ဇာတ်ညွှန်းများ • FDMN
Yopiq kanal
Ma'lumot yo'q
Obunachilar
-524 soatlar
-47 kun
+730 kun
Postlar arxiv
Wanted (2009)
⭐IMDB: 6.6/10 (25 k Votes)
🎬 #Action #Bollywood #Comedy #Crime #Thriller
🗓️ 2009 🎞️ Movie 📺 720p HD
🌎 #India
⏰ 2 နာရီ 33 မိနစ် 37 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
အိႏၵိယအက္ရွင္ကားပါ။
ဆလ်မန်းခန်းပရိသတ်တွေအကြိုက်တွေ့စေမယ့်ဇာတ်ကားပါ။
မွန်ဘိုင်းမြို့ရဲ့လူဆိုးဂိုဏ်းတွေ ထိန်းမနိုင်သိမ်းမရဖြစ်လာတဲ့အခါမှာ ဘယ်လိုတွေဖြိုခွဲသလဲ
ဘယ်လိုတွေအခက်အခဲတွေနဲ့တွေ့ကြုံရလဲ ဘယ်လောက်တောင်စတေးမှုတွေပြုလုပ်ရသလဲဆိုတာကို ရိုက်ပြထားတာပါ။
ထုံးစံအတိုင်း အရင်တုန်းကထွက်ထားတဲ့ကုလားကားဆိုတော့ အိုဗာအက်ရှင်တွေကိုတော့သည်းခံပြီးကြည့်ပေးကြပါခင်ဗျာ
(ဇာတ်လမ်းအညွှန်းနဲ. ဘာသာပြန်သူကတော့ Ye Man Aung ပဲဖြစ်ပါတယ်)
Kaabil (2017)
⭐IMDB: 7.1/10 (28 k Votes)
🎬 #Action #Bollywood #Drama #Thriller #Crime #Romance
🗓️ 2017 🎞️ Movie 📺 720p HD
🌎 #India
⏰ 2 နာရီ 14 မိနစ် 01 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ရိုဟန်ဟာ မျက်မမြင်တစ် ယောက်ဖြစ်ပြီး ရုပ်သံနောက်ခံ စကားပြောအလုပ်နဲ့ အသက်မွေး ဝမ်းကျောင်းနေသူပါ။ သူ့ချစ်သူ ဆူပရီရာကလည်း အမြင်အာရုံချို့တဲ့သူ ဖြစ်ပေမယ့် ကိုယ်ပိုင် အလုပ်လုပ်နေသူ ဖြစ်ပါတယ်။ နှစ်ယောက်စလုံးကအစပိုင်းမှာတော့ လက်ထပ်ဖို့ တုံ့ဆိုင်းနေကြ ပေမယ့်လည်း သံယောဇဥ်ခိုင်မာ နေပြီမို့ လက်ထပ်ဖြစ်ခဲ့ကြပါတယ်။
တစ်ည ရိုဟန်တို့နှစ်ယောက် ညစာစားပြီး ပြန်လာတုန်း ကြေး စားလူမိုက်အမစ်ရှယ်လာနဲ့ နာ မည်ကြီး နိုင်ငံရေးသမားတစ် ယောက်ရဲ့ ညီရယ်၊ ဝါဆင်ဆိုတဲ့ လူတို့ရဲ့နှောင့်ယှက်တာ ခံခဲ့ရပါတယ်။
နောက်နေ့မနက် ရိုဟန်အ လုပ်သွားတုန်း အမစ်နဲ့ ဝါဆင်တို့ ဟာ ရိုဟန်တို့အိမ်ကို တိတ်တ ဆိတ်ဝင်လာပြီး တစ်ဦးတည်း ကျန်ခဲ့တဲ့ ဆူပရီရာကို မတရား ပြုကျင့်ခဲ့ကြပါတော့တယ်။ ရိုဟန် သိသိချင်း ရဲဌာနကို အကြောင်း ကြားတဲ့အခါ ဆေးရုံက စစ်ချက် ယူပြီး အမှုဖွင့်ဖို့ အကြံပြုခဲ့တာ ကြောင့် ဆေးရုံကို သွားနေတုန်း လမ်းမှာ အမစ်ရဲ့လူတွေက ဖမ်း ခေါ်သွားခဲ့ပါတယ်။
ဆူပရီရာက ဖြစ်ပျက်သမျှ ကို မေ့ပျောက်ပြီး အရင်လိုပြန်နေ ဖို့ ကြိုးစားခဲ့ပေမယ့် ရိုဟန်က တော့ ဆူပရီရာ့အတွက် စိတ်ထိ ခိုက်ခံစားခဲ့ရပါတယ်။ နောက် တစ်နေ့မနက်မှာ ရိုဟန်ဟာ အ လုပ်သွားပြီး အိမ်ပြန်အရောက်မှာ တော့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီ ရင်ခဲ့တဲ့ ဆူပရီရာနဲ့သာ တွေ့ခွင့် ရပါတော့တယ်။ ဇနီးဆုံးရှုံးခဲ့ရတဲ့ ရိုဟန်ဆီကို နိုင်ငံရေးသမားမက် ဟာဗရာအိုရောက်လာပြီး သူ့ညီ ဖြစ်တဲ့ အမစ်က ဆူပရီရာကို စော်ကားမော်ကားလုပ်တာဟာ တစ်ကြိမ်မကကြောင်း ပြောပြခဲ့ပြီး ဖြစ်သမျှကို အကုန်မေ့ပစ်လိုက်ဖို့ ခြိမ်းခြောက်ခဲ့ပါတယ်။
တစ်ရက်မှာတော့ ဆူပရီရာ ရေးထားတဲ့မျက်မမြင်စာတစ်ခု ကို ရိုဟန်တွေ့ခဲ့ပြီး ဒုတိယ မြောက် မတရားကျင့်ခံရတဲ့ အ တွက် သတ်သေသွားတာဖြစ်တယ်ဆိုတာ သိခဲ့ပါတယ်။ ရိုဟန် မခံမရပ်နိုင်ဖြစ်ပြီး ဇနီးသည်မတရားခံရမှုအတွက် အမှုသွား ဖွင့်ခဲ့ပြီးလက်တုံ့ပြန်ဖို့ပါကြိုးပမ်းခဲ့ပါတယ်။
အမြင်အာရုံ ချို့ယွင်းပေ မယ့် အသံစွမ်းရည်မှာတော့ သူ မတူတဲ့ ရိုဟန်ဟာ ဝါဆင်နဲ့ အမစ် ကို အသံတုမျိုးစုံနဲ့ လှည့်စားပြီး အပြတ်ရှင်းခဲ့ပါတော့တယ်။ နိုင်ငံ ရေးသမား မက်ဟာဗရာအိုကလည်း ရိုဟန်ကို ရှင်းပစ်ဖို့ကြိုးစား ပေမယ့် ဖြတ်ထိုးဉာဏ်ကောင်းတဲ့ ရိုဟန်ကို မယှဥ်နိုင်ဘဲ နောက်ဆုံး မှာ သေပွဲဝင်ခဲ့ရပါတယ်။
ရိုဟန်တစ်ယောက် ဇနီး သည်ရဲ့ မတရားမှုအတွက် ဘယ် လိုနည်းလမ်းတွေနဲ့ လက်တုံ့ပြန် မှာလဲ။ ကိုယ်ကျင့်တရားမကောင်း သူတွေရဲ့ သွားရာလမ်းက ဘယ် လိုဖြစ်မလဲဆိုတာ ဆက်လက် ကြည့်ရှုလိုက်ပါဦး။
ဒီဇာတ်ကားမှာ ရိုဟန်အဖြစ် ဟရီသစ်ရိုရှန်၊ ဆူပရီရာအဖြစ် ရာမီဂော်တမ်၊ မက်ဟာဗရာအို အဖြစ် ရွန်နစ်ရွိုင်း စသူတွေပါဝင် ထားကြပါတယ်။
(ဇာတ်လမ်းအညွှန်းကိုတော့ (http://www.7daydaily.com/) Website မှကူးယူဖော်ပြထားတာဖြစ်ပြီး ဘာသာပြန်သူကတော့ Ye Man Aung ပဲဖြစ်ပါတယ်)
The Ghazi Attack (2017)
⭐IMDB: 7.5/10 (14 k Votes)
🎬 #Bollywood #Crime #History #Action #War #Thriller
🗓️ 2017 🎞️ Movie 📺 1080p FHD
🌎 #India
⏰ 2 နာရီ 02 မိနစ် 43 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb rating 8.3 ရထားတဲ့ ဘောလိဝုဒ် စစ်ကာကြီး
တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် စစ်ကားကို စောင့်မျှော်နေတဲ့
ပရိတ်သတ်ကြီးအတွက်တော့ လက်လွတ်မခံ သင့်တဲ့ဇာတ်ကားကြီး
တစ်ကား ဖြစ်ပါတယ်ဗျပြီးတော့ ဒီဇာတ်ကားက အိနိၵယ နဲ့ ပါကစ္စတန်
၂ နိုင်ငံကြားက ဖြစ်ရပ်မှန် သမိုင်ကြောင်းကို အခြေခံပြီးရိုက်ကူးထားတာပါ
ဇာတ်လမ်း အကျဥ်းလေး ကတော့ 1971 မှာ အိနိၵယ နဲ့ ပါကစ္စတန် စစ်ဖြစ်
ကြတဲ့အခါမှာ ပါကစ္စတန်ရေတပ်က ပါကစ္စတန်အရှေ့ပိုင်းကနေ ၀င်ရောက်
တိုက်ခိုက်ဖို့အတွက် ဘင်္ဂလားပင်လယ်ထဲကို ၀င်ရောက်ဖို့လိုလာပါတယ်
အဲ့သည်အချိန်မှာပဲ အိနိၵယ ရေတပ် INS Karanji (S21) ဟာ
ဘင်္ဂလားပင်လယ်အော်ထဲ မှာ ကင်းလှည့်စောင့်ကျပ်နေပါတယ်
ဒီလိုနဲ့ ပါကစ္စတန်ဟာ ဘင်္ဂလားပင်လယ်ထဲ ၀င်ရောက်ဖို့
INS Karanji (S21) ကိုတိုက်ခိုက်ဖို့ PNS Garzi ကိုလွတ်လိုက်
တဲ့အခါမှာတော့ ကဲ ဘာတွေဆက်ဖြကြမလဲဆိုတာကို ဆက်လက်ကြည့်
လိုက်ကြပါတော့ဗျာ ………………….။
(အခုကားကို VLC player နဲ့သာကြည့်ကြဖို့ သတ်ိပေးလိုက်ပါရစေဗျာ)
ဘာသာပြန်သူကတော့ Linn Thura ဖြစ်ပါတယ်ဗျ ။
Swades (2004)
⭐IMDB: 8.2/10 (92 k Votes)
🎬 #Bollywood #Drama #Musical
🗓️ 2004 🎞️ Movie 📺 720p HD
🌎 #India
⏰ 3 နာရီ 15 မိနစ် 11 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
File Size : 1.6 GBQuality : Bluray 720PRunning Time : 3hr 30minutesFormat : Mp4Genre : DramaEncoder : Thanhtike Zaw
Jaanwar (1999)
⭐IMDB: 5.9/10 (3 k Votes)
🎬 #Action #Bollywood #Crime #Drama
🗓️ 1999 🎞️ Movie 📺 720p HD
🌎 #India
⏰ 2 နာရီ 52 မိနစ် 41 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
“လောကမှာ ဆင်းရဲမှု့ထက် ကြီးမားတယ့် ကျိန်စာ မရှိဘူး ႕႕႕ ႕႕႕ဆာလောင်မှု့ထက် ဆိုးရွားတယ့်ဝေဒနာ မရှိတော့ဘူး” ငယ်စဥ်က ငတ်ပြတ်ပြီး မိခင်ကြီးသေဆုံးမှု့ကို ခံစားလိုက်ရတယ့် ကောင်လေးတယောက့်႕႕ မိဘမဲ့ဘဝမှာ တွေ့ဆုံခဲ့ရတာ ဒုစရိုက်သမားတယောက့်႕ အသိပညာ အတတ်ပညာဆိုတာမသိ တရားမှု့ မတရားမှု့ဆိုတာ မသိပဲ လောဘရဲ့ လမ်းစဥ်ကိုလိုက်ပြီး ဒုဇရိုက်သမားတယောက် ဖြစ်ခဲ့ရတယ်။ တရားဥပဒေကို ရှောင်ပြေးရင်း သူ့ဘဝမှာ တွယ်တာစရာမိန်းကလေးတယောက်နဲ့ဆုံတွေခဲ့တယ်။ အတိတ်ကို ခဝါချပြီး ဘဝအသစ်ထူထောင်ဖို့ ကြိုးစားလာတယ့် အချိန်မှာတော့ ႕႕႕ သူ့အတိတ်က သူ့ကို ခွင့်ပြုလေပါ့မလား ႕႕႕႕ ဘော်လီဝုဒ်ရဲ့ နမည်ကြီးမင်းသား အက်ရှေးကူမားရဲ့ အကောင်းဆုံး ဇာတ်ကားတကားကိုပြပါဆိုရင် jaanwar ကိုလည်းပြရပါလိမ့်မယ်။ တကယ့်အနှစ်ကို မှကြည့်ချင်ပါတယ်ဆိုတယ့် ပရိတ်သတ်တွေအတွက် သိပ်မညွှန်းတော့ဘူး ဒေါင်းသာကြည့်လိုက်ပေတော့႕႕
(#စာဖိုင် အခက်အခဲကြောင့် သီချင်းတွေနဲ့ တခန်းနှစ်ခန်းလောက် စာတန်းထိုးလိုအပ်သွားတာကို ကြိုတင်တောင်းပန်အပ်ပါသည်။)
(ဇာတ်လမ်းအညျွှန်းနဲ.ဘာသာပြန်သူကတော့ ကိုဇော်ထူးပဲဖြစ်ပါတယ်)
File Size : 1.2 GBQuality : Dvd Rip 720PRunning Time : 2hr 52minutesFormat : Mp4Genre : ActionEncoder : Thanhtike Zaw
Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများဒီလင့်မှာ loginအရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။Download Nulled Scripts and PluginsDownload Nulled Scripts and Plugins
Dhoom 3 (2013)
⭐IMDB: 5.4/10 (47 k Votes)
🎬 #Action #Bollywood #Crime #Thriller #Drama
🗓️ 2013 🎞️ Movie 📺 720p HD
🌎 #India #UnitedStates
⏰ 2 နာရီ 51 မိနစ် 02 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဇာတ်လမ်းအကျဉ်းကတော့…၁၉၉၀ ပြည့်နှစ်ကာလမှာ အိန္ဒိယလူမျိုး မျက်လှည့်ဆရာ Iqbal Haroon Khan ဟာ သူ့ရဲ့ ဆပ်ကပ်အဖွဲ့ မပြိုကွဲရေးအတွက် ရုန်းကန်နေရပါတယ်။ ဒီဆပ်ကပ် ဆက်လက်ရပ်တည်ဖို့အတွက် အနောက်ချီကာဂိုဘဏ်ကို မှီခိုနေရပါတယ်။ ဒါပေမယ့် ဘဏ်ပိုင်ရှင် Anderson ကတော့ ဒီဆပ်ကပ်ကို ပိတ်ပစ်ဖို့ပဲ ဖိအားပေးနေပါတယ်။ အထူးဖျော်ဖြေပွဲအဖြစ် Khan ဟာ Anderson ကို သူ့ရဲ့ အကောင်းဆုံး ပြကွက်တစ်ခုကို ပြသပြီး ဆပ်ကပ်အဖွဲ့ မဖျက်သိမ်းရဖို့ ကြိုးစားပါတယ်။ ဒါပေမယ့် ဒီဆပ်ကပ်အဖွဲ့ကို ပိတ်ပစ်ဖို့ပဲ တမင်လုပ်နေတဲ့ Anderson ဟာ ဘာကိုမှ အရေးမလုပ်တာမို့ Khan ဟာ ကိုယ့်ကိုယ်ကို သတ်သေသွားပါတယ်။ အဲဒီအဖြစ်အပျက်ကို ဖခင်နဲ့အတူ ဆပ်ကပ်ပြပြီး Anderson ဆီက အကူအညီ မျှော်လင့်နေရှာတဲ့ Sahir Khan ဟာ အစအဆုံး မြင်တွေ့လိုက်ရပါတယ်။Sahir Khan ဟာ လက်ရှိအချိန်မှာတော့ Great Indian Circus ကို ပြန်လည်ထူထောင် လည်ပတ်နေပါတယ်။ ဒီတစ်ခါ ကပြမယ့် ဆပ်ကပ်ပြပွဲအတွက် နတ်သမီးတစ်ပါးလို ကပြဖျော်ဖြေနိုင်မယ့် အကမယ်တစ်ဦး လိုအပ်နေပါတယ်။ အဲဒီအကမယ်အဖြစ် အရမ်းသွက်လက်တဲ့ မိန်းကလေးတစ်ယာက်ကို သူရှာဖွေတွေ့ရှိသွားပါတယ်။ တစ်ဖက်ကလည်း အနောက်ချီကာဂိုဘဏ်ကို ဖြိုခွဲနိုင်ဖို့ ကြိုးစားနေပါတယ်။ ဒါပေမယ့် သူကြိုးစားနေတာ ဥပဒေဘောင်ထဲကတော့ မဟုတ်ပါဘူး။ ဘဏ်ခွဲတွေကို ဖောက်ထွင်းပြီး မျက်လှည့်ဆန်ဆန် ပြကွက်တွေနဲ့ လွတ်အောင် ထွက်ပြေးရင်း လိုက်တမ်းပြေးတမ်း ကစားနေတာပါ။ သူ့ဖောက်ထွင်းပြီးတိုင်း သူတို့မိသားစုရဲ့ လက်ကိုင်ဆောင်ပုဒ်ကို ဟင်ဒီဘာသာနဲ့ ရေးထားခဲ့ပါတယ်။ ဒါကြောင့် ချီကာဂို ရဲတပ်ဖွဲ့ဟာ အိန္ဒိယနိုင်ငံက နာမည်ကျော် ရဲမှူး Jai Dixit နဲ့ သူ့ပါတနာ Ali ကို အကူအညီ တောင်းပါတယ်။ Jai Dixit ဟာ ချီကာဂို ရဲတပ်ဖွဲ့က ရဲမှူး Victoria နဲ့ သိကျွမ်းသူဖြစ်တာကြောင့် စုံစမ်းစစ်ဆေးရေးကို အခက်အခဲမရှိ ဆောင်ရွက်နိုင်ပေမယ့် တရားခံကတော့ စုံးစုံးမြုပ်နေပါတယ်။ဒါကြောင့် Jai ဟာ တရားခံရဲ့ စိတ်ကို ဆွတဲ့အနေနဲ့ ရုပ်မြင်သံကြားကနေ တရားခံကို နှိမ့်ချဝေဖန်လိုက်ပါတယ်။ မခံချင်ဖြစ်သွားတဲ့ Sahir ဟာ Jai မျက်စိရှေ့တင်ပဲ နောက်ထပ် ဘဏ်ခွဲတစ်ခုကို ထပ်မံ ဖောက်ထွင်းပြလိုက်ပါတယ်။ ဒါပေမယ့် ကံမကောင်းချင်တော့ Jai က Sahir ရဲ့ လက်ပြင်ကို သေနတ်နဲ့ ပစ်နိုင်ခဲ့ပါတယ်။ ဒီဒဏ်ရာနဲ့ Sahir ကို Jai က သူ့ရဲ့ မျက်လှည့်ပွဲမှာ ဝင်ဖမ်းတဲ့အခါ Sahir မှာ သေနတ်ဒဏ်ရာ လုံးဝမရှိတာကို တွေ့ရပါတယ်။ Sahir ရဲ့ အဆိုအရ သူ့အဖေ Khan ဟာ အကောင်းဆုံး လျှို့ဝှက်ချက်တစ်ခုနဲ့ ကမ္ဘာကြီးကို အံ့ဖွယ်ပြကွက် ပြသနိုင်ဖို့ ရည်ရွယ်ထားခဲ့တာပါ။ သူ့အဖေဆီက သူဆက်ခံခဲ့တဲ့ လျှို့ဝှက်ချက်ဆိုတာ ဘာဖြစ်မလဲ ….Aamir Khan က မျက်လှည့်ဆရာ Sahir အဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး အကမယ် Aaliya အဖြစ် Katrina Kaif က ပါဝင်သရုပ်ဆောင်ထားတယ့် Dhoom 3 ဟာ အရင် Dhoom ဇာတ်ကားတွေထက် ရိုက်ချက်တွေ ပိုမိုအသားပေး ရိုက်ကူးထားပြီး အလှအပနဲ့ အကခန်းတွေ၊ အတိုက်အခိုက်ခန်းတွေမှာ အကောင်းဆုံးဖြစ်အောင် ဖန်တီးထားတာ တွေ့ရပါတယ်။ Katrina Kaif ရဲ့ လှပတဲ့ ကကွက်တွေကို အတော်လေး အသေးစိတ် ရိုက်ကူးထားသလို ဆိုင်ကယ်စတန့်ပြကွက် မြောက်များစွာကို သေသေချာချာ ရိုက်ကူးတင်ဆက်ထားတာ တွေ့ရပါတယ်။ မထင်မှတ်တဲ့ ဇာတ်အိမ်၊ အကောင်းဆုံးရိုက်ချက်၊ အလှပဆုံးပြကွက်တွေနဲ့ ဖန်တီးထားပေမယ့် အိန္ဒိယသားတွေကို အသားပေးပြီး ချီကာဂိုရဲတွေရဲ့ ကဏ္ဍကို လျှော့ချလိုက်တဲ့အခါမှာ အလွန်အကျွံ ဖြစ်သွားတာလေး နည်းနည်းတော့ ရှိပါတယ်။ အရင်ဇာတ်ကားတွေထက် ဇာတ်လမ်းပိုင်း အားနည်းပြီး Sahir ရဲ့ ဇာတ်အိမ်က ပိုများနေတာကြောင့် Jai ရဲ့ စုံစမ်းထောက်လှမ်းမှုကို ချုံ့လိုက်ရသလိုဖြစ်ပြီး ဇာတ်အိမ်က လေးသွားပါတယ်။Jai Dixit အဖြစ် Abhishek Bachchan နဲ့ Ali အဖြစ် Uday Chopra တို့ ဆက်လက်ပါဝင်သရုပ်ဆောင်ထားပြီး IMDB မှာ Rating 6.4 ရရှိထားပါတယ်။ Rotten Tomatoes မှာလည်း Tomatometer 86% ရရှိထားပြီး Dhoom ဇာတ်ကားတွေရဲ့ ထုံးစံအတိုင်း အလှအပနဲ့ အကြမ်းပတမ်းကို အကောင်းမွန်ဆုံး ပေါင်းစပ်ထားတာကို တွေ့ရမှာပါ။ ဇာတ်လမ်းအဆုံးမှာ ပုံမှန်ပါလေ့ရှိတဲ့ Dhoom သီချင်းကို Katrina Kaif ရဲ့ အကအလှနဲ့ တွဲဖက်ပြီး ခံစားကြည့်ရှုကြပါဦး။ Hollinaz(mmmovieguide.com မှကူးယူဖော်ပြသည်)
Dhoom 2 (2006)
⭐IMDB: 6.5/10 (28 k Votes)
🎬 #Action #Bollywood #Crime #Thriller
🗓️ 2006 🎞️ Movie 📺 720p HD
🌎 #India #SouthAfrica #Brazil
⏰ 2 နာရီ 31 မိနစ် 50 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
မကြည့်ဖူးတဲ့သူမရှိလောက်အောင်နာမည်ကြီးခဲ့တဲ့ဘောလိဝုဒ်ဇာတ်ကားတစ်ကားပါ။လက်ပွားမင်းသားရဲ့အကောင်းဆုံးဇာတ်ကားတစ်ကားလို့လည်းပြောလို့ရပါတယ်။ဒီဇာတ်ကားထဲမှာတော့ လက်ပွားမင်းသားဟာ Professional သူခိုးတစ်ယောက်ရဲ့ကာရိုက်တာကိုပီပြင်စွာသရုပ်ဆောင်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ Dhoomကားရဲ့အဓိကဇာတ်ကောင်တွေဖြစ်တဲ့ ACP Jay Dixit နဲ့ Ali တို့ရဲ့နေရာကို Abishek Bachan နဲ့ Uday chopraတို့ကသရုပ်ဆောင်ထားပါတယ်။မယ်ကမ႓ာဆုရထားတဲ့မင်းသမီးချော Aishwarya Rai ကလည်း နှစ်ဖက်ချွန်တစ်ယောက်အဖြစ်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားတစ်ခုလုံးကို ထိန်းသွားတာကတော့ လက်ပွားမင်းသား Hrithik Roshanပါပဲ။ Aryanရဲ့ဇာတ်ကောင်နေရာကနေ ရုပ်ပြောင်းရုပ်လွှဲတွေကိုတစ်ဝကြီးကြည့်ရှုခံစားရမှာပါ။အယောက်၁၀၀မှာ၉၀လောက်ကြည့်ပြီးသားဖြစ်တဲ့ဇာတ်ကားလေးမို့ review ကိုအတိုချုံ့ပဲရေးပေးလိုက်ပါတယ်
File size…(1.4GB)Quality…BR-Ray 720pFormat…mp4Duration….02:32:08Subtitle….Myanmar Subtitle (Hardsub)Encoder….Thanhtike Zaw
Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများဒီလင့်မှာ loginအရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။Download Nulled Scripts and PluginsDownload Nulled Scripts and Plugins
Dhoom (2004)
⭐IMDB: 6.6/10 (21 k Votes)
🎬 #Action #Adventure #Bollywood #Crime #Drama #Thriller
🗓️ 2004 🎞️ Movie 📺 720p HD
🌎 #India
⏰ 2 နာရီ 09 မိနစ် 13 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Dhoom ကားတွေရဲ့ပထမဆုံးကားလေးပါ။ ဆိုင်ကယ်တွေနဲ့အုပ်စုလိုက် ဓါးပြတိုက်နေတဲ့ ဓါးပြအဖွဲ့တစ်ဖွဲ့ကို လိုက်လံဖမ်းစီးပုံကို ရိုက်ပြထားတာပါ။ ဒီဇာတ်ကားလေးထဲမှာ ACP Jay Dixit နဲ့ Ali တို့ဘယ်လိုစတွေ့ခဲ့တယ်ဆိုတာပါသိရမှာဖြစ်ပါတယ်။အမြဲချိန်ပါဖြစ်နေတဲ့ Ali ရဲ့ဘဝကို သနားစဖွယ်တွေ့ရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာပါတဲ့ဓါးပြအဖွဲ့ရဲ့ခေါင်းဆောင်ကတော့ အခု အိန္ဒိယမှာ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်နေတဲ့ မင်းသား john abraham ဖြစ်ပါတယ်။ Dhoom 2 နဲ့ 3လောက်မကောင်းပေမယ့်လည်း ယှဉ်ကြည့်လို့ရတဲ့ကားလေးတစ်ကားပါ။
D-Day (2013)
⭐IMDB: 7.2/10 (10 k Votes)
🎬 #Action #Bollywood #Thriller
🗓️ 2013 🎞️ Movie 📺 720p HD
🌎 #TrinidadandTobago #India
⏰ 2 နာရီ 31 မိနစ် 56 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ကဲ ဒီတစ်ခါတော့ ခရစ္စမတ်ပိတ်ရက်အတွက် ခပ်ကြမ်းကြမ်း
ဘောလိဝုဒ် ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်
ဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသား မင်းသမီးတွေက
ဘောလိဝုဒ်ကားကြိုက် ပရိတ်သတ်တွေနဲ့ မစိမ်းတဲ့
နာမည်ကြီးမင်းသားမင်းသမီးတွေဆိုတော့
ဇာတ်လမ်းကိုကောင်းမကောင်းတော့ မညွန်းတော့ပါဘူး
ဇာတ်လမ်း အကျဉ်းလေးကတော့
Wali Khan ဟာ ပါကစ္စတန်ကို အိန္ဒိယ အလိုအရှိဆုံးလူဆိုးကြီးကို
ဖမ်းဆီးဖို့ အတွက် အဖွဲ့နှင့်ဆက်သွယ်ဖို့စေလွတ်ခြင်းခံခဲ့ရပါတယ်
ပါကစ္စတန်မှာက စောင့်နေတဲ့ အဖွဲ့မှာက တော့ ဒိတ်ဒိတ်ကြဲ လူဆိုးတွေပဲဖြစ်ပြီး
ဒီ ဒိတ်ဒိတ်ကြဲ လူဆိုးအဖွဲ့နဲ့ Wali Khan တယောက် ဘယ်လိုတွေများ ၂ပါးသွားကြမလဲ
ဂန္ဒဝင်လူဆိုးကြီးကိုကောဖမ်းဆီးနိုင်ပါ့မလားဆိုတာတွေကိုတော့
ကဲ ဆက်လက်ကြည့်ရှူလိုက်ကြပါတော့ဗျာ
Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများဒီလင့်မှာ loginအရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။Download Nulled Scripts and PluginsDownload Nulled Scripts and Plugins
Kyaa Kool Hain Hum 3 (2016)
⭐IMDB: 1.9/10 (4 k Votes)
🎬 #Adult #Bollywood #Comedy
🗓️ 2016 🎞️ Movie 📺 720p HD
🌎 #India
⏰ 2 နာရီ 00 မိနစ် 06 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဖခင်ဖြစ်သူကအိမ်ပေါ်ကနှင်ချလိုက်တဲ့ Kanhaiya နဲ့ရော့ကီတို့
သူငယ်ချင်း၂ယောက် ထိုင်းကိုရောက်လာကြျပြီး
ထိုင်းမှာအခက်အခဲတွေ့နေတဲ့အချိန်hai
Porn ကားရိုက်ဖို့ကမ်းလှမ်းတဲ့အခါ
သူတို့၂ယောက်လက်ခံလိုက်ကြပါတယ်။
ဘောလီးဝုဒ် နာမည်ကြီးကားတွေကို 18+version
ပြန်ရိုက်ပြီးအောင်မြင်စပြုလာပါတယ်။အဲ့အချိန်မှာ
Kanhai တစ်ယောက် သူ့အလုပ်အကိုင်ကိုမသိ
တဲ့ကောင်မလေးတစ်ယောက်နဲ့ ချစ်မိလေသောအခါ
ဘယ်လိုတွေများဆက်ဖြကြမလဲ Porn Actor တယောက်ကိုကော
သဘောထာကြီကြီးနဲ့ ချစ်နိုင်ပါ့ မလားဆိုတာ ကို ပရိတ်သကြီးက ဆက်လက်
ခံစာၾကည့္ရွဴ ရမွာပါ
Akira (2016)
⭐IMDB: 5.9/10 (4 k Votes)
🎬 #Action #Bollywood #Crime #Drama #Thriller
🗓️ 2016 🎞️ Movie 📺 720p HD
🌎 #India
⏰ 2 နာရီ 11 မိနစ် 52 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ကဲဒီတစ်ခါတော့ ခပ်ကြမ်းကြမ်း အက်ရှင် ဘောလိ၀ု သဲထိပ်
ရင္ဖိုဇာတ္ကားတစ္ကားနဲ႕
မိတ်ဆက်ပေးလိုက်ပါအုံးမယ်
ဇာတ်ကားလေးကတော့
IMDb Rating 6 ထိရရှိထားပြီးတော့
ဇာတ်ကားလေးထဲမှာ
ACTION/CRIME/DRAMA/THRILL စတဲ့
ရသပေါင်းစုံကို တကားထဲနဲ့ ခံစား
ရမှာဖြစ်ပါတယ် ဇာတ်လမ်း အကျဥ်းလေးကတော့
အကီရာ ဟာ အိနိၵယ နိုင်ငံမြို့ငယ်လေးတစ်မြို့မှာ
နေထိုင်ပြီး ငယ်စဥ်ကတညး္က ဖခင်ရဲ့ သင်ကြားမှုကြောင့်
မဟုတ္မခံစိတ္ရွိသူတစ္ေယာက္ပါ
အသက်၁၄ နှစ်အရွယ်မှာ မတော်တဆ အမှုအခင်းတစ်ခုဖြစ်ပွားမှုကို
မြင်တွေ့မိခဲ့ပြီး
မိခင်ဖြစ်သူမှာ သမီးဖြစ်သူ ရဲ့ ပညာရေးအတွက်
မွမ်ဘ်ုိင်းမြို့ပေါ်သို့ ပြောင်းရွေ့နေထိုင်ခဲ့ပြီး
ကောလိပ်တက်နေရာမှ တစ်နေ့မှာ ကောလိပ်က
အမည်မသိ ကျောင်းသားရဲ့ ခြိမ်းခြောက် မှုကိုခံရရာမှ
မဟုတ်မခံစိတ်ရှိသူ အကီရာတယောက် မှုခင်းတစ်ခုအတွင်းမှာ ပါ၀င်နေခဲ့မိရာမှ
ဘယ်လိုတွေများဆက်ဖြစ်ကြမလဲဆိုတာကို ပရိတ်သတ်ကြီးကပဲ
ဆက်လက်ကြည့်ရှူလိုက်ပါတော့ဗျာ
Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများဒီလင့်မှာ loginအရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။Download Nulled Scripts and PluginsDownload Nulled Scripts and Plugins
Main Tera Hero (2014)
⭐IMDB: 5.1/10 (9 k Votes)
🎬 #Action #Bollywood #Comedy #Romance
🗓️ 2014 🎞️ Movie 📺 1080p FHD
🌎 #India
⏰ 2 နာရီ 07 မိနစ် 20 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
မင်းသား Varun Dhawan နဲ့ မင်းသမီး Ileana D’Cruz , Nargis Fakhri တို့အဓိကပါဝင်ထားပြီး မင်းသားကြီး Salman Khan တို့နဲ့လဲ အားဖြည့်ထားတဲ့ Action, Comedy, Romance အမျိုးအစား Bollywood ဇာတ်ကားပါ။
ဇာတ်လမ်းကတော့…….
Sreenath Prasad (ခေါ်) Seenu ဟာ Ooty တစ်ဝိုက်မှာတော့လူဆိုးလေးအဖြစ်နာမည်အကြီးဆုံးလူပေါ့။ သူဟာ ဘန်ဂလောကောလိပ်မှာ ပညာဆက်သင်ဖို့အတွက် Ooty ကောလိပ်ကနေထွက်လာခဲ့တယ်။ ဒီရောက်တော့ Sunaina နဲ့ ချစ်သူဖြစ်သွားရော။ဒါပေမယ့် Sunaina ဟာ ဒေသခံရဲအရာရှိဖြစ်သူ Angad(တကယ်တော့ သူက ကြောက်စရာပိုကောင်းတဲ့ ဂိုဏ်းစတားကြီး)နဲ့လက်ထပ်ရဖို့ စီစဉ်ထားပြီးသား။ Seenu မှာ Ayesha ဆိုတဲ့ အသွင်နဲ့ချစ်သူနောက်တစ်ယောက်ရှိသေးပေမယ့် သူကိုယ်တိုင်တောင် သတိမထားမိခဲ့ပါဘူး။ တစ်ခါက သူ့သူငယ်ချင်းတွေကို ကယ်လိုက်ကတည်းကAyesha ဟာ သူ့အတွက်ပြီးပြည့်စုံတဲ့ေယောကျ်ားတစ်ယောက်တွေ့ပြီဆိုတာ ချက်ချင်းသိလိုက်တယ်။ Ayesha ရဲ့အဖေဟာ ဂိုဏ်းစတားကြီးတစ်ယောက်ဖြစ်တော့ Seenu ကို သူ့သမီးနဲ့ အတင်းအကျပ်လက်ထပ်စေဖို့အတွက် Suanaina ကို ပြန်ပေးဆွဲလိုက်တဲ့အခါ….။
(ရုပ်ရှင်အညွှန်းကို Yangon Life Myanmar’s FB Page မှကူးယူဖော်ပြပါသည်။)
Great Grand Masti (2016)
⭐IMDB: 3.7/10 (3 k Votes)
🎬 #Bollywood #Comedy #Drama #Fantasy #Horror
🗓️ 2016 🎞️ Movie 📺 720p HD
🌎 #India
⏰ 2 နာရီ 02 မိနစ် 11 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီ Bollywood ဇာတ်ကားကတော့ အပျော်ကြည့်ရန်သက်သက်ရိုက်ကူးထားပါတယ်။Comedy…Sex Comedy ..Horror ပုံစံမျိုးဖြစ်ပြီး ယခင် Grand Masti (2013) ရဲ့အဆက်အနေနဲ့တင်ဆက်ထားတာပါ။
Grand Masti (2013) မြန်မာစာတန်းထိုးကို မကြည့်ဖူးသေးရင်https://channelmyanmar.org/grand-masti-2013/မှာသွားကြည့်လို့ရပါတယ်။
မင်းသမီး Urvashi Rautela နဲ့ မင်းသား (၃)ယောက် Riteish Deshmukh..Vivek Oberoi..Aftab Shivdasani တို့အဓိကပါဝင်သရုပ်ဆောင်ထားပြီး ဘောလိဝုဒ်ရဲ့ အပျော်ဇာတ်ကားသပ်သပ်အဖြစ်ခံစားကြည့်ရှုနိုင်ပါတယ်။
——————————————————————–
ဒီ Bollywood ဇာတ်ကားကတော့ အပျော်ကြည့်ရန်သက်သက်ရိုက်ကူးထားပါတယ်။Comedy…Sex Comedy ..Horror ပုံစံမျိုးဖြစ်ပြီး ယခင် Grand Masti (2013) ရဲ့အဆက်အနေနဲ့တင်ဆက်ထားတာပါ။
Grand Masti (2013) မြန်မာစာတန်းထိုးကို မကြည့်ဖူးသေးရင်https://channelmyanmar.org/grand-masti-2013/မှာသွားကြည့်လို့ရပါတယ်။
မင်းသမီး Urvashi Rautela နဲ့ မင်းသား (၃)ယောက် Riteish Deshmukh..Vivek Oberoi..Aftab Shivdasani တို့အဓိကပါဝင်သရုပ်ဆောင်ထားပြီး ဘောလိဝုဒ်ရဲ့ အပျော်ဇာတ်ကားသပ်သပ်အဖြစ်ခံစားကြည့်ရှုနိုင်ပါတယ်။
Mohabbatein (2000)
⭐IMDB: 7.0/10 (31 k Votes)
🎬 #Bollywood #Drama #Musical #Romance
🗓️ 2000 🎞️ Movie 📺 720p HD
🌎 #India
⏰ 3 နာရီ 35 မိနစ် 42 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီဇာတ်ကားလေးကတော့ ၂၀၀၀ ပြည့််နှစ်အတွင်းမှာ ခေတ်စားခဲ့တဲ့ ဟင်ဒီဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။
ဒီဇာတ်ကားလေးကို မြန်မာလို့ပြောရရင်တော့ “အချစ်လို့ခေါ်သလား” ပေါ့
ဒီဇာတ်ကားမှာ အဓိကသရုပ်ဆောင်အဖြစ် မင်းသားကြီး အမီတာချ် ဘချမ်း နဲ့ ရှရွတ်ခမ်း တို့ကသရုပ်ဆောင်ထားကြပါတယ်။
ဇာတ်လမ်းကတော့ အရမ်းကိုစည်းကမ်းကြီးပြီး သူ့ရဲ့ကျောင်းမှာ ကျောင်းသူကျောင်းသားအချင်းချင်း မချစ်ရမကြိုက်ရ
ရိုမန့်တစ်ဆန်ခြင်းတွေကို မလုပ်ရဆိုပြီး တားမြစ်ထားတဲ့ ကျောင်းအုပ်ကြီး၊ သူ့ရဲ့သမီးဖြစ်သူနဲ့ ကောင်လေးတစ်ယောက်ချစ်ကြိုက်မိသွားရာမှ ……
သူတို့နှစ်ဦးကို မကွဲကွဲအောင်ခွဲ၊ တားမြစ်ကြပြီး ပြဿနာတွေဖြစ်ခဲ့တဲ့အခါ ကျောင်းအုပ်ကြီးရဲ့သမီးလေးအသက်ပါအစစ်ပါသွားခဲ့ရလေပါတယ်။
နှစ်အနည်းငယ်ကြာပြီးတဲ့နောက်မှာတော့ ကောင်လေးက လက်စားချေဖို့ ဂီတဆရာအဖြစ်နဲ့ ကျောင်းကိုပြန်လည်ရောက်ရှိလာတဲ့အခါမှာ….
စည်းကမ်းအရမ်းကြီးတဲ့ ကျောင်းအုပ်ကြီးရဲ့ အတ္တများနဲ့ အချစ်ကိုအပြည့်အဝယုံကြည်ပြီး ချစ်တတ်တဲ့လူငယ်တစ်ယောက်ရဲ့ အားပြိုင်မှုတို့ကို ဇာတ်လမ်းလေးထဲမှ
ာပဲ ဘယ်သူကအလေးသာမလဲဆိုတာကို ကြည့်ရှုလိုက်ကြပါစို့ ……။
(ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်သူကတော့ Iker Zawပဲ ဖြစ်ပါတယ်)
Kites (2010)
⭐IMDB: 6.0/10 (13 k Votes)
🎬 #Action #Bollywood #Drama #Romance #Thriller
🗓️ 2010 🎞️ Movie 📺 720p HD
🌎 #India #UnitedStates
⏰ 2 နာရီ 02 မိနစ် 56 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
လက်ပွားမင်းသား Hrithik Roshan နဲ့ မက်ဆီကန် ဥရုဂွေးမင်းသမီးBarbara Moriတို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့
Action,Drama,Romanceအမ်ိဳးအစား Bollywood ဇာတ္ကားပါ။
IMDb Rating (6.1) နဲ့ Rotten Tomatoes (80%) ထိရရှိထားပါတယ်။
ဒီဇာတ်ကားကို စကားတစ်ခွန်းနဲ့ပဲ ညွှန်းခဲ့ပါရစေ။
“ချစ်ခြင်းဟာ ရူးသွပ်ဖို့ လုံလောက်လွန်းပါတယ်”
Rustom (2016)
⭐IMDB: 7.0/10 (27 k Votes)
🎬 #Bollywood #Crime #Thriller #Drama
🗓️ 2016 🎞️ Movie 📺 720p HD
🌎 #India
⏰ 2 နာရီ 23 မိနစ် 11 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ကဲဗျာ ဒီတခေါက်တော့ အလန်းစား Bollywood တကားကိုတင်ပေးလိုက်ပါတယ်ဗျာ
ဇာတ်ကားလေးက တော့ တော်တော်စိတ်၀င်စားဖို့ကောငး္တဲ့ကားလေးပါ
ရပ်စတန်ဆိုတဲ့ ရေတပ်ဗိုလ်အရာရှိဟာ တာ၀န်ပြီးလို့ အိမ်ကိုပြန်လာရာမှာ
မထင်မှတ်ပဲ သူ့မိန်းမ နဲ့ သူငယ်ချင်းဖြစ်သူ ရဲ့ စာပေးစာယူ တွေကို
လက်ပူးလက်ကြပ်မိရာမှ သူ့မိန်းမရဲ့ အပြင် လူကို မထင်မှတ်ပဲ
လက်လွန်ပြီးသက်မိသွားခဲ့ရာမှ
ကိုယ်တိုင် ရဲစခန်းမှာ သွားရောက်၀င်ခံ အဖမ်းခံခဲ့ပါတယ်
သူ ကိုယ္တိုင္သတ္ခဲ့မိတာလား
ဒါမွ မဟုတ္တျခားတေယာက္က သတ္ခဲ့တာကိုမ်ား ၾကားထဲက
၀င်ရောက် အဖမ်းခံရတာလား
ဒါတွေရဲ့ နောက်ကွယ်မှာ မထင်မှတ်ထားတဲ့
လှည့်ကွက်ကြီးရှိနေသောအခါမှာတော့ …………………
(ဘာသာပြန်သူကတော့ သာရစ် အယ်လ် ၀ါကာဖြစ်ပါတယ်)
Traffic (2016)
⭐IMDB: 6.7/10 (3 k Votes)
🎬 #Bollywood #Thriller #Drama #Adventure
🗓️ 2016 🎞️ Movie 📺 720p HD
🌎 #India
⏰ 1 နာရီ 44 မိနစ် 27 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီနှစ်မှထွက်တဲ့ ဘောလိဝုဒ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေဒီကားထဲမှာတော့ ပရိတ်သတ်တွေသိလောက်တဲ့ တော်တော်ကြီးကို ရင်နှီးနေမယ့် မင်းသား မင်းသမီးတွေပါဝင်ထားပါတယ်ဒီကားက တကယ်တော့ ချင်းနိုင်မှာဖြစ်ပျက်ခဲ့တဲ့ အိန္ဒိယတစ်နိုင်ငံလုံးကို တုန်လှုပ်ခြောက်ချားသွားစေခဲ့တဲ့ အဖြစ်အပျက်တစ်ခုကို မှီငြမ်းရိုက်ထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ပါ
ဇာတ်လမ်းအကျဥ်းကတော့ ရှင်းပါတယ်နာမည်ကြီးစူပါစတားတစ်ယောက်ရဲ့ သမီးလေး နှလုံးရောဂာဖြစ်လို့ ခွဲစိတ်ကုသရတော့မယ့် အချိန် နှလုံးအစားထိုးဖို့ရှာနေတဲ့အချိန်သူနဲ့ကိုက်တဲ့နှလုံးရလာတော့ အချိန်ကလည်းကပ်နေပြ ဘယ်လိုမှပို့ပေးလို့မရတဲ့အချိန်မှာတစ်နာရီကို ၁၂၀ကီလိုနှုန်းနဲ့ ကမာၻပေါ်မှာ အရှုပ်ဆုံးလမ်းတွေထဲတစ်ခုဖြစ်တဲ့ မွန်ဘိုင်းလမ်းတွေပေါ်မှာ မောင်းရဖို့ ကြုံလာတော့အခါ…
ဇာတ်လမ်းကတော့ ဒီလောက်ပါပဲ ဒါပေမယ့် ဒီကားကပေးသွားတဲ့ အတွေးလိႈင်းဂယက်တွေကိုတော့ ချုပ်ထိန်းလို့မရစေရဘူးလို့ အာမခံနိုင်ပါတယ်တွေးစရာတွေ plot တွေ အများကြီးချန်သွားခဲ့တဲ့ ကားကောင်းတစ်ကားပါလို့…
(ဇာတ်လမ်းအညွန်းကိုတော့ ရဲခန်.မင်းမှ ရေးပေးထားတာဖြစ်ပါတယ်)
Blue (2009)
⭐IMDB: 3.7/10 (5 k Votes)
🎬 #Action #Adventure #Bollywood #Thriller #Mystery
🗓️ 2009 🎞️ Movie 📺 720p HD
🌎 #India
⏰ 1 နာရီ 56 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီဇာတ်ကားက ၂၀၀၅ ခုနှစ်ကထွက်ခဲ့တဲ့ Paul Walker နဲ့ Jessica Alba တို့ပါဝင်သရုပ်ဆောင်ပြီး နာမည်ကြီးခဲ့တဲ့
Into The Blue ဇာတ်ကားကို အခြေခံလို့ ပြန်လည်ရိုက်ကူးထားတဲ့ ဘောလိဝုဒ်ဇာတ်ကားဖြစ်ပါတယ်။
ဟောလိဝုဒ်ဇာတ်ကားလိုပဲ ဘောလိဝုဒ်ဇာတ်ကားကိုလဲ ဒိတ်ဒိတ်ကြဲမင်းသား မင်းသမီးတွေနဲ့ ရိုက်ကူးခဲ့တာပါ။
မင်းသား Akshay Kumar …Sanjay Dutt …မင်းသမီး Katrina Kaif….Lara Dutta တို့ပါဝင်ထားပါတယ်။
အက အလှ ဇာတ်လမ်းလှည့်ကွက်တွေနဲ့ ဘောလိဝုဒ်ပရိတ်သတ်တွေအကြိုက်တွေ့လောက်မှာပါ။
Sultan (2016)
⭐IMDB: 7.0/10 (48 k Votes)
🎬 #Action #Bollywood #Drama #Sport
🗓️ 2016 🎞️ Movie 📺 720p HD
🌎 #India
⏰ 2 နာရီ 49 မိနစ် 27 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
နပန်းဆိုတာ အားကစားမဟုတ်ပါဘူး
ရဲရင့်တဲ့ လူ၂ယောက်ကြားက တိုက်ပွဲ
အဲ့တာ ကျွန်တော်ပြောတာ မဟုတ်ဘူးနော်
စူလ်တန်က ပြောခဲ့တာ
ကဲဗျာ ပရိတ်သတ်ကြီးအတွက် ၂၀၁၆ ထွက်
မင်းသားကြီးဆလမန်ခန်းရဲ့ကားသစ်တကားကို
ထပ်ပြီးတင်ပေးလိုက်ပါတယ်
အလယ်အလတ်ပိုင်းအရွယ်ရှိတဲ့ နပန်းချန်ပီယံတစ်ယောက် Olympic မှာ India ကိုယ်စားပြုဝင်ပြိုင်ပြီး လက်ဝှေ့လောကကို ပြန်လာဖို့ ကြိုးပမ်းတဲ့အကြောင်းဖြစ်ပါတယ်။တစ်ချိန်က ပြိုင်စံရှား အောင်မြင်ကျော်ကြားလှတဲ့ နပန်းသမားကြီး Sultan ခုတော့ အကြောင်းအမျိုးမျိုးကြောင့် အရှုံးသမားဖြစ်နေရာက ဆုံးရှုံးသွားသမျှကို ပြန်ယူဖို့အတွက် ကြိုးဝိုင်းအတွင်းကို ပြန်ဝင်ဖို့ဖြစ်လာပါတော့တယ်။ဒီကားကို စသိမိတာကတော့ ထုံးစံအတိုင်း ရုပ်ရှင်ရုံမှာပြတဲ့ trailer ကြောင့်ပေါ့။ ပုံစံကမဆိုးဘူး၊ ရိုက်ချက်လေးတွေ မိုက်တယ်၊ တအားကြီးမကောင်းတောင် ထူးထူးခြားခြားနဲ့ အပန်းပြေနိုင်တယ် ကြည့်ဦးမှဆိုပြီးတော့ ဖြစ်ခဲ့တယ်ပေါ့ဗျ။ ဘယ်လိုကောင်းမယ် ဘာဖြစ်တယ်ညာဖြစ်တယ်မျိုး မှန်းထားတာမျိုးမရှိခဲ့ဘူး။ဇာတ်လမ်းပိုင်းမှာ Sultan ဟာ Southpaw နဲ့ နည်းနည်းလေးသွားဆင်တယ်။ ဇာတ်ဝင်ခန်းတချို့ ပြောသွားတဲ့ ပေးသွားတဲ့ message တချို့အရ နောက်လာမဲ့ Amir Khan ရဲ့ Dangal နဲ့လည်း နည်းနည်းဆင်တယ်။ သိပ်မဆိုင်ဘူးဆိုပေမဲ့ အမှတ်ရတာတစ်ခုက ဒီကားမကြည့်ခင်မှာပဲ ဘော်ဒါတစ်ယောက်နဲ့ ပြောဖြစ်ခဲ့တဲ့ အချစ်အကြောင်းပါ။ ပြောရရင် ကြားရရင် နည်းနည်းလေး ပေါတောတောနိုင်တယ်လို့ ထင်နိုင်ပေမဲ့ အချစ်ကြောင့် မဖြစ်နိုင်ဘူးဆိုတာတွေ ဖြစ်လာနိုင်တယ်ဆိုပြီးတော့ပါ။ ရုပ်ရှင်ထဲမှာတော့ ပေါတောတော ပေါ့ပျက်ပျက်နေနေတဲ့ Sultan တစ်ယောက် အချစ်ကြောင့် ဘဝတစ်ခုလုံး ဘာမှမဆိုင်အောင် ပြောင်းလဲပြီး အတက်တွေအကျတွေ အနိုင်တွေအရံႈးတွေဆိုတာတွေနဲ့ ဇာတ်လမ်းတစ်ပုဒ်လုံးဖြစ်ပေါ်လာခဲ့တယ်ပေါ့။Sultan ကိုတော်တော်လေးသဘောကျမိတဲ့ အချက်တစ်ခုက ရုပ်ရှင်ပြသချိန်ကို ရှည်ရှည်ယူပြီး ပေးချင်ပြောချင် ပြချင်တာတွေကို ဖြေးဖြေးနဲ့ မသိမသာလေးတွေ ထည့်ပေးလို့ပါ။ သူတို့ ရွာဓလေ့တွေ၊ လူ့စရိုက် လူ့သဘာဝ၊ မာနနဲ့ ဘဝ စတာတွေကို (ယှဥ်ပြောမိတာ ခွင့်လွှတ်) ကျွန်တော်တို့ ဗမာကားတွေလို ငါတို့ မြန်မာလူမျိုးဆိုတာ ဒီလို ဒါလိုရှိတယ်။ မိဘမေတ္တာဆိုတာ ဘယ်လိုမျိုးရှိတယ်၊ ငါတို့ရွာသားတွေက အရမ်းရိုးသားတာ ဘာညာ ဆိုတာမျိုး အတင်းကြီး မစားစားအောင် ကျွေးလွှတ်တာမျိုးမဟုတ်ဘဲ သက်သက်သာသာလေးတွေနဲ့ ပေးသွားပြောသွားတာလေးတွေကိုပါ။ရိုက်ချက်တွေမှာတော့ ထုံးစံအတိုင်း ကင်မရာမန်းတွေကတော့ စကေးရှယ်ပြထားပါတယ်။ အလင်းအမှောင်တွေဘာတွေ လိုတာပိုတာမရှိဘဲ လက်စွမ်းပြထားတယ်။ နောက်ခံတီးလုံးနဲ့ သီချင်းတွေကလည်း အင်မတန်ကောင်းတယ်။ သရုပ်ဆောင်တွေအကုန်လုံး တော်ကြသလို ဇာတ်လိုက် Salman Khan ကတော့ သူ့ရဲ့ ဘဝအတက်အကျ အနိမ့်အမြင့်တွေနဲ့လိုက်ပြီး အမူအရာမျိုးစုံ ပီပြင်အောင် သရုပ်ဆောင်ပြနိုင်ခဲ့တယ်။Sultan ရုပ်ရှင်ဟာ ပျော်စရာ၊ ကြည်နူးစရာ၊ ဝမ်းနည်းစရာ အစုံပေးနိုင်တဲ့ရုပ်ရှင်တစ်ကားပါ။ ကြည့်နေသူတွေက တခွီခွီနဲ့ ရယ်ရတဲ့အခိုက်၊ ပြုံးပြီးသဘောကျနေတဲ့အခိုက်၊ မျက်ရည်လေးစမ်းစမ်းနဲ့ မငိုအောင်ထိန်းရတဲ့အခိုက် မျိုးစုံဖြစ်မှာ သေချာတယ်။ ဇာတ်လမ်းက နည်းနည်းရှည်တာလေးနဲ့ Bollywood ကား ထုံးစံအတိုင်း မင်းသားကို အတင်း skill ပြထားတာ၊ theme song ကို ခနခန တောက်လျှောက်သုံးထားတာ ဆိုတဲ့ မပြောပလောက်တဲ့ ဟာလေးတွေကလွဲပြီး ကျန်တာ အကုန်သဘောကျမိပါတယ်။ ပညာလည်းပေးနိုင်တဲ့အပြင် သူတို့ Indian ရိုးရာ ဓလေ့၊ နောက် သူတို့ရဲ့ ရိုးရာ နပန်းကစားနည်းကို visual effect မပါ (ပါတယ်ဆိုရောက်လောက်တော့ရှိတာပေါ့)၊ ပေါက်ကွဲခန်း action တွေမပါဘဲ လူစိတ်ဝင်စားအောင် လုပ်ပြနိုင်တော့ စဥ်းစားရင်း အားမရဖြစ်မိတာ တွေးမိတာက ကျွန်တော်တို့ မြန်မာပြည်မှာလည်း နည်းပညာအခက်အခဲကြောင့် ဆိုတာကြီး ဘေးဖယ်ပြီး မြန်မာ့လက်ဝှေ့တို့ဘာတို့ကို ဒီကားလိုမျိုး ကမာၻကို ရိုက်ပြချပြနိုင်ရင်ကောင်းမယ်လို့ပေါ့။Bollywood ရုပ်ရှင်တစ်ကားဖြစ်ပြီး မင်းသား Salman Khan အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ Yash Raj Film မှ ထုတ်လုပ်ဖြန့်ချိတာဖြစ်ပါတယ်။
အညွှန်းကိုတော့ www.datshin.com မှကူးယူဖော်ပြပါတယ်
Sarbjit (2016)
⭐IMDB: 7.3/10 (5 k Votes)
🎬 #Bollywood #Drama #Biography
🗓️ 2016 🎞️ Movie 📺 720p HD
🌎 #India
⏰ 2 နာရီ 12 မိနစ် 04 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
မိန်းမဖြစ်သူနဲ့ စိ်တ်ကောက်ရာမှ သူငယ်ချင်းဖြစ်သူအဆွယ်ကောင်းမှုကြောင့် အိနိၵယ- ပါကစ္စတန် နယ်စပ်မျဥး္အနီးYour browser does not support the video tag.ညအချိန် အရက်မူးပြီး ပါကစ္စတန် နယ်စပ်မျဥ်းကိုဖြတ်ကျော်မိတဲ့လူငယ်လေးတယောက်အကျဥး္ထောင်အတွင်းမှာ မတရားစွပ်စွဲခံရမှုတွေနဲ့ငယ်ရွယ်မှုတွေကို တိုက်စားခံလိုက်ရသောအခါမှာညီမဖြစ်သူရဲ့ ကြိုးစားမှုကြောင့် လွတ်မြောက်ခွင့်ရလာမလားမိသားစုနဲ့ကော ပြန်လည် စုံတွေ့နိုင်ပါအုံးမလား ဆိုတာကိုပရိတ်သတ်ကြီးကပဲ ဆက်လက်ကြည့်ရှူလိုက်ပါအုံးဗျာမိုးလေးက အေးအေးနဲ့ ကုလားကားလေးဖွင့်ပြီးJasmin Tea လေးနဲ့ နပ်လိုက်ရရင်ကတော့ ဘာမှမလိုအပ်တော့ဘူးလို့ထင်ပါတယ်ဗျာဖြစ်ရပ်မှန်ပေါ် အခြေခံပြီးရိုက်ထားတာကြောင့် ပရိတ်သတ်ကြီးအနေနဲ့ကတော့ လက်လွှတ်မခံသင့်တဲ့ ကားတကားပါပဲYoteshin Linkကို Web Browserမှ ဒေါငျးမည့်သူများဒီလင့်မှာ loginအရငျဝငျထားပေးဖို့လိုအပျပါတယျ။Download Nulled Scripts and PluginsDownload Nulled Scripts and Plugins
