ဇာတ်ညွှန်းများ • FDMN
Yopiq kanal
Ma'lumot yo'q
Obunachilar
-524 soatlar
-47 kun
+730 kun
Postlar arxiv
The Circuit 4: Faith Fighter (2024) ⭐IMDB: 4.4/10 (68 Votes) 🎬 #Action 🗓 2024 🎞 movie 🌎 #Canada ⏰ 1 နာရီ 30 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဇာတ်လမ်းအကျဉ်းကတော့ ကြိုးဝိုင်းထဲမှာအသတ်ခံလိုက်ရဲ့ ညီကြောင့် အဲ့လောကကြီးကို စိတ်နာသွားတဲ့ ဆမ်ဆန်တစ်ယောက်ဟာ အပြင်မှာ လေ့ကျင့်ခန်းတွေသင်ပြပေးနေတဲ့ ဂျင်မ်ဆရာတစ်ယောက် အဖြစ်အသက်မွေးနေပါတယ်။ ထူးခြားတဲ့နည်းစနစ်တွေကြောင့် လှောင်ပြောင်တဲသူတွေလည်းရှိသလို သဘောကျတဲ့သူတွေလည်းရှိပါတယ်။ အဲ့ထဲမှာအယ်လီဆီယာဆိုတဲ့ ကလေးမလေးဟာ ဆမ်ဆန်ရဲ့ နည်းစနစ်တွေကိုသဘောကျတဲ့အတွက် သူ့ရဲ့သင်တန်းဗီဒီယိုတွေကိုကြည့်ရင်းသင်ယူနေပါတယ်။ တစ်နေ့မှာအယ်လီဆီယာဟာ ဆမ်ဆန်နဲ့ လူချင်းတွေ့ပြီးသူ့သင်တန်းမှာ သင်ယူချင်ကြောင်း မိခင်ဖြစ်သူကိုပြောပြတယ်။ ငွေကြေးအခက်အခဲဖြစ်နေတဲ့သူ့မိခင်ဟာ မတက်ဖို့အမျိုးမျိုးဖြောင်းဖြ ပေမယ့် မရတဲ့အဆုံးမှာ သင်တန်းကိုခေါ်သွားခဲ့တယ်။ ကလေးရဲ့သင်ယူချင်စိတ်ကြောင့်ဆမ်ဆန်ဟာ ပိုက်ဆံမရှိရင်လည်း ဒီသင်တန်းကိုသန့်ရှင်းရေးကူလုပ်ပေးရင်အခမဲ့တက်ခွင့်ပေးမယ်လို့ ပြောခဲ့တယ်။ ဒီလိုနဲ့ရက်တွေကြာလာတော့ လေ့ကျင့်လုပ်ရင်းနဲ့အယ်လီဆီယာဟာ နေမကောင်းဖြစ်ပြီးဆေးရုံရောက်သွားတယ်။ရောဂါစစ်ကြည့်တော့ ကင်ဆာဖြစ်နေတယ်။ ငွေကြေးခက်ခဲလွန်းတဲ့ အယ်လီဆီယာရဲ့ မိခင်ဟာ လုံးဝလမ်းပျောက်နေပါတယ်။ဆမ်ဆန်ဟာလည်း သူ့သမီးလို ဖြစ်နေတဲ့ဒီကလေးမကိုဆေးကုသဖို့အတွက် ဆယ်စုနှစ် နှစ်ခုစာ ဝေးကွာနေတဲ့ကြိုးဝိုင်းထဲကို ပြန်ဝင်လာရတဲ့အခါမှာတော့...
Deadline (2024) ⭐TMDB: 50% User Score 🎬 #Drama #Thriller 🗓 2024 🎞 tv movie 🌎 #SouthKorea ⏰ 1 နာရီ 23 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Deadline (2024) ****************** Disaster ဇာတ်လမ်း အမျိုးအစားတွေကို ကြိုက်နှစ်သက်ပြီး ဖြစ်ရပ်မှန်ပေါ် အခြေခံထားတဲ့ ဇာတ်ကားကောင်း တစ်ကားကိုလည်း ရှာနေတယ်ဆိုရင်တော့ အခုတင်ဆက်ပေးမဲ့ ဇာတ်ကားလေးက ပရိသတ်ကြီးအတွက်ပါပဲ။ အားအပြင်းဆုံး မုန်တိုင်းအဖြစ်နဲ့ ကိုရီးယားကျွန်းဆွယ်ကို ဝင်ရောက်လာခဲ့ပြီး ဖိုဟန်မြို့ကို လွင်တီးခေါင်ဖြစ်အောင် မွှေနှောက်ခဲ့တဲ့ “ဟင်နမ်နို”တိုင်ဖွန်းကြောင့် ဖိုဟန်မြို့ရဲ့ သံမဏိ စက်ရုံ စက်ယန္တရား လည်ပတ်မှုဟာ ရပ်တန့်ဖို့ ဖြစ်လာခဲ့ပါတယ်။ စက်လည်ပတ်မှုကို အချိန်ကာလ တစ်ခုအထိ ရပ်တန့်ထားလိုက်မယ်ဆိုရင် နောက်ဆက်တွဲ အနေနဲ့ ဘီလီယံ ချီတဲ့ ဆုံးရှုံးနစ်နာမှုတွေကို ရင်ဆိုင်ရမှာပဲ ဖြစ်ပါတယ်။ အကယ်၍ မရပ်တန့်ဘူး ဆိုရင်လည်း ပွက်ပွက်ဆူနေတဲ့ သံရည်ပူတွေနဲ့ အက်စစ်မိုးရေ ပေါင်းစပ်မိတဲ့အခါ မတွေးဝံ့စရာ ဘေးဒုက္ခကို ရင်ဆိုင်ရမှာပါ။ အားကောင်းလာတဲ့ မုန်တိုင်းကြားမှာ သံမဏိ စက်ရုံက စက်ယန္တရားတွေ အချိန်မီ ပြန်လည်ပတ်နိုင်မလားဆိုတာကို စိတ်ဝင်တစား ကြည့်ရှုရမှာ ဖြစ်လို့ တင်ဆက်ပေးလိုက်ပါရစေ။ သရုပ်ဆောင်တွေ အနေနဲ့ကတော့ Handsome Guys၊ The First Responders အစရှိတဲ့ ဇာတ်လမ်းတွေထဲက မင်းသမီး Gong Seung Yeonနဲ့ အတူ တခြား ဝါရင့် သရုပ်ဆောင် အများအပြား ပါဝင်ထားပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ Treasure Htet မှ ရေးသားပေးထားပါတယ်။)...
The Vord (2024) ⭐IMDB: 4.2/10 (37 Votes) 🎬 #Drama #Fantasy #Horror 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 41 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Vord ဆိုတာကတော့ ကိုယ်မွေးဖွားတဲ့အချိန်ကစပြီး သေဆုံးတဲ့ အချိန်ထိ ကိုယ့်ဘေးနားမှာရှိပြီး စောင့်ရှောင်ပေးတဲ့ အစောင့် အရှောက်ဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးရဲ့အစမှာ ဗိုက်ကင်း ခေတ်ကာလက ညီအကို နှစ်ယောက်အကြောင်းကနေစတင်ထားပါတယ်။အကိုဖြစ်သူက ညီဖြစ်သူနဲ့မိန်းမနှင့် ဖောက်ပြန်ခဲ့ပါတယ်။ညီဖြစ်သူမိန်းမဟာ ဝံပုလွေကြောင့်ဆုံးပါးသွားသည်ကိုမြင်ခဲ့ရပြီး ဖောက်ပြန်နေကြောင်း သိခဲ့ရတဲ့အခါ ညီအကိုနှစ်ယောက်ရန်ထဖြစ်ပါတော့တယ်။ ထို့နောက် ထိုညီအကိုတို့က ကျိန်စာသင့်သွားခဲ့ကြောင်းကနေ အစပြုထားတာဖြစ်ပါတယ်။ နှစ်ပေါင်းသောင်းချီကြာပြီးသွားတဲ့အခါမှာတော့ ကတ်သရီးနားဆိုတဲ့ အမသမီးတစ်ယောက်ဟာအမှောင်စွမ်းအားအတွက် သူ့သမီးနဲ့ အလဲအလှယ် လုပ်ခဲ့ပါတယ်။ ကတ်သရီးနားရဲ့သမီး မာရီယာဟာ ငယ်စဥ်တည်းက တခြားသူတွေမမြင်နိုင်နဲ့ အရာတွေ သရဲတွေကို မြင်နိုင်စွမ်းရှိခဲ့ပါတယ်။ သူမရဲ့အမေဟာနောက်ဆုံးမှာနောင်တရပြီး မာရီယာကို သီလရှင်ကျောင်းမှာထားခဲ့ပြီးကိုယ့်ကိုယ်ကိုယ်အဆုံး စီရင်လိုက်ပါတော့တယ်။ မာရီယာအသက်ကြီးလာတဲ့အခါ ဘာကြောင့် ဒီလိုဖြစ်နေရတာလဲ ဆိုတာကိုရှာဖွေပြီး သူ့လိုအဖြစ်မျိုးတခြားသူတွေထပ်မကြုံရအောင် ကြိုးစားပါတော့တယ်။ ဒီကားလေးဟာ သင့်ကို ဘာတွေဖြစ်သွားတာလဲ ဆိုပြီးအတွေးများ ကျန်ရစ်စေအောင် လုပ်ဆောင်ပေးမဲ့ကားမျိုးဖြစ်တဲ့အပြင် အမှောင် လောကရဲ့ အကြောင်းတစ်စိတ်တစ်ပိုင်းကိုလေ့လာခွင့်ရမဲ့ကားလေးပင် ဖြစ်ပါတယ်။...
Hometown Remedy (2023) ⭐IMDB: 6.4/10 (232 Votes) 🎬 #Romance 🗓 2023 🎞 tv movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 26 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Hometown Remedy (2023) IMDb Rating (6.4) ဒီရုပ်ရှင်ကတော့ Romance အမျိုးအစားဇာတ်ကားလေးဖြစ်ပါတယ်။ အဒဲလ် ကလာ့ခ်ဆိုတဲ့ ခွဲစိတ်ဆရာ၀န်မလေးဟာ သူ့အဖေမြို့တော်၀န်ဖြစ်တာကိုဂုဏ်ပြုဖို့အတွက်မွေးရပ်မြေလေးကိုပြန်ရောက်လာပါတယ်။ အဲ့ကနေမှ မြို့ရဲ့မရှိမဖြစ် ဆရာ၀န်လေးဖြစ်တဲ့ ဂရန့်မက်သရူးနဲ့ မတော်တဆမှုကနေတစ်ဆင့် ဆုံတွေ့ပြီးတဲ့နောက်မှာတော့… အချစ်ဇာတ်လမ်း ပေါ့ပေါ့ပါးပါးလေးကိုကြည့်ချင်တဲ့သူတွေအတွက် ဒီဇာတ်ကားလေးက ရွေးချယ်စရာဖြစ်ပါလိမ့်မယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Ayng Kyaw ဖြစ်ပါတယ်။)...
Collateral (2004) ⭐TMDB: 72% User Score 🎬 #Crime #Drama #Thriller #Action 🗓 2004 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 24 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Collateral (2004) IMDb Rating (7.5) / Rotten Tomatoes (86 %) နာမည်ကျော် မင်းသားနှစ်လက်ဖြစ်တဲ့ တွမ်ခရုစ်နဲ့ဂျေမီဖောက်စ်တို့ရဲ့ လိုက်ဖက်ညီလှတဲ့သရုပ်ဆောင်ချက်တွေကို ရင်တစ်ဖိုဖို စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် Crime/Thriller ရုပ်ရှင်ကားကြီးပါ။ ဇာတ်လမ်းကတော့…မိသားစုကို Taxi မောင်းရင်း လုပ်ကျွေးနေတဲ့ Max…ခေါက်ရိုးကျိုးနေ့ရက်တွေကို ဖြတ်သန်းရင်း တစ်နေ့မှာ လူတစ်ယောက်က သူ့ကို ကားငှားလာပါတယ် …သူ့ကိုကားငှားတဲ့ခရီးသည်ကို နေရာတစ်ခုကိုလိုက်ပို့တယ်ဒါပေမယ့် ခရီးသည်က အဲ့ဒီနေရာမှာပဲသူ့ကိုစောင့်ခိုင်းထားလေတော့ သူစောင့်နေမိတယ်…. အဲ့လိုချိန်မှာ မမျှော်လင့်ဘဲ အလောင်းတစ်လောင်းဟာ Max ရဲ့ကားပေါ်ပြုတ်ကျလာတယ်….သူလိုက်ပို့တဲ့ခရီးသည်ရဲ့လက်ချက်ပါပဲ …သူ့ကိုငှားတဲ့ခရီးသည် ဟာ သာမန်လူမဟုတ်ဘဲ ကြေးစားလူသတ်သမားဖြစ်နေတယ်… မျက်မြင်သက်သေဖြစ်သွားတဲ့ Taxi သမား Max နဲ့ ကြေးစားလူသတ်သမားတို့ကြား ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ...
Deadly Fiancée (2024) ⭐IMDB: 3.7/10 (81 Votes) 🎬 #Thriller 🗓 2024 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 37 မိနစ် 7 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Deadly Fiancée (2024) 2024 ထွက် thriller ရုပ်ရှင်အသစ်တစ်ကား တင်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်း ဂျက်နီဆိုတဲ့ကောင်မလေးရဲ့ မိဘနှစ်ပါးဟာ အကြောင်းမျိုးမျိုးကြောင့် အိမ်ထောင်ရေးကွဲနေခဲ့ပါတယ်။ ဒါပေမဲ့လည်း ဂျက်နီဟာ မိဘနှစ်ယောက်စလုံးနဲ့ အဆင်ပြေပြေနေထိုင်နေခဲ့ပါတယ်။ သူ့(မ)အဖေဟာ အသက်နှစ်ဆယ်လောက် ငယ်တဲ့ အမျိုးသမီးတစ်ယောက်ကို လက်ထပ်မယ်လို့ မရည်ရွယ်ခင်အထိပေါ့။ ဒီအမျိုးသမီးက ရိုးသားတဲ့အမျိုးသမီးရောဟုတ်ရဲ့လား ဂျက်နီတို့ မိသားစုကို ဘယ်လိုမျိုးဒုက္ခပေးသွားမလဲ ဂျက်နီတို့ကရော ဘယ်လိုဖြေရှင်းမလဲဆိုတာကို ကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ပါအုန်းခင်ဗျာ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Lin Thurein ဖြစ်ပါတယ်။)...
Una noche con Adela (2023) ⭐IMDB: 5.4/10 (189 Votes) 🎬 #Drama #Thriller 🗓 2023 🎞 movie 🌎 #Spain ⏰ 1 နာရီ 47 မိနစ် 5 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 One Night with Adela (2023) IMDb Rating (5.4) 18+ အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။ အဒယ်လာဟာ မက်ဒရစ်စည်ပင်က သန့်ရှင်းရေးကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။ ဒီညမှာတော့သူဟာ တစ်သက်လုံးစာရခဲ့တဲ့ စိတ်ဒဏ်ရာတွေ၊ ဒီဘ၀ရောက်အောင်တွန်းပို့ခဲ့သူတွေကို ရက်ရက်စက်စက်ပြန်ကလဲ့စားချေဖို့ စိတ်ကူးထားပြီး အကောင်အထည်ဖော်တော့မှာဖြစ်ပါတယ်။ အဲ့ဒီအကြောင်းကိုလည်း ကိုယ်တွေ့ဇာတ်လမ်းတွေရင်ဖွင့်ရာ ရေဒီယိုအစီအစဉ်ကိုဖုန်းဆက်ပြီးပြောပြနေပါသေးတယ်။ သူကလဲ့စားချေမယ့်သူတွေက ဘယ်သူတွေဖြစ်မလဲ ? သူ့အပေါ်ဘယ်လိုလုပ်ရပ်တွေကျူးလွန်ခဲ့လို့ ဒီလောက်အထိနာကျည်းနေရတာလဲ? ကလဲ့စားချေဖို့အတွက် သူ့အစီအစဉ်တွေကဘာတွေဖြစ်နေမလဲ? ဇာတ်လမ်းအစအဆုံးကို one-shot ရိုက်ချက်နဲ့ဖန်တီးထားပြီး စကားလုံးတွေ၊ တင်ပြပုံတွေကိုလည်းစိတ္တဇဆန်ဆန် ဖွဲ့စည်းထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ကြမ်းတမ်းတဲ့စကားအသုံးအနှုန်းတွေ၊ မူးယစ်ဆေးသုံးစွဲမှုတွေ ဝတ်လစ်စားလစ်ဇာတ်ဝင်ခန်းတွေကြောင့် မိသားစုနဲ့ကြည့်ဖို့သတိထားရမယ့် ဇာတ်ကားလည်းဖြစ်ပါ တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)...
Diabolik: Who Are You? (2023) ⭐IMDB: 5.7/10 (648 Votes) 🎬 #Action #Crime #Mystery #Thriller 🗓 2023 🎞 movie 🌎 #Italy #France ⏰ 2 နာရီ 4 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Diabolik – Who Are You? (2023) IMDb Rating (5.7) ၁၉၆0 ခုနှစ်တွေမှာ အီတလီအပြင် ဥရောပ တခွင် ထိတ်ထိတ်ကြဲ အောင်မြင်ခဲ့တဲ့ ရုပ်ပြတစ်ခုရှိပါတယ်၊ ဒီယာဘောလစ်ပါ။ ဒီယာဘောလစ်ရဲ့ ပထမဆုံး Live Action ကိုတော့ ၁၉၆၈ ခုနှစ်မှာ ရိုက်ကူးခဲ့ပြီး အာရှတိုင်းပြည်တွေအထိပါ ပေါက်ရောက်ခဲ့ပါတယ်။ လူဆိုးတကာ့ လူဆိုးထဲမှာ ဉာဏ်ရည်ထက်မြက်တဲ့ လူဆိုးက ကြောက်ဖို့အကောင်းဆုံးပါပဲ။ ဒီယာဘောလစ်ဟာ အဲဒီလိုဖောက်ထွင်းဝိဇ္ဇာမျိုးပါ။ အခုဇာတ်လမ်းကတော့ ၁၉၆၀ ဝန်းကျင် အီတလီနိုင်ငံကို ဇာတ်အိမ်တည်ထားပြီး အဲဒီခေတ်ကာလမှာ ကလာဗေးလ်မြို့ကရဲတွေ ခေါင်းခဲနေရတဲ့ကိစ္စတစ်ခုရှိပါတယ်။ ရဲတွေကို အမြဲနောက်ကောက်ချနိုင်တဲ့ သူမတူအောင် တော်လွန်းတဲ့ ဖောက်ထွင်းဝိဇ္ဇာ ဒီယာဘောလစ်ပေါ့။ သူ့ရဲ့ မျက်နှာအမှန်ကို မြင်ဖူးတဲ့သူမရှိတဲ့အပြင် ဒီယာဘောလစ်ဟာ တကယ်တော့ သာမန်လူမဟုတ်ဘဲ မိစ္ဆာတစ်ကောင်လို့ လူတွေကပါ ပြောကြတဲ့အထိ သူ့ရဲ့ ရာဇဝင်ဟာ လျှို့ဝှက်နေပါတယ်။ ဒီဇာတ်ကားလေးမှာတော့ ဒီယာဘိုလစ်နဲ့အီဗာကန့်ဆိုတဲ့စောရဝိဇ္ဇာနှစ်ယောက်ဆုံတွေ့ခဲ့ပုံအကြောင်းကို ၁၉၆၀ကာလမှာ ဇာတ်အိမ်တည်ထားတာဖြစ်ပါတယ်။ သူတို့နောက်ကိုလိုက်ပြီးတားဆီးဖို့ကြိုးစားနေတဲ့ စုံထောက်ဂျင်ကိုနဲ့ရော ဘာတွေဆက်ဖြစ်မလဲ ဒီယာဘိုလစ်ဆိုတဲ့သူကရော တစ်ကယ်တန်းဘယ်သူလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Aung Kyaw ဖြစ်ပါတယ်။)...
Black Tea (2024) ⭐IMDB: 5.2/10 (467 Votes) 🎬 #Drama #Romance 🗓 2024 🎞 movie 🌎 #France #Luxembourg #Taiwan #Mauritania #CoteD'Ivoire ⏰ 1 နာရီ 50 မိနစ် 36 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Black Tea (2024) အာဖရိကန် ဒါရိုက်တာ Abderrahmane Sissako ရိုက်ကူးထားပြီး ဇာတ်အိမ်ကို တရုတ်နိူင်ငံ ကွမ်ကျိူးပြည်နယ်ဘက်မှာ ဇာတ်အိမ်တည်ထားတာပါတယ်။ ဂျွိုက်ဟာ သူစိတ်ဝင်စားတဲ့ လက်ဘက်ရည်ပညာရပ်ကိုလဲဆည်းပူးရင်း စိတ်ပြေလက်ပျောက် တရုတ်နိူင်ငံ ကွမ်ကျိုးမြို့ဆီ ထွက်လာခဲ့ပါတယ်။ နယ်ခံဖြစ်တဲ့ Cai နဲ့ ဂျွိုက်စ် တို့ရဲ့ကြားက သံယောဇဉ်ကနေ ချစ်ချင်းမေတ္တာပေါက်ဖွားလာပုံ၊ ဂျွိုက်နဲ့နယ်ခံတရုတ်တွေရဲ့ကြား ဆက်နွယ်မှုအကြောင်းကို ရိုက်ကူးပုံဖော်တင်ဆက်ထားတဲ့ ဇာတ်လမ်းကောင်းဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Aung Kyaw ဖြစ်ပါတယ်။)...
Beyond the Wasteland (2023) ⭐TMDB: 76% User Score 🎬 #Adventure #Drama #Horror #ScienceFiction 🗓 2023 🎞 movie 🌎 #Croatia #France #Greece #Kosovo #Luxembourg #Macedonia ⏰ 1 နာရီ 39 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Beyond the Wasteland (2023) IMDb Rating (5.9) လက်မှာ M ဆိုတဲ့ အမှတ်အသားရှိတဲ့ Marko လိုအမည်ရတဲ့ ကလေးလေးက အပြင်လောကနဲ့ထိတွေ့မှုမရှိဘဲ သူ့အဖေနဲ့ တောအုပ်ထဲမှာပဲ ကြီးပြင်းလာခဲ့ရတယ်။ သူ့အဖေက အပြင်မှာ လူဆိုးတွေရှိတယ် အန္တရာယ်များတယ်လို သင်ပေးခဲ့ပြီး အမြဲတမ်း အသက်ရှင်သန်ရေးနဲ့ပတ်သက်တဲ့ အသိပညာတွေကို သင်ပေးခဲ့တယ်။ ဒါပေမဲ့ တစ်နေ့မှာ Marko သူတိုနေတဲ့တောအုပ်ထဲမှာ သူနဲ့ရွယ်တူ Miko ဆိုတဲ့ ကလေးတစ်ယောက်နဲ့ သူ့အမေတစ်ယောက်ကို တွေ့ခဲ့ပြီး Miko နဲ့ သူငယ်ချင်းဖွဲခဲ့တယ်။ နောက်တော့ Marko က သူ့အဖေက Miko ရဲ့အမေကို သတ်ခဲ့ပါတယ်လို အထင်မှားပြီး သူ့အဖေကို လူဆိုးလိုထင်သွားခဲ့တယ်။ Marko ရဲ့ အဖေက သူသတ်ခဲ့တာမဟုတ်ကြောင်း Miko ရဲ့အမေကို ကယ်ဖိုကြိုးစားခဲ့တာဖြစ်ကြောင်း ရှင်းပြပြီးရုတ်တရက် သူ့ရဲ့ဒဏ်ရာကြောင့် ထူးဆန်းတဲ့အမူအရာပြောင်းသွားပြီး သူ “လူဆိုး” အဖြစ်ပြောင်းမသွားခင် Marko ကို ထွက်ပြေးခိုင်းခဲ့တယ်။ တကယ်တော့ Marko အဖေပြောခဲ့တဲ့ “လူဆိုး” တွေဆိုတာ ဗိုင်းရပ်ကူးစက်ပြီး ပြောင်းလဲသွားတဲ့ ဇွန်ဘီတွေဖြစ်ပြီး.. ငယ်ရွယ်တဲ့ ကလေးသာသာရှိသေးတဲ့ Marko တစ်ယောက် သူ့ရဲ့ရုပ်ပြပုံပြင်ထဲကလို “နတ်သမီး” ရှာဖို ထွက်သွားခဲ့တဲ့ခရီးမှာ “လူဆိုး” တွေကို ဘယ်လိုရှောင်မလဲဆိုတာ ထိတ်လန့်ဖွယ် စိတ်လှုပ်ရှားမှုအပြည့်နဲ့ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။)...
Dishkiyaoon (2014) ⭐IMDB: 5.2/10 (1 k Votes) 🎬 #Action #Bollywood #Thriller 🗓 2014 🎞 movie 🌎 #India ⏰ 1 နာရီ 59 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Dhishkyaoon 2014 (ဂိုဏ်းစတားဖြစ်ချင်သူ ကိုလူဇိုး)IMDb- 5.2/10 ဒီဇာတ်လမ်းမှာတော့ အိန္ဒိယရဲ့ ပရိုဂျူဆာ,စာရေးဆရာ မင်းသားဖြစ်တဲ့ Harman Bawejaပါဝင်ပြီးတော့ Addo AIရဲ့ Co-Founder,CEO ဖြစ်သူAyesha Khannaရဲ့ ပထမဆုံးသော ရုပ်ရှင်လောကကိုစတင်ဝင်ရောက်ခဲ့တဲ့ဇာတ်လမ်းလေးလည်းဖြစ်ပါတယ်။ ဗီကီဟာ ၅နှစ်သားအရွယ်မှာတင် မိခင်ဖြစ်သူကို ဆုံးရှုံးခဲ့ရပြီးတော့မိခင်သေဆုံးသွားကတည်းက အချစ်မခံရတော့တဲ့ကလေးတစ်ယောက်ပါ၊ အဖေကတော့ ရှိပေမယ့် ဖခင်တွေရဲ့ထုံးစံအတိုင်းပဲ အလုပ်ကိုပဲကြိုးစားလုပ်ကိုင်နေသူဖြစ်တဲ့အပြင် သားဖြစ်သူနဲ့လည်းအလှမ်းဝေးလျက်ရှိပါတယ်။ ဗီကီတစ်ယောက် ငယ်စဉ်က ကျောင်းမှာ ဂျီရတ်ဆိုတဲ့ကောင်လေးကအနိုင်ကျင့်တာတွေ ရှိခဲ့ပေမယ့် ဖခင်ဖြစ်သူရဲ့ ဂရုစိုက်ခြင်းကို မခံရတဲ့အတွက်သတိမထားမိတဲ့အပြင် ဗီကီက ပြောလာတာတောင် ဖခင်ဖြစ်သူမှာ အလုပ်ကပဲအရေးကြီးနေသူဖြစ်တာကြောင့် သေချာ ဂရုမစိုက်ခဲ့ပါဘူး။ ဒီလိုအချိန်မှာ ဗီကီ့အတွက် ချစ်စရာဆိုလို့ ကျောင်းကသူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ ဂျီယာနဲ့ ကီတန်ပါပဲ။ ဗီကီတစ်ယောက် သူတို့နယ်မြေရဲ့ လူမိုက်ဖြစ်သူ တိုနီ့ဆီမှာသွားရောက်အကူအညီတောင်းဖို့ဖြစ်လာခဲ့ပါတယ်။ တိုနီက ကူညီပြီးတော့ အကြံပေးလိုက်တဲ့နောက်မှာတော့ဗီကီတစ်ယောက် ရာဂျတ်ကို ရင်ဆိုင်ဖို့ သတ္တိတွေရှိလာပါတော့တယ်။ဒီလိုနဲ့ စာတတ်တဲ့ ဗီကီတစ်ယောက် ပညာမတတ်တဲ့တိုနီ့ဆီမှာ စာရင်းမှတ်ဖို့ဖြစ်လာရင်းနဲ့ ဗီကီတစ်ယောက်ဂိုဏ်းစတားဖြစ်ဖို့အတွက်က သူ့ရည်မှန်းချက်ဖြစ်ခဲ့ပါတော့တယ်။ ဒီလိုနဲ့ပဲ ဗီကီတစ်ယောက် တိုနီ့ဆီမှာ နေရင်းကနေဂိုဏ်းစတားတစ်ယောက်ဖြစ်လာဖို့ ဘယ်လိုတွေ ဆက်လက်လုပ်ဆောင်သွားမလဲ ….ဂိုဏ်းစတားဖြစ်ဖို့လုပ်ဆောင်နေတဲ့ လမ်းမှာရော ဘယ်လိုအတားအစီးတွေကပိတ်ပင်နေဦးမလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)...
Rhapsody in August (1991) ⭐TMDB: 71% User Score 🎬 #Drama #War 🗓 1991 🎞 movie 🌎 #Japan ⏰ 1 နာရီ 39 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Rhapsody in August (1991) ~ IMDb – 7.2/10, Rotten Tomatoes – 60% ~ ကူရိုဆာဝါရဲ့ နောက်ဆုံးရုပ်ရှင်ဖြစ်တဲ့ Madadayo (1993) အရှေ့က ရုပ်ရှင်ပေါ့။ ကူရိုဆာဝါ ရိုက်ခဲ့တဲ့ အဖြူအမည်းမဟုတ်တဲ့ ၇ကားတည်းသော ကားတွေထဲက တစ်ကားပါပဲ။ Kiyoko Murata ရဲ့ ဝတ္တုကို ကူရိုဆာဝါကိုယ်တိုင် ဇာတ်ညွှန်းရေးသား ရိုက်ကူးထားတယ်။ အမျိုးသမီးက ဇာတ်ဆောင်ဖြစ်နေတဲ့ ကူရိုဆာဝါကား၃ကားထဲက တစ်ကားတည်းသော ကာလာကားလည်းဟုတ်တယ်။ သူ့အသက်၈၀မှာ ရိုက်ခဲ့တဲ့ ရုပ်ရှင်ပေါ့။ ဝေဖန်ရေးသမားတွေကတော့ Ran နောက်ပိုင်း Dreams ကလည်း သိပ်မအောင်မြင်ခဲ့သလို Rhapsody in August ကတော့ ကိန်းမှာပွဲဦးထွက်ပြတုန်းက စိတ်ပျက်စရာတောင်ဖြစ်ခဲ့တယ်လို့ ပြောကြတယ်။ သူတို့အမြင်ပေါ့။ သူတို့အမြင်ဆိုရာမှာ တချို့ကတော့ ဒီကားဟာ အနုမြူဗုံးကြဲခံရတာကိုတော့ စစ်ရာဇဝတ်မှုအနေနဲ့ ပုံဖော်ထားခဲ့ပြီး ပစိဖိတ်စစ်ပွဲကာလမှာ ဂျပန်တွေကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကိုတော့ ချန်လှပ်သွားတဲ့ အချက်ကိုလည်း ထောက်ပြခဲ့ကြတယ်။ ကျွန်တော့်အတွက်တော့ Dreams ဟာ ကူရိုဆာဝါရဲ့အကောင်းဆုံးရုပ်ရှင်ဖြစ်ခဲ့သလို Rhapsody in August ကလည်း ရှေ့က တချို့ကူရိုဆာဝါကားတွေထက်ကြိုက်မိတဲ့ ရုပ်ရှင်ပါပဲ။ ရုပ်ရှင်တစ်ကားရဲ့ သက်ရောက်မှုဟာ ကိုယ်ကြိုက်တဲ့ Taste ဖြစ်ခြင်းမဖြစ်ခြင်းနဲ့ ဆိုင်နိုင်သလို ဖြတ်သန်းမှုနဲ့လည်း ဆိုင်တာပါပဲ။ ဒီလိုပါပဲ မကြိုက်ခြင်းကလည်း ဖြတ်သန်းမှုနဲ့ အမြင်မတူခြင်းနဲ့ ဆိုင်တတ်တယ်။ လွန်ခဲ့တဲ့နှစ်တွေတုန်းက ဝေါင်ကာဝေးရုပ်ရှင်တွေထဲ ကျွန်တော်အကြိုက်ဆုံးက 2046 ဖြစ်ခဲ့ဖူးတယ်။ ဝေါင်ကာဝေးရုပ်ရှင်အများစုက အချစ်နဲ့မကင်းတဲ့ ခံစားချက်တွေအကြောင်းဆိုတော့ အဲဒီတုန်းက ကျွန်တော့်ယုံကြည်မှုအတိုင်း ကျွန်တော့်ဖြတ်သန်းမှုအတိုင်း တူညီတဲ့ခံစားချက်ရခဲ့တဲ့ ရုပ်ရှင်ကို ပိုကြိုက်မိခဲ့တာပါပဲ။ ဆန့်ကျင်ဘက်အနေနဲ့တော့ Days Of Being Wild ကိုတော့ လတ်စလီချောင်ကိုရော ဇာတ်လမ်းသွားကိုရော မက်ဂီချောင်ကိုရော ကြိုက်လို့ကြိုက်ခဲ့ပေမဲ့ အဲဒီထဲက လတ်စလီချောင်ကာရိုက်တာကို နားလည်ပေးနိုင်တဲ့ထဲတော့ မပါခဲ့ဘူး။ ဒီနှစ်တွေထဲတော့ အချစ်ဆိုတဲ့အရာနဲ့ပတ်သက်တဲ့ ကျွန်တော့်ဖြတ်သန်းမှုတွေ အမြင်တွေက Days Of Being Wild ထဲက လတ်စလီချောင်ကာရိုက်တာလို ဖြစ်မှန်းမသိဖြစ်လာတဲ့နောက် Days Of Being Wild ကို ပြန်ကြည့်မိပြီးတဲ့နောက် ဝေါင်ကာဝေးထဲ အကြိုက်ဆုံးက Days Of Being Wild ဖြစ်သွားခဲ့တယ်။ တချို့အနုပညာလက်ရာတွေအပေါ် ခံစားမှုတစ်ခုသေချာရနိုင်ဖို့က ဖြတ်သန်းမှုလိုတယ်လို့ ကျွန်တော်တော့ သေချာတယ်။ Rhapsody in August ရဲ့ ဇာတ်လမ်းက ဒုတိယကမ္ဘာစစ်အပြီး နှစ်ပေါင်းများစွာကြာတာတောင် ဒုတိယကမ္ဘာစစ်ကို မျက်မြင်ကြုံခဲ့ရတဲ့ ဂျပန်လူမျိုးတွေအတွက် နာဂါဆာခိနဲ့ ဟိရိုရှိမကို အနုမြူဗုံးကြဲခံခဲ့ရတာက ထရော်မာတစ်ခုဖြစ်နေတုန်းဆိုတာကို ပြထားတဲ့ရုပ်ရှင်လို့ပြောရမယ်။ ဒါကို သူက မျက်မှောက်ခေတ်ရဲ့ ဂျပန်ရဲ့တိုးတက်မှုအပြောင်းအလဲနဲ့ လူကြီးတွေနဲ့ လူငယ်တွေကြားက အမေရိကန်အပေါ် အမြင်ကွဲလွဲကြပုံတွေ၊ လူကြီးတွေနဲ့ လူလတ်တွေ လူငယ်တွေ သဘောထားကွဲလွဲကြပုံတွေနဲ့ တည်ဆောက်ထားတယ်။ အမေရိကန်နိုင်ငံနဲ့ အမေရိကန်လူမျိုးတွေနဲ့လည်း တိုက်ရိုက်ချိတ်ဆက်ထားတယ်။ ရစ်ချက်ဂီရိတောင် ဧည့်သည်သရုပ်ဆောင်လုပ်ထားပေးတယ်။ ပြောရရင် ဟိရှိရှိမရဲ့ဝေဒနာကို ရိုက်ထားတဲ့ Hiroshima Mon Amour က ရှိပြီးသားဆိုတော့ နာဂါဆာခိရဲ့ဝေဒနာကိုရိုက်ထားတဲ့ ဒီကားပါပေါင်းလိုက်ရင် အနုမြူဗုံးဒဏ်ခံခဲ့ရတဲ့ မြို့၂မြို့ရဲ့ဝေဒနာတွေ မြင်ရတာစုံသွားပြီပြောရမယ်။ Hiroshima Mon Amour လောက်တော့ ဒီကားက ကဗျာမဆန်ပေမဲ့ မျက်မှောက်ခေတ်ကိုရော အတိတ်သမိုင်းကိုပါ ပြထားတာမို့ သူ့နည်းသူ့ဟန်နဲ့တော့ မညံ့တဲ့ ရုပ်ရှင်လို့ပြောရမယ်။ အစောကပြောခဲ့သလို ကိုယ့်အပြစ်ကိုချန်လှပ်ခဲ့ပြီး သူများအပြစ်ကိုပဲ ထောက်ပြထားတာကို အားနည်းချက်လို့ဆိုချင်ဆိုလို့ရပါတယ်။ ဒါပေမဲ့လည်း ဂျပန်ရုပ်ရှင်တစ်ကားမှာ အနုမြူဗုံးကြဲခဲ့ရတဲ့အတိတ်ကို ခါးသက်တဲ့သမိုင်းတစ်ခုအဖြစ် ပုံဖော်ထားတာကိုတော့ ကျွန်တော်တော့ အလွန်လို့မြင်ပေးလို့မရပါဘူး။ မှန်တာမှားတာထက် သူတို့ရုပ်ရှင်ဟာ သူတို့အမြင်အတိုင်းဖြစ်နေဖို့ပိုလိုလိမ့်မယ်မြင်တယ်။ ဒီတော့ ဖြစ်သင့်တဲ့ကိစ္စပါပဲ။ Rhapsody in August ဟာ သတိရနေသေးရင် စစ်ကြီးက ဘယ်တော့မှ မပြီးသွားဘူးဆိုတဲ့အကြောင်းပါပဲ။ မီးလုံးကြီးတွေ ကောင်းကင်ယံထိ လျှံတက်ခဲ့တဲ့ ဩဂတ်စ်လရဲ့ အဆွေးသီချင်းတစ်ပုဒ်ကလည်း ဘယ်တော့မှ အဆုံးသတ်မသွားသလိုပေါ့။ (ဒီဇာတ်ကားနဲ့အညွှန်းကိုWiRa Aungမှ ပြန်ဆို ရေးသားထားပါတယ်)...
First Contact (2023) ⭐IMDB: 4.2/10 (486 Votes) 🎬 #Horror #ScienceFiction #Drama #SciFi 🗓 2023 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 29 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 First Contact (2023) IMDb Rating (4.1) သိပ္ပံပညာရှင် Ian Bradach သေဆုံးသွားပြီးနောက်မှာ သူ့အိမ်ကိုကွဲကွာသွားတဲ့ Casey နဲ့ Dan ဆိုတဲ့မောင်နှမ ၂ယောက်နေထိုင်လျက်ရှိပါတယ်။ သူ့တို့၂ယောက်ဟာ Ian ဘာတွေလုပ်နေခဲ့လဲဆိုတာကိုရှာဖွေကြရင်း Ian ရဲ့တွေ့ရှိမှုတွေထဲကတစ်ခုဟာ စကြာဝဠာကြားထဲ့ Portal တစ်ခု ဖွင့်ပေးနိုင်ပါတယ်။ Ian ကတော့ အဲဒီ Portal ကနေဝင်လာတဲ့လူအဖွဲ့အစည်းကနေ သင်ယူနိုင်ဖို့ဆန္ဒရှိခဲ့တာပါ။ ဒါပေမယ် မကောင်းတဲ့သတ္တဝါတွေပါ Portal ကနေဝင်ရောက်လာပါတယ်။ ဒီသတ္တဝါတွေရဲ့ သဘာဝက ကပ်ပါးကောင်တွေလိုပါပဲ. လက်ခံကောင်တစ်ခုလိုပါတယ်။ သူကတော့ အရင်ရောက်လာပြီး Kevin ဆိုတဲ့လူရဲ့ ခန္တာကိုယ်မှာနေထိုင်နေပါတယ်. သူ့ရဲ့အကြံအစည်ကတော့ လူသားတွေကိုမျိုးသုန်းအောင်လုပ်ဖို့ပါ။ ထို့နောက် Casey နဲ့ Dan က သူ့အဖေတွေ့ရှိမှုကို တွေ့သွားခဲ့ပြီး ကောင်းတဲ့ဘက်ကသတ္တဝါက ဝင်ရောက်လာက သူတို့ကိုသတိပေးခဲ့ပါတယ်။ သူတို့တွေဒီမျိုးသုန်းမှုကို ဘယ်လိုတားဆီးသွားမလဲဆိုတာ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Son Gohan ဖြစ်ပါတယ်။)...
Reticent (2024) ⭐TMDB: 0% User Score 🎬 #Drama 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 56 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီကားလေးကတော့ 2024 ခုနှစ် ဒီဇင်လာလ ထဲမှာပဲ ထွက်ရှိထားတဲ့ ကျောင်းသား ဒရာမာ ဇာတ်ကားလေးပါ။ မင်းသား အနေနဲ့ ရော ဒါရိုက်တာအနေနဲ့ပါ Blake Holden ကပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း… Sam(Blake Holden) ဟာ ဟိုတယ်တစ်ခုမှာ အချိန်ပိုင်း ဝင်လုပ်နေတဲ့ ကောလိပ်ကျောင်းသားလေးတစ်ဦးပါ။ သူက သူ့ကိုယ်သူ ဖော်ပြတဲ့ နေရာမှာ အားနည်းလွန်းသူဖြစ်ပြီးတော့ စကားလည်းသိပ်မပြောတဲ့သူဖြစ်တဲ့ အလျောက် သူရဲ့ကောလိပ်ပထမနှစ်ကျောင်းသားဘဝက ခက်ခဲလာပါတော့တယ်။ အဲဒီလိုအခက်အခဲတွေကြားထဲမှာ သူ့ကိုယ်သူဘယ်လိုတွေ့အောင်ရှာမလဲ ဘယ်သူတွေကရော သူ့ကိုကူညီသွားမှာလဲဆိုတာကို စိတ်ဝင်စားစွာ ကြည့်ရှုရမယ့် ဇာတ်လမ်းလေးဖြစ်ပါတယ်...
Mana Man (2024) ⭐IMDB: 4.7/10 (62 Votes) 🎬 #Action #Comedy 🗓 2024 🎞 movie 🌎 #Thailand ⏰ 1 နာရီ 43 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Mana Man (2024)****************** Friend Zone ထဲက မင်းသား Nine Naphat Siangsomboonရဲ့ ဇာတ်ကားအသစ်ထွက်ရှိလို့လာပါပြီ… နောက်ထပ် Main role အနေနဲ့ Oat Pramote Pathan ကလည်း ပါဝင်ထားတာဖြစ်လို့ ကြည့်လို့ကောင်းမဲ့… ဇာတ်ကားတစ်ကားဆိုတာတော့ အသေအချာပါပဲ။ ဒီကားလေးကတော့ ပေါ့ပေါ့ပါးပါးလေးနဲ့ ရယ်ရမယ့်… ဟာသအက်ရှင်ကားလေးဖြစ်ပါတယ်။ မာနဆိုတဲ့ကောင်လေးဟာ အလုပ်ရယ်လို့ အတည်တကျမရှိဘဲ… တွေ့သမျှ အချိန်ပိုင်းအလုပ်ပေါင်းစုံပတ်လုပ်ပြီးတော့ ပိုက်ဆံရှာနေရတဲ့သူတစ်ယောက်ပါ။ မာနမှာ အမေနဲ့ ညီမလေးလည်းရှိပါတယ်။ ညီမဖြစ်သူမာနီကတော့ ကျောင်းတက်နေတုန်းအရွယ်ဖြစ်ပြီး အမေကတော့ စားသောက်ဆိုင်လေးဖွင့်ထားပေမယ့်… လက်ရာမကောင်းလို့ ဖောက်သည်မရှိ အကြွေးပတ်လည်ဝိုင်းနေသူပေါ့။ ဒီလိုမိသားစုအတွက် ကြိုးစားရုန်းကန်ရင်း… ရသမျှအချိန်ပိုင်းအလုပ်တွေကို သူငယ်ချင်းတွေနဲ့အတူတူလုပ်ရင်းနဲ့ သူလုပ်သမျှအလုပ်တိုင်းဟာ အဖျက်တွေဝင်လာပါတော့တယ်။ ဒီလိုဖြစ်ရတာကလည်း ငယ်စဉ်အခါတုန်းကကိစ္စလေးတစ်ခုကို ရန်ငြိုးထားနေတဲ့ ပွတ်ခ်ဆိုတဲ့သူကြောင့်ပဲဖြစ်ပါတယ်။ ငယ်ငယ်က ရန်ငြိုးကို မကျေနိုင်တဲ့ ပွတ်ခ်တစ်ယောက် မာန ဘာပဲလုပ်လုပ် လိုက်ပြီးဖျက်နေရတာကိုပဲ ကျေနပ်နေပြီး လိုက်နှောင့်ယှက်နေပါတော့တယ်။ ဒီလိုနဲ့ အကြွေးပတ်လည်ဝိုင်းနေတဲ့ ကိစ္စကို ရှင်းလင်းနိုင်ဖို့ ရသမျှအလုပ်ရှာလုပ်ရင်း ပိုက်ဆံရှာနေတဲ့ မာနနဲ့… မာန လုပ်သမျှ အလုပ်တိုင်းကို လိုက်နှောင့်ယှက်ပြီးဖျက်စီးနေတဲ့ ပွတ်ခ်တို့ ဘယ်လိုတွေ ရှေ့ဆက်ဖြစ်ကြဦးမလဲဆိုတာ… ရယ်ရင်းမောရင်းကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။...
Reticent (2024) ⭐TMDB: 0% User Score 🎬 #Drama 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 56 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီကားလေးကတော့ 2024 ခုနှစ် ဒီဇင်လာလ ထဲမှာပဲ ထွက်ရှိထားတဲ့ ကျောင်းသား ဒရာမာ ဇာတ်ကားလေးပါ။ မင်းသား အနေနဲ့ ရော ဒါရိုက်တာအနေနဲ့ပါ Blake Holden ကပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း… Sam(Blake Holden) ဟာ ဟိုတယ်တစ်ခုမှာ အချိန်ပိုင်း ဝင်လုပ်နေတဲ့ ကောလိပ်ကျောင်းသားလေးတစ်ဦးပါ။ သူက သူ့ကိုယ်သူ ဖော်ပြတဲ့ နေရာမှာ အားနည်းလွန်းသူဖြစ်ပြီးတော့ စကားလည်းသိပ်မပြောတဲ့သူဖြစ်တဲ့ အလျောက် သူရဲ့ကောလိပ်ပထမနှစ်ကျောင်းသားဘဝက ခက်ခဲလာပါတော့တယ်။ အဲဒီလိုအခက်အခဲတွေကြားထဲမှာ သူ့ကိုယ်သူဘယ်လိုတွေ့အောင်ရှာမလဲ ဘယ်သူတွေကရော သူ့ကိုကူညီသွားမှာလဲဆိုတာကို စိတ်ဝင်စားစွာ ကြည့်ရှုရမယ့် ဇာတ်လမ်းလေးဖြစ်ပါတယ်...
Panda Plan (2024) ⭐TMDB: 53% User Score 🎬 #Action #Adventure #Comedy 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 39 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Panda Plan (2024) IMDb Rating (5.6) မင်းသားကြီး ဂျက်ကီချန်းရဲ့ နောက်ဆုံးထွက် အက်ရှင် ဟာသကား အသစ်ပါ။ ဒီရုပ်ရှင်ထဲမှာတော့ ဂျက်ကီချန်းဟာ အပြင်ကအတိုင်း ရုပ်ရှင်မင်းသား ဂျက်ကီချန်းအဖြစ်ပဲ ပါဝင်ထားပါတယ်။ ကမ္ဘာကျော်မင်းသားဖြစ်တာကြောင့် နိုရာတိရစ္ဆာန်ရုံက ကမ္ဘာကျော် ပန်ဒါလေးကို မွေးစားဖို့ဆိုပြီး ဖိတ်ခေါ်ခံရတာကနေ စပါတယ်။ အဲဒီ နိုရာတိရစ္ဆာန်ရုံမှာ ပွဲတက်နေတုန်း ဒီပန်ဒါလေးကိုပဲ အမေရိကန် သန်း ၁၀၀ ရဖို့ လာဖမ်းတဲ့ ကြေးစားလူမိုက်တွေ ရောက်လာပါတယ်။ ဂျက်ကီချန်းရယ် သူ့လက်ထောက်ဒေးဗစ်ရယ် ပန်ဒါထိန်းလေး ရှောင်ကျူးရယ် ပန်ဒါလေးကို ကယ်ဖို့ ဘယ်လိုတွေ စွန့်စားခန်းဖွင့်ကြမလဲဆိုတာ ဟာသတွေအက်ရှင်တွေနဲ့ ကြည့်ရမှာပဲဖြစ်ပါတယ်။ ဒီတစ်ခါလည်း ဟိုးအရင်ကလိုပဲ ဖျော်ဖြေရေးကားဖြစ်လို့ အတည်ပေါက်လေးနက်တာတွေတော့ မြင်ရမှာမဟုတ်ပေမဲ့ ဂျက်ကီချန်းပါလို့ပဲ ကြည့်လို့ကောင်းနေဦးမှာပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mr. Anderson ဖြစ်ပါတယ်။)...
The Sleeping Woman (2024) ⭐IMDB: 5.2/10 (502 Votes) 🎬 #Drama #Fantasy #Thriller #Horror 🗓 2024 🎞 movie 🌎 #Spain #UnitedStatesofAmerica ⏰ 1 နာရီ 44 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Halloween Month ထဲမှာ ကြည့်ဖို့ Thriller ဇာတ်လမ်းသစ် ရှာနေသူတွေအတွက် Psychological Thriller ဇာတ်ကားတစ်ကားဖြစ်တဲ့ “The Sleeping Woman” (၂၀၂၄) ခုနှစ်ထွက် စပိန် Psychological Thriller ဇာတ်ကားတစ်ကားဖြစ်တဲ့ “The Sleeping Woman (La mujer dormida)” မှာဆိုရင် အန်နာဆိုတဲ့ သူနာပြုတစ်ယောက် သြဂတ်စတင်တို့အိမ်ကို ရောက်ရှိလာရာကနေ အစပျိုးထားပြီးတော့ အန်နာရဲ့တာဝန်ဟာ ကိုမာလူနာတဖြစ်လည်း သြဂတ်စတင်ရဲ့အမျိုးသမီးဖြစ်သူ ဆာရာကို ပြုစုဂရုစိုက်ပေးဖို့ပဲ ဖြစ်ပါတယ်။ သြဂတ်စတင်တို့ အိမ်ကိုရောက်ပြီး သိပ်မကြာခင်မှာပဲ အန်နာတစ်ယောက် ထူးဆန်းတဲ့ အဖြစ်အပျက်တွေကို ကြုံတွေ့လာရကာ ဒီအိမ်မှာရှိနေတဲ့ တစ်စုံတစ်ခုက သူ့ကို မလိုလားသလိုမျိုး စိတ်ထဲခံစားနေရတယ်။ အစပိုင်းတော့ အန်နာဟာ ဒါတွေကို စိတ်ထဲမှာပဲ ဖြစ်နေတာပါလေလို့ ထင်ခဲ့ပေမယ့်လည်း ဆက်တိုက်ဆိုသလို သူ့အပေါ်မှာ ဖြစ်ပျက်နေတဲ့ ကိစ္စတွေက ပိုပိုဆိုးလာတော့တယ်။ ဒီလိုဖြစ်ပျက်လာနေတာတွေကို ဆာရာလုပ်တာလို့လည်း အန်နာက တွေးမိနေပြန်တယ်။ ထူးဆန်းတဲ့အဖြစ်အပျက် တွေ ဖြစ်နေသည့်ကြားကမှ ကြိုးချင်းထားကြိုးချင်းငြိ အိုးချင်းထား အိုးချင်းထိဖြစ်အောင် ထိခဲ့သေးတဲ့ သြဂတ်စတင်ကို ပြောပြပေမယ့်လည်း ဆာရာဟာ ကိုမာဝင်နေတာကြောင့် မဖြစ်နိုင်ဘူးလို့ပဲ တွေးခဲ့ကြတယ်။ Horror/ Suspense ဇာတ်လမ်းအမျိုးအစားဖြစ်တဲ့ “The Sleeping Woman” ထဲမှာ တကယ်ပဲ ကိုမာဝင်နေတဲ့ ဆာရာက အန်နာကို ဒုက္ခပေးဖို့ ကြိုးစားနေတာလား၊ ဒါမှမဟုတ် ဒီအိမ်ထဲကနေ အကြောင်းတစ်ခုခုကြောင့်များ ထွက်သွားစေချင်လို့ ကူညီဖို့ ကြိုးစားနေတဲ့အရာ ရှိနေတာလားဆိုတာကို ဇာတ်လှည့်တွေနဲ့ ရင်တထိတ်ထိတ် ကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။...
An Urban Allegory (2024) ⭐TMDB: 82% User Score 🎬 #Drama #Fantasy #Short 🗓 2024 🎞 movie 🌎 #France ⏰ 21 မိနစ် 9 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းတိုလေးကတော့ နာမည်ကြီးအီတလီရုပ်ရှင်ရိုက်ကူးသူ”Alice Rohrwacher”က ရိုက်ကူးထားပြီး ပြင်သစ်မှာဇာတ်အိမ်တည်ထားပါတယ် ဒီဇာတ်လမ်းလေးက ရှေးဂရိဒဿနပညာရှင်ကြီး”Plato”ရဲ့ “The Allegory of the cave”ကိုမှီငြမ်းပြီးရိုက်ကူးထားတာဖြစ်ပါတယ် “မွေးကတည်းက လှိုဏ်ခေါင်းကြီးတစ်ခုထဲမှာ သံကြိုးတွေနဲ့ချုပ်နှောင်ခံထားရသူတွေ, သူတို့ကလှိုဏ်ခေါင်းထဲမှာရှိတဲ့အရိပ်တွေကိုပဲ ပုံရိပ်အစစ်လို့ထင်မှတ်နေကြပါတယ် သူတို့ထဲကတစ်ယောက်ယောက်သာ ချုပ်နှောင်ထားတဲ့သံကြိုးတွေကိုဖြုတ်ပြီး လှိုဏ်ခေါင်းအပြင်ကိုထွက်ပြေးလွတ်မြောက်သွားရင် ဘာဆက်ဖြစ်မလဲ……” ကပြဖျော်ဖြေသူတစ်ဦးမှာ ပြဇတာ်တစ်ခုလူရွေးပွဲကိုသွားရာမှာ သူမရဲ့သားလေးဖျားနေတယ်လို့ကျောင်းကဖုန်းဆက်လို့ဝင်ခေါ်ရာကနေ လူရွေးပွဲကိုနောက်ကျမှရောက်သွားပါတယ် သူရောက်သွားတဲ့အခါ ဒါရိုက်တာကြီးကို တောင်းပန်ပြီး သူ့ကိုလူရွေးပွဲဝင်ပြိုင်ခွင့်ပေးဖို့တောင်းဆိုပါတယ် ဒါရိုက်တာကြီးကခွင့်ပြုပြီး သူမရဲ့ခုနစ်နှစ်အရွယ်သားလေးကို Platoရဲ့ “The allegory of the cave”ထဲမှာပါတဲ့ မေးခွန်းရဲ့အဖြေကိုပြောပြလိုက်ပါတယ် “ချုပ်နှောင်မှုမှလွတ်မြောက်လာတဲ့အကျဥ်းသား ဘာဆက်ဖြစ်မလဲ”ဆိုတာကိုပေါ့...
Pottel (2024) ⭐IMDB: 7.2/10 (796 Votes) 🎬 #Action #Bollywood #Drama #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 26 မိနစ် 51 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Pottel 2024 ရွာသူကြီး မင်းသမီးချောလေး ananya nagalla ပါဝင်ထားတဲ့ဒီကားလေးမှာတော့ပညာရေးရဲ့အရေးပါပုံ ပညာမတတ်ခင် အမှောင်ဖုံးခဲ့တဲ့ကာလတွေမှာဘယ်လိုဖိနှိပ်ခံရပုံတွေနဲ့ တွန်းလှန်ပုံတွေကို ရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ် စာမတတ်တဲ့ရွာလေးတစ်ရွာ ဒီရွာကို စာတတ်တဲ့ရွာသူကြီးမျိုးရိုးစဉ်ဆက်အုပ်ချုပ်လာခဲ့တာပါဒီရွာမှာက လုပ်ကိုင်တဲ့အလုပ်ကိုကြည့်ပြီး ရာထူးသတ်မှတ်ပေးပါတယ် ဒီထဲမှာ ဂန်ဂါဒါရီကြီးတို့လည်းပါတာပေါ့ နာမည်က ဘာလို့ဒီလိုဖြစ်ရလဲဆိုရင်သူ့ကိုမွေးတုန်းက အမြွှာလေးမွေးတာပါ ဂန်ဂါဒါရီကြီးနဲ့ ဂန်ဂါဒါရီငယ်ပေါ့ဒါပေမဲ့ အဖေရော ကလေးတွေပါ စာမတတ်ကြလို့ ရေတွင်းဘေးမှာရေးထားတဲ့သတိပေးဆိုင်းဘုတ်ကို မဖတ်တတ်ကြလို့ ရေထဲဆင်းကူးရင်းအငယ်ကောင်လေးက ရေနစ်သေခဲ့ရတယ် ဒီလိုနဲ့ သူ့သားသေတာကစာမတတ်လို့ဆိုပြီး ကျန်ခဲ့တဲ့သားကြီးကို စာတတ်အောင်ကြိုးပမ်းပါတော့တယ် ဒါပေမဲ့လည်း လူတန်းစားခွဲခြားတဲ့ရွာဖြစ်တော့ သိုးထိန်းရဲ့သားဖြစ်တဲ့ဂန်ဂါဒါရီကြီးအဖို့ ဘယ်လိုဒုက္ခတွေကြုံလာရမလဲဖိနှိပ်ခံဘဝကနေ ပညာတတ်ပြီးလွတ်မြောက်နိုင်မှာလားဆိုတာကိုတော့ … ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ Cym ~ Eaint ~ Star ~ ToMo ~ KKKZ တို့ပဲဖြစ်ပါတယ်...
