ဇာတ်ညွှန်းများ • FDMN
Yopiq kanal
Ma'lumot yo'q
Obunachilar
-524 soatlar
-47 kun
+730 kun
Postlar arxiv
Big Tits Friend Sisters (2020)
⭐TMDB: 60.0% User Score
🎬 #Romance
🗓 2020 🎞 Movie
📺 #1080p #720p
💿 1.9 GB ⦿ 612.1 MB
🌎 #SouthKorea
⏰ 1 နာရီ 31 မိနစ် 39 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
(18+ ကားမို့ မိသားစုနဲ့အတူမကြည့်သင့်ပါဘူး…)
ဇာတ်လမ်းအကျဉ်းလေးကတော့…
မင်ဝူဆိုတဲ့ ကောင်လေးဟာ အစ်မအရင်း ခပ်ချောချော လှလှ
အကိတ် အမနှစ်ယောက်နဲ့ အတူနေရင်း ဇာတ်လမ်းကို
စတင်ထားပါတယ် .. အမတွေကလဲ ရုပ်ချောသလောက်
လှသလောက် မစွန်ကြပါဘူး အဲ့လို ဂေါ်မစွန် အပျိုရိုင်းကြီးတွေနဲ့
နေနေရင်း တစ်ရက်မှာတော့ ဆိုလ်းမြို့ကို အလည်လာရင်
သူအိမ်မှာ တည်ခိုဖို့ ခွင့်တောင်းလာတဲ့ သူငယ်ချင်းဆီက ဖုန်းဝင်
လာပါတော့တယ် အစ်မတွေကလဲ ခွင့်ပြုတာကြောင့် အိမ်မှာ
လာနေဖို့ကို ခွင့်ပြုလိုက်ပါတော့တယ် . မင်းဝူရဲ့ သူငယ်ချင်း
အိမ်ရောက်လာချိန်မှာ ဂေါ်မစွန် အပျိုကြီးတွေနဲ့ ဘယ်လို
နှစ်ပါးသွားမလဲ ဆိုတာတော့….
ဆိုလ်းမြို့ဟာ အလည်အပတ်သွားသင့်ရာ မြို့ဖြစ်မလား .
ဒီအပျိုကြီးတွေကြောင့် ဆိုလ်းမြို့ဟာ လွမ်းဆွတ်စရာ
ဖြစ်မလာဆိုတာတော့ …...
Turn of the Tide (2023- )
⭐IMDB: 7.6/10 (5 k Votes)
🎬 #Drama
🗓 2023- 🎞 tv series
📺 #1080p
🌎 #Portugal
⏰ 52 မိနစ် 5 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Turn of the Tide (2023)Turn of the Tide (2023)=================
Thriller ,Drama
IMDb 7.6/10
Rotten Toamtoes 91%
Rating တွေ အရမ်းကောင်းနေတဲ့ Netflix ဇာတ်လမ်းတွဲလေး
တစ်ခုဖြစ်ပါတယ်။ ပေါ်တူဂီနိုင်ငံရဲ့ တစ်နေရာ အဇိုရီဆိုတဲ့မြို့ငယ်
လေးက လူအိမ်ခြေအရမ်းနည်းပြီး တစ်မြို့လုံး ငါးဖမ်းတံငါအလုပ်
နဲ့အသက်မွေးကြတာပါ။ အဲ့ဒီမှာ နေတဲ့ အက်ကွာဒေါ၊ ဆေးဗား၊
ကာလင်ဟို နဲ့ ရာဖယ်တို့ သူငယ်ချင်း ၄ ယောက်က ဒီနေရာကြီး
ကနေ ထွက်သွားကာ အမေရိကန်ကိုသွားပြီး အမေရိကန်အိမ်မက်
မက်နေတဲ့ လူငယ်လေး ၄ ယောက်ပေါ့။ ဒါပေမဲ့ လူတွေပြောနေကြ
စကားလိုပဲ အဇိုရီမှာကောင်းတာဘာမှ ဖြစ်မလာဘူးဆိုသလိုပဲ။သူတို့မြို့လေးကိုတော့ ကံကြမ္မာက ဘာတိုးတက်ရာတိုးတက်ကြောင်း
မှ မျက်နှာသာမပေးခဲ့ပါဘူး။ တစ်နေ့တော့ အလှည့်ပြောင်းဖြစ်လာ
စေမယ့် အကြောင်းဖန်လာပါတယ်။ အီတလီကနေ အမေရိကန်ကို
တင်ပို့မယ့် ကိုကိန်းတွေအပြည့်တင်ထားတဲ့ မာဖီးယားဂိုဏ်းသား
နှစ်ယောက်ဟာ ပင်လယ်မုန်တိုင်းမိပြီး အက်ကွာဒေါတို့ရဲ့ အဇိုရီမြို့
လေးမှာ သောင်လာတင်ပါတယ်။ ကိုကိန်းတန်နဲ့ချီပါလာတဲ့ သင်္ဘော
ပျက်တာဆိုတော့ ကိုကိန်းထုတ်တွေဆိုတာ လမ်းဘေးကကျောက်ခဲ
တွေလို နေရာတကာမှာ ကောက်လို့ရပါတယ်။ဒီအခွင့်အရေးကို အက်ကွာဒေါတို့တစ်အုပ်ကမြင်ပြီး အမေရိကန်
သွားနိုင်မယ့် အခွင့်အရေးအဖြစ်အသုံးချပါတော့တယ်။ ဒါဟာငြိမ်းချမ်း
နေတဲ့ သူတို့ဘဝထဲကို ဒီအခွင့်အရေးတစ်ခုရောက်လာပေမယ့် နောက်
ဆက်တွဲ အန္တရာယ်တွေပါ အများကြီးဝင်လာတာဖြစ်ပါတယ်။ အဲတော့
သူတို့ ၄ ယောက်အိမ်မက်တွေကို စွန့်စားခန်းတွေကြားက အကောင်အ
ထည်ဖော်နိုင်မလားဆိုတာကိုတော့ ဒီဇာတ်လမ်းတွဲမှာဆက်လက်စောင့်
ကြည့်သွားကြပါဦး။(ဒီစီးရီးရဲ့ အညွှန်းနဲ့ဘာသာပြန် ရေးသားပေးသူကတော့
Thiha Yan Naing ဖြစ်ပါတယ်။)File Size………….(450 MB) / (1.0 GB)...
Eli Roth Presents: The Legion of Exorcists (2023- )
⭐IMDB: 4.2/10 (131 Votes)
🎬 #Documentary #RealityTV
🗓 2023- 🎞 tv series
📺 #1080p
🌎 #UnitedStates #UnitedStatesofAmerica
⏰ 42 မိနစ် 55 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Eli Roth Presents: The Legion of Exorcists (2023)Eli Roth Presents The Legion of Exorcists (2023) 2023 ထဲမှာထွက်လာတဲ့ Horror Series ကောင်းကောင်းလေးတစ်ခု တင်ဆက်ပေးလိုက်ပါတယ်။
တစ်ပိုင်းချင်းစီဟာ ဇာတ်လမ်းတစ်ပုဒ်ဆီဖြစ်ပြီးတော့ အဲ့ဇာတ်လမ်းတွေကလဲ ဖြစ်ရပ်မှန်တွေပါ။
အမေရိကန်နိုင်ငံတစ်ဝှမ်းက ထူးဆန်းတဲ့ အမှုတွေ နတ်ဆိုးဝင်ပူးတာတွေ ပုဏ္ဏကတိုက်တဲ့ အိမ်မျိုးတွေ
ကျိန်စာသင့်နေတဲ့ပစ္စည်းတွေ စတဲ့အရာတွေကို ကိုယ်တိုင်ကြုံတွေ့ပြီး ဖြေရှင်းခဲ့ကြတဲ့သူတွေကနေ
ပြန်လည်ပြောပြပြီး တင်ဆက်ပေးထားတဲ့ Series လေးပါ။Conjuring တို့ Insidious တို့လိုမျိုး ဇာတ်လမ်းတွေစိတ်ဝင်စားတဲ့သူတွေအတွက်ကတော့
တကယ့်ကို စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းတွေပါပါတယ်။
စီးရီးက အရမ်းလဲကြောက်ဖို့မကောင်းသလို စိတ်ဝင်စားစရာ အချက်လေးတွေနဲ့
တကယ့်အပြင်မှာ ဘယ်လိုအပနှင်လဲဆိုတာတွေ စုန်းအတတ်တွေကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာတွေကို
လက်တွေ့အပနှင်ခဲ့သူတွေက အချင်းချင်းပညာတွေဖလှယ်ပြီး ဝေမျှပေးထားတဲ့ Horror Series ကောင်းလေးတစ်ခုပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ အကျင့်စာရိတ္တတွေပျက်စီးလားတဲ့ ခေတ်ကြီးဟာ မကောင်းမှုတွေပြည့်နှက်လာခဲ့ပြီး
ငရဲကနတ်ဆိုးတွေအတွက်တော့ မျက်စိကျစရာနေရာ တစ်ခုဖြစ်လာခဲ့ပါပြီ။
ဒါပေမဲ့လဲ နတ်ဆိုးတွေကို ခုချိန်ထိ လူသားတွေဆီကနေ ကာကွယ်ပေးနေတဲ့ စစ်သည်တော်တွေ ရှိပါသေးတယ်။
ခုခါမှာတော့ ထိုသူတွေဟာ စုစည်းပြီးတော့ ခုခေတ်မှာကြုံရတဲ့ အပနှင်တဲ့နေရာက အခက်အခဲတွေ
လူတွေရဲ့မယုံကြည်မှုတွေ နတ်ဆိုးရဲ့လှည့်စားမှုတွေကို စိတ်ဝင်စားစရာ စီးရီးအဖြစ်တင်ဆက်ပေးထားပါတယ်
စုစုပေါင်း ၆ ပိုင်း တင်ဆက်ပေးသွားမှာမို့ ကြည့်ရှုအားပေးလိုက်ကြပါဦးအညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။Genre….. Documentary...
More Than Blue (2018)
⭐IMDB: 6.1/10 (1 k Votes)
🎬 #Drama #Romance
🗓 2018 🎞 movie
📺 #720p
💿 1.2 GB
🌎 #Taiwan
⏰ 1 နာရီ 46 မိနစ် 44 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီဇာတ်ကားလေးကြည့်မယ်ဆိုရင်အရင်ဆုံးမျက်ရည်ခိုင်စေချင်မိပါတယ်
ရှယ်ငိုရမယ့်ကားပါ
အရင်ဆုံးအကြမ်းမျဉ်းအနေနဲ့ပြောရမယ်ဆိုရင် ဒီဇာတ်ကားဟာ 2009 ခုနှစ်မှာ
ထွက်ရှိပြီးအရမ်းအောင်မြင်ခဲ့တဲ့ ကိုရီးယား ရုပ်ရှင် More Than Blue ရဲ့
Remake ကားလေးဖြစ်ပြီး same title အနေနဲ့ပဲပြန်လည်ထွက်ရှိလာပါတယ်
Chinese Box Office မှာ တလဝန်းကျင်ကို ထိပ်ဆုံးကရပ်တည်ခဲ့ပြီး
153 million ဝင်ငွေရရှိထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်
ဇာတ်လမ်းအညွှန်းလေးကိုနည်းနည်းပေးလိုက်ရအောင်
အလွမ်းအဆွေးသီချင်းတွေ နားထောင်ဖူးကြလား…
ဒီဇာတ်လမ်းထဲမှာလည်း အဆိုတော်တစ်ယောက်က
နာမည်မရှိတဲ့ အလွမ်းသီချင်းဟောင်းတစ်ပုဒ်ကို နားထောင်ရင်း
ကြိုက်သွားပြီး ဒီသီချင်းကိုဆိုဖို့ တေးရေးဆရာနောက်ကိုလိုက်ရင်
သီချင်းလေးထက် ပိုစိတ်ဝင်စားဖို့ကောင်းတဲ့ လူနှစ်ယောက်ရဲ့
ဇာတ်လမ်းလေးကို သိလိုက်ရတယ်…
အဲ့လူနှစ်ယောက်က K နဲ့ Cream တဲ့ ၁၆ နှစ်အရွယ်မှာ
မိသားစုနဲ့ သေကွဲကွဲရပြီး အထီးကျန်ခဲ့ရတဲ့ လူနှစ်ယောက်ပေါ့….
သူတို့နှစ်ယောက်အတွက် ၁၆ နှစ်အရွယ်ကစပြီး
တစ်ယောက်အတွက် တစ်ယောက်က ရပ်တည်ပေးခဲ့ကြတယ်…
မိသားစုလို့ခေါင်းစဉ်တပ်ရင်း ရင်ဘတ်ထဲက အချစ်တွေကို
ထုတ်မပြောခဲ့ကြတဲ့သူတို့နှစိယောက်ကြားမှာ ဘယ်လို လွမ်းမောဖွယ်ရာ
ဇာတ်လမ်းလေးတွေရှိတယ်ဆိုတာ ဇာတ်ကားလေးကြည့်ရင်းသိလာမှာပါ…...
Do You Want to Change? (2020)
⭐TMDB: 80.0% User Score
🎬 #Drama #Romance
🗓 2020 🎞 Movie
📺 #1080p #720p
💿 1.2 GB ⦿ 521.9 MB
🌎 #
⏰ 1 နာရီ 1 မိနစ် 57 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
(18+ ကားမို့ မိသားစုနဲ့အတူမကြည့်သင့်ပါဘူး…)
ညီကို နှစ်ယောက်နဲ့ ကောင်မလေးနှစ်ယောက်ရဲ့ စွဲမက်ဖွယ်
ဇာတ်လမ်းလေးပါ…
adult ကားဆိုတဲ့အတိုင်း ဒီညီကို နှစ်ယောက်နဲ့ နတ်သမီးအချေားလေး
နှစ်ယောက် ဘယ်လို ပေါင်းဆုံပြီး ဘယ်လိုတွေ ချစ်ခြင်းကမ္ဘာကြီးကို
လှပါအောင် ပရိသတွေ အကြိုက် အလှဆင်မလဲ ဆိုတာ
တဝကြီး ရင်တခုန်ခုန်နဲ့ ကြည့်ရမယ့် adult ကားလေးတစ်ကား
ဖြစ်ပါတယ်….....
The Roundup: No Way Out (2023)
⭐IMDB: 6.8/10 (350 Votes)
🎬 #Action #Crime #Thriller
🗓 2023 🎞 movie
📺 #720p #480p #1080p
💿 681.4 MB ⦿ 342.2 MB ⦿ 1.3 GB
🌎 #SouthKorea
⏰ 1 နာရီ 45 မိနစ် 36 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Roundup : No Way Out (2023)
မနှစ်က The Roundup ထွက်လာပြီး မကြာခင် ဒီနှစ်မှာပဲ အားလုံးမျှော်နေကြတဲ့ No Way Out ထွက်လာခဲ့ပါပြီဒီတစ်ခါတော့ စုံထောက်မာဆော့ဒိုတစ်ယောက် အထူးစုံစမ်းစစ်ဆေးရေးဌာနကို ပြောင်းသွားပြီဖြစ်ပြီး အမှုသစ်တွေလိုက်သွားမှာပါ
စုံစမ်းစစ်ဆေးရေးဌာနကို အမှုသစ်ဝင်လာချိန်မှာ အဲအမှုက လူသတ်မှုလို့ ထင်ရပေမဲ့နောက်ကွယ်မှာတော့ မူးယစ်ဆေးဝါးဂိုဏ်းကြီးတစ်ခုနဲ့ သွားပတ်သက်နေပါတယ်
အမြဲတမ်း လက်သီးနဲ့ဖြေရှင်းတတ်တဲ့ မာဆော့ဒိုဟာ ဉာဏ်သုံးပြီးလည်း အမှုတွေဖြေရှင်းတာကို ကြည့်ရပါဦးမယ်Outlaw, The Roundup တွေရဲ့ ဆွဲဆောင်တစ်ခုက ဗီလိန်မင်းသားတွေပဲမဟုတ်ပါလားဒီတစ်ခေါက် No Way Out ရဲ့ဗီလိန်အနေနဲ့ကတော့ Lee Joon Hyuk ကပါဝင်သရုပ်ဆောင်ထားပါတယ်
ကဲ.. ဘယ်တော့မရိုးနိုင်တဲ့ မာဒုံဆော့ရဲ့ ဟာသနှောတဲ့ အက်ရှင်တွေကို ကြည့်လိုက်ကြပါဦးနော်
အညွှန်းကိုတော့Joyzက ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့Joyzနဲ့Hsu Waiတို့ပဲ ဖြစ်ကြပါတယ်။...
Night School (2018)
⭐IMDB: 5.6/10 (42 k Votes)
🎬 #Comedy
🗓 2018 🎞 movie
📺 #720p
💿 900.3 MB
🌎 #UnitedStates #China #UnitedStatesofAmerica
⏰ 1 နာရီ 56 မိနစ် 16 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
၂၀၁၉ နှစ်သစ်အချိန်အခါသမယလေးမှာ မျှော်လင့်ချက်အသစ်တွေယူဆောင်လာပေးမယ့် ပျော်ရွှင်စရာ ရယ်မောစရာ ဇာတ်ကားလေးတစ်ကား တင်ဆက်ပေးချင်ပါတယ်…
Kevin Hart , Tiffany Haddish စတဲ့ နာမည်ကြီး ဟာသသရုပ်ဆောင်တွေပါဝင်တဲ့အတွက် ပျော်ရွှင်ရယ်မောရမယ်ဆိုတာကိုတော့ ကြိုပြောထားချင်ပါတယ်။….
တက်ဒီ ဆိုတဲ့ကောင်လေးတစ်ယောက်ဟာ စာမကြိုးစားချင်ဘဲ အထက်တန်းကျောင်းကထွက်လာတဲ့ လူတစ်ယောက်ဖြစ်ပြီး
အပြင်လောကကြီးကို စာသင်ကျောင်းသဖွယ်မှတ်ယူထားသူပေါ့…
အထက်တန်းကျောင်းကနေထွက်ပြီး ၁၅ နှစ်ကြာတဲ့အချိန်မှာ အောင်မြင်တဲ့အရောင်းသမားတစ်ဦးအဖြစ်ရှိနေစဥ်ကာလမှာ
သူအလုပ်လုပ်ရာဆိုင်မှာ ပေါက်ကွဲမှုတစ်ခုဖြစ်ပြီး အလုပ်ကနေပြုတ်ခဲ့ပါတယ်…
အထက်တန်းလွှာက အင်ဂျင်နီယာတစ်ယောက်ကို ရည်းစားတော်ထားတဲ့ တက်ဒီဟာ သူ့ရည်းစားစိတ်မပျက်ရလေအောင် အလုပ်ရှာဖို့ကြိုးစားပါသော်လည်း
အထက်တန်းမအောင်တဲ့သူ့အတွက် လစာကောင်းတဲ့အလုပ်တွေ မရနိုင်လို့ အထက်တန်းအောင်လက်မှတ်ရဖို့ ဘယ်လိုတွေကြိုးစားအားထုတ်ခဲ့တယ်ဆိုတာ မြင်တွေ့ရမှာပါ..။
(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုဇွဲခန့်သွင်ပါ)...
Blood Flower (2022)
⭐IMDB: 5.5/10 (81 Votes)
🎬 #Fantasy #Horror #Mystery #Thriller
🗓 2022 🎞 movie
📺 #1080p #720p #480p
💿 1.2 GB ⦿ 567.5 MB ⦿ 290.1 MB
🌎 #Malaysia
⏰ 1 နာရီ 43 မိနစ် 16 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Blood Flower (2022)
ကျွန်တော်တို့ငယ်ငယ်ကတုန်းဆို မလေးရှားသရဲကားတွေဆိုတာလျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တာပေါ့။မလေးရှားစုန်းကာ အသစ်ထွက်တယ်ဆိုရင်ကို အဒေါ်တွေနဲ့ ရုပ်ရှင်ရုံသွားကြည့်ရ အခွေငှားဆိုင်မှာ လုငှားခဲ့ရတာပေါ့။တစ်ခါတစ်လေဆို အခွေကလက်မလည်လို့ ကြိုတင်ဘွတ်ကင်ပါ လုပ်ရသေးတာ။ခုချိန်မှာလဲ မလေးရှား ဟော်ရာကားတွေက အရင်ကလို သိပ်မကြည့်ကြတော့ဘူးဆိုပေမဲ့အရင်ကလိုပဲ မလေးရှားသရဲကား အငွေ့သက်တွေနဲ့ ကြောက်စရာကောင်းနေတုန်းပါပဲ။အပနှင်တဲ့ပုံစံမျိုးနဲ့ လျှို့ဝှက်ချက်တွေပါတဲ့ ဟော်ရာကားမျိုး ကြိုက်တတ်တဲ့သူတွေအတွက်ကတော့ဟော်ရာကားတွေ ထွက်စရာသိပ်မရှိတော့လို့ ဒီမလေးရှားဟော်ရာကားလေးက စိတ်ကျေနပ်မှုပေးနိုင်တဲ့ကားလေးဖြစ်မှာပါ။သွေးသံတရဲရဲအခန်းတွေပါတာကိုတော့ သတိချပ်စေလိုပါတယ်။
ဇာတ်လမ်းအကျဉ်းလေးကတော့ အပနှင်တဲ့မိသားစုတစ်စုရှိပါတယ်။အဲ့မိသားစုထဲမှာမှ အဖေလုပ်သူကလွဲပြီး ကျန်တဲ့သုံးယောက်လုံးဟာ သရဲတစေ တွေကို မြင်နိုင်စွမ်းရှိကြပါတယ်။တစ်နေ့အပနှင်နေတုန်းမှာ အမေဖြစ်သူဟာ နတ်ဆိုးတစ်ကောင်ကြောင့်သေခဲ့ရပြီး နောက်အဖေဖြစ်သူက သူ့သားသမီးတွေ ဒီလိုမဖြစ်ရအောင်ဆိုပြီး သူတို့ရဲ့အစွမ်းစတွေကို ချိတ်ပိတ်ထားခဲ့ပါတယ်။ဒါပေမဲ့ တစ်နေ့မှာ သူတို့နဲ့အိမ်နီးချင်းတစ်ယောက်ဟာ သူမရှိတုန်း သူ့အခန်းကိုကြည့်ပေးဖို့ထားခဲ့ပါတယ်။သားဖြစ်တဲ့သူနဲ့ သူ့သူငယ်ချင်းတွေဟာ အဲ့အခန်းထဲကိုဝင်ပြီး အလုံပိတ်ထားတဲ့ အခန်းတစ်ခုကိုဖွင့်မိရာကနေ လူတွေတစ်ယောက်ပြီးတစ်ယောက် သေကုန်ကြပါတယ်။အဲ့အခန်းထဲက လွတ်သွားတဲ့အရာက ဘာလဲဘာလို့လူတွေကိုလိုက်သတ်နေရတာလဲအခန်းပိုင်ရှင်ရဲ့ လျှို့ဝှက်ချက်ဟာဘာလဲဆိုတာကို အသဲတယားယားနဲ့ ကြည့်ရှုလိုက်ကြပါဦး ။
အညွှန်း နဲ့ ဘာသာပြန်ကတော့K.Heinပဲ ဖြစ်ပါတယ်။...
Atomic Blonde (2017)
⭐IMDB: 6.7/10 (200 k Votes)
🎬 #Action #Mystery #Thriller
🗓 2017 🎞 movie
📺 #720p #1080p #4K
💿 932.9 MB ⦿ 1.6 GB ⦿ 4.8 GB
🌎 #UnitedStates #Germany #Sweden #Hungary #UnitedStatesofAmerica
⏰ 1 နာရီ 55 မိနစ် 53 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Atomic Blonde (2017)IMDb – (6.7) /RottenTomatoes – 79%
အကယ်ဒမီဆုရှင် မင်းသမီးချော Charlize Theron သရုပ်ဆောင်ထားတဲ့ အက်ရှင်ဇာတ်ကြမ်းကားပါ။လျှို့ဝှက်အေးဂျင့်တစ်ယောက် ထူးဆန်းစွာ အသတ်ခံလိုက်ရတဲ့အတွက် အစိုးရအနေနဲ့ဒီလူသတ်မှုကိုဖော်ထုတ်ဖို့ MI6 အဆင့်ရှိ အေးဂျင့်တစ်ယောက်ကိုရွေးချယ်လိုက်တယ်သူကတော့ Charlize Theron……သူမဟာ အမှုစုံစမ်းဖို့ ဘာလင်ကိုရောက်ရှိလာခဲ့တယ်….တကယ်တော့ အေးဂျင့်သတ်ခံရမှုဟာ သူမ ထင်ထားတာထက် လျှို့ဝှက်နက်နဲနေပါတယ်…သူမ ရင်ဆိုင်ရတဲ့အဖွဲ့အစည်းက အင်အားကြီးသလို မထင်ထားတဲ့သူတွေလည်း ပါဝင်ပတ်သက်နေလေတော့သူမဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ …. အခက်အခဲတွေကြားက ရုန်းထွက်နိုင်မလားဆိုတာကိုတော့…..Charlize ရဲ့ အလန်းစားဖိုက်တင်ခန်းတွေပါကြည့်ရမဲ့အပြင် Professor X အဖြစ် လူသိများတဲ့James McAvoy ရဲ့ သရုပ်ဆောင်ချက်တွေကိုပါ ကြည့်ရှူရမှာပါ။
R Rated ဇာတ်ကားဖြစ်လို့ အကြမ်းအရမ်းခန်းများများနဲ့ ကလေးသူငယ်တွေတော့ မကြည့်သင့်ပါဘူး။...
Varisu (2023)
⭐IMDB: 6.0/10 (35 k Votes)
🎬 #Action #Bollywood #Drama #Comedy #Family
🗓 2023 🎞 movie
📺 #4K #720p #1080p
💿 9.0 GB ⦿ 1.4 GB ⦿ 3.2 GB
🌎 #India
⏰ 2 နာရီ 49 မိနစ် 37 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Varisu (2023)Action, DramaIMDb 6.5/10 (30K)
ခုတစ်ခါတင်ဆက်ပေးမယ့် ကားလေးကတော့ မင်းသားကြီးဗီဂျေးနဲ့မင်းသမီးချောလေး ရက်ရှမီကားမန်ဒါနားတို့ရဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ရုံဝင်ငွေ ကုဋေ၃၀ ဝန်းကျင်အမြတ်ရခဲ့တဲ့ ကားလေးပဲဖြစ်ပါတယ်။
ဖခင်နဲ့ ပြဿနာတက်ပြီး ကိုယ့်ဒူးကိုယ်ချွန်ဖို့ ထွက်လာတဲ့ဗီဂျေးဟာ ၇နှစ်အကြာမှာ မိသားစုထဲကို ပြန်ဝင်လာဖို့ အကြောင်းဖန်လာခဲ့ပါတယ်။တစ်ဖက်မှာလည်း ဖခင်နဲ့အစ်ကိုနှစ်ယောက်ကအစိုးရတင်ဒါကိစ္စအတွက် ပြိုင်ဘက်တွေနဲ့ အပြင်းအထန်ယှဥ်ပြိုင်နေရပါတယ်။
ဒါပေမဲ့ သူ့မိသားစုဟာ အလုံးစုံအန္တရယ်တွေနဲ့ ရင်ဆိုင်ရတော့မှာကို မသိရှိကြပါဘူး။ဒီတော့ ဖြစ်လာမယ့်ဘေးဒုက္ခက ဘာတွေဖြစ်လာမလဲ။သူကရော ဘာကြောင့် ၇နှစ်ကြာပြီးမှ အိမ်ကို ပြန်လာခဲ့တာလဲ။လှည့်ကွက်တွေ မြှုပ်ကွက်တွေနဲ့ ကြည့်ရဦးမှာမို့ ရှုစားပေးကြပါဦးနော်...
The Mummy (2017)
⭐IMDB: 5.4/10 (197 k Votes)
🎬 #Action #Adventure #Fantasy #Thriller #Horror
🗓 2017 🎞 movie
📺 #1080p #720p
💿 1.3 GB ⦿ 856.2 MB
🌎 #UnitedStates #China #Japan #UnitedStatesofAmerica
⏰ 1 နာရီ 50 မိနစ် 38 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
အရင် Mummy ဇာတ်ကား တွေနဲ့ မတူတဲ့အချက်ကတော့ မင်းသား တွမ်ခရုဇ်က ခေါင်းဆောင်ပါဝင်ထားတာဖြစ်ပြီးအရင်ဇာတ်ကားတွေနဲ့ ကွဲပြားအောင် ဘယ်လိုဇာတ်အိမ်တည်ထားသလဲဆိုတာ စိတ်ဝင်စားစရာပါ။
ခရူးဆိတ်စစ်ပွဲမှာပါဝင်ခဲ့တဲ့ သူရဲကောင်း အဖွဲ့ဟာ အေဒီ ၁၁၂၇ မှာရှေးဟောင်းအီဂျစ်နိုင်ငံကနေ ပတ္တမြားကြီးတစ်လုံးရခဲ့ပြီး ဂူတစ်ခုထဲမှာ အမှတ်သညာနဲ့ မြှုပ်နှံထားပါတယ်။
ယနေ့ခေတ်လန်ဒန်မြို့မြင်ကွင်းနဲ့အတူ မြေအောက်ရထား လမ်းဖောက်လုပ်တဲ့ လုပ်သား တွေဟာ ခရူးဆိတ်စစ်ပွဲ သူရဲကောင်းရဲ့ ဂူကိုရှာဖွေတွေ့ရှိခဲ့ပြီး လုပ်ငန်းခွင်ထဲက ထူးဆန်းတဲ့အရာတွေကိုလည်း ထပ်မံတွေ့ရှိခဲ့ပါတယ်။ ဂူတွေကို စူးစမ်းလေ့လာရင်း အမှတ်အသားတစ်ခုအရ နောက်ကြောင်း ပြန်ကြည့်တဲ့အခါ ဖာရိးဘုရင်တစ်ပါးရဲ့ သမီးတော် အာမာနက်မင်းသမီးနဲ့ ပတ်သက် တဲ့အကြောင်းအရာပေါ်လာခဲ့ပါ တယ်။
အာမာနက် မင်းသမီးဟာ ထီးနန်းအမွေဆက်ခံမယ့် မင်းသမီးတစ်ပါးအဖြစ် နေရာရခဲ့ပေမယ့်သူ့ခမည်းတော်ရဲ့ ဒုတိယဇနီးက သားတော်မွေးဖွားခဲ့တဲ့အတွက် မင်းသမီးရဲ့ အခွင့်အာဏာတွေအကုန်လုံး လက်လွှတ်ရမယ့် အနေအထားဖြစ်ခဲ့ပါတယ်။
အဲဒါနဲ့ အာမာနက်ဟာ သူသာလျှင် ထီးနန်းဆက်ခံသူဖြစ်ခွင့် ရှိတယ်လို့ ဆုံးဖြတ်ခဲ့ပြီး အီဂျစ် နတ်ဆက်ကို သူ့ရဲ့ဝိညာဉ်ကို ယစ်ပူဇော်ခဲ့ပါတယ်။ မကောင်းဆိုးဝါး တစ်ယောက်လိုဖြစ်သွားတဲ့ အာမာနက်ဟာ သူ့ခမည်းတော်နဲ့တကွမိသားစုအားလုံးကို သတ်ပစ်ခဲ့ပြီး ဆက်ကိုလူသားတစ်ယောက် အသွင်ဖန်တီးဖို့အတွက် အာမာနက်ဟာ သူ့ချစ်သူကိုစတေးပစ်ခဲ့ ပါတယ်။ ဒါပေမဲ့လည်း ဖာရိုးဘုရင်ကြီးရဲ့ ဘုန်းတော်ကြီးတွေက ဆက်ရဲ့ ဝိညာဉ်ရှိနေတဲ့ အာမာနက်ချစ်သူ ခန္ဓာကိုယ်ကို မံမီလုပ်ခဲ့ပြီး အာမာနက် ကိုယ်ထဲကမကောင်းဆိုးဝါး ထွက်မလာနိုင်အောင် ဂူဘေးမှာ ပြဒါးတွေဝန်းရံ ပြီး အရှင်လတ်လတ်မြေမြှုပ်ပစ်ခဲ့ပါတယ်။
ယနေ့ခေတ်အီရတ်နိုင်ငံမြင်ကွင်းနဲ့အတူ အမေရိကန်စစ်တပ် အရာရှိ နစ်မော်တန်နဲ့ သူ့လုပ် ဖော်ကိုင်ဖက် ခရစ္စဗေးလ်တို့ဟာ အာမာနက်ရဲ့ ဂူကိုမမျှော်လင့်ဘဲ တွေ့ခဲ့ကြပါတယ်။ နစ်ရဲ့ချစ်သူ ဟောင်းရှေးဟောင်း သုတေသန ပညာရှင် ဂျန်နီဟာလ်ဆေလည်း ရောက်လာပြီး နစ်တို့တွေ့ထားတဲ့ ဂူကိုလာပြီး စူးစမ်းလေ့လာခဲ့ပါ တယ်။
နောက်တော့နစ်ရဲ့ အရာရှိ ကာနယ်ကရင်းဝေးရဲ့ ညွှန်ကြား ချက်နဲ့ အာမာနက်ရဲ့အခေါင်းကို အင်္ဂလန်မှာ ဆက်လေ့လာဖို့ လေ ယာဉ်နဲ့ အင်္ဂလန်ကို သယ်ယူခဲ့ ပါတယ်။ အဲဒီလို သယ်သွားရင်း ဗေးလ်ဟာအခေါင်းထဲက ပင့်ကူ တစ်ကောင်ရဲ့ အကိုက် ခံရပြီးမှာ မကောင်းဆိုးဝါးဝင်ပူးခံရပြီး အာ မာနက်အခေါင်းကို ဖွင့်ဖို့ကြိုးပမ်းပါတော့တယ်။ နောက်ထပ်ထူးဆန်းတဲ့ကိစ္စတစ်ခုကတော့ လေယာဉ်ကို ကျီးအုပ်ကြီးဝင်တိုးခဲ့တဲ့ အတွက် လေယာဉ်ပျက်ကျခဲ့ပါတယ်။ နစ်က ဂျန်နီကိုလေထီးနဲ့ လွှတ်လိုက်တဲ့အတွက် ဂျန်နီလွတ်မြောက်ခဲ့ပေမယ့် နစ်တို့ကတော့ လေယာဉ်နဲ့အတူ ပါသွားခဲ့ပါတယ်။
အောက်စဖို့ဒ်က ရင်ခွဲရုံကို ရောက်သွားခဲ့တဲ့နစ်ဟာ နောက်ရက်မှာ အသက်ပြန်ရှင်လာခဲ့ပြီး သူ့မိတ်ဆွေဗေးလ်ဟာ အာမာနက်ရဲ့အစွမ်းကြောင့် မကောင်းဆိုးဝါးအဖြစ် ပြောင်းလဲသွားတာ သိခဲ့ပါတယ်။ အဲဒီနောက်အာမာနက် လွတ်မြောက်သွားခဲ့ပြီး သူ့ရဲ့ အစွမ်းအစတွေနဲ့ ဒုက္ခပေးပါ တော့တယ်။
အာမာနက်နဲ့နစ်၊ ဂျန်နီတို့ ထပ်တိုက်တွေ့တဲ့အခါ ဘာတွေ ဆက်ဖြစ်ကြမှာလဲ၊ အာမာနက်ကို ပြန်ထိန်းချုပ်နိုင်ပါ့မလားဆိုတာ အက်ရှင်ပြကွက်တွေနဲ့အတူ ရင်တဖိုဖိုနဲ့ ဆက်ကြည့်ဖို့ ညွှန်းပေးလိုက်ပါတယ်။
ဒီဇာတ်ကားမှာ တွမ်ခရုဇ်၊ အန်နာဘဲလ်ဝေါလစ်၊ ဆိုဖီယာ ဘိုတယ်လာ၊ ဂျိတ်ဂျွန်ဆင်၊ ကော့တနီဘီဗန့်စ်စတဲ့ သရုပ်ဆောင်များစွာပါဝင်ထားကြပါတယ်။ ။
(ဇာတ်လမ်းအညွှန်းကိုတော့ 7daydaily မှကူးယူဖော်ပြပါသည်။)...
Plane (2023)
⭐IMDB: 6.5/10 (57 k Votes)
🎬 #Action #Thriller #Adventure
🗓 2023 🎞 movie
📺 #480p #1080p #720p #4K
💿 517.9 MB ⦿ 1.9 GB ⦿ 1.0 GB ⦿ 3.4 GB ⦿ 2.4 GB
🌎 #UnitedKingdom #UnitedStates #UnitedStatesofAmerica #PuertoRico
⏰ 1 နာရီ 47 မိနစ် 51 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
မင်းသားကြီး Gerard Butler ရဲ့ နောက်ဆုံးထွက် အက်ရှင်ရုပ်ရှင်သစ် လာပါပြီ။ ဒီကားကတော့ rating လည်းကောင်းသလို ပရိသတ်တွေလည်းအတော်ကြိုက်ကြပါတယ်။တောရန့်ဆိုတဲ့ လေယာဉ်မှူးဟာ တော်ဝင်လေတပ်ထွက် စစ်သားဟောင်းတစ်ယောက်ဖြစ်ပြီး ပုဂ္ဂလိကခရီးသည်တင်လေကြောင်းလိုင်းမှာ ပိုင်းလော့လုပ်နေခဲ့တာပါ။ နှစ်သစ်ကူးအညမှာတော့ သူ့သမီးဆီကို မပြန်ခင် လေယာဉ်တစ်ခေါက် တိုကျိုကို ဆွဲပေးရမှာဖြစ်ပါတယ်။ ဒါပေမဲ့ တိုကျိုအသွားလမ်းမှာ မုန်တိုင်းကြောင့် ကျွန်းတစ်ခုပေါ် ထိုးဆင်းလိုက်ရပြီး လက်နက်ကိုင်ပြန်ပေးသမားတွေနဲ့ ရင်ဆိုင်ရတဲ့အခါ…....
Battleship (2012)
⭐IMDB: 5.8/10 (253 k Votes)
🎬 #Action #Adventure #SciFi #Thriller #ScienceFiction
🗓 2012 🎞 movie
📺 #4K #1080p #720p
💿 6.5 GB ⦿ 2.4 GB ⦿ 1.3 GB
🌎 #UnitedStates #Japan #HongKong #UnitedStatesofAmerica
⏰ 2 နာရီ 11 မိနစ် 37 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Battleship(2012)က Action,Adventure,Sci-Fi အမျိုးအစား သိပ္ပံအက်ရှင်ဇာတ်ကားတွေထဲမှာတော့ တော်တော်ကို မိုက်တယ်ပြောရမယ့်ဇာတ်ကားပါပဲ…သရုပ်ဆောင်တွေကလဲ John Carter ဇာတ်ကားထဲက မင်းသား Taylor Kitsch, အဆိုတော် Rihanna , မင်းသားကြီး Liam Neeson ,မင်းသမီးချော Brooklyn Decker တို့အပြင် အခြားဇာတ်ပို့ဇာတ်ရံအများအပြားနဲ့ ရိုက်ကူးထားတဲ့ရုပ်ရှင်ဇာတ်ကားကြီးပါ။ရုံတင်ဝင်ငွေ $303 million ထိ ရရှိခဲ့တာမလို့ လူကြိုက်များခဲ့တဲ့ရုပ်ရှင်ဇာတ်ကားကြီးလဲဖြစ်ပါတယ်။
ဇာတ်လမ်းကတော့….
စတုန်းဟော်ပါဟာ လူငယ်ပီပီ ပျော်ရာရွှင်ရာ ပေါက်ကရ နေထိုင်တတ်တဲ့ အမေရိကန်လူငယ်လေးတစ်ယောက်ပါ …တစ်နေ့တော့ ရေတပ်ဗိုလ်ချုပ်တစ်ယောက်ရဲ့ သမီးကိုကြိုက်မိရာကနေ သူ့အစ်ကိုဖြစ်သူရဲ့ ဆွဲဆောင်မှုကြောင့် ရေတပ်ထဲဝင်ခဲ့ပြီး ဗိုလ်လေး ဖြစ်လာခဲ့ရာကနေ နှစ်စဉ် ကျင်းပနေကျ နိုင်ငံပေါင်းစုံရေတပ်လေ့ကျင့်ရေးတစ်ခုမှာ ပါဝင်ဖို့တာဝန်ပေးခံခဲ့ရပါတယ်။
အဲ့ဒီလေ့ကျင့်ခန်းဆင်းနေစဉ်မှာပဲ မမျှော်လင့်တဲ့ ယာဉ်ပျံကြီးတွေ သူတို့ပတ်ဝန်းကျင်မှာပေါ်ထွက်လာခဲ့ပါတယ်။ယာဉ်ပျံတွေဟာ လေ့ကျင့်ရေးရဲ့ အစိတ်အပိုင်းတစ်ခု မဟုတ်သလို သူတို့ထင်နေကြတဲ့ မြောက်ကိုးရီးယားဘက်ကလဲ မဟုတ်ပါဘူး။ပိုပြီးထူးဆန်းတာက အဲ့ဒီယာဉ်တွေနားမှာ ဟော်ပါတို့ရဲ့ရေတပ်က ရေဒါတွေ အလုပ်မလုပ်ပါဘူး…ဒီလိုနဲ့ ပြင်ပအဆက်အသွယ်မရဘဲ ယာဉ်ပျံတွေနဲ့ သူတစ်ပြန်ကိုယ်တစ်ပြန်ဖိုက်ကြမယ့် ဟော်ပါတို့ရဲ့ ရေကြောင်းတိုက်ပွဲကြီးစတင်ပါတော့တယ်။
ယာဉ်ပျံတွေထဲက ဘယ်သူတွေလဲ..ဘယ်လိုလုပ်ပြီး ကမ္ဘာမြေပေါ်ကိုရောက်လာသလဲဆိုတာကတော့….။...
Puss in Boots: The Last Wish (2022)
⭐IMDB: 7.9/10 (138 k Votes)
🎬 #Adventure #Animation #Comedy #Family #Fantasy
🗓 2022 🎞 movie
📺 #4K #1080p #720p
💿 4.9 GB ⦿ 2.1 GB ⦿ 1.4 GB
🌎 #UnitedStates #Japan #UnitedStatesofAmerica
⏰ 1 နာရီ 43 မိနစ် 39 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
2011 တုန်းက လူတိုင်းကြိုက်ခဲ့တဲ့ ကာတွန်းရုပ်ရှင်တစ်ခုဖြစ်တဲ့ Puss in Boots ရဲ့အဆက် လာပါပြီ။ ဒါရိုက်တာကတော့ အရင်ဒါရိုက်တာ မဟုတ်တော့ဘဲ Joel Crawford ဖြစ်သွားပေမဲ့ အသံသရုပ်ဆောင်ကတော့ Antonio Banderas ပါပဲ။ Black Widow အသစ်လေးဖြစ်တဲ့ Florence Pugh ကတော့ ဂိုဒီ့နေရာမှာ အသံသရုပ်ဆောင်ထားပြီး၊ ဝက်ဝံအမေကြီးနေရမှာလည်း Olivia Colman ပါဝင်ထားပါသေးတယ်။ rating 7.8 အထိ ရနေပြီး တကယ်လည်း ကောင်းတာမို့ ကြည့်လိုက်ကြပါဦး။ ပုံဆွဲစတိုင်ကတော့ အရင်ရုပ်ရှင်နဲ့အတူတော့ဘဲ Spiderman into the spider-verse လိုလို bad guys လိုလိုဒီဇိုင်းတစ်မျိုးလေး ပြောင်းဆွဲထားပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့
လူဆိုးပေါင်းစုံဟာ မှော်ဝင်တောအုပ်ကြီးတစ်ခုထဲက ဆုတောင်းတစ်ခုကို ဖြည့်ပေးနိုင်တဲ့ ကြယ်တစ်လုံးကို လိုက်ရှာဖို့ ကြိုးစားနေကြပါတယ်။ဘွတ်ဖိနပ်ကြောင်ကြီးဟာ ကြောင်ပီပီအသက် ၉ ချောင်းရှိပေမဲ့ စောင်တလွဲတွေလုပ်ရင်း သေတာများတော့ အသက်နောက်ဆုံးတစ်ချောင်းပဲကျန်ပါတော့တယ်။ အဲဒီတော့ အရင်လို အသက် ၉ ချောင်းပြန်ပြည့်ဖို့ ဆုတောင်းဖို့ သူလည်း ကြယ်ကြီးကို ရှာဖို့ကြိုးစားရပါတော့တယ်။ အဲဒီစွန့်စားခန်းတစ်လျှောက် ရန်သူတွေ၊ မိတ်ဆွေတွေ၊ မိသားစုတွေ ဘယ်လိုကြုံပြီး ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ ဆက်ပြီးကြည့်ရမှာပါပဲ။...
Puss in Boots (2011)
⭐IMDB: 6.6/10 (183 k Votes)
🎬 #Adventure #Animation #Comedy #Family #Fantasy #Mystery #Romance
🗓 2011 🎞 movie
📺 #4K #720p #1080p
💿 3.5 GB ⦿ 823.1 MB ⦿ 1.2 GB
🌎 #UnitedStates #India
⏰ 1 နာရီ 31 မိနစ် 52 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Puss in Boots (2011)IMDb (6.6/10)rotten tomatoes (86%)metacritics (65%)
old but gold ကာတွန်းကားလေးတွေထဲမှာ အတော်နှစ်သက်မိတဲ့ movie တစ်ခုပြောပြမယ် ဒီထဲမှာ voice actor တွေအနေနဲ့ Antonio Banderas က Puss အဖစ် Salma Hayek က Kitty Softpaws အဖစ် Zach Galifianakis က Humpty Alexander Dumpty အဖစ် Billy Bob Thornton က Jack အဖစ် Amy Sedaris က Jill အဖစ်နဲ့ Sanricardo ဆိုတဲ့ မြို့တစ်ခုပေါ်မှာ ပုံဖော်ထားတာပါ type ကတော့ Action, Adventure ပေါ့ ဘွတ်ဖိနပ်နဲ့ကြောင်တစ်ကောင်ဆို လူတိုင်းသိကြမယ်ထင်တယ် Sherk ကားထဲမှာလဲပါတယ်လေ Sherk 4 မှာလားမသိဘူး ကာတွန်းကားဆိုပင်မဲ့ ဇာတ်အိမ်ခိုင်တယ် ဒိုင်ယာလော့တွေမိုက်တယ် ပီးတော့ mature ဖစ်တယ်လို့ဆိုရမယ် 2011 ထွက်ဆိုပင်မဲ့ animation ပိုင်းကိုသိပ်စိတ်မပူပါနဲ့ လန်းတယ် ဂျွတ်နေတုန်းပဲ
အညွှန်းပြောရမယ်ဆို Puss ကဝရမ်းပြေး အတိတ်ရဲ့အရိပ်မဲတစ်ခုကြောင့် လက်ရှိအနေအထားမှာ နာမည်မျိုးစုံနဲ့ wanted ထုတ်ခံထားရတဲ့ ဝရမ်းပြေးတစ်ယောက်ပေါ့ အတိတ်မှာ စွန်းထေးနေတဲ့ သူ့နာမည်ကို ပြန်လည်သန့်စင်အောင် မွန်းမံချင်နေတဲ့ လည်သာဘွတ်ဖိနပ်နဲ့ကြောင်တစ်ကောင်ဆိုလဲ မမှားပါဘူး အဲ့ဒိခေတ်ကာလမှာ ဒဏ္ဍာရီလိုလို ပုံပြင်လိုလိုနဲ့ လူပြောများနေတဲ့ rumor တစ်ခုက မှော်ပဲစေ့ပဲ (ခင်များတို့လဲကြားဖူးကြမယ်ထင်တယ် မှော်ပဲစေ့လေးတွေကနေ မြင့်မားတဲ့အပင်အကြီးတွေပေါက်လာပီး အဲ့အပေါ်မှာ ရဲတိုက်ကြီးတွေ ဘီလူးကြီးတွေ ရွှေငွေဘာညာ ရှိတဲ့အကြောင်းပေါ့ ရုပ်ရှင်လဲတော်တော်များများပြန်ရိုက်ထားကြတယ်) Puss ရဲ့နာကျင်စရာ အတိတ်ဆိုးဟာလည်း အဲ့ပဲစေ့လေးတွေနဲ့သက်ဆိုင်နေပြန်ရော သူ့ဘဝတစ်လျှောက်လုံးရှာဖွေခဲ့တဲ့ ပဲစေ့တွေက ဒဏ္ဍာရီတစ်ခုသာသာလို့ ထင်ခဲ့တာ တကယ်တမ်းကျ Jack နဲ့ Jill ဆိုတဲ့ လင်မယားနှစ်ယောက်မှာ သွားရှိနေတယ် Puss ကအဲ့ rumor ကို Bar တစ်ခုမှာရရှိခဲ့ပီး Jack နဲ့ Jill ဆီကခိုးဖို့ကြံရွယ်တယ်ပေါ့ သွားခိုးရာကနေသူ့လိုပဲ ကြောင်နက်လေးတစ်ကောင်ကလည်း ပဲစေ့တွေကိုလာခိုးတယ် အဲ့ကြောင်နက်လေးက Kitty Softpaws ပေါ့ အဲ့မှာ နှစ်ကောင်သားစုံမိပီး အချင်းချင်းရန်ဖစ်နေရင်းနဲ့ Jack နဲ့ Jill ကသိသွားတော့လိုက်ဆော်ပါလေရော လင်မယားနှစ်ယောက်ရဲ့လက်က ပြေးရာကနေ Puss က Kitty ကို သူ့အကြံဖျက်ဆီးတယ် ဘာညာဆိုပီး Kitty နောက်လိုက်တယ် (အဲ့မှာ Puss နဲ့ Kitty ရဲ့ Tuesday dance fight ကလည်း ကျနော့်တွက် နှစ်လိုဖွယ် sence တစ်ခု) တိုက်ကြခိုက်ကြအပီး Puss ရဲ့ အတိတ်ဆိုးအရိပ်မဲထဲက လူတစ်ယောက်ပြန်ပေါ်လာခဲ့တယ် လူလို့တော့ပြောမရဘူး ဘယ်လိုခေါ်မလဲ breakfast ပေါ့ နာမည်က Humpty Alexander Dumpty သူကရော Puss နဲ့ဘယ်လိုပတ်သတ်နေမလဲ အတိတ်ကအရိပ်မဲဟာ ဘယ်လိုတွေလာပြန်လည်ချည်နှောင်လာအုံးမလဲ အညစ်အကြေးတွေပေစွန်းနေတဲ့ သူ့နာမည်ကိုရော ပြန်သန့်စင်နိုင်သွားမလား မှော်ပဲစေ့တွေကရော တကယ်လား ပုံပြင်သက်သက်ပဲလားဆိုတာ ကို့လူတို့ကိုယ်တိုင်ပဲခံစားကြည့်လိုက်ပါ” what can i say,i was a bad kitty ”
(ရုပ်ရှင်အညွှန်းကိုSetmin Khant Fbမှ ကူးယူဖော်ပြပါသည်။)...
xXx: Return of Xander Cage (2017)
⭐IMDB: 5.2/10 (95 k Votes)
🎬 #Action #Adventure #Thriller #Crime
🗓 2017 🎞 movie
📺 #720p #1080p
💿 1.0 GB ⦿ 805.0 MB
🌎 #China #Canada #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 47 မိနစ် 24 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
XXX ဆိုလို့ 18+ မထင်လိုက်ပါနဲ့ ….2002ခုနှစ်မှာ နာမည်ကြီးခဲ့တဲ့ Vin Diesel ရဲ့အက်ရှင်ကားဖြစ်ပြီး 2005 မှာ xXx-2 ကို မင်းသားပြောင်းလဲရိုက်ကူးခဲ့သလို ၂၀၁၇ မှာ Vin Diesel ပြန်ပါဝင်တဲ့ xXx-3 ကိုလဲ ထပ်မံရိုက်ကူးခဲ့ပါတယ်။ ၃ ကားလုံးက အက်ရှင်ကြမ်းကြမ်းတွေ စတန့်လန်းလန်းတွေကြောင့် နာမည်ကြီးပါတယ်။
xXx: Return of Xander Cage (2017) ဇာတ်ကားမှာတော့ နာမည်ကြီး အာရှမင်းသားမင်းသမီးတွေပါ ထည့်သွင်းပြီး Fun ဖြစ်အောင်ရိုက်ကူးခဲ့ပါတယ်…Vin Diesel,Donnie Yen,Deepika Padukone,Kris Wu ,Ruby Rose ,Tony Jaa,Samuel L. Jackson , Neymar Jr စသည်ဖြင့် နယ်ပယ်စုံက သရုပ်ဆောင်တွေပါ ထည့်သွင်းရိုက်ကူးခဲ့ပါတယ်။
ဇာတ်လမ်းအကျဉ်းလေးကတော့
အမျိုးမျိုးသောအန္တရာယ်တွေ၊ သေစေနိုင်လောက်တဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်နေချိန်အမျိုးမျိုးသောလူစွမ်းကောင်းတွေကို ကမ္ဘာကြီးက လိုအပ်နေချိန်ဖြစ်ပါတယ်…Anarchy 99 ရဲ့ချိန်းခြောက်မှုကိုကယ်တင်ပြီးနောက် ၁၅ နှစ်အကြာ လက်ရှိအချိန်မှာ Xander Cage ဟာAugustus Gibbons နဲ့ NSA တို့ရဲ့ xXx ပရိုဂရမ်ကနေဝေးဝေးနေချင်တဲ့အတွက်သူ့ကိုသူ သေဆုံးသွားပြီလို့ သတင်းလွှင့်ပြီး ရှောင်ပြေးနေခဲ့ပါတယ်။ဒီလိုချိန်ခါမှာ Xiang (Donnie Yen) ဦးဆောင်တဲ့ အဆင့်မြင့်မြင့် ဖွဲ့စည်းထားတဲ့ လူဆိုးအဖွဲ့အစည်းတစ်ခုဟာဂြိုလ်တုတွေ အားလုံးကို ထိန်းချုပ်နိုင်တဲ့ပန်ဒိုရာသေတ္တာကို ခိုးယူသွားခဲ့ပါတယ်။ဒါကြောင့် ပန်ဒိုရာဘောက်စ်ကို ပြန်ယူဖို့ ပြန်လည်တာဝန်ထမ်းဆောင်ဖို့ Cage ဟာ ပြန်လာခဲ့ပြီး xXx အဖွဲ့အသစ်တစ်ခုကိုစနိုက်ပါမန်း၊ စတန့်သမား၊ ကွန်ပျူတာကျွမ်းကျင်သူနဲ့ DJ သမားတစ်ယောက်ပါဝင်တဲ့အဖွဲ့တစ်ခုကိုဖွဲ့လိုက်ပါတယ်။
အလန်းစားတွေနဲ့ဖွဲ့စည်းထားတဲ့ X တို့အဖွဲ့ မစ်ရှင်အောင်မြင်သွားမလား
ဒီအဖြစ်အပျက်တွေရဲ့နောက်ကွယ်က လက်မည်းကြီးကဘယ်သူလဲဆိုတာ….။...
Good Night (2023)
⭐IMDB: 8.2/10 (605 Votes)
🎬 #Bollywood #Comedy #Drama #Romance
🗓 2023 🎞 movie
📺 #720p #1080p
💿 1.1 GB ⦿ 2.3 GB
🌎 #India
⏰ 2 နာရီ 27 မိနစ် 51 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Good Night 2023
ဒီတစ်ခေါက်မှာတော့ IMDb – 8.3/10 ထိရရှိထားတဲ့ တမီးလ် မိသားစုဒရမ်မာကားကောင်းတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ Jai Bhim၊ Vikram Vedha ဇာတ်ကားတွေထဲကမင်းသား Manikandan နဲ့ မင်းသမီးချော Meetha တို့ကအတွဲညီညီသရုပ်ဆောင်ထားတာပါ။
ဇာတ်လမ်းအကျဉ်းမိုဟန်တို့အိမ်ဟာ မိသားစုဝင်တွေအများကြီးနဲ့ သိုက်သိုက်ဝန်းဝန်းရှိလှတဲ့ မိသားစုတစ်ခုပါ။အချင်းချင်းစည်းလုံးကြပြီး တစ်ယောက် ပြဿနာတစ်ယောက်ဖြေရှင်းကြရင်းပေါ့။သို့ပေမဲ့မိုဟန်မှာ မိသားစုဝင်တွေ သည်းမခံနိုင်လောက်အောင်ဆိုးတဲ့အကျင့်တစ်ခုရှိပါတယ်။ အဲဒါကတော့ ဟောက်တတ်တာပါပဲ။
အဲအကျင့်ကြောင့်လည်း စော်ငြင်းကောင်ဖြစ်နေရတဲ့သူပါ။တစ်နေ့မှာ ယောက်ဖဖြစ်သူနဲ့ ရေပိုက်လိုက်ပြင်ရင်း အာနူးဆိုတဲ့သနားစရာကောင်မလေးနဲ့ တွေ့ဆုံပြီး၊နှစ်ယောက်သားစုံမက်သွားကြတဲ့အခါ အာနူးခင်ဗျာ မိုဟန်ကိုသည်းခံနိုင်ပါဦးမလား၊နှစ်ယောက်သား ဘယ်လိုနားလည်မှုယူကြမှာလဲ….သူတို့ခင်ဗျာညတိုင်း “Good Night ” ဖြစ်နိုင်ပါဦးမလားဆိုတာ“Good Night”ဇာတ်ကားမှာပဲအဖြေရှာပြီး အပန်းဖြေကြည့်ရှုလိုက်ရအောင်ပါ။
အညွှန်းနဲ့ ဘာသာပြန်ကတော့ Moon ~ ThaikSan ~ Zwe ~ V~ BpL~ တို့ပဲဖြစ်ပါတယ်။...
Yashoda (2022)
⭐IMDB: 6.6/10 (11 k Votes)
🎬 #Action #Bollywood #SciFi #Thriller #Crime #Drama
🗓 2022 🎞 movie
📺 #1080p #720p #4K
💿 1.8 GB ⦿ 835.2 MB ⦿ 3.8 GB
🌎 #India
⏰ 2 နာရီ 12 မိနစ် 30 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Yashoda (2022)
IMDb-8.3/10
ဒီတစ်ခါတော့ ဇာတ်လမ်းအစတည်းက ရှုပ်ထွေးမှုတွေ မြှုပ်ကွက်တွေနဲ့ အစပြုထားတဲ့ ကားလေးတင်ဆက်ပေးချင်ပါတယ်
ဇာတ်လမ်းအစမှာ-ဟောလိဝုဒ်အကျော်အမော်မင်းသမီးဟာ အိန္ဒိယလာပြီး ထူးထူးဆန်းဆန်းသေဆုံးသွားခဲ့တယ်-အိန္ဒိယရဲ့ သူဌေးကြီးတစ်ဦးဟာ သူ့ချစ်သူ Miss India Pageant က ထိပ်တန်းမော်ဒယ်တစ်ဦးအာရူရှီနဲ့အတူ ကားအက်ဆီးဒင့်နဲ့ သေဆုံးသွားခဲ့တယ်ဒီလို အကျော်အမော်နှစ်ဦးကားအက်ဆီးဒင့်ဖြစ်သေဆုံးရတာဟာ သွေးရိုးသားရိုးလား နောက်ကွယ်က အကြောင်းအရင်းတွေရှိနေလားဆိုတာ အားလုံးကသိချင်နေကြပါတယ်လိုက်စစ်ဆေးရင်း အာရူရှီဟာ ကြော်ငြာတွေလက်မခံခင်စစ်ဆေးတတ်တဲ့သူ ဖြစ်ကြောင်းတွေ့ရှိခဲ့တယ်သူ့ရဲ့ မေးလ်တွေထဲကနေ ပစ္စည်းတစ်ခုဟာသံသယဝင်စရာကောင်းတာမို့ စာချုပ်မချုပ်ဖို့ သတိပေးထားတဲ့ မေးလ်တစ်ခုတွေ့ရှိခဲ့တယ်အဲဒီပစ္စည်းဟာ နိုင်ငံအကြီးအကဲတစ်ယောက်နဲ့ ဆက်စပ်သူထုတ်လုပ်တဲ့ပစ္စည်း
-တစ်ဖက်မှာလည်း ယာရှိုဒါဟာ သူ့ညီမလေးခွဲစိတ်ခအတွက် အငှားကိုယ်ဝန်ဆောင်ပြီးဖြေရှင်းဖို့ လုပ်နေပါတယ်ဒီမှာလည်း သူ့ရဲ့သားအိမ်အားနည်းချက်ကြောင့် ကိုယ်ဝန်ကို ဒီတစ်ကြိမ်ပဲဆောင်ခွင့်ရတော့မယ်ဆိုတာကို ဆရာဝန်ကထိမ်ချန်ထားပါတယ်ဗိုက်ထဲက ကလေးအတွက် အမည်မသိနေရာတစ်ခုမှာ အသုံးအဆောင်အပြည့်အစုံနှင့် နေရာတစ်ခုမှာ ပိတ်ခံထားရတယ်အဲဒီနေရာကလည်း ဆရာဝန်တွေ ကြီးကြပ်သူတွေ အစောင့်တွေနဲ့ မဝင်ရဇုန်တွေ လျှို့ဝှက်ချက်တွေနဲ့ နေရာကြီးဖြစ်နေတယ်
ဒီဖြစ်ရပ်တွေအားလုံး အချိန်နေရာဒေသအသီးသီးမှာဖြစ်တည်ခဲ့ပေမယ့် ဘယ်လိုဆက်စပ်မှုတွေရှိနေမလဲ
ဇာတ်လမ်းအစတည်းက ဆွဲဆောင်သွားမယ့်ကားကောင်းတစ်ကားအတွက် အညွန်းထက်ကြည့်ဖြစ်အောင်ကြည့်ကြည့်ဖို့ပဲ တိုက်တွန်းချင်ပါတယ်...
Barracuda Queens (2023- )
⭐IMDB: 6.3/10 (1 k Votes)
🎬 #Crime #Drama #Thriller
🗓 2023- 🎞 tv series
📺 #1080p
🌎 #Sweden
⏰ 32 မိနစ် 15 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Barracuda Queens (2023)Barracuda Queens (2023)၁၉၉၀ ခုနှစ်နှောင်းပိုင်း ဖောက်ထွင်းမှုတွေကျူးလွန်ခဲ့တဲ့ မိန်းကလေးအဖွဲ့တစ်ဖွဲ့ရဲ့ အကြောင်းကို အခြေခံပြီး ရိုက်ကူးထားတဲ့
Crime, Drama, Thriller အမျိုးအစား ဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီး IMDb 6.3 ရထားပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ Lollo, Mia, Klara, Frida တို့လေးယောက်က အလယ်တန်းကျောင်းမှာတည်းက ခင်လာခဲ့ပြီးတော့
Barracuda Queens ဆိုတဲ့ အဖွဲ့လေးဖွဲ့ထားပြီး တပူးတွဲတွဲနေကြတဲ့ သူငယ်ချင်းလေးယောက်ဖြစ်ပါတယ်။
ဆယ်ကျော်သက်ပီပီ ဇိမ်ခံဟိုတယ်တစ်ခုမှာ သွားကဲတဲ့အချိန် အရက်အမူးလွန်ပြီးလုပ်ခဲ့မိတဲ့ ပျက်စီးဆုံးရှုံးမှုတွေအတွက်
လျော်ကြေးငွေပေးဖို့ ဖြစ်လာတဲ့အခါ အိမ်ကိုလည်းမပြောရဲ၊ လျော်စရာပိုက်ဆံလည်းမရှိ ဖြစ်လာပါတယ်။
အဲဒါနဲ့ Lollo တို့မိသားစုရဲ့ ပါတီပွဲမှာ အိမ်ကမိတ်ဆက်ပေးတဲ့ Amina ဆိုတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ ဆုံမိသွားပြီး
Amina တို့မိသားစုက လူချမ်းသာတွေဆိုတာ သိသွားပါတယ်။
အဲဒါအပြင် ပိတ်ရက်မှာ Amina တို့မိသားစုက ကိုင်ရိုမှာ မင်္ဂလာပွဲတစ်ခု သွားတယ်မယ့်အကြောင်း သိလိုက်ရတဲ့အချိန်မှာတော့
သူငယ်ချင်းတွေ ကြံရာမရတဲ့အဆုံး Amina တို့အိမ်ကို ဖောက်ထွင်းဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။
ကြောက်ကြောက်လန့်လန့်နဲ့ အိမ်ထဲဝင်ကြတဲ့အချိန်မှာ Amina က ခရီးထွက်မသွားဘဲ အိမ်မှာပဲရှိနေတာကို သိလိုက်ရတဲ့အခါမှာတော့
ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ဇာတ်လမ်းထဲမှာပဲ အတူတူကြည့်ရှုလိုက်ကြပါစို့။အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်၊Genre….. Drama, Crime...
The Lake (2022- )
⭐IMDB: 6.2/10 (2 k Votes)
🎬 #Comedy #Drama
🗓 2022- 🎞 tv series
📺 #1080p
🌎 #Canada
⏰ 27 မိနစ် 39 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Lake Season 1 + 2 (2022)The Lake Season 1 (2022)စီးရီးတွေကို ဟဲဗီးကြီး ကြည့်ရတာထက်
တစ်ခါတလေ ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရယ်မောမောလေး ကြည့်ရတာက အရသာတစ်မျိုးပါပဲ။
အဓိက ဇာတ်ကောင် ဘီလီဆိုတဲ့ ကောင်မလေးက မွေးစားခံထားရတဲ့ကောင်မလေးပါ
တစ်ရက်မှာ သူ့ကို အပြစ်ပေးတဲ့အနေနဲ့ မွေးစားမိဘတွေက
နွေရာသီမှာ သူ့အဖေရင်းနဲ့အတူ သူ့ရဲ့မွေးရပ်မြို့လေးဆီ အလည်သွားခိုင်းခဲ့တယ်
အဖေရင်းကလည်း တကယ်တော့ ယောကျာ်းအစစ်မဟုတ်ပါဘူး
မွေးရပ်မြို့လေးက ရေကန်ကြီးတစ်ခုကို ဝန်းရံထားတဲ့ ရေကန်မြို့လေးပါ
အဲမြို့မှာ သူ့အဖေရင်းက အမှတ်တရများစွာရှိခဲ့ပေမယ့် ပြန်မလာဖြစ်ခဲ့ပါဘူး
အဖေရင်းရဲ့ အဖေကလည်း သူ့မြေးလေးကို မွေစားမိဘတွေဆီ ထားခဲ့လို့ဆိုပြီး သူ့ကို မကျေနပ်ခဲ့ပါဘူး
သားအဖနှစ်ယောက် ထို ရေကန်မြို့လေးဆီ ခရီးဆက်လာရင်း
အဲမှာ သူအဖိုးပိုင်တဲ့ အိမ်ရှိပေမယ့် ရောင်းပစ်လိုက်တာကြောင့် အိမ်ငှားပြီးတော့ပဲ နွေရာသီကို ဖြတ်သန်းကြရမှာပါ
အဲအချိန်မှာ သူတို့မထင်မှတ်ထားတာတွေ ဖြစ်လာတာကို ဟာသဆန်ဆန်ကြည့်ရမယ့် ဇာတ်လမ်းလေးဖြစ်ပါတယ်စုစုပေါင်း ၈ ပိုင်း ရှိပြီးတော့ ဆက်တိုက် ဆိုသလို တင်ပေးသွားမှာပဲ ဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Kuz ပဲ ဖြစ်ပါတယ်။Genre…..Comedy, Drama...
