uz
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Yopiq kanal

🚩 Channel was restricted by Telegram

Ko'proq ko'rsatish
Ma'lumot yo'q
Obunachilar
-524 soatlar
-47 kun
+730 kun
Postlar arxiv
The Long Game (2023) ⭐IMDB: 6.7/10 (761 Votes) 🎬 #Drama #History #Family 🗓 2023 🎞 movie 🌎 #UnitedStates #Colombia #UnitedStatesofAmerica ⏰ 1 နာရီ 53 မိနစ် 3 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb 6.7 Rotten Tomatoes 97% ရရှိထားတဲ့ ဒရာမာရုပ်ရှင်လေးပါ။ ဒီရုပ်ရှင်လေးက စာရေးဆရာ Humberto G. Garcia ရဲ့ ဝေဖန်မမှုတွေခံခဲ့ရပြီး ကိုယ်ပိုင်ထုတ်ဝေခဲ့တဲ့ စာအုပ်လေးကိုအခြေခံပြီး ပြန်လည်ရိုက်ကူးထားတာပါ။ ဒီရုပ်ရှင်ထဲမှာတော့ မက္ကဆီကိုနဲ့ အမေရိကန်နယ်စပ်က မြို့ငယ်လေးက မက္ကဆီကန်‌အထက်တန်းကျောင်းသား ငါးယောက်နဲ့ဖွဲ့ထားတဲ့ “Mustangs” လို့အမည်ရတဲ့ အထက်တန်းကျောင်းဂေါက်သီးရိုက်အသင်းလေးအကြောင်းကို ဇာတ်အိမ်တည်ထားပါတယ်။ အချိန်ကာလအားဖြင့် အမေရိကန် ဗီယက်နမ် စစ်တွင်းကာလ ၁၉၅၇ ဖြစ်ပါတယ်။ ဆန်ဖီလစ်ပီလို့ခေါ်တဲ့ မြို့ကလေးကတော့ အမေရိကန် နဲ့ မက္ကဆီကို နယ်စပ်မှာတည်ရှိတဲ့ မြို့ကလေးပါ။ ဒီမြို့ငယ်လေးက အထက်တန်းကျောင်းမှာ “ဂျိုး”လို့အမည်ရတဲ့ မက္ကဆီကန်ကျောင်းသားလေးနဲ့ သူငယ်ချင်းလေးယောက်ဟာ ဂေါက်သီးရိုက်အားကစားကို ဝါသနာထုံကြတဲ့သူတွေဖြစ်ပြီးတော့ အားလပ်ရက်တွေမှာလည်း ဆန်ဖီလစ်ပီ ဂေါက်ကလပ်မှာ ကယ်ဒီ (ဂေါက်ပစ္စည်းသယ်သူ) အလုပ်ကိုလုပ်ကိုင်ရင်း တဖက်တလှမ်းကနေ မုန့်ဖိုးရှာနေကြတဲ့ကျောင်းသားတွေပါ။ ၁၉၅၇ ဆိုတဲ့အချိန်ကာလဟာ အမေရိကန်မှာ လူမျိုးရေးခွဲခြားမှုတွေ အထွတ်အထိပ်ကိုရောက်ရှိနေတဲ့ကာလပါ။ ဆန်ဖီလစ်ပီမြို့ထဲမှာ ကြီးစိုးနေတဲ့အမေရိကန်တွေဟာ မက္ကဆီကန်တွေကို ခွဲခြားဆက်ဆံခဲ့ပါတယ်။ ဒီလိုလူမျိုးရေးခွဲခြားမှုဟာ အထက်တန်းလွှာအတွက် ပျော်စံရာဖြစ်တဲ့ ဂေါက်ကလပ်မှာလည်း အပါအ၀င်ဖြစ်ခဲ့ပါတယ်။ ဂေါက်ကလပ်တွေမှာ မက္ကဆီကန်လူမျိုးဆို အသင်း၀င်ဖြစ်ခွင့်မပေးတာတွေ၊ ဂျိုးတို့လို မက္ကဆီကန်ကျောင်းသားတွေဟာ ဂေါက်ကလပ်တွေမှာ ဂေါက်သီးရိုက်ခွင့်မရှိဘဲ ဂေါက်သီးရိုက်တဲ့သူတွေအတွက် လက်တိုလက်တောင်းလုပ်ပေးရတဲ့ကယ်ဒီ လို အလုပ်တွေကိုပဲ လုပ်ခွင့်ရတာမျိုးတွေပေါ့။ တစ်ရက်မှာတော့ ဂျိုးတို့ရဲ့ ဆန်ဖီလစ်ပီကျောင်းလေးကို ဂျေဘီပင်ယာဆိုတဲ့ ဆရာတစ်ဦးပြောင်းလာခဲ့တယ်။ ဂျေဘီက စစ်ပြန်တစ်ဦးပါ။ ဂေါက်ရိုက်ဝါသနာပါတဲ့ ဂျေဘီဟာ ဂျိုးတို့သူငယ်ချင်းအုပ်စုနဲ့ သိကျွမ်းသွားပြီးတော့ ဖီလစ်ပီအထက်တန်းကျောင်းရဲ့ ပထမဆုံး ဂေါက်သီးရိုက်အသင်းကို စထောင်လိုက်ပါတော့တယ်။ ဒီလိုနဲ့ နည်းပြဖြစ်သူ ဂျေဘီရဲ့ကြိုးစားမှုကြောင့် ဂျိုးတို့ရဲ့ ကျောင်းဂေါက်သီးရိုက်အသင်းလေးဟာ မက္ကဆီကန်ကျောင်းသားတွေ တစ်ခါမှ၀င်မပြိုင်ခဲ့ဖူးတဲ့ ကျောင်းပေါင်းစုံဂေါက်သီးရိုက်ပြိုင်ပွဲကို ၀င်ပြိုင်ရမယ့် ပထမဆုံး မက္ကဆီကန်အသင်းဖြစ်လာခဲ့ပါတယ်။ ဂျိုးက ဗလလည်းရှိ ဇလည်းရှိတဲ့ မက္ကဆီကန်လူငယ်လေးပါ။ အချိန်ပိုင်းအလုပ်လုပ်တော့သာ အမေရိကန်တွေရဲ့ ကယ်ဒီအလုပ်ကိုလုပ်တာ အမေရိကန်တစ်ယောက်ယောက်က “ကျူးကျော်မက္ကဆီကန်ကောင်”လို့ သမုတ်ပြီး စော်ကားလာပြီဆိုရင် နည်းနည်းလေးမှငြိမ်ခံမနေဘဲ တွေ့ရာပစ္စည်းနဲ့ကောက်ပြီး ‌ခေါင်းရိုက်ခွဲခဲ့တဲ့ ဇ ပြင်းတဲ့လူငယ်လေးပါ။ ဒီခပ်ပေပေလူငယ်လေးဟာ အမေရိကန်တို့အပိုင်စားရထားတဲ့ ဂေါက်ကွင်းထဲကိုရောက်လာတဲ့အချိန်မှာတော့ စည်းမျဉ်းစည်းကမ်းနဲ့အညီဆော့ရတဲ့ ဂေါက်သီးရိုက်အားကစားမှာ ထစ်ခနဲရှိ ထတုံ့ပြန်တတ်တဲ့အကျင့်ကိုချိုးနှိမ်ပြီး သူငယ်ချင်းလေးယောက်နဲ့အတူ နည်းပြဖြစ်သူ ဂျေဘီရဲ့စကားကိုနားထောင်ရင်း ပြည်နယ်ချန်ပီယံရှစ်အထိတက်လှမ်းပြီး မက္ကဆီကန်တွေ ဘယ်တုန်းကမှမပြသနိုင်ခဲ့တဲ့ ဂုဏ်သိက္ခာနဲ့ အရည်အချင်းတွေကိုပြသဖို့ရာ ကြိုးစားရ‌ပါတော့တယ်။ ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်ပြီး သရုပ်တဆောင်ပိုင်း ဇာတ်အိမ်ပိုင်းတွေကလည်း သေသပ်ကောင်းမွန်တဲ့အပြင် မြင်တွေ့ရခဲတဲ့ ဂေါက်သီးရိုက်အားကစားအကြောင်းကို ရိုက်ကူးပြထားတာကြောင့် သေချာပေါက် မြည်းစမ်းကြည့်ရှုဖို့သင့်တဲ့ ဇာတ်ကားကောင်းလေးဖြစ်ကြောင်း ညွှန်းပေးလိုက်ပါတယ်။
...

Dr. Lamb (1992) ⭐TMDB: 56% User Score 🎬 #Crime #Horror #Thriller 🗓 1992 🎞 movie 🌎 #HongKong ⏰ 1 နာရီ 31 မိနစ် 34 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Dr.Lamb (1992) ဟောင်ကောင် Noir ကားကိုမှ Horror theme နဲ့ ကြည့်ချင်သူများအတွက်ဟောင်ကောင်ရုပ်ရှင်မင်းသား Danny Lee ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီးစုံထောက်လီအနေနဲ့ပါ သရုပ်ဆောင်ထားတဲ့ ၁၉၉၂ ခုနှစ်ထွက် ဟောင်ကောင်ရုပ်ရှင်တစ်ကားကို တင်ဆက်ပေးပါရစေ။ ဒီရုပ်ရှင်ဟာ ၁၉၈၂ ခုနှစ်က ဟောင်ကောင်မှာဖြစ်ခဲ့တဲ့ တကယ့်ကွင်းဆက်လူသ-တ်မှုကြီးကို အခြေခံပြီး ရိုက်ထားတာဖြစ်ပါတယ်။တက္ကစီကားသမားအသွင်နဲ့ မိန်းကလေးတွေကို ကားပေါ်တင်၊ ရက်ရက်စက်စက် သ-တ်ဖြတ်၊ မုဒိ-မ်းကျင့်၊ အပိုင်းပိုင်း ခု-တ်ထ-စ်ပြီးဓာတ်ပုံတွေရိုက်ယူထားကာ ဆန်အိတ်ထဲထည့်ပြီး လွှတ်ပစ်တဲ့ လင်းကော်ယွီဆိုတဲ့ ကွင်းဆက်လူသ-တ်သမားအကြောင်းကိုဟောင်ကောင်ရုပ်ရှင်တွေရဲ့ အငွေ့အသက်တွေနဲ့အတူ ဖန်တီးရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ လင်းကော်ယွီရဲ့ စိတ်အခြေအနေနဲ့ ယုံကြည်မှုတွေ၊ သူဘာလို့ သ-တ်ရတယ်၊ဘယ်လိုမျိုး သ-တ်ပါတယ်ဆိုတဲ့အကြောင်း ဖြောင့်ချက်ပေးတာကိုမင်းသား Simon Yam သရုပ်ဆောင်ပြထားပုံက တော်တော်ပီပြင်လွန်းလှပါတယ်။ဘယ်လိုပီပြင်လဲဆိုတာ သိချင်ရင်တော့ လင်းကော်ယွီရဲ့ဘဝဇာတ်ကြောင်းကိုစုံထောက်လီနဲ့အတူ လိုက်ပါစီးမျောကြည့်လိုက်ပါလို့ပဲ ပြောချင်ပါတော့တယ်။ ဟောင်ကောင် Horror ရုပ်ရှင်လောကမှာတောင် Category 3 သတ်မှတ်ထားရတဲ့အထိ ဆိုးဝါးလှတဲ့ ဇာတ်ကားဖြစ်တဲ့အပြင်အဖော်အချွတ်ခန်းတွေလည်း တော်တော့် တော်တော်ကို ပါဝင်တဲ့အတွက် ၁၈ နှစ်အထက်မှမဟုတ်ရင် မကြည့်ဖို့ ကြိုတင်သတိပေးပါရစေ။ဒီကားကို ကြည့်ပြီးရင်တော့ မိန်းကလေးတွေ ညဘက် တစ်ယောက်တည်း တက္ကစီမစီးကြဖို့နဲ့ စီးမယ်ဆိုလည်းမိသားစုတွေ မိတ်ဆွေတွေကို သေချာအကြောင်းကြားပြီးမှ စီးဖို့ တစ်ခါတည်းမှာလိုက်ပါရစေနော်။ အညွှန်း နဲ့ ဘာသာပြန်ကတော့Eggပဲ ဖြစ်ပါတယ်။
...

How Is Katia? (2022) ⭐IMDB: 6.9/10 (152 Votes) 🎬 #Drama 🗓 2022 🎞 movie 🌎 #Ukraine ⏰ 1 နာရီ 37 မိနစ် 37 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ယူကရိန်းသရုပ်ဆောင်မင်းသမီး အန်နာစတေးရှားက ဒီရုပ်ရှင်ထဲမှာ သမီးလေးအတွက်ရုန်းကန်ရတဲ့ အမေတစ်ယောက်အဖြစ်ရော၊လောကဓံတရားရဲ့ ပုံမှန်ပြကွက်တွေမှာ ရှင်သန်ရုန်းကန်နေရတဲ့ ရဲရင့်တဲ့အမျိုးသမီးတစ်ယောက်အဖြစ်ရောကို အကောင်းဆုံးပီပြင်စွာခံစားသက်ဝင်နိုင်ခဲ့တဲ့အတွက် ၂၀၂၂ခုနှစ် ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို ရခဲ့ပါတယ်။ ကာတီယာဆိုတဲ့ ဆယ့်တစ်နှစ်သမီးလေးရဲ့ ကိုယ်ပိုင်တိုက်ခန်းနဲ့နေချင်တဲ့အိပ်မက်ကို ဖြည့်ဆည်းဖို့ အလုပ်သုံးလေးခုလုပ်ရင်း ကြိုးစားနေတဲ့ မိခင်ဖြစ်သူ အာနီယာ။ အာနီယာတို့သားအမိက စိတ်အခြေအနေသိပ်မကောင်းတော့တဲ့ မိခင်အိုကြီးရယ်၊ အစ်မဖြစ်သူရယ်နဲ့ အတူနေနေပေမဲ့ ဘဏ်ကြွေးယူပြီး သားမိနှစ်ယောက်အတူနေဖို့ တိုက်ခန်းဖိုးကြေအောင်ဆပ်နေရသူ။ တစ်ရက်မှာ သမီးဖြစ်သူ ကျောင်းအသွား ကားတိုက်ခံလိုက်ရတာကနေ အာနီယာရဲ့ဘ၀က ပြိုလဲပျက်စီးဖို့ အစပြုလာပါတော့တယ်။ သမီးဖြစ်သူရဲ့ ကျန်းမာရေးစရိတ်၊ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာကနေ တရားမျှတမှုရရှိဖို့၊ တိုက်ခန်းဖိုးဆက်မသွင်းနိုင်လို့ ဘဏ်ကနေ တိုက်ခန်းကိုသိမ်းဖို့အကြောင်းကြားတာတွေ။ ဒီလိုအဖြစ်အပျက်တွေကြားမှာ ရုန်းကန်ရတဲ့ အာနီယာရဲ့ဘ၀ကို ပီပီပြင်ပြင်ရိုက်ကူးပြထားလို့ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်)
...

Manjummel Boys (2024) ⭐IMDB: 8.6/10 (8 k Votes) 🎬 #Adventure #Bollywood #Thriller #Drama 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 16 မိနစ် 16 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Manjummel Boys(2024)( အသွားမတော်ကြသူများ) ဒီတစ်ခါ ပရိသတ်ကြီးကို တင်ဆက်မဲ့ကားလေးကတော့ IMDb 8.6/10 ရရှိထားတဲ့အပြင်ရုံတင်ငွေကလဲ ကုဋေ၂၀၀ကျော်ပြန်လည်ရရှိထားတဲ့  survival thriller ကားလေးပဲဖြစ်ပါတယ်။ဒီကားလေးဟာ ၂၀၀၆ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ကို အခြေတည်ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။ လူစုပြီး ခရီးသွားတဲ့အခါ တစ်ဖက်မှာလည်း ပျော်စရာကောင်းသလောက်တစ်ဖက်မှာလည်း အန္တရာယ်တွေနဲ့ကြုံပြီး မဆုံးနိုင်တဲ့အဖြစ်ဆိုးတွေကြုံတတ်ကြတာကို သိကြမှာပါ။ ဒီဇာတ်လမ်းလေးမှာကတော့ အပျော်လွန်သွားကြတဲ့ လူတစ်စု ခရီးသွားရင်းတားမြစ်နယ်မြေထဲရောက်ပြီးအဖွဲ့ထဲကတစ်ယောက် အန္တရာယ်ကြုံလိုက်ရတာကို ပြန်ကယ်ဖို့ကြိုးစားတာကို ကြည့်ရှုရမှာပါ။လူငယ်ပီပီစူးစမ်းချင်ဇောများပြီး အကြောက်အလန့်မရှိကြတဲ့သူတို့ တကယ်အန္တရာယ်ကြုံလာတဲ့အခါအယူအဆတွေနဲ့ ထိပ်တိုက်တွေ့ပြီး သူငယ်ချင်းကို ပြန်ကယ်ဖို့ဖြစ်လာပါတော့တယ်။ ဘယ်လိုမှ မတတ်နိုင်တဲ့အဆုံး ရဲတွေ မီးသတ်တွေကို ရအောင် အကူအညီတောင်းရင်း သူငယ်ချင်းဖြစ်သူကျသွားတဲ့ တွင်းနက်ကြီးထဲကို ဘယ်သူမှမဆင်းရဲတာမို့ အဖွဲ့ထဲကတစ်ယောက်ပဲ ဆင်းကယ်ရမဲ့အခြေအနေဖြစ်လာခဲ့ပါပြီ။ဆင်းလေလေ မဆုံးနိုင်တဲ့ တွင်းနက်ကြီးထဲ တကယ်ပဲ သူ့သူငယ်ချင်းကို ကယ်နိုင်သွားမလား။လူတွေ ကြောက်ကြတဲ့အတိုင်း ကျသွားပြီးရင် အစအနပြန်မရတဲ့ ဒီတွင်းထဲကနေ ထွက်လာနိုင်မလားဆိုတာတော့ပရိသတ်ကြီးပဲ ဆက်လက် ကြည့်ရှုလိုက်ပါတော့နော်။ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM BOLLYWOOD TEAM ကပဲဖြစ်ပါတယ်။
...

Her Body (2023) ⭐IMDB: 5.7/10 (328 Votes) 🎬 #Drama 🗓 2023 🎞 movie 🌎 #Czechia #Slovakia #CzechRepublic ⏰ 1 နာရီ 47 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Her Body (2023) ချက်ဇ်နိုင်ငံက ရိုက်ကူးထုတ်လုပ်ထားတဲ့ Drama ဇာတ်ကားကောင်းလေးပါ။အပြင်မှာ တကယ်ရှိခဲ့တဲ့ ချက်ဇ်နိုင်ငံက ဒိုင်ဗင်သမားတစ်ယောက်အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။(၁၈+ warning ဝတ်စလစ်အခန်းတွေ၊ လိင်ဆက်ဆံခန်းတွေ ပါဝင်တာမို့ မိသားစုနဲ့အတူ ကြည့်ဖို့ မသင့်တော်ပါဘူး) ဇာတ်လမ်းအကျဉ်းကတော့ အန်ဒရေယာ ဟာ ချက်ဇ်နိုင်ငံက နာမည်ကြီး ဒိုင်ဗင်သမား တစ်ယောက်ပါ။သူဟာ ချက်ဇ်သမ္မတနိုင်ငံရဲ့ ချန်ပီယံဖြစ်ပြီးတော့ အတ္တလန်တာမှာ အိုလံပစ်အားကစား ပြိုင်ပွဲမှာ သွားရောက် ယှဉ်ပြိုင်ရမှာပါ။အဲမတိုင်ခင် မက်ဒရစ်မြို့က ပြိုင်ပွဲ တစ်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ရင်း ကျောရိုးဒဏ်ရာရရှိသွားပြီး အားကစားလောက ကနေ အနားယူလိုက်ရပါတယ်။ဒီလိုနဲ့ ဘဝမှာ ရည်မှန်းချက် ပျောက်သွားတဲ့ အန်ဒရေယာ ဟာ အဒမ်ရဲ့ အကူအညီနဲ့အပြာကားလောကထဲကို ရောက်သွားပြီး နာမည်ကြီး အပြာမင်းသမီး ဖြစ်သွားပါတော့တယ်။အပြာလောကထဲရောက်သွားတဲ့ အန်ဒရေယာ့ ဘဝမှာ ဘာတွေ ရုန်းကန်ရမလဲဆိုတာကို ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုလိုက်ပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့Leonard Linပဲ ဖြစ်ပါတယ်။
...

Curry Mee (2024) ⭐TMDB: 0% User Score 🎬 #Bollywood #Comedy #Drama #Family #Music #Romance 🗓 2024 🎞 movie 🌎 #India #Malaysia ⏰ 2 နာရီ 38 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Curry Mee (2024) မလေးရှား ခေါက်ဆွဲ Curry Meeဆိုတဲ့စကားလုံးက မလေးရှားကို ရွှေ့ပြောင်းလာကြတဲ့တရုတ်လူမျိုးတွေဆီကနေ ဆင်းသက်လာခဲ့တာပါ။ မလေးရှားတွေရဲ့ အနံမွှေးတဲ့ဟင်းရည်အစပ်နဲ့တွဲဖက်လိုက်တော့ curry meeကို ရလာပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ နယ်မြို့လေးတစ်မြို့မှာ ရာဂျာနဲ့ အာမန်တို့ခေါင်းဆောင်တဲ့လူမိုက်အဖွဲ့နှစ်ခုဟာ အမြဲတမ်း တကျက်ကျက်ရန်ဖြစ်နေကြတာပါ။ တွေ့တဲ့နေရာမှာကြုံရာပြဿနာနဲ့ ရန်ဖြစ်နေကြတာမို့လို့ ရွာသားတွေလည်း စိတ်ရှုပ်စိတ်ညစ်ကြရပါတယ်။ သူတို့အရှုပ်အထွေးတွေကို ဖြေရှင်းရလွန်းတဲ့ ရွာလူကြီး ဆူလိုင်မန်ဟာ ရူးကြောင်ကြောင်တောင်ဖြစ်နေခဲ့ပါပြီ။သူတို့နှစ်ယောက်ကို ရွာလူကြီးကပြေလည်အောင် လုပ်ပေးခဲ့ပေမယ့် ခြံကိစ္စ မြေကိစ္စ စီးပွားရေးကိစ္စတွေနဲ့ထပ်ပြီးပြဿနာတက်လာခဲ့အခါ ရွာလူကြီးကအကြံတစ်ခုရလာခဲ့ပါတယ်။ ဒီလိုနဲ့ နှစ်တွေကြာတော့ရာဂျာရဲ့သမီးဟာ သူတို့နဲ့ ယဥ်ကျေးမှုဓလေ့ထုံးတမ်းမတူတဲ့ မလေးရှားနယ်ဖွားတရုတ်ကောင်လေးနဲ့ တက္ကသိုလ်မှာ ချစ်ကြိုက်မိနေပါပြီ။ မိဘတွေက သမီးဖြစ်သူကိုအသိုင်းအဝန်းထဲကသူနဲ့စေ့စပ်ပေးဖို့ ကြိုးစားလာတဲ့အခါမှာတော့ ဘယ်လိုတွေလွဲကြချော်ကြဘာတွေဆက်ဖြစ်ကြမလဲဆိုတာတော့ ဒီဇာတ်ကားလေးမှာ စောင့်ကြည့်ပေးကြပါဦး။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ BpL~ Alex ~ToMo ~ V ~ Suri ဖြစ်ပါတယ်)
...

To Die For (1995) ⭐TMDB: 66% User Score 🎬 #Comedy #Crime #Drama 🗓 1995 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 46 မိနစ် 41 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 To Die For [1995](IMDb 6.8/10, RT 66%) မင်းသမီးကြီး Nicole Kidman ရဲ့ ကားဟောင်းတွေထဲက ကားကောင်းတစ်ကား လာပါပြီ။ရုပ်ရှင်ဆုတွေလည်း အများကြီး ရထားခဲ့တဲ့ကားပါ။ဖြစ်ရပ်မှန်ကို မှီငြမ်းပြီး ရိုက်ကူးထားခဲ့ကားဖြစ်တဲ့အပြင်ဇာတ်ရဲ့ စလယ်ဆုံးကို ဆက်တိုက် ဆွဲခေါ်သွားနိုင်တဲ့ ဇာတ်ကားတစ်ကားပါပဲ။ ဆူဇန် မာရက်တိုဆိုသူဟာ ရုပ်မြင်သံကြားတင်ဆက်သူ တစ်ယောက်ဖြစ်ဖို့ ငယ်ငယ်လေးကတည်းက ရူးသွပ်ခဲ့ရသူပါ…ရူးသွပ်လွန်းလို့ နာမည်ကြီး အစီအစဉ်တင်ဆက်သူတွေရဲ့ ဘဝ၊ နေပုံထိုင်ပုံ၊ စားပုံသောက်ပုံ နောက်ဆုံး မင်္ဂလာပွဲမှာ သုံး ခြုံလွှာအထိ လိုက်တုပပြီး အသုံးပြုသူပါ…သူ့ယောက်ျား လယ်ရီ မာရက်တိုဟာလည်း သူ့ရဲ့ တမူထူးခြားတဲ့ ပုံစံကလေးကြောင့်ပဲ ဆူဇန်ကို ချစ်မြတ်နိုးပြီး လက်ထပ်ပေါင်းသင်းခဲ့သူပါ…ဒါပေမယ့် ဆူဇန်ဟာ ရုပ်မြင်သံကြားအလုပ်ပေါ်မှာ အလွန်အကြူးစွဲလမ်းနေတဲ့အတွက်ကြောင့်သူတို့မိသားစုပိုင်စီးပွားရေးဖြစ်တဲ့ စားသောက်ဆိုင်လုပ်ငန်းမှာ တွဲလုပ်ဖို့ တိုက်တွန်းမိပါတော့တယ်…ဒီလို တိုက်တွန်းလာတဲ့အပေါ် ဆူဇန်ကတော့ လုံးဝမကြိုက်ပါဘူး…သူ့လမ်းကြောင်းကို ပိတ်ပင်တားဆီးဖို့ ကြိုးစားနေတယ်လို့လည်း မြင်လာပါတော့တယ်…ဒီလိုနဲ့ သူရိုက်ကူးနေတဲ့ လူငယ်ရေးရာ အစီအစဉ်ထဲက အထက်တန်းကျောင်းသားလေး ဂျိမ်းစ်ကို လိင်ဆန္ဒတွေ ဖြည့်ဆည်းပေးရင်းတစ်ဖက်ကတည်း သူ့ခင်ပွန်းသည် လယ်ရီကို ရှင်းထုတ်ပေးဖို့ စည်းရုံးသိမ်းသွင်းပါတော့တယ်…ဆယ်ကျော်သက်ကလေး ဂျိမ်းစ်ကလည်း မစိတ်မွှန်ပြီး လယ်ရီကို သတ်ခဲ့ပါတယ်…ဇာတ်လမ်းက ဒီနောက်မှာ အလှည့်အပြောင်းတွေ အများကြီး ဖြစ်လာပါတော့တယ်…ဒီရုပ်ရှင်ဟာ တချိန်က အမေရိကားမှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်အပေါ် မှီငြမ်းရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားမို့လို့ပရိသတ်တို့အနေနဲ့ လူတွေရဲ့ စိတ်၊ မကောင်းတဲ့ ညဉ်တွေကို သိမြင်ရအောင် ကြည့်ရှုလိုက်ကြပါဦးနော် အညွှန်း နဲ့ ဘာသာပြန်ကတော့Tun Aung Kyawပဲ ဖြစ်ပါတယ်။
...

Pamali: The Corpse Village (2023) ⭐IMDB: 6.4/10 (600 Votes) 🎬 #Horror #Mystery 🗓 2023 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 40 မိနစ် 11 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Pamali : The Corpse Village [2023)(IMDb 6.8/10) ရွာတစ်ရွာမှာ အမည်မသိပလိပ်ရောဂါဆိုးကြီး ပျံ့နှံ့ကူးစက်နေတဲ့အတွက်ကြောင့်ခရိုင်ရုံးက ကျန်းမာရေးဝန်ထမ်းအချို့ကို စေလွှတ်လိုက်ပါတယ်…ရွာက အခေါင်အဖျားကျတဲ့အပြင် လူဦးရေနည်းပါတဲ့အပြင် မပြင်းထန်လွန်ဘူးလို့ ယူဆတာကြောင့် ဝန်ထမ်း ၃ယောက်ကိုသာ စေလွှတ်လိုက်ပါတယ်…ရွာကို လှေစီးသွားခါနီးမှာ မီလာတို့ ၃ယောက်အပြင် အခြားရွာက သုဘရာဇာ၂ယောက်လည်း ပါလာပါတော့တယ်….အကြောင်းကတော့ ရွာမှာ လူသေအလောင်းတွေ မတရားစုပုံနေတဲ့အပြင်မြှုပ်ပေးမယ့် သုဘရာဇာကိုယ်တိုင် ရောဂါကူးစက်သွားတာကြောင့်ပဲဖြစ်ပါတယ်…အစမှာတော့ အရာရာက ပုံမှန်လို လည်ပတ်နေပေမယ့်နောက်ပိုင်းမှာတော့ တဖြည်းဖြည်းထူးဆန်းတဲ့ အရာတွေ ဖြစ်လာပြီးတော့ညဆိုရင် အစ္စလာမ်ဘာသာအယူအဆရ သေသူကို အဝတ်နဲ့ စည်းနှောင်ထားတဲ့ပုံစံနဲ့ပိုချွန်းလို့ အမည်ရတဲ့ သရဲရုပ်အလောင်းကောင်တွေက ခြောက်လှန့်လာပါတော့တယ်…ဒီလိုအဖြစ်ဆိုးကြီးက ဘာကြောင့်ဘယ်လိုဖြစ်နေမှန်း မသိပေမယ့်တနေ့ထက်တနေ့ ဆိုးဝါးလာပြီး လူသားတွေပါ ဒုက္ခရောက်တဲ့အထိ ဖြစ်လာပါတော့တယ်…ဇာတ်လမ်းရဲ့ အဆုံးမှာ ဘာတွေဖြစ်ပြီး ဘယ်လိုအလှည့်အပြောင်းတွေထိတ်လှန့်ခြောက်ခြားစရာတွေနဲ့ တွေ့ကြုံရမလဲဆိုတာ ကိုယ်တိုင်ရှုစားလိုက်ကြပါဦးနော် အညွှန်း နဲ့ ဘာသာပြန်ကတော့Tun Aung Kyawပဲ ဖြစ်ပါတယ်။
...

Firefly (2023) ⭐IMDB: 7.8/10 (176 Votes) 🎬 #Drama #Fantasy 🗓 2023 🎞 movie 🌎 #Philippines ⏰ 1 နာရီ 46 မိနစ် 7 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Firefly ( 2023 ) Firefly က ဖိလစ်ပိုင် က ရိုက်တဲ့ကားဆိုပေမဲ့ ပုံမှန်မြင်နေကျ ဖိလစ်ပိုင်ကားတွေနဲ့ တော်တော်လေး ကွဲထွက်တယ်လို့ပြောရမယ်။ဇာတ်အမျိုအစားကလည်း Fantasy , Drama အမျိုးအစား။ဒီအမျိုးအစားကိုလည်း ဖိလစ်ပိုင်ကားကောင်းတွေထဲ သိပ်တော့မတွေ့ရတတ်ဘူး။ဒီဇာတ်က ပုံပြင်တွေနဲ့ လက်တွေ့ဘဝကို ချိတ်ထားတဲ့ဇာတ်မျိုးပဲ။ဒါမျိုးကို ကျွန်တော်တို့ ဟောလိဝုဒ်ကားတွေမှာတော့ ပမာဏတစ်ခုအထိတော့ မြင်တွေ့ခဲ့ရပြီးပြီ။ဒီလိုကားအကုန်နီးပါးလည်း ကောင်းကြတယ်။ဥပမာဆို Bigfishတို့ The Imaginarium of Doctor Parnassusတို့ A Monster Callsတို့လိုပေါ့။ဒီကားက A Monster Callsနဲ့တော့ ပိုဆင်မယ်။ဒီကားတွေရဲ့တန်းနဲ့တော့ သွားယှဉ်မရပေမဲ့ ဒီကားတွေရဲ့ အငွေ့အသက်မျိုးကို အာရှကားအငွေ့အသက်နဲ့ပါ ပေါင်းကြည့်ရတာတော့ တစ်မျိုးထူးတယ်။နောက် သူက သူ့ဖိလစ်ပိုင် အငွေ့အသက်ကိုလည်း မဖျက်ထားဘူး။ ဘိုကားတော့မဆန်သွားဘူး။အားနည်းချက်ကတော့ ဇာတ်လမ်းဟာ အီမိုရှင်နယ်ကိုတော့ ထိခတ်အောင်လုပ်နိုင်ပေမဲ့သူ့ဇာတ်မှာ သူ့ဇာတ်ကောင်ရဲ့ ဆန့်ကျင်ဘက်မှာနေပြီး သူ့ဇာတ်ကောင်ကို ပိုအားကောင်းလာအောင်လုပ်ပေးနိုင်မယ့်အရာမျိုးကထည့်တော့ထည့်ထားပေမဲ့ အားမပါလှတာမို့ မပါသလိုဖြစ်နေတော့ ဇာတ်ကောင်ရဲ့ သူ့ဇာတ်လမ်းကိုပြောပြခြင်းဟာ စိတ်ဝင်စားစရာကောင်းပေမဲ့ ရိုးစင်းနေခြင်းပါပဲ။ဒါပေမဲ့ ဖိလစ်ပိုင်ရုပ်ရှင်တွေရဲ့ တန်းနဲ့ပဲ ပြန်ချိန်ညှိရင်တော့ Firefly ဟာ တော်တော်ကြည့်ကောင်းမယ့်ထဲ ပါနေမှာပါ။ကြည့်လည်းကြည့်ရခဲမယ့် ဖိလစ်ပိုင်ရုပ်ရှင်မျိုးပါပဲ။ ဇာတ်လမ်းကတော့ အမျိုးသားစာပေဆု ကလေးစာပေဆုရ ပုံပြင်စာအုပ်ကို ရေးသားခဲ့တဲ့ စာရေးဆရာ အယ်ဗာရိုဟာ ဆုလက်ခံတော့မယ့်အချိန်မှာ အင်တာဗျူးတစ်ခုလုပ်ခဲ့ပါတယ်။အင်တာလာဗျူးတဲ့သူကတော့ သူ့ဇာတ်လမ်းကို သူ့ကိုယ်ပိုင်ဇာတ်လမ်းလို့ မထင်ဘဲ တစ်ယောက်ယောက်ဆီက ကူးချထားတယ်လို့ထင်နေခဲ့တယ်။ဒီလိုနဲ့ အယ်ဗာရိုဟာ သူ့စာအုပ်ရဲ့ မြစ်ဖျားခံရာဖြစ်တဲ့ တွမ်တွမ်ဆိုတဲ့ ကောင်လေးနဲ့ အဲဒီကောင်လေးရဲ့စွန့်စားခန်းအကြောင်းကို စီကာပတ်ကုံးပြောပြဖို့ ဖြစ်လာတော့တယ်။တွမ်တွမ်ကတော့ သူ့အမေပြောဖူးတဲ့ ပုံပြင်ထဲက မှော်ဆန်တဲ့နေရာတစ်နေရာကို ခရီးထွက်ခဲ့တဲ့ ကလေးလေးတစ်ယောက်ပါပဲ။အယ်ဗာရိုပြောပြမယ့် တွမ်တွမ်ရဲ့ မှော်ဆန်တဲ့ဇာတ်လမ်းလေးမှာ ဘာတွေဖြစ်လာမလဲဖိလစ်ပိုင်ရဲ့ရှုခင်းတွေနဲ့အတူ စိတ်ဝင်တစားကြည့်ရမယ့် ရုပ်ရှင်ပါပဲ။Fireflyဟာ ဘဝမှာ ကျွန်တော်တို့ ကြုံနိုင်မြင်နိုင်တဲ့အထဲက မှော်အဆန်ဆုံးအရာတစ်ခုအကြောင်း ရိုက်ပြထားတဲ့ ရုပ်ရှင်ဆိုလည်း မမှားပါဘူး။ အညွှန်း နဲ့ ဘာသာပြန်ကတော့WiRa Aungပဲ ဖြစ်ပါတယ်။
...

Naam Katra Isai (2023) ⭐TMDB: 0% User Score 🎬 #Bollywood #Drama 🗓 2023 🎞 movie 🌎 #India #Malaysia ⏰ 2 နာရီ 20 မိနစ် 54 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Naam Katra Isai (2023)“ကျော်စောမှု” ဒရာမာကြိုက်တဲ့ ပရိတ်သတ်တွေအကြိုက် တမီးလ် ဒရာမာကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် ရိုးရိုးရှင်းရှင်း ဇာတ်လမ်းလေးတစ်ပုဒ်ကိုအပိုစာသားတွေ အိုဗာဖြစ်တာတွေ မပါအောင်ရိုက်ထားတဲ့ ဇာတ်လမ်းလေးပါ လက်ခ်ရှယာဆိုတဲ့ ရိုးရိုးအအ ကောင်မလေးက ဂီတကို ဝါသနာပါပြီးကားဝပ်ရှော့ဆိုင်က လူလတ်တန်းစား ကောင်လေးနဲ့ ချစ်သူလို မောင်နှမလို ဆက်ဆံရေးမျိုးရှိပါတယ် သီချင်းဆိုပြိုင်ပွဲမှာ သွားအရွေးခံပေမယ့် ဒိုင်ကအဝတ်အစားနဲ့ ပတ်သက်လို့ အရှက်ရအောင်ပျစ်ပျစ်နှစ်နှစ် ဝေဖန်တာကို ခံလိုက်ရပြီး သနားစိတ်ဝင်သွားတဲ့ကောင်လေးက လက်ခ်ရှာယာ ကိုယ်ပိုင်သီချင်းဆိုခွင့်ရဖို့ ကူညီပေးမယ် လုပ်ရင်းမှ… လူလတ်တန်းစားအဖို့ တေးသံသွင်းတဲ့အခါ ကြုံရတဲ့ အခက်အခဲတွေ စွန့်စားရပုံတွေသာမကထင်ပေါ်ကျော်ကြားမှုအတွက် အစားထိုးပေးလိုက်ရတဲ့ ကိုယ်ကျင့်တရားနဲ့ ပင်ကိုဘဝနေထိုင်မှုစတာတွေကိုပါ အဖက်ဖက်က တင်ပြထားတဲ့ ဇာတ်လမ်းလေးဖြစ်ကြောင်း ညွှန်းပေးလိုက်ပါတယ် အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်
...

Enter the Fat Dragon (1978) ⭐TMDB: 65% User Score 🎬 #Action #Comedy 🗓 1978 🎞 movie 🌎 #China #HongKong ⏰ 1 နာရီ 33 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကလည်း ဟောင်ကောင်မင်းသားကြီးတစ်လက်လည်းဖြစ်သလိုနာမည်ကြီးဒါရိုက်တာတစ်ယောက်လည်းဖြစ်တဲ့ Sammo Hung ရဲ့လက်ရာကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ် ။ ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့Ah lung လို့ခေါ်တဲ့ ဝက်‌မွေးမြူ‌ရေးလုပ်တဲ့ လူငယ်လေးကဘရုစ်လီကိုအရမ်းကြိုက်ပြီး ငယ်ငယ်ကတည်းက ဘရုစ်လီလိုဖြစ်ရမယ်ဆိုပြီးခြေလှမ်းကွက်တွေလက်သီးသိုင်းတွေကို ကြိုးစားပြီးလေ့ကျင့်နေတဲ့သူပါ။ ဒါပေမဲ့ သူကိုယ်တိုင်ကညဝတုတ်လေးဖြစ်နေတော့ လေ့ကျင့်နေသမျှကရယ်စရာတစ်ခုလိုဖြစ်နေပါတော့တယ် ။ ဒီလိုနဲ့ သူမြို့ကစားသောက်ဆိုင်တစ်ခုမှာအလုပ်လုပ်ဖို့ထွက်လာတုန်း စားသောက်ဆိုင်မှာလူရမ်းကားတစ်စုပြဿနာရှာနေတာနဲ့တိုးပါတော့တယ် ။သူလည်းသူ့ကိုယ်သူသက်သေပြတဲ့အနေနဲ့ လူရမ်းကားတွေကိုတိုက်ထုတ်ပြီးစားသောက်ဆိုင်ကိုကယ်တင်ခဲ့ပါတယ် ။ အဲဒီအငြိုးကြောင့် မကျေနပ်တဲ့လူရမ်းကားတွေဟာ သူ့ရဲ့အလုပ်ဖော်ကောင်မလေးကို ပြန်ပေးဆွဲသွားချိန်မှာ‌တော့… Ah lung တစ်ယောက် လူရမ်းကားတွေကိုနိုင်ပါ့မလား ?ထင်ထားသလိုရော သူ့ရဲ့သိုင်းပညာက မြင့်မားပါ့မလားဆိုတာကိုစိတ်ဝင်စားဖွယ်စောင့်ကြည့်ရမှာဖြစ်လို့ အခုပဲကြည့်ရှုလိုက်ဖို့တိုက်တွန်းပါရစေ
...

LaRoy, Texas (2023) ⭐IMDB: 6.4/10 (2 k Votes) 🎬 #Comedy #Crime #Thriller 🗓 2023 🎞 movie 🌎 #UnitedStates #France #UnitedStatesofAmerica ⏰ 1 နာရီ 52 မိနစ် 37 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 LaRoy, Texas [2024](IMDb 6.4/10, RT 100%) ရေးဟာ တချိန်က အလှမယ်သရဖူ ဆွတ်ခူးဖူးတဲ့ ဇနီးလေး စတေစီလင်းနဲ့အတူ နေထိုင်ရင်းသူတို့ညီအစ်ကိုနှစ်ယောက်ဦးစီးနေတဲ့ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်မှာ အလုပ်လုပ်ပြီး ဘဝကို ဖြတ်သန်းနေပါတယ်…တနေ့မှာ အစ်ကိုရဲ့ အသိမိတ်ဆွေဖြစ်ဖူးသူ အလွတ်တမ်းစုံထောက် စကစ်က ရေးကို ကော်ဖီဆိုင်တစ်ဆိုင်မှာ ဆုံဖို့ ချိန်းလိုက်ပါတယ်…ပြီးနောက်မှာ ရေးရဲ့ ဇနီးဖြစ်သူ မိုတယ်တစ်ခုထဲ ဝင်သွားတဲ့ ဓာတ်ပုံတွေကို ပြလိုက်ပါတယ်…ဒီနောက်မှာတော့ စတေစီတစ်ယောက် ဖောက်ပြန်နေပေမယ့် ရေးကတော့ တဲ့တိုးဖြေရှင်းမယ့်အစား သူ့ကိုသူ သတ်သေဖို့ ရွေးချယ်လိုက်ပါတယ်…ဒီအတွက် သေနတ်ဆိုင်တစ်ဆိုင်ကို သွား၊ သေနတ်ဝယ် ပြီးတော့ သူ့ကိုသူ သတ်သေဖို့ ကြံတော့မယ့်အချိန်မှာပဲလူတစ်ယောက်ကားထဲ ဝင်လာပြီး ရေးကို ကြေးစားလူသတ်သမားလို့ ထင်မှတ်ပြီး သတ်ရမယ့် လူကိုပြပါတော့တယ်…စိတ်ဓာတ်ကျနေတဲ့ ရေးလည်း ကိစ္စအသစ်အဆန်းကို လုပ်ကိုင်လိုတာကြောင့် လက်ခံလိုက်ပါတော့တယ်…သူသတ်ရမယ့် ဂျိမ်းစ်ဘာလိုကို သူသတ်ခဲ့ပေမယ့် ကိစ္စတွေဟာ ထင်သလောက် မရိုးရှင်းတော့ဘဲတကယ့်ကြေးစားသမားအစစ်ကပါ ပါဝင်ပက်သက်လာတဲ့အပြင် အတွေ့အကြုံနုတဲ့ ရေးတစ်ယောက်သူ့ဇနီးဓာတ်ပုံကို အခင်းဖြစ်နေရာမှာ ကျကျန်ခဲ့တာကြောင့် သူ့ဇနီးလည်း သံသယရှိသူစာရင်းထဲ ဝင်လာပါတော့တယ်...ဒီလိုအရှုပ်အထွေးတွေကြားမှာ အကွက်မြင်တဲ့ စကစ်က ရေးကိုလည်း ကူညီရင်း သူလည်း ရဲတံဆိပ်ရနိုင်ရေးအတွက် ဝင်ရောကူညီပါတော့တယ်…ဇာတ်လမ်းလေးက အင်မတန်ကြည့်ကောင်းတာမို့ ပရိတ်သက်တို့ကိုယ်တိုင် ဘာဆက်ဖြစ်မလဲ ကြည့်ရှုလိုက်ကြပါဦးနော် အညွှန်း နဲ့ ဘာသာပြန်ကတော့Tun Aung Kyawပဲ ဖြစ်ပါတယ်။
...

Godzilla: Tokyo S.O.S. (2003) ⭐TMDB: 70% User Score 🎬 #Action #Adventure #Fantasy #ScienceFiction 🗓 2003 🎞 movie 🌎 #Japan ⏰ 1 နာရီ 31 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Godzilla: Tokyo S.O.S. (2003)======================IMDb Rating – 6.5/10 ဂေါ်ဇီလာရဲ့ မူလဖန်တီးရှင်ဖြစ်တဲ့ ဂေါ်ဇီလာကားတွေဟာ Godzilla(1954) နဲ့အစပျိုးခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်ကစလို့ ထွက်ရှိခဲ့တဲ့ကားတွေကိုခေတ်အပိုင်းအခြားတွေနဲ့အကြမ်းဖျင်းသတ်မှတ်ခွဲခြားထားပါတယ်။ အဲ့ဒါတွေကတော့ – Shōwa era (1954–1975)Heisei era (1984–1995)Millennium era (1999–2004)Reiwa era (2016–present) တို့ဖြစ်ကြပါတယ်။ အခုတင်ဆက်ပေးနေတဲ့ Millennium era (1999–2004) ဇာတ်ကားတွေကတော့ လက်ရှိ Shin Godzilla 2006 နဲ့ Godzilla Minus One တို့မတိုင်ခင်အခုခေတ်နဲ့အနီးစပ်ဆုံးဇာတ်ကားတွေပါ။ Millennium era ဇာတ်ကားတွေကstandalone ဇာတ်ကားတွေများပြီး 1954 Godzilla တစ်ကားကိုသာ referenceယူလေ့ရှိပါတယ်။ အဲ့ဒီထဲမှာမှတင်ဆက်ပေးပြီးဖြစ်တဲ့ Godzilla AgainstMechagodzilla နဲ့ Godzilla: Tokyo S.O.S တို့သာ ဇာတ်လမ်းချင်းအချိတ်အဆက်ရှိပြီး 1954 Godzilla ကိုသာမက Mothra 1961 ကိုပါ reference ယူထားတာဖြစ်ပါတယ်။ အခု Godzilla: Tokyo S.O.S မှာတော့ ရိုဘော့စက်ရုပ်ကြီးဖြစ်တဲ့ Kiryu ကိုဂေါ်ဇီလာနဲ့ရင်ဆိုင်တိုက်ပွဲအပြီးမှာ အနားပေးထားပြီးပြင်ဆင်မှုတွေလုပ်နေပါတယ်။ အဲ့ဒီအချိန်မှာ Mothra ရဲ့အမြွှာနတ်မိမယ်နှစ်ယောက်ဟာ သူတို့ဆီကိုရောက်လာခဲ့ပြီး ဂေါ်ဇီလာစက်ရုပ်ထဲမှာအသုံးပြုထားတဲ့ ဂေါ်ဇီလာအရိုးတွေကို သမုဒ္ဒရာထဲကိုပြန်ပို့ဖို့နဲ့ အဲ့ဒီစက်ရုပ်အစား မိုသရာက ဂေါ်ဇီလာကိုရင်ဆိုင်ပေးမှာဖြစ်တဲ့အကြောင်းပြောလာခဲ့ပါတယ်။ ဒါပေမယ့် ၁၉၆၁ က မိုသရာကိုယ်တိုင် တိုကျိုကိုလာရောက်တိုက်ခိုက်ခဲ့ဖူးတဲ့အဖြစ်ကြောင့် ဝန်ကြီးချုပ်က ငြင်းပယ်ခဲ့ပြီး ဂေါ်ဇီလာကို သုတ်သင်ပြီးတာနဲ့ ဒီပရောဂျက်ကို ရပ်တန့်မှာဖြစ်တယ်လို့တော့ကတိပေးခဲ့ပါတယ်။ ဂေါ်ဇီလာနဲ့ တကယ်တမ်းရင်ဆိုင်ရချိန်မှာ မိုသရာကိုရော Kiryu ကိုပါဂေါ်ဇီလာက အလဲထိုးလိုက်တဲ့အခါမှာတော့..လူသားတွေအတွက် အားကိုးရာ ဘယ်လိုလက်နက်တွေ ဘယ်လိုသတ္တဝါကြီးတွေရဲ့အကူအညီကိုရယူရတော့မလဲဆိုတာကို ဆက်လက်ရှုစားရမှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Alias ဖြစ်ပါတယ်)
...

Godzilla: Final Wars (2004) ⭐TMDB: 70% User Score 🎬 #Uncategorized #Action #Adventure #ScienceFiction #Fantasy #Thriller 🗓 2004 🎞 movie 🌎 #Japan ⏰ 2 နာရီ 6 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Godzilla: Final Wars (2004)=====================IMDb Rating – 6.3/10 Xiliens လို့ခေါ်ကြတဲ့ ပဟေဠိဆန်ဆန်ဂြိုလ်သားမျိုးနွယ်တစ်စုဟာကမ္ဘာမြေကို မိတ်ဆွေတွေအယောင်ဆောင်ပြီးရောက်ရှိလာခဲ့ကြပါတယ်။ အဲ့ဒီကာလမှာ လူသားမျိုးနွယ်တွေက ဂေါ်ဇီလာကိုနှိမ်နင်းအကျဉ်းချထားနိုင်ခဲ့ပြီ ဖြစ်ပေမယ့်လည်း တစ်ခြားသော ဧရာမသတ္တဝါကြီးတွေဟာ ကမ္ဘာအနှံ့ကမြို့တော်တွေကို တိုက်ခိုက်နေကြပါတယ်။အဲ့ဒီဧရာမသတ္တဝါကြီးတွေနဲ့အတူ ကမ္ဘာကြီးတစ်ခုလုံးကိုဖျက်ဆီးပစ်ပြီး လူသားတွေကို နှိမ်နင်းကျွန်ပြုချင်တဲ့ Xiliens တွေကို နှိမ်နင်းဖို့အတွက် ကမ္ဘာပေါ်မှာနောက်ဆုံးကျန်ရှိတဲ့ လက်တစ်ဆုပ်စာလူတစ်စုဟာကမ္ဘာမြေကိုကယ်တင်နိုင်ဖို့ ဂေါ်ဇီလာကြီးကိုပြန်လွှတ်ပြီး သတ္တဝါကြီးတွေနဲ့ရင်ဆိုင်ခိုင်းရမယ့်အခြေကိုဆိုက်ရောက်လာပါတော့တယ်။ Godzilla: Final Wars ဟာ Millennium series ရဲ့နောက်ဆုံးဇာတ်ကားဖြစ်ပြီး franchise တစ်ခုလုံးရဲ့ နှစ်ငါးဆယ်မြောက်အဖြစ်တိုက်ဆိုင်နေခဲ့တဲ့ကားပါ။ ရုံမတင်ခင်လေးမှာပဲ ဂေါ်ဇီလာဟာ Hollywood Walkof Fame မှာ ကြယ်တစ်ပွင့်ရရှိခဲ့ပါသေးတယ်။ ဒီကားနဲ့အတူ Toho ရဲ့ဂေါ်ဇီလာ franchise ကိုရပ်နားခဲ့ပြီး ၂၀၁၆ မှသာ Shin Godzilla နဲ့ပြန်ပြီးအသက်သွင်းခဲ့တာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Alias ဖြစ်ပါတယ်)
...

Do the Right Thing (1989) ⭐TMDB: 78% User Score 🎬 #Comedy #Drama 🗓 1989 🎞 movie 🌎 #UnitedStatesofAmerica ⏰ 2 နာရီ 55 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb 8/10, RT 92% ရရှိထားတဲ့ Comedy/Drama ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Cannes ရုပ်ရှင်ပွဲတော်က ဆုအပါအဝင် ဆုပေါင်း ၂၁ ဆုနဲ့ အော်စကာမှာလည်း nomination ဝင်ခဲ့တဲ့ ဒီ ဇာတ်ကားထဲမှာ ဒါရိုက်တာဖြစ်သူ Spike Lee က မူကီအဖြစ် ကိုယ်တိုင်ပါဝင်ထားတဲ့အပြင် ဆုံးပါးသွားပြီဖြစ်တဲ့ မင်းသားကြီး Danny Aiello ကလည်း ပါဝင်သရုပ်ဆောင်ထားတာပါ။ ဘရွတ်ကလင်းက လူမည်းအများစု နေထိုင်တဲ့ ရပ်ကွက်လေးတစ်ခုမှာ အမေရိကန်-အီတလီ လူဖြူဖြစ်သူ ဆယ်လ်က သားနှစ်ယောက်နဲ့အတူ ပီဇာဆိုင်လေးဖွင့်ထားပါတယ်။ သူတို့လူမျိုးတူတွေရှိတဲ့ရပ်ကွက်မှာ သွားဖွင့်လို့ရပေမဲ့ တခြားပီဇာဆိုင်တွေ ရှိနှင့်နေပြီးတာမို့ လူမည်းတွေရှိတဲ့ ရပ်ကွက်ထဲ ဖွင့်ထားခဲ့တာဖြစ်ပြီး ခေတ်အဆက်ဆက်က လူမည်းတွေကပဲ သူ့ဆိုင်ကို အားပေးလာခဲ့ကြတာပါ။ သူ့ဆိုင်မှာ သူ့သားနှစ်ယောက်အပြင် မူကီဆိုတဲ့ လူမည်းကောင်လေးကိုလည်း ပီဇာ‌တွေ လိုက်ပို့ဖို့ ခန့်ထားပါသေးတယ်။ မူက ကတော့ သူ့သားအကြီးကောင်နဲ့ သိပ်မတည့်လှဘဲ အငယ်ကောင်နဲ့ပဲ တပူးတတွဲတွဲရှိသူဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ သူတို့ရဲ့ပီဇာဆိုင်မှာ စားနေကျ မူကီ့ရဲ့သူငယ်ချင်းဖြစ်သူက ခါတိုင်းလိုပဲ ပီဇာလာစားရာက နံရံမှာချိတ်ထားတဲ့ ပုံတွေကိုကြည့်ပြီး ဘာလို့ သူတို့ လူမျိုး (လူမည်း)တွေရဲ့ပုံကျ မချိတ်ဘဲ လူဖြူပုံတွေချည်း ချိတ်ထားတာလဲလို့ အစချီပြီး ပြောရာကနေ နှစ်ဖက် အချေအတင်ဖြစ်ခဲ့ပါတော့တယ်။ လူဖြူ၊ လူမည်းလို့ ဆိုလိုက်ရင်ကို အစကတည်းက လူမျိုးရေးခွဲခြားမှုနဲ့ အငြိုးအတေးတွေက ဒွန်တွဲပါတတ်တာမို့ နှစ်ကာလကြာ အတူယှဉ်တွဲနေထိုင်ခဲ့တဲ့ သူတို့ရဲ့ဆက်ဆံရေးမှာ ဘယ်လိုတွေ သက်ရောက်မှုဖြစ်ပေါ်လာနိုင်မလဲဆိုတာနဲ့ အဲဒီပဋိပက္ခတွေကို ဖြေရှင်းနိုင်မလားဆိုတာကိုတော့.. ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ။)
...

Dusk for a Hitman (2023) ⭐IMDB: 6.5/10 (317 Votes) 🎬 #Crime #Drama #Thriller 🗓 2023 🎞 movie 🌎 #Canada ⏰ 1 နာရီ 47 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Heartbeats, Avant le crash, Virage – Double Faute, An Eye for Beautyတို့နဲ့ လူသိများတဲ့ Eric Bruneau က main character အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် ဗီလိန်နေရာကိုလည်း I Killed My Mother, Lac Mystère, Québec-Montréal, Gabrielleတို့နဲ့ ကျော်ကြားလာတဲ့ Benoît Gouinက သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းလေးကတော့ မွန်ထရီးရယ်မှာ လူတိုင်း ဖိန့်ဖိန့်တုန်အောင် ကြောက်ရတဲ့ လုပ်ကြံရေးသမား ဒေါ်နယ်လဗွိုင်းရဲ့ဘဝဇာတ်​ကြောင်းကို ficလေးတွေနဲ့ရောပြီး ကြည့်လို့ကောင်းအောင် တင်ဆက်ပေးထားပါတယ်။ လု့ဒ်ဒူဘွားကတော့ ရဲတွေတောင် မဖမ်းနိုင်တဲ့ နယ်မြေပေါင်းများစွာပိုင်ဆိုင်တဲ့လူမိုက်ခေါင်းဆောင်ကြီးဖြစ်ပါတယ်။ ဒေါ်နယ်က လု့ဒ်ဒူဘွားရဲ့သစ္စာခံ လုပ်ကြံရေးသမားလေးပါ။ လု့ဒ်အတွက်ဆို ဒေါ်နယ်က ၂ခါတောင် ပြန်မစဥ်းစားဘဲ သတ်လေ့သတ်ထရှိသူပါ။ ဒါပေမယ့် တစ်ခုရှိသွားတာက ဒေါ်နယ်မှာ ကာလ်လို့ခေါ်တဲ့ ညီတစ်ယောက်ရှိပါတယ်။အဲညီက ဒေါ်နယ့် ညီလို့ မထင်ရအောင် တကယ်ကိုပြဿနာရှာတဲ့ကောင်ပါ။ ဒီလိုနဲ့ လုဒ့်က ကာလ်က သူ့နယ်မြေထဲမှာ ဆေးလာရောင်းနေတယ်ဆိုပြီး ဒေါ်နယ်ကို လုပ်ကြံခိုင်းလိုက်ပါတယ်။ ကာလ်က ဘယ်လိုတွေ ပြဿနာထပ်ရှာသေးလဲ၊ ကာလ်ကြောင့် ဒေါ်နယ် ဘယ်လိုဒုက္ခရောက်မလဲ၊ ဒေါ်နယ်က လု့ဒ်ဒူဘွားခိုင်းသလို သူ့ညီကို သတ်မှာလား။ အစရှိတာတွေကို Crime/Thrillerအမျိုးစားပုံစံနဲ့ကြည့်ရှု့ရမှာဖြစ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။
...

Au Revoir les Enfants (1987) ⭐TMDB: 75% User Score 🎬 #Drama #War 🗓 1987 🎞 movie 🌎 #Germany #France #Italy ⏰ 1 နာရီ 45 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Best European Film, Best Film, Best Director ဆုတွေကို ဒီဇာတ်ကားနဲ့ပဲ ဆွတ်ခူးခဲ့တဲ့ ပြင်သစ်ဒါရိုက်တာကြီး Louis Malle ရိုက်ကူးထားပြီး ဆုတွေအများကြီး ရထားတဲ့ Drama/War ဇာတ်ကားကောင်းလေးတစ်ကားပါ ဇတ်အိမ်လေးကတော့ 1944 ခုနှစ် ပြင်သစ်ကို ဂျာမန်တွေဝင်လာတဲ့ကာလကိုရိုက်ကူးထားတာပဲဖြစ်ပြီး ဂျူလီယန် နဲ့ ဖရန်ဆွာ ဆိုတဲ့ ညီအစ်ကိုနှစ်ယောက်ဟာ အားလပ်ရက်ပြီးတော့ ST. JOHN ဆိုတဲ့ ကျေးလက် ဘုန်းတော်ကြီးသင် ဘော်ဒါကျောင်းကို တက်ဖို့ပြန်လာကြတာပေါ့…..တစ်နေ့တော့ အဲဒီကျောင်းကို ဘွန်နက် ဆိုတဲ့ ကျောင်းသားသစ်လေးတစ်ယောက်ရောက်လာတယ်….. အချိန်ကာလအနေနဲ့ နာဇီတွေဟာ ဂျူးတွေကို လိုက်ရှင်းနေတဲ့အချိန်ဖြစ်ပြီး တစ်ဖက်မှာလည်း မဟာမိတ်တပ်တွေက နာဇီတွေကို ချေမှုန်းဖို့အတွက် စစ်မျက်နှာဖြန့်နေတဲ့အချိန်ပေါ့….နာဇီတွေလိုက်ဖမ်းနေတဲ့ရန်ကနေ ထွက်ပြေးခိုလုံနေကြတဲ့ ဂျူးလူမျိုးတွေလည်း နေရာအသီးသီးမှာ ပြန့်ကျဲနေကြတာပေါ့…. နာဇီ ဂတ်စတာပို တွေဟာလည်း ST. JOHN ကိုဝင်ရောက်ရှာဖွေတဲ့အခါမှာတော့…… ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ်
...

Happy Ending (2024) ⭐IMDB: 8.4/10 (40 Votes) 🎬 #Bollywood #Drama 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 8 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Happy Ending 2024 ယခုတစ်ခါ တင်ဆက်ပေးချင်တဲ့ဇာတ်လမ်းလေးကတော့ကျိန်စာအတိုက်ခံလိုက်ရပြီး သောက်ကျိုးနည်းဘဝကိုပိုင်ဆိုင်သွားရတဲ့ ကောင်လေးတစ်ယောက်အကြောင်းပဲဖြစ်ပါတယ်။ ဟာ့ရှ်ဆိုတဲ့ကောင်လေးဟာ ရုပ်ရှင်ကြည့်ချင်လွန်းပြီး အိမ်ကိုလိမ် ကျောင်းလစ်ပြီး ရုပ်ရှင်သွားကြည့်ပါတော့တယ်။သူရုပ်ရှင်ကြည့်တဲ့အချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် သူတို့မြို့က တရားဟောဆရာကြီး ဘာဘာဆိုတဲ့ဆွာမိကြီးဟာလည်း သူ့ရဲ့ချုပ်တည်းမှုကို စမ်းသပ်တဲ့အနေနဲ့ ရုပ်ရှင်ရုံထဲကို တိတ်တဆိတ် ရောက်ရှိလို့နေခဲ့ပါတယ်။ ရုပ်ရှင်ကြည့်ကြရင်းနဲ့ မီးပျက်သွားတဲ့အခါ ပြဿနာဖြစ်ကြရင်း ဘာဘာရုပ်ရှင်ရုံထဲရောက်နေတာကို ဟာ့ရှ်က ဖော်မိသလိုဖြစ်သွားရကနေဘာဘာတစ်ယောက် အရှက်ရပြီး သိက္ခာတွေလည်း ကျသွားရပါတော့တယ်။ ဒီလိုနဲ့ ဘာဘာတစ်ယောက် သူ့ကိုလူလေးစားမခံရအောင် လုပ်တာဟာ ဟာ့ရှ်ကြောင့်ပါဆိုပြီးတော့ ဟာ့ရှ်ကို သူစိတ်ဝင်စား ချစ်မြတ်နိုးတဲ့သူတိုင်းသေရပါစေဆိုပြီး ကျိန်စာတိုက်လိုက်တဲ့နောက်မှာတော့ ……..ဟာ့ရှ်တစ်ယောက် ဒီကျိန်စာကြီးနဲ့ ဘယ်လိုတွေ အထီးကျန်ဖြတ်သန်းရမလဲ …မထင်မှတ်ဘဲ ကောင်မလေးတစ်ယောက်နဲ့ဆုံတွေ့တဲ့အချိန်မှာ သူ့ရဲ့ကျိန်စာနဲ့ ဘယ်လိုနှစ်ပါးသွားကြမလဲ… ကျိန်စာကိုရော ပျက်ပြယ်သွားအောင်လုပ်နိုင်ပါ့မလားဆိုတာတွေကိုကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Teamပဲ ဖြစ်ပါတယ်)
...

Guardian (2024) ⭐TMDB: 0% User Score 🎬 #Bollywood #Comedy #Horror #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 00 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Guardian (2024)အစောင့်အရှောက် IMDb-7.8/10 ‌မွေးတည်းကကံမကောင်းတဲ့ကောင်မလေးနဲ့ရန်ငြိုးတွေကြောင့် သလင်းကျောက်ထဲထည့်ပိတ်ခံထားရတဲ့ဝိညာဉ်ဆိုးတစ်ကောင် ဆုံတွေ့လာတဲ့ ကံကြမ္မာ… ရန်ငြိုးတွေနဲ့ ကလဲ့စားချေဖို့ပဲ စိုင်းပြင်းနေတဲ့ဝိညာဉ်တစ်ကောင်ကိုဂါထာမန္တန်တွေနဲ့ သလင်းကျောက်ထဲထည့်ပိတ်ပြီး ဒီသလင်းကျောက်ကိုသွေးဆက်သတဲ့သူတွေရဲ့ အလိုဆန္ဒတွေကိုဖြည့်ဆည်းရမယ်လို့ လုပ်ထားခဲ့ကြတယ် အာပါနာဆိုတာကတော့ မွေးတည်းကအမြဲကံဆိုးနေရတဲ့ကောင်မလေးတစ်နေ့ကောလိပ်အလုပ်သင်သွားရင်း သံဆူးလို့ကျတဲ့သွေးကဝိညာဉ်ကပ်နေတဲ့ကျောက်တုံးပေါ်ကျသွားတဲ့အချိန်မှာ ကံဆိုးမှုတွေပဲရှိခဲ့တဲ့သူ့ဘဝဟာပြောင်းပြန်အနေအထားပြောင်းလဲသွားခဲ့တယ်…. စဖြစ်လာတည်းက သန္ဓေမမှန်တဲ့အစောင့်အရှောက်က အာပါနာ့ကိုဒီလိုပဲတစ်သက်လုံးကံဆိုးမှုတွေကိုဖယ်ရှားနိုင်မှာလား အာပါနာ့ကိုရောထိခိုက်မှုတွေရှိနိုင်မလားဆိုတာတော့မင်းသမီးချောလေးရဲ့ ထိတ်လန့်ဖွယ်အမူအရာတွေနဲ့အတူ ရှုစားကြည့်ပါဦး အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်
...

Fights Break Sphere 3 (2024) ⭐TMDB: 0% User Score 🎬 #Action #Adventure #Fantasy #FightsBreakSphereLiveAction 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 22 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 CM ရဲ့ ပရိသတ်တွေအတွက် Anime ဇာတ်လမ်းကိုLive Action ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးထားတဲ့Fight Break Sphere 3 ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။အရှေ့မှာ ၂ ကားရှိပြီး CM ကနေတင်ဆက်ပီးသားပဲဖြစ်ပါတယ် အရှေ့ ၂ကားကိုဒီမှာကြည့်ပါ ဇာတ်လမ်းအကျဉ်းလေးကတော့ ရှောင်းယန်ဟာ ဆေးဆရာကြီးနဲ့အတူ မြွေမျိုးနွယ်နဲ့လူသားမျိုးနွယ်တို့တိုက်ပွဲကို ဖြေရှင်းပေးပြီးနောက်ချင်းလင်နဲ့ လော်ပုနဲ့အတူ ခရီးနှင်ခဲ့ပါတယ်။လမ်းတစ်လျှောက် ကျင့်ကြံပြီး အစွမ်းမြင့်တင်ဖို့ လုပ်ခဲ့ပါတယ်။အဲ့နောက်မှာတော့ ယွင်လန်ဂိုဏ်း တပည့်ကြီးရဲ့ ၃ နှစ်တာ ကတိပြုချက်ကို ရရှိခဲ့ပါတယ်။ ထာကာအာကန္တာရကို ရောက်တဲ့အချိန်မှာတော့ ချင်းလင် အဖမ်းခံလိုက်ရပါတယ်။ချင်းလင်ကို ရှာဖို့အတွက် ရှောင်းယန်တို့အဖွဲ့ဟာအရင်က နာမည်ကြီးခဲ့သူ ရေခဲဘုရင် ဟိုင်ပေါတုံးနဲ့ တွေ့ဆုံခဲ့ပါတယ်။အဲ့ဒီနောက်မှာ ချစ်ယန်မြို့ကို သွားခဲ့ပါတယ်။ ရှုပ်ထွေးနေတဲ့ စည်ကားလှတဲ့ မြို့ထဲမှာ နောက်ကွယ်ကလက်မည်းကြီးတစ်စုံဟာ တစ်ဖြည်းဖြည်းပေါ်ထွက်လာပြီးသူတို့ကို ဖမ်းဆီးတိုက်ခိုက်ဖို့ စောင့်နေပါတယ်။ရှောင်းယန်ဟာလည်း ငယ်စဉ်ကအမေ့ရဲ့သေဆုံးခြင်းအမှန်တရားကို ရှာတွေ့သွားပါတော့တယ်။ ရှောင်းယန်တို့အဖွဲ့ ချင်းလင်ကို ကယ်တင်နိုင်ပါ့မလား ……နောက်ကွယ်က လက်မည်းကြီးတစ်စုံက ဘယ်သူဖြစ်နေမလဲ……ဆိုတာကို ရုပ်ရှင်နဲ့အတူ ကြည့်ရှု ခံစားလိုက်ရအောင်နော်။
...