ဇာတ်ညွှန်းများ • FDMN
Yopiq kanal
Ma'lumot yo'q
Obunachilar
-524 soatlar
-47 kun
+730 kun
Postlar arxiv
The Baby Swindler (2023) ⭐IMDB: 4.8/10 (151 Votes) 🎬 #Thriller #TVMovie 🗓 2023 🎞 tv movie 🌎 #Canada ⏰ 1 နာရီ 31 မိနစ် 16 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ယောကျ်ားဖြစ်တဲ့သူ ဆုံးသွားပြီးတဲ့နောက်မှာ ဘဝကို တစ်ယောက်တည်းဖြတ်သန်းနေရတဲ့ ဆူဇီ ဆိုတဲ့မိန်းကလေးတစ်ယောက်…… ဆူဇီ အတွက်သူ့ယောက်ျားကအသက်အာမခံငွေတွေနဲ့ ပိုင်ဆိုင်မှုတွေအများကြီးချန်ပေးထားခဲ့တယ်… နှစ်ယောက်သား ကလေးယူဖို့ကြိုးစားနေပြီးတော့ ဆူဇီ ရဲ့အားနည်းချက်ကြောင့် ကိုယ်ဝန်မဆောင်နိုင်တဲ့အချိန်မှာ ဆေးရုံမှာအေးခဲထားတဲ့ သူ့တို့ရဲ့သန္ဓေသားလောင်းလေးကို အငှားကိုယ်ဝန်ဆောင်ခိုင်းဖို့အတွက် မိန်းကလေးတစ်ယောက်ကို အသည်းအသန်လိုက်ရှာခဲ့ရတယ်….. ဆူဇီ အစားအငှားကိုယ်ဝန်ဆောင်ပေးတဲ့မိန်းကလေးဟာ ကိုယ်ဝန်ဆောင်ပေးနေစဉ်မှာပဲ ရုတ်တရက်ပျောက်သွားရာကနေ….. ဆူဇီ လုံးဝမျှော်လင့်မထားတဲ့ အန္တရာယ်တွေ၊ လှည့်စားမှုတွေ၊ လိမ်ညာမှုတွေနဲ့၊ ဘယ်လိုဒုက္ခမျိုးတွေနဲ့တွေ့ကြုံရမလဲဆိုတာကိုတော့…. ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ်...
Don't Let Me Stay (2023) ⭐IMDB: 3.8/10 (77 Votes) 🎬 #Thriller 🗓 2023 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 31 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာတော့ Don’t Let Me Stay ဆိုတဲ့ 2023 ထွက် horror/thriller ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် ။ အိုဟောင်းနေတဲ့ စံအိမ်ကြီးတွေဟာ ခေတ်အဆက်ဆက်ပိုင်ဆိုင်ခဲ့တဲ့ ပိုင်ရှင်တွေရဲ့ အမှတ်တရတွေနဲ့ ပြည့်နှက်နေပြီး နံရံကအစကြမ်းပြင်အထိ ပြောပြစရာ ပုံပြင်ဟောင်းတွေရှိနေတယ်ဆိုတာကို ကြားဖူးကြမယ်ထင်ပါတယ် ။ ဂျက်ဆင်နဲ့သောမတ်တို့ဟာ ငယ်သူငယ်ချင်းတွေဖြစ်ကြပြီး ကောလိပ်ပြီးသွားတဲ့အခါမှာ သောမတ်ဟာ သူစိတ်ဝင်စားတဲ့ ဗိသုကာလက်ရာတွေလေ့လာဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ မြို့ကနေထွက်သွားခဲ့ပါတယ်။ အဆက်အသွယ်လုံးဝမလုပ်ခဲ့တဲ့ သောမတ်ဟာ နှစ်အနည်းငယ်ကြာမှ မြို့ကိုပြန်ရောက်လာခဲ့ပြီး ဂျက်ဆင်အပြင် ကောလိပ်ကသူငယ်ချင်းတွေဖြစ်ကြတဲ့ ကလိုက်ထ်, ဒါကိုတာ, ဝယ်လ်, ကော်နီ တို့ကို သူဝယ်ထားတဲ့ ရှေးဟောင်းအိမ်ကြီးမှာ ပိတ်ရက်အပန်းဖြေဖို့ဆိုပြီး ဖိတ်ခေါ်လာပါတယ်။ ထူးဆန်းတယ်လို့ ခံစားရပေမယ့် မတွေ့ရတာကြာပြီဖြစ်တဲ့ သူငယ်ချင်းက ဖိတ်ခေါ်လို့သွားခဲ့တဲ့ ဂျက်ဆင်နဲ့သူငယ်ချင်းတစ်သိုက်ဟာ သူတို့ရဲ့ငယ်ငယ်က ဆရာဟောင်းဖြစ်တဲ့ မစ္စတာ ပီတာဆင်အပြင် သောမတ်ရဲ့ညီငယ် ဒန်နီရယ်ပါ အိမ်ကြီးမှ ရောက်ရှိနေတာကိုတွေ့လိုက်ရပါတယ်။ မတွေ့တာကြာပြီဖြစ်တဲ့ သူငယ်ချင်းတစ်စုနဲ့ဆရာဟောင်းတို့ ရှေးဟောင်း နှောင်းဖြစ်တွေပြောကြရင်း သောမတ်ဟာ မူမမှန်တဲ့အပြင် အိမ်အိုကြီးမှာလည်း ထူးဆန်းတာတွေ တစ်ခုပြီးတစ်ခု ကြုံတွေ့လာရတဲ့အခါ.. သောမတ်သူတို့ကိုဖိတ်ခေါ်ရတဲ့ရည်ရွယ်ချက်အစစ်အမှန်ကရော ဘာလဲ ? အဲ့ဒီအိမ်အိုကြီးရဲ့ သမိုင်းတစ်လျှောက်မှာရော ဘာတွေဖြစ်ပျက်ခဲ့တာလဲ? သောမတ်ကရော စာမလာသတင်းမကြား ပျောက်သွားခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ဘာတွေကြုံတွေ့ခဲ့ရလို့ ခုလိုပြောင်းလဲနေရသလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရစေရန် တင်ဆက်ပေးလိုက်ရပါတယ်။...
Three Day Millionaire (2022) ⭐IMDB: 5.0/10 (599 Votes) 🎬 #Comedy #Crime 🗓 2022 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 38 မိနစ် 12 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဂရင်းစဘီက ငါးဖမ်းသမား နဲ့ ဝန်ထမ်းအမျိုးသမီးတွေဟာ သူတို့ရထားတဲ့ လခတွေကို သုံးရက်တာ သန်းကြွယ်သူဌေးဆိုတဲ့ ဂုဏ်ပုဒ်ရဖို့အတွက်လေးနဲ့ ဟော့ဟော့ရမ်းရမ်းသုံးမိလိုက်တဲ့အချိန် သူတို့နောက်ထပ် သင်္ဘောမတက်ရတော့ဘူးဆိုတာ သိလိုက်ရပါတယ်။ ပိုက်ဆံလည်းပျက် မျှော်လင့်ချက်ကလည်း အင်မတန်နဲပါးလာတဲ့အခါမှာတော့ အကြီးမားဆုံး လုယက်မှုကြီးကျူးလွန်းဖို့ကြိုးစားကြပါတော့တယ် ဒါပေမဲ့ ဆိပ်ကမ်းကိုလည်း မပျက်စီးအောင်ထိန်းသိမ်းရမယ်ဆိုတော့ ဘယ်လိုများ စခန်းသွားကြမလဲဆိုတာ ဆက်လက်ကြည့်ရှုခံစားလိုက်ပါဦးလို့...
Murdercise (2023) ⭐IMDB: 3.8/10 (642 Votes) 🎬 #Horror #Comedy #Thriller 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 24 မိနစ် 14 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဇာတ်ကားရဲ့စပိုင်းမှာတော့ The Skid Row Strangler ဆိုတဲ့လူသတ်သမား၂ယောက်ကမိန်းကလေးတွေကိုလိုက်သတ်တဲ့ပုံစံမျိုးနဲ့စထားပါတယ်၊အဲဒီနောက်မှာတော့နောက်ထပ်လူသတ်မားတယောက်ပေါ်လာစေမယ့် Gino ပိုင်ဆိုင်တဲ့စတူဒီယိုကဇာတ်ဝင်ခန်းတွေကိုကြည့်ရှုရမှာပါ၊ Phoebe ဆိုတဲ့ကောင်မလေးအပါဝင်တခြားကောင်မလေးတွေက ကျန်းမာရေးအသိပေးဗီဒီယိုလေးရိုက်နေကြတာပါ၊Phoebe ဟာအားလုံးဆီမှာအနှိမ်ခံရသူဖြစ်ပြီး သူဖြစ်ချင်တာနဲ့ဖြစ်နေတာတွေမတူလို့စိတ်ညစ်နေရပါတယ်၊အဲဒီနောက်မှာ Video ထုတ်လုပ်သူရဲ့သမီးဖြစ်သူ Isabella ရောက်လာပြီး Phoebe နဲ့စကားပြောဖြစ်ကြရာကနေ Isabella ပေးတဲ့အကြံတွေကို Phoebe တယောက် တလွဲတွေအဓိပ္ပာယ်ကောက်ရာကနေမှ Phoebe တယောက်လူတွေသတ်ပါတော့တယ်၊ ဇာတ်လမ်းအစက လူသတ်သမား၂ယောက်ကကော ဒီကိစ္စနဲ့ဘာတွေဆက်စပ်မှုရှိနေတာလဲ Phoebe တယောက်ကကောလူတွေသတ်ရင်းနဲ့ဘာဆက်ဖြစ်သွားလဲဆိုတာတွေကို သည်းထိပ်ရင်ဖိုကြည့်ရမယ့်ဇာတ်ကားလေးပါ။...
Ranneeti: Balakot & Beyond (2024) ⭐TMDB: 0% User Score 🎬 #Action #Adventure #War #Politics 🗓 2024 🎞 Series 🌎 #India ⏰ 40 မိနစ် 27 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Ranneeti: Balakot & Beyond (2024)Ranneeti: Balakot & Beyond (2024)IMDb 7.8 ကို voting အများနဲ့ အမှန်အကန်ရထားတဲ့ လျှို့ဝှက်သည်းဖို အိန္ဒိယအက်ရှင် ဇာတ်လမ်းတွဲအသစ်လေး လာပါပြီ အနုစိတ်တဲ့ အိန္ဒိယ-ပါကစ္စတန် နိုင်ငံရေးအရေးခင်းတွေကို အခြေတည်ထားတဲ့ ဒီဇာတ်လမ်းမှာဆိုရင် ဇာတ်အလှည့်အပြောင်းတွေ ကို တစ်ထစ်ချင်းစီ အဆုံးထိဆွဲခေါ်တဲ့ intensity အပြည့် တင်ဆက်မှုကို တွေ့မြင်ရမှာပါဇာတ်လမ်းအနည်းအကျဥ်းကို ပြောရရင်တော့ ဝမ်းနည်းစရာဖြစ်ရပ်တစ်ခုဖြစ်တဲ့ Pulwama တိုက်ခိုက်မှုအပြီး အေးဂျင့် ကတ်ရှ်ယာနဲ့ သူ့အဖွဲ့ဟာ ပါကစ္စတန်တွေဖမ်းထားတဲ့ ပိုင်းလော့တစ်ယေက်ကို ကယ်ရဖို့ ဖြစ်လာပြီး ….အချိန်နဲ့ လောင်းကြေးထပ်ထားရတဲ့အပြင် တစ်ဖက်မှာလည်း မျက်မှောက်ခေတ် ပေါင်းစပ်ထိုးစစ်ဆင်တဲ့ ဗျူဟာဖြစ်တဲ့ သတင်းမီဒီယာက Pakistan အစိုးရရဲ့ အလိမ်အညာတွေကို ဘယ်လိုတုန့်ပြန်သွားမှာလဲသူယုံကြည်ရင် လုပ်ထုံးလုပ်နည်းတွေကို ဆန့်ကျင်ပြီး ဖောက်ထွက်တတ်တဲ့ တစ်ချိန်က သုတေသန ထောက်လှမ်းရေးမှာ အတော်ဆုံးအေးဂျင့်အဖြစ် သတ်မှတ်ခံရသလို လုပ်ထုံးဆန့်ကျင်လို့ အပြစ်ပေးလည်းခံရဖူးတဲ့ ကတ်ရှ်ယာ … နောက်ကွယ်အစည်းအဝေးခန်းက ဆုံးဖြတ်ချက်တွေမှသည် မြေပြင်က အလဲအထပ်ကြီးတဲ့ ညှိနှိုင်းမှုတွေအထိ စိတ်ဝင်စားစရာကောင်းအောင် ရိုက်ကူးထားတဲ့ စီးရီးလေးဖြစ်ပါကြောင်းအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်...
The Miracle Club (2023) ⭐IMDB: 6.4/10 (5 k Votes) 🎬 #Comedy #Drama 🗓 2023 🎞 movie 🌎 #Ireland #UnitedKingdom ⏰ 1 နာရီ 30 မိနစ် 34 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Miracle Club ဇာတ်ကားဟု ၂၀၂၃ ခုနှစ်ထွက် Family Drama ဇာတ်ကားကောင်းလေး တစ်ကားပဲ ဖြစ်ပါတယ်… ဇာတ်လမ်းကျောရိုးလေးကတော့ အိုင်ယာလန် မြို့လေးတစ်မြို့က မိန်းမ ၄ ယောက်ဟာ ဘုရာကျောင်းရဲ့ ဘာသာရေးခရီးစဉ်တစ်ခုနဲ့ အံ့ဖွယ်ဖြစ်ရပ်တွေ နာမကျန်းသူတွေ ပြန်ကောင်းတယ်လို့ နာမည်ကြီးတဲ့ ပြင်သစ်က နေရာတစ်ခုကို သွားရောက်ခဲ့တဲ့အကြောင်းလေး ဖြစ်ပါတယ်။ ဒီခရီးစဉ်မှာ ပါဝင်ကြတဲ့ မိန်းမ ၄ ယောက်ဟာ အတိတ် နောက်ကြောင်းတွေ ဘယ်လိုရှိကြမလဲ သူတို့ရဲ့ ကိုယ်စိတ်နာမကျန်းမှုတွေဟာ အံ့ဖွယ်ဖြစ်ရပ်တွေကြောင့် ပျောက်သွားနိုင်မလား ဆိုတာ ကြည့်ရမှာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းလေးက ရိုးရိုးရှင်းရှင်းဆိုပေမဲ့ နာမည်နဲ့လိုက်အောင် ကြည့်ရှုသူတွေကို ကိုယ်စိတ်ချမ်းသာအောင် လုပ်ပေးနိုင်မဲ့ feel good ဇာတ်ကားကောင်းလေး ဖြစ်တာမို့ စိတ်ခွန်အားတွေ ရအောင် ကြည့်လိုက်ကြရအောင်...
Inspector Rishi (2024) ⭐TMDB: 68% User Score 🎬 #Mystery #Action #Adventure #Drama 🗓 2024 🎞 Series 🌎 #India ⏰ 1 နာရီ 45 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Inspector Rishi (2024)Inspector Rishi (2024)”တောကြီးမာယာ” =================================Supernatural လိုမျိုး သဘာဝလွန်ကိစ္စတွေနဲ့ စုံထောက်ဇာတ်လမ်းကို အိန္ဒိယမှုပြုပြီး စိတ်ဝင်စားစရာကောင်းအောင်တင်ဆက်ထားတဲ့ IMDb 7.2/10 ရ ဇာတ်လမ်းတွဲတစ်ခုကို ချန်နယ်မြန်မာပရိသတ်တွေအတွက်တင်ဆက်ပေးချင်ပါတယ်။ မြန်မာ urban legends တွေထဲက ကျတ်သရဲနဲ့တူတဲ့ ပရလောကသားတွေ ခိုအောင်းနိုင်လောက်တဲ့ထိ တောထူတဲ့ သစ်တောကြိုးဝိုင်းကြီးတစ်ခုရှိရာ တောင်ပေါ်ရွာလေးတစ်ရွာမှာ ထူးဆန်းတဲ့ လူသေမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ သူတို့ရွာရဲ့ တောအုပ်တစ်နေရာမှာ ဓာတ်ပုံဆရာတစ်ယောက်ဟာ သစ်ပင်တစ်ပင်ပေါ်က ပင့်ကူအိမ်လို ပိုးမျှင်အိမ်ကြီးတစ်ခုထဲမှာ ဇောက်ထိုးအနေအထားနဲ့ ထူးထူးဆန်းဆန်းသေဆုံးနေတာပါ။အဲဒီသေဆုံးမှုကို ဆိုင်ရာပိုင်ရာတွေက လူသဝာ်မှုလို့ သံသယရှိတဲ့အတွက် လူသဝာ်မှုတွေဖြေရှင်းရာမှာ နာမည်ကြီးတဲ့ ရီရှီနန်ဒန်ဆိုတဲ့ စုံထောက်ကို တာဝန်ပေးလိုက်ပါတယ်။ရီရှီဟာ အဲဒီအမှုကို စုံစမ်းရင်း စုံစမ်းရင်းနဲ့ တရားခံမပေါ်ဘဲ သဘာဝလွန်ကိစ္စလိုလို ဘာလိုလိုဖြစ်လာတဲ့အခါ သဘာဝလွန်ကိစ္စတွေကို လုံးဝအယုံအကြည်မရှိတဲ့ရီရှီတစ်ယောက် သူ့ကိုယ်သူ သက်သေပြဖို့ ဇွတ်တရွတ်ကြိုးစားပုံတွေကို ဒီဇာတ်လမ်းတွဲထဲမှာမြင်ရမှာဖြစ်ပါတယ်…။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)...
BloodRayne (2005) ⭐TMDB: 41% User Score 🎬 #Fantasy #Action #Horror 🗓 2005 🎞 movie 🌎 #Canada #Germany #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 35 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီ Action/Fantasy/Horror ဇာတ်ကားထဲမှာတော့ မင်းသမီး Kristanna Loken (Terminator 3 ထဲက T-X)နဲ့ Michelle Rodriguez (Fast & Furious ထဲက Letty Ortiz) အပြင် မင်းသား Michael Madsen (Kill Bill ထဲက Budd)နဲ့ Matthew Davis (Blue Crush)တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ သွေးစုပ်ဖုတ်ကောင်တွေကို ဗန်ပိုင်းယားလို့ခေါ်ဆိုတယ်ဆိုရင် လူတစ်ပိုင်း သွေးစုပ်ဖုတ်ကောင်တစ်ပိုင်းကိုတော့ ဒန်ဖီးယားလို့ ခေါ်ဆိုပါသတဲ့။ ဒန်ဖီးယားတွေက ခံရည်နိုင်စွမ်းမြင့်မားလွန်းတာမို့ မွေးစကတည်းက သုတ်သင်ရှင်းလင်းခံခဲ့ကြရတာပါ။ သို့ပေမဲ့ ဒန်ဖီးယားမလေး ရိန်းကတော့ စွမ်းအားမြင့် သွေးစုပ်ဖုတ်ကောင်ကြီးတစ်ကောင်ရဲ့ ယုတ်မာတဲ့အကြံအစည်နဲ့ လူသားမိခင်ကနေ မွေးဖွားလာနိုင်ခဲ့ပါတယ်။ ရိန်းကို အစွမ်းထက်လက်နက်အဖြစ် အသုံးချလိုတဲ့ ယုတ်မာတဲ့ဖခင်ရဲ့အကြံအစည်ကို ရိပ်မိပြီး သမီးဖြစ်သူကို အသုံးချခံမဖြစ်စေလိုတဲ့ မိခင်ရဲ့ ဉာဏ်ပညာကြီးမှုနဲ့ အစတေးခံမှုကြောင့် ရိန်းက သွေးစုတ်ဖုတ်ကောင်ကြီးလက်ကနေ လွတ်မြောက်သွားခဲ့ပါတယ်။ ဒီလိုနဲ့ နှစ်တွေကြာလာတဲ့အခါ သူ့မိခင်ကို သတ်တဲ့ သူ့ဖခင်တစ်ဖြစ်လည်း စွမ်းအားမြင့် သွေးစုပ်ဖုတ်ကောင်ကြီးကို ရှင်းလင်းဖို့ နည်းလမ်းတွေကို ရှာဖွေခဲ့ရင်း လူသားမျိုးနွယ်တွေနဲ့ လက်တွဲဖို့ ကြိုးစားခဲ့ရာမှာ သူတို့ရဲ့ရည်ရွယ်ချက်အတိုင်း အောင်အောင်မြင်မြင် သုတ်သင်နိုင်ပါ့မလားဆိုတာကိုတော့.. ဇာတ်လမ်းထဲမှာပဲ ကြည့်ရှုလိုက်ကြပါဦး။...
Ghostbusters: Afterlife (2021) ⭐IMDB: 7.0/10 (220 k Votes) 🎬 #Adventure #Comedy #Fantasy #ScienceFiction #SciFi 🗓 2021 🎞 movie 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 2 နာရီ 4 မိနစ် 24 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Ghostbusters 2021 ရုပ်ရှင်အသစ် ထွက်လာပါပြီ။ Remake မဟုတ်ပါဘူး။ နောက်ဆက်တွဲ အနေနဲ့ ထွက်တာပါ။ သရဲဖမ်းသမားတွေရဲ့ မြေးတွေ မျိုးဆက်သစ်တွေကို တွေ့ရမှာဖြစ်သလိုသရဲဖမ်းသမားဟောင်းကြီးတွေကိုလည်း ဧည့်သည်အဖြစ် တွေ့ရဦးမှာပါ။ သရဲဖမ်းသမားတွေကို လူတိုင်းရင်းနှီးကြမှာပါ။ သိပ္ပံနည်းလမ်းတွေနဲ့ ပရိုတွန် သေနတ်တွေ ထောင်ချောက်တွေနဲ့ သရဲတွေကို နှိမ်နင်းကြတဲ့သူတွေပေါ့။ ဒီဇာတ်လမ်းမှတော့ မူရင်း သရဲဖမ်းသမားတွေလည်း အငြိမ်းစားယူ၊ သရဲတွေလည်း ပေါ်မလာတော့တာ နှစ် ၃၀ လောက်ရှိပါပြီ။ သူတို့မြေးတွေ လက်ထက်ကျမှ သရဲအကြမ်းကြီးတွေ ပေါ်လာလို့ သူတို့အဘိုးတွေရဲ့ လက်နက်တွေနဲ့ ပြန်တိုက်ခိုက်ရတဲ့ ဇာတ်လမ်းပါ။ ဂန္ဓဝင်ကားတွေကို ဆက်ရိုက်ရင် fail တာများနေတဲ့ ခေတ်ထဲမှာ Rating 7.6 အထိရောက်လာတဲ့ ကျေနပ်လောက်စရာ နောက်ဆက်တွဲရုပ်ရှင်လေးပါပဲ။ ခံစားကြည့်လိုက်ပါဦး။...
Ghostbusters (2016) ⭐IMDB: 6.8/10 (247 k Votes) 🎬 #Action #Adventure #Comedy #Fantasy #SciFi 🗓 2016 🎞 movie 🌎 #Australia #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 56 မိနစ် 38 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 2016 ထွက်မယ့် ရုပ်ရှင်တွေထဲမှာ ကြည့်ချင်နေပေမယ့် သိပ်တော့မျှော်လင့်မထားတဲ့ ရုပ်ရှင်တစ်ခုရှိပါတယ်။ အဲဒါကတော့ Ghostbusters ပါပဲ။ တစ္ဆေဖမ်းသူများပေါ့။ Rating ကလည်း 6.5 ပါ။ မနေ့က ထွက်လာတော့ ကြည့်လိုက်မိတဲ့အချိန်မှာ နည်းနည်းတော့ အံ့အားသင့်သွားမိတယ်။ ဇာတ်လမ်း အဖွင့် အလည် အဆုံးက ကျေနပ်စရာလေး ဖြစ်နေလို့ပါပဲ။ အဖွင့်မှာ နိဒါန်းပျိုးသွားပုံလှတယ် သူတို့ အဖွဲ့ကို အလည်မှာ တည်ဆောက်သွားတာ အသက်ဝင်တယ် အဆုံးမှာ ကျေနပ်စရာ တိုက်ခိုက်မှုတွေနဲ့ ဇာတ်သိမ်းရလိုက်တယ်လို့ ပြောရမယ်ထင်ပါတယ်။ ဒါ့အပြင် Thor နဲ့ Huntsman ကားတွေရဲ့ သရုပ်ဆောင်ကြီးက ဒီကားမှာ သူ့ကိုတွေ့တိုင်းရယ်နေရအောင် ကောင်းကောင်းအစွမ်းပြသွားတယ်လို့လဲ ပြောလို့ရမယ်ထင်ပါတယ်။ ငယ်ငယ်က တစ္ဆေသရဲနဲ့ ပတ်သတ်တာတွေကို ယုံကြည်ပြီး စာအုပ်တစ်အုပ်တောင် အတူရေးခဲ့တဲ့ အချစ်ဆုံး သူငယ်ချင်း ၂ ယောက် အယ်ရင် နဲ့ အက်ဘီ။ အယ်ရင်ဟာ စာအုပ်ကို ဖျက်စီးခဲ့ပြီး တက္ကသိုလ်တစ်ခုမှာ သိပ္ပံပညာရှင်ဘဝကို ခံယူသွားခဲ့တယ်။ ဒါပေမယ့် အဲဒီစာအုပ် အွန်လိုင်းမှာ ပျံ့နှံ့လာပြီး သူ့တက်လမ်းကို ထိခိုက်တော့မယ့် အချိန်မှာ စာအုပ်ကို ရောင်းချနေတဲ့ သူ့သူငယ်ချင်းဟောင်းကြီးကို ပြန်လာတားပါတော့တယ်။ တားရင်းနဲ့ပဲ သူတို့ရဲ့ စိတ်ကူးထဲကအရာတွေ တကယ် အပြင်မှာ ကြုံတွေ့လာရပြီး တခြား အဖွဲ့ဝင် ၂ ယောက်နဲ့ အတူ Ghostbusters အဖွဲ့ကို ဖွဲ့လိုက်ပြီး ကြောင်တောင်တောင် ဧည့်ကြို ကယ်ဗင်ကိုခန့်ထားရင်း တစ္ဆေပြဿနာတွေနောက်ကို လိုက်ပါတော့တယ်။ ဒါပေမယ့် သူတို့တွေ သာမာန်ခြောက်လှန့်မှုမဟုတ်ပဲ လူသားအားလုံးကို ထိခိုက်စေမယ့် ပြဿနာ အကြီးကြီးရဲ့ အစကို ဖော်မိလိုက်ချိန်မှာတော့...
Sprinter (2023) ⭐IMDB: 6.2/10 (10 Votes) 🎬 #Drama #Sport 🗓 2023 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 27 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Sprinter(2023) ************* ကိုရီးယားရဲ့မီတာ၁၀၀အပြေးပြိုင်ပွဲကို နိုင်ငံတော်အဆင့်ရွေးချက်ဖို့ တာတိုအပြေးသမားတွေကိုလူစုနေကြတယ်… အမျိုးသားလက်ရွေးစင်အဆင့်မို့ အရင်က နာမည်ရှိပြီးသားသူတွေရော လက်ရှိကြိုးစားနေတဲ့သူတွေရော လက်ရွေးစင်ဖြစ်ဖို့ကြိုးစားနေကြပါတယ်.. အသက်အလိုက်ရွေးချယ်ကြမှာမို့ ဒီလက်ရွေးစင်ဖြစ်ဖို့ အသက်အရွယ်အလိုက် စိတ်ခံစားချက်တွေ ရုန်းကန်ရပုံတွေကိုရိုက်ပြထားတာမို့ အားကစား ဒရမ်မာကြိုက်တဲ့သူတွေအဖို့ ကြည့်သင့်ပါကြောင်း...
Trinil (2024) ⭐IMDB: 5.9/10 (103 Votes) 🎬 #Drama #Horror #Thriller 🗓 2024 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 45 မိနစ် 32 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခေါက်မှာတော့ Horror ရုပ်ရှင်ဆို ပြူးပြူးပြဲပြဲ Jump scares တွေမှကြိုက်တတ်ပါတယ်ဆိုတဲ့သူတွေအတွက် ဖြည်းဖြည်းလေးရော ဝုန်းဝုန်းဒိုင်းဒိုင်းရော နည်းမျိုးစုံ ခြောက်ပြမဲ့ အင်ဒို ခေါင်းပြတ်သရဲကားလေးကိုတင်ဆက်ပေးလိုက်ချင် ပါတယ်။ ဒီဇာတ်လမ်းဟာ 1980ခုနှစ်များမှာ အင်ဒိုနီးရှားနိုင်ငံ အတွင်း နာမည်ကျော်ခဲ့တဲ့ ရေဒီယိုဇာတ်လမ်းတစ်ပုဒ်ကို မှီငြမ်းပြီးရိုက်ကူးထားတာဖြစ်ပြီး ဇာတ်လမ်းထဲမှာတော့ 1970ဝန်းကျင်ကာလကိုဇာတ်အိမ်တည်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း **************** အင်ဒိုနီးရှားနိုင်ငံ Central Java မှာ လက်ဖက်ခြံပိုင်ရှင် သူဌေးကြီး ဝမ်လမ်ဆောင်ဒါဆိုပြီးရှိပါတယ်။ သူ့မှာ သူချစ်စနိုးနဲ့ ထရီနီ လိုခေါ်တဲ့ သမီးလေးတစ်ယောက်လည်းရှိပါတယ်။ တစ်ရက်မှာတော့ သူဌေးကြီးဆုံးပါးသွားပြီး သူ့မိန်းမဟာလည်းရုတ်ချည်းဆိုသလို ပျောက်ဆုံးသွားခဲ့ပါတယ်။ သူ့သမီးကတော့ သူဌေးကြီးမဆုံးခင် အိမ်မှာ သူနာပြုလာလုပ်ပေးတဲ့ သူနာပြုဆရာလေးနဲ့လက်ထပ်ပြီး Honey moon ခရီး သုံးလကြာထွက်သွားခဲ့ပါတယ်။ သူတို ဟန်းနီးမွန်းထွက်နေတဲ့ကာလမှာ လက်ဖက်ခြံထဲ ရာသီဥတု မကောင်းတာတွေ၊ ဝန်ထမ်းတွေ သေဆုံးတာတွေ ၊သတ်သေတာတွေ ဆက်တိုက်ဖြစ်လာပါတော့တယ်။ သူတိုနှစ်ယောက် ဟန်းနီးမွန်းက ပြန်လာတဲ့အခါမှာလည်း အိပ်နေရင်းဘီလူးစီးခံရတာတွေ ခြောက်လှန့်ခံရတာတွေဖြစ်လာတာမို ခင်ပွန်းဖြစ်သူက သူ့သူငယ်ချင်းအပနှင်ဆရာကို အပနှင်ပေးဖိုအကူအညီတောင်းရာကနေ စံအိမ်ကြီးရဲ့လျှိဝှက်ချက်တွေတစ်ခုပြီးတစ်ခု ပေါ်လာပါတော့တယ်။ ဇာတ်လမ်းအကျဉ်းကတော့ဒီလောက်ပါပဲ။ ဒီမှာ တစ်ခုသတိထားမိတာက အင်ဒိုသရဲကားတွေဟာ ဇာတ်လမ်းဇာတ်အိမ် ကျစ်လျစ်ပိုင်နိုင်ပြီး တင်ဆက်ပုံကလည်း အဆင့်အတန်းတစ်ခုမှာရှိပါတယ်။ ဇာတ်လမ်းကို အစကနေအဆုံးထိ တန်ပိုကောင်းကောင်းနဲ့ဆွဲခေါ်သွားနိုင်တာမို အချိန်ပေးကြည့်ရတာ တန်စေမဲ့ ဇာတ်ကားတစ်ကားဖြစ်ကြောင်း ညွှန်းဆိုလိုက်ပါရစေရှင်။...
Demon Slayer: Kimetsu no Yaiba (2019- ) ⭐IMDB: 8.6/10 (149 k Votes) 🎬 #Animation #Action #Adventure #SciFi #Fantasy #Thriller 🗓 2019- 🎞 tv series 🌎 #Japan ⏰ 24 မိနစ် 26 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Demon Slayer: Kimetsu no Yaiba Season 1Kimetsu No Yaiba(Demon Slayer) ဆိုတဲ့ နာမည်ကိုကြားလိုက်တာနဲ့ Opening song “Gurenge”က စလို့ Mangaရသမပျက်အောင် အကောင်းဆုံးပုံဖော်ထားနိုင်တဲ့Detailကျပြီး လှပတဲ့ animationရေးဆွဲချက်တွေအလယ်၊Character တစ်ဦးချင်းစီရဲ့ပုံရိပ်ကို အပီပြင်ဆုံးဖန်တီးနိုင်မှုအဆုံး….2019ရဲ့ ဝင်ငွေအကောင်းဆုံး Animeတွေထဲကတစ်ခုအဖြစ် အငြင်းပွားဖွယ်မရှိ ရပ်တည်နိုင်ခဲ့တဲ့ Animeတစ်ခုပဲဖြစ်ပါတယ်၊ Nezukoနဲ့Tanjirouလို့ ပြောလိုက်တာနဲ့ တန်းမြင်စေတဲ့ Animeဆိုလည်းမမှားပါဘူးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက လူသားတွေကိုသတ်ဖြတ်စားသောက်ခဲ့တဲ့ Demonတွေဟာ တောတောင်တွေထဲမှာကျက်စားတယ်ဆိုတဲ့ ယုံတမ်းစကားတွေနဲ့အတူ ပြည်သူတွေကိုဒုက္ခပေးလာခဲ့တာပါ၊ ဒီ Demonတွေကို သတ်ဖြတ်ချေမှုန်းမယ့်Demon Slayerတွေကလည်း ရှိနေခဲ့ပါတယ်MC Tanjiro Kamadoဟာ မိသားစုနဲ့အတူ တောင်ပေါ်ကအိမ်လေးတစ်လုံးမှာနေထိုင်ရင်း မိသားစုဝမ်းရေးအတွက်တောင်အောက်ဆင်းပြီး မီးသွေးရောင်းရင်း အသက်မွေးရသူပါ၊တစ်နေ့ Tanjiroတစ်ယောက် မီးသွေးရောင်းရင်း အိမ်ပြန်အလာသူ့မိသားစုဟာ Demonတွေရဲ့လက်ချက်ကြောင့် သေဆုံးနှင့်ပြီဖြစ်သလို ညီမငယ် Nezukoကလည်း အသက်မသေသော်ငှားDemonတစ်ယောက် အသွင်ပြောင်းသွားတဲ့အခါ….သာယာအေးချမ်းတဲ့ဘဝထဲ လေမုန်တိုင်းထန်ပြီးတဲ့နောက်သူ့မိသားစုကို သတ်သွားတဲ့မိစ္ဆာကောင်ကို ကလဲ့စားချေဖို့နဲ့Demonပြောင်းသွားပေမဲ့ လူတစ်ယောက်ရဲ့ ခံစားချက်တွေရှိနေသေးတယ်လို့ သူယုံကြည်ထားတဲ့ ညီမငယ်Nezukoအတွက် လူစင်စစ်အသွင်ပြန်ပြောင်းနိုင်မယ့် နည်းလမ်းကိုရှာဖွေဖို့ Tanjiroတစ်ယောက် စွန့်စားခန်းခရီးစဉ်ကိုစတင်ခဲ့ပါတော့တယ်...
Godzilla x Kong: The New Empire (2024) ⭐IMDB: 6.5/10 (44 k Votes) 🎬 #Action #Adventure #Fantasy #ScienceFiction #SciFi #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #Australia #UnitedStatesofAmerica ⏰ 1 နာရီ 54 မိနစ် 54 စက္ကန့် 👑 Channel Myanmarဇာတ်ညွှန်း 📜 MonsterVerse Timeline MonsterVerse ရဲ့ ၅ ကားမြောက် Godzilla x Kong: The New Empire (2024) လဲထွက်လာခဲ့ပြီဆိုတော့ Godzilla, Kong နဲ့ သူတို့ကြားက အဖြစ်အပျက်တွေကြားက timeline ကို တစ်ချက်ပြန်ကြည့်ကြည့်ရအောင်. ဒီ timeline ထဲက အဖြစ်အပျက်တွေက ထွက်ရှိခဲ့တဲ့ MonsterVerse ရုပ်ရှင်၊ ဇာတ်လမ်းတွဲတွေအပြင် tied in graphic novels တွေက အကြောင်းတွေပါ ပါဝင်ပါတယ်။Event တွေများ source တွေလည်း များလို့ မှားနေတာ လိုနေတာရှိရင် ဝင်ဆွေးနွေးသွား ထောက်ပြသွားနိုင်ပါတယ်။ – 252 millions BCကမ္ဘာ့ မျက်နှာပြင်ပေါ်မှာ Radiation တွေ ယနေ့လက်ရှိအချိန်ထက် အဆပေါင်းများစွာရှိနေတုန်းက radiation ကို စားသုံးကြီးထွားတဲ့ Godzilla နဲ့ တခြား Titan တွေဟာ ကမ္ဘာမျက်နှာပြင်ပေါ်မှာနေကြတယ်။ ဒီမှာ Shinomura ဆိုတဲ့ နှစ်ကောင်ပေါင်းပြီး တစ်ကောင်ဖြစ်နိုင်တဲ့ Titan နဲ့ Godzilla တို့ ချနေကြတဲ့အချိန် ဘေးကိုဥက္ကာခဲကြီးကျလာပြီး ဖြစ်လာတဲ့ ကျင်းကြီးထဲကို Shinomura ပြုတ်ကျသွားတယ်။ ဥက္ကာခဲကျပြီး ပေါက်ကွဲမှုကြီးကြောင့် ကမ္ဘာ့ မျက်နှာပြင် radiation ပမာဏ ကျဆင်းသွားတဲ့အတွက် Godzilla နဲ့ တခြားအကောင်ကြီးတွေ နေစရာ စားစရာရှားလာတာမို့လို့ radiation ရှိသေးတဲ့ ကမ္ဘာ့အတွင်းပိုင်း၊ ပင်လယ်ရေအောက်ကြမ်းပြင် တွေကို ပြောင်းရွှေ့သွားကြသလို မြေအောက်မှာ နှစ်တေတွအကြာကြီး hibernate လုပ်ကိန်းအောင်းနေကြတာတွေလည်း ဖြစ်ကုန်ကြတယ်။ – Hollow Earth နဲ့ Skull Islandကမ္ဘာ့ မျက်နှာပြင်အောက်မှာ အခေါ်င်းကြီးဖြစ်နေပြီး Godzilla လို တခြား titan ကြီးတွေ နေထိုင်ကြတဲ့ Hollow Earth ဆိုတာရှိတယ်။ ဒီ Hollow Earth နဲ့ ချိတ်ဆက်နေတဲ့ တစ်နေရာကတော့ ပင်လယ်ထဲက ပြင်ပလောကနဲ့ အဆက်အသွယ်မရှိတဲ့ Skull Island ဆိုတဲ့ ကျွန်းကြီးတစ်ကျွန်း။ ဒီကျွန်းကို Kong ရဲ့ မျိုးနွယ် ape ကြီးတွေရောက်လာပြီး နေကြတယ်။ ဒါပေမယ့် နောက်တော့ Skullcrawler ဆိုတဲ့ကောင်တွေပေါ်လာလို့ Kong တို့အမျိုးတွေနဲ့ နှစ်ပေါင်းများစွာ စစ်ခင်းကြတယ်။ Iwi လူမျိုးတွေ ကျွန်းပေါ်စရောက်လာတဲ့အချိန်မှာတော့ Skull Island မှာ Kong ရဲ့ မိဘနှစ်ပါးပဲ ကျန်တော့တယ်။ Skullcrawler တွေလက်ချက်ကြောင့် Kong မွေးပြီးပြီးချင်း သူ့မိဘတွေ ဆုံးသွားခဲ့တယ်။ – Early 20th Century1926 မှာ အမည်မသိလူတစ်ယောက် ဦးဆောင်တဲ့အဖွဲ့တစ်ဖွဲ့က ဒီ hollow earth ကို စူးစမ်းလေ့လာဖို့ထွက်သွားခဲ့ပေမယ့် ပြန်ပေါ်မလာခဲ့ဘူး။ 1938 မှာတော့ ပြင်သင်နိုင်ငံက ဂူကြီးတစ်ခုက Hollow Earth ရဲ့ ဝင်ပေါက်တစ်ပေါက်ဖြစ်ပြီး ဒီကသွားရင် Titan ကြီးတွေဆီရောက်လိမ့်မယ်လို့ ပုံတွေဘာတွေ ထွက်ရှိလာခဲ့တယ်။ 1943 မှာလည်း U.S.S Lawton ဆိုတဲ့ အမေရိကန် စစ်ရေယာဥ်တစ်စင်းဟာ အမည်မသိအကောင်တစ်ကောင် တိုက်ခိုက်ခံခဲ့ရပြီး William Randa တစ်ယောက်ကလွဲလို့ တစ်ယောက်မှ အသက်ရှင်မကျန်ခဲ့ဘူး။ US အစိုးရကတော့ ဒါကို ဖုံးကွယ်ခဲ့တယ်။ – WWII and Hiroshimaဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်တိုက်လေယာဥ်တစ်စင်းနဲ့ ဂျပန်တိုက်လေယာဥ်တစ်စင်းတို့ ရင်ဆိုင်တိုက်ခိုက်ရင်း ကျွန်းတစ်ကျွန်းပေါ်ကိုပျက်ကျတယ်။ ဒီကျွန်းက Kong နေတဲ့ Skull Island ဖြစ်နေသလို ဒါကိုသိသွားခဲ့ကြတဲ့ pilot ၂ ယောက်ဟာ ရန်သူတွေကနေ မိတ်ဆွေတွေ၊ ညီအစ်ကိုတွေဖြစ်သွားခဲ့ကြပြီး ကျွန်းကလွတ်မြောက်ဖို့ အတူတူကြိုးစားခဲ့ကြတယ်။ 1945 မှာ Hiroshima ကို nuclear bomb ဖေါက်ခွဲခဲ့တဲ့အခါမှာတော့ ကြီးမား များပြားတဲ့ radiation တွေပေါ်ထွက်လာခဲ့ပြီမို့လို့ အရင် တိမ်မြုပ်နေတဲ့ titan တချို့ ပြန်လည်နိုးထလာတယ်။ အရင်ဆုံး ပေါ်လာတာကတော့ Godzilla နဲ့ ရင်ဆိုင်ရင်း ချောက်ထဲကျသွားတဲ့ Shinomura ဖြစ်ပြီး သူ့ကိုမျက်မြင်တွေ့ခဲ့သူတွေထဲမှာ “Let them fight” ဆိုပြီးပြောခဲ့တဲ့ Dr. Serizawa ရဲ့ အဖေ Eiji လည်းပါပါတယ်။ – 1946 – Monarch1946 မှာတော့ Monarch ကိုတည်ထောင်တယ်။ ဒီ “အကောင်ကြီးတွေ” ကိုရှာဖွေ လေ့လာ စူးစမ်းဖို့အတွက်ပေါ့။ နောက်တော့ Monarch အဖွဲ့ထဲမှာ Eii Serizawa လည်း ပါဝင်လာခဲ့တယ်။ Monarch အဖွဲ့ကို ဦးဆောင်ခဲ့သူတွေထဲမှာ Keiko Miura, Lee Shaw နဲ့ Bill Randa တို့လည်း ပါဝင်လာခဲ့တယ်။ Keiko က single mother တစ်ယောက်ဖြစ်ပြီး အစပိုင်းမှာ Lee Shaw နဲ့ ကြိုက်မလိုဖြစ်ခဲ့ပေမယ့် နောက်တော့ သူနဲ့ စိတ်တူကိုယ်တူ Bill Randa နဲ့ပဲ လက်ထပ်ဖြစ်ခဲ့တယ်။ ဒါပေမယ့်လည်း ၃ ယောက်သားက အခင်မင်မပျက်ခဲ့ဘူး။ ဒီကြားထဲ Shinomura ပေါ်လာပြီး နေရာစုံ လိုက်တိုက်ခိုက် ရန်ရှာနေတာကို Godzilla က လိုက်ရန်တွေ့မောင်းထုတ်နေရင်း 1954 ခုနစ် Castle Bravo nuclear “စမ်းသပ်မှု” မှာ Monarch နဲ့ US အစို...
Hypnotic Duel (2024) ⭐TMDB: 0% User Score 🎬 #Mystery 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 43 မိနစ် 9 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 CM ရဲ့ ပရိသတ်တို့အတွက် အိပ်ငွေ့ချခြင်းနဲ့ ပတ်သက်တဲ့စိတ်ဝင်စားစရာရုပ်ရှင်လေးဖြစ်တဲ့ Hypnotic Duel ဆိုတဲ့ရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့- စိတ်ကျန်းမာရေးလောကမှာ အိပ်ငွေချခြင်းပညာနဲ့ နာမည်ကြီးတဲ့ပါမောက္ခယဲ့ယွမ်တုန်းဟာ ရုပ်ရှင်မင်းသမီးအန်းယာရဲ့အကူအညီတောင်းမှုကြောင့် ရုပ်ရှင်အဖွဲ့ကို ဇာတ်ညွှန်းပြင်ပေးဖို့လက်ခံလိုက်ပါတယ်။လက်ထောက်ဖြစ်သူ လျိုစွမ်းနဲ့အတူ ဝေးလံလှတဲ့တောင်ပေါ်က အပန်းဖြေစံအိမ်တစ်ခုကို ရောက်သွားခဲ့ပါတယ်။ ဇာတ်ညွှန်းဆွေးနွေးဖို့လာရောက်ကြတဲ့ လူတိုင်းမှာ လျှို့ဝှက်ချက်ကိုယ်စီရှိနေကြပြီးပိုပြီးတော့ အံ့အားသင့်စေတာက ရုပ်ရှင်ထဲက ဇာတ်ကောင်ဟာယဲ့ယွမ်တုန်းနဲ့ တစ်ထပ်တည်းကျနေပါသတဲ့။အပေါ်ယံမှာတော့ အားနာနာပြောဆိုနေကြပေမဲ့အားလုံးက အတိတ်က အကြောင်းတွေကို ဖော်နေသလို ဖြစ်နေပါတယ်။ ဒီလို အကွက်ချစီစဉ်မှုရဲ့ နောက်ကွယ်က အဖြစ်မှန်က ဘာတွေဖြစ်မလဲ……ဘယ်သူကရော အိပ်ငွေ့ချပညာနဲ့ ဒီအရာတွေကို ထိန်းချုပ်နေတာလဲ……ဆိုတာကို ရုပ်ရှင်နဲ့အတူ အဖြေရှာလိုက်ရအောင်နော်။...
Turtles All the Way Down (2024) ⭐IMDB: 6.7/10 (2 k Votes) 🎬 #Drama #Romance 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 52 မိနစ် 2 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 John Green ရဲ့ Turtle all the way down ဝတ္ထုကို ပြန်လည်ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကတော့ မေလ ၂ ရက် နေ့တုန်းကမှ ထွက်ရှိထားတာဖြစ်ပြီး Rotten Tomatoes ဝက်ဘ်ဆိုက်မှာ မှတ်ချက်ကောင်းတွေ ရထားတဲ့ ရုပ်ရှင်တစ်ခုလည်း ဖြစ်ပါတယ် ။ ဒီရုပ်ရှင်မှာတော့ Obsessive Compulsive Disorder (OCD) ရောဂါရှိနေတဲ့ ၁၆ နှစ်အရွယ် မိန်းကလေး အေဇာရဲ့ ရှုထောင့်ကနေ သူ့အတွေးတွေ သူ့ခံစားချက်တွေကို မြင်တွေ့ရမှာပါ ။ အေဇာဟာ OCD ရှိတဲ့မိန်းကလေး တစ်ယောက်ဖြစ်ပြီး ဘက်တီးရီးယားပိုးမွှားတွေကို အလွန်အမင်းကြောက်စိတ်ဝင်နေတတ်သူလည်း ဖြစ်ပါတယ် ။ သူ့မှာ ဒေစီနဲ့ မိုက်ကယ်ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ရှိပြီး တစ်ရက်မှာတော့ ဘီလီယံနာသူဌေးတစ်ယောက် ပျောက်သွားတဲ့ သတင်းကနေ သူ့ရဲ့ ငယ်သူငယ်ချင်း ဒေးဗစ်နဲ့ ပြန်လည်ဆုံစည်း လိုက်ရပါတော့တယ် ။ ဒီလိုနဲ့ အေဇာနဲ့ ဒေးဗစ်တို့ အချင်းချင်း မေတ္တာရှိလာကြတဲ့အခါ အဓိက အဟန့်အတားဖြစ်လာတာကတော့ အေဇာရဲ့ OCD ရောဂါပါပဲ ။ အေဇာရဲ့ အတွေးလွန်ဆွဲပုံတွေ ၊ ဒေးဗစ်ရဲ့ နားလည်ပေးနိုင်မှု တွေကိုတော့ သေချာလေး မြင်တွေ့ရမယ့်အပြင် အမေနဲ့သမီးရဲ့ ဆက်ဆံရေး ၊ အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ကြားက ပဋိပက္ခတွေကိုလည်း ရင်ထဲထိရလောက်တဲ့အထိ ကြည့်ရှု ခံစားရမှာပါ ။ အဆုံးကျရင်တော့ အေဇာရဲ့ အတွေးတိုက်ပွဲမှာ ဘယ်ဘက်က အနိုင်ရမလဲ ။ ဒေးဗစ်နဲ့ရော ဘယ်လိုဖြစ်သွားမှာလဲဆိုတာကတော့ Turtles all the way down ရုပ်ရှင်ရဲ့ Ending လှလှလေးမှာ အတူတူခံစားကြည့်ကြပါလို့ပဲ အကြံပေးချင်ပါတယ်...
Lazareth (2024) ⭐IMDB: 4.2/10 (162 Votes) 🎬 #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 26 မိနစ် 10 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကမ္ဘာကြီးမှာ လူသားတွေဟာ သဘာဝတရားက ပေးတဲ့အရာတွေကို သုံးချင်သလိုသုံးပြီး နေလာကြတဲ့ အချိန်အတိုင်းအတာ တစ်ခုမှာ လောကကြီးမှာ ပြန်အဖတ်ဆယ်လို့ မရအောင် ပျက်စီးသွားတဲ့ အခြေအနေ တစ်ခုကို စိတ်ကူးယဉ် ရိုက်ကူးထားတဲ့ ဇာတ်ကားလေး တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ ကုသမရနိုင်တဲ့ ဗိုင်းရပ်စ် ရောဂါပိုး ပျံ့နှံ့ကူးစက် သေဆုံးခဲ့ကြပြီး မြို့ပြကြီးတွေမှာ လူသူကင်းမဲ့ ခြောက်သွေ့ကုန်ပါတယ်။ ရောဂါပိုးနဲ့ မထိတွေ့ဘဲ ကျန်ရစ်နေခဲ့တဲ့ လီဆိုတဲ့ အမျိုးသမီးဟာ တူမလေး နှစ်ယောက်နဲ့အတူ လူတွေနဲ့ ဝေးလံတဲ့ ကျေးလက်ဒေသ တစ်နေရာမှာ အထီးကျန် နေထိုင်ခဲ့ပါတယ်။ လာဇရက်လို့ အမည်ပေးထားတဲ့ သူတို့အိမ်လေးမှာ တူဝရီးသုံးယောက် ဘေးမသီရန်မခ နေထိုင်ရင်း တစ်နေ့ကျတော့ သူတို့နေအိမ်အနီး တောအုပ်ထဲမှာ ကောင်လေးတစ်ယောက် ရောက်လာခဲ့ပါတယ်။ ဒီကောင်လေးရောက်လာချိန်ကစပြီး သူတို့တွေရဲ့ စည်းချက်ညီ လှုပ်ရှားနေတဲ့ နေအိမ်လေးမှာ ဟန်ချက်မညီမျှတွေ ဖြစ်ပေါ် လာခဲ့ပါတော့တယ်…။ ဒီကောင်လေးက ဘယ်ကနေ ဘာအတွက်ကြောင့် ဒီကိုရောက်လာခဲ့တာလဲ။ သူနဲ့အတူ ဘယ်လို ဘေးအန္တရာယ်တွေပါ လိုက်ပါလာမလဲဆိုတာ...
Mr. Natwarlal (2024) ⭐IMDB: 8.5/10 (754 Votes) 🎬 #Action #Bollywood #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 6 မိနစ် 24 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Mr. Natwarlal (2024)IMDb – 8.9/10 Madamakkiဆိုတဲ့ ဇာတ်ကားနဲ့နာမည်ရလာတဲ့ Kannada မင်းသားကြီးTanushရဲ့ တစ်ချိန်ကနာမည်ကြီးHindi ရုပ်ရှင် Mr. Natwarlalရဲ့ နာမည်ကိုယူထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်တင်ဆက်ပေးလိုက်ပါပြီ။ plot twistလေးတွေလည်းပါတာဖြစ်လို့စိတ်ဝင်စားဖို့ကောင်းမယ့်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်မှာပါ။ Mr. Natwarlalဆိုတာကတော့ 1950တစ်ခွင်မှာ အိန္ဒိယဗဟိုအစိုးရနဲ့ပါလီမန်ထိပါတက်လိမ်ပြီး အတော်လေးမွှေသွားတဲ့လူလိမ်တစ်ယောက်၊ ရဲဘက်အရာရှိတွေ နာမည်ကြားတာနဲ့ အော့နှလုံးနာရတဲ့သူပေါ့။ ဒီကားလေးထဲမှာတော့ မိသားစုပြဿနာတွေကနေ ရှောင်ပြေးဖို့အတွက် တစ်ရွာမပြောင်းသူကောင်းမဖြစ်ဆိုသလိုရန်ဂါနဲ့သူ့အမေနဲ့ နောက်တစ်ရွာမှာ သွားနေဖို့လုပ်ပါတော့တယ်။ကံဆိုးချင်တော့ ပြဿနာတွေနောက်ကလိုက်လာပြီး မိခင်ကိုပါဆုံးရှုံးလိုက်ရတဲ့အခါ… ကြီးနိုင်ငယ်ညှင်းလုပ်နေတဲ့ ဓနရှင်တွေကို တွန်းလှန်ချင်စိတ်တွေပေါ်လာတဲ့ရန်ဂါတစ်ယောက်Mr. Natwarlalဆိုတဲ့နာမည်နဲ့ လက်တစ်လုံးခြားလုပ်ဖို့ စီစဉ်ပါတော့တယ်။ နည်းပညာနဲ့အတူ တိုးတက်နေတဲ့လိမ်နည်းအဖြာဖြာနဲ့ ဒီပြဿနာတွေကို ရဲကရော ဘယ်လိုကိုင်တွယ်မလဲ ရှုစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ ToMo ~ Zwe ~ Alexတို့ပဲဖြစ်ပါတယ်)...
A Man in Full (2024) ⭐TMDB: 68% User Score 🎬 #Drama 🗓 2024 🎞 Series 🌎 #UnitedStatesofAmerica ⏰ 50 မိနစ် 39 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 A Man in Full (2024)ဒီစီးရီးကတော့ မကြာသေးခင်ကမှ Netflix ကထွက်ရှိထားတဲ့ဒရာမာစီးရီးတစ်ခုဖြစ်ပါတယ်။ Succession စီးရီးလိုမျိုး စီးပွားရေးလုပ်ငန်းရှင်တွေဉာဏ်ချင်းယှဉ်ကစားကြတဲ့ဒရာမာစီးရီးတစ်ခုပါ။ ဇာတ်လမ်းကတော့ ချာလီခရွတ်ခ်ကာဆိုတဲ့ အိမ်ခြံမြေလုပ်ငန်းရှင်တစ်ယောက်အကြောင်းကို ဇာတ်အိမ်တည်ထားပါတယ်။ချာလီခရွတ်ခ်ကာဟာ ဂျော်ဂျီရာပြည်နယ်မှာ လူသိများရေပန်းစားပြီးဩဇာလွှမ်းမိုးမှုရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးပါ။တစ်နေ့မှာတော့ သူ့ရဲ့လူယုံသတ်မှုကြောင့် လုပ်ငန်းကဒေဝါလီခံမယ့်အရေးနဲ့ ကြုံတွေ့လာရပါတော့တယ်။အဲဒီလိုနဲ့ အခွင့်ကောင်းကိုချောင်းနေတဲ့သူ့ရဲ့ပြိုင်ဘက်တွေကသူ့ကိုအဘက်ဘက်ကထိုးနှက်ပြီး စီးပွားရေးလောကကနေအပြတ်ရှင်းဖို့ကြံပါတော့တယ်။ ဒီစီးရီးမှာတော့ စီးပွားရေးသမားအချင်းချင်းကတုံးပေါ်ထိပ်ကွက်ပြီး ဘယ်လိုမျိုးအကွက်ရွှေ့ကြတယ်၊စီးပွားရေးလောကထဲမှာ ရှင်သန်ဖို့အတွက်တစ်ယောက်ကိုတစ်ယောက် ဘယ်လိုထိုးကျွေးကြတယ်ဆိုတာတွေကိုမြင်တွေ့ရမှာပါ။လောကမှာအရေးကြီးဆုံးက ပိုက်ဆံ၊အာဏာ၊ပါဝါဆိုတဲ့အတိုင်းဒီအရာတွေဖြစ်တည်လာဖို့ရည်မှန်းချက်ကြီးကြီးနဲ့တည်ဆောက်ကြပုံတွေ၊ဒါ့အပြင် စီးပွားရေးနဲ့နိုင်ငံရေး ဘယ်လိုမျိုးပတ်သက်ဆက်နွယ်နေတယ်၊နည်းလမ်းပေါင်းစုံနဲ့ အခွင့်ကောင်းကိုချောင်းပြီးဘယ်လိုကိုယ်ကျိုးရှာကြတယ်ဆိုတဲ့လူလည်တွေနဲ့ပြည့်နှက်နေတဲ့ရှုပ်ထွေးတဲ့စီးပွားရေးလောကကြီးအကြောင်းကို စိတ်ဝင်စားဖွယ်မြင်တွေ့ရမှာပါ။...
Taken 2 (2012) ⭐IMDB: 6.2/10 (323 k Votes) 🎬 #Action #Crime #Thriller 🗓 2012 🎞 movie 🌎 #France #UnitedStates #Turkey #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 39 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Taken 2 (2012) Unrated Extended Cut Old but gold ကားဟောင်းတွေကို Quality Update လုပ်ပြီး တင်ဆက်ပေးနေရာမှာဒီတစ်ခါ အလှည့်ကျလာတာကတော့ မင်းသားကြီး Liam Neeson ရဲ့Taken Trilogy Franchise ပဲ ဖြစ်ပါတယ်။ Liam Neeson နဲ့အတူမင်းသမီး Maggie Grace လည်း ပါဝင်ပြီး ကြည့်ပြီးသားသူတွေအတွက်တော့အထူးပြောစရာမလိုသလို မကြည့်ရသေးတဲ့သူတွေအတွက်လည်း အချိန်ပေးရကျိုးနပ်စေမယ့် ကားတွေပါပဲ။ Taken ရုပ်ရှင်ကား ၃ ကားရှိပြီး 4K Quality ကိုမှ Unrated Extended Cut Version နဲ့ ၃ ကားလုံးတင်ဆက်ထားပါတယ်။ ၃ ကားလုံးကို ဒီမှာhttps://channelmyanmar.org/?s=taken+trilogyဒေါင်းပါ။ Taken 1 မှာတုန်းက ခရီးထွက်ရင်း ပြန်ပေးဆွဲခံလိုက်ရတဲ့ သူ့သမီးကိုCIA အေးဂျင့်ဟောင်းဖြစ်သူ ဘရိုင်ယန်က လူ ၁၂ သန်းလောက်ရှိတဲ့မြို့ထဲ၇၂ နာရီအတွင်း ရှာတွေ့ခဲ့ပြီး ပြန်ပေးဆွဲဂိုဏ်းခေါင်းဆောင် မာကိုနဲ့ အပေါင်းအပါတွေကိုသုတ်သင်ရှင်းလင်းခဲ့ပါတယ်။ အခု Taken 2 မှာတော့ မာကို့ရဲ့အဖေဖြစ်သူအကြမ်းဖက်ဂိုဏ်းခေါင်းဆောင် မူရတ်က သူ့သား သေဆုံးရမှုအတွက်ဘရိုင်ယန်တို့ မိသားစုကို ကလဲ့စားချေဖို့ ကြိုးစားမှာပဲဖြစ်ပါတယ်။ အစ္စတန်ဘူလ်ကို ခရီးထွက်နေတဲ့ ဘရိုင်ယန်၊ သူ့မိန်းမနဲ့ သမီးဖြစ်သူတို့ကိုအကွက်ကျကျ စီစဉ်ပြီး ပြန်ပေးဆွဲ သတ်ဖြတ်ဖို့ကြံနေတဲ့ မူရတ်ရဲ့အစီအစဉ်ကြားကဘရိုင်ယန်တစ်ယောက် ဘယ်လိုဖောက်ထွက်မလဲဆိုတာကိုတော့ဇာတ်လမ်းထဲမှာပဲ ရင်ခုန် စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုလိုက်ကြပါဦး။ (ရုပ်ရှင်အညွှန်းနှင့်ဘာသာပြန်ကိုတော့ Emily မှ တင်ဆက်ထားပါတယ်။)...
