ဇာတ်ညွှန်းများ • FDMN
Yopiq kanal
Ma'lumot yo'q
Obunachilar
-524 soatlar
-47 kun
+730 kun
Postlar arxiv
Altered (2006) ⭐TMDB: 54.0% User Score 🎬 #Horror #SciFi #Thriller #ScienceFiction 🗓 2006 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 28 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Altered 2006 ဒီတစ်ခါတင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ ခုခေတ်မှာရှားသွားပြီဖြစ်တဲ့ ဂြိုလ်သားကားပါဟာ ဒီလောက်ဂြိုလ်သားကားတွေပေါနေတာ ဘာကိုရှားတာလဲဆိုတော့ဟုတ်ပါတယ် ဒီကားမှာက ခုခေတ်လို နည်းပညာမြင့်လက်နက်တွေနဲ့ ဂြိုလ်သားတွေကိုပြန်ကြိတ်ရမှာ မဟုတ်ပါဘူးလက်ဗလာနီးပါးနဲ့ပြန်ခံချရင်း အသဲတထိတ်ထိတ်နဲ့ ဖြစ်မှဖြစ်ပါ့မလားလို့ကြည့်ရမှာပါပြီးတော့ ကမ္ဘာကြီးတစ်ခုလုံးနဲ့လည်း ယှဉ်မချကြပါဘူး ဇာတ်လမ်းကိုက ဘော်ဒါငါးယောက် ကလေးဘဝမှာ တောထဲအမဲလိုက်သွားတဲ့အချိန် ဂြိုလ်သားတွေကဖမ်းပြီးစမ်းသပ်ပါတယ်အဲ့ငါးယောက်ထဲမှာ လေးယောက်ပဲပြန်လွတ်လာပြီး တစ်ယောက်က သေဆုံးသွားပါတယ်အဲ့ဒါကိုဂြိုလ်သားဆိုတာ ဘယ်သူမှမယုံဘဲ ထောင်ကျတဲ့သူကျနဲ့ ဘဝတွေပျက်ကုန်ပါတယ်ဒါပေမဲ့ ၁၅ နှစ်ကြာပြီးနောက်မှာ ဂြိုလ်သားဆိုတာဂျိုနဲ့လားဆိုပြီးမိုက်မိုက်ကန်းကန်း ဒီလေးကောင်နဲ့ပဲပြန်သွားချကြပါတော့တယ်အဲ့တော့ လူသားလေးယောက်နဲ့ ဂြိုလ်သားတစ်အုပ် ဘယ်လိုတီးကြမလဲဆိုတာHorror-Thrillerကားကောင်းကြိုက်တဲ့ ပရိသတ်တွေအဖို့ တင်ဆက်ပေးလိုက်ပါတယ်သွေးထွက်သံယို R-rated အခန်းတွေများတာကိုတော့ ကြိုတင်သတိပေးလိုက်ပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့Sai Thurein Lynnပဲဖြစ်ပါတယ်...
Easy Money (2010) ⭐TMDB: 65.0% User Score 🎬 #Action #Crime #Drama #Thriller 🗓 2010 🎞 movie 🌎 #Denmark #Sweden #Germany ⏰ 2 နာရီ 5 မိနစ် 10 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Easy Money 1 (2010) IMDB- 6.7 Ratting ကောင်းတဲ့ ဆွီဒင်မူးယစ်ဂိုဏ်းဇာတ်လမ်းလေးအကြောင်း ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဉ်းကတော့ ရိုဟန်ဆိုတဲ့ စီးပွားရေးကောလိပ်တက်နေတဲ့ကောင်းလေးတစ်ယောက်က လူချမ်းသားအသိုင်းအဝိုင်းကြားမှာ နေထိုင်ရတဲ့အတွက် ပိုက်ဆံများများရနိုင်မယ့်အလုပ်ကိုရှာပြီးလုပ်နေရတယ်။ သိကြတဲ့အတိုင်း ကိုကင်းတွေကိုလိုက်ပို့ပေးရတာပေါ့။ တက္ကစီးအငှားကို ဟန်ပြမောင်းရင်းကိုကင်းတွေပို့ရတဲ့ အလုပ်ကဝင်ငွေကောင်းတဲ့အပြင် လူချမ်းသာရွယ်တူ သူငယ်ချင်းတွေရဲ့ ပရောဂျက်တွေကိုလုပ်ပေးရင်းနဲ့ သူ့ကိုယ်သူလူချမ်းသာအသိုင်းအဝိုင်းထဲဝင်ဆံ့နိုင်အောင် ကြိုးစားနေတယ်။ တစ်နေ့သူအဖွဲ့က သူ့ကို ဟောရုဟဲဆိုတဲ့ ထောင်ကထွက်ပြေးလာတဲ့အကျဉ်သားတစ်ယောက်ကိုသွားခေါ်ခိုင်းတယ်။ သူ့ကို ရာဒိုဗန်ဆိုတဲ့ မူးယစ်ဂိုဏ်းအဖွဲ့ကလည်းလိုချင်နေတဲ့အခါမှာတော့...
Easy Money II: Hard to Kill (2012) ⭐IMDB: 6.3/10 (9 k Votes) 🎬 #Action #Crime #Drama #Thriller 🗓 2012 🎞 movie 🌎 #Sweden #Germany ⏰ 1 နာရီ 40 မိနစ် 7 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Easy Money 2 (2012) IMDB – 6.3 ဒီကားမှာတော့ ရိုဟန် နဲ့ မာလ်ဒို တို့ကထောင်အတူတူ ကျနေတယ်။ လူမှုပြန်လည်ထူထောင်ရေးအဖွဲ့က ရိုဟန်ကိုကောင်းမွန်စွာနေထိုင်တဲ့အတွက် အုပ်ချုပ်မှု အောက်မှာယာယီလွှတ်ပေးလိုက်တယ်။ ထောင်ထဲမှာ ကနေ High frequency trading ကိုအနိုင်ယူမယ့်ဆော့ဖ်ဝဲကို ရေးပြီး အပြင်က သူငယ်ချင်းဖြစ်တဲ့နီပယ်နဲ့အတူ ကုမ္ပဏီတစ်ခုမှာရောင်းစားပြီးရတဲ့ပိုက်ဆံနဲ့ အေးအေးချမ်းချမ်း နေမယ်လို့တွေးထားခဲ့တယ်။ ဒါပေမယ့် သူထောင်ထဲမှာ ရောက်နေတာကိုအခွင့်အရေးယူပြီး နီပယ်ကကုမ္ပဏီတစ်ခုနဲ့ စာချုပ်ချုပ်လိုက်တယ်။ ရိုဟန်လည်းအပြင်ရောက်မှာသိလိုက်တဲ့အတွက် စိတ်ထိခိုက်သွားပြီး ထောင်ထဲ မာလ်ဒိုနဲ့ပြန်ဆက်သွယ်ပြီး ဒီနိုင်ငံကထွက်ပြေးဖို့ကြံစည်တယ်။ မာလ်ဒို နဲ့ ရိုဟန်က ထွက်ပြေးဖို့အတွက်လိုအပ်တဲ့ပိုက်ဆံတွေကို ရာဒိုဗန်ဆီကနေ ခိုးဖို့ကြံစည်တဲ့အခါမှာတော့...
Easy Money III: Life Deluxe (2013) ⭐IMDB: 6.2/10 (6 k Votes) 🎬 #Action #Crime #Drama #Thriller 🗓 2013 🎞 movie 🌎 #Sweden #Norway #Germany ⏰ 2 နာရီ 7 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Easy Money 3 (2013) IMDB – 6.2 ဒီဇာတ်လမ်းကတော့ မူးယစ်ခေါင်းဆောင်ကြီး ရာဒိုဗန်ရဲ့ ကျရှုံးခန်းပါ။ ဂိုဏ်းအဖွဲ့အချင်းချင်း ရန်ပွဲတွေကြောင့် ရာဒိုဗန်တစ်ယောက် လုပ်ကြံခံလိုက်ရတယ်။ ကျည်ကာအင်္ကျီနဲ့ဆိုတော့ မသေပေမယ့် သူ့နိုင်ငံမဟုတ်တဲ့ ဆွီဒင်နိုင်ငံမှာ ဒီလိုရန်ငြှိုးတွေက သူ့အတွက်ကြီးမားတဲ့ အန္တရာယ်ဆိုတာသူနားလည်သွားတယ်။ ကျန်တာကိုဂရုမစိုက်ပေမယ့် တစ်ယောက်တည်းကျန်ခဲ့မယ့် သူသမီးလေးကိုသူအရမ်းစိတ်ပူသွားတယ်။ သူ့သမီးနားမှာ ယုံကြည်ရတဲ့သူဖြစ်တဲ့ မာတင် ဆိုတဲ့လူငယ်ကိုထားခဲ့တယ်။ မာတင်ဟာ ရဲအဖွဲ့ကလွှတ်ထားသူလျှိုဖြစ်ပြီး တစ်ချိန်က ရာဒိုဗန်ရဲ့လူဟောင်းဟောရုဟဲ အကူအညီနဲ့ အဖွဲ့ထဲကိုဝင်လာခဲ့ပါတယ်။ တစ်ဖက်မှာလည်း ရာဒိုဗန်ရဲ့ မိသားစုအတွင်းက ရာထူးအာဏာလိုချင်တဲ့ လက်ထောက်ကလည်းရှိနေတဲ့အခါမှာတော့ ရာဒိုဗန်တစ်ယောက် ဘယ်လိုကျရှုံးသွားမလဲဆိုတာ ဆက်လက်ကြည့်ရှုပေးကြပါဦး...
Obsessed to Death (2022) ⭐IMDB: 5.2/10 (307 Votes) 🎬 #Thriller 🗓 2022 🎞 movie 🌎 #Canada ⏰ 1 နာရီ 27 မိနစ် 51 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကတ်စီဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာ သူနဲ့တွဲနေတဲ့ ရည်းစားအသစ်လေး အော်စတင်က သူ့ကို အပျောက်ရိုက်သွားလို့ လိုက်ပြီး စုံစမ်းတဲ့အခါမှာ ဆမ်းမားဆိုတဲ့ အားကစားနည်းပြ ကောင်မလေးနဲ့ အော်စတင်က ရည်းစားဖြစ်နေကြတာကို သိလိုက်ရတယ်။ မနာလိုဖြစ်မိတဲ့ ကတ်စီဟာ ဆမ်းမားကို လူမှုကွန်ရက်မှာ နောက်ယောင်ခံရင်း ပရိသတ်တွေအများကြီးနဲ့ အောင်မြင်နေတဲ့ ဆမ်းမားကို တဖြည်းဖြည်းနဲ့ စွဲလမ်းအားကျလာခဲ့မိတယ်။ ကတ်စီက ဘယ်လို ဇာတ်လမ်းတွေ ခင်းပြီး ဆမ်းမားရဲ့ ဘဝထဲကို ဝင်လာမလဲ… စွဲလမ်းမှုကို ဘယ်အတိုင်းအတာထိတောင် ရူးသွပ်စွာနဲ့ ကြိုးစားမလဲ ဆိုတာကို ရိုက်ကူးတင်ဆက်ထားပါတယ်...
Tekken: Kazuya's Revenge (2014) ⭐IMDB: 2.8/10 (3 k Votes) 🎬 #Action 🗓 2014 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 29 မိနစ် 54 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီကားကတော့ ပထမထွက်ခဲ့တဲ့Tekkenကားရဲ့ နံပါတ်နှစ်ကားပါ။ ဒုတိယကားဆိုပေမဲ့ ပထမကားနဲ့ မဆိုင်သလို ဇာတ်လမ်းကလည်း Live actionကားပီသစွာပဲ ပထမကားခြေရာကို နင်းနိုင်တဲ့အပြင် ပိုတောင်သာဦးမယ် ထင်ပါတယ်။ ဇာတ်လမ်းအစမှာ လူတစ်ယောက်က အခန်းတစ်ခုထဲနိုးလာတယ်။ အဲဒီအချိန် ရဲတွေကဝင်ဖမ်းလို့ ထွက်ပြေးရင်း ကားတိုက်မိပြီး မေ့သွားတယ်။ သတိရလာတော့ ဘုန်းတော်ကြီးဆိုတဲ့ လူတစ်ယောက် ဖမ်းထားတာကို ထပ်ခံရတယ်။ ဘုန်းတော်ကြီးက နာမည်မေးတော့ သူ့နာမည်သူမသိသလို သူ့ဘဝအကြောင်းကိုလည်း မမှတ်မိပါဘူး၊ ဒါနဲ့ပဲ ဘုန်းတော်ကြီးက သူ့ကို “ကေ”လို့ နာမည်ပေးလိုက်ပြီး သူ့ရဲ့ ကြေးစားအလုပ်တွေ လုပ်ခိုင်းပါတော့တယ်။ ဘုန်းတော်ကြီးဆိုတဲ့လူက လူကောင်းမဟုတ်နေဘဲ ပိုက်ဆံယူပြီး လူသတ်တဲ့အလုပ်ကို အဖွဲ့အစည်းနဲ့ လုပ်နေတာပါ။ အတိတ်မေ့နေတဲ့ ကေက ဘုန်းကြီး ခိုင်းတဲ့ အလုပ်တွေလုပ်ပြီး လူတွေလိုက်သတ်ရင်း သူ့ဘဝအမှန်ကို ပြန်သတိရအောင်၊ ဘုန်းတော်ကြီးရဲ့ ခိုင်းဖက်ဘဝက လွတ်အောင် ကြိုးစားရပါတော့တယ်။ ကေရဲ့ဘဝအမှန်ကဘာလဲ၊ သူအတိတ်မေ့နေတဲ့ အကြောင်းရင်းက ဘာလဲ၊ သူ့ကိုဖမ်းဆီးထားတဲ့ ဘုန်းတော်ကြီးလက်က လွတ်အောင် ဘယ်လိုကြိုးစားရမလဲဆိုတာ ဂိမ်းနာမည်မျက်နှာ ထောက်ထားပြီး ကြည့်လိုက်ကြပါဦး။...
Tekken (2010) ⭐TMDB: 54.0% User Score 🎬 #Action #Crime #Drama #Thriller #ScienceFiction 🗓 2010 🎞 movie 🌎 #Japan #UnitedStatesofAmerica ⏰ 1 နာရီ 32 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားက ဂျပန်နိုင်ငံ Bandaiကုမ္ပဏီကထုတ်တဲ့ နာမည်ကျော်Tekkenဂိမ်းကို Live actionအဖြစ် ရိုက်ကူးထားတာပါ။ ဂျပန်ဂိမ်းကို အနောက်တိုင်းသရုပ်ဆောင်တွေနဲ့ ပြန်ရိုက်ထားတဲ့ Live actionဆိုတော့ ထွေထွေထူးထူးပြောစရာရယ်တော့ မရှိပါဘူး။ ကြည့်ပျော်ရှုပျော်တော့ ရှိပါတယ်။ IMDb rating 4.8ရထားပါတယ်။ တစ်ကမ္ဘာလုံး စစ်ပွဲတွေဖြစ်အပြီးမှာ အစိုးရအဖွဲ့တွေပြိုလဲသွားပြီး ကော်ပိုရေးရှင်းဆိုတဲ့အဖွဲ့တွေ ကမ္ဘာ့အနှံ့မှာ သူ့နေရာနဲ့သူ သီးခြား ရပ်တည်ခဲ့ကြပါတယ်။ အဲဒီထဲက အကြီးဆုံးအဖွဲ့အစည်းကတော့ တက်ခန်မြို့တော်ဆိုတဲ့ အဖွဲ့အစည်းပေါ့။ ဒီကော်ပိုရေးရှင်းတွေက တစ်နှစ်တစ်ခါ စုစည်းပြီး “သံမဏိလက်သီး”ဆိုတဲ့ ပြိုင်ပွဲတစ်ခုကို ကျင်းပလေ့ရှိပါတယ်။ အဖွဲ့အသီးသီးကို ကိုယ်စားပြုတဲ့ ဖိုက်တာ တစ်ယောက်စီ ပါဝင်ယှဉ်ပြိုင်ကြတဲ့ ပြိုင်ပွဲပေါ့။ အဲဒီပြိုင်ပွဲကို တက်ခန်မြို့တော်ရဲ့ အပြင်ဘက် အန်ဗေးလ်ဆိုတဲ့ မြို့ပြင်ဆင်းရဲသားအရပ်က ဂျင်ကာဇာမာဆိုတဲ့ ကောင်လေးက ဝင်ပြိုင်ဖို့လုပ်ခဲ့ပါတယ်။ သူ့ရဲ့ရည်ရွယ်ချက်ကတော့ သူ့အမေကို သေစေခဲ့တဲ့ တက်ခန်ကော်ပိုရေးရှင်းရဲ့ အကြီးပိုင်းခေါင်းဆောင် တွေကို လက်စားချေချင်လို့ပါ။ သူ့ရဲ့ရည်မှန်းချက် အောင်မြင်နိုင် မလား၊ သံမဏိလက်သီးပြိုင်ပွဲမှာ ဘယ်အဆင့်ထိရောက်နိုင်မလဲ၊ ဘယ်လိုရန်သူတွေကို ကျော်ဖြတ်ရမလဲဆိုတာကို အတိုက်အခိုက် အထိုးအကြိတ်တွေနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။...
A Soweto Love Story (2024) ⭐TMDB: 52.0% User Score 🎬 #Comedy #Romance 🗓 2024 🎞 movie 🌎 #SouthAfrica ⏰ 1 နာရီ 42 မိနစ် 54 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ပေါ့ပေါ့ပါးပါးမိသားစုနဲ့ အပန်းဖြေကြည့်လို့ရတဲ့ ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ.. 2024 V day မှာတင် လတ်လတ်ဆတ်ဆတ် ထွက်ထားတဲ့ A Soweto love Story ဆိုတဲ့အာဖရိကန်ကားကောင်းလေးဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းလေးကတော့ မိသားစုထဲမှာ သားတွေချည်းသုံးယာက်မွေးထားပြီး တစ်ယောက်မှ မိန်းမမရသေးလို့ စိတ်ပူနေရတဲ့မုဆိုးမအိုအမေကြီးနဲ့ ဇာတ်လမ်းတည်ထားပါတယ်.. သားအကြီးကလည်း လူတွေနဲ့မပေါင်းတတ်မသင်းတတ် ဇီဇာကြောင်တတ်တဲ့ လူပျိုသိုးကြီး သားလတ်ကလည်း ဆော်မြင်ရင် ကြာပစ်တတ်တဲ့အကျင့်ကြောင့် ဆော်ကမယုံကြည် အငယ်ဆုံးသားလေးကလည်း သူ့ကိုသူဇွတ်ကျားပါပြောပေမဲ့ အရမ်းနွဲ့တဲ့ fashion designer ဖြစ်နေလို့ လက်လျော့ထားတာပါ နောက်ဆုံး ဒီသားသုံးယောက်လုံးကိုစိတ်မရှည်တဲ့ မုဆိုးမအမေက နှစ်မကုန်ခင် ပထမဆုံးလက်ထပ်နိုင်တဲ့သူကိုမိသားစုအိမ်ကြီး အမွေပေးမယ် မဟုတ်ရင်ရောင်းပစ်မယ်ဆိုပြီးကြိမ်းလိုက်တဲ့ အခါကျမှ သားသုံးယောက်လုံး မျက်ကလူးဆန်ပြာနဲ့မိန်းမထရှာတဲ့ အခါ ဖြစ်လာတဲ့အလွဲတွေ လူ့သဘာဝရီစရာလေးတွေကို ပေါ့ပေါ့ပါးပါးကြည့်ရမှာပါ သာမန်မိသားစုကားလေးပေမဲ့ ပုံမှန် ဇာတ်လမ်းတွေလိုဘာဖြစ်လာမှာလဲတွေ ကြိုသိနေရတာမျိုးတွေမရှိပဲ လှည့်ကွက်ကောင်းကောင်းဇာတ်အိမ်ကောင်းကောင်းနဲ့ တင်ဆက်ထားတဲ့ ကားမလို့ ကြည့်ရတာတန်တဲ့ဇာတ်ကားလေးပါလို့ ညွှန်းလိုက်ပါတယ်...
Why Do You Love Me (2023) ⭐TMDB: 68.0% User Score 🎬 #Comedy #Drama 🗓 2023 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 23 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Why Do You Love Me (2023) “ဘာလို့ချစ်တာလဲ” IMDb – 5.8/10 လူ့အခွင့်အရေးဆိုတာ လူတိုင်းရဖို့ထိုက်တန်တယ်ဆိုရင် မသန်စွမ်းတဲ့သူတွေမှာလည်းအိမ်ထောင်ရေးသုခဆိုတဲ့အရာကိုရဖို့ ထိုက်တန်တယ်မဟုတ်ဘူးလားတဲ့။ ဒီအတွေးကို ပထမဆုံးချပြရင်း အကောင်အထည်ဖော်ခဲ့တဲ့သူကတော့ Asta Anthony Philpotဆိုတဲ့ အမေရိကန်နိုင်ငံသားproducerပေါ့။ကိုယ်တိုင် physical disabilityရှိသူတစ်ယောက်အနေနဲ့ မသန်စွမ်းတွေအတွက်လည်း အခကြေးငွေပေးပြီး ပျော်ပါးတဲ့ဝန်ဆောင်မှုမျိုးရသင့်တယ်လို့ ချပြခဲ့သူပေါ့။ Asta Philpotကို အကြောင်းပြုလို့ Come as you areတို့ Hasta La Vista တို့လို ရုပ်ရှင်တွေရိုက်ဖြစ်သွားပြီး အခုတစ်ခါတင်ဆက်ပေးမှာကတော့ Hasta La Vista ရဲ့ အင်ဒိုremakeလေးပါ။ နိစ္စဓူဝ ကိစ္စအဝဝကို မိဘကိုအားကိုးရင်းနေရတဲ့ မသန်စွမ်း ၃ ယောက်ဖြစ်တဲ့ ဒန်တွန် ဘာစ်ကာရာနဲ့ မီကိုတို့အတွက်တော့ ချစ်သူဆိုတဲ့အရာက မူးလို့တောင်ရှူစရာမရှိပါဘူး။ ဒီပုံစံအတိုင်း အမေအဖေတွေနဲ့ ဆက်နေနေရင်တော့ နှစ်တစ်ထောင်အက်ဖ်အေဘဝက ကျွတ်ဖို့လွတ်ဖို့ကလည်းမရှိတဲ့ လူပျိုစစ်စစ် ရေမရောဘဝနဲ့ ငှက်ပျောတုံးဖက်သေရမယ့်ကိန်းစိုက်နေလေတော့ လူကအားမသန်ပေမဲ့ ဦးနှောက်ကတော့ အတော်လေးစွမ်းတဲ့ ဆရာသမားဘာစ်ကာရာက သူ့လိုပဲ လူပျိုသိုးနံ့ထွက်နေတဲ့ သူငယ်ချင်းနှစ်ယောက်ကို မဟာအကြံထူးပေးပါတော့တယ်။ ဒီအကြံကတော့ ဆူရာဘာယာမှာရှိတဲ့ ဒိုလီအာလီဆိုတဲ့ မသန်စွမ်းတွေအတွက်ပါ အထူးဝန်ဆောင်မှုပေးတဲ့ အပျော်ဂေဟာကို ဂျာဗားကနေဖြတ်ပြီး ကုန်းလမ်းခရီးနဲ့သွားဖို့ပါပဲ။ မိဘတွေကတော့ တစ်ယောက်ကဦးနှောက်အကျိတ်ကြောင့် မသွားလာနိုင်တဲ့သူ၊ တစ်ယောက်ကလည်း အကြောသေပြီး မလှုပ်ရှားနိုင်တဲ့သူ၊ တစ်ယောက်က မျက်မမြင်ဆိုတော့ စိတ်မချဖြစ်ပြီး မလွှတ်ချင်ပေမဲ့ တစ်ကောင့်သား ၃ ယောက်ကလည်း မိဘတွေကို အပျော်ဂေဟာပို့ပေးလို့လည်း ထုတ်ပြောမရ၊ ပါကင်ပိတ်ဘဝကကျွတ်လွတ်ရေး တို့အရေးကလည်းရှိနေတော့ လှည့်ပတ်ပြောရင်း သူတို့ကိုစောင့်ရှောက်ပေးမယ့်သူလည်းဖြစ် ယာဉ်မောင်းလည်းလုပ်မယ့်လူတစ်ယောက်နဲ့ ခရီးစထွက်ဖို့ ဖြစ်လာပါတော့တယ်။ ခရီးစဉ်တစ်လျှောက် တစ်ယောက်နဲ့တစ်ယောက်အားကိုးရင်း အခက်အခဲတွေကိုဖြတ်ကျော်လို့ သုခတွေခံစားချင်တဲ့ သူတို့ရဲ့မဟာဆန္ဒကြီး ပြည့်မြောက်နိုင်ပါ့မလားဆိုတာ အားလုံးအတူ ရှုစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Yunni ~ V ~ ToMo ~ Zwe ~ Alex တို့ပဲဖြစ်ပါတယ်)...
Doh (2023) ⭐TMDB: 0.0% User Score 🎬 #Asian #Drama 🗓 2023 🎞 movie 🌎 #Malaysia ⏰ 1 နာရီ 28 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Doh (2023) “မုန့်ဆိုင်” မလေးစကားပြော မိသားစုရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ဖာအစ်ဇ်က ကွာလမ်လမ်ပူမှာ အလုပ်သွားလုပ်ပေမဲ့အဖေဖြစ်သူကွယ်လွန်တဲ့အတွက် ဇာတိမြို့လေးဆီပြန်လာရပါတယ်။ မောင်နှမသုံးယောက်တည်းမှာ အကြီးဆုံးဖြစ်နေတဲ့ ဖာအစ်ဇ်ကအဖေဖြစ်သူကိုယ်တိုင် မုန့်လုပ်ပြီးရောင်းတဲ့ မုန့်ဆိုင်လေးကိုလူငှားပြီးထားခဲ့ချင်ပေမဲ့ အမေဖြစ်သူကလက်မခံ။ ဒီတော့ အဆင်ပြေတဲ့အထိ သူပဲ ဦးစီးဦးဆောင်လုပ်နေရတာပေါ့။အဖေဖြစ်သူလုပ်တုန်းကလောက် မုန့်တွေက မကောင်းတဲ့အတွက်အဝယ်ကျဲလာရတဲ့ကြားက အနီးမှာလည်း မုန့်ဆိုင်အသစ်ဖွင့်ထားတော့ဖာအစ်ဇ်ရဲ့မုန့်ဆိုင်လေးက ဝယ်သူမရှိသလောက်ဖြစ်လာပါတော့တယ်။ ဒီမှာပဲ ဖာအစ်ဇ်တစ်ယောက် အဖေ့လက်ထက်တုန်းကလို ဆိုင်လေး ပြန်ပြီးရောင်းကောင်းဖို့အရေးနဲ့အတူ ချစ်ရတဲ့ကောင်မလေးကိုပါ ဘယ်လိုပိုးပန်းမလဲဆိုတာကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)...
James and the Giant Peach (1996) ⭐TMDB: 66.0% User Score 🎬 #Adventure #Animation #Family #Fantasy 🗓 1996 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 20 မိနစ် 25 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 James and the Giant Peach (1996)Genre – Animation, Adventure, FamilyIMDB – 6.7/10 “ဧရာမ မက်မွန်သီးကြီးတစ်လုံးနဲ့ ကောင်လေးတစ်ယောက်မှ ပိုးကောင်လေးတွေနဲ့အတူ နယူးယောက်မြို့သို့ စွန့်စားခန်းထွက်တော်မူခန်း….” Animation စတိုင်ပေါင်းစုံ ရှိတဲ့ထဲမှ Stop-motion စတိုင် ကြိုက်တဲ့လူဆို အရင်ခေတ်က ဒီကားဟောင်းလေးကို ကြည့်သင့်တယ်လို့ ညွန်းပေးလိုက်ပါရစေ။ Stop-motion စတိုင်ဆိုတာ ဘယ်လိုမျိုးလဲ ဥပမာပေးရရင်တော့ Kubo and the Two Strings တို့ Corpse Bride တို့ဆိုရင် သိကြမယ်ထင်ပါတယ်ဗျ။ ဒီ ဒါရိုက်တာ Henry Selick ဆိုရင်လည်း နာမည်ကျော် The Nightmare Before Christmas တို့ Coraline တို့ကို ရိုက်ခဲ့တဲ့လူဖြစ်ပြီး Little Nightmare ဆိုတဲ့ ချစ်စရာတစ်ဖြစ်လဲ ကျောချမ်းစရာ P4 ဂိမ်းလေးကိုလည်း ဖန်တီးပေးထားတဲ့လူတစ်ယောက်ပါ။ ဇာတ်လမ်းကလည်း နာမည်ကျော်ဖြစ်တဲ့ Charlie and the Chocolate Factory တို့ BFG တို့လို ဝတ္ထုတွေကို ရေးသားခဲ့တဲ့ ဗြိတိသျှစာရေးဆရာကြီး Roald Dahl ရဲ့ ဝတ္ထုကိုပဲ မှီငြမ်းထပ်တူပြု ရိုက်ကူးထားတာပါ။ ဘယ်လောက် Fantasy ဆန်မလဲ စဉ်းစားသာ ကြည့်လိုက်ပါတော့။ ဇာတ်လမ်းလေး အကျဉ်းချုပ်ပြောရမယ်ဆို ဂျိမ်းစ်ဆိုတဲ့ကောင်လေးက မိဘဖြစ်သူကို ဆုံးပါးလိုက်ပြီး အင်မတန် နှိပ်စက်တဲ့ အဒေါ်နှစ်ယောက်ရဲ့လက်အောက်မှာ နေနေရတာပေါ့။ မိဘတွေရှိစဉ်က အတူတူမက်ခဲ့တဲ့ အိပ်မက်လေးကတော့ မြို့တော်ကြီး နယူးယောက်ကို အတူတူသွားကြဖို့ပဲ ဖြစ်ပါတယ်။ ဒီလိုနဲ့ ပိုးကောင်တွေကိုမုန်းတဲ့ အဒေါ်တွေနဲ့ နှိပ်စက်ခံပြီး နေနေရချိန်မှာ တစ်ရက်ကျ ထူးဆန်းတဲ့ လူကြီးတစ်ယောက်နဲ့ တွေ့ပြီး ဒီလူကြီးက မိကျောင်းလျှာလို့ ခေါ်တဲ့ ထူးထူးဆန်းဆန်း အစိမ်းရောင်လေးတွေ ပေးသွားခဲ့ပါတယ်။ ဒီအရာလေးတွေကြောင့် အပင်ပေါ်က မက်မွန်သီးတစ်လုံးက နဂိုမူလအရွယ်ကနေ ဧရာမအကြီးကြီး ဖြစ်သွားခဲ့ပါတယ်။ သူ့အဒေါ်တွေက ဒါကြီးကို ပြစားနေတုန်း ဂျိမ်းစ်တစ်ယောက် မက်မွန်သီးထဲရောက်သွားပြီး ပိုးကောင်တွေဖြစ်တဲ့ ပင့်ကူ၊ ကင်းခြေမျှား၊ ဓားခုတ်ကောင်၊ တီကောင်၊ လေဒီဘတ်ဂ်၊ ပိုးစုန်းကြူး စသဖြင့် အဖော်တွေ ရပြီး ဒီလူတွေနဲ့အတူ အဒေါ်တွေလက်ကနေ နယူးယောက်ကို ဘယ်လို စွန့်စွန့်စားစွား ထွက်ပြေးကြရမလဲဆိုတာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။...
Constellation (2024) ⭐TMDB: 85.0% User Score 🎬 #SciFi #Fantasy #Mystery #Drama 🗓 2024 🎞 movie 🌎 #France #Germany #UnitedKingdom #UnitedStatesofAmerica ⏰ 51 မိနစ် 12 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Constellation (2024) ရှေ့ဆက်ပြီးဘာတွေဖြစ်မလဲဆိုတာကို ခန့်မှန်းရခက်ခက်နဲ့ စီးမျှောကြည့်ရှုလို့ရမယ့် စီးရီးတစ်ခုကို Apple tvကတင်ဆက်လိုက်ပြန်ပါပြီ။Si-fi၊ Psychological Thriller အမျိုးအစားဖြစ်နေပြန်တော့ကြည့်ရှုလို့လည်းကောင်း လိုက်တွေးလို့လည်းကောင်းဦးမယ့်စီးရီးလေးပါပဲ။ဇာတ်လမ်းအကြောင်းကိုပြောပြရရင်ဥရောပအာကာသအေဂျင်စီရဲ့ အာကာသယာဥ်မှူးတစ်ယောက်ဖြစ်တဲ့ဂျိုဟန်နာအီရစ်ဆွန်ဟာ နိုင်ငံတကာအာကာသစခန်းမှာသုတေသနပြုလုပ်နေရင်းနဲ့ မတော်တဆမှုနဲ့ကြုံရပါလေရော…။ဖြစ်စဥ်ကတော့ အာကာသစခန်းကို ပြင်ပကအရာဝတ္ထုတစ်ခုကဝင်တိုက်တာပါ။ ဒီမတော်တဆမှုကြောင့်ပဲ အာကာသစခန်းကလူတိုင်းဟာ မြေပြင်သို့အရေးပေါ်ပြန်ဆင်းလာခဲ့ရပါတယ်…။ဒီလောက်နဲ့တင်မပြီးသွားသေးဘဲ ဂျိုဟန်နာနောက်ကို စိုးထိတ်မှုတွေ၊သံသယတွေ၊ ကြောက်ရွံ့မှုတွေကိုက တောက်လျှောက်လိုက်နေခဲ့ပါတယ်…။ဘာလို့လဲဆိုတော့ အာကာသစခန်းကို ဝင်တိုက်တဲ့ပြင်ပအရာဝတ္ထုဆိုတာ လူတိုင်းမထင်မှတ်ထားတဲ့အရာဖြစ်နေတာရယ်…ဒီအရာဝတ္ထုက အာကာသစခန်း တကယ်ပဲ ဝင်တိုက်မိတာလားဆိုတာဂျိုဟန်နာကိုယ်တိုင်တောင် ထင်ယောင်မြင်ယောင်ဖြစ်နေတာရယ်…ဒီလိုမတော်တဆဖြစ်ရတယ်ဆိုတာက အာကာသစခန်းထဲမှာထူးဆန်းတဲ့သုတေသနစမ်းသပ်ချက်ကြောင့်ဖြစ်နေမလားဆိုတာတွေကြောင့်ပါ…။မည်သို့ပင်ဆိုစေကာမူ ရင်တထိတ်ထိတ်နဲ့ လိုက်ပါစီးမျှောတွေးတောလို့ကောင်းမယ့် စီးရီးလေးဖြစ်တာမို့ တင်ဆက်ပေးလိုက်ရပါတယ်...
Kominato Yotsuha-POV (STARS-814) ⭐- 🎬 #Adult 🗓 - 🎞 movie 🌎 #Japan ⏰ 2 နာရီ 31 မိနစ် 47 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 [21+] Kominato Yotsuha-POV (STARS-814) =======================================ဒီတခါတော့ တက်သစ်စမင်းသမီးဆိုပေမဲ့ အနေထားတခုကိုရောက်နေပြီး ပြစ်မျိုးမထင်တဲ့ အပိုအလိုမရှိ အလှတရားနဲ့ Kominato Yotsuhaကို တင်ဆက်ပေးချင်ပါတယ်….ဇာတ်လမ်းသဘောကတော့ point of viewအနေနဲ့ တင်ပြထားပြီး ကိုယ်က mcနေရာရောက်နေသလိုခံစားချက်မျိုး ရအောင် မင်းသမီးရဲ့အလှပတွေနဲ့တင်ဆက်ထားတာပဲဖြစ်ပါတယ်(Dark Side Production မှ တင်ဆက်သည်။)Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။File size…2.75GB / 1.6GB Quality…WEB DL 1080p / 720p Format…mp4 Duration….2 h 31 min Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Dark Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။...
One Day (2024) ⭐TMDB: 78.0% User Score 🎬 #Drama 🗓 2024 🎞 movie 🌎 #UnitedKingdom ⏰ 28 မိနစ် 8 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 One Day (2024) ကဲ … ယောက်ျားအရင့်အမာကြီးတွေတောင် ဒူးနဲ့မျက်ရည်သုတ်နေရတယ်လို့ နာမည်ကြီးနေတဲ့ 14 ပိုင်းရှိ Netflix အချစ် အလွမ်းစီးရီးတစ်ခု လာပါပြီ။ ဒီစီးရီးဟာ 2011 ခုနှစ်က ထွက်ရှိခဲ့ဖူးတဲ့ One Day movie ကို ပြန်လည် ဆွဲဆန့် ရိုက်ကူးထားခြင်းဖြစ်ပါတယ်။ဇာတ်လမ်းလေးကို အကျဉ်းပြောရရင်တော့ ဒက်စ်တာဆိုတဲ့ သူဌေးသားလေးရယ် အမ်မာဆိုတဲ့ နယ်မြို့လေးက သာမန်လူတန်းစား ကောင်မလေးရယ်က ဒီဇာတ်လမ်းရဲ့ ဇာတ်လိုက်တွေပေါ့။ မီးနဲ့ရေ အဖြူနဲ့အမည်းလို ကွာခြားလှတဲ့ ဒက်စ်နဲ့ အမ်တို့ဟာ ဆန့်ကျင်ဘက်တွေက အချင်းချင်း ဆွဲဆောင်ကြတယ်ဆိုတဲ့ စကားအတိုင်း တစ်ယောက်နဲ့တစ်ယောက် ကြိတ်ကြိုက်နေကြပါတယ်။ဒါပေမဲ့လည်း လူကြီးမင်းတို့နဲ့ လူကြီးမင်းတို့ရဲ့ အချစ်ရေးလိုပဲ သူတို့ရဲ့ အချစ်ရေးဟာလည်း ဖရန့်ဇုန်ထဲမှာ ပိတ်မိနေခဲ့ပါတယ်။ အဝေးရောက်နေချိန် စာပေးစာယူရှိကြတယ်။ထွေးပွေ့မှုတွေ လိုအပ်နေချိန်မှာ တစ်ယောက်အတွက် တစ်ယောက်ရှိပေးကြတယ်။ ဒါပေမဲ့ အဆင့်က တက်မလာပါဘူး။ဒီလိုနဲ့ နှစ်တွေလတွေ ကြာသွားရင်း အသက်တွေကြီးသွားရင်း ကိုယ်စီလမ်းတွေ လျှောက်လှမ်းကြရင်း သူငယ်ဂျင်းလေး နှစ်ယောက်ရဲ့ ပတ်သတ်မှုတွေက ဘာဆက်ဖြစ်မလဲ ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာ အပိုင်း ၁၄ ပိုင်းနဲ့ တစ်ဝကြီး ကြည့်ရှုရင်း ဖရန့်ဇုန်ဖြစ်နေတဲ့ လူကြီးမင်းတို့ရဲ့ ဘဝကိုပါ ပြန်လည်သုံးသပ်နိုင်ကြဖို့ တင်ဆက်ပေးလိုက်ရပါတယ်။...
Baipan Bhari Deva (2023) ⭐IMDB: 8.2/10 (926 Votes) 🎬 #Bollywood #Comedy #Drama #Family 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 12 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Baipan Bhaari Deva (2023) “မိန်းမသားတို့ ဘဝ” IMDb 8.2 ရထားပြီး ဘတ်ဂျက် ၅ ကုဋေသာ အကုန်ကျခံရိုက်ကူးထားပေမဲ့ရုံတင်ငွေ ၉၂ ကုဋေအထိ (အမြတ် ၁၈ ဆ) ပြန်လည်ရရှိခဲ့ပြီး ထင်မထားပဲ ပေါက်ခဲ့တဲ့ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ် ဗြိတိန် ရုပ်ရှင်ဆုပေးပွဲ BAFTA မှာ ၁၉၈၂ က ဂန္ဒီရုပ်ရှင်နဲ့ အကောင်းဆုံးဇာတ်ပို့မင်းသမီးဆု ရရှိခဲ့ဖူးတဲ့တစ်ဦးတည်းသော အိန္ဒိယမင်းသမီး Rohini Hattangadi ပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းလေးကတော့ ညီအစ်မခြောက်ယောက်ရဲ့ အခက်အခဲကိုယ်စီနဲ့ သူတို့ရဲ့ ဘဝနေထိုင်မှုတို့ကိုဟာသလေးနှောပြီး တင်ဆက်ထားတာပါ စိတ်ဓာတ်ကျနေတဲ့ ဂျာရာ၊ ယောကျာ်းက အမြဲတမ်းတစ်ခုပြီးတစ်ခုခိုင်းတာခံရတဲ့ ချာရူ၊ သမီးဖြစ်သူက ယောက္ခမကို အမေထက် ပိုဂရုစိုက်အလေးပေးနေလို့ စိတ်အားငယ်နေတဲ့မိခင်တစ်ယောက်ဖြစ်သူ ရှာရှီ၊ အိမ်ထောင်ရေးပြဿနာကို ရင်ဆိုင်နေရတဲ့ ပါလာဗီနဲ့ ချွေးမကိုအလေးမထားတဲ့ ယောက္ခထီးကို ပိုင်ဆိုင်ထားသူ ဆာဒါနား တို့ရဲ့ ဘဝအခက်အခဲတွေ မိန်းမသားတို့ဘဝရဲ့ ကြမ်းတမ်းမှုတွေကို ရှုထောင့်ပေါင်းစုံကနေ သရုပ်ဖော်ထားတဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ် များသောအားဖြင့် ငယ်ရွယ်တဲ့ မိန်းကလေးတွေကို အသားပေးတဲ့ အမျိုးသမီးဝါဒီ အိန္ဒိယကားတွေနဲ့ ကွဲထွက်ပြီး သက်လတ်ပိုင်း အမျိုးသမီးတွေရဲ့ ဘဝ အဖုံဖုံကို ရှုထောင့်အလီလီကနေ မြင်သာအောင် ဖော်ကျူးထားတဲ့ ကားလေးမို့ ပရိသတ်ကြီး အားပေးလိုက်ပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ကဖြစ်ပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Five Blind Dates (2024) ⭐TMDB: 56.0% User Score 🎬 #Comedy #Romance 🗓 2024 🎞 movie 🌎 #Australia #UnitedStatesofAmerica ⏰ 1 နာရီ 25 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Five Blind Dates (2024) ဒီကားလေးကတော့ အခုလကမှထွက်ရှိလာပြီး ပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့် ဟာသရိုမန့်အမျိုးအစားဇာတ်ကားလေးဖြစ်ပါတယ်။ လီရာက မွေးရပ်မြေ တောင်းဗေးလ်စ်ကထွက်ပြီး အဖွားဆီက အမွေရထားတဲ့ပိုက်ဆံတွေနဲ့ ဆစ်ဒနေးကိုတက်လာပြီး တရုတ်လက်ဖက်ရည်ဆိုင်ဖွင့်ထားပြီး အရှုံးပေါ်မလိုဖြစ်နေတာပါ။ တစ်နေ့ကျတော့ အစ်မဖြစ်သူအဲလစ်ရဲ့ စေ့စပ်ပွဲပါတီကြောင့် တောင်းဗေးလ်စ်ကိုပြန်ရင်း အဲဒီမှာရှိတဲ့ ဗေဒင်ဆရာမက စီးပွားရေးလမ်းကြောင်းနဲ့နှလုံးသားလမ်းကြောင်းက ရစ်နွယ်နေတာမလို့ စီးပွားရေးတက်ချင်ရင် ဘလိုင်းဒိတ်ငါးခုလုပ်ပြီး စစ်မှန်တဲ့လက်တွဲဖော်ရှာရမယ်လို့ဟောလိုက်ပါတယ်။ လက်ဖက်ရည်ဆိုင် အရှုံးပေါ်ပြီး ပိတ်ရတော့မလိုဖြစ်နေတဲ့ လီရာတစ်ယောက် တွေ့ရာကောက်ရိုးမျှင်ဆွဲပြီး ဘလိုင်းဒိတ်လုပ်ရာကနေ ဘယ်လိုလူမျိုးတွေနဲ့တွေ့မလဲ… လက်တွဲဖော်ရောရှာတွေ့ပါ့မလား… လက်ဖက်ရည်ဆိုင်ရော အဆင်ပြေသွားပါ့မလား… ဆိုတာတွေကို ရယ်ရင်းမောရင်း ပေါ့ပေါ့ပါးပါးကြည့်ရှုနိုင်မှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုSoe Thiri Sweမှ ပြန်ဆို ရေးသားထားပါတယ်)...
Bermuda Island (2023) ⭐IMDB: 3.5/10 (990 Votes) 🎬 #Action #Adventure #Drama #Horror #Mystery #Thriller 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 26 မိနစ် 48 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဘာမြူဒါတြိဂံဆိုတာကို အားလုံးပဲ ကြားဖူးကြမှာပါ။ မရဏလမ်းဆုံလို့တောင် တင်စားခေါ်ဝေါ်ကြပါသတဲ့။ အတ္တလန်တစ်သမုဒ္ဒရာရဲ့ အနောက်မြောက်ဘက် တစ်နေရာမှာရှိပြီး အဲဒီအနီးကိုရောက်လာတဲ့ သင်္ဘောတွေ လူတွေတင်မကဘဲ ကောင်းကင်မှာ ပျံသန်းနေတဲ့ လေယာဉ်တွေပါမကျန် ပျောက်ချင်းမလှ ပျောက်ဆုံးသွားခဲ့ရတာပါ။ ဒီရုပ်ရှင်မှာတော့ ခရီးသည်တင်လေယာဉ်တစ်စင်းပျက်ကျပြီး ဘာမြူဒါကျွန်းပေါ်မှာ သောင်တင်ခဲ့တဲ့ ရှင်ကျန်ရစ်သူတွေကြုံတွေ့ရပုံကို တင်ဆက်ထားပါတယ်။ ခရီးစဉ်မှာ လိုက်ပါလာသူတွေ ရာနဲ့ချီတဲ့ထဲမှာ အက်ဖ်ဘီအိုင်အေးဂျင့်တွေနဲ့အတူ ရာဇဝတ်သားတစ်ယောက်ပါလာခဲ့တယ်။ လေကြောင်းခရီးစဉ် တည်ငြိမ်အေးဆေးနေရာကနေ ဗြုန်းခနဲ ဘယ်ကရောက်လာမှန်းမသိတဲ့ မုန်တိုင်းတစ်ခုထဲမှာ လေယာဉ်ကရောက်နေပြီး ပျက်စီးခြင်းငါးပါးဆိုက်ပါတော့တယ်။သမုဒ္ဒရာထဲမှာ လေယာဉ်ပျက်ကျသွားပြီး ကမ်းမမြင် လမ်းမမြင် ကျွန်းလေးတစ်ကျွန်းပေါ်မှာ လေယာဉ်ပေါ်လိုက်ပါလာတဲ့ ခရီးသည်တချို့ အသက်ရှင်ကျန်ခဲ့တယ်။ ဒါပေမဲ့လည်း ကျွန်းပေါ်မှာ မမျှော်လင့်ထားတဲ့ အန္တရာယ်တွေနဲ့ရင်ဆိုင်ရတဲ့အခါ။ သူတို့တွေ ကြုံတွေ့ရတဲ့ အန္တရာယ်တွေကို ရင်ဆိုင်အောင်မြင်နိုင်ပြီး ကျွန်းကနေ ထွက်ခွာနိုင်ပါ့မလားဆိုတာကို ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်)...
Ruthless (2023) ⭐IMDB: 4.9/10 (360 Votes) 🎬 #Action #Thriller 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 33 မိနစ် 36 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီ Action, Thriller ရုပ်ရှင်ကားဟာ အထက်တန်းကျောင်း နပန်းနည်းပြတစ်ယောက်ရဲ့ အကြောင်းပါ။ Harry Sumnerက နပန်းနည်းပြ လုပ်ရင်း ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းနေသူပါ။ သူက အိုလံပစ် အားကစားသမားလည်း ဖြစ်ခဲ့ဖူးတဲ့အတွက် အားလည်း အရမ်းသန်ပါတယ်။ တစ်ရက် ရုပ်ရှင်သွားကြည့်ပြီး အပြန်မှာ ဖုန်းတစ်call ဝင်လာပါတယ်။ သူ့သမီးရဲ့ ဖုန်းကနေ စုံထောက်တစ်ယောက် ဆက်လာပြီး သမီးဖြစ်သူဟာ မုဒိန်းကျင့်ပြီး အသတ်ခံလိုက်ရကြောင်း ပြောလာပါတယ်။ ကျူးလွန်သူကို ဖမ်းပြီး ထောင်ချခဲ့ပေမယ့် Harryက သူ့သမီး ဖြစ်ရပ်အပြီး လေးနှစ်အကြာမှာ ခေါင်းမာပြီး ဆတ်ဆတ်ထိမခံတဲ့ ကျောင်းသူလေး Catia နဲ့ ဆုံပါတယ်။ Catia က Harryရဲ့ အတန်းမှာ နပန်းသင်နေတဲ့ ကလေးမလေးပါ။ ပထွေးဆီကနေ အိမ်တွင်း အကြမ်းဖက်မှု ခံနေရတဲ့ Catia လေးကို နည်းပြ Harryက သနားပြီး စောင့်ရှောက်ပေးခဲ့ပါတယ်။ ဒီလိုနဲ့ Catiaက ပြန်ပေးဆွဲ ခံရပြီး ပျောက်သွားတဲ့အကြောင်း Harry သိသွားပြီးနောက်မှာ ကိုယ်တိုင် ရေဆုံးမြေဆုံး လိုက်ရှာပါတော့တယ်။...
The Last Airbender (2010) ⭐TMDB: 46.0% User Score 🎬 #Uncategorized #Action #Adventure #Fantasy 🗓 2010 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 43 မိနစ် 13 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Snapshots File size…900MBQuality…Blu-ray Rip 720pFormat…mp4Duration….01:43:00Subtitle….Myanmar Subtitle (Hardsub)Encoder….Kyaw Swar Win...
Luz: The Light of the Heart (2024) ⭐TMDB: 65.0% User Score 🎬 #Action #Adventure #Kids #Drama 🗓 2024 🎞 movie 🌎 #Brazil ⏰ 41 မိနစ် 29 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Luz: The Light of the Heart (2024) စိတ်တွေညစ်ညူးနေချိန်မှာ ဆေးကောင်းတစ်ခွက်ဖြစ်စေမယ့် healing series လေးတစ်ခု CM ပရိသတ်တို့အတွက်တင်ဆက်ပေးလိုက်ပါပြီ။plotဆန်းသစ်တဲ့ အက်ရှင်တို့ Sci-fiတို့ မဟုတ်ပေမဲ့ familydramaကားလေးကိုမှ comedyနဲ့ adventureလေးတွေစွက်ထားတာဖြစ်လို့ ရယ်မောစရာအလွဲလေးတွေနဲ့အတူ တွေးစရာငေးစရာလေးတွေ ပါဦးမှာပါ။ဒီစီးရီးကတော့ တိုအင်ခေါ်လုဇ်ဆိုတဲ့ ကလေးမလေးတစ်ယောက်ရဲ့စွန့်စားခန်းလို့ပဲ ပြောရမှာပါပဲ။လုဇ်ရဲ့အကြောင်း တစေ့တစောင်းပြောရမယ်ဆိုရင် သူက အူဝဲလို့စငိုမယ့်ဗိုက်ထဲကထွက်လာကတည်းက ကံဆိုးသူရယ်ပါ။အဖေကလည်း ဗိုက်ကြီးသည်အမေဆီကိုလာတဲ့လမ်းမှာ အက်ဆီးဒင့်နဲ့ဆုံးသွားတယ် အမေကလည်း သူ့ကိုမွေးရင်းနဲ့ဆုံးသွားပြန်တဲ့အပြင်အဖေနဲ့အမေကို သဘောမတူခဲ့တဲ့ ဘိုးအေဖြစ်သူကပါ သားတစ်ယောက်ဆုံးရှုံးခဲ့ရတဲ့ ပူဆွေးမှုကို ခုမှမွေးလာတဲ့လုဇ်လေးအပေါ်ပုံချလို့တောထဲစွန့်ပစ်စေပါသတဲ့ ဒါပေမဲ့ အဘိုးဖြစ်သူရဲ့တပည့်ဖြစ်တဲ့ဘော်တာဇာကတော့ လုဇ်လေးကိုသနားသွားတဲ့အတွက်ခိုင်းဂန်လူမျိုးစုထဲက ဂါဆိုတဲ့အဘွားကြီးဆီကိုပို့ပြီး ရဲရဲရင့်ရင့်နဲ့ကြီးပြင်းလာစေတာပေါ့ ရဲရင့်ပြီး စွန့်စားမှုကိုမြတ်နိုးတဲ့လုဇ်တစ်ယောက်သူ့ရဲ့အဘိုးနဲ့ပတ်သက်လို့ တစ်စွန်းတစ်စကြားသိသွားချိန်မှာတော့ခိုင်းဂန်ဒေသကနေထွက် မြို့ကိုတက်ပြီး သူ့လိုပဲစပ်စပ်စုစု ပါလေရာငပိချက်ကလေးတစ်သိုက်နဲ့စွန့်စားခန်းဘယ်လိုဝင်မလဲဆိုတာအားလုံးအတူ ကြည့်ရှုလိုက်ရအောင်ပါ။...
