ဇာတ်ညွှန်းများ • FDMN
Yopiq kanal
Ma'lumot yo'q
Obunachilar
-524 soatlar
-47 kun
+730 kun
Postlar arxiv
https://image.tmdb.org/t/p/original/qMN0HIP34f736kkQcfvTfmL9TP3.jpg
The Exorcism of Emily Rose (2005)
⭐IMDB: 6.7/10 (132 k Votes)
🎬 #Drama #Horror #Thriller
🗓️ 2005 🎞️ Movie 📺 1080p FHD
🌎 United States
⏰ 2 နာရီ 02 မိနစ် 11 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Exorcism of Emily Rose(2005)
=============================
ဒီတခါ ဇာတ်ကားလေးကတော့ 2005 ခုနှစ်မှာ
ထွက်ရှိခဲ့ပြီး Director Scott Derrickson ရိုက်ကူးခဲ့တဲ့
သဲထိပ်ရင်ဖိုကားလေးပဲဖြစ်ပါတယ်
မင်းသမီး က Jennifer Carpenter ဖစ်ပြီး ဒီဇာတ်လမ်းလေးက
1976 ခုနစ်က ဂျာမနီမှာ သေဆုံးခဲ့တဲ့ Anneliese Michel ဆိုတဲ့
ဂျာမန်မလေးရဲ့ မကောင်းဆိုးဝါး ပူးကပ်ခံရတဲ့ဖြစ်ရပ်မှန်ကို
ပြန်လည်ရိုက်ကူးထားပါတယ်
ဇာတ်လမ်းအကျဉ်းကတော့ emily rose ဆိုတဲ့ ၁၉ နှစ်အရွယ်
ကောင်မလေးက အနေအေပြီး စာဖတ်တာ ဂီတလေ့လာတာနဲ့ပဲ
အိမ်ထဲမှာပဲနေလေ့ရှိတယ် ဒါပေမဲ့ တက္ကသိုလ်တက်ဖို့အတွက်
scholarship ရခဲ့တော့ ဆရာမဖြစ်ချင်တဲ့ သူမရဲ့အိပ်မက်ကြောင့်
မိသားစုနဲ့ခွဲပြီ းသွားတက်ဖို့ဆုံးဖြတ်လိုက်တယ် သူမက
ညဘက်တွေဆိုမီးလောင်တဲ့အနံ့ရလို့ နိုးလာတတ်ပြီး
အဆစ်တွေလှုပ်မရတာတွေ မျက်ဆံအနက်ကြီးဖြစ်သွားတာတွေ
နာရီအတော်ကြာအော်နေတာတွေ အင်းဆက်တွေစားတာတွေစတဲ့
လက္ခဏာတွေနဲ့ မကြာခင်မှာသေဆုံးသွားတယ် သူမရဲ့သေဆုံးမှုက
ကျန်းမာရေးအခြေအနေကြောင့်လား? မကောင်းဆိုးဝါးဝင်ပူးတာလား?
သူမရဲ့သေဆုံးမှုရဲ့တရားခံက ဘယ်သူလဲ? ဆိုတာ Jennifer Carpenter ရဲ့
တအားမိုက်တဲ့ သရုပ်ဆောင်ချက်တွေကို ကြည့်ရင်း အဖြေတူတူရှာလိုက်ကြဦးနော်
အညွှန်းနဲ့ဘာသာပြန်ကတော့ Duckkie ပဲဖြစ်ပါတယ်;
https://image.tmdb.org/t/p/original/6X8oKNgny4DqXEwQiYKoS6Yedw.jpg
Christmas Carol (2022)
⭐IMDB: 8.3/10 (10 Votes)
🎬 #Thriller
🗓️ 2022 🎞️ Movie 📺 720p HD
🌎 N/A
⏰ 2 နာရီ 11 မိနစ် 08 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Christmas Carol (2022)
GOT7 အဖွဲ့၀င် မင်းသားချောလေး Park Jin-young ရဲ့ မကြာခင်ကမှ ရုံတင်ပြသထားတဲ့ movie လေးလာပါပြီ။
ဒီဇာတ်ကားထဲမှာ Jin-young က လုံး၀မတူညီတဲ့ ကာရိုက်တာနှစ်ခုကို နှစ်ကိုယ်ခွဲ သရုပ်ဆောင်ထားပြီး သရုပ်ဆောင်ချက်တွေကလည်း တအားမိုက်လို့ တကယ်ကို ကြည့်သင့်တဲ့ကားလေးလို့ ညွှန်းချင်ပါတယ်။ဒီနေ့လို ခရစ္စမတ်အကြိုနေ့လေးမှာ ခရစ္စမတ်အကြောင်းပါ၀င်နေတဲ့ ဇာတ်ကားလေးကို ကြည့်ရတော့ အမှတ်တရလည်းဖြစ်တာပေါ့။
ဇာတ်လမ်းအကျဉ်း …ဂျူအီးဝူနဲ့ ဂျူဝေါဝူတို့ဟာ အမြွှာညီအစ်ကိုတွေဖြစ်ကြပြီး ခရစ္စမတ်နံနက်ခင်းမှာ ညီဖြစ်သူ ဝေါဝူကို သေလျက်သား တွေ့ရှိခဲ့ရတယ်။ ရိုးရိုးရှင်းရှင်းမတော်တဆမှုကြောင့်ဆိုပြီး အမှုပိတ်လိုက်ပေမဲ့ အစ်ကိုဖြစ်သူ အီးဝူဟာ ဒါကိုလက်မခံနိုင်ခဲ့ဘူး။
အဲဒါကြောင့် သူ့ညီရဲ့ သေဆုံးမှုကို ကိုယ်တိုင်စုံစမ်းဖော်ထုတ်ပြီး ပါဝင်ပတ်သက်နေသူ ဖုံးကွယ်ပေးသူအားလုံးကို လက်စားချေဖို့ စိတ်ဆုံးဖြတ်လိုက်တယ်။
အီးဝူမှာရှိနေတဲ့ သဲလွန်စက ဝေါဝူနဲ့ နောက်ဆုံးဖုန်းပြောတုန်းက ဖုန်းထဲကနေ ကြားလိုက်ရတဲ့အသံတစ်ခုတည်းသာပါ။
ဒါပေမဲ့လည်း ညီဖြစ်သူအတွက် တရားမျှတမှု ဖော်ဆောင်ဖို့နဲ့ တရားခံကိုရှာဖို့အတွက် အီးဝူတစ်ယောက် ကြိုးစားစုံစမ်းရင်းကနေမှ လူငယ်ထိန်းသိမ်းရေးစခန်းကို ရည်ရွယ်ချက်ရှိရှိ၀င်သွားတဲ့အခါမှာတော့ …
(ဇာတ်လမ်းအညွှန်းကို ကိုHninက ရေးပေးထားပါတယ်။)
https://image.tmdb.org/t/p/original/ifMgDAUXVQLY4DeOu3VTTi55jSP.jpg
The Count of Monte Cristo (2002)
⭐IMDB: 7.7/10 (139 k Votes)
🎬 #Action #Adventure #Drama
🗓️ 2002 🎞️ Movie 📺 720p HD
🌎 Ireland, Switzerland, United Kingdom, United States
⏰ 2 နာရီ 11 မိနစ် 54 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Count of Monte Cristo(2002)
*******************************
IMDb…7.7
မွန်တီ ခရစ်စတို မြို့စားကြီး ဆိုတာ 1844 ခုနှစ်ကထွက်ရှိခဲ့ စာရေးဆရာ Alexandre Dumasရဲ့
နာမည်ကျော်ဝတ္ထုဖြစ်ပြီးဘာသာပြန်ဝတ္ထုတွေလည်းထွက်ခဲ့ပါသေးတယ်။ဇာတ်အိမ်ကို 1815–1839ခုနှစ်များဆီမှာအစတည်ထားပြီး နပိုလီယန်ဆီက
စာလေးတစ်စောင်နဲ့လမ်းကြုံယူသွားပေးရာကနေအစပြုထားပါတယ်။
အဲ့ခေတ်မှာ နပိုလီယန်ဟာ အာဏာပြန်မရမီ နယ်နှင်ဒဏ်ပေးခံရတဲ့ကျွန်းလေးကို
ဇာတ်လိုက်ဖြစ်သူ အက်ဒ်မွန်ဒန်တီနဲ့သူ့သူငယ်ချင်း ဖာနန် မွန်ဒေဂိုတို့ဟာဆရာဝန်ရှာထွက်ရင်းရောက်ရှိသွားပါတယ်။
နပိုလီယန်ကလည်း စာလေးတစ်စောင်လူကြုံပါးလိုက်တော့
စာမဖတ်တတ်တဲ့အက်ဒ်မွန်က သဘောရိုးနဲ့ယူလာခဲ့မိပါတယ်။နပိုလီယန်နဲ့ဆက်သွယ်တာဟာ သစ္စာဖောက်မှုလို့စွပ်စွဲတတ်ကြပါတယ်။
ဖြောင့်မတ်တဲ့အက်ဒ်မွန်ဟာ သူ မကျူးလွန်တဲ့သစ္စာဖောက်မှုအတွက်ပဲ
တစ်သက်တစ်ကျွန်းထောင်အချခံလိုက်ရပါတယ်။
ထောင်ကနေဘယ်လိုလွတ်မြောက်မလဲ၊သူ့ကိုဘယ်သူတွေက စွပ်စွဲခဲ့တာလဲ၊
အက်ဒ်မွန်တစ်ဖြစ်လဲ ဇက်တာရာဟာ မြို့စားကြီး မွန်တီခရစ်စတို အဖြစ်
ဘယ်လိုများချမ်းသာခဲ့သလဲ၊သူ့ကလဲ့စားဘယ်လို ချေလဲဆိုတာ နာမည်ကြီး ဝတ္ထုဆိုတဲ့အတိုင်း စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်
https://image.tmdb.org/t/p/original/cVPfq45HDPbKpV8QvRYCw69MyDz.jpg
Downfall (1997)
⭐IMDB: 6.4/10 (152 Votes)
🎬 #Adult #Drama
🗓️ 1997 🎞️ Movie 📺 720p HD
🌎 South Korea
⏰ 1 နာရီ 47 မိနစ် 29 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
[18+] Downfall (2022)
~ IMDb – 6.5/10, MyDramaList – 6.7/10 ~
(ထုံးစံအတိုင်းပါပဲ။ ခေတ်ဟောင်းက ကိုရီးယားကားဆိုတော့ အကြည်ရဖို့မလွယ်လို့ 480p ကိုပဲ ကြည့်ရပြေအောင် ချဲ့ကုတ်ပေးလိုက်ပါတယ်)
Penthhouse ထဲက ဂျင်နီအမေရဲ့ ငယ်စဉ်ရွယ်စဉ်က ကားအလန်းတစ်ကားပါ။ တစ်ချိန်တစ်ခါဆီက ကိုရီးယားရဲ့ ပြည့်တန်လောကကို ပုံဖော်ထားတဲ့ကားပါပဲ။ ပြည့်တန်ဆာတစ်ယောက်ရဲ့ ဖြစ်တည်မှုအစကနေ ဖြစ်တည်မှုအဆုံးအထိ ပြသထားတဲ့ ရုပ်ရှင်ဆိုရင်လည်း မမှားပါဘူး။
လွတ်မြောက်ဖို့ကြိုးစားရခြင်းတွေ… ဒီဘဝကို ပျော်မွေ့သွားခြင်းတွေ… အဖြူတွေအမဲတွေ ဒွန်တွဲနေတဲ့အကြောင်းတွေကို မျက်ဝါးထင်ထင်မြင်ကြရပါလိမ့်မယ်။ ကိုရီးယားပြည့်တန်ဆာလောကအကြောင်း ဆရာကင်ကီဒွပ်ကြီး သရုပ်ဖော်တာကို ကျွန်တော်တို့ခဏခဏကြည့်ဖူးခဲ့ပြီးပြီမလား။ ဒါကတော့ အရသာအသစ်ပေါ့။ ဘာလို့ဆို ကင်ကီဒွပ်ကားတွေမှာ ဖြစ်သွားတဲ့ မိန်းကလေးတွေရဲ့ ပျော်မွေ့သွားခြင်းကို မတွေ့ရပေမဲ့ ဒီမှာတော့ တွေ့ရသလောက်ရှိတာကိုး။ မင်းသမီးဟောင်းကြီးရဲ့ မြင်ကွင်းအသစ်တွေကို ရှုစားရင်း လေ့လာကြသင့်တဲ့ကားတစ်ကားပါပဲ။
(ဒီဇာတ်ကားနဲ့အညွှန်းကို “___” မှ ပြန်ဆို ရေးသားထားပါတယ်)
https://m.media-amazon.com/images/M/MV5BYmZlZDZkZjYtNzE5Mi00ODFhLTk2OTgtZWVmODBiZTI4NGFiXkEyXkFqcGdeQXVyMTE5MTg5NDIw._V1_FMjpg_UX1000_.jpg
Glass Onion: A Knives Out Mystery (2022)
⭐IMDB: 8.0/10 (14 k Votes)
🎬 #Comedy #Crime #Drama
🗓️ 2022 🎞️ Movie 📺 720p HD
🌎 United States
⏰ 2 နာရီ 22 မိနစ် 17 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ကဲ 2019 တုန်းက နာမည်အရမ်းကြီးခဲ့တဲ့ Knives Out ရဲ့ ဒုတိယရုပ်ရှင်ထွက်လာပါပြီ။Glass Onion ဆိုတဲ့နာမည်ကတော့ ကမ္ဘာကျော် Beatles အဖွဲ့ရဲ့ သီချင်းကို ကိုးကားထားတာပါပဲ။ပထမကားနဲ့မစပ်ဆက်ဘဲ သီးသန့်အမှုတစ်ခု ကြည့်ရမှာပါ။ မင်းသားကတော့ဂျိမ်းစ်ဘွန်း မင်းသားကြီး ဒန်နီရယ်ခရိတ်ပဲ စုံထောက်ကြီး Benoit Blanc ဘန်ဝါး ဘလန့် အနေနဲ့ပြန်ပါလာတာပါ။ ဒီတစ်ကားမှာလည်း အရင်ကားလိုပဲ နာမည်ကြီးတွေ အပြည့်ပါပါတယ်။Fight Club မင်းသားကြီး Edward Norton၊ Hidden Figure ထဲကJanelle Monáe၊ Dave Bautista၊ အက်မင့်ဆော် Jessica Henwick၊ Ethan Hawke တို့အစုံပါပဲ။ကိုဗစ်ကာလမှာရိုက်ထားတာမို့ အစပိုင်းမှာ Maskတွေ တပ်ဆင်ထားတာကို တွေ့ရမှာပါ။
ဇာတ်လမ်းအကျဉ်းကတော့ စုံထောက်ကားပီပီအများကြီးမပြောတော့ပါဘူး။ဘီလီယံနာတစ်ယောက်ဟာ သူ့ရဲ့မိတ်ဆွေဟောင်းဖြစ်တဲ့ အမတ်၊ မော်ဒယ်၊ ယူကျုဆယ်လီ၊ သိပ္ပံပညာရှင် စတဲ့လူစုံကိုအားလပ်ရက်မှာ သူ့ရဲ့ ကိုယ်ပိုင်ကျွန်းတစ်ခုပေါ်ကို ဖိတ်လိုက်ပါတယ်။
စားသောက်အနားယူရင်း လူသတ်ပဟေဠိဖော်တမ်းကစားဖို့ပေါ့လေ၊ အဲဒီအတွက်နာမည်ကျော်စုံထောက်ကြီး ဘန်ဝါး ဘလန့်လည်း ဖိတ်ခေါ်ခံလိုက်ရပါတယ်။အဲဒီကျွန်းပေါ်မှာ ဘယ်သူတွေသေပြီး အမှုတွေဘယ်လိုလိုက်ကြမလဲဆိုတာကိုတော့ဆက်ကြည့်ရမှာပါပဲ။ ပထမကားလိုပဲ ဟာသတွေ ဉာဏ်စမ်းတွေအပြည့်ပါတာမို့ ကြိုက်ကြမှာပါ။
https://m.media-amazon.com/images/M/MV5BMGUwZjliMTAtNzAxZi00MWNiLWE2NzgtZGUxMGQxZjhhNDRiXkEyXkFqcGdeQXVyNjU1NzU3MzE@._V1_FMjpg_UX1000_.jpg
Knives Out (2019)
⭐IMDB: 7.9/10 (635 k Votes)
🎬 #Comedy #Crime #Drama
🗓️ 2019 🎞️ Movie 📺 1080p FHD
🌎 United States
⏰ 2 နာရီ 10 မိနစ် 13 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb Rating (8.0) / Rotten Tomatoes (97%)
ဒီဇာတ်ကားက Rating တွေ ကြမ်းသလို နာမည်ကြီးသရုပ်ဆောင်တွေ တော်တော်များများပါဝင်ထားတယ်။
ဂျိမ်းစ်ဘွန်းမင်းသားကြီး Daniel Craig, ကပ္ပတိန်အမေရိက Chris Evans, No Time to Die နဲ့ Knock Knock ဇာတ်ကားတို့မှာ ပရိတ်သတ်အာရုံကို အပြည့်အဝဖမ်းစားခဲ့တဲ့ မင်းသမီး Ana de Armas, 13 Reason Why ရဲ့ Katherine Langford တို့အပြင် တခြားနာမည်ကြီးတွေလဲပါသေးတယ်။
မင်းသမီး Ana de Armas ရဲ့ ရှယ်သရုပ်ဆောင်ချက်တွေကို မြင်တွေ့ရမှာဖြစ်ပြီး Daniel Craig က သူ့ရဲ့သရုပ်ဆောင်ချက်တွေကို ကြိုက်လို့ No Time to Die ဂျိမ်းစ်ဘွန်းဇာတ်ကားမှာ ဒီမင်းသမီးကို ထည့်ရိုက်ခိုင်းခဲ့တယ် ဆိုကြတယ်….ပါဝင်သရုပ်ဆောင်ရတဲ့အချိန် အတိုလေးဆိုပေမယ့် သူ့ရဲ့ဖမ်းစားမှုကို အားလုံးခံခဲ့ကြရတယ်မလား…ခုကားမှာလဲ သူကပဲ ဇာတ်ကို စလည်ဆုံး ဆွဲခေါ်သွားပါဦးမယ်။
စုံထောက်ကားကောင်းကောင်းငတ်နေသူတွေအတွက်ဆို ဒီကားက ရှယ်ပေါ့ဗျာ။ဇာတ်လမ်းကတော့ ၂ ပင် ၃ ပင်လိမ်အောင်ကို လှည့်တာပါ။
တကယ်ကောင်းပါတယ်။နာမည်ကြီးတွေစုပြုံပါဝင်ပေမယ့် ဒီတစ်ခါတော့ ဆရာများ သားသေ မဖြစ်တော့ပါဘူး။
ဇာတ်လမ်းအကျဉ်းပဲ ပြောပြမယ်နော်။ အများကြီးပြောလို့မရဘူး။ ဟာလန်သရွန်ဘီဆိုတဲ့ နာမည်ကြီး လျို့ဝှက်သည်းဖို စာရေးဆရာကြီးရဲ့ ၈၅ နှစ်မြောက် မွေးနေ့မှာ
သူ့ သားသမီးတွေ မြေးတွေနဲ့ သမက် ချွေးမတွေ လာစုစည်းပြီး ပါတီလုပ်ကြတယ်။ အကုန်လုံးကလည်း အဘိုးကြီးနဲ့ ပြဿနာ ကိုယ်စီပေါ့။
နောက်နေ့မနက်မှာ ဟာလန်ကြီးက သေနေပါလေရော။ လည်ပင်းကို လှီးပြီး ကိုယ့်ကိုယ်ကို သတ်သေသွားတာပါ။ သတ်သေမှုပါဆိုမှ ဘယ်သူက အလုပ်အပ်လိုက်မှန်းမသိဘဲ နာမည်ကျော် အလွတ်စုံထောက်ကြီးက ရောက်ချလာရော။ ပြီးတော့ မထင်ထားတာတွေ ဆက်တိုက်ဖြစ်ပြီး ဇာတ်သိမ်းအထိ မထတမ်း ကြည့်မိသွားပါလိမ့်မယ်။
ဒီလောက်ဆို ဘယ်လိုကားလဲ မှန်းမိမှာပါ။ ရုံးပိတ်ရက်မှာ အပမ်းပြေကြပါစေ။
https://image.tmdb.org/t/p/original/1k6iwC4KaPvTBt1JuaqXy3noZRY.jpg
Boruto: Naruto The Movie (2015)
⭐IMDB: 7.8/10 (11 k Votes)
🎬 #Animation #Action #Adventure
🗓️ 2015 🎞️ Movie 📺 1080p FHD
🌎 Japan
⏰ 1 နာရီ 41 မိနစ် 28 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Boruto – Naruto Shippuden movie 8============================
IMDb – 7.8/10MyAnimeList – 7.4/10
ဒီကားကတော့ naruyo shippudenကာတွန်းရုပ်ရှင်
၈ ကားရဲ့နောက်ဆုံးကားဖြစ်ပြီး boruto seriesထက်အရင်
ဇာတ်လမ်းပိုင်းကြိုထွက်လာတဲ့ရုပ်ရှင်ပါ။ ဒီကားမကြည့်ပဲ
စီးရီးပဲကြည့်ရင်ရော ရလားမေးရင် ရရင်ဖြေလို့ရသလို
ဒီကားက canonပဲလားဆိုရင် ဟုတ်ပါတယ်လို့ဖြေလို့ရပါတယ်။
boruto စီးရီးမှာဆိုရင် အပိုင်း၅၀ကျော်လောက်မှာ ဒီကားရဲ့
ဇာတ်လမ်းပြန်ပါတာမလို့မကြည့်လည်းရတယ်လို့ပြောတာပါ။
ဒါပေမဲ့ စီးရီးက ကျက်သရေတုံးစွာ fillerတွေ ၉၀ ရာခိုင်နှုန်း
လောက်ပါတော့ အရမ်းပျင်းဖို့ကောင်းတဲ့အတွက် စီးရီးကို
ကြည့်မနေပဲ ဒီရုပ်ရှင်ကိုကြည့်ဖို့ပဲ ကျနော်ကတော့ တိုက်တွန်းချင်ပါတယ်။
ဒီကားမှာတော့ Narutoတို့ခေတ်ကလိုပဲ Chuninစာမေးပွဲ
ဖြေတာကိုဇာတ်အိမ်တည်ထားတာဖြစ်ပြီး ငှက်ပျောသီး
ဖီးကြမ်းအခိုင်လိုက် ဇောက်ထိုးတပ်ထားတဲ့ဆံပင်ကေနဲ့
ဇာတ်လိုက်ရဲ့ ကျက်သရေတုံးမှုတွေကိုမြင်ရမှာပါ။
Otsutsukiမျိုးနွယ်တွေလည်းပါတာမလို့ fight scence
ကောင်းကောင်းတွေကိုလည်းမြင်တွေ့ရမှာဖြစ်ပါတယ်။
https://m.media-amazon.com/images/M/MV5BZGNhYWU2NzEtODVmMi00MmUyLWFjYzEtNmIyNWUzMmViY2RmXkEyXkFqcGdeQXVyMjY5ODI4NDk@._V1_FMjpg_UX1000_.jpg
Nanny (2022)
⭐IMDB: 5.2/10 (2 k Votes)
🎬 #Drama #Horror #Thriller
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 United States
⏰ 1 နာရီ 39 မိနစ် 43 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Nanny (2022)==========
Rotten Tomatoes 88% နဲ့ IMDb 5.6 ရရှိထားတဲ့ ၂၀၂၂ခုနှစ်ထွက် Horror/Thriller ဇာတ်ကားလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ အာရီရှာဟာ အာဖရိကမှာရှိနေတဲ့သားလေးလာမင် ကို အမေရိကဆီ ခေါ်နိုင်ဖို့ အလုပ်ကြိုးစားနေတဲ့ မိခင်တစ်ယောက် ဖြစ်ပါတယ်။ ဒါကြောင့် အသစ်ရတဲ့ကလေးထိန်းအလုပ်ကို လုပ်ကိုင်ရင်း ပိုက်ဆံရှာနေခဲ့ပါတယ်။ဒီလိုလုပ်ကိုင်ရင်းနဲ့ပဲ အာရီရှာတစ်ယောက် ဝိညာဉ်တွေကို မြင်တွေ့လာရပါတော့တယ်။ အဲဒါကြောင့်ကျွမ်းကျင်သူတစ်ယောက်နဲ့တွေ့ဆုံပြီး အဖြေရှာဖို့ ကြိုးစားခဲ့ပါတာပေါ့။ ပြောရရင် ဒီဇာတ်လမ်းမှာအာရီရှာတစ်ယောက်ဘာလို့ ဝိညာဉ်တွေကို ဘာလို့ မြင်တွေ့နေရတာလဲ၊ဘာတွေ ကြုံဆုံရမလဲဆိုတာကို သည်းထိတ်ရင်ဖို ကြည့်ရှု့ရမှာပဲဖြစ်ပါတယ်။
ဇာတ်လမ်းက ရိုးရှင်းသလိုနဲ့ လှည့်ကွက်လေးတွေ ပါရှိတာမို့ အများကြီးမညွှန်းတော့ပါဘူး။ Jump scare များများစားစား မပါဝင်ပေမယ့် Horrorအရသာကိုတော့ ပေးစွမ်းနိုင်မှာမို့ လက်လွတ်မခံဖို့ အကြံပေးလိုက်ပါ့ရစေ။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Leonard Linဖြစ်ပါတယ်)
https://image.tmdb.org/t/p/original/oAtVkxPXUAkCKjeNZ3vcEFmSBms.jpg
Plebs: Soldiers of Rome (2022)
⭐IMDB: 6.5/10 (265 Votes)
🎬 #Adventure #Comedy #War
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 N/A
⏰ 1 နာရီ 24 မိနစ် 51 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Plebs: Soldiers of Rome (2022)
~ IMDb rating – 6.5/10 ~
ဒီကားကို ညွှန်းရမယ်ဆိုရင်တော့…– ရယ်ရမယ်– ရယ်ရမယ်– ရယ်ရမယ်ဆိုတဲ့ သူငယ်ချင်းသံယောဇဉ် အခြေတည်တဲ့ ရောမခေတ်နောက်ခံ စစ်ထွက်ကားလေးပေါ့။
တစ်ရံရောအခါက ရောမမှာ စစ်ပြန်သူရဲကောင်းတွေကို စားသောက်ဆိုင်တွေမှာ အခမဲ့စားသောက်ခွင့်ပေးဖို့ အမိန့်ထုတ်လိုက်ပါသတဲ့…။ ဒါကို မခံမရပ်နိုင်တဲ့ ဇာတ်လိုက်ကျော် စားသောက်ဆိုင်ပိုင်ရှင်လေးဟာ အဲဒီအမိန့်ကို ကလန်ကဆန်ပြုမိလို့ သူတို့ဆိုင်ဟာ လုံးလုံးပျက်စီးသွားပါတော့တယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ အမိန့်စာအကပ်ခံရတဲ့ အိုးအိမ်တွေကို စစ်ပြန်တွေဆီ ရောင်းရမယ်ဆိုတဲ့ အမိန့်ကြောင့် အိမ်ရှင်ကပါ သူ့ကို အိမ်ပေါ်ကနှင်ချလိုက်တဲ့အခါမှာတော့…
သူရဲကောင်းတွေကို အပစားပေးပြီး စစ်သားတွေဟာ ရေပေါ်ဆီလိုဖြစ်နေတဲ့ ကာလမှာ စစ်ပွဲတွေအပြီးတိုင်ရပ်စဲပြီး ထာဝရငြိမ်းချမ်းရေးကာလဆီ ဦးတည်ဖို့ အမိန့်တစ်ရပ်ထုတ်ပြန်လိုက်တဲ့အခါမှာတော့ ဇာတ်လိုက်ကျော်နဲ့ သူငယ်ချင်းတစ်စုဟာ တပ်ထဲဝင်ဖို့ ဆုံးဖြတ်လိုက်ပါသတဲ့။
ကဲ… စစ်ပွဲတွေကော အပြီးတိုင်ရပ်နားရဲ့လားစစ်ပွဲတွေက ရပ်နားလို့ရော ရရဲ့လား..။ ဟာသကားပါနော် ဟာသကား။ ဒေါင်းလို့ကြည့်ရှုကြပါဦး။
(ဒီဇာတ်ကားနဲ့အညွှန်းကိုZမှ ပြန်ဆို ရေးသားထားပါတယ်)
https://image.tmdb.org/t/p/original/svU6MwHMdLt5K7IiMGR4mspi94V.jpg
Ghost Writer 2 (2022)
⭐IMDB: 7.4/10 (83 Votes)
🎬 #Comedy #Drama #Horror
🗓️ 2022 🎞️ Movie 📺 720p HD
🌎 Indonesia
⏰ 1 နာရီ 54 မိနစ် 57 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Ghost Writer 2 (2022)
(၂၀၁၉)ခုနှစ်က ထွက်ရှိခဲ့တဲ့Ghost Writerကားလေးရဲ့ နောက်ဆက်တွဲဇာတ်လမ်း ဖြစ်ပါတယ်။ ပထမကားနဲ့ ဆက်စပ်မှုရှိပေမယ့် သပ်သပ်စီကြည့်ရင်လည်း အင်မတန်ကြည့်ကောင်းပါတယ်။
ဇာတ်လမ်း ကတော့ ကိုယ်တွေ့သရဲအကြောင်းအရာကို ရေးသားလိုက်ရာမှာ စာရေးဆရာမ နာရာရဲ့စာအုပ်ဟာ တော်တော် လေးပေါက်သွားပြီး နှစ်အတော်ကြာ ရောင်းအားအကောင်းဆုံး (best seller) ဖြစ်သွားပါတယ်။
နာရာကိုယ်တိုင် ကတော့ လေးနက်တဲ့စာပေကိုရေးသားချင်ပေမယ့် ထုတ်ဝေသူကတော့ သရဲနဲ့ပက်သက်တဲ့အကြာင်းကိုသာ ရေး ခိုင်းနေတဲ့အတွက် နာရာအတွက် သရဲတစ္စေတွေကို စိတ်ကုန်နေချိန်ပါ။ အဲ့အချိန်မှာပဲ နာရာနဲ့ ပက်သက်သူ တစ်ယောက်ဟာ မမျှော်လင့်ဘဲ သေဆုံးသွားတဲ့အတွက် သရဲတွေကို စိတ်ပျက်နေတဲ့နာရာဟာ သရဲတွေနဲ့ မဖြစ် မနေ ဆက်ဆံဖို့ဖြစ်လာပါတယ်။
မဖြစ်မနေဆက်ဆံတာဖြစ်တဲ့အတွက် ဖြစ်ရပ်တွေဟာလည်း သူမဖြစ်ချင်တာတွေ ထပ်မံကြုံတွေ့လာတဲ့အချိန်မှာတော့ …
Ghost Writer(၂၀၁၉)လိုပဲ ခြောက်ခြားစရာတွေ၊ ဆွတ်ပျံ့ကြည်နူး စရာတွေ၊ သင်ခန်းစာယူစရာတွေ၊ ပျော်ရွှင်စရာတွေ၊ ဝမ်းနည်းဖွယ်ရာတွေ ပေါင်းစပ်ပြည့်နှက်နေတဲ့ အင်ဒိုနီးရှား သရဲ-ဒရာမာ ကားလေး ဖြစ်ပါတယ်။
(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကKo Myo (Kop)ပါ။)
https://image.tmdb.org/t/p/original/vHKlIci8f38GaAd361EW0VSx91k.jpg
Witch Hunt (2021)
⭐IMDB: 4.7/10 (1 k Votes)
🎬 #Fantasy #Horror #Thriller
🗓️ 2021 🎞️ Movie 📺 1080p FHD
🌎 USA
⏰ 1 နာရီ 37 မိနစ် 37 စက္ကန့်
👑 Gold Channel Movies
ဇာတ်ညွှန်း 📜
Witch Hunt (2021)ပေါ့ပေါ့ပါးပါးနဲ့ကြည့်လို့ကောင်းမယ့် Fantasy Horror ဇာတ်ကားကောင်းလေးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်ဆယ်ကျော်သက်အရွယ် ကလဲရီ ဆိုတဲ့ ကောင်မလေးနဲ့ သူမ မိသားစုက စုန်းတွေကို တောင်ဘက်နယ်စပ်ကိုဖြတ်ပြီး မက္ကဆီမှာ ခိုလှုံခွင့်ရအောင် လျှို့ဝှက် ကူညီပေးသူဖြစ်ပါတယ်…တစ်ဖက်မှာလဲ BWI ဆိုတဲ့အစိုးရအဖွဲ့အစည်းက စုန်းနှိမ်နင်းရေးအဖွဲ့ ဖွဲ့ထားပြီး ကြပ်ကြပ်မတ်မတ် နှိမ်နင်းဆောင်ရွက်သောအခါ….ရင်တထိတ်ထိတ်နဲ့ ကြည့်ရှူရမယ့် ဇာတ်ကားကောင်းလေးကို GC verseတွေအတွက် တင်ဆက်ပေးလိုက်ပါတယ်Reviewed & Translated by P&JEncoded by Hubin
https://m.media-amazon.com/images/M/MV5BNzdlYjYzZDEtOWQ0MC00NTdiLTg0MzMtNjYzNjg3ZjIwM2I1XkEyXkFqcGdeQXVyMjgzNDQyMjE@._V1_FMjpg_UX1000_.jpg
Miss Change (2013)
⭐IMDB: 5.5/10 (173 Votes)
🎬 #Adult #Asian #Comedy
🗓️ 2013 🎞️ Movie 📺 1080p FHD
🌎 South Korea
⏰ 1 နာရီ 41 မိနစ် 13 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ရှေ့နေဂျေချီဟာ လူပျိုစစ်စစ်တစ်ယောက်ဖြစ်ပြီး မိန်းမကိစ္စနဲ့ပတ်သက်ရင် မျက်လုံးချင်းတောင်ဆုံလို့မရတဲ့ အာဂယောင်္ကျားပါ။
တစ်အိမ်ထဲအတူနေတဲ့ သူ့သူငယ်ချင်းယောင်းဂူကတော့ မြာပွေလှသူဖြစ်ပြီး
သူငယ်ချင်းကြိတ်ကြွေနေတဲ့ ကောင်မလေးကိုပါ အလွတ်မပေးသူပါ။
တစ်နေ့မှာ…သူတို့ဘဝထဲကို ဘယ်ကမှန်းမသိတဲ့ ကောင်မလေးတစ်ယောက်ရောက်လာပြီး
သူမနဲ့ထိတွေ့သူတိုင်း ဘဝပြောင်းသွားတဲ့အခါမှာတော့……..။
ပေါ့ပေါ့ပါးပါးနဲ့ အပန်းဖြေကြည့်ရှုသင့်တဲ့ ဇာတ်ကားဖြစ်တဲ့အပြင်
လှပပြည့်ဖြိုးညက်ညောတဲ့ ကောင်မလေးနဲ့
အချစ်ခန်းလေးတွေကလည်းစွဲမက်ဖွယ်ကောင်းတာမို့ ပုရိသတို့ လက်မလွှတ်သင့်ပါကြောင်း..
https://image.tmdb.org/t/p/original/9qD4IBWMqIX3hitHucj6FvrKwxe.jpg
Hell Dogs (2022)
⭐IMDB: 6.8/10 (395 Votes)
🎬 #Action
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 Japan
⏰ 2 နာရီ 17 မိနစ် 45 စက္ကန့်
👑 Gold Channel Movies
ဇာတ်ညွှန်း 📜
Hell Dogs (2022)ဒီတစ်ခေါက်မှာ Netflix ကနေ ထွက်ရှိထားပြီး IDMB 6.9 ရရှိထားတဲ့ ဂျပန်အက်ရှင်ရုပ်ရှင်ဇာတ်ကားတစ်ကားကို တင်ဆက်ပေးသွားမှာပါ။ရှိုဂိုခန်နက်တာကာဆိုသူဟာ ရဲတစ်ယောက်ဖြစ်ပြီး သူ့ချစ်သူကို ဂျပန်ဂိုဏ်းတစ်ခုကနေ သတ်သွားပြီးနောက်မှာ စိတ်ဒဏ်ရာတွေနဲ့ ကြီးပြင်းလာသူတစ်ယောက်ဖြစ်ပါတယ်။ လက်စာချေနိုင်ဖို့ အမြဲတွေးနေတဲ့ ရှိုဂိုကို ရဲတပ်ဖွဲ့က ယာကူဆာဂိုဏ်းအဖွဲ့ထဲ သူလျှိုတစ်ယောက်အဖြစ် ဝင်ရောက်စေခဲ့ပါတယ်။ ယာကူဆာဂိုဏ်းခေါင်းဆောင်ရဲ့ ဘော်ဂီဂတ်အဖြစ် မူရိုဆိုသူနဲ့အတူ နှစ်ယောက်သား တာဝန်ယူပေးကြရင်း သူ့ရဲ့နာကျည်းမှုတွေကို ကလဲ့စားချေနိုင်ဖို့ ကြိုးစားမှာဖြစ်ပါတယ်။ဇာတ်ကောင်တစ်ဦးချင်းစီရဲ့ အတွေးအမြင်ကို ထောင့်စေ့အောင် ရိုက်ကူးထားတာကြောင့် သာမန်မြင်တွေ့နေကျ ဂန်းစတားရုပ်ရှင်ဇာတ်ကားတွေနဲ့မတူတာတော့ အသေအချာပါပဲ..Reviewed & Translated by AtoZEncoded by
https://m.media-amazon.com/images/M/MV5BOTE2YTI1MTEtMzg4OS00ZTk2LWJjY2EtYmU3MDlmMzcxOWY4XkEyXkFqcGdeQXVyMTE0MzY0NjE1._V1_FMjpg_UX1000_.jpg
Honeymoon (2022)
⭐IMDB: 6.2/10 (647 Votes)
🎬 #Bollywood #Comedy #Drama
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 India
⏰ 2 နာရီ 13 မိနစ် 53 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Honeymoon (2022)Comedy, DramaIMDb 6.2/10
ကဲ အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ပန်ချာပီအချစ်ဟာသကားလေးပဲဖြစ်ပါတယ်နော်
စစ်ပွဲကာလအတွင်း ဗုံးကိုဘာမှန်းမသိဘဲ ပျော်ပြီး အိမ်ယူပြေးမိနေရင်းနဲ့မှ လမ်းမှာတင်ဗုံးပေါက်သေသွားခဲ့ရတဲ့ လူတစ်ယောက်ရဲ့နောင်လာနောက်သားတွေအကြောင်းပေါ့။အူတူတူ အတတ မိသားစုလေး။
အဲ့ဒီမိသားစုအတွင်း အနူတောမှာ လူချောဖြစ်နေတဲ့ နည်းနည်းဉာဏ်ရှိတဲ့ကောင်လေးရဲ့နာမည်ကတော့ ဒီပ်ပဲဖြစ်ပါတယ်။
အိမ်မှာမီးဖြတ်ခံရလို့ မီတာသွားဆောင်ရင်း မီတာရုံးမှာ စွတ်ခ်ဆိုတဲ့ကောင်မလေးနဲ့ သွားဆုံမိတယ်။
ဒီပ်ဟာ စွတ်ခ်ကို မြင်မြင်ချင်းပဲ ကြွေဆင်းမိသွားပါတော့တယ်။
အဲ့ဒီမှာပဲ သူတို့နှစ်ယောက်ရဲ့အချစ်ရေးနဲ့ အိမ်ထောင်ရေးမှာ နှစ်ဖက်မိဘတွေရဲ့ရိုက်ခတ်မှုနဲ့လွဲချော်မှုလေးတွေကို တလွဲဟာသလေးတွေနဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်နော်။
သူတို့နှစ်ယောက်ရဲ့အိမ်ထောင်ရေးမှာ အဓိကအလွဲကြီးတစ်ခုဖြစ်တဲ့ဟန်းနီးမွန်းအလွဲကိုတော့ တစ်ဝကြီးခွီရဦးမှာဖြစ်လို့ ဇာတ်ကားကြည့်ရင်းနဲ့ရယ်မောလိုက်ကြပါဦးလို့ ညွှန်းဆိုပေးလိုက်ပါတယ်။
https://m.media-amazon.com/images/M/MV5BZjc2MDFmMGMtMjFhOC00NGU2LWIzNGEtYTcxOTlkMGJlZjIzXkEyXkFqcGdeQXVyODIxMzQ3Nzc@._V1_FMjpg_UX1000_.jpg
Leizhenzi: The Origin of the Gods (2021)
⭐IMDB: 4.8/10 (13 Votes)
🎬 #Action #Fantasy
🗓️ 2021 🎞️ Movie 📺 1080p FHD
🌎 China
⏰ 1 နာရီ 32 မိနစ် 39 စက္ကန့်
👑 Gold Channel Movies
ဇာတ်ညွှန်း 📜
အခုတခါတင်ဆက်ပေးမဲ့ကားလေးကတော့ ကောင်းကင်နှင့်မြေကြီး၏ဝိညာဉ်စွမ်းအင်ပိုင်ဆိုင်ထားတဲ့ တာအိုဘာသာ၏အမြင့်ဆုံးနတ်ဘုရားများထဲမှတစ်ဦးဖြစ်သော Yuanshi Tianzun ၏ဇာတ်လမ်းကိုအခြေခံထားပြီး “Investiture of the Gods” ဝတ္ထုကိုရိုက်ကူးပုံဖော်ထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်Yin နှင့် Shang မင်းဆက်၏နောက်ဆုံးနှစ်များတွင် Shang Zhou သည် ကမ္ဘာမြေကြီးတစ်ခုလုံး၏ အာဏာရှင်ဖြစ်ခဲ့သည်။ ကမ္ဘာကြီးကို ကယ်တင်ရန်အတွက် Feathered People မျိုးနွယ်စုမှ အကြီးအကဲများသည် ကောင်းကင်ယံကျောက်တုံးကို သေနိုင်သောကမ္ဘာထဲသို့ ပစ်ချပြီး ၎င်းတို့၏အမွှာသားတော် Xinhuan အတွင်းသို့ အတောင်ပံများကို တမင်ထိုးသွင်းကာ စစ်မှန်သော “ဗိုလ်ချုပ်” Leizhenzi ကို ကာကွယ်ရန် လူတိုင်းရှေ့မှောက် piတွင် ထိုးသွင်းခဲ့သည်။ နှစ်တွေကြာလာတာနဲ့အမျှ မတူညီတဲ့မွေးဖွားလာသူ Leizhenzi ဟာ သူ့အစ်ကို Xinhuan လိုပဲ ရွေးချယ်ခံရသူဖြစ်ဖို့ ဆန္ဒရှိပေမယ့် ကံကြမ္မာရဲ့ ဂီယာတွေ စတင်နေပြီဖြစ်ပြီး နောက်တွင် ဘာတွေဖြစ်မလဲ စိတ်ဝင်စားဖွယ်ကြည့်ရှုခံစားရမှာဖြစ်ပါတယ်Translate and Encoded by AMO
https://image.tmdb.org/t/p/original/icxeBYLt5qcm1Snrovl40Ft90wJ.jpg
Ashgrove (2022)
⭐IMDB: 5.6/10 (90 Votes)
🎬 #Drama
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 Unknown
⏰ 1 နာရီ 32 မိနစ် 39 စက္ကန့်
👑 Gold Channel Movies
ဇာတ်ညွှန်း 📜
Ashgrove (2022)ကမ္ဘာကြီးဟာ ရေထဲမှာ ဘက်တီးရီယားတွေကြောင့် ကပ်ဘေးဆိုက်နေခဲ့ပါသတဲ့။လူတွေက ရေသောက်များသွားရင် ရောဂါကူးစက်ပြီး သေဆုံးရမှာဖြစ်တယ်။ဂျန်နီဖာဆိုတဲ့ဒေါက်တာက ဒီကပ်ဘေးကြီးရဲ့ ဖြေဆေးကို ကြိုးကြိုးစားစားရှာဖွေနေပါသတဲ့။ တစ်ရက်မှာ သူဟာအဖြေကိုရုတ်တရက်ရှာဖွေနိုင်ခဲ့သော်လည်း အတိတ်မေ့ရောဂါတစ်မျိုးကိုခံစားရပြီး ကုသဆေးကိုမေ့ပျောက်သွားတဲ့အခါမှာတော့……..ဘာတွေဆက်ဖြစ်မလဲဆိုတာ movieလေးမှာကြည့်ရှုခံစားပေးပါဦးReviewed & Translated by MayLinEncoded by Siran
https://m.media-amazon.com/images/M/MV5BOTE2YTI1MTEtMzg4OS00ZTk2LWJjY2EtYmU3MDlmMzcxOWY4XkEyXkFqcGdeQXVyMTE0MzY0NjE1._V1_FMjpg_UX1000_.jpg
Honeymoon (2022)
⭐IMDB: 6.2/10 (647 Votes)
🎬 #Bollywood #Comedy #Drama
🗓️ 2022 🎞️ Movie 📺 720p HD
🌎 India
⏰ 2 နာရီ 13 မိနစ် 53 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Honeymoon (2022)Comedy, DramaIMDb 6.2/10
ကဲ အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ပန်ချာပီအချစ်ဟာသကားလေးပဲဖြစ်ပါတယ်နော်
စစ်ပွဲကာလအတွင်း ဗုံးကိုဘာမှန်းမသိဘဲ ပျော်ပြီး အိမ်ယူပြေးမိနေရင်းနဲ့မှ လမ်းမှာတင်ဗုံးပေါက်သေသွားခဲ့ရတဲ့ လူတစ်ယောက်ရဲ့နောင်လာနောက်သားတွေအကြောင်းပေါ့။အူတူတူ အတတ မိသားစုလေး။
အဲ့ဒီမိသားစုအတွင်း အနူတောမှာ လူချောဖြစ်နေတဲ့ နည်းနည်းဉာဏ်ရှိတဲ့ကောင်လေးရဲ့နာမည်ကတော့ ဒီပ်ပဲဖြစ်ပါတယ်။
အိမ်မှာမီးဖြတ်ခံရလို့ မီတာသွားဆောင်ရင်း မီတာရုံးမှာ စွတ်ခ်ဆိုတဲ့ကောင်မလေးနဲ့ သွားဆုံမိတယ်။
ဒီပ်ဟာ စွတ်ခ်ကို မြင်မြင်ချင်းပဲ ကြွေဆင်းမိသွားပါတော့တယ်။
အဲ့ဒီမှာပဲ သူတို့နှစ်ယောက်ရဲ့အချစ်ရေးနဲ့ အိမ်ထောင်ရေးမှာ နှစ်ဖက်မိဘတွေရဲ့ရိုက်ခတ်မှုနဲ့လွဲချော်မှုလေးတွေကို တလွဲဟာသလေးတွေနဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်နော်။
သူတို့နှစ်ယောက်ရဲ့အိမ်ထောင်ရေးမှာ အဓိကအလွဲကြီးတစ်ခုဖြစ်တဲ့ဟန်းနီးမွန်းအလွဲကိုတော့ တစ်ဝကြီးခွီရဦးမှာဖြစ်လို့ ဇာတ်ကားကြည့်ရင်းနဲ့ရယ်မောလိုက်ကြပါဦးလို့ ညွှန်းဆိုပေးလိုက်ပါတယ်။
https://m.media-amazon.com/images/M/MV5BOGYwYWFhMTEtMDY4Mi00NTU5LWEzNjEtZTc4NDM1YmU2NGU0XkEyXkFqcGdeQXVyMTE1MjU4NjU5._V1_FMjpg_UX1000_.jpg
Love at the Christmas Contest (2022)
⭐IMDB: 5.8/10 (251 Votes)
🎬 #Comedy #Romance
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 United States
⏰ 1 နာရီ 26 မိနစ် 50 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Love at the Christmas Contest (2022)===========================
ဒီကားလေးကတော့ ခရစ်စမတ်ကာလရဲ့ အဓိကအနှစ်သာရလေးကိုရိုးရိုးရှင်းရှင်းဇာတ်လမ်းသွားလေးနဲ့ပဲ ဖော်ပြထားပေးသွားတဲ့ ဇာတ်ကားလေးပါ။တစ်ချို့ထည့်သုံးသွားတဲ့ အတွေးအမြင်လေးတွေဆိုရင်လဲတကယ် ကိုယ်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ရှုထောင့်တစ်မျိုးကနေကြည့်တတ်ဖို့ lessonတွေလဲရပါတယ်။ IMDb Rating 5.7ရထားတဲ့ကားလေး ဖြစ်ပြီး< မိသားစု ချစ်သူတွေနဲ့ ငြိမ့်ငြိမ့်လေး အတူကြည့်လို့ရတဲ့ဇာတ်ကားငြိမ့်ငြိမ့်လေးတစ်ကားပါ။
ရှုပ်ယှက်ခပ်နေတဲ့ actionတွေ plot twistတွေ thriller တွေ sadist movieတွေပဲ အကြည့်များနေရင် စိတ်ခဏအငြိမ်ပေးတဲ့ ကြည့်သင့်တဲ့ကားလေးတစ်ကားဖြစ်တယ်လို့ recommend ပေးပါတယ်။ကလေးသရုပ်ဆောင်ကလေးကလည်း အရမ်းချစ်စရာကောင်းပြီး သူ့ဇာတ်ရုပ်နဲ့ တော်တော်လေးလိုက်တယ်လို့ ပြောရင် pedophile လို့တော့ မထင်လိုက်ကြနဲ့ပေါ့ဗျာ၊ တကယ်ချစ်စရာကောင်းလို့ ပြောတာပါ။ကဲ ဒီလောက်ပဲညွှန်းပါတော့မယ်ဗျာ အချိန်ရရင် ဝင်ကြည့်ကြပါလို့ပြောကြားချင်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Paul ဖြစ်ပါတယ်)
https://m.media-amazon.com/images/M/MV5BNjdiOGU2YTYtZWVhOS00N2JhLWFjMWYtYmQ5ZjhlZDBkMGMxXkEyXkFqcGdeQXVyNzc5MjA3OA@@._V1_FMjpg_UX1000_.jpg
Captive Files I (2001)
⭐IMDB: 6.1/10 (12 Votes)
🎬 #Adult #Drama #Horror #Thriller
🗓️ 2001 🎞️ Movie 📺 480p SD
🌎 Japan
⏰ 1 နာရီ 45 မိနစ် 37 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
စတော့ဟုမ်းဆင်ဒရုန်းကို ကြားဖူးကြတယ်နဲ့တူတယ်နာမည်ကြီး money heist ထဲတောင် ပါသေးတယ်လေအဲ့လို ဖမ်းတဲ့သူကို ပြန်ကြိုက်သွားတဲ့ ဇာတ်လမ်းကိုမှဖြေးဖြေးချင်းပဲပြောင်းလဲသွားတာလား လူ့စိတ်သဘောသဘာဝတွေကိုလေ့လာရမယ့်အပြင် အလှည့်အပြောင်းများစွာနဲ့ကောင်းကောင်းကြည့်ရမယ် ဇာတ်လမ်းလေးပါပဲ
ဂျပန်ရုပ်ရှင်လောကက ဒီလိုကားမျိုးရိုက်တဲ့နေရာမှာတော့ဆရာကျပါတယ် ပြသင့်တာပြ ဖော်သင့်တာဖော်ပြီးဇာတ်လမ်းအရှိန်မကျအောင် ဝေဝေဆာဆာဖန်တီးပေးထားတာတွေ့ရမှာပါ ဇာတ်ကားက အပိုင်း ၂ ရှိသေးတဲ့အပြင်ဆက်ရန်ကိုပါ ဆက်တင်ဆက်ပေးမှာမို့ အချိန်ရှိတုန်းပထမပိုင်းကို အားပေးကြဖို့ လက်တို့ပေးပါရစေ
https://m.media-amazon.com/images/M/MV5BMTcyODc0NGEtZjEzZC00YmRlLWJiNGEtMjQ5MWVlN2U0ODZhXkEyXkFqcGdeQXVyODIwMDI1NjM@._V1_FMjpg_UX1000_.jpg
Naanum Rowdy Thaan (2015)
⭐IMDB: 7.2/10 (5 k Votes)
🎬 #Action #Bollywood #Comedy #Romance
🗓️ 2015 🎞️ Movie 📺 1080p FHD
🌎 India
⏰ 2 နာရီ 14 မိနစ် 07 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Naanum Rowdy Dhaan (2015)IMDb 7.2နာမည်ကြီးတောင်ပိုင်းမင်းသားဗီဂျေးစည်သူပတီ နဲ့မင်းသမီးချောလေး Nayantharaပါဝင်သရုပ်ဆောင်ထားပြီး အချစ်စစ်နဲ့သာဆို အရာရာကျော်ဖြတ်နိုင်ကြောင်းရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်
ဇာတ်လမ်းအညွှန်း…ကာဒမ်ဘရီ (Nayanthara) ရဲ့အဖေကရဲတစ်ယောက်ပါ မပတ်သက်သင့်တဲ့လူမိုက်ကိုသွားရန်စမိရာက ဇနီးဖြစ်သူပါဆုံးရှုံးလိုက်ရပြီး သမီးဖြစ်သူ ကာဒမ်ဘရီကပါနားမကြားဘဝရောက်သွားခဲ့ပါတယ် ဒီကလဲ့စားသွေးကြွေးကိုပြန်ဆပ်မယ်ဆိုပြီးအိမ်ကထွက်သွားတဲ့ဖခင် ရက်အတော်ကြာထိပြန်ရောက်မလာလို့ကာဒမ်ဘရီတစ်ယောက်ရှာဖွေခန်းဖွင့်တော့ အမှတ်မထင် ဗရုတ်ကောင်ပန်ဒီနဲ့သွားဆုံမိပါလေရောမြင်မြင်ချင်းသဘောကျသွားတဲ့ ပန်ဒီက ဒီသနားစရာကောင်မလေးရဲ့ဖခင်ဖြစ်သူကိုလိုက်ရှာပေးဖို့ဆုံးဖြတ်လိုက်ပါတော့တယ်
ဒါပေမယ့် ထင်မှတ်မထားတဲ့ ကိစ္စကတော့ သူ့အဖေကသေဆုံးသွားပြီဆိုတာပါပဲ ဒီလိုနဲ့ သူတို့နှစ်ယောက်ပေါင်းပြီးဒီကလဲ့စားချေမယ့်ခရီးလမ်းကြောင်းကိုဘယ်လိုရှေ့ဆက်သွားမလဲပန်ဒီကရောသူလိုချင်နေတဲ့အချစ်ကိုရနိုင်မလားဆိုတာတော့ဆက်လက်ကြည့်ရှူလိုက်ကြပါရှင်
