uz
Feedback

Firibgarlarga uchmang! Telemetrio bunday kanallarni topadi va belgilaydi 👉 Belgini ko‘rmoqchi bo‘lsangiz, obuna bo‘ling

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Yopiq kanal

🚩 Channel was restricted by Telegram

Ko'proq ko'rsatish
Ma'lumot yo'q
Obunachilar
-524 soatlar
-47 kun
+730 kun
Postlar arxiv
Death Race (2008) ⭐IMDB: 6.4/10 (212 k Votes) 🎬 #Action #Crime #Sci-Fi #SciFi #Thriller 🗓️ 2008 🎞️ Movie 📺 720p HD 🌎 #UnitedStates #Germany #UnitedKingdom ⏰ 1 နာရီ 51 မိနစ် 48 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Death Race(2008) ***************** ကြမ်းကြမ်းတမ်းတမ်းကားမောင်းပြိုင်ပွဲတွေ အပစ်အခက်နဲ့အက်ရှင်တွေကိုကြည့်ရတာသဘောကျတဲ့ပရိသတ်ကြီးအတွက် Death Race ဇာတ်ကားလေးကားရှိတဲ့အထဲမှာပထမဆုံးကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ Resident Evil ဇာတ်ကားတွေကိုရိုက်ကူးပေးခဲ့တဲ့ဒါရိုက်တာကြီး Paul W.S. Anderson ကရိုက်ကူးပေးထားပြီးပရိသတ်တွေနဲ့မစိမ်းတဲ့ အက်ရှင်မင်းသားကြီး Jason Statham နဲ့အတူNatalie Martinez, Ian McShane, Joan Allen နဲ့ Tyrese Gibsonတို့ကအဓိကပါဝင်သရုပ်ထားပါတယ်။ မိန်းမနဲ့သမီးလေးကိုအလုပ်ကြမ်းလုပ်ရင်းနဲ့ စောင့်ရှောက်နေတဲ့ပြိုင်ကားမောင်းသမားဟောင်းဂျန်ဆန်အိမ်းစ်ဟာ ကံဆိုးမသွားရာမိုးလိုက်လို့ရွာဆိုသလို အလုပ်ပြုတ်တဲ့နေ့မှာပဲမိန်းမဖြစ်သူကိုသတ်တဲ့အမှုနဲ့ အမှုဆင်ချောက်ချခံရပါတယ်။ သူရောက်သွားတဲ့ထောင်ကလည်းတစ်သက်တစ်ကျွန်းအကျဉ်းသားတွေပဲရှိတဲ့ ထောင်တစ်ခုဖြစ်ပြီး အဲ့ဒီကနေလွတ်နိုင်မယ့်တစ်ခုတည်းသောနည်းလမ်းကလည်း သေခြင်းတရားပြိုင်ပွဲလို့ခေါ်တဲ့ ကားပြိုင်ပွဲကိုငါးကြိမ်နိုင်ရမှာပဲဖြစ်ပါတယ်။ ဖရန်ကင်စတိုင်းဆိုတာကတော့ အဲ့ဒီကားပြိုင်ပွဲကိုလေးကြိမ်အထိအနိုင်ရခဲ့ပြီး ပရိတ်သတ်ရဲ့စိတ်ဝင်စားမှု အခံရဆုံးကားမောင်းသမားပဲဖြစ်ပါတယ်။အဲ့ဒီဖရန့်ဟာမတော်တဆမှုကြောင့် နောက်ဆုံးကားပြိုင်ပွဲမှာသေဆုံးခဲ့ပြီး အားပေးမှုအများဆုံးလူဖြစ်တဲ့နောက်တစ်ခါနိုင်ရုံနဲ့ လွတ်ငြိမ်းချမ်းသာခွင့်ရမယ့်ဖရန့်နေရာမှာ ဂျန်ဆန်ကိုအစားဝင်ဖို့အတွက်ထောင်ပိုင်ကကမ်းလှမ်းလာတဲ့အခါမှာတော့… မိန်းမကိုသတ်ခဲ့တဲ့သူကိုလိုက်ရှာရင်းနဲ့ အပြင်မှာရှိနေတဲ့သမီးလေးဆီကိုပြန်သွားနိုင်ဖို့ဂျန်ဆန်အနေနဲ့ ဘယ်လိုတွေကြိုးစားမလဲဆိုတာကို အက်ရှင်တွေအပြည့်နဲ့ ခံစားကြရမှာပဲဖြစ်ပါတယ်

My Name Is Khan (2010) ⭐IMDB: 7.9/10 (110 k Votes) 🎬 #Adventure #Bollywood #Drama #Romance 🗓️ 2010 🎞️ Movie 📺 1080p FHD 🌎 #India #UnitedArabEmirates #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 41 မိနစ် 47 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ၂၀၁၀ လောက်က ထွက်ခဲ့တဲ့ ရှရွတ်ခန်ရဲ့ ဇာတ်ကားလေးတစ်ခုပါ။ရှရွတ်ခန်ဟာ ဒီကားမှာတော့ Asperger’s syndrome ရောဂါဝေဒနာရနေတဲ့သူတစ်ယောက်အဖြစ် သရုပ်ဆောင်ထားတာပါ။ သူ့သရုပ်ဆောင်မှုကလည်း ပြောစရာမရှိအောင်ကောင်းမွန်လှပါတယ်။ သူဟာ သူ့မိဘတွေဆုံးတော့ သူ့ညီရှိရာ အမေရိက ကိုလိုက်သွားပါတယ်။ သူဟာ သူ့အစ်ကိုကုန်ပနီက အလှပြင်ပစ္စည်းတွေ ရောင်းချပေးနေရင်း Mandira နဲ့ တွေ့ဆုံမိပြီး  မြင်မြင်ခြင်းသဘောကျသွားပါတော့တယ်။ Mandira ဟာ အလှပြင်ဆိုင်မှာလုပ်နေတဲ့သူတစ်ယောက်ဖြစ်ပြီး သူ့မှာ သားတစ်ယောက်ရှိပါတယ်။ သူ့ယောကျာ်းနဲ့တော့ ကွဲနေပါတယ်။ သူမဟာ မကျခင် အိမ်ပြောင်းဖို့ရှိနေပြီး ကိုယ်ပိုင်အလှပြင်ဆိုင်လေးတစ်ခုဖွင့်ဖို့ စီစဉ်နေသူပါ။ Khan ကတော့ မကြာခဏ Mandira ဆိုင်ဘက်ခဏခဏရောက်ဖြစ်နေပါတယ်။ Khan ဟာ သာမန်လူတစ်ယောက်မဟုတ်ပေမယ့်လည်း သူ့ရဲ့ရိုးသားမှု ညဏ်ကောင်းတာတွေကို Mandira က သဘောကျသောကြောင့် လက်ထပ်ဖို့သဘောတူလိုက်ပါတယ်။ အစပိုင်း Khan အစ်ကို့ သူတို့မင်္ဂလာဆောင်ကိုကန့်ကွက်ပါသေးတယ် . . . Mandira က ဟိန္ဒူဘာသာဝင်ဖြစ်ပြီး Khan တို့က မွတ်စလင်ဘာသာဝင်ဖြစ်နေသောကြောင့်ပါ။ ဒါပေမယ့် Khan ကတော့ Mandira ကိုပဲ ရွေးချယ်လိုက်ပါတော့တယ်။ Khan, Mandara နဲ့ သူတို့သားတို့ ပျော်ပျော်ရွှင်ရွှင်နေထိုင်လျက်ရှိပြီး . . . တစ်ရက်တော့ သူတို့အတွက် ကံကြမ္မာဆိုးလို့ပြောရမယ့် အရာတစ်ခုပေါ်ပေါက်လာပါတော့တယ်။ 9/11 အသေခံဗုံးဖောက်မှုဖြစ်ပွားပြီး လူပေါင်းများစွာ သေကြေပျက်စီးခဲ့ရပါတယ်။ ထိုကိစ္စကြောင့်အမေရိကန်မှာ မွတ်စလင်နဲ့ တခြားဘာသာခြားတို့ကြား အဆင်မပြေမှုတွေ စပေါ်ပေါက်လာတော့တယ်။ ထိုအဆင်မပြေမှုစနက်တွေကြောင့်ပဲ သူတို့သားဖြစ်သူ ဆုံးရှုံးသွားရပါတောတ့ယ်။ ထို့နောက်သူတို့လင်မယားအဆင်မပြေမှုတွေဖြစ်ပွားပြီး Khan ဟာအိမ်ပေါ်က ဆင်သွားပါတော့တယ်။ သူ့မိန်းမရဲ့ စကားအတိုင်းပဲ Khanက သမ္မတကြီးနဲ့ တွေ့ဆုံပြီး အကြမ်းဖက် သမား မဟုတ်ဘူးဆိုတာကို ပြောဖို့ ကြိုးစားပါတော့တယ်။ အဲဒီလို ကြိုးစားတဲ့ အခါ တွေ့ကြုံရတဲ့ အခက်အခဲတွေကို ဘယ်လို ကျော်ဖြတ်သွားမှာလဲ ဆိုတာ စိတ်ဝင်စားစရာပါ။ ဘာသာရေးနဲ့ ပတ်သတ်ပြီး အတုယူစရာတွေကိုလဲ ဒီဇာတ်ကားထဲမှာ အများကြီးတွေ့နိူင်ပါတယ်။ လူတိုင်းကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး ကျွန်တော်စာရေးပြီးပြောတာထက်အများကြီးပိုအဓိပ္ပါယ်ရှိပါတယ်။ IMDB Ratings: 7.7/10 ရရှိထားတဲ့ဇာတ်ကားလေးတစ်ခုပါ။ (ဇာတ်ကားအညွန်းကို MMmovie Guideမှ ကူးယူဖော်ပြသည်)

Death Race (2008) ⭐IMDB: 6.4/10 (212 k Votes) 🎬 #Action #Crime #Sci-Fi #SciFi #Thriller 🗓️ 2008 🎞️ Movie 📺 1080p FHD 🌎 #UnitedStates #Germany #UnitedKingdom ⏰ 1 နာရီ 51 မိနစ် 48 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Death Race(2008) ***************** ကြမ်းကြမ်းတမ်းတမ်းကားမောင်းပြိုင်ပွဲတွေ အပစ်အခက်နဲ့အက်ရှင်တွေကိုကြည့်ရတာသဘောကျတဲ့ပရိသတ်ကြီးအတွက် Death Race ဇာတ်ကားလေးကားရှိတဲ့အထဲမှာပထမဆုံးကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ Resident Evil ဇာတ်ကားတွေကိုရိုက်ကူးပေးခဲ့တဲ့ဒါရိုက်တာကြီး Paul W.S. Anderson ကရိုက်ကူးပေးထားပြီးပရိသတ်တွေနဲ့မစိမ်းတဲ့ အက်ရှင်မင်းသားကြီး Jason Statham နဲ့အတူNatalie Martinez, Ian McShane, Joan Allen နဲ့ Tyrese Gibsonတို့ကအဓိကပါဝင်သရုပ်ထားပါတယ်။ မိန်းမနဲ့သမီးလေးကိုအလုပ်ကြမ်းလုပ်ရင်းနဲ့ စောင့်ရှောက်နေတဲ့ပြိုင်ကားမောင်းသမားဟောင်းဂျန်ဆန်အိမ်းစ်ဟာ ကံဆိုးမသွားရာမိုးလိုက်လို့ရွာဆိုသလို အလုပ်ပြုတ်တဲ့နေ့မှာပဲမိန်းမဖြစ်သူကိုသတ်တဲ့အမှုနဲ့ အမှုဆင်ချောက်ချခံရပါတယ်။ သူရောက်သွားတဲ့ထောင်ကလည်းတစ်သက်တစ်ကျွန်းအကျဉ်းသားတွေပဲရှိတဲ့ ထောင်တစ်ခုဖြစ်ပြီး အဲ့ဒီကနေလွတ်နိုင်မယ့်တစ်ခုတည်းသောနည်းလမ်းကလည်း သေခြင်းတရားပြိုင်ပွဲလို့ခေါ်တဲ့ ကားပြိုင်ပွဲကိုငါးကြိမ်နိုင်ရမှာပဲဖြစ်ပါတယ်။ ဖရန်ကင်စတိုင်းဆိုတာကတော့ အဲ့ဒီကားပြိုင်ပွဲကိုလေးကြိမ်အထိအနိုင်ရခဲ့ပြီး ပရိတ်သတ်ရဲ့စိတ်ဝင်စားမှု အခံရဆုံးကားမောင်းသမားပဲဖြစ်ပါတယ်။အဲ့ဒီဖရန့်ဟာမတော်တဆမှုကြောင့် နောက်ဆုံးကားပြိုင်ပွဲမှာသေဆုံးခဲ့ပြီး အားပေးမှုအများဆုံးလူဖြစ်တဲ့နောက်တစ်ခါနိုင်ရုံနဲ့ လွတ်ငြိမ်းချမ်းသာခွင့်ရမယ့်ဖရန့်နေရာမှာ ဂျန်ဆန်ကိုအစားဝင်ဖို့အတွက်ထောင်ပိုင်ကကမ်းလှမ်းလာတဲ့အခါမှာတော့… မိန်းမကိုသတ်ခဲ့တဲ့သူကိုလိုက်ရှာရင်းနဲ့ အပြင်မှာရှိနေတဲ့သမီးလေးဆီကိုပြန်သွားနိုင်ဖို့ဂျန်ဆန်အနေနဲ့ ဘယ်လိုတွေကြိုးစားမလဲဆိုတာကို အက်ရှင်တွေအပြည့်နဲ့ ခံစားကြရမှာပဲဖြစ်ပါတယ်

Trap of Lust (1973) ⭐IMDB: 5.3/10 (144 Votes) 🎬 #Action #Adult #Crime 🗓️ 1973 🎞️ Movie 📺 1080p FHD 🌎 #Japan ⏰ 1 နာရီ 13 မိနစ် 58 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Trap of Lust (1973) နာမည်ကျော်ယာကူဇာဇာတ်ကားဖြစ်တဲ့ Branded to Kill ကို Pink Film အဖြစ် ပြန်ပြီးပုံဖော်ထားတာဖြစ်ပါတယ်။ ဒါရိုက်တာကလဲ Branded to Kill ကိုရေးခဲ့တဲ့သူတွေထဲကတစ်ယောက်ဖြစ်တဲ့ Atsushi Yamatoya ဆိုတော့ မူလဇာတ်ကားကို အညှီအဟောက်တွေထပ်ဖြည့်ထားတဲ့ Version အဖြစ်ရှုစားကြရမှာပါ။ ဇာတ်လမ်းကတော့ ဟိုရှီဆိုတဲ့ လုပ်ကြံရေးသမားတစ်ယောက် သူ့ဇနီးနဲ့ပတ်သက်လို့ သူအလုပ်လုပ်ပေးနေတဲ့ ဂိုဏ်းတစ်ခုလုံးနဲ့ရန်ညှိုးဖွဲ့မိရာကနေ အချင်းချင်းအပြန်အလှန်လုပ်ကြံဉာဏ်ကစားကြပုံကို ဇာတ်အိမ်တည်ထားတာပဲဖြစ်ပါတယ်။ ဂန္ထဝင်ကားတစ်ကားကိုပြန်မူပွားထားတဲ့ နောက်ထပ်ဂန္ထဝင်ကားတစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုAliasမှ ပြန်ဆို ရေးသားထားပါတယ်)

The Ritual Killer (2023) ⭐IMDB: 4.1/10 (160 Votes) 🎬 #Thriller #Action 🗓️ 2023 🎞️ Movie 📺 1080p FHD 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 31 မိနစ် 51 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Ritual Killer (2023)================= မင်းသားကြီး Morgan Freeman ပါဝင်ထားတဲ့ Thrillerကားသစ်ထွက်လာလို့ တင်ဆက်ပေးလိုက်ပါပြီ။ ဇာတ်ကြောင်းကတော့ ရက်ရက်စက်စက် လူလိုက်သတ်တဲ့ကွင်းဆက်လူသတ်သမားအကြောင်းပေါ့လေ။ ဒီထဲမှာတော့ Morgan Freeman ဟာ ပရော်ဖက်ဆာတစ်ယောက်နေရာကနေ ပါဝင်ထားပါတယ်။ စုံထောက်ဘွိုက်ကတော့ သမီးလေးကို ဆုံးရှုံးထားရတဲ့ စိတ်ဒဏ်ရာနဲ့ဖခင်တစ်ယောက်ပါ။ တစ်နေ့ကျ ဟိုတစ်နေရာ ဒီနေရာကနေ ကျားမမရွေးအရွယ်စုံလူမျိုးစုံ လူသေအလောင်းတွေပေါ်လာပါတော့တယ်။ ပုံစံအနေအထားအရ လူတစ်ယောက်တည်းကလုပ်မှန်းထင်ရှားနေပါပြီ။ ရိုးရာသက်ဝင်ယုံကြည်မှုတွေပါပါလာတာကြောင့် ပရော်ဖက်ဆာနဲ့ စုံထောက်ကြီးတို့ပူးပေါင်းပြီး လူသတ်သမားကို ဖော်ထုတ်ကြတာပေါ့။ဇာတ်ညွှန်းကို ဒီမှာတင်ပဲရပ်ပါရစေ အများကြီးရေးရင်ပေါ့သွားမှာစိုးလို့ ပရိတ်သတ်ကြီးတို့ ကိုယ်တိုင်ပဲ ကြည့်လိုက်ကြပါတော့။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Ngwe Zin မှ ရေးသားပေးပြီး၊ဘာသာပြန်ရေးသားပေးသူများကတော့ CM Team မှဖြစ်ပါတယ်)

Fearless Rescue (2020) ⭐TMDB: 0.0% User Score 🎬 #Action #Drama #Romance 🗓️ 2020 🎞️ Movie 📺 1080p FHD 🌎 #China ⏰ 1 နာရီ 6 မိနစ် 12 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 မူးယစ်ဆေးဝါးနှိမ်နှင်းရေး အထူးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် မုယင်းဟာအဖွဲ့ကနေ နှုတ်ထွက်ခဲ့ပြီး မြို့ပြဘဝကို နေထိုင်ဖို့ ရွေးချယ်ခဲ့ပါတော့တယ် ။အဲဒီအချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင်ဆိုသလို မြို့ရဲ့ မျက်နှာဖုံးသူဌေးတစ်ဦးရဲ့ သမီးဖြစ်သူ ချန်ယန့်ယွီကိုပါ ကယ်တင်ရဖို့အကြောင်းဖန်လာခဲ့ပါတယ် ။ ဒီလိုနဲ့ပဲ မူးယစ်ဆေးဝါးဂိုဏ်းခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ သူဌေးကြီး ယဲ့လင်ကျွင်းဟာအညှိုးကြီးစွာနဲ့ ချန်ယန့်ယွီကို လူလွှတ်ပြီး လိုက်သတ်ပါတော့တယ် ။ သူကြံစည်သမျှ အကြံအစည်တွေအားလုံးကိုလဲမုယင်းဟာ တစ်ခုပြီး တစ်ခု ဖျက်ဆီးလာခဲ့တဲ့အခါမှာ…?❏ မုယင်း နဲ့ ချန်ယန့်ယွီတို့ နှစ်ဦးသား အတူတူ အခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်ကြမလဲ?❏ မုယင်းဟာလဲ ကိုယ်ရံတော်တပ်မှူးလေးအဖြစ်ချန်ယန့်ယွီကို ဘယ်လိုကာကွယ်သွားဦးမလဲဆိုတာအခုပဲ ဒီကားလေးကို ကြည့်ရှုလိုက်ရအောင်ပါနော် ။

Never Back Down: No Surrender (2016) ⭐IMDB: 6.3/10 (7 k Votes) 🎬 #Action #Sport #Drama 🗓️ 2016 🎞️ Movie 📺 720p HD 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 42 မိနစ် 31 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Never Back Down ဇာတ်ကားတွေရဲ့ 2016 ကနောက်ဆုံးထွက်ထားတဲ့ ဇာတ်ကား‌လာပါပြီ။2008 နဲ့ 2011 တို့မှာထွက်ရှိခဲ့တဲ့ Never Back Down တွေရဲ့အဆက်ဖြစ်သလို R-rated လည်းဖြစ်ပြီး တိုက်ခိုက်ခန်းတွေလည်းပိုပြီးကောင်းလာတဲ့ ဇာတ်ကားတစ်ကားပါ။ ဇာတ်လမ်းအကျဉ်းကတော့ MMA လက်ဝှေ့ချန်ပီယံဟောင်း ကေ့စ် ဝေါကာ ဟာ သူရဲ့သူငယ်ချင်း ဘရိုဒီ ဂျိမ်းစ်နဲ့ ရှုံးပွဲမရှိသေးတဲ့အပြင် အန္တရာယ်လည်းများတဲ့ ဆီဆာ ဘရာဂါတို့ရဲ့ ထိုင်းနိုင်ငံမှာ ထိုးသတ်မဲ့ပွဲစဉ်အတွက် လေ့ကျင့်ဖို့ဘန်ကောက်ကို လိုက်ပါလာခဲ့ပါတယ်။ဒါပေမဲ့ ပြိုင်ပွဲစခါနီးတစ်ပတ်အလိုမှာ ဘရိုဒီက ခြေထောက်ဒဏ်ရာရသွားတဲ့ အတွက် ဘရိုဒီရဲ့အစား ကေ့စ်က ဝင်ထိုးပေးဖို့ဖြစ်လာတဲ့အခါမှာ ကေ့စ်တစ်ယောက် ဘယ်လိုဆက်ပြီးဖြေရှင်းမလဲ၊ သူနိုင်အောင်ရောထိုးနိုင်မှာလား၊ နောက်ကွယ်မှာရောဘယ်လိုအရှုပ်တော်ပုံတွေရှိနေမလဲဆိုတာကို အကြမ်းပတမ်းတိုက်ခိုက်ခန်းတွေနဲ့ ကြည့်ရှုခံစားလိုက်ကြပါဦးခင်ဗျ။

Christy (2023) ⭐IMDB: 5.0/10 (2 k Votes) 🎬 #Comedy #Romance #Drama 🗓️ 2023 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 20 မိနစ် 55 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Christy 2023 IMDb-5.7/10တောင်ပိုင်းမာလာရရမ်မင်းသမီးချောမလာကာမိုဟမ်နမ်ကနေ မမအဖြစ်ဦးဆောင်ပါဝင်ထားတဲ့ဒီဇာတ်ကားဟာ ဒါရိုက်တာအယ်ဗင်ဟင်နရီရဲ့ ဖြစ်ရပ်မှန်ခံစားပွဲဦးထွက်ဇာတ်ကားလေးဖြစ်ပါတယ် ပင်လယ်ကမ်းခြေနယ်မြို့လေးက ကျောင်းသားလေးရွိုင်….လူငယ်သဘာဝပျော်လိုက်ပါးလိုက်နဲ့ စာမေးပွဲတွေတဖုန်းဖုန်းကျ….မိဘတွေက မြို့ပေါ်ခေါ်တော့မယ်လုပ်မှကြောက်လန့်တကြားနဲ့ စာမေးပွဲဖြေဖို့ ကျူရှင်ပြေးတက်တဲ့ ရွိုင်….လှပတဲ့ ကျူရှင်ဆရာမ ခရစ်စတီ….မမကလှပေမဲ့ အိမ်ထောင်ရေးကံမကောင်းအိမ်ထောင်‌စောစောကျပြီး ကွာရှင်းထားတော့ ရွိုင်ကိုကလေးလိုပဲဆက်ဆံတဲ့ မမ….တစ်သက်လုံးဘယ်သူချွတ်ချွတ်မကျွတ်ပေမဲ့ မမချွတ်မှပဲပြောစကားနားထောင်မယ်ဆိုတဲ့ သားလိမ္မာလေးရွိုင်… ဇာတ်လမ်းလေးက ပုံမှန်ရိုးရိုးလေးဆိုပေမယ့်ဆန်းနေတာက သိပ်လှတဲ့မမနဲ့ သူငယ်နှပ်စားရွိုင်တို့ရဲ့ အချစ်ဇာတ်လမ်းပါအိန္ဒိယမမဆိုတော့ အိန္ဒိယဆန်ဆန်ဆွဲဆောင်မှုလေးတော့ရှိပါတယ်ဒါ့အပြင်တခြားမိသားစုရေးရာလေးတွေဟာသလေးတွေလဲပါဝင်တာမို့ မပျင်းမရိနဲ့ အဝကြည့်ရမှာပါ ဆရာဝန်ညွှန်ကြားချက်မှာလက်ဖက်ရည်တစ်ခွက်ပေးပါဒူးယားတစ်လိပ်ပေးပါမမကျွန်တော့်ကိုပြန်ချစ်ပါဒီကောင် လက်နက်ချရမယ်တဲ့

Never Back Down: No Surrender (2016) ⭐IMDB: 6.3/10 (7 k Votes) 🎬 #Action #Sport #Drama 🗓️ 2016 🎞️ Movie 📺 1080p FHD 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 42 မိနစ် 31 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Never Back Down ဇာတ်ကားတွေရဲ့ 2016 ကနောက်ဆုံးထွက်ထားတဲ့ ဇာတ်ကား‌လာပါပြီ။2008 နဲ့ 2011 တို့မှာထွက်ရှိခဲ့တဲ့ Never Back Down တွေရဲ့အဆက်ဖြစ်သလို R-rated လည်းဖြစ်ပြီး တိုက်ခိုက်ခန်းတွေလည်းပိုပြီးကောင်းလာတဲ့ ဇာတ်ကားတစ်ကားပါ။ ဇာတ်လမ်းအကျဉ်းကတော့ MMA လက်ဝှေ့ချန်ပီယံဟောင်း ကေ့စ် ဝေါကာ ဟာ သူရဲ့သူငယ်ချင်း ဘရိုဒီ ဂျိမ်းစ်နဲ့ ရှုံးပွဲမရှိသေးတဲ့အပြင် အန္တရာယ်လည်းများတဲ့ ဆီဆာ ဘရာဂါတို့ရဲ့ ထိုင်းနိုင်ငံမှာ ထိုးသတ်မဲ့ပွဲစဉ်အတွက် လေ့ကျင့်ဖို့ဘန်ကောက်ကို လိုက်ပါလာခဲ့ပါတယ်။ဒါပေမဲ့ ပြိုင်ပွဲစခါနီးတစ်ပတ်အလိုမှာ ဘရိုဒီက ခြေထောက်ဒဏ်ရာရသွားတဲ့ အတွက် ဘရိုဒီရဲ့အစား ကေ့စ်က ဝင်ထိုးပေးဖို့ဖြစ်လာတဲ့အခါမှာ ကေ့စ်တစ်ယောက် ဘယ်လိုဆက်ပြီးဖြေရှင်းမလဲ၊ သူနိုင်အောင်ရောထိုးနိုင်မှာလား၊ နောက်ကွယ်မှာရောဘယ်လိုအရှုပ်တော်ပုံတွေရှိနေမလဲဆိုတာကို အကြမ်းပတမ်းတိုက်ခိုက်ခန်းတွေနဲ့ ကြည့်ရှုခံစားလိုက်ကြပါဦးခင်ဗျ။

Christy (2023) ⭐IMDB: 5.0/10 (2 k Votes) 🎬 #Comedy #Romance #Drama 🗓️ 2023 🎞️ Movie 📺 1080p FHD 🌎 #India ⏰ 2 နာရီ 20 မိနစ် 55 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Christy 2023 IMDb-5.7/10တောင်ပိုင်းမာလာရရမ်မင်းသမီးချောမလာကာမိုဟမ်နမ်ကနေ မမအဖြစ်ဦးဆောင်ပါဝင်ထားတဲ့ဒီဇာတ်ကားဟာ ဒါရိုက်တာအယ်ဗင်ဟင်နရီရဲ့ ဖြစ်ရပ်မှန်ခံစားပွဲဦးထွက်ဇာတ်ကားလေးဖြစ်ပါတယ် ပင်လယ်ကမ်းခြေနယ်မြို့လေးက ကျောင်းသားလေးရွိုင်….လူငယ်သဘာဝပျော်လိုက်ပါးလိုက်နဲ့ စာမေးပွဲတွေတဖုန်းဖုန်းကျ….မိဘတွေက မြို့ပေါ်ခေါ်တော့မယ်လုပ်မှကြောက်လန့်တကြားနဲ့ စာမေးပွဲဖြေဖို့ ကျူရှင်ပြေးတက်တဲ့ ရွိုင်….လှပတဲ့ ကျူရှင်ဆရာမ ခရစ်စတီ….မမကလှပေမဲ့ အိမ်ထောင်ရေးကံမကောင်းအိမ်ထောင်‌စောစောကျပြီး ကွာရှင်းထားတော့ ရွိုင်ကိုကလေးလိုပဲဆက်ဆံတဲ့ မမ….တစ်သက်လုံးဘယ်သူချွတ်ချွတ်မကျွတ်ပေမဲ့ မမချွတ်မှပဲပြောစကားနားထောင်မယ်ဆိုတဲ့ သားလိမ္မာလေးရွိုင်… ဇာတ်လမ်းလေးက ပုံမှန်ရိုးရိုးလေးဆိုပေမယ့်ဆန်းနေတာက သိပ်လှတဲ့မမနဲ့ သူငယ်နှပ်စားရွိုင်တို့ရဲ့ အချစ်ဇာတ်လမ်းပါအိန္ဒိယမမဆိုတော့ အိန္ဒိယဆန်ဆန်ဆွဲဆောင်မှုလေးတော့ရှိပါတယ်ဒါ့အပြင်တခြားမိသားစုရေးရာလေးတွေဟာသလေးတွေလဲပါဝင်တာမို့ မပျင်းမရိနဲ့ အဝကြည့်ရမှာပါ ဆရာဝန်ညွှန်ကြားချက်မှာလက်ဖက်ရည်တစ်ခွက်ပေးပါဒူးယားတစ်လိပ်ပေးပါမမကျွန်တော့်ကိုပြန်ချစ်ပါဒီကောင် လက်နက်ချရမယ်တဲ့

S-Girl (2022) ⭐⁉️ 🎬 #Drama #Science Fiction 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 #China ⏰ 1 နာရီ 48 မိနစ် 44 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 နည်းပညာတွေ တိုးတတ်နေတဲ့ ခေတ်ကြီးမှာ ပတ်ဝန်းကျင်နေရာတိုင်းလိုလိုစက်ပစ္စည်းတွေနဲ့ အစားထိုးလို့လာခဲ့ပါတယ် ။ လျိုကျားချီလို့ ခေါ်တဲ့အမျိုးသားဟာ မိသားစုတွေကိုလဲ အချိန်မပေးပဲ သူ့ရဲ့ စက်ပစ္စည်းတွေနဲ့ပဲအချိန်တွေကုန်ဆုံးလို့နေခဲ့ပါတယ် ။ တစ်နေ့မှာတော့ ဇနီးဖြစ်သူဟာရောဂါနဲ့ ရုတ်တရက်ဆုံးပါးသွားခဲ့ပါတယ် ။ ဇနီးသည်ဆုံးပါးသွားပြီးတဲ့နောက်မှာလဲ ကျန်ရစ်တဲ့ သမီးငယ်လေးတွေကိုကလေးထိန်းနဲ့ ထားကာ သူကတော့ မိသားစုကို အချိန်မပေးပဲအလုပ်တွေနဲ့ ဗျာများနေတုန်းပါပဲ ။ ဒီလို ကြပ်တည်းနေတဲ့အချိန်မှာသူတို့ ကုမ္ပဏီကနေပြီးတော့ လူသားလို တစ်ထပ်ထဲ ပြုမူနိုင်တဲ့လူသားစက်ရုပ်တစ်ရုပ်ကို တီထွင်ခဲ့ပါတယ် ။ စက်ရုပ်ကို ဒီဇိုင်းရေးဆွဲသူ လျိုကျားချီဟာ သေဆုံးသွားတဲ့ဇနီးသည်နဲ့ ဆင်တူ စက်ရုပ်တီထွင်ပြီး အိမ်မှာ သမီးလေးတွေကို စောင့်ရှောက်ဖို့ ထားခဲ့တဲ့အခါမှာတော့…? အသက် ၁၇ နှစ်အရွယ်သမီးအကြီးဖြစ်သူဟာ ဒီစက်ရုပ်ကို လုံးဝလက်မခံနိုင်ပေမဲ့ဘာမှမသိနားမလည်တဲ့ ၅ နှစ်အရွယ် ညီမလေးကြောင့် လက်ခံခဲ့ပါတော့တယ် ။ ဒီတော့ …- ❏ မိသားစုကို အချိန်မပေးနိုင်တဲ့ ဖခင် နဲ့ သမီးလေး ၂ယောက်ဘယ်လိုရှေ့ဆက်ကြမလဲ ကြားထဲမှာ ဘယ်လိုရင်ဆိုင်မှူတွေနဲ့ကြုံတွေ့ရမလဲ? ဆိုတာ ဒီကားလေးကို ကြည့်ရှုလိုက်ရအောင်ပါနော် ။

Think As Thieves (2009) ⭐IMDB: 7.5/10 (54 Votes) 🎬 #Action #Crime #Thriller 🗓️ 2009 🎞️ Movie 📺 1080p FHD 🌎 #UnitedStates #Canada ⏰ 1 နာရီ 44 မိနစ် 13 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Thick as Thieves (2009) ရစ်ပလေ ဆိုတဲ့နာမည်ကတော့ သိုးဆောင်းတို့ဘာသာစကားမှာ တော်တော်ဟိတ်ဟန်ကြီးသ‌ဗျ။ တွမ် ရစ်ပလေ ဆိုတဲ့ ဇာတ်ကောင်တစ်ကောင်နဲ့ ကျွန်တော် လူကြီးမင်းတို့ကို မိတ်ဆက်ပေးဖူးတယ်။ အဲဒီကောင်ကလည်း လူဆိုးဂိုဏ်းလောကမှာ တစ်ကိုယ်တော် လူစွမ်းကောင်း။ အခုဇာတ်ကားမှာတော့ ကစ်သ် ရစ်ပလေ တဲ့ဗျာ။ တကယ့်လူ။ နှစ်ဖက်ချွန်တာနဲ့ အားမရတော့ သုံးဖက်ချွန်တဲ့ စမူဆာလိုလူကြီး။ နောက်ပိုင်းမှာ အဖက်ဖက်ကိုချွန်နေတဲ့ ဆိုင်ကယ်စပေါ့ကတ်ကြီး ဖြစ်နေပါရော့လား။ စပေါ့ကတ်တောင် ခွေးသွားစိတ်များတဲ့ နံပါတ်ကြီးဗျ။ လူဆိုးဂိုဏ်းသားကြီးတော့ မဟုတ်ပါဘူးလေ။ တစ်ကိုယ်တော် သူခိုးကြီးပါ။ တစ်ပွဲစားအဆင့်ကြီးပေါ့။ သူတပါးပစ္စည်း အပျောက်ဖျောက်တဲ့နေရာမှာ အနုပညာမြောက် ကျွမ်းကျင်မှော်ဝင်သူ။ သူခိုးကားတွေရဲ့ ထုံးစံလိုပါပဲလေ။ တွဲဖက်တစ်ယောက်ရှိတယ်။ သူများသတ်လို့သေသွားတယ်။ ဒီတော့ တွဲဖက်ရဲ့ မပြီးဆုံးသေးတဲ့ကိစ္စတွေကို ပြီးဆုံးအောင်လုပ်ပေးဖို့တာဝန်ရယ်၊ သူ့သမီးလေးကို စောင့်ရှောက်ရမယ့်တာဝန်ရယ်။ ဒီတာဝန်တွေကို တစ်ဦးတည်းဆောင်ရွက်ဖို့ အသက်ကြီးသွားပြီဖြစ်တဲ့ ကစ်သ် ရစ်ပလေ က လူငယ်ခြေတက်၊ သူခိုးပေါက်စလေး ဂေဘရီရယ် ရဲ့အကူအညီကို ယူရဖို့ဖြစ်လာတယ်။ သူတို့ခိုးရမယ့်ပစ္စည်းက ရုရှားဇာဘုရင်မိသားစုရဲ့ တော်ဝင်နန်းတွင်းရတနာရွှေဥနှစ်လုံး။ လုံခြုံရေးစနစ်က ယင်ကောင်တောင် ဝင်မရလောက်ဘူး။ တံခါးသုံးဆင့်မြေတိုက် လုံခြုံရေးခန်းထဲမှာ ကျည်ကာမှန်သေတ္တာထဲထည့်ထားတဲ့ ဥတွေ။ ရစ်ပလေ ဘယ်လိုကြံပြီး ဘယ်လိုယူမလဲဆိုတာ စိတ်ဝင်စားဖို့တော့ ကောင်းသား။ Plot twist ခပ်ပါးပါးလေး ပါတယ်။ ရုပ်ရှင်နဲ့ ရင်းနီးသူဆိုရင် ရိပ်မိလောက်မှာပါ။ ဟာခနဲဖြစ်သွားရင်တော့ လူကြီးမင်း ရုပ်ရှင်ကြည့်သက်တမ်း ဝါနုသေးတယ် xD။ ကဲပါလေ။ မင်းသားကြီး Morgan Freeman ရယ်၊ Antonio Banderas ရယ်၊ မင်းသမီးကြီးက Radha Mitchell တို့ သရုပ်ဆောင်ထားကြပါတယ်။ Rating ကလည်း မဆိုးသလို ကြည့်လို့ကောင်းတဲ့ဇာတ်ကားဖြစ်တာကြောင့် လူကြီးမင်းတို့အတွက် တင်ဆက်ပေးလိုက်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုArr Khun Winchesterမှ ပြန်ဆို ရေးသားထားပါတယ်)

Christopher (2023) ⭐IMDB: 6.8/10 (2 k Votes) 🎬 #Action #Bollywood #Crime #Thriller 🗓️ 2023 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 32 မိနစ် 33 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Christopher 2023 (IMDb 6.8/10) အိန္ဒိယရဲကားကောင်းကောင်းလေးကိုမျှော်နေကြတဲ့ ပရိသတ်ကြီးအတွက်မင်းသားကြီးမမ်မွတ်တီးရဲ့ နောက်ဆုံးထွက် ရဲကားအလန်းလေးနဲ့ မိတ်ဆက်ပေးပါရစေ အိန္ဒိယနိုင်ငံမှာ သိတဲ့အတိုင်း ဘာအမှုပဲဖြစ်ဖြစ် မုဒိမ်းကျင့်လူသတ်ရင်တောင်ငွေနဲ့မီးငြိမ်းသလို အမှုတွေပျောက်သွားအောင် လူအားငွေအားနဲ့ လုပ်နိုင်တာကို သိကြမှာပါဒီကိစ္စကို ရဲမှူးခရစ္စတိုဖာဖြေရှင်းတဲ့နည်းလမ်းကတော့ ရိုးရှင်းပါတယ်ဘယ်တရားရုံးမှပို့မနေပဲနဲ့ တရားခံတွေကို သူ့သေနတ်နဲ့ပဲ ကိစ္စတုံးပေးတာပါဆိုရှယ်မီဒီယာ ပြည်သူလူထုအားလုံးအတွက် ခရစ္စတိုဖာက ဟီးရိုးပါ ဒါပေမဲ့မျှတတဲ့ဒီမိုကရေစီစစနစ်တစ်ခုမှာ တရားစီရင်ရေးမဏ္ဍိုင်ဆိုတာ မရှိလို့မရပါဘူးအဲ့ဒါကြောင့် အထက်ဌာနကနေ ခရစ္စတိုဖာကို စုံစမ်းစစ်ဆေးဖို့အတွက်အမျိုးသမီးအရာရှိတစ်ဦးကို တာဝန်ပေးအပ်လိုက်ပါတော့တယ်ခရစ္စတိုဖာရဲ့ မီးစတစ်ဖက်ရေမှုတ်တစ်ဖက်မှန်ကန်မျှတပေမဲ့ မညှာတာတတ်တဲ့ စရိုက်ကို အတိတ်ကစတူးဖော်ကြည့်မိတဲ့အခါ…….. ဒီဇာတ်ကားလေးဟာ ဇာတ်လမ်းလေးက မြင်နေကျဆိုပေမဲ့ ဆက်ပြီးကြည့်ချင်လောက်အောင်လှည့်ကွက်လေးတွေကို သူ့နေရာနဲ့သူပါထားပြီး မင်းသားကြီးမမ်မွတ်တီးရဲ့ အိုဗာတွေသိပ်မပါရင့်ကျက်တဲ့ပုံစံနဲ့မို့ ကြည့်ရရှုရတာ စိတ်ဝင်စားဖို့ကောင်းပြီး မှုခင်းဒရာမာ ရဲအက်ရှင်ကြည့်ချင်တဲ့သူတွေအတွက်ဇာတ်အိမ်ကောင်းကောင်း သရုပ်ဆောင်ကောင်းကောင်း ဒီကားလေးကို လက်မလွှတ်ကြဖို့ လက်တို့ပေးပါရစေ

Christopher (2023) ⭐IMDB: 6.8/10 (2 k Votes) 🎬 #Action #Bollywood #Crime #Thriller 🗓️ 2023 🎞️ Movie 📺 1080p FHD 🌎 #India ⏰ 2 နာရီ 32 မိနစ် 33 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Christopher 2023 (IMDb 6.8/10) အိန္ဒိယရဲကားကောင်းကောင်းလေးကိုမျှော်နေကြတဲ့ ပရိသတ်ကြီးအတွက်မင်းသားကြီးမမ်မွတ်တီးရဲ့ နောက်ဆုံးထွက် ရဲကားအလန်းလေးနဲ့ မိတ်ဆက်ပေးပါရစေ အိန္ဒိယနိုင်ငံမှာ သိတဲ့အတိုင်း ဘာအမှုပဲဖြစ်ဖြစ် မုဒိမ်းကျင့်လူသတ်ရင်တောင်ငွေနဲ့မီးငြိမ်းသလို အမှုတွေပျောက်သွားအောင် လူအားငွေအားနဲ့ လုပ်နိုင်တာကို သိကြမှာပါဒီကိစ္စကို ရဲမှူးခရစ္စတိုဖာဖြေရှင်းတဲ့နည်းလမ်းကတော့ ရိုးရှင်းပါတယ်ဘယ်တရားရုံးမှပို့မနေပဲနဲ့ တရားခံတွေကို သူ့သေနတ်နဲ့ပဲ ကိစ္စတုံးပေးတာပါဆိုရှယ်မီဒီယာ ပြည်သူလူထုအားလုံးအတွက် ခရစ္စတိုဖာက ဟီးရိုးပါ ဒါပေမဲ့မျှတတဲ့ဒီမိုကရေစီစစနစ်တစ်ခုမှာ တရားစီရင်ရေးမဏ္ဍိုင်ဆိုတာ မရှိလို့မရပါဘူးအဲ့ဒါကြောင့် အထက်ဌာနကနေ ခရစ္စတိုဖာကို စုံစမ်းစစ်ဆေးဖို့အတွက်အမျိုးသမီးအရာရှိတစ်ဦးကို တာဝန်ပေးအပ်လိုက်ပါတော့တယ်ခရစ္စတိုဖာရဲ့ မီးစတစ်ဖက်ရေမှုတ်တစ်ဖက်မှန်ကန်မျှတပေမဲ့ မညှာတာတတ်တဲ့ စရိုက်ကို အတိတ်ကစတူးဖော်ကြည့်မိတဲ့အခါ…….. ဒီဇာတ်ကားလေးဟာ ဇာတ်လမ်းလေးက မြင်နေကျဆိုပေမဲ့ ဆက်ပြီးကြည့်ချင်လောက်အောင်လှည့်ကွက်လေးတွေကို သူ့နေရာနဲ့သူပါထားပြီး မင်းသားကြီးမမ်မွတ်တီးရဲ့ အိုဗာတွေသိပ်မပါရင့်ကျက်တဲ့ပုံစံနဲ့မို့ ကြည့်ရရှုရတာ စိတ်ဝင်စားဖို့ကောင်းပြီး မှုခင်းဒရာမာ ရဲအက်ရှင်ကြည့်ချင်တဲ့သူတွေအတွက်ဇာတ်အိမ်ကောင်းကောင်း သရုပ်ဆောင်ကောင်းကောင်း ဒီကားလေးကို လက်မလွှတ်ကြဖို့ လက်တို့ပေးပါရစေ

Rocky Balboa (2006) ⭐IMDB: 7.1/10 (221 k Votes) 🎬 #Action #Drama #Short #Sport 🗓️ 2006 🎞️ Movie 📺 720p HD 🌎 #UnitedStates ⏰ 1 နာရီ 43 မိနစ် 49 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 လက်ဝှေ့ကားကြိုက်သူတွေအတွက် မင်းသားကြီးစတားလုံးကိုယ်တိုင် ဒါရိုက်တာလုပ်ပြီးရိုက်ကူးထားတဲ့ ဇာတ်ကားလေးတင်ဆက်ပေးလိုက်ပါပြီ။ ဒီဇာတ်ကားဟာ ရှေ့ Rocky ဇာတ်လမ်းတွဲတွေရဲ့ အဆက်ဖြစ်ပြီး ၁၉၉၀ခုနှစ်ကထွက်ရှိထားတဲ့ Rocky(V) ရဲ့ နောက်ဆက်တွဲဇာတ်လမ်းဖြစ်ပါတယ်။ လက်ဝှေ့လောကကနေ အသက်အရွယ်ရလာလို့ အနားယူထားပြီးပြီဖြစ်တဲ့ ရော့ကီဘယ်လ်ဘိုအာဟာ သူ့မိန်းမဆုံးပြီးတဲ့နောက် ဘ၀ဟာအဓိပ္ပါယ်မဲ့နေခဲ့ပါတယ်။ သူဟာစားသောက်ဆိုင်လေးတစ်ဆိုင်ဖွင့်ပြီး အေးအေးချမ်းချမ်းနေနေပေမယ့် သူ့ရင်ထဲကအစိုင်အခဲကြီးကတော့ ပျောက်ပျက်မသွားပါဘူး။ ဒီတော့ အတိတ်က သူထိုးကြိတ်ခဲ့ဖူးတဲ့အငွေ့အသက်တွေ၊ သူ့မိန်းမရဲ့အားပေးသံတွေ တစ်ခေါက်ပြန်ပြီးခံစားနိုင်ဖို့အတွက် ကြိုးဝိုင်းထဲကို တစ်ခေါက်ပြန်ပြီး၀င်လာခဲ့ပါတယ်။ အစကတော့ ပွဲငယ်လေးတွေပဲ ထိုးဖို့စိတ်ကူးထားပေမယ့် ရှုံးပွဲမရှိ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ မေဆန်ဒစ်ဆန်က လက်ရည်စမ်းပွဲထိုးဖို့ လာရောက်ကမ်းလှမ်းတော့ လက်ခံလိုက်ပါတယ်။ တစ်ချိန်က ကမ္ဘာ့ဟဲဗီးဝိတ်ချံပီယံနှစ်ကြိမ်ဖြစ်ဖူးတဲ့ ရော့ကီနဲ့ လက်ရှိချန်ပီယံ မေဆန်တို့ရဲ့ပွဲဟာ တစ်ကမ္ဘာလုံးကိုစိတ်၀င်စားစေခဲ့ပါတယ်။နွားပျိုသန်လှ နွားအိုပေါင်ကျိုးဆိုတဲ့စကားပုံကရှိသေးတော့ ဒီအတိတ်နဲ့ပစ္စုပ္ပန်တို့ရဲ့တိုက်ပွဲမှာ ဘယ်သူကများအနိုင်ရရှိသွားမလဲ။ ရော့ကီကရော သူ့ရင်ထဲကအစိုင်အခဲ‌ကို ဒီပွဲထိုးကြိတ်ပြီးတော့ ချေဖျက်နိုင်ပါ့မလား။

Ice Cream Man (1995) ⭐IMDB: 4.7/10 (4 k Votes) 🎬 #Comedy #Horror #Thriller 🗓️ 1995 🎞️ Movie 📺 720p HD 🌎 #UnitedStates ⏰ 1 နာရီ 26 မိနစ် 56 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ရေခဲမုန့်အရမ်းကြိုက်တဲ့ကောင်လေးက ငယ်ငယ်က သူဝယ်စားနေကျရေခဲမုန့်သည်ကြီး သူ့ရှေ့မှာအသတ်ခံလိုက်ရတာကိုမြင်ပြီး  Traumaရသွားတယ်..။ အဲဒီနောက် သူကြီးလာတော့ ကိုယ်တိုင်ရေခဲမုန့်သည်ဖြစ်လာတယ်။ ကလေးတွေအရမ်းကြိုက်ကြတဲ့ ရေခဲမုန့်ပေါ့။ ဒါပေမဲ့ ရေခဲမုန့်ထဲမှာ ဘာတွေထည့်ထားလဲဆိုတာကိုသိရင်တော့ စားချင်ကြတော့မှာမဟုတ်ပါဘူး။ ကလေးပျောက်မှုတွေ လူသတ်မှုတွေက ရေခဲမုန့်သည်ရဲ့လက်ချက်ဆိုတာကို ဂျွန်နီ၊ ဟယ်သာ၊ တူနာတို့ကလွဲရင် တစ်ရပ်ကွက်လုံးမသိကြသလို ကလေးတွေက ခဏခဏတိုင်ကြားပေမဲ့ သက်သေလည်းမရှိတော့ ရဲတွေလည်း ဘာမှလုပ်လို့မရပါဘူး။ ဒီတော့ ဂျွန်နီတို့ဖွဲ့ထားတဲ့ ဒုံးပျံအဖွဲ့သားတွေကရော ရေခဲမုန့်သည်ကို အနိုင်ယူနိုင်ပါ့မလား၊ စိတ္တဇလူသတ်သမားရေခဲမုန့်သည်ကရော ဘယ်လိုဇာတ်သိမ်းသွားမလဲဆိုတာကို Ice Cream Manဇာတ်ကားထဲမှာ ကြည့်ရှုအဖြေရှာလို့ရပါပြီ။ လူသားပေါက်စီလို ခပ်ဆင်ဆင်ကားမျိုးမို့ အသည်းငယ်သူတွေ မကြည့်သင့်ပါဘူး။

Rocky Balboa (2006) ⭐IMDB: 7.1/10 (221 k Votes) 🎬 #Action #Drama #Short #Sport 🗓️ 2006 🎞️ Movie 📺 1080p FHD 🌎 #UnitedStates ⏰ 1 နာရီ 43 မိနစ် 49 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 လက်ဝှေ့ကားကြိုက်သူတွေအတွက် မင်းသားကြီးစတားလုံးကိုယ်တိုင် ဒါရိုက်တာလုပ်ပြီးရိုက်ကူးထားတဲ့ ဇာတ်ကားလေးတင်ဆက်ပေးလိုက်ပါပြီ။ ဒီဇာတ်ကားဟာ ရှေ့ Rocky ဇာတ်လမ်းတွဲတွေရဲ့ အဆက်ဖြစ်ပြီး ၁၉၉၀ခုနှစ်ကထွက်ရှိထားတဲ့ Rocky(V) ရဲ့ နောက်ဆက်တွဲဇာတ်လမ်းဖြစ်ပါတယ်။ လက်ဝှေ့လောကကနေ အသက်အရွယ်ရလာလို့ အနားယူထားပြီးပြီဖြစ်တဲ့ ရော့ကီဘယ်လ်ဘိုအာဟာ သူ့မိန်းမဆုံးပြီးတဲ့နောက် ဘ၀ဟာအဓိပ္ပါယ်မဲ့နေခဲ့ပါတယ်။ သူဟာစားသောက်ဆိုင်လေးတစ်ဆိုင်ဖွင့်ပြီး အေးအေးချမ်းချမ်းနေနေပေမယ့် သူ့ရင်ထဲကအစိုင်အခဲကြီးကတော့ ပျောက်ပျက်မသွားပါဘူး။ ဒီတော့ အတိတ်က သူထိုးကြိတ်ခဲ့ဖူးတဲ့အငွေ့အသက်တွေ၊ သူ့မိန်းမရဲ့အားပေးသံတွေ တစ်ခေါက်ပြန်ပြီးခံစားနိုင်ဖို့အတွက် ကြိုးဝိုင်းထဲကို တစ်ခေါက်ပြန်ပြီး၀င်လာခဲ့ပါတယ်။ အစကတော့ ပွဲငယ်လေးတွေပဲ ထိုးဖို့စိတ်ကူးထားပေမယ့် ရှုံးပွဲမရှိ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ မေဆန်ဒစ်ဆန်က လက်ရည်စမ်းပွဲထိုးဖို့ လာရောက်ကမ်းလှမ်းတော့ လက်ခံလိုက်ပါတယ်။ တစ်ချိန်က ကမ္ဘာ့ဟဲဗီးဝိတ်ချံပီယံနှစ်ကြိမ်ဖြစ်ဖူးတဲ့ ရော့ကီနဲ့ လက်ရှိချန်ပီယံ မေဆန်တို့ရဲ့ပွဲဟာ တစ်ကမ္ဘာလုံးကိုစိတ်၀င်စားစေခဲ့ပါတယ်။နွားပျိုသန်လှ နွားအိုပေါင်ကျိုးဆိုတဲ့စကားပုံကရှိသေးတော့ ဒီအတိတ်နဲ့ပစ္စုပ္ပန်တို့ရဲ့တိုက်ပွဲမှာ ဘယ်သူကများအနိုင်ရရှိသွားမလဲ။ ရော့ကီကရော သူ့ရင်ထဲကအစိုင်အခဲ‌ကို ဒီပွဲထိုးကြိတ်ပြီးတော့ ချေဖျက်နိုင်ပါ့မလား။

Ice Cream Man (1995) ⭐IMDB: 4.7/10 (4 k Votes) 🎬 #Comedy #Horror #Thriller 🗓️ 1995 🎞️ Movie 📺 1080p FHD 🌎 #UnitedStates ⏰ 1 နာရီ 26 မိနစ် 56 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ရေခဲမုန့်အရမ်းကြိုက်တဲ့ကောင်လေးက ငယ်ငယ်က သူဝယ်စားနေကျရေခဲမုန့်သည်ကြီး သူ့ရှေ့မှာအသတ်ခံလိုက်ရတာကိုမြင်ပြီး  Traumaရသွားတယ်..။ အဲဒီနောက် သူကြီးလာတော့ ကိုယ်တိုင်ရေခဲမုန့်သည်ဖြစ်လာတယ်။ ကလေးတွေအရမ်းကြိုက်ကြတဲ့ ရေခဲမုန့်ပေါ့။ ဒါပေမဲ့ ရေခဲမုန့်ထဲမှာ ဘာတွေထည့်ထားလဲဆိုတာကိုသိရင်တော့ စားချင်ကြတော့မှာမဟုတ်ပါဘူး။ ကလေးပျောက်မှုတွေ လူသတ်မှုတွေက ရေခဲမုန့်သည်ရဲ့လက်ချက်ဆိုတာကို ဂျွန်နီ၊ ဟယ်သာ၊ တူနာတို့ကလွဲရင် တစ်ရပ်ကွက်လုံးမသိကြသလို ကလေးတွေက ခဏခဏတိုင်ကြားပေမဲ့ သက်သေလည်းမရှိတော့ ရဲတွေလည်း ဘာမှလုပ်လို့မရပါဘူး။ ဒီတော့ ဂျွန်နီတို့ဖွဲ့ထားတဲ့ ဒုံးပျံအဖွဲ့သားတွေကရော ရေခဲမုန့်သည်ကို အနိုင်ယူနိုင်ပါ့မလား၊ စိတ္တဇလူသတ်သမားရေခဲမုန့်သည်ကရော ဘယ်လိုဇာတ်သိမ်းသွားမလဲဆိုတာကို Ice Cream Manဇာတ်ကားထဲမှာ ကြည့်ရှုအဖြေရှာလို့ရပါပြီ။ လူသားပေါက်စီလို ခပ်ဆင်ဆင်ကားမျိုးမို့ အသည်းငယ်သူတွေ မကြည့်သင့်ပါဘူး။

The Integrity of Joseph Chambers (2022) ⭐IMDB: 6.1/10 (249 Votes) 🎬 #Drama #Thriller 🗓️ 2022 🎞️ Movie 📺 720p HD 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 33 မိနစ် 43 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Integrity of Joseph Chambers (2022) ~IMDb – 6.1/10, RT – 88%, Meta – 63% ~ 2022 ရဲ့ ဇာတ်ကားတစ်ကားဖြစ်တဲ့ The Integrity of Joseph Chambers က ​ဇာတ်လမ်း​တဖြည်းဖြည်း ဇာတ်ရှိန်တက်သွားတာမျိုးကိုကြိုက်တဲ့သူ​တွေ ကြည့်သင့်တဲ့ ဒရာမာဇာတ်ကား​ကောင်း​လေးတစ်ကားဖြစ်ပါတယ်။ Cast တွေအနေနဲ့ F&F အတွဲလိုက်ကြီးမှာ ဒွန်မနစ်တိုရက်တိုရဲ့ ညီမ၊ ဘရိုင်ယန်အိုကော်နာရဲ့ မိန်းမအဖြစ်သရုပ်ဆောင်ခဲ့တဲ့ Jordana Brewster ရယ်၊ The Walking Dead ထဲက အကောင်းဆုံး Villain ဘဲကြီးလည်းဖြစ်သလို Watchmen ထဲမှာ Comedian အဖြစ်နဲ့ရော၊ BvS မှာ ဘရုစ်ဝိန်းရဲ့အဖေအဖြစ်နဲ့ရော သရုပ်ဆောင်ခဲ့တဲ့ Jeffrey Dean Morgan တို့ ပါဝင်ထားပါတယ်။ ~ ဇာတ်လမ်းအညွှန်း ~ ဂျိုးဆက်တစ်​ယောက် မိသားစုအ​ပေါ် ရပ်တည်နိုင်မှုနဲ့ ​ယောက်ျားဆန်မှုကိုပြသဖို့ သမင်အမဲလိုက် တစ်​​ယောက်တည်းသွားရင်း လူတစ်​ယောက်ကို မ​တော်တဆ ပစ်သတ်မိတဲ့အခါ ဖြစ်​​ပေါ်လာတဲ့ လူ​တွေရဲ့သဘာဝ စိတ်​နေစိတ်ထား​တွေကို ဇာတ်ရှိန်​ကောင်း​ကောင်းနဲ့ရိုက်ပြထားတဲ့ ဒရာမာရုပ်ရှင်ကား​လေးတစ်ကားပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုDBမှ ပြန်ဆို ရေးသားထားပါတယ်)

The Integrity of Joseph Chambers (2022) ⭐IMDB: 6.1/10 (249 Votes) 🎬 #Drama #Thriller 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 33 မိနစ် 43 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Integrity of Joseph Chambers (2022) ~IMDb – 6.1/10, RT – 88%, Meta – 63% ~ 2022 ရဲ့ ဇာတ်ကားတစ်ကားဖြစ်တဲ့ The Integrity of Joseph Chambers က ​ဇာတ်လမ်း​တဖြည်းဖြည်း ဇာတ်ရှိန်တက်သွားတာမျိုးကိုကြိုက်တဲ့သူ​တွေ ကြည့်သင့်တဲ့ ဒရာမာဇာတ်ကား​ကောင်း​လေးတစ်ကားဖြစ်ပါတယ်။ Cast တွေအနေနဲ့ F&F အတွဲလိုက်ကြီးမှာ ဒွန်မနစ်တိုရက်တိုရဲ့ ညီမ၊ ဘရိုင်ယန်အိုကော်နာရဲ့ မိန်းမအဖြစ်သရုပ်ဆောင်ခဲ့တဲ့ Jordana Brewster ရယ်၊ The Walking Dead ထဲက အကောင်းဆုံး Villain ဘဲကြီးလည်းဖြစ်သလို Watchmen ထဲမှာ Comedian အဖြစ်နဲ့ရော၊ BvS မှာ ဘရုစ်ဝိန်းရဲ့အဖေအဖြစ်နဲ့ရော သရုပ်ဆောင်ခဲ့တဲ့ Jeffrey Dean Morgan တို့ ပါဝင်ထားပါတယ်။ ~ ဇာတ်လမ်းအညွှန်း ~ ဂျိုးဆက်တစ်​ယောက် မိသားစုအ​ပေါ် ရပ်တည်နိုင်မှုနဲ့ ​ယောက်ျားဆန်မှုကိုပြသဖို့ သမင်အမဲလိုက် တစ်​​ယောက်တည်းသွားရင်း လူတစ်​ယောက်ကို မ​တော်တဆ ပစ်သတ်မိတဲ့အခါ ဖြစ်​​ပေါ်လာတဲ့ လူ​တွေရဲ့သဘာဝ စိတ်​နေစိတ်ထား​တွေကို ဇာတ်ရှိန်​ကောင်း​ကောင်းနဲ့ရိုက်ပြထားတဲ့ ဒရာမာရုပ်ရှင်ကား​လေးတစ်ကားပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုDBမှ ပြန်ဆို ရေးသားထားပါတယ်)