ဇာတ်ညွှန်းများ • FDMN
Yopiq kanal
Ma'lumot yo'q
Obunachilar
-524 soatlar
-47 kun
+730 kun
Postlar arxiv
Strange Tales from a Chinese Studio: Pupil's Language (2024) ⭐TMDB: 0.0% User Score 🎬 #Mystery #Thriller 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 21 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 တစ်ခါက ယုံအန်းမှာ ပန်းချီဆွဲတော်တဲ့ ဖန်းသုန်းလို့ခေါ်တဲ့ သခင်လေးတစ်ပါးရှိပါတယ် ။သူက အိမ်ကအလုပ်တွေကိုကူညီလုပ်ပေးလေ့မရှိဘဲအမြဲတမ်းဆောင်ကြာမြိုင်ပဲသွားသွားနေပြီး ဖခင်ဖြစ်သူဆီကအမြဲလိုလိုလိုက်အရိုက်ခံနေရတဲ့သူတစ်ယောက်ပေါ့ ။ တကယ်တော့ သူဆောင်ကြာမြိုင်ကိုသွားတာကလည်း အကြောင်းအရင်းရှိပါတယ်ဆောင်ကြာမြိုင်က မိန်းကလေးလင်အာကို စောင်းတီးခိုင်းပြီး သူကပန်းချီဆွဲဖို့ပါ ။ဒါပေမဲ့ တစ်နေ့ကျ မိန်းကလေးလင်အာက သူ့ပုံတူပန်းချီကို မျက်စံမခြယ်ဖို့တားမြစ်ခဲ့ပါတယ် ။ ဒါပေမဲ့ သခင်လေးဖန်းသုန်း အိမ်ပြန်ရောက်လာတဲ့ အခါမှာသိချင်စိတ်နဲ့ မျက်စံကိုခြယ်သလိုက်ချိန်မှာတော့မထင်မှတ်ထားပဲ နေရာမှာတင် မေ့လဲသွားခဲ့ပါတယ် ။ သခင်လေးဖန်းသုန်းမေ့လဲသွားတာက မိန်းကလေးလင်အာနဲ့သက်ဆိုင်နေမလား ?ယုံအန်းကလူပျောက်မှုတွေကတော့ ဘယ်သူနဲ့သက်ဆိုင်နေလဲ ?သခင်လေးဖန်းသုန်းရဲ့အိမ်က မွေးစားညီမလေးကရော သူ့အစ်ကိုရောဂါကုဖို့ဘယ်လိုတွေစတေးသွားမလဲဆိုတာကိုဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါအုံးရှင်...
The Journey of Flower (2024) ⭐IMDB: 4.0/10 (7 Votes) 🎬 #Action #Fantasy #Romance 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 38 မိနစ် 32 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကဲ ဒီတစ်ခါမှာတော့ CM ကနေတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့တရုတ်ကားပရိတ်သတ်တိုင်းနဲ့မစိမ်းတဲ့ ဟွားချန်းကူ Movieဗာရှင်းလေးပဲဖြစ်ပါတယ်အဓိကဇာတ်ကောင်ဖြစ်တဲ့ ဟွားချန်းကူနေရာကို ခုနောက်ပိုင်းနာမည်ရလာတဲ့ အပြစ်ကင်းတဲ့မျက်နှာလေးနဲ့ မင်းသမီးလေး Cheng Dulingချန်လျိုဂိုဏ်းချုပ် ဟွားချန်းကူရဲ့ဆရာဖြစ်သူပိုင်ကျစ်ဟွအဖြစ်Soulmate ဇာတ်ကားနဲ့ နာမည်ရလာတဲ့ Li Chengbinဟွားချန်းကူရဲ့ မမဖြစ်တဲ့ ရှားချန်းမော့ အဖြစ်Mao Zijunတို့က ပါဝင်ထားတာပဲဖြစ်ပါတယ် ဇာတ်လမ်းလေးကတော့ မကောင်းဆိုးဝါးဘုရင်ကို နှိမ်နင်းအပြီးမှာသူ့ရဲ့စွမ်းအားတွေကို နတ်လက်နက်သုံးခုစီမှာ ခွဲပြီးချိတ်ပိတ်ခဲ့ပါတယ်အဲ့လက်နက်တွေကိုလည်း သူတော်စင်ဂိုဏ်းကြီး၃ဂိုဏ်းက စောင့်ကြပ်ကြတာပေါ့နော် နှစ်တွေကြာပြီးနောက်ပိုင်းမှာတော့ လုကျိုရွာမှာ နိမိတ်ဆိုးကြယ်ကနေလူဝင်စားတဲ့ ကလေးမလေးဟွားချန်းကူကို မွေးလာခဲ့ပါတယ်မွေးပြီးပြီးချင်းမှာပဲ သူ့အမေကတော့ဆုံးသွားခဲ့ပါတယ်သူ့အဖေရောပဲသူ့ကြောင့်နဲ့ဆုံးသွားခဲ့ပြီး သူတို့ရွာကလူတွေကလည်း အသေအပျောက်များလာတော့ဟွားချန်းကူကို မကောင်းဆိုးဝါးမလို့ အမည်တပ်အပြစ်ပုံချပြီး သတ်ဖို့ကြိုးစားကြတာပေါ့ အဲ့လိုနဲ့ပဲ ဟွားချန်းကူတစ်ယောက် အသက်၁၆နှစ်မှာ သူ့ရွာကနေ စွန့်ခွာပြီးချန်လျိုဂိုဏ်းကို သွားပြီး သူ့ကံကြမ္မာဆိုးကို ပြုပြင်ဖို့ မသေမျိုးအဖြစ်ကျင့်ကြံဖို့ သွားခဲ့ပါတယ်နိမိတ်ဆိုးအသွင်ဆောင်မှန်းသိကြတော့ လူတိုင်းကျဉ်ဖယ်ကြပေမယ့်ဟွားချန်းကူရဲ့ ရှိရင်းစွဲအပြစ်ကင်းစင်မှုလေးတွေကပဲ သံယောဇဉ်မဲ့နေတဲ့ပိုင်ကျစ်ဟွကိုပါ လှုပ်ခတ်စေနိုင်ခဲ့တာပေါ့ မကောင်းမှန်းသိလို့ ပြုပြင်ဖို့ကြိုးစားနေတဲ့သူကို ဝိုင်းပြီးတော့ အနိုင်ကျင့်ဖျက်စီးကြတော့ဇာတ်သိမ်းလေးကတော့ မလှခဲ့ပါဘူးSeries ကတော်တော် ကောင်းလွန်းတော့ ရုပ်ရှင်မှာဝေဖန်ခံရတယ်ဆိုပေမယ့်အမြင်တစ်မျိုးလေးဖြစ်သွားအောင်ကြည့်ချင်သူတွေကြည့်လို့ရအောင်လို့တင်ဆက်ပေးလိုက်ပါတယ်...
Ricky Stanicky (2024) ⭐IMDB: 6.2/10 (4 k Votes) 🎬 #Comedy 🗓 2024 🎞 movie 🌎 #UnitedStates #Australia #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 55 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ယခုတင်ဆက်ပေမယ့်ဇာတ်ကားလေးကတော့ မကြာသေးခင်ကမှ အသစ်ဆက်ဆက်ထွက်ရှိလာတဲ့ Comedy ဇာတ်မြူးလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ Peacemaker ဇာတ်ရုပ်နဲ့လူသိများကြတဲ့ John Cena က အဓိကသရုပ်ဆောင်အဖြစ်ပါဝင်ရိုက်ကူးထားတာပါ။ ဒါ့အပြင် High School Musical / The Greatest showman တို့နဲ့လူသိများတဲ့ မင်းသားချော Zac Efron လည်းပါဝင် သရုပ်ဆောင်ထားပါသေးတယ်။ ဇာတ်လမ်းအကျဉ်း*************** ဒင်း၊ ဝက်စ်နဲ့ ဂျေတီလို့ခေါ်တဲ့ ကလေးသုံးယောက်ဟာ Halloween ညတစ်ခုမှာ လူမရှိတဲ့အိမ်တစ်လုံးကို မတော်တဆ မီးရှို့လိုက်မိကြပါတယ်။ ဒီကိစ္စကို အပြစ် လွှဲချဖို့အတွက် ရစ်ကီ စတန်နစ်ကီဆိုတဲ့ စိတ်ကူးယဉ် သူငယ်ချင်းတစ်ယောက်ကို သုံးယောက်ပေါင်းပြီး လုပ်ကြံဖန်တီးခဲ့ကြပါတယ်။ အဲ့နောက်ပိုင်းကနေစပြီး သူတို့တွေအသက်တွေကြီးလာကြတဲ့အထိ ကိစ္စတစ်ခုခု ရှိတိုင်း ရစ်ကီစတန်နစ်ကီဆိုတဲ့ သူငယ်ချင်းကို လွှဲချ ခေါင်းစဉ်တပ်တာမျိုးက အကျင့်လိုဖြစ်လာကြပါတယ်။ တစ်နေ့မှာတော့ ဘယ်လိုမှရှောင်လွှဲလို့မရတော့တဲ့ အကြောင်းအရင်းတစ်ခုကြောင့် ရစ်ကီစတန်နစ်ကီကို မိသားစုမိတ်ဆွေတွေရှေ့ လူလုံးပြကြရဖို့အကြောင်းဖန် လာပါတော့တယ်။ အဲ့လိုအချိန် သူတို့နဲ့ ဘားတစ်ခုမှာ မထင်မှတ်ပဲ ဆုံဖြစ်ခဲ့တဲ့ အပေါစားသရုပ်ဆောင် ရော့ဒ် (John Cena) ကို ရစ်ကီစတန်နစ်ကီအဖြစ် တစ်ပွဲထိုး သရုပ်ဆောင်ဖို့ ငှားရမ်းခဲ့ကြရာကနေ ပိုကြီးတဲ့ပြဿနာတွေ အစပြုလာခဲ့ပါတော့တယ်။ ဒီဇာတ်ကားဟာ Comedy/ Fantasy genre ဖြစ်တဲ့အလျှောက် ဟာသလေးတွေအဆဲလေးတွေနဲ့ ပေါ့ပေါ့ပါးပါး ကြည့်ရှုရမှm ဖြစ်တဲ့အတွက် ညစ်ညူးနေတဲ့စိတ်တွေကို ခဏတာ အပန်းပြေသွားစေမှာပါလို့ ညွှန်းဆိုလိုက်ပါရစေ။...
Aftermath (2024) ⭐IMDB: 4.4/10 (105 Votes) 🎬 #Drama #Mystery #SciFi #ScienceFiction #Thriller 🗓 2024 🎞 movie 🌎 #Hungary #UnitedStates #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 18 မိနစ် 14 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Mystery, Sci-fi အမျိုးသားနဲ့ သမီးဖြစ်သူကို ပိုမိုကောင်းမွန်တဲ့ဘဝ ရရှိစေဖို့အတွက် အလုပ်ကို အင်မတန်လုပ်ပြီး ဖိအားတွေများနေတဲ့ ကိတ်တစ်ယောက် ကားမောင်း ထွက်လာတဲ့အချိန်မှာ ထူးဆန်းတာ ဖြစ်သွားခဲ့ပါတယ်။ ဘာလဲဆိုတော့ မြူတွေဝိုင်းပြီး ဘယ်နေရာမှန်းမသိတဲ့ တောအုပ်အလယ်တစ်နေရာမှာ ပြန်သတိရလာတာပါ။ သူ့ကိုယ်သူ ဘယ်သူလဲ ဘယ်လိုရောက်လာတာလဲ ဘာတွေဖြစ်ခဲ့တာလဲဆိုတာတွေ မမှတ်မိတော့ပါဘူး။ အဲဒီမှာတင် ဓာတ်ငွေ့မျက်နှာဖုံးနဲ့ လူတစ်စုက လိုက်ပြီး သတ်ဖြတ်ဖို့လုပ်တဲ့အခါ ထွက်ပြေးရင်း သူ့ကို ထူးဆန်းတဲ့ လူတစ်ယောက်က ကယ်တင်ပေးသွားပါတယ်။ ဒီမှာတင် နှစ်ယောက်သား အဖြစ်တူနေကြတဲ့အတွက် ဒီနေရာက ဘာလဲ ဘယ်လိုရောက်လာသလဲ ဘာကြောင့်လဲဆိုတဲ့ မေးခွန်းတွေနဲ့အတူ အသက်ရှင်သန်ဖို့ ရုန်းကန်ပြီး အဖြေရှာကြမှာကို ကြည့်ရမှာပဲ ဖြစ်ပါတယ်။...
And Then Come the Nightjars (2023) ⭐IMDB: 6.4/10 (61 Votes) 🎬 #Drama 🗓 2023 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 21 မိနစ် 42 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 And Then Come the Nightjars (2023) ~ IMDb – 6.4/10, Rotten Tomatoes – 80% ~ ခွာနာလျှာနာရောဂါကို တော်တော်များများ ကြားဖူးကြမှာပါ။ ၂၀၀၁ ခုနှစ်လောက်တုန်းကပေါ့ ဗြိတိန်မှာ ခွာနာလျှာနာ အကြီးအကျယ်ကူးစက်ပျံ့နှံခဲ့ပါတယ်။ မွေးမြူရေးခြံပေါင်း ၁၀,၀၀ လောက် ကူးစက်ခံရတာကြောင့် လူပေါင်း ၈၀၀၀ ကျော်လောက် အလုပ်အကိုင် ဆုံးရှုံးခဲ့ရပြီး ရောဂါကူးစက်မှုကို ထိန်းချုပ်ဖို့အတွက် တိရစ္ဆာန်တွေကို သတ်ဖြတ်တဲ့လုပ်ငန်းစဉ်မှာ ဗြိတိသျှပေါင် ၃ဘီလီယံကျော် ကုန်ကျခဲ့ပါတယ်။ မွေးမြူရေးတိရစ္ဆာန်ပေါင်း ၆.၅ သန်းလည်း အသတ်ခံခဲ့ရပါတယ်။ အခု ဒီရုပ်ရှင်ကတော့ အဲဒီအချိန်ကာလကို ပြန်တည်ထားတာပါ။ အဲဒီအခြေအနေအကျပ်အတည်းကို နောက်ခံထားပြီးရေးဖွဲ့ထားတဲ့ ဆုရပြဇာတ်တစ်ပုဒ်ကို ရုပ်ရှင်အဖြစ် ပြန်အသက်သွင်းလိုက်တာပဲဖြစ်ပါတယ်။ မွေးမြူရေးခြံရှင် အဖိုးကြီးတစ်ဦးနဲ့ လူလတ်ပိုင်း ဒေသန္တရတိရစ္ဆာန်ဆရာဝန်တစ်ဦးကြားက အပိုဆာဒါးမပါတဲ့ ရိုးရှင်းနွေးထွေးတဲ့ဆက်ဆံရေးတစ်ခုကို တွေ့မြင်ရမှာပါ။ ခြံရှင်အဖိုးကြီးဟာ သူ့ရဲ့ နွားတွေကို သားသမီးတွေနဲ့မခြားချစ်သူဖြစ်ပြီး သူ့ရဲ့ အချိန် စိတ်နှလုံး တစ်ဘဝလုံးကို သူတို့တွေဆီမှာသာ မြှုပ်နှံထားသူဖြစ်ပါတယ်။ တိရစ္ဆာန်ဆရာဝန်ကတော့ ဒီဒေသမှာ တာဝန်ကျတဲ့ အပြင်ကလူပေါ့။ ဒါပေမဲ့ ဒီမှာ အနေကြာလာပြီး ဒေသကို (အထူးသဖြင့်တော့ အဖိုးကြီးကို) ခင်တွယ်လာသူဖြစ်ပါတယ်။ သူ့ အားလပ်ချိန်တွေဆို အဖိုးကြီးခြံကို သွားပြီး ကလေးတစ်ယောက်ယောက်လိုပဲ အဖိုးကြီးနောက်ကို တကောက်ကောက်လိုက်ပြီး စကားတွေ တောင်စဉ်ရေမရ ပြောနေတတ်ပါသေးတယ်။ ဒီလိုနဲ့ ခွာနာလျှာနာ ကူးစက်နှုန်းမြင့်လာပြီး ရောဂါထိန်းချုပ်ရေးအတွက် သတ်ဖြတ်တာတွေ မီးရှို့တာတွေ စလုပ်လာတဲ့အချိန်မှာတော့. မွေးမြူရေးတိရစ္ဆာန်တွေကို သားသမီးလိုချစ်တဲ့အဖိုးကြီးနဲ့ တာဝန်အရ သတ်ဖြတ်မှုတွေကို ဦးဆောင်ရမယ့် တိရစ္ဆာန်ဆရာဝန်တို့ရဲ့ကြားက ဆက်ဆံရေးလေး ဘယ်လိုဖြစ်သွားမလဲဆိုတာ ဆက်စောင့်ကြည့်ကြရပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုZမှ ပြန်ဆို ရေးသားထားပါတယ်)...
The Goldman Case (2023) ⭐IMDB: 7.2/10 (1 k Votes) 🎬 #Crime #Drama #History 🗓 2023 🎞 movie 🌎 #France ⏰ 1 နာရီ 56 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 လုယက်မှုပေါင်းများစွာနဲ့ လူသတ်မှုအတွက် ရုံတင်စစ်ဆေးခြင်းခံခဲ့ရပြီး ထူးဆန်းစွာနဲ့ လုပ်ကြံသတ်ဖြတ်ခံလိုက်ရတဲ့ ပြင်သစ်လက်ဝဲတော်လှန်ရေးသမား ပိုလန်ဂျူးလူမျိုး ပီးယားဂိုးမန်း ရဲ့အကြောင်းကို ဖြစ်ရပ်မှန်ပြန်လည်ရိုက်ကူးထားတဲ့ ပြင်သစ် Crime/Drama/History ဇာတ်ကားကောင်းလေးတစ်ကားပါ အကောင်းဆုံး ရုပ်ရှင်ဆု၊ ဇာတ်ကားဆု၊ ဒါရိုက်တာဆု၊ သရုပ်ဆောင်ဆုတွေအများကြီးရထားတဲ့ ဂျူးမုန်းတီးရေး ဂျူးဆန့်ကျင်ရေး လူမျိုးရေးခွဲခြားမှုတွေကြားထဲက တရားမျှတမှုအကြောင်းကို ဒီဇာတ်ကားထဲမှာမြင်တွေ့ရမှာပါ သူ့ကိုအမိန့်ချမှတ်ခဲ့တဲ့ နောက်ဆုံးတရားခွင်ကို ဖြစ်ရပ်မှန်ပြန်လည်ရိုက်ကူးထားတာပါ ကြည့်ရှုခံစားကြည့်လိုက်ပါဦး…….. ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ်...
Ooru Peru Bhairavakona (2024) ⭐IMDB: 6.2/10 (947 Votes) 🎬 #Bollywood #Fantasy #Thriller #Comedy #Horror 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 14 မိနစ် 1 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Ooru Peru Bhairavakona (2024) “ကျတ်ရွာ”IMDb – 6.5/10 အသစ်ထွက်ရှိလာတဲ့ ခပ်ဆန်းဆန်း fantasy thrillerအမျိုးအစားတလေဂူးလ်စကားပြော အိန္ဒိယရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ ဦးလေးဆီမှာ အလုပ်လုပ်တာနဲ့ မြို့မှာအလုပ်လုပ်တာ ဓာတ်ပုံရိုက်ခံရတာခြင်းတော့တူတယ်။ဦးလေးဆီမှာအလုပ်လုပ်တာက ဒုစရိုက်လုပ်ငန်းဆိုတော့ ရဲတွေဓာတ်ပုံရိုက်တာခံရပြီးမြို့မှာလုပ်တဲ့အလုပ်ကကျ ရုပ်ရှင်ထဲမှာဆိုတော့ ပရိသတ်တွေဓာတ်ပုံရိုက်ခံရတာဆိုတဲ့ ခံယူချက်နဲ့ရုပ်ရှင်ထဲမှာ ဗီလိန်ဇာတ်ပို့နေရာလေးတွေက သရုပ်ဆောင်နေတဲ့ ဘာဆာဗာ။ တစ်ရက်မှာတော့ ဦးလေးဖြစ်သူ အကြီးအကျယ်ဒုက္ခရောက်နေပြီး မဖြစ်မနေလုပ်ပေးရမဲ့အလုပ်က မိန်းကလေးတစ်ယောက်ကို ဘေးကင်းအောင် စောင့်ရှောက်ဖို့။မိန်းကလေးကိုခေါ်လာတဲ့လူက ဒုစရိုက်လုပ်ငန်းတွေလုပ်နေတဲ့လူ။မိန်းကလေးကို ကားနောက်ဖုံးထဲမှာမေ့ဆေးတိုက်ပြီး ခေါ်လာတာကိုတွေ့လို့ မျက်နှာကိုမြင်လိုက်ရတော့မှ သူစွဲလန်းခဲ့ဖူးတဲ့ကောင်မလေးဖြစ်နေတာကိုသိလိုက်ရတဲ့အခါ…။ အဲဒီကနေမှ ရောက်ပြီးရင် ပြန်လမ်းမရှိဘူးလို့ နာမည်ကြီးနေတဲ့ဘိုင်ရာဗာကွန်နာအမည်ရှိနေရာတစ်ခုကို ရောက်သွားတဲ့အခါမှာတော့…။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်)...
Chinese Zodiac (2012) ⭐IMDB: 6.0/10 (24 k Votes) 🎬 #Action #Adventure #Asian #Comedy #JackieChan #Crime 🗓 2012 🎞 movie 🌎 #China #HongKong ⏰ 2 နာရီ 3 မိနစ် 24 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဂျက်ကီချန်းရဲ့ ၂၀၁၂ က ဂင်းနစ်စံချိန်တွေတင်ခဲ့တဲ့ အက်ရှင်ကားလေးပါ Armour of God(1986) နဲ့ Armour of God II: Operation Condor(1991) တို့ရဲ့ အဆက်ဖြစ်ပေမယ့် ဒီတစ်ကားတည်း ကြည့်လို့လည်း အဆင်ပြေပါတယ် ဂျက်ကီချန်းအနေနဲ့ “စတန့်အများဆုံး” နဲ့ “ရုပ်ရှင်တစ်ကားတည်းမှာ Credit အများဆုံး” ဆိုတဲ့ ဂင်းနစ်စံချိန်နှစ်ခု တင်နိုင်ခဲ့ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ဒုတိယဘိန်းစစ်ပွဲကာလမှာ ပြင်သစ်-အင်္ဂလိပ်လူမျိုးတွေက တရုတ်နိုင်ငံရဲ့ အထင်ကရ Old Summer Palace ကို ဝင်စီးခဲ့ပြီး တရုတ်ရာသီခွင် ကြေးခေါင်းရုပ် ၁၂ ရုပ်ကို ခိုးသွားခဲ့ပါတယ် မျက်မှောက်ခေတ်မှာ MP လုပ်ငန်းစုက ကြေးရုပ်တွေကို လေလံတင်ဖို့ JC (ဂျက်ကီချန်း) ကို ကျန်ရှိနေတဲ့ ကြေးရုပ်တွေ ရှာပေးနိုင်ရင် ဘောနပ်စ် ၁၀ ဆ ပေးမယ်ဆိုပြီး တာဝန်ပေးပါတယ် ဒီလိုကနေ JC တို့အဖွဲ့က ရှေးဟောင်းပစ္စည်းကျွမ်းကျင်တဲ့ ကောင်မလေးဖြစ်တဲ့ Coco ရှိတဲ့ ပဲရစ်ကို ရောက်လာခဲ့ပြီး ကြေးခေါင်းတွေပိုင်ထားတဲ့ ပြင်သစ်သူလေး ကတ်သရင်းရဲ့ စံအိမ်ကိုပါ ရောက်သွားပါတယ် ဒီကနေ သူတို့တွေလူစုပြီး ကျွန်းတစ်ကျွန်းပေါ်မှာ ရွှေတုံးတွေရှာတဲ့ဇာတ်လမ်းနဲ့ ကြေးခေါင်းအရှုပ်တော်ပုံ စွန့်စားခန်းတွေကို တစ်ဝကြီးခံစားရမှာဖြစ်ပြီး… နာမည်ကြီးကားမို့လို့ ကြည့်ပြီးသားဆိုတဲ့ သူတွေကိုလည်း နောက်တစ်ခေါက် ပြန်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်...
Mindwash (2024) ⭐IMDB: 4.9/10 (82 Votes) 🎬 #Thriller #Drama 🗓 2024 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 26 မိနစ် 41 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ယခုတင်ဆက်ပေးလိုက်တာကတော့ ၂၀၂၄ ခုနှစ်ထွက် ရုပ်ရှင်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကြောင်းကတော့ စိတ်ဓာတ်မြင့်တင်ရေးဟောပြောသူ ဘီလီဆဲလ်ဒန် ဆိုတဲ့လူတစ်ဦးအကြောင်းပါ။ သူဟာ “ကိုယ့်အတွက်ကိုယ်တွေးပါ” ဆိုတဲ့ လက်ကိုင်စကားနဲ့အတူ နာမည်ကြီးလာခဲ့ပါတယ်။ သူရဲ့အောင်မြင်မှုဟာအထွတ်အထိပ်ကိုရောက်ရှိလာပြီး မျိုးစက်သစ်အတွက် စံပြလို့ပြောရလောက်အောင် ဖြစ်လာပါတယ်။ ဒါပေမဲ့ သူဟာ လက်ရှိအမှန်တရားနဲ့၊ မီဒီယာရဲ့လွှမ်းမိုးမှုကို ခံလာရတဲ့အခါမှာ ပျက်စီးမှုဖက်ကိုဦးတည်လာပါတော့တယ်။ တချိန်ထဲမှာပဲ သူ့ရဲ့ရည်းစားဖြစ်သူ “နာတလီ” နဲ့လည်းအဆင်မပြေဖြစ်လာပါတယ်။ အဲ့ဒီနောက် ဘီလီ ဘာဆက်ဖြစ်မလဲဆိုတာကိုဆက်လက်ရှုစားကြပါခင်ဗျာ။...
Thookudurai (2024) ⭐TMDB: 70.0% User Score 🎬 #Bollywood #Comedy #Drama #Family 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 3 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Thookudurai (2024)“ရေတွင်းသရဲ” IMDb 6.8 ရထားပြီး အမှန်အကန်ရယ်ရမယ့်တမီးလ် ဟာသ/သရဲကားလေး တင်ဆက်ပေးလိုက်ပါပြီပိုစတာမှာ ယိုဂီဘာဘူကို မြင်လိုက်တာနဲ့ အဖောက်တလိုင်းဇာတ်ကားဆိုတာ ပရိသတ်တို့ တန်းပြီးသိမှာပါလေ ဒီလိုဇာတ်ကားမျိုးကို မဆလာဖလင်လို့လည်း ခေါ်ကြပါသေးတယ်ဇာတ်လမ်း/ဇာတ်ကောင် ရှိရှိသမျှ ရောသမမွှေထားတဲ့ အဓိပ္ပာယ်ပေါ့ခင်ဗျာ ဇာတ်လမ်းအကျဥ်းကတော့…အလုပ်မရှိ စားစရာမရှိလို့ ခိုးစားဖို့ကြံတဲ့ သူခိုးသုံးယောက်ကဒဏ္ဏာရီလာ သရဖူကိုမှ ခိုးမိသွားတယ် လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်က သမီးရှင်အဖေ သဘောမတူလို့ ယိုဂီဘာဘူတို့ ချစ်သူနှစ်ယောက်ခိုးရာလိုက်ပြေးရာက လက်ပူးလက်ကြပ်မိတော့ ယိုဂီဘာဘူတစ်ယောက် ရေတွင်းထဲပြုတ်ကျပြီး အစိမ်းသေ သေသွားတဲ့အခါမှာ သူ့ကောင်မလေးယူလာတဲ့ သရဖူပါအဆစ်ပါသွားတယ် ဒီကနေ မျက်မှောက်ခေတ်မှာ သရဲဖြစ်နေတဲ့ ယိုဂီဘာဘူက အားလုံးကို လိုက်ခြောက်ပြီး ပေါက်ကရတွေ ဖြစ်ကုန်တာပါပဲ အဆက်အစပ်မတည့်တဲ့ ဟိုတစ်စဒီတစ်စ ဇာတ်လမ်းတွေအကုန်သူ့အလိုလို ပေါင်းစပ်သွားပြီး အစုံသုပ်လိုမျိုး ဦးတည်ရာ မယ်မယ်ရရ မရှိပေမယ့်လည်း… ဇာတ်လမ်းရဲ့ လိုရင်းဖြစ်တဲ့ တောင်စဥ်ရေမရ ဗြောက်သောက် ဖျော်ဖြေရေးကအားမနည်းသွားတာမို့ ကြည့်နေရင်း အချိန်ကုန်မှန်းမသိလိုက်နိုင်တဲ့ဇာတ်ကားတစ်ကား ဖြစ်မှာ အသေအချာပါ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်...
Elsbeth (2024) ⭐TMDB: 93.0% User Score 🎬 #Crime #Drama 🗓 2024 🎞 Series 🌎 #UnitedStatesofAmerica ⏰ 44 မိနစ် 6 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Elsbeth (2024)Elsbeth (2024)အရင်လကုန်ပိုင်းကမှ အသစ်စက်စက်ထွက်ရှိထားတဲ့ စီးရီးလေးကို CM ပရိတ်သတ်ကြီးအတွက် တင်ဆက်လိုက်ပါပြီ။ တစ်ပတ်တစ်ပိုင်းထွက်မှာဖြစ်လို့ စောင့်ကြည့်ပေးကြပါဦး။ ဇာတ်လမ်းအညွှန်းချီကာဂိုမြို့မှာ နှစ်၃၀ကြာ ရှေ့နေလုပ်ခဲ့တဲ့ Elsbeth တစ်ယောက် နယူးရော့ခ်မြို့ဆီ တာဝန်ကျလာပါတယ်။ အခုအလုပ်ကတော့ အမှုတစ်ခုကို ရဲတွေစစ်ဆေးတဲ့အချိန်မှာ သူက ဘေးကစောင့်ကြည့်ဖို့ပါတဲ့။ သူကတော့ လူတစ်မျိုးပါ၊ သူ့ရဲ့ဘော့စ်ကတောင် Elsbeth က ပျော်ပျော်နေတတ်တဲ့သူပါလို့ မှာပေးရတဲ့သူပါ။ထိုးထွင်းဉာဏ်ကောင်းလွန်းပြီး အမှုတစ်ခုကို သူများနဲ့မတူညီတဲ့အမြင်နဲ့ကြည့်တတ်ပြီး သူများထက် တစ်လှမ်းကြိုမြင်တတ်တဲ့သူ၊ ဒါပေမဲ့ ရဲတွေရဲ့ စစ်ဆေးမှုတွေမှာ ဟိုစပ်စပ်ဒီစပ်စပ်နဲ့ စပ်စုလွန်းနေတော့ အမြင်ကတ်စရာကောင်းနေရော ဖြစ်နေတယ်။ အဲဒါကြောင့် ပထမအမှုမှာတည်းက ရဲအရာရှိဝက်ဂ်နာက အမြင်မကြည်ဖြစ်တော့တာပဲ။ရဲဌာနဘက်က အမြင်မကြည်တော့ သူ့ကို တခြားရှေ့နေနဲ့ပြောင်းပေးဖို့တောင် တောင်းဆိုလာကြတယ်။ Elsbeth ဘက်ကကျတော့ ဒီအလုပ်ကို သူဆက်လုပ်ချင်နေတယ်၊ နယူးရော့ခ်မြို့ကြီးမှာ လျှောက်လည်ပြီး သူပျော်ပျော်ကြီး နေချင်သေးတယ်။ ဒီတော့လည်း NYPD တပ်ဖွဲ့မှာ ထက်မြက်ပေမယ့်လည်းအမြင်ကတ်စရာကောင်းတဲ့ မမ Elsbeth တစ်ယောက် ဘယ်လိုဆက်မွှေဦးမလဲပေါ့။Elsbeth ဇာတ်လမ်းကို “The Good Wife”နဲ့ “The Good Fight” ဇာတ်လမ်းတွဲတွေထဲက ဇာတ်ကောင်ကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ Elsbeth အနေနဲ့ Emmy award ရရှိထားတဲ့ Carrie Preston က အဓိကသရုပ်ဆောင်ထားပါတယ်။ comedy-drama ဇာတ်လမ်းဖြစ်တာမို့ ရှားလော့မမတစ်ယောက် အမှုတွေဖြေရှင်းရင်း ဘယ်လိုရယ်ရမောရဦးမလဲ ဆက်လက်စောင့်ကြည့်ကြပါဦး။ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက Orika ဖြစ်ပါတယ်။...
Kalikot (2024) ⭐TMDB: 0.0% User Score 🎬 #Adult #Drama #Romance 🗓 2024 🎞 movie 🌎 #Philippines ⏰ 49 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အာနယ်က အားလပ်ချိန်မှာ သူ့ဦးလေးဝပ်ရှော့မှာ အလုပ်ဝင်နေတဲ့ ကောလိပ်ကျောင်းသားလေးပါ။ တစ်နေ့တော့ သူတို့ဝပ်ရှော့ရှေ့ကတိုက်ခန်းရှေ့ကို မမလှလှကြီးတစ်ယောက်ပြောင်းလာပြီး သူ့ဆီကားလာပြင်ရာကနေ အဲ့ဒီမမနဲ့ချစ်တင်းနှောဖြစ်သွားပါတယ်။ ဒါပေမယ့်လည်း သူ့ဆီမှာ ငယ်သူငယ်ချင်းမကရည်းစားမကျ ခိုးစားနေကျ ကျောင်းနေဘက်ကောင်မလေး ဂျန်နာရှိပြီးသားပါ။ ကျောင်းပြန်ဖွင့်တဲ့အချိန်မှာ အဲ့ဒီမမကြီးကို သူတို့မေဂျာဘာသာရပ် ဆရာမအဖြစ်တွေ့လိုက်ရတဲ့အချိန်မှာတော့ မလည်ရှုပ်အာနယ်တစ်ယောက် သုံးပွင့်ဆိုင်ဇာတ်မှာဗျာများဖို့ဖြစ်လာပါတော့တယ်။ ထုံးစံအတိုင်း အသစ်လေးတွေကိုနေရာပေး မိတ်ဆက်ထားတဲ့ကားပါပဲ။ ခံစားကြည့်ကြပါဦး။ ( အညွှန်းရေးသားထားသူကတော့...
Love Will Tear Us Apart (2021) ⭐IMDB: 6.3/10 (321 Votes) 🎬 #Romance #Drama 🗓 2021 🎞 movie 🌎 #China ⏰ 1 နာရီ 44 မိနစ် 55 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 june10,2021မှာ ထွက်လာတဲ့ ရင်နင့်အောင်ခံစားရပြီး လူကြိုက်များလှတဲ့ အချစ်ဇာတ်ကားကောင်းလေးတစ်ပုဒ်ပါ… ၁၀နှစ်ကြာ ငါနဲ့အတူရှိနေခဲ့တဲ့ သူမကမနက်ဖြန်လက်ထပ်တော့မယ်…….. ငါလိုချင်တာငါတို့အတူရှိနေဖို့ပဲ….. မင်းငါ့ကိုမလိုချင်တော့တာကလွဲရင် ငါကမင်းကိုဘယ်တော့မှပစ်ပယ်မှာမဟုတ်ဘူး… ငါမင်းကိုချစ်ခဲ့မိလို့ ဘယ်တော့မှနောင်တမရဘူး….. လွီချင်းယန်ဟာ လင်ယီးယောင်ဆိုတဲ့ကောင်မလေးကို အထက်တန်းကျောင်းသားဘဝမှာ တစ်ချိန်ကျရင် သူမကို ပျော်ရွှင်ချမ်းမြေ့တဲ့ဘဝတစ်ခုဖန်တီးပေးမယ်လို့ တစ်ကျောင်းလုံးရှေ့မှာ ဂတိပေးခဲ့တယ်….. သူတို့တွေ အပြန်အလှန် အရူးအမူးချစ်မိသွားလို့ နှစ်ပေါင်းများစွာချစ်သူဖြစ်လာတယ်.. လွီချင်းယန်ဟာ ကောင်မလေးအတွက် အလုပ်ပေါင်းများစွာကြိုးစားလုပ်ကိုင်ခဲ့ပြီး လူအများအားကျရတဲ့ မဂ်လာပွဲနဲ့ ဘဝကိုဖန်တီးပေးဖို့ အမြဲစိတ်ကူးနေခဲ့တယ်….. သူတို့ရဲ့ဘဝလေးဟာ ငွေကြေးမပြည့်စုံပေမယ့် ပျော်ရွှင်ဖွယ်ကောင်းနေခဲ့တယ်….. တခြားအရာတွေထက် ကောင်လေးဘေးမှာ ရှိနေဖို့သာလိုအပ်ပြီး အမြဲလိုလိုလက်ထပ်ဖို့ အသင့်ရှိနေတဲ့သူမ… သူမကိုပြီးပြည့်စုံအောင်ထားနိုင်မှ လက်ထပ်ယူချင်တဲ့သူတို့ ထာဝရပေါင်းစည်းနိုင်ပါ့မလား...
The Goldfinger (2023) ⭐IMDB: 6.4/10 (850 Votes) 🎬 #Crime #Drama #Action 🗓 2023 🎞 movie 🌎 #China #HongKong ⏰ 2 နာရီ 6 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာ CM ပရိသတ်တွေကို Liu De Hua ရဲ့နာမည်ကြီးဇာတ်ကားဖြစ်တဲ့ Golden Finger လေးနဲ့တင်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းကတော့ ချန်ယိယန်ဆိုတဲ့သူကတော့ တောင်ပိုင်းပင်လယ်မှာအင်ဂျင်နီယာတစ်ယောက်ဖြစ်ပြီး လူတွေကိုပြီးပြည့်စုံတဲ့အိမ်တစ်လုံးပိုင်ဆိုင်စေဖို့အိပ်မက် မက်ခဲ့ဖူးသူဖြစ်ပေမဲ့လုပ်ငန်းအရူံးပေါ်ပြီး ဒေဝါလီခံလိုက်ရတယ်။ဒီလိုနဲ့အပတ်တကုတ်အလုပ်ကြိုးစားရှာရင်းတနေ့မှာတော့တစ်နယ်သားကုမ္ပဏီတစ်ခုမှာကြေးစားသူဌေးယောင်ဆောင်အဖြစ်လုပ်ရင်းတကယ့်သူဌေးကြီးရင်းနှီးမြှုပ်နှံသူအစစ်နဲ့တွေ့ဆုံခဲ့တယ်။ ဒီလိုနဲ့ ရင်းနှီးမြှုပ်နှံရေးလောကကိုဝင်ရောက်ခဲ့ပြီး လုပ်ငန်းရင်းနှီးမြှုပ်နှံရေးရှယ်ယာကစားတာတွေကို လုပ်လာခဲ့ပြီးကျာဝန်ဆိုတဲ့ကုမ္ပဏီကိုတည်ထောင်ခဲ့တယ်။တစ်စတစ်စ တဖြည်းဖြည်းဟောင်ကောင်မှာလက်ညှိုးညွှန်ရာရွှေဖြစ်တဲ့ ကျာဝန်လုပ်ငန်းစုသူဌေးကြီးဖြစ်လာခဲ့တယ်။ ကံတရားဆိုတာအတက်အကျရှိစမြဲဆိုတဲ့အတိုင်း ကံအရမ်းတက်နေတဲ့ချန်ယိယန်တစ်ယောက်သူ့လုပ်ငန်းစုပိုင်ဆိုင်မှုကို ICACအဖွဲ့မျက်စိကျတာကိုခံခဲ့ရတာပေါ့။ အဲ့အဖွဲ့ထဲမှာလျိုအရာရှိက ဒီအမှုကိုဦးဆောင်ပြီးစုံစမ်းစစ်ဆေးခဲ့တယ်။အစပိုင်းမှာလျိုအရာရှိကရိုးရှင်းလှပြီထင်မိတဲ့အမှုတစ်ခုလေးက တကယ်တမ်းမှာအများကြီးပါဝင်ပတ်သက်မှုရှိနေတဲ့အခါမှာတော့ဘယ်လိုတွေဖြေရှင်းကြမလဲ။ ဘယ်လိုတွေဖော်ထုတ်ကြမလဲ။ စီးပွားရေးလောကရဲ့ကြောက်စရာကောင်းလှတဲ့လှည့်ကွက်တွေ။ လောဘသားတွေရဲ့လောဘငတ်မွတ်နေမှုတွေ၊စည်းစိမ်ဥစ္စာချမ်းသာသူတွေရဲ့ ချမ်းသာမှုအပေါ်ပျော်မွေ့နေမှုစတာတွေကို Liu De Hua , Liang Chao Weiတို့ကပါဝင်သရုပ်ဆောင်ထားတာဖြစ်တဲ့အပြင်ဇာတ်လမ်းဇာတ်အိမ်တွေဟာ သာမာန်စီးပွားရေးနိုင်ငံရေးဇာတ်လမ်းများနှင့်မတူတမူထူးခြားစွာရိုက်ကူးထားတာဖြစ်တဲ့အတွက်ဒီဇာတ်လမ်းလေးကို အတူတူကြည့်ရူအားပေးလိုက်ကြရအောင်...
Merry Christmas (2024) ⭐IMDB: 7.7/10 (19 k Votes) 🎬 #Bollywood #Drama #Mystery #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 25 မိနစ် 39 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Merry Christmas 2024 (မယ်ရီခရစ္စမတ်) IMDb 7.7/10 အားလုံးစောင့်မျှော်နေကြတဲ့ မင်းသားကြီးဗီဂျေးနဲ့ တိုက်ဂါးမင်းသမီးလေးကတ်တရီးနားတို့ရဲ့ ဇာတ်ကားကြီးထွက်ရှိလို့လာခဲ့ပါပြီ ဒီကားထဲမှာလည်းမမကဘယ်လိုဆွဲဆောင်မှုတွေပြမလဲ ကြည့်လိုက်ကြရအောင် ဒါ့အပြင် Neo-Noir ရုပ်ရှင်အထာနဲ့မို့ အိန္ဒိယရုပ်ရှင်တွေထဲမှာ ကွဲထွက်နေပြီးအတော်လေးအရသာရှိတဲ့ ရုပ်ရှင်ပဲခင်ဗျ…တစိမ့်စိမ့်နဲ့ အရသာရှိတယ် femme-fataleကာရိုက်တာလေးနဲ့ဆိုတော့ နက်ရှိုင်းတဲ့အိပ်မက်တစ်ခုထဲ လမ်းပျောက်နေသလို ဖီလင်မျိုးပေါ့ “အရုဏ်မတက်ခင်ရောက်တဲ့ညအချိန်က အမှောင်ဆုံးပါပဲ”အပျော်ရွှင်ရဆုံးအချိန်မရောက်ခင် ဆိုးဝါးလှတဲ့ဖြစ်ရပ်တွေကိုဖြတ်ကျော်ရစမြဲပါပဲ ။။ မိခင်ဖြစ်သူဆုံးပါးသွားလို့ ဒူဘိုင်းကနေ မွေးရပ်မြေပြန်လာခဲ့တဲ့ အဲလ်ဘတ်ခရစ္စမတ်အတွင်းပြန်ရောက်လာခဲ့ပေမဲ့ အမေတစ်ခု သားတစ်ခုဘဝမှာ အမေမရှိတော့ယောင်လည်လည်ဖြစ်ပြီး ဘားထိုင်ရင်း အချိန်ဖြုန်းနေခဲ့တယ် ဒီမှာသူနဲ့ဆုံတွေ့ခဲ့တာကမာရီယာပေါ့ ယောကျာ်းဖြစ်သူဖောက်ပြန်နေလို့ လက်စားချေမယ်ဆိုပြီးဖုန်းပြောဖြစ်နေတဲ့ကောင်လေးနဲ့ဒိတ်ဖို့စီစဉ်ဖြစ်သွားတယ်ပေါ့ ဒါပေမဲ့စစချင်းဒိတ်မှာတင် တစ်ဖက်ယောကျာ်းလေးကထွက်ပြေးသွားလေရဲ့ အကြောင်းကတော့ဒိတ်ပါတယ်ဆို မာရီယာကကလေးခေါ်လာမိလို့ပါ စင်ဂယ်မားသားလည်းဆိုရော ဖနောင့်နဲ့တင်ပါးတစ်သားတည်းကျအောင်ထွက်ပြေးသွားတော့ မာရီယာတစ်ယောက် ဘားမှာငူငူကြီးဖြစ်နေချိန်အဲလ်ဘတ်နဲ့ဆုံတွေ့ခဲ့တယ် ဒီလိုနဲ့၂ယောက်သားရင်းနှီးသွားကြပြီး မာရီယာ့အိမ်အလည်လိုက်သွားမိလေရဲ့ ဒါက သူတို့ရဲ့အမှောင်ဆုံးအချိန်များဖြစ်သွားမလား အိမ်မှာထင်မှတ်မထားတဲ့ လူသေမှုနဲ့ရင်ဆိုင်လိုက်ရချိန်မှာတော့…. (အညွှန်းနဲ့ဘာသာပြန်တွေကတော့ Yunni ~ V ~ Alex ~ ToMo ~KKKZ ပဲဖြစ်ပါတယ်...
Damsel (2024) ⭐IMDB: 7.8/10 (83 Votes) 🎬 #Action #Adventure #Fantasy 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 49 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Stranger Things နဲ့ ကမ္ဘာကျော်လာတဲ့ Eleven မင်းသမီးလေး Millie Bobby Brown ရဲ့ ရုပ်ရှင်အသစ်လာပါပြီ။ စိတ်ကူးယဉ် မှော်ရုပ်ရှင်အမျိုးအစားပဲဖြစ်ပါတယ်။ Damel ဆိုတာ မိန်းမပျိုလေးတစ်ယောက်ကို ပြောတာပါ။ ပုံပြင်မျိုးစုံမှာပါတဲ့ မင်းသားလေးတွေက ကယ်တာခံရဖို့ ဒုက္ခရောက်နေတဲ့ မိန်းကလေးတွေကို damsel in distress လို့ခေါ်ပါတယ်။ ဒီပုံပြင်မှာကတော့ ဒုက္ခရောက်နေတဲ့ မိန်းမပျိုလေးကို ဘယ်သူမှမကယ်ဘဲ ကိုယ်တိုင်လွတ်မြောက်အောင် ကြိုးစားရတဲ့အကြောင်းကို ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဉ်း ************** မင်းသမီးလေး အယ်လိုဒီနေတဲ့တိုင်းပြည်ဟာ ရာသီဥတုကြမ်းတမ်းပြီး အငတ်ဘေးဆိုက်နေပါတယ်။ သူတို့ဆီကို အရမ်းချမ်းသာတဲ့ အော်ရီရာတိုင်းပြည်က သူတို့ရဲ့ မင်းသားလေးနဲ့လက်ဆက်ဖို့ အယ်လိုဒီကို ကမ်းလှမ်းလာပါတယ်။ အော်ရီရာတိုင်းပြည်နဲ့ မင်္ဂလာပွဲဖြစ်ရင် အယ်လိုဒီတို့တိုင်းပြည်အတွက် စားနပ်ရိက္ခာတွေ အလျှံပယ်ရနိုင်မှာဖြစ်တာကြောင့် မင်းသမီးအယ်လိုဒီကလည်း သဘောတူလိုက်ပါတယ်။ ဒါပေမဲ့ အော်ရီရာ တိုင်းပြည်က ဖိတ်ခေါ်ရတဲ့ အကြောင်းရင်းက ထင်သလောက်မရိုးရှင်းဘဲ အန္တရာယ်ကြီးတွေနဲ့ ရင်ဆိုင်လာရတဲ့အခါ...
Lost Phoenix (2023) ⭐IMDB: 5.3/10 (119 Votes) 🎬 #Action #Thriller 🗓 2023 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 24 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 File size…(1.5 GB)/(637 Mb)Quality….Webrip 1080p / 720pFormat…mp4Duration….01:25:00Genre…Action, ThrillerSubtitle….Myanmar Subtitle (Hardsub)Encoder….GarfieldTranslated by Leonie...
Lola (2024) ⭐IMDB: 4.3/10 (248 Votes) 🎬 #Drama 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 23 မိနစ် 36 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ခုတစ်ခါတင်ဆက်ပေးမယ့် ဇာတ်လမ်းလေးကတော့ “Lola” ဆိုတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ် ဒီထဲမှာ မိဘနဲ့ သားသမီးကြား နားလည်မှုတွေ စိတ်ဒဏ်ရာတွေ၊ လူငယ်တွေကြားက ချစ်ခြင်းမေတ္တာ၊ကူညီရိုင်းပင်းမှုတွေနဲ့ လောကဓံရဲ့ ရိုက်ခတ်မှုတွေ၊ အခက်ခဲတွေနဲ့ ကြုံလာတဲ့အခါ ဆုံးဖြတ်ချက်က အရေးပါပုံတွေကို ခေတ်ဆန်ဆန်လေးနဲ့ မပျင်းရအောင် ရိုက်ကူးပြသပေးထားတာဖြစ်လို့ ခုပဲ ခံစားကြည့်ရှုလိုက်ရအောင်နော် မင်းသမီးလေးရဲ့ နာမည်ကတော့ ရုပ်ရှင်ရဲ့ခေါင်းစဉ်ဖြစ်တဲ့ Lolaပါ… Lolaကတော့ ‘ယောက်ျားလေးဖြစ်ပေမယ့် သူ့အစ်မလို မိန်းကလေးဖြစ်ချင်နေတဲ့ မောင်လေးဖြစ်သူ Arlo’ ကို မငြိုငြင်ချစ်ပေး မောင်လေးစိတ်ချမ်းသာအောင် ခေတ်လူငယ်ပီပီ supporting အပြည့်ပေးတဲ့အစ်မတစ်ယောက်ပေါ့.. ဒါပေမဲ့ အမေဖြစ်သူကေတာ့ lolaလိုမဟုတ်ဘဲ ဘာသာရေးလည်းအယူသီးပြီး သားဖြစ်သူအဲ့လိုဖြစ်နေတာကို ရွံစရာလို့ ခံယူကာ lolaကိုပါ အပြစ်သားတစ်ယောက်လိုဆက်ဆံနေတဲ့အခါမှာေတာ့ သူတို့ရဲ့မိသားစုဘဝဟာ toxicဆန်နေပါတော့တယ် အဲ့လို Toxic ဖြစ်နေတဲ့ မိသားစုကနေ မောင်လေးကို ကယ်ထုတ်နိုင်ဖို့အတွက် အလုပ်ကြိုးစားပိုက်ဆံတွေစုရင်း lolaတစ်ယောက် ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရမလဲ သူတို့မောင်နှမနှစ်ယောက် ဒီလို toxic family ကနေ ရုန်းထွက်နိုင်သွားမလား ကျရှုံးသွားမလားဆိုတာကတော့...
Joy Ride 3: Roadkill (2014) ⭐IMDB: 4.7/10 (5 k Votes) 🎬 #Horror #Thriller 🗓 2014 🎞 video movie 🌎 #Canada ⏰ 1 နာရီ 36 မိနစ် 45 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ပြိုင်ကားမောင်းသမား ဂျော်ဒန်နဲ့အော်စတင်တို့ဟာ သူတို့ရဲ့အဖွဲ့သားတွေနဲ့အတူ ကနေဒါက ကားမောင်းပြိုင်ပွဲတစ်ခုမှာ ပြိုင်ပွဲဝင်ဖို့ခရီးထွက်လာခဲ့ကြပါတယ်။ လမ်းတစ်ဝက်က ထရပ်ကားနားစခန်းတစ်ခုမှာအမြန်ရောက်နိုင်တဲ့ဖြတ်လမ်းကိုရှာရင်းနဲ့အဝေးပြေးလမ်း နံပါတ် ၁၇ ဆိုတာကိုတွေ့ခဲ့ကြပါတယ်။ ထူးခြားတာက အဲ့ဒီဖြတ်လမ်းဟာ ပုံနှိပ်မြေပုံပေါ်မှာသာရှိနေပြီး GPS ပေါ်မှာလုံး၀ရှိမနေတာပါပဲ။ အဲ့ဒီလမ်းအကြောင်းစုံစမ်းလိုက်ချိန်မှာတော့ သူတို့စုံစမ်းတဲ့ထရပ်ကားမောင်းသမားက အဲ့ဒီလမ်းက မသွားသင့်ကြောင်း အဲ့ဒီလမ်းကို လူသတ်လမ်းကြားလို့ခေါ်ပြီး အဲ့ဒီလမ်းမှာ ပျောက်ဆုံး သေဆုံးခဲ့တဲ့သူတွေဟာ အမေရိကန်တကြောလုံးမှာရှိတဲ့ ဘယ်လမ်းထက်မဆို များတယ်ဆိုတာ သူတို့ကိုပြောပြပါတယ်။ ဒါပေမယ့် ခေတ်လူငယ်ပီပီ ပုန်ကန်တတ်တဲ့၊ အယုံအကြည်မရှိတဲ့စရိုက်တွေနဲ့ သူတို့တစ်သိုက်ဟာ အဲ့ဒီလမ်းအတိုင်းထွက်ခဲ့ကြပြီး လမ်းမှာတွေ့တဲ့ ထရပ်ကားမောင်းသမားတစ်ယောက်ကို ကျော်တက် ၊ ပိတ်မောင်းရင်း အပျော်တမ်းစနောက်မိတဲ့အခါမှာတော့.. အဲ့ဒီလမ်းဟာ တကယ်ပဲ သူတို့အတွက် သေမင်းတမန်လမ်းကြီးဖြစ်လာပါတော့မယ်။ Joy ride triology ရဲ့နောက်ဆုံးကားဖြစ်ပြီး Franchise ထဲမှာမှ သတ်ခန်းဖြတ်ခန်းရော ဝတ်လစ်စလစ်ခန်းတွေပါပါဝင်ပြီး အကြမ်းဆုံးကားဖြစ်ပါတယ်။ အထူးသဖြင့် Wrong turn ထဲကလို ကြမ်းတမ်းလွန်းတဲ့သွေးထွက်သံယိုတွေ ပါဝင်တဲ့အတွက်ကြည့်ရဲမှ ကြည့်တာကောင်းပါလိမ့်မယ်။...
Terminator: Dark Fate (2019) ⭐IMDB: 6.2/10 (192 k Votes) 🎬 #Action #Adventure #SciFi #ScienceFiction 🗓 2019 🎞 movie 🌎 #USA #UnitedStates #Spain #Hungary #China #UnitedStatesofAmerica ⏰ 2 နာရီ 8 မိနစ် 51 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အရေပျော်စက်ရုပ်ကားဆိုပြီး ငယ်ငယ်ကတည်းက စွဲလမ်းခဲ့ကြတဲ့ တာမီနေတာ ရုပ်ရှင်တွေရဲ့ နောက်ဆုံးထွက် ရုပ်ရှင်ပါ။ တာမီနေတာ တွေအထဲမှာ ကျွန်တော်တို့ အကြိုက်ဆုံးက နံပါတ် ၂ ရုပ်ရှင်ပဲ ဖြစ်မယ်ထင်ပါတယ်။ အခုထွက်တဲ့ရုပ်ရှင်ကတော့ အားလုံး ဒုတိယအကြိုက်ဆုံး တာမီနေတာရုပ်ရှင် ဖြစ်လာမယ်ထင်ပါတယ်။ ဇာတ်လမ်း နဲ့ အက်ရှင်တွေက အတော်ကို ကောင်းပါတယ်။ အားရစရာပါပဲ။ ဇာတ်လမ်းအကျဉ်း ဆာရာကော်နာ နဲ့ ဂျွန်ကော်နာတို့ဟာ စကိုင်းနက်ကို ဖျက်ဆီးနိုင်ခဲ့ပြီး အနာဂတ်ကို ပြောင်းလဲနိုင်ခဲ့ပြီးချိန်မှာ တာမီနေတာ တစ်ကောင်က ဂျွန်ကော်နာကို သတ်သွားခဲ့ပါတယ်။ ဒါတွေဖြစ်ပြီးလို့ နှစ် ၂၀ အကြာလောက်မှာ ဒန်နီဆိုတဲ့ မိန်းကလေးကို သတ်ဖို့ အနာဂတ်က ပိုအဆင့်မြင့်တဲ့ ရက်ဗ်နိုင်းမော်ဒယ် တာမီနေတာ ရောက်လာပြီး၊ ဒန်နီကို ကာကွယ်ဖို့လည်း ဂရေ့စ် ဆိုတဲ့ စက်ရုပ်တစ်ပိုင်းလူသား ရောက်လာပါတယ်။ ဒန်နီနဲ့ ဂရော့စ်တို့ကို ဆာရာ ကော်နာက ကယ်တင်သွားပြီး ရက်ဗ်နိုင်းကို ရင်ဆိုင်ဖို့ ရန်သူဟောင်းကြီးတစ်ယောက်နဲ့ ပူးပေါင်းပြီး ကြိုးစားရပါတော့တယ်။...
