်္ဂလန်ထိပ်တန်း အနုပညာကျောင်းဖြစ်တဲ့ Royal Central ရဲ့ လက်ထွက် မင်းသားမင်းသမီးတွေဖြစ်ပါတယ်။ အဲဒါကြောင့်မို့လို့ သရုပ်ဆောင်စကေးကတော့ အပြစ်ပြောစရာကို မရှိပါဘူး။
ဒီဇာတ်ကားရဲ့ ဇာတ်လမ်းဟာဆိုရင်တော့ဖြင့် ဂျာမန်-ဂျူး ကပြားလေးဖြစ်တဲ့ စတယ်လာဆိုတဲ့ ဒုက္ခသည်အမျိုးသမီးလေးက စကော့တလန်မှာရှိတဲ့ မှူးမတ်ဘွဲ့ကိုရရှိထားသူ သခင်ရစ်ဂ်ရဲ့ အိမ်တော်မှာ အိမ်ကူအဖြစ်အလုပ်လျှောက်ဖို့ သွားရာကနေ စပါတယ်။ စတယ်လာလေးဟာ သူအလုပ်လျှောက်ရမယ့် အိမ်ကိုရောက်သွားပေမဲ့လည်း ကံမကောင်းစွာနဲ့ပဲ သူရောက်လာတာနောက်ကျသွားတဲ့အတွက် သူ့နေရာကို လူစားထိုးခံလိုက်ရပါတယ်။ ဒါပေမဲ့လည်း အကြောင်းဖန်လာတော့ ရစ်ဂ်အိမ်က သခင်မက သူ့ကို သနားသွားပြီး ခဏပြုစုပေးဖို့ကြိုးစားရာကနေ အဲဒီအိမ်တော်မှာပဲ သူဟာအလုပ်သစ်တစ်ခုကို ရသွားပါတော့တယ်။ ဒီလိုနဲ့ပဲ စတယ်လာတစ်ယောက် ဘယ်လိုအလုပ်မျိုးကိုရသွားလိမ့်မလဲ… အဲဒီအိမ်တော်မှာရော ဘယ်သူတွေနဲ့တွေ့ဆုံရပြီး ဘယ်လိုတွေဇာတ်ကြောင်းဖန်လာမလဲ… ဒါ့အပြင် မျိုးရိုးမြင့်အိမ်တွေမှာ နေရတဲ့အခါ ကြုံတွေ့ရတဲ့ အခက်အခဲပြဿနာတွေ၊ ဖိအားမျိုးစုံတွေအပြင် ရိုမန်တစ်ဆန်ဆန်လေးတွေကိုပါ နှောထည့်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်လို့ ဖီးချင်တဲ့သူတွေအတွက် သုတကော ရသကော ပေးစွမ်းနိုင်မယ့် ကားကောင်းတစ်ကားဆိုမမှားပါဘူး။
(ဒီဇာတ်ကားနဲ့အညွှန်းကိုMarkမှ ပြန်ဆို ရေးသားထားပါတယ်)...
Born to Fly (2023)
⭐IMDB: 6.4/10 (1 k Votes)
🎬 #Action #Drama
🗓 2023 🎞 movie
📺 #1080p #480p
💿 1.4 GB ⦿ 672.3 MB
🌎 #China
⏰ 2 နာရီ 8 မိနစ် 9 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
CMပရိတ်သတ်တို့အတွက် Wang Yi Bo(ဝမ်ရိပေါ်)ရဲ့ရုပ်ရှင်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါပြီလေ့ယွီ(Wang Yi Bo)ဟာ ကပ္ပတိန်ကျန်းထင်ရဲ့ ကြောင်းလမ်းမှုနဲ့စမ်းသပ်ပျံသန်းရေးဌာနမှာ စမ်းသပ် တိုက်လေယာဉ်မှုးဖြစ်ဖို့အဆင့်ဆင့်စမ်းစစ်မှုတွေကိုဖြတ်သန်းခဲ့ပါတယ်။
💚ထို့နောက်မှာတော့ ရှေ့တန်းကလေယာဉ်မှုးတွေ အန္တရာယ်ကင်းစွာလေယာဉ်မောင်းနှင်နိုင်မှုအတွက် ပြင်းထန်ပြီးစွန့်စားမှုကြီးလာတဲ့ မစ်ရှင်တွေ ဆောင်ရွက်ရပါတော့တယ်မြင့်မားတဲ့ဝေဟင်ထက်မှာ သေခြင်းတရားနဲ့ အဖန်ဖန်ရင်ဆိုင်ခဲ့ရပြီး နောက်ဆုံးမှာ …
💚လေဟုန်ကိုခွင်းပြီး ဝေဟင်ထက်က လေတံခွန်လေးဖြစ်နိုင်ပါ့မလား…💚တာဝန်ကိုရောပြီးမြောက်အောင်မြင်နိုင်ပါ့မလား💚နိုင်ငံကိုပိုင်နက်ကျူးကျော်နေတဲ့ ပြည်ပတိုက်လေယာဉ်နယ်ချဲ့သမားတွေကိုလည်း တရုတ်နိုင်ငံတော်လေတပ်နဲ့ ဘယ်လိုပူးပေါင်း တိုက်ထုတ်ကြမလဲ💚”စွန့်စားမှု”ဆိုတဲ့ စာလုံးလေးသုံးလုံးကနေ “ဘေးကင်းမှု”ဆိုတဲ့ရလဒ်ရနိုင်ပါ့မလား...
Journey To The East: The Eight Immortals (2023)
⭐TMDB: 0.0% User Score
🎬 #Action #Fantasy
🗓 2023 🎞 Movie
📺 #1080p #480p
💿 1.3 GB ⦿ 447.1 MB
🌎 #China
⏰ 1 နာရီ 26 မိနစ် 22 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
နတ်ဆိုးတွေဟာ လူ့လောကကိုအစဥ်အနှောင့်အယှက် အဖျက်ပြုနေခဲ့ပါတယ်၊နတ်ဆိုးအရှင်ဟွမ်ယွမ်ဟာ လွန်ခဲ့တဲ့နှစ်ထောင်ချီများစွာကရှေးဟောင်းနတ်သီကျွင်းရဲ့ ချိတ်ပိတ်မှုကို ခံခဲ့ရပါတယ်၊သို့သော် အဖျက်အမှောင့်စိတ်ကတော့ အတောမသတ်ခဲ့ပါဘူး…
မိစ္ဆာစိတ်ကိုအသုံးချပြီး ဘယ်လိုသားကောင်တွေကို ပစ်မှတ်ထားဝါးမျိုသွားမလဲ….တစ်ဖန်-အမတနတ်မင်း ရှစ်ပါးထဲကတစ်ပါးဖြစ်တဲ့ လွီသုန့်ပင်းဟာနတ်ဆိုးအရှင်ဟွမ်ယွမ်နဲ့တိုက်ပွဲမှာ မှားယွင်းတဲ့ဆုံးဖြတ်ချက်ကြောင့်ဟယ်ရှန်းနတ်မိမယ်ကို နတ်သက်ကြွေစေခဲ့မိပါတယ်
သို့သော် နတ်မိမယ်ရဲ့နာမ်ဝိညာဉ်အပိုင်းအစဟာ လူ့လောကရဲ့လူသားတစ်ယောက်ခန္ဓာကိုယ်မှာရှိနေတယ်ဆိုတဲ့ ပြောကြားချက်အရလွီသုန့်ပင်းတစ်ေယာက်လူ့ပြည်ဆင်းပြီး ကပ်ဘေးကျော်ဖြတ်ရင်းဟယ်ရှန်းနတ်သမီးကို လိုက်လံရှာဖွေခဲ့ပါတယ်
-ထုံးစံအတိုင်း ဘယ်လိုတွေဆက်ဖြစ်မလဲ-ဇာတ်လမ်းတစ်ပုဒ်မှာ ဘယ်လိုမြှုပ်ကွက်ဇာတ်ကောင်တွေ ရှိနေဦးမလဲ…ဆိုတာ ဆက်လက်ကြည့်ရှုခံစားပါ။...
Mixed by Erry (2023)
⭐IMDB: 7.1/10 (1 k Votes)
🎬 #Comedy #History #Uncategorized #Music
🗓 2023 🎞 movie
📺 #1080p #720p #480p
💿 1.5 GB ⦿ 675.7 MB ⦿ 382.8 MB
🌎 #Italy
⏰ 1 နာရီ 52 မိနစ် 58 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Mixed by Erry (2023)================IMDb Rating – 7.1/10
အဦးဆုံးအနေနဲ့ အယ်ရီဆိုတာ ဘယ်သူလဲ၊ အယ်ရီဖရက်တက်စီယိုဆိုတဲ့ပုဂ္ဂိုလ်ကတော့ လက်ရှိအချိန်အထိအပြင်မှာသက်ရှိထင်ရှားရှိနေသေးပြီး ၁၉၈၀ ကျော်ကာလတွေအတွင်း သီချင်းကတ်ဆက်နဲ့တိပ်ခွေတွေကို အီတလီနိုင်ငံက လူတွေရဲ့လက်ထဲကိုရောက်အောင်စွမ်းဆောင်ပေးခဲ့တဲ့ သူရဲကောင်းကြီး (ဝါ) မူပိုင်ခွင့်တွေချိုးဖောက်တဲ့ရာဇဝတ်သမားလို့ ပြောလို့ရပါတယ်။
အယ်ရီ့မှာ ဒီဂျေတစ်ယောက်ဖြစ်ချင်တဲ့ဝါသနာအိပ်မက်လေးတစ်ခုပါလာတယ်။ သို့ပေမဲ့ အမျိုးမျိုးသောအကြောင်းတရားတွေကြောင့်ဒီဂျေဘဝကိုလက်လွှတ်လိုက်ရတော့မဲ့အချိန်မှာပဲ ကတ်ဆက်ခွေတွေရောင်းဖို့ အကြောင်းဖန်လာတဲ့အခါမှာတော့ အယ်ရီတို့မိသားစုရဲ့ဘဝဟာ အရာရာပြောင်းလဲသွားခဲ့ပါတော့တယ်။
ဒီဇာတ်ကားလေးကတော့ ဖရက်တက်စီယိုညီအစ်တွေဖြစ်တဲ့ အယ်ရီ၊ဂီအူဆက်ပေး နဲ့ အန်ဂျလို တို့ သုံးယောက်သား လောကဓံရဲ့အနိမ့်အမြင့်အတက်အကျတွေကြားထဲကနေ ဘယ်လိုအောင်မြင်အောင်ကြိုးစားခဲ့ကြလဲဆိုတာကိုကြည့်ရှုခံစားရမဲ့ Netflix ရဲ့ အီတလီ အတ္တုပ္ပတ္တိ ဒရာမာဇာတ်ကားလေးပဲဖြစ်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Khant Sett Naing ဖြစ်ပါတယ်)...
Bachelorette (2012)
⭐IMDB: 5.3/10 (48 k Votes)
🎬 #Comedy #Romance
🗓 2012 🎞 movie
📺 #1080p #720p #480p
💿 1.2 GB ⦿ 663.6 MB ⦿ 384.2 MB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 27 မိနစ် 40 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ယခု တင်ဆက်ပေးမှာကတော့ အမေရိကန် ဟာသဇာတ်မြူး ရုပ်ရှင်ကားလေးဖြစ်ပါတယ်။ Spider Man ဇာတ်လမ်းမှာ Mary Jane အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Kristen Dunst ၊ Now You See Me ဇာတ်ကားထဲက မင်းသမီးတွေဖြစ်တဲ့ Isla Fisher နဲ့ Lizzy Caplan ၊ Pitch Perfect ထဲကအချစ်တော်ကြီးဖြစ်တဲ့ Rebel Wilson တို့လိုနာမည်ကြီးမင်းသမီးတွေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းသွားကတော့ နာမည်ကြီးဟာသဇာတ်လမ်း Hang Over နဲ့ခပ်ဆင်ဆင်တူပါတယ်။ ဇာတ်လမ်းအကျဉ်းချုပ်ပြောရရင် ရီဂန်(Kristen Dunst) ၊ ဂျန်နာ (Lizzy Caplan) နဲ့ ကေတီ ( Isla Fisher) တို့က ငယ်သူငယ်ချင်းဖြစ်သူ ဘက်ကီ( Rebel Wilson ) ရဲ့ မင်္ဂလာပွဲမှာ သတို့သမီးအရံအဖြစ်လုပ်ပေးရမှာဖြစ်ပါတယ်။ ဒါပေမဲ့ မင်္ဂလာပွဲမတိုင်ခင်ည ပါတီမှာ သုံးယောက်သား သောင်းကျန်းလွန်ရင်းသတို့သမီးရဲ့ မင်္ဂလာဝတ်စုံပြဲသွားပါတယ်။ ဒီတော့ ညတွင်းချင်း ဝတ်စုံအသစ်ပြန်စီစဉ်ဖို့ လုပ်ရပါတော့တယ်။ သူတို့ရဲ့ ဒီမစ်ရှင် ဟာ ကောင်းကောင်းမွန်မွန်ပြီးသွားမလား၊ ဘယ်လိုကမောက်ကမတွေဖြစ်မလဲ ဆိုတာကို ကြည့်ရှုခံစားလိုက်ကြပါအုံးခင်ဗျာ။...
Criminal Network (2023)
⭐IMDB: 3.8/10 (43 Votes)
🎬 #Crime #Thriller
🗓 2023 🎞 movie
📺 #1080p #720p
💿 1.0 GB ⦿ 545.0 MB
🌎 #UnitedKingdom
⏰ 1 နာရီ 15 မိနစ် 55 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
UK ဇာတ်ကားလေးတစ်ကားဖြစ်တဲ့ ဒီကားလေးမှာအဓိကဇာတ်ဆောင်လည်းဖြစ် ကိုယ်တိုင်ရေး ကိုယ်တိုင်ရိုက် ကိုယ်တိုင်ထုတ်ဝေသူ လုပ်ထားတဲ့ မင်းသား Adam Starks ရဲ့ Crime ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်
ဇာတ်လမ်းပုံစံကတော့ ရိုင်ရန်နဲ့ ဂျိမ်းစ်ဆိုတဲ့ ညီအစ်ကိုနှစ်ယောက် ကံမကောင်းစွာနဲ့ပဲ အရှုပ်ထုပ်ထဲမှာ ပါဝင်ပတ်သတ်မိခဲ့ကြတဲ့အကြောင်းပါရာဇဝတ်မှုတွေကိုကြူးလွန်နေတဲ့ အကောင်းကြီးကြီး အမြှီးရှည်ရှည် လူတစ်ယောက်နဲ့ ဘုမသိဘမသိ ပတ်သတ်မိခဲ့ကြတဲ့ညီအစ်ကိုနှစ်ယောက်ရဲ့ ကံကြမ္မာကို Crime ဇာတ်ကားတွေရဲ့ plot လေးတွေအတိုင်းမတူညီတဲ့ပုံစံလေးတွေနဲရိုက်ကူးတင်ဆက်ပေးထားပါတယ်
အဲ့ဒီ ရာဇဝတ်မှုတွေရဲ့နောက်ကွယ်က ဘယ်သူတွေလဲဘယ်သူတွေပါဝင်ပတ်သတ်နေတာလဲ ဘယ်လိုတွေစုံစမ်းဖေါ်ထုတ်သွားလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ခံစားကြပါဦး……..ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ပဲဖြစ်ပါတယ်...
Jack (2014)
⭐IMDB: 7.2/10 (1 k Votes)
🎬 #Drama
🗓 2014 🎞 movie
📺 #1080p #720p
💿 2.2 GB ⦿ 938.0 MB
🌎 #Germany
⏰ 1 နာရီ 38 မိနစ် 58 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb – 7.2 / Rotten Tomatoes – 8.2%
အဆုံးသတ်မှာ နှလုံးသားကိုကွဲအက်သွားစေတဲ့ ရုပ်ရှင်တွေ
ဘဝမှာ ဘယ်နှစ်ခေါက်လောက်ကြည့်ဖူးကြလဲ ကျွန်တော့်
အတွက်တော့ ဂျက်ဆိုတဲ့ ၂၀၁၄ ခုနှစ်ထွက် ဂျာမန်ရုပ်ရှင်
တစ်ကားဟာ အပါဝင်ပဲ။
လောကကြီးကို လူမမည်ကလေးတစ်ယောက်ရဲ့ မြင်ကွင်း
ကနေကြည့်နေရသလိုပဲ။ ဂျက်ဆိုတဲ့ ချာတိတ်လေးဟာ
အရွယ်နဲ့မလိုက်တဲ့ တာဝန်ဝတ္တရားတွေကို ပုခုံးပေါ်ထမ်းပိုးပြီး
မိခင်မေတ္တာတွေကိုငတ်မွတ်ရင်း ဘဝကို သတ္တိရှိရှိ ရင်ဆိုင်နေတဲ့
ချာတိတ်လေးတစ်ယောက်ပဲ။ သားသမီးကိုအချိန်မပေးတဲ့
ဘဝကိုအလေးနက်မထားဘဲ ခပ်ပေါ့ပေါ့ နေတတ်တဲ့
ကလေးနှစ်ယောက်နဲ့ တစ်ခုလပ်မိခင်ဖြစ်သူ ဆန်နာ ကို ဂျက်ဟာ
အရမ်းချစ်တယ်။ ညီဖြစ်သူ ကလေးလေးရဲ့ဝေရာဝတ်စတွေကို
ဂျက်ဖြစ်သူပဲ ခြေအစခေါင်းအဆုံးလိုက်လုပ်ပေးတယ်။ နောက်တော့
မိခင်ဖြစ်သူဟာ ဂျက်ကိုလူငယ်ဂေဟာပို့အငယ်ကောင်လေးကို
သူငယ်ချင်းနဲ့ အပ်ပြီး ရုတ်တရက်ပျောက်ဆုံးသွားတယ်
ဆက်သွယ်လို့မရတော့ဘူး။ ဒီလိုနဲ့ပဲ မိခင်မေတ္တာကို ငတ်မွတ်လွန်းတဲ့
ဂျက် တို့ညီအစ်ကို နှစ်ယောက်သား ဘာလင်မြို့ရဲ့လမ်းမတွေပေါ်မှာ
မိခင်ရှာပုံတော်ဖွင့်ပါတော့တယ်။ ချာတိတ်နှစ်ယောက်
ကွန်ကရစ်တောကြီးထဲ နေ့နေ့ညည ဘယ်လိုတွေဖြတ်သန်း
ကြမလဲဆိုတဲ့ အတွေးနဲ့တင် အုပ်စီးလွန်းလှပါတယ်။ ဒီလိုနဲ့
ရှာပုံတော်ကြီးအဆုံးမှာ ဂျက်ဟာ ဘာတွေကိုနားလည်ပြီး
ဘယ်လိုဆုံးဖြတ်ချက်မျိုး ချခဲ့လဲ ဆိုတာ ဆက်လက်ကြည့်ရှုကြည့်ပါ။...
School of Lies (2023- )
⭐IMDB: 5.9/10 (609 Votes)
🎬 #Drama #Mystery #Thriller
🗓 2023- 🎞 tv series
📺 #1080p
🌎 #India
⏰ 33 မိနစ် 6 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
School of Lies(2023)School of Lies(2023)IMDb-5.9/10
နာမည်ကတော့ မုသားကျောင်းတော်တဲ့
အိန္ဒိယနိုင်ငံရဲ့ စိတ်ကူးယဉ်ဆန်တဲ့ Dalton မြို့တော်က ဘော်ဒါကျောင်းတစ်ခုမှာ
setting ထိုင်ရိုက်ကူးထားပြီး BBC ကနေထုတ်လုပ်လိုက်တဲ့ ကျောင်းသားစီးရီးလေးဖြစ်ပါတယ်
ဒီဇာတ်လမ်းကလည်း ဖြစ်ရပ်မှန်ပါပဲ ဒါပေမဲ့ ဘယ်နိုင်ငံဘယ်မြို့မှာဖြစ်ခဲ့တာပါဆိုတဲ့
အသေးစိတ်အချက်အလက်ကိုတော့ ထုတ်ပြောမထားကြပါဘူးဇာတ်လမ်းအညွှန်းRISE ဆိုတဲ့ကျောင်းတော်ကနေ ၁၂ နှစ်အရွယ် ရှက်တီဆယ်လ်ဂွန်ကာဆိုတဲ့
ကျောင်းသားလေးတစ်ယောက် ရုတ်တရက်ပျောက်သွားပါတယ်
အစကတော့ သာမန်ပဲကျောင်းသားတစ်ယောက် ကျောင်းလစ်ပြီးလျှောက်သွားတယ်ထင်ကြတာပေါ့
အချိန်ကြာလေ ဘယ်သူ့ဆီကမှဘာသတင်းအစအနမှမရလေတော့ ကိစ္စတွေကရိုးရှင်းမနေတော့ပါဘူးဒီလိုနဲ့ မိဘတွေသူငယ်ချင်းတွေအဆင့်ဆင့်လိုက်မေး ခုတွေ့တယ်ပြောလိုက်
တော်ကြာနေမတွေ့မိပါဘူးပြောလိုက်နဲ့ တစ်ယောက်တစ်မျိုးထင်ရာတွေပြောကြပေါ့
ဒါကိုပဲလိုက်အဖြေရှာဖော်ထုတ်ကြမှာဖြစ်ပါတယ်ဇာတ်လမ်းနာမည်အတိုင်းပါပဲ ဒီကျောင်းတော်ကအလွှာအသီးသီးက
ဖုံးဖိလိမ်ညာထားတာတွေရှိနေပါတယ် ပျောက်သွားတာရိုးမှရိုးရဲ့လား
ဘယ်သူတွေက ဘာအကြောင်းရင်းတွေနဲ့ နောက်ကွယ်မှာရှိနေသလဲ..
“လိမ်ညာလိုက်တာမှန်ပေမဲ့ ကောင်းစေချင်တဲ့ရည်ရွယ်ချက်ရှိရင် အဖြူရောင်မုသားတဲ့..
ထိခိုက်သွားစေတဲ့စိတ်နဲ့ လိမ်လိုက်ရင် အနက်ရောင်မုသားလား….
ကောင်းစေချင်တဲ့စိတ်နဲ့လိမ်လိုက်ပေမဲ့ တစ်ဖက်မှာထိခိုက်သွားတာလည်းရှိတဲ့
အဆိုးအကောင်းရောနေတာက မီးခိုးရောင်မုသားလား….”မုသားကျောင်းတော်ကြည့်ပြီး မုသားတွေကို အဓိပ္ပာယ်ဖော်ကြည့်ပါဦးFile Size : 700MB / 400MBQuality : 1080p WEB DL / 720pTotal Episodes : 8EpsFormat : mp4Genres : Drama , Mystery ,ThrillerDuration : 35minsSubtitle : Myanmar Subtitle ( Hardsub )...
Two Souls (2023)
⭐IMDB: 7.9/10 (2 k Votes)
🎬 #Bollywood #Fantasy #Romance #Drama
🗓 2023 🎞 movie
📺 #1080p #720p
💿 1.6 GB ⦿ 758.3 MB
🌎 #India
⏰ 1 နာရီ 43 မိနစ် 57 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Two Souls(2023)
IMDb -7.9/10
နာမည်လေးအတိုင်း စိတ်ဝိဉာဉ်နှစ်ခုဆုံတွေကြတဲ့ ဇာတ်လမ်းလေးပါပဲ အာခေးလ်ဆိုတဲ့ကောင်လေးဟာလက်ထပ်ရမဲ့ချစ်သူပရီယာက ဖောက်ပြန်သွားလို့သတ်သေဖို့ကြိုးစားရင်း ကားအက်ဆီးဒင့်ဖြစ်ပြီး မသေပဲမျောသွားပါရော
စိတ်ဝိဉာဉ်ကလွင့်မျောသွားပြီး အဲဒီဆေးရုံမှာပဲမျောနေတဲ့ တခြားကောင်မလေးတစ်ယောက်နဲ့တွေ့ပါတော့တယ်အဲဒီကောင်မလေးကလည်း ပရီယာတဲ့ ဒီလိုနဲ့ပတ်ဝန်းကျင်နဲ့အကန့်တွေခြားနေတဲ့ သူတို့နှစ်ယောက်စကားတွေပြောရင်တွေဖွင့်ခံစားချက်တွေဖလှယ်ကြပေါ့ သူတို့ကိုလက်တွေ့ကမ္ဘာနဲ့ချိတ်ဆက်ပေးနေတဲ့ချစ်စရာခွေးလေးတစ်ကောင်လည်း ရှိနေပါသေးတယ်
ဒီခွေးလေးနဲ့ ဒီနှစ်ယောက်ဝိဉာဉ်ကမ္ဘာမှာ ဘယ်လိုဖြတ်သန်းပြီးလက်တွေ့ကမ္ဘာနဲ့ဘယ်လိုတွေများချိတ်ဆက်သွားမလဲအာခေးလ်ရဲ့သတ်သေချင်လောက်တဲ့အသဲကွဲ ဒဏ်ရာကြီးကုစားသွားပုံကိုအသဲကွဲနေတဲ့ညိုကီတို့အတွက် မိုတီတစ်ဖြတ်အနေနဲ့ တင်ဆက်ပေးလိုက်ရပါတယ်(အညွှန်းရေးသားသူကတော့ BpL ဖြစ်ပြီး ဘာသာပြန်သူတွေကတော့BpL ~ Moon ~ Thaik San ~ chiclon3 တို့ပဲဖြစ်ပါတယ်)...
A Return to Salem's Lot (1987)
⭐IMDB: 4.3/10 (4 k Votes)
🎬 #Comedy #Horror #Thriller
🗓 1987 🎞 movie
📺 #1080p #720p #480p
💿 2.3 GB ⦿ 1.1 GB ⦿ 622.2 MB
🌎 #UnitedStates
⏰ 1 နာရီ 41 မိနစ် 43 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီဇာတ်ကားလေးက ၁၉၈၇ခုနှစ်ထွက် Vampire ဇာတ်ကားပါ။ ဒီကားထက်အရင် ၁၉၇၉ခုနှစ်မှာပဲ Salem’s lotဆိုတဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားရှိပါသေးတယ်။ ဇာတ်ကား၂ကားလုံးက Salem’s lotဆိုတဲ့မြို့ငယ်လေးကိုပဲအခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ထူးဆန်းထွေလာတွေကိုရိုက်ကူးတင်ဆက်ပြတဲ့ ဂျိုးဟာ သားဖြစ်သူနဲ့အတူ အမွေရထားတဲ့အိမ်ကိုသွားတဲ့အခါမှာ မြို့ငယ်လေးရဲ့တမူထူးနေပုံကိုသတိထားမိသွားပါတယ်။သားအဖ၂ယောက်လုံး Vampires တွေရဲ့မာယာကျော့ကွင်းမှာမိပြီး သူတို့မြို့ငယ်လေးမှာပဲနေသွားမှာလား၊ဒါမှမဟုတ် ရုန်းကန်ထွက်ပြေးကြမလားဆိုတာကိုစောင့်မျှော်ကြည့်ရှုအားပေးကြပါဦးခင်ဗျာ...
Somewhere in Queens (2022)
⭐IMDB: 7.0/10 (1 k Votes)
🎬 #Comedy #Drama #Sport
🗓 2022 🎞 movie
📺 #1080p #720p #480p
💿 2.1 GB ⦿ 849.8 MB ⦿ 482.8 MB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 47 မိနစ် 1 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Somewhere in Queens (2022)=====================IMDb Rating – 7.0/10
ဒီဇာတ်ကားလေးကတော့ နာမည်ကြီး stand-up comedianတစ်ယောက်ဖြစ်တဲ့ Ray Romano ရိုက်ကူးပြီး ကိုယ်တိုင်သရုပ်ဆောင်ထားတဲ့ မိသားစုဇာတ်ကားလေးဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ လီယို နဲ့ သူ့မိန်းမ အန်ဂျလာရူဆိုတို့က အီတလီ-အမေရိကန်မိသားစုတစ်ခုဖြစ်တဲ့ ရူဆိုမိသားစုကပါ။ လီယို ကတော့ရူဆိုမိသားစုရဲ့ဆောက်လုပ်ရေးလုပ်ငန်းမှာပဲအလုပ်လုပ်ပါတယ်။ လီယို မှာဘတ်စကတ်ဘောကစားတာထူးချွန်တဲ့ စတစ် လို့ခေါ်တဲ့သားတစ်ယောက်လည်းရှိပါတယ်။ တစ်နေ့တော့ လီယို ကကျောင်းကဘတ်စကတ်ဘောပြိုင်ပွဲအပြီးမှာ ကင်းထောက်တစ်ယောက်နဲ့တွေ့ပြီး သူ့သားအတွက်ဘတ်စကတ်ဘောဆော့ရင်း ကောလိပ်တက်နိုင်မယ့်စကောလားရှစ်အခွင့်အရေးကိုတွေ့ရှိခဲ့ပါတယ်။
လီယို ကတော့အဲဒါကိုအရမ်းစိတ်လှုပ်ရှားနေပြီး သူ့သားကိုဖြစ်မြောက်စေချင်တာပါ။ ရူဆိုမိသားစုကတော့အပျက်ဘက်ကပဲမြင်ပါတယ်။ ဒါပေမယ့် စတစ် ကစကောလားရှစ်အတွက်မလေ့ကျင့်ခင်မှာပဲ သူ့ရဲ့ကောင်မလေးကဖြတ်သွားလို့ depressionတွေ၀င်ပြီး မစားနိုင်မသောက်နိုင်ဖြစ်သွားခဲ့ပါတယ်။ အဲဒါကိုလီယို ကသိတော့မနေနိုင်တော့ပဲ သူ့သားကိုအစွမ်းကုန်မြေတောင်မြှောက်ပေးတဲ့အခါမှာတော့ ဆက်ပြီးဘာတွေဖြစ်မလဲဆိုတာကိုစိတ်၀င်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ ဖခင်တစ်ယောက်က သားတစ်ယောက်အပေါ်မှာထားတဲ့မျှော်လင့်ချက်ကိုကွက်ကွက်ကွင်းကွင်းမြင်တွေ့ရမှာဖြစ်တဲ့အတွက် ဒီကားလေးကိုကြည့်ဖို့ recommend ပေးပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Theo Kat ဖြစ်ပါတယ်)...
My Fault (2023)
⭐IMDB: 6.3/10 (3 k Votes)
🎬 #Drama #Romance
🗓 2023 🎞 movie
📺 #1080p #720p
💿 2.0 GB ⦿ 905.5 MB
🌎 #USA #Spain
⏰ 1 နာရီ 57 မိနစ် 58 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
My Fault (2023)
~ IMDb – 6.3/10, Rotten Tomatoes – 94% ~
စိတ်ဒဏ်ရာကိုယ်စီရှိတဲ့ သူနှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းကို ပုံဖော်ထားတာပါ။ နစ်ရဲ့အဖေနဲ့ နိုအာရဲ့အမေတို့ နောက်အိမ်ထောင်ပြုလိုက်တဲ့အခါ နိုအာတို့ ၂ယောက်က မောင်နှမတွေအဖြစ် ပတ်သက်ရပါတော့တယ်။ အစပိုင်းတည်းက သူတို့ ၂ယောက်ကအဆင်မပြေပါဘူး။ နိုအာက သူ့အမေ လူချမ်းသာနဲ့ယူတာကို သဘောမတူပါဘူး။
နစ်က ငယ်ငယ်တည်းက အဖေနဲ့အမေကွာရှင်းထားလို့ စိတ်ဒဏ်ရာရပြီး ဖအေရှေ့မှာ ပြည့်စုံတဲ့သားလိမ္မာလိုနေပေမယ့် တကယ်က ပြိုင်ကားမောင်းပြိုင် ပါတီတွေတက် ရန်ဖြစ်ပြီး ဆိုးနေတာပါ။ နိုအာကတော့ ဖခင်က သူတို့သားအမိကိုနှိပ်စက်တဲ့အတွက် စိတ်ဒဏ်ရာရနေပြီး သူ့အဖေကို အရမ်းကြောက်ပါတယ်။ နိုအာရဲ့အဖေက သူ့သက်သေခံထွက်ဆိုချက်ကြောင့် ထောင်ကျနေပါပြီ။
စရိုက်ချင်းမတူတဲ့ သူတို့၂ယောက်က တစ်ယောက်လမ်းတစ်ယောက် ၀င်မရှုပ်ဖို့ သဘောတူထားပေမဲ့ တစ်ချိန်မဟုတ်တစ်ချိန် တွေ့နေရတာပါ။ နစ်ရဲ့သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးထားတဲ့အတွက် နစ်သွားတဲ့ ပါတီတွေ ကားမောင်းပြိုင်ပွဲတွေမှာ နိုအာပါရှိနေပါတယ်။ သူတို့ ၂ဦးစိတ်ထဲမှာလည်း အချင်းချင်းစိတ်၀င်စားသလိုဖြစ်နေပါပြီ။ သူတို့ မသိကြတဲ့အချက်က နိုအာ့အဖေက ပြိုင်ကားမောင်းသမားဖြစ်ပြီး နိုအာကလည်း ဖအေ သင်ပေးထားလို့ ပြိုင်ကားကို ကျွမ်းကျွမ်းကျင်ကျင်မောင်းတတ်ပါတယ်။
ဒီလိုနဲ့ ပွဲတစ်ခုမှာ မထင်မှတ်ဘဲ နိုအာ နစ်ရဲ့ကားနဲ့ပြိုင်မောင်းမိရာကနေ တစ်ဖက်ကညစ်တဲ့အတွက် ကားပေးလိုက်ရပါတယ်။ အဲ့နောက်ပိုင်းမှာ နိုအာ့ဆီခြိမ်းခြောက်စာတွေ ရောက်ရောက်လာပါတယ်။ နိုအာ့ဆီ စာတွေပို့နေတာ ဘယ်သူဖြစ်မလဲ၊ ဘာရည်ရွယ်ချက်နဲ့ လုပ်တာလဲ၊ သူတို့ ၂ယောက်ရဲ့အချစ်ရေးကရော ဖြောင့်ဖြူးပါ့မလား…စတာတွေကတော့ မင်းသားချောချော မင်းသမီးချောချောကို ငမ်းရင်း ကိုယ်တိုင်သာ ဆက်ကြည့်လိုက်ကြပါတော့။
(ဒီဇာတ်ကားနဲ့အညွှန်းကိုShune Lai KKမှ ပြန်ဆို ရေးသားထားပါတယ်)...
Peter Pan (1953)
⭐IMDB: 7.3/10 (147 k Votes)
🎬 #Adventure #Animation #Family #Fantasy #Musical
🗓 1953 🎞 movie
📺 #1080p #720p #480p
💿 1.6 GB ⦿ 759.1 MB ⦿ 501.3 MB
🌎 #UnitedStates
⏰ 1 နာရီ 17 မိနစ် 16 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Peter Pan (1953)=============
အနောက်နိုင်ငံကလေးတွေရဲ့ ပါးစပ်ဖျားမှာရေပန်းစားတဲ့ပီတာပန်ဆိုတာကို အားလုံးပဲ ကြားဖူးနားဝရှိကြမယ်ထင်ပါတယ်။ ကလေးတွေဟာ ညအိပ်ရာဝင်တိုင်း ပီတာပန်လာနိုးလာနိုးနဲ့ စောင့်နေတတ်တာကြောင့် တချို့မိဘတွေကတော့ ဒီလိုအယူသည်းတာမျိုးကို အားမပေးတတ်ကြပါဘူး။
ဝမ်ဒီတို့မောင်နှမ ၃ယောက်ကတော့ ပီတာပန်ကို ယုံကြည်ရုံတင်မကဘဲ ပီတာပန်ရဲ့စွန့်စားခန်းတွေမှာပါ ဝင်ရောက်ပါရမီဖြည့်ချင်နေကြတာပါ။ တစ်ညမှာ ….. ပီတာပန်တစ်ယောက် လူကြီးတွေမသိအောင် ဝမ်ဒီတို့အခန်းဆီ ထပ်လာဖြစ်ခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ပီတာပန်ဟာ ဝမ်ဒီတို့မောင်နှမ ၃ယောက်ကို ရင့်ကျက်ခြင်းကင်းတဲ့ NeverLand မှာလိုက်နေဖို့ ခေါ်တဲ့အခါ . . . လူသားကလေး (၃)ယောက်အနေနဲ့ နတ်သူငယ်တို့ရဲ့မြေမှာ ကြုံရဆုံရမယ့်စွန့်စားခန်းတွေကို ပေါ့ပေါ့ပါးပါးကြည့်ရှုရမှာပဲဖြစ်ပါတယ်။1953 ကာလကို အခြေပြုတဲ့ဇာတ်လမ်းလေးဖြစ်တဲ့အပြင်Tinker Bell – Pirate Fairy နဲ့ပါ အချိတ်အဆက်ရှိနေတာမို့လို့ Disney Fan တွေအတွက် Nostalgia ဖြစ်စေမယ့်Animation ကားကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Hnin Wut Yi ဖြစ်ပါတယ်)...
Salem's Lot (1979-1979)
⭐IMDB: 6.7/10 (26 k Votes)
🎬 #Horror #Mystery #Thriller
🗓 1979-1979 🎞 tv mini series
📺 #480p #1080p #720p
💿 1.1 GB ⦿ 2.9 GB ⦿ 2.6 GB
🌎 #UnitedStates
⏰ 3 နာရီ 4 မိနစ် 16 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Salem’s Lot ဟာ အမေရိကန်စာရေးဆရာ Stephen King ၏ 1975 horror ဝတ္ထုဖြစ်ပါတယ်။ ဒုတိယမြောက်ထုတ်ဝေသောဝတ္ထုဖြစ်ပြီး ဇာတ်လမ်းမှာ Ben Mears လို့ခေါ်တဲ့ စာရေးဆရာတစ်ဦးက Jerusalem’s Lot (အတိုကောက် ‘Salem’s Lot) ကို ပြန်သွားရာမှာထိတ်လန့်ဖွယ်ရာတွေနဲ့ကြုံရတဲ့အကြောင်းလေးပါ။ ဝတ္ထုဟာ 1976 တွင် World Fantasy Award နှင့် 1987 တွင် Locus Award တို့အတွက် ရွေးချယ်ခံခဲ့ရပါသည်။ ယခုဇာတ်လမ်းဟာ အဆိုပါဝတ္ထုကို ပြန်လည်ရိုက်ကူးတင်ဆက်ပြသထားတာပါ။...
Stan Lee (2023)
⭐IMDB: 7.2/10 (223 Votes)
🎬 #Biography #Documentary
🗓 2023 🎞 movie
📺 #1080p #720p
💿 895.0 MB ⦿ 2.3 GB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 26 မိနစ် 52 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Stan Lee (2023)
~ IMDb – 7.2/10, Rotten Tomatoes – 88% ~
Superhero ပရိသတ်တွေရင်ထဲမှာ Stan Lee ဆိုတဲ့ နာမည်ကိုကြားတာနဲ့ Marvel ရဲ့ပဲ့ကိုင်ရှင်၊ ကျွန်တော်တို့ချစ်တဲ့ Superhero တွေရဲ့ ဖခင်ကြီးအဖြစ် တံဆိပ်ခတ်နှိပ်ထားပြီးသားဖြစ်လို့နေပါတယ်။
Stan Lee နဲ့ Marvel ဟာ ဒင်္ဂါးပြားတစ်ခုရဲ့ ခေါင်းနဲ့ပန်း လိုပါပဲ။ Stan Lee မရှိရင် Marvel ဆိုတာလည်းဖြစ်မလာနိုင်ပါဘူး။ Fantastic Four ကစလို့ X-Men, Spider-Man, Iron Man, Captain America, Hulk, Thor, Dr. Strange, Black Panther တို့လိုစူပါဟီးရိုးတွေအပြင် တခြား ဟီးရိုးနဲ့ ဗီလိန်ပေါင်းများစွာကို ဖန်တီးခဲ့တဲ့ Stan Lee ကို Marvel ရဲ့ ဥသျှောင်တင်မက စူပါဟီးရိုးယဉ်ကျေးမှုကြီးရဲ့ ဥသျှောင်အဖြစ်တင်စားရင်တောင် လွန်မယ်မထင်ပါဘူး။
စူပါဟီးရိုးရုပ်ပြစာအုပ်တွေကို Stan Lee ခေတ် မတိုင်ခင်က အပျော်တမ်းဖတ်ကလေးကြိုက်အဖြစ်ယူဆထားခဲ့ပေမဲ့ Stan Lee ဟာ အဲဒီထုံးတမ်းတွေကို ရိုက်ချိုးပြပြီး လူကြီးလူငယ်မရွေး ဖတ်ရှုအသည်းစွဲနိုင်တဲ့ စူပါဟီးရိုးတွေ အကြောင်း ရုပ်ပြတွေကို ဖန်တီးပေးခဲ့ပါတယ်။
Timely Comics ကနေ Atlas Comics…Atlas ကနေ Marvel အထိ တဖြည်းဖြည်းဆွဲတင်ပေးခဲ့တဲ့အပြင် တစ်ကမ္ဘာလုံးက လူမျိုးဘာသာ ကျားမ အသက်အရွယ်မရွေး ပရိသတ်တွေအတွက် စိတ်အပန်းပြေစရာ စိတ်လှုပ်ရှားစရာ ဆွေးနွေးငြင်းခုန်စရာ Culture ကြီးတစ်ခုကို ပုံပေါ်လာအောင် ထုဆစ်ပေးခဲ့တဲ့ Stan Lee အကြောင်း အထုပ္ပတ္တိ Documentary လေးဖြစ်ပါတယ်။
Stan Lee ရဲ့ငယ်ဘဝ၊ သူ့ရဲ့အိမ်ထောင်ရေး၊ သူ့ရဲ့ဘဝဇာတ်လမ်း၊ စူပါဟီးရိုးတွေအပေါ်ရှုမြင်ပုံအပြင် Stan Lee ရဲ့ အတွေးအခေါ် အယူအဆတွေကို Stan Lee ရဲ့ နောက်ခံအသံ၊ Animation မြိုင်မြိုင်နဲ့ ရိုက်ကူးထားပါတယ်။ ကြည့်ရင်း ကြက်သီးတွေထရတဲ့အခါရှိမယ်၊ Stan Lee ကို သနားမိတဲ့အခါတွေရှိမယ်၊ ရင်ထဲနွေးသွားရတဲ့အခါတွေရှိမယ်။ ကျွန်တော်တို့ငယ်ငယ်က ပုံပြင်နားထောင်ရသလိုပေါ့။ စိတ်ဝင်တစားနဲ့ မျက်တောင်မခတ်တမ်း ပါဝင်စီးမျောသွားနိုင်မယ့် Documentary လေးတစ်ခုဖြစ်တာကြောင့် စူပါဟီးရိုးပရိသတ်တွေတင်မက စူပါဟီးရိုးနာမည်လေးတစ်ခုကြားဖူးတဲ့သူတွေအနေနဲ့တောင် လက်မလွှတ်သင့်တဲ့ Documentary တစ်ခုပါ။
Stan Lee ဟာ 2018 ခုနှစ်မှာ ကွယ်လွန်ခဲ့ပေမဲ့ သူဖန်တီးခဲ့တဲ့ ဇာတ်ကောင်တွေနဲ့အတူ Stan Lee ဟာလည်း ကျွန်တော်တို့ရင်ထဲမှာ အမြဲထာဝရ ရှင်သန်နေဦးမှာဖြစ်ပါတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုMin Thant Boမှ ပြန်ဆို ရေးသားထားပါတယ်)...
Aftermath (2021)
⭐IMDB: 5.3/10 (18 k Votes)
🎬 #Drama #Horror #Mystery #Crime #Thriller
🗓 2021 🎞 movie
📺 #1080p #720p
💿 1.0 GB ⦿ 570.7 MB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 55 မိနစ် 10 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Aftermath (2021)
အခု မိတ်ဆက်ပေးမယ့် Aftermath ဆိုတဲ့ ဇာတ်ကားကတော့ 2021 တုန်းက Netflix ကနေ ထွက်ရှိထားတဲ့ Horror ဇာတ်ကားပဲဖြစ်ပါတယ်။
X-Men ရုပ်ရှင်တွေထဲမှာပါဝင် သရုပ်ဆောင်ထားတဲ့ မင်းသားကြီး ရှောန်အက်ရှ်မောနဲ့ Twilight Saga ထဲမှာ ဇာတ်ဆောင်တစ်ဦးအဖြစ်ပါဝင်ခဲ့တဲ့ ဝါရင့်မင်းသမီးကြီး အက်ရှ်လေဂရင်းန်ကနေပြီးတော့ ဇာတ်ဆောင်တွေအဖြစ် ပါဝင်သရုပ်ဆောင်ထားကြပါတယ်။
ဇာတ်ကားကတော့ နာတာလီနဲ့ ကယ်ဗင်ဆိုသူက သူတို့နှစ်ယောက်ရဲ့ ပထမအိမ်ထောင်ပျက်သွားကြပြီးတော့ နှစ်ယောက်သားနောက်အိမ်ထောင်သစ်ကို ထူထောင်ပြီး အတိတ်ဆိုးတွေကို မေ့နိုင်ဖို့အတွက် ကယ်ဗင်က အရင်အိမ်မှာမနေတော့ဘဲ နှစ်ယောက်သားအိမ်ပြောင်းဖို့ကို အကြံပေးရာကနေ စပါတယ်။ ဖြစ်ချင်တော့ မှုခင်းအိမ်တွေကို ရှင်းလင်းရေးလုပ်ပေးရတဲ့ ကယ်ဗင်က သူရှင်းခဲ့ပေးတဲ့ လူသတ်မှုဖြစ်ခဲ့တဲ့ အိမ်ဖြစ်နေပါတယ်။ သူကလည်း စျေးတန်တန်လေးနဲ့ရမယ်ဆိုပြီး နာတာလီကို အတင်းဝယ်ဖို့တိုက်တွန်းခဲ့ပါတယ်။ တကယ့်တကယ် ဇာတ်လမ်းကတော့ သူတို့နှစ်ယောက် အဲဒီအိမ်သစ်ကို ပြောင်းပြီးရာကနေစပြီးတော့ အကြောင်းဖန်လာပါတော့တယ်။ သူတို့နှစ်ယောက် အိမ်သစ်ကိုပြောင်းသွားပြီးနောက်ပိုင်း ဘာတွေဖြစ်လာမလဲ၊ ဘယ်လိုအခက်ခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့သွားရမလဲဆိုတာကတော့ ကိုယ်တိုင်သာ ဆက်ကြည့်လိုက်ကြပါ။
ဒီကားကို Horror ဆိုတဲ့ Genre မှာထည့်ထားပေမယ့်လည်း တကယ်တော့ Horror နည်းနည်းပဲပါပြီး Thrilling ပိုဖြစ်စေပါလိမ့်မယ်။ ဒါ့အပြင် လင်မယားနှစ်ယောက်ကြားမှာ ဖြစ်တတ်တဲ့ပြဿနာကို ဖော်ပြရိုက်ကူးပေးထားတဲ့ဇာတ်လမ်းဖြစ်လို့ ဆင်ခြင်စရာ သုတ၊ ကိုယ့်မိတ်ဆွေ အဖော်မွန်နဲ့အတူ မျှဝေခံစားလို့ရမယ့် ရသကောင်းကိုပါပေးစွမ်းနိုင်မယ့် Netflix ကထုတ်လုပ်ထားတဲ့ဇာတ်ကားတစ်ကားဖြစ်လို့ ကြည့်လို့ကောင်းမှာကတော့ အသေအချာပါပဲ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုMarkမှ ပြန်ဆို ရေးသားထားပါတယ်)...
Victorious (2010-2013)
⭐IMDB: 7.0/10 (27 k Votes)
🎬 #Comedy #Family #Drama #Music #Romance
🗓 2010-2013 🎞 tv series
📺 #1080p
🌎 #UnitedStates #UnitedStatesofAmerica
⏰ 24 မိနစ် 8 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Victorious (Season 1) (Complete)Victorious (2010-2013) Season 1 Complete
IMDb – 6.9/10 ၂၀၁၀ ခုနှစ်များဆီက Series ကောင်းလေးတစ်ခုကို ပြောပါဆိုရင် Victorious ကရှေ့ဆုံးကပါလိမ့်မယ်ဗျ။ တော်တော့်ကိုလည်း အောင်မြင်ခဲ့တဲ့ Series ပဲဆိုပါတော့ဗျာ။ အမျိုးအစားက teen sitcom ဆိုတဲ့အတိုင်း ခွီရသလားကတော့ မပြောနဲ့ဗျာ။ Sitcom ဆိုတာက Situational Comedy ကဆင်းသက်လာတဲ့ Portmanteaus လေးတစ်လုံးဗျာ။ ပြောရမယ်ဆိုရင် တစ်ခန်းရပ်ဟာသ၊ ဘယ်ချိန် ဘယ်နေရာ ကောက်ကြည့်ကြည့် ရယ်နေရမယ့်ဟာသမျိုးတွေပေါ့။ ကလိထိုးရယ်ခိုင်းမယ့် ဟာသမျိုးတွေမဟုတ်တာတော့ သေချာတယ်ဗျ။ ပေါလည်းပေါမနေဘူးရယ်။ အဲနေ့ခေတ်အခါရဲ့ comedy စီးရီးကောင်းကောင်းလေးကြည့်ချင်ရင် လက်လွတ်မခံသင့်တဲ့ စီးရီးလေးပဲဆိုပါတော့။ အပိုင်းတစ်ပိုင်းချင်းစီတိုင်းရဲ့ IMDb တွေက 7.9 တွေ 8.1 တွေပြေးထားတာမို့ တော်တော်ကြည့်ရတာအရသာရှိတဲ့ series လေးတစ်ခုဆိုလည်း ဒီစီးရီးလေးကိုပဲပြောရပါလိမ့်မယ်။ အပိုင်းတစ်ပိုင်းချင်းစီကို ဇာတ်ကြောင်းတစ်ခုစီဆိုပေမဲ့ ဒီတစ်ပိုင်း ဒါနဲ့ခွီပြီး နောက်တစ်ပိုင်းဘာနဲ့ထပ်ခွီရမလဲကို မျှော်တလင့်လင့်နဲ့စောင့်စားကြည့်ရှုရမယ့် စီးရီးကောင်းလေးပဲဖြစ်ပါတယ်။ အဓိကဇာတ်ကောင်တွေအနေနဲ့ တိုရီဗီဂါ၊ ဂျိတ်ဝက်စ်၊ ကတ်ဗန်လတိုင်း၊ ထရီနာဗီဂါ၊ ဘက်ခ်အိုလီဗာ၊ အန်ဒရီဟာရစ်တို့ဖြစ်ကြပြီး ဒီ ဆယ်ကျော်သက် သူငယ်ချင်းအုပ်စုလေးရဲ့ တစ်နေ့တာအလွဲလေးများကို ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် ကတ်ဗန်လတိုင်းဆိုတဲ့သူနေရာမှာ သရုပ်ဆောင်ထားတဲ့သူက တစ်ခြားသူမဟုတ်ဘူးဗျ။ ကျွန်တော်တို့ရဲ့ အကောင်သေးသေးနဲ့ အသံအားကောင်းတဲ့နာမည်ကျော်အဆိုတော် Ariana Grande ပဲဖြစ်ပါတယ်။ ဒီစီးရီးအသားကုန်အပင်ပန်းခံပြီး ရိုက်ခဲ့ရလို့ သူ့ဆံပင်တွေပျက်စီးခဲ့ရတဲ့ထိကို ဖြစ်ခဲ့ရတဲ့ ဟာသစီးရီးကောင်းလေးပါ။ ဒါကြောင့် ၂၀၁၀ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Victorious ဆိုတဲ့ sitcom လေးကိုလည်း သောင်းသောင်းဖြဖြ ရှူစားအားပေးလှည့်ပါဦးခင်ဗျ။ (ဒီဇာတ်လမ်းရဲ့ အညွှန်းကိုရေးသားပေးသူကတော့ San Thu Aung ပဲဖြစ်ပါတယ်။)Size ~ 480MB...
Ranasthali (2022)
⭐IMDB: 8.8/10 (1 k Votes)
🎬 #Action #Bollywood
🗓 2022 🎞 movie
📺 #720p #1080p
💿 1009.6 MB ⦿ 2.5 GB
🌎 #India
⏰ 2 နာရီ 17 မိနစ် 59 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Ranasthali (2022)IMDb – 8.8/10
ဇာတ်လမ်းအကျဉ်းအကြမ်းအရမ်း အက်ရှင်ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။သွေးသံရဲရဲ အကြမ်းပတမ်းတွေပါလို့ အသည်းငယ်သူများ သတိထားကြည့်စေလိုပါတယ်။
ဘာစာဗာက ဒေါသတရားကို ဦးထိပ်တင်ထားသူ။ရန်ပြုလာသူတွေကို လျင်မြန်စွာပဲသုတ်သင်ရှင်းလင်းပစ်တဲ့လူစားမျိုး။သူ့ကို သိပ်ချစ်တဲ့ဖခင်အိုကြီးနဲ့ ကြားကသားအဖေမေတ္တာကိုလည်း ရင်ထဲမှာလှိုက်နေအောင် ဖန်တီးပုံဖော်ထားပါတယ်။
သူ့ရဲ့ရန်ဘက် ဘာဒရာနဲ့ကြားက သွေးကြွေးကလဲ့စားကို ဘယ်လိုတွေတစ်ယောက်နဲ့ တစ်ယောက်ယှဉ်ပြိုင်တိုက်ခိုက်ကြမလဲဆိုတာ။သူတို့က ဘာအတွက်တစ်ယောက်နဲ့ တစ်ယောက်ရန်ငြိုးထားကြတာလဲ။ဘယ်သူကပဲ နောက်ဆုံးမှာအနိုင်ရသွားမလဲ ဆိုတာတွေကို ကြည့်ရှုလိုက်ကြပါဦး။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ chiclon3,BpL,Aditi,Nyein,Thaik Sanတို့ပဲဖြစ်ပါတယ်)...
Extraction 2 (2023)
⭐IMDB: 7.4/10 (9 k Votes)
🎬 #Action #Thriller
🗓 2023 🎞 movie
📺 #4K #1080p #720p #480p
💿 6.0 GB ⦿ 2.3 GB ⦿ 1.0 GB ⦿ 510.5 MB
🌎 #UnitedStates #Austria #UnitedStatesofAmerica
⏰ 2 နာရီ 4 မိနစ် 44 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Extraction 2 (2023)
Extraction (2020) ရဲ့ အဆက် Extraction 2 လာပါပြီ။မင်းသားက Chris Hemsworth ပဲဖြစ်သလို ဒါရိုက်တာကလည်း Sam Hargrave ပါပဲ။
Extraction (2020) ဟာ အတော်ကောင်းပါတယ်။မဖြစ်နိုင်တဲ့ စစ်ဆင်ရေးကို အသေခံပြီး လုပ်သွားတဲ့ ကြေးစားကြီးတစ်ယောက်အကြောင်းပေါ့။သေနတ်ဒဏ်ရာ ဗလပွနဲ့ မြစ်ထဲကိုကျသွားတာ မသေစရာတော့မရှိပါဘူး။ဒါပေမဲ့ မသေပါဘူး။ မသေတော့ အငြိမ်းစားယူသွားပါတယ်။အငြိမ်းစားဆိုကတည်းက သေချာပေါက် ပြန်ချရမယ်ဆိုတာ အားလုံးသိပြီးသားပါပဲ။အခုလည်း သူ့အငြိမ်းစားဘဝကနေ မငြင်းနိုင်ဘဲ သေချာပေါက်ပြန်လုပ်ခိုင်းနိုင်တဲ့သူ ပေါ်လာပါတယ်။ သူ့မိန်းမပါ။ ဖြစ်တတ်ပါတယ်။သူ့မိန်းမရဲ့ ညီမကို ဂျော်ဂျီယာရဲ့ အကြီးဆုံးလူဆိုးဂိုဏ်းကြီးလက်ကနေ သွားကယ်ထုတ်ရတာပါ။ဒါပေမဲ့ လူဆိုးဂိုဏ်းက ရိုးရိုး သေနတ်နဲ့ကားအဆင့်မဟုတ်ပါဘူး။ကျည်ကားကား၊ လက်နက်ကြီး၊ ရဟတ်ယာဉ်တွေအထိပါပြီးမိုးအဆုံးမြေအဆုံးလိုက်သတ်တာကြောင့် ၂ နာရီစာလောက် မနားတမ်း ချရပါတော့တယ်….
ထုံးစံအတိုင်း ဇာတ်လမ်းရော အက်ရှင်ရော ကြည့်လို့ကောင်းပါတယ်။ ကြည့်လိုက်ကြပါ။
အညွှန်း နဲ့ ဘာသာပြန်ကတော့Mr.Andersonပဲ ဖြစ်ပါတယ်။...
Riverdale (2017-2023)
⭐IMDB: 6.6/10 (149 k Votes)
🎬 #Crime #Drama #Mystery #Romance
🗓 2017-2023 🎞 tv series
📺 #1080p
🌎 #UnitedStates #UnitedStatesofAmerica
⏰ 43 မိနစ် 12 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Riverdale Season 1+2 (2017)ဒီစီးရီးကြည့်ချင်လို့တောင်းတဲ့သူအရမ်းများနေလို့ ဘာသာပြန်ပြီးတင်ပေးထားပါတယ်။ တစ်လတစ်စီစန်လောက်တော့ ရအောင်တင်ပေးပါ့မယ်။။ စောင့်မျှော်အားပေးကြပါဦး။Archie Comics ထဲက ကာရိုက်တာတွေကို အခြေခံရိုက်ကူးထားတဲ့ စီးရီရှည်ကြီးတစ်ခုနဲ့အားလုံးကို မိတ်ဆက်ပေးချင်ပါတယ် … တချို့ကလည်း ဒီစီးရီးအကြောင်းကို သိထားပြီးသားဖြစ်ကြမှာပါ …ခြုံငုံပြောရရင်တော့ ရေဗာဒေးလ်ဆိုတဲ့ မြို့တစ်မြို့နဲ့ အဲဒီမြို့က.လူငယ်တစ်သိုက်နဲ့ဇာတ်လမ်းပါပဲရေဗာဒေးလ်ဟာ အရင်ကတော့ သာယာနာပျော်ဖွယ် မြို့လေးတစ်ခုဖြစ်ခဲ့တယ် .. အချင်းချင်းရိုင်းပင်းကူညီကြပြီး နေချင့်စဖွယ်မြို့လေးတစ်မြို့ပါ …ဒါပေမဲ့ အမေရိကန်လွတ်လပ်ရေးနေ့ဖြစ်တဲ့တစ်နေ့သော ဇူလိုင် ၄ ရက်နေ့ကပဟေဠိဆန်ဆန် လူသေဆုံးမှုတစ်ခုနဲ့အတူ ရေဗာဒေးလ်ဟာ စပြီးညစ်ညမ်းလာခဲ့တယ် ..ဒီဆန်းကြယ်ဖြစ်ရပ်တွေကြားမှာ ကံပါလာတဲ့ လူငယ်တစ်သိုက်ကတော့ …အာချီအန်ဒရူး .. ရေဗာဒေးလ် နယ်ခံကျောင်းသားတစ်ယောက်ဖြစ်ပြီး .. လူသေမှုနဲ့ပတ်သတ်ပြီး လျှိုဝှက်ချက် ရှိနေသူဘတ်တီကူပါ .. အာချီအန်ဒရူးရဲ့ အချစ်ဆုံးသူငယ်ချင်း ဖြစ်ပြီး လူလိမ္မာသလောက် လူဆိုးလေးတွေနဲ့ပဲ အပေါင်းအသင်းလုပ်ချင်သူဂျဂ်ဟက်ဂျုန်းစ် .. ဒဿနာတွေကြားမှာ မွေ့လျော်ပြီး မြို့ရဲ့အခြေအနေကို အမြဲစောင့်ကြည့်နေသူ အပယ်ခံကျောင်းသားဗရော်နီကာ လော့ဂျ် .. မြို့ကနေ မိသားစု အခြေအနေကြောင့် ရေဗာဒေးလ်ကို ရောက်လာတဲ့ ဇ,နဲ့ လူဆိုးမလေး တစ်ယောက်..ရှဲရ်ဘလွန်းဆွန်း .. ရေဗာဒေးလ်မြို့ရဲ့ အချမ်းသာဆုံးမိသားစုက သမီးဖြစ်သူပီပီ မောက်မာပြီး ဘယ်သူ့မှ လူမထင်သူ ..ဒီလူငယ်တွေဟာ ထူးဆန်းတဲ့ လူသေမှုကို တစ်ဖက်တစ်လမ်းကနေ ဖြေရှင်းအဖော်ထုတ်ဖို့ ကြိုးစားရင်း .. ပြဿနာတွေ ပဋိပက္ခတွေ တစ်စပြီးတစ်စ တိုးပွားလာတဲ့အခါမှာ .. Riverdale ဆိုတဲ့ crime drama ကြီး ဖြစ်ပေါ်လာပါတော့တယ် …File size…(1.7 GB) / (427 Mb)...
