uz
Feedback

Firibgarlarga uchmang! Telemetrio bunday kanallarni topadi va belgilaydi 👉 Belgini ko‘rmoqchi bo‘lsangiz, obuna bo‘ling

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Yopiq kanal

🚩 Channel was restricted by Telegram

Ko'proq ko'rsatish
Ma'lumot yo'q
Obunachilar
-524 soatlar
-47 kun
+730 kun
Postlar arxiv
Taking Woodstock (2009) ⭐IMDB: 6.7/10 (30 k Votes) 🎬 #Comedy #Drama #Music #Biography #History 🗓️ 2009 🎞️ Movie 📺 1080p FHD 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 2 မိနစ် 34 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Taking Woodstock (2009) လူငယ်တို့ရဲ့ ငယ်ရွယ်မှုနဲ့လွတ်လပ်မှုကို ဘယ်အရာတွေနဲ့များ တားဆီးလို့ရနိုင်မှာတဲ့လဲ.. ၁၉၆၉ ခုနှစ်က ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတာဖြစ်ပြီးIMDB 6.7/10 ရရှိထားတဲ့ Taking Woodstock (2009) ဆိုတဲ့Drama/Musicကားလေးပါ.. ဇာတ်လမ်းအကျဉ်း၁၉၆၉ ခုနှစ်က နယူးယော့ခ်ရဲ့ဝှိုက်လိတ်ခ်မြို့က အယ်လီယက်ဆိုတဲ့လူငယ်ကောင်လေးတစ်ယောက်က သူ့ဘဝကို မိဘတွေရဲ့စိတ်တိုင်းကျအယ်မိုနာခိုဆိုတဲ့အပန်းဖြေစခန်းလေး လည်ပတ်ရာမှာ အကူအညီပေးနေခဲ့ပြီးသူတို့ရဲ့ အပန်းဖြေစခန်းလေး ဘဏ်ကို အကြွေးနဲ့အသိမ်းမခံရဖို့အရေးဂီတပွဲတော်လေးတစ်ခု ကျင်းပဖို့ ပြင်ဆင်နေခဲ့တာပါ..နှစ်စဉ်ကျင်းပမြဲ ပွဲတော်နဲ့မတူဘဲ အဲဒီနှစ်မှာတော့ အကြောင်းအမျိုးမျိုးကြောင့်တကယ့်လူငယ်ကြိုက် ဝုဒ်စတော့ခ်အဖွဲ့ရဲ့ တေးဂီတဖျော်ဖြေပွဲတစ်ခုပြုလုပ်ပေးဖို့ အကြောင်းဖန်လာပါတော့တယ်..လူသောင်းဂဏန်းလောက်ပဲ လာရောက်မယ်လို့ မှန်းထားပေမယ့် တကယ်တမ်းလူသိန်းပေါင်းများစွာ သူတို့ရဲ့ အညတရမြို့လေးကို စုရုံးရောက်ရှိလာခဲ့ချိန်မှာတော့အယ်လီယက်တစ်ယောက် မြို့ခံတွေရဲ့ကန့်ကွက်မှုက တစ်မျိုးပွဲကျင်းပရေး တာဝန်ခံတွေက တစ်ဖုံနဲ့ ဗျာများရပါတော့တယ်..ဗီယက်နမ်စစ်ပွဲကြောင့် ပွဲငတ်နေတဲ့ လူငယ်လေးတွေကလုပ်ချင်ရာတွေလုပ် ဖြစ်ချင်ရာတွေဖြစ်ပြီး ကားတွေကြပ် လမ်းတွေပိတ်အခက်အခဲပေါင်းစုံကို အယ်လီယက်တစ်ယောက် ဘယ်လိုဖြေရှင်းမလဲ..သူတို့ စီစဉ်ထားသလိုရော ဂီတပွဲတော်က အဆင်ပြေပြေ ပြီးမြောက်သွားပါ့မလား..သူ့မိဘတွေရဲ့ အပန်းဖြေစခန်းလေးကိုရော ချောချောမွေ့မွေ့နဲ့ ပြန်ရယူနိုင်ပါ့မလား..လူငယ်လေး အယ်လီယက်တစ်ယောက်လူငယ်တွေအတွက် ဂီတပွဲတော်ကျင်းပဖို့ကြိုးစားရင်းပျောက်ဆုံးနေတဲ့ သူ့ကိုယ်သူရော ရှာဖွေတွေ့ရှိနိုင်သွားမလား ဆိုတာကိုတော့..ဇာတ်ကားလေးထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။(ဒီဖြစ်ရပ်မှန်ကိုပဲ ၁၉၇၀ခုနှစ်က documentaryအဖြစ် ရိုက်ကူးတဲ့ တခြားဇာတ်ကားလေးတစ်ကားလည်းရှိပါသေးတယ်..အခု ဒီကားလေးကတော့ လူငယ်နဲ့ လူကြီးကြား ဖြစ်တတ်တဲ့ သဘာဝ၊လူငယ်တွေရဲ့ ငယ်ရွယ်မှုအပေါ် ရှုမြင်ချက်နဲ့ လွတ်လပ်ခြင်းအပေါ် သဘောထားတွေကိုအဓိကထား ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်..P.S ဝတ်လစ်စလစ်ဇာတ်ဝင်ခန်းများ ပါဝင်တာမို့ မိသားစုနဲ့ ကြည့်ရှုရန် မသင့်ပါနော်) (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Emilyပါ)

Blue Jean (2022) ⭐IMDB: 7.3/10 (717 Votes) 🎬 #Drama 🗓️ 2022 🎞️ Movie 📺 720p HD 🌎 #UnitedKingdom ⏰ 1 နာရီ 37 မိနစ် 58 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Blue Jean (2022) ~ IMDb – 7.3/10, Rotten Tomatoes – 95% ~ (18+ ​လေးဖြစ်တာမို့လို့ အသက်ပြည့်ပြီးမှ ကြည့်ကြဖို့တော့ သတိပေးပါရ​စေ) 2022 မှာထွက်ရှိထားပြီး Rating လည်း​ကောင်း၊ Awards ​တွေဆိုရင်လည်း ၁၂ ဆု​တောင်ရရှိထားတဲ့ Independent Film တစ်ခုလည်းဖြစ်ပြီး LGBT ဇာတ်လမ်းအမျိုးအစားဖြစ်တဲ့ Blue Jean ​လေးဟာ ​အခုလို ပွင့်လင်းမြင်သာမှုမရှိ​သေးတဲ့ အရင်​ခေတ်ကြီးက LGBT တွေ ရင်ဆိုင်​​နေရတဲ့ ဘဝ​လေးကို ရိုက်ကူးပြထားတာပဲဖြစ်ပါတယ်။ ~ ဇာတ်လမ်းအညွှန်း ~ ​ခေတ်ကိုအရင်​ပြောရမယ်ဆိုရင်​တော့ LGBT ​တွေအတွက် ​နေရာမရှိတဲ့​ခေတ်၊ LGBT ဆိုတာနဲ့ လူဆိုးလိုလို မ​ကောင်းဆိုးဝါးလိုကြည့်ခံရတဲ့​ခေတ်၊ LGBT ဘဝကို သာမန်ဘဝလို့ မသတ်မှတ်ထားတဲ့​ခေတ်၊ မာဂရက်သက်ချာအစိုးရက Gay ​တွေ Lesbian ​တွေအတွက် တန်းတူအခွင့်အ​ရေးရဖို့ ကြိုးစား​ပေး​နေဆဲကာလဖြစ်တဲ့ ၁၉၈၈ ခုနှစ် အင်္ဂလန်ကို အ​ခြေခံပြီးရိုက်ကူးပြသထားတာဖြစ်ပါတယ်။ ဂျင်းနယူးမန်းဆိုတဲ့ ​ယောက်ျားလျာတစ်​ယောက် ​ကျောင်းတစ်​ကျောင်းမှာ မိမိဘဝကို ဖုံးကွယ်ရင်း ကာယဆရာမအ​ဖြစ်လုပ်ကိုင်​နေတုန်း ​ကျောင်းသူတစ်​ယောက်​ရောက်လာပြီး သူ့ဘဝကို ​ဖော်ထုတ်ဖို့ကြိုးစားရာက‌နေ သူဖြတ်သန်းရတဲ့အခက်အခဲ​တွေ ရင်ဆိုင်ရတဲ့အ​တွေ့အကြုံ​တွေကို ရိုက်ပြထားတဲ့ကား​လေးဖြစ်ပါတယ် အဲ့ဒီ​ခေတ်ရဲ့ LGBT ​တွေရဲ့ အခက်အခဲ​တွေ အချင်းချင်း​ဖေးမမှု​တွေရိုက်ပြထားရုံသာမကတစ်ဘက်မှာလည်း LGBT ​တွေကို ဆန့်ကျင်တဲ့သူ​တွေ အထင်​သေးတဲ့သူ​တွေရဲ့ စိတ်​နေစိတ်ထား​တွေကိုလည်း ​သေချာ​လေးရိုက်ပြထားတဲ့ကားမို့လို့ ​တော်​တော်​လေးကြည့်လို့​ကောင်းတဲ့ ဇာတ်လမ်း​လေးတစ်ခုဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုDBမှ ပြန်ဆို ရေးသားထားပါတယ်)

Blue Jean (2022) ⭐IMDB: 7.3/10 (717 Votes) 🎬 #Drama 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 #UnitedKingdom ⏰ 1 နာရီ 37 မိနစ် 58 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Blue Jean (2022) ~ IMDb – 7.3/10, Rotten Tomatoes – 95% ~ (18+ ​လေးဖြစ်တာမို့လို့ အသက်ပြည့်ပြီးမှ ကြည့်ကြဖို့တော့ သတိပေးပါရ​စေ) 2022 မှာထွက်ရှိထားပြီး Rating လည်း​ကောင်း၊ Awards ​တွေဆိုရင်လည်း ၁၂ ဆု​တောင်ရရှိထားတဲ့ Independent Film တစ်ခုလည်းဖြစ်ပြီး LGBT ဇာတ်လမ်းအမျိုးအစားဖြစ်တဲ့ Blue Jean ​လေးဟာ ​အခုလို ပွင့်လင်းမြင်သာမှုမရှိ​သေးတဲ့ အရင်​ခေတ်ကြီးက LGBT တွေ ရင်ဆိုင်​​နေရတဲ့ ဘဝ​လေးကို ရိုက်ကူးပြထားတာပဲဖြစ်ပါတယ်။ ~ ဇာတ်လမ်းအညွှန်း ~ ​ခေတ်ကိုအရင်​ပြောရမယ်ဆိုရင်​တော့ LGBT ​တွေအတွက် ​နေရာမရှိတဲ့​ခေတ်၊ LGBT ဆိုတာနဲ့ လူဆိုးလိုလို မ​ကောင်းဆိုးဝါးလိုကြည့်ခံရတဲ့​ခေတ်၊ LGBT ဘဝကို သာမန်ဘဝလို့ မသတ်မှတ်ထားတဲ့​ခေတ်၊ မာဂရက်သက်ချာအစိုးရက Gay ​တွေ Lesbian ​တွေအတွက် တန်းတူအခွင့်အ​ရေးရဖို့ ကြိုးစား​ပေး​နေဆဲကာလဖြစ်တဲ့ ၁၉၈၈ ခုနှစ် အင်္ဂလန်ကို အ​ခြေခံပြီးရိုက်ကူးပြသထားတာဖြစ်ပါတယ်။ ဂျင်းနယူးမန်းဆိုတဲ့ ​ယောက်ျားလျာတစ်​ယောက် ​ကျောင်းတစ်​ကျောင်းမှာ မိမိဘဝကို ဖုံးကွယ်ရင်း ကာယဆရာမအ​ဖြစ်လုပ်ကိုင်​နေတုန်း ​ကျောင်းသူတစ်​ယောက်​ရောက်လာပြီး သူ့ဘဝကို ​ဖော်ထုတ်ဖို့ကြိုးစားရာက‌နေ သူဖြတ်သန်းရတဲ့အခက်အခဲ​တွေ ရင်ဆိုင်ရတဲ့အ​တွေ့အကြုံ​တွေကို ရိုက်ပြထားတဲ့ကား​လေးဖြစ်ပါတယ် အဲ့ဒီ​ခေတ်ရဲ့ LGBT ​တွေရဲ့ အခက်အခဲ​တွေ အချင်းချင်း​ဖေးမမှု​တွေရိုက်ပြထားရုံသာမကတစ်ဘက်မှာလည်း LGBT ​တွေကို ဆန့်ကျင်တဲ့သူ​တွေ အထင်​သေးတဲ့သူ​တွေရဲ့ စိတ်​နေစိတ်ထား​တွေကိုလည်း ​သေချာ​လေးရိုက်ပြထားတဲ့ကားမို့လို့ ​တော်​တော်​လေးကြည့်လို့​ကောင်းတဲ့ ဇာတ်လမ်း​လေးတစ်ခုဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုDBမှ ပြန်ဆို ရေးသားထားပါတယ်)

Rango (2011) ⭐IMDB: 7.2/10 (273 k Votes) 🎬 #Adventure #Animation #Comedy #Family #Western #Action 🗓️ 2011 🎞️ movie 📺 720p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 47 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 [Unicode] 2011 အော်စကာ ဆုပေးပွဲမှာ Academy Award for Best Animated Feature ကို ရထားတဲ့ ဒီ Rango ဆိုတဲ့ ကာတွန်းဇာတ်လမ်းလေးက ကျွန်တော် ကြိုက်တဲ့ ဇာတ်လမ်းလေးတွေထဲမှာ ထိပ်ဆုံးနေရာကပဲ …။ ဘာလို့လဲဆိုတော့ ကာတွန်းကားဆိုပေမယ့် အဓိပ္ပာယ်အရမ်းပြည့်၀ နေလို့ပဲ … Rango ဆိုတာ က ပုတ်သင်လေးတစ်ကောင်ရဲ့ နာမည်ပေါ့ ..။ လောကကြီးအတွက်သူရဲကောင်း ဖြစ်ချင်နေတဲ့ စိတ်ကူးယဉ်သမား ပုတ်သင်လေးပေါ့ …။ သူ့ ရဲ့ အကြီးမားဆုံးမျှော်လင့်ချက်က သူရဲကောင်းအဖြစ်နဲ့ မင်းသမီးလေးကို ကယ်တင်နိုင်ဖို့ …။ အမြဲတမ်းစိတ်ကူးယဉ်နေတက်တဲ့ သူပဲ …။ မမျှော်လင့်ထားတဲ့ ဖြစ်ရပ်နဲ့ သူဟာ သဲကန္တာရထဲမှာ သောင်တင်ခဲ့ရတယ် …။ ပြီးတော့ ရေပြတ်လပ်မှု ပြသနာ ဖြစ်နေတဲ့ မြို့ငယ်လေးကို ရောက်သွားတယ် …။ ကိုယ်တိုင်ကသာ ဘာမှ မဟုတ်တာ ပါးစပ်က တော်ကီ ကောင်းတဲ့ကောင် ဆိုတော့ မြို့ခံလူတွေဆီက အထင်ကြီး ယုံကြည်မှုကို ယူနိုင်ခဲ့တယ် …။ သူတို့ မြို့လေးကို အဓိက ရန်ရှာနေတဲ့ ငှက်ကြီးကိုလည်း Rango က လွဲချော်မှုတွေနဲ့ ရှင်းပစ်လိုက်နိုင်လေတော့ ပိုလို့ အထင်ကြီးခံရတယ် …။ မြို့လေးထဲက လူတွေက သူ့ကို သူရဲကောင်း အဖြစ်သတ်မှတ်လိုက်ပြီး … သူတို့ မြို့ရဲ့ ဒုက္ခတွေကို ကယ်တင်နိုင်မယ့် သူအဖြစ် ကိုးစားလာကြတယ်ပေါ့ဗျာ …တကယ်တမ်း တော့ Rango ဟာ သူရချင်တဲ့ သူရဲကောင်း အမည်ရလာပေမယ့် သူရဲကောင်း ဖြစ်အောင် ကြိုးစားရာမှာတော့ ပြသနာတွေ အများကြီး ကြုံလာရပါတယ် …။ သူရဲကောင်းဆောင်နေတဲ့ Rangoတစ်ယောက် မြို့ကလူတွေ သိသွားတဲ့အခါ ဘယ်လို ပြသနာတွေ ကြုံတွေ့ရမှာလဲ၊သူရဲကောင်းဆိုတာ ဘယ်လို အဓိပ္ဗယ်ဆိုတာရော နားလည်သွားနိူင်ပါ့မှာလားဆိုတာ စိတ်ဝင်စားစရာပါ။ နောက်ထပ် ကြည့်သင့်တဲ့အချက်တစ်ခုကတော့ ဒီ Rangoဆိုတဲ့ ပုတ်သင်ညိုကို Johnny Deepရဲ့ လှူပ်ရှားပုံကို အခြေံပြီးရိုက်ထားတာမို့ ကြည့်ကောင်းမှာ သေချာပါတယ်။ IMDB rating 7.2အထိ ရထားတဲ့ ဒီကားက Animation ပရိသတ်တွေအတွက် စိတ်ကျေနပ်မှူ ရစေမှာ သေချာပါတယ်။

Rango (2011) ⭐IMDB: 7.3/10 (186 Votes) 🎬 #Adventure #Animation #Comedy #Action #Family #Western 🗓️ 2011 🎞️ Movie 📺 1080p FHD 🌎 #UnitedStates #Canada ⏰ 1 နာရီ 52 မိနစ် 30 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 [Unicode] 2011 အော်စကာ ဆုပေးပွဲမှာ Academy Award for Best Animated Feature ကို ရထားတဲ့ ဒီ Rango ဆိုတဲ့ ကာတွန်းဇာတ်လမ်းလေးက ကျွန်တော် ကြိုက်တဲ့ ဇာတ်လမ်းလေးတွေထဲမှာ ထိပ်ဆုံးနေရာကပဲ …။ ဘာလို့လဲဆိုတော့ ကာတွန်းကားဆိုပေမယ့် အဓိပ္ပာယ်အရမ်းပြည့်၀ နေလို့ပဲ … Rango ဆိုတာ က ပုတ်သင်လေးတစ်ကောင်ရဲ့ နာမည်ပေါ့ ..။ လောကကြီးအတွက်သူရဲကောင်း ဖြစ်ချင်နေတဲ့ စိတ်ကူးယဉ်သမား ပုတ်သင်လေးပေါ့ …။ သူ့ ရဲ့ အကြီးမားဆုံးမျှော်လင့်ချက်က သူရဲကောင်းအဖြစ်နဲ့ မင်းသမီးလေးကို ကယ်တင်နိုင်ဖို့ …။ အမြဲတမ်းစိတ်ကူးယဉ်နေတက်တဲ့ သူပဲ …။ မမျှော်လင့်ထားတဲ့ ဖြစ်ရပ်နဲ့ သူဟာ သဲကန္တာရထဲမှာ သောင်တင်ခဲ့ရတယ် …။ ပြီးတော့ ရေပြတ်လပ်မှု ပြသနာ ဖြစ်နေတဲ့ မြို့ငယ်လေးကို ရောက်သွားတယ် …။ ကိုယ်တိုင်ကသာ ဘာမှ မဟုတ်တာ ပါးစပ်က တော်ကီ ကောင်းတဲ့ကောင် ဆိုတော့ မြို့ခံလူတွေဆီက အထင်ကြီး ယုံကြည်မှုကို ယူနိုင်ခဲ့တယ် …။ သူတို့ မြို့လေးကို အဓိက ရန်ရှာနေတဲ့ ငှက်ကြီးကိုလည်း Rango က လွဲချော်မှုတွေနဲ့ ရှင်းပစ်လိုက်နိုင်လေတော့ ပိုလို့ အထင်ကြီးခံရတယ် …။ မြို့လေးထဲက လူတွေက သူ့ကို သူရဲကောင်း အဖြစ်သတ်မှတ်လိုက်ပြီး … သူတို့ မြို့ရဲ့ ဒုက္ခတွေကို ကယ်တင်နိုင်မယ့် သူအဖြစ် ကိုးစားလာကြတယ်ပေါ့ဗျာ …တကယ်တမ်း တော့ Rango ဟာ သူရချင်တဲ့ သူရဲကောင်း အမည်ရလာပေမယ့် သူရဲကောင်း ဖြစ်အောင် ကြိုးစားရာမှာတော့ ပြသနာတွေ အများကြီး ကြုံလာရပါတယ် …။ သူရဲကောင်းဆောင်နေတဲ့ Rangoတစ်ယောက် မြို့ကလူတွေ သိသွားတဲ့အခါ ဘယ်လို ပြသနာတွေ ကြုံတွေ့ရမှာလဲ၊သူရဲကောင်းဆိုတာ ဘယ်လို အဓိပ္ဗယ်ဆိုတာရော နားလည်သွားနိူင်ပါ့မှာလားဆိုတာ စိတ်ဝင်စားစရာပါ။ နောက်ထပ် ကြည့်သင့်တဲ့အချက်တစ်ခုကတော့ ဒီ Rangoဆိုတဲ့ ပုတ်သင်ညိုကို Johnny Deepရဲ့ လှူပ်ရှားပုံကို အခြေံပြီးရိုက်ထားတာမို့ ကြည့်ကောင်းမှာ သေချာပါတယ်။ IMDB rating 7.2အထိ ရထားတဲ့ ဒီကားက Animation ပရိသတ်တွေအတွက် စိတ်ကျေနပ်မှူ ရစေမှာ သေချာပါတယ်။

Superman & Lois (2021- ) ⭐IMDB: 7.8/10 (34 k Votes) 🎬 #SciFi #Fantasy #Drama #Action #Adventure #Romance 🗓️ 2021- 🎞️ Series 📺 1080p FHD 🌎 #UnitedStates #UnitedStatesofAmerica ⏰ 42 မိနစ် 58 စက္ကန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Superman & Lois Season 1+2+3 (2021-2022)CW ရဲ့ Arrow universe ထဲက Superman နဲ့ Lois Lane တို့ရဲ့ကိုယ်ပိုင်စီးရီးဖြစ်ပါတယ်။ အရင် Arrowverse စီးရီးတွေတုန်းက Superman ဇာတ်ကောင်ကို fan တွေစိတ်ပျက်ခဲ့ပေမယ့်ဒီစီးရီးမှာတော့အားမရခဲ့သမျှကိုအဖတ်ဆယ်ပေးမှာဖြစ်ပါတယ်။HBO ကလည်းအားဖြည့်ပေးထားတာမို့ CW စီးရီးလို့မထင်ရလောက်အောင်vfx တွေ အက်ရှင် scene တွေလန်ပြန်နေပြီး Superman ရဲ့ suit အသစ်ဟာလည်းအတော်လေးကြည့်ကောင်းလာပါတယ်။Clark နဲ့ Lois မှာအရင်က Jon Kent ဆိုတဲ့ ကလေးတစ်ယောက်ပဲ ရှိခဲ့ပေမယ့်Crisis on infinite earth အပြီးမှာ earth တွေအပြောင်းအလဲဖြစ်သွားတာကြောင့်အမွှာနှစ်ယောက်ဖြစ်သွားပါတယ်။ ဒီစီးရီးမှာ Clark ကို စူပါဟီးရိုးတစ်ယောက်အနေနဲ့တင်မကပဲသား၂ယောက်ကို အခက်အခဲတွေကြားက ပြုစုပျိုးထောင်နေတဲ့ အဖေတစ်ယောက်အနေနဲ့ပါ တွေ့ရမှာဖြစ်ပါတယ်။Superman နဲ့ Lois Lane ဟာ သားနှစ်ယောက်နဲ့အတူ Superman ကြီးပြင်းခဲ့ရာ Smallville ကိုပြောင်းလာရင်း အခက်အခဲတွေကြုံနေတဲ့မြို့လေးရဲ့ နောက်ကွယ်ကတရားခံကိုဖော်ထုတ်ဖို့၊ပေါ်လာတဲ့ရန်သူသစ်တွေကို နှိမ်နင်းနိုင်ဖို့ ကြိုးစားကြပါတော့တယ်။File size…800 Mb / 400 Mb

Kuttey (2023) ⭐IMDB: 6.4/10 (8 k Votes) 🎬 #Action #Bollywood #Comedy #Crime #Thriller 🗓️ 2023 🎞️ Movie 📺 1080p FHD 🌎 #India ⏰ 1 နာရီ 49 မိနစ် 17 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Kuttey (2023) IMDb-6.4/10 ဇိုးတွေကြားကပဋိပက္ခတွေ လှည့်ကွက်ပရိယာယ်တွေကြိုက်တဲ့ညိုကီတို့အတွက်ရုံတင်ဇာတ်ကားကောင်း သရုပ်ဆောင်စွမ်းရည်ကောင်းတယ်လို့ နာမည်ကြီးတဲ့အာဂျွန်ကပူးလ်နဲ့ Drishyam ထဲကရဲမေမင်းသမီးကြီးကဒီထဲမှာလည်းရဲမေအဖြစ်သရုပ်ဆောင်ထားပါတယ်ဒီကားဟာ Aasmaan Bhardwaj ဆိုတဲ့တက်သစ်စဒါရိုက်တာတစ်ယောက်ရဲ့ ပွဲဦးထွက်ကားပါ ကိုယ့်လိုအပ်ချက်နဲ့ကိုယ် ငွေပမာဏကြီးကြီးလိုချင်နေကြသူတွေငွေရပေါက်ကြီးကိုမထင်မှတ်ပဲအားလုံးပြိုင်တူလိုက်မိချိန်မှာ….. ဇလည်းရှိ ဉာဏ်လည်းများတဲ့သူတို့တွေဒီငွေတွင်းကို ဘယ်လိုအနိုင်တိုက်ယူကြမလဲမြွေမြွေချင်းခြေမြင်နေကြတဲ့သူတွေအချင်းချင်းဘယ်လိုတွေအကွက်ကျော်ရိုက်ချကြမလဲခံစားကြည့်ပါဦး

Middle Class Love (2022) ⭐⁉️ 🎬 #Bollywood #Comedy #Drama #Romance 🗓️ 2022 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 10 မိနစ် 23 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Middle Class Love (2023)IMDb 6.4/10 မင်းသားချောလေး Prit Kamani က Kavya Thapar , Eisha Singh တို့လိုအလန်းလေးတွေနဲ့ မချောနှစ်ယောက်ကိုယ်တစ်ယောက်မယ့်Comedy/Drama/Romantic ဇာတ်ကားမျိုးပါ လူလတ်တန်းစားကနေမွေးဖွားလာတဲ့လူတွေအတွက်‌ကတော့ မလိုအပ်တဲ့နေရာမသုံးဖို့ပိုက်ဆံစုဖို့ဆိုတာ ထပ်ကာတလဲလဲ ကြားရမဲ့ ဓာတ်ပြားဟောင်းတွေပဲပေါ့ဒါကိုယူဒီ( Prit Kamani) က ငြီးငွေ့နေပါတယ် သူ့အိပ်မက်ကတော့ချမ်းသာတဲ့ဘောစိမမနဲ့တွဲပြီး ဒီလူလတ်တန်းစားဘဝထဲကရုန်းထွက်ဖို့ပါဖြစ်ချင်တော့သူဝင်ခွင့်ရတဲ့ကျောင်းမှာကလည်း သူ့စံပြ‌ ဘောစိကောင်မလေးရှိနေတယ်ပေါ့ဒီတော့ ယူဒီကဆုံးဖြတ်ချက်ချပြီး အပိုင်လိုက်ဖို့ကြံပါပြီ ဒါပေမဲ့ သူလိုက်မဲ့ကောင်မလေးဆာရှာမှာ သူနဲ့မတည့်တဲ့အက်ရှ်ဆိုတဲ့တစ်ယောက်ရှိနေပါတယ် ဘုံလုံတစ်လှည့်ငါးဖျံတစ်လှည့်သူဦးသူဆော် ကိုယ်ဦးကိုယ်ဆော်နှစ်ယောက်ပါ ဒီနှစ်ယောက်ကြားထဲမှဝင်မိတဲ့ယူဒီ့တစ်ယောက်ဘာဆက်ဖြစ်မလဲ ဆာရှာက အက်ရှ်ကိုအသည်းကွဲအောင်လုပ်နိုင်ရင်ရည်းစားအဖြစ်ရွေးချယ်မယ်ဆိုတော့ ယူဒီတစ်ယောက်ဘယ်လို အလွဲတွေနဲ့ရှေ့ဆက်သွားမလဲသူ့အိပ်မက်ကရောအောင်မြင်မလားဆိုတာ လူငယ်တွေကြားပေါ့ပေါ့ပါးပါးနဲ့ကြည့်ရှုရမဲ့ကားလေးပဲဖြစ်ပါတယ်

The Whole Nine Yards (2000) ⭐IMDB: 6.7/10 (123 k Votes) 🎬 #Comedy #Crime 🗓️ 2000 🎞️ Movie 📺 720p HD 🌎 #UnitedStates ⏰ 1 နာရီ 39 မိနစ် 49 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Whole Nine Yards (2000) ~ IMDb rating – 6.7/10 ~ Nicholas “Oz” Oseransky ဟာ လူချစ်လူခင်များပြီး စိတ်ထားကောင်းတဲ့ ကူညီတတ်တဲ့ သွားဆရာဝန်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အိမ်မှာတော့ သူ့ကိုတစ်ချိန်လုံးထိုင်နှိပ်စက်နေတဲ့ဇနီးဆိုးနဲ့ ယောက္ခမဆိုးတွေကြောင့် ဒီအိမ်ထောင်ရေးကနေထွက်ပေါက်ရှာချင်နေတဲ့သူပါ။ တစ်နေ့မှာတော့ သူတို့ဘေးအိမ်ကိုပြောင်းလာတဲ့လူဟာ သူ့ဂိုဏ်းခေါင်းဆောင်ကိုလက်ထောက်ချပြီး လာရှောင်တိမ်းနေတဲ့ နာမည်ကျော် ကြေးစားလူသတ်သမားဖြစ်တဲ့ Jimmy The Tulip ဆိုတာကို သူသိလိုက်ရပြီး သူ့မိန်းမကိုပြောပြမိခဲ့ပါတယ်။ အဲဒီမှာပဲ မလည်ရှုပ်လုပ်ချင်တဲ့ သူ့မိန်းမဟာ ကြံကြီးစည်ရာလို့ပြောရမယ့် အကြံကြီးတစ်ခုကိုစိတ်ကူးပေါက်ပြီး သူ့ကိုအတင်းအကျပ်ခိုင်းပါတော့တယ်။ အဲဒီအကြံကတော့ Jimmy ရဲ့ ဂိုဏ်းကိုသွားဆက်သွယ် Jimmy ကို လက်ထောက်ချပြီး ဂိုဏ်းကပေးတဲ့ဆုကြေးကိုထုတ်ဖို့ပါပဲ။ ကြေးစားလူသတ်သမားဖြစ်တဲ့ Jimmy ကတော့ Oz ကိုခင်ခင်မင်မင်လာပေါင်းတဲ့အတွက် Oz ကသူ့ဇနီးခိုင်းတာကိုမလုပ်ချင်ပေမယ့် မလွန်ဆန်နိုင်တဲ့အတွက် ရှေ့ဆက်တိုးရတဲ့အခါမှာတော့… ကြေးစားလူသတ်သမားဖြစ်ချင်တဲ့ Oz ရဲ့ လက်ထောက်ကောင်မလေး Jill, Jimmy ကိုအသေအကြေမုန်းတီးနေတဲ့ ဂိုဏ်းခေါင်းဆောင် Janni, Jimmy ရဲ့ဇနီးဟောင်းမိန်းမလှလေး Cynthia, အဲဒီ Cynthia ကိုမှချစ်မိသွားတဲ့ Oz တို့ကြားမှာ တစ်ယောက်နဲ့တစ်ယောက် လှည့်စားအနိုင်ယူရမယ့် ဉာဏ်ကစားပွဲတစ်ခုဖြစ်လာပါတော့တယ်။ အားလုံးသိကြတဲ့မင်းသားကြီး Bruce Willis နဲ့ Friends ပရိသတ်တွေရဲ့အသည်းစွဲ Chandler တဖြစ်လဲ Matthew Perry တို့ခေါင်းဆောင်ပါဝင်ထားတာပါ။ Matthew ဟာ Bruce နဲ့အတူဒီဇာတ်ကားရိုက်နေချိန်မှာ အလောင်းအစားတစ်ခုလုပ်ခဲ့ပါတယ်။ အဲဒါကတော့ ဒီဇာတ်ကားသာ ဝင်ငွေကောင်းခဲ့မယ်ဆိုရင် Friends မှာဧည့်သည်အဖြစ်လာရိုက်ပေးဖို့ပါပဲ။ Bruce ကိုယ်တိုင်ကလဲ အဲ့ဒီလောက်အောင်မြင်မယ်မထင်ခဲ့မိတဲ့အတွက်လက်ခံခဲ့ပြီး ဒီဇာတ်ကားက အံ့သြစရာကောင်းလောက်အောင် ဝင်ငွေကောင်းခဲ့ချိန်မှာတော့ သူရှုံးသွားခဲ့တဲ့အတွက် Friends မှာပါလာခဲ့တာဖြစ်ပါတယ်။ Friends ထဲက Bruce ရဲ့ဇာတ်ကောင်ဖြစ်တဲ့ Ross ရဲ့ယောက္ခမလောင်း Paul Stevens ကိုမှတ်မိကြဦးမှာပါ။သူ့သမီးနဲ့ Ross ကိုသဘောမတူနိုင်ပဲ တစ်ချိန်လုံးအပြစ်ရှာ ထိုင်ဖောက်နေတတ်တဲ့ဘဲကြီးပေါ့။ အခုဇာတ်ကားမှာတော့ ကြေးစားလူသတ်သမားအဖြစ် သူ့ရဲ့မထီတရီအပြုံးတွေ အေးစက်စက်အကြည့်တွေကိုပြန်မြင်ရမှာဖြစ်ပြီး Matthew ရဲ့ဇာတ်ကောင် Oz ကတော့ Chandler နဲ့စရိုက်ချင်းတူတဲ့အတွက် Friends တုန်းကအတိုင်း အလွဲလွဲ အချော်ချော်ဖြစ်ရပ်တွေနဲ့ပွဲကျစေဦးမှာပါပဲ။ Comedy နဲ့ Crime ကိုမျှမျှတတ ပေါင်းစပ်ထားတဲ့အတွက် အားလုံးအကြိုက်တွေ့မယ့် ဇာတ်ကားမျိုးဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုAliasမှ ပြန်ဆို ရေးသားထားပါတယ်)

Middle Class Love (2022) ⭐⁉️ 🎬 #Bollywood #Comedy #Drama #Romance 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 #India ⏰ 2 နာရီ 10 မိနစ် 23 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Middle Class Love (2023)IMDb 6.4/10 မင်းသားချောလေး Prit Kamani က Kavya Thapar , Eisha Singh တို့လိုအလန်းလေးတွေနဲ့ မချောနှစ်ယောက်ကိုယ်တစ်ယောက်မယ့်Comedy/Drama/Romantic ဇာတ်ကားမျိုးပါ လူလတ်တန်းစားကနေမွေးဖွားလာတဲ့လူတွေအတွက်‌ကတော့ မလိုအပ်တဲ့နေရာမသုံးဖို့ပိုက်ဆံစုဖို့ဆိုတာ ထပ်ကာတလဲလဲ ကြားရမဲ့ ဓာတ်ပြားဟောင်းတွေပဲပေါ့ဒါကိုယူဒီ( Prit Kamani) က ငြီးငွေ့နေပါတယ် သူ့အိပ်မက်ကတော့ချမ်းသာတဲ့ဘောစိမမနဲ့တွဲပြီး ဒီလူလတ်တန်းစားဘဝထဲကရုန်းထွက်ဖို့ပါဖြစ်ချင်တော့သူဝင်ခွင့်ရတဲ့ကျောင်းမှာကလည်း သူ့စံပြ‌ ဘောစိကောင်မလေးရှိနေတယ်ပေါ့ဒီတော့ ယူဒီကဆုံးဖြတ်ချက်ချပြီး အပိုင်လိုက်ဖို့ကြံပါပြီ ဒါပေမဲ့ သူလိုက်မဲ့ကောင်မလေးဆာရှာမှာ သူနဲ့မတည့်တဲ့အက်ရှ်ဆိုတဲ့တစ်ယောက်ရှိနေပါတယ် ဘုံလုံတစ်လှည့်ငါးဖျံတစ်လှည့်သူဦးသူဆော် ကိုယ်ဦးကိုယ်ဆော်နှစ်ယောက်ပါ ဒီနှစ်ယောက်ကြားထဲမှဝင်မိတဲ့ယူဒီ့တစ်ယောက်ဘာဆက်ဖြစ်မလဲ ဆာရှာက အက်ရှ်ကိုအသည်းကွဲအောင်လုပ်နိုင်ရင်ရည်းစားအဖြစ်ရွေးချယ်မယ်ဆိုတော့ ယူဒီတစ်ယောက်ဘယ်လို အလွဲတွေနဲ့ရှေ့ဆက်သွားမလဲသူ့အိပ်မက်ကရောအောင်မြင်မလားဆိုတာ လူငယ်တွေကြားပေါ့ပေါ့ပါးပါးနဲ့ကြည့်ရှုရမဲ့ကားလေးပဲဖြစ်ပါတယ်

The Whole Nine Yards (2000) ⭐IMDB: 6.7/10 (123 k Votes) 🎬 #Comedy #Crime 🗓️ 2000 🎞️ Movie 📺 1080p FHD 🌎 #UnitedStates ⏰ 1 နာရီ 39 မိနစ် 49 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Whole Nine Yards (2000) ~ IMDb rating – 6.7/10 ~ Nicholas “Oz” Oseransky ဟာ လူချစ်လူခင်များပြီး စိတ်ထားကောင်းတဲ့ ကူညီတတ်တဲ့ သွားဆရာဝန်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အိမ်မှာတော့ သူ့ကိုတစ်ချိန်လုံးထိုင်နှိပ်စက်နေတဲ့ဇနီးဆိုးနဲ့ ယောက္ခမဆိုးတွေကြောင့် ဒီအိမ်ထောင်ရေးကနေထွက်ပေါက်ရှာချင်နေတဲ့သူပါ။ တစ်နေ့မှာတော့ သူတို့ဘေးအိမ်ကိုပြောင်းလာတဲ့လူဟာ သူ့ဂိုဏ်းခေါင်းဆောင်ကိုလက်ထောက်ချပြီး လာရှောင်တိမ်းနေတဲ့ နာမည်ကျော် ကြေးစားလူသတ်သမားဖြစ်တဲ့ Jimmy The Tulip ဆိုတာကို သူသိလိုက်ရပြီး သူ့မိန်းမကိုပြောပြမိခဲ့ပါတယ်။ အဲဒီမှာပဲ မလည်ရှုပ်လုပ်ချင်တဲ့ သူ့မိန်းမဟာ ကြံကြီးစည်ရာလို့ပြောရမယ့် အကြံကြီးတစ်ခုကိုစိတ်ကူးပေါက်ပြီး သူ့ကိုအတင်းအကျပ်ခိုင်းပါတော့တယ်။ အဲဒီအကြံကတော့ Jimmy ရဲ့ ဂိုဏ်းကိုသွားဆက်သွယ် Jimmy ကို လက်ထောက်ချပြီး ဂိုဏ်းကပေးတဲ့ဆုကြေးကိုထုတ်ဖို့ပါပဲ။ ကြေးစားလူသတ်သမားဖြစ်တဲ့ Jimmy ကတော့ Oz ကိုခင်ခင်မင်မင်လာပေါင်းတဲ့အတွက် Oz ကသူ့ဇနီးခိုင်းတာကိုမလုပ်ချင်ပေမယ့် မလွန်ဆန်နိုင်တဲ့အတွက် ရှေ့ဆက်တိုးရတဲ့အခါမှာတော့… ကြေးစားလူသတ်သမားဖြစ်ချင်တဲ့ Oz ရဲ့ လက်ထောက်ကောင်မလေး Jill, Jimmy ကိုအသေအကြေမုန်းတီးနေတဲ့ ဂိုဏ်းခေါင်းဆောင် Janni, Jimmy ရဲ့ဇနီးဟောင်းမိန်းမလှလေး Cynthia, အဲဒီ Cynthia ကိုမှချစ်မိသွားတဲ့ Oz တို့ကြားမှာ တစ်ယောက်နဲ့တစ်ယောက် လှည့်စားအနိုင်ယူရမယ့် ဉာဏ်ကစားပွဲတစ်ခုဖြစ်လာပါတော့တယ်။ အားလုံးသိကြတဲ့မင်းသားကြီး Bruce Willis နဲ့ Friends ပရိသတ်တွေရဲ့အသည်းစွဲ Chandler တဖြစ်လဲ Matthew Perry တို့ခေါင်းဆောင်ပါဝင်ထားတာပါ။ Matthew ဟာ Bruce နဲ့အတူဒီဇာတ်ကားရိုက်နေချိန်မှာ အလောင်းအစားတစ်ခုလုပ်ခဲ့ပါတယ်။ အဲဒါကတော့ ဒီဇာတ်ကားသာ ဝင်ငွေကောင်းခဲ့မယ်ဆိုရင် Friends မှာဧည့်သည်အဖြစ်လာရိုက်ပေးဖို့ပါပဲ။ Bruce ကိုယ်တိုင်ကလဲ အဲ့ဒီလောက်အောင်မြင်မယ်မထင်ခဲ့မိတဲ့အတွက်လက်ခံခဲ့ပြီး ဒီဇာတ်ကားက အံ့သြစရာကောင်းလောက်အောင် ဝင်ငွေကောင်းခဲ့ချိန်မှာတော့ သူရှုံးသွားခဲ့တဲ့အတွက် Friends မှာပါလာခဲ့တာဖြစ်ပါတယ်။ Friends ထဲက Bruce ရဲ့ဇာတ်ကောင်ဖြစ်တဲ့ Ross ရဲ့ယောက္ခမလောင်း Paul Stevens ကိုမှတ်မိကြဦးမှာပါ။သူ့သမီးနဲ့ Ross ကိုသဘောမတူနိုင်ပဲ တစ်ချိန်လုံးအပြစ်ရှာ ထိုင်ဖောက်နေတတ်တဲ့ဘဲကြီးပေါ့။ အခုဇာတ်ကားမှာတော့ ကြေးစားလူသတ်သမားအဖြစ် သူ့ရဲ့မထီတရီအပြုံးတွေ အေးစက်စက်အကြည့်တွေကိုပြန်မြင်ရမှာဖြစ်ပြီး Matthew ရဲ့ဇာတ်ကောင် Oz ကတော့ Chandler နဲ့စရိုက်ချင်းတူတဲ့အတွက် Friends တုန်းကအတိုင်း အလွဲလွဲ အချော်ချော်ဖြစ်ရပ်တွေနဲ့ပွဲကျစေဦးမှာပါပဲ။ Comedy နဲ့ Crime ကိုမျှမျှတတ ပေါင်းစပ်ထားတဲ့အတွက် အားလုံးအကြိုက်တွေ့မယ့် ဇာတ်ကားမျိုးဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုAliasမှ ပြန်ဆို ရေးသားထားပါတယ်)

The Good Lie (2014) ⭐IMDB: 7.4/10 (29 k Votes) 🎬 #Biography #Drama 🗓️ 2014 🎞️ Movie 📺 720p HD 🌎 #Kenya #India #UnitedStates #Canada #SouthAfrica #UnitedStatesofAmerica ⏰ 1 နာရီ 50 မိနစ် 40 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဆူဒန်ပြည်တွင်းစစ်တုန်းအတွင်းမှာ Mamere တို့ရွာလေးဟာမီးရှို့ဖျက်ဆီးခံရပြီး မိဘတွေလည်းအသတ်ခံခဲ့ရပါတယ်။ ဒါပေမယ့် Mamere တို့ညီအစ်ကိုမောင်နှမတစ်သိုက်ဟာ အားမလျော့ဘဲ ဘေးကင်းရာကိုထွက်ပြေးခဲ့ရပါတယ်။ လမ်းခရီးမှာလည်း ဒုက္ခတွေကြုံခဲ့ရအပြီးမှာတော့ နောက်ဆုံးမှာကင်ညာနိုင်ငံဒုက္ခသည်စခန်းကိုရောက်ခဲ့ပါတယ်။ စခန်းမှာနှစ်အတန်ကြာနေခဲ့ပြီးနောက်မှာ Mamere တို့မောင်နှမတွေ အမေရိကမှာခိုလှုံခွင့်ရခဲ့ပါတယ်။ ဒါပေမယ့် လူနေမှုအဆင့်အတန်းနဲ့ ယဉ်ကျေးမှုကွာခြားလှတဲ့ တိုင်းပြည်မှာ အခြေချနိုင်ဖို့ Mamere တို့အတွက်မလွယ်ကူခဲ့ပါဘူး။ မိသားစုစိတ်ဓာတ်၊စွန့်လွှတ်အနစ်နာခံမှုတွေကိုဖော်ကျုးထားတဲ့ ဇာတ်ကားလေးပါ။

The Abandoned (2006) ⭐IMDB: 5.5/10 (13 k Votes) 🎬 #Horror #Mystery #Thriller 🗓️ 2006 🎞️ Movie 📺 720p HD 🌎 #Spain #UnitedKingdom #Bulgaria ⏰ 1 နာရီ 39 မိနစ် 54 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 သရဲကားကြိုက်တဲ့ ပရိတ်သတ်တွေအတွက် 2006ခုနှစ်မှာ ထွက်ခဲ့တဲ့ The Abandonedဆိုတဲ့ horrorကားကို တင်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်လမ်းထဲမှာတော့ မာရီဟာ ငယ်စဉ်ကတည်းက မွေးစားမိဘတွေနဲ့ ကြီးပြင်းလာခဲ့သူတစ်ဦး ဖြစ်ပါတယ်။မာရီဟာ သူ့ဘဝသက်တမ်းရဲ့ တစ်ဝက်လောက်ကို မိဘအရင်းတွေကိုရှာရင်းကုန်ဆုံးခဲ့ပေမယ့် ဘာသတင်း အစအနမှ မရခဲ့ပါဘူး။ တစ်နေ့မှာတော့သူ့ရဲ့ မိဘတွေနဲ့ပတ်သတ်လို့ ရှေ့နေတစ်ဦးက မာရီဆီကို ဆက်သွယ်ခဲ့ပါတယ်။အကြောင်းရင်းကတော့ သူ့မိဘတွေနေခဲ့တဲ့ ကိတ်ဒန်နော့စကီ ခြံကြီးကို အမွေဆက်ခံဖို့ပါပဲ။ ကိတ်ဒန်နော့စကီ ခြံကြီးဟာ လူသူမနီးတဲ့အရပ်မှာ တည်ရှိပြီး မြစ်ပတ်လည်ဝိုင်းနေတဲ့အတွက်တံတားနဲ့သွားရတဲ့ ကျွန်းသဖွယ်ဖြစ်နေတဲ့ ခြံကြီးပါ။ မာရီတစ်ယောက် သူ့မိဘအရင်းတွေအကြောင်းကိုရှာဖွေဖို့အတွက် ဒီခြံကြီးကိုရောက်သွားတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်မလဲ ကြည့်ရှုရမှာပါ။ဒီခြံကြီးရဲ့ အတိတ်မှာ ဘာတွေဖြစ်ခဲ့ပြီး မာရီနဲ့ဘယ်လိုဆက်စပ်နေမလဲ၊ မာရီတစ်ယောက်ရော သူလို့ချင်တဲ့အတိတ်ကိုရှာတွေ့နိုင်မလား ဒါမှမဟုတ် မာရီရဲ့အတိတ်ကပဲ မာရီကိုလိုက်ရှာနေခဲ့တာလား ဆိုတာကိုရင်တထိတ်ထိတ် ကြည့်ရှုရမှာဖြစ်ပါတယ်။ Horrorကားကောင်းတွေ ကြိုက်နှစ်သက်သူတွေအနေနဲ့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားတစ်ကားပါပဲ။

The Good Lie (2014) ⭐IMDB: 7.4/10 (29 k Votes) 🎬 #Biography #Drama 🗓️ 2014 🎞️ Movie 📺 1080p FHD 🌎 #Kenya #India #UnitedStates #Canada #SouthAfrica #UnitedStatesofAmerica ⏰ 1 နာရီ 50 မိနစ် 40 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဆူဒန်ပြည်တွင်းစစ်တုန်းအတွင်းမှာ Mamere တို့ရွာလေးဟာမီးရှို့ဖျက်ဆီးခံရပြီး မိဘတွေလည်းအသတ်ခံခဲ့ရပါတယ်။ ဒါပေမယ့် Mamere တို့ညီအစ်ကိုမောင်နှမတစ်သိုက်ဟာ အားမလျော့ဘဲ ဘေးကင်းရာကိုထွက်ပြေးခဲ့ရပါတယ်။ လမ်းခရီးမှာလည်း ဒုက္ခတွေကြုံခဲ့ရအပြီးမှာတော့ နောက်ဆုံးမှာကင်ညာနိုင်ငံဒုက္ခသည်စခန်းကိုရောက်ခဲ့ပါတယ်။ စခန်းမှာနှစ်အတန်ကြာနေခဲ့ပြီးနောက်မှာ Mamere တို့မောင်နှမတွေ အမေရိကမှာခိုလှုံခွင့်ရခဲ့ပါတယ်။ ဒါပေမယ့် လူနေမှုအဆင့်အတန်းနဲ့ ယဉ်ကျေးမှုကွာခြားလှတဲ့ တိုင်းပြည်မှာ အခြေချနိုင်ဖို့ Mamere တို့အတွက်မလွယ်ကူခဲ့ပါဘူး။ မိသားစုစိတ်ဓာတ်၊စွန့်လွှတ်အနစ်နာခံမှုတွေကိုဖော်ကျုးထားတဲ့ ဇာတ်ကားလေးပါ။

The Abandoned (2006) ⭐IMDB: 5.5/10 (13 k Votes) 🎬 #Horror #Mystery #Thriller 🗓️ 2006 🎞️ Movie 📺 1080p FHD 🌎 #Spain #UnitedKingdom #Bulgaria ⏰ 1 နာရီ 39 မိနစ် 54 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 သရဲကားကြိုက်တဲ့ ပရိတ်သတ်တွေအတွက် 2006ခုနှစ်မှာ ထွက်ခဲ့တဲ့ The Abandonedဆိုတဲ့ horrorကားကို တင်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်လမ်းထဲမှာတော့ မာရီဟာ ငယ်စဉ်ကတည်းက မွေးစားမိဘတွေနဲ့ ကြီးပြင်းလာခဲ့သူတစ်ဦး ဖြစ်ပါတယ်။မာရီဟာ သူ့ဘဝသက်တမ်းရဲ့ တစ်ဝက်လောက်ကို မိဘအရင်းတွေကိုရှာရင်းကုန်ဆုံးခဲ့ပေမယ့် ဘာသတင်း အစအနမှ မရခဲ့ပါဘူး။ တစ်နေ့မှာတော့သူ့ရဲ့ မိဘတွေနဲ့ပတ်သတ်လို့ ရှေ့နေတစ်ဦးက မာရီဆီကို ဆက်သွယ်ခဲ့ပါတယ်။အကြောင်းရင်းကတော့ သူ့မိဘတွေနေခဲ့တဲ့ ကိတ်ဒန်နော့စကီ ခြံကြီးကို အမွေဆက်ခံဖို့ပါပဲ။ ကိတ်ဒန်နော့စကီ ခြံကြီးဟာ လူသူမနီးတဲ့အရပ်မှာ တည်ရှိပြီး မြစ်ပတ်လည်ဝိုင်းနေတဲ့အတွက်တံတားနဲ့သွားရတဲ့ ကျွန်းသဖွယ်ဖြစ်နေတဲ့ ခြံကြီးပါ။ မာရီတစ်ယောက် သူ့မိဘအရင်းတွေအကြောင်းကိုရှာဖွေဖို့အတွက် ဒီခြံကြီးကိုရောက်သွားတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်မလဲ ကြည့်ရှုရမှာပါ။ဒီခြံကြီးရဲ့ အတိတ်မှာ ဘာတွေဖြစ်ခဲ့ပြီး မာရီနဲ့ဘယ်လိုဆက်စပ်နေမလဲ၊ မာရီတစ်ယောက်ရော သူလို့ချင်တဲ့အတိတ်ကိုရှာတွေ့နိုင်မလား ဒါမှမဟုတ် မာရီရဲ့အတိတ်ကပဲ မာရီကိုလိုက်ရှာနေခဲ့တာလား ဆိုတာကိုရင်တထိတ်ထိတ် ကြည့်ရှုရမှာဖြစ်ပါတယ်။ Horrorကားကောင်းတွေ ကြိုက်နှစ်သက်သူတွေအနေနဲ့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားတစ်ကားပါပဲ။

The Tailor of Panama (2001) ⭐IMDB: 6.1/10 (30 k Votes) 🎬 #Drama #Thriller #Comedy 🗓️ 2001 🎞️ Movie 📺 720p HD 🌎 #UnitedStates #Ireland ⏰ 1 နာရီ 51 မိနစ် 39 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Tailor of Panama(2001) ************************** James Bond မင်းသားကြီး Pierce Brosnan အပြင်Geoffrey Rush,Jamie Curtis တို့လိုနာမည်ကြီးသရုပ်ဆောင်များနဲ့ ဟယ်ရီပေါ်တာမင်းသားလေးDaniel Radcliffe ကကလေးသရုပ်ဆောင်အဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့ နိုင်ငံရေးလှည့်ကွက်တွေအကြောင်းရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးရဲ့ အပျော်မယားနဲ့ကိစ္စတွေရှုပ်ခဲ့လို့ပန်နမာကိုစေလွှတ်ခံရတဲ့ စစ်တပ်သတင်းဌာနက အန်ဒီအော့စ်နာဟာပန်နမာမှာဖြစ်နေတဲ့ အကျင့်ပျက်ခြစားမှုတွေနဲ့ မကောင်းမှုဒုစရိုက်တွေကိုစုံစမ်းဖို့ပုံပြောကောင်းတဲ့ အပ်ချုပ်သမား ဟယ်ရီပန်ဒယ်ကိုအကြပ်ကိုင်ခိုင်းစေပါတယ်။ဟယ်ရီအနေနဲ့ သူ့ရဲ့အတိတ်ကအကြောင်းတွေကို မပေါ်စေချင်တဲ့အတွက်ကြောင့်ပဲအန်ဒီခိုင်းသမျှကိုလိုက်လုပ်ပေးရာကနေ ဘယ်လောက်အထိဆိုးဝါးသွားမလဲ…သူ့ရဲ့ပုံပြောကောင်းတဲ့အရည်အချင်းနဲ့ ဘယ်လိုဇာတ်လမ်းတွေဖန်တီးခဲ့တာလဲဆိုတာကိုလှည့်ကွက်ပေါင်းများစွာနဲ့ ကြည့်ရှုခံစားကြရမှာပဲဖြစ်ပါတယ်…..

The Tailor of Panama (2001) ⭐IMDB: 6.1/10 (30 k Votes) 🎬 #Drama #Thriller #Comedy 🗓️ 2001 🎞️ Movie 📺 1080p FHD 🌎 #UnitedStates #Ireland ⏰ 1 နာရီ 51 မိနစ် 39 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Tailor of Panama(2001) ************************** James Bond မင်းသားကြီး Pierce Brosnan အပြင်Geoffrey Rush,Jamie Curtis တို့လိုနာမည်ကြီးသရုပ်ဆောင်များနဲ့ ဟယ်ရီပေါ်တာမင်းသားလေးDaniel Radcliffe ကကလေးသရုပ်ဆောင်အဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့ နိုင်ငံရေးလှည့်ကွက်တွေအကြောင်းရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးရဲ့ အပျော်မယားနဲ့ကိစ္စတွေရှုပ်ခဲ့လို့ပန်နမာကိုစေလွှတ်ခံရတဲ့ စစ်တပ်သတင်းဌာနက အန်ဒီအော့စ်နာဟာပန်နမာမှာဖြစ်နေတဲ့ အကျင့်ပျက်ခြစားမှုတွေနဲ့ မကောင်းမှုဒုစရိုက်တွေကိုစုံစမ်းဖို့ပုံပြောကောင်းတဲ့ အပ်ချုပ်သမား ဟယ်ရီပန်ဒယ်ကိုအကြပ်ကိုင်ခိုင်းစေပါတယ်။ဟယ်ရီအနေနဲ့ သူ့ရဲ့အတိတ်ကအကြောင်းတွေကို မပေါ်စေချင်တဲ့အတွက်ကြောင့်ပဲအန်ဒီခိုင်းသမျှကိုလိုက်လုပ်ပေးရာကနေ ဘယ်လောက်အထိဆိုးဝါးသွားမလဲ…သူ့ရဲ့ပုံပြောကောင်းတဲ့အရည်အချင်းနဲ့ ဘယ်လိုဇာတ်လမ်းတွေဖန်တီးခဲ့တာလဲဆိုတာကိုလှည့်ကွက်ပေါင်းများစွာနဲ့ ကြည့်ရှုခံစားကြရမှာပဲဖြစ်ပါတယ်…..

The Donor Party (2023) ⭐IMDB: 5.0/10 (147 Votes) 🎬 #Comedy 🗓️ 2023 🎞️ Movie 📺 1080p FHD 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 33 မိနစ် 34 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Donor Party(2023) ********************** လောကကြီးက လူတိုင်းမှာ အိပ်မက်ကိုယ်စီ ရှိကြပါတယ်ဒါပေမယ့် ဒီကားထဲက Jaclyn McGinley ဆိုတဲ့ ကာရိုက်တာကတော့ ထူးထူးဆန်းဆန်း အမေဖြစ်ချင်တာပါ … ဒီ့ထက်ပိုဆန်းတာက ယောကျာ်း မယူဘဲ အမေဖြစ်ချင်တာပါ …. အဲ့ဒီလို လုပ်ဖို့က မွေးစားရင်မွေးစား မဟုတ်ရင် sperm bank ကိုသွားမှာပဲရပါတော့မယ်…ဒါပေမယ့် အဲ့ဒီနှစ်ခုလုံးက ဈေးကြီးတာမို့လို့လည်း မလုပ်နိုင်ပြန်ပါဘူးအဲ့ဒီတော့ ယောကျာ်းလည်းမယူရ ကလေးလည်းရ ပိုက်ဆံလည်းမကုန်မယ့်အကြံကို သူ့သူငယ်ချင်းနှစ်ယောက်က ကူစဉ်းစားပေးပါတော့တယ်…ကလေးရဖို့ ဘာတွေ ဘယ်လိုကြံကြမလဲဆိုတာကတော့…….

Poolhall Junkies (2002) ⭐IMDB: 6.8/10 (10 k Votes) 🎬 #Comedy #Drama #Thriller #Sport 🗓️ 2002 🎞️ Movie 📺 720p HD 🌎 #UnitedStates ⏰ 1 နာရီ 34 မိနစ် 39 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီ ဇာတ်ကားကတော့ ပေါ့ပေါ့ပါးပါးကြည့်ကောင်းတဲ့ ကားတစ်ကားပဲဖြစ်ပါတယ်။Poolhall junkiesဆိုတဲ့အတိုင်း ဘိလိယက်အားကစားကိုရူးသွပ်ကြတဲ့ လူငယ်တွေရဲ့ဇာတ်ကြောင်းကို အခြေခံပြီးရိုက်ကူးထားတာပါ။ ဇာတ်အရမ်းနာတဲ့ဇာတ်ကွက်တွေမပါတာကြောင့် စိတ်အပန်းပြေချင်တဲ့အခါ ကြည့်လို့သင့်တော်တဲ့ကားတစ်ကားပါ။ ရယ်ရတဲ့အခန်းတွေ အများကြီးပါပါတယ်။ ၁၂နှစ်သားဘဝကတည်းက ဘိလိယက်အားကစားကိုချစ်မြတ်နိုးတဲ့ဂျွန်နီဟာ ဂျိုးလက်ထဲမှာ ၁၅နှစ်ကြာတဲ့ထိ လောင်းကြေးနဲ့ဆော့တဲ့ ဘိလိယက်ဆရာတစ်ယောက်အဖြစ်ရပ်တည်ခဲ့တယ်။ ဒါပေမဲ့ ဂျွန်နီကတော့ပြိုင်ပွဲဝင်ကစားသမားတစ်ယောက် ဖြစ်ချင်ခဲ့တာပါ။ ဂျိုးရဲ့လက်ချက်ကြောင့် ဂျွန်နီက သူဖြစ်ချင်ခဲ့သလိုမျိုး သိက္ခာရှိရှိပြိုင်ပွဲဝင်ကစားသမားအနေနဲ့မဟုတ်ပဲ လောင်းကြေးနဲ့ဆော့တဲ့ရိုက်စားသမားဖြစ်ခဲ့ရတယ်။ ဂျွန်နီရဲ့ ညီနဲ့ သူငယ်ချင်းသုံးယောက်ကလည်း အမြဲတမ်း နယ်ခံဘိလိယက်ရုံထဲမှာ ဗရုတ်ကျနေကျသူတွေပေါ့။ သူငယ်ချင်းတွေက တစ်ယောက်ကိုတစ်ယောက်ချစ်ကြတဲ့အပြင် စကားပြောရင်လည်းအဆဲမပါရင်မပြီးကြပါဘူး။ တစ်နေ့ ဂျိုးရဲ့လုပ်ရပ်ကိုသိသွားတဲ့ဂျွန်နီက ဂျိုးကိုနစ်ဂါတွေဆီထိုးကျွေးပြီး ကိုယ့်နယ်ကိုပဲပြန်လာခဲ့တယ်။ အဲဒီနောက်ပိုင်းမှာတော့ ဂျွန်နီနဲ့ သူငယ်ချင်းတွေပေါင်းပြီး အခက်အခဲတွေကိုအတူတူရင်ဆိုင်ကြပုံကို ရိုက်ကူးထားပါတယ်။ သူငယ်ချင်းစိတ်ဓာတ်ကို အခြေခံပြီးလည်းရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။

Poolhall Junkies (2002) ⭐IMDB: 6.8/10 (10 k Votes) 🎬 #Comedy #Drama #Thriller #Sport 🗓️ 2002 🎞️ Movie 📺 1080p FHD 🌎 #UnitedStates ⏰ 1 နာရီ 34 မိနစ် 39 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီ ဇာတ်ကားကတော့ ပေါ့ပေါ့ပါးပါးကြည့်ကောင်းတဲ့ ကားတစ်ကားပဲဖြစ်ပါတယ်။Poolhall junkiesဆိုတဲ့အတိုင်း ဘိလိယက်အားကစားကိုရူးသွပ်ကြတဲ့ လူငယ်တွေရဲ့ဇာတ်ကြောင်းကို အခြေခံပြီးရိုက်ကူးထားတာပါ။ ဇာတ်အရမ်းနာတဲ့ဇာတ်ကွက်တွေမပါတာကြောင့် စိတ်အပန်းပြေချင်တဲ့အခါ ကြည့်လို့သင့်တော်တဲ့ကားတစ်ကားပါ။ ရယ်ရတဲ့အခန်းတွေ အများကြီးပါပါတယ်။ ၁၂နှစ်သားဘဝကတည်းက ဘိလိယက်အားကစားကိုချစ်မြတ်နိုးတဲ့ဂျွန်နီဟာ ဂျိုးလက်ထဲမှာ ၁၅နှစ်ကြာတဲ့ထိ လောင်းကြေးနဲ့ဆော့တဲ့ ဘိလိယက်ဆရာတစ်ယောက်အဖြစ်ရပ်တည်ခဲ့တယ်။ ဒါပေမဲ့ ဂျွန်နီကတော့ပြိုင်ပွဲဝင်ကစားသမားတစ်ယောက် ဖြစ်ချင်ခဲ့တာပါ။ ဂျိုးရဲ့လက်ချက်ကြောင့် ဂျွန်နီက သူဖြစ်ချင်ခဲ့သလိုမျိုး သိက္ခာရှိရှိပြိုင်ပွဲဝင်ကစားသမားအနေနဲ့မဟုတ်ပဲ လောင်းကြေးနဲ့ဆော့တဲ့ရိုက်စားသမားဖြစ်ခဲ့ရတယ်။ ဂျွန်နီရဲ့ ညီနဲ့ သူငယ်ချင်းသုံးယောက်ကလည်း အမြဲတမ်း နယ်ခံဘိလိယက်ရုံထဲမှာ ဗရုတ်ကျနေကျသူတွေပေါ့။ သူငယ်ချင်းတွေက တစ်ယောက်ကိုတစ်ယောက်ချစ်ကြတဲ့အပြင် စကားပြောရင်လည်းအဆဲမပါရင်မပြီးကြပါဘူး။ တစ်နေ့ ဂျိုးရဲ့လုပ်ရပ်ကိုသိသွားတဲ့ဂျွန်နီက ဂျိုးကိုနစ်ဂါတွေဆီထိုးကျွေးပြီး ကိုယ့်နယ်ကိုပဲပြန်လာခဲ့တယ်။ အဲဒီနောက်ပိုင်းမှာတော့ ဂျွန်နီနဲ့ သူငယ်ချင်းတွေပေါင်းပြီး အခက်အခဲတွေကိုအတူတူရင်ဆိုင်ကြပုံကို ရိုက်ကူးထားပါတယ်။ သူငယ်ချင်းစိတ်ဓာတ်ကို အခြေခံပြီးလည်းရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။