ဇာတ်ညွှန်းများ • FDMN
Yopiq kanal
Ma'lumot yo'q
Obunachilar
-524 soatlar
-47 kun
+730 kun
Postlar arxiv
A Mother's Nightmare (2012) ⭐IMDB: 5.8/10 (2 k Votes) 🎬 #Crime #Mystery #Thriller #TVMovie 🗓 2012 🎞 tv movie 🌎 #Canada #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 30 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 A Mother’s Nightmare (2012) “မိခင်သောက”IMDb – 5.8/10 ဒီကားကတော့ Flashမင်းသား ဂရန့်ဂတ်စတင်ရဲ့ The Flash ဇာတ်လမ်းတွဲ မရိုက်ခင်၂၀၁၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ teen thrillerရုပ်ရှင်ပါ။ဒီကားထဲမှာတော့ ကျွန်တော်တို့ရဲ့ အမြန်ကောင်က ခရစ်ဆိုတဲ့ စာတော်ပြီး ရိုးသားကြိုးစားတဲ့ လူလိမ္မာလေးပေါ့။ဒီလူလိမ္မာလေးက စော်ပစ်ကောင်လေးဖြစ်သွားလို့ ကြေကွဲလူငယ်လေး လုပ်နေတုန်းမှာပဲသူတို့ကျောင်းကို ဗန်နက်ဆာဆိုတဲ့ ရေလည်ဟော့တဲ့ ခပ်မိုက်မိုက် စော်လေးတစ်ဗွေပြောင်းလာပါတယ်။ပုံမှန်ဆို ခရစ်တို့လို လူရိုး စာဂျပိုးလေးတွေကို ဗန်နက်ဆာလို ခါးသေးရင်ချီ ခပ်ဟော့ဟော့ မိန်းမလှလေးကစာရင်းထဲတောင် ထည့်မှာမဟုတ်ပေမဲ့ ဗန်နက်ဆာကတော့ ခရစ်ကို ကြွေသွားပြီးရေလာမြောင်းပေးလုပ်ရင်းနဲ့ ခဏအတွင်းမှာပဲ တွဲဖြစ်ခဲ့ကြပါတယ်။လူလိမ္မာလေးဖြစ်ခဲ့တဲ့ ခရစ်တစ်ယောက် ဗန်နက်ဆာအတွက်နဲ့ အတန်းတွေပျက်၊ စာမေးပွဲတွေကျအမေဖြစ်သူကို ကလန်ကဆန်တွေလုပ်တတ်လာပြီး ဗန်နက်ဆာရဲ့ အစွဲအလန်းကြီးမှု လွှမ်းမိုးမှုတွေမှာ တဖြည်းဖြည်း ပိတ်မိလာပါတယ်။ဒီလိုနဲ့ ပျက်စီးစပြုလာတဲ့ခရစ်ဟာ သူသိထားတဲ့ ဗန်နက်ဆာရဲ့အကြောင်းတွေက အလိမ်အညာတွေဖြစ်ပြီးဗန်နက်ဆာရဲ့ အတိတ်က စိတ်ဒဏ်ရာတွေကို သိလာချိန်မှာတော့သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာတစ်မျိုးတစ်ဖုံ ပြောင်းလဲသွားရပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့aungmo3hanပဲ ဖြစ်ပါတယ်)...
Art of Love (2024) ⭐IMDB: 4.5/10 (1 k Votes) 🎬 #Drama #Romance #Action 🗓 2024 🎞 movie 🌎 #Turkey ⏰ 1 နာရီ 39 မိနစ် 41 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Art of Love (2024) Synopsis ပေါ့ပေါ့ပါးပါးရုပ်ရှင် ကြည့်ချင်သူများအတွက် Drama, Romance, Thriller ရုပ်ရှင်ကားကောင်းလေး တစ်ကား တင်ဆက်ပေးလိုက်ပါတယ်။တူရကီနိုင်ငံက ရိုက်ကူးထားပြီး Netflix ကနေ ဖြန့်ချီပေးထားပါတယ်။Netflix ကားတွေ ပေါချင်းတိုင်း ပေါနေတဲ့အချိန်မှာ ဥရောပနိုင်ငံတွေက ရိုက်တဲ့ ရုပ်ရှင်တွေကတော့ အဆင့်အတန်းတစ်ခုမှာ ရှိနေပါသေးတယ်။အခုဇာတ်ကားဟာလည်း ဇာတ်လမ်း၊ဇာတ်အိမ်မှာ အဆင့်တစ်ခုရှိပြီး ဥရောပနိုင်ငံတွေရဲ့ အလှအပတွေ၊ ရှုခင်းတွေကိုပါ တပါတည်း ခံစားရမှာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အာလင်းဟာ အင်တာပိုလ်ရဲ့ အနုညာမှုခင်းအဖွဲ့မှာ အလုပ်လုပ်နေတဲ့ ရဲအရာရှိတစ်ယောက်ပါ။ပြတိုက်တွေ၊ ပြခန်းတွေကနေ တန်ဖိုးအရမ်းမကြီးတဲ့ ပန်းချီကားတွေအခိုးခံရမှုကို လိုက်လံစုံစမ်းဖို့ တာဝန်ပေးခြင်းကို ခံရတဲ့သူပါ။ဒီလိုနဲ့ ပန်းချီကားအခိုးခံရမှုတွေကိုစုံစမ်းရင်း အရင်က အဆက်ဟောင်းဖြစ်တဲ့ ဂူနေးဆိုတဲ့ လုပ်ငန်းရှင်တစ်ယောက်နဲ့ ပြန်ဆုံပါတယ်။အာလင်းဟာ ပန်းချီကားတွေ အခိုးခံရမှုမှာ ဂူနေး ပါဝင်ပတ်သက်နေတယ်လို့ သံသယရှိနေပါတယ်။တကယ်ပဲ ဂူနေးက ပတ်သက်နေတာလားဆိုတာကို ရုပ်ရှင်ထဲမှာ ဆက်လက်ခံစားလိုက်ပါဦး။ အညွန်း နဲ့ ဘာသာပြန်ကတော့Leonard Linပဲ ဖြစ်ပါတယ်။...
Love Storiyaan (2024) ⭐TMDB: 30.0% User Score 🎬 #Documentary #Drama 🗓 2024 🎞 Series 🌎 #India ⏰ 32 မိနစ် 36 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Love Storiyaan (2024)Love Storiyaan (2024) “အချစ်ဆိုသည်မှာ…” IMDb – 7.7/10သံသရာဝဲဂယက်က မလွတ်ကင်းနိုင်သရွေ့ ဆုန်ချည်ဆန်ချည်ကူးခတ်ရင်း ကြုံတွေ့ကြရမှာက ချစ်ခြင်းမေတ္တာဆိုတဲ့ ပူလောင်ခြင်း အေးချမ်းခြင်းစတဲ့ အမျိုးမျိုးသော ခံစားမှုတွေကို ပေးစွမ်းတဲ့အရာကိုပါပဲ။ ဒီစီးရီးလေးမှာတော့ ချစ်ခြင်းမေတ္တာနဲ့ အရာရာကို အောင်နိုင်ပြီး ပျော်ရွှင်စရာအဆုံးသတ်လေးတွေ ကြုံတွေ့ခဲ့ရတဲ့ လက်တွေ့ဘ၀က ချစ်သူစုံတွဲတွေကို မှတ်တမ်းရုပ်ရှင်အနေနဲ့ ရိုက်ကူးတင်ဆက်ထားတာပါ။လက်တွေ့ဘ၀က လူတွေအကြောင်းကို ရိုက်ကူးတင်ဆက်ထားတာ ဖြစ်တဲ့အတွက် ဒီစီးရီးလေးကို ကြည့်နေရင်းနဲ့ ဒီနေရာလေးကတော့ ငါတို့ကြုံတွေ့ခဲ့ဖူးတဲ့ အခိုက်အတန့်လေးနဲ့ဆင်လိုက်တာ၊ ဒါလေးကငါတို့လက်ရှိရင်ဆိုင်နေရတဲ့ ပြဿနာလေးတွေလိုပဲလို့ မြင်တွေ့ခံစားကြရမဲ့အပြင် သူတို့တွေ ဘယ်လိုဖြတ်သန်းရင်ဆိုင်ကြလဲဆိုတာကိုပါ အတုယူလို့ ရစေမှာပါ။လက်တွေ့ဘ၀က မတူညီတဲ့ စုံတွဲခြောက်တွဲရဲ့ အချစ်ရေးကို အပိုင်းခြောက်ပိုင်းမှာ တစ်တွဲစီတင်ဆက်ပေးထားတာမို့ ခံစားကြည့်ရှုကြပါဦး ချစ်သောရုပ်ရှင်ချစ်ပရိသတ်တို့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ V~KKKZ~BpL~Yunni~Aditi~ToMoတို့ပဲဖြစ်ပါတယ်)...
No Strings Attached (2011) ⭐IMDB: 6.2/10 (243 k Votes) 🎬 #Comedy #Romance 🗓 2011 🎞 movie 🌎 #USA #UnitedStates #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 47 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မင်းသမီး နာတလီပေါ့တ်မန်းနဲ့ မင်းသား Ashton Kutcher တို့ရဲ့ Comedy, Romance အမျိုးအစားနာမည်ကြီးဇာတ်ကားဖြစ်ပါတယ်။အမျိုးသမီးတွေရဲ့ လိင်မှုကိစ္စနဲ့ပတ်သတ်ပြီး အတွေးအမြင်ပြောင်းလဲနိုင်တဲ့ဇာတ်ကားပါ။သာမန်အားဖြင့်တော့ အမျိုးသမီးနဲ့ လိင်မှုကိစ္စဟာ ပွင့်လင်းမှုအားနည်းတဲ့သဘောရှိပါတယ်။(အရှေ့တိုင်းယဉ်ကျေးမှုမှာတော့ ပိုမိုအားနည်းပါတယ်။)ဒီဇာတ်ကားမှာတော့ လိင်မှုကိစ္စကို ဦးဆောင်သူက အမျိုးသမီးလဲဖြစ်ချင်ဖြစ်မယ်…အမျိုးသားလဲဖြစ်ချင်ဖြစ်မယ်…ဒါ လူသားတွေရဲ့ သဘာဝပါလို့ မက်စေ့ပေးထားပါတယ်။ လိင်မှုကိစ္စနဲ့ အိမ်ထောင်ပြုခြင်းကို ခွဲခြားပြထားပါတယ်။ နာတလီပေါ့တ်မန်းနဲ့မင်းသားတို့က စိတ်ရဲ့စေရာအတိုင်း နေနေတဲ့ အတူနေသူငယ်ချင်း….(အတူနေချစ်သူမဟုတ်ပါ…)အဲ့လို Sex သက်သက်ဘဝထဲ Love ဝင်လာတဲ့အခါ……..။ နာတလီပေါ့တ်မန်းရဲ့သူငယ်ချင်းကောင်လေးက မင်းသားကိုပြောတဲ့စကားတစ်ခွန်းကလဲအတော်လေးရိုက်ခတ်နိုင်ပါတယ်…. သူပြောတဲ့ စကားက “မင်းကို သူမက လိင်ဆက်ဆံချင်ဆက်ဆံမယ်..ဒါပေမယ့်သူမက ငါနဲ့ပဲလက်ထပ်မှာပါ” တဲ့။လက်ထပ်ခြင်းနဲ့ လိင်ဆက်ဆံခြင်းကို သီးခြားဆီ ခွဲခြားရှုမြင်ထားသလို အဲ့လိုရှုမြင်ထားတာကိုလဲအနောက်တိုင်းလူနေမှုပုံစံမှာ လက်ခံထားတဲ့သဘောကိုပြသနေပါတယ်။ သုံးသပ်ချက်တွေကိုနားပြီး ဇာတ်လမ်းအကြောင်းပဲပြောရရင်တော့…… Sex နဲ့ Love မှာဘယ်ဟာတွေက အရေးကြီးပြီး ဘယ်ဟာတွေက ကိုယ့်အတွက်အရေးပါလဲဆိုတာပြသသွားတဲ့ အချစ်ဇာတ်ကားကောင်းလေးပါ။ကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ပါ။...
A Unique Movie (2017) ⭐IMDB: 4.5/10 (9 Votes) 🎬 #Adult #Drama #Comedy #Romance 🗓 2017 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 23 မိနစ် 39 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ************************ဇာတ်လမ်းလေး၃ပုဒ်ပါဝင်တဲ့ဒီဇာတ်ကားမှာဆိုရင်အိမ်ထောင်ရေးအဆင်မပြေ အေးစက်နေတဲ့မိန်းမနဲ့ပြန်အဆင်ပြေအောင်အပန်းဖြေခရီးထွက်ကြရင်း အစ်ကိုကြီးတစ်ယောက်နဲ့ မိန်းမချင်း လဲစားကြပါတော့တယ်ကျန်တဲ့ဇာတ်လမ်းလေး၂ပုဒ်လည်း ဘယ်လိုတွေလာဦးမလဲ ကြည့်ရှုလိုက်ပါဦးနော်BDSM တွေ လိင်တူ sex တွေလည်းပါတာမို့ တစ်ကားတည်း အရသာစုံခံစားရမှာပဲဖြစ်ပါတယ်...
The Big Short (2015) ⭐IMDB: 7.8/10 (482 k Votes) 🎬 #Biography #Comedy #Drama #History 🗓 2015 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 10 မိနစ် 16 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Big Short (2015) Won 1 Oscar… Another 37 wins & 80 nomination IMDb….7.8/10_____Rotten….88% The Big Short စကားဦးသန်းချင်တာကတော့ရုပ်ရှင်တစ်ကားကို ချဉ်းကပ်တဲ့အခါအပျင်းပြေကျော်ကြည့်ချင်ရုံသက်သက်ဆိုဒီရုပ်ရှင်ကို လက်ရှောင်သင့်ပါတယ်။ဘာတစ်ခုမှနားလည်လိုက်မှာ မဟုတ်ပါဘူး။The Wolf of Wall Streetတို့Moneyballတို့လိုကားတွေကြိုက်တယ်ဆိုရင်တော့ဒီကားက ခင်ဗျားအတွက်ပါပဲ။ ဒီရုပ်ရှင်ကို Brad Pittရဲ့ Plan B Productionကထုတ်ထားပြီး Brad Pittကိုယ်တိုင်ပါတဲ့အပြင်Christiain Bale, Steve Carell,Ryan Glosingတို့ရဲ့မှော်ဝင်မှုတွေလည်း ခမ်းနားပါတယ်။Margot Robbieနဲ့ Selena Gomezတို့လည်းဧည့်သည်သရုပ်ဆောင်အဖြစ်ပါပါတယ်။Best adapted Screenplay awardနဲ့အော်စကာရခဲ့ပြီးBaleရဲ့ Best supporting Acotrအပါအဝင်ဆန်ခါတင်လေးဆုဝင်ထားပါတယ်။2010မှာထွက်ခဲ့တဲ့ The Big Shortဆိုတဲ့စာအုပ်ကို ရိုက်ထားတာပါ။ 2008တုန်းက Financial Crisisဘဏ္ဍာရေးပျက်ကပ်တစ်ခု ဖြစ်ခဲ့တယ်။အမေရိကန်သမိုင်းမှာ ဒီ့ထက်ကြီးတာဆိုလို့၁၉၃၀က Great Depression စီးပွားပျက်ကပ်ပဲကျန်ပါတယ်။ကျောက်တုံးကို တူနဲ့ထုခွဲရင် ကျောက်တုံးကွဲတာနောက်ဆုံးထုချက်ကြောင့်သက်သက်မဟုတ်ပါဘူး။အရှေ့က အားစိုက်မှုတွေပါပါတယ်။ဒီဖြစ်ရပ်က၂၀၀၈မှာ ဖြစ်ခဲ့တယ်ဆိုပေမယ့် ဘယ်အဖြစ်အပျက်ကမှဝုန်းခနဲကျကွဲသွားမတတ်ပါဘူး။ ၂၀၀၅ကတည်းကဘွန်းတွေရဲ့ ယိုယွင်းမှု အခြေအနေကို ဆရာဝန်လောကကအနားယူပြီး စီးပွားရေးလောက ရောက်နေတဲ့ဒေါက်တာ ဘာရီ(Blae)က သတိထားမိပြီးပြောပြခဲ့ပါတယ်။ရုပ်ရှင်ရဲ့ အစမှာ ပြောထားတဲ့ စကားလေးလိုပါပဲကျွန်တော်တို့ကို အကျပ်အတည်းရိုက်စေတာကကျွန်တော်တို့ မသိတဲ့အရာတွေမဟုတ်ပါဘူး။ကျွန်တော်တို့ သိတယ်ထင်ပြီး မပြောင်းလဲဘူးထင်ထားတဲ့အရာတွေကပါ။အငြိမ်ဆုံးဈေးကွက်ဖြစ်တဲ့အိမ်ခြံမြေဈေးကွက်ကို ပျက်စီးမယ်ပြောတဲ့ဘာရီရဲ့ စကားကို ဘယ်သူမှ မယုံကြည်ခဲ့ကြပါဘူး။ဒီတော့ ဒေါက်တာ ဘာရီက သူ့ယုံကြည်ချက်အတိုင်းအိမ်အရောင်းအဝယ်ဈေးကွက်ကို ပြိုင်ပြီးအိမ်အရောင်းအဝယ်ဈေးကွက်ပျက်မယ့်ဘက်ကလောင်းလိုက်ပါတယ်။ မိုက်ကယ်ဘာရီစာတမ်းကို သိတဲ့ဂျရတ် ဗန်းနတ်(Ryan Glosing)ကနေဆက်စပ်မိရာက မတ်ဘန်း(Steve Carell)နဲ့ဘန် ရစ်ချက်(Brad Pitt)နဲ့ တက်သစ်စစတော့ကစားသမားလေးနှစ်ယောက်လည်းဒီအလောင်းအစားမှာ ပါလာပါတယ်။2008မှာတော့ Michael Burryမှန်သွားပြီးဘဏ္ဍာရေးပျက်ကပ် financial crisisဖြစ်ခဲ့တယ်။မတ်ဘန်းပြောတဲ့စကားနဲ့ပြောရမယ်ဆိုရင်ဒီအဖြစ်အပျက်မှာ သူတို့မှန်သွားတာဟာပျော်စရာမကောင်းလှပါဘူး။။ဘာလို့ဆိုလူရှစ်သန်းလောက်က အလုပ်လက်မဲ့ဖြစ်ခဲ့ကြပြီး၆သန်းလောက်က အိမ်ခြေရာမဲ့ဖြစ်ခဲ့ကြပါတယ်။ဒေါ်လာ ငါးထရီလီယမ်( သန်းတစ်သန်း)ဆုံးရှုံးသွားပါတယ်။ ငါးရဲ့နောက်မှာသုညဆယ့်နှစ်လုံး ရှိပါတယ်။ စတော့လောက ဘွန်းလောကဟာ အလျော်အစားကြီးပါတယ်။ဒါပေမယ့် တကယ်တမ်း နစ်နာမှုကြီးသူတွေကတော့ဘဏ်တွေရဲ့ ဘွန်းတွေနဲ့ တိုက်ရိုက်သွယ်ဝိုက်ချိတ်ဆက်မိနေကြသူတွေပါပဲ။ လူတိုင်းနီးပါး ငွေလိုချင်ကြပါတယ်။ရှိထိုက်တဲ့လောဘနဲ့ မရှိရင်တော့ ခင်ဗျားတို့အတွက်လမ်းဆုံးကြီးက ငုတ်တုတ်စောင့်နေပါတယ်။ ဒီရုပ်ရှင်မှာ ခင်ဗျားတို့ နားမလည်လောက်မယ့်Wall Streetအသုံးတွေပါပါတယ်။စိတ်မပူပါနဲ့ဒါရိုက်တာက Margot Robbieတို့Selena Gomezတို့လို စကီချောချောလေးတွေကိုအပြင်လောကက ပညာရှင်တွေနဲ့အတူတွဲFourth Wallချိုး ရှင်းပြပေးထားပါတယ်။ စာကြွင်းပြောရရင် လောလောလတ်လတ်မှာလည်းကိုရိုနာကြောင့် စတော့တွေထုတ်ရောင်းနေပြီးဒေါ်လာနဲ့ရွှေ အဝယ်များနေတဲ့အတွက်ထပ်ဖြစ်နိုင်ချေရှိတယ် ဆိုပါတယ်။ ( အညွှန်းနဲ့ဘာသာပြန်သူကတော့WiRa Aung ဖြစ်ပါတယ်...
Charlie Wilson's War (2007) ⭐TMDB: 65.0% User Score 🎬 #Biography #Comedy #Drama #History 🗓 2007 🎞 movie 🌎 #Germany #USA #UnitedStatesofAmerica ⏰ 1 နာရီ 42 မိနစ် 22 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 “ကျုပ်မှာ အတော်ဆိုးတဲ့အိမ်နီးချင်းလူကြီးတစ်ယောက်ရှိခဲ့ဖူးတယ်.. မစ္စတာချားတဲ့…ဒီလူကြီးက အိမ်နီးချင်းတွေရဲ့ခွေးတွေ သူ့ပန်းခင်းကို လာနှောင့်ယှက်တာကိုမနှစ်မြို့ဘူး…တစ်နေ့တော့ လမ်းမှာ အော်သံတစ်ခုကြားလိုက်ရတယ်…ကျုပ်ရဲ့ခွေးဟာ သွေးတွေနဲ့မချိမခံမဆန့်ခံစားရင် လူးလှိမ်နေတယ်…မစ္စတာချားဆိုတဲ့သူက ခွေးစာနဲ့ဖန်ပုလင်းအကြေတွေနဲ့ရောကြိတ်ပြီးကျွေးလိုက်လို့ပါ…သွေးတွေအန်ရင်း ကျုပ်ခွေးသေသွားတယ်…” “အဲ့ဒီတော့ရှင်ဘာပြန်လုပ်လိုက်လဲ” “သူ့က ရွေးကောက်ခံအာဏာပိုင်ဗျ…မြို့ကောင်စီရဲ့ဥက္ကဌ..(၂)နှစ်ပြည့်တိုင်း ပြန်ရွေးခံရင်သူပဲပြန်ရမှာမြေကြီးလက်ခတ်မလွဲပဲ…ရွေးကောက်ပွဲရက်ကြတော့ တစ်ခါမှမဲမပေးဖူးသေးတဲ့ လူမဲတွေဆီကျုပ်ကားမောင်းသွားလိုက်တယ်…ကျုပ်အသက်(၁၃)နှစ်အရွယ်ပေါ့..လူမဲတွေကို မဲပေးမဲ့နေရာထိကားမောင်းပို့တယ်..မဲပေးပြီးရင်အိမ်ပြန်ပို့ပေးတယ်” “မဲပေးဖို့ကားထဲက မထွက်ခင်သူတို့ကိုပြောတာတော့ရှိတယ်..ခင်ဗျားတို့ဆန္ဒကိုချုပ်ချယ်တာတော့မဟုတ်ဘူး..မစ္စတာချားကတော့ ကျုပ်ခွေးကိုရက်ရက်စက်စက်သတ်ခဲ့တာကိုတော့ ခင်ဗျားတို့သိသင့်တယ်လို့အကုန်လုံးကိုပြောခဲ့တယ်…အဲ့ဒီမှာ မစ္စတာချားကြီး (၁၄)မဲနဲ့ရှုံးသွားတယ်…” ဒီစကားကိုပြောနေတဲ့သူကတော့ အမေရိကန်လွှတ်တော်အမတ် ချာလီဝီလ်ဆင်ပင်ဖြစ်သည်..သူက ရုံးမှာတောင်မိန်းမလှတွေချည်းခန့်ထားသူ..အရက်ကို တစ်ဂွပ်ဂွပ်သောက်သည်..ရုံးချိန်တွင်းပါသောက်သည်..ပြောရရင်တစ်ချိန်လုံးသောက်နေတယ်လို့တောင်ပြောရမည်… ဇိမ်မယ်တွေနဲ့တောင်ပျော်ပါးတတ်တဲ့သူ..သို့ပေမယ့် သူဟာ အထက်ကပြောခဲ့သလိုပင် အဓိကပျော့ကွက်ဟာကွက်တွေကို ခလုတ်နှိပ်ရမှာ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်တဲ့သူပင်…ဒါကြောင့်လည်း လွှတ်တော်အမတ်နေရာမှာ ဖင်မြဲနေတဲ့သူ… ဒီလိုနဲ့သူဟာ အာဖဂန်နစ္စတန်နဲ့ ရုရှားတို့ရဲ့ တို့ရဲ့စစ်ပွဲကိုမြင်တွေ့ပြီးတဲ့အချိန်မှာ ကူညီပေးလိုစိတ်ပေါ်လာတယ်… ဒါပေမယ့် အမေရိကန်က ဝင်ကူတာလို့ ရုရှားကို မသိစေလိုတဲ့အခါ၊ အမေရိကန် အစိုးရအဖွဲ့ဝင်တွေကလည်း အာဖဂန်နစ္စတန်တွေကိုမယုံကြည်တဲ့အခါ ချာလီတစ်ယောက် နိုင်ငံရေး လှည့်ကွက်တွေသုံးပြီး မိမိလိုချင်တဲ့အကွက်ရအောင် ကြိုးစားရပါတော့မယ်။လွှတ်တော်အမတ်ချာလီဝီလ်ဆင်အဖြစ် ကျွန်တော်တို့ရဲ့ မင်းသားကြီး Tom Hanks က သရုပ်ဆောင်ထားပါတယ်…. ဖြစ်ရပ်မှန်ဇာတ်ကားကောင်းဖြစ်တဲ့အပြင် မင်းသားကြီး တွမ်ဟန့်ကိုယ်တိုင်သရုပ်ဆောင်ထားပြီး သူဘယ်လိုတွေ ခလုတ်နှိပ်မလဲဆိုတာတော့ ခံစားကြည့်လိုက်ဦးဗျို့…. ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Myo Khant Maung ပဲဖြစ်ပါတယ်...
Body of Lies (2008) ⭐TMDB: 66.0% User Score 🎬 #Action #Drama #Thriller 🗓 2008 🎞 movie 🌎 #UnitedStatesofAmerica #UnitedKingdom ⏰ 2 နာရီ 9 မိနစ် 2 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb 7.1 ရတဲ့ကားလဲဖြစ် လီယိုနာဒိုရဲ့ကားလည်းဖြစ်နေတဲ့အတွက်အထူးတလည်ညွှန်းစရာမလိုဘဲ ဘယ်လောက်ကောင်းလဲ မှန်းကြည့်နိုင်ပါတယ်။ အကြမ်းဖက်အဖွဲ့ခေါင်းဆောင်နောက်ကို လိုက်နေတဲ့ စီအိုင်အေ အေးဂျင့်(လီယိုနာဒို) ဟာ သူ့ရဲ့ အမေရိကန် အထက်အရာရှိရဲ့ သံသယဖြစ်ဖွယ်အမိန့်တွေနဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ရောထွေးနေတဲ့အချိန်မှာ အခက်အခဲတွေကြားထဲကနေ ဇာတ်ကားဟာ လှည့်ကွက်ကောင်းကောင်းနဲ့ ဇာတ်အိမ်ခိုင်ခိုင်နဲ့ ကြည့်လို့ ကောင်းလွန်းတဲ့အတွက် အညွှန်းနဲ့ spoiler ဖြစ်အောင် မလုပ်တော့ပါဘူး။ ကြည့်လိုက်ကြပါဦး။ (အညွန်းရေးသူကတော့ Little Neo ပဲ ဖြစ်ပါတယ်)...
Hostile Forces (2023) ⭐IMDB: 4.6/10 (127 Votes) 🎬 #Action #Drama #Thriller #TVMovie 🗓 2023 🎞 movie 🌎 #Australia ⏰ 1 နာရီ 50 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ယခုအခါ တင်ဆက်ပေးလိုက်တာကတော့ ၂၀၂၃ ခုနှစ်ထွက် အက်ရှင်ဒရာမာဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကြောင်းပြောရရင် စစ်ပြန်တစ်ယောက်ဖြစ်သူ မစ်ကီဟာသူ့မိသားစုနဲ့အတူ သူ့အကိုဖြစ်သူ နိုအာ နေထိုင်ရာဆီသို့ အားလပ်ရက်ခရီးထွက်လာခဲ့ပါတယ်။ သူ့အကိုအိမ်ကိုရောက်တဲ့အခါ မမျှော်လင့်တာတစ်ခုဖြစ်လာခဲ့ပါတယ်။ မစ်ကီဟာသူ့အကိုရဲ့အလောင်းနဲ့အတူ အိတ်နှစ်လုံးကိုတွေ့ရှိခဲ့ပါတယ်။ ထိုအခါဒီအိမ်ကနေချက်ချင်းထွက်ခွာဖို့လုပ်ခဲ့ပေမယ် အိမ်အပြင်မှာလူတစ်စုကဝိုင်းထားပြီးပါပြီ။ နောက်နေ့မနက်ကျတော့ အိမ်ကိုဝိုင်းထားသူဟာ သူ့ရဲ့တပည့်ဟောင်းဖြစ်သူ ကိန်းဆိုတဲ့သူဖြစ်နေခဲ့ပါတယ်။ မစ်ကီရဲ့အကိုဟာ ကိန်းအပါအဝင်အခြားလူတွေနဲ့ပူးပေါင်းပြီး မူးယစ်ဆေးရောင်းစားနေခဲ့တာပါ။ ဒါပေမဲ့မစ်ကီရဲ့အကိုက မူးယစ်ဆေးတွေကိုပြန်ခိုးလို့ဆိုပြီး ကိန်းတို့ကသတ်လိုက်တာပါ။ ထိုအခါ ကိန်းရဲ့မူးယစ်ဆေးအိတ်တွေကိုပြန်ပေးလည်း အသတ်ခံရမယ်မှန်းသိခဲ့တဲ့အတွက် မစ်ကီဟာ သူ့မိသားစုကိုကယ်တင်ဖို့ ကိန်းတို့ရဲ့လက်ကနေလွတ်မြောက်အောင်ထွက်ပြေးရပါတယ်။ မစ်ကီတို့လွတ်မြောက်သွားမလား..ဘာဆက်ဖြစ်မလဲဆိုတာကို ဆက်လက်ကြည့်ရှုကြပါခင်ဗျာ။...
The Sea Inside (2004) ⭐TMDB: 76.0% User Score 🎬 #Biography #Drama 🗓 2004 🎞 movie 🌎 #France #Italy #Spain #UnitedStatesofAmerica ⏰ 2 နာရီ 6 မိနစ် 27 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဇာတ်ကားကြည့်တဲ့ မိတ်ဆွေတွေထဲမှာ အငြိမ်လေးနဲ့ တွေးဆရတဲ့၊ ခံစားရတဲ့ဇာတ်ကားမျိုး ကြည့်ချင်တယ်ဆိုရင်တော့ ဒီဇာတ်ကားကို ညွှန်းပါရစေ။ စပိန်ဒါရိုက်တာ Alejandro Amenábar ရိုက်ကူးထားတဲ့ ဒီဇာတ်ကားမှာ လေဖြတ်ပြီး မလှုပ်နိုင်မရှားနိုင်တဲ့ လူတစ်ယောက်ရဲ့ အဖြစ်သနစ်ကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီအထဲမှာ ဥပဒေရေးရာ ကိစ္စရပ်တစ်ခုဖြစ်တဲ့ Euthanasia လို့ခေါ်တဲ့ “ဆန္ဒအလျောက် ညင်သာစွာဇီဝိန်ခြွေပေးခြင်း” ဆိုတဲ့ ကိစ္စရပ်တစ်ခု အကြောင်းကို အဲ့လိုမျိုး သေးဆုံးဖို့ ဆန္ဒရှိသူ ရေမွန် ဆိုတဲ့ လေဖြတ်ဝေဒနာသည်၊ သူ့ရဲ့မိသားစု၊ သူ့မိတ်ဆွေတွေ၊ လူမှုအသိုင်းအဝိုင်းနဲ့ တရားဥပဒေရေရာ ပညာရှင်တို့ရဲ့ အမြင်သတွေကို မြင်သာအောင် ရိုက်ပြထားတဲ့ Biography ဆန်ဆန်၊ Drama ဆန်ဆန် ဇာတ်ကားမျိုးဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ရေမွန် ဆမ်ဖရီဒိုရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခုလို့လည်း သိရပါတယ်။ ၂၀၀၅ ခုနှစ်မှာ ရွေကမ္ဘာလုံးရုပ်ရှင်ဆုပေးပွဲမှာ The Best Foreign Language Film ဆုကိုရရှိခဲ့တဲအပြင် အခြားသော ဆုပေါင်းများသွာကိုလည်း သိမ်းပိုက်ထားပါသေးတယ်။...
Rush (2013) ⭐IMDB: 8.1/10 (511 k Votes) 🎬 #Action #Biography #Drama #Sport 🗓 2013 🎞 movie 🌎 #UnitedKingdom #UnitedStates #UnitedStatesofAmerica #Germany ⏰ 2 နာရီ 2 မိနစ် 57 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Romance လည်းကြည့်ချင်တယ် Sports ကလည်း ပါချင်သေးတယ် Actionလည်း ကြည့်ချင်တာဆိုရင်တော့ တစ်ကားတည်းနဲ့ ရသမျိုးစုံခံစားရစေမဲ့ မင်းသားကြီး Chris Hemsworth ရဲ့ ဒီmovie လေးကို recommend ပေးပါရစေ။ ဒီကားကိုတော့ အားကစားကိုစိတ်ဝင်စားတဲ့သူတွေ ကားပြိုင်ပွဲတွေကြည့်ရတာ စိတ်ဝင်စားတဲ့သူတွေနဲ့ ကားတွေအကြောင်းစိတ်ဝင်စားတဲ့သူတွေ ကြည့်သင့်ပါတယ် ပြီးတော့ ဒီရုပ်ရှင်လေးက တကယ့်ဖြစ်ရပ်မှန်ပေါ်အခြေခံပြီး ရိုက်ကူးထားတာဖြစ်လို့ အစကနေအဆုံးထိ လုံးဝ မပျင်းရအောင် ဆွဲဆောင်သွားမှာအာမခံပါတယ်။ အဲ့တော့ ဇာတ်ကောင်တွေအကြောင်းကို နည်းနည်းလောက် အကျဉ်းချုံးလေး ပြောပြချင်ပါတယ် အဓိက ဇာတ်ကောင်တွေအနေနဲ့ကတော့ James Huntနဲ့ Niki Lauderဆိုတဲ့ ပြိုင်ကားသမားနှစ်ယောက်ကြားက ယှဉ်ပြိုင်မှုတွေ သူတို့ရဲ့ ဘဝစိတ်နေစိတ်ထားတွေကို ပြသထားပါတယ်။ သူတို့ကပြိုင်ဘက်တွေဖြစ်ပေမယ့် သဘောထားကတော့ အတော်လေးကွာခြားတယ်လို့ပြောလို့ရပါတယ် Jamesက ဆံပင်ရှည်ရှည် ခန္ဓာကိုယ်ကခပ်မိုက်မိုက်နဲ့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ပေါ့၊ ဘဝကိုပျော်ပျော်နေတတ်ပြီး စည်းတွေကမ်းတွေနဲ့ဆို မနေတတ်တဲ့သူ၊ တစ်ခုခုဆို တဇွတ်ထိုးလုပ်တဲ့သူ၊ နိုင်ဖို့စိတ်အားထက်သန်ပြီး အနိုင်ရဖို့ အသက်ကိုတောင် လောင်းကြေးထပ်ရဲတဲ့သူ။ Nikiကတော့ ပုံရိုးပြီး စတိုင်လည်း သိပ်မထုတ်တတ်တဲ့သူ၊ ဘဝကို တသမတ်တည်းနေတတ်ပြီး တစ်ခုခုဆို စဉ်းစားချင့်ချိန်တွက်ချက်ပြီးမှ လုပ်တဲ့သူ။ အဲ့လိုမျိုး ဘဝခံယူချက်သဘောထားတွေ မတူကြပေမယ့် ကားပြိုင်ပွဲမှာတော့ သူတို့ရဲ့လယ်ဗယ်ကလာတူနေတဲ့အခါ ပြိုင်ပွဲတိုင်းမှာ အကြိတ်အနယ်ဖြစ်နေပြီး ထိပ်တိုက်တွေ့ရတဲ့အခါမှာ သူတို့တွေအဆင်ပြေကြပါ့မလား လူတွေယူဆထားတဲ့အတိုင်း သူတို့ကတကယ်ပဲ ရန်သူတွေလား? ကားပြိုင်ပွဲတွေရဲ့ထုံးစံအတိုင်း အသက်ကိုပါလောင်းကြေးထပ်ပြီး ပြိုင်ရတာဖြစ်တဲ့အတွက် သူတို့တွေ ဘေးကင်းကြပါ့မလား နောက်ဆုံးမှာ ဘယ်သူကအောင်နိုင်သူလဲ ဘယ်သူကအရှုံးသမားလဲ ဘယ်သူ့အယူအဆကမှန်ပြီး ဘယ်သူကမှားနေခဲ့တာလဲ စသဖြင့် drama၊ အဓိကဇာတ်ကောင်နှစ်ယောက်က ပြိုင်ကားသမားတွေဖြစ်လို့ သူတို့ယှဉ်ပြိုင်တဲ့ ကားပြိုင်ပွဲတွေ အတွေ့အကြုံတွေကို ပီပီပြင်ပြင် ရိုက်ကူးထားလို့ action, sports စသဖြင့် genreအမျိုးအစားစုံလင်စွာနဲ့ သည်းထိတ်ရင်ဖို စိတ်လှုပ်ရှားစွာကြည့်ရှုရမှာဖြစ်ပါတယ်...
A Bride for Rip Van Winkle (2016) ⭐IMDB: 7.2/10 (2 k Votes) 🎬 #Asian #Drama #Mystery #Romance 🗓 2016 🎞 movie 🌎 #Japan ⏰ 2 နာရီ 59 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 CM ပရိသတ်ကြီးတို့ကို လူတစ်ယောက်ရဲ့ လက်တွေ့ဘဝကို အသားပေးရိုက်ကူးထားတဲ့ ဂျပန်ရုပ်ရှင်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်ကားနာမည်ကတော့ A bride for Rip Van Winkle လို့ ခေါပြီးတော့ ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ နာနာမီလို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်ရဲ့ ဘဝအကြောင်းကို လက်တွေ့နဲ့ထင်ဟပ်အောင် ရိုက်ကူးပြထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကို ပြောရရင်တော့ နာနာမီဆိုတဲ့ ကောင်မလေးက စားဝတ်နေရေးအတွက် အချိန်ပိုင်းဆရာမအဖြစ် လုပ်ကိုင်နေသူ တစ်ဦးပါ။ သူဟာ အွန်လိုင်းဒိတ်တင်း app ကနေ ကောင်လေးတစ်ယောက်နဲ့ စတွေ့ခဲ့တယ်။ နှစ်ယောက်အတူ ချိန်းတွေ့ဖြစ်ကြပြီး အဆင့်တွေတက်သွားရင်းနဲ့ နောက်ဆုံးမှာ နှစ်ဦးဟာ မင်္ဂလာဆောင်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ နာနာမီဟာ အွန်လိုင်းကတွေ့တဲ့သူနဲ့ အိမ်ထောင်တစ်ခုကို ထူထောင်ရတာ မယုံကြည်နိုင်စရာလို့ ထင်ပေမဲ့ လက်တွေ့မှာ သူဟာ ဒီအိမ်ထောင်ကို တန်ဖိုးထားသူပါ။ အိမ်ထောင်မှုနိုင်ဖို့အတွက် နာနာမီဟာ ဆရာမအလုပ်ကနေတောင် ထွက်ခဲ့ပြီးတော့ အိမ်ရှင်မကောင်းပီသအောင် နေထိုင်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ယောက်ျားဖြစ်သူက တစ်ပတ်ကို နှစ်ရက်လောက် အပြင်မှာ ထမင်းထွက်စားတာမျိုးရှိလာသလို အိမ်ထဲမှာလည်း မိန်းကလေးနားဆွဲတစ်ဖက်ကိုပါ တွေ့ခဲ့တယ်။ ဒါကို သိခဲ့တဲ့ နာနာမီဟာ သူ့ယောက်ျားအကြောင်းကို စုံစမ်းဖို့ လူတစ်ယောက်ကို စေခိုင်းခဲ့ပါတယ်။ အဲဒီနောက်မှာတော့ နာနာမီ မထင်မှတ်ထားတဲ့ အပြောင်းအလဲတွေ ရောက်လာမှာ ဖြစ်ပါတယ်။ ဘယ်လိုမျိုး plot twist တွေ ရောက်လာမလဲဆိုတာကိုတော့ ပရိသတ်ကြီးတို့ကိုယ်တိုင် ကြည့်ရှုလိုက်ပါ။ ဒီဇာတ်ကားက နာနာမီရဲ့ ဘဝအပိုင်းအခြားတစ်ခုမှာ ကြုံတွေ့ရတဲ့ လောကဓံတွေကို ရိုက်ပြထားတာ ဖြစ်တာမလို့ သူ့ရဲ့ စားဝတ်နေရေးအတွက် ရုန်းကန်ရပုံတွေ၊ အချစ်ရေးရဲ့ အတက်အကျတွေကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ ဘဝမှာ ဝင်လာသူတွေလည်းရှိသလို ထွက်လာသူတွေလည်း ရှိတယ်။ အရင်းနှီးဆုံးလို့ထင်ရသူတွေက သူစိမ်းဖြစ်နေသလို သူစိမ်းလို့ထင်ရသူတွေ အရင်းနှီးဆုံးလူ ဖြစ်နေတတ်ပြန်တယ်။ ဒီလိုမျိုး လူ့သဘောသဘာဝတွေကို ဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုရမှာမလို့ လက်တွေ့ဆန်တဲ့ ဇာတ်လမ်းမျိုးတွေကို ကြည့်ရှုရတာ ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးတွေ လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။...
Ronal the Barbarian (2011) ⭐IMDB: 6.6/10 (14 k Votes) 🎬 #Animation #Comedy #Adventure #Fantasy #Action 🗓 2011 🎞 movie 🌎 #Denmark #Belgium ⏰ 1 နာရီ 29 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Ronal the Barbarian (2011)Original title: Ronal BarbarenGenre – Animation, Action, Adventure, ComedyIMDB – 6.6/10 ၂၀၁၁ ခုနှစ်တုန်းက ထွက်ခဲ့ပြီး တော်တော်ရယ်ရတဲ့ ဒိန်းမတ် Animation ကားလေးပါ။ Conan the Barbarian ကို မျက်နှာပြောင်ထားတဲ့ Ronal ပေါ့။ တည်ထားတဲ့ကမ္ဘာကိုက Metal ဂီတကို ပြောင်ပြီး ပေးထားတဲ့ မက်တယ်လိုနီးယားတဲ့။ ဒီကမ္ဘာမှာ နတ်ဆိုးကြီး ဇာလ်ကို အနိုင်ယူပြီး ကျဆုံးသွားတဲ့ ခရိန်းဆိုတဲ့ သူရဲကောင်းကြီးရဲ့ သွေးတွေကို သောက်သုံးပြီး ခွန်အားကြီးတဲ့ ဘာဘေးရီးယန်းတွေအဖြစ်နဲ့ မျိုးရိုးအဆက်ဆက် နေထိုင်ခဲ့ကြတာပေါ့။ တစ်မျိုးလုံးက အကိတ်ဖြစ်နေတဲ့အချိန် ကျွန်တော်တို့ ဇာတ်လိုက်ကျော် ရော်နယ်က ဂျပိန်လူဖလံလေး အ ားလည်းမရှိ ပရမ်းပတာလေးပေါ့ဗျာ။ သူတို့ လူမျိုးစုကြား အနှိမ်ခံလေးပေါ့။ တစ်ရက်ကျ အင်အားကြီးတဲ့ မင်းသားမော်ကယ်ဇာဆိုတဲ့ စစ်သည်တော်တစ်ယောက်က အောက်လမ်းဆိုင်ရာ အစီအရင်တွေလုပ်ဖို့ ဒီ ခရိန်းသားတော်တွေဖြစ်တဲ့ ဘာဘေးရီးယန်းတွေရဲ့သွေးကို လိုအပ်တာကြောင့် ညကြီးမှာ ရှောင်တခင် ဝင်တိုက်ပါတယ်။ အကုန်လုံး အဖမ်းခံလိုက်ရပြီး ဆရာကြီး ရော်နယ်တစ်ယောက်ပဲ လွတ်မြောက်သွားခဲ့ပါတယ်။ အဲဒီမှာပဲ စိတ်ထဲက သိပ်မပါပေမဲ့ ဦးလေးဖြစ်သူရဲ့ ဇွတ်ပြောသွားတဲ့စကားကြောင့် ရော်နယ်တစ်ယောက် ဂီတစာဆိုအဖော်တစ်ယောက်ရယ် ဖိုက်တာမတစ်ယောက်ရယ် လမ်းပြနတ်သူငယ်တစ်ယောက်ရယ် သူတို့နဲ့အတူ သူ့လူမျိုးတွေကို ကယ်တင်ဖို့ စွန့်စားခန်းကြီး ထွက်ရပါတော့တယ်။ Animation က ဟောလိဝုဒ်က စတူဒီယိုကြီးတွေလောက် မဟုတ်ပေမဲ့လည်း ဇာတ်လမ်းလေးက ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရယ်မောမာ ရှိပါတယ်။ Animation ဆိုလို့ ကလေးမဆန်တဲ့ Dirty Joke တွေလည်း ပါသလို R Rated အဆင့်လောက်ထိလည်း ဆိုးတာမျိုး မပါပါဘူး။ နာမည်ကျော် ဒဏ္ဍာရီဝင်ပုံပြင်ထဲက အကြောင်းအရာလေးတွေနဲ့ ကြည့်ပျော်ရှုပျော်လေး ဟာသလုပ်အဖောက်ရွှန်းထားတဲ့ Animation ကားကောင်းလေးပဲ ဖြစ်ပါတယ်။...
Walk Hard: The Dewey Cox Story (2007) ⭐TMDB: 66.0% User Score 🎬 #Adult #Comedy #Music #Drama 🗓 2007 🎞 movie 🌎 #UnitedStatesofAmerica ⏰ 2 နာရီ 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 (ကိုယ်လုံးတီးခန်းများ လိင်ဆက်ဆံခန်းများပါဝင်သဖြင့် မိသားစုဖြင့်ကြည့်ရှုရန်မသင့်တော်ပါ) အတ္တုပတ္တိ( Biopic) ရုပ်ရှင်တွေ အထူးသဖြင့် ဂီတလို့ ပြောလိုက်တာနဲ့ ကြည့်ရှုသူ အများစုကတော့ သိကြမှာပါပဲ။ အဆိုတော် ဒါမှမဟုတ် ဂီတလောကရဲ့ အနပညာရှင် တစ်ယောက်ယောက်ဖြစ်မယ်။ လူဖြူလည်းဖြစ်မယ် လူမည်းလည်း ဖြစ်ရင်ဖြစ်မယ်။ သူတို့ရဲ့ ဘ၀ခရီးလမ်း အခက်အခဲတွေ ဘယ်လိုမျိုး ကျော်ဖြတ်လာရမလဲဆိုတာကို ဝေဆာနေအောင် ကွန့်မြူးပြီး ပြောကြမယ်။ ဒါပေမဲ့ ဒီကားကတော့ ဒီလိုမဟုတ်ဘူး။ ဖန်တရာတေဒီဇာတ်ကြောင်းတွေပဲ ထပ်နေတဲ့ ဒီရုပ်ရှင် အမျိုးအစားထဲကကိုမှ တကယ်မရှိတဲ့ ဒူဝီ ကော့စ် ဆိုတဲ့ အဆိုတော်ကို ဖန်တီးပြီး ဒီရုပ်ရှင်တွေကိုပဲ အကြီးအကျယ် ပြန်ဖဲ့သွားတာမျိုးဗျ။ ဥပမာ ပြောရရင် ဒီအဆိုတော်က ငယ်ငယ်က တခုခုကြောင့် စိတ်ဒဏ်ရာရပြီး တစ်ခုခုဖြစ်နေရမယ်။ ဒီကားမှာကတော့ ဘာမဆိုင် ညာမဆိုင် တောခုတ်ဓားတစ်ချောင်းကြောင့် မင်းသားအကိုသေပြီး မင်းသားက စိတ်ဒဏ်ရာ ရသွားတာမျိုးက စလှော်တော့တာပါပဲ။ ဂီတ အကျော်အမော်ကြီးတွေဖြစ်ကြတဲ့Bob Dylan, The Beatles, Elvisက အစ လူပေါင်းစုံရဲ့ စတိုင်တွေ အကုန်ပြောင်။ အဲဒါမှ အားကိုမရသေးရင် အဓိပ္ပါယ်နှစ်ခွနဲ့ အောက်လုံး သီချင်းတွေကို မင်းသားကဆိုပြလိုက်ရမှ။ မကျေနပ်သေးဘူးလား။ ဒါဆိုရင်လည်း ထုံးစံအတိုင်း ဆေးစွဲ မိန်းမရှုပ်တဲ့အခန်းတွေလာမယ်။ ဒါပေမဲ့ ဒိုင်ယာလော့တွေနဲ့ မြင်တွေ့နေကျ ဇာတ်၀င်ခန်းတွေကို လှော်ချက်တွေက တခွီးခွီးရယ်နေရမှာမျိုးတွေပေါ့။ Biopic ကိုမှ ကြိုက်နှစ်သက်ကြတဲ့CMပရိတ်သတ်ကြီးအတွက် နောက်နောင် Biopic တွေကြည့်တိုင်း အမှတ်ရနေမယ့် ကားကောင်းလေး တစ်ခုဖြစ်တဲ့အတွက် ကြည့်ရှုအားပေးကြပါဦးခင်ဗျ။...
Ronal the Barbarian (2011) ⭐IMDB: 6.6/10 (14 k Votes) 🎬 #Animation #Comedy #Adventure #Fantasy #Action 🗓 2011 🎞 movie 🌎 #Denmark #Belgium ⏰ 1 နာရီ 29 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Ronal the Barbarian (2011)Original title: Ronal BarbarenGenre – Animation, Action, Adventure, ComedyIMDB – 6.6/10 ၂၀၁၁ ခုနှစ်တုန်းက ထွက်ခဲ့ပြီး တော်တော်ရယ်ရတဲ့ ဒိန်းမတ် Animation ကားလေးပါ။ Conan the Barbarian ကို မျက်နှာပြောင်ထားတဲ့ Ronal ပေါ့။ တည်ထားတဲ့ကမ္ဘာကိုက Metal ဂီတကို ပြောင်ပြီး ပေးထားတဲ့ မက်တယ်လိုနီးယားတဲ့။ ဒီကမ္ဘာမှာ နတ်ဆိုးကြီး ဇာလ်ကို အနိုင်ယူပြီး ကျဆုံးသွားတဲ့ ခရိန်းဆိုတဲ့ သူရဲကောင်းကြီးရဲ့ သွေးတွေကို သောက်သုံးပြီး ခွန်အားကြီးတဲ့ ဘာဘေးရီးယန်းတွေအဖြစ်နဲ့ မျိုးရိုးအဆက်ဆက် နေထိုင်ခဲ့ကြတာပေါ့။ တစ်မျိုးလုံးက အကိတ်ဖြစ်နေတဲ့အချိန် ကျွန်တော်တို့ ဇာတ်လိုက်ကျော် ရော်နယ်က ဂျပိန်လူဖလံလေး အ ားလည်းမရှိ ပရမ်းပတာလေးပေါ့ဗျာ။ သူတို့ လူမျိုးစုကြား အနှိမ်ခံလေးပေါ့။ တစ်ရက်ကျ အင်အားကြီးတဲ့ မင်းသားမော်ကယ်ဇာဆိုတဲ့ စစ်သည်တော်တစ်ယောက်က အောက်လမ်းဆိုင်ရာ အစီအရင်တွေလုပ်ဖို့ ဒီ ခရိန်းသားတော်တွေဖြစ်တဲ့ ဘာဘေးရီးယန်းတွေရဲ့သွေးကို လိုအပ်တာကြောင့် ညကြီးမှာ ရှောင်တခင် ဝင်တိုက်ပါတယ်။ အကုန်လုံး အဖမ်းခံလိုက်ရပြီး ဆရာကြီး ရော်နယ်တစ်ယောက်ပဲ လွတ်မြောက်သွားခဲ့ပါတယ်။ အဲဒီမှာပဲ စိတ်ထဲက သိပ်မပါပေမဲ့ ဦးလေးဖြစ်သူရဲ့ ဇွတ်ပြောသွားတဲ့စကားကြောင့် ရော်နယ်တစ်ယောက် ဂီတစာဆိုအဖော်တစ်ယောက်ရယ် ဖိုက်တာမတစ်ယောက်ရယ် လမ်းပြနတ်သူငယ်တစ်ယောက်ရယ် သူတို့နဲ့အတူ သူ့လူမျိုးတွေကို ကယ်တင်ဖို့ စွန့်စားခန်းကြီး ထွက်ရပါတော့တယ်။ Animation က ဟောလိဝုဒ်က စတူဒီယိုကြီးတွေလောက် မဟုတ်ပေမဲ့လည်း ဇာတ်လမ်းလေးက ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရယ်မောမာ ရှိပါတယ်။ Animation ဆိုလို့ ကလေးမဆန်တဲ့ Dirty Joke တွေလည်း ပါသလို R Rated အဆင့်လောက်ထိလည်း ဆိုးတာမျိုး မပါပါဘူး။ နာမည်ကျော် ဒဏ္ဍာရီဝင်ပုံပြင်ထဲက အကြောင်းအရာလေးတွေနဲ့ ကြည့်ပျော်ရှုပျော်လေး ဟာသလုပ်အဖောက်ရွှန်းထားတဲ့ Animation ကားကောင်းလေးပဲ ဖြစ်ပါတယ်။...
Ronal the Barbarian (2011) ⭐IMDB: 6.6/10 (14 k Votes) 🎬 #Animation #Comedy #Adventure #Fantasy #Action 🗓 2011 🎞 movie 🌎 #Denmark #Belgium ⏰ 1 နာရီ 30 မိနစ် 34 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Ronal the Barbarian (2011)Original title: Ronal BarbarenGenre – Animation, Action, Adventure, ComedyIMDB – 6.6/10 ၂၀၁၁ ခုနှစ်တုန်းက ထွက်ခဲ့ပြီး တော်တော်ရယ်ရတဲ့ ဒိန်းမတ် Animation ကားလေးပါ။ Conan the Barbarian ကို မျက်နှာပြောင်ထားတဲ့ Ronal ပေါ့။ တည်ထားတဲ့ကမ္ဘာကိုက Metal ဂီတကို ပြောင်ပြီး ပေးထားတဲ့ မက်တယ်လိုနီးယားတဲ့။ ဒီကမ္ဘာမှာ နတ်ဆိုးကြီး ဇာလ်ကို အနိုင်ယူပြီး ကျဆုံးသွားတဲ့ ခရိန်းဆိုတဲ့ သူရဲကောင်းကြီးရဲ့ သွေးတွေကို သောက်သုံးပြီး ခွန်အားကြီးတဲ့ ဘာဘေးရီးယန်းတွေအဖြစ်နဲ့ မျိုးရိုးအဆက်ဆက် နေထိုင်ခဲ့ကြတာပေါ့။ တစ်မျိုးလုံးက အကိတ်ဖြစ်နေတဲ့အချိန် ကျွန်တော်တို့ ဇာတ်လိုက်ကျော် ရော်နယ်က ဂျပိန်လူဖလံလေး အ ားလည်းမရှိ ပရမ်းပတာလေးပေါ့ဗျာ။ သူတို့ လူမျိုးစုကြား အနှိမ်ခံလေးပေါ့။ တစ်ရက်ကျ အင်အားကြီးတဲ့ မင်းသားမော်ကယ်ဇာဆိုတဲ့ စစ်သည်တော်တစ်ယောက်က အောက်လမ်းဆိုင်ရာ အစီအရင်တွေလုပ်ဖို့ ဒီ ခရိန်းသားတော်တွေဖြစ်တဲ့ ဘာဘေးရီးယန်းတွေရဲ့သွေးကို လိုအပ်တာကြောင့် ညကြီးမှာ ရှောင်တခင် ဝင်တိုက်ပါတယ်။ အကုန်လုံး အဖမ်းခံလိုက်ရပြီး ဆရာကြီး ရော်နယ်တစ်ယောက်ပဲ လွတ်မြောက်သွားခဲ့ပါတယ်။ အဲဒီမှာပဲ စိတ်ထဲက သိပ်မပါပေမဲ့ ဦးလေးဖြစ်သူရဲ့ ဇွတ်ပြောသွားတဲ့စကားကြောင့် ရော်နယ်တစ်ယောက် ဂီတစာဆိုအဖော်တစ်ယောက်ရယ် ဖိုက်တာမတစ်ယောက်ရယ် လမ်းပြနတ်သူငယ်တစ်ယောက်ရယ် သူတို့နဲ့အတူ သူ့လူမျိုးတွေကို ကယ်တင်ဖို့ စွန့်စားခန်းကြီး ထွက်ရပါတော့တယ်။ Animation က ဟောလိဝုဒ်က စတူဒီယိုကြီးတွေလောက် မဟုတ်ပေမဲ့လည်း ဇာတ်လမ်းလေးက ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရယ်မောမာ ရှိပါတယ်။ Animation ဆိုလို့ ကလေးမဆန်တဲ့ Dirty Joke တွေလည်း ပါသလို R Rated အဆင့်လောက်ထိလည်း ဆိုးတာမျိုး မပါပါဘူး။ နာမည်ကျော် ဒဏ္ဍာရီဝင်ပုံပြင်ထဲက အကြောင်းအရာလေးတွေနဲ့ ကြည့်ပျော်ရှုပျော်လေး ဟာသလုပ်အဖောက်ရွှန်းထားတဲ့ Animation ကားကောင်းလေးပဲ ဖြစ်ပါတယ်။...
Sherina's Adventure 2 (2023) ⭐IMDB: 7.2/10 (402 Votes) 🎬 #Adventure #Comedy #Drama #Family #Music #Musical 🗓 2023 🎞 movie 🌎 #Indonesia ⏰ 2 နာရီ 6 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Sherina’s Adventure 2 (2023) အင်ဒို musical ကားလေး Sherina’s Adventure ရဲ့ အဆက် နံပါတ် ၂ လေး ထပ်မံတင်ဆက်ပေးလိုက်ရပါတယ်။နံပါတ် ၁ မှာ တွေ့ခဲ့ရတဲ့ကလေးတွေဖြစ်တဲ့ ရှယ်ရီနာ နဲ့ ဆဒမ်တို့လည်း ဒီကားထဲမှာ လူကြီးပုံစံတွေနဲ့ ပြန်လည်မြင်တွေ့ရမှာပါ။Main cast ကလည်း ဒီ cast တွေပဲဖြစ်တော့ ကြည့်ရတာ ဓာတုဗေဒမိနေမှာတော့ အမှန်ပါပဲ။ရှယ်ရီနာ နဲ့ ဆဒမ်တို့က ကလေးဘဝကတည်းက ပြောမနာ ဆိုမနာသူငယ်ချင်းတွေဖြစ်ကြပြီးအထက်တန်းရောက်တော့ နှစ်ယောက်သား ကွဲသွားကြပါတယ်။ဆယ်နှစ်လောက်အကြာမှာတော့ ရှယ်ရီနာက နာမည်ကြီးရုပ်ရှင်သံလွှင့်ဌာနရဲ့အတော်ဆုံးသတင်းထောက်ဖြစ်နေပြီး အရေးကြီးသတင်းတွေပဲ လိုက်နေရပါတယ်။တစ်နေ့တော့ သူ့အထက်လူကြီးက ကာလီမန်တန်တောထဲကမျောက်ဝံတွေလွှတ်ပေးတဲ့သတင်းကို လိုက်ခိုင်းတော့ စိတ်ဆိုးပါတော့တယ်။အဲကို သူရောက်သွားတဲ့အချိန်မှာ တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးက မန်နေဂျာကသူ့ရဲ့ငယ်သူငယ်ချင်း ဆဒမ်ဖြစ်နေသောအခါ…သူတို့တွေကြားမှာ ဘယ်လိုတွေဆက်ဖြစ်မလဲ။သူတို့တွေကွဲသွားတဲ့အကြောင်းရင်းက ဘာဖြစ်မလဲ။ကာလီမန်တန်တောအုပ်ထဲမှာလည်း ဘယ်လိုစွန့်စားခန်းတွေဖွင့်မလဲဆိုတာသီချင်းတွေ တစ်လှေကြီးနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ကြည့်ရှုလိုက်ရအောင်နော်။ အညွှန်း နဲ့ ဘာသာပြန်ကတော့Kaung Setပဲ ဖြစ်ပါတယ်။...
Sherina's Adventure (2000) ⭐TMDB: 77.0% User Score 🎬 #Adventure #Comedy #Drama #Music #Family 🗓 2000 🎞 series 🌎 #Indonesia ⏰ 1 နာရီ 52 မိနစ် 29 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Sherinas Adventure 2000 အညွှန်း ဒီတစ်ခေါက် အင်ဒို musical ကားလေးကတော့ ၂၀၀၀ ခုနှစ်ကာလမှာ ထွက်ရှိခဲ့ပြီးဘတ်ဂျက် ရူပီအာ ၂ ဘီလီယံရင်းနှီးထားကာ ရုံတင်ငွေ ရူပီအာ ၁၀ ဘီလီယံပြန်လည်ရရှိခဲ့တာကြောင့်မနည်းတဲ့ပမာဏလို့ဆိုရမှာပါ။ (မြန်မာငွေ ၁ကျပ် = ၀.၁၃ ရူပီအာ)ကုလားကားတွေမှာပဲ ကတာကြည့်ရတာ ရိုးနေပြီလား ။ဒီအင်ဒို musical ကားလေးကတော့ တမျိုးတဖုံရသလေးပေးစေမှာတော့ အမှန်ပါပဲ။ရှယ်ရီနာဆိုတဲ့ ကလေးမလေးက ဖျတ်လတ်တက်ကြွပြီး ဘယ်နေရာရောက်ရောက်ရောက်ရာနေရာမှာ အပေါင်းအသင်းဝင်ဆံ့တဲ့ ကလေးတစ်ယောက်ပါ။ဖြစ်ချင်တော့ သူ့အဖေက နယ်ဘက်က စိုက်ခင်းတစ်ခုကို အလုပ်ပြောင်းလိုက်ရပြီးရှယ်ရီနာတစ်ယောက် နယ်ဘက်ကို ရောက်လာပါတယ်။ရှယ်ရီနာတစ်ယောက် ကျောင်းအသစ်ကို ပြောင်းလာတဲ့အခါမှာအုပ်စုဖွဲ့အနိုင်ကျင့်နေတဲ့ ကျောင်းသားတစ်စုကို သွားတွေ့ပြီး ထိပ်တိုက်ရင်ဆိုင်ပါတော့တယ်။အဲကျောင်းသားတွေရဲ့ခေါင်းဆောင် (ဆဒမ်) က ရှယ်ရီနာအဖေလုပ်နေတဲ့ စိုက်ခင်းပိုင်ရှင်ရဲ့ သားဖြစ်နေတဲ့အခါမှာတော့……ဆိုးသွမ်းနေတဲ့ ဆဒမ်ရဲ့ နောက်ကွယ်ကအကြောင်းတွေက ဘာဖြစ်မလဲ။ရှယ်ရီနာ နဲ့ ဆဒမ်တို့ရဲ့ အတိုက်အခံတွေကရော ပြေလည်သွားမှာလား။သီချင်းမြူးမြူးလေးတွေနဲ့တူတူ မင်းသမီးလေးရဲ့ ချစ်စရာကောင်းပြီးသာယာနာပျော်ဖွယ်ရှိလှတဲ့ အသံလေးနဲ့တူတူ ကခုန်လိုက်ရအောင်လားနော်။ အညွှန်း နဲ့ ဘာသာပြန်ကတော့Kaung Setပဲ ဖြစ်ပါတယ်။...
Late Night Project (2020) ⭐- 🎬 #Bollywood #Adult 🗓 2020 🎞 series 🌎 #India ⏰ 1 နာရီ 23 မိနစ် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Late Night Project (2020) လူသားတွေရဲ့ဗီဇကလေ နတ်ဘုရားတွေတောင် လိုက်လို့မမှီနိုင်လို့ လူ့အလိုနတ်မလိုက်နိုင်ဆိုတဲ့စကားပုံလေး တွင်သွားတယ်ထင်ပါရဲ့..ရတာမလို လိုတာမရ လွန်၍တပ်မက်ခြင်းကြောင့် ဘေးတွေ့၏တဲ့ အထူးသဖြင့် အိမ်ထောင်သည်တွေကြားမှာ စိတ်ကျေနပ်မှုမရှိတာက အဓိကပြဿနာတွေပါပဲ။တချို့သော ချစ်ခြင်းမေတ္တာတွေက အတွေးနယ်ပယ်ရဲ့အလွန်မှာရှိတယ်ဆိုတာ တကယ်များလားနော်။မိန်းမဖြစ်သူရဲ့စိတ်ကျေနပ်မှုကို မဖန်တီးပေးနိုင်လို့ တခြားသူကို ချစ်စေသတဲ့။ ကဲ စိတ်ဝင်စားသွားလား…။ ကိုယ်တွေသိထားတဲ့ ချစ်ခြင်းမေတ္တာရဲ့အလွန်က ချစ်ခြင်းတရားတစ်မျိုးကိုဒီဇာတ်ကားလေးမှာ ကြည့်ရှုခံစားပေးကြပါဦးနော်…။ အသက်မပြည့်သေးသူများကြည့်ရန်မသင့်တော်သောဇာတ်ဝင်ခန်းများပါဝင်ပါသဖြင့် မိသားစုနှင့်အတူမကြည့်သင့်ပါ။...
There Will Be Blood (2007) ⭐TMDB: 81.0% User Score 🎬 #Drama 🗓 2007 🎞 movie 🌎 #UnitedStatesofAmerica ⏰ 2 နာရီ 39 မိနစ် 12 စက္ကန့် 👑 Channel Myanmarဇာတ်ညွှန်း 📜 There Will Be Blood (2007) ==================== IMDb Rating – 8.2/10 #Unicode အချိန်ကာလက ၁၈၉၈ ခုနှစ်။ နယူးမက္ကစီကိုရဲ့ကွင်းပြင်တွေအလည်က မိုင်းတွင်းတွေထဲမှာ ငွေသတ္တုရှာဖွေနေသူ တစ်ယောက်ကို တွေ့ရတယ်။ ဇွဲနဲ့မာန်နဲ့တူးနေတဲ့သူ့ရဲ့ လုံ့လအတွက် အဖိုးအခအနေနဲ့ငွေသတ္တုရိုင်းတစ်ခဲကိုလည်း တွေ့ထားပြီးပြီ။ သူ့အလုပ်ပြီးပြီဆိုတော့ တွင်းပေါ်ပြန်တက်ဖို့ လုပ်တာပေါ့။ ဒါပေမဲ့မတော်တဆမှုတစ်ခုဖြစ်ပြီး သူ့ဘယ်ခြေထောက်ကဆာသွားခဲ့တယ်။ ဒါပေမဲ့ မြေပြင်ပေါ်ကိုတော့သူရအောင်ပြန်တက်နိုင်ခဲ့တယ်။ သူ့နာမည်က‘ဒန်နီယယ် ပလိန်းဗျူး’ တဲ့။ နှစ်ဆယ်ရာစုအစောပိုင်းကာလတွေမှာ လူမှုဘဝတွေရဲ့တိုးတက်ဖွံ့ဖြိုးမှုအရ လောင်စာဟာ ရတနာပစ္စည်းတွေထက်ပိုတန်ဖိုးရှိလာတယ်။ ဒါကြောင့်လည်း ရေနံထွက်မယ်လို့ယူဆကြတဲ့မြေပေါ်မှာ လူသားတွေဟာ ခြေချင်းလိမ်လာကြတယ်။ တစ်ကယ်တော့ ရေနံတူးဖော်မှုလုပ်ငန်းကအန္တရာယ်များတဲ့အလုပ်မျိုး။ အဲ့ဒီခေတ်ကာလအနေနဲ့ဆိုပိုဆိုးတာပေါ့။ မြေအောက်အလွှာထဲက အနက်ရောင်ရွှေရည်တွေကို မြေပြင်ပေါ်တင်ဖို့ဆိုတာ အန္တရာယ်များသလိုစိန်ခေါ်မှုတွေလည်း ပြည့်နှက်နေတယ်။ ယနေ့ခေတ်လိုခေတ်မှီတူးဖော်ကိရိယာတွေ မရှိတဲ့အတွက် လူအားကာယအားကိုသာ အသုံးချပြီး မြေအောက် ပေအတော်ကွာတဲ့တွင်းထဲ ရှူစရာ လေလုံလုံလောက်လောက်မရှိ၊ ဓာတ်ငွေ့နံ့တွေ လွှမ်းနေတဲ့ကြားထဲမှာ တူးဖော်ကြရတယ်။ ဒါတောင်လုပ်ငန်းခွင်အန္တရာယ်တွေဖြစ်တဲ့ တွင်းပြိုကျမှုတွေ၊ဝန်မနိုင်ပဲ ပျက်စီးရာကနေ လူထိခိုက်မှုတွေ မပါသေးဘူး။ဒါပဲလား၊ ဘယ်ဟုတ်လိမ့်မလဲ။ ရေနံတူးအလုပ်သမားတွေရဲ့ ကိုယ်ကာယကြံ့ခိုင်မှုတွေ စိတ်ဓာတ်ကြံ့ခိုင်မှု။ဒါတွေမပြည့်စုံလို့လဲ မရပြန်ဘူး။ အသက်နဲ့ရင်းမှငွေပြန်ရမဲ့ အလုပ်မျိုး။ ‘ဒန်နီယယ်’ ကို ခေတ်ဆိုးကြားမှာ လူလာဖြစ်တယ်လို့သတ်မှတ်ရမယ်။ ကိုယ်ကောင်းစားဖို့ သူတစ်ပါးကိုချနင်းကြတဲ့ ခေတ်ကာလမျိုးမှာ ကျင်လည်လာရတဲ့သူ့အဖို့တော့ အရာရာကို မုန်းတီးစိတ်နဲ့ပဲ ကြည့်တတ်နေပြီ။ သူ့ရဲ့ စိတ်နှလုံးတစ်ခုလုံးဟာလည်း အနိုင်ရလိုစိတ်သံသယစိတ်တွေနဲ့ ပြည့်နှက်နေတယ်။ ကိုယ့်အပေါ်တစ်ခါကျူးရင် ဆယ်ခါပြန်ကျူးပြတတ်တဲ့ လူစားမျိုး။ကိုယ့်ကိုလက်သီးနဲ့တစ်ခါထိုးရင် ဓားနဲ့ပါပြန်ထိုးမယ်ဆိုတဲ့စိတ်ဓာတ်ပိုင်ရှင်မျိုး။ တစ်ကယ်ခက်ထန်တဲ့ လူစားမျိုးဖြစ်နေပြီ။ ဒါကြောင့် တူးလို့ရလာခဲ့တဲ့ ငွေသတ္တုခဲကို အရင်းပြုပြီး‘ဒန်နီယယ်’ တစ်ယောက် ရေနံတူးဖော်ရေးလုပ်ငန်းကိုစတင်ခဲ့တယ်။ တစ်ရက်တော့ သူနဲ့လုပ်ငန်းတူမိတ်ဆွေတစ်ယောက်ဟာ လုပ်ငန်းခွင်မတော်တဆမှုတစ်ခုမှာ ဆုံးပါးသွားခဲ့တယ်။ သားကလေးတစ်ယောက်ကျန်ခဲ့တာကြောင့် ‘ဒန်နီယယ်’ က သည်ကောင်လေးကိုမွေးစားခဲ့တယ်။ အရွယ်ရောက်လာတော့လည်းသူ့လို ရေနံကို ချစ်တတ်အောင် သင်ပေးနိုင်ခဲ့တယ်။ နှစ်ကာလတွေ ကြာလာတာနဲ့အမျှ ‘ဒန်နီယယ်’ ရဲ့လုပ်ငန်းက တစ်စထက်တစ်စ အောင်မြင်လာပြီ။ဒီလိုနဲ့တစ်ခုသော ကာလအရောက်မှာ ရေနံသမားတိုင်းမျက်စိကျလောက်တဲ့ နယ်မြေသစ်တစ်ခုကို သတိထားလိုက်မိချိန်ကစပြီး ‘ဒန်နီယယ်’ ဟာ လူသားဆန်စိတ်တွေပါ ပျောက်ဆုံး၊ ပြိုင်ဘက်တွေအပေါ်ပရိယာယ်တွေသုံးပြီး သွေးအေးအေးနဲ့ ဖယ်ရှားတတ်တဲ့ လူကြမ်းကြီးတစ်ယောက် ဖြစ်လာတော့တယ်…။ ——————————————————————- ၁၉၂၆ ခုနှစ်က စာရေးဆရာ Upton Sinclair ရဲ့ကမ္ဘာကျော် Oil! ကို အခြေခံပြီး ရိုက်ကူးထားတဲ့Western Style ဇာတ်ကားမျိုးဖြစ်တဲ့ There WillBe Blood ဟာ ၂၁ ရာစုရဲ့ အကောင်းဆုံးသောရုပ်ရှင်ဇာတ်ကားတွေထဲက တစ်ကားဖြစ်ပြီး ရိုက်ကူးသူကတော့ Magnolia, The Master ဒီလိုဇာတ်ကားတွေရဲ့ ပဲ့ကိုင်ရှင် လက်ရှိ ဟောလိဝုဒ် ရုပ်ရှင်လောကရဲ့အကောင်းဆုံးဒါရိုက်တာတွေထဲက တစ်ယောက်ဖြစ်တဲ့Paul Thomas Anderson ပဲ။ Cinematography ပိုင်းကိုတော့ ထွေထွေထူးထူး ပြောစရာဘာမှမရှိတော့ပါဘူး။ ရေနံစင်မီးလောင်တဲ့ပြကွက်နဲ့တင် အော်စကာဆုရခဲ့တာ တန်သွားပါပြီ။ ဒီလို ရိုက်ချက်တွေကပဲကျွန်တော်တို့ကို ရေနံမြေထဲ ခေါ်ဆောင်သွားပြီးရေနံစိမ်းအနံ့တွေ ရစေခဲ့တာပါ။ Western Style ဆိုပေမဲ့ မြင်နေကျဖြစ်တဲ့ကောင်းဘွိုင်တွေ၊ သူရဲကောင်းတွေကို မတွေ့မမြင်ခဲ့ရပဲ ရက်စက်တတ်တဲ့ လူမဆန်တဲ့ရေနံလုပ်ငန်းရှင်တစ်ဦးကိုပဲ မြင်ခဲ့ရတယ်။ ရက်စက်တတ်တဲ့ ဉာဏ်နီဉာဏ်နက်များတဲ့ ပိုက်ဆံကိုကိုးကွယ်တဲ့ ဒီဇာတ်ကောင်ကို အသက်သွင်းပြလိုက်သူကတော့ သက်ရှိထင်ရှား ရှိနေသေးတဲ့ သရုပ်ဆောင်တွေထဲ အကောင်းဆုံးလို့ သတ်မှတ်ရမဲ့ Sir DanielDay-Lewis ပါပဲ။ အပြင်လောကမှာ ယဉ်ကျေးရည်မွန်သူ၊ ရိုက်ကွင်းပေါ်ရောက်တာနဲ့ တခြားလူတစ်ယောက်အဖြစ် ပြောင်းလဲသွားတတ်တဲ့ DanielDay-Lewis အတွက် Daniel Plainview ဟာဒုတိယမြောက် အော်စကာကို ယူဆောင်ပေးခဲ့သလိုသူ့ရဲ့ သရုပ်ဆောင်သက်တမ်းတစ်လျှောက်မှာအကောင်းဆုံးသော သရုပ်ဆောင်ချက်အဖြစ်လည်းသတ်မှတ်ခံခဲ့ရတယ်။ Daniel Day-Lewis ဟာ Method Actorတစ်ယောက် ဖြစ်တဲ့အတွက် ရိုက်ကူးရေးပြီးပေမဲ့လည်းဇာတ်ကောင်စရိုက်အတိုင်းနေတ...
