ဇာတ်ညွှန်းများ • FDMN
Yopiq kanal
Ma'lumot yo'q
Obunachilar
-524 soatlar
-47 kun
+730 kun
Postlar arxiv
I Did It My Way (2023) ⭐IMDB: 5.1/10 (266 Votes) 🎬 #Action #Crime #Drama 🗓 2023 🎞 movie 🌎 #China #HongKong ⏰ 1 နာရီ 55 မိနစ် 41 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ ဆိုက်ဘာပြစ်မှုကျူးလွန်မှုကားတွေကြိုက်တတ်တဲ့ပရိသတ်ကြီးအတွက် အကြိုက်တွေ့စေမဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ် ။အထဲမှာ fight scene တွေ action ခန်းတွေကလည်းရှယ်ဆိုတော့ ကြည့်ကိုကြည့်သင့်နေပါပြီ ။ ICU ( အင်တာနက်ဆိုက်ဘာကျူးလွန်မှုများအားဖမ်းစီးရေး) အဖွဲ့ရဲ့စုံစမ်းချက်တွေအရ ၂၀၂၃ ခုနှစ်မှာ အင်တာနက်မှာ မှောင်ခိုဝက်ဘ်ဆိုက်တွေထောင်ပြီးမူးယစ်ဆေးရောင်းဝယ်ဖောက်ကားနေမှုတွေအများကြီးရှိလာပါတယ် ။ခန့်မှန်းချေ မူးယစ်ဆေး ၇တန်ကျော် ၊ အမေရိကန်ဒေါ်လာ၂ သန်းကျော်ဖိုးနဲ့ Web ပေါင်း ၇သိန်းကျော်ထိရှိလာခဲ့တာပါ ။ အဲဒီမှောင်လိုဝက်ဘ်ဆိုက်တွေက တစ်ကမ္ဘာလုံးကိုပြစ်မှတ်ထားတာဖြစ်ပြီးအာရှတိုက်တစ်ခုလုံးကိုပါ ပျံ့နှံ့လာခဲ့ပါတယ် ။ မူယစ်ရာဇာတွေကိုတစ်ယောက်ယောက်ပြီးတစ်ယောက်ဖမ်းမိခဲ့ပါတယ် ။ ဒါပေမဲ့လက်ရှိစုံစမ်းစစ်ဆေးချက်တွေအရ အာရှတိုက်မှာနာမည်ကြီးနေတဲ့မှောင်ခိုဝက်ဘ်ဆိုက်ရဲ့ founder “လောင်ပန်” အမည်ရှိသူကိုတော့ဖမ်းလို့မမိသေးပါဘူး ။ ICU ရဲ့စုံစမ်းချက်အရ လောင်ပန်ရဲ့နောက်လာမဲ့ပစ်မှတ်က ဟောင်ကောင်ဖြစ်နေချိန်မှာတော့…ဟောင်ကောင်က ဆိုက်ဘာပြစ်မှုစုံစမ်ူရေးရဲတွေရယ် ၊အတွင်းသူလျိုတွေရယ်ပေါင်းပြီး လောင်ပန်ကိုဘယ်လိုဖော်ထုတ်သွားမလဲ ?ဘယ်လိုအမှုမျိုးတွေကိုဖမ်းဆီးသွားမလဲဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်လို့ ကြည့်ဖြစ်အောင်ကြည့်ဖို့တိုက်တွန်းလိုက်ပါရစေ...
Off the Stage (2022) ⭐IMDB: 5.9/10 (8 Votes) 🎬 #Drama #Family 🗓 2022 🎞 movie 🌎 #China ⏰ 2 နာရီ 3 မိနစ် 48 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာတော့ CM ကနေတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့တရုတ်ရိုးရာဇာတ်အကြောင်းကို ရိုက်ကူးထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကိုပြောပြရမယ်ဆိုရင် သားနှစ်ယောက်နဲ့သမီးတစ်ယောက်ရှိတဲ့နာမည်ကြီးဇာတ်မင်းသမီးတစ်ယောက် အောင်မြင်မှုရလာတာနဲ့အမျှယောက်ျားတွေနဲ့ ပွေလီဖောက်ပြန်တတ်လာပါတယ်အဆိုးဆုံးကတော့ ကလေးသုံးယောက်ကိုပစ်ပြီးဇာတ်အဖွဲ့ကနေလည်းနှုတ်ထွက်ပြီး အပျော်နောက်ကို လိုက်သွားခဲ့တာပေါ့နော် သားသမီးတွေဒုက္ခရောက်နေချိန်မှာ တစ်ချက်ပြန်မလာဘဲ ငွေပဲပို့ပေးခဲ့တဲ့အမေတစ်ယောက်ကို သူ့သားအကြီးဆုံးချိုးရှန်းကတော့ အရိုးထဲထိကိုမုန်းနေခဲ့ပါတယ် သူ့အမေရဲ့လျစ်လျူရှုမှုတွေကြောင့် သူ့ညီမဖြစ်သူကစိတ်မနှံ့တဲ့သူတစ်ယောက်ဖြစ်သွားခဲ့ပြီး သူကိုယ်တိုင်ကလည်း ထောင်၆နှစ်ကျခဲ့ရပါတယ် သူတို့အမေပြန်လာခဲ့တဲ့အချိန်ကတော့ သူမမှာ ကင်ဆာနောက်ဆုံးအဆင့်ဖြစ်ပြီးမကြာခင်သေရတော့မယ်ဆိုတာကိုသိရတဲ့အချိန်ပဲဖြစ်ပါတယ်သူ့သားတွေကတော့ သူ့အမေပြောတာကို ဇာတ်မင်းသမီးပီပီလီဆယ်ပြောတယ်လို့ပဲမှတ်ပြီး မယုံကြပါဘူး ဒီကားလေးထဲမှာ အောင်မြင်မှုနွံထဲမှာ နစ်ခဲ့တဲ့ ဇာတ်မင်းသမီးတစ်ယောက်ရဲ့မိသားစုဘဝကို နောက်ခံထားပြီး ဇာတ်ကဖို့ဆိုတာ နောက်ကွယ်မှာအများကြီးကြိုးစားအားထုတ်မှုတွေရှိကြောင်းကိုသနားစရာဇာတ်လမ်းလေးအဖြစ်ရိုက်ကူးထားတာဖြစ်လို့ငြိမ့်ငြိမ့်ညောင်းညောင်းလေးနဲ့ကြည့်ရှုချင်သူတွေအတွက်ဇာတ်ကားကောင်းတစ်ကားဖြစ်တာမို့လို့ကြည့်ရှုခံစားဖို့ CM ကနေတင်ဆက်ပေးလိုက်ပါတယ်နော်...
Origin (2023) ⭐IMDB: 7.2/10 (4 k Votes) 🎬 #Drama #History 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 21 မိနစ် 22 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Origin ( 2023 )==============A24ဟာ ကားကောင်းတွေ ဆန်းဆန်းပြားပြားအငွေ့အသက်ရတဲ့ ရုပ်ရှင်တွေအများကြီးထုတ်ပြီး အောင်မြင်မှုကြီးလာခဲ့သလို မနှစ်ကလည်း သူ့ဆီကထုတ်တဲ့ EEAAOနဲ့ အော်စကာတွေ တော်တော်သိမ်းခဲ့ပြီးပါပြီ။ နီယွန်ကတော့ နည်းနည်းပိုထင်ရှားလာတာတော့ A24နောက်မှပေမဲ့ ၂၀၁၉ကတည်းက သူ့ဆီကဖြန့်တဲ့ ပါရာဆိုက်နဲ့ ဒီလိုအောင်မြင်မှုမျိုးရပါပြီ။ ဒီနှစ်လည်း A24က သူဖြန့်တဲ့ The Zone of Interest နဲ့ အော်စကာရခဲ့သလို နီယွန်ကလည်း Anatomy of a Fall နဲ့ အော်စကာရခဲ့ပါတယ်။ နှစ်ဘက်စလုံးက နှစ်တိုင်းလိုလို ကောင်းပေ့ဆိုတဲ့ကားတွေချည်း ဖြန့်နေတဲ့ ကုမ္ပဏီတွေချည်းပါပဲ။ အခု Origin ( 2023 )ကလည်း နီယွန်ကကားပါပဲ။ Originဟာ တကယ်တမ်းလည်း ဇစ်မြစ်တစ်ခုကို အဖြေရှာသွားတဲ့ ရုပ်ရှင်တစ်ကားပဲ။ ဘာဇစ်မြစ်လဲဆိုရင်တော့ လူမဲတွေ လူမျိုးရေးခွဲခြားခံရခြင်းရဲ့ ဇစ်မြစ်ပေါ့။ ဘယ်လိုစသလဲဆို တော်တော်တော့ရှည်တယ်။ ဒီဇာတ်မှာတော့ လူမဲကောင်လေးတစ်ယောက်ကို လူဖြူရပ်ကွက်ထဲ ခြေသွားရှုပ်လို့အသတ်ခံရတာကနေစတယ်။ ဒီလိုအသတ်ခံရတော့ ဟိုးလေးတကြော်ဖြစ်ပြီး အယ်ဒီတာတစ်ယောက်က စာရေးဆရာမအစ္စဘဲလ်ကို ဒီအကြောင်းရေးဖို့ ပြောရာကနေစတယ်။ အစ္စဘဲလ်က ရေးဖို့လုပ်တော့ အားလုံးက သူ့ကို လူမျိုးရေးခွဲခြားမှုဆိုတဲ့ ခေါင်စဉ်အောက်က ရေးစေချင်ပေမဲ့ အစ္စဘဲလ်ကတော့ ဒီထက်ပိုတဲ့အရာတစ်ခုရှိတယ်လို့ ခံစားမိခဲ့တယ်။ သူကိုယ်တိုင်လည်း အမေးတွေပဲရှိပြီး အဖြေမရှိသေးတဲ့ ဒီပုစ္ဆာကို အဖြေရှာဖို့လုပ်ခဲ့တယ်။ဒီလူမျိုးရေးခွဲခြားမှုတွေက ဘယ်ကနေစသလဲ။။ ဒီကားထဲက ဇာတ်ကောင်တစ်ဖြစ်လဲ အပြင်က စာရေးဆရာမ အစ္စဘဲလ်ကတော့ ဒီဇစ်မြစ်ကို နာဇီတွေကနေ စပြီးအဖြေရှာထားတယ်။ ဂျူးခြောက်သန်းကို သတ်ခဲ့တဲ့ ဟစ်တလာဟာ ဂျူးတွေကို ရှင်းပစ်ဖို့ စိတ်ကူးကို အမေရိကန်တွေက နေးတစ်အမေရိကန်တွေကို ရှင်းပစ်တာကိုပမာယူပြီး လုပ်ခဲ့တယ်လို့ ပြောဖူးသတဲ့။ ပြောရရင် အမေရိကန်တွေက ဂျာမန်တွေအတွက် ရှေ့ဆောင်လမ်းပြဖြစ်ခဲ့တယ်တဲ့။ ဒါက သူရခဲ့တဲ့အစတစ်ခုပေါ့။ အစ္စဘဲလ်က လူမဲတွေခံနေရတဲ့ မတရားမှုတွေက လူမျိုုးရေးခွဲခြားတယ်ဆိုတဲ့ စကားလုံးနဲ့ မလုံလောက်ဘူးလို့ယုံခဲ့တယ်။ ဒီထက်ပိုတယ်လို့ ယုံခဲ့တယ်။ ဒါပေမဲ့ အဲဒီအရာရဲ့ စကားလုံးကို သူကိုယ်တိုင်လည်း ခံစားမိပေမဲ့ တပ်အပ်မသိခဲ့ဘူး။ ဒီတော့ သူက နာဇီတွေ လူမျိုးသုဉ်းသတ်ဖြတ်ခံရတဲ့ ဂျူးတွေကိုလေ့လာခဲ့တယ်။ လူဖြူချင်း ဘာလို့ သတ်တာလဲ အဖြေရှာခဲ့တယ်။ နောက် ဒီထက်အများကြီးပိုရှေးကျတဲ့ အိန္ဒိယရဲ့ ဇာတ်ခွဲခြားခြင်းကို ဆက်လေ့လာခဲ့တယ်။ အိန္ဒိယရဲ့ ဇာတ်အဆင့်အတန်းခွဲခြားမှုကတော့ လူမျိုုးတူခြင်းခွဲခြားတာဆိုတော့ ဒါဟာလူမျိုးရေးမဟုတ်ဘူးလို့ သူပိုသေချာလာခဲ့တယ်။ လူတန်းစားခွဲခြားမှု ခေါ် ဇာတ်ခွဲခြားထားတဲ့စနစ်တစ်ခုဆိုတာ သူသေချာလာတယ်။ ဖိနှိပ်မှုသက်သက်ဆိုတာ သူသိလာတယ်။ ဒါတွေအားလုံးကို ဘယ်လိုချိတ်ဆက်ပြီး ဘယ်လိုအထောက်အထားတွေရှာပြီး ကျွန်တော်တို့ကို ခင်းကျင်းပြသမလဲ သမိုင်းအမှန်တွေနဲ့ စိတ်ဝင်စားဖို့ကောင်းအောင် ကြည့်ရလိမ့်မယ်။ဒီရုပ်ရှင်ကို အစ္စဘဲလ်ဝီလ်ကာဆန်ရဲ့ Caste: The Origins of Our Discontentsစာအုပ်ကနေ အခြေခံထားတယ်။ သူစာအုပ်ကို ရေးစဉ်က သူ့ဘဝအကြောင်းတွေ ဒီစာအုပ်ကိုရေးဖို့ ဘယ်လိုတွန်းအားတွေရခဲ့တယ်ဆိုတာတွေကိုပါ ထင်ဟပ်အောင် ပြထားတယ်။ စာအုပ်ကလည်း ဖြစ်ရပ်မှန်တွေကိုပဲသုံးပြီး ကောက်ချက်ချပြထားသလို ဒီရုပ်ရှင်ထဲက အကြောင်းအရာတွေကလည်း တကယ့်အဖြစ်တွေချည်းပဲ။ လူမျိုးရေးခွဲခြားတယ်ဆိုတာရဲ့ ဇစ်မြစ်ကို ရေဆုံးဖျားဆုံးတူးဆွပြသွားခဲ့တယ်။ ဒီအကြောင်းအရာကို တင်ပြတဲ့ကားတွေ တော်တော်များပေမဲ့ ဒီတစ်ကားကတော့ ဒါသီးသန့်ပြလို့လားမသိ တော်တော်တော့ထိရောက်တယ်လို့ မြင်တယ်။ ဘိုင်အိုဂရပ်ဖီ ဒရာမာကားပေမဲ့ ပျင်းဖို့မကောင်းဘဲ တော်တော်တော့စိတ်ဝင်စားဖို့ကောင်းနေတယ်။ ဖိနှိပ်မှုတွေဆိုတာ ကမ္ဘာမှာ ဒီနေ့ထက်ထိ အားကောင်းတုန်းအရာတွေဆိုတော့ ဒီရုပ်ရှင်ဟာ ကမ္ဘာကြီးကို ကျွန်တော်တို့မြင်တဲ့အမြင်ကို အမြင်သစ်တစ်ခုတိုးပေးနိုင်လိမ့်မယ့်ရုပ်ရှင်ဆိုတော့ တစ်ခါလောက်တော့ ကြည့်ထားကြသင့်တာပါပဲ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ )File size_(3.7GB)/( 1.6GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_02:21:00 Genre_Drama, History Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by WiRa Aung ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လဲရသလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။...
Bad Day for the Cut (2017) ⭐IMDB: 6.5/10 (9 k Votes) 🎬 #Action #Crime #Drama #Thriller #Mystery 🗓 2017 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 40 မိနစ် 13 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Bad Day For The Cut ဇာတ်ကားဟာ ၂၀၁၇ မှာ ထွက်ရှိခဲ့တဲ့ action drama ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်… ဇာတ်လမ်းကို အမြည်းပြောပြရမယ်ဆိုရင်တော့ ဒိုနယ်ဆိုတဲ့ လူလတ်ပိုင်းတစ်ယောက်က သူ့ရဲ့ ချစ်လှစွာသော မိခင်နဲ့ အတူနေထိုင်နေပါတယ်, တနေ့မှာတော့ သူ့ရဲ့မိခင်ကို ဘယ်ကမှန်း မသိတဲ့ လူ ၂ ယောက်က လာရောက်လုပ်ကြံသတ်ဖြတ်သွားတဲ့ အခါမှာ ဒိုနယ်တစ်ယောက် လုံးဝစဉ််းစားရ ခက်သွားပါတယ်, သူတို့လို လူမသိသူမသိ တောရွာက သားအမိကို တစ်ကူးတက လာရောက်သတ်သွားရတဲ့ အကြောင်းရင်းကို လိုက်ရှာရင်း သူ့ကိုယ်သူ ဒုက္ခတောထဲ ရောက်မှန်းမသိ ရောက်သွားရင်း ဘယ်လိုရုန်းကန်လွတ်မြောက်နိုင်မလဲ.. သူ့အမေရဲ့နောက်ကွယ်မှာရော ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိမလဲ ဆိုတာတွေကို စိတ်လှုပ််ရှားဖွယ်ရာ ကြည့်ရှုရမဲ့ ဇာတ်ကား ကောင်းလေးတစ်ကား ဖြစ်ပါတယ်...
Rise of the Legend (2014) ⭐IMDB: 6.4/10 (4 k Votes) 🎬 #Action #Asian #Biography #Drama 🗓 2014 🎞 movie 🌎 #China #HongKong ⏰ 2 နာရီ 11 မိနစ် 36 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Rise Of The Legend (2014) IMDb – 6.4/10Rotten Tomotoes – 63% ဒီတစ် ခေါက် မိတ်ဆက် ပေးမယ့်ကား လေးက တော့ Rise Of The Legend ဆိုတဲ့ တရုတ် သိုင်းကားအက်ရှင်ကား လေးပဲဖြစ်ပါတယ်2014 မှာထွက်ရှိထားပြီီး Sammo Kam-Bo Hung, Eddie Peng တိုနာမည်ကြီးသရုပ် ဆောင် တွေပါဝင်အားဖြည့်ထားတဲ့ကားဖြစ်ပြီး ဆု တွေလည်းအများကြီးလည်းရထားပါတယ် ဇာတ်လမ်းအညွှန်း ကျင်မင်းဆက် နှောင်းပိုင်းအချိန်အခါ ၁၈၆၈ ခုနှစ်အ တောအတွင်း ဂွမ်ဂျုံးပြည်နယ် ကုန်သွယ် ရေးဂိတ်ကိုကျားမဲဂိုဏ်းနဲ့ မြောက်ပင်လယ်ဂိုဏ်းတို စိုးမိုးထားစဥ် အချိန်အခါကို ကျောရိုးထားပြီးရိုက်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ် ဖိန်းဆိုတဲ့ သိုင်းသမားလူငယ်တစ် ယောက် ဂိတ်ကိုစိုးမိုး နေတဲ့ လူဆိုးဂိုဏ်း တွေကို ရှင်းလင်းဖို သူငယ်ချင်း ဝူနဲ့ ချန်းတိုနဲ့ အတူ နှစ်ရှည်အစီအစဥ်ဆွဲ အ ကောင်အထည် ဖော်ဖိုကြိုးစားရင်း ဖိန်းတစ် ယောက် ရန်သူကိုအတွင်းက နေတိုက်ဖို ကျားမဲဂိုဏ်းထဲကိုဝင်သွားခဲ့ပါတယ် အဲ့ဒီအချိန်ကာလက ဂိတ်ကို ကြီးစိုးထားတဲ့ ကျားမဲဂိုဏ်းနဲ့ မြောက်ပင်လယ်ဂိုဏ်းတို အာဏာအတွက် အပြိုင်အဆိုင်လုနေတဲ့အချိန်ပဲဖြစ်ပါတယ် ဖိန်းတစ် ယောက်ဂိုဏ်းထဲဝင်ပြီး ဂိုဏ်း ခေါင်း ဆောင်ရဲ့ ယုံကြည်မှုကို ရယူဖို ဘယ်လို တွေကြိုးစားခဲ့ရလဲ ရန်သူ့အတွင်းထဲက နေ ဘယ်လို တွေ ကြံရွယ်ထားတဲ့အစီအစဥ် တွေကို ဖော် ဆောင်လဲ ဆိုတာ တွေကိုကြည့်ရှူရမယ့်ကား လေးပဲဖြစ်ပါတယ် ဒါ့အပြင် အိမ်မက်တစ်ခုကို ဖော် ဆောင်ရင်ဖြစ် နေကျအတိုင်း ကိုယ့်ဘက်က စွန့်လွှတ်လိုက်ရတာ တွေလည်းရှိပါတယ် ထိုစွန့်လွှတ်မှု တွေကို ဖိန်းတစ် ယောက်ဘယ်လို တွေ ခက်ခက်ခဲခဲ ဖြတ် ကျော်ခဲ့ရလဲ ဘယ်လိုအ တွေးအ ခေါ် တွေနဲ့ အောင်မြင်မှုကိုရယူခဲ့လဲဆိုတာ တွေကိုလည်း တွေ့မြင်ရမယ့်တရုတ်သိုင်းကား ကောင်း လေးပဲဖြစ်ပါတယ် ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ DB ပါ ) P.S- အသတ်အဖြတ်တွေက ကြမ်းတမ်းတဲ့အတွက်အတိုက်အခိုက်ကြိုက်တဲ့ ပရိတ်သတ်ကြီးကိုတော့အကြိုက်တွေ့စေမှာပါ။ဒီဇာတ်ကားထဲက Orchid ဆိုတဲ့ ပြည့်တန်ဆာမလေးကတော့ကျွန်တော့ ခရှ်ခ် လေး AngelaBaby ပါမာစတာလူကတော့ ဟုန်ကျင်းပေါင် လို့လူသိများခဲ့တဲ့မင်းသားကြီး Sammo Kam-Bo Hung ပါအသက်ကြီးပြီး ဝပေမယ့် ပေါ့ပေါ့ပါးပါးဘဲ တိုက်ခိုက်ခန်းတွေကို သရုပ်ဆောင်ထားတာတွေ့ရပါတယ်...
Steel Magnolias (1989) ⭐TMDB: 72% User Score 🎬 #Comedy #Drama #Romance 🗓 1989 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 58 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီရုပ်ရှင်က Robert Harling ရဲ့ ပြဇာတ်ကို ဒါရိုက်တာ Herbert Ross က ပြန်လည် ရိုက်ကူးထားတာ ဖြစ်ပြီး မင်းသမီးတွေအနေနဲ့ Sally Fields, Julia Robert, Dolly Parton,Shirley MacLaine, Olympia Dukakis တို့လို နာမည်ကြီးတွေ ပါဝင်ပြီး Julia Robert ဟာလည်း 1990 မှာ ဒီရုပ်ရှင်နဲ့ ရွှေကမ္ဘာလုံးဆုကို ဆွတ်ခူးခဲ့ပါတယ်။ Robert Harling ရဲ့ အစ်မဖြစ်သူ Susan Harling အကြောင်းကို ပြန်လည် ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပြီး ရုပ်ရှင်ထဲမှာ အမေနဲ့ သမီး ချစ်မေတ္တာတွေ၊ အမျိုးသမီး အချင်းချင်း ရိုင်းပင်းကူညီမှုတွေကို နွေးနွေးထွေးထွေး ကြည့်ရမယ့် ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။ ဒီ ရုပ်ရှင်ထဲမှာ Julia Robert ရဲ့ Character Shelbyကလည်း ပီပြင်သလို သူ့အမေရဲ့ character Miss M’Lynn ကလည်း သိပ်ကို အသက်ဝင်လှပါတယ်။ ကျန်တဲ့ supporting actressတွေကလည်း ကိုယ်စီဝါရင့်တဲ့ သရုပ်ဆောင်တွေဖြစ်ပြီး ဟာသလေးတွေလည်း ပါဝင်တာမို့လို့ မပျင်းမရိပဲ ကြည့်ရမယ့်ကားလေးပါ။ ဇာတ်လမ်းအကြောင်းပြောရရင် Shelby က တက်ကြွ လှပတဲ့ အမျိုးသမီးငယ်လေး ဖြစ်ပြီး Jackson ဆိုတဲ့ လူငယ်လေးနဲ့ မကြာခင်မှာ လက်ထပ်တော့မှာဖြစ်ပါတယ်။ Shelby ရဲ့ အမေ M’Lynnက Shelby ကို အရမ်းချစ်ပြီး ဂရုစိုက်တဲ့သူပါ။ ဒါပေမယ့် သားအမိနှစ်ယောက်က တစ်ခါတလေ လည်း တကျက်ကျက်နဲ့ပါ။ Shelbyက ဆီးချိုရောဂါရှိတဲ့အတွက် ဆရာဝန်က ကလေး မမွေးသင့်ဘူး အကြံပေးထားပါတယ်။ ဒါပေမယ့် Jackson နဲ့ လက်ထပ်ပြီး တစ်နယ်တစ်ကျေး ပြောင်းသွားတဲ့ Shelbyဟာ ခရစ္စမတ်မှာ အမေ့အိမ်ကို ပြန်လာပြီး ကိုယ်ဝန်ရှိနေကြောင်း အသိပေးခဲ့ပါတယ်။ သမီးကို သိပ်ချစ်တဲ့ M’Lynn က စိုးရိမ်ခဲ့ပေမယ့် Shelby ကိုယ်တိုင်က သူ ကိုယ်တိုင် လိုချင်လို့ မွေးတာဖြစ်ကြောင်း အမေဖြစ်သူကို ဖြောင်းဖြခဲ့ပါသေးတယ်။ ဒီလိုနဲ့ Shelbyက သားလေးတစ်ယောက်ကို အောင်အောင်မြင်မြင်နဲ့ မွေးခဲ့ပေမယ် ကံတရားက ကြိုမမြင်နိုင်တဲ့ အရာတွေကို သယ်ဆောင်လာပါတယ်။ ဒီရုပ်ရှင်က အရမ်းအောင်မြင်ခဲ့ပြီး ရုပ်ရှင်ထဲက ဒိုင်ယာလော့တွေဆိုရင်လည်း တော်တော်နာမည်ကြီးပါတယ်။ Old but gold ဆိုတဲ့အတိုင်း ကားဟောင်းဆိုပေမယ့် အဲ့အချိန်က အမေရိကန်တောင်ပိုင်းဒေသက အလှအပတွေ ပွဲတော်တွေ ရိုးရာတွေကိုလည်း မြင်နိုင်ပါတယ်။...
Splinter (2023) ⭐TMDB: 0% User Score 🎬 #Drama #Music 🗓 2023 🎞 movie 🌎 #Poland ⏰ 1 နာရီ 28 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဇာဒရာကတော့ သာမာန်ပတ်ဝန်းကျင်မှာ ကြီးပြင်းလာခဲ့တဲ့ ကောင်မလေးတယောက်ဖြစ်ပြီး အောင်မြင်တဲ့ ရက်ပါတစ်ယောက်ဖြစ်ဖို့ကြိုးစားနေသူပါ။ သာမာန်ချိန်တွေမှာတော့ ပုံမှန်ဆယ်ကျော်သက်ကောင်မလေးဆိုပေမဲ့ မိုက်ကိုင်လိုက်ပြီဆိုတာနဲ့ သူ့ရဲ့ ပါရမီတွေထွက်လာပြီး အကောင်းဆုံးရက်ပ်တွေဆိုနိုင်ခဲ့ပါတယ်။ သူ့ကို နောက်ကွယ်ကနေ အားပေးနေကြတဲ့ ဘာ့တစ်ခ်ဆိုတဲ့ ရည်းစားကောင်လေးအပြင် ဂျက်စတိဆိုတဲ့ သူငယ်ချင်းကောင်မလေးလည်းရှိပါသေးတယ်။ ဒါပေမဲ့ ရက်ပ်လောကလို အမျိုးသားအများစုကြီးစိုးထားတဲ့ လောကမှာ ဇာဒရာ လိုတက်သစ်စရက်ပါမလေးတယောက်အနေနဲ့ အောင်မြင်ဖို့ကခက်ခဲလှပါတယ်။ ဒီလိုခက်ခဲတဲ့ အခြေအနေတွေကို ဇာဒရာတစ်ယောက် ဘယ်လိုကျော်ဖြတ်ပြီး သူ့အိပ်မက်တွေကို အကောင်အထည်ဖော်မလဲဆိုတာ လိုက်ပါစီးမြောကြည့်ရှုလိုက်ကြပါဦးဗျ။...
H. P. Lovecraft's the Old Ones (2024) ⭐IMDB: 3.4/10 (183 Votes) 🎬 #Horror 🗓 2024 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 24 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားကတော့ စာရေးဆရာကြီး H. P. Lovecraft ရဲ့ ဇာတ်လမ်းတစ်ပုဒ်ကို အသက်သွင်းထားတာဖြစ်ပြီး ဒီနှစ်၂၀၂၄ ခုနှစ်မှာ ထွက်ရှိထားတာဖြစ်ပါတယ်။ Lovecraftian Works လို့ခေါ်တဲ့ Lovecraft ရေးသားဖန်တီးခဲ့တဲ့ ဇာတ်လမ်းဇာတ်ကောင်တွေက အနောက်တိုင်းက Horror ဒါရိုက်တာနဲ့ စာရေးဆရာတွေကို လွှမ်းမိုးမှုကြီးခဲ့ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ကပ္ပတိန်ရပ်ဆဲလ်မာရှ့်ဆိုသူကို ရှေးကျတဲ့မကောင်းဆိုးဝါးတစ်မျိုးက ၉၃ နှစ်ကြာပူးကပ်ခဲ့ပါတယ်။ နောက်ဆုံးမှာ လွတ်မြောက်အောင်ထွက်ပြေးရင်း ဒဏ်ရာရပြီး သားအဖနှစ်ယောက်က ကယ်တင်ခဲ့ပါတယ်။ သူနောက်ကိုလိုက်လာတဲ့ မကောင်းဆိုးဝါးများရဲ့ဘေးကလွတ်ဖို့ ရပ်ဆဲလ်တစ်ယောက် အတိတ်ကိုပြန်ပြီး ဒီအဖြစ်အပျက်ကြီးတစ်ခုလုံးကို ပြန်ပြင်ဖို့ကြိုးစားပါတော့တယ်။ Lovecraft ရဲ့ဇာတ်လမ်းတစ်ပုဒ်ကို အသက်သွင်းရိုက်ကူးထားတဲ့ ဒီဇာတ်ကားက 3.4 rating ရရှိထားပြီး Low badget အမျိုးအစားဖြစ်ပါတယ်။...
The Lord of the Monsters (2024) ⭐TMDB: 0% User Score 🎬 #Drama #Fantasy #Romance 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 34 မိနစ် 36 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာတော့ CM ကနေတင်ဆက်ပေးမှာကတော့မကောင်းဆိုးဝါးနဲ့အမတမျိုးနွယ်ကြားက အချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့ မကောင်းဆိုးဝါးတွေကို နှိမ်နင်းရတဲ့အမတဂိုဏ်းက ထက်မြတ်တဲ့ တပည့် မုချင်းတစ်ယောက်ဆရာအတူ တစ်ဖန်ပြန်ပေါ်ထွက်လာတော့မယ့် မကောင်းဆိုးဝါးဘုရင်ပိုင်ကျယ်ကိုချိတ်ပိတ်ဖို့ ချင်းလွမ်မှန်အပိုင်းအစကိုလိုက်ရှာဖို့တာဝန်ပေးခံခဲ့ရတဲ့ မုချင်းတစ်ယောက် မကောင်းဆိုးဝါးနယ်မြေဖြစ်တဲ့ ပန့်ပုသောကို ရောက်ရှိလာခဲ့ပါတယ် တကယ့်ကိုမှ ပြင်းထန်ပြီးစိတ်လှုပ်ရှားဖွယ် အချစ်တစ်ခုနဲ့ထိတွေ့ချင်နေတဲ့စိတ်ကောင်းရှိတဲ့ ကြောင်မကောင်းဆိုးဝါးမလေးကျောင်းယန်ကတော့ပန့်ပုသောရဲ့တန်ကျင်တောင်မှာ နေထိုင်လာတာ နှစ်ရာချီနေခဲ့ပါပြီ မကောင်းဆိုးဝါးမှန်သမျှဟာ လူ့လောကကို တစ်ချိန်ချိန်မှာဒုက္ခပေးမယ်ဆိုတဲ့အသိကိုရိုက်သွင်းခံထားရတဲ့ မုချင်းတစ်ယောက် စိတ်ကောင်းရှိပြီးကူညီပေးတတ်တဲ့ မကောင်းဆိုးဝါးမလေးကျောင်းယန်နဲ့ဆုံတွေ့ပြီးနောက်မှာတော့အမတမျိုးနွယ်နဲ့ မကောင်းဆိုးဝါးမလေးတို့ကြားမှာ အချစ်စစ်တစ်ခု ပေါက်ဖွားလာခဲ့ပါတယ် အမတမျိုးနွယ်နဲ့မကောင်းဆိုးဝါးမျိုးနွယ်ဆိုတာ သူသေကိုယ်သေတိုက်ပွဲဖြစ်ဖို့ပဲအလားအလာရှိနေတာဆိုတော့ သူတို့နှစ်ယောက်ရဲ့အချစ်ခရီးလမ်းဘယ်လိုတွေဖြစ်လာမှာလဲ လောကမှာကောင်းတဲ့သူနဲ့မကောင်းတဲ့သူပဲရှိတာမို့လို့ ဒီလိုတစ်ယူသန်အတွေးတွေကြောင့်ဘယ်လိုဒုက္ခတွေနဲ့ရင်ဆိုင်ရမှာလဲဆိုတာကိုတော့ ဒီကားလေးမှာ ကြည့်ရှုလို့ရပါတယ်နော်...
Música (2024) ⭐IMDB: 6.5/10 (1 k Votes) 🎬 #Comedy #Romance #Music 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 32 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အသစ်ထွက်ရှိလာတဲ့ ရွှေရင်အေး Musical/ အချစ်ကားလေး ဖြစ်ပြီး rating တွေလည်း ကောင်းတာမို့ ကြည့်ပျော်ရှုပျော် ဖြစ်မှာပါ ရူဒီမန်ကူဆို ဆိုတဲ့ youtuber တစ်ယောက်ရဲ့ ပထမဆုံးဇာတ်ကားဖြစ်ပြီး သူကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားတဲ့ သူ့ဘဝ ဇာတ်လမ်းလေးပါပဲ မင်းသမီးကလည်း သူ wifey ပဲပေါ့ ရူဒီ ဆိုတဲ့ New Jersey ရောက် ဘရာဇီးသားလေးက ဂီတကို ဝါသနာထုံပြီး ရထားလမ်းဘေးမှာ ရုပ်သေးပြတဲ့ အလုပ်ကိုလည်း လုပ်ပါသေးတယ် ကျောင်းပြီးတော့မှာ ဖြစ်ပေမယ့် မေမေ့အိမ်မှာ အတူနေတုန်း၊ မာမားဘွိုင်းလေးပေါ့ သူ့မှာ ပတ်ဝန်းကျင်က သာမန်အသံမျိုးစုံကို ဂီတနုတ်အဖြစ် ပြောင်းလဲပြီး Melody တွေပါ ဖန်တီးနိုင်တဲ့ အစွမ်းတစ်ခုလည်း ရှိပါသေးတယ် အမေရိကန်သူ ရည်းစားကောင်မလေးကတော့ သူနဲ့ ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်တဲ့ သူဌေးသမီးတစ်ယောက်ပါ ဒီလို ဆန့်ကျင်ဘက်စရိုက်နဲ့ သူတို့နှစ်ယောက် ပြဿနာတက်ရင်းကနေ ပြတ်သွားတဲ့အချိန်မှာ ငါးရောင်းတဲ့ ဘရာဇီးသူလေး “Isabella” ဆိုသူ၊ ပေါ့ပေါ့ပါးပါးနေတတ်ပြီး ဂုဏ်ဒြပ်တွေ မလေးမထားတဲ့ မိန်းကလေးကို ဆုံတွေ့မိတဲ့ အခါမှာဆိုရင်တော့…. ဇာတ်လမ်းလေးက တက်တက်ကြွကြွရှိပြီး rating လည်း ကောင်းတာမို့ ပရိသတ်ကြီး အပျင်းပြေခံစားနိုင်ဖို့ တင်ဆက်လိုက်ရပါတယ်...
The Voices (2014) ⭐IMDB: 6.3/10 (62 k Votes) 🎬 #Comedy #Crime #Fantasy #Horror #Thriller 🗓 2014 🎞 movie 🌎 #UnitedStates #Germany #UnitedStatesofAmerica ⏰ 1 နာရီ 44 မိနစ် 22 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Voice (2014)Horrer/ThrillerImdb 6.3/10 ဒီတစ်ခါဇာတ်ကားကတော့မင်းသားကြီး Ryan Reynolds ရဲ့နာမည်ကြီးသင့်သလောက်မကြီးခဲ့တဲ့ကားလို့ပဲပြောရမယ်ဗျ။ ဇာတ်လမ်းအကျဉ်းကိုပြောရရင်ငယ်ငယ်ထဲကမိသားစုပြဿနာတွေကြောင့်ထရော်မာတွေရပြီးဆိုးဝါးလွန်းတဲ့စိတ်ဒဏ်ရာတွေကိုမျိုသိပ်ထားရတဲ့သနားစရာဂျယ်ရီဆိုတဲ့ကောင်လေးတစ်ယောက်အကြောင်းပါပဲ။ နဂိုစိတ်ထားကဖြူစင်ပြီးသာမန်လူတွေလိုလူတန်းစေ့နေနိုင်ပေမယ့် ဆွေးနွေးကုသမှုခံယူနေရဆဲဖြစ်တာကြောင့်အရွယ်ရောက်တဲ့ထိ စိတ်အခြေအနေကပုံမှန်တော့မဖြစ်နေခဲ့ပါဘူး။ ဇာတ်လမ်းကိုဒီထက်ပိုပြောရင်စပွိုင်လာဖြစ်မှာစိုးတာကြောင့်ရုပ်ရှင်ရဲ့အရည်အသွေးဘက်ကိုသွားကြည့်တာပေါ့။ ဇာတ်လမ်းကကျောရိုးခိုင်ပြီး ကာရိုက်တာတည်ဆောက်ပုံတွေလည်းအပြစ်ပြောစရာမရှိတဲ့အပြင် မင်းသားရဲ့သရုပ်ဆောင်မှုကလည်းလိုလေသေးကိုမရှိအောင်ပါပဲ။ ဘက်ဂျက်ကြောင့်ပဲလားဒါရိုက်တာတွေရဲ့လိုအပ်ချက်ကြောင့်လားတော့မသိပေမယ့် Cinematography တွေ ကင်မရာရိုက်ချက်တွေ အထူးပြုလုပ်မှုတွေကိုခုထက်အားထည့်လိုက်မယ်ဆိုရင် ဒီဇာတ်ကားဟာ မင်းသားတောင်အော်စကာရသွားနိုင်တဲ့ကားမျိုးဆိုတာရဲရဲပြောနိုင်ပါတယ်။ ကြာမြင့်ချိန်နှစ်နာရီနီးပါးဆိုပေမယ့်လည်းတစ်ဝက်ကျော်လောက်ကစပြီးဇာတ်လမ်းကို Rush ထားသလိုခံစားရတာရယ်၊ဇာတ်အိမ်ကောင်းပြီးသား၊သရုပ်ဆောင်တွေလည်းကောင်းပြီးသားဒီထက်အများကြီးကောင်းအောင်ရိုက်လို့ရတာကို အနည်းငယ်ပြီးစလွယ်လုပ်လိုက်သလိုခံစားချက်မျိုးဖြစ်နေလို့သိပ်အားမရဘူးပဲဆိုပါတော့ဗျာ။ ဒါဟာကျွန်တော်တစ်ယောက်ထဲအမြင်လည်းဖြစ်နိုင်ပါတယ်။ အချုပ်ပြောရရင်တော့ Psycho thriller တွေကြိုက်တတ်ရင်မဖြစ်မနေကြည့်ရှုသင့်ပြီး Ryan Reynolds ဖန်ဆိုရင်တော့ပိုလို့တောင်လက်မလွှတ်သင့်ပါဘူး။ ပေးချင်တဲ့မက်ဆေ့ချ်ရယ်လို့ပြောရရင် ကလေးတစ်ယောက်ရဲ့စိတ်ကျန်းမာရေးနဲ့အနာဂတ်ကို မိသားစုရဲ့လွှမ်းမိုးမှုကဘယ်လောက်ထိသက်ရောက်နိုင်လဲဆိုတာသင်ခန်းစာယူစရာပါ။ စိတ်မနှစ်မြို့ဖွယ်သွေးထွက်သံယိုအခန်းတွေ၊ သတ်ဖြတ်ခန်းတွေပါဝင်တာကြောင့် ကလေးသူငယ်တွေနဲ့ စိတ်မခိုင်သူတွေကြည့်ရှုဖို့တော့သိပ်အဆင်မပြေနိုင်ပါဘူး။...
Love, Death and Cat (2024) ⭐TMDB: 0% User Score 🎬 #Fantasy #Romance 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 25 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 တာ့ထန်ခေတ်အချိန်မှာ တိုင်းပြည်တိုးတက်ဝပြောတဲ့အတွက် လူတွေရော မိစ္ဆာတွေရော ပျော်ပါးကြချိန်ဖြစ်ပါတယ်။ ၁၆ နှစ်အရွယ်နတ်ဆရာလေး ဟွိုင်ရှန့်ဟာ ဆရာနဲ့အတူ လော့ယန်မြို့ကြီးကို ရောက်လာခဲ့ပါတယ်။ တာ့ထန်ခေတ်ရဲ့ လော့ယန်မြို့ကြီးဟာ ညလုံးပေါက် မီးထိန်ထိန်လင်းနေပါတယ်။အကရုံထဲမှာ သခင်လေးကုံးဟာ ငယ်စဉ်အခါက တစ်ဖက်သတ်ချစ်ရသူကိုပြန်တွေ့ခဲ့ပါတယ်။ သူချစ်နှစ်သက်တာက အဲ့ဒီလူရဲ့အရေပြားလားအရေပြားထဲက နှစ်တစ်ရာကြောင်ကြီးကိုလား…… အလောင်းရုံထဲမှာ ကြောင်နက်လေးတစ်ကောင်က အမြီးကိုဖြတ်ပြီးကျေးဇူးရှင်ရဲ့ အသက်ကို ကယ်ခဲ့ပါတယ်။ ဒါပေမဲ့ သူပြန်ရတာကတစ်သက်တာအချစ်ခံရခြင်းလား လောဘကြောင့် သစ္စာဖောက်ခြင်းလား…… ရေမြောင်းပုပ်ထဲက ကြွက်မိစ္ဆာလေးက ကြောင်မိစ္ဆာလေးကို ချစ်မိသွားတယ်။သူ့စိတ်ကူးထဲက ပျော်ရွှင်မှုတွေဖြစ်လာမလားကံကြမ္မာရဲ့ အပြောင်းအလဲက ကြိုဆိုနေမလား……ဆိုတာကို မိစ္ဆာရဲ့ သဘာဝဗီဇနဲ့ လူတွေရဲ့ သဘာဝဗီဇကိုသရုပ်ဖော်ထားတဲ့ ကြောင် ၃ ကောင်ရဲ့ ပုံပြင်လေးကိုအတူတကွ ကြည့်ရှုခံစားလိုက်ရအောင်နော်။...
American Heist (2014) ⭐IMDB: 5.0/10 (18 k Votes) 🎬 #Action #Crime #Drama #Thriller 🗓 2014 🎞 movie 🌎 #Canada #Luxembourg #UnitedStates ⏰ 1 နာရီ 34 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းလေးကတော့ ဘဏ်ဓါးပြတိုက်ကြတဲ့ ညီအစ်ကိုနှစ်ယောက်အကြောင်းဇာတ်လမ်းလေးပါ…။ သရုပ်ဆောင်ထားတဲ့ မင်းသားတွေကတော့ အထူး မိတ်ဆက်ပေးစရာမလိုတဲ့ မင်းသားတွေပါပဲ Jumber မင်းသား၊ Star Warsထဲကအန်နာကင်စကိုင်းဝေါ့ကာအဖြစ် သရုပ်ဆောင်တဲ့ Hayden Christensen လူဆိုးဇာတ်ရုပ်ဆို ပီပြင်တဲ့ မင်းသားAdrien Brody… နောက်ပြီး F&Fထဲက မင်းသမီးချော Jordana Brewsterကိုလည်း မြင်တွေ့ရဦးမှာပါ…။ ဇာတ်လမ်းအကျဥ်းကိုပြောပြရရင်… ဂျိမ်းမှာ ဒုစရိုက်မှုဆိုရင် အမြဲပျော်မွေ့တတ်တဲ့ ဖရန်ကီဆိုတဲ့ အစ်ကိုတစ်ယောက်ရှိပါတယ်…။ လူငယ်ဘဝမှာ ရဲတစ်ယောက်ကို သေနတ်နဲ့ပစ်သတ်ခဲ့တာကြောင့် ထောင် ၁၀နှစ်ကျခဲ့တဲ့ဖရန်ကီဟာ ထောင်ကထွက်လာပြန် တော့လည်း မမှတ်သေးဘဲ သူခိုးဂျပိုးတွေနဲ့ထပ်ပေါင်းပြန်တယ်….။ ဒီလိုလူပေါင်းမှားတတ်တဲ့ ဖရန်ကီဟာ ဘယ်လောက်ပဲဆိုးသွမ်း အသုံးမကျနေပါစေ… ညီဖြစ်သူ ဂျိမ်းကိုတော့ အတော်ဂရုစိုက် တတ်သူပါ…။ ဒီတစ်ခါလည်း ဖရန်ကီဘဏ်ဖောက်ဖို့ကြံပြန်ပါပြီ…။ ဂျိမ်းက နောက်ကနေလိုက်ထိန်းရပြန်ပြီပေါ့…။ သူတို့ရဲ့ အစီအစဥ်ကြီးက တကယ်ပဲအလုပ်ဖြစ်ပါ့မလား…။ ဂျိမ်းကရော အစ်ကိုဖြစ်သူရဲ့ ဘဏ်ဖောက်မယ့်အကြံထဲ ဘယ်လိုပါသွားမလဲ…ဘဏ်ဖောက်မှုအောင်မြင်ပါ့မလားစတဲ့ Crime Actionတွေအပြင် ညီအစ်ကိုကြား ကြီးမားလွန်းလှတဲ့ မေတ္တာတရားကိုပါ ခံစားရမယ့် Drama ကားလေးဖြစ်ပါတယ်...
American Heist (2014) ⭐IMDB: 5.0/10 (18 k Votes) 🎬 #Action #Crime #Drama #Thriller 🗓 2014 🎞 movie 🌎 #Canada #Luxembourg #UnitedStates ⏰ 1 နာရီ 34 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းလေးကတော့ ဘဏ်ဓါးပြတိုက်ကြတဲ့ ညီအစ်ကိုနှစ်ယောက်အကြောင်းဇာတ်လမ်းလေးပါ…။ သရုပ်ဆောင်ထားတဲ့ မင်းသားတွေကတော့ အထူး မိတ်ဆက်ပေးစရာမလိုတဲ့ မင်းသားတွေပါပဲ Jumber မင်းသား၊ Star Warsထဲကအန်နာကင်စကိုင်းဝေါ့ကာအဖြစ် သရုပ်ဆောင်တဲ့ Hayden Christensen လူဆိုးဇာတ်ရုပ်ဆို ပီပြင်တဲ့ မင်းသားAdrien Brody… နောက်ပြီး F&Fထဲက မင်းသမီးချော Jordana Brewsterကိုလည်း မြင်တွေ့ရဦးမှာပါ…။ ဇာတ်လမ်းအကျဥ်းကိုပြောပြရရင်… ဂျိမ်းမှာ ဒုစရိုက်မှုဆိုရင် အမြဲပျော်မွေ့တတ်တဲ့ ဖရန်ကီဆိုတဲ့ အစ်ကိုတစ်ယောက်ရှိပါတယ်…။ လူငယ်ဘဝမှာ ရဲတစ်ယောက်ကို သေနတ်နဲ့ပစ်သတ်ခဲ့တာကြောင့် ထောင် ၁၀နှစ်ကျခဲ့တဲ့ဖရန်ကီဟာ ထောင်ကထွက်လာပြန် တော့လည်း မမှတ်သေးဘဲ သူခိုးဂျပိုးတွေနဲ့ထပ်ပေါင်းပြန်တယ်….။ ဒီလိုလူပေါင်းမှားတတ်တဲ့ ဖရန်ကီဟာ ဘယ်လောက်ပဲဆိုးသွမ်း အသုံးမကျနေပါစေ… ညီဖြစ်သူ ဂျိမ်းကိုတော့ အတော်ဂရုစိုက် တတ်သူပါ…။ ဒီတစ်ခါလည်း ဖရန်ကီဘဏ်ဖောက်ဖို့ကြံပြန်ပါပြီ…။ ဂျိမ်းက နောက်ကနေလိုက်ထိန်းရပြန်ပြီပေါ့…။ သူတို့ရဲ့ အစီအစဥ်ကြီးက တကယ်ပဲအလုပ်ဖြစ်ပါ့မလား…။ ဂျိမ်းကရော အစ်ကိုဖြစ်သူရဲ့ ဘဏ်ဖောက်မယ့်အကြံထဲ ဘယ်လိုပါသွားမလဲ…ဘဏ်ဖောက်မှုအောင်မြင်ပါ့မလားစတဲ့ Crime Actionတွေအပြင် ညီအစ်ကိုကြား ကြီးမားလွန်းလှတဲ့ မေတ္တာတရားကိုပါ ခံစားရမယ့် Drama ကားလေးဖြစ်ပါတယ်...
The Perfect Escape (2023) ⭐IMDB: 5.5/10 (111 Votes) 🎬 #Comedy 🗓 2023 🎞 movie 🌎 #UnitedKingdom #Romania ⏰ 1 နာရီ 38 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 နှစ်ကူးအကြို ပိတ်ရက်လေးမှာ ဆွစ်ဇာလန်နှင်းတောင်ပေါ်က အပန်းဖြေအိမ်လေးမှာ လာရောက်စုဝေးကြတဲ့ အကျင့်စရိုက်မတူ အနေအထားမတူညီကြတဲ့ လူပေါင်းစုံရဲ့ အဖြစ်အပျက် ပြဿနာလေးတွေကို ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ။ ပထမစုံတွဲကတော့ ကလေးလည်းရှိပြီး အိမ်ထောင်သက်တမ်းကြာပြီး တစ်ယောက်ကိုတစ်ယောက် ငြီးငွေ့နေကြတဲ့ လင်မယားတွေ ခပ်တည်တည်နဲ့ အွန်လိုင်းဒိတ်တင်းမှာ တခြားလူထင်ပြီး လာချိန်းတွေ့ရာကနေ နှစ်ယောက်သား ပြန်ပြီး တွေ့ကြရော။ ဒုတိယစုံတွဲကတော့ သဘာဝပတ်ဝန်းကျင်ကို ဇွတ်ရောအတင်းရော ထိန်းသိမ်းစောင့်ရှောက်ချင်တဲ့ကောင်မလေးနဲ့ သီချင်းတွေ ဖန်တီးရတာကို နှစ်ခြိုက်တဲ့ ကောင်လေးတို့အတွဲ။ တတိယစုံတွဲကတော့ ကလေးအင်မတန်လိုချင်နေတဲ့ ကျောင်းဆရာမလေးရယ် အင်တာနက်မရှိ ဖုန်းမရှိရင် ဘယ်လိုမှမနေနိုင်ပဲ ဘဝကို လူမှုကွန်ရက်မှာ နှစ်မြုပ်ထားတဲ့ အင်ဖလူယန်ဆာမလေးတို့ရဲ့ လက်စ်ဘီယန်အတွဲ။ နောက်ဆုံးအတွဲကတော့ ဒီအပန်းဖြေစခန်းလေးရဲ့ ပိုင်ရှင်လင်မယားဖြစ်ပြီး အူကြောင်ကြောင်နဲ့ ဟိန္ဒူဘုရားတွေကိုးကွယ်ကြတာပါ။ ဒီလိုနဲ့ စုံတွဲတိုင်း ပြဿနာ ပဋိပက္ခပေါင်းစုံနဲ့ နေကြတဲ့အခါ နှင်းမုန်တိုင်းကျပြီး အကုန်လုံး အိမ်ပြန်မရပဲ ပိတ်မိသွားတဲ့အခါမှာတော့…. ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲဆိုတာ ကြည့်ရမှာပါ။...
American Heist (2014) ⭐IMDB: 5.0/10 (18 k Votes) 🎬 #Action #Crime #Drama #Thriller 🗓 2014 🎞 movie 🌎 #Canada #Luxembourg #UnitedStates ⏰ 1 နာရီ 49 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းလေးကတော့ ဘဏ်ဓါးပြတိုက်ကြတဲ့ ညီအစ်ကိုနှစ်ယောက်အကြောင်းဇာတ်လမ်းလေးပါ…။ သရုပ်ဆောင်ထားတဲ့ မင်းသားတွေကတော့ အထူး မိတ်ဆက်ပေးစရာမလိုတဲ့ မင်းသားတွေပါပဲ Jumber မင်းသား၊ Star Warsထဲကအန်နာကင်စကိုင်းဝေါ့ကာအဖြစ် သရုပ်ဆောင်တဲ့ Hayden Christensen လူဆိုးဇာတ်ရုပ်ဆို ပီပြင်တဲ့ မင်းသားAdrien Brody… နောက်ပြီး F&Fထဲက မင်းသမီးချော Jordana Brewsterကိုလည်း မြင်တွေ့ရဦးမှာပါ…။ ဇာတ်လမ်းအကျဥ်းကိုပြောပြရရင်… ဂျိမ်းမှာ ဒုစရိုက်မှုဆိုရင် အမြဲပျော်မွေ့တတ်တဲ့ ဖရန်ကီဆိုတဲ့ အစ်ကိုတစ်ယောက်ရှိပါတယ်…။ လူငယ်ဘဝမှာ ရဲတစ်ယောက်ကို သေနတ်နဲ့ပစ်သတ်ခဲ့တာကြောင့် ထောင် ၁၀နှစ်ကျခဲ့တဲ့ဖရန်ကီဟာ ထောင်ကထွက်လာပြန် တော့လည်း မမှတ်သေးဘဲ သူခိုးဂျပိုးတွေနဲ့ထပ်ပေါင်းပြန်တယ်….။ ဒီလိုလူပေါင်းမှားတတ်တဲ့ ဖရန်ကီဟာ ဘယ်လောက်ပဲဆိုးသွမ်း အသုံးမကျနေပါစေ… ညီဖြစ်သူ ဂျိမ်းကိုတော့ အတော်ဂရုစိုက် တတ်သူပါ…။ ဒီတစ်ခါလည်း ဖရန်ကီဘဏ်ဖောက်ဖို့ကြံပြန်ပါပြီ…။ ဂျိမ်းက နောက်ကနေလိုက်ထိန်းရပြန်ပြီပေါ့…။ သူတို့ရဲ့ အစီအစဥ်ကြီးက တကယ်ပဲအလုပ်ဖြစ်ပါ့မလား…။ ဂျိမ်းကရော အစ်ကိုဖြစ်သူရဲ့ ဘဏ်ဖောက်မယ့်အကြံထဲ ဘယ်လိုပါသွားမလဲ…ဘဏ်ဖောက်မှုအောင်မြင်ပါ့မလားစတဲ့ Crime Actionတွေအပြင် ညီအစ်ကိုကြား ကြီးမားလွန်းလှတဲ့ မေတ္တာတရားကိုပါ ခံစားရမယ့် Drama ကားလေးဖြစ်ပါတယ်...
Suspect (2024) ⭐TMDB: 30% User Score 🎬 #Crime #Mystery 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 34 မိနစ် 5 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 CM ရဲ့ တရုတ်ကားချစ်ဖန်လေးတွေအတွက် suspect ဆိုတဲ့ဇာတ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…ဒီဇာတ်လမ်းလေးကတော့ ရုတ်တရက်ကြီး ကြိုးဆွဲချသေသွားတဲ့ လူတစ်ယောက်…ဒီလူကို သတ်ပါတယ်လို့ ကိုယ်တိုင်ရဲစခန်းရောက်ပြီး ဝန်ခံခဲ့တဲ့ သံသယရှိသူ အမျိုးသမီးတစ်ယောက်… ဒါပေမယ့် ဒီအမျိုးသမီးက ငရဲတရားသူကြီးရဲ့ စွမ်းအားသုံးပြီးစီရင်လိုက်တယ်ပဲ ဖြောင့်ချက်ပေးနေတဲ့အပြင်ပြည်သူ့ရဲတပ်ဖွဲ့က အနားယူသွားတဲ့ ကောဝမ်ပင်းကိုမှ တွေ့ချင်တယ် ဆိုသောအခါ… ကောဝမ်ပင်းဆိုတာ ဘယ်သူလဲဆိုတော့ မှုခင်းအရာရှိဟောင်းတစ်ဦးပေါ့…မွေးရပါ ဓာတ်ပုံမှတ်ဉာဏ်လို မှတ်ဉာဏ်ထူးကို ပိုင်ဆိုင်ထားသူပေါ့…ဒါပေမယ့် ကွင်းဆက်လူသတ်မှုတစ်ခုကို ညီအစ်ကို ၂ ယောက်အတူလိုက်ရင်းသူ့မျက်စိရှေ့တင် သူ့ညီလေး အသတ်ခံလိုက်ရပြီး ထူးထူးဆန်းဆန်းအဲ့လူသတ်တရားခံမျက်နှာကို ဘယ်လိုမှ မမှတ်မိတော့တာကြောင့်ဘဝကို အရှုံးပေးဖို့အထိ စဉ်းစားပြီး အလုပ်နားခဲ့သူပေါ့… ဒီတော့ ငရဲတရားသူကြီးကရော ဘယ်သူလဲ… သူက ဘာလို့ လူတွေကို စီရင်နေတာလဲ…စခန်းမှာ လာဝန်ခံခဲ့တဲ့ အမျိုးသမီးကရော တကယ့်တရားခံလား…တကယ်တရားခံမဟုတ်ရင် သူဘာလို့ တရားခံပါလို့ ဝန်ခံရတာလဲ…ဇာတ်လမ်းလေးကြည့်ပြီး အဖြေရှာလိုက်ကြတာပေါ့...
Rescue on One's Own (2024) ⭐TMDB: 0% User Score 🎬 #Action #Drama 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 26 မိနစ် 24 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒါကတော့ဖခင်တစ်ယောက်ရဲ့မေတ္တာနဲ့ သားကိုကယ်ဖို့တစ်ယောက်ထဲအစွမ်းကုန်ကြိုးစားတဲ့အကြောင်းပဲဖြစ်ပါတယ်။ကျိုးတုံးယန်ကတစ်ကိုယ်တည်းသားလေးတစ်ယောက်ကိုပျိုးထောင်ပေးနေတဲ့ ရဲဟောင်းတစ်ယောက်ဖြစ်တယ်။ တစ်နေ့မှာသူ့သားလေးက ကျောင်းနဲ့အတူနွေရာသီခရီးစဉ်အနေနဲ့ထိုင်းကိုသွားရင်း ပြန်ပေးဆွဲခံလိုက်ရပါတယ်။လူကုန်ကူးတဲ့ဂိုဏ်းရဲ့လက်ထဲကနေ သားလေးကိုပြန်ကယ်ဖို့အစွမ်းကုန်လိုက်စုံစမ်းတဲ့အချိန်မှာ လူဆိုးဂိုဏ်းခေါင်းဆောင်ဟာသူနဲ့အရင်ရန်ညှိုးရှိခဲ့ဖူးတဲ့သူဆိုတာသိလိုက်ရပါတယ်။အရင်ရန်ငြိုးဟောင်းစာရင်းနဲ့ အသစ်ပါပေါင်းပြီးမင်းသားတို့စာရင်းရှင်းတမ်းဖွင့်တဲ့ အက်ရှင်ဇာတ်ကြမ်းလေးပဲဖြစ်ပါတယ်။...
Brighton Rock (2010) ⭐TMDB: 57% User Score 🎬 #Crime #Drama #Thriller 🗓 2010 🎞 movie 🌎 #France #UnitedKingdom ⏰ 1 နာရီ 51 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါ cm ပရိသတ်ကြီးကို Brighton Rock ဆိုတဲ့ ဇာတ်ကားလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားလေးက စာရေးဆရာကြီး ဂရေဟမ်ဂရင်းရဲ့ ၁၉၃၈ ခုနှစ်က ထုတ်ဝေအောင်မြင်ခဲ့တဲ့ စာအုပ်ကို ပြန်လည် ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်မှာ ဒီဇာတ်ကားနဲ့ အကောင်းဆုံး မျက်နှာသစ် အမျိုးသမီး ဇာတ်ဆောင်ဆုရရှိခဲ့ပြီး nomination ၈ ခုအထိ ရရှိအောင်မြင်ခဲ့ပါတယ်။ ဇာတ်ကြောင်းက ပင်ကီဘရောင်းဆိုတဲ့ လူဆိုးအဖွဲ့ဝင် ကောင်လေးတစ်ယောက်ဟာ သူ့ဖခင်လို သဘောထားရတဲ့ လူဆိုးဂိုဏ်းခေါင်းဆောင်ကို မျက်စိရှေ့တင် အသတ်ခံ လိုက်ရပါတယ်။ သတ်သွားတဲ့သူကို လက်တုံ့ပြန် သတ်ဖြတ်တဲ့အချိန်မှာ ကံဆိုးချင်တော့ ရို့စ်ဆိုတဲ့ ကောင်မလေးတစ်ယောက်က ဇာတ်ရှုပ်ထဲ ဝင်ပါမိသလို ဖြစ်ပြီး သက်သေခံ ဖြစ်မှန်းမသိ ဖြစ်သွားတာပါ။ ရို့စ်ကို နှုတ်ပိတ်တဲ့အနေနဲ့ သမီးရည်းစားအဖြစ်ကနေ လက်ထပ်တဲ့အထိ ချဉ်းကပ်ခဲ့တဲ့ ပင်ကီဘရောင်းဟာ ဘယ်လိုမျိုး လူသတ်မှုကနေ လွတ်အောင် ကြိုးစားမလဲ။ သူဝင်ဦးစီးဖို့ လုပ်နေတဲ့ လူဆိုးအဖွဲ့က သူ့ကို မယုံကြည်တော့တဲ့ အခါမှာတော့...
Footloose (2011) ⭐IMDB: 5.8/10 (53 k Votes) 🎬 #Comedy #Drama #Music #Romance 🗓 2011 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 53 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ အားလုံးလည်း ကြားဖူးနေလောက်တဲ့ သံစဉ်တွေနဲ့ဇာတ်ကားလေး ဖြစ်ပါတယ်.. footloose ဆိုတဲ့ ၁၉၈၄ ကဇာတ်ကားကို remake ပြန်ရိုက်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားလေးလည်း ဖြစ်ပါတယ်… ဇာတ်လမ်းအကျဉ်းလေးကတော့ ဘုန်းမောက်ဆိုတဲ့ နယ်မြို့ကဦးလေးဆီကို တစ်ကောင်ကြွက် ဘဝနဲ့ရောက်လာတဲ့ ရန်မက်ကောမက်ဆိုတဲ့ကောင်လေး တစ်ယောက် သူဟာမြို့ကိုရောက်ရောက်ချင်းမှာပဲထူးခြားတဲ့ ကန့်သတ်ချက် ဥပဒေတွေနဲ့ကြုံရပါတော့တယ် လွတ်လပ်ပါတယ် ပါတီတွေနေညမပြတ်လုပ်နေပါတဲ့ဆိုတဲ့ အမေရိကန်နိုင်ငံထဲက ဒီမြို့လေးထဲမှာ အကကခွင့်ကိုရော လူငယ်တွေညထွက်ခွင့် ကိုပါပိတ်ပင်ထားတာပါ အကဟာသူ့ဘဝအတွက်အရမ်းအရေး ပါတဲ့အရာတစ်ခုဖြစ်နေတဲ့ ရန်မက်ကောမက်အတွက်တော့ ဒါကအဓိပ္ပာယ်မရှိတဲ့ပိတ်ပင်မှုတစ်ခုလိုဖြစ်နေပြီး ဘုန်းမောက်က ကျောင်းသားတော်တော်များများကလည်း မကြိုက်ကြပါဘူး ဒီလိုနဲ့ သူဒါတွေကိုဆန့်ကျင်ရင်း နောက်ဆုံးကျောင်းသားတွေလွတ်လပ်ခွင့် ရမလား သီချင်းတွေ အကတွေ ဒရမ်မာတွေ ပုန်ကန်မှုတွေနဲ့ musical drama ကားကောင်းလေးကိုကြည့်ရှူရမှာပဲဖြစ်ပါတယ် မင်းသားအဖြစ် လက်တွေ့ဘဝမှာလည်းအကသမား တစ်ယောက်ဖြစ်တဲ့ Kenneth Edgar Wormald နဲ့ Dancing with the Stars ကဒိုင်တစ်ယောက်ဖြစ်တဲ့ မင်းသမီး Julianne Alexandra Hough တို့ကိုကြည့်ရှူရမှာလည်းဖြစ်ပါတယ်...
