uz
Feedback

Firibgarlarga uchmang! Telemetrio bunday kanallarni topadi va belgilaydi 👉 Belgini ko‘rmoqchi bo‘lsangiz, obuna bo‘ling

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Yopiq kanal

🚩 Channel was restricted by Telegram

Ko'proq ko'rsatish
Ma'lumot yo'q
Obunachilar
-524 soatlar
-47 kun
+730 kun
Postlar arxiv
Z for Zachariah (2015) ⭐IMDB: 6.0/10 (32 k Votes) 🎬 #Drama #Romance #SciFi #ScienceFiction #Thriller 🗓 2015 🎞 movie 🌎 #Iceland #Switzerland #UnitedStates #NewZealand #UnitedStatesofAmerica ⏰ 1 နာရီ 38 မိနစ် 39 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်ကားဟာ နျူကလီးယားကပ်ဘေးဆိုက်ပြီးတဲ့နောက် အသက်ရှင်ကျန်ရစ်ခဲ့တဲ့ လူသုံးယောက်တို့ရှင်သန်ရပ်တည်ဖို့ရုန်းကန်ကြိုးစားကြပုံကိုဇာတ်အိမ်တည်ထားပြီး ဒါရိုက်တာCraig Zobel ရိုက်ကူးပုံဖော်ထားတဲ့ Black Wheel Awards ,Phoenix Film Critics Society Awards ဆုတွေရရှိထားပြီး rating 6/10 အထိရရှိထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ် ဒီဇာတ်ကားမှာ ရုပ်ရှင်သရုပ်ဆောင်ကော စာရေးဆရာကော ဒါရိုက်တာအဖြစ်ကော အသက်မွေးပြီးအကယ်ဒမီဆုပေါင်းများစွာ ရရှိထားတဲ့ မင်းသားChiwetel Ejioforအပြင် အခြားအကျော်အမော်တွေဖြစ်ကြတဲ့ မင်းသားChristopher Whitelaw Pine နဲ့ ဟာလေကွင်းလိုလူသိများတဲ မင်းသမီး Margot Elise Roobie တို့ကပါဝင်အားဖြည့်သရုပ်ဆောင်ထားပါတယ်.. ဇာတ်လမ်းအစမှာ နျူကလီးယားကပ်ဘေးသင့်ပြီးတဲ့နောက် ဖာရိုဆိုတဲ့ ခွေးလေးတစ်ကောင်ကို အဖော်ပြုပြီး တစ်ကိုယ်တည်းရှင်သန်ရပ်တည်နေတဲ့ အန်ဆန်ဆိုတဲ့ ကောင်မလေးတစ်ယောက်နဲ့ အစပျိုးထားပါတယ် အဲ့ဒီနောက်အန်ဆန်ဆိုတဲ့ ကောင်မလေးရဲ့ဘဝထဲကို မစ္စတာလူးမစ်နဲ့ ကေလမ်ဆိုတဲ့ အမျိုးသားနှစ်ဦးရောက်ရှိလာတဲ့ အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမှာလဲ သူတို့တွေ အသက်ရှင်သန်ဖို့ဘယ်လိုတွေရုန်းကန်ကြိုးစားကြမှာလဲ သူတို့သုံးယောက်ကြားမှာကော အချစ်ဆိုတဲ့ အရာပေါက်ဖွားလာတဲ့အခါမှာကော ဘယ်လိုတွေဆက်ဖြစ်ကြမှာလဲ ဆိုတာကို ဒီဇာတ်ကားလေးထဲမှာ ကိုယ်တိုင်ပါဝင်စီးမျှောကြည့်ရှုလိုက်ပါဦး ဒီဇာတ်ကားထဲမှာ ဒုက္ခရောက်နေတဲ့ အချိန် အသက်ရှင်ဖို့ကြိုးစားတဲ့အခါမှာ တွေ့ရှိရတဲ့ လူတွေရဲ့စိတ်ထားကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ် ဒီဇာတ်ကားက romance ဇာတ်ကားကောင်းတစ်ကားလို့ပြောရင်လည်းမှားမယ် မထင်ပါဘူး ဒီတော့Drama,Romantic,Sci-Fi,Thriller အမျိုးအစားကိုမှ ကြိုက်နှစ်သက်တွေ ပရိတ်သတ်တွေ မလွတ်စတမ်းကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်...

The Forest of Wool and Steel (2018) ⭐IMDB: 6.2/10 (221 Votes) 🎬 #Drama #Music #Romance 🗓 2018 🎞 movie 🌎 #Japan ⏰ 2 နာရီ 14 မိနစ် 19 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Forest of Wool and Steel (2018) ~IMDb – 6.2/10, MyDramaList – 7.6/10 ~ ဟော့ကိုင်းဒိုး (Hokkaido) မှာရှိတဲ့ နယ်မြို့လေးတစ်မြို့က အထက်တန်းကျောင်းသားလေးတစ်ယောက်က အထက်တန်းကျောင်းအောင်ပြီးရင် ဒီအတိုင်းလေးပဲ ဘဝကို ဆက်ရှင်သန်မယ်လို့တွေးနေတဲ့အခိုက် သူ့ကျောင်းက တစ်ခုသောစန္ဒရားကို ပြင်(အသံညှိ) ပေးဖို့ လာခဲ့တဲ့ စန္ဒရားအသံညှိဆရာ (Piano Tuner) တစ်ယောက်ကို လိုက်ပြပေးရတယ်။ အဲဒီဆရာအသံညှိပြီး တီးခတ်လိုက်တဲ့ စန္ဒရားသံစဉ်ကို ကြားသွားတဲ့ ကျောင်းသားလေးက ရုတ်တရက် သာယာငြိမ့်ညောင်းတဲ့တောအုပ်ထဲ ရောက်ရှိသွားသလို ခံစားရပြီး စန္ဒရားအသံညှိဆရာဖြစ်ချင်တဲ့ဆန္ဒ တဖွားဖွားဖြစ်လာလို့ ကျောင်းပြီးတာနဲ့ တိုကျိုမှာ စန္ဒရားအသံညှိကျောင်းကို ၂ နှစ်သွားတက်ခဲ့တယ်။ ၂ နှစ်တက်ပြီး သူ့ဇာတိမြို့မှာပဲ သူဆုံခဲ့တဲ့စန္ဒရားအသံညှိဆရာရဲ့ အဲတိုတူရိယာပစ္စည်းဆိုင် (Eto Musical Instrument Shop) မှာပဲ စန္ဒရားအသံညှိဆရာအဖြစ် ဝင်လုပ်ခဲ့တယ်။ အဲဒီမှာဝင်လုပ်ရင်း စီနီယာစန္ဒရားအသံညှိဆရာတွေ၊ စန္ဒရားပိုင်ရှင်တွေ၊ စန္ဒရားတီးခတ်သူတွေနဲ့ စန္ဒရားမျိုးစုံကို ကြုံတွေ့ရပါတော့တယ်။ ဒီဇာတ်ကားဟာ အမျိုးသမီးစာရေးဆရာ Natsu Miyashita က ၂၀၁၆ ခုနှစ်မှာရေးသားထုတ်ဝေခဲ့ပြီး ထိုနှစ်မှာကျင်းပခဲ့တဲ့ the 13th Japan Booksellers ဆုကိုရသွားခဲ့တဲ့ “Hitsuji to Hagane no Mori (The Forest of Wool and Steel)” ကို ရိုက်ကူးထားတာဖြစ်ပါတယ်။ Live-Action သရုပ်ဆောင်တွေထဲက နာမည်ကြီးမင်းသားတစ်လက်ဖြစ်တဲ့ Kento Yamazaki ကို ဒီဇာတ်ကားထဲမှာ စန္ဒရားအသံညှိဆရာတစ်ယောက်အဖြစ် တစ်မူထူးခြားစွာမြင်ရမှာဖြစ်ပါတယ်။ နောက်ပြီး ၂၀၂၄ ခုနှစ်ထဲ Netflix ကနေထွက်ရှိလာမယ့် City Hunter ဇာတ်ကားထဲက Ryohei Suzuki လည်း စီနီယာစန္ဒရားအသံညှိဆရာအဖြစ်ပါဝင်ထားသလို Tomokazu Miura, Ken Mitsuishi တို့လို ဝါရင့်မင်းသားကြီးတွေလည်းအားဖြည့်ထားပြီး Mone နဲ့ Moka တို့ Kamishiraishi ညီအစ်မလည်း ပါဝင်ထားပါသေးတယ်။ Kamishiraishi ညီအစ်မထဲက ညီမဖြစ်သူ Moka က 42nd Japan Academy Awards ပွဲမှာ တက်သစ်စသရုပ်ဆောင်ဆုကို ဒီဇာတ်ကားနဲ့ ဆွတ်ခူးသွားခဲ့ပါတယ်။ စန္ဒရားတီးတာမဟုတ်ဘဲ စန္ဒရားတစ်ခုမှာ ဘာတွေပါလဲ၊ ဘယ်လိုပုံစံနဲ့အလုပ်လုပ်လဲ၊ စန္ဒရားအသံညှိဆရာတစ်ယောက်ရဲ့ သိသင့်သိထိုက်တဲ့ နည်းပညာတွေကဘာလဲ၊ စန္ဒရားတစ်ခုကို ဘယ်လိုပြုပြင်ထိန်းသိမ်းရမလဲ၊ စန္ဒရားကိုအပြင် စန္ဒရားတီးခတ်သူရဲ့စိတ်ဆန္ဒအတိုင်း အဆင်ပြေအောင် ဘယ်လိုဆောင်ရွက်ပေးရမလဲ၊ စန္ဒရားအသံညှိဆရာတစ်ယောက်အနေနဲ့ ဘာကိုရည်မှန်းချက်ထားရမလဲဆိုတာတွေကို စိတ်ဝင်စားရင်တော့ ၂ နာရီနီးပါးကြာမယ့် The Forest of Wool and Steel ထဲမှာ စန္ဒရားသံစဉ်တွေနဲ့ အဲဒီသံစဉ်တွေကြောင့် ပေါ်လာတဲ့ စိတ်ကူးပုံရိပ်တွေကို နားထောင်ခံစားကြည့်ရှုလိုက်ကြပါခင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုAKမှ ပြန်ဆို ရေးသားထားပါတယ်)...

Heir of the Witch (2023) ⭐IMDB: 5.1/10 (589 Votes) 🎬 #Horror #Thriller 🗓 2023 🎞 movie 🌎 #UnitedStates #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 35 မိနစ် 10 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 လူတကာအနှိမ်ခံရတဲ့ အပ်ချုပ်သမလေး အန်နာဟာ အပေါင်းအသင်းဝင်ဆံ့အောင် ကြိုးစားနေရပေမယ့် အတိတ်ကအရိပ်ဆိုးတွေရဲ့ ခြောက်လှန့်မှုကြောင့် အထီးကျန်နေရသူလေးဖြစ်ပါတယ်။ ရည်းစားသနာလည်းမရှိသလို ပညာရေးကအစ နောက်ကျပြီး လူတကာရဲ့ခိုင်းဖတ်လို ဆက်ဆံခံရသူလည်းဖြစ်ပါတယ်။ အဒေါ်နဲ့ အတူအမေရိကကိုထွက်ပြေးလာတဲ့ အန်နာဟာ အဖွားဆီက အပ်ချုပ်တော်တဲ့ အမွေရခဲ့ပေမယ့် အပ်ချုပ်ပညာနဲ့ လောက်လောက်လားလား အသက်မွေးခွင့် မရရှာပါဘူး။ အန်နာတို့မျိုးရိုးဟာ မကောင်းဆိုးဝါးစုန်းမတစ်ယောက်ရဲ့ ကျိန်စာသင့် နေရတာကြောင့် အန်နာ့လက်ထက်မှာ ကျိန်စာစူးသလိုလိုဖြစ်နေပေမယ့် ကံစီမံရာအတိုင်းလက်မခံဘဲ ညင်းဆန်ဖို့ကြိုးစားခဲ့ပါတယ်။ ဒီအတောအတွင်း သူငယ်ချင်းဖြစ်သူ ကလိုဝီဆီမှာ ကူညီလုပ်ကိုင်ပေးရင်း ကလိုဝီနဲ့ထိပ်တိုက်တွေ့ရမယ့် အဖြစ်မျိုးကြုံရသလို အပေါင်းအသင်းဝင်ဆံ့အောင် ကြိုးစားနေတဲ့ သူမဘဝလည်း စုပ်လည်းစူးစားလည်းရူးအဖြစ်မျိုး ရောက်ရှိလာပါတော့တယ်။ မျိုးရိုးစဉ်ဆက်စူးတတ်တဲ့ကျိန်စာကို အန်နာတစ်ယောက်ဘယ်လိုချိုးဖျက်မလဲ.. အပေါင်းအသင်းဝင်ဆံ့အောင် ဘယ်လိုဆက်ကြိုးစားမလဲ.. အန်နာရဲ့အစွမ်းနဲ့ ကျိန်စာကိုချိုးဖျက်နိုင်မလား  ကျိန်စာကပဲ အန်နာကိုဝါးမျိုသွားမလား အန်နာရဲ့အတိတ်ကအရိပ်ဆိုးတွေဆိုတာ ဘာတွေဖြစ်မလဲ ဘယ်လိုအဖြစ်မျိုးတွေ ကြုံခဲ့ရလို့ အန်နာရဲ့ဘဝဟာ လူတောမတိုးနိုင်ဖြစ်နေရသလဲဆိုတာ Heir of the Witch ရုပ်ရှင်မှာ ဆက်လက်ရှူစားကြရမှာဖြစ်ပါတယ်။...

The Chivalrous Detective: The Dreaming (2018) ⭐TMDB: 0.0% User Score 🎬 #Adventure #Drama #Mystery #TheLegendofDetectiveSleekRat 🗓 2018 🎞 tv series 🌎 #China ⏰ 1 နာရီ 29 မိနစ် 25 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒါလေးကတော့ အပိုင်း (၃) ရဲ့ အဆက်ပဲ ဖြစ်ပါတယ်။ စုစုပေါင်း ၆ ကားရှိတာဖြစ်ပြီးအကုန်တင်ဆက်သွားမှာပါ အစအဆုံးတွေကို အောက်ကလင့်လေးကိုနိပ့်ပီးရှာလို့ရပါတယ် The Legend of Detective Sleek Rat – Channel Myanmar ” သူတောင်းစားဂိုဏ်းတိုက်ခိုက်ခံရတာနဲ့ နန်းမြို့ပြန်အရာရှိတိုက်ခိုက်ခံရတဲ့အမှု့နှစ်ခုလုံးက လော့ယန်မြို့မှာဖြစ်ပွားခဲ့ပါတယ်ပြီးတော့အဲဒီနှစ်မှု့လုံးကလည်း ခိုင်းဖုန်းရုံး‌‌တော်ဆီရောက်လာတဲ့သတင်းတွေအရဆို ဦးရီးတော်နင်နဲ့ ပတ်သတ်လို့နေပါတယ်” ဒီလိုနဲ့ ပေါင်လူကြီးမင်း ပေါင်တရားသူကြီးက ယုံကြည်ရတဲ့ သူ့ရဲ့လူယုံတွေဖြစ်တဲ့သူရဲကောင်းပိုင် (သို့) ပိုင်ယွိထန်နဲ့ တော်ဝင်ကိုယ်ရံတော်ကျန်ကျောင်းကိုဦးရီးတော်နင်ရဲ့မွေးနေ့ပွဲကိုအခွင့်ကောင်းယူပြီး လော့ယန်ကိုသွားပြီးအမှုစစ်စေခဲ့ပါတယ် ။ ဒါပေမဲ့ မမျှော်လင့်ထားဘဲ ပိုင်ယွိထန်တစ်ယောက် ဦးရီး‌တော်နင်လက်အောက်ကရွှယ့်မုန်အဖွဲ့အစည်းရဲ့ ခန်းမခေါင်းဆောင်တစ်ဦးဖြစ်တဲ့ထူပေါင်ကိုမတော်တဆသတ်မိသွားရာက… ရွယ့်မုန်အဖွဲ့အစည်းက ပိုင်ယွိထန်အပေါ်ဘယ်လိုအငြိုးအတေးထားကြမလဲ ၊ဦးရီးတော်နင်ကရော လက်ပိုက်ကြည့်နေမလား..ဒီနောက်ကွယ်မှာရော တစ်ယောက်ယောက်ရှိနေမလားဆိုတာကိုဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါဦး...

The Village (2023) ⭐TMDB: 46.0% User Score 🎬 #Mystery #SciFi #Fantasy #Action #Adventure #Horror #Thriller 🗓 2023 🎞 tv series 🌎 #India ⏰ 43 မိနစ် ခန့် (တစ်ပိုင်းလျှင်) ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Village (2023)The Village 2023 ရွာပျက်ကြီးရဲ့ဒဏ္ဍာရီ IMDb -5.3/10တစ်ခါလာလည်း တစ်ယောက်နဲ့အယောက် ၁၀၀ ချ တစ်ခါလာလည်း သီချင်းလေးဆိုပြီးကနေတဲ့ ဘောလိဝုဒ်ကားတွေ ငြီးငွေ့လှပါပြီဆိုတဲ့ CM ပရိသတ်တို့ တစ်ခါကြည့်မိ တစ်သက်စွဲငြိသွားမယ့် Horror Thriller စီးရီးလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါပြီ။ အိန္ဒိယရဲ့ ပထမဆုံး graphic novelကို အခြေခံပြီး ရိုက်ကူးထားတဲ့စီးရီးလေးဆိုတော့ ဘယ်လိုလာမလဲဆိုတာ ကြည့်ရှုခံစားလိုက်ရအောင်ပါ။ | Your browser does not support the video tag.အဝေးပြေးလမ်းမကြီးရဲ့ဘေးနားလေးမှာ လူမသိသူမသိ စွန့်ပစ်ရွာလေးတစ်ရွာဖြစ်တဲ့ကတ်တီရယ်ရွာလေး၊ အမြန်လမ်းမကြီးရဲ့ လမ်းအခွဲလေးတစ်ခု‌ဘေးမှာဖြစ်တာကြောင့် လူသူအရောက်အပေါက်နည်းတယ်လို့သာ အပြင်လူတွေက သိထားကြပေမဲ့ ရွာနီးစပ်ချုပ်ကလူတွေကတော့ နာမည်ကြားရုံနဲ့တင် ဖိန့်ဖိန့်တုန်အောင် ကြောက်ကြပါသတဲ့။အကြောင်းကတော့ ဒီရွာမှာ သရဲတစ္တေတွေကျက်စားတယ်ဆိုတဲ့သတင်းစကားနဲ့အတူ ရွာပျက်ကြီးဟာ အဝင်ရှိပေမဲ့ အသက်ရှင်လျက် ပြန်ထွက်လာနိုင်သူမရှိလို့ပါပဲ။ ဒေါက်တာဂေါ်သမ်တစ်ယောက် သမီးလေးနဲ့မိန်းမကိုခေါ်ပြီး ချန်နိုင်းကိုသွားဖို့ အဝေးပြေးလမ်းကနေ ကားနဲ့ထွက်လာတာပေါ့။ ဖြစ်ချင်တော့ လမ်းမှာကားမှောက်ထားလို့ ရဲမှုရဲခင်းစစ်ဆေးနေတာနဲ့ကြုံပြီး လမ်းပိတ်တာနဲ့တိုးပါတော့တယ်။ အမှုစစ်တာကြာဦးမှာကို မစောင့်ချင်တဲ့ဒေါက်တာဂေါ်သမ်တစ်ယောက် သူ့ဘဝအတွက် အိပ်မက်ဆိုးဖြစ်လာမယ့်ဆုံးဖြတ်ချက်ကိုချပြီး ကတ်တီရယ်ရွာကိုဖြတ်သွားရတဲ့ လမ်းခွဲကနေ ချန်နိုင်းကိုခရီးဆက်ဖို့လုပ်ပါတော့တယ်။ လမ်းကသံချောင်းတွေကြောင့် ကားဘီးပေါက်သွားတော့ ဂေါ်သမ်တစ်ယောက် မိန်းမနဲ့သမီးလေးကို ကားပေါ်ထားခဲ့ပြီး အကူအညီတောင်းဖို့ ရွာနီးစပ်ချုပ်ကို အကူအညီလာတောင်းမှ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ကတ်တီရယ်ရွာအကြောင်း သိလိုက်ရချိန်မှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာ အားလုံးအတူ ပဟေဠိအဖြေညှိလိုက်ကြပါစို့လား။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...

Stargate: The Ark of Truth (2008) ⭐TMDB: 71.0% User Score 🎬 #Action #Adventure #Drama #ScienceFiction #TVMovie 🗓 2008 🎞 movie 🌎 #Canada #UnitedStatesofAmerica ⏰ 1 နာရီ 42 မိနစ် 43 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်ကားဟာ 20th Century Foxက ရိုက်ကူးခဲ့တဲ့ စိတ်ကူးယဉ် သိပ္ပံဇာတ်ကားဖြစ်သလို ၁၉၉၇က​နေ၂၀၀၇ခုနှစ်အထိ ထွက်ရှိခဲ့တဲ့ Stargate SG-1ဆိုတဲ့ seriesရဲ့ အဆက်ဆိုလည်း ဟုတ်ပါတယ်။ ဇာတ်လမ်းဇာတ်အိမ်က အ​တော်​လေးကျယ်ပြန့်သလို IMDb 7.2နဲ့ RT 79%အထိ ရရှိထားတဲ့ ဇာတ်ကားပါ။ SG-1ဆိုတာ ကမ္ဘာ​​မြေရဲ့ အာကာသရန် ကာကွယ်​ရေးတပ်ဖွဲ့ဖြစ်ပြီး သူတို့ရဲ့ အဓိကရန်သူ​တွေက​တော့ ကြယ်စင်စုထဲက အော်ရိုင်ဆိုတဲ့ စွမ်းအားရှင်တွေပဲ ဖြစ်ပါတယ်။ ကမ္ဘာ​ဂြိုဟ်နဲ့ တခြားဂြိုဟ်​တွေကို Supergate ဆိုတဲ့ အာကာသဂိတ်တံခါးနဲ့ ဆက်သွယ်ထားတာပါ။ ဇာတ်လမ်းအစမှာ​တော့ SG-1အဖွဲ့​တွေဟာ အာ့ခ်လို့​ခေါ်တဲ့ ပစ္စည်း တစ်ခုကို ရှာပုံ​​တော် ဖွင့်​နေကြတာ ဖြစ်ပြီး အဲဒါက အော်ရိုင်​တွေရဲ့ အစွမ်း​တွေကို ဖျက်ဆီးပစ်နိုင်တဲ့ အရာပါ။ ဒါ​ကြောင့်လည်း အော်ရိုင်​တွေက SG-1အဖွဲ့ကို တားဆီးဖို့ သူတို့ရဲ့ ​နောက်လိုက်တိုမင် ​ခေါင်း​ဆောင်တဲ့ စစ်တပ်ကို​စေလွှတ်ရင်း နှစ်ဖွဲ့ ထိပ်တိုက်​တွေ့ဆုံကာ ကမ္ဘာဂြိုဟ်နဲ့ အော်ရိုင်​တွေကြား တိုက်ပွဲ​တွေ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။...

One and Only (2023) ⭐IMDB: 7.0/10 (1 k Votes) 🎬 #Comedy #Drama #Sport 🗓 2023 🎞 movie 🌎 #China ⏰ 2 နာရီ 4 မိနစ် 55 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 CM ပရိသတ်ကြီးတွေကို ဉာဏ်ကွန့်မြူးလို့ကောင်းတဲ့ လူငယ်ရုပ်ရှင်လေးတစ်ကားနဲ့မိတ်ဆက်ပေးချင်တယ်။ နာမည်ကတော့ One and Only ဖြစ်ပြီးတော့ဒီနှစ်မှ ရုံတင်ခဲ့တဲ့ ဇာတ်ကားပါ။ ဒီကားထဲမှာဆိုရင် အဓိက သရုပ်ဆောင်တွေအနေနဲ့စီနီယာဟွမ်ပေါ်နဲ့ နာမည်ကြီးတရုတ်မင်းသား ဝမ်ရိပေါ်တို့ကတင်းလေ့နဲ့ ချန်ရှိုးတို့အဖြစ် ပါဝင်ထားပါတယ်။ ဇာတ်လမ်းကတော့ တင်းလေ့က ချန်ရှိုးကို တွေ့ရာကနေ စပါတယ်။ချန်ရှိုးက လူငယ်အကသမားဖြစ်ပြီးတော့ အိပ်မက်တွေနောက်ကို လိုက်နေတဲ့ကောင်လေးပါ။တစ်နေ့မှာ သူက တင်းလေ့ရဲ့ အကအဖွဲ့ထဲ ဝင်ခွင့်ရသွားတဲ့အခါမတူညီတဲ့ အရည်အချင်းအမျိုးမျိုးရှိတဲ့ အကကျွမ်းကျင်သူတွေနဲ့ ဆုံတွေ့ခဲ့ရတယ်။ချန်ရှိုးအနေနဲ့ အကပြိုင်ပွဲတွေမှာ ပါဝင်ချင်တာက တစ်ဘဝစာအိပ်မက်လိုမျိုးဖြစ်ခဲ့ပြီးတော့အဲဒီအတွက် ကြိုးစားရာမှာ သူ မျှော်လင့်သလို မချောမွေ့ခဲ့ပါဘူး။မိသားစုနဲ့ အိပ်မက်တွေကြားမှာ ရောက်နေရတဲ့အခါ သူ့အနေနဲ့ ဘာကို ရွေးချယ်မလဲ၊အိပ်မက်တွေနောက် လိုက်နိုင်ဖို့ ဘယ်လိုကြိုးစားမလဲဆိုတာကိုတော့ဟောဒီ One and Only ရုပ်ရှင်ထဲမှာပဲ ကိုယ်တိုင်ကြည့်ရှုလိုက်ကြပါနော်။ မြူးကြွကြွ ကကွက်တွေကို ကြည့်ရှုရမှာဖြစ်တဲ့အပြင် လူငယ်တစ်ယောက်ရဲ့ရုန်းကန်လှုပ်ရှားပုံတွေကို တွေ့မြင်ရမှာဖြစ်တဲ့အတွက် inspirationယူလို့ကောင်းတဲ့ ဇာတ်ကားလေးဖြစ်တာမလို့ အားလုံးကြည့်ရှုကြဖို့ recommend ပေးပါတယ်နော်။...

Japan (2023) ⭐IMDB: 3.3/10 (1 k Votes) 🎬 #Action #Bollywood #Drama #Thriller #Comedy #Crime 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 34 မိနစ် 41 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Japan (2023) “(ဂျပန်) အိန္ဒိယတွင်လုပ်သည်”လိုကတ်ရှ်ယူနီဗာ့စ်ရုပ်ရှင်တွေထဲက Kaithi(2019)က မင်းသား ကာသီရဲ့ရုပ်ရှင်ကားသစ်ကိုNetflixကနေ ထုတ်လွှင့်ခဲ့ပါတယ်။မင်းသမီးကတော့ ချီကာဂိုမှာမွေးတဲ့ တောင်ပိုင်းမင်းသမီးချော အငယ်လေး အန်နူးပါပဲ။ တခါတုန်းက အဆုံးမဲ့သမုဒ္ဒရာပြင်ကြီးထဲမှာ ၁၀နှစ်သား ငါးလေးတစ်ကောင်ရှိတယ်တဲ့….တစ်နေ့မှာ အဲဒီငါးလေးက ကျင်းတစ်ခုစတူးပါရော။အဲဒီကနေစပြီး ငါးကလေးရဲ့စွန့်စားခန်းတွေအစပြုခဲ့တာပေါ့။ ဂဏန်းအတွက် တစ်ကျင်း၊ ကင်းမြီးကောက်အတွက် တစ်ကျင်း၊ကျင်းတွေတောင် မရေနိုင်တော့ပဲ ငါးကလေးကနေ ဝေလငါးကြီးဖြစ်သွားတဲ့အထိတဲ့။အဲဒီမှာပဲ ဝေလငါးကြီးကို ကျန်တဲ့ ရေနေသတ္တဝါတွေကအမြင်ကတ်ပြီး ဝိုင်းဖမ်းဖို့လုပ်ကြပါတော့သတဲ့။ ဒါကတော့ ဇာတ်လမ်းထဲမှာ ဂျပန်ကိုတင်စားထားတဲ့အကြောင်းလေးပါ။ဟုတ်ပါတယ် အိန္ဒိယမှာထုတ်လုပ်ထားတဲ့ ဂျပန်။ဂျပန်က ဘာလဲဆိုတော့ သူခိုး။ကြည့်နေရင်းနဲ့ ဂျန်းတဲမန်းသူခိုးလူပင် တို့ ဘာတို့ကိုအမှတ်ရသွားလောက်အောင်ကို သူတို့လိုကြမ်းတဲ့ သူခိုးပါ။ခိုးမဲ့နေရာကို ဒဲ့ပြောပါတယ် ခိုးပြီးရင် ချေ့တယ်ဘာညာ ငါ့ကိုနမ်းပါဘာညာဆိုပြီး ပေါက်ကရတွေရေးခဲ့ပါတယ်။သူ့ခိုးနည်းတွေကို ရုပ်ရှင်ရိုက် ရုံမှာပြပြီး အဲ့တိုင်း ဒဲ့ခိုးပါတယ် ဂျပန်က ပိုက်ဆံမလိုပါဘူး ဂျပန်လိုတာ ဂုဏ်သိက္ခာနဲ့ ကျော်ကြားမှုပါ ….. အဲ့တော့ ရဲတွေက ဂျပန်ကို မြင်ပြင်းကတ်လာပြီး ဘယ်လိုမိအောင် ဖမ်းဆီးကြမလဲဂျပန်ကလဲ ရဲတွေကို ကတုံးထိပ်ကွက်ပြီး ဘယ်လိုလှည့်ပတ်မလဲဆိုတာ ပရိသတ်ကြီးပဲ ဆက်လက်ခံစားကြပါတော့ဂျပန်မှာက ရဲတွေနဲ့ ဉာဏ်ချင်းပြိုင်တဲ့အချိန် မပျင်းရအောင် စော်အလန်းလေးတစ်ယောက် ဘေးမှာအဖော်ပြုပေးနေတာမို့ပရိသတ်ကြီးလဲ အပျင်းပြေ ချစ်ကြည်နူးခန်းတွေ ကခုန်ခန်းတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ငတက်ပြားဇာတ်လမ်းကြီးကို အားပေးနိုင်မှာပဲဖြစ်ပါတယ်….(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပါပဲ) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...

Adrishya Jalakangal (2023) ⭐IMDB: 6.5/10 (459 Votes) 🎬 #Bollywood #Drama #Thriller 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 6 မိနစ် 51 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Adrishya Jalakangal (2023) “မမြင်ရတဲ့ပြတင်းပေါက်များ”IMDb-6.8/10 Netflixကနေ ထုတ်လွှင့်ခဲ့တဲ့ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ အကောင်းဆုံးရိုက်ကူးထားတဲ့မလေယာလမ်ကားကောင်းလေးတစ်ကား တင်ဆက်ပေးပါရစေ။ဒီကားရဲ့ အဓိကဇာတ်လိုက်ဖြစ်သူ မင်းသားသောမတ်စ်က ကျွန်တော်ဒီကားရဲ့ ဇာတ်ညွှန်းကိုဖတ်တုန်းကငိုတောင်ငိုမိတယ်လို့ အင်တာဗျူးတစ်ခုမှာ ဖြေသွားပါသေးတယ်။ဇာတ်ညွှန်းမှာတင် သရုပ်ဆောင်တစ်ယောက် ငိုရလောက်တဲ့ထိ ဒီရုပ်ရှင်က ဘာတွေများထူးခြားလို့လဲ။ လောကကြီးမှာ ကျွန်မတို့လူသားတွေအနေနဲ့ မတတ်နိုင်တဲ့အရာတွေရှိပါတယ် ကျွန်မတို့မမြင်နိုင်တဲ့ဖြစ်တည်မှုတွေမမြင်နိုင်တဲ့ကမ္ဘာလောကပေါ့ ဒါပေမဲ့ဒီလောကရဲ့ပြတင်းပေါက်လေးကို သွားဖွင့်လိုက်မိရင် ဘာတွေဖြစ်လာနိုင်မလဲ ။ စစ်ကြီးဖြစ်ခါနီး ရဲတွေက အိမ်ခြေရာမဲ့တွေကိုဖမ်းပြီး အရူးထောင်ပို့သတဲ့ နေရာမလောက်တော့ အရင်ရောက်နေတဲ့လူတွေကိုကျန်းမာရေးစစ်ဆေးချက်ပေးပြီး ကောင်းတယ်ဆိုပြန်လွှတ်တယ်ပေါ့ ဒီမှာမင်းသားကြီး Tovino Thomas က အရူးထောင်ထဲကန့်လန့်ပါသွားတဲ့တစ်ယောက်ပါ သူ့ကိုယ်သူလူကောင်းပြောလည်း အရူးတွေကဒီလိုပဲပြောကြတာဆိုပြီး ၆လလောက် စိတ္တဇဆေးရုံထဲနေခဲ့ရသူ ဆေးရုံခါတော့ သူ့ကိုအကောင်းဆိုပြီးပြန်လွှတ်လိုက်လေရဲ့ သူလည်းအလုပ်လုပ်မယ်ဆိုပြီး ရင်ခွဲရုံမှာအလုပ်ဝင်မိခါမှ သဘာဝလွန်ဖြစ်ရပ်တွေဖြစ်လာပါတော့တယ် ဒါကဘာများဖြစ်မလဲ ဒီသဘာဝလွန်ဖြစ်ရပ်တွေအကူအညီနဲ့ သူဘာတွေလုပ်သွားမလဲဆိုတာကိုတော့…. (အညွှန်းကို Yunni ကရေးသားပေးထားပြီး CM Bollywood Team မှဘာသာပြန်ဆိုထားပါတယ် ) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...

Lady Ballers (2023) ⭐IMDB: 6.4/10 (8 k Votes) 🎬 #Comedy #Sport #TVMovie 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 52 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ရောဘတ်ဟာ ဘတ်စကက်ဘော နည်းပြတစ်ယောက်ဖြစ်ပါတယ်။ သူဟာ သမီးတစ်ယောက်ရှိပြီး မိန်းမနဲ့ ကွဲနေသူလည်း ဖြစ်တဲ့အတွက် တစ်ကိုယ်တည်း အလုပ်လုပ်ရင်းသာ ဖြတ်သန်းနေသူပါ။ နှစ်တွေကြာလာနဲ့အခါ သူ့ရဲ့ အသင်းသားဟောင်းတွေဟာလည်း အားကစားလောကမှထွက်ကာ တစ်ကွဲတစ်ပြားစီ အခြေချနေထိုင်နေကြတယ်။ ဒါပေမဲ့ တနေ့မှာတော့ သူ့ရဲ့သမီးဖြစ်သူကြောင့် အကြံတစ်ခု ရရှိလာပြီး သတင်းထောက်တစ်ဦးရဲ့ မြှောက်ပင့်ပေးမှုနဲ့အတူ လိင်ပြောင်းအမျိုးသမီးတွေပုံစံနဲ့ အမျိုးသမီး အားကစားပြိုင်ပွဲတွေမှာ ဝင်ရောက် လွှမ်းမိုးဖို့ ကြိုးစားပါတော့တယ်။ ဒီလိုနဲ့ သူ့ရဲ့ ကစားသမားဟောင်းတွေကို လိုက်လံစည်းရုံးပါတော့တယ်။ ဒါပေမဲ့ သူတို့ရဲ့ ပြုလုပ်မှုတွေက ရေရှည်မှာရော အဆင်ပြေနိုင်ပါ့မလား ဘာတွေဆက်ဖြစ်လာမလဲ ဆိုတာကိုတော့ ဟာသဆန်ဆန် ဆက်လက် ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။...

Pendulum (2023) ⭐IMDB: 7.8/10 (182 Votes) 🎬 #Bollywood #Fantasy #Thriller 🗓 2023 🎞 movie 🌎 #India ⏰ 1 နာရီ 44 မိနစ် 42 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Pendulum (2023)“အိပ်မက်အပိုင်းအစများကို ခြယ်လှယ်ခြင်း” IMDb 7.7 CM ပရိသတ်ကြီး ရုံးပိတ်ရက်မှာ အနားယူရင်း ကြည့်ဖို့ Malayalam စကားပြော fantasy/ thriller ဇာတ်လမ်းအဆန်းလေးတင်ဆက်ပေးလိုက်ပါတယ်… တက်သစ်စ ဒါရိုက်တာတစ်ယောက် ကိုယ်ပိုင်ဇာတ်ညွှန်းရေးပြီး ရိုက်ထားတဲ့ ပွဲဦးထွက်ရုပ်ရှင်တစ်ကားအနေနဲ့ ဒီလောက် rating ရတာ မဆိုးဘူး ပြောရမှာပါ အမီးရ်ဆိုတဲ့ လူတကာအပယ်ခံ ကောင်လေးတစ်ယောက်…အရပ်ထဲက လူတွေက အမီးရ်ရဲ့ အဖေကို မိစ္ဆာမှော်ပညာရှင်လို့ သမုတ်ထားကြတာ ဖြစ်ပြီး… သူချစ်မိတဲ့ အိန်ဂျယ်ဆိုတဲ့ကောင်မလေး ကတော့ သူ့ရဲ့ တစ်ဦးတည်းသော စကားပြောဖော် ကောင်မလေးပေါ့…ဒါပေမဲ့လည်း ကောင်မလေးရဲ့အဖေ သိသွားခဲ့အခါမှာ အမီးရ်နဲ့ အဆက်အသွယ်ဖြတ်ခိုင်းလိုက်ပါတယ် အမီးရ်မှာ အိပ်မက်တွေကိုခြယ်လှယ်နိုင်တဲ့ ထူးခြားတဲ့အစွမ်းတစ်ခု ရှိနေပြီးတစ်နေ့ အိန်ဂျယ်နဲ့ အိပ်မက်တစ်ခုထဲမှာ ဆက်သွယ်ဖို့ ချိန်းဆိုခဲ့ပေမယ့်အိန်ဂျယ် သူ့အိပ်မက်ထဲ ရောက်လာတဲ့အချိန် သူတို့နှစ်ယောက် အပြင် သူစိမ်းတစ်ယောက် ရှိနေတဲ့အခါမှာတော့ ….. ဒီထူးဆန်းတဲ့ အဖြစ်ကို ဒေါက်တာ မဟေ့ရှ်ဆိုတဲ့ လူတစ်ယောက် မထင်မှတ်ပဲကြုံတွေ့လာတဲ့အခါနောက်ဆုံး အိပ်မက်မက်ခြင်းနည်းနဲ့ သူ့အတိတ်စာမျက်နှာကို ပြန်လည် တူးဆွဖို့ ကြိုးပမ်းပါတော့တယ် သူကရော သူ့ရဲ့အတိတ်ကအမှားတွေကို ပြင်ဆင်ပြီး အနာဂတ်ကို ပြန်လည်ပြုပြင်နိုင်မလားဆိုတာကို၁ နာရီ ၄၅ မိနစ်ဆိုတဲ့ အချိန်လေးအတွင်းမှာ ပရိသတ်ကို မျက်တောင်တစ်ချက် မခတ်ရအောင်တင်ဆက်ထားတာမို့ ထူးဆန်းထွေလာ ဇာတ်လမ်းမျိုး နှစ်ခြိုက်ကြသူတွေ သဘောတွေ့မယ့် လက်ရာတစ်ခု ဖြစ်ကြောင်း ပြောရင်း… အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...

I Was Entrusted To A Free Countryside And Seduced My Neighbor’s Uncle – Natsuki Hikaru (Decensored – MGOLD-016 ) ⭐- 🎬 #Adult 🗓 - 🎞 movie 🌎 #Japan ⏰ 2 နာရီ 1 မိနစ် 40 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီတစ်ခါတင်ဆက်ပေးမဲ့ မင်းသမီးလေးကတော့ Natsuki Hikaru လေးပဲဖြစ်ပါတယ်။ ပြည့်ပြည့်ဖောင်းဖောင်း ခန္ဓာကိုယ်လေးရယ် အပြစ်ကင်းစင်တဲ့ ချစ်စဖွယ်မျက်နှာလေးရယ် ချိုသာတဲ့ အသံသာသာလေးတွေရယ်ကို ကြည့်ရှုခံစားရမှာပါ……. တောရွာလေးကို အလည်သွားရင်း တစ်ယောက်တည်းပျင်းလို့ ဦးလေးကြီး မြူဆွယ်မိလိုက်တဲ့ ဒီ MGOLD-016 ဆိုတဲ့ ကားလေးထဲမှာတော့ မီးကုန်ယမ်းကုန် သရုပ်ဆောင်ချက်တွေနဲ့ တင်ဆက်ပြသွားတာကို စုတ်တချက်ချက်သပ်ရင်း ကြည့်ရှုရမှာဖြစ်လို့ ကြည့်ဖြစ်အောင်သာ ကြည့်လိုက်ကြပါဦးလို့ပဲ နှိုးဆော်လိုက်ရပါတယ်ခင်ဗျာ….. (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။...

Elf (2003) ⭐TMDB: 66.0% User Score 🎬 #Adventure #Comedy #Family #Fantasy #Romance 🗓 2003 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 36 မိနစ် 59 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ခရစ္စမတ်နီးလာပြီဆိုတော့ ခရစ္စမတ်ဇာတ်ကားကောင်းကောင်းလေးတွေ ရှာရတာ ပင်ပန်းနေရောပေါ့။အဲ့ဒါဆိုရင် ၂၀၀၃ ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ ခရစ္စမတ်နဲ့ ပတ်သတ်ရင်နာမည်ကြီးခဲ့တဲ့ လူတော်တော်များများလည်းကြည့်ဖူးလောက်ပြီဖြစ်တဲ့ Elf ဆိုတဲ့ဇာတ်ကားလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ ခရစ္စမတ်မှာ ကြည့်ဖို့ဇာတ်ကားတွေထဲမှာ ဒီကားလေးကိုပါထပ်ထည့်လိုက်လို့ရပါပြီ။ ဘာလို့လဲဆိုတော့ IMDb Rating 7.1 အထိတောင်ရရှိထားပြီး ကြည့်ရတာလည်း ပျော်စရာကောင်းတဲ့ ဇာတ်ကားလေးဖြစ်နေလို့ပါ။ဒီတော့ ရှည်ရှည်ဝေးဝေးပြောမနေပဲနဲ့ ဇာတ်ကားအကျဉ်းချုပ်လေးကို ပြောလိုက်ရအောင်။ ဘက်ဒီဆိုတဲ့ မိဘမဲ့ကလေးပေါက်စလေးတစ်ယောက်က မိဘမဲ့ဂေဟာမှာရှိနေတုန်း ဆန်တာကလော့စ်က လက်ဆောင်ပစ္စည်းတွေလာပို့တဲ့ အချိန်မှာ ဆန်တာ့ရဲ့အိတ်ကြီးထဲကို ဝင်နေခဲ့ပါတော့တယ်။ဒီလိုနဲ့ မြောက်ဝင်ရိုးစွန်းကို ရောက်သွားခဲ့ပြီး နတ်သူငယ်တစ်ယောက်ရဲ့ မွေးစားခြင်းကို ခံခဲ့ရပါတော့တယ်။ဘက်ဒီလေးက တခြားနတ်သူငယ်တွေနဲ့အတူတူကြီးပြင်း လာပေမဲ့ လူသားဖြစ်နေတဲ့အတွက် အရွယ်အစားကနှစ်ဆလောက်ပိုကြီးနေပါတော့တယ်။ ငယ်ငယ်တုန်းက ဘာမှမဖြစ်ပေမဲ့ကြီးလာတဲ့အခါမှာတော့ လူသားတစ်ယောက်နဲ့ နတ်သူငယ်တွေနေတဲ့ နေရာကအံဝင်ခွင်ကျမဖြစ်တော့ပါဘူး။ဒါ့ကြောင့်ပဲ ဆန်တာက သူ့ကိုသူ့အဖေအရင်းရှိရာ နယူးယောက်မြို့ကိုပြန်ပို့လိုက်ပါတော့တယ် အခုမှ လူ့လောကကြီးထဲကိုခြေပြန်ဆန့်တဲ့ ဘက်ဒီတစ်ယောက်သူ့အဖေနဲ့ပြန်တွေ့ပြီးနောက်ပိုင်း ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာကို စိတ်ဝင်စားစရာကောင်းအောင် ခရစ္စမတ် Vibe အပြည့်အ၀ ရအောင်ရိုက်ကူးထားတဲ့ Old But Gold ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။...

Lady Ballers (2023) ⭐IMDB: 6.4/10 (8 k Votes) 🎬 #Comedy #Sport #TVMovie 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 51 မိနစ် 9 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ရောဘတ်ဟာ ဘတ်စကက်ဘော နည်းပြတစ်ယောက်ဖြစ်ပါတယ်။ သူဟာ သမီးတစ်ယောက်ရှိပြီး မိန်းမနဲ့ ကွဲနေသူလည်း ဖြစ်တဲ့အတွက် တစ်ကိုယ်တည်း အလုပ်လုပ်ရင်းသာ ဖြတ်သန်းနေသူပါ။ နှစ်တွေကြာလာနဲ့အခါ သူ့ရဲ့ အသင်းသားဟောင်းတွေဟာလည်း အားကစားလောကမှထွက်ကာ တစ်ကွဲတစ်ပြားစီ အခြေချနေထိုင်နေကြတယ်။ ဒါပေမဲ့ တနေ့မှာတော့ သူ့ရဲ့သမီးဖြစ်သူကြောင့် အကြံတစ်ခု ရရှိလာပြီး သတင်းထောက်တစ်ဦးရဲ့ မြှောက်ပင့်ပေးမှုနဲ့အတူ လိင်ပြောင်းအမျိုးသမီးတွေပုံစံနဲ့ အမျိုးသမီး အားကစားပြိုင်ပွဲတွေမှာ ဝင်ရောက် လွှမ်းမိုးဖို့ ကြိုးစားပါတော့တယ်။ ဒီလိုနဲ့ သူ့ရဲ့ ကစားသမားဟောင်းတွေကို လိုက်လံစည်းရုံးပါတော့တယ်။ ဒါပေမဲ့ သူတို့ရဲ့ ပြုလုပ်မှုတွေက ရေရှည်မှာရော အဆင်ပြေနိုင်ပါ့မလား ဘာတွေဆက်ဖြစ်လာမလဲ ဆိုတာကိုတော့ ဟာသဆန်ဆန် ဆက်လက် ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။...

The Possession (2012) ⭐TMDB: 60.0% User Score 🎬 #Horror #Mystery #Thriller 🗓 2012 🎞 movie 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 32 မိနစ် 59 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဘက်စကတ်ဘောနည်းပြ ကလိုက်ဒ်နဲ့ သူ့ဇနီး စတက်ဖနီတို့က ကွာရှင်းလိုက်ကြပြီး ကလေးနှစ်ယောက်ကို ကလိုက်ဒ်က ခေါ်သွားခဲ့ပါတယ် ။ အိမ်ပြောင်းလာတာဖြစ်တဲ့ ကလိုက်ဒ်တို့ သားအဖသုံးယောက်ဟာ ခြံဝန်းတစ်ခုမှာ ပစ္စည်းအဟောင်းတွေ ရောင်းနေတာနဲ့ လိုတာတွေ ဝင်ဝယ်ကြပါတော့တယ် ။ အဲဒီနေရာမှာ ကလိုက်ဒ်ရဲ့ သမီးငယ်လေး အမ်မလီ မျက်စိကျသွားတဲ့ ပစ္စည်းကတော့ ရှေးဟောင်းသေတ္တာတစ်လုံးပါပဲ ။ သေတ္တာအဖုံးပေါ်မှာ ဟီဘရူးဘာသာစကားနဲ့ “ သတိပေးချက် : မဖွင့်ရ သေတတ်သည်” လို့ ရေးထားတဲ့ သေတ္တာကို အမ်မလီလေး ဖွင့်နိုင်သွားတဲ့အခါ ဘာတွေဖြစ်လာမလဲ ။ သေတ္တာထဲမှာရှိနေတာကရော ဘာဖြစ်မလဲ ။ ရုတ်တရက်ကြီး ပြောင်းလဲသွားတဲ့ အမ်မလီကို ကလိုက်ဒ်တို့ မိသားစု ကယ်နိုင်ပါ့မလားဆိုတာကို ၂၀၁၂ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ The Possession ရုပ်ရှင်မှာ ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်ကြည့်ရမှာပါ ။ အဓိက ဇာတ်ဆောင် တဖြစ်လဲ အမ်မလီ့အဖေ ဘတ်စကတ်ဘောနည်းပြ ကလိုက်ဒ်အနေနဲ့ကတော့ Walking Dead နဲ့ Grey’s Anatomy တို့မှာ ပါဝင်ထားတဲ့ မင်းသားကြီး Jeffrey Dean Morgan က ပါဝင်သရုပ်ဆောင်ထားပါတယ်...

Medusa's Venom (2023) ⭐IMDB: 5.2/10 (482 Votes) 🎬 #Horror 🗓 2023 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 24 မိနစ် 38 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ၂၀၂၃ ဖေဖော်ဝါရီက ထွက်ရှိထားတဲ့ Medusa Venom ရုပ်ရှင်ဇာတ်ကားက ၂၀၂၀ ခုနှစ်မှာထွက်ရှိခဲ့တဲ့ Medusa ဇာတ်ကားရဲ့အဆက်ဆိုပေမယ့် ပထမဇာတ်ကားနဲ့ အဆက်အစပ်မရှိတာကြောင့် ယခုမှစကြည့်ဖို့သင့်တော်တဲ့ Horror အမျိုးအစား ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ သူငယ်ချင်းကောင်လေးနှစ်ယောက် ညှဉ့်ငှက်ကလေးတွေရှိရာ ဂေဟာဆီ လာရောက်အပန်းဖြေရာကနေ ဇာတ်လမ်းကိုစတင်ဖွင့်လှစ်ထားပါတယ်။ လာရောက်ပျော်ပါးတဲ့ သူငယ်ချင်းနှစ်ယောက်ထဲကတစ်ယောက်ဟာ အဖြစ်ဆိုးနဲ့ ကြုံရပြီး နောက်တစ်ယောက်က ထွက်ပြေးလွတ်မြောက်သွားပါတယ်။ ရက်အနည်းငယ်အကြာမှာ ညှဉ့်ငှက်ကောင်မလေးတွေရဲ့ ဂေဟာကို လိုလာဆိုတဲ့ ကောင်မလေးတစ်ယောက်လာရောက်တည်းခိုရာက သူကိုယ်တိုင်လိင်ဖျော်ဖြေရေး လုပ်သားဖြစ်သွားပြီး ဇာတ်လမ်းအစ ထွက်ပြေးသွားတဲ့ကောင်လေးနဲ့ တွေ့ဖို့အကြောင်း ဖန်လာပါတော့တယ်။ ကောင်လေးနဲ့လိုလာတို့ဟာ လိင်ဖျော်ဖြေရေးဂေဟာရဲ့နောက်ကွယ်က လျှို့ဝှက်ချက် တွေကို ဖော်ထုတ်ဖို့ကြိုးစားကြရင်း ဆန်းကြယ်တဲ့ သဘာဝလွန်အဖြစ်အပျက်တွေနဲ့ ကြုံတွေ့လာရပါတယ်။ လိင်ဖျော်ဖြေရေးဂေဟာရဲ့နောက်ကွယ်ကလျှို့ဝှက်ချက်တွေဟာ ဘာဖြစ်မလဲ.. လိုလာကကော ညှဉ့်ငှက်ဘဝကရုန်းထွက်နိုင်မှာလား.. သဘာဝလွန်အဖြစ်အပျက်တွေက ဘာကြောင့်လဲ.. မိန်းကလေးတွေချည်းပဲရှိတဲ့ ဂေဟာဟာ ဘယ်လိုအစွမ်းသတ္တိတွေကြောင့် တောစပ်မှာသီးခြားရပ်တည်နိုင်တာလဲ.. ရုပ်ရှင်နာမည်အတိုင်း Medusa နတ်ဘုရားနဲ့ ဘယ်လိုများဆက်စပ်နေမလဲဆိုတာ Medusa Venom ဇာတ်ကားမှာ ရှုစားကြရမှာဖြစ်ပါတယ်။ ညှဉ့်ငှက်မိန်းကလေးများနဲ့ လိင်ဖျော်ဖြေရေးဂေဟာကို ဇာတ်အိမ်တည်ထားတာဆိုပေမယ့် အဖော်အချွတ်ကို အသားမပေးဘဲ Horror ဦးစားပေးဇာတ်လမ်းဖြစ်ပြိး ရိုက်ကူးထုတ်လုပ်တဲ့နိုင်ငံက UK ဖြစ်တာကြောင့် British English စကားပြောနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။...

Ghost Babe (2023) ⭐IMDB: 3.9/10 (46 Votes) 🎬 #Adventure #Horror 🗓 2023 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 21 မိနစ် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းဟာ ၂၀၂၃ထွက် သည်းထိပ်ရင်ဖိုရုပ်ရှင်တစ်ကားပါ။ ရတ်ဒ်မန်း၊ တေလာနဲ့ ​ရှောင် သူငယ်ချင်းသုံး​ယောက်ဟာ စိတ်တူ ကိုယ်တူ ​ရေလွှာ​လှိုင်းစီးသမား​တွေဖြစ်သလို အိမ်လခမ​ပေးနိုင်ဘဲ မွဲ​နေကြသူ​တွေပါ။ ဒါ​ပေမဲ့ ကံ​ကောင်းချင်​တော့ ​တေလာရဲ့အဘိုး ဆုံးပါးပြီး​နောက် ​​သေတမ်းစာအရ အိမ်တစ်လုံးအ​မွေရခဲ့ပါတယ်။ ဒါ​ပေမဲ့ အဲဒီအိမ်မှာ လွန်ခဲ့တဲ့နှစ်၁၀၀ခန့်ကသေသွားတဲ့ နာမည်ကြီး ရုပ်ရှင်မင်းသမီးတစ်​ယောက်ရဲ့ မကျွတ်မလွတ်ဘဲရှိ​နေတာ​ကြောင့် အဲဒီသရဲမ ကျွတ်ဖို့အတွက် ကြိုးပမ်း​ပေးရပါ​တော့တယ်။...

Envy (2004) ⭐TMDB: 49.0% User Score 🎬 #Comedy 🗓 2004 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica #UnitedStatesofAmerica ⏰ 1 နာရီ 40 မိနစ် 7 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Envy (2004)========== “လောဘကြောင့် မင်းအသိစိတ်ပျောက်သွားပြီ”ကိုယ့်ထက်နိမ့်ကျတဲ့သူတစ်ယောက် ကိုယ့်ထက်သာသွားတဲ့အချိန်မှာမနာလိုဖြစ်ဖူးလား? 2004 ခုနှစ်က ထွက်ရှိခဲ့ပြီး ဒီဇာတ်ကားမှာတော့ Night at the Museum နဲ့The secret life of Walter Mitty တို့လိုကားတွေမှာ သရုပ်ဆောင်ခဲ့ဖူးတဲ့ရုပ်ရှင်ထုတ်လုပ်သူ/မင်းသား Ben Stiller နဲ့ Kung Fu Panda Po ဇာတ်ကောင်ရဲ့ အသံသရုပ်ဆောင်တစ်ဖြစ် Gulliver’s Travel လို နာမည်ကျော်ကားတွေမှာ သရုပ်ဆောင်ဖူးတဲ့ Jack Black တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဂျက်နဲ့တင်မ်တို့က အိမ်နီးချင်းတွေဖြစ်ပြီး နေ့စဉ်အလုပ်အတူတူ သွားကြတဲ့လုပ်ဖော်ကိုင်ဖက်တွေလည်းဖြစ်ပါတယ်။ အလုပ်ခွင်မှာတော့ တင်မ်က အလုပ်ပိုတော်တဲ့အတွက် ရာထူးပိုမြင့်ပြီး ကိုယ်ပိုင်ရုံးခန်းပိုင်ပါတယ်၊ ဂျက်ကတော့အလုပ်ပေါ်အာရုံစိုက်နိုင်စွမ်း အားနည်းတဲ့အတွက် သာမန်ဝန်ထမ်းလေးတစ်ယောက်ပါပဲ။ တစ်ရက် အလုပ်ကအ‌ပြန်လမ်းမှာ လူတစ်ယောက် ခွေးချေးကျုံးနေတာကိုမြင်ပြီး ဂျက်တစ်ယောက် Vapoorize ဆိုတဲ့အရာကို တီထွင်ဖို့ အကြံရသွားပါတယ်၊ တင်မ်ကတော့ အဓိပ္ပါယ်မရှိဘူးလို့ပြောပြီး ဂျက်ရဲ့ပြောစကားကိုအဖက်မလုပ်ခဲ့ပါဘူး။ ဒီလိုနဲ့ ဂျက်တစ်ယောက် သူ့ရဲ့တီထွင်မှု အောင်မြင်သွားတဲ့အခါမှာ တင်မ်တစ်ယောက် ဘယ်လိုမျိုးတွေဖြစ်လာမလဲ။ သူတို့နှစ်ယောက်ရဲ့ခင်မင်မှုကရော အရင်အတိုင်း ရှိပါဦးမလား… ဒါတွေကိုသိရဖို့အတွက် Envy ဆိုတဲ့ဇာတ်ကားလေးကို ဆက်ပြီးကြည့်ရှုကြရအောင်ပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thura Aung ဖြစ်ပါတယ်)...

Gurren Lagann the Movie: Childhood's End (2008) ⭐IMDB: 7.7/10 (2 k Votes) 🎬 #Action #Animation #Comedy #Drama #SciFi 🗓 2008 🎞 movie 🌎 #Japan ⏰ 1 နာရီ 53 မိနစ် 17 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Gurren Lagann the Movie: Childhood’s End (2008)==================================== 2008 ခုနှစ်က ထွက်ရှိခဲ့တဲ့ Sci-fi Anime လေးပဲဖြစ်ပါတယ်။ Actionmecha anime ဖြစ်တဲ့အပြင်ကိုမှ Art style နဲ့ Animation qualityအရမ်းကောင်းပြီး Screen transition တွေ Smooth ဖြစ်တဲ့အချက်နဲ့ပါနာမည်ကြီးခဲ့တဲ့ Anime movie တစ်ခုဆိုရင်လည်း မမှားပါဘူး။ဇာတ်အိမ်ကောင်းမွန်မှုကြောင့် Netflix ရဲ့ Second Best Anime လည်းဖြစ်ခဲ့ပါသေးတယ်။ ” ကောင်းကင်ဘုံကိုဖောက်မယ့်လွန်သွား ” ဆိုတာကတော့ ….. Giha ရွာကအညတရ မိဘမဲ့လေး Simon ကို ညီအစ်ကိုလိုနေလာတဲ့ ဘဝတူချဉ်ဖတ်Kamina အားပေးနေကျစကား။ လူသားတွေအားလုံး မြေပြင်ပေါ်ကနေအပြီးအပိုင်နှင်ထုတ်ခံလိုက်ရပြီး မြေအောက်မှာပဲ တွင်းတွေတူး၊ ရွာလေးတွေတည်ပြီးနေနေကြရတဲ့ အကြောင်းအရင်းကို ဘယ်သူမှသေချာမသိကြပါဘူး။ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ ” မြေပေါ်ကို တက်လို့မဖြစ်ဘူး ”ဆိုတဲ့ အမှာစကားတစ်ခုပဲ ကျန်ခဲ့တဲ့အပြင် ဘယ်သူကမှလည်း ရွာရဲ့မျက်နှာကျက်ကိုဖောက်ပြီး ဘာတွေရှိမှန်းမသိတဲ့ မြေမျက်နှာ​​​ပြင်ဆိုတာကြီးပေါ်ကိုတက်ဖို့စိတ်ကူးမရှိကြပါဘူး။ အကြောင်းအရင်း ဂဃနဏမသိရဘဲ မရှိတဲ့အရာကို မှန်းကြောက်ပြီး မြေအောက်ထဲမှာပဲ ပိန်းပိတ်ပုန်းကွယ်နေရတဲ့ဘဝကနေ လွတ်​မြောက်ဖို့ကြိုးစားနေတာကတော့ Kamina ပါ။ Kamina တစ်​ယောက် ဘာမထီလောင်းကျော်လုပ်လို့ကောင်းနေပေမယ့် Simon ကတော့ ငလျင်ကြောင့် မိဘတွေကို ဆုံးရှုံးလိုက်ရသူပီပီ စိတ်ဒဏ်ရာကြီးသလို အကြောက်လည်းကြီးပါတယ်။ တစ်နေ့မှာတော့ Simonလွန်သွားကိုအားကိုးပြီး မြေပေါ်ကိုဖောက်တက်ဖို့လုပ်လို့ ရွာလူကြီးနဲ့ Kaminaတို့တစ်သိုက် အချေအတင်ဖြစ်နေတုန်း စက်ရုပ်မျက်နှာကြီးတစ်ခုက ရွာပေါ်ကိုဖောက်ဝင်ချလာပါတော့တယ်။ မျက်စိပိတ်နားပိတ်နေခဲ့ကြရလို့ စက်ရုပ်လား၊သရဲလားမကွဲဖြစ်နေကြ ချိန်မှာ မြေပေါ်ကနေ လက်နက်ဆန်းနဲ့ မိန်းကလေးတစ်ယောက်ရောက်လာပြီး Kamina တို့နဲ့အတူ စက်ရုပ်ကြီးကို ကူတိုက်ပေးပြီးတဲ့နောက် မြေပေါ်မှာ ရွာသားတချို့ရှိကြောင်းနဲ့ စက်ရုပ်ကြီးတွေကို “Gunmen”လို့ခေါ်ကြောင်းပါ ပြောပြပါတယ်။ သူစိမ်းမိန်းက​လေး Yoko နဲ့အတူ မြေပေါ်ကိုလိုက်လာပြီး ကောင်းကင်နဲ့ လေထုကို မြည်းစမ်းကြည့်ဖူးသွားတဲ့ Kamina နဲ့Simon တို့ လွတ်လပ်မှုအတွက် အားမမျှတဲ့ရန်သူကို တိုက်ထုတ်ရင်းနေသွားကြဖို့ဖြစ်လာပါတော့တယ်။ ဒီကားလေးနဲ့ Genre တူ “Gundam” နဲ့ “Darling in the franxx” fan တွေ ကြိုက်နှစ်သက်ကြလောက်မယ့် Movie လေးဖြစ်လို့ Brotherhood ၊ Romance ၊ Actionနဲ့ Comedy ရသစုံတဲ့ Sci-fi လေးကို Try ကြည့်ကြဖို့ Recommend ပေးချင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Hnin Wut Yi ဖြစ်ပါတယ်)...

Gurren Lagann the Movie: The Lights in the Sky are Stars (2009) ⭐IMDB: 8.0/10 (1 k Votes) 🎬 #Action #Animation #Drama #ScienceFiction #Adventure #SciFi 🗓 2009 🎞 movie 🌎 #Japan ⏰ 2 နာရီ 6 မိနစ် 51 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Gurren Lagann the Movie: The Lights in the Sky Are Stars (2009)=============================================== Gurren Lagann The Movie ဒုတိယပိုင်းဖြစ်တဲ့ ” The Lights in the Sky are Stars ”ဟာ ပထမ Movie ထက် Rating ပိုများပြီး IMDb 8.0 အထိ ရရှိခဲ့တဲ့ Anime ရုပ်ရှင်ကားကောင်းတစ်ခုဖြစ်ခဲ့တဲ့ အချက်ကနေ စပြောချင်ပါတယ်။ ” အမြင့်မှန်းတဲ့ လူသားအရိုင်းအစိုင်းတွေ သောင်းကျန်းလာရင် စန္ဒာလကတောင် ငရဲတမန်ဖြစ်လာပြီး Spiral ကမ္ဘာကို ချေမှုန်းလိမ့်မယ်။ ” …… အကြီးမားဆုံးရန်သူကို နှိမ်နင်းပြီးတဲ့အခါမှာတော့ လူသားတွေအားလုံး မြေအောက်ထဲမှာသာအခြေချဖို့ အတင်းအဓမ္မဖိနှိပ်ခံရာကနေ လွတ်မြောက်ခဲ့ပါပြီ။ Spiral King ရဲ့ နောက်ဆုံးစကားကို မေ့မေ့ပျောက်ပျောက်ဖြစ်ပြီး မြို့ပြရပ်ကွက်တွေနဲ့စည်ကားနေတဲ့ Kamina City ကတော့ နေ့နေ့ညည အသက်ဝင်လို့နေပါတယ်။ လွတ်လပ်ရေးဆောင်ကျဉ်းသူ Dai-Gurren အဖွဲ့ဝင်တွေထဲမှာ မြို့သစ်၊ ပြည်သစ်ရဲ့ အစိုးရအဖွဲ့သားတွေဖြစ်လာကြသူတွေရှိသလို သာမန်ဘဝလေးကို ရွေးချယ်သွားကြသူတွေလည်း ရှိကြတာပေါ့။ Kamina မရှိတော့တဲ့နောက်မှာ အစိုးရအဖွဲ့အသစ်ကို ဦးဆောင်ရတာကတော့ Simon ပါပဲ။တစ်မြို့လုံးရဲ့ အားပေးထောက်ခံမှု၊ ချစ်ခင်လေးစားမှုကို ရရှိထားတဲ့ Dai Gurren အဖွဲ့သားတွေရဲ့ တစ်ချိန်က တိုက်ပွဲဝင်ဖော်ဝင်ဖက် Gunmen တွေလည်း ငြိမ်းချမ်းတဲ့ကာလရဲ့ အရိပ်အောက်မှာ အနားယူနေဆဲပေါ့။ ဒီလိုအပူအပင်ကင်းတဲ့ ခေတ်ကာလမှာ Gunmen တွေ မြေပြင်ပေါ်ပြန်ရောက်မယ့် အရေးကိစ္စကြီးတစ်ခု ဖြစ်လာလိမ့်မယ်လို့ ဘယ်သူမှထင်မထားခဲ့ကြပါဘူး။ ဒီလိုနဲ့ Spiral King ရဲ့ သတိပေးချက် အမှန်ဖြစ်လာမယ့်‌ တစ်နေ့မှာတော့ …. ” လက်ထပ်ရအောင် နိယ ” ရယ်လို့ Simon ရဲ့ အရဲစွန့်ခွင့်ပန်စကားလေး အဖြေကြားလိုက်ရချင်းမှာတင် ရုတ်တရက်ပြောင်းလဲသွားတဲ့ နိယရဲ့ ထူးဆန်းတဲ့အပြုအမူတွေကြောင့် …. Happy endingနဲ့ စခဲ့တဲ့ဇာတ်လမ်းဟာ ဘယ်လိုအလှည့်အပြောင်းတွေ ဖြစ်လာမလဲဆိုတာကိုတော့ Ratingကောင်းတွေကိုယုံပြီး ဆက်လက်ကြည့်ရှုလိုက်ကြပါလို့ပဲ Suggest လုပ်ချင်ပါတယ်။ Part 1 မကြည့်ရသေးသူများက ဒီလင့်ကနေ ကြည့်ရှုနိုင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Hnin Wut Yi မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ Hnin Wut Yi, Ngwe Zin တို့ ဖြစ်ပါတယ်)...