uz
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Yopiq kanal

🚩 Channel was restricted by Telegram

Ko'proq ko'rsatish
Ma'lumot yo'q
Obunachilar
-524 soatlar
-47 kun
+730 kun
Postlar arxiv
Echoes of the Past (2024) ⭐IMDB: 6.6/10 (551 Votes) 🎬 #Mystery #Crime #Drama #Thriller 🗓 2024 🎞 tv series 🌎 #Egypt ⏰ 35 မိနစ် 39 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Season ( 1 ) အပိုင်း ( ၁ မှ ၈ ) အထိ စ / ဆုံး စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်ညွှန်းနဲ့ သရုပ်ဆောင်တွေရဲ့ ပီပြင်တဲ့သရုပ်ဆောင်ချက်တွေနဲ့ရိုက်ကူးထားတဲ့ အသစ်ထွက်ရှိလာတဲ့ အာရပ် Series ကောင်းလေးတစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ်။ Series နာမည်ကတော့ Echoes of the Past ဖြစ်ပြီး လက်ရှိ IMDb Rating 6.6 အထိရရှိထားပါတယ်။ Genre ကိုခြုံပြောရရင်တော့ မတရားမှုကိုလက်စားချေတဲ့ပုံစံမျိုးပဲ ဖြစ်ပေမဲ့ သူ့နည်းသူ့ဟန်နဲ့သူ စိတ်ဝင်စားစရာကောင်းနေတဲ့အတွက် အချိန်ပေးကြည့်ရှုရတာတန်စေမဲ့ Series လေးတစ်ခုပဲဖြစ်ပါတယ်။ အဓိကဇာတ်လမ်းကတော့ ယာဟီရာနဲ့သူ့အစ်မနာဒီယာတို့ တခြား သူငယ်ချင်းတွေနဲ့အတူတူ ရေငုပ်အပန်းဖြေခရီးထွက်ရာကနေစတာပါပဲ။ လူငယ်တွေချည်းပဲပျော်ပါးနေခဲ့ကြပေမဲ့ နာဒီယာရဲ့ရေငုပ်ပစ္စည်းတွေ ချို့ယွင်းပြီး သေဆုံးခဲ့ရတဲ့အခါမှာတော့ အကုန်လုံးအတွက်အိပ်မက် ဆိုးကြီးလိုဖြစ်ကုန်ကြတော့ပါတယ်။ရေငုပ်ပစ္စည်းတွေကိုကိုင်ဖို့တာဝန် ရှိတဲ့သူကအာလီလို့ခေါ်တဲ့အကောင်ကြီးရဲ့သားဖြစ်နေတဲ့အတွက် အဖေဖြစ်သူကယာဟီရာကို ခေါင်းခံပြီး ထောင်ထဲတစ်နှစ်လောက် ဝင်နေဖို့ဖျောင်းဖြပါတော့တယ်။ယာဟီရာတစ်ယောက် အစ်မလည်းဆုံး ထောင်ထဲဝင်ရမဲ့အဖြစ်လည်းဖြစ်နေပေမဲ့ မိသားစုမျက်နှာကိုငဲ့ကွက်ပြီး ခေါင်းခံခဲ့ပေမဲ့ အလှည့်အပြောင်းတွေဖြစ်ကုန်ပြီး တစ်နှစ်လို့ထင်ထားတဲ့ ထောင်ဒဏ်က ၁၅ နှစ်အထိဖြစ်သွားခဲ့ပါတော့တယ်။ ဒီလိုဖြစ်သွားရတာလည်း မိသားစုတွေကြားက မတရားမှုတွေကြောင့် ဖြစ်တဲ့အတွက် ယာဟီရာတစ်ယောက် အငြိုးအတေးတွေနဲ့ ထောင်သက် တစ်လျှောက်ဖြတ်သန်းလာခဲ့ပြီး ထောင်ထဲကထွက်လာတဲ့အချိန်မှာတော့ အပြစ်ရှိသူတွေအတွက် တရားမျှတမှုကို သူကိုယ်တိုင်တစ်ယောက်ပြီး တစ်ယောက် လိုက်ဖော်ဆောင်ပေးပုံတွေကိုရှုစားရမဲ့ လက်မလွတ်တမ်း ကြည့်သင့်တဲ့ Series ကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။
...

Poppa's House (2024) ⭐IMDB: 6.3/10 (1 k Votes) 🎬 #Comedy 🗓 2024 🎞 Series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 22 မိနစ် 44 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Poppa’s House (2024) 2024 ထွက် Sit-com အသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ မိန်းမဖြစ်သူနဲ့ပျော်ပျော်ကြီးကွာရှင်းထားတဲ့ ရေဒီယိုအစီအစဉ်တင်ဆက်သူ ပေါ့ပါတစ်ယောက်အလုပ်မှာ သူ့ကိုလာယှဉ်မဲ့ အမျိုးသမီးအစီအစဉ်တင်ဆက်သူရိဒ်နဲ့ ထိပ်တိုက်ရင်ဆိုင်ရမှာအပြင်အိမ်ကျတော့လည်း အိမ်ထောင်ကျပြီးကလေးတွေနဲ့ မိသားစုတစ်ခုရှိနေပေမဲ့ဒါရိုက်တာဖြစ်ချင်တဲ့ အိပ်မက်ကိုလက်မလွှတ်နိုင်သေးတဲ့သားဖြစ်သူ လမ်းကြောင်းမှားမသွားစေဖို့ထိန်းကျောင်းသွန်သင်ရတာတွေကိုSit-com ထုံးစံအတိုင်း တဝါးဝါးနဲ့ ကြည့်ရှုကြရမှာပါ
...

Water and Fire (2013) ⭐IMDB: 6.1/10 (5 k Votes) 🎬 #Drama #Romance 🗓 2013 🎞 movie 🌎 #Germany #Turkey ⏰ 1 နာရီ 48 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Water and Fire(2013) လူတစ်ယောက်ရဲ့ မျက်ဝန်းတွေကိုကြည့်ပြီး ကဗျာဖွဲ့နိုင်လောက်တဲ့အထိ ချစ်ဖူးကြလား?? “ငါက လေထဲကအမှုန်အမွှားလေးပါ လေတစ်ချက်ဝှေ့လိုက်ရင် တိမ်တွေပေါ်ရောက်သွားတယ် ​မိုးအဖြစ်နဲ့ပြန်ရွာချတဲ့အခါ မြေပြင်ပေါ်ကတစ်နေရာမှကျလာတယ် ကံကြမ္မာရဲ့ အကျဉ်းသားပေါ့ အမှုန်အမွှားလေးတစ်ခုသာဖြစ်လို့ ဘာမဆိုရင်ဆိုင်ရဲပါတယ်” ဒါကတော့ အကြည့်ချင်းဆုံဖို့အရမ်းရှက်တတ်တဲ့ကောင်မလေးတစ်ယောက်ရဲ့မျက်ဝန်းတွေကိုကြည့်ပြီး ဖွဲ့ထားတဲ့ကဗျာပါ ကောင်မလေးရဲ့ အသံချိုချိုလေးတွေအောက်မှာကျရှုံးဖို့ သူ့ကိုယ်သူခွင့်ပြုမိလိုက်တဲ့ လူတစ်ယောက်ရဲ့ကဗျာ….. ချစ်ခြင်းတရားဆိုတာ သိပ်ကိုဆန်းကြယ်တယ်မလား ဘာအကြောင်းပြချက်မှမရှိဘဲ သူဖြစ်နေလို့ကိုချစ်မိသွားတာပါဆိုတဲ့ ချစ်သူနှစ်ဦးအတွက် နှစ်နှစ်ကာကာချစ်နေတဲ့အချိန်ရောက်မှ ပေါ်ပေါက်လာတဲ့ အကြောင်းတရားတစ်ခုက သူတို့အချစ်တွေကို ဖျောက်ဖျက်ပစ်နိုင်ပါ့မလား??? ပူလောင်တဲ့အချစ်နဲ့ပိုင်ဆိုင်ဖို့ကြိုးစားခဲ့တဲ့သူအတွက်ကရော ​အချိန်ကြာလာရင် ငါ့ကိုချစ်လာမှပါဆိုတဲ့အတွေးက ရာနှုန်းပြည့်မှန်နိုင်ပါ့မလား??? Water and Fire ဆိုတဲ့နာမည်လေးအတိုင်းပဲ ဆန့်ကျင်ဘက်ကမ္ဘာက လူနှစ်ယောက်ရဲ့ နက်ရှိုင်းလှတဲ့ အချစ်တွေကိုဖော်ကျူးထားတာပါ ခပ်ဆွေးဆွေး Romantic ဇာတ်ကားကြည့်ရှူချင်တဲ့သူအတွက် ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးလို့ ပြောပါစေ
...

Red One (2024) ⭐IMDB: 6.4/10 (103 k Votes) 🎬 #Action #Adventure #Comedy #Fantasy #Mystery 🗓 2024 🎞 movie 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 2 နာရီ 5 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Red One (2024) IMDb Rating (6.8) ပါဝင်တဲ့ Cast တွေနဲ့တင် သေချာပေါက်ကြည့်ရမယ့်  Red One ခရစ်စမတ်ရုပ်ရှင်ကားသစ်ကြီး ထွက်လာပါပြီ။ မင်းသား Dwayne The Rock Johnson, Chris Evan, J.K Simmons Riverdale , Sabrina  á€…ဎးရဎးထဲက မင်းသမီး Kiernan Shipka နာမည်ကြီးတွေအဓိက ပါဝင်ထားပါတယ်။ ခရစ်စမတ်ရိုးရာ..ဆန်တာကလော့စ်တွေကို အယုံကြည်မရှိဘဲ ကြီးပြင်းလာခဲ့တဲ့ ဂျက်ဟာ ကြီးလာတော့ ဟက်ခ်ကာလောကမှာ အက်ဘီအိုင်ကပါ ကမ်းလှမ်းရတဲ့အထိ ဆရာတစ်ဆူဖြစ်လာပေမယ့်သူကတော့ အလွတ်တန်းပဲ သီးသန့်သာလှုပ်ရှားပါတယ်။ တစ်နေ့တော့ သူ့ကို မြောက်ဝင်ရိုးစွန်းက နေရာတစ်ခုကို  á€”á€­á€Żá€„á€şá€„á€śá€á€€á€Źá€„á€œá€ťá€„á€şá€…á€ąá€Źá€„á€ˇá€şá€€á€źá€Šá€ˇá€şá€›á€ąá€¸á€…á€„á€şá€á€Źá€€á€”á€ą လူတစ်စုကဟက်ခ်ခိုင်းပြီး ငွေပေးသွားပါတယ်။ သူဟက်ခ်လိုက်တဲ့နေရာက ဆန်တာကလော့စ်တို့ရှိရာ လျှို့ဝှက်ထားတဲ့ အာတိတ်ဒေသဖြစ်နေပြီး ဆန်တာကလော့စ်လည်း မသမာသူတွေ ပြန်ပေးဆွဲတာခံလိုက်ရပါတယ်။ ဒါပေမယ့် ခရစ်စမတ်အမှီ ဆန်တာရဲ့ကလော့စ်ရဲ့ နတ်သူငယ်စစ်သည်တော် The Rock က ဆန်တာကို ပြန်ကယ်ဖို့အတွက် ဆန်တာကို အယုံကြည်မရှိတဲ့ ဂျက်( Chris Evan  ) နဲ့ပေါင်းကာ ခရစ်စမတ်စုန်းမဆီကနေ ဆန်တာကို ပြန်ကယ်တင်ဖို့ ကြိုးစားပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thiha Yan Naing ဖြစ်ပါတယ်။)
...

The Medium (2021) ⭐IMDB: 6.5/10 (15 k Votes) 🎬 #Horror #Thriller #Drama #Mystery 🗓 2021 🎞 movie 🌎 #Thailand #SouthKorea ⏰ 2 နာရီ 10 မိနစ် 57 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Medium (2021) မမြင်ရတဲ့ ပရလောကနဲ့ လူ့လောကကို ဆက်သွယ်ပေးနိုင်တဲ့ကြားခံနယ်မြေကနေ ရုပ်ရှင်ချစ်ပရိသတ်များကို ကြိုဆိုလိုက်ပါတယ်။ သာသနာမထွန်းကားမီခေတ်က နတ်ကိုးကွယ်မှုတွေရှိခဲ့ဖူးတဲ့အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ ထိုင်းနိုင်ငံလည်း အပါအဝင်ဖြစ်ပါတယ်။ နတ်ကိုးကွယ်မှုတွေ ဆက်လက်တည်တံ့နေသေးတဲ့ထိုင်းနိုင်ငံ အိစံနယ်ဘက်ပိုင်းက ရွာလေးတစ်ရွာမှာနေထိုင်ကြတဲ့ နတ်ဝင်သည်မျိုးရိုး မိသားစုတစ်စု မိသားစုရဲ့ သမီးကြီးက ဓလေ့ထုံးထမ်းအရ နတ်ဝင်သည်အဖြစ် ဆက်ခံရမှာကို မဆက်ခံဘဲ ငြင်းဆန်လိုက်တဲ့အခါ အစ်မကြီးနွိုင်းအစား ညီမဖြစ်သူ နှင်းက ဆက်ခံဖို့ ဖြစ်လာပါတယ်။သို့ပေသိ နှင်းက အိမ်ထောင်မရှိတဲ့ အပျိုကြီးဖြစ်နေတော့သူလွန်ရင်…. နောက်ထပ်ဆက်ခံရမယ့်သူဟာဘယ်သူဖြစ်လာမှာလဲ။ မျိုးဆက်ရဲ့ တစ်ဦးတည်းသောမိန်းကလေးဖြစ်သူနွိုင်းရဲ့ သမီး မင်ကလည်း ဆက်ခံဖို့ကိုခါးခါးသီးသီးဖြစ်နေတဲ့အခါ….ဓလေ့ထုံးတမ်းကို ငြင်းဆန်တဲ့သူတွေအဖို့ကြုံတွေ့ရမယ့်အရာတွေက ဘာတွေများလဲ။ အစဉ်အလာကြီးတဲ့ ကိုးကွယ် ယုံကြည်မှု ဓလေ့ထုံးတမ်းတွေထိုင်း နတ်ဝင်သည်တွေရဲ့ ဘဝအစိတ်အပိုင်းတွေကိုထဲထဲဝင်ဝင် ရိုက်ကူးပြသထားတဲ့အပြင် One Day, Heart Attackစတဲ့နာမည်ကြီးဇာတ်ကားတွေကို ရိုက်ကူးတင်ဆက်ခဲ့တဲ့ထိုင်းနာမည်ကြီးဒါရိုက်တာBanjongနဲ့ The Wailing ကဲ့သို့သော ကိုးရီးယားနာမည်ကြီး Horrorကားရဲ့ ပဲ့ကိုင်ရှင် Na Hong-Jinတို့ရဲ့ ပထမဆုံး Collabလုပ် ရိုက်ကူးထားတဲ့ ဇာတ်ကားမို့ရုပ်ရှင်ချစ်ပရိသတ်တွေအနေနဲ့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ။ ဒါ့အပြင် ထိုင်းမှာ ကပ်ရောဂါအခြေအနေကြောင့် ပြသခွင့်မရသေးဘဲကိုးရီးယားမှာပဲ ရုံတင်ပြသခွင့်ရခဲ့တဲ့ ဇာတ်ကားကို ဦးဦးဖျားဖျား မြည်းစမ်းနိုင်စေဖို့….The Medium ဆိုတဲ့ ဇာတ်ကားကို စောင့်မျှော်နေတဲ့ ပရိသတ်ကြီးအတွက် CM ကနေ တင်ဆက်ပေးလိုက်ပါပြီ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Hazel ပဲ ဖြစ်ပါတယ်။
...

Beautiful Creatures (2013) ⭐IMDB: 6.1/10 (92 k Votes) 🎬 #Drama #Fantasy #Uncategorized #Romance 🗓 2013 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 3 မိနစ် 45 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အီသန် ဆိုတဲ့ ကောင်လေးဟာ  စိတ်ကူးယဥ် ဆန်တက်တဲ့ ကောင်လေး တစ်ယောက်မဟုတ်ပါဘူး သူဟာ ဘ၀ ကို ပုံမှန်လေးပဲဖြတ်သန်းသွားချင်တဲ့သူပေါ့… တစ်ရက်မှာတော့ သူတို့မြို့လေးရဲ့ ကျောင်းကို လီနာ ဆိုတဲ့ ကောင်မလေး တစ်ယောက် ကျောင်းပြောင်းလာပါတယ်… လီနာ ကတော့ မြို့စွန်က စုန်းမိသားစု လို့ လူတွေက ၀ိုင်းကျဥ် သက်မှတ်ထားတဲ့ ချောက်ခြားဖွယ်အိမ်ကြီးက မိသားစု တစ်ဦးဖြစ်ပြီး ဘယ်သူနဲ့မှ အဆက်အဆံ မလုပ်သလို တစ်ယောက်ထဲ သီးသန့်နေတက်သူပါ… ဒါပေမယ့် အီသန် ဟာ လီနာ နဲ့ ရင်းနှီးသွားပြီး နောက်ပိုင်းမှာ သူ့ ဘ၀တွင် မယုံနိုင်စရာ ဖြစ်ရပ်များ ကြုံလာရသောအခါ
...

Flowers in the Attic (2014) ⭐TMDB: 67% User Score 🎬 #Uncategorized #Drama #Mystery #Thriller #TVMovie 🗓 2014 🎞 movie 🌎 #Canada #USA #UnitedStatesofAmerica ⏰ 1 နာရီ 29 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီကားလေးကတော့ စာရေးဆရာ V.C Andrews ရဲ့ Flowers in Attic ၀တ္ထုကို အခြေခံပြီး ႐ုိက္ကူးထားတဲ့ဇာတ္လမ္းတစ္ပုဒ္ပါ။ ဒီဇာတ်ကားက ယောက််ားသေဆုံးသွားလို့ သိပ်ချမ်းသာတဲ့ မိဘအိမ်မှာ ပြန်ပြီးနေရတဲ့ အမေတစ်ယောက်နဲ့ ကလေးလေးယောက်အကြောင်းကို အခြေခံထားတာပါ။ သာမန်ဇာတ်လမ်းတွေလိုမျိုး မဟုတ်ပဲ အတိတ်မှာ နာကျည်းမုန်းတီးစရာတွေအပြည့်ရှိနေခဲ့ပါ။ မိဘ ခွင့်မပြုခဲ့တဲ့ အိမ်ထောင်ရေးတစ်ခုကို ထူထောင်ခဲ့တဲ့ ကရင်း အမေအရင်း ဖြစ်ပေမဲ့ ကရင်းအပေါ် အသေမုန်းတီးနေတဲ့ ကရင်းရဲ့ မိခင် နဲ့ အပြစ်မဲ့တဲ့ ကလေးလေးယောက်ကို ထပ်ခိုးအခန်းကျဥ်းလေးထဲမှာ ပိတ်ထားတဲ့ အဖွား၊ ရုပ်၀တ္ထုပစ္စည်းဘယ်လောက်ပဲ ကြွယ်၀ချမ်းသာပေမယ့် မမြင်နိုင်တဲ့ လူတွေရဲ့ စိတ်က အင်မတန်ကြောက်စရာကောင်းတယ်ဆိုတာ ဒီဇာတ်လမ်းထဲမှာ မြင်တွေ့ခံစားရမှာပါ။ အတိတ်က ဘယ်လိုအဖြစ်တွေကြောင့် ကရင်းရဲ့ မိခင်က ကရင်းအပေါ်ကို ဘာကြောင့် အသေမုန်းတီးနေတာလဲ? ကရင်းနဲ့ သူ့ကလေးလေးယောက်ကြားက ဆက်ဆံမှုတွေကရော စိတ်ဖြေစရာမရှိတဲ့အခါမျိုးဆိုရင် အရွယ်ရောက်နေတဲ့ ယောက််ားလေး မိန်းကလေးတွေရဲ့ စိတ်မှာဖြစ်ပေါ်လာတဲ့  ခံစားမှုတွေ လူတွေက ပိုင်ဆိုင်မှုလောဘတွေနဲ့ ယှဥ်လာတဲ့အခါ သွေးသားတော်စပ်နေပေမယ့် ကြောက်စရာကောင်းတဲ့လုပ်ရပ်တွေကို လုပ်တတ်တဲ့အကြောင်းတွေ ပါ၀င်တဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။ သာမန်ပတ်၀န်းကျင်က လက်ခံနိုင်တဲ့အချက်တွေနဲ့ ကွဲလွဲနေတာမျိုးပါတာဖြစ်တဲ့အတွက် မိသားစုနဲ့ အတူမကြည့်စေချင်ပါဘူး။ (ဇာတ်လမး္အညွှန်းနဲ့ ဘာသာပြန်သူကတော့  Yuki ဖြစ်ပီ Arkar Phyo မှ Encode ပေးထားပါတယ်။)
...

NCIS: Hawai'i (2021) ⭐TMDB: 79% User Score 🎬 #Crime #Drama 🗓 2021 🎞 Series 🌎 #UnitedStatesofAmerica ⏰ 45 မိနစ် 11 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 NCIS Hawai’i (2021)IMDb 6.8/10 ဒီတစ်ခေါက်စီးရီးလေးကတော့ 2021 ခုနှစ်ကထွက်ရှိထားတဲ့crime action အမျိုးအစား စီးရီးဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီးseason 3ခုထွက်ရှိမှာပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်း NCIS လို့ခေါ်တဲ့ ရေကြောင်းရာဇဝတ် စုံစမ်းထောက်လှမ်းရေးက အထူးအေးဂျင့်အဖွဲ့ကိုဂျိန်းတန်းနန့်က ဦးဆောင်ပြီး ရာဇဝတ်မှုတွေကို စိတ်ဝင်စားဖွယ် ဝိုင်းဝန်းဖြေရှင်းထောက်လှမ်းကြတဲ့ စီးရီးပဲဖြစ်ပါတယ်။ ဂျန်းတန်းနန့်ဆိုတဲ့ ခေါင်းဆောင်အမျိုးသမီးဟာ အမှန်တရားအတွက်လုပ်သင့်လိုက်ထိုက်တာ အားလုံးလုပ်တတ်သူဖြစ်ပြီးလက်အောက်ငယ်သားတွေအပေါ်လည်း အတော်လေးကောင်းတဲ့ခေါင်းဆောင်တစ်ယောက်ပါ၊ ကလေး၂ယောက်မိခင်ဖြစ်ပြီးလုပ်ငန်းပေါ်မှာရော မိသားစုအပေါ်ပါ တာဝန်ကျေအောင်ကြိုးစားနေတဲ့ မိခင်တစ်ဦးလည်းဖြစ်ပါတယ်။ သူတို့ရဲ့ NCIS အဖွဲ့သားတွေက Hawaii ကျွန်းပေါ်မှာ ကြုံတွေ့လာမယ့်အမှုအခင်းတွေကို ဘယ်လိုစိတ်ဝင်စားဖွယ်အတူဖြေရှင်းကြမလဲဆိုတာ ရင်ခုန်ရင်းကြည့်ရှုနိုင်မယ့်စီးရီးလေးပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Teamဖြစ်ပါတယ်။)
...

Ingrid Goes West (2017) ⭐IMDB: 6.6/10 (49 k Votes) 🎬 #Comedy #Drama 🗓 2017 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 38 မိနစ် 1 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Ingrid Goes West(2017) ဇာတ်ကားလေးကတော့Social Media တွေမှာဖြစ်တတ်တဲ့ သဘောသဘာဝလေးတွေကိုဟာသနှောပြီး ရိုက်ပြထားတာပါ။ လေ့လာချက်တွေအရ Social Media တွေကြောင့် လူတွေက မနာလိုစိတ်တွေ စိတ်ဖိစီးမှုတွေ စိတ်ကျရောဂာတွေ ပိုခံစားလာရပါတယ်တဲ့။ သင်ကိုယ်တိုင်ရော အဲ့လိုတွေခံစားနေရရင်တော့ ဒီကားလေးကိုကြည့်ကြည့်ပါ။ လက်တွေ့ဘဝနဲ့ ကွာဟမှုတွေ စိတ်ပိုင်းဆိုင်ရာထိခိုက်နစ်နာမှုတွေ စွဲလမ်းမှုတွေ ကို ဒီကားထဲမှာကောင်းကောင်းကြီး ပြသထားနိုင်ပါတယ်။ ဇာတ်လမ်းအကျဥ်းလေးကတော့ အင်ဂရစ်ဆိုတဲ့ကောင်မလေးက အမေသေသွားပြီးနောက်ပိုင်း အင်စတာဂရမ်ကိုသာအဖော်ပြုနေခဲ့ရတာပါ။ ကြာလာတော့ အပေါင်းအသင်းမရှိပဲ အကုန်လုံးနဲ့ကင်းကွာသွားချိန်မှာ အမေ့အမွေ ဒေါ်လာ ၆သောင်းကျော်ကို ရလိုက်ပါတော့တယ်။ အဲ့အချိန်မှာ ဘဝအသစ်ကိုစတင်တော့မယ်ဆိုပြီး LA ကိုထွက်လာပါတော့တယ်။ အင်စတာဂရမ်ထဲက နာမည်ကြီးcele တွေလို စိတ်တိုင်းကျနေထိုင်ခွင့်သူ့မှာရှိလာတဲ့အခါ ဘာဆက်ဖြစ်မလဲ ဆိုတာကတော့စိတ်ဝင်စားစရာပါ။ ကြည့်ပြီး တစ်ခုခုတော့မှတ်သားစရာရသွားမှာပါ။ Rating တွေအနေနဲ့ကတော့ Imdb 6.9/10 Rotten Tomatoes 86ရရှိထားတာမို့ကားကောင်းလေးပါလို့ပဲ ညွှန်းလိုက်ပါတော့တယ် (ဘာသာပြန်သူကတော့ á€Ąá€ąá€¸á€™á€˝á€”်ကဝ္ဏ်ပဍ)
...

Skeleton Crew (2024) ⭐IMDB: 7.2/10 (10 k Votes) 🎬 #Action #Adventure #SciFi #Fantasy 🗓 2024 🎞 tv series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 37 မိနစ် 2 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 စတားဝေါ စကြဝဠာရဲ့ နောက်ထပ် စီးရီးအသစ်တစ်ခုလာပါပြီ။ မင်းသားကြီး Jude Law ပါဝင်ထားပြီး ကလေးသရုပ်ဆောင်လေးယောက်ကိုအဓိက ရိုက်ကူးထားတာဖြစ်ပါတယ်။ အချိန်အရတော့ The Return of the Jedi အပြီး အင်ပါယာကျဆုံးပြီးချိန်နောက်ပိုင်း ပြည်ထောင်စုသစ် ကာလတစ်ခုထဲမှာ ဒီတော့ မန်ဒါလိုရီးရန်း တို့ အာရှိုးကာတို့နဲ့ လိုအပ်ရင် ချိတ်ဆက်ပါလိမ့်မယ်။ ဇာတ်လမ်းအကျဉ်း ပြည်ထောင်စုသစ် စနစ်အောက်က ဂြိုလ်တစ်ခုမှ ကျောင်းတက်နေတဲ့ နီးနဲ့ ဝင်းဆိုတဲ့ ကျောင်းသားသူငယ်ချင်းနှစ်ယောက်ဟာ တစ်နေ့မှာ တောထဲမှာမြှပ်နေတဲ့ယာဉ်ကြီးတစ်ခုကို တူးမိသွားပါတယ်။ သူတို့တွေနဲ့ အပြိုင်တူးမိတဲ့ ကျောင်းသူနှစ်ယောက် ဖန်း နဲ့ ကေဘီတို့နဲ့အတူ လေးယောက်သား ယာဉ်ကြီးနဲ့ပါသွားပြီးဂလက်ဆီကြီးထဲက ဂြိုလ်တွေထဲမှာ လမ်းပျောက်သွားပါတော့တယ်။ အဲဒီကနေ အိမ်ပြန်နိုင်ဖို့ စွန့်စားခန်းတွေဖွင့်ရင်း ပြည်ထောင်စုသစ်နဲ့ အင်ပါယာရဲ့ အရှုပ်တော်ပုံ ကြားထဲရောက်သွားတဲ့အခါ
...

Rebus (2024) ⭐IMDB: 7.1/10 (2 k Votes) 🎬 #Crime #Drama 🗓 2024 🎞 tv series 🌎 #UnitedKingdom #Sweden ⏰ 45 မိနစ် 9 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Rebus (2024) IMDb Rating (7.1) / Rotten Tomatoes (100%) ခပ်ကြမ်းကြမ်း စကော့တလန် မှုခင်းဇာတ်လမ်းတွဲလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဂျွန်ရီဘက်စ်ဟာ Edinburgh မြို့က သက်လတ်ပိုင်းစုံထောက်တစ်ယောက်ဖြစ်ပြီး စိတ်ထင်ရာလုပ်တတ်သူ၊ ဒါကြောင့်ပဲ သူ့ဇနီးဟောင်းက လူချမ်းသာတစ်ယောက်အတွက် သူ့ကိုစွန့်လွှတ်ခဲ့ပြီးနောက်မှာ သူ့စိတ်အခြေအနေပိုဆိုးလာခဲ့တယ်။ ဂျွန်ရဲ့ ပြိုင်ဘက်ကတော့ Edinburgh က အသက်ကြီးကြီး ဂန်းစတားဖြစ်တဲ့ ကတ်ဖာသီ၊ ဂျွန့်ရဲ့ လုပ်ဖော်ကိုင်ဖက်ကို ထိခိုက်စေခဲ့လို့ အချုပ်ကားပေါ်မှာ ဂျွန်ကိုယ်တိုင် ကတ်ဖာသီကို သတ်ဖို့အထိကြိုးစားခဲ့ဖူးတယ်။ ဂျွန်ရဲ့အစ်ကို မိုက်ကယ်နဲ့ မိသားစုကတော့ စားဝတ်နေရေးမပြေလည်ပေမယ့် ဆင်းရဲသားမာနအပြည့်ရှိတဲ့သူတွေ၊ မိုက်ကယ်က အလုပ်ထုတ်ခံရပြီးတဲ့နောက်မှာ စွန့်စားဖို့ကြံရင်း ဂန်းစတားလောကနဲ့ ပတ်သက်မိတဲ့အခါမှာတော့…..ဘာတွေဆက်ဖြစ်မလဲဆိုတာ ဆက်လက်ကြည့်ရှုပေးကြပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thaik San ဖြစ်ပါတယ်။) File size…(800 MB) / (400 MB)Quality….WEB-Rip 1080p HEVC / 720pFormat…. mkv/mp4Genre….Crime, DramaDuration….00:45:00Subtitle….Myanmar Subtitle (Hardsub)Encoder….BenjaminTranslated by Thaik San ============================================ Season 01 Episode 1 720p  –Yoteshin/Gdot/Megaup/Telegram Episode 2 720p  –Yoteshin/Gdot/Megaup/Telegram Episode 3 720p  –Yoteshin/Gdot/Megaup/Telegram Episode 4 720p  –Yoteshin/Gdot/Megaup/Telegram ကျန်အပိုင်းများ ဆက်လက်တင်ပေးသွားပါမယ်။
...

Mindhunter (2017) ⭐IMDB: 8.6/10 (356 k Votes) 🎬 #Drama #Crime #Mystery #Thriller 🗓 2017 🎞 tv series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 53 မိနစ် 19 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Netflix ရဲ့ အကောင်းတကာ့အကောင်းဆုံး စီးရီးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါပြီ “Mindhunter” ဟာ Netflix က ထုတ်လွှင့်တဲ့ ဖြစ်ရပ်မှန်အခြေခံ ရုပ်သံစီးရီး ဖြစ်ပါတယ်။ David Fincher နဲ့ Charlize Theron တို့က ထုတ်လုပ်ထားပြီး FBI ရဲ့ အစောဆုံး Serial Killer စုံစမ်းစစ်ဆေးမှု ယူနစ်ကို စတင်တည်ထောင်ခဲ့တဲ့အကြောင်း ရိုက်ကူးထားတာ ဖြစ်ပါတယ်။–––အဓိက ဇာတ်ကောင်များ:————————-Holden Ford (Jonathan Groff) – FBI အေးဂျင့်သစ်Bill Tench (Holt McCallany) – အတွေ့အကြုံရင့် FBI အေးဂျင့်Dr. Wendy Carr (Anna Torv) – စိတ်ပညာရှင်–––ဇာတ်လမ်းအကျဉ်း:၁၉၇၀ ခုနှစ်များအတွင်းက FBI အေးဂျင့်တွေဟာ အကြောင်းမဲ့ လူသတ်မှုတွေကျူးလွန်တဲ့ Serial Killer တွေရဲ့ စိတ်ပိုင်ဆိုင်ရာ လက္ခဏာတွေကို လေ့လာဖို့ စတင်ခဲ့ပါတယ်။ သူတို့ဟာ ထောင်ထဲမှာ အကျဉ်းကျနေတဲ့ လူသတ်သမားတွေကို တွေ့ဆုံမေးမြန်းပြီး သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတွေ၊ လူသတ်မှုတွေရဲ့ အကြောင်းရင်းတွေကို လေ့လာခဲ့ပါတယ်။–––ထူးခြားချက်များ:ဇာတ်လမ်းတွင် Ed Kemper၊ Charles Manson စတဲ့ တကယ့် Serial Killer တွေရဲ့ အင်တာဗျူးတွေကို ထည့်သွင်းထားပါတယ်လူသတ်သမားတွေရဲ့ စိတ်ပညာဆိုင်ရာ ရှုထောင့်တွေကို နက်နဲစွာ တင်ပြထားပါတယ်FBI ရဲ့ ခေတ်သစ် ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေး နည်းလမ်းတွေ ပေါ်ပေါက်လာပုံကို ဖော်ပြထားပါတယ်–––စိတ်ဝင်စားဖွယ် အချက်အလက်များ:ဒီစီးရီးဟာ FBI အေးဂျင့် John E. Douglas ရဲ့ စာအုပ်ကို အခြေခံထားပါတယ် ထုတ်လွှင့်ချိန် ၂ နှစ်အတွင်းမှာ ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးမှုတွေ ရရှိခဲ့ပါတယ် သရုပ်ဆောင်တွေရဲ့ သဘာဝကျတဲ့ သရုပ်ဆောင်ချက်တွေကို အထူးချီးကျူးခံခဲ့ရပါတယ်–––အားသာချက်များ:စိတ်ပညာဆိုင်ရာ သုတေသနတွေကို စိတ်ဝင်စားဖွယ် တင်ဆက်ထားပါတယ် ဇာတ်ကောင်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကို သေချာ ဖော်ပြထားပါတယ် ၁၉၇၀ ခုနှစ်များရဲ့ အနေအထားတွေကို အသေးစိတ် ပြန်လည်ဖန်တီးထားပါတယ်–––သတိပြုရန်:အသက် ၁၈ နှစ်အထက်မှသာ ကြည့်ရှုသင့်ပါတယ် စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေနိုင်တဲ့ အကြောင်းအရာတွေ ပါဝင်ပါတယ်လူသတ်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေအကြောင်း ဆွေးနွေးထားပါတယ်–––“Mindhunter” ဟာ ရိုးရိုး ရာဇဝတ်မှုစီးရီးတွေလို မဟုတ်ဘဲ၊ လူသတ်သမားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ လက္ခဏာတွေ၊ အပြုအမူတွေကို သိပ္ပံနည်းကျ လေ့လာတဲ့ပုံစံ တင်ဆက်ထားတဲ့အတွက် သီးခြားထူးခြားပါတယ်။ စိတ်ပညာနဲ့ ရာဇဝတ်မှုစုံစမ်းရေးကို စိတ်ဝင်စားသူတွေအတွက် မဖြစ်မနေကြည့်သင့်တဲ့ စီးရီးတစ်ခု ဖြစ်ပါတယ်။
...

Get Millie Black (2024) ⭐IMDB: 6.4/10 (755 Votes) 🎬 #Crime #Drama 🗓 2024 🎞 tv series 🌎 #UnitedKingdom #UnitedStatesofAmerica ⏰ 43 မိနစ် 19 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Get Millie Black (2024) အပိုင်းသစ် ( ၃ – ၄ ) IMDb Rating – 6.7/10 ဒီစီးရီးကတော့ ဒါရိုက်တာ Tanya Hamilton ရိုက်ကူးထားပြီး မင်းသမီး Tamara Lawranceက အဓိကဇာတ်ဆောင် စုံထောက် မီလီဘလက်ခ်အဖြစ် သရုပ်ဆောင်ထားတာတဲ့ မှုခင်းစီးရီး ဇာတ်လမ်း အမျိုးအစားပဲဖြစ်ပါတယ်။ မီလီကဂျမေကာနိုင်ငံမှာ သူ့ရဲ့အမေနဲ့ သူ့အကိုအော်ဗေးနဲ့အတူတူ နေထိုင်တဲ့ကောင်မလေးတစ်ယောက်ပါ။ သူတို့အဖေကထားသွားပြီးနောက်မှာ သူတို့အမေက ကလေးတွေကိုအမြဲရိုက်နှက်နေတတ်ပါတယ်။ သူ့အကိုကိုရိုက်နေတဲ့အမေဖြစ်သူကို တွန်းထုတ်မိတဲ့အပြစ်နဲ့ မီလီတစ်ယောက် အင်္ဂလန်ကိုပို့ခံလိုက်ရပြီး သူ့အကိုနဲ့လည်း အဆက်အသွယ်ပြတ်သွားခဲ့ပါတယ်။ တစ်နေ့မှာတော့ အမေဖြစ်သူကဖုန်းဆက်ပြီး သူ့အကိုသေဆုံး သွားပြီလို့ အကြောင်းကြားခဲ့ပါတယ်။ အကိုဖြစ်သူလိုမျိုး နှိပ်စက်ခံရတဲ့ ကလေးတွေကိုကာကွယ်ဖို့အတွက် မီလီလေးဟာ စကော့တလန်ရဲဌာနရဲ့ စုံထောက်မီလီဘလက်ခ်ဖြစ်လာပါ တော့တယ်။ သူ့အမေသေဆုံးသွားတဲ့နောက်မှာမှ မီလီကဂျမေကာနိုင်ငံရဲ့ ဌာနကိုပြန်ပြောင်းလာခဲ့ပြီး တစ်ချိန်ကသေဆုံးသွားပြီလို့ သိထားခဲ့တဲ့ သူ့အကိုကိုပြန်ရှာဖို့လုပ်ပါတော့တယ်။ သူ့အကိုကိုပြန်ရှာရင်းနဲ့ သူ့အကိုလိုပဲ ပျောက်ဆုံးနေတဲ့ ကလေးတွေရဲ့အမှုတွေကို ဖြေရှင်းဖို့တာဝန်ပေးခံရပါတော့တယ်။ ပထမဆုံးအမှုမှာတင် ကင်စတန်မှာအချမ်းသာဆုံးမိသားစုနဲ့ ဆက်နွှယ်နေတဲ့အမှုဖြစ်နေတဲ့အခါ… မီလီအမှုတွေကိုလိုက်ရင်း ဘာတွေကိုများကြုံတွေ့ရမလဲ… ပျောက်ဆုံးနေတဲ့ကလေးမလေးအမှုမှာ ပြစ်မှုကျူးလွန်တဲ့သူလို့ ယူဆထားတဲ့သူက တစ်ခြားအမှုတစ်ခုရဲ့ မျက်မြင်သက်သေ ဖြစ်နေပြီး အသက်အန္တရာယ်ရှိလာတဲ့အခါ… စကော့တလန်ရဲဌာနပါအမှုထဲပါဝင်လာပြီးနောက် မီလီက အမှုကိုအရင်ဆုံး ဖြေရှင်းနိုင်သွားမလား… နောက်ကွယ်မှာ ရှုပ်ထွေးတဲ့အမှုတွေများ ရှိနေဦးမလား…. ရင်ခုန်စိတ်လှုပ်ရှားရင်းနဲ့ ကြည့်ရှုရမှာပါ။ File Size –1.04 GB / 472 MB Quality –WEB-DL 1080p HEVC  , 720p Episodes –  5 Eps Duration –  48 min Subtitle – Myanmar Hardsub Format – mkv / mp4 Genre : Crime , Drama Translator – K Encoder – Min Wai ( Season 1 ) Ongoing Series Ep-1 (1080p)>>Usersdrive/YoteShin/gdtot/Megaup Ep-1 (720p) >>>Usersdrive/YoteShin/gdtot/Megaup/StreamSb Ep-2 (1080p)>>Usersdrive/YoteShin/gdtot/Megaup Ep-2 (720p) >>>Usersdrive/YoteShin/gdtot/Megaup/StreamSb Ep-3 (1080p)>>Usersdrive/YoteShin/gdtot/Megaup Ep-3 (720p) >>>Usersdrive/YoteShin/gdtot/Megaup Ep-4 (1080p)>>Usersdrive/YoteShin/gdtot/Megaup Ep-4 (720p) >>>Usersdrive/YoteShin/gdtot/Megaup ( ကျန်ရှိသော အပိုင်းများကိုလည်း ဆက်လက်တင်ဆက်သွားပါမည်)
...

Bad Sisters (2022) ⭐IMDB: 8.3/10 (43 k Votes) 🎬 #Comedy #Crime #Drama #Thriller 🗓 2022 🎞 tv series 🌎 #UnitedStates #Belgium #UnitedKingdom #Ireland #UnitedStatesofAmerica ⏰ 54 မိနစ် 35 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Bad Sisters (2022) Bad sisters ကတော့ ဘယ်လ်ဂျီယံ စီးရီးဖြစ်တဲ့ “Clan aka The Outlaws” ကို ပြန်လည်ဖန်တီးထားတာပါ။Dark comedy အမျိုးအစားဖြစ်ပြီး “Blackest Comedy Ever” လို့တောင်သတ်မှတ်ခံထားရတာပါ။ ဒီ Bad Sisters ကိုလဲ lost in translation မဖြစ်ရအောင်ပြန်လည်ဖန်တီးထားပါတယ်တဲ့။ Bad sisters ဆိုတာနဲ့ ညီအစ်မတွေဇာတ်လမ်းဆိုတာသိမှာပါ။သူတို့ကသိပ်ချစ်ခင်စည်းလုံးကြတယ်။ သူတို့မှာပြသနာတစ်ခုပဲရှိတယ်။ အဲဒါကဘာလဲဆိုတော့ ဂျွန်ပေါ။သူတို့ညီမထဲက ဂရေ့စ်လက်ထပ်ထားတဲ့ယောကျ်ား။ ဂျွန်ပေါက ခယ်မထဲကလေးမရနိုင်သူကိုကိုယ်ဝန်ရှိနေတာလားမေးသူ၊ နောက်ခယ်မတစ်ယောက်ရသင့်တဲ့ပရိုမိုးရှင်းကို ဝင်လုသူလို့ပြောရင်သူ ဘယ်လိုလူ ဆိုတာခန့်မှန်းလို့ရမယ်ထင်တယ်။ အဆိုးဆုံးကတော့ဂျွန်ပေါက ဂရေ့စ် နဲ့ သူ့သမီးကို ချုပ်ခြယ်လွန်းတာ၊ ခြယ်လှယ်လွန်းတာပါပဲ။တစ်ခါတစ်ရံလက်ပါပါတတ်တာမျိုးပါ။တစ်ရက်မှာတော့သူတို့ညီအစ်မတွေက ဂျွန်ပေါသေသွားရင်အေးမယ်ဆိုပြီး စနောက်ပြောကြပါလေရော။နောက်ထပ် ၆ လအကြာမှာတော့ ဂျွန်ပေါသေသွားခဲ့ပါတယ်။ဟိုညီအစ်မလေးယောက်လက်ချက်လို့ ထင်သွားပြီမဟုတ်လား။အဲလိုထင်သူ နောက်တစ်ယောက်က ရဲတော့ မဟုတ်ဘူး အာမခံကုမ္ပဏီကလူပါ။သူက ညီအစ်မငါးယောက်ရဲ့ပြဿနာတွေကို သိလို့တော့မဟုတ်ဘူး။ဂျွန်ပေါရဲ့အသက်အာမခံကို မလျော်ချင်လို့ ဒါဟာလူသတ်မှုများဖြစ်နိုင်မလားဆိုတဲ့မျှော်လင့်ချက်နဲ့ ဒီကိစ္စကိုလိုက်စုံစမ်းပါလေရော။ဒါကတကယ်ပဲလူသတ်မှုလား။ ဂျွန်ပေါရဲ့ခယ်မတွေလက်ချက်လား။ဂရေ့စ်ကရောသိလား။ ဂျွန်ပေါကရောသတ်ခံရဖို့ တကယ်ထိုက်တန်လားဆိုတာတွေကိုတော့ဒီစီးရီးမှာကိုယ်တိုင်ပဲရှာဖွေလိုက်ပါတော့။ စုစုပေါင်း ၁၀ ပိုင်း ထုတ်လွှင့်သွားမှာ ဖြစ်ပြီးတော့အပတ်စဉ် သောကြာနေ့တိုင်း တစ်ပတ်ကို တစ်ပိုင်းနှုန်းနဲ့ တင်ပေးသွားမှာပဲ ဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့Rashidaပဲ ဖြစ်ပါတယ်။
...

Dalgliesh (2021) ⭐IMDB: 7.6/10 (6 k Votes) 🎬 #Crime #Drama #Mystery 🗓 2021 🎞 tv series 🌎 #UnitedKingdom ⏰ 46 မိနစ် 39 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Dalgliesh (2021) IMDb Rating (7.6) / Rotten Tomatoes (71%) ဒီစီးရီးဟာ P.D. James ရဲ့ ကျော်ကြားသော Adam Dalgliesh စာအုပ်ကို ပြန်ရိုက်ထားခြင်းဖြစ်ပြီး မင်သားကြီး Bertie Carvel က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဥ်း ၁၉၇၀ ခုနှစ်ကို ဇာတ်အိမ်တည်ထားပြီး တစ်ပိုင်းနှင့်တစ်ပိုင်း မတူညီတဲ့အမှုပေါင်းများစွာကို စိတ်ဝင်စားဖွယ် စုံစမ်းစစ်ဆေးဖော်ထုတ်မှာကို ရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။ စုံထောက်ဇာတ်လမ်းတွေကို ကြိုက်နှစ်သက်သူတို့ ကြည့်ရှုသင့်သည့် ဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Eunice ဖြစ်ပါတယ်။)
...

The Office (2005) ⭐TMDB: 86% User Score 🎬 #Comedy 🗓 2005 🎞 tv series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 43 မိနစ် 51 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Office (TV Series 2005–2013) IMDb Rating (9/10) / Rotten Tomatoes (81%) Sit-Com တွေအ‌ကြောင်းပြောမယ်ဆိုရင် မသိသူမရှိတဲ့ Friends, HIMYM, Big bang theory တို့အပြင်ချန်လှပ်ထားခဲ့လို့မရတာကတော့ အစဉ်အလာကြီးမားတဲ့ The Office Series တွေပါပဲ။မူရင်း British series နဲ့ အခုတင်ဆက်ပေးမယ့် အမေရိကန် Series အပြင် နိုင်ငံအမျိုးမျိုးကကိုယ်စီပြန်အသက်သွင်းခဲ့ကြတာတွေမနည်းမနောရှိတဲ့အတွက် သူ့ပရိသတ်တွေကလည်း မနည်းလှဘူးလို့ဆိုရမှာပါ။ကော်ပိုရိတ်ကြီးတစ်ခုရဲ့ ဌာနခွဲရုံးတစ်ရုံး သူတို့ရဲ့မန်နေဂျာနဲ့တစ်ခြားသော ဝန်ထမ်းတစ်သိုက်ရဲ့နေ့စဉ်ရုံးတွင်းအတွေ့အကြုံလေးတွေအကြောင်းဟာသနှောရိုက်ထားတဲ့ ဇာတ်လမ်းတွဲဟာ ဘာကြောင့်ဒီလောက်အထိအောင်မြင်သွားခဲ့လဲဆိုတာကတော့ဇာတ်ကောင်တွေအပေါ် ပရိသတ်တွေရဲ့ဆက်စပ်ခံစားနိုင်မှုကြောင့်လို့ပြောနိုင်ပါတယ်။ Sit-Com series တွေကို ကြည့်လိုက်တိုင်းမှာ ရလာတဲ့ခံစားချက်လေးတစ်ခုကတော့ တချို့ဇာတ်ကောင်တွေအဖြစ်အပျက်တွေဟာကိုယ်တိုင်ပဲကြုံဖူးတာလိုလို တစ်ခါတစ်လေ ကိုယ်ကိုယ်တိုင်နဲ့တူနေတတ်တာမျိုးပေါ့…Friends ထဲက ဆရာလုပ်တတ်ပြီး စနစ်ကျစတိုင်ကျတဲ့ Ross လို ဘော်ဒါမျိုး…How I met your mother ထဲက အလုပ်ကြိုးစားပြီး ကောင်မလေးကိုအရမ်းချစ်ပြတတ်တဲ့ Marshall လို ငတိမျိုး…Big bang theory ထဲက အလှပြင်ရင်းဘဲထားရင်နဲ့ ဘဝကိုပျော်ပျော်ဖြတ်သန်းနေတဲ့ Penny လို ကောင်မလေးမျိုး….Young Sheldon ထဲက ဘီယာကိုဖာလိုက်သောက်တတ်တဲ့ရှယ်ဒန်ရဲ့အဖေ George Cooper လိုလူမျိုးက ကိုယ့်အဖေနဲ့တောင်ဆင်သလိုလို ခံစားရမိစေပါတယ် အဓိကပြောချင်တာက Sit-com တွေဆိုတာ ကိုယ့်ဘဝနဲ့အနီးစပ်ဆုံးတူညီပြီး သူတို့ရဲ့ဇာတ်လမ်းတည်ဆောက်ပုံအရ စီးရီးတစ်ခုကိုကြည့်မိပြီးရင်ကိုယ်ပါအဲ့ဇာတ်ကောင်တွေနဲ့နေ့စဉ်ဖြတ်သန်းရင်း ဒီအပိုင်းတစ်ခုစာ မကြာလှတဲ့ မိနစ်နှစ်ဆယ်လေးဟာတစ်နေ့တာကြုံရသမျှဘဝအမောတွေကို ရှောင်ပြေးပြီး ကိုယ့်ဘော်ဒါတွေနဲ့သွား hang out လုပ်နေရသလိုပါပဲ…စစချင်းအကျင့်မဖြစ်သေးရင် ပျင်းသလိုဖြစ်ပေမယ့် ကိုယ်နဲ့ဇာတ်ကောင်တွေက ဘော်ဒါတွေလို ရင်းနှီးကျွမ်းဝင်သွားတဲ့အခါမှာတော့ဇာတ်သိမ်းသွားရင်တောင် စော်ပစ်ခံရသလို တစ်ပတ်လောက် ဘာလုပ်ရမှန်းမသိဖြစ်နေပြီး တိုင်ပတ်နေတာပါ…အခု‌မိတ်ဆက်ချင်တဲ့ The Office US Version ကလဲ အဲ့လို အပန်းဖြေအဖော်ပြုလို့ကောင်းတဲ့ စီးရီးတစ်ခုဆိုတာ ငြင်းစရာမရှိပါဘူး… The Office စီးရီးကိုတော့ memes တွေက တဆင့်ဖြစ်ဖြစ်၊ short clips လေးတွေက တဆင့်ဖြစ်ဖြစ်လူတိုင်းနီးပါး မြင်ဖူး၊ ကြားဖူးပြီးသား ဖြစ်ပါလိမ့်မယ်။ အထူးသဖြင့် အမေရိကန် ဗားရှင်းပေါ့။ ဒီစီးရီးကို 2005 ခုနှစ်မှာ စတင် ထုတ်လွှင့်ပြသခဲ့တယ်။ အဲဒီအချိန်ကစပြီး ခပ်မြန်မြန်ပဲ ကမ္ဘာကျော်သွားတယ်။meme လောကမှာလည်း The Office series ထဲက template တွေကို ရေလည်သုံးခဲ့ကြတယ်။ ဒီစီးရီးမှာ အဓိက အကြောင်းအရာကတော့ ဒန်ဒါမစ်ဖလင်ရုံးက ဝန်ထမ်းတွေရဲ့ တစ်နေ့တာ ဖြတ်သန်းပုံတွေပဲ။ပျင်းစရာကောင်းတဲ့ ရုံးခန်းတစ်ခုကနေ ဘယ်လို ပျော်စရာတွေ မွေးထုတ်နိုင်သလဲဆိုတာကို ဒီစီးရီးမှာ မြင်ရလိမ့်မယ်။ရုံးဆိုရင် ဖိုင်တွေကြားထဲမှာ ထိုင်ပြီး ပျင်းစရာကောင်းတဲ့ တစ်နေ့တာကို ဖြတ်သန်းရတဲ့ နေရာတစ်ခုအဖြစ် လူတိုင်း မြင်တတ်ကြတယ်။ဒီရှိုးကတော့ ရုံး ဆိုတဲ့ နေရာကို အိမ်အဖြစ် အဓိပ္ပာယ် ပြန်ဖွင့်ပေးလိုက်သလိုပါပဲ။ ကာရိုက်တာတိုင်းမှာ ထင်ရှားတဲ့ စရိုက်မျိုးရှိတယ်။ သူတို့ကြားထဲမှာ တစ်ယောက်နဲ့ တစ်ယောက်မတူတဲ့ ဆက်ဆံရေးမျိုးရှိတယ်။ဂျင်မ်နဲ့ ပမ်ကြားက တမြေ့မြေ့လောင်နေတဲ့ ချစ်ခြင်း‌မျိုးကို တွေ့လိမ့်မယ်။ သူတို့နှစ်ယောက်ပဲ သိတဲ့ inside jokes လေးတွေကိုလည်း မြင်ရမယ်။သာမန်ဘဝမှာ မြင်နေကျ ခိုးကြည့်ရင်း ရင်ခုန်ရတဲ့ သဘာဝကျတဲ့ ချစ်ခြင်းမျိုးကို သူတို့ကြားမှာမြင်ရတယ်။အချစ်ဆိုတာ ကိန်းကြီးခန်းကြီးနေရာတွေမှာမှ ရှာတွေ့တဲ့ အရာမျိုးမဟုတ်ဘူး။ အချစ်ဆိုတာ ဝုန်းခနဲထတောက်တဲ့ မီးမျိုးမဟုတ်ဘူး။အချစ်ဆိုတာ နေ့စဉ်ဘဝရဲ့ ချောင်ချို ချောင်ကြားလေးတွေမှာလည်း ပုန်းလျှိုးနေတတ်တဲ့ အကြောင်းကိုလည်း ဒီစီးရီးမှာမြင်ရလိမ့်မယ်။ကျနော်တို့ နေ့စဉ် လူနေမှုဘဝမှာ မြင်နေကျ အဖြစ်အပျက်တွေကိုပဲ ပျော်စရာ၊ ဝမ်းနည်းစရာ၊ ဂရုဏာသက်စရာတွေ ဖြည့်ရင်း လှလှပပ သရော်ထားတဲ့ လက်ရာတစ်ခုပဲ။ ဒီစီးရီးမှာ အဓိက ‌မီးမွှေးတာကတော့ ဂျာကြီး မိုက်ကယ်စကော့တ်ပါ။ သူက သဘောကောင်းသလောက် ဗရုတ်ကျတဲ့ ဂျာကြီးမျိုး။သူ့ဝန်ထမ်းတွေ ချစ်တာကိုလည်း မတရားလိုချင်တဲ့လူ။ တစ်ခါတလေတော့လည်း စေတနာအမှားလေးတွေ ဖြစ်တာပေါ့။ဒီအမှားတွေက‌ပဲ ရယ်စရာတွေကို ဆင့်ကဲမွေးထုတ်ပေးတယ်။ ထိခိုက်မှုမရှိတဲ့ အမှားမျိုးဟာ ဟာသပါပဲ။မိုက်ကယ်နဲ့ သူ့ရဲ့လက်ထောက် ဒွိုက်ကြားက ဆက်ဆံရေးကလည်း အူကြောင်ကြောင်နိုင်လွန်းသလို ထူးလည်းထူးခြားတယ်။အပေါ်ယံကြည့်ရင်တော့ သူတို့ဆက်ဆံရေးက အထက်အေ...

Brilliant Minds (2024) ⭐IMDB: 7.0/10 (3 k Votes) 🎬 #Drama 🗓 2024 🎞 tv series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 42 မိနစ် 44 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Brilliant Minds 2024 IMDb – 6.8/10 နာမည်ကျော်အာရုံကြောဆရာဝန် စာရေးဆရာ Oliver sackရဲ့သူ့ရဲ့ဆရာဝန်သက်တမ်းတစ်လျှောက်မှာ ကြုံရတဲ့ထူးဆန်းတဲ့caseတွေအကြောင်း ရေးထားတဲ့စာအုပ်နှစ်အုပ်ကို အခြေခံရိုက်ကူးထားတဲ့ Brilliant Minds ဒီကားလေးနဲ့ တခြားဆရာဝန်ဇာတ်လမ်းတွဲတွေ မတူတဲ့အချက်ကတော့ဒီဇာတ်လမ်းမှာပါမယ့် caseတွေလူနာတွေက ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့mastermindလည်းဖြစ်ဆေးပညာမှာ လေ့လာနေသမျှထဲမှာ လေ့လာလို့မဆုံးနိုင်သေးတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းဖြစ်တဲ့ဦးနှောက်နဲ့အာရုံကြောပိုင်းဆိုင်ရာ ထူးထူးခြားခြားcaseတွေကိုပဲ ကြည့်ရှုခံစားရမှာပါ။ ဒေါက်တာဝုဖ်ဟာ ပါရမီရှင်လို့တင်စားရလောက်တဲ့ ဦးနှောက်အာရုံကြောပါရဂူတစ်ယောက်၊ပါရမီရှင်ပီပီ ကိုယ်မှန်တယ်ထင်ရာကို တဇွတ်ထိုးလုပ်တတ်သလို လူတိုင်းနဲ့လည်းအဆင်မပြေတဲ့ လူ့ဂွစာကြီးပေါ့။ ကုသရေးအတွက် လူနာအကျိုးအတွက် လိုအပ်လာမယ်ဆိုရင် စည်းကမ်းဆိုတာလည်း ချိုးဖောက်ဖို့ ဝန်မလေးတဲ့သူပီပီလောလောလတ်လတ် အလုပ်ပြုတ်လာတဲ့ဝုဖ်ကို သူငယ်ချင်း ကယ်ရိုလ်က ဘရွန့်စ်ဆေးရုံမှာ လာလုပ်ဖို့ ကမ်းလှမ်းပါတော့တယ်။ ဝုဖ်တစ်ယောက် အစပိုင်းမှာတော့ ခါးခါးသီးသီးငြင်းနေပေမဲ့ ဝုဖ်ကိုနားလည်နေတဲ့ကယ်ရိုလ်ရဲ့စည်းရုံးရေးနဲ့ တစ်သက်လုံးလူနာတွေအတွက်ပဲ ဘဝကိုမြှုပ်နှံထားသူပီပီ လူနာတွေကို မကုသရရင် မနေနိုင်တဲ့ ဝုဖ်တစ်ယောက်ဘရွန့်စ်ဆေးရုံမှာ အလုပ်သင်တစ်သိုက်နဲ့ လူနာတွေကို ကုသပေးဖို့ ဖြစ်လာတဲ့အခါ…. ဘရွန့်စ်ဆေးရုံအသံကြားတာနဲ့ ဒေါက်တာဝုဖ်တစ်ယောက် ဘာလို့အကြောက်အကန်ငြင်းနေတာလဲ။သူ့ရဲ့ မျက်နှာတွေကို မမြင်ရတဲ့ရောဂါကရော ဘယ်လိုဖြစ်လာတာလဲ။ ထူးဆန်းတဲ့စရိုက်ထူးဆန်းတဲ့ရောဂါရှိနေတဲ့ဆရာနဲ့ အလုပ်သင်တပည့်တစ်သိုက်ကရောဘယ်လိုဆန်းပြားတဲ့လူနာတွေနဲ့caseတွေကို ကုသမှုပေးကြမလဲဆိုတာ ရှုစားကြရအောင်ပါ။
...

Creature Commandos (2024) ⭐IMDB: 7.8/10 (5 k Votes) 🎬 #Animation #SciFi #Fantasy #Action #Adventure #Horror #Mystery #War 🗓 2024 🎞 Series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 23 မိနစ် 24 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 DCU (DC Universe) အသစ်ရဲ့ ပထမဆုံး ကာတွန်းစီးရီးထွက်ပါပြီ။ ဒီဟာကတော့ ဆူဆိုက်စကွက်ရဲ့နောက်ဆက်တွဲ သဘောပါပဲ။ အချိန်ဇယားအရတော့ ဆူဆိုက်စကွက် ၂၀၂၁ အပြီး၊ ပိစ်မိတ်ကာ စီစန်-၁ အပြီး ကာလကနေ ဆက်ထားတာပါ။ အမန်ဒါဝေါ်လာရဲ့ အထူးတပ်ဖွဲအိတ်စ် စီမံကိန်း ပေါ်ပေါက်သွားပြီး လွှတ်တော်က တားမြစ်လိုက်တာ ခံလိုက်ရပါတယ်။ ဒါပေမဲ့ တားမြစ်ချက်အရ အကျဉ်းသားလူသားတွေကို အသုံးမချရဆိုတော့ အမန်ဒါက လူမဟုတ်တဲ့ မွန်းစတားအကျဉ်းသားတွေသက်သက်ကို အထူးတပ်ဖွဲအဖြစ် ပြန်လည်ဖွဲစည်းပြီး စစ်ဆင်ရေးအသစ်‌တွေ စတဲ့ဇာတ်လမ်းဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း အမေဇုံ၊ သယ်မက်စကီးရာရဲ့ သစ္စာဖောက် မှော်ဆရာမဟာ သယ်မက်စကီးရာကိုသိမ်းပိုက်ဖို တပ်ဖွဲတစ်ဖွဲနဲ့ ကြိုးစားနေပါတယ်။ အဲဒီတပ်ဖွဲရဲ့ ပထမဆုံးခြေလှမ်းကတော့ ပါကိုလစ်စတန်နိုင်ငံကို သိမ်းပိုက်ဖိုပါပဲ။ အဲဒီနိုင်ငံဟာ အမေရိကန်ကို ရေနံပေးမဲ့နိုင်ငံဖြစ်လို အရေးတကြီးကာကွယ်ဖိုအတွက် မွန်းစတား တပ်ဖွဲကို လွှတ်လိုက်ပါတော့တယ်။ လူ ဆူဆိုက်စကွက်ထက် ဗရုတ်ပိုကျတဲ့ မွန်းစတား အဖွဲ ဘယ်လောက်တွေ သောင်းကျန်းကြမလဲဆိုတာ ကြည့်ရမှာပါ။ ဟာသတွေရော ဇာတ်လမ်းအရရော ကြမ်းတာမို အရွယ်မရောက်သေးတဲ့လူတွေ မကြည့်သင့်သေးပါဘူး။
...

You Are Ms. Servant (2024) ⭐IMDB: 6.2/10 (423 Votes) 🎬 #Animation #Comedy #Romance 🗓 2024 🎞 tv series 🌎 #Japan ⏰ 23 မိနစ် 30 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 MyAnimeList – 7.1/10 နောက်ထပ် အချစ်-ဟာသ Anime စီးရီးလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သူကတော့ Rom-com ဆိုပေမဲ့လည်း ကျွန်တော် ကြည့်ရသလောက် Slice of life ပုံစံလေးရယ် နွေးထွေးတဲ့ မေတ္တာတရားအကြောင်းကို ဖော်ပြထားသလိုဆိုရင်လည်း မမှားပါဘူး။ ဇာတ်လမ်းလေးကတော့ တစ်ယောက်တည်းနေထိုင်တဲ့ အထက်တန်းကျောင်းသားလေး Hitoyoshi ရဲ့ အိမ်ကို နွေရာသီကျောင်းပိတ်ရက်မှာ ထူးခြားပြီး လှပချောမောတဲ့ အိမ်ဖော်အဝတ်အစားလေးနဲ့ အစေခံအဖြစ် လုပ်ကိုင်ပါရစေဆိုပြီး ပဟေဠိဆန်ဆန် ရောက်ချလာပါတယ်။ ဖြစ်ချင်တော့ ဒီကောင်မလေးဟာ သူ့တစ်ဘဝလုံး လူတွေသတ်လာတဲ့ လုပ်ကြံသတ်ဖြတ်ရေးသမားဟောင်းပါ၊ ဒီတော့ Hitoyoshi တစ်ယောက်ခင်ဗျာ လုပ်ကြံရေးသမားတော့ မလိုဘူး တစ်ယောက်တည်းနေတာမို့ အိမ်အကူအဖြစ် အိမ်ဖော်အဖြစ်လုပ်ချင်ရင်တော့ လုပ်လို့ရတယ် လုပ်မှာလားဆိုပြီး အတူတူ နေထိုင်ခဲ့ရာကနေ အစပြုထားပါတယ်…။ ငယ်စဉ်ကတည်းက မိဘနဲ့ ပတ်သက်တဲ့ စိတ်ဒဏ်ရာရှိပြီး ရိုးသားဖြူစင်စွာ နေထိုင်တတ်သူ Hitoyoshi ရယ် လူမဆန်စွာ ကြီးပြင်းခဲ့ရပြီး အတိတ်ဆိုးပေါင်းများစွာနဲ့ ဖြတ်သန်းခဲ့ရတဲ့ လုပ်ကြံသတ်ဖြတ်ရေးသမား ကောင်မလေးရယ် ဘယ်လိုမျိုး တစ်ဦးအပေါ်တစ်ဦး လိုအပ်ချက်တွေကို ဖြည့်စည်း ကူညီဖေးမရင်း ရှေ့ဆက်ကြမလဲဆိုတာ ဟာသတွေရော အချစ်ရေးလေးတွေရော ဒရမ်မာလေးတွေရော စသဖြင့် ပုံဖော်တင်ဆက်ထားတဲ့ အသစ်ထွက် Anime လေးပဲ ဖြစ်ပါတယ်။ သူနဲ့ အတူတူထွက်ရှိထားတဲ့ Yakuza Fiancé ထဲက Toxic ဆက်ဆံရေးတွေ Red flag ဆန်ဆန် ဇာတ်ကောင်တွေနဲ့ သူက ဆန့်ကျင်ဖက်ဖြစ်ပြီး ကြည့်ရတာ အေးချမ်းပြီး ဇာတ်ကောင်လေးတွေကလည်း Green Flag ဖြစ်တာကြောင့် သာယာစီးမျောနိုင်ဦးမှာ အမှန်ပါပဲ။
...

Cruel Intentions (2024) ⭐IMDB: 5.4/10 (3 k Votes) 🎬 #Drama 🗓 2024 🎞 tv series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 43 မိနစ် 14 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 2000 ခုနှစ်ကနာမည်ကြီးခဲ့တဲ့ အမေရိကန် Teenage Romance Drama ရုပ်ရှင်ဇာတ်ကားကို Amazon Prime က ခေတ်သစ်လူငယ်သရုပ်ဆောင်တွေနဲ့ ပြန်လည် remake အသက်သွင်းထားတာဖြစ်ပါတယ် ဂုဏ်ရှိန်ကြီးမားတဲ့တက္ကသိုလ်မှာ ကာရိုလိုင်းက အမျိုးသမီးအဆောင်အုပ်ချုပ်သူ ဥက္ကဌတဖြစ်လဲ လူမှု social clubတွေကိုပါ ဦးစီးနေတာဖြစ်ပါတယ် သူနဲ့အတူ အပြိုင်အဆိုင် social club တွေလည်း ရှပြီး မကြာခင် ဒုသမ္မတရဲ့သမီးဖြစ်သူ အန်နီဂရော့ပါက fresher တစ်ယောက်အဖြစ် ရောက်လာတော့မှာဖြစ်ပါတယ်… ဒါကိုသိကြတဲ့ club တွေက အန်နီကို အပြိုင်သိမ်းသွင်းဖို့ကြိုးစားရင်း High School Romance vibe ကိုအပြည့်အ၀ရစေမယ့် ဇာတ်လမ်းတွဲကောင်းတစ်ခုဖြစ်ပါတယ်။
...

ဇာတ်ညွှန်းများ • FDMN - Telegram kanali statistikasi va tahlili