uz
Feedback

Firibgarlarga uchmang! Telemetrio bunday kanallarni topadi va belgilaydi 👉 Belgini ko‘rmoqchi bo‘lsangiz, obuna bo‘ling

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Yopiq kanal

🚩 Channel was restricted by Telegram

Ko'proq ko'rsatish
Ma'lumot yo'q
Obunachilar
-524 soatlar
-47 kun
+730 kun
Postlar arxiv
The Killing Kind (2023) ⭐TMDB: 77.0% User Score 🎬 #Drama 🗓 2023 🎞 tv series 🌎 #UnitedKingdom ⏰ 45 မိနစ် 41 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Killing Kind (2023)  ဒီတစ်ခေါက်မှာတော့ ဒီလမှာမှ အသစ်စက်စက်ထွက်ရှိထားတဲ့ Killing Kind ဆိုတဲ့ Thriller/Drama Series လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မာလင်မင်းသားချော Colin Morgan နဲ့ မင်းသမီး Emma Appleton (Everything I Know About Love/ LOLA)တို့ ခေါင်းဆောင်ပါဝင်ထားကြပြီး စာရေးဆရာမ Jane Casey ရဲ့ နာမည်တူမူရင်းဝတ္တုကိုပဲ ပြန်လည်ရိုက်ကူးထားတာပါ။ IMDB 5.7/10 ရရှိထားပြီး Season 1 မှာတော့ အပိုင်း ၆ ပိုင်းထွက်ရှိထားတာ ဖြစ်ပါတယ်။ အင်ဂရစ်က အလုပ်လုပ်ရာမှာ အရမ်းတော်တဲ့ရှေ့နေမလေးဖြစ်ပြီး အမှုသည်တိုင်းကို တရားခွင်မှာ အောင်ပန်းဆင်နိုင်အောင် အစွမ်းကုန်ကြိုးစားတတ်သူပါ။ ပြောင်မြောက်လွန်းတဲ့သူမရဲ့ စွမ်းဆောင်ရည်ကြောင့် နောက်ယောင်ခံတဲ့အမှုနဲ့ တရားစွဲဆိုခံထားရတဲ့ ဂျွန်ဝက်ဘ်စတားဆိုတဲ့ အမှုသည်က တရားသေလွတ်သွားခဲ့ရာက သူမကို အထင်ကြီးလေးစားစိတ်များနဲ့အတူ အစွဲလမ်းကြီး စွဲလမ်းသွားပါတော့တယ်။ အင်ဂရစ်တစ်ယောက် ဂျွန့်လက်ကလွတ်အောင် နည်းမျိုးစုံနဲ့ရှောင်ပြေးခဲ့ပြီး အဆက်အသွယ်ပြတ်သွားခဲ့တာ တစ်နှစ်အကြာမှာတော့ ထင်မှတ်မထားတဲ့ အဖြစ်ဆိုးတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရပါတော့တယ်။ အဲဒါကတော့ သူမ လေးစားအားကျရသူ ဘလင်ဒါတစ်ယောက် ယာဉ်တိုက်မှုနဲ့ ဆုံးပါးသွားရတာပါ။ ဝမ်းနည်းပူဆွေးမှုများနဲ့ ယူကြုံးမရဖြစ်နေတုန်းမှာပဲ သူမ သတိထားလိုက်မိတာကတော့ ဘလင်ဒါ့သေဆုံးမှုက သွေးရိုးသားရိုး သေဆုံးမှုတစ်ခုမဟုတ်ဘဲ သူမကို ရည်ရွယ်တဲ့ လုပ်ကြံမှုတစ်ခု ဖြစ်နေတယ်ဆိုတာပါပဲ။ မတော်တဆမှုမဟုတ်ဘဲ အသတ်ခံရတာဖြစ်နိုင်ကြောင်း ရဲတွေကို ပြောပြခဲ့ပေမဲ့ ရဲတွေကတော့ သူမကို ထင်ယောင်ထင်မှားဖြစ်နေတယ်ဆိုပြီး သူမ စကားကို အကြိမ်ကြိမ် လျစ်လျူရှုခဲ့တာမို့ ကိုယ်တိုင်ပဲ လူသတ်သမားကို ရှာပုံတော်ဖွင့်ဖို့ ကြိုးစားခဲ့ပါတော့တယ်။ ရုတ်တရက်ပေါ်ပေါ်လာတဲ့ အန္တရာယ်တွေနဲ့အတူ ပဟေဠိဆန်တဲ့ ခြိမ်းခြောက်မှုတွေနဲ့ အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ရပြီး ကူကယ်ရာမဲ့ ဖြစ်လာခဲ့ချိန်မှာတော့.. အင်ဂရစ်တစ်ယောက် ဘလင်ဒါ့အမှုရဲ့ လူသတ်သမားကို ဖော်ထုတ်နိုင်ပါ့မလား.. သူမကိုလုပ်ကြံဖို့ ကြိုးစားနေတဲ့သူကရော ဘယ်သူလဲ.. ဘာကြောင့်များ သူမကို လုပ်ကြံဖို့ကြိုးစားခဲ့တာလဲ.. သူမကိုယ်တိုင်ရော လူသတ်သမားလက်က လွတ်အောင်ပြေးနိုင်ပါ့မလား.. ဆိုတာကိုတော့ တစ်ပိုင်းပြီးတစ်ပိုင်း ထင်သလောက်မရိုးရှင်းတဲ့ လှည့်ကွက်တွေနဲ့ မာလင်မင်းသားချော Colin Morgan ရဲ့ အသည်းယားစရာ မထိတထိ သရုပ်ဆောင်မှုတွေကြား စီးမျောပြီး အဖြေရှာကြည့်လိုက်ကြပါဦးနော်။ (ဒီစီးရီးရဲ့ ဇာတ်ညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ) File size…(900 MB)/(436 MB)...

Missing (2009) ⭐IMDB: 6.0/10 (671 Votes) 🎬 #Thriller 🗓 2009 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 36 မိနစ် 23 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Missing(2009) *************ဒီတစ်ခါမှာတော့ တောင်ကိုရီးယားရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံရိုက်ကူးထားတဲ့Thriller ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားလေးကတော့ မိန်းမလှလေးတစ်ယောက် ကွင်းဆက်လူသတ်သမား အဘိုးကြီးဆီမှာ အဖမ်းခံရပုံနဲ့ စတင်ပါတယ်။ မိန်းမလှလေးက အဖမ်းမခံရခင် စိတ်ပူနေတဲ့ အစ်မဖြစ်သူဆီ သူမ ရောက်နေတဲ့တည်နေရာဖုန်းဆက်ပြောလိုက်ပါတယ်။ ရက်အတော်အတန်ကြာ ညီမဖြစ်သူ ပြန်မရောက်လာတော့ အစ်မဖြစ်သူက လိုက်ရှာပါတော့တယ်။ ညီမဖြစ်သူ ပြောပြတဲ့ နေရာကို ရောက်သွားတဲ့အခါမှာ ရဲတွေကို အကူအညီတောင်းပြန်တော့လည်းသက်သေအထောက်အထား မပြည့်စုံလို့ဆိုပြီး အကူအညီမရ ။ အဲဒီလိုနဲ့ ကိုယ်တိုင်တစ်ယောက်တည်း ရှာမယ်ဆိုပြီး ထွက်လာတဲ့အခါ – ညီမဖြစ်သူကို ကွင်းဆက်လူသတ်သမား လက်ကနေ ကယ်တင်နိုင်ပါ့မလား ။ အစ်မဖြစ်သူကရော လိုက်ရှာရင်း ဘာတွေကြုံတွေ့ခဲ့ရမလဲဆိုတာကိုသည်းထိတ်ရင်ဖို ကြည့်ရမယ့် ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။...

This Beautiful Lady Boss And Her Cherry Boy Employee Ended Up In The Hotel Room During Their Business Trip Together... When She Playfully Started Luring Him To Temptation, (2019) ⭐TMDB: 0.0% User Score 🎬 #Adult #Drama 🗓 2019 🎞 movie 🌎 #Japan ⏰ 2 နာရီ 5 မိနစ် 36 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Moe Amatsuk‌a ဆိုတဲ့ အလှပဂေးလေးရဲ့ decensored ကို ပရိသတ်ကြီးရှေ့တော်မှောက်အရောက် ပို့ဆောင်ပေးလိုက်ပါပြီ။ ပြစ်မျိုးမှဲ့မထင် ကိုယ်လုံးကိုယ်ပေါက်နဲ့ သရုပ်ဆောင်ဟန်ပန်အမူအရာလေးတွေကြား မျောပြီးရင်းမျောပါနိုင်အောင် စွမ်းဆောင်နိုင်သူလေးကိုတော့ ကြည့်လို့ဝမှတောင်မဟုတ်ပါဘူး။ ရယ်လိုက်တိုင်းရင်ဘတ်ကို ဆွဲဆုပ်လိုက်သလိုမျိုးထိ ညှို့အားပြင်းပြီး တီတီတာတာလေးတွေလည်း ပြောတတ်လွန်လို့ အရမ်းကို ဘဝင်ခိုက်စရာ မင်းသမီးလေးမို့ တင်ဆက်ပေးလိုက်ခြင်းပဲဖြစ်ပါတယ်။ ဒီ FSDSS-585 ကားလေးထဲမှာတော့ ကုမ္ပဏီဥက္ကဌကြီးရဲ့ အငယ်အနှောင်းလေးဖြစ်တဲ့ Moe Amatsuk‌a ဟာ ကုမ္ပဏီရဲ့ ဝန်ထမ်းကြီးကြပ်ရေးမှူးအဖြစ် အလုပ်ခန့်ခံလိုက်ရပါတယ်။ ဥက္ကဌကြီးနဲ့ ကြီးကြပ်ရေးမှူးကတော့ ကုမ္ပဏီကြီးမှာ နေချင်သလိုနေကြပေမဲ့လည်း အလုပ်တွေကိုတော့ အောက်ကဝန်ထမ်း ၂ယောက်ပုခုံးပေါ်အကုန်လွှဲပြီးခိုင်းထားကြတာပါ။ သူတို့ခိုင်းတဲ့အလုပ်တွေကိုလုပ်ရင်း ဝန်ထမ်းတစ်ယောက်က ညအချိန်မတော်ထိ အချိန်ပိုဆင်းရာကနေ ဥက္ကဌကြီးနဲ့ အရက်သွားသောက်ပြီး ပစ္စည်းကျန်လို့ ပြန်လာယူတဲ့ Moe Amatsuk‌a လေးနဲ့ တွေ့လိုက်ချိန်မှာတော့……… (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။...

The Bastard Son & The Devil Himself (2022-2022) ⭐IMDB: 7.5/10 (13 k Votes) 🎬 #SciFi #Fantasy #Action #Adventure #Mystery #Drama 🗓 2022-2022 🎞 tv series 🌎 #UnitedKingdom ⏰ 52 မိနစ် 8 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Bastard Son & the Devil Himself (2022)  Rating ကောင်းကောင်းရထားတဲ့ Netflix ရဲ့ 2022 ထွက် fantasy-drama စီးရီးလေးတစ်ခု လာပါပြီ။ Rotten tomatoes မှာ ခရမ်းချဥ်သီးပုပ် 93% အထိရထားပြီး 1MDb မှာလည်း rating 7.5 ရထားတာဖြစ်တဲ့အတွက် ကြည့်ပျော်ရှုပျော်အဆင့်ထက်လွန်တယ်လို့ ပြောလို့ရတဲ့ စီးရီးတစ်ခုပါ။ ဇာတ်အိမ်ကလည်း လူငယ်ဇာတ်ကောင်အများစုနဲ့ ပေါ့ပေါ့ပါးပါးတည်ဆောက်ထားလို့ မိသားစုနဲ့ကြည့်လို့ရပါတယ်။ Titans(2018) နဲ့ The Batman(2022) မှာပါဝင်ထားတဲ့ သရုပ်ဆောင် Jay Lycurgoကအဓိကဇာတ်ဆောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပြီး Nadia Parkes၊ Emilien Vekemans၊ Isobel Jesper Jones စတဲ့ တက်သစ်စ လူငယ်သရုပ်ဆောင်တွေလည်း ပါဝင်အားဖြည့်ပေးထားပါတယ်။ Colm McCarthy၊ Debs Paterson၊ Rachna Suri တို့က ပူးတွဲရိုက်ကူးပေးထားပြီး ဇာတ်အိမ်ကတော့ Sally green ရဲ့ Halfbad သုံးအုပ်တွဲ fantasy triology ကိုအခြေခံထားတာဖြစ်ပါတယ်။Netflix ကနေ ၂၀၂၂ အောက်တိုဘာမှာ season ၁ ခု၊ episode ၈ ခုနဲ့ စလွှင့်ခဲ့ပြီး နောက်ထပ်အတွဲတွေထပ်မံထုတ်လွှင့်ဖို့ ရည်ရွယ်ခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အကောင်အထည်မဖော်ဖြစ်သေးပါဘူး။ ဇာတ်လမ်းကတော့ witch တစ်ယောက်ဖြစ်တဲ့ နေသန်ဘိုင်းန်ဟာ သူ့အဖေ မားကပ်စ်အက်ဂျ်ရဲ့ သူတို့ စုန်းအသိုင်းအဝိုင်းအပေါ် လုပ်ဆောင်ခဲ့တဲ့ လုပ်ရပ်ဆိုးတစ်ခုကြောင့် သူ့ဘဝမှာ အရိပ်မည်းထင်ခဲ့ရပြီး သူအရွယ်ရောက်လို့ witch တစ်ယောက်အဖြစ် မှော်အစွမ်းတွေရလာတဲ့အခါ သူ့အဖေရဲ့ အမည်းစက်ကြောင့် တခြားပြိုင်ဘက် စုန်းအသိုင်းအဝိုင်းနဲ့ စုန်းကောင်စီရဲ့ ပစ်မှတ်ထား witchhunt လုပ်ခြင်းခံရတာကနေ ရုန်းကန်ရှေ့ဆက်ရတဲ့အခြေအနေတွေကို fantasy ကို ဒရာမာနှောပြီး တင်ဆက်ထားတာဖြစ်ပါတယ်။ fantasy ဆိုပေမယ့် witch တွေ၊ beast တွေ၊ spell တွေ၊ magical power တွေကို အတုံးလိုက်အတစ်လိုက် ရိုက်ပြတာထက် adventure action ဆန်ဆန် mutant ဇာတ်လမ်းတွေပုံစံမျိုး superhuman သဘောမျိုး အသားပေးရိုက်ပြသွားတယ့် ဇာတ်မျိုးဖြစ်ပါတယ်။ အရမ်းကြီး fantasy ဆန်တာကြည့်ချင်တဲ့ ပရိသတ်တွေအတွက်တော့ အဆင်ပြေမှာမဟုတ်ပေမယ့် လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါး drama နဲ့ action နှောထားတာမျိုးကို ပိုသဘောကျတဲ့သူတွေအတွက်တော့ Twilight ဇာတ်လမ်းတွေပုံစံမျိုး ကြည့်ကောင်းမှာပါ။ File size…(1 GB)/(500 MB)...

Silent House (2011) ⭐IMDB: 5.2/10 (24 k Votes) 🎬 #Horror #Mystery #Thriller 🗓 2011 🎞 movie 🌎 #UnitedStates #France #UnitedStatesofAmerica ⏰ 1 နာရီ 26 မိနစ် 30 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Scarlet Witch နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ မမ Elizabeth Olsen ရဲ့ 2011 တုန်းကထွက်ခဲ့တဲ့ သည်းထိပ်ရင်ဖို ရုပ်ရှင်ကားကောင်းလေးတစ်ကားကိုတင်ဆက်‌ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ဆာရာ နဲ့ သူ့အဖေဟာ သူတို့အရင်ကနေခဲ့တဲ့ အိမ်အဟောင်းကြီးကိုရောင်းပစ်ဖို့အတွက် ပစ္စည်းတွေသိမ်းဆည်းနေခဲ့ပြီး ဦးလေးဖြစ်သူ ပီတာကလည်း အိမ်ကိုရောင်းဖို့အသင့်ဖြစ်‌အောင် ကူညီပေး‌နေခဲ့ပါတယ်။ သူတို့ရောက်လာကြပြီးသုံးရက်အကြာမှာတော့ အိမ်ထဲက ကြွက်ကိုက်သွားလို့ လျှပ်စစ်မီးပြတ်တောက်နေတာကို ပြင်ဖို့ပီတာက လျှပ်စစ်သမားကို သွားခေါ်တဲ့အချိန်မှာ ဆာရာလည်း အိမ်အပေါ်ထပ်ကနေအသံတစ်သံကြားလိုက်ရတာပါတယ်၊ သိပ်မကြာခင်မှာပဲ ဆာရာရဲ့ အ‌ဖေ ဖြစ်သူတိုက်ခိုက်ခံခဲ့ရပြီး ဆာရာလည်း အသက်ရှင်ဖို့အတွက် ကြိုးစားရပါတော့တယ်။ ဆာရာတို့အိမ်ထဲမှာ အမှန်တကယ်လူတွေရှိနေတာလား၊ ထူးဆန်းတဲ့ဖြစ်ရပ်တွေကြောင့်လား၊ ဆာရာရောလွတ်မြောက်နိုင်မလားဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။...

Demons at Dawn (2022) ⭐IMDB: 5.3/10 (315 Votes) 🎬 #Horror 🗓 2022 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 20 မိနစ် 38 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ကြေးစားလူသတ်သမား Mickey ဆိုတဲ့သူက လောင်းကစားဝါသနာထုံသူတစ်ယောက်ပါ။ သူ့မှာ မိန်းမနဲ့ မွေးကင်းစ သားလေးတစ်ယောက်လည်း ရှိပါတယ်။ မိန်းမကို နောက်ထပ် လူသတ်တဲ့အလုပ်ကို လက်မခံတော့ဘူးလို့ ကတိပေးထားပေမယ့် တရက်မှာ သူ့လုပ်ဖော်ကိုင်ဖက်ဟောင်းတစ်ယောက်က ဆက်သွယ်လာပါတယ်။ Mickey အနေနဲ့ ဆပ်စရာ အကြွေးတွေ အလွန်များနေကြောင်း နောက်ဆုံး အလုပ်တစ်ခု လက်ခံပေးရင် သူဌေးက အကြွေးတွေ အကုန်ပယ်ဖျက်ပေးမှာဖြစ်ကြောင်းပြောလာခဲ့ပါတယ်။ Mickey က လက်မခံဘူး ငြင်းပေမယ့် မိတ်ဆွေဖြစ်သူက အဆွယ်ကောင်းနေတော့ လက်ခံဖြစ်ခဲ့ပါတယ်။ သူသတ်ပေးရမယ့်သူရှိတဲ့ တောင်ကုန်းပေါ်က အိမ်ကလေးတစ်လုံးဆီကို ရောက်သွားခဲ့ပါတယ်။ ဒါပေမယ့် သူသတ်ရမယ့်သူက သူမသတ်ခင် အသတ်ခံရထားနှင့်ပြီးသားဖြစ်နေပါတယ်။ သူလည်းအိမ်ထဲဝင်ပြီး ပတ်ဝန်းကျင် အခြေအနေစောင့်ကြည့်နေတုန်း သူ့လည်ပင်းကို အမျိုးသမီးတစ်ယောက်က ဓားနဲ့ရွယ်ပြီး လာခြိမ်းခြောက်ပါတော့တယ်။ အမျိုးသမီးက ဘယ်သူလဲ? ဟိုလူကရော ဘာလို့သေနှင့်ပြီးသားဖြစ်နေတာလဲ? သူ့မိတ်ဆွေကရော တကယ်ပဲယုံကြည်ရတဲ့သူလား ဆိုတာ ပိတ်ကားပေါ်မှာဆက်လက်ရှုစားအဖြေထုတ်ကြည့်လိုက်ပါဦး……...

Class Act (2023-2023) ⭐IMDB: 7.3/10 (829 Votes) 🎬 #Drama #Biography #History 🗓 2023-2023 🎞 tv mini series 🌎 #France ⏰ 1 နာရီ 5 မိနစ် 11 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Class Act (2023)Netflix ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတွဲ Class Act မီနီဇာတ်လမ်းတွဲ နဲ့ မိတ်ဆက်ပေးပါရစေ။၁၉၆၀ ခုနှစ်ဝန်းကျင် ပြင်သစ်နိုင်ငံ မြို့ငယ်လေး တစ်မြို့မှာ သာမန်ဝန်ထမ်းမိသားစုကနေ ပေါက်ဖွားကြီးပြင်းလာခဲ့တဲ့ ဘာနာ့ဒ်တာပီးလို့အမည်ရတဲ့သူတစ်ဦးရှိတယ်..သူဘဝမျိုးစုံကြုံဖူးခဲ့သလို နယ်ပယ်တစ်ခုချင်းတိုင်းမှာလည်း အောင်မြင်မှုတွေစိုက်ထူနိုင်ခဲ့တဲ့သူဖြစ်ပါတယ်…သို့ပေမဲ့ ဘယ်အလုပ်မဆို အောင်မြင်မှုဆိုတာ ကျရှုံးမှုနဲ့ အစပြုကြရတာပဲမဟုတ်လား…ဒီစီးရီးဟာ သူလှုပ်ရှား ရုန်းကန်ခဲ့ရတဲ့ ဘဝတစ်ခုချင်းအလိုက်လူငယ်တွေ‌ေဆောင်ရန်ရှောင်ရန်ကို ရိုက်ကူးထားတာဖြစ်ပါတယ်..သို့ပေမဲ့ ပျင်းစရာမကောင်းဘဲအတော်ကြည့်လို့ကောင်းပါတယ်..အဆိုတော်၊ စီးပွားရေးသမား၊ဖျော်ဖြေတင်ဆက်သူ၊ နိုင်ငံရေးသမားပြင်သစ်လီဂူးက မာဆေးလ်အသင်းပိုင်ရှင် နာမည်ကျော် အားကစားပစ္စည်းကုမ္ပဏီ Adidasတို့ကိုပိုင်ဆိုင်ခဲ့ဖူးတဲ့ ဘာနာ့ဒ်တာပီး ရဲ့အကြောင်းကို စိတ်ဝင်စားဖွယ်ရာကြည့်ရှုရမှာဖြစ်ပါတယ်….။။  File Size –  1.40 GB/ 485MBQuality –NF WEB-DL 1080p 5.1 CH, 720pDuration – 55 Min  (@Episode)Total Episodes: 7 EpsSubtitle – Myanmar HardsubFormat – Mp4Genre : Drama , History , Biography...

Nandor Fodor and the Talking Mongoose (2023) ⭐IMDB: 5.4/10 (697 Votes) 🎬 #Comedy #Mystery 🗓 2023 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 37 မိနစ် 18 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Review ဘဘာဝလွန်ဖြစ်ရပ်တွေဆိုတာကို ယုံကြည်ကြရဲ့လား တစ်မြို့လုံးက ဟုတ်ပါတယ်လို့ ဝိုင်းပြောနေတဲ့ ဖြစ်ရပ်ဆိုရင်ရော ကိုယ်တိုင် မတွေ့ပဲယုံနိုင်မလား ဒီဇာတ်ကားလေးကတော့ Simon Pegg ပါဝင်သရုပ်ဆောင်ထားတဲ့ comedy ကားလေးတစ်ခုပဲဖြစ်ပါတယ် ဒေါက်တာ ဖိုဒေါဆိုတဲ့ သူဟာ သဘာဝလွန်ဖြစ်ရပ်တွေကို လေ့လာတဲ့နေရာမှာ ကျွမ်းကျင် ပညာရှင်တစ်ယောက်ပါ သူဟာ ကိုယ်တိုင် မမြင်ရမချင်း ယုံကြည်တတ်တဲ့သူမျိုးမဟုတ်ပါဘူး တစ်ရက်မှာတော့ သူဟာ စကားပြောတတ်တဲ့ မြွေပါတစ်ကောင်အကြောင်း စာတစ်စောင် လက်ခံရရှိတဲ့အခါမှာတော့ အရမ်းကိုစိတ်ဝင်စားသွားပါတော့တယ် ဒီစကားပြောတတ်တဲ့ မြွေပါရှိနေတာဟာ နှစ်အနည်းငယ်ကြာပြီဖြစ်တာကြောင့် ဒီလောက်အကြာကြီး ဘယ်သူမှ လိမ်စရာအကြောင်းအရင်းမရှိသလို ‌မြွေပါနေတဲ့အိမ်ကလည်း မြွေပါကိုတွေ့ရဖို့ အခကြေးငွေကောက်ခံတာမျိုးလည်းမရှိတာကြောင့် ဒေါက်တာ ဖိုဒေါတစ်ယောက် အရမ်းစိတ်ဝင်စားသွားပြီး သူကိုယ်တိုင် သွားရောက် လေ့လာဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်...

Saturn Bowling (2022) ⭐IMDB: 5.9/10 (334 Votes) 🎬 #Drama #Thriller 🗓 2022 🎞 movie 🌎 #France #Belgium ⏰ 1 နာရီ 50 မိနစ် 22 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ရဲအရာရှိတစ်ဦးဖြစ်တဲ့ ဂီလ်မန်းဟာ ဖခင်ဆုံးပါးသွားတဲ့အခါမှာ မိသားစုပိုင်ဘိုးလင်းရုံကြီးကို အမွေရရှိခဲ့ပါတယ်၊ အလုပ်အကိုင်အတည်တကျရှိတဲ့ ဂီလ်မန်းဟာ ဒီဘိုးလင်းရုံကြီးကို ရောင်းပစ်ဖို့တွေးထားပေမယ့် အဖေ့ချန်ထားခဲ့တဲ့ တစ်ခုတည်းသော အရာဖြစ်တာကြောင့် သူရဲ့ဖအေတူ မအေကွဲ ညီဖြစ်သူကို မန်နေဂျာအဖြစ်ခန့်ပြီး ဘိုးလင်းရုံကြီးကို ဆက်ဖွင့်ထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဆုံးပါးသွာတဲ့ သူတို့ရဲ့အဖေက ဝါသနာရင့်သန်တဲ့ မုဆိုးတစ်ဦးဖြစ်ပြီး သူသတ်ဖြတ်အမဲလိုက်ခဲ့သမျှ မကောင်းမှု ဒုစရိုက်အညစ်အကြေးတွေက ဒီဘိုးလင်းရုံမှာပဲ လာပြီးစုပုံနေသလို ဖြစ်နေခဲ့ပါတယ်။ ဒီတော သူတို့ အမွေရလိုက်တာက ဘိုးလင်းရုံကြီးတင်မဟုတ်ဘဲ မကောင်းတဲ့အငွေ့အသက်တွေ စွမ်းအင်တွေပါ ပါဝင်နေခဲ့ပါတယ်။ ဒီလိုနဲ့ လူသေမှုတွေ ဆက်တိုက်ဆိုသလိုဖြစ်လာပြီး သဲလွန်စတွေအကုန်လုံးက ဒီဘိုးလင်းရုံကြီးကိုပဲ ဦးတည်လာတဲ့အခါမှာတော့ အကြောင်းအရင်းက ဘာဖြစ်မလဲဆိုတာကို ရင်ဖိုလှိုက်မောဖွယ်ကြည့်ရှု ရမယ့် စိတ်ဝင်စားဖွယ်ရာ လျို့ဝှက်ဆန်းကြယ်ဇာတ်လမ်းအမျိုးအစားပဲဖြစ်ပါတယ်။ ၂၀၂၃ စက်တင်ဘာမှာမှ ပူပူနွေးနွေး ထွက်ရှိထားတာဖြစ်ပြီး ဇာတ်လမ်းအလှည့်အပြောင်းတွေကို လိုက်ပြီး တွေးတောသီအိုရီထုတ်ရတာ ကြိုက်တဲ့သူတွေအတွက် အရသာတွေ့စေမယ် ဇာတ်ကားဆိုရင်လည်း မမှားပါဘူး၊ ဒါကြောင့် နှစ်ခါတွေးမနေဘဲ ကြည့်ကြည့်ကြဖို့ တိုက်တွန်းလိုပါတယ်။...

King of Kotha (2023) ⭐IMDB: 6.4/10 (5 k Votes) 🎬 #Action #Bollywood #Drama #Thriller #Crime 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 54 မိနစ် 36 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 King Of Kotha (2023) IMDb – 6.6/10 အင်္ဂလိပ်တွေ အုပ်စိုးတဲ့ခတ်တုန်းက ခိုသာဆိုတဲ့ မြို့လေးဟာ ရာဇဝတ်ကာင်တွေကို သေဒဏ်ပေးပြီးရင်မြေမြှုပ်ပစ်တဲ့ နေရာတစ်ခုဖြစ်ပါတယ် ခေတ်အဆက်‌‌ဆက်ပြောင်းလာပြီးတဲ့နောက်မှာတော့ခိုသာဆိုတဲ့နေရာဟာ မြို့သေးသေးလေးဖြစ်လာခဲ့ပါတယ် ခိုသာဆိုတဲ့မြို့လေးမှာတော့ အရမ်းကို တော်ပါတယ်ဆိုတဲ့ ရဲတွေ အရာရှိတွေတောင်မှပြန်ပြေးရလောက်အောင်အထိကို အင်အားကြီးမားတဲ့ ဂိုဏ်းတစ်ခု ရှိနေပါတယ်အဲဒီဂိုဏ်းရဲ့ ခေါင်းဆောင်ဖြစ်သူကတော့ ကန်နန်လို့ ခေါ်ပါတယ် ။ကန်နန်တို့ဂိုဏ်းဟာ လူငယ်တွေကို လမ်းမှား မရောက်ရောက်အောင်လုပ်ဖို့အတွက်မူးယစ်ဆေးတွေကိုလည်း ရောင်းဝယ်နေကြပြီး အဲဒီမြို့မှာ ရှိတဲ့ရဲဝန်ထမ်းတွေကိုလည်း သူတို့ရဲ့ အားနည်းချက်ကို သုံးပြီး ချုပ်ကိုင်ထားပါတယ် ဒီဂိုဏ်းကို နှိမ်နင်းဖို့အတွက် အင်စပက်တာ ရှာဟူး ကို ခိုသာမြို့ကို စေလွှတ်လိုက်တဲ့နောက်မှာတော့အင်စပက်တာကြီးက ဒီဂိုဏ်းကို ဖြိုခွင်းဖို့အတွက် ဘယ်လိုနည်းလမ်းတွေ သုံးမလဲ….. ဇာတ်လမ်းရဲ့ နာမည်အရ King of Kotha ဆိုတဲ့ နေရာကိုရော ဘယ်သူက ပိုင်ဆိုင်သွားမလဲဆိုတာကိုကြမ်းကြမ်းတမ်းတမ်းဇာတ်ဝင်ခန်းတွေနဲ့အတူ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ် (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်က‌တော့ ToMo, Zwe, Alex, BpL, Dee တို့ပဲ ဖြစ်ပါတယ်)...

Jason Bourne (2016) ⭐IMDB: 6.6/10 (237 k Votes) 🎬 #Action #Thriller #Mystery #Drama 🗓 2016 🎞 movie 🌎 #USA #UnitedStates #China #Spain #Japan #Germany #UnitedStatesofAmerica ⏰ 2 နာရီ 3 မိနစ် 46 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Jason Bourne (2016) IMDb Rating (6.6) / Rotten Tomatoes (54%) ++++++++++++++++++++++ Jason Bourne 2002 လောက်ကဖြစ်မယ်ထင်တယ်။ James Bond နဲ့ဆန့်ကျင်ဘက် ဇာတ်ကောင်တစ်ယောက် ရုပ်ရှင်လောကမှာ ပေါလာတယ်။ နာမည်ကတော့ Jason Bourne တဲ့။ သူ့ကိုကျွန်တော်တို့စတွေ့တော့ Mediterranean ပင်လယ်ထဲမှာ မျောနေတဲ့သူတစ်ယောက်အဖြစ်။ ကျောမှာလည်း သေနတ်ကျည်ပေါက်ရာ နှစ်ခုနဲ့။ ပြဿနာက သူဟာ ဘယ်ကလာပြီး ဘာဖြစ်ခဲ့လဲဆိုတာ သူကိုယ်တိုင်မသိတာပဲ။ ဒီလိုနဲ့သူတစ်ဖြည်းဖြည်းသိလာတာကတော့ သူဟာ CIA Operation တစ်ခုဖြစ်တဲ့ Treadstone လက်အောက်မှာ အလုပ် လုပ်ခဲ့တဲ့ CIA အဖွဲ့ဝင်တစ်ယောက်ဖြစ်တယ်ဆိုတာပဲ။ ဒါပေမဲ့ တစ်ဖွဲ့လုံးနဲ့တစ်ယောက်ခွဲထွက်သွားတဲ့ Jason Bourne တစ်ယောက်ဟာ CIA ရဲ့အရှုပ်အရှင်းတွေမှာ ပါဝင်ပတ်သက်လာခဲ့တာ Bourne Identity (2002), Bourne Supermacy (2004), Bourne Ultimatum (2007) နဲ့ယခုဆိုရင် Jason Bourne (2016) ထိတောင်ရှိလာခဲ့ပြီလေ။ (2012 က ထွက်ခဲ့တဲ့ Bourne Legacy ဆိုတဲ့ဇာတ်ကားကို ကျွန်တော် ထည့်မရေးခဲ့ဘူး။ စကားချပ်) ——————————————————————————————– Jason Bourne ဇာတ်ကားတွေဟာ ကျွန်တော်တို့လို ယောင်္ကျားလေးပရိသတ်တွေအတွက်တော့ James Bond ထက်တောင်ပိုမိုနှစ်သက်တဲ့ ဇာတ်ကောင်ဖြစ်လာခဲ့တယ်။ ဘာကြောင့်လဲလို့ဆိုတော့ တိကျတဲ့အဖြေတစ်ခုက တစ်ခြား Action ဇာတ်ကားတွေနဲ့မတူတဲ့ Action ခန်းတွေကို တင်ပြပုံဆန်းသစ်လို့ပဲ။ Die Hard ဇာတ်ကားတွေကို စိန်ခေါ်ခဲ့တဲ့ 21 ရာစုရဲ့အကောင်းဆုံးသော Action ဇာတ်ကား Franchise အဖြစ် နာမည်တပ်ခြင်းခံခဲ့ရတယ်။ကျွန်တော်လို့Jason Bourne အမာခံပရိသတ်တိုင်း ယခု Jason Bourne (2016) ဇာတ်ကားကို သွားကြည့်ကြတဲ့ ရည်ရွယ်ချက်တစ်ခုကတော့ Jason Bourne ဒီလောကကြီးထဲကို ဘာကြောင့်ပြန်ဝင်လာတာလဲဆိုတဲ့ အကြောင်းပြချက်ကို သိချင်လို့ပဲ။ ဒါပေမဲ့ ဇာတ်လမ်းပြီးဆုံးသွားတဲ့အခါမှာတော့ ထိုအကြောင်းပြချက်ကို ခိုင်မာစွာ မတွေ့ခဲ့ရဘူး။ အတိတ်က မိသားစုဝင်တစ်ယောက်ကို ဇာတ်လမ်းရဲ့ရည်ရွယ်ချက်တစ်ခုအဖြစ် ထည့်ထားလိုက်ပြီး ဇာတ်ကားကို အလွယ်တကူ ဖန်တီးလိုက်တယ်လို့ပဲ ခံစားလိုက်ရတယ်။ ——————————————————————————————- အမှန်တော့ Jason Bourne သည် ပြီးဆုံးခဲ့ပြီ။ သူ့ရဲ့နိဂုံးသည် 2007 လောက်က New York မြို့ရဲ့East River ထဲကနေ လွတ်မြောက်သွားခြင်းကနေ အဆုံးသတ်ခဲ့ပြီလေ။ ဒါဆို အခုမှ ဘာကြောင့်ပြန်လာရသလဲ။ ဘာကြောင့်လဲဆိုတာတော့ ကျွန်တော်မပြောလိုတော့ဘူး။ ဒါပေမဲ့ သေချာတာက သူ CIA ထဲမဝင်ခင်က အကြောင်းအရာတွေနဲ့CIA ကို ဝင်ရောက်ခါစက အဖြစ်အပျက်တွေကို စက်ဝိုင်းတစ်ပတ်ပြည့်အောင် ဇာတ်လမ်းကို ပိတ်ပစ်ခဲ့ကြတယ်။ Operation Blackbriar ကို သူဖော်ထုတ်ခဲ့တာ ဆယ်စုနှစ်တစ်ခုနီးပါးကြာမြင့်ခဲ့ပြီ။ သူဟာ အတိတ်ကိုလည်း ပြန်မှတ်မိသင့်သလောက် မှတ်မိနေပြီ။ ငြိမ်းချမ်းတဲ့ဘဝတစ်ခု မဟုတ်ပေမဲ့ လွတ်ကင်းတဲ့နေရာတစ်ခုမှာ သူဟာ အသက်ရှင်နေတယ်။ သူကျင်လည်ခဲ့တဲ့ လောကကြီးနဲ့ပြတ်ခဲ့တာ ဘယ်လောက်ကြာမြင့်ခဲ့ပြီလဲပင် မသိပေ။ ဒါပေမဲ့ သူ့ရဲ့လွတ်ကင်းနေတဲ့ ကိုယ်ပိုင်ဘဝကို ပြန်ဝင်ရောက်လာတာက Nicky Parsons။ ဒီတစ်ခါ သူမရောက်ရှိလာတာ ပို၍ အရေးကြီးတဲ့အကြောင်းအရာတစ်ခု ပါလာလိမ့်မယ်ဆိုတာ သူကြိုတင်ခန့်မှန်းပြီးသား။ ထို့ကြောင့်လည်း သူမချိန်းဆိုထားတဲ့အတိုင်း သူမကို တွေ့ဆုံခဲ့တယ်။ သူထင်ထားတဲ့ တစ်ခြားအကြောင်းအရာတော့မဟုတ်။ သူမယူဆောင်လာတဲ့ သတင်းက သူ့ရဲ့အတိတ်က သူ မသိသေးတဲ့ ပို၍အရေးကြီးတဲ့ သတင်းတစ်ခုပဲ။ Iceland ရဲ့Reykjavík မြို့မှာ Nicky Parsons တစ်ယောက် CIA ရဲ့Mainframe servers တစ်ချို့ကို hack ပြီး အချက်အလက်တစ်ချို့ကို ယူဆောင်လာကတည်းက CIA က သူမနောက်ကို ထပ်ချက်မကွာ လိုက်လာနေပြီ။ ဒီနေရာမှာ CIA ဟာ Nicky Parsons နောက်ကို လိုက်ရင်း ကြုံတွေ့လိုက်ရတဲ့ သူတစ်ယောက်ကတော့ သူတို့မျှော်လင့်ထားတဲ့သူတစ်ယောက် မဟုတ်။ ဘာကြောင့်လဲဆိုတော့ ထိုသူက Jason Bourne …. ——————————————————————————————- ဇာတ်ကောင် Jason Bourne ဟာ CIA Operative ကို ထွက်လာခဲ့တာ ကြာပြီဖြစ်သလို မင်းသား Matt Damon ဟာ Jason Bourne ဇာတ်ကောင်ကနေ ထွက်ခွာခဲ့တာ ကြာခဲ့ပြီ။သူ့အနေနဲ့ယခုဇာတ်ကားကို ပြန်လည် ရိုက်ကူးဖြစ်လိမ့်လို့တောင် ထင်မထားခဲ့ဘူး။ Bourne Ultimatum (2007) မှာ အားလုံးအဆုံးသတ်ခဲ့ပြီလို့သူတို့အားလုံးထင်ခဲ့ကြတာကိုး။ ဘာကြောင့်လဲဆို ပထမဇာတ်ကား 3 ကားအခြေခံရိုက်ကူးခဲ့တဲ့ စာရေးဆရာ Robert Ludlum ကိုယ်တိုင်ရေးခဲ့တဲ့ ဝတ္ထုတွေဟာလည်း 3 အုပ်ပဲရှိပြီး Bourne Ultimatum မှာ နိဂုံးချုပ်ခဲ့ပြီကိုး။ Director Paul Greengrass ကိုယ်တိုင်လည်း ထို project နေထွက်ခွာခဲ့တယ်။ ဒါကြောင့်လည်း 2014 September လတု...

The Bourne Ultimatum (2007) ⭐TMDB: 74.0% User Score 🎬 #Action #Mystery #Thriller #Drama 🗓 2007 🎞 movie 🌎 #USA #UnitedStates #Germany #France #Spain #UnitedStatesofAmerica ⏰ 1 နာရီ 55 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Bourne Ultimatum (2007) IMDb Rating (8.2) / Rotten Tomatoes (92%) ++++++++++++ Jason Bourne ဟောလိဝုဒ် ရုပ်ရှင်နယ်မြေကနေ ခေတ်အဆက်ဆက် စုံထောက်ဇာတ်လိုက်များအား မိတ်ဆက်ခဲ့သည်ကို ကျွန်တော်တို့ပရိသတ်တွေ ခေတ်အလိုက် ကြည့်ရှုခဲ့ကြရသည်။စုံထောက်အမျိုးမျိုးအနက်က လူသိအများဆုံးမှာ ဗြိတိသျှစုံထောက်ကျော်ကြီး ကိုယ်ပိုင်အမှတ်တံဆိပ် 007 ဂျိမ်းစဘွန်းကြီး ဖြစ်လောက်မည်။ယင်းစုံထောက်ကြီး၏ ရုပ်ရှင်များဖြင့် အသားသေနေချိန်မှာ 2002ကာလလောက်တွင် Jason Bourne ဟု အမည်ရသည့် အေ့ဂျင့်ကလေးပေါ်လာလေသည်။စာရေးဆရာကြီး Robert Ludlum ၏ ဇာတ်ကောင်ဖြစ်ပါသည်။Jason Bourne ဇာတ်ကောင်သည် 1988ကတည်းက Mini Series အဖြစ်ထွက်ရှိပေမယ့် သိပ်မထင်ရှားခဲ့ပေ။ 2000ခုနှစ်လောက်မှ Bourneကိုပြန်လည်အသက်သွင်းဖို့ ကြိုးပမ်းခဲ့သည်။ဘရက်ပစ် ။စတားလုံးတို့အား လျာထားခဲ့သော်လည်း Matt Damon ကိုသာ ရွေးချယ်ဖြစ်ခဲ့သည်။အတိတ်မေ့ ဒဏ်ရာရနေသော လူတစ်ယောက်ဇာတ်ရုပ်ပီပြင်ဖို့အတွက် Matt မှာ အထူးပင် လေ့ကျင့်အားထုတ်ခဲ့ရသည်။အေ့ဂျင့်တစ်ယောက်စရိုက်နှင့် ကိုက်ညီနေစေဖို့ တိုက်ခိုက်ရေးသင်တန်းများတက်၍ ခြောက်လနီးပါး လေ့ကျင့်ခဲ့သလို..ဇာတ်ကားထဲက စတန့်အများစုကိုလည်း လူစားမထိုးပဲ သရုပ်ဆောင်ခဲ့သည်။ထိုသို့ ဇာတ်လမ်း ဇာတ်ကွက် ပြန်လည်ဖန်တီးရသည့် အခက်အခဲများ..ဘက်ဂျက်အခက်အခဲများ စတဲ့ အခက်အခဲများစွာကို ကျော်လွန်ဖြတ်သန်းပြီးမှ ထွက်ရှိလာသော The Bourne Identity (2002)ရုပ်ရှင်သည် ကြိုးစားသမျှ အရာထင်ခဲ့သည်ဟု ဆိုရပေမည်။ စပိုင်ကားအများစုအား နှစ်ရှည်လများ စိုးမိုးထားခဲ့သော ဂျိမ်းစဘွန်းများ၏ အရှိန်အဝါကို ကျော်လွန်နိုင်ခဲ့ကာ လက်တွေ့ဘဝနှင့်နီးစပ်သည့် လူသားတစ်ယောက်ကို ဖန်တီးပေးနိုင်ခဲ့သည်။ထို့အပြင် Die Hardလို ဇာတ်ကားထဲက အက်ရှင်ခန်းများကိုပါ မေ့ပစ်နိုင်လောက်သည့် တိုက်ခိုက်ခန်း အသက်လုပြေးလွှားခန်းများဖြင့် ကြည့်ရှုသူအပေါ် ဖမ်းစားခဲ့တာကို တွေ့ခဲ့ရပါမည်။ မြေထဲပင်လယ်ထဲမှာ သတိမေ့မျောပါနေတဲ့ လူတစ်ယောက်ကို တံငါလှေတစ်စီးက ကယ်တင်လိုက်ရကနေ Jason Bourne ဇာတ်လမ်းကို ပဟေဠိများဖြင့် စတင်ဖွင့်လှစ်လာခဲ့သည်။သတိပြန်ရသည့်တိုင်အောင် သူ့ကိုယ်သူ ဘယ်သူမှန်း မသိ ။ဘယ်ကလာမှန်းလည်း မသိ။ကျောမှာ သေနတ်ကျည်ဆန်နှစ်ခုက ထိုးဝင်လျက်သား။နောက် တင်ပါးမှာ ဘဏ်နံပါတ်တစ်ခု ။ သူကဘယ်သူပါလဲ။အဲဒီနံပါတ်ကလေးက သူ့ဘဝ ဖြစ်တည်ရာကို ပြန်လည်ရှာဖွေရာကနေ အသည်းထိတ်ရှု ပ်ထွေးဖွယ် ဇာတ်အိမ်ကြီးတစ်ခုကို ကျွန်တော်တို့အားလုံး ရင်မမဖြင့်စကြည့်ရတော့သည်။ သူနှင့်အတူ တစ်ဖြည်းဖြည်းသိရှိလာရသော အချက်အလက်များအရ သူက ထိပ်တန်း အေ့ဂျင့်တစ်ယောက်။အမေရိကန် CIA ဌာနက တရားမဝင် နှိမ်နင်ရေးလုပ်ငန်းတွေလုပ်ဖို့ဖွဲ့စည်းထားသည့် ထရက်စတုန်း စီမံကိန်းထဲက အဓိကကျသည့် လူတစ်ယောက်ဆိုတာ သိလာခဲ့ရသည်။ထို့အပြင် ယင်းအဖွဲ့၏ တရားမျှတမှု မရှိသော သတ်ဖြတ်လုပ်ကြံခြင်း လုပ်ငန်းများအား လုပ်ကိုင်လိုစိတ် မရှိတော့၍ ထွက်ခွာလာခဲ့သည့် လူတစ်ယောက်ဖြစ်တယ်ဆိုတာကို သိရှိလာသည့်အခါမှာ ။ထိုအဖွဲ့အစည်း၏ ခေါင်းဆောင်များ၏ နှု တ်ပိတ်ခြင်းကို တန်ပြန်ခုခံရဖို့ အကြောင်းဖန်လာရတော့သည်။ သူတို့အနေဖြင့် သူတို့ကိုယ်တိုင် စိတ်တိုင်းကျ ဖန်တီးပုံသွင်းခဲ့သော Bourneအား နှိမ်နင်းသတ်ဖြတ်ဖို့ရာ လုံးဝမလွယ်ကူလှပါ။Bourneထံတွင် ရောက်ရှိနေသည့် အချိန်ကာလနေရာမရွေး အံဝင်ဂွင်ကျ ပြောင်းလဲလှုပ်ရှားနိုင်သည့် အရည်အချင်းပေါင်းများစွာကို ပိုင်ဆိုင်ထားသည်။အထူးသဖြင့် သူတို့အားလုံး၏ အကြံအစည်များကို နောကြေအောင် သိရှိနေခြင်းကပင် တစ်လှမ်းသာနေသည်။CIAလိုမျိုး ကမ္ဘာအနှံ့အပြား ချိတ်ဆက်ထားသည့်နည်းပညာကွန်ယက်ကြားတွင် Bourne တစ်ယောက် လွတ်အောင် ရုန်းထွက်ဖို့ရာ မလွယ်ကူလှပါ။CIAကလည်း Bourne၏တည်နေရာအား ချက်ချင်းသိလိုက်တာနှင့် ကြေးစားတွေအား သတ်ဖြတ်ဖို့ လွှတ်လိုက်တာချည်းဖြစ်သည်။ Bourneထံတွင် အနီးနားမှာ စာအုပ်ထူထူ တစ်အုပ်ဖြစ်ဖြစ် ဘော့ပင်တစ်ချောင်းပဲဖြစ်ဖြစ် ရှိနေပါက ထိုအရာအား အသုံးပြုပြီး တစ်ဖက်ရန်သူအား အနိုင်ယူတိုက်ခိုက်နိုင်သည့် တိုက်ခိုက်ရေးပညာတွေရှိသည်။ဘာသာစကားမြောက်မြားစွာပြောဆိုနိုင်သည်။သူမကိုင်တတ် မသုံးစွဲတတ်သော ယာဉ်၊လက်နက်၊အီလက်ထရောနစ်ပစ္စည်းမရှိသလောက်ပင်။အားလုံးကို ရင်းနှီးကျွမ်းဝင်နေသည်။ကြောင်တစ်ကောင်လို လျင်မြန်သော အဟုန်မျိုးဖြင့် သုံးမိုင်လောက်အား မနားတမ်းပြေးနိုင်သည်။စက္ကန့်ပိုင်းလောက်ဝေ့ကြည့်လိုက်တာနှင့် ကားသုံးစီ၏ နံပါတ်များအား ချက်ချင်းအလွတ်ပြောနိုင်သည်။လူတစ်ယောက်ကိုဖျတ်ခနဲကြည့်လိုက်ရုံဖြင့် ဘယ်သန်လား ညာသန်လား သိနိုင်သည့် လေ့ကျင့်မှု စွမ်းရည်တွေ ပိုင်ဆိုင်ထားသည်။ထိုအရည်အသွေးများအား အသုံးပြု၍သာ အင်အားကြီးမားလှသော ရန်သူတွေလက်အောက်ကနေ ရုန်းထွက်ရလေသည်။အသက်လုပြေးရလေသည်။ဒဏ်ရာဗလပွဖြင့်နာကျ...

The Bourne Supremacy (2004) ⭐TMDB: 73.0% User Score 🎬 #Action #Mystery #Thriller #Drama 🗓 2004 🎞 movie 🌎 #USA #UnitedStates #Germany #Russia #India #UnitedStatesofAmerica ⏰ 1 နာရီ 48 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Bourne Supremacy (2004) IMDb Rating (7.7) / Rotten Tomatoes (82%) ++++++++++++ Jason Bourne ဟောလိဝုဒ် ရုပ်ရှင်နယ်မြေကနေ ခေတ်အဆက်ဆက် စုံထောက်ဇာတ်လိုက်များအား မိတ်ဆက်ခဲ့သည်ကို ကျွန်တော်တို့ပရိသတ်တွေ ခေတ်အလိုက် ကြည့်ရှုခဲ့ကြရသည်။စုံထောက်အမျိုးမျိုးအနက်က လူသိအများဆုံးမှာ ဗြိတိသျှစုံထောက်ကျော်ကြီး ကိုယ်ပိုင်အမှတ်တံဆိပ် 007 ဂျိမ်းစဘွန်းကြီး ဖြစ်လောက်မည်။ယင်းစုံထောက်ကြီး၏ ရုပ်ရှင်များဖြင့် အသားသေနေချိန်မှာ 2002ကာလလောက်တွင် Jason Bourne ဟု အမည်ရသည့် အေ့ဂျင့်ကလေးပေါ်လာလေသည်။စာရေးဆရာကြီး Robert Ludlum ၏ ဇာတ်ကောင်ဖြစ်ပါသည်။Jason Bourne ဇာတ်ကောင်သည် 1988ကတည်းက Mini Series အဖြစ်ထွက်ရှိပေမယ့် သိပ်မထင်ရှားခဲ့ပေ။ 2000ခုနှစ်လောက်မှ Bourneကိုပြန်လည်အသက်သွင်းဖို့ ကြိုးပမ်းခဲ့သည်။ဘရက်ပစ် ။စတားလုံးတို့အား လျာထားခဲ့သော်လည်း Matt Damon ကိုသာ ရွေးချယ်ဖြစ်ခဲ့သည်။အတိတ်မေ့ ဒဏ်ရာရနေသော လူတစ်ယောက်ဇာတ်ရုပ်ပီပြင်ဖို့အတွက် Matt မှာ အထူးပင် လေ့ကျင့်အားထုတ်ခဲ့ရသည်။အေ့ဂျင့်တစ်ယောက်စရိုက်နှင့် ကိုက်ညီနေစေဖို့ တိုက်ခိုက်ရေးသင်တန်းများတက်၍ ခြောက်လနီးပါး လေ့ကျင့်ခဲ့သလို..ဇာတ်ကားထဲက စတန့်အများစုကိုလည်း လူစားမထိုးပဲ သရုပ်ဆောင်ခဲ့သည်။ထိုသို့ ဇာတ်လမ်း ဇာတ်ကွက် ပြန်လည်ဖန်တီးရသည့် အခက်အခဲများ..ဘက်ဂျက်အခက်အခဲများ စတဲ့ အခက်အခဲများစွာကို ကျော်လွန်ဖြတ်သန်းပြီးမှ ထွက်ရှိလာသော The Bourne Identity (2002)ရုပ်ရှင်သည် ကြိုးစားသမျှ အရာထင်ခဲ့သည်ဟု ဆိုရပေမည်။ စပိုင်ကားအများစုအား နှစ်ရှည်လများ စိုးမိုးထားခဲ့သော ဂျိမ်းစဘွန်းများ၏ အရှိန်အဝါကို ကျော်လွန်နိုင်ခဲ့ကာ လက်တွေ့ဘဝနှင့်နီးစပ်သည့် လူသားတစ်ယောက်ကို ဖန်တီးပေးနိုင်ခဲ့သည်။ထို့အပြင် Die Hardလို ဇာတ်ကားထဲက အက်ရှင်ခန်းများကိုပါ မေ့ပစ်နိုင်လောက်သည့် တိုက်ခိုက်ခန်း အသက်လုပြေးလွှားခန်းများဖြင့် ကြည့်ရှုသူအပေါ် ဖမ်းစားခဲ့တာကို တွေ့ခဲ့ရပါမည်။ မြေထဲပင်လယ်ထဲမှာ သတိမေ့မျောပါနေတဲ့ လူတစ်ယောက်ကို တံငါလှေတစ်စီးက ကယ်တင်လိုက်ရကနေ Jason Bourne ဇာတ်လမ်းကို ပဟေဠိများဖြင့် စတင်ဖွင့်လှစ်လာခဲ့သည်။သတိပြန်ရသည့်တိုင်အောင် သူ့ကိုယ်သူ ဘယ်သူမှန်း မသိ ။ဘယ်ကလာမှန်းလည်း မသိ။ကျောမှာ သေနတ်ကျည်ဆန်နှစ်ခုက ထိုးဝင်လျက်သား။နောက် တင်ပါးမှာ ဘဏ်နံပါတ်တစ်ခု ။ သူကဘယ်သူပါလဲ။အဲဒီနံပါတ်ကလေးက သူ့ဘဝ ဖြစ်တည်ရာကို ပြန်လည်ရှာဖွေရာကနေ အသည်းထိတ်ရှု ပ်ထွေးဖွယ် ဇာတ်အိမ်ကြီးတစ်ခုကို ကျွန်တော်တို့အားလုံး ရင်မမဖြင့်စကြည့်ရတော့သည်။ သူနှင့်အတူ တစ်ဖြည်းဖြည်းသိရှိလာရသော အချက်အလက်များအရ သူက ထိပ်တန်း အေ့ဂျင့်တစ်ယောက်။အမေရိကန် CIA ဌာနက တရားမဝင် နှိမ်နင်ရေးလုပ်ငန်းတွေလုပ်ဖို့ဖွဲ့စည်းထားသည့် ထရက်စတုန်း စီမံကိန်းထဲက အဓိကကျသည့် လူတစ်ယောက်ဆိုတာ သိလာခဲ့ရသည်။ထို့အပြင် ယင်းအဖွဲ့၏ တရားမျှတမှု မရှိသော သတ်ဖြတ်လုပ်ကြံခြင်း လုပ်ငန်းများအား လုပ်ကိုင်လိုစိတ် မရှိတော့၍ ထွက်ခွာလာခဲ့သည့် လူတစ်ယောက်ဖြစ်တယ်ဆိုတာကို သိရှိလာသည့်အခါမှာ ။ထိုအဖွဲ့အစည်း၏ ခေါင်းဆောင်များ၏ နှု တ်ပိတ်ခြင်းကို တန်ပြန်ခုခံရဖို့ အကြောင်းဖန်လာရတော့သည်။ သူတို့အနေဖြင့် သူတို့ကိုယ်တိုင် စိတ်တိုင်းကျ ဖန်တီးပုံသွင်းခဲ့သော Bourneအား နှိမ်နင်းသတ်ဖြတ်ဖို့ရာ လုံးဝမလွယ်ကူလှပါ။Bourneထံတွင် ရောက်ရှိနေသည့် အချိန်ကာလနေရာမရွေး အံဝင်ဂွင်ကျ ပြောင်းလဲလှုပ်ရှားနိုင်သည့် အရည်အချင်းပေါင်းများစွာကို ပိုင်ဆိုင်ထားသည်။အထူးသဖြင့် သူတို့အားလုံး၏ အကြံအစည်များကို နောကြေအောင် သိရှိနေခြင်းကပင် တစ်လှမ်းသာနေသည်။CIAလိုမျိုး ကမ္ဘာအနှံ့အပြား ချိတ်ဆက်ထားသည့်နည်းပညာကွန်ယက်ကြားတွင် Bourne တစ်ယောက် လွတ်အောင် ရုန်းထွက်ဖို့ရာ မလွယ်ကူလှပါ။CIAကလည်း Bourne၏တည်နေရာအား ချက်ချင်းသိလိုက်တာနှင့် ကြေးစားတွေအား သတ်ဖြတ်ဖို့ လွှတ်လိုက်တာချည်းဖြစ်သည်။ Bourneထံတွင် အနီးနားမှာ စာအုပ်ထူထူ တစ်အုပ်ဖြစ်ဖြစ် ဘော့ပင်တစ်ချောင်းပဲဖြစ်ဖြစ် ရှိနေပါက ထိုအရာအား အသုံးပြုပြီး တစ်ဖက်ရန်သူအား အနိုင်ယူတိုက်ခိုက်နိုင်သည့် တိုက်ခိုက်ရေးပညာတွေရှိသည်။ဘာသာစကားမြောက်မြားစွာပြောဆိုနိုင်သည်။သူမကိုင်တတ် မသုံးစွဲတတ်သော ယာဉ်၊လက်နက်၊အီလက်ထရောနစ်ပစ္စည်းမရှိသလောက်ပင်။အားလုံးကို ရင်းနှီးကျွမ်းဝင်နေသည်။ကြောင်တစ်ကောင်လို လျင်မြန်သော အဟုန်မျိုးဖြင့် သုံးမိုင်လောက်အား မနားတမ်းပြေးနိုင်သည်။စက္ကန့်ပိုင်းလောက်ဝေ့ကြည့်လိုက်တာနှင့် ကားသုံးစီ၏ နံပါတ်များအား ချက်ချင်းအလွတ်ပြောနိုင်သည်။လူတစ်ယောက်ကိုဖျတ်ခနဲကြည့်လိုက်ရုံဖြင့် ဘယ်သန်လား ညာသန်လား သိနိုင်သည့် လေ့ကျင့်မှု စွမ်းရည်တွေ ပိုင်ဆိုင်ထားသည်။ထိုအရည်အသွေးများအား အသုံးပြု၍သာ အင်အားကြီးမားလှသော ရန်သူတွေလက်အောက်ကနေ ရုန်းထွက်ရလေသည်။အသက်လုပြေးရလေသည်။ဒဏ်ရာဗလပွဖြင့်နာကျ...

The Bourne Identity (2002) ⭐TMDB: 75.0% User Score 🎬 #Action #Mystery #Thriller #Drama 🗓 2002 🎞 movie 🌎 #USA #UnitedStates #Germany #Czechia #UnitedStatesofAmerica #CzechRepublic ⏰ 1 နာရီ 59 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Bourne Identity (2002) IMDb Rating (7.8) / Rotten Tomatoes (84%) ++++++++++++ Jason Bourne ဟောလိဝုဒ် ရုပ်ရှင်နယ်မြေကနေ ခေတ်အဆက်ဆက် စုံထောက်ဇာတ်လိုက်များအား မိတ်ဆက်ခဲ့သည်ကို ကျွန်တော်တို့ပရိသတ်တွေ ခေတ်အလိုက် ကြည့်ရှုခဲ့ကြရသည်။စုံထောက်အမျိုးမျိုးအနက်က လူသိအများဆုံးမှာ ဗြိတိသျှစုံထောက်ကျော်ကြီး ကိုယ်ပိုင်အမှတ်တံဆိပ် 007 ဂျိမ်းစဘွန်းကြီး ဖြစ်လောက်မည်။ယင်းစုံထောက်ကြီး၏ ရုပ်ရှင်များဖြင့် အသားသေနေချိန်မှာ 2002ကာလလောက်တွင် Jason Bourne ဟု အမည်ရသည့် အေ့ဂျင့်ကလေးပေါ်လာလေသည်။စာရေးဆရာကြီး Robert Ludlum ၏ ဇာတ်ကောင်ဖြစ်ပါသည်။Jason Bourne ဇာတ်ကောင်သည် 1988ကတည်းက Mini Series အဖြစ်ထွက်ရှိပေမယ့် သိပ်မထင်ရှားခဲ့ပေ။ 2000ခုနှစ်လောက်မှ Bourneကိုပြန်လည်အသက်သွင်းဖို့ ကြိုးပမ်းခဲ့သည်။ဘရက်ပစ် ။စတားလုံးတို့အား လျာထားခဲ့သော်လည်း Matt Damon ကိုသာ ရွေးချယ်ဖြစ်ခဲ့သည်။အတိတ်မေ့ ဒဏ်ရာရနေသော လူတစ်ယောက်ဇာတ်ရုပ်ပီပြင်ဖို့အတွက် Matt မှာ အထူးပင် လေ့ကျင့်အားထုတ်ခဲ့ရသည်။အေ့ဂျင့်တစ်ယောက်စရိုက်နှင့် ကိုက်ညီနေစေဖို့ တိုက်ခိုက်ရေးသင်တန်းများတက်၍ ခြောက်လနီးပါး လေ့ကျင့်ခဲ့သလို..ဇာတ်ကားထဲက စတန့်အများစုကိုလည်း လူစားမထိုးပဲ သရုပ်ဆောင်ခဲ့သည်။ထိုသို့ ဇာတ်လမ်း ဇာတ်ကွက် ပြန်လည်ဖန်တီးရသည့် အခက်အခဲများ..ဘက်ဂျက်အခက်အခဲများ စတဲ့ အခက်အခဲများစွာကို ကျော်လွန်ဖြတ်သန်းပြီးမှ ထွက်ရှိလာသော The Bourne Identity (2002)ရုပ်ရှင်သည် ကြိုးစားသမျှ အရာထင်ခဲ့သည်ဟု ဆိုရပေမည်။ စပိုင်ကားအများစုအား နှစ်ရှည်လများ စိုးမိုးထားခဲ့သော ဂျိမ်းစဘွန်းများ၏ အရှိန်အဝါကို ကျော်လွန်နိုင်ခဲ့ကာ လက်တွေ့ဘဝနှင့်နီးစပ်သည့် လူသားတစ်ယောက်ကို ဖန်တီးပေးနိုင်ခဲ့သည်။ထို့အပြင် Die Hardလို ဇာတ်ကားထဲက အက်ရှင်ခန်းများကိုပါ မေ့ပစ်နိုင်လောက်သည့် တိုက်ခိုက်ခန်း အသက်လုပြေးလွှားခန်းများဖြင့် ကြည့်ရှုသူအပေါ် ဖမ်းစားခဲ့တာကို တွေ့ခဲ့ရပါမည်။ မြေထဲပင်လယ်ထဲမှာ သတိမေ့မျောပါနေတဲ့ လူတစ်ယောက်ကို တံငါလှေတစ်စီးက ကယ်တင်လိုက်ရကနေ Jason Bourne ဇာတ်လမ်းကို ပဟေဠိများဖြင့် စတင်ဖွင့်လှစ်လာခဲ့သည်။သတိပြန်ရသည့်တိုင်အောင် သူ့ကိုယ်သူ ဘယ်သူမှန်း မသိ ။ဘယ်ကလာမှန်းလည်း မသိ။ကျောမှာ သေနတ်ကျည်ဆန်နှစ်ခုက ထိုးဝင်လျက်သား။နောက် တင်ပါးမှာ ဘဏ်နံပါတ်တစ်ခု ။ သူကဘယ်သူပါလဲ။အဲဒီနံပါတ်ကလေးက သူ့ဘဝ ဖြစ်တည်ရာကို ပြန်လည်ရှာဖွေရာကနေ အသည်းထိတ်ရှု ပ်ထွေးဖွယ် ဇာတ်အိမ်ကြီးတစ်ခုကို ကျွန်တော်တို့အားလုံး ရင်မမဖြင့်စကြည့်ရတော့သည်။ သူနှင့်အတူ တစ်ဖြည်းဖြည်းသိရှိလာရသော အချက်အလက်များအရ သူက ထိပ်တန်း အေ့ဂျင့်တစ်ယောက်။အမေရိကန် CIA ဌာနက တရားမဝင် နှိမ်နင်ရေးလုပ်ငန်းတွေလုပ်ဖို့ဖွဲ့စည်းထားသည့် ထရက်စတုန်း စီမံကိန်းထဲက အဓိကကျသည့် လူတစ်ယောက်ဆိုတာ သိလာခဲ့ရသည်။ထို့အပြင် ယင်းအဖွဲ့၏ တရားမျှတမှု မရှိသော သတ်ဖြတ်လုပ်ကြံခြင်း လုပ်ငန်းများအား လုပ်ကိုင်လိုစိတ် မရှိတော့၍ ထွက်ခွာလာခဲ့သည့် လူတစ်ယောက်ဖြစ်တယ်ဆိုတာကို သိရှိလာသည့်အခါမှာ ။ထိုအဖွဲ့အစည်း၏ ခေါင်းဆောင်များ၏ နှု တ်ပိတ်ခြင်းကို တန်ပြန်ခုခံရဖို့ အကြောင်းဖန်လာရတော့သည်။ သူတို့အနေဖြင့် သူတို့ကိုယ်တိုင် စိတ်တိုင်းကျ ဖန်တီးပုံသွင်းခဲ့သော Bourneအား နှိမ်နင်းသတ်ဖြတ်ဖို့ရာ လုံးဝမလွယ်ကူလှပါ။Bourneထံတွင် ရောက်ရှိနေသည့် အချိန်ကာလနေရာမရွေး အံဝင်ဂွင်ကျ ပြောင်းလဲလှုပ်ရှားနိုင်သည့် အရည်အချင်းပေါင်းများစွာကို ပိုင်ဆိုင်ထားသည်။အထူးသဖြင့် သူတို့အားလုံး၏ အကြံအစည်များကို နောကြေအောင် သိရှိနေခြင်းကပင် တစ်လှမ်းသာနေသည်။CIAလိုမျိုး ကမ္ဘာအနှံ့အပြား ချိတ်ဆက်ထားသည့်နည်းပညာကွန်ယက်ကြားတွင် Bourne တစ်ယောက် လွတ်အောင် ရုန်းထွက်ဖို့ရာ မလွယ်ကူလှပါ။CIAကလည်း Bourne၏တည်နေရာအား ချက်ချင်းသိလိုက်တာနှင့် ကြေးစားတွေအား သတ်ဖြတ်ဖို့ လွှတ်လိုက်တာချည်းဖြစ်သည်။ Bourneထံတွင် အနီးနားမှာ စာအုပ်ထူထူ တစ်အုပ်ဖြစ်ဖြစ် ဘော့ပင်တစ်ချောင်းပဲဖြစ်ဖြစ် ရှိနေပါက ထိုအရာအား အသုံးပြုပြီး တစ်ဖက်ရန်သူအား အနိုင်ယူတိုက်ခိုက်နိုင်သည့် တိုက်ခိုက်ရေးပညာတွေရှိသည်။ဘာသာစကားမြောက်မြားစွာပြောဆိုနိုင်သည်။သူမကိုင်တတ် မသုံးစွဲတတ်သော ယာဉ်၊လက်နက်၊အီလက်ထရောနစ်ပစ္စည်းမရှိသလောက်ပင်။အားလုံးကို ရင်းနှီးကျွမ်းဝင်နေသည်။ကြောင်တစ်ကောင်လို လျင်မြန်သော အဟုန်မျိုးဖြင့် သုံးမိုင်လောက်အား မနားတမ်းပြေးနိုင်သည်။စက္ကန့်ပိုင်းလောက်ဝေ့ကြည့်လိုက်တာနှင့် ကားသုံးစီ၏ နံပါတ်များအား ချက်ချင်းအလွတ်ပြောနိုင်သည်။လူတစ်ယောက်ကိုဖျတ်ခနဲကြည့်လိုက်ရုံဖြင့် ဘယ်သန်လား ညာသန်လား သိနိုင်သည့် လေ့ကျင့်မှု စွမ်းရည်တွေ ပိုင်ဆိုင်ထားသည်။ထိုအရည်အသွေးများအား အသုံးပြု၍သာ အင်အားကြီးမားလှသော ရန်သူတွေလက်အောက်ကနေ ရုန်းထွက်ရလေသည်။အသက်လုပြေးရလေသည်။ဒဏ်ရာဗလပွဖြ...

The Bourne Legacy (2012) ⭐IMDB: 6.6/10 (311 k Votes) 🎬 #Action #Adventure #Thriller 🗓 2012 🎞 movie 🌎 #USA #UnitedStates #Japan #SouthKorea #Philippines #UnitedArabEmirates #Canada #UnitedStatesofAmerica ⏰ 2 နာရီ 15 မိနစ် 34 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Bourne Legacy (2012) IMDb Rating (6.6) / Rotten Tomatoes (56%) ++++++++++++ ဒီဇာတ်ကားကတော့ Matt Damon ရဲ့ Bourne ဇာတ်လမ်းမဟုတ်တော့ဘဲ မင်းသားသစ် Jeremy Renner ခေါင်းဆောင်ရိုက်ကူးထားတဲ့ Bourne ဇာတ်လမ်းကျောရိုးထဲက ဇာတ်ကားဖြစ်ပါတယ်… ဇာတ်လမ်းအကျဉ်း.. The Bourne Ultimateum ဇာတ်ကားတုန်းက အဖြစ်အပျက်များကြောင့် ပြည်သူလူထုနှင့် နိုင်ငံရေးသမားများသည် လမ်းများပေါ်သို့ ထွက်လာကာ CIA နှင့် ရင်ဆိုင်လာသည်။ ထို့ကြောင့် CIA သည် ပြဿနာအရှုပ်အထွေးတွေ ယခုထက် ပိုမိုများပြားမလာခင် သူတို့၏ Operation Outcome ပရော်ဂျက်ကြီးအား လက်စတုံးဖျောက်ဖျက်ပစ်ဖို့ ကြံရွယ်လာခဲ့ကြသည်။ သဲလွန်စတစ်ခုမကျန် မြေကြီးထဲ မြှပ်နှံပစ်ဖို့ အမိန့်ပေးခဲ့သည်။ ထို့ကြောင့် စေခိုင်းခြင်းခံရသူ စပိုင်များသည် Operation Outcome ၏ လူအားလုံးကို သတ်တော့သည်။ အေရွန်ခရော့စ် (ဂျယ်ရီမီးရန်နာ) က Operation Outcome ၏ အေးဂျင့်တစ်ဦး ဖြစ်သောကြောင့် လုပ်ကြံသူများလက်ကနေ လွတ်မြောက်အောင် ကိုယ်လွတ်ရုန်းပြေးရတော့သည်။ ပြေးရင်းလွှားရင်း သူနှင့်ဘဝတူအဖြစ် ဆုံစည်းလာသူက ဒေါက်တာစတီဗင်စနိုက်ဒါ (မင်းသမီးချော ရေချယ်ဝိုက်စ်) ဖြစ်သည်။ ဒေါက်တာစတီဗင်သည် Outcome အေးဂျင့်များကို ဖန်တီးပုံဖော်ရာတွင် အဓိက အကူအညီပေးခဲ့သည့် ဆရာဝန်တစ်ဦးဖြစ်တာကြောင့် သူလည်းလုပ်ကြံသူများ လက်ကနေ လွတ်မြောက်အောင် မနည်းကြိုးစားရရှာသည်။ သူတို့ကို နောက်ကနေ အသေအလဲ လိုက်လံလုပ်ကြံနေသူက ဇာတ်ကားအစမှာကတည်းက ရန်သူတော်တစ်ဦး ဖြစ်သည့် စီအိုင်အေအေးဂျင့်ဗျာ (အင်ဒ်ဝပ်နော်တန်) ဖြစ်သည်။ သူက အေးရွန်ခရော့စ်နှင့် ဒေါက်တာစတီဗင်တို့အား အငြိုးကြီးကြီးဖြင့် သတ်ဖြတ်ဖို့ ကြိုးစားသည်။ အေရွန်ခရော့စ်တို့ စုံတွဲကလည်း ပြေးရင်းလွှားရင်းနှင့်ပင် အမှန်တရားကို ဖော်ထုတ်ကာ သူတို့၏ လွတ်မြောက်ရာလမ်းကို ရှာဖွေကြမည်။ ဇာတ်ကားတစ်ကားလုံး ပြေးလွှားပစ်ခတ်ကြသည်များကို အသည်းတယားယား၊ ရင်တဖိုဖို ကြည့်ကြရမည်။ CIA က Operation Outcome အဖွဲ့ကို မြေမြှပ်ဖို့ ဆုံးဖြတ်ချက်ချပြီး အမိန့်ထုတ်ပြန်လိုက်ကတည်းက The was never justone တစ်ယောက်မှ မကျန်စေနဲ့ဆိုတဲ့ ကြောက်စရာစကားလုံးကြီး အောက်ကနေ အေရွခရော့စ်တို့ ဘယ်လိုရုန်းထွက်ပြီး လွတ်မြောက်အောင် ပြေးကြမလဲဆိုတာကတော့ စိတ်ဝင်တစားကြည့်ရမှာ ဖြစ်ပါတယ် Bourne ရုပ်ရှင်ဇာတ်ကားအားလုံးကို ဒီမှာhttps://channelmyanmar.org/?s=jason+bourneကြည့်ပါ။...

Intruders (2011) ⭐IMDB: 5.4/10 (21 k Votes) 🎬 #Fantasy #Horror #Thriller #Adventure 🗓 2011 🎞 movie 🌎 #UnitedStates #UnitedKingdom #Spain #UnitedStatesofAmerica ⏰ 1 နာရီ 40 မိနစ် 29 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 မက်ဒရစ်မှာ နေထိုင်တဲ့ ဂျူအန်ဆိုတဲ့ကလေးလေးဟာ ကြောင်လေးမပြန်လာသေးလို့ဆိုပြီး ညဘက်မှာ ပြူတင်းပေါက်ကို ဖွင့်ထားပြီး အိပ်ရာဝင်ခဲ့ပါတယ်၊ ဒီအချိန်မှာ မျက်နှာမရှိ အကောင်အထည်မရှိတဲ့အရာကြီးက ဂျူအန်ကို လာပြီး ဖမ်းခေါ်သွားဖို့ ကြိုးစားခဲ့ပါတယ်၊ တစ်ဖက်မှာလည်း လန်ဒန်မှာနေထိုင်တဲ့ မီယာဆိုတဲ့ကောင်မလေးကိုလည်း ဒီမျက်နှာမရှိ အကောင်အထည်မရှိတဲ့အရာကြီးက လာလာပြီးခြောက်လှန့်လျက်ရှိပါတယ်။ ဒီမှာ တစ်ခုတူညီတဲ့အချက်က ဒီမျက်နာမရှိတဲ့အရာကြီးက ဂျူအန်နဲ့ မီယာရဲ့ မျက်နှာတွေကို ခိုးယူဖို့ ခြောက်လှန့်ကြိုးစားနေတာပါ။ ဒီတော့ ဒီအရာကြီးက တစ်ကယ်အပြင်မှာရှိတာလား၊ စိတ်ကထင်ရုံသက်သက်ပဲလား၊ စိတ်ထင်ရုံသက်သက်ပဲဆိုရင် ဘာလို့နေရာမတူ ဒေသမတူ အရွယ်မတူတဲ့ ကောင်လေးနဲ့ ကောင်မလေးကို ဘာလို့လိုက်လံခြောက်လှန့်နေတာလဲဆို ရင်ဖိုသည်းလှိုက်စွာ ခန့်မှန်းရင်း စိတ်ဝင်တစား ကြည့်ရှုရမှာပါ။...

Magpie Murders (2022- ) ⭐IMDB: 7.5/10 (6 k Votes) 🎬 #Drama #Mystery #Crime 🗓 2022- 🎞 tv series 🌎 #UnitedKingdom #UnitedStates #Ireland ⏰ 44 မိနစ် 52 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Magpie Murders (2022) ဆူဆန်ရိုင်လန်ဆိုတဲ့အမျိုးသမီးဟာ စာအုပ်ထုတ်လုပ်ဖြန့်ချီရေးကုမ္ပဏီရဲ့ အယ်ဒီတာတစ်ယောက်ဖြစ်ပြီးတော့ သူ့လုပ်ကိုင်နေတဲ့နယ်ပယ်မှာကျွမ်းကျင်ထူးချွန်တဲ့သူတစ်ယောက်ပါ…..တစ်နေ့မှာ သူမဟာ ရေးတဲ့စာအုပ်တိုင်းပေါက်တဲ့အထိ နာမည်ကြီးတဲ့စာရေးဆရာတစ်ယောက်ဖြစ်တဲ့ အန်လန်ခွန်းဝေးရဲ့ စာမူကိုလက်ခံရရှိခဲ့ပါတယ်….ထုံးစံအတိုင်း ပုံနှိပ်ထုတ်ဝေဖို့အတွက် မူကြမ်းကိုဖတ်ကြည့်တဲ့အခါဆန်းကြယ်စွာပဲ စာမူရဲ့နောက်ဆုံးဇာတ်သိမ်းခန်းက ပါမလာခဲ့ပါဘူး….တဖက်မှာလည်း ဒီစာအုပ်ဟာ ဆူဆန်တို့ကုမ္ပဏီရဲ့ကံကြမ္မာကို ကယ်တင်ပေးနိုင်မယ့်တစ်ခုတည်းသော လက်နက်ဖြစ်တာကြောင့် ဆူဆန်တစ်ယောက်ဇာတ်သိမ်းခန်းရှာပုံတော်ကိုစတင်ခဲ့ရပါတယ်……ဆူဆန်တစ်ယောက် ရှာပုံတော်ခရီးမှာ ဘာဆန်းကြယ်မှုတွေ ကြုံတွေ့ရမလဲ?နောက်ဆုံးမှာ ပျောက်နေတဲ့ဇာတ်သိမ်းကို ရှာတွေ့သွားမှာလား ?ဇာတ်သိမ်းခန်းကရော ဘာလို့ပျောက်သွားရတာလဲ?စာအုပ်ထဲမှာရော ဘာအကြောင်းအရာတွေကိုရေးထားတာလဲ?စတဲ့အကြောင်းအရာတွေကို ပဟေဠိဆန်စွာ တင်ဆက်ပြသထားတာမို့ဒီကားဟာ စုံထောက်ဇာတ်လမ်းတွေကိုသဘောကျတဲ့သူတွေ ဦးနှောက်အစားခံပြီးဇာတ်လမ်းထဲမှာပါတဲ့ မှုခင်းတွေရဲ့အဖြေကိုလည်း ခန့်မှန်းရှာဖွေရတာကိုလည်းခုံမင်နှစ်သက်သူတွေအတွက် “Magpie Murders” က ကြည့်ရတန်တဲ့ဇာတ်ကားကောင်းတစ်လက်ပါပဲ…… ( ဒီစီးရီးအတွက် ဘာသာပြန်ပေးသူကတော့ ” Thinn , Chevy ” ဖြစ်ပြီးအညွှန်းကိုတော့ Thinn  မှ ရေးသားပေးထားပါတယ် )  File Size –  780 MB/ 317 MBQuality –NF WEB-DL 1080p , 720pDuration – 45 Min  (@Episode)Total Episodes: 6 EpsSubtitle – Myanmar HardsubFormat – Mp4Genre : Crime , Drama , Mystery...

The Second Best Exotic Marigold Hotel (2015) ⭐IMDB: 6.5/10 (35 k Votes) 🎬 #Comedy #Drama #Romance 🗓 2015 🎞 movie 🌎 #India #UnitedKingdom #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 3 မိနစ် 1 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Second Best Exotic Marigold Hotel (2015) ~ IMDb – 6.5/10, Rotten Tomatoes – 66% ~ ဒါကတော့ 2011 ခုနှစ်ကထွက်ခဲ့တဲ့ “The Best Exotic Marigold Hotel” ရဲ့ အဆက်ကားပါပဲ။ လေးနှစ်အကြာ 2015 ခုနှစ်မှာ ထွက်ခဲ့တာဖြစ်ပြီး ပထမကားရဲ့ ဒါရိုက်တာဖြစ်တဲ့ အော်စကာဆုရှင် John Madden ကပဲပြန်ရိုက်ထားပါတယ်။ အရင်တစ်ကားလိုပဲ ထိတ်ထိတ်ကြဲသရုပ်ဆောင်တွေဖြစ်တဲ့ Maggie Smith, Judi Dench, Bill Nighty တို့ပြန်ပါတဲ့အပြင် မင်းသားကြီး Richard Gere ပါထပ်ဆောင်းပါလာသေးလို့ Cast တွေက မြိုင်မြိုင်ဆိုင်ဆိုင်ပါပဲ။ ဒီ Sequel ထဲမှာဆိုရင် ဆန်နီက ဒုတိယအကောင်းဆုံးတိုင်းတစ်ပါးမေရီဂိုးလ်ဟိုတယ်ဖွင့်ဖို့ ကြိုးစားနေရင်း တစ်ဖက်မှာလည်း ချစ်သူနဲ့လက်ထပ်ဖို့ပြင်ဆင်နေတဲ့အကြောင်းကို ကြည့်ရှုရမှာပါ။ အဲဒါအပြင် တခြားဇာတ်ကောင်တွေရဲ့ချစ်သူရည်းစားဆက်ဆံ‌ရေးအကြောင်းတွေ၊ အသက်ကြီးပေမဲ့ ဘ၀အသစ်တစ်ခုပြန်စဖို့မနောက်ကျသေးတဲ့အကြောင်းတွေအပြင် တခြားနမူနာယူ အတုယူစရာတွေကို ရင်တသိမ်သိမ့်တနွေးနွေးကြည့်ရှုရမှာဖြစ်ပါတယ်။ အရင်ကားထက် မသာပေမဲ့လည်း မဆိုးရွားတဲ့ Sequel ဖြစ်တဲ့အပြင် တမူထူးခြားတဲ့အရသာကိုပါခံစားကြည့်နိုင်မှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုSoe Thiri Sweမှ ပြန်ဆို ရေးသားထားပါတယ်)...

Hot Tub Time Machine (2010) ⭐IMDB: 6.4/10 (182 k Votes) 🎬 #Adventure #Comedy #ScienceFiction #SciFi 🗓 2010 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 40 မိနစ် 58 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 လတ်တလောလေးကတင် ကောင်မလေးထားသွားတာကို ခံထားရတဲ့ အဒမ်၊ ဝင်ငွေမကောင်းတဲ့ အလုပ်ကိုလုပ်နေရပြီး မိန်းမကလည်းဖောက်ပြန်နေတဲ့ နစ်ခ်နဲ့ အရက်ဂျိုး လုဆိုတဲ့ အရှုံးသမားသူငယ်ချင်းသုံးယောက်ရှိပါတယ်။ တစ်‌နေ့မှာ လုက သူ့ကိုယ်သူအဆုံးစီရင်ဖို့လုပ်ရင်းနဲ့ ဆေးရုံရောက်သွားပြီး မိသားစုမရှိတဲ့ လုအတွက်တော့ သူ့ကိုစောင့်ကြည့်ပေးဖို့က တခြားသူငယ်ချင်းနှစ်ယောက်ရဲ့ တာဝန်ဖြစ်သွားခဲ့ပါတယ်။ လု အတွက်ပိတ်ရက်ခရီးထွက်ပေးဖို့ စီစဉ်ကြရင်း သူတို့လူငယ်ဘဝက ကဲခဲ့ကြတဲ့ ကိုဒီအက် ဗယ်လီ နှင်းလျောစီးစခန်းကို သူတို့သူငယ်ချင်း သုံးယောက်နဲ့အတူ အဒမ်ရဲ့တူလေးဖြစ်သူ ဂိမ်းဂျပိုး ဂျေကော့ပါလိုက်လာခဲ့ပါတယ်။ ဒီလိုနဲ့ ဟိုတယ်မှာသောက်ကြရင်းနဲ့ သူတို့စိမ်နေကြတဲ့ ရေပူကန်ရဲ့ ခလုတ်ခုံပေါ်ကို အချိုရည်ဖိတ်ချသွားတာ‌ေကြာင့် အချိန်ခရီးသွားနိုင်တဲ့ ကန်ဖြစ်သွားခဲ့ပြီး အတိတ်ကိုပြန်ရောက်သွားကြပါတယ်။ ဖြစ်ချင်တော့ သူတို့ကံဆိုးခဲ့ကြတဲ့ 1986 ခုနှစ် ဆောင်းရာသီပွဲတော်ကိုရောက်သွားခဲ့ကြပါ။ အဒမ်တို့သာ အတိတ်မှာလုပ်ခဲ့သလိုမျိုးအတိအကျမလုပ်ရင် အနာဂတ်ကအရာတွေလည်း ဗြောင်းဆန်အောင် ပြောင်းလဲသွားနိုင်ချေရှိတာမလို့ အတိတ်ကအတိုင်းဖြစ်အောင်လုပ်ပြီး ဂျေကော့မွေးလာတာသေချာအောင် လုပ်ကြရင်း အနာဂတ်ကိုပြန်ဖို့လုပ်တဲ့အခါ ဘယ်လိုတလွဲတွေဖြစ်လာမလဲ၊ အတိတ်ဆိုတာပြင်ချင်တိုင်းရောပြင်လို့ရရဲ့လား၊ သူတို့ရော ပစ္စပ္ပုန်ကာလကို ပြန်သွားနိုင်မလားဆိုတာကို ရယ်ရယ်မောမောနဲ့ကြည့်ရှုကြရမှာပါ။ ကြမ်းတမ်းတဲ့အသုံးအနှုံးတွေနဲ့ ဇာတ်ဝင်ခန်းတွေပါဝင်တာကြောင့် အသက် ၁၈ နှစ်အောက် ကလေးတွေတော့ မကြည့်ရှုသင့်ပါဘူးဗျ။...

Blood on the Nameless River (2023) ⭐TMDB: 0.0% User Score 🎬 #Action #War 🗓 2023 🎞 Movie 🌎 #China ⏰ 1 နာရီ 44 မိနစ် 13 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ကိုရီးယားအမေရိကန်စစ်ပွဲကိုအခြေခံထားတဲ့သွေးနဲ့ရေးတဲ့စစ်ပွဲဇာတ်လမ်းတစ်ပုဒ်ကိုတင်ဆက်ပေးလိုက်ပါတယ်။ရန်သူအမေရိကန်စစ်တပ်တွေကိုတားဆီးနိုင်ဖို့အတွက်ဆိုရင်သူတို့ရဲ့ရိက္ခာအထောက်အပံ့တွေကိုဖြတ်ပစ်လိုက်တာဟာခြေထောက်နှစ်ချောင်းကိုဖြတ်ပစ်သလိုပဲထိရောက်ပါလိမ့်မယ်။ အဲဒါကြောင့် တုချွမ်းတို့တပ်စုဟာရိက္ခာဖြည့်တဲ့ထောက်ပို့စခန်းတစ်ခုကိုဝင်စီးကြပါတယ်။အဲဒီထောက်ပို့စခန်းကိုဝင်စီးလိုက်တဲ့အချိန်မှာ မထင်မှတ်ပဲရန်သူရဲ့စစ်ကြောင်းကိုသိလိုက်ရပါတယ်။ တရုတ်ပင်မစခန်းကြီးကိုအမေရိကန်တွေရဲ့အမြှောက်တပ်ကြီးရောက်မသွားအောင်တုချွမ်းတို့တပ်စုဟာအစွမ်းကုန်ကြိုးစားရဖို့တာဝန်ဖြစ်လာပါတယ်။ ရန်သူနဲ့အင်အားမမျှတဲ့အတွက် သူတို့တပ်စုလေးဟာဘယ်လိုနည်းဗျူဟာတွေသုံးပြီး အမေရိကန်တွေကိုတားမလဲဆိုတာစိတ်ဝင်စားဖို့အရမ်းကောင်းပါတယ်။ပီပြင်တဲ့ဆက်တင်နဲ့သရုပ်ဆောင်ချက်တွေကြောင့်စစ်ကားကြိုက်တတ်တဲ့သူတွေရဲ့ကျေနပ်စရာကောင်းတဲ့ကားလေးတစ်ကားဖြစ်မှာသေချာပါတယ်။...