ဇာတ်ညွှန်းများ • FDMN
Yopiq kanal
Ma'lumot yo'q
Obunachilar
-524 soatlar
-47 kun
+730 kun
Postlar arxiv
Just Super (2022) ⭐IMDB: 5.3/10 (283 Votes) 🎬 #Animation #Family #Fantasy 🗓 2022 🎞 movie 🌎 #Norway ⏰ 1 နာရီ 16 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဟက်ဒ်ဝစ်ဟာ ထရိုးမြို့ကလေးမှာ နေထိုင်ပြီး ဂိမ်းဆော့ရတာကို ကြိုက်တဲ့ သာမန်ကောင်မလေးတစ်ယောက်ပါ။ သူတို့မြို့ကလေးမှာ ခေတ်အစဉ်အဆက် မြို့ကလေးကို လုံခြုံအောင် ကာကွယ်ပေးလာတဲ့ စူပါလိုင်းယွန်းဆိုတဲ့ သူရဲကောင်းရှိပါတယ်။ သူဘယ်သူလဲဆိုတာတော့ တစ်မြို့လုံးက မသိရပေမယ့် သူရှိနေရင် မြို့ကလေးက လုံခြုံနေပါတယ်။ တကယ်တော့ ဒီသူရဲကောင်းက ဟက်ဒ်ဝစ်ရဲ့ အဖေဖြစ်ပါတယ်။ ဒါပေမဲ့ သူ့အဖေဟာ ဟက်ဒ်ဝစ်ရဲ့ အမေဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့အချိန်မှာ ဟက်ဒ်ဝစ်အပေါ် မနွေးထွေးနိုင်တော့သလို သူတို့ကို မျိုးရိုးစဉ်ဆက် စွမ်းအင်ပေးလာတဲ့ စူပါဝတ်စုံကို လက်ဆင့်ကမ်းဖို့လည်း အတွေးထဲမရှိတော့ပါဘူး။ အဲဒီတော့ ဟက်ဒ်ဝစ်အစား အရည်အချင်းရှိတဲ့ သူ့တဝမ်းကွဲအစ်ကို အေဒရီယန်ကို ဝတ်စုံကို လွဲပေးဖို့ လုပ်ပါတော့တယ်။ ဒီတော့ ဟက်ဒဝစ်လေးခမျာ သူ့အဖေကို သူလုပ်နိုင်ကြောင်း သူ့မှာလည်း အရည်အချင်းရှိကြောင်း သက်သေပြဖို့အတွက် ကြိုးစားပါတော့တယ်။ ဒီတော့ သူ့အနေနဲ့ သူ့အဖေကို သက်သေပြနိုင်အောင် ကြိုးစားနိုင်ပါ့မလား၊ ဒီဝတ်စုံကိုရော သူရမှာလား၊ သူ့တဝမ်းကွဲအစ်ကိုကရော ဒီဝတ်စုံနဲ့ တကယ်ထိုက်တန်ရဲ့လားဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ကာတွန်းကားကောင်းလေး ဖြစ်ပါတယ်။...
Saved! (2004) ⭐TMDB: 64% User Score 🎬 #Comedy #Drama 🗓 2004 🎞 movie 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 32 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဆယ်ကျော်သက်အရွယ် မေရီက အမေရိကန်အီးဂဲလ်ခရစ်ယာန်အထက်တန်းကျောင်းမှာ တက်ရောက်နေပြီးတော့ ယုံကြည်သက်ဝင်သူတစ်ဦး ဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူမနဲ့ သူမရဲ့ ရည်းစား ဒင်းတို့ ရေတူတူကူးနေတဲ့အချိန် သူမရဲ့ရည်းစားက သူ့ကိုယ်သူ ဂေးနေတယ်လို့ ထင်ကြောင်း ဝန်ခံလာပါတော့တယ်။ အထိတ်တလန့်နဲ့ မေရီက ခေါင်းဆောင့်မိပြီး ဘုရားသခင်ကို မြင်လိုက်တဲ့အပြင် ဘုရားသခင်က ဒင်းကိုကူညီပေးဖို့ သူ့ကိုပြောလိုက်တယ်လို့ ထင်လာပါတော့တယ်။ ဘုရားသခင်က သူမကို ခွင့်လွှတ်ပေးလိမ့်မယ်လို့ ယုံကြည်ပြီး ဒင်းကို ကူညီဖို့အတွက် သူမရဲ့ အပျိုစင်ဘဝကို ပေးအပ်လိုက်ပါတော့တယ်။ ကံမကောင်းအကြောင်းမလှစွာနဲ့ သူမကိုယ်ဝန်ရှိလာတဲ့အခါ ဘာသာရေးကို ယုံကြည်သက်ဝင်သူအသိုင်းအဝိုင်းအကြား သူမဘယ်လိုရုန်းကန်မလဲ။ သူမသူငယ်ချင်းတွေကရော သူမအပေါ် ဘယ်လိုမြင်ကြမလဲ။ သူမသူငယ်ချင်းတွေထဲ ဘယ်သူတွေက သူမကို ကူညီမလဲ။ ဘယ်သူတွေက သူမကို ဝိုင်းပယ်လိုက်မလဲ ဆိုတာကို ပေါ့ပေါ့ပါးပါးနဲ့ ဆက်လက်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအမျိုးအစားကတော့ Comedy အမျိုးအစားဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာ မေရီအဖြစ် Jena Malone၊ မေရီရဲ့ သူငယ်ချင်း ဟယ်လာရီအဖြစ် Mandy Moore နဲ့ Home Alone ရဲ့ အဓိကဇာတ်ဆောင် ဖြစ်တဲ့ Macaulay Culkin က ဟယ်လာရီရဲ့ အစ်ကို ရိုလန်အဖြစ် သရုပ်ဆောင်ထားပါတယ်။ အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ nway oo k zaw ဖြစ်ပါတယ်။...
Mars Express (2023) ⭐TMDB: 77% User Score 🎬 #Action #Animation #Mystery #ScienceFiction #SciFi #Thriller 🗓 2023 🎞 movie 🌎 #France ⏰ 1 နာရီ 28 မိနစ် 51 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb 7.6 ရထားတဲ့ ပြင်သစ် သိပ္ပံစိတ်ကူးယဥ် animation လေးကို တင်ဆက်ပေးလိုက်ပါတယ် ခေတ်လွန်မားစ်ဂြိုဟ်မှာ ဇာတ်လမ်းတည်ထားပြီး Aline ဆိုတဲ့ အလွတ်စုံထောက်မလေးနဲ့ သူ့ရဲ့ပါတနာ Carlos ဆိုတဲ့ စက်ရုပ်တစ်ရုပ်တို့က ဟက်ကာတစ်ယောက်ကို လိုက်ဖမ်းရင်း … နက်နဲတဲ့ လျှို့ဝှက်ကြံစည်မှုတစ်ခုကို သိလာတဲ့ ဇာတ်လမ်းပါ သူတို့ခေတ်မှာ စက်ရုပ်တွေနဲ့ လူသားတွေ ယှဥ်တွဲနေထိုင်ကြပြီး Aline ရဲ့ ပါတနာ Carlos ဟာဆိုရင်လည်း တစ်ချိန်က လူသားတစ်ယောက်ပါပဲ သေဆုံးသွားပြီးနောက်မှာမှ Back-up လို့ ခေါ်တဲ့ စက်ရုပ်အမျိုးအစားအဖြစ် ပြန်အသက်သွင်းခြင်း ခံလိုက်ရတာပါ လူသားနဲ့စက်ကြားက ဆက်နွယ်မှု ခေတ်လွန်ကာလက နေ့စဥ်ဘဝ အခက်အခဲတွေကို တွေ့မြင်ရမှာဖြစ်ပြီး စိတ်ဝင်စားစရာ ဇာတ်လမ်းလေးမို့ ညွှန်းပေးလိုက်ရပါတယ်...
Emmanuelle: The Joys of a Woman (1975) ⭐TMDB: 57% User Score 🎬 #Adult #Drama #Romance 🗓 1975 🎞 movie 🌎 #France ⏰ 1 နာရီ 32 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Emmanuelle: The Joys of a Woman 2 (1975) ================================ Lady Chatterley’s Lover (1981), Lolita (1997) တို့ဟာအထင်ကရဖြစ်ပါတယ်။ အခုမိတ်ဆက်ပေးချင်တာကတော့ Lady Chatterley’s Lover (1981) လို အဲ့ဒီခေတ်ကာလနာမည်ကျော်ဝတ္ထုကိုအခြေခံခဲ့တဲ့အောင်မြင်ခဲ့တဲ့ ပြင်သစ်ရဲ့ Emmanuelle Franchise ကြီးနဲ့ပါပဲ။ ၁၉၆၇ မှာထွက်ရှိခဲ့တဲ့ Emmanuelle Arsanရဲ့ Erotic novel တစ်အုပ်ဖြစ်တဲ့(Emmanuelle: The Joys of a Woman) ကိုအခြေခံရိုက်ကူးခဲ့တဲ့ Emmanuelle ပထမရုပ်ရှင်ဟာမင်းသမီး Sylvia Kristel ကိုဇာတ်ကောင်နဲ့တစ်သားတည်းကျသွားစေတဲ့အထိ သြဇာကြီးခဲ့ပြီး အခုချိန်ထိပြင်သစ်ရဲ့အအောင်မြင်ဆုံးရုပ်ရှင်တွေစာရင်းမှာလည်းပါဝင်နေတုန်းပဲဖြစ်ပါတယ်။ ဒီကားတွေထဲကမှဇာတ်လမ်းကောင်း ရုပ်ရှင်ကွာလတီကောင်းကောင်းရှိတဲ့ကားတွေပဲရွေးချယ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အခု ဒုတိယကားမှာတော့ အီမန်နျူရယ်ဟာ ဟောင်ကောင်မှာရောက်ရှိနေတဲ့ ခင်ပွန်းသည်ဆီကိုလိုက်သွားတာနဲ့စဖွင့်ထားပါတယ်။ ထုံးစံအတိုင်း သဘောၤပေါ်မှာဆုံခဲ့ရတဲ့ မိန်းမလှလေး ဟောင်ကောင်ကိုရောက်သွားချိန်မှာ သံတမန်အသိုင်းအဝိုင်းက အိမ်ရှင်မတွေ၊ သူတို့ကြားက ပွင့်လင်းတဲ့အလေ့အထတွေ သူ့ခင်ပွန်းသည်ကိုယ်တိုင်ရဲ့ခွင့်ပြုချက်နဲ့ အချစ်စွန့်စားခန်းဖွင့်ကြပုံတွေကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့...
The Brand New Testament (2015) ⭐IMDB: 7.1/10 (35 k Votes) 🎬 #Comedy #Fantasy 🗓 2015 🎞 movie 🌎 #Belgium #France #Luxembourg ⏰ 1 နာရီ 55 မိနစ် 43 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Dark Comedy ဟာသကားကိုမှ Rating ကောင်းကောင်းနဲ့ ဆုတွေ အများကြီးရထားတဲ့ ဇာတ်ကားကို ကြည့်ဖို့ ရှာနေတယ်ဆိုရင်တော့ ဒီ Brand New Testament ဆိုတဲ့ ဟာသ ဇာတ်ကားကို ကြည့်ဖို့ ၁၀၀ ရာခိုင်နှုန်း တိုက်တွန်း ချင်ပါတယ်။ ဘုရားသခင်က သူ့ဘဝကိုယ်သူ ငြီးငွေ့နေပြီး စိတ်တိုလွယ်တဲ့ အဘိုးကြီးတစ်ယောက်ဖြစ်တဲ့အပြင် လူသားတွေကို ဆင်းရဲ ဒုက္ခတွေ တစ်ခုပြီးတစ်ခုပေးရင်း သူ့ကိုယ်သူ မပျင်းအောင် လုပ်နေတဲ့ ဘိုးတော်ကြီးတစ်ယောက်အဖြစ် ဒီဇာတ်ကားထဲမှာ ပုံဖော်ထားတာပါ။ ဒီဇာတ်ကားထဲမှာ ဘုရားသခင်က ဘရပ်ဆဲလ်မြို့မှာ သူ့ရဲ့ မိန်းမနဲ့ သမီးဖြစ်သူ အီယာနဲ့တူနေတာပါ။ ဇာတ်ကားက ဘယ်လိုစပြီး ကြည့်ကောင်းလာသလဲဆိုတော့ သမီးဖြစ်သူ အီယာက ဖခင်ဖြစ်သူ ဘုရားသခင်ကို ဆန့်ကျင်ပြီး လူတွေရဲ့ သေဆုံးရက်တွေကို ဖြန့်လိုက်တာကနေ စပြီး ကြည့်ကောင်း လာတာပါပဲ။ Brand New Testament က အတွေးအခေါ် အသစ်တွေကို ကြိုက်ပြီး ဟာသကားတွေ ကြည့်တတ်တဲ့သူတွေအတွက် ကြည့်ကို ကြည့်ရမယ့် ဇာတ်ကားကောင်းတစ်ကားလို့ပဲ ပြောလိုက်ချင်ပါတယ်။...
Emmanuelle (1974) ⭐TMDB: 60% User Score 🎬 #Adult #Drama #Romance 🗓 1974 🎞 movie 🌎 #France #Thailand ⏰ 1 နာရီ 34 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ================== Erotic Literature တွေကိုအခြေပြုအောင်မြင်ခဲ့တဲ့ ရုပ်ရှင် တွေနဲ့ပတ်သက်ရင်အများကြီးပြေးမြင်စရာရှိသလိုချန်ထားလို့မရခဲ့တဲ့အထဲမှာ Lady Chatterley’s Lover (1981), Lolita (1997) တို့ဟာအထင်ကရဖြစ်ပါတယ်။ အခုမိတ်ဆက်ပေးချင်တာကတော့ Lady Chatterley’s Lover (1981) လို အဲ့ဒီခေတ်ကာလနာမည်ကျော်ဝတ္ထုကိုအခြေခံခဲ့တဲ့အောင်မြင်ခဲ့တဲ့ ပြင်သစ်ရဲ့ Emmanuelle Franchise ကြီးနဲ့ပါပဲ။ ၁၉၆၇ မှာထွက်ရှိခဲ့တဲ့ Emmanuelle Arsanရဲ့ Erotic novel တစ်အုပ်ဖြစ်တဲ့(Emmanuelle: The Joys of a Woman) ကိုအခြေခံရိုက်ကူးခဲ့တဲ့ Emmanuelle ပထမရုပ်ရှင်ဟာမင်းသမီး Sylvia Kristel ကိုဇာတ်ကောင်နဲ့တစ်သားတည်းကျသွားစေတဲ့အထိ သြဇာကြီးခဲ့ပြီး အခုချိန်ထိပြင်သစ်ရဲ့အအောင်မြင်ဆုံးရုပ်ရှင်တွေစာရင်းမှာလည်းပါဝင်နေတုန်းပဲဖြစ်ပါတယ်။နောက်ပိုင်း နောက်ဆက်တွဲရုပ်ရှင်တွေရိုက်ခဲ့သလို အီတလီ၊ဂျပန်၊အမေရိကန်၊ဟောင်ကောင်တို့ကပါ ဒီဇာတ်ကောင်ကိုယူပြီး ဇာတ်လမ်းတွေအမျိုးမျိုးရိုက်ခဲ့တဲ့အထိပေါက်ရောက်ခဲ့ပါတယ်။အဲ့ဒါတွေထဲက အီတာလျံမူဖြစ်တဲ့ “Black Emanuelle” ဇာတ်ကားတွဲတွေဟာထင်ရှားပါသေးတယ်။ ဒီကားတွေထဲကမှဇာတ်လမ်းကောင်း ရုပ်ရှင်ကွာလတီကောင်းကောင်းရှိတဲ့ကားတွေပဲရွေးချယ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အခု ပထမဆုံးဒီ franchise ကြီးရဲ့မြစ်ဖျားခံရာ ပထမဆုံးကားမှာတော့ အီမန်နျူရယ်ကိုပြင်သစ်သံအမတ်တစ်ယောက်ရဲ့ပျင်းရိနေတဲ့အိမ်ရှင်မတစ်ယောက်အဖြစ်တွေ့မြင်ရမှာပါ။ သူ့ခင်ပွန်းသည်တာဝန်ကျရာထိုင်းနိုင်ငံကိုလိုက်သွားခဲ့တဲ့ အီမန်နျူရယ်လေယာဉ်ပေါ်မှာတွေ့တဲ့ သူစိမ်းနှစ်ယောက်နဲ့အချစ်စွန့်စားခန်းဖွင့်ခဲ့ပုံ၊ ခင်ပွန်းသည်တာဝန်ကျနေရာမှာကြုံတွေ့ရတဲ့ မိန်းမလှလေးတွေနဲ့လိင်တူချင်းအချစ်ကိုရှာဖွေစူးစမ်းကြတာတွေ၊ သူ့ခင်ပွန်းသည်ကိုယ်တိုင်ရဲ့အားပေးတိုက်တွန်းမှုနဲ့ ဒီကိစ္စမှာ မိန်းမငယ်လေးလိုဖြစ်နေရာကနေ ရင့်ကျက်ပြီးမိန်းမတစ်ယောက်အဖြစ် အတွေ့အကြုံရင့်သန်လာအောင်သင်ယူလေ့ကျင့်ပုံတွေကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ အဲ့ဒီခေတ်ကာလမင်းသမီးတွေရဲ့အလှအပကိုအဖုံးအကွယ်မရှိ ပကတိအတိုင်းတွေ့မြင်ရမှာဖြစ်တဲ့အတွက် X-rating ရဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ Lady Chatterley’s Lover (1981) ရဲ့ဒါရိုက်တာ Just Jaeckin ကတာဝန်ယူပေးထားတာပါ။ စိတ်မကောင်းစရာတစ်ခုက ဒီဇာတ်ကားကို Léa Seydoux နဲ့ပြန်အသက်သွင်းဖို့ကြံရွယ်ထားခဲ့ပေမယ့် မင်းသမီးနူတ်ထွက်သွားခဲ့တဲ့အတွက်အခုတော့သူ့နေရာကို Noémie Merlant အဖြစ်ပြောင်းလဲလျာထားတယ်လို့သိရပါတယ်။ ဇာတ်ကားအသစ်ထွက်မလာခင် မူရင်းဂန္ဓဝင်ဇာတ်ကားကြီးကိုလေ့လာကြည့်ကြပါဦး။ (ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့...
The Thin Red Line (1998) ⭐TMDB: 74% User Score 🎬 #Drama #History #War 🗓 1998 🎞 movie 🌎 #Australia #USA #UnitedStates #Japan #UnitedStatesofAmerica #Belgium #Canada ⏰ 2 နာရီ 50 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Thin Red Line (1998) IMDb Rating (7.6) / Rotten Tomatoes (80%) ဒီရုပ်ရှင်ကားကြီးကတော့ သရုပ်ဆောင်ပေါင်းများစွာနဲ့ စစ်ပွဲရဲ့အနိဌာရုံအကြောင်းတွေကို အသေးစိတ်အနုစိတ်ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဂန္တဝင်ရုပ်ရှင်စစ်ကားကြီးဖြစ်ပါတယ်….. ကံဆိုးတာကတော့ တွမ်ဟန့်ရဲ့ Saving Private Pyan (1998) ရုပ်ရှင်ကားနဲ့တစ်နှစ်တည်းထွက်ခဲ့တာကြောင့် အော်စကာဆုတစ်ဆုမှမရခဲ့ဘဲ စကာတင်အဆင့်နဲ့တင်ကျေနပ်ခဲ့ရပြီး အခြားဆုပေးပွဲတွေမှာပဲ Won ခဲ့ရပါတယ်… ဒါပေမယ့် တချို့ဆိုရင် ဒီရုပ်ရှင်ကားကြီးကို Saving Private Pyan ထက် ပိုကြိုက်ခဲ့ကြပြီး အေးအေးလေးလေးခံစားတတ်သူများအဖို့တော့ TTRL က ခံစားစီးဝင်ဖို့ သိပ်ကောင်းတဲ့ရုပ်ရှင်ကားကြီးပါ….ရုပ်ရှင်ပြသချိန်ကလဲ ၃ နာရီလောက် ကြာရှည်ပြီး ကြည့်ရင်းကြည့်ရင်း ကိုယ်ပါရုပ်ရှင်ထဲရောက်ရှိသွားသလို နစ်မြောသွားမှာပါ။ TTRL ရဲ့ဇာတ်ကြောင်းကတော့ Saving Private Ryan (1998) နဲ့ Hacksaw Ridge (2016) စတဲ့နာမည်ကြီးစစ်ကားတွေလိုပဲ ရန်သူရဲ့ အဓိက အခြေချတပ်စွဲထားတဲ့နေရာတွေကို အသက်စွန့်ပြီး ဝင်သိမ်းတာကို အခြေပြုရိုက်ကူးထားပါတယ်… ဒီလိုခြေကုတ်ယူထားတဲ့နေရာဆိုတာနဲ့ ရန်သူက မိမိကို ရာနှုန်းပြည့် ပစ်ကွင်း မြင်ကွင်း အရာအားလုံးကို အသာစီးရနေပါတယ်…… ဒါ့ကြောင့် အဲ့ဒီနေရာလေး တစ်နေရာ ရဖို့အရေး အလောင်းတွေ တောင်လိုပုံခဲ့ရတာကို အနိဌာရုံတွေအဖြစ်မြင်တွေ့ကြရမှာပါ…. The Thin Red Line(1998) ဟာလည်း ဂျပန်တွေ သိမ်းထားတဲ့ ပစိဖိတ်စစ်မြေပြင်ရှိ Guadalcanal အရပ်က အော်စတန်တောင်ကုန်းကို အမေရိကန်တို့ ပြန်လည်သိမ်းယူတဲ့တိုက်ပွဲကို အဓိကထား ရိုက်ကူးထားတာပါ…. အော်စတန်တောင်ကုန်းက ကျယ်တဲ့အပြင် ချိုင့်ဝှမ်းတွေ ချုံတွေ များပြားလွန်းပါတယ်…ဂျပန်တွေဆိုတာကလည်း လာရောက်သိမ်းမယ့် အမေရိကန်တို့ရန်ကို ကြိုသိနေလို့ အခိုင်အမာ ခံစစ်ပြင်ဆင်ထားပါတယ်… ဒီစစ်ကားကိုမကြည့်ခင် ခင်ဗျားဟာယောင်္ကျားလေးတစ်ယောက်ဆိုရင် ကော်ဖီ၊ ဆေးလိပ်၊ ပြာခွက် ၊တစ်ရှူးစတာတွေကိုယူထားပါ…မိန်းကလေးဆိုရင်တော့ ဝါးရင်အသံမမည်တဲ့ အစားအစာမျိုး နဲ့ တစ်ရှူးကိုကြိုယူထားပါ…ဘာလို့ဆို ဇာတ်လမ်းစပြီး ၁၅မိနစ်မှာလောက်ကထဲက ဂျပန်တွေ အခြေချထားတဲ့ တောင်ကုန်းကို သွားသိမ်းတဲ့စစ်ကြောင်းနဲ့အတူ ခင်ဗျားဟာ မြောပါသွားလိမ့်မယ်… အမြှောက်ဆံတဝုန်းဝုန်း သေနတ်သံ တဒိုင်းဒိုင်းနဲ့ တကယ့်စစ်ပွဲထဲကို ကိုယ်တိုင်ရောက်နေသလိုမျိုးနဲ့ ဘယ်အချိန်များ ကျည်ဆံဖျားမှာ အသက်ပါသွားမလဲ….ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမှာပါ။ တစ်ဖက်နဲ့တစ်ဖက်ရန်သူတွေလိုတိုက်နေပေမယ့် ဘာအတွက်တိုက်နေကြတာလဲဆိုတဲ့ ဝိဝါဒတွေနဲ့ တင်ဆက်ပုံရော ဇာတ်ကြောင်းရော သရုပ်ဆောင်တွေရော လုံးဝကို ဂန္တဝင်ဖြစ်ခဲ့တဲ့ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Megumi မှ တင်ဆက်ထားပါတယ်။)...
Forgotten (2017) ⭐IMDB: 7.4/10 (46 k Votes) 🎬 #Mystery #Thriller #Crime 🗓 2017 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 48 မိနစ် 38 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးဟာတော့ 2017 ခုမှထွက်ရှိခဲ့တဲ့ mystery triller film အမျိုးအစားဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ ဒါရိုက်တာကတော့ Jang Hang-jun ဖြစ်ပြီး အဓိကသရုပ်ဆောင်တွေအနေနဲ့ကတော့ Kang Ha-neul, Kim Mu-yeol, Moon Sung-keun နဲ့ Na Young-hee တို့က ပါဝင် သရုပ်ဆောင်ထားကြပါတယ်။ rating အနေနဲ့ကတော့ IMDb rating 7.4/10 အထိ ရထားတဲ့ ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း အိမ်မက်ဆိုးတစ်ခုကနေလန့်နိုးလာတဲ့ လူတစ်ယောက် (ဂျင်ဆော့) ။ သူဘေးနားမှာ သူ့အကိုရယ် ၊ သူ့အမေရယ် ၊ သူ့အဖေရယ် နဲ့ အိမ်အသစ်ကိုပျော်ပျော်ရွှင်ရွှင် ပြောင်းလာခဲ့ကြတယ်။ ဂျင်ဆော့အတွက် အိမ်အသစ်ကို ပထမဆုံးရောက်ဖူးခြင်းဖြစ်ပေမယ့်လို့ သူ့စိတ်ထဲမှာ ထူးဆန်းစွာပဲ ဒီအိမ်ကို အရင်ကပဲ ရောက်ဖူးသလိုလို ခံစားနေရတယ်။ ပြီးတော့ သူတို့ပြောင်းလာတဲ့အိမ်ရဲ့ အခန်းတစ်ခန်းထဲက အသံတွေကိုလည်း ဂျင်ဆော့တစ်ယောက်ပဲ ထူးဆန်းစွာ ကြားနေရတယ်။ တစ်ညမှာတော့ သူ့အကိုနဲ့သူ လေညှင်းခံထွက်ရင်း သူ့အကိုပြန်ပေးဆွဲခံခဲ့ရတယ်။ အဲ့ဒီနောက် ၁၉ ရက်မြောက်အကြာမှာ သူ့အကိုပြန်ရောက်လာခဲ့ပြီး ထူးဆန်းတဲ့အမူအကျင့်တွေ ပြောင်းလဲလာခဲ့တယ်။ ဒါကို ဂျင်ဆော့တစ်ယောက် သဲလွန်စကနေတဆင့် လိုက်လံအဖြေရှာရင်း လုံးဝမထင်မှတ်ထားတဲ့ အဖြစ်အပျက်တွေကြုံတွေ့ခဲ့ရတယ်။ ဇာတ်လမ်းအကျဉ်းကိုတော့ ဒီလောက်ပဲပြောပြတော့မယ် ။ ဘယ်လို အလှည့်အပြောင်းတွေနဲ့ ဇာတ်လမ်းတစ်ခုလုံးကို ပြီးဆုံးသည်ထိကြည့်ချင်အောင် ဆွဲဆောင်သွားမလဲဆိုတာတော့ ဒီဇာတ်ကားထဲမှာပဲ ကြည့်ကြည့်လိုက်ပါနော်။ ထိပ်လန့်ခြောက်ခြားစရာ၊ ကြိုတင်ခန့်မှန်းလို့မရတဲ့ ဇာတ်လမ်းဇာတ်ကွက်ကြိုက်တဲ့သူများအတွက် အရမ်းကြည့်ရတန်မယ့်ကားလေးပါ။ ဒီဇာတ်ကားလေးဟာတော့ 2017 ခုမှထွက်ရိွခဲ့တဲ့ mystery triller film အမျိုးအစားဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ ဒါရိုက်တာကတော့ Jang Hang-jun ဖြစ်ပြီး အဓိကသရုပ်ဆောင်တွေအနေနဲ့ကတော့ Kang Ha-neul, Kim Mu-yeol, Moon Sung-keun နဲ့ Na Young-hee တို့က ပါဝင် သရုပ်ဆောင်ထားကြပါတယ်။ rating အနေနဲ့ကတော့ IMDb rating 7.4/10 အထိ ရထားတဲ့ ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ ဇာတ္လမ္းအက်ဥ္း အိမ်မက်ဆိုးတစ်ခုကနေလန့်နိုးလာတဲ့ လူတစ်ယောက် (ဂျင်ဆော့) ။ သူဘေးနားမှာ သူ့အကိုရယ် ၊ သူ့အမေရယ် ၊ သူ့အဖေရယ် နဲ့ အိမ်အသစ်ကိုပျော်ပျော်ရွှင်ရွှင် ပြောင်းလာခဲ့ကြတယ်။ ဂျင်ဆော့အတွက် အိမ်အသစ်ကို ပထမဆုံးရောက်ဖူးခြင်းဖြစ်ပေမယ့်လို့ သူ့စိတ်ထဲမှာ ထူးဆန်းစွာပဲ ဒီအိမ်ကို အရင်ကပဲ ရောက်ဖူးသလိုလို ခံစားနေရတယ်။ ပြီးတော့ သူတို့ပြောင်းလာတဲ့အိမ်ရဲ့ အခန်းတစ်ခန်းထဲက အသံတွေကိုလည်း ဂျင်ဆော့တစ်ယောက်ပဲ ထူးဆန်းစွာ ကြားနေရတယ်။ တစ်ညမှာတော့ သူ့အကိုနဲ့သူ လေညှင်းခံထွက်ရင်း သူ့အကိုပြန်ပေးဆွဲခံခဲ့ရတယ်။ အဲ့ဒီနောက် ၁၉ ရက်မြောက်အကြာမှာ သူ့အကိုပြန်ရောက်လာခဲ့ပြီး ထူးဆန်းတဲ့အမူအကျင့်တွေ ပြောင်းလဲလာခဲ့တယ်။ ဒါကို ဂျင်ဆော့တစ်ယောက် သဲလွန်စကနေတဆင့် လိုက်လံအဖြေရှာရင်း လုံးဝမထင်မှတ်ထားတဲ့ အဖြစ်အပျက်တွေကြုံတွေ့ခဲ့ရတယ်။ ဇာတ်လမ်းအကျဥ်းကိုတော့ ဒီလောက်ပဲပြောပြတော့မယ် ။ ဘယ်လို အလှည့်အပြောင်းတွေနဲ့ ဇာတ်လမ်းတစ်ခုလုံးကို ပြီးဆုံးသည်ထိကြည့်ချင်အောင် ဆွဲဆောင်သွားမလဲဆိုတာတော့ ဒီဇာတ်ကားထဲမှာပဲ ကြည့်ကြည့်လိုက်ပါနော်။ ထိပ်လန့်ခြောက်ခြားစရာ၊ ကြိုတင်ခန့်မှန်းလို့မရတဲ့ ဇာတ်လမ်းဇာတ်ကွက်ကြိုက်တဲ့သူများအတွက် အရမ်းကြည့်ရတန်မယ့်ကားလေးပါ။...
Spring Break Nightmare (2023) ⭐TMDB: 74% User Score 🎬 #Thriller #TVMovie 🗓 2023 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 28 မိနစ် 42 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားကတော့ ၂၀၂၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ သည်းထိတ်ရင်ဖို ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ကေလာလို့ခေါ်တဲ့ လှိုင်းစီး အားကစားသမား တစ်ယောက်အကြောင်းဖြစ်ပြီး သူမဟာ အပန်းဖြေခရီးသွားစဥ် ပြန်ပြေးဆွဲခံလိုက်ရပါတယ်။ သူမရဲ့အမေဖြစ်သူက ကယ်ဖို့ သွားရောက်တဲ့အခါမှာ သံသရရှိသူတွေနဲ့ ရင်ဆိုင်ရပုံကိုရိုက်ကူးထားတာဖြစ်ပါတယ်။ အမေဖြစ်သူက ကေလာ့ကို ကယ်တင်ရင်း ဘယ်လို အန္တရာယ်တွေ သစ္စာဖောက်မှုတွေနဲ့ ရင်ဆိုင်ရမလဲဆိုတာကိုကြည့်ရှု့ကြပါဦးခင်ဗျာ။...
White Rabbit (2013) ⭐IMDB: 5.9/10 (1 k Votes) 🎬 #Drama 🗓 2013 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 30 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Drama/Thriller ရုပ်ရှင်ကားဟောင်းလေးပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဟာလင်က ထူးခြားတဲ့ကလေးတစ်ယောက်ပါ။ ဘယ်လိုထူးခြားလဲဆိုတော့ တခြားသာမန်ကလေးတွေနဲ့မတူဘဲ ပိုငြိမ်ပြီး ထူးခြားတာပေါ့။ ဟာလင် ကလေးပေါက်စအရွယ်ကတည်းက အထိန်းအကျောင်းမတတ်တဲ့ ဖိုဝါဒီအဖေကြီးကြောင့် ဟာလင်က စိတ်ဒဏ်ရာတွေနဲ့ကြီးပြင်းလာခဲ့ရတယ်။ အလယ်တန်းရောက်လာတော့လည်း ကျောင်းမှာအနိုင်ကျင့်တာတွေခံရတယ်။ ဟာလင်မှာ စတီဗီလို့ခေါ်တဲ့သူငယ်ချင်းလေးတစ်ယောက်တော့ရှိတယ်။ တစ်ရက်မှာ ဟာလင်ဟာ သူငယ်ငယ်တုန်းက အဖေဖြစ်သူနဲ့ တောထဲအမဲလိုက်ထွက်ရင်း သတ်ခဲ့ဖူးတဲ့ယုန်လေးတစ်ကောင်ကို မျက်စိထဲ ပြန်ပြန်မြင်လာရပြီးနောက်မှာတော့ ဟာလင်ရဲ့စိတ်အခြေအနေတွေဟာ သူ့ကို ဆိုးရွားတဲ့အကျိုးဆက်တွေဆီကို တွန်းပို့ကြပါတော့တယ်။...
Rope (1948) ⭐TMDB: 80% User Score 🎬 #Crime #Drama #Mystery #Thriller 🗓 1948 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 21 မိနစ် 34 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 “ကြိုး” ကြိုးလေး တစ်ချောင်းက လူတွေအများကြီးရဲ့ ဘဝကို ပြောင်းလဲသွားစေမယ်ဆိုရင် သင် လက်ခံနိုင်ပါ့မလား။ 1948 ကဇာတ်ကားဆိုတော့ ဒီဘက်ခေတ်က လူတွေနဲ့ အလှမ်းဝေးတဲ့ ကာလာတစ်ခုက ရုပ်ရှင်ဆိုရင်လဲ မမှားပါဘူး။ ဒါပေမယ့် IMDB နဲ့ Rotten Tomato မှာ rating တော်တော်ကောင်းတဲ့ ရုပ်ရှင်တစ်ကားပါ။ Director Hitchcock ရဲ့ ပထမဆုံး Technicolor နဲ့ရိုက်ခဲ့တဲ့ ရုပ်ရှင်ကားဖြစ်ပါတယ်။ သူငယ်ချင်းနှစ်ယောက်ဟာ Nietzchean Theory (နီချေး သီအိုရီ) ကို သဘောကျပြီး လောကမှာ လူ့အဆင့်အတန်း နှစ်မျိုးနဲ့ ဘယ်သူကတော့ ဘယ်သူ့ကို သတ်ခွင့်ရသင့်တယ်ဆိုတဲ့ အယူကို လက်တွေ့ဘဝထဲ ခေါ်ဆောင်လာခဲ့ပါတယ်။ ကျူးလွန်ခဲ့တာကို ဘယ်လိုရှောင်တိမ်းမလဲ။ လွတ်သွားမှာလား မိသွားမှာလားဆိုတာကို ဇာတ်သိမ်းခန်းအထိ စိတ်ဝင်တစား ကြည့်ရမှာဖြစ်ပါတယ်။အပြင်မှာ တကယ်ရှိခဲ့တဲ့ Leopold နဲ့ Loeb အမှုကို အခြေခံယူထားတဲ့ ဒီကားမှာ သရုပ်ဆောင်တွေ အားလုံးရဲ့ retro vibe ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်...
Atlas (2024) ⭐IMDB: 5.6/10 (6 k Votes) 🎬 #Action #ScienceFiction #Adventure #Drama #SciFi #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 36 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီရုပ်ရှင်ကတော ဂျေလို ခေါင်းဆောင်ပါဝင်ထားတဲ့ သိပ္ပံ စိတ်ကူးယဉ် စွန့်စားခန်း ရုပ်ရှင်အသစ်ပါ။ ဒါရိုက်တာကတော့ San Andreas တို့ Rampage တို့ရဲ့ ဖန်တီးရှင် Brad Peyton ပါပဲ။ ဇာတ်လမ်းအကျဉ်း လူသားတွေ တီထွင်ခဲ့တဲ့ စက်အသိဉာဏ် အေအိုင်တွေထဲက ဟာလန်ဆိုတဲ့ စက်ရုပ်တစ်ရုပ်က ဉာဏ်အလင်းပွင့်သွားပြီး ကမ္ဘာကို ဒုက္ခပေးနေတဲ့ လူသားတွေကို မျိုးတုံးအောင်လုပ်ဖို့ ကြံစည်ပါတော့တယ်။ ဒါပေမဲ့ အေအိုင်စက်ရုပ် အင်အားက နည်းသေးလို့ စစ်ရှုံးပြီး အခြားကမ္ဘာကို ထွက်ပြေးသွားရတယ်။ နှစ်ပေါင်းများစွာကြာတဲ့အထိ ဟာလန်ကို ရှာနေကြပြီးနောက်မှာတော့ အက်တလက်ဆိုတဲ့ ဟာလန်ရဲ့ ငယ်သူငယ်ချင်း မိန်းကလေးက တည်နေရာကိုတွေ့သွားပြီး အထူးတပ် ရိမ်းဂျားတွေက ဟာလန်ကို ဖမ်းဆီးဖို စစ်ဆင်ရေးထွက်လာကြပါတယ်။ အဲဒီခရီးမှာ အက်တလက်လည်း ပါလာပြီး ဟာလန်ရဲ့ဂြိုလ်ကို ရောက်ရောက်ချင်း ဆီးပြီး တိုက်ခိုက်ခံရတဲ့အခါ အသက်ရှင်ဖို့ကြိုးစားရင်း ဟာလန်ကိုလည်းနှိမ်နင်းဖို့ ကြိုးစားရပါတော့တယ်။ ဇာတ်လမ်းကောင်းကောင်း ရိုက်ချက်ကောင်းကောင်းနဲ့ သိပ္ပံကားကြိုက်သူတွေ ကြည့်သင့်တဲ့ ရုပ်ရှင်အမျိုးအစားပါပဲ။...
逃逸追踪 (2024) ⭐TMDB: 0% User Score 🎬 #Action #Crime #Drama 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 25 မိနစ် 42 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 လုချန်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ဆိုးရွာတဲ့ယာဉ်မတော်တဆမှုကိုစုံစမ်းစစ်ဆေးရာကကွင်းဆက်အမှုတွဲအနေနဲ့ မူးယစ်ဆေးဝါးရောင်းဝယ်မှုတစ်ခုပါ ပါလာခဲ့ပြီးအဆိုပါ မူးယစ်ဆေးဝါးရောင်းဝယ်ရေးဂိုဏ်းရဲ့ ခေါင်းဆောင်ကလွန်ခဲ့တဲ့ ၅ နှစ်က လုချန်ယာဥ်ထိန်းရဲဌာနကဒုအဖွဲ့မှူးလီယုံဖုန်းရဲ့ ဆရာကို သတ်သွားခဲ့တဲ့သူဖြစ်နေခဲပါတယ် လီယုံဖုန်းတစ်ယောက် ယာဥ်မတော်တဆမှုရဲ့ တရားခံကို စုံစမ်းရင်းတစ်ဖက်မှာလည်း မူးယစ်ဆေးဝါးရောင်းဝယ်ရေးဂိုဏ်းရဲ့ခေါင်းဆောင်ကို ဖမ်းဆီးနိုင်ဖို့ ကြိုးစားနေချိန်မှာသူ့သမီးရှင်းရှင်းပါ ပြန်ပေးဆွဲခံလိုက်ရတဲ့အခါမှာတော့ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ဒီဇာတ်ကားလေးမှာ ကြည့်ရှုအားပေးကြပါဦး...
Kaliyugam Pattanamlo (2024) ⭐IMDB: 8.5/10 (2 k Votes) 🎬 #Bollywood #Crime 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 26 မိနစ် 3 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Kaliyugan Pattanambo 2024 (စိတ္တဇအမွှာညီအစ်ကို) အမွှာတွေဆိုရင် စိတ်ချင်းဆက်ပြီး စိတ်တူကိုယ်တူရှိကြတာများပါတယ်။ဒီလို စိတ်တူကိုယ်တူအမွှာတွေအများကြီးရှိတဲ့ကြားထဲကနေတစ်ယောက်ကဖြူစင်ပြီး နောက်တစ်ယောက်က အရိုင်းဆန်ပြီးသွေးဆာနေတဲ့အမွှာလေးနှစ်ယောက်အကြောင်းကို တင်ဆက်ပေးချင်ပါတယ်။မိုဟန်ဆိုတဲ့လူမှာ အမွှာလေးနှစ်ယောက်ရှိပါတယ်။ ဗီဂျေးနဲ့ ဆာဂါတဲ့။ ဒီအမွှာလေးတွေ မမွေးခင်မှာ မိခင်ဖြစ်သူဟာ စိတ္တဇစာအုပ်တွေကိုပဲ ဖတ်ချင်စိတ်ပြင်းပြနေပါတယ်။ဒီလိုနဲ့ ဗီဂျေးနဲ့ ဆာဂါဆို့ အရွယ်နည်းနည်းရလာတော့ သူတို့ရပ်ကွက်ထဲမှာ အိမ်မွေးအကောင်လေးတွေနေ့တိုင်းနီးပါး သေဆုံးနေခဲ့ပြီးတော့ ဒီကိစ္စကို ကာကွယ်နိုင်ဖို့အတွက် အစောင့်တစ်ယောက်ငှားပြီး ရပ်ကွက်ကို ကင်းစောင့်ခိုင်းခဲ့ပါတယ်။ ဒီလိုနဲ့ သိလာရတာကတော့ ဒီကိစ္စတွေက မိုဟန်ရဲ့သားနှစ်ယောက်တည်းက တစ်ယောက်ရဲ့လက်ချက်ဖြစ်နေတယ်ဆိုတာပါပဲ။ဒီလိုနဲ့ ရပ်ကွက်ကလူကြီးတွေအကြံပေးချက်အရ သားနှစ်ယောက်ကို စိတ်ကျန်းမာရေးစစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့ဗီဂျေးဟာ သွေးကြောက်တတ်ပြီးတော့ ဆာဂါဟာ သွေးကို ချစ်မြတ်နိုးနေတာကိုသိလိုက်ရပါတော့တယ်။ ဒီလိုနဲ့ ဆရာဝန်ညွှန်ပေးတဲ့ဆေးကို တိုက်နေပေမယ့်လည်း ဆာဂါရဲ့ စိတ်ကျန်းမာရေးဟာ သက်သာမလာတဲ့အဆုံး စိတ်ကျန်းမာရေးဆေးရုံမှာပဲထားလိုက်ပြီးနောက် သူတို့မိသားစုဟာလည်း လက်ရှိနေတဲ့အိမ်ကိုရောင်းပြီး တခြားနေရာမှာသွားနေထိုင်ပြီးမိုဟန်ဟာ သားတစ်ယောက်ပဲရှိတဲ့ဖခင်အဖြစ်ပဲ ဆက်လက်နေထိုင်နေပါတယ်။ ဒီလိုနဲ့ ဗီဂျေးတို့ အသက်တွေကြီးလာပြီး ကောလိပ်တက်ရတဲ့အရွယ်ရောက်လာတဲ့နောက်မှာတော့ ကောင်မလေးတစ်ယောက်နဲ့ဆုံတွေ့ရင်း …….အဲဒီကောင်မလေးနဲ့ ဗီဂျေးတို့ ဘယ်လိုအချစ်ဇာတ်လမ်းလေးတွေ မြင်တွေ့ရမလဲ ….ဗီဂျေးရဲ့အမွှာ ဆာဂါကရော နောက်ပိုင်းမှာ ဘာတွေလုပ်ဦးမှာလဲ ….ဗီဂျေးနဲ့ ဆာဂါတို့ အမွှာညီအစ်ကိုနှစ်ယောက်ရဲ့ ဇာတ်လမ်းလေးဟာရော ဘယ်လိုဆက်ဖြစ်ဦးမလဲဆိုတာကိုစိတ္တဇဆန်ဆန်နဲ့ ကြည့်ရှုရမယ့် မှုခင်းဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Tomo ~ V~ Alex တို့ပဲဖြစ်ပါတယ်)...
Vallavan Vaguthadhada (2024) ⭐IMDB: 9.8/10 (18 Votes) 🎬 #Bollywood #Crime #Drama #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 43 မိနစ် 2 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Vallavan Vaguthadhada (2024) “လောဘသားတို့သွားရာလမ်း” Crime dramaကိုမှ ဆန်းသစ်တဲ့ဇာတ်ကွက် ဇာတ်ကောင်နာမည်ကအစအသေးစိတ်ပုံဖော်ထားတဲ့ ဇာတ်လမ်းမျိုးကိုကြိုက်သူတွေအတွက်တမီလ်ကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါပြီ။ဥစ္စာရမ္မက် ငမ်းငမ်းတက်နေတဲ့ လူသဘာဝတစ်စိတ်တစ်ပိုင်းနဲ့တောင်တစ်လုံးထက် နောက်တောင်တစ်လုံးကမြင့်တဲ့ဒုစရိုက်လောကမှာဘယ်လိုတွေကြုံရမလဲဆိုတာ ရှုစားရမှာပါ။ ဒီဇာတ်လမ်းလေးထဲမှာတော့ အဓိက ဇာတ်လိုက်တဖြစ်လည်း ဗီလိန်ဒုစရိုက်သား ၅ ယောက်ကိုမြင်ရမှာပါ။နာမည်ကသာ နီသီ(တရားမျှတမှု) တရားမျှတမှုကလွဲရင် မကောင်းတာမှန်သမျှတစ်ခုမှမချန်တဲ့အင်စပက်တာကြီးရယ်၊ လူကသာချမ်းသာပေမဲ့ စိတ်ဓာတ်ဆင်းရဲတဲ့ အကြွေးမဆပ်နိုင်သူတွေကိုကိုယ်တွင်းအင်္ဂါတွေယူတဲ့ ငွေတိုးချေးစားတဲ့ကူဘာရန်၊ ရုပ်လှလှကိုဗန်းပြပြီး လူတကာကိုလိမ်စားနေတဲ့မိန်းမမာယာသဲကိုးဖြာနဲ့ အာဂလ်ယာ၊ နောက်ဆုံးအနေနဲ့ သူခိုးနှစ်ယောက်ဖြစ်တဲ့ ချာကရာဗာသီနဲ့ ချီရန်ဂျီဗီ ဒီလူ ၅ ယောက်ကို ဇာတ်ကွက်တစ်ခုတည်းမှာ ဆုံဆည်းစေမယ့် ဇာတ်ဆရာရဲ့လှည့်ကွက်က ဘာဖြစ်မလဲ။သူတစ်ပါးဥစ္စာကိုမှ ငမ်းငမ်းတက်တဲ့ ဒီလူ ၅ ယောက်အတွက် ကံကြမ္မာဇာတ်ဆရာက ဘယ်လိုပြစ်ဒဏ်ချမှတ်သွားမလဲဆိုတာ… (အညွှန်းနဲ့ဘာသာပြန်ကတော့ Yunni ~ ToMo ~ V ~ Alexတို့ပဲဖြစ်ပါတယ်)...
Prasanna Vadanam (2024) ⭐IMDB: 6.8/10 (161 Votes) 🎬 #Bollywood #Drama #Action #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 24 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Prasanna Vadanam(2024)”မျက်နှာများ”================================ ဒါရိုက်တာ အာဂျွန်ဝိုင်ကေရဲ့ IMDb 8.2 ရတေလဂူးစကားပြောအက်ရှင်မှုခင်းရုပ်ရှင်လေးကို ချန်နယ်မြန်မာပရိသတ်ကြီးအတွက် တင်ဆက်ပေးချင်ပါတယ်။ ဆူရီယာဟာ အက်ဆီးဒန့်တစ်ခုကြောင့် prosopagnosia လို့ခေါ်တဲ့ ခံစားနေရသူပါ။Prosopagnosia ဆိုတာကတော့ ပြောရရင် မျက်နှာတွေကို မမှတ်မိနိုင်တဲ့ရောဂါပါ။အဖေအမေရဲ့ မျက်နှာကိုတောင် မမှတ်မိတာကြောင့် နေ့တဒူဝ တွေ့နေကျလူတွေကိုသူတို့ရဲ့ ထူးခြားတဲ့ဝိသေသတွေနဲ့ ကိုယ့်နည်းကိုယ့်ဟန်မှတ်ထားရတဲ့ ဆူရီယာဟာတစ်နေ့မှာ ရာဇဝတ်မှုတစ်ခုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ သာမန်အချိန်တွေမှာ သူ့ရဲ့ရောဂါက သူ့အတွက် အားနည်းချက်ဖြစ်ပေမဲ့အဲဒီရာဇဝတ်မှုမှာတော့ မျက်နှာတွေကို မမှတ်မိခြင်းက အားသာချက်ဖြစ်နေတဲ့အခါမှာတော့…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)...
Paune 9 (2023) ⭐IMDB: 7.3/10 (16 Votes) 🎬 #Bollywood #Drama #Thriller 🗓 2023 🎞 tv movie 🌎 #India ⏰ 1 နာရီ 40 မိနစ် 21 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Paune 9 (2023) ဒီတစ်ခါမှာတော့ မိုးအေးအေးလေးမှာ စိမ့်နေအောင်အသတ်အဖြတ်တွေ ကြည့်ရမယ့် TV-movie လေး တင်ဆက်ပေးလိုက်ပါတယ် ဂျက်ဖာက အရမ်းကြမ်းတဲ့ ဘဲတစ်ဗွေဖြစ်ပြီး သူတို့မြို့ကဒုစရိုက်ဂိုဏ်းခေါင်းဆောင်ကို လုပ်ကြံကာ လူတိုင်းကြောက်ရတဲ့ ဒုစရိုက်ရာဇာတစ်ယောက် ဖြစ်လာတယ် ညဥ့်နက်သန်းခေါင် ဘာမှစားစရာမကျန်တော့တဲ့ ဆိုင်တစ်ဆိုင်မှာ အသားမှာတာကြောင့်ဆိုင်ရှင်က သူ့သားလေးအသက်ကို ရန်ရှာမှာစိုးရိမ်ပြီး ကိုယ့်အသားကိုယ်လှီးကာ ချက်ကျွေးရတဲ့အဆင့် ဒီကနေ လူသားကိုခုံမင်သွားတဲ့ ဂျက်ဖာက “လူ့အသား” လုပ်ငန်းကို စတင်လုပ်ကိုင်တဲ့ နောက်မှာ … ဘယ်လိုတွေ ရက်ရက်စက်စက် ပြကွက်တွေနဲ့အတူ horror တစ်ကားလိုပရိသတ်ကြီးကို ဖျော်ဖြေသွားမလဲဆိုတာ ကိုယ်တိုင်ဒေါင်းကြည့်လိုက်ပါနော် အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni ~ V ~ Alex ~ ToMo ~ KKKZ တို့ ဖြစ်ပါတယ်...
The Beastmaster (1982) ⭐TMDB: 63% User Score 🎬 #Action #Adventure #Fantasy 🗓 1982 🎞 movie 🌎 #WestGermany #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 59 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Beastmaster (1982)Genre – Action, Adventure, FantasyIMDB – 6.2/10 1980 ကျော်ကာလက Conan the Barbarian တို့ Red Sonja တို့Hercules တို့လို ရှေးခေတ်စိတ်ကူးယဉ် စွန့်စားခန်းရုပ်ရှင်ကား ဖြစ်ပါတယ်။တခြားသူရဲကောင်းတွေလည်း သူ့အစွမ်းနဲ့သူ ရှိကြသလိုဒီကားထဲက ဇာတ်လိုက်ကလည်း ဇာတ်ကားနာမည်လိုပဲ ဘိမာစတာပါ။ ဟုတ်ပါတယ် သားရဲတိရစ္ဆာန်တွေနဲ့ စိတ်ချင်းဆက်သွယ်ပြောဆိုနိုင်ပြီးထိန်းချုပ်နိုင်တာကို ပြောချင်တာပါနော်။ မြန်မာလိုဆို သားရဲသခင်ကြီးပေါ့။ဇာတ်လမ်းအကျဉ်းကပြောရမယ်ဆို အာရွတ်ခ်နိုင်ငံမှာ ဘာသာရေးအစွန်းရောက်ပြီးအတတ်ကျူးသွားတဲ့ နတ်ဆရာကြီး မက်စ်ဟာ ဟောကိန်းတစ်ခုအရ မွေးဖွားလာတော့မယ့်ဘုရင့်သားတော်က သူ့ကိုသတ်မှာကို ကြောက်လန့်ပြီး သူ့ လက်အောက်ခံ စုန်းမတွေကိုဘုရင်နဲ့ မိဖုရား အိပ်နေတုန်းမှာ မိဖုရားကိုသတ်ပြီး ကလေးကို ခိုးခိုင်းခဲ့ပါတယ်။ ဒါပေမဲ့လည်း ကလေးလေးဟာ ကံကောင်းချင်တော့ တခြားလူတစ်ယောက်ရဲ့ကယ်တင်ခြင်းကို ခံလိုက်ရပြီး သတ္တဝါတွေနဲ့ ဆက်သွယ်နိုင်တဲ့စွမ်းရည်ရရှိကာ ကြီးပြင်းလာခဲ့ပါတယ်။ ဒါပေမဲ့လည်း သူတို့တစ်ရွာလုံးကို ကြမ်းတမ်းပြီးရက်စက်ယုတ်မာတဲ့ ဂျင်းစစ်တပ်ကြီးက ဖျက်ဆီးသွားတဲ့အခါ သူတစ်ယောက်ပဲအသက်ရှင်ကျန်ရစ်ခဲ့တော့ ပြန်ပြီးလက်စားချေမယ်ဆိုကာ သူ့ရဲ့အဖော်မွန်တွေဖြစ်တဲ့ကျားသစ်နက်ရယ် သိမ်းငှက်ကြီးရယ် မြွေပါလေးနှစ်ကောင်ရယ်နဲ့စွန့်စားခန်းကြီး ထွက်ပါတော့တယ်။ လမ်းခရီးတလျှောက် ဘယ်လိုထူးဆန်းခက်ခဲတာတွေကြုံတွေ့ရမလဲ အရမ်းချောတဲ့ ကျွန်မလေးကရော ဘယ်သူလဲဂျင်းစစ်တပ်နဲ့ နတ်ဆရာကြီးမက်စ်တို့ ဘယ်လိုဆက်စပ်နေမလဲ စသဖြင့်အစုံအလင်နဲ့ ၁၉၈၂ ခုနှစ်ထုတ်ဆိုပေမဲ့လည်း သူ့ခေတ်သူ့အခါနဲ့သူ CGI တွေသိပ်မသုံးပဲ ရှိသလောက်နဲ့ ရအောင်ရိုက်ပြထားတာတွေကို ပြန်ပြီး ခံစားရမှာပဲ ဖြစ်ပါတယ်။အိပ်ရာခန်းတွေ မပါဝင်ပေမဲ့လည်း မိန်းကလေး ရင်သားအလှတွေ ကွင်းကွင်းကွက်ကွက်ပြသထားတဲ့အတွက် ကြည့်ရှုမယ်ဆို သတိချပ်စေလိုပါတယ်ဗျာ။...
Monty Python and the Holy Grail (1975) ⭐TMDB: 78% User Score 🎬 #Adventure #Comedy #Fantasy 🗓 1975 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 32 မိနစ် 23 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Monty Python ဆိုတာကတော့ ဗြိတိန်က ဟာသအဖွဲ့ တစ်ခုပဲဖြစ်ပါတယ်။ ဒီမှာ လူသိနည်းပေမယ့် Monty Python ဟာ တော်တော်လေးကို လွှမ်းမိုးမှုကြီးတဲ့ အဖွဲ့တစ်ခုဖြစ်ခဲ့တာပါ။ ဒီဇာတ်ကားကလည်း Monty Python တို့ရဲ့ ထုံးစုံအတိုင်း သရော်ထားတဲ့နေရာမှာ တဘက်ကမ်းခပ်ပါပဲ။ နိုင်ငံရေးတွေ ဘာသာရေးတွေပါ မချန် အကုန်ထည့်ပြီး လှော်ထားတာပါ။ ထွက်ထားတာကြာပြီဆိုပေမယ့် သူတို့ရဲ့သရော်လုံးတွေက ထိမိနေတုန်းပါပဲ။မသေခင် ကြည့်သွားသင့်တဲ့ ကားကောင်းတစ်ကောင်းဖြစ်ပါတယ်။ ဘုရင် အာသာ ဆိုတာကိုတော့ တော်တော်များများသိကြလိမ့်မယ်ထင်ပါတယ်။ ဒီဇာတ်ကားရဲ့ အဓိကကျောရိုးကတော့ ဘုရင်အာသာရဲ့ ဇာတ်လမ်းကို လှောင်ထားတာပါပဲ။ ဒီဇာတ်ကားမှာတော့ ဘုရင်အာသာ သူရဲကောင်းတွေလိုက်စုတဲ့အချိန်ကနေစပြီး ရိုက်ပြထားပါတယ်။ အဲဒီနောက်မှာ ဘုရားသခင်က အာသာတို့အုပ်စုကို ဘုရားသခင်ရဲ့သောက်တော်ခွက်ကို ရှာဖို့ တာဝန်ပေးလိုက်ပါတယ်။ အဲဒီလိုနဲ့ သောက်တော်ခွက်ရှာရာ လမ်းတစ်လျှောက်မှာ အလွဲပေါင်းများစွာနဲ့ ပေါက်ကရတွေဖြစ်ကြတာကို ကြည့်ရှုရမှာပါ။ Fun fact တစ်ခုအနေနဲ့ပြောခဲ့ချင်တာကတော့ ဒီဇာတ်ကားထဲမှာ မြင်းတွေမပါရတဲ့အကြောင်းအရင်းက ပိုက်ဆံမရှိလို့ပါတဲ့ခင်ဗျာ။...
Field of Dreams (1989) ⭐TMDB: 71% User Score 🎬 #Drama #Family #Fantasy #Sport 🗓 1989 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 46 မိနစ် 2 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Field of dreams ဟာ 1989 ခုနှစ်က ထွက်ရှိခဲ့တဲ့ အမေရိကန် Sport/ Fantasy drama film ဖြစ်ပြီး IMDB rating 7.5၊ Rotten tomatoes 88% ထိရရှိထားပါတယ်။ ဒါရိုက်တာ Phil Alden Robinson ရဲ့ လက်ရာဖြစ်ပြီး Kevin Costner က ရေးလ်ကင်ဆယ်လာအဖြစ် အဓိကပါဝင် သရုပ်ဆောင်ထားပါတယ် ရေးလ်ဟာ အမျိုးသမီးဖြစ်သူအန်နီနဲ့ အိမ်ထောင်ကျပြီးတဲ့နောက် အိုင်အိုဝါကို ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ် အန်နီရဲ့ အကြံအရ သူတို့နှစ်ဦးဟာ ပြောင်းဖူးခင်းတစ်ခင်း ဝယ်ခဲ့ပါတယ် ညနေခင်းတစ်ခုမှာ ရေးလ်ဟာ ထိုပြောင်းခင်းထဲမှ “မင်းအဲဒါကိုဆောက်ရင် သူလာလိမ့်မယ်”ဆိုတဲ့ ထူးဆန်းတဲ့အသံကို ကြားခဲ့ပါတယ် ရေးလ်က ဒီအသံဟာ သူ့ကို ဘေ့စ်ဘောကွင်းဆောက်ဖို့ ပြောတာလို့ အခိုင်အမာ ယုံကြည်ခဲ့ပြီး လက်တွေ့အကောင်အထည် ဖော်ပါတော့တယ် ၁၉၁၉ခုနှစ် ကမ္ဘာအဆင့် ဘေ့စ်ဘောပြိုင်ပွဲမှာ တမင်အရှုံးပေးခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတဲ့ ခြေဗလာဂျိုးဂျက်ဆန်နဲ့ တခြားကစားသမားရှစ်ယောက်ဟာ ထိုကွင်းဆောက်ပြီးချိန်မှာ ရောက်လာပါတော့တယ် ဒီဘေ့စ်ဘောကွင်းကြီးဟာ သူတို့တွေ လူ့ဘဝတုန်းက မဖြစ်မြောက်ခဲ့ရတဲ့ အိပ်မက်တွေကို ဖြည့်ဆည်းပေးနိုင်မလား ရေးလ်ကရော ပြောင်းခင်းထဲကနေ အသံတွေထပ်ကြားရဦးမှာလား ဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်...
