uz
Feedback

Firibgarlarga uchmang! Telemetrio bunday kanallarni topadi va belgilaydi 👉 Belgini ko‘rmoqchi bo‘lsangiz, obuna bo‘ling

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Yopiq kanal

🚩 Channel was restricted by Telegram

Ko'proq ko'rsatish
Ma'lumot yo'q
Obunachilar
-524 soatlar
-47 kun
+730 kun
Postlar arxiv
Hitmen (2023) ⭐IMDB: 6.4/10 (5 Votes) 🎬 #Action #Comedy #Drama 🗓️ 2023 🎞️ Movie 📺 1080p 🌎 #Indonesia ⏰ 1 နာရီ 37 မိနစ် 6 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Hitmen (2023) ၂၀၂၃ ခုနှစ်မှာ အင်ဒိုနီးရှားနိုင်ငံက ထုတ်လုပ်တဲ့ Hitmen ဆိုတဲ့ Action, Drama, Comedy ဇာတ်ကားကောင်းလေး တင်ဆက်ပေးလိုက်ပါတယ်။ကြမ်းပေ့ရမ်းပေ့ ဆိုတဲ့ အက်ရှင်ကားကြိုက်သူတွေအနေနဲ့ လက်လွှတ်မခံဖို့ အကြံပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဂျွန်နီနဲ့ ဖရန်ကီဟာ သူငယ်ချင်းလည်းဖြစ်သလို လုပ်ဖော်ကိုင်ဖက်လည်း ဖြစ်ပါတယ်။သူတို့နှစ်ဦး တွဲဖက်ပြီးတော့ လုပ်ကြံရေးသမားများအဖြစ် လုပ်ကိုင်ကြတာပါ။သူတို့နှစ်ယောက်ဟာ လုပ်ကြံသတ်ဖြတ်တဲ့နေရာမှာ တော်သလို သောက်တလွဲတွေလည်း လုပ်တတ်ကြပါသေးတယ်။ ဒါပေမယ့် မစ်ရှင်ကို ဘယ်လိုအခက်အခဲပဲရှိရှိ မစ်ရှင်ကို အောင်မြင်အောင်လုပ်ကြပါတယ်။ဂျွန်နီကတော့ လုပ်ကြံရေးသမား ဘဝကို စိတ်ကုန်နေလို့ အနားယူပြီး ငါးခူမွေးမြူရေးလုပ်ဖို့အတွက် စိတ်ကူးယဉ်နေခဲ့ပါတယ်။ဖရန်ကီလည်း ဂျွန်နီ အနားယူရင် သူလည်း အနားယူမယ်ဆိုပြီး လုပ်ပါတော့တယ်။ ဒီလိုနဲ့ အနားမယူခင် နောက်ဆုံးအနေနဲ့ သူတို့ကို ပေးအပ်လာတဲ့ မစ်ရှင်သုံးခုကို လုပ်ဆောင်ဖို့ အကြောင်းဖန်လာချိန်မှာတော့….သာမန် မြင်တွေ့နေကြ လုပ်ကြံရေးသမားတွေနဲ့ မတူဘဲ ဂျွန်နီနဲ့ ဖရန်ကီဟာ တကယ်ကို ရယ်ရတဲ့အတွဲပါ။ကလိထိုးရယ်ရတဲ့ ဟာသမျိုးတွေမဟုတ်ဘဲ သူတို့ တလွဲလုပ်တာတွေကို ရယ်နေရတာပါ။ဟာသဆိုပေမယ့် သတ်တာကတော့ ရက်ရက်စက်စက် သတ်ပါတယ်။အက်ရှင်ခန်းတွေလည်း ကြည့်လို့ကောင်းပြီး ဟာသနဲ့ အက်ရှင် မျှတတယ်လို့ ပြောရမှာပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့Leonard Linပဲ ဖြစ်ပါတယ်။

Full River Red (2023) ⭐IMDB: 6.5/10 (2 k Votes) 🎬 #Comedy #Drama #History #Mystery #Thriller 🗓️ 2023 🎞️ Movie 📺 720p 🌎 #China ⏰ 2 နာရီ 39 မိနစ် 30 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီနေ့မှာတော့ CM က ပရိတ်သတ်ကြီးကို နာမည်ကြီး ဒါရိုက်တာ ကျန်းရိမိုရိုက်ကူးထားပြီးရုံဝင်ငွေ ၆၇၅.၅ မီလီယံ(USD) အထိရရှိခဲ့ပြီး ရုံဝင်နေစဥ်အတွင်းမှာစံချိန်ပေါင်းများစွာချိုးခဲ့တဲ့ “Full River Red” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကိုတင်ဆက်ပေးလိုက်ရပါတယ်ရှင်။ ကျန်းရိမိုဟာ Hero, House of the flying daggers လိုမျိုးတရုတ်သိုင်း မာစတာပိစ်တွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာကြီးလည်းဖြစ်ပါတယ်။ အခုရုပ်ရှင်ကတော့ စုန့်မင်းဆက်ကာလ စစ်သူကြီးယွဲ့ဖေး ကွယ်လွန်ပြီးချိန်မှာနောက်ဆက်တွဲဖြစ်လာတာတွေကို စိတ်ကူးယဉ်ဇာတ်ကောင်တွေနဲ့ ခမ်းခမ်းနားနားကိုဇာတ်လမ်းတည်ဆောက်ထားတာပါပဲ။ သိုင်းကားပရိသတ်တွေကတော့စစ်သူကြီးယွဲ့ဖေးနာမည်ကို စိမ်းမယ်မထင်ပါဘူး။ သူရဲကောင်းတို့ရဲ့ ဒဏ္ဍာရီဇာတ်လမ်းတွဲမှာ လုကြတဲ့ ဝူမုစစ်ဗြူဟာကျမ်းဆိုတာ စစ်သူကြီးယွဲ့ဖေးရေးခဲ့တဲ့အကြောင်း အထပ်ထပ်ပါပါတယ်။ နောင်မှာ နဂါးနိုင်ဓားထဲကို မြှပ်နှံခံရတဲ့ စာအုပ်ပါပဲ။ ဒီသိုင်းဇာတ်လမ်းတွေကစိတ်ကူးယဉ်ဖြစ်ပေမဲ့ စစ်သူကြီးယွဲ့ဖေးကတော့ တကယ်ရှိခဲ့ပါတယ်။ယွဲ့ဖေးဟာ စုန့်နိုင်ငံနဲ့ ကျင်းနိုင်ငံ စစ်မက်ဖြစ်ပွားနေချိန်မှာ ကျင်းတွေဖိန့်ဖိန့်တုန်အောင်ကြောက်ရတဲ့ စစ်သူကြီးပါပဲ။ ဒါပေမဲ့ အမတ်ချုပ်ကြီး ချင်ဟွေကသစ္စာဖောက်လို့ စွပ်စွဲပြီး ကွက်မျက်ပစ်တာကို ခံခဲ့ရပါတယ်။ စစ်သူကြီးယွဲ့ဖေးဟာကျောကုန်းမှာ သူ့ရဲ့မိခင်ကိုယ်တိုင်ထိုးပေးထားတဲ့ ဆေးမှင်ကြောင်ဖြစ်တဲ့နိုင်ငံအပေါ်သစ္စာစောင့်ပါဆိုတဲ့ အတိုင်း တစ်သက်လုံးသစ္စာရှိခဲ့သူဖြစ်သလိုသူ့ရဲ့ ယွဲ့တပ်သားတွေကလည်း အဲဒီဆေးမှင်ကြောင်ကို လိုက်ထိုးနှံထားကြတဲ့သစ္စာရှိတပ်သားတွေလည်းဖြစ်ပါတယ်။ တကယ်တော့ အမတ်ချုပ်ကြီး ချင်ဟွေကသာကျင်းနိုင်ငံနဲ့ပူးပေါင်းတဲ့သစ္စာဖောက်လို့ အားလုံးက စွပ်စွဲနေကြတဲ့သူပဲဖြစ်ပါတယ်။ဒီဇာတ်လမ်းမှာတော့ ဒီသမိုင်းကြောင်းကို အခြေခံထားပါတယ်။လှည့်ကွက်တွေ ကြက်သီးဖြန်းဖြန်းထစရာတွေနဲ့ ကျင်းရီမူရဲ့ ထုံးစံအတိုင်းမမေ့နိုင်စရာရုပ်ရှင်တစ်ခုအဖြစ် တင်ဆက်ထားတာပဲဖြစ်ပါတယ်။ အမတ်ချုပ်ကြီး ချင်ဟွေဟာ နယ်စပ်တပ်စခန်းမှာ ကျင်းသံတမန်တွေနဲ့တွေ့ဖို့လာရောက်ချိန်မှာ ကျင်းသံအမတ်တစ်ယောက် လုပ်ကြံခံလိုက်ရပါတော့တယ်။သူကွယ်လွန်သွားခဲ့တဲ့အပြင် သူယူလာတဲ့ စာလွှာလေးကလဲ ပျောက်ကွယ်လို့ သွားခဲ့ပါတယ် ။ဒီလိုမျိုး အခြေအနေတွေ ကမောက်ကမ ဖြစ်နေစဥ်အတွင်းမှာပဲ တူဝရီးတော်စပ်ကြတဲ့စစ်သည်တစ်ဦးနဲ့ တပ်မှူးချုပ်တစ်ဦးတို့ဟာ ဒီမတော်တဆ မှုအတွင်းတရားခံအဖြစ် ဆွဲသွင်းခြင်းခံလိုက်ရပါတော့တယ် ။ လျှို့ဝှက်ချက်တွေနဲ့ပြည့်နှက်နေတဲ့ စာလွှာလေးတစ်ရွက်ကြောင့် အပြစ်မဲ့ပြည်သူတွေကလဲတစ်ဦးပြီး တစ်ဦးအသက်ပေးကာလာခဲ့ရပြန်ပါတယ် ။ ဒီလိုနဲ့ မတော်တဆအတွင်းဆွဲသွင်းခြင်းခံရတဲ့ တူဝရီးနှစ်ယောက်ဟာ အမှန်တရားနောက်ကိုလိုက်ပြီး အားလုံးအတွက် လက်စားချေဖို့ လုပ်ဆောင်လာခဲ့ကြတဲ့အခါမှာ – ❏ သူတို့တွေ အသက်နဲ့ရင်းပြီး ကာကွယ်နေခဲ့ကြတဲ့ လျှို့ဝှက်စာရွယ်ကလေးဟာ ဘာများဖြစ်နေမှာလဲ? ❏ ဒီလိုပဋိပက္ခတွေကရော ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ စစ်သူကြီးယွဲ့ဖေးနဲ့ ဘာများသက်ဆိုင်နေမှာလဲ ? ❏ ဒီပြဿနာတွေအကြားဆွဲသွင်းခြင်းခံရတဲ့ တူဝရီးနှစ်ယောက်ဟာရော မတော်တဆဆွဲသွင်းခြင်းခံလိုက်ရတာလား ဒါမှမဟုတ် သူတို့နဲ့ရောဒီကိစ္စကဘာတွေပတ်သတ်မှုများ ရှိနေမှာလဲ ? ဆိုတာဒီရုပ်ရှင်ဇာတ်ကားကြီးကို ကြည့်ရှုလိုက်ရအောင်ပါနော် ။ ပါဝင်သရုပ်ဆောင်ထားကြတဲ့သူတွေအနေနဲ့ကတော့ – ❏ သူ့ရဲ့ဘဝမှာ လောင်းကစားလုပ် ပျော်ပါးရင်း သာမန်ပြည်သူဘဝမှာပဲရှင်သန်နေထိုင်လာခဲ့ရင်းကနေ စစ်တပ်အတွင်းသို့ ဝင်ရောက်လာခဲ့သူ ၊လောကမှာ သူ့ကိုယ်သူ အရေးမပါတဲ့ သူတစ်ယောက်အဖြစ် ခံယူထားလေသူ ၊သေရမှာကို ကြောက်ရွံ့ပေမယ့် သူယုံကြည်ရာ ယုံကြည်ချက်ကိုတော့စွဲစွဲမြဲမြဲ လက်ကိုင်ခံယူထားတတ်သူ သာမန်စစ်သည်တော် – ကျန်းတ အဖြစ် ရှန်ထန် ❏ ဘာမှနောက်ခံဆိုတာမရှိ ၊ အခြေခံအုတ်မြစ်ဆိုတာလဲမရှိပဲ တစ်ကိုယ်တည်းရပ်တည်နေနိုင်သူ ၊ မည်သည့်ကိစ္စမဆို စိတ်မြန်လက်မြန်ရှိပြီးဓားကိုထုတ်ဖို့ဝန်မလေးတတ်သူ ၊ အရေးကြုံလာရင် မဆုတ်မနစ်တဲ့စွမ်းအားနဲ့ အဆုံးထိ တောင့်ခံကာနေတတ်သူ တပ်မှူးချုပ် – စွင်းကျွင်း အဖြစ် ရိယန်ချန်းရှီ တို့အပြင်ကျန်းယိ ၊ လေကျားယင်း ၊ ယွဲ့ယွင်ဖုန် ၊ ဝမ်ကျားယီ အစရှိတဲ့တကယ့်နာမည်ကြီး ဝါရင့်သရုပ်ဆောင်များကပါ သရုပ်ဆောင်ထားပါသေးတယ် ။အခုပဲ ကြည့်ရှုလိုက်ရအောင်ပါနော် ။

Full River Red (2023) ⭐IMDB: 6.5/10 (2 k Votes) 🎬 #Comedy #Drama #History #Mystery #Thriller 🗓️ 2023 🎞️ Movie 📺 1080p 🌎 #China ⏰ 2 နာရီ 39 မိနစ် 30 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီနေ့မှာတော့ CM က ပရိတ်သတ်ကြီးကို နာမည်ကြီး ဒါရိုက်တာ ကျန်းရိမိုရိုက်ကူးထားပြီးရုံဝင်ငွေ ၆၇၅.၅ မီလီယံ(USD) အထိရရှိခဲ့ပြီး ရုံဝင်နေစဥ်အတွင်းမှာစံချိန်ပေါင်းများစွာချိုးခဲ့တဲ့ “Full River Red” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကိုတင်ဆက်ပေးလိုက်ရပါတယ်ရှင်။ ကျန်းရိမိုဟာ Hero, House of the flying daggers လိုမျိုးတရုတ်သိုင်း မာစတာပိစ်တွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာကြီးလည်းဖြစ်ပါတယ်။ အခုရုပ်ရှင်ကတော့ စုန့်မင်းဆက်ကာလ စစ်သူကြီးယွဲ့ဖေး ကွယ်လွန်ပြီးချိန်မှာနောက်ဆက်တွဲဖြစ်လာတာတွေကို စိတ်ကူးယဉ်ဇာတ်ကောင်တွေနဲ့ ခမ်းခမ်းနားနားကိုဇာတ်လမ်းတည်ဆောက်ထားတာပါပဲ။ သိုင်းကားပရိသတ်တွေကတော့စစ်သူကြီးယွဲ့ဖေးနာမည်ကို စိမ်းမယ်မထင်ပါဘူး။ သူရဲကောင်းတို့ရဲ့ ဒဏ္ဍာရီဇာတ်လမ်းတွဲမှာ လုကြတဲ့ ဝူမုစစ်ဗြူဟာကျမ်းဆိုတာ စစ်သူကြီးယွဲ့ဖေးရေးခဲ့တဲ့အကြောင်း အထပ်ထပ်ပါပါတယ်။ နောင်မှာ နဂါးနိုင်ဓားထဲကို မြှပ်နှံခံရတဲ့ စာအုပ်ပါပဲ။ ဒီသိုင်းဇာတ်လမ်းတွေကစိတ်ကူးယဉ်ဖြစ်ပေမဲ့ စစ်သူကြီးယွဲ့ဖေးကတော့ တကယ်ရှိခဲ့ပါတယ်။ယွဲ့ဖေးဟာ စုန့်နိုင်ငံနဲ့ ကျင်းနိုင်ငံ စစ်မက်ဖြစ်ပွားနေချိန်မှာ ကျင်းတွေဖိန့်ဖိန့်တုန်အောင်ကြောက်ရတဲ့ စစ်သူကြီးပါပဲ။ ဒါပေမဲ့ အမတ်ချုပ်ကြီး ချင်ဟွေကသစ္စာဖောက်လို့ စွပ်စွဲပြီး ကွက်မျက်ပစ်တာကို ခံခဲ့ရပါတယ်။ စစ်သူကြီးယွဲ့ဖေးဟာကျောကုန်းမှာ သူ့ရဲ့မိခင်ကိုယ်တိုင်ထိုးပေးထားတဲ့ ဆေးမှင်ကြောင်ဖြစ်တဲ့နိုင်ငံအပေါ်သစ္စာစောင့်ပါဆိုတဲ့ အတိုင်း တစ်သက်လုံးသစ္စာရှိခဲ့သူဖြစ်သလိုသူ့ရဲ့ ယွဲ့တပ်သားတွေကလည်း အဲဒီဆေးမှင်ကြောင်ကို လိုက်ထိုးနှံထားကြတဲ့သစ္စာရှိတပ်သားတွေလည်းဖြစ်ပါတယ်။ တကယ်တော့ အမတ်ချုပ်ကြီး ချင်ဟွေကသာကျင်းနိုင်ငံနဲ့ပူးပေါင်းတဲ့သစ္စာဖောက်လို့ အားလုံးက စွပ်စွဲနေကြတဲ့သူပဲဖြစ်ပါတယ်။ဒီဇာတ်လမ်းမှာတော့ ဒီသမိုင်းကြောင်းကို အခြေခံထားပါတယ်။လှည့်ကွက်တွေ ကြက်သီးဖြန်းဖြန်းထစရာတွေနဲ့ ကျင်းရီမူရဲ့ ထုံးစံအတိုင်းမမေ့နိုင်စရာရုပ်ရှင်တစ်ခုအဖြစ် တင်ဆက်ထားတာပဲဖြစ်ပါတယ်။ အမတ်ချုပ်ကြီး ချင်ဟွေဟာ နယ်စပ်တပ်စခန်းမှာ ကျင်းသံတမန်တွေနဲ့တွေ့ဖို့လာရောက်ချိန်မှာ ကျင်းသံအမတ်တစ်ယောက် လုပ်ကြံခံလိုက်ရပါတော့တယ်။သူကွယ်လွန်သွားခဲ့တဲ့အပြင် သူယူလာတဲ့ စာလွှာလေးကလဲ ပျောက်ကွယ်လို့ သွားခဲ့ပါတယ် ။ဒီလိုမျိုး အခြေအနေတွေ ကမောက်ကမ ဖြစ်နေစဥ်အတွင်းမှာပဲ တူဝရီးတော်စပ်ကြတဲ့စစ်သည်တစ်ဦးနဲ့ တပ်မှူးချုပ်တစ်ဦးတို့ဟာ ဒီမတော်တဆ မှုအတွင်းတရားခံအဖြစ် ဆွဲသွင်းခြင်းခံလိုက်ရပါတော့တယ် ။ လျှို့ဝှက်ချက်တွေနဲ့ပြည့်နှက်နေတဲ့ စာလွှာလေးတစ်ရွက်ကြောင့် အပြစ်မဲ့ပြည်သူတွေကလဲတစ်ဦးပြီး တစ်ဦးအသက်ပေးကာလာခဲ့ရပြန်ပါတယ် ။ ဒီလိုနဲ့ မတော်တဆအတွင်းဆွဲသွင်းခြင်းခံရတဲ့ တူဝရီးနှစ်ယောက်ဟာ အမှန်တရားနောက်ကိုလိုက်ပြီး အားလုံးအတွက် လက်စားချေဖို့ လုပ်ဆောင်လာခဲ့ကြတဲ့အခါမှာ – ❏ သူတို့တွေ အသက်နဲ့ရင်းပြီး ကာကွယ်နေခဲ့ကြတဲ့ လျှို့ဝှက်စာရွယ်ကလေးဟာ ဘာများဖြစ်နေမှာလဲ? ❏ ဒီလိုပဋိပက္ခတွေကရော ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ စစ်သူကြီးယွဲ့ဖေးနဲ့ ဘာများသက်ဆိုင်နေမှာလဲ ? ❏ ဒီပြဿနာတွေအကြားဆွဲသွင်းခြင်းခံရတဲ့ တူဝရီးနှစ်ယောက်ဟာရော မတော်တဆဆွဲသွင်းခြင်းခံလိုက်ရတာလား ဒါမှမဟုတ် သူတို့နဲ့ရောဒီကိစ္စကဘာတွေပတ်သတ်မှုများ ရှိနေမှာလဲ ? ဆိုတာဒီရုပ်ရှင်ဇာတ်ကားကြီးကို ကြည့်ရှုလိုက်ရအောင်ပါနော် ။ ပါဝင်သရုပ်ဆောင်ထားကြတဲ့သူတွေအနေနဲ့ကတော့ – ❏ သူ့ရဲ့ဘဝမှာ လောင်းကစားလုပ် ပျော်ပါးရင်း သာမန်ပြည်သူဘဝမှာပဲရှင်သန်နေထိုင်လာခဲ့ရင်းကနေ စစ်တပ်အတွင်းသို့ ဝင်ရောက်လာခဲ့သူ ၊လောကမှာ သူ့ကိုယ်သူ အရေးမပါတဲ့ သူတစ်ယောက်အဖြစ် ခံယူထားလေသူ ၊သေရမှာကို ကြောက်ရွံ့ပေမယ့် သူယုံကြည်ရာ ယုံကြည်ချက်ကိုတော့စွဲစွဲမြဲမြဲ လက်ကိုင်ခံယူထားတတ်သူ သာမန်စစ်သည်တော် – ကျန်းတ အဖြစ် ရှန်ထန် ❏ ဘာမှနောက်ခံဆိုတာမရှိ ၊ အခြေခံအုတ်မြစ်ဆိုတာလဲမရှိပဲ တစ်ကိုယ်တည်းရပ်တည်နေနိုင်သူ ၊ မည်သည့်ကိစ္စမဆို စိတ်မြန်လက်မြန်ရှိပြီးဓားကိုထုတ်ဖို့ဝန်မလေးတတ်သူ ၊ အရေးကြုံလာရင် မဆုတ်မနစ်တဲ့စွမ်းအားနဲ့ အဆုံးထိ တောင့်ခံကာနေတတ်သူ တပ်မှူးချုပ် – စွင်းကျွင်း အဖြစ် ရိယန်ချန်းရှီ တို့အပြင်ကျန်းယိ ၊ လေကျားယင်း ၊ ယွဲ့ယွင်ဖုန် ၊ ဝမ်ကျားယီ အစရှိတဲ့တကယ့်နာမည်ကြီး ဝါရင့်သရုပ်ဆောင်များကပါ သရုပ်ဆောင်ထားပါသေးတယ် ။အခုပဲ ကြည့်ရှုလိုက်ရအောင်ပါနော် ။

The Legend of 1900 (1998) ⭐IMDB: 8.0/10 (66 k Votes) 🎬 #Drama #Music #Romance 🗓️ 1998 🎞️ Movie 📺 720p 🌎 #Italy ⏰ 2 နာရီ 50 မိနစ် 57 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 နာမည်က နံပါတ်ဖြစ်နေတဲ့ထူးချွန်ပေမယ့် ထူးဆန်းတဲ့လူတစ်ယောက်ရဲ့ဇာတ်လမ်းလေးပါ။ ဗာဂျင်နီးယန်းသင်္ဘောပေါ်မှာပဲ မွေးပြီးစွန့်ပစ်ခံရတဲ့ မိဘမဲ့ကလေးလေးကို စိတ်သဘောကောင်းတဲ့လူမည်းအလုပ်သမားတစ်ယောက်က မွေးစားပြီး သင်္ဘောပေါ်မှာပဲ ကျွေးမွေးစောင့်ရှောက်ခဲ့ပြီး ၁၉၀၀လို့ နာမည်ပေးခဲ့ပါတယ်။ မိဘမဲ့ကလေး၁၉၀၀ဟာ တစ်သက်လုံးဗာဂျင်နီးယန်းသင်္ဘောကြီးပေါ်ကမဆင်းဖူးဘဲ စန္ဒရားတီးပညာကို တစ်ဖက်ကမ်းကျွမ်းကျင်လာပါတယ်။ ၁၉၀၀ရဲ့ ထူးဆန်းလှတဲ့ဘ၀ဇာတ်ကြောင်းကို သူ့ရဲ့သူငယ်ချင်းဖြစ်သူက ပြန်ပြောပြရင်း ကြည့်ရှုခံစားရမယ့် ဇာတ်ကားလေးပါ။ ဂုဏ်သတင်းကျော်စောမှုနဲ့ ချမ်းသာမှုကို မမက်မောဘဲ သင်္ဘောပေါ်ကမဆင်းရဲတဲ့ ၁၉၀၀ ရဲ့ဘ၀ကို ဒါရိုက်တာ Giuseppe Tornatoreက ရိုက်ကူးပြီး Tim Roth, Pruitt Taylor Vince တို့ပါ၀င်သရုပ်ဆောင်ထားပါတယ်။

The Legend of 1900 (1998) ⭐IMDB: 8.0/10 (66 k Votes) 🎬 #Drama #Music #Romance 🗓️ 1998 🎞️ Movie 📺 1080p 🌎 #Italy ⏰ 2 နာရီ 50 မိနစ် 57 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 နာမည်က နံပါတ်ဖြစ်နေတဲ့ထူးချွန်ပေမယ့် ထူးဆန်းတဲ့လူတစ်ယောက်ရဲ့ဇာတ်လမ်းလေးပါ။ ဗာဂျင်နီးယန်းသင်္ဘောပေါ်မှာပဲ မွေးပြီးစွန့်ပစ်ခံရတဲ့ မိဘမဲ့ကလေးလေးကို စိတ်သဘောကောင်းတဲ့လူမည်းအလုပ်သမားတစ်ယောက်က မွေးစားပြီး သင်္ဘောပေါ်မှာပဲ ကျွေးမွေးစောင့်ရှောက်ခဲ့ပြီး ၁၉၀၀လို့ နာမည်ပေးခဲ့ပါတယ်။ မိဘမဲ့ကလေး၁၉၀၀ဟာ တစ်သက်လုံးဗာဂျင်နီးယန်းသင်္ဘောကြီးပေါ်ကမဆင်းဖူးဘဲ စန္ဒရားတီးပညာကို တစ်ဖက်ကမ်းကျွမ်းကျင်လာပါတယ်။ ၁၉၀၀ရဲ့ ထူးဆန်းလှတဲ့ဘ၀ဇာတ်ကြောင်းကို သူ့ရဲ့သူငယ်ချင်းဖြစ်သူက ပြန်ပြောပြရင်း ကြည့်ရှုခံစားရမယ့် ဇာတ်ကားလေးပါ။ ဂုဏ်သတင်းကျော်စောမှုနဲ့ ချမ်းသာမှုကို မမက်မောဘဲ သင်္ဘောပေါ်ကမဆင်းရဲတဲ့ ၁၉၀၀ ရဲ့ဘ၀ကို ဒါရိုက်တာ Giuseppe Tornatoreက ရိုက်ကူးပြီး Tim Roth, Pruitt Taylor Vince တို့ပါ၀င်သရုပ်ဆောင်ထားပါတယ်။

U Turn (2023) ⭐IMDB: 6.0/10 (82 Votes) 🎬 #Bollywood #Crime #Drama #Horror #Mystery #Thriller 🗓️ 2023 🎞️ Movie 📺 1080p 🌎 #India ⏰ 1 နာရီ 41 မိနစ် 40 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 U turn (2023)IMDb – 6.1/10 ဒီတစ်​ခေါက်မှာက​တော့ ပ​ဟေဠိဆန်တဲ့လှည့်ကွက်​တွေနဲ့ Plot Twistကိုသ​ဘောကျကြသူ​တွေ အကြိုက်​​တွေ့စေမယ့် မင်းသား​ချောAashim Gulatiနဲ့ မင်းသမီး​ချော​လေး Alaya Fတို့ပါဝင်သရုပ်​ဆောင်ထားတဲ့ Supernatural Thriller Movie “U turn”ကိုတင်ဆက်​ပေးလိုက်ပါတယ် ရာဒီကာဟာ​ခေတ်ဆန်ပြီး ​ပျော်​ပျော်​နေတတ်တဲ့အလုပ်သင်ဂျာနယ်လစ်မ​လေးတစ်​ယောက်ဖြစ်ပါတယ် သူ​ရေးဖို့ကြိုးစား​နေတဲ့​ဆောင်းပါး​လေးက​တော့ မိုးပျံလမ်း​ပေါ်မှာလမ်းစည်းကမ်းမဲ့စွာ ဘ​​လောက်တုံး​တွေကိုဖယ်ပြီး ဂငယ်​ကွေ့​ကွေ့တတ်သူ​တွေ​ကြောင့် မ​တော်တဆမှူအများကြီးဖြစ်ခဲ့တဲ့အ​ကြောင်း​ဆောင်းပါး​လေးပါ ဒီရည်ရွယ်ချက်​ကြောင့်ပဲသူဟာ ဘ​လောက်တုံးကိုဖယ်ပြီးဂငယ်​ကွေ့​ကွေ့ခဲ့ကြသူ​​တွေကို စုံစမ်းကာလိုက်အင်တာဗျုးဖို့ကြိုးစားပါ​တော့တယ် ဒါ​ပေမယ့်ထူးဆန်းစွာနဲ့ပဲ သူအင်တာဗျုးဖို့ရာအတွက် စာအုပ်ထဲမှာချ​ရေးထားသူတိုင်းက ​​အ​ဖြေရှာမရစွာ​သေကုန်ကြပြီး သူ့စာအုပ်ဟာလည်းDeath Noteလိုဖြစ်လာပါ​တော့တယ် ဒီလိုဆန်းပြားတဲ့ကိစ္စကိုရဲ​တွေကလည်း သံသယဝင်လာပြီးလိုက်စုံစမ်းရာက​နေ ဘယ်လိုလျို့ဝှက်ချက်​တွေထွက်လာမလဲ ရာဒီကာစာအုပ်ထဲမှာ ချ​ရေးလိုက်သူတိုင်းက ဘာလို့​သေကုန်ကြတာလဲ ကံကြမ္မာရဲ့​နောက်​ပြောင်မှူတစ်ခုပဲလား ဒါမှမဟုတ်လူတစ်​ယောက်က ကြိုးကိုင်​နေတာလားဆိုတာကို Plot Twist​တွေနဲ့ ဒီကား​လေးထဲမှာရင်ခုန်စိတ်လှုပ်ရှားစွာ ​စောင့်ကြည့်လိုက်ရ​အောင်

Florida Man (2023-2023) ⭐IMDB: 6.8/10 (4 k Votes) 🎬 #Crime #Drama #Mystery #Comedy #Thriller 🗓️ 2023-2023 🎞️ Series 📺 1080p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 47 မိနစ် 38 စက္ကန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Florida Man (2023)Florida Man (2023) A Complete Netflix Series  Netflix ကနေ လောလောလတ်လတ် အသစ်ထွက်ထားတာဖြစ်ပြီး ပါသမျှလူတွေအချင်းချင်း ကိုယ် သူ့မယုံ သူ့ ကိုယ်မယုံ လိမ်ကောက်ရင်း ကလိမ်ကျနေတဲ့ ရှုပ်ရှုပ်ထွေးထွေး စုံထောက် အက်ရှင်ဇာတ်လမ်းကို ဟာသလေးနှောပြီး ကြည့်ရမှာပါ။ Agents of S.H.I.E.L.D. ထဲက အေးဂျင့်ကိုလ်ဆင်ကြီး တစ်ချက်တစ်ချက် ထဖောက်တဲ့ အခန်းတွေက အခွီရဆုံးလို့ထင်တာပါပဲ။ ဇာတ်လမ်းကတော့ လောင်းကစားစွဲနေလို့ ပြဿနာတွေတက်ပြီး စုံထောက်ရာထူးကနေ အလုပ်ပြုတ်သွားတဲ့ မိုက်က သူအကြွေးတင်နေတဲ့ လူမိုက်ခေါင်းဆောင်ဆီမှာ အကြွေးသိမ်းတဲ့အလုပ် ပြန်လုပ်ရင်း သူ့သူဌေးရဲ့ မိန်းမကိုလည်း ခိုးစားနေတာက‌နေစတာပါပဲ။ အဲဒီကောင်မလေးက ရုတ်တရက် လူမိုက်ခေါင်းဆောင်ဆီက ထွက်ပြေးသွားတော့ လူမိုက်ခေါင်းဆောင်က မိုက်ကို လိုက်ရှာခိုင်းပါတယ်။ ကောင်မလေးပြေးသွားတာက မိုက်ရဲ့ ဇာတိမြို့ဖြစ်တဲ့ ဖလော်ရီဒါပါ။ ဖလော်ရီဒါကို မုန်းနေတဲ့ မိုက်တစ်ယောက် သူဌေးလုပ်သူနဲ့ အပေးအယူလုပ်ပြီး ကောင်မလေးကို ပြန်ခေါ်လာဖို့ ဖလော်ရီဒါကို လိုက်သွားပါတယ်။ ရောက်ကတည်းက ဗရုတ်သုတ်ခကိစ္စတွေထဲဝင်ရှုပ်မိပြီး ပေါင်ကြားကို ငါးမန်းကိုက်ခံရတဲ့ကောင်လို့ အင်တာနက်မှာ နာမည်ကြီးသွားပါတော့တယ်။ ဇာတိမြို့ကို ပြန်ရောက်တယ်ဆို‌တော့ မိသားစုနဲ့ပြန်တွေ့ပြီး အိမ်တွင်းရေး ကိစ္စတွေလည်း ရှင်းရတော့တာပေါ့။ နောက်တော့ သူလိုက်ရှာနေတဲ့ ကောင်မလေးက အသတ်ခံရတာကို တွေ့လိုက်ရပြီး မျက်မြင်သက်သေက အတိအကျပြောလာတဲ့ လူသတ်သမားပုံက သူ့ပုံစံဖြစ်နေတဲ့အခါမှာတော့… (ဒီစီးရီးကို အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ 666 ပဲဖြစ်ပါတယ်)Size ~ 600MB+

Peter Pan & Wendy (2023) ⭐IMDB: 4.0/10 (3 k Votes) 🎬 #Action #Adventure #Comedy #Family #Fantasy #Musical #Romance 🗓️ 2023 🎞️ Movie 📺 720p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 43 မိနစ် 48 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 PeterPeter Pan & Wendy (2023) ပီတာပန်က J.M.Barrie ဖန်တီးထားတဲ့ဇာတ်ကောင်လေးဖြစ်ပြီးပြဇာတ်ကနေစပြီး ရုပ်ရှင်ပေါင်းများစွာရိုက်ကူးထားတာမို့ ရုပ်ရှင်ချစ်ပရိသတ်တွေနဲ့ တစ်ခုမဟုတ်တစ်ခုမှာရင်းနှီးပြီးသားနေမှာပါ။အခြေခံအားဖြင့်ဇာတ်ကားတွေမှာ ပီတာပန်က မကြီးပြင်းချင် အရွယ်မရောက်ချင်တဲ့ကောင်လေး၊ နဲဗားလန်းမှာသူ့လိုကလေးတစ်သိုက်နဲ့အတူနေတယ်။သူ့ရန်သူကတော့ ပြောစရာမလိုပါဘူး ကပ္ပတိန်ဟုခ်ပေါ့။ သူကတစ်နေ့မှာဝင်ဒီ့ကို ကလေးငယ်တွေရဲ့မိခင်ဖြစ်ပေးဖို့လာခေါ်တယ်။ အဲ့လိုပေါ့။ J.M.Barrie ရဲ့ မူရင်းပြဇာတ်နဲ့ဝတ္ထုမှာတော့ ပီတာပန်က ဗီလိန်ပါ။တကယ်ဆိုနဲဗားလန်းကလုံးဝမကြီးပြင်းတာမျိုးမဟုတ်ပဲ ကြီးပြင်းမှုနှေးတာပါ။အဲ့တော့ ပီတာပန်က ကြီးပြင်းတဲ့ကလေးတွေကို ပြဿနာရှာတယ်။တစ်ခါတလေ သူ ပျင်းရင် အချင်းချင်းပြန်သတ်ကြတယ်။ ပီတာပန်က ဂျစ်တစ်တစ်ငဆိုးလေးပေါ့။နောက်ပိုင်းမှာမှကလေးတွေကြားမှာ ပင်လယ်ဓားပြတွေရေပန်းစားလာတာကြောင့် စာရေးဆရာက ကပ္ပတိန်ဟုခ်ကိုဗီလိန်အနေနဲ့ထည့်ခဲ့တာပါ။ ဒီ Peter Pan & Wendy ဇာတ်လမ်းမှာတော့ အပေါ်ကပြောခဲ့တဲ့ဇာတ်လမ်းသွားနှစ်ခုကြားမှာ မယုတ်မလွန်စည်းချထားတယ်ပြောရမယ်။ပီတာပန့်ကို လူဆိုးဇာတ်မသွင်းသလို ဟီးရိုးအဖြစ်လဲပုံမဖော်ထားပါဘူး။ပြီးတော့ ဝင်ဒီ။ တကယ်ဆိုပီတာပန်ဇာတ်လမ်းက အဓိကဝင်ဒီ့ရဲ့ဇာတ်လို့ပြောလို့ရတယ်။လောကကြီးထဲကိုဝင်ရတော့မယ့် ကလေးတစ်ယောက်ရဲ့အကြောက်တရား မကြီးပြင်းချင်စိတ်တွေကနေ နဲဗားလန်းဆိုတဲ့အယူအဆကဖြစ်တည်လာတာပါပဲ။ဒီဇာတ်လမ်းမှာ ဝင်ဒီ့ကိုလဲ တော်တော်အသားပေးထားသလို အရင်ကားတွေမှာမပါခဲ့တဲ့ ကွက်လပ်တွေကိုလဲဖြည့်ပေးထားပါသေးတယ်။ရှေးရှေးကလက်ရာကောင်းများစွာလဲရှိတော့ အခုထွက်ရှိတဲ့ Peter Pan & Wendy ပေါ်ဝေဖန်သံ ချီးကျူးသံတွေလဲစုံနေပါတယ်။ကိုယ်တိုင်သာကြည့်ရှုသုံးသပ်လို့ရအောင်တင်ဆက်ပေးလိုက်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့Rashidaပဲ ဖြစ်ပါတယ်။

Peter Pan & Wendy (2023) ⭐IMDB: 4.0/10 (3 k Votes) 🎬 #Action #Adventure #Comedy #Family #Fantasy #Musical #Romance 🗓️ 2023 🎞️ Movie 📺 1080p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 43 မိနစ် 48 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 PeterPeter Pan & Wendy (2023) ပီတာပန်က J.M.Barrie ဖန်တီးထားတဲ့ဇာတ်ကောင်လေးဖြစ်ပြီးပြဇာတ်ကနေစပြီး ရုပ်ရှင်ပေါင်းများစွာရိုက်ကူးထားတာမို့ ရုပ်ရှင်ချစ်ပရိသတ်တွေနဲ့ တစ်ခုမဟုတ်တစ်ခုမှာရင်းနှီးပြီးသားနေမှာပါ။အခြေခံအားဖြင့်ဇာတ်ကားတွေမှာ ပီတာပန်က မကြီးပြင်းချင် အရွယ်မရောက်ချင်တဲ့ကောင်လေး၊ နဲဗားလန်းမှာသူ့လိုကလေးတစ်သိုက်နဲ့အတူနေတယ်။သူ့ရန်သူကတော့ ပြောစရာမလိုပါဘူး ကပ္ပတိန်ဟုခ်ပေါ့။ သူကတစ်နေ့မှာဝင်ဒီ့ကို ကလေးငယ်တွေရဲ့မိခင်ဖြစ်ပေးဖို့လာခေါ်တယ်။ အဲ့လိုပေါ့။ J.M.Barrie ရဲ့ မူရင်းပြဇာတ်နဲ့ဝတ္ထုမှာတော့ ပီတာပန်က ဗီလိန်ပါ။တကယ်ဆိုနဲဗားလန်းကလုံးဝမကြီးပြင်းတာမျိုးမဟုတ်ပဲ ကြီးပြင်းမှုနှေးတာပါ။အဲ့တော့ ပီတာပန်က ကြီးပြင်းတဲ့ကလေးတွေကို ပြဿနာရှာတယ်။တစ်ခါတလေ သူ ပျင်းရင် အချင်းချင်းပြန်သတ်ကြတယ်။ ပီတာပန်က ဂျစ်တစ်တစ်ငဆိုးလေးပေါ့။နောက်ပိုင်းမှာမှကလေးတွေကြားမှာ ပင်လယ်ဓားပြတွေရေပန်းစားလာတာကြောင့် စာရေးဆရာက ကပ္ပတိန်ဟုခ်ကိုဗီလိန်အနေနဲ့ထည့်ခဲ့တာပါ။ ဒီ Peter Pan & Wendy ဇာတ်လမ်းမှာတော့ အပေါ်ကပြောခဲ့တဲ့ဇာတ်လမ်းသွားနှစ်ခုကြားမှာ မယုတ်မလွန်စည်းချထားတယ်ပြောရမယ်။ပီတာပန့်ကို လူဆိုးဇာတ်မသွင်းသလို ဟီးရိုးအဖြစ်လဲပုံမဖော်ထားပါဘူး။ပြီးတော့ ဝင်ဒီ။ တကယ်ဆိုပီတာပန်ဇာတ်လမ်းက အဓိကဝင်ဒီ့ရဲ့ဇာတ်လို့ပြောလို့ရတယ်။လောကကြီးထဲကိုဝင်ရတော့မယ့် ကလေးတစ်ယောက်ရဲ့အကြောက်တရား မကြီးပြင်းချင်စိတ်တွေကနေ နဲဗားလန်းဆိုတဲ့အယူအဆကဖြစ်တည်လာတာပါပဲ။ဒီဇာတ်လမ်းမှာ ဝင်ဒီ့ကိုလဲ တော်တော်အသားပေးထားသလို အရင်ကားတွေမှာမပါခဲ့တဲ့ ကွက်လပ်တွေကိုလဲဖြည့်ပေးထားပါသေးတယ်။ရှေးရှေးကလက်ရာကောင်းများစွာလဲရှိတော့ အခုထွက်ရှိတဲ့ Peter Pan & Wendy ပေါ်ဝေဖန်သံ ချီးကျူးသံတွေလဲစုံနေပါတယ်။ကိုယ်တိုင်သာကြည့်ရှုသုံးသပ်လို့ရအောင်တင်ဆက်ပေးလိုက်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့Rashidaပဲ ဖြစ်ပါတယ်။

Lou (2010) ⭐IMDB: 6.4/10 (377 Votes) 🎬 #Drama 🗓️ 2010 🎞️ Movie 📺 1080p 🌎 #Australia ⏰ 1 နာရီ 20 မိနစ် 45 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Lou (2010)=========IMDb Rating – 6.4/10 လောကကြီးမှာ မိသားစုတိုင်း အဆင်မပြေမှုတစ်ခုခုကတော့ရှိကြတယ်မှတ်လား။ ပိုက်ဆံချမ်းသာပြီး အိမ်ထောင်ရေးမသာယာတာ၊ အိမ်ထောင်ရေးသာယာပြီး ငွေကြေးချို့တဲ့တာ၊ သားသမီးနဲ့မိဘ ဆက်ဆံရေးမကောင်းတာ မျိုးစုံပဲပေါ့။ လူး(လူးဝစ်)တို့မိသားစုကတော့ အကုန်နီးပါးစုနေတယ်ပဲပြောရမလား။ လူးရဲ့အဖေက ထွက်ပြေးသွားတယ်။ အမေတစ်ယောက်တည်းကပဲ လူမမယ်သမီးသုံးယောက်ကို ရှာကျွေးနေရတယ်။အမေကလည်း အသက်၂၇ပဲရှိသေးတဲ့ငယ်ငယ်လေး။ သမီး(၃)ယောက်ကြောင့် နောက်အိမ်ထောင်ပြုလို့ကလည်းအဆင်မပြေ၊ငွေကြေးချို့တဲ့တဲ့အပြင် အကြွေးပါတင်နေသေးရှာတယ်။ တစ်နေ့တစ်နေ့အကြွေးရှင်တွေလာရင် လူးတို့ညီအစ်မတွေ မီးပိတ်ပုန်းပြီးလူမရှိချင်ယောင်ဆောင်ရတာလည်း အမောပေါ့။ လူးနဲ့သူ့အမေရဲ့ဆက်ဆံရေးကလည်း ခပ်တန်းတန်းပဲ။ တစ်နေ့တော့ထွက်ပြေးသွားတဲ့ ယောက်ျားရဲ့အဖေ၊ အယ်လ်ဇိုင်းမားရောဂါသည်၊လူးတို့ရဲ့အဘိုးဟာ ဂေဟာမှာ ကုတင်မလောက်လို့ နေရာရှာပြီးတဲ့အချိန်ထိ လူးတို့အိမ်မှာလာနေဖို့ ဂေဟာဝန်ထမ်းက စီစဉ်လိုက်ပါတယ်။လူးကတော့ ကျွေးကျေးဇူးမရှိခဲ့တဲ့အဖေဘက်က ဘယ်ကမှန်းမသိတဲ့အဘိုးကို မကြည်ဖြူပါဘူး။ အဘိုးကလည်း သူငယ်ပြန်နေလေတော့သူ့ကိုပစ်ပြီး တခြားယောက်ျားနောက်လိုက်သွားတဲ့ သူ့မိန်းမကိုပဲ တမ်းတနေတာပါ။ ဒီလိုနဲ့ပဲ လူးတို့အိမ်ကို အဘိုးရောက်လာတယ်။ ပြီးတော့ပြန်သွားတယ်။ လူးတို့မိသားစုလေးမှာတော့ တစ်ခုခုပြောင်းလဲပြီး ကျန်ရစ်ခဲ့တဲ့အခါ …..။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Ngwe Zin ဖြစ်ပါတယ်)

Ravanasura (2023) ⭐IMDB: 6.1/10 (834 Votes) 🎬 #Action #Bollywood #Crime #Drama #Thriller #Comedy 🗓️ 2023 🎞️ Movie 📺 720p 🌎 #India ⏰ 2 နာရီ 20 မိနစ် 48 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Ravanasura 2023အသစ်ထွက်ရှိထားတဲ့ တေလဂူးမှုခင်းကားတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။IMDb 6.4 အထိရရှိထားပြီး ရုံ၀င်ငွေလည်း ၂၁ကုဋေအထိအမြတ်ရထားပါတယ်။သရုပ်ဆောင်အနေနဲ့ တေလဂူးဝါရင့်ရုပ်ရှင်မင်းသားရာဗီကရှေ့နေအဖြစ်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း ကောလိပ်တက်တုန်းက ရည်းစားဟောင်းရဲ့လက်အောက်မှာ အလုပ်၀င်လုပ်နေရပြီးအငယ်တန်းရှေ့နေရာထူးနဲ့ ရုန်းကန်နေရရှာတဲ့ ရှေ့နေလေးရာဗင်ဒရာ၊ ငွေရပေါက်မြင်တာနဲ့ဘာမဆိုလုပ်ဖို့ အမြဲအဆင်သင့်ဖြစ်နေတဲ့သူ၊ အများကလက်ရှောင်နေပါတယ်ဆိုတဲ့အမှုတောင်သူကခေါင်းမာပြီးအမှု၀င်ကိုင်တဲ့သူမျိုးပေါ့။ တစ်နေ့မှာ ချမ်းသာတဲ့လုပ်ငန်းရှင်ကြီးတစ်ယောက် လူသတ်မှုနဲ့စွပ်စွဲခံရပြီးသမီးဖြစ်သူက အဖေ့ကိုထောင်ကထုတ်ဖို့ ဘာမဆိုပေးမယ်လုပ်နေတဲ့ချိန်မှာရာဗင်ဒရာတစ်ယောက် သမီးဖြစ်သူကိုလည်းသဘောကျ၊ ‌ငွေကိုလည်းသဘောကျနဲ့အရှေ့နောက်မစဉ်းစားဘဲ တာ၀န်ယူလိုက်တယ်။ အမှုဟာ သူထင်ထားသလို မရိုးရှင်းနေတဲ့အခါ ငွေမက်တဲ့သူတစ်ယောက်ကျိုးကြောင်းဆီလျော်အောင်စဉ်းစားနိုင်ပါဦးမလား၊ လူသတ်မှုကိုသူဖော်ထုတ်သွားနိုင်မှာလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။မှုခင်းစုံထောက်၊အက်ရှင်ကား ဖြစ်လို့ ကိုယ်တိုင်ပဲစုံထောက်လုပ်ပြီး အဖြေရှာကြည့်ရအောင်ပါ….

Ravanasura (2023) ⭐IMDB: 6.1/10 (834 Votes) 🎬 #Action #Bollywood #Crime #Drama #Thriller #Comedy 🗓️ 2023 🎞️ Movie 📺 1080p 🌎 #India ⏰ 2 နာရီ 20 မိနစ် 48 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Ravanasura 2023အသစ်ထွက်ရှိထားတဲ့ တေလဂူးမှုခင်းကားတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။IMDb 6.4 အထိရရှိထားပြီး ရုံ၀င်ငွေလည်း ၂၁ကုဋေအထိအမြတ်ရထားပါတယ်။သရုပ်ဆောင်အနေနဲ့ တေလဂူးဝါရင့်ရုပ်ရှင်မင်းသားရာဗီကရှေ့နေအဖြစ်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း ကောလိပ်တက်တုန်းက ရည်းစားဟောင်းရဲ့လက်အောက်မှာ အလုပ်၀င်လုပ်နေရပြီးအငယ်တန်းရှေ့နေရာထူးနဲ့ ရုန်းကန်နေရရှာတဲ့ ရှေ့နေလေးရာဗင်ဒရာ၊ ငွေရပေါက်မြင်တာနဲ့ဘာမဆိုလုပ်ဖို့ အမြဲအဆင်သင့်ဖြစ်နေတဲ့သူ၊ အများကလက်ရှောင်နေပါတယ်ဆိုတဲ့အမှုတောင်သူကခေါင်းမာပြီးအမှု၀င်ကိုင်တဲ့သူမျိုးပေါ့။ တစ်နေ့မှာ ချမ်းသာတဲ့လုပ်ငန်းရှင်ကြီးတစ်ယောက် လူသတ်မှုနဲ့စွပ်စွဲခံရပြီးသမီးဖြစ်သူက အဖေ့ကိုထောင်ကထုတ်ဖို့ ဘာမဆိုပေးမယ်လုပ်နေတဲ့ချိန်မှာရာဗင်ဒရာတစ်ယောက် သမီးဖြစ်သူကိုလည်းသဘောကျ၊ ‌ငွေကိုလည်းသဘောကျနဲ့အရှေ့နောက်မစဉ်းစားဘဲ တာ၀န်ယူလိုက်တယ်။ အမှုဟာ သူထင်ထားသလို မရိုးရှင်းနေတဲ့အခါ ငွေမက်တဲ့သူတစ်ယောက်ကျိုးကြောင်းဆီလျော်အောင်စဉ်းစားနိုင်ပါဦးမလား၊ လူသတ်မှုကိုသူဖော်ထုတ်သွားနိုင်မှာလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။မှုခင်းစုံထောက်၊အက်ရှင်ကား ဖြစ်လို့ ကိုယ်တိုင်ပဲစုံထောက်လုပ်ပြီး အဖြေရှာကြည့်ရအောင်ပါ….

Citadel (2023- ) ⭐IMDB: 6.9/10 (744 Votes) 🎬 #Drama #Crime #Action #Adventure 🗓️ 2023- 🎞️ Series 📺 1080p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 42 မိနစ် 26 စက္ကန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Citadel (2023)Citadel Season 1 (2023) ဒီစီးရီးကတော့ Mission Impossibleလိုလို Kingsman လိုလို စတိုင်ပါပဲ။ မင်းသားကတော့ Game of Thrones ထဲက ရော့ဘ်စတာ့ခ်နေရာမှာ သရုပ်ဆောင်ဖူးတဲ့ Richard Madden ပါ။ မင်းသမီးကတော့ ပရီရန်ကာ ချော်ပရာပါပဲ။ ဇာတ်လမ်းအကျဉ်း ကမ္ဘာပေါ်မှာ စပိုင်အဖွဲ့တွေစရှိလာကတည်းက စပိုင်အချင်းချင်း နိုင်ငံအချင်းချင်း စစ်ပွဲတွေဖြစ်နေခဲ့ကြတာပါ။ ဒါပေမဲ့ စပိုင်တိုင်းဟာ ကိုယ့်နိုင်ငံအတွက် အခြားနိုင်ငံကိုဘာပဲဒုက္ခပေးရပေးရ လုပ်တဲ့သူတွေချည်းပါပဲ။ အဲဒီမှာပဲ စပိုင်တစ်စုဟာ စစ်တဒယ်ဆိုတဲ့ ဘယ်နိုင်ငံလက်အောက်ခံမှမဟုတ်တဲ့ လွတ်လပ်တဲ့ စပိုင်အဖွဲ့ကို ဖွဲ့စည်းလိုက်ပါတယ်။ သူတို့အဖွဲ့ဟာ နှစ် ၁၀၀ လောက်ကြာအောင် သမိုင်းတလျှောက် ပြဿနာကြီးတွေကို နောက်ကွယ်ကနေ လျို့ဝှက်ဖြေရှင်းပေးနေခဲ့တာပါ။ ဒါပေမဲ့ လွန်ခဲ့တဲ့ ၈ နှစ်လောက်မှာတော့ သူတို့အဖွဲ့ရဲ့ လျို့ဝှက်ချက်တွေအကုန်ပေါက်ကြားပြီး အဖွဲ့ဝင်အားလုံးလုပ်ကြံခံလိုက်ရပါတယ်။ မသေဘဲလွတ်လာတဲ့ အေးဂျင်မေဆန်ကတော့ အတိတ်မေ့ပြီး ၈ နှစ်လုံးလုံး သာမန်လူဘဝနဲ့နေနေခဲ့ပါတယ်။ သူတို့တွေကို အဓိက တိုက်ခိုက်ခဲ့တာကတော့ “မန်တီကိုး” ဆိုတဲ့ အဖွဲ့ပါပဲ။ အဲဒီအဖွဲ့ကိုတော့ ကမ္ဘာပေါ်က အချမ်းသာဆုံး မိသားစုတွေက စပိုင်ကွန်ယက်အဖြစ်ဖွဲ့စည်းပြီး သူတို့ကိုယ်ကျိုးအတွက် ကမ္ဘာကြီးကို ချယ်လှယ်နေခဲ့တာပါ။ ဒါပေမဲ့ ၈ နှစ်အကြာမှာတော့ မန်တီကိုးတွေဟာ စစ်တဒယ်တွေရဲ့ အစအနကိုရပြီး အေးဂျင့်မေဆန်လည်း အတိတ်မေ့ရက်သားကြီးနဲ့ မန်တီကိုးတွေကို တိုက်ခိုက်ဖို့ ကြုံလာတဲ့အခါ…အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre….. Crime, Drama, Action & Adventure

Thicker Than Water (2023- ) ⭐IMDB: 5.8/10 (397 Votes) 🎬 #Crime #Mystery #Drama #Reality #Thriller 🗓️ 2023- 🎞️ Series 📺 1080p 🌎 #France ⏰ 37 မိနစ် 45 စက္ကန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Thicker Than Water (2023)Thicker Than Water (2023)“သွေးကရေထက်ပျစ်တယ်” ဆိုတဲ့စကားက ဆလင်းမ်တို့မိသားစုကိုရည်ညွှန်းတာပါပဲ။ သူတို့က ပဲရစ်မှာနေနေကြတဲ့ အယ်လ်ဂျီးရီးရန်းမွတ်ဆလင်တွေပါ။ သူတို့မိသားစုထဲမှာ ဆလင်းမ်ကအမွှေဆုံး။ သူ့အစ်မသုံးယောက်ရှိတယ်။ အဲ့ဒီသုံးယောက်ထဲက ဖာဟာဆိုတဲ့အစ်မက ဆလင်းမ်ကိုအချစ်ဆုံးအစ်မ။ ဖာဟ့ာအပြောအရတော့ သူတို့မိသားစုတွေက ငယ်ငယ်ထဲကအချင်းချင်းဂရုစိုက်ဖို့ သင်ကြားပေးတာခံထားရတယ်တဲ့။ အဲ့ဒါအပြင် သူတို့အဖေက သူတို့ကိုထားပြီးထွက်သွားချိန်မှာ အမေကလဲအလုပ်တွေအရမ်းလုပ်ရတော့ ဆလင်းမ်အတွက် ဖာဟာကအစ်မအပြင် ဒုတိယမိခင်ဖြစ်ခဲ့တယ်။ ဒီဇာတ်လမ်းက မွတ်ဆလင်တွေရဲ့ရမ်မဒါန်ဥပုဒ်လမှာဖြစ်တယ်။ ရမ်မဒါန်လရဲ့ပထမရက်မှာ မိသားစုတွေအတူ ဥပုဒ်ဖြေဖို့ချိန်းထားကြတာ ဆလင်းမ်ကရောက်မလာဘူး။ သိပ်မကြာပါဘူး ရဲတွေရောက်လာပြီး ဖာဟာတို့ညီအစ်မတွေကို စစ်ဆေးမေးမြန်းကြပါလေရော။ အကြောင်းကရော ဆလင်းမ်က ရဲတစ်ယောက်ကိုကားနဲ့တိုက်ပြီးထွက်ပြေးသွားလို့ပါ။ ဆလင်းမ်ကလဲအဲ့ဒီကားကို ဖာဟာ့အိမ်မှာလာရပ်ထားတယ်။ ဖာဟာကလဲ သူလဲအမှုမပတ်အောင် သူ့မောင်ကိုလဲကယ်တင်ချင်ဇောနဲ့ သူတို့ညီမသုံးယောက်ရယ် ငမွှေထိုးတူမလေးရယ်ပေါင်းပြီး ကားကြီးကိုမီးရှို့အစဖျောက်လိုက်ကြတယ်။ပြသနာကဒီမှာတင်ပြီးရင်တော်သေး။ ဖာဟ့ာစေတနာကဝေဒနါဖြစ်သွားတယ်ဆိုပါတော့။ ရဲကိုတိုက်တာက ပြသနာသိပ်မရှိဘူး။ ပြသနာကသူတို့မီးရှို့လိုက်တဲ့ကားထဲမှာ ဆလင်းမ်ပို့ပေးရမယ့်မူးယစ်ဆေးတွေပါသွားတာပဲ။ အဲ့မှာတင်ရဲတွေရော မူးယစ်ရာဇာတွေနဲ့ပါ ဇာတ်လမ်းကရှုပ်လာတော့ ဖာဟာ့အနေနဲ့ ဆလင်းမ်ကိုရော သူ့မိသားစုဝင်တွေကိုပါ ဘယ်လိုများကာကွယ်ဖြေရှင်းပေးမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။Seriesရဲ့ ဇာတ်လမ်းသွားက ခိုင်ခိုင်မာမာရှိတဲ့အပြင် ဒီဇာတ်လမ်းမှာ မိသားစုတွေကြားကသံယောဇဥ်တွေ၊ အဆိုးအကောင်းပြသနာတွေရော၊ မောင်နှမတွေရဲ့ အမြဲသတ်နေ စကားနိုင်တွေလုနေကြပေမယ့် တကယ့်အရေးကြုံလာတဲ့အခါ သွေးကရေထက်ပျစ်တယ်ဆိုတာတွေကို ရမဒါန်ဥပုဒ်လနောက်ခံနဲ့ဖော်ကြူးပြထားလို့ တမူထူးခြားတဲ့ series လဲဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre….. Mystery, Crime

Texas Killing Fields (2011) ⭐IMDB: 5.7/10 (21 k Votes) 🎬 #Crime #Drama #History #Thriller #Mystery 🗓️ 2011 🎞️ Movie 📺 720p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 45 မိနစ် 3 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ၁၉၈၀ နှင့် ၁၉၉၀ ခုနှစ်အစောပိုင်းကာလတွေမှာ အမျိုးသမီးငယ် ၄ ယောက်ရဲ့ အလောင်းကို ရှာဖွေ တွေ့ရှိပြီးတဲ့နောက် တက္ကဆက်ပြည်နယ်က ရွံမြေတွေနဲ့ ရေနံချက်စက်ရုံတွေကြားက ဟူစတန်နဲ့ ဂဲဗတ်စတန်ကမ်းခြေမြို့ကို ဆက်သွယ်ထားတဲ့ ပြည်နယ်တွင်းလမ်းကြောတစ်လျှောက်မှာ ရှိတဲ့ မြေကွက်ကျယ်တစ်ခုကို လူသတ်ကွင်းတွေ လို့ အမည်ကင်ပွန်းတပ်ခဲ့ကြပါတယ်. နှစ်တွေကွာခြားပေမယ့် ဒီအမျိုးသမီး ၄ ဦးစလုံးကို တစ်နေရာတည်းမှာပဲ ရှာတွေ့ခဲ့ကြပါတယ်. သူတို့ရဲ့သေဆုံးမှုတွေက ဆက်စပ်မှုရှိသလား. တိုက်ဆိုင်မှုလားဆိုတာတော့ အဖြေမရှာနိုင်ခဲ့ပါဘူး. ဒီဇာတ်လမ်းကိုတော့ “The Killing Fields” လို့ အမည်ရပြီးကာလမှာ အခြေတည်ထားပါတယ်. တက္ကဆက်မြို့ငယ်လေးက စုံထောက်တစ်ဦးဖြစ်တဲ့ မိုက်ခ်ဆောက်ဒါ ဟာ နယူးယောက်မြို့က ပြောင်းလာတဲ့ ပါတနာ စုံထောက်ဘရိုင်ယန်ဟေ့ဂျ်နဲ့အတူ. လူသတ်မှုတွေကို ဖော်ထုတ်နေသူ ဖြစ်ပါတယ်. အမျိုးသမီးငယ်တွေ ဆက်တိုက်ပျောက်ဆုံး၊ သေဆုံးမှုတွေကြားကနေ အမည်ဆိုးနဲ့ကျော်ကြားတဲ့ ”The Killing Fields” နဲ့ ရင်ဆိုင်ကြုံတွေ့ရချိန်မှာတော့. တစ်ကြော့ပြန်လာတဲ့ အတိတ်ကို သူတို့လက်ထက်မှာ ရပ်တန့်နိုင်မလား. ဉာဏ်များပြီးကောက်ကျစ်တဲ့ ကွင်းဆက်လူသတ်သမားကို ဖမ်းဆီးနိုင်မလားဆိုတာကို ဥပဒေဘက်တော်သားနဲ့ ရာဇဝတ်သား အားပြိုင်မှု၊ ဉာဏ်ကစားပုံများ၊ ဇာတ်ကွက်အလှည့်အပြောင်းများကို စိတ်ဝင်စားဖွယ် တင်ဆက်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ကို CM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်

Texas Killing Fields (2011) ⭐IMDB: 5.7/10 (21 k Votes) 🎬 #Crime #Drama #History #Thriller #Mystery 🗓️ 2011 🎞️ Movie 📺 1080p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 45 မိနစ် 3 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ၁၉၈၀ နှင့် ၁၉၉၀ ခုနှစ်အစောပိုင်းကာလတွေမှာ အမျိုးသမီးငယ် ၄ ယောက်ရဲ့ အလောင်းကို ရှာဖွေ တွေ့ရှိပြီးတဲ့နောက် တက္ကဆက်ပြည်နယ်က ရွံမြေတွေနဲ့ ရေနံချက်စက်ရုံတွေကြားက ဟူစတန်နဲ့ ဂဲဗတ်စတန်ကမ်းခြေမြို့ကို ဆက်သွယ်ထားတဲ့ ပြည်နယ်တွင်းလမ်းကြောတစ်လျှောက်မှာ ရှိတဲ့ မြေကွက်ကျယ်တစ်ခုကို လူသတ်ကွင်းတွေ လို့ အမည်ကင်ပွန်းတပ်ခဲ့ကြပါတယ်. နှစ်တွေကွာခြားပေမယ့် ဒီအမျိုးသမီး ၄ ဦးစလုံးကို တစ်နေရာတည်းမှာပဲ ရှာတွေ့ခဲ့ကြပါတယ်. သူတို့ရဲ့သေဆုံးမှုတွေက ဆက်စပ်မှုရှိသလား. တိုက်ဆိုင်မှုလားဆိုတာတော့ အဖြေမရှာနိုင်ခဲ့ပါဘူး. ဒီဇာတ်လမ်းကိုတော့ “The Killing Fields” လို့ အမည်ရပြီးကာလမှာ အခြေတည်ထားပါတယ်. တက္ကဆက်မြို့ငယ်လေးက စုံထောက်တစ်ဦးဖြစ်တဲ့ မိုက်ခ်ဆောက်ဒါ ဟာ နယူးယောက်မြို့က ပြောင်းလာတဲ့ ပါတနာ စုံထောက်ဘရိုင်ယန်ဟေ့ဂျ်နဲ့အတူ. လူသတ်မှုတွေကို ဖော်ထုတ်နေသူ ဖြစ်ပါတယ်. အမျိုးသမီးငယ်တွေ ဆက်တိုက်ပျောက်ဆုံး၊ သေဆုံးမှုတွေကြားကနေ အမည်ဆိုးနဲ့ကျော်ကြားတဲ့ ”The Killing Fields” နဲ့ ရင်ဆိုင်ကြုံတွေ့ရချိန်မှာတော့. တစ်ကြော့ပြန်လာတဲ့ အတိတ်ကို သူတို့လက်ထက်မှာ ရပ်တန့်နိုင်မလား. ဉာဏ်များပြီးကောက်ကျစ်တဲ့ ကွင်းဆက်လူသတ်သမားကို ဖမ်းဆီးနိုင်မလားဆိုတာကို ဥပဒေဘက်တော်သားနဲ့ ရာဇဝတ်သား အားပြိုင်မှု၊ ဉာဏ်ကစားပုံများ၊ ဇာတ်ကွက်အလှည့်အပြောင်းများကို စိတ်ဝင်စားဖွယ် တင်ဆက်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ကို CM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်

Serving Sara (2002) ⭐IMDB: 5.3/10 (18 k Votes) 🎬 #Comedy #Drama #Romance 🗓️ 2002 🎞️ Movie 📺 720p 🌎 #Germany #UnitedStates ⏰ 1 နာရီ 40 မိနစ် 31 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Serving Sara (2002) IMDb – 5.4 ဂျိုးဟာတရားရုံးကနေဆင့်ခေါ်တဲ့ သမ္မာန်စာတွေကို ဆင့်ခေါ်ခံရတဲ့သူတွေဆီကို ပို့ပေးရတဲ့လုပ်ငန်းလုပ်နေသူ တစ်ယောက်ပါ။ စာရွက်စာတမ်းတွေကိုပို့ ပေးရတာက လွယ်ကူတဲ့အလုပ်ဖြစ်ရမှာဆိုပေမဲ့ စာပို့ပေးရမဲ့လူတွေက သူ့ကို‌ ရှောင်နိုင်နေကြတာ‌ေကြာင့် အလုပ်တစ်ခုကို တစ်ပတ်လောက်ကြာနေလို့ သူဌေးကပါ အပြစ်တင်တာကိုခံ‌ နေရပါတယ်။ တစ်နေ့မှာတော့ ဆာရာမိုး ဆိုတဲ့အမျိုးသမီးဆီကို ကွာရှင်းစာချုပ်သွားပို့ပေးရင်းနဲ့ ဆာရာ မိုးက သူ့လာပို့မဲ့သတင်းကိုကြိုရသွားပြီး ရှောင်ထွက်သွားနိုင်တဲ့အတွက် သူဌေးကကလော်တုတ်ပြီး တခြားလူတစ်ယောက်ကိုလုပ်ခိုင်းလိုက်ပါတော့တယ်။ ဒီလိုနဲ့ မကျေနပ်တဲ့ ဂျိူးတစ်ယောက် ဆာရာ မိုးရဲ့လိပ်စာကို ရှာပြီး သွားပို့ဖို့လုပ်ပါတော့တယ်။ ဒီလိုနဲ့ လိပ်စာကိုရပြီး ဆာရာမိုးဆီကို စာရွက်တွေအောင်မြင်စွာပေးနိုင်ခဲ့ပေမဲ့လည်း ဆာရာ မိုး ကသူ့ယောင်္ကျား ဂေါ်ဒွန် မိုးဆီကို ကွာရှင်းစာချုပ်အရင်ပို့ပေးနိုင်ရင် ဒေါ်လာတစ်သန်း‌ ပေးမယ်ဆိုပြီး ဂျိူးကိုပြန်ငှားလိုက်ပါတော့တယ်။ ဒီလိုနဲ့ ဆာရာနဲ့ ဂျိုးတို့နှစ်ယောက် ဂေါ်ဒွန်ဆီကိုကွာရှင်းစာချုပ်အချိန်မှီပို့ပေးနိုင်မှာလား၊ ဂျိူးရဲ့အလုပ်ကိုရော ဘယ်သူကနှောက်ယှက်နေတာလဲ၊ ဂျိုးကရော ဒေါ်လာတစ်သန်းကိုရပြီး သူ့ရဲ့အိပ်မက်လေးဖြစ်တဲ့ စပျစ်ခြံလုပ်ငန်းကိုလုပ်သွားနိုင်မလားဆိုတာကိုတော့ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးနဲ့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။

Serving Sara (2002) ⭐IMDB: 5.3/10 (18 k Votes) 🎬 #Comedy #Drama #Romance 🗓️ 2002 🎞️ Movie 📺 1080p 🌎 #Germany #UnitedStates ⏰ 1 နာရီ 40 မိနစ် 31 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Serving Sara (2002) IMDb – 5.4 ဂျိုးဟာတရားရုံးကနေဆင့်ခေါ်တဲ့ သမ္မာန်စာတွေကို ဆင့်ခေါ်ခံရတဲ့သူတွေဆီကို ပို့ပေးရတဲ့လုပ်ငန်းလုပ်နေသူ တစ်ယောက်ပါ။ စာရွက်စာတမ်းတွေကိုပို့ ပေးရတာက လွယ်ကူတဲ့အလုပ်ဖြစ်ရမှာဆိုပေမဲ့ စာပို့ပေးရမဲ့လူတွေက သူ့ကို‌ ရှောင်နိုင်နေကြတာ‌ေကြာင့် အလုပ်တစ်ခုကို တစ်ပတ်လောက်ကြာနေလို့ သူဌေးကပါ အပြစ်တင်တာကိုခံ‌ နေရပါတယ်။ တစ်နေ့မှာတော့ ဆာရာမိုး ဆိုတဲ့အမျိုးသမီးဆီကို ကွာရှင်းစာချုပ်သွားပို့ပေးရင်းနဲ့ ဆာရာ မိုးက သူ့လာပို့မဲ့သတင်းကိုကြိုရသွားပြီး ရှောင်ထွက်သွားနိုင်တဲ့အတွက် သူဌေးကကလော်တုတ်ပြီး တခြားလူတစ်ယောက်ကိုလုပ်ခိုင်းလိုက်ပါတော့တယ်။ ဒီလိုနဲ့ မကျေနပ်တဲ့ ဂျိူးတစ်ယောက် ဆာရာ မိုးရဲ့လိပ်စာကို ရှာပြီး သွားပို့ဖို့လုပ်ပါတော့တယ်။ ဒီလိုနဲ့ လိပ်စာကိုရပြီး ဆာရာမိုးဆီကို စာရွက်တွေအောင်မြင်စွာပေးနိုင်ခဲ့ပေမဲ့လည်း ဆာရာ မိုး ကသူ့ယောင်္ကျား ဂေါ်ဒွန် မိုးဆီကို ကွာရှင်းစာချုပ်အရင်ပို့ပေးနိုင်ရင် ဒေါ်လာတစ်သန်း‌ ပေးမယ်ဆိုပြီး ဂျိူးကိုပြန်ငှားလိုက်ပါတော့တယ်။ ဒီလိုနဲ့ ဆာရာနဲ့ ဂျိုးတို့နှစ်ယောက် ဂေါ်ဒွန်ဆီကိုကွာရှင်းစာချုပ်အချိန်မှီပို့ပေးနိုင်မှာလား၊ ဂျိူးရဲ့အလုပ်ကိုရော ဘယ်သူကနှောက်ယှက်နေတာလဲ၊ ဂျိုးကရော ဒေါ်လာတစ်သန်းကိုရပြီး သူ့ရဲ့အိပ်မက်လေးဖြစ်တဲ့ စပျစ်ခြံလုပ်ငန်းကိုလုပ်သွားနိုင်မလားဆိုတာကိုတော့ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးနဲ့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။

Brothers of the Wind (2015) ⭐IMDB: 6.8/10 (3 k Votes) 🎬 #Adventure #Drama #Family 🗓️ 2015 🎞️ Movie 📺 720p 🌎 #Austria ⏰ 1 နာရီ 38 မိနစ် 18 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 လင်းယုန်ငှက်တွေဟာ စူးရှတဲ့ အမြင်အာရုံရှိပြီး အမဲလိုက်ရာနေရာမှာလည်း အံ့ဩဖွယ်ကောင်းအောင် ထူးချွန်တဲ့ ငှက်တွေဖြစ်ပါတယ်။ ဖမ်းချင်တဲ့ သားကောင်ကိုတွေ့ရင် လေပေါ်ကနေ အောက်ကိုထိုးဆင်းပြီးမှ မြေကိုမထိပဲ သားကောင်ကို ချီသွားနိုင်တဲ့ ပုံစံဟာ လင်းယုန်ငှက်တွေရဲ့ နာမည်ကြီး အမဲလိုက်ပုံလို့ပဲ ပြောရပါလိမ့်မယ်။ ဒီဇာတ်ကားကလည်း အဲ့လို အံ့ဩဖို့ကောင်းတဲ့ လင်းယုန်တစ်ကောင်ရဲ့ ဇာတ်လမ်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ လူးကပ်စ်ဟာ ထူးခြားတဲ့ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။ သူက ကြင်နာတတ်တဲ့စိတ် အပြည့်ရှိတဲ့ ကောင်လေးတစ်ယောက်ဖြစ်ပြီး တစ်ယောက်တည်း အေးအေးဆေးဆေးလည်း နေတတ်သူပါ။ ဒီလိုထူးခြားတဲ့ ကောင်လေးတစ်ယောက်မှာ အတိတ်ဖြစ်ရပ်ဆိုးတွေလည်း ရှိနေပါတယ်။ လူးကပ်စ်ဟာ ဒီဖြစ်ရပ်ကြောင့် စိတ်ဒဏ်ရာရနေပြီး သူ့ရဲ့ဖခင်ဖြစ်သူနဲ့လည်း ပြေလည်တဲ့ ဆက်ဆံရေး မရှိပါဘူး။ တစ်နေ့တော့ လူးကပ်စ်တစ်ယောက် လျှောက်သွားရင်းနဲ့ တောင်ပေါ်တစ်နေရာက ပြုတ်ကျနေတဲ့ လင်းယုန်ငှက်ပေါက်စလေး တစ်ကောင်ကို တွေ့ခဲ့ပါတယ်။ လူးကပ်စ်က ကြင်နာတတ်သူပီပီ ငှက်ကလေးကို မွေးစားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒီလိုနဲ့ လူးကပ်စ်နဲ့ ငှက်ကလေး သူငယ်ချင်းတွေဖြစ်လာတာကို ကြည်နူးစရာ မြင်တွေ့ရမယ့်ဇာတ်ကားလေးပါ။ ငှက်ကလေးမှာလည်း သူ့ရဲ့ကိုယ်ပိုင် ဘဝဇာတ်လမ်းတစ်ခု ရှိနေတဲ့အခါမှာ လူးကပ်စ်တို့ သူငယ်ချင်းနှစ်ယောက် ဘယ်လိုအခက်အခဲတွေကို ရင်ဆိုင်ရမလဲ ကြည့်ရှုရမှာပါ။ အယ့်လ်ပ်စ် တောင်တန်းကြီးတွေရဲ့ ရှုခင်းလှလှတွေကို ကြည့်ချင်တဲ့ သူတွေအတွက်ရော လူနဲ့တိရစ္ဆာန်ကြားက သံယောဇဉ်ကို ပုံဖော်ထားတဲ့ ဇာတ်လမ်းမျိူး ကြိုက်သူတွေအတွက်ပါ ကြည့်သင့်တဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။

Brothers of the Wind (2015) ⭐IMDB: 6.8/10 (3 k Votes) 🎬 #Adventure #Drama #Family 🗓️ 2015 🎞️ Movie 📺 1080p 🌎 #Austria ⏰ 1 နာရီ 38 မိနစ် 18 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 လင်းယုန်ငှက်တွေဟာ စူးရှတဲ့ အမြင်အာရုံရှိပြီး အမဲလိုက်ရာနေရာမှာလည်း အံ့ဩဖွယ်ကောင်းအောင် ထူးချွန်တဲ့ ငှက်တွေဖြစ်ပါတယ်။ ဖမ်းချင်တဲ့ သားကောင်ကိုတွေ့ရင် လေပေါ်ကနေ အောက်ကိုထိုးဆင်းပြီးမှ မြေကိုမထိပဲ သားကောင်ကို ချီသွားနိုင်တဲ့ ပုံစံဟာ လင်းယုန်ငှက်တွေရဲ့ နာမည်ကြီး အမဲလိုက်ပုံလို့ပဲ ပြောရပါလိမ့်မယ်။ ဒီဇာတ်ကားကလည်း အဲ့လို အံ့ဩဖို့ကောင်းတဲ့ လင်းယုန်တစ်ကောင်ရဲ့ ဇာတ်လမ်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ လူးကပ်စ်ဟာ ထူးခြားတဲ့ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။ သူက ကြင်နာတတ်တဲ့စိတ် အပြည့်ရှိတဲ့ ကောင်လေးတစ်ယောက်ဖြစ်ပြီး တစ်ယောက်တည်း အေးအေးဆေးဆေးလည်း နေတတ်သူပါ။ ဒီလိုထူးခြားတဲ့ ကောင်လေးတစ်ယောက်မှာ အတိတ်ဖြစ်ရပ်ဆိုးတွေလည်း ရှိနေပါတယ်။ လူးကပ်စ်ဟာ ဒီဖြစ်ရပ်ကြောင့် စိတ်ဒဏ်ရာရနေပြီး သူ့ရဲ့ဖခင်ဖြစ်သူနဲ့လည်း ပြေလည်တဲ့ ဆက်ဆံရေး မရှိပါဘူး။ တစ်နေ့တော့ လူးကပ်စ်တစ်ယောက် လျှောက်သွားရင်းနဲ့ တောင်ပေါ်တစ်နေရာက ပြုတ်ကျနေတဲ့ လင်းယုန်ငှက်ပေါက်စလေး တစ်ကောင်ကို တွေ့ခဲ့ပါတယ်။ လူးကပ်စ်က ကြင်နာတတ်သူပီပီ ငှက်ကလေးကို မွေးစားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒီလိုနဲ့ လူးကပ်စ်နဲ့ ငှက်ကလေး သူငယ်ချင်းတွေဖြစ်လာတာကို ကြည်နူးစရာ မြင်တွေ့ရမယ့်ဇာတ်ကားလေးပါ။ ငှက်ကလေးမှာလည်း သူ့ရဲ့ကိုယ်ပိုင် ဘဝဇာတ်လမ်းတစ်ခု ရှိနေတဲ့အခါမှာ လူးကပ်စ်တို့ သူငယ်ချင်းနှစ်ယောက် ဘယ်လိုအခက်အခဲတွေကို ရင်ဆိုင်ရမလဲ ကြည့်ရှုရမှာပါ။ အယ့်လ်ပ်စ် တောင်တန်းကြီးတွေရဲ့ ရှုခင်းလှလှတွေကို ကြည့်ချင်တဲ့ သူတွေအတွက်ရော လူနဲ့တိရစ္ဆာန်ကြားက သံယောဇဉ်ကို ပုံဖော်ထားတဲ့ ဇာတ်လမ်းမျိူး ကြိုက်သူတွေအတွက်ပါ ကြည့်သင့်တဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။