ဇာတ်ညွှန်းများ • FDMN
Yopiq kanal
Ma'lumot yo'q
Obunachilar
-524 soatlar
-47 kun
+730 kun
Postlar arxiv
NCIS: Origins (2024) ⭐IMDB: 7.5/10 (444 Votes) 🎬 #Crime #Drama 🗓 2024 🎞 tv series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 44 မိနစ် 26 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 NCIS, NCIS: Hawaii, NCIS: Sydney ဆိုပြီးဇာတ်လမ်းတွဲတွေ အများကြီး ထွက်ထားတဲ့ နာမည်ကြီး စီးရီးရဲ့prequel ဖြစ်တဲ့ NCIS: Origins ဆိုတဲ့ စီးရီးကို တင်ဆက်ပေးသွားမှာပါ ဒီဇာတ်လမ်းကတော့ NCIS စီးရီးက Leeroy Gibbs ရဲ့ငယ်ဘဝ အကြောင်းကို ရိုက်ကူးထားတာပါ မိန်းမနဲ့ ကလေး အသတ်ခံထားရတဲ့ Leeroy တစ်ယောက်ရေတပ်ကနေ NIS ကို ရောက်လာတဲ့ အခါမတူညီတဲ့ လုပ်ငန်းဆောင်တာတွေ မသိသေးတဲ့ သူတွေနဲ့အတူအမှုတွေကို ဘယ်လိုဖော်ထုတ်သွားမလဲ မိသားစုကို ဆုံးရှုံးလိုက်ရတဲ့ ဝမ်းနည်းမှတွေကိုရော ဘယ်လို ဖြတ်ကျော်သွားမလဲမိသားစုကို သတ်သွားတဲ့ လူသတ်သမားကိုရော ဖော်ထုတ်သွားနိုင်မှာလားဆိုတာရင်သပ်ရှုမောဖွယ် ကြည့်ရှုသွားရမှာပါ...
Sarpanchi (2024) ⭐IMDB: 9.0/10 (93 Votes) 🎬 #Drama 🗓 2024 🎞 tv series 🌎 #India ⏰ 39 မိနစ် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Sarpanchi 2024 သူကြီး ပန်ချာပီကျေးရွာလူနေမှုနဲ့ ယဉ်ကျေးမှုအကြောင်း တစေ့တစောင်းရှုစားနိုင်မယ့်ဇာတ်လမ်းတွဲကောင်းလေးတစ်ခုကို CMပရိသတ်တို့အတွက် တင်ဆက်ပေးလိုက်ပါပြီ။ဒီဇာတ်လမ်းလေးထဲမှာတော့ အိပ်မက်တွေနဲ့ လူငယ်တစ်ယောက်ခေတ်စနစ်ရဲ့ဝါးမြိုမှုအောက်ကနေ သူ့ရဲ့ရွာလေးကို ဘယ်လိုကယ်ဆယ်မလဲဆိုတာ ရှုစားရမှာပါ။ လယ်ယာစိုက်ပျိုးရေးကို အဓိကထားအသက်မွေးကြတဲ့ ပန်ချာပီရွာငယ်လေးမှာသူကြီးရွေးကောက်ပွဲအသစ်လုပ်ရဖို့ ဖြစ်လာချိန်မှာတော့ရွာကလယ်သမားတွေအဖို့ စိုးရိမ်စရာတွေ ဖြစ်လာပါတော့တယ်။ ဘာလို့လဲဆိုတော့ ရွာကလယ်ကွက်တွေကို မျက်စိကျနေတဲ့ကန်ထရိုက်သမားတွေနဲ့ လေပေးဖြောင့်ပြီး လယ်မြေတွေကိုရောင်းစားချင်နေတဲ့ မဟာဆင်းဂ်က သူတို့ရွာမှာ ဩဇာညောင်းတဲ့သူဖြစ်နေပြီးတော့သူကြီးအသစ်ကိုလည်း သူ့လူမူခန်းကိုထည့်ပြီး လုပ်စားဖို့ အကြံကြီး အကြီးကြံနေလို့ပါပဲ။ ဒီတော့ တစ်ဖက်ကရွာသားတွေကလည်း ရွာရောင်းစားမခံရရေးအတွက်လူငယ်ပညာတတ်ဖြစ်တဲ့ မူခန်းရဲ့တူဖြစ်သူ ဘန်တဲကိုမူခန်းနဲ့ သူကြီးနေရာအတွက် ယှဉ်ပြိုင်ခိုင်းတဲ့အခါ… တစ်ဖက်နဲ့တစ်ဖက် အကွက်မျိုးစုံချရင်း သူကြီးနေရာအတွက်အားပြိုင်မှုမှာဘယ်သူကများအနိုင်ရမလဲဆိုတာ ရှုစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်)...
Scandal: Body of Love (2000) ⭐TMDB: 10% User Score 🎬 #Adult #Drama 🗓 2000 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 24 မိနစ် 22 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 {18+} Scandal: Body of Love (2000) Dark Side Productionကနေ ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ တရားခံရှေ့နေဖောမန်းနဲ့အမှုသည်လေး ဂျိန်းတို့ရဲ့ လျှို့ဝှက်ဆန်းကြယ်စုံထောက်မှူခင်းရုပ်ရှင်ပေါ့။ ဂျိန်းတစ်ယောက် အိပ်ရာပေါ်မှာ ခင်ပွန်းဖြစ်သူနဲ့ ချစ်တင်းနှောနေတုန်းမှာ ခင်ပွန်းဖြစ်သူခရိုင်ရှေ့နေဆုံးပါးသွားခဲ့တဲ့အတွက် လူသတ်မှုနဲ့ တရားရင်ဆိုင်နေရပါတယ်။ဒါပေမဲ့လည်း ရှေ့နေဖောမန်းရဲ့ လျောက်လဲချက်တွေနဲ့ ဂျိန်းတစ်ယောက် ကွင်းလုံးကျွတ်လွတ်ပြီးခင်ပွန်းဖြစ်သူချန်ထားခဲ့တဲ့ ဒေါ်လာသန်းနှစ်ဆယ်ကိုပါ ပိုင်ဆိုင်လိုက်ရပါတယ်။ ဒါပေမဲ့ ဂျိန်းထပ်ပြီး အဖမ်းခံခဲ့ရပြန်တာက အရင်ယောကျ်ားရှိနေပြီးအရင်ယောကျ်ား တရားသူကြီးမင်းတုန်းကလည်းအိပ်ရာပေါ်မှာပဲ အသက်ထွက်သွားခဲ့တာပါ။ဒီတစ်ခါလည်း ရှေ့နေလေးမောင်ဖောမန်းပဲ လိုက်ရပြန်ပါတယ်။ ဒီသေဆုံးမှုတွေနောက်ကွယ်မှာ တရားမဝင်မူးယစ်ဆေးရောင်းဝယ်မှုနဲ့ပြည့်တန်ဆာလုပ်ငန်းတွေလုပ်ကိုင်နေတဲ့ဂိုဏ်းရာဇာကြီးတွေရှိနေပြီး ဂျိန်းတစ်ယောက်ကပါ အပျော်မယ်ဖြစ်နေတဲ့အခါမှာတော့…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Zeoဖြစ်ပါတယ်)...
Outside (2024) ⭐IMDB: 5.2/10 (462 Votes) 🎬 #Horror #Thriller 🗓 2024 🎞 movie 🌎 #Philippines ⏰ 2 နာရီ 22 မိနစ် 27 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါ ပရိသတ်ကြီးကို Netflix က အသစ်ထုတ်လွှင့်လိုက်တဲ့ အာရှနိုင်ငံတစ်ခုရဲ့ ဇွန်ဘီဇာတ်ကားသစ် တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီဇာတ်ကားက အောက်တိုဘာ ၁၇ ကမှ ပူပူနွေးနွေးထွက်ရှိထားပြီးတော့ IMDB မှာ လက်ရှိ Rating 5.5 ရထားပါတယ်။ သမားရိုးကျ ဇွန်ဘီကားတွေနဲ့ မတူဘဲ ပြင်ပဘေးအန္တရာယ်နဲ့အတူ ယှဉ်တွဲပြီး အတွင်းစိတ်ဒဏ်ရာ ရှိသူတစ်ဦးက ဘယ်လောက်ထိ အန္တရာယ်များနိုင်သလဲဆိုတာ ရိုက်ကူးတင်ဆက်ထားတာပါ။ ဇာတ်ညွှန်းကတော့ ဖိလစ်ပိုင်နိုင်ငံမှာ Zombie Outbreak ဖြစ်ပြီး နောက်ပိုင်း ဖက်ဒရစ်တို့ မိသားစုဟာ သူရဲ့မိဘတွေ ရှိတဲ့ နယ်မြို့လေးကို ခိုလှုံဖို့ ပြေးလာကြတာနဲ့ အစပြုထားပါတယ်။ ကံမကောင်းချင်တော့ မိဘတွေလည်း ဇွန်ဘီဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရပြီး သေဆုံးကုန်ကြပါတယ်။ ဖက်ဒရစ်ဟာ ငယ်စဉ်ကလေးဘဝကတည်းက ဖခင်ဖြစ်သူရဲ့ ကိုယ်ထိလက်ရောက် နှိပ်စက်ညှဉ်းပန်းမှုတွေနဲ့ ကြီးပြင်းလာခဲ့ရပြီး သူ့မိဘအိမ်ဟာ အတိတ်မှာ သူ့အတွက်တော့ ပျော်ရွှင်စရာ အိမ်မဖြစ်ခဲ့ပါဘူး၊ ဒါ့အပြင် သူ့ရဲ့ဇနီး အိုင်းရစ်ကလည်း သူနဲ့အိမ်ထောင်ရေး အဆင်မပြေတာ ကာလတစ်ခုကြာပြီးနောက်ပိုင်း ကလေးတွေ မျက်နှာကြောင့်သာ သူနဲ့ အတူရှိနေတာ ဖြစ်ပါတယ်။ ဒီလို အခြေအနေမျိုးမှာ ဖက်ဒရစ်နဲ့ သူ့မိသားစု ဘယ်လိုအန္တရာယ်တွေ ရင်ဆိုင်ရမှာလဲ….။ သူ့အတွက် အကျဉ်းထောင်တစ်ခုလို ဖြစ်ခဲ့တဲ့ သူ့မိဘနေအိမ်မှာ သူ့အတွက် ဘယ်လိုအတိတ်ကို နှိုးဆွစေမယ့် အရာတွေ ဖြစ်လာမလဲ ဆိုတာတော့...
MouseHunt (1997) ⭐TMDB: 65% User Score 🎬 #Comedy #Family 🗓 1997 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 38 မိနစ် 1 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါကတော့ကတော့ စိတ်သက်သာရာရစေမယ့် ရုပ်ရှင်တွေထဲကတစ်ကားဖြစ်ပါတယ်။ အတော်လေးလည်းကြည့်လို့ကောင်းသလို ဘဝအမောတွေကိုလည်း ပြေပျောက်စေမယ့် ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ မိသားစုနှင့်လည်းကြည့်လို့ရတဲ့ ဟာသကားကောင်းတစ်ကားမလို့ ကြည့်လိုက်ကြပါလို့ တိုက်တွန်းပါရစေ။ ဇာတ်ညွှန်း အာနီ နဲ့ လားစ်တို့ ဟာ ညီအစ်ကိုတွေဖြစ်ပါတယ်။ အာနီ ဟာစားသောက်ဆိုင်ပိုင်ရှင်တစ်ယောက်ဖြစ်ပြီး လားစ်ကတော့ သူ့အဖေနဲ့ အတူတူ ချည်မျှင်စက်ရုံတစ်ခုကို အတူတူလုပ်ကိုင်နေတဲ့လူတစ်ယောက်ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့အဖေဆုံးသွားတော့ အမွှေအနေနဲ့ ကံကောင်းစေတဲ့ ချည်မျှင်လေးတစ်ချောင်းရယ်၊ ချည်မျှင်စက်ရုံတစ်ခုရယ် အပေါင်ခံထားတဲ့အိမ်ကြီးတစ်လုံးရယ်ကို အမွေချန်ထားခဲ့ပါတယ်။ အာနီက ပိုက်ဆံဘာမှမချန်ထားခဲ့လို့ စိတ်ဆင်းရဲနေပေမယ့် လားစ်ကတော့ အဖေနဲ့ပိုပြီး ရင်းနှီးတဲ့လူတစ်ယောက်ဖြစ်တာကြောင့် အဖေ့ကိုအပြစ်မမြင်ရက်ဖြစ်နေပါတယ်။ ဒီလိုနဲ့ ကံဆိုးချင်တော့ နှစ်ယောက်သား လမ်းဘေးရောက်သွားပြီး အမွေထားခဲ့တဲ့အိမ်ကြီးပေါ်ကိုတက်နေဖို့ဖြစ်လာပါတော့တယ်။ အဲဒီမှာ သူတို့ဟာ ဒီအိမ်ပျက်ကြီးက သာမန်အိမ်အိုအိမ်ဟောင်းကြီးတစ်ခုမဟုတ်ပဲ နာမည်ကျော် ဗိသုကာပညာရှင် လရူး ရဲ့အိမ်တော်ကြီးဆိုတာကိုသိလိုက်ရပါတယ်။ ဒီလိုနဲ့ အိမ်တော်ကြီးကိုရောင်းဖို့ကြံတော့ အဲဒီအိမ်မှာ နဂိုကတည်းက နေထိုင်ခဲ့တဲ့ ကြွက်တစ်ကောင်က သူတို့ကိုလိုက်နှောင့်ယှက်ပါတော့တယ်။ ညီအစ်ကိုနှစ်ယောက်နဲ့ကြွက်ကြားက တိုက်ပွဲကို ဘယ်လိုများ ဟာသအမြင်နဲ့ဖော်ပြသွားမလည်းဆိုတာ ရှုစားလိုက်ကြပါ။...
The Shadow Strays (2024) ⭐IMDB: 6.7/10 (611 Votes) 🎬 #Action #Crime #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #Indonesia #UnitedStatesofAmerica ⏰ 2 နာရီ 26 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အင်ဒိုဇာတ်ကားဆိုရင် တော်ရုံတန်ရုံ ဒရာမာကား သရဲကားလောက်ပဲ နာမည်ကြီးတာများပြီးတော့ အက်ရှင်ကားရိုက်ရင်သိပ်မပေါက်မမြောက် ပါဘူး။ဒါပေမယ့် အခုတင်ဆက်ပေးမဲ့အင်ဒိုအက်ရှင်ဇတ်ကားကတော့ အက်ရှင်ချစ်သူတွေအချိန်ပေးကြည့်ရတာတန်စေမဲ့ နိုင်ငံတကာအဆင့်မှီ အင်ဒိုအက်ရှင်ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်ကားနာမည်ကတော့ The Shadow Strays ဖြစ်ပြီး လက်ရှိ IMDb Rating 6.8 အထိရရှိထားပါတယ်။ နိုင်ငံတကာမှာအာဏာကြီးမားတဲ့ ရာဇဝတ်ဂိုဏ်းခေါင်းဆောင် ကြီးတွေတောင်ကြောက်ရတဲ့ ကြေးစားလူသတ်အဖွဲ့တစ်ဖွဲ့ရှိပါတယ်။ အဲ့ဒီအဖွဲ့ရဲ့နာမည်ကတော့သေမင်းအရိပ်ဖြစ်ပြီး နာမည်အတိုင်းပဲ အရိပ်တွေထဲကနေထွက်လာပြီး တိုက်ခိုက်တတ်တဲ့ ကြေးစားလူသတ် သမားတွေဖြစ်တဲ့အတွက် အဖွဲ့ရဲ့အေးဂျင့်တွေကိုလည်း အရိပ်တွေလို့ပဲ ခေါ်ဆိုပါတယ်။ ဇာတ်လမ်းအစမှာတော့ အဲ့ဒီသေမင်းအရိပ်အဖွဲ့က ဂျပန်ယာကူဇာဂိုဏ်း တစ်ခုကိုဝင်ရောက်သုတ်သင်ပုံကိုတွေ့ရမှာဖြစ်ပြီး အရိပ်တွေအများကြီး ထဲကတစ်ယောက်ဖြစ်တဲ့ ၁၃ ကတော့သနားညှာတာမိပြီးတုံ့ဆိုင်းမိခဲ့တဲ့ အတွက် ရာထူးကနေရပ်နားခံလိုက်ရပါတော့တယ်။ကြေးစားလူသတ် သမားဆိုတာကလည်း သနားကြင်နာမှုတွေ ညှာတာမှုတွေရှိလို့မရတဲ့ အလုပ်ဖြစ်တဲ့အတွက် ၁၃ ကတော့တော်တော်နဲ့စစ်ဆင်ရေးပြန်လုပ်ခွင့် မရခဲ့ပါဘူး။းဒီလိုနဲ့စစ်ဆင်ရေးမရဘဲ ကြောင်ပျောက်နေတဲ့ ၁၃ ရဲ့အာရုံကို သူနဲ့တစ်တိုက်တည်းနေနေတဲ့သားအမိ ၂ ယောက်ကဖမ်းစားသွားပါ တော့တယ်။အမေဖြစ်သူက သူတို့နေထိုင်ရာ ဂျာကာတာမြို့မှာ လက်ဝါးကြီး အုပ်ထားတဲ့ မူးယစ်ဆေးရောင်းဝယ်တဲ့ဒုစရိုက်သမားကြီးတွေနဲ့ ပတ်သတ်ပြီး ပိုက်ဆံရှာနေတဲ့အတွက် သိပ်မကြာခင်မှာပဲ အသတ်ခံခဲ့ရပါတော့တယ်။ ဒီလိုနဲ့ကျန်ခဲ့တဲ့ကောင်လေးကို မောင်လေးတစ်ယောက်လိုစောင့်ရှောက် နေချိန်မှ အဲ့ဒီလူဆိုးတွေက သက်သေဖျောက်ဖို့ကောင်လေးကိုပါ ဖမ်းခေါ် သွားတဲ့အချိန်မှာ တစ်သက်လုံးလူသတ်ခဲ့တဲ့လက်နဲ့ အဲ့ဒီကောင်လေးရဲ့ အသက်တစ်ချောင်းကိုဘယ်လိုပြန်ကယ်မလဲဆိုတာကို အက်ရှင်အကြမ်းစား တွေနဲ့ကြည့်ရှုရမဲ့ အင်ဒိုဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။...
Sex Tape (2014) ⭐IMDB: 5.1/10 (119 k Votes) 🎬 #Adult #Comedy #Romance 🗓 2014 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 35 မိနစ် 47 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Sex Tape (2014) မင်းသမီး Cameron Diaz နဲ့ မင်းသား Jason Segel တို့ပါဝင်ပြီး ပွဲကြမ်းထားတဲ့ ဟာသဇာတ်ကားလေးပါ။ ဇာတ်လမ်းကတော့လင်မယားတွေဖြစ်ကြတဲ့ Jay နဲ့ Annie တို့ဟာ ကလေးတွေမရှိတုန်း ငယ်မူပြန် ပွဲကြမ်းကြတာကို Video ရိုက်ထားမိကြပါတယ်…ဒီ Video ကြီးကို အမှတ်မထင်ဘဲ iPad တွေကို Sync လုပ်မိရာကတစ်ဆင့် Cloud ကနေ တခြားလူတွေဆီ ရောက်သွားပါတော့တယ်။အစက ဒါကို သတိမထားမိသေးပဲ Jay ဖုန်းကို တစ်စုံတစ်ယောက်က အဲ့ဒါနဲ့ပတ်သတ်ပြီး စာပို့တော့မှ သတိထားမိတာပါ။ဘယ်သူပို့လည်းတော့ မသိပါဘူး။ ဒါကြောင့် Annie နဲ့ Jay တို့ နှစ်ယောက် iPad ပေးထားတဲ့သူတွေဆီသွားပြီးအဲ့ဒီ ဗီဒီယိုဖိုင်ကို ဖျက်ဖို့ကြိုးစားကြရင်း message ကို ဘယ်သူပို့လည်းဆိုတာ စုံစမ်းပါတော့တယ်။ သူတို့နှစ်ယောက် iPad တွေ ပြန်ယူဖို့ကြိုးစားကြပုံကို ဟာသရောနှောကာ ရိုက်ကူးတင်ဆက်ထားပြီးအဲ့ဒီ စာပို့သူဟာ သူတို့ မထင်ထားတဲ့သူတစ်ယောက်ဖြစ်ပြီး ဘယ်လိုတွေဖြစ်ပျက်မလည်းဆိုတာကို ရယ်ကာမောကာကြည့်ကြရမှာပါ။ (R Rated ဇာတ်ကားမလို့ မိသားစုနဲ့ကြည့်ဖို့တော့ အဆင်မပြေလောက်ပါဘူး။)...
Hotel Salvation (2016) ⭐IMDB: 7.0/10 (2 k Votes) 🎬 #Bollywood #Comedy #Drama 🗓 2016 🎞 movie 🌎 #India ⏰ 1 နာရီ 39 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Mukti Bhawan _Hotel Salvation 2016 (ခေါ်သံ) Imdb 7/10 လူတွေက သေဆုံးဖို့မွေးဖွားလာတာပဲမဟုတ်လားဒီနေ့ကိုနောက်ဆုံးလို့သဘောထား မသေချာသေးတဲ့မနက်ဖြန်တွေအတွက်တွေးပူမနေဘဲ မသေခင်လေးလုပ်ချင်တာတွေလုပ်ပြီးနေထိုင်သွားကြဖို့ရိုက်ကူးတင်ဆက်ပေးထားတဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ် ထပ်ကာထပ်ကာမက်နေတဲ့ အိပ်မက်တစ်ခု အိပ်မက်ထဲတစ်ရွာလုံးမှာလူမရှိပေမဲ့သူ့နာမည်ခေါ်သံကိုကြားနေရတယ် အသံဘယ်နားကလာမှန်းလည်းမသိတစ်ရွာလုံးပတ်ရှာတော့လည်းလူမတွေ့ဘူးပေါ့ ဒီအိပ်မက်ကိုမက်တာအကြိမ်ရေမနည်းတော့တဲ့ အဘိုးတစ်ယောက် သေခြင်းကလက်တစ်ကမ်းရောက်နေလို့သူ့ကိုနိမိတ်ပြတာပဲလို့သတ်မှတ်ပြီး မသေခင်လေး ဗာရာဏသီကမြင့်မြတ်တဲ့နေရာတွေအလည်သွားချင်တယ်လို့ဆိုတော့ သားဖြစ်သူကအဖော်အဖြစ်နဲ့လိုက်ပါပို့ဆောင်ပေးတဲ့ဇာတ်လမ်းပါ ဇာတ်လမ်းကအေးတယ်ထင်ရပေမဲ့ လမ်းခရီးမှာတွေ့ကြုံရမဲ့အရာတွေနဲ့ပညာပေးတွေကြောင့် ကြည့်ရတာမဆိုးလှတဲ့ဇာတ်ကားပါပဲရှင် ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ Alex ~ KKKZ ~ V ~ ToMo တို့ပဲဖြစ်ပါတယ်...
Laughing Buddha (2024) ⭐IMDB: 9.3/10 (1 k Votes) 🎬 #Bollywood #Comedy #Drama 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 12 မိနစ် 12 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Laughing Buddha (2024)ဘဝတစ်ကွေ့ ဒီတစ်ခါမှာတော့ IMDb 9.5 အထိရရှိထားတဲ့ဟာသကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် ရဲတစ်ယောက်ရဲ့နေ့စဉ်ဘဝကိုဇာတ်အိမ်တည်ပြီးတင်ဆက်ထားပေးပြီးပိတ်ရက်မှာမိသားစုနဲ့အတူရယ်မောရင်းကြည့်သင့်တဲ့ဇာတ်ကားလေးတစ်ကားပါ သာမာန်ရဲဝန်ထမ်းတစ်ဦးဖြစ်တဲ့ ဂိုဗာဒန်ဟာ အလွန်စိတ်သဘောထားကြင်နာပြီးသူ့မိသားစုအပေါ်တင်မက ရာဇဝတ်သားတွေအပေါ်မှာပါကြင်နာတတ်သူတစ်ယောက်ပါနောက်ထပ်သူချစ်တဲ့အရာကတော့အစားစားပါ အစားအစာကိုခုံမင်သူပီပီအဝလွန်လာပြီးတစ်ရက်တော့သူ့အလုပ်ကိုပါဆုံးရှုံးရဖို့ဖြစ်လာပါတယ် အဲဒီနောက်မှာတော့သူဘယ်လိုအလုပ်မပြုတ်ဖို့ဆက်လုပ်ရင်း ပဟေဠိဆန်တဲ့ရာဝဝတ်သားမှုတစ်ခုကိုဖြေရှင်းသွားမလဲဆိုတာကို နေ့စဉ်ဘဝမှာကြုံရတဲ့အဖြစ်အပျက်လေးတွေနဲ့ရောနှောပြီးဒါရိုက်တာ Rharath Raj ကအကောင်းဆုံးတင်ဆက်ပုံဖော်ထားတဲ့ကားလေးပါ အချုပ်အနေနဲ့ အားလပ်ချိန်မှာကြည့်သင့်တဲ့ကားကောင်းလေးတစ်ကားလို့ညွှန်းပေးချင်ပါတယ် (အညွှန်းနဲ့ဘာသာပြန် CM Bollywood Team မှဖြစ်ပါတယ်)...
Wannabe (2024) ⭐IMDB: 5.8/10 (43 Votes) 🎬 #Drama #Thriller 🗓 2024 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 38 မိနစ် 32 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Wannabe (2024) *************** T-ara ရဲ့ အဖွဲ့ဝင်ဟောင်းဖြစ်တဲ့ အလှလေး Park Ji-yeon ကိုယ်တိုင်ခေါင်းဆောင်မင်းသမီးအနေနဲ့ ပါဝင်ထားပြီးတော့Song Ji Eun, Kim Nu Ri တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပြီးဆိုက်ကိုဆန်ဆန် အမိုက်စား ကြမ်းပြသွားမဲ့အသစ်ထွက်ရှိထားတဲ့ thriller ကားတစ်ပုဒ်ပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း**************Lee Soo Yeon(Park Ji-yeon) ဟာမတော်တဆမှုတစ်ခုကြောင့် လူတွေရဲ့ အမုန်းကို ခံရပြီးတော်တော်ကြာအနားယူထားခဲ့ရတဲ့ သရုပ်ဆောင်မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ အနုပညာလောကထဲကို တစ်ဖန်ပြန်ဝင်လာဖို့ ကြိုးစားလာချိန်မှာငယ်ရွယ်တဲ့ ချောချောလှလှ တက်သစ်စလေးတွေကိုမှဦးစားပေးချင်ကြတဲ့အနုပညာလောကကတော့အသက်ကြီးနေပြီး နာမည်ဆိုးရှိခဲ့တဲ့ သူမကို ကြိုဆိုမနေခဲ့ပါဘူး။ လူတကာက ကြောဖို့သာ ချောင်းနေကြပြီးဘေးနားမှာ ဘယ်သူဆို ဘယ်သူမှမရှိတော့ဘဲစိတ်ပျက်အားငယ်မှုတွေ အပြည့်နဲ့ဘဝရဲ့ အဆိုးဆုံးအခြေအနေထိရောက်နေခဲ့တဲ့ သူမဟာ .. စိတ်ထင်ရာအတိုင်း ဘယ်လိုတွေ လွတ်ထွက်သွားမလဲဆိုတာကိုရင်တမမနဲ့ ကြည့်ရှုသွားရမဲ့ သည်းထိတ်ရင်ဖို ဇာတ်ကားကောင်းလေးမို့ခံစားကြည့်ပါဦးနော် .. (အညွှန်းကို Yati Naing မှ ရေးသားထားပါတယ်)...
Pyaar Diwana Hota Hai (2002) ⭐TMDB: 66% User Score 🎬 #Bollywood #Comedy #Drama #Romance 🗓 2002 🎞 movie 🌎 #India ⏰ 2 နာရီ 25 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Pyaar Diwana Hota Hai (2002) – ထူးဆန်းသောချစ်ခြင်းတရား သီတင်းကျွတ်အခါသမယလေးမှာ အိမ်တွင်းအောင်းကြမယ့်ပရိသတ်တွေအတွက် ဘောလီးဝုဒ်အချစ်ဟာသကားဟောင်းလေးတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။ (၂၀၀၂) ကထွက်ထားတာဆိုတော့ ကားဟောင်းလေးဆိုပေမယ့် ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ နယူးဒေလီလို မြို့ကြီးမှာ အလုပ်ရှာဖို့ရည်ရွယ်ချက်နဲ့မြို့ပေါ်တက်လာတဲ့ ကျေးလက်ဒေသရွာလေးတစ်ရွာက ဆွန်ဒါ…အနုပညာမှာထူးချွန်သလိုရုပ်ရည်ကလည်းသန့်ပြန်ချောမောပေမယ့် ဂေါ်မစွံသေးတဲ့လူပျိုကြီးဆွန်ဒါ… မြို့ပေါ်က လူလည်ကြီးသားသမီး သူငယ်ချင်းတွေက ဗျူဟာတွေခင်းပေးပေမယ့်ဂေါ်မစွံဖြစ်နေရှာတဲ့ ဆွန်ဒါတစ်ယောက် ပါယယ်ခူရာနာဆိုတဲ့ မိန်းမချောလေးတစ်ယောက်နဲ့အမှတ်မတင်ဆုံစည်းခဲ့မိပြီး မိန်းမချောလေးရဲ့အချစ်ကိုရဖို့ ဟန်ဆောင်လိမ်ညာခဲ့ရင်းကနေအစပြုပြီးတော့…… ဇာတ်လမ်းလေးအဆုံးမှာ ဂေါ်မစွံလူပျိုကြီးတစ်ယောက် မိန်းမချောလေးနဲ့ပေါင်းဖက်ခွင့်ရမလားဆိုတာကိုကြည့်ရှုခံစားရင်း သီတင်းကျွတ်အခါသမယကို ပျော်ပျော်ရွှင်ရွှင်ကုန်ဆုံးလိုက်ကြရအောင်လား။ (အညွန်းနဲ့ဘာသာပြန်ကိုတော့ Bollywood Team မှ ရေးသားပေးထားတာဖြစ်ပါတယ်)...
Tai-Chi Master (1993) ⭐TMDB: 72% User Score 🎬 #Action #Martial #Comedy #Drama #Thriller 🗓 1993 🎞 movie 🌎 #China #HongKong ⏰ 1 နာရီ 37 မိနစ် 38 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကဲဒီနေ့တော့ IMDb rating 7.3/10 ရရှိထားတဲ့1993တုန်းကနာမည်ကြီးကားလေးတင်ပေးပါမယ်။ကျန်းဆန်ဖုန်းအကြောင်းကိုရိုက်ကူးထားပြီး မင်းသားကြီးဂျက်လီက ပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ကားကောင်းလေးဖြစ်ပြီး သိုင်းကားချစ်သူတွေအတွက်သဘောတွေ့စေမှာပါ ဇာတ်ကားအကြောင်းလေးအနည်းငယ်ကိုပြောရရင်တော့ငယ်စဉ်ကတည်းကရှောင်လင်ကျောင်းမှာပညာသင်ကြားတဲ့သူငယ်ချင်း၂ယောကအကြောင်းတခုကြောင့်အပြင်လောကကိုရောက်သွားတဲ့အခါ ဘာဆက်ဖြစ်မလဲ။ တစ်ဦးကကြင်နာတတ်သူ တစ်ဦးကခက်ထန်ရက်စက်ပြီးရာထူးအာဏာမက်သူ . . .ရာထူးအာဏာမက်သူအတွက်ရာထူးစည်းစိမ်ကိုမက်ပြီးသွေးသောက်သူငယ်ချင်းကို ဘယ်အချိန်သစ္စာဖောက်မလဲ။ သူငယ်ချင်းရဲ့တိုက်ခိုက်မှုကြောင့်စိတ်ဒဏ်ရာရသွားခဲ့သောကျန်သူတစ်ဦးကကော ပြန်ကောင်းလာမှာလား။ထိုက်ကျိရဲ့သဘောတရားကိုနားလည်ပြီး သူငယ်ချင်းကိုဘယ်လိုပြန်လက်စားချေမလဲ စသဖြင့်ဇာတ်ကားတစ်ကားလုံးပရိတ်သတ်တွေကိုအကြိုက်တွေ့စေမှာပါ။မင်းသားမင်းသမီးတွေကကတော့ ပရိတ်သက်အကြိုက် နာမည်ကြီးမင်းသားဂျက်လီနဲ့အတူနာမည်ကြီးမင်းသမီးမီရှဲယိုလည်းအတူတူပါဝင်သရုပ်ဆောင်ထားလို့မကောင်းမှာပူစရာမလိုတော့ပါဘူး...
Pretty Ghost (1991) ⭐TMDB: 70% User Score 🎬 #Comedy #Horror 🗓 1991 🎞 movie 🌎 #China #HongKong ⏰ 1 နာရီ 39 မိနစ် 7 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 CM တရုတ်ကားချစ် ပရိသတ်တို့ကို ၁၉၉၁ ကဇာတ်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…ယနေ့ခေတ်မှာ ချစ်ကြိုက် ညားပြီး သစ္စာဖောက်လိုက်…ပိုင်ဆိုင်မှုလုလိုက်နဲ့ ဇာတ်တွေများနေချိန်မှာ…၁၉၉၀ ဝန်းကျင်မှာတော့ အချစ်သာ စစ်မှန်ရင်တမလွန်ရောက်နေတဲ့မင်းကို မရရအောင် ကိုယ်ယူမှာပါဆိုတဲ့ဇာတ်မျိုး… ဇာတ်လမ်းအကျဉ်းလေးကို ပြောရမယ်ဆိုရင်…တိုနီဆိုတဲ့ ဆောက်လုပ်ရေးလုပ်ငန်းက ဗိသုကာဒီဇိုင်းပညာရှင်လေးကလူငယ်တို့သဘာဝအတိုင်း ရုံးထဲက အချောဆုံးကောင်မလေး အယ်လန်ကို စိတ်ဝင်စားပြီး ပိုးပန်းနေခဲ့တာပေါ့… ဒါပေမယ့် သူက လခစားဆိုတော့ ပြိုင်ကားစီးနေတဲ့ သူဌေးသားနဲ့မယှဉ်နိုင်တာကြောင့် နှလုံးလမ်းကြောင်းမှာ ကျွန်းခံနေလေရဲ့…တစ်နေ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်သွားစစ်ရင်း… သရဲတစ်ကောင်ကလူစားထိုးဖို့ကြိုးစားရင်း မရဏလမ်းကို တစ်ခဏရောက်သွားခဲ့တယ်… စိတ်ထားလှတဲ့ သရဲမလေးအကူအညီနဲ့ သေကံက လွတ်ငြိမ်းခဲ့ပေမယ့်…သရဲမလေးကတော့ သူ့အနားမှာ ဆက်ရှိနေတာပါ့… သရဲမလေးနဲ့ သူဘယ်လိုတွေ ရင်းနှီးမှုတည်ဆောက်မယ်ဆိုတာ…သရဲမလေးအကူအညီနဲ့ အယ်လန်အချစ်ကိုရမှာလား…သရဲမလေးနဲ့ပဲ မေတ္တာမျှမှာလား…ဇာတ်ကားလေးကို ကြည့်လိုက်ကြရအောင်...
She Taught Love (2024) ⭐IMDB: 5.1/10 (242 Votes) 🎬 #Drama #Romance 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 42 မိနစ် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 She taught love ဆိုတဲ့ဇာတ်ကားလေးကတော့ ဘဝကိုပေါ့ပေါ့နေ ပေါ့ပေါ့စား နေတဲ့ ရုပ်ရှင်မင်းသားတစ်ယောက်နဲ့ အလုပ်တွေပဲအရမ်းဖိလုပ်တတ်တဲ့ စီးပွားရေးသမား ကောင်မလေး တို့နှစ်ယောက်ကြားက အချစ်ဇာတ်လမ်းလေးကို ဖော်ပြထားတဲ့ အရိုင်းဆန်တဲ့ ကားကောင်းလေးဖြစ်ပါတယ်။ တစ်နေ့မှာ သူတို့နှစ်ယောက်ဟာ ရင်းနှီးမှုရယူရင်း ကောင်မလေး မှာမထင်မှတ်ထားတဲ့ပြသနာတစ်ခု ရှိနေမှန်းသိသွားခဲ့တယ်။ ကောင်မလေးတောင်းဆိုချက်အရ သူ့မှာပြသနာရှိနေမှန်း မိဘတွေကို ဘယ်လို ဖုံးကွယ်ပေးသလဲ သူ့တို့ရဲ့ အချိန်တွေကို ဘယ်လိုအတူတူဖြတ်သန်းကြသလဲ… သူရဲ့ဘဝက ဘယ်လို ပိုပြီးကောင်းမွန်လာလဲ.. သူတို့နှစ်ဦးကြားထဲက ပြသနာအခက်ခဲလေးတွေရယ် မိဘနဲ့ကလေးကြားက ချစ်ခြင်းမေတ္တာတွေရယ် ကို ခံစားကြည့်ရှုနိုင်မှာဖြစ်တဲ့ဇာတ်ကားလေးဖြစ်ပါတယ်...
Haunted Universities 3 (2024) ⭐IMDB: 5.9/10 (157 Votes) 🎬 #Comedy #Horror 🗓 2024 🎞 movie 🌎 #Thailand ⏰ 2 နာရီ 13 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Haunted Universities 3 (2024) IMDb Rating (6.1) Haunted Universities 1 နဲ့ 2 ထွက်အပြီး အခုဆိုရင် နံပါတ်3ကားထပ်မံထွက်ရှိလို့လာပါပြီ။ ဒီဇာတ်လမ်းရဲ့ ထုံးစံအတိုင်းပါပဲ တက္ကသိုလ်တွေတိုင်းမှာ ရှိတတ်တဲ့ ကြောက်မက်ဖွယ်ရာ သရဲဇာတ်လမ်းတွေထဲကနေ ကောင်းနိုးရာရာ ဇာတ်လမ်း၃ခုကို ရွေးချယ်ပြီးတော့ တင်ဆက်ပေးထားပါတယ်။ *ပထမဇာတ်လမ်းအနေနဲ့ ပညာသင်ဆုတစ်ဆုပဲပေးမယ့်ဟာကို လူက နှစ်ယောက်ဖြစ်နေတော့ သူငယ်ချင်းနှစ်ယောက် အတွဲတွေအတွက် ဆုတောင်းပြည့်တယ်ဆိုတဲ့ နေရာကို သွားဆုတောင်းရင်း ဘယ်လိုဂြိုဟ်ဆိုးတွေ ဝင်လာမလဲ …* **ဒုတိယဇာတ်လမ်းအနေနဲ့ကတော့ ကျောင်းမှာ လူသစ်တွေအတွက် စောင့်ရှောက်သူဆိုပြီး လူဟောင်းတွေကို ပြန်လုပ်ခိုင်းရာကနေ ကျောင်းမှာ လူသစ်တွေကို အနိုင်ကျင့်လွန်ပြီးတော့ သူ့ကိုသူ အပြစ်လွတ်အောင် သတ်သေသွားတဲ့ စီနီယာကြီးရဲ့ ဝိညာဉ်နဲ့ ဘယ်လိုတွေ စခန်းသွားကြမလဲ …** ***နောက်ဆုံးတစ်ပုဒ်အနေနဲ့ကတော့ မမြင်နိုင်တဲ့နတ်ကွန်းလို့ နာမည်ပေးထားခံရတဲ့ နတ်ကွန်းတစ်ခု၊ အဲဒီနတ်ကွန်းဆီကနေ ပန်းကုံးကို ယူလိုက်မိရာကနေ ဘယ်လိုတွေ ပြဿနာတက်ကြမလဲ …*** အစရှိတဲ့ ဇာတ်လမ်း ၃ပုဒ်ကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Char Ou, Mary Christ ဖြစ်ပါတယ်။)...
The Wild Robot (2024) ⭐IMDB: 8.4/10 (26 k Votes) 🎬 #Adventure #Animation #Family #ScienceFiction #SciFi 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 42 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 DreamWorks Animation ရဲ့ အကောင်းဆုံးလက်ရာတွေထဲက တစ်ခုဖြစ်တဲ့ တောရိုင်းစက်ရုပ်ဆိုတဲ့ ကာတွန်းရုပ်ရှင်ပါ။ Mulan, How to Train your dragon တို့လို အကောင်းဆုံး ကာတွန်းတွေကို ဖန်တီးခဲ့တဲ့ Chris Sanders ရဲ့ လက်ရာပဲ ဖြစ်ပါတယ်။ စက်ရုပ် ရော့ဇ် အဖြစ် Black Panther ထဲက Lupita Nyong’o ပါဝင်ထားပြီး၊ မြေခွေး ဖင့်အဖြစ် Pedro Pascal က ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း လူသားတွေအတွက် အကူအညီပေးတဲ့ စက်ရုပ်အမျိုးအစားတစ်ခုဖြစ်တဲ့ ရော့ဇမ်အမျိုးအစား စက်ရုပ်တစ်ရုပ်ဟာ လူမရှိတဲ့ ကျွန်းတစ်ကျွန်းအပေါ်ကို ပြုတ်ကျလာခဲ့ပါတယ်။ အဲဒီကျွန်းပေါ်က တိရစ္ဆာန်တွေနဲ့ ဆက်သွယ်ဖို့ ကြိုးစားရင်းကနေ မတော်တဆ ငန်းမိသားစုတစ်စုကို သေစေမိလိုက်ပါတယ်။ အဲဒီငန်းမိသားစုမှာ ငန်းပေါက်လေးတစ်ကောင် ကျန်ခဲ့ပြီး အဲဒီငန်းလေးကို မသေအောင်စောင့်ရှောက်ရမဲ့ တာဝန်ကို ပရိုဂရမ်ကနေ လက်ခံမိလိုက်ပါတယ်။ အဲဒီငန်းကို သူနဲ့အတူစောင့်ရှောက်ချင်ယောင်ဆောင်ပြီး အမြတ်ထုတ်ဖို့ ကြိုးစားတဲ့ မြေခွေးတစ်ကောင်နဲ့လည်း တွေ့လိုက်ရပါတယ်။ စက်ရုပ်နဲ့မြေခွေးဟာ ငန်းပေါက်လေးကို အတူစောင့်ရှောက်ရင်းနဲ့ အချိန်တွေကြာလာတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲဆိုတာရယ်… စက်ရုပ်ရဲ့ မူလကုမ္ပဏီက ဘယ်လိုတွေ တုံ့ပြန်လာမလဲဆိုတာရယ်ကို ကြည့်ရမှာပါ။ ကာတွန်းကောင်းတွေရဲ့ ထုံးစံအတိုင်း အသေငိုခိုင်းလိုက် ပြန်ပြုံးခိုင်းလိုက် ဖြစ်မှာမို့ တစ်ရှုးလေးတွေ ဆောင်ပြပြီး ကြည့်ကြဖို့ မမေ့ကြပါနဲ့လို့ ပြောချင်ပါတယ်။...
SpongeBob Squarepants: Kreepaway Kamp (2024) ⭐TMDB: 73% User Score 🎬 #Animation #Comedy #TVMovie #Family #Horror 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 45 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Horror ပရိသတ်တွေကြိုက်ကြတဲ့ Horror ဇာတ်ကားကောင်းတွေ တ၀ကြီးကြည့်ရမဲ့ ဟောလိုးဝင်းကာလကြီးနီးကပ်လာပါပြီ။ အဲ့ဒါကြောင့်ပဲရုပ်ရှင်စတူဒီယိုအကြီးတွေ အသေးတွေအကုန်လုံးကနေ Horror ဇာတ်ကားတွေအပြိုင်အဆိုင်ရိုက်ကူးလာကြတာ ကလေး လူကြီးမရွေးကြိုက်နှစ်သက်တဲ့ Spongebob တောင်အပါအဝင်ပါပဲ။ အဲ့ဒါကြောင့် Spongebob ချစ်သူတွေအတွက်အသစ်ထွက်ရှိထားတဲ့ လက်ရှိ IMDb 6.0 အထိရရှိထားတဲ့ Kreepaway Kamp ဆိုတဲ့ ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ Spongebob က Horror ထွက်တာရှားပေမဲ့ ပရိသတ်တစ်ယောက် ဆိုရင်တော့ကြည့်လို့ကောင်းမှာအမှန်ပါပဲ။ ဇာတ်လမ်းအစမှာတော့ ထုံးစံအတိုင်း သူငယ်ချင်းနှစ်ယောက် ပေါတောတောတွေလုပ်နေရင်း သူတို့ငယ်ငယ်က သွားခဲ့ဖူးတဲ့ နွေရာသီစခန်းဖြစ်တဲ့ သန္တာကျောက်တန်းစခန်းကနေ သူတို့ကို ပြန်လည်တွေ့ဆုံပွဲလာဖို့ဖိတ်တဲ့ ဖိတ်စာရလာခဲ့ပါတော့တယ်။ ဒါပေမယ့်သူတို့နှစ်ယောက်တည်းရတာမဟုတ်ဘဲ တစ်မြို့လုံးရတဲ့ အတွက် အကုန်လုံးကလည်း ကလေးဘ၀တုန်းကအမှတ်တရလေးတွေ ရှိခဲ့ဖူးတဲ့နေရာကို အသက်ကြီးလာတဲ့အခါမှာပြန်သွားချင်ခဲ့ကြ ပါတော့တယ်။ဒီလိုနဲ့ သန္တာကျောက်တန်းစခန်းကိုရောက်ခဲ့ကြတဲ့ အခါမှာတော့ ထင်ထားသလိုဖြစ်မနေဘဲ တော်တော်လေးစုတ်ပြတ် သတ်နေပြီးခြောက်ခြားစရာဖြစ်နေခဲ့ပါတော့တယ်။ ပြန်မယ်လုပ်တော့လည်း ပြန်စရာလမ်းတွေကတစ်ခုမှမရှိတော့တဲ့ အတွက် Spongebob နဲ့ သူငယ်ချင်းတွေအားလုံးအဲ့ဒီမှာပိတ်မိ နေကြရင်း ဘယ်လိုသည်းထိပ်ရင်ဖိုစရာတွေဖြစ်လာမယ်ဆိုတာကို ပေါ့ပေါ့ပါးပါးကြည့်ရှုရမဲ့ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။...
The Three Stooges (2012) ⭐TMDB: 58% User Score 🎬 #Comedy #Family 🗓 2012 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 32 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Three Stooges ကိုတော့မသိတဲ့လူမရှိလောက်ပါဘူး။ ဒီကားလေးကတော့ တော်တော်လေးကိုရယ်ရပြီး ဘဝအမောတွေကို ခဏလောက်ဖျေဖြောက်ပေးနိုင်တဲ့ ရုပ်ရှင်တစ်ကားလည်းဖြစ်ပါတယ်။ ဇာတ်ညွှန်း မိဘမဲ့ဂေဟာကို ကလေးသုံးယောက်ရောက်လာခဲ့တယ်။ သူတို့ ၃ ယောက်ကတော့ မိုး၊ လယ်ရီနဲ့ကာလီ။ ငယ်ဘဝကတည်းက ဗရုတ်ကျတဲ့ ၃ ယောက်ဆိုတော့ ဘယ်သူကမှ သူတို့ကို မမွေးစားခဲ့ဘူး။ ဒါပေမယ့် မိုး တစ်ယောက်ကတော့ ထူးထူးခြားခြားမွေးစားခံလိုက်ရတယ်။ ဒါပေမယ့် အလုပ်မဖြစ်ခဲ့ပါဘူး။ ဒီလိုနဲ့သူတို့လည်း အသက်ကြီးလာခဲ့တယ်။ သို့ပေသော်ငြား ကလေးတွေနဲ့ပဲနေခဲ့တာဖြစ်တာမလို့ သူတို့ရဲ့စိတ်က ကလေးစိတ်ပဲရှိပါသေးတယ်။ ဒီလိုနဲ့ မိဘမဲ့ဂေဟာကို အကြွေးနဲ့ပိတ်သိမ်းရမယ်ဆိုပြီး ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ ငယ်ငယ်ကကြီးပြင်းလာတဲ့ အိမ်ဖြစ်သလို သူငယ်ချင်းတွေရှိနေတဲ့ နေရာလေးကို ကယ်တင်ဖို့ မိုး၊ လယ်ရီနဲ့ကာလီတို့ဟာ လိုတဲ့ ငွေ ဒေါ်လာ ၈၃၀,၀၀၀ ကိုရှာဖို့ မြို့တက်လာခဲ့ပါတယ် မလွဲရမနေနိုင် မိုး တို့သုံးယောက် ဘယ်လိုများ လိုတဲ့ပိုက်ဆံကိုရှာမှာလဲ။ ဘာတွေလွဲချော်မလဲ။ ဘယ်လိုတွေရယ်ရမလဲ ဆိုတာကို ခံစားကြည့်လိုက်ကြပါ။...
Mississippi Burning (1988) ⭐TMDB: 77% User Score 🎬 #Crime #Drama #Mystery #Thriller 🗓 1988 🎞 tv series 🌎 #UnitedStatesofAmerica ⏰ 2 နာရီ 7 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Mississippi Burning ဆိုတဲ့ကားလေးကတော့ ဖြစ်ရပ်မှန်အပေါ်မှာ အခြေခံပြီး ရိုက်ကူးထားတဲ့ 1988 ခုနှစ်မှာ ထွက်ခဲ့တဲ့ ဇာတ်ကားကောင်းတစ်ခုပဲဖြစ်ပါတယ်။ ဆရာကြီး Williem Dafoe ရဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်။ အမေရိကန်မှာ လူဖြူ လူမဲ ခွဲခြားမှု ပြင်းထန်နေသေးတဲ့ ကာလမှာ ဇာတ်လမ်းတည်ထားပြီး အဓိက ဇာတ်လိုက် နေရာမှာ FBI ရဲနှစ်ယောက်ကိုတွေ့ရမှာပါ။ ပြည်သူ့ရေးရာ ဝန်ထမ်းသုံးယောက် မစ္စစ္စပီမှာ လူမဲတွေ မဲပေးခွင့်ရရှိရေး လာရောက် လုပ်ဆောင်ချိန်မှာ အသတ်ခံလိုက်ရတာနဲ့ ဇာတ်လမ်းစထားပါတယ်။ ဒီအမှုကိုလိုက်ဖို့ FBI နှစ်ယောက် မြို့ကိုရောက်လာချိန်မှာတော့ မြို့နေလူထုက သူတို့ကို အမှုလိုက်ဖို့ မကူညီပေးကြပါဘူး။ ဒီလိုနဲ့ပဲ သူတို့နှစ်ယောက်သား လုပ်ရိုးလုပ်စဉ်အတိုင်းမဟုတ်ပဲ ဉာဏ်ကိုလွှာသုံးပြီး အမှုလိုက်ရပုံကိုကြည့်ရှူရမှာပါ။ ဒါ့အပြင် လူမျိုးရေးခွဲခြားမှုရဲ့ အကျည်းတန်မှု ရက်စက်မှုတွေကိုလည်း ချပြထားပါသေးတယ်။ ဇာတ်ကားကောင်းလေး ဖြစ်တာမလို့ ကြည့်ရှူခံစားကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။...
Moonstruck (1987) ⭐TMDB: 68% User Score 🎬 #Comedy #Drama #Romance 🗓 1987 🎞 tv series 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 43 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မင်းသားကြီး Nicolas Cageငယ်ဘ၀က ဝါရင့်မင်းသမီးကြီး Cherနဲ့ တွဲဖက်သရုပ်ဆောင်ထားတဲ့ အချစ်ဟာသဇာတ်လမ်းမျိုးပါ။ နယူးယောက်မြို့က အီတာလျံအမေရိကန် မိသားစုတွေရဲ့ နေထိုင်ပုံတွေကိုလည်း ပေါ့ပေါ့ပါးပါးသက်၀င်ခံစားရမှာပါ။ ဇာတ်လမ်းအကျဉ်း ၃၇နှစ်အရွယ် လော်ရက်တာဟာ ယောက်ျားဆုံးပြီးနောက် အချစ်မှာကံခေသူလို့ သူ့ကိုယ်သူထင်မှတ်နေသူပါ။ ရည်းစားဖြစ်သူဂျွန်နီ လက်ထပ်ခွင့်တောင်းတဲ့အချိန်မှာလည်း မချစ်ပဲ ခေါင်းငြိမ့်ခဲ့ပါတယ်။ ဂျွန်နီဟာ မိခင်နေမကောင်းလို့ ပါလာမိုမြို့ကို ပြန်သွားခဲ့ပါတယ်။ မသွားခင်မှာ ၅နှစ်ကြာ မခေါ်မပြောဖြစ်နေတဲ့ ညီအရင်းရွန်နီကို မင်္ဂလာဆောင် ဆက်ဆက်ဖိတ်ဖို့ လော်ရက်တာကို တာ၀န်ပေးခဲ့ပါတယ်။ တာ၀န်အရ ဖုန်းဆက်ပြီး ဖိတ်ရာမှာတော့ စကားပြောမပြီးခင် ဖုန်းချပစ်တဲ့ရွန်နီကြောင့် လော်ရက်တာတယောက် စိတ်တိုပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ ဟာသနဲ့အချစ် အချိုးအစားကျကျနဲ့ ရှူစားကြရမှာ ဖြစ်ပါတယ်။...
