ဇာတ်ညွှန်းများ • FDMN
Yopiq kanal
Ma'lumot yo'q
Obunachilar
-524 soatlar
-47 kun
+730 kun
Postlar arxiv
Love Reddy (2024) ⭐IMDB: 8.9/10 (2 k Votes) 🎬 #Bollywood #Romance 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 18 မိနစ် 23 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Love Reddy (2024) အချစ်ရူးလေးရတ်ဒီ ဒီတစ်ခါတင်ဆက်ပေးမှာကတော့ ၂၀၂၄ ခုနှစ်ထွက်တလေဂူးစကားပြော အချစ်ဟာသဇာတ်လမ်းလေးဖြစ်တဲ့အချစ်ရူးလေးရတ်ဒီဆိုတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ မိဘကမိတ်ဆက်ပေးသမျှမိန်းကလေးကို ချေးထိုင်များနေခဲ့တဲ့ရတ်ဒီဟာ တစ်ရက်မှာတော့ ဘတ်စ်ကားပေါ်မှာအလှပဂေးကောင်မလေးတစ်ယောက်ကိုမြင်မြင်ချင်းချစ်ကျွမ်းဝင်သွားခဲ့ပါတယ်။ ကောင်မလေးကိုစွဲလမ်းပြီး မြင်သမျှကို ဒီမိန်းမလှလေးရဲ့ပုံရိပ်တွေပဲမြင်တဲ့အထိအချစ်ရူးဖြစ်သွားတဲ့ရတ်ဒီဟာ သူနဲ့လက်ထပ်ပေးမယ့်မိန်းကလေးကို မြင်တဲ့အခါမှာသူ့စိတ်ကူးထဲကနတ်သမီးလေးဖြစ်နေတာကြောင့် ချက်ချင်းလက်ခံလိုက်တာပေါ့ဗျာ။ အမှန်တော့ သတို့သမီးက တခြားတစ်ယောက်ဖြစ်နေပြီး သူ့ဘာသာကောင်မလေးကိုမြင်ယောင်ပြီးလက်ခံခဲ့မိမှန်းနောက်မှသိလိုက်ရတဲ့အခါ..အချစ်ရူးလေး ရတ်ဒီတစ်ယောက် ကောင်မလေးကို ဘယ်လိုလိုက်မလဲ..လက်ထပ်ဖို့ပြောထားပြီးတဲ့ မိန်းကလေးနဲ့ ဘယ်လိုဇာတ်ရှုပ်တွေဆက်ဖြစ်မလဲဆိုတာကတော့… ( ဘာသာပြန်နဲ့အညွှန်းကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်...
Aaragan (2024) ⭐IMDB: 8.1/10 (1 k Votes) 🎬 #Bollywood #Drama #Fantasy #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 42 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Aaragan (2024) “ဆန်းကြယ်သော ဘ၀ခရီး” ဘောလိဝုဒ်ရုပ်ရှင်ပရိသတ်ကြီးအတွက် တမီလ်ဇာတ်လမ်းကောင်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အိမ်ထောင်တစ်ခုထူထောင်မဲ့ ချစ်သူနှစ်ဦးရဲ့ ရုန်းကန်ရတဲ့ဘ၀ခရီးလမ်းကို ဒရာမာနှောပြီး ခပ်ဆန်းဆန်း ရိုက်ကူးထားတာပါ။ အခုခေတ်ဇာတ်လမ်းဖြစ်ပေမဲ့ ဇာတ်လမ်းအစမှာတော့ ရာဇ၀င်ဇာတ်ကြောင်းတစ်ခုနဲ့ အစပျိုးထားပါတယ်။တိုင်းပြည်တစ်ပြည်က ဘုရင်တစ်ပါးမှာ သားတော်နှစ်ပါးရှိပြီးသားတော်ကြီးက လက်ရုံးရည် နှလုံးရည်ပြည့်၀သလောက်သားတော်ငယ်ကတော့ သွေးကြောင်တဲ့ အရည်အချင်းမရှိသူပါ။ တစ်နေ့မှာ စစ်မက်ဖြစ်ပွားရာက ဘုရင်နဲ့သားတော်ကြီး ဆုံးပါးသွားပြီးသားတော်ငယ်ကတော့ တောထဲထွက်ပြေးသွားပါတယ်။အဲဒီမှာ သားတော်ငယ်ဟာ ပရောဟိတ်ကြီးတစ်ပါးနဲ့ဆုံပြီး တပည့်ခံခဲ့ပါတယ်။ တစ်နေ့မှာတော့ ပရောဟိတ်ကြီးရဲ့အသက်ကို ကယ်ပေးခဲ့တာကြောင့်ပရောဟိတ်က သားတော်ငယ်ကို လိုရာဆုတစ်ခု တောင်းခိုင်းခဲ့ပါတယ်။ အဲဒီသမိုင်းကြောင်းဟာ ခေတ်သစ်ဘ၀မှာ အိမ်ထောင်ထူထောင်ကြမဲ့ဆာရ်ဗန်နာနဲ့ မာဂီနီလာတို့ ချစ်သူနှစ်ဦးနဲ့ ဘယ်လိုဆက်စပ်နေမလဲ၊ချစ်သူနှစ်ဦးရဲ့အိမ်ထောင်ရေးမှာ ဘယ်လိုအခက်အခဲတွေ ကြုံရမလဲ၊ဘယ်လိုထူးဆန်းတာတွေ တွေ့ရမလဲဆိုတာကို စိတ်၀င်စားစရာဆက်လက်ကြည့်ရှုရမှာ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်တွေကတော့ Cym~KKKZ~ToMo~V တို့ ဖြစ်ပါတယ်။)...
Canadian, Sniper (2024) ⭐IMDB: 3.4/10 (259 Votes) 🎬 #Drama #SciFi #War #ScienceFiction 🗓 2024 🎞 movie 🌎 #Canada ⏰ 1 နာရီ 14 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Canadian, Sniper (2023) ကမ္ဘာကြီးဟာ စစ်ပွဲတွေနဲ့ကင်းသွားတဲ့နေ့ရယ်လို့မရှိဘူးထင်ရတယ်။ ဒီကားလေးကတော့စစ်မှုထမ်းသက်ပြည့်လို့မွေးရပ်မြေကိုပြန်လာတဲ့ စစ်ပြန်တစ်ယောက်ကြုံရတဲ့ အဖြစ်အပျက်တစ်ချို့နဲ့ သူကြုံခဲ့ရတဲ့စစ်ပွဲရဲ့ဒဏ်ရာဒဏ်ချက်တွေကမျက်မှောက်ထိပါလာပြီးသူ့ကိုဘယ်လိုတွေခံစားသက်ရောက်စေရသလဲတွေ့ရပါမယ်။ ဒီဇတ်ကားရဲ့ရည်ရွယ်ချက်က စစ်သားတွေခံစားရလေ့ရှိတဲ့ Post Traumatic Stress Disorder ဆိုတဲ့ “ကြောက်စရာကောင်းတဲ့ ဒါမှမဟုတ်စိတ်ဖိစီးစရာအဖြစ်အပျက်ကြောင့်ဖြစ်လာတဲ့စိတ်ကျန်းမာရေး အခြေအနေကို” ပြချင်တာဖြစ်တယ်လို့ဆိုပါတယ်။ ဒါရိုက်တာက သူ့သူငယ်ချင်းတစ်ယောက်စစ်တပ်ထဲဝင်ပြီး အာဖဂန်နစ္စတန်မှာ တာဝန်တစ်ကြိမ်ထမ်းဆောင်ပြီးအိမ်ပြန်လာတဲ့အချိန် သူ့ကိုယ်သူသတ်သေသွားတာကိုတွေ့လိုက်ရတဲ့အတွက် ဒီဇာတ်ကားကို ရေးသားရိုက်ကူးဖို့ ဖြစ်လာတယ်လို့ဆိုပါတယ်။ စနိုက်ပါသမားတစ်ယောက်ရဲ့စနိုက်ပါကို ပစ်ခတ်လေ့ကျင့်နေချင်တဲ့စိတ်ကိုလည်းပြထားပါတယ်။ အာဖဂန်နစ္စတန်စစ်ပြန်တစ်ယောက်ရဲ့ သဘာဝကိုချစ်တတ်တဲ့စိတ်ကိုလည်မသိမသာဖော်ပြထားတာတွေ့ရပါမယ်။ ကြိုက်တာကဇာတ်ညွှန်းပါ။ဇတ်ကွက်နည်းနည်းစကားလုံးနည်းနည်းနဲ့ ဇာတ်ကားကိုပုံဖော်နိုင်တဲ့ဇတ်ညွှန်းရေးတဲ့သူရဲ့ကျွမ်းကျင်ပိုင်နိုင်မှုကိုချီးကျူးမိပါတယ်။ စစ်မှုထမ်းတာပြီးလို့တပ်ကထွက်တယ်ဆိုတာသိသာအောင်နောက်ခံစကားပြောတာနဲ့သိစေတာမျိုးအဖေဖြစ်သူရဲ့နောက်ခံအကြောင်းအရာတွေကိုစကားနည်းနည်းနဲ့ပုံဖော်သွားတာမျိုးစစ်မှုထမ်းပြီးတဲ့နောက် ဘာလို့မွေးရပ်မြေကနေဒါမြောက်ပိုင်းကိုပြန်လာရတယ်ဆိုတာကိုပုံဖော်ပြတာမျိုးကဇတ်ကွက်အများကြီးပြစရာမလိုပဲဇတ်ရည်လည်စေတာမျိုးပါ။ ကြိုက်တဲ့အချက်တွေအများကြီးပေမယ့်spoil တာဖြစ်မှာမို့ဒီလောက်ပဲပြောလိုက်ပါမယ်။ စစ်နဲ့ပါတ်သက်ပြီးအင်မတန်ထိမိတဲ့အတွေးအခေါ်တွေခံယူချက်တွေတစ်ချို့ကိုလည်း ပါးပါးလေးချပြထားပါတယ်။ နောက်ထပ်ကြိုက်တာက ရိုက်ချက်တွေပါ သမရိုးကျထက်ဆန်းတဲ့လှတဲ့ရိုက်ချက်တွေနဲ့ကနေဒါမြောက်ပိုင်းရဲ့အလှကဇာတ်ကားရဲ့ဆွဲဆောင်မှုတစ်မျိုးဖြစ်လာပါတယ် ။ တေးဂီတကလည်း သမရိုးကျဇတ်ကားတွေနဲ့ကွဲထွက်နေပြီး ဇာတ်ကားနဲ့လိုက်ဖက်အောင် ဖန်တီးထားတာတွေ့ရပါမယ်။ ဇာတ်ကောင်စရိုက်သရုပ်ဖော်တာကိုကြိုက်တယ်အတွေးစတွေပေးလို့တွေးရတာလည်းကြိုက်မယ် စစ်မှန်တာလည်းကြိုက်တယ်ဆိုရင်တော့ သမရိုးကျစစ်ကားတွေနဲ့ ကွဲထွက်နေတဲ့ဒီဇတ်ကားကိုကြည့်ဖို့ညွှန်းချင်ပါတယ်။ ကနေဒါမင်းသားဖရန်ဆွာအားနို ( François Arnaud) ကစစ်ပြန်ကနေဒီယန်စနိုက်ပါသမားနေရာကသရုပ်ဆောင်ထားပါတယ်။ ဒါရိုက်တာမိုက်ကယ် ကန်ဒင်စကိုင်း (Michael Kandinsky )ကရေးသား ရိုက်ကူးထားပါတယ်။ ရုပ်ရှင်ပွဲတော်တွေမှာ ပရိသတ်အကြိုက်ဆုနဲ့ အကောင်းဆုံးဒါရိုက်တာဆုရထားတဲ့ဇတ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Khin Sakar Khin ဖြစ်ပါတယ်။)...
Defense Bomb Crisis (2021) ⭐TMDB: 0% User Score 🎬 #Action #Drama 🗓 2021 🎞 movie 🌎 #China ⏰ 1 နာရီ 9 မိနစ် 11 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Defense Bomb Crisisဆိုတဲ့ actionကားလေးကတော့ ၂နိုင်ငံငြိမ်းချမ်းရေးဖို့ဆွေးနွေးမဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အကြမ်းဖက်သမားတွေဝင်ရောက်နှောက်ယှက်တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ မင်းသား ဖူဖန်းက ဗုံးဖြိုခွဲရေး ဗုံးကာကွယ်ရေးတပ်ဖွဲ့ကပါဒီတစ်ခါ အကြမ်းသမားရန်ကနေ အထက်လူကြီးတွေကိုကာကွယ်ဖို့ဖူဖန်းကတာဝန်ယူလုပ်ဆောင်ပေးရတာဖြစ်ပါတယ် ခူဇ နဲ့ လန်ဖဆိုတဲ့လူသတ်သမားမောင်နှမ ၂ယောက်လည်းတစ်ယောက်ကလူကောင်း တစ်ယောက်ကလူဆိုးအဖြစ်အဖွဲ့အစည်း ၂ခုခွဲပြီးတိုက်ခိုက်နေရတာဖြစ်ပါတယ်အရှေ့မှာလည်းပေါက်ကွဲမှု ၂ကြိမ်ဖြစ်ထားပြီးတဲ့အတွက်ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုမလုပ်ပဲ ရပ်တန့်ဖို့ပြောနေတဲ့အစိုးရအရာရှိကတစ်ဖက်ဆွေးနွေးပွဲကိုဖြစ်မြောက်အောင်မြင်အောင်လုပ်မဲ့အရာရှိကတစ်ဖက်နဲ့ ဖူဖန်းကကြားမှာရောက်သလိုဖြစ်နေပြန်တယ် နောက်ဆုံးအကြိမ် အကြမ်းဖက်သမားတွေရဲ့ ခြိမ်းခြောက်မှုအရပေါက်ကွဲမှုထပ်မဖြစ်ပွားအောင် ဖူဖန်းက ဗုံးတပ်ဖွဲ့ဝင်ထဲဝင်ရောက်ပြီးဆွေးနွေးပွဲကိုဆက်လုပ်ကျင်းပဖို့တာဝန်ထမ်းဆောင်ခဲ့ပါအကြမ်းဖက်သမားရဲ့ခေါင်းဆောင်ကဘယ်သူဖြစ်မလဲစစ်ပွဲ တိုက်ပွဲကြားက အကျိုးအမြတ်ထုတ်ချင်တဲ့အထက်လူကြီးတွေရဲ့ အကျင့်စရိုက်ကိုလည်း ဒီဇာတ်ကားလေးမှာတွေ့ရမှာဖြစ်ပါတယ်ဗုံးဖျူးကြိုးညှပ်ဖို့ စဉ်းစားပြီး actionချကွက်ကောင်းကောင်းလေးကြည့်ချင်ရင်တော့ဒီဇာတ်ကားလေးကိုကြည့်ရှုဖို့ recommendပေးချင်ပါတယ်...
Thunder Chase (2021) ⭐TMDB: 80% User Score 🎬 #Action #Crime #Thriller 🗓 2021 🎞 movie 🌎 #China ⏰ 1 နာရီ 27 မိနစ် 39 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မိုးကြိုး (Thunder) ဟာ နိုင်ငံခြားမှာ ပုဂ္ဂလိက လုံခြုံရေးအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ စစ်မှုထမ်းဟောင်းတစ်ယောက်ပါ။သူ့သား လီယို (Leo) ဟာ နိုင်ငံခြားက ဂိုဏ်းတွေရဲ့ သားကောင်အဖြစ်အသုံးချခံရပြီး လူသတ်အမဲလိုက်ကစားပွဲမှာ စည်းကမ်းချက်တစ်ခုအဖြစ် အသုံးပြုခံရပါတယ်။မိုးကြိုးနဲ့ သူ့သူငယ်ချင်း နှစ်ယောက်ဟာ လိုအပ်တဲ့ ပစ္စည်းကိရိယာတွေကိုယူဆောင်ပြီး နိုင်ငံခြားက တောအုပ်ထဲကို ဝင်ရောက်ခဲ့ပြီး တိုက်ပွဲတွေ အကြိမ်ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ သားဖြစ်သူကို ကယ်တင်နိုင်ခဲ့ပေမယ့် ညီဖြစ်သူက ဓားစာခံဖြစ်သွားပါတယ်။ဒီလိုခက်ခဲတဲ့အခြေအနေမှာတော့ မိုးကြိုးဟာ သူ့အသက်နဲ့ လဲလှယ်ဖို့ ဆန္ဒရှိခဲ့ပါတယ်။အဲဒီအချိန်မှာပဲ သူကယ်တင်ခဲ့ဖူးတဲ့ အမျိုးသမီးတစ်ယောက် ပေါ်လာခဲ့ပါတယ်။သူမဟာ အမဲလိုက်သတ်ဖြတ်ရေး အဖွဲ့အစည်းရဲ့ ခေါင်းဆောင်ဖြစ်နေတာ ပေါ်လွင်လာခဲ့ပါတယ်။သူမက ကယ်တင်ဖို့ လာတာလား၊ ဒုက္ခပေးဖို့လာတာလား။ဒါမှမဟုတ် သွေးဆာနေတဲ့ ရန်သူကို ရင်ဆိုင်ရတဲ့အခြေအနေကို ပြောင်းလဲနိုင်မှာလား...
12 Hours (2022) ⭐TMDB: 56% User Score 🎬 #Action #Adventure #Crime 🗓 2022 🎞 movie 🌎 #China ⏰ 1 နာရီ 24 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 တရုတ်အက်ရှင်ကားကောင်းလေးတစ်လေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေခေတ်လွန်Cyber City မှာ နေ့စဉ်လူပျောက်မှုတွေဆက်တိုက်ဖြစ်နေပါတယ်။အထူးတပ်သားဟောင်းဖြစ်တဲ့ ကျင်းချန် (Aarif Rahman)ဟာသမီးလေးခွဲစိတ်ရဖို့အတွက် Credit Bitဆိုတဲ့ ချေးငွေလုပ်ငန်းမှာခန္ဓာကိုယ်ကိုအပေါင်ထားချေးငွေယူတဲ့အချိန်ကနေပြဿနာတွေစတော့တာပါပဲ။ ချေးငွေသဘောတူစာချုပ်ချုပ်ပြီးတဲ့အချိန်မှာ ကျင်းချန်ဟာမေ့ဆေးပေးခံရပြီးတစ်ခြားသူတွေနဲ့အတူ ထူးဆန်းတဲ့သစ်တောတစ်ခုကိုရောက်သွားပါတယ်။နယ်ပယ်အသီးသီးလူတွေစုနေတဲ့သူတို့လူတစ်စုဟာအဲဒီသစ်တောထဲမှာအသက်ရှင်ဖို့ကြိုးစားကြရပါတယ်။ တကယ်တော့သူတို့ဟာစွမ်းရည်စမ်းသပ်ခံဖို့Survival Gameတစ်ခုကိုကစားနေမှန်းမသိကစားနေကြရတာပါ။မျိုးရိုးဗီဇအဆင့်မြှင့်သတ္တဝါတွေနဲ့ပါတိုက်ခိုက်ရတဲ့သူတို့ဟာအသက်ရှင်နိုင်ပါ့မလား ဆိုပြီးရင်တမမနဲ့ကြည့်ရမှာပါ။Effect တွေကတော်တော်ကောင်းပြီး တိုက်ရိုက်ရေးဒါရိုက်တာကလဲJackie Chan ရဲ့ကားတွေရိုက်ခဲ့တဲ့ဒါရိုက်တာဆိုတော့ အတိုင်းထက်အလွန်ပါပဲ။ဇာတ်သိမ်းမှာ ထင်မထားတဲ့အကွက်နဲ့သိမ်းသွားတာဆိုတော့ ကြည့်ရှုအားပေးကြပါဦးနော်။...
Eo-u-dong: Sin (2017) ⭐TMDB: 70% User Score 🎬 #Adult #Drama #Romance #History 🗓 2017 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 34 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ******************************ဆောအူဒုံဆိုတဲ့ မိန်းကလေးက အိမ်ထောင်ရေးအရှုပ်တော်ပုံမှာ ပါဝင်ပတ်သက်မိလို့ ဖမ်းဝရမ်းထုတ်ခံထားရသူပါ .. အူဒုံတစ်ယောက် ပုန်းအောင်းရှောင်တိမ်းရင်း တိတ်ဆိတ်တဲ့ရွာလေးတစ်ရွာကို ရောက်သွားခဲ့ပါတယ် .. အဲဒီရွာလေးမှာ မတော်တဆချော်လဲပြီး မေ့လဲသွားတဲ့အူဒုံကို ဒေါ့ဂီဆိုတဲ့လူက ကယ်တင်ပေးပြီး သူ့အိမ်ဆီ ခေါ်လာတော့တာပေါ့ .. သတိပြန်ရလာတဲ့အခါ အောအူဒုံက အတိတ်မေ့ချင်ဟန်ဆောင်ပြီး ဒေါ့ဂီရဲ့အိမ်မှာ ခဏပုန်းနေဖို့ ကြံစည်ပါတော့တယ် .. အဲဒီလိုနဲ့ ဒေါ့ဂီနဲ့ အူဒုံတို့နှစ်ယောက် တွယ်ငြိမိသွားကြတဲ့အခါမှာတော့...
Burnt (2015) ⭐IMDB: 6.6/10 (136 k Votes) 🎬 #Comedy #Drama 🗓 2015 🎞 movie 🌎 #USA #UnitedStates #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 42 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ 2015 ခုနှစ်ကထွက်ရှိထားတဲ့ ဟာသဒရာမာ ဇာတ်ကားလေးဖြစ်ပါတယ်။ အဓိကသရုပ်ဆောင်တွေ အနေနဲ့ကတော့ Bradley Cooper,Sienna Miller နဲ့ Daniel Brühl တို့က ပါဝင်သရုပ်ဆောင်ထားပြီးတော့ ဒါရိုက်တာ John Wells ကရိုက်ကူးထားပါတယ်။ ဇာတ်လမ်းအကျဉ်း……. Adam Jones ဟာ မီချယ်လင် ကြယ်နှစ်ပွင့်အဆင့်ရှိတဲ့ စားဖိုမှူးတစ်ယောက်ဖြစ်ပါတယ်။ Adam ဟာ အားလုံးကို ပိုင်ဆိုင်ခဲ့ပြီးမှ သူ့ရဲ့အမူအကျင့်ဆိုးတွေ အောင်မြင်မှုကို မထိန်းသိမ်းနိုင်မှုတွေကြောင့် ပြန်လည်ဆုံးရှူံးခဲ့ရပါတယ်။အဲ့တာကြောင့်သူဟာ သူ့ကိုယ်သူပြန်လည်ရှာဖွေရင်း ပဲရစ်မြို့ကနေ လန်ဒန်မြို့ကို ပြောင်းရွှေ့လာပါတယ်။ လန်ဒန်မှာ သူ့ရဲ့ကိုယ်ပိုင်စားသောက်ဆိုင်ဖွင့်ပြီး မီချယ်လင် ကြယ်သုံးပွင့်အဆင့် စားဖိုမှူးဖြစ်အောင် ကြိုးစားပါတော့တယ်။ သူ့ရဲ့အိပ်မက်အမှန်တကယ်ဖြစ်မြောက်လာအောင် Adam တစ်ယောက်ဘယ်လိုတွေလုပ်သွားမလဲ ဘယ်သူတွေက သူ့ကိုကူညီပေးမှာလဲ သူလိုချင်တဲ့ အရာတွေရော ရရှိသွားမလားဆိုတာတွေကို စိတ်ဝင်းစားစွာကြည့်ရှူရမှာပဲဖြစ်ပါတယ်။2015 ခုနှစ်ကတည်းကထွက်ရှိထားတဲ့ကားလေးဆိုပေမယ့် ဘယ်အချိန်ကြည့်ကြည့်ရိုးမသွားမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။...
The Initiated: Written from the Shadows (2024) ⭐TMDB: 63% User Score 🎬 #Drama #Thriller 🗓 2024 🎞 movie 🌎 # ⏰ 1 နာရီ 40 မိနစ် 45 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Initiated: Written from the Shadows (2024) IMDb Rating (5.8) ဒီဇာတ်ကားဟာ လျှို့ဝှက်ဆန်းကြယ်နဲ့ သည်းထိပ်ရင်ဖိုဇာတ်ကား အမျိုးအစားနှစ်ခုရောထားသည့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဂျာနယ်လစ်ဟောင်းတစ်ယောက်ဖြစ်သူ ဖရန့်ခ်က အတိတ်ကအကြောင်းအရာအချို့ကိုလည် မေ့ပျောက်နေပြီး ဇာတ်မြှုပ်ကာ ပုန်းကွယ်နေရာမှ တစ်နေ့ သူ၏အိမ်ရှေ့တွင် ဖောက်ထုတ်ခံထားရသည့် မျက်လုံးတစ်စုံနှင့် သွေးစွန်းထားသော စာတစ်စောင်ရောက်လာပါတော့တယ်။ ထို့အတူ လူသတ်နည်းဆင်တူသော လူသတ်မှုတွေလည်း တစ်နေ့တစ်ခြားတိုးလာရာ ဖရန့်ခ်တစ်ယောက် တရားခံရှာဖို့ကြိုးစားရင်း မေ့ပျောက်နေသော အတိတ်များပြန်လည်ပေါ်လာသောအခါ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ကြည့်ရှူခံစားရမည့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Eunice ဖြစ်ပါတယ်။)...
Vaincre ou mourir (2022) ⭐IMDB: 5.4/10 (913 Votes) 🎬 #Action #Drama #History #War #Biography 🗓 2022 🎞 movie 🌎 #France ⏰ 1 နာရီ 40 မိနစ် 10 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Vaincre ou mourir (2022) IMDb Rating (5.5) ပြင်သစ်တော်လှန်ရေးတပ်တွေဟာ ဘုရင့်စနစ်ကို ဖြုတ်ချပြီး လိုအပ်တဲ့ စစ်သားအရေအတွက် အတွက် ဗန်ဒီမှာ တပ်သားစုဆောင်းရေး သွားလုပ်ပါတယ်။ ဒါပေမဲ့ ဗန်ဒီသူ ဗန်ဒီသားတွေဆီက ဘုန်းတော်ကြီးတွေကို ဖမ်းဆီးသည့် အပြင် သူတို့ သားငယ်တွေကို ဖမ်းဆီးတဲ့အတွက် လယ်သမားအပေါင်းတို့ဟာ ပုန်ကန်ထကြွပြီး တော်လှန်ရေးတပ်တွေကို ပြန်တိုက်ခိုက်ပါတော့တယ်။ ဒါပေမဲ့ သူတို့ကို ဦးဆောင်ဖို့ ခေါင်းဆောင်လိုအပ်လာကြပါတယ်။ ဒီလိုနဲ့ ရေတပ်အရာရှိအဟောင်းဖြစ်တဲ့ ချာလက်ဆိုတဲ့ ပုဂ္ဂိုလ်ကို ရှာကြပြီး ခေါင်းဆောင် ခန့်လိုက်တဲ့အခါ ဒီလူဟာ ဘယ်လို စွမ်းဆောင်ပြသွားမလဲဆိုတာကို သမိုင်းဆန်ဆန် စစ်ကားတစ်ကားကို စိတ်ဝင်တစားနဲ့ ကြည့်ရမှာ ဖြစ်ပါတယ် ခင်ဗျား။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Maverick ဖြစ်ပါတယ်။)...
At the Beginning, It's All Good (2017) ⭐TMDB: 60% User Score 🎬 #Adult #Drama #Comedy 🗓 2017 🎞 movie 🌎 # ⏰ 1 နာရီ 15 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 [18+] At the Beginning, It’s All Good (2017) ********************************************* ဒုံဟျွန်းဆိုတဲ့ ကောင်လေးက မိန်းမမြင်တိုင်း အောက်က ညီလေးက ထောင်ထောင်လာတတ်တဲ့ ရောဂါရှိတဲ့ GYM ထရိန်နာ တစ်ယောက်ဖြစ်တယ် ..အဲဒါကြောင့်ပဲ သူတို့ GYM မှာ လာကစားကြတဲ့ မိန်းကလေး အဖွဲ့ဝင်တွေအားလုံး ထွက်ကုန်ကြပြီး GYM လည်း ပိတ်ရခါနီး အခြေအနေ ဖြစ်လာခဲ့တယ် ..အဲဒီအခါမှာ အမေရိကန်က ဂျယ်နီလို့ခေါ်တဲ့ ဒါရိုက်တာတစ်ယောက်က သူတို့ GYM ကို ရောက်လာခဲ့ပြီးတော့ လုပ်ငန်း ပြန်လည်ကယ်ဆယ်ရေး အစီအစဉ်တွေ စလုပ်ပါတော့တယ် ..ဂျယ်နီနဲ့ အတူတူ ကြည့်ကောင်းတဲ့ အမေရိကန်သား ဒေးဗစ် ခပ်ဟော့ဟော့ ရုရှားမလေး အိုးဂါနဲ့ ဂျပန်မလေး အာအိုအီတို့လည်း ရောက်လာကြတယ် ..GYM မှာကလည်း ဒုံဟျွန်းအပြင် မာရီအိုဆိုတဲ့ မိန်းမမြင်တိုင်း နှာဘူးထနေတဲ့ အထန်ကောင်လည်း ရှိနေခဲ့ရာ သူတိုတွေ တစ်မိုးအောက်မှာ ဘယ်လို အတူနေသွားကြပြီးတော့ ဘယ်လို ဇာတ်လမ်းတွေ ဖြစ်ပေါ်လာကြမလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုခံစားလိုက်ကြပါဦးနော်...
August Rush (2007) ⭐TMDB: 74% User Score 🎬 #Drama #Music #Family 🗓 2007 🎞 movie 🌎 #USA #UnitedStatesofAmerica ⏰ 1 နာရီ 54 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 2007 ခုနှစ်က ထွက်ရှိခဲ့တဲ့ August Rush ဆိုတဲ့ ဇာတ်ကားလေးကိုတော့ အားလုံးသိကြမယ်ထင်ပါတယ်။ Musical Drama အမျိုးအစားဖြစ်ပြီးတော့ ဆုတွေအများကြီးပတ်ယူခဲ့တဲ့အပြင် 2008 ခုနှစ် Oscar ဆုပေးပွဲမှာလည်း အကောင်းဆုံးသီချင်းဆုအတွက် ဆန်ကာတင်စာရင်းထဲဝင်ခဲ့ပါသေးတယ်။ Freddie Highmore, Keri Russell,Jonathan Rys Meyers, Terrence Howard, Robin Williams စတဲ့ နာမည်ကြီးသရုပ်ဆောင်များစွာပါဝင်ထားပြီးတော့ Kirsten Sheridan ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းအကျဉ်း…… လွန်ခဲ့တဲ့ 12 လောက်တုန်းက Washington Square ရဲ့ လရောင်လွှမ်းတဲ့ ခေါင်မိုးလေးတစ်ခုပေါ်မှာ ငယ်ရွယ်တဲ့ဆယ်လိုသမားလေး Lyla Novecek နဲ့ အိုင်းရစ်ချ် အဆိုတော်လေး Louis Connelly တို့ဟာ (Moondance) လို့ခေါ်တဲ့လမ်းဘေးဂီတပညာရှင်ဖျော်ဖြေပွဲကအပြန်မှာ တွေ့ခဲ့ကြပြီးတော့ ချစ်ကျွမ်းဝင်သွားကြပါတယ်။သူမဘဝရဲ့ ကြည်နူးစရာအကောင်းဆုံးညကို ဖြတ်သန်းပြီးတဲ့အခါမှာတော့ Lyla ဟာ Louis ကိုပြန်လာပြီးတွေ့မယ်လို့ကတိပေးခဲ့ပါတယ်။ ဒါပေမယ့်လဲ သူမအဖေရဲ့တားဆီးမှုတွေကြောင့် Lyla ဟာ Louis ကိုပြန်လည်တွေ့ခွင့်မရခဲ့ပါဘူး။ Louis ကလည်းစိတ်ဓာတ်ကျပြီးတော့ ဂီတာကိုဆက်မတီးတော့ပဲနဲ့ သူ့ရဲ့ဂီတကို စွန့်လွှတ်လိုက်ပါတော့တယ်။ Lyla ဟာလည်း သူ့ရဲ့ချစ်အိပ်မက်လေးဆုံးရှူံးသွားပြီး လအနည်းငယ်အကြာမှာလည်း သူတို့ရဲ့ ရင်သွေးလေးကို ကားမတော်တဆမှူတစ်ခုမှာ ဆုံးရှုံးလိုက်ရပြီလို့ ယုံကြည်ခဲ့ရပါတယ်။ မိဘမဲ့ဖြစ်သွားတဲ့ သူတို့ရဲ့ကလေး(Freddie Highmore)ဟာ သူ့မှာပါရမီပါလာတဲ့ ဂီတစွမ်းရည်ကို သဲလွန်စတစ်ခုအနေနဲ့ အသုံးပြုပြီးတော့ သူ့ရဲ့ မိဘတွေကို လိုက်ရှာရပါတော့တယ်။ ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်လို့ မကြည့်ရသေးတဲ့ သူတွေရော ကြည့်ပြီးသားသူတွေရောပါ ထပ်မံကြည့်ရှုသင့်တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။...
American Pie 2 (2001) ⭐TMDB: 62% User Score 🎬 #Adult #Comedy #Romance 🗓 2001 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 51 မိနစ် 32 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 American Pie ဇာတ်ကားတွေဆိုတာနဲ့ အူတက်အောင် ရယ်နေရတဲ့ ကျောင်းသားဟာသ အခွီကားတွေမှန်း သိကြမှာပါ။ဒါပေမယ့် အဲ့လိုဟာသက်သက် အပြောင်အပျက်ဇာတ်ကားတွေမဟုတ်ဘဲ သူ့မှာ တခြားအဓိပ္ပါယ်ရှိတဲ့ ချစ်ခြင်းမေတ္တာ နွေးထွေးမှုတွေအကြောင်း အများကြီးပါဝင်နေပါတယ်။ဒါကို ရှင်းပြဖို့ဆို American Pie ဇာတ်ကားတွေကို အပိုင်း (၂)ပိုင်းနဲ့ ရှင်းပြဖို့လိုပါတယ်။ American Pie ရဲ့ Original မူလဇာတ်ကြောင်းက ဇာတ်ကား (၄) ကားပဲရှိတယ်။– American Pie (1999)– American Pie 2 (2001)– American Wedding (2003)– American Reunion (2012)ဒီရုပ်ရှင်ကား ၄ ကားသာလျင် သရုပ်ဆောင်တွေရော ဇာတ်လမ်းရောက တဆက်တည်းဖြစ်ပါတယ်။ လူငယ်သဘာဝ လူပျိုဖော်ဝင်စ အပျိုဖော်ဝင်စ ပြသနာတွေနဲ့ ကျောင်းသားဟာသတွေကို အစပြုထားပြီးတော့သူငယ်ချင်းတွေကြားက ခင်မင်မှုတွေ၊ ချစ်သူတွေကြားက ကြင်နာယုယမှုတွေ၊ မိသားစုတွေကြားက နွေးထွေးတဲ့မေတ္တာတွေကိုအဓိကထားတင်ဆက်ထားတာမလို့ ရယ်လဲရယ်နေရသလို နွေးထွေးတဲ့ ချစ်ခြင်းမေတ္တာတွေအကြောင်းကိုလဲ ခံစားမိစေမှာပါ။ ဒီရုပ်ရှင်ကား ၄ ကားစလုံးရဲ့ ကုန်ကျစရိတ်က Budget $147 million ခန့်သာရှိခဲ့ပေမယ့် ရုံတင်ဝင်ငွေ Box office $989.5 million ပြန်ရတဲ့ထိ အောင်မြင်ခဲ့ပြီးRating တွေလဲ ထိုက်သင့်သလောက်ကောင်းမွန်ခဲ့သလို ဝေဖန်ရေးဆရာတွေလဲ အကြိုက်တွေ့ခဲ့ကြတဲ့ ဇာတ်ကားတွေဖြစ်ပါတယ်။ နောက်တပိုင်းကတော့ American Pie ရဲ့ Spin-off ဇာတ်ကားတွေဖြစ်တဲ့ American Pie Presents ဇာတ်ကားတွေပါ။– American Pie Presents: Band Camp (2005)– American Pie Presents: The Naked Mile (2006)– American Pie Presents: Beta House (2007)– American Pie Presents: The Book of Love (2009)– American Pie Presents: Girls’ Rules (2020)ဒီ American Pie Presents ဇာတ်ကားတွေကတော့ ဇာတ်လမ်းတွေ ဆက်စပ်မှုသိပ်မရှိတော့ဘဲဆယ်ကျော်သက် ပါတီတွေ၊ နောက်ပြောင်မှုတွေ၊ လိင်မှုဆိုင်ရာ ဟာသတွေကိုသာ အသားပေး တင်ဆက်ထားပါတယ်။မူလဇာတ်ကြောင်းထဲက Jim ရဲ့ အဖေဖြစ်သူနဲ့ Stifler ရဲ့မိသားစုကိုသာ အခြေခံထားပြီး Stifler ရဲ့ညီဝမ်းကွဲတွေက အဓိကဇာတ်ကောင်အဖြစ်ပါဝင်သွားပါတယ်။ ဒီ American Pie Presents ဇာတ်ကားတွေကတော့ direct-to-video(DVD)လိုအဖြစ်သာ ရိုက်ကူးထားတာဖြစ်လို့Rating တွေလဲ သိပ်မကောင်းခဲ့ဘဲ ကျောင်းသားဟာသဇာတ်ကားတွေအဖြစ်သာ ကြည့်ရှုကြရမှာဖြစ်ပါတယ်။ +++++++++++++++ American Pie 2 (2001) IMDb Rating (6.4) ကဲ American Pie (1999) အပြီးမှာတော့ အဆက်အနေနဲ့ ဆက်ထွက်ထားတဲ့ American Pie 2 (2001) လာပါပြီ။ရှေ့ကားက ဇာတ်ကောင်တွေဖြစ်ကြတဲ့ မင်းသား Jason Biggs, Seann William Scott, Chris Klein, Thomas Ian Nicholas နဲ့ Eddie Kaye Thomas တို့အုပ်စုပဲ အဓိကပါဝင်ထားပြီးပထမဇာတ်ကားရဲ့နောက်ဆုံးခန်းမှာ ဆုတောင်းခဲ့ကြတဲ့ သူတို့ရဲ့ နောက်တဆင့်ခြေလှမ်းတွေအကြောင်းပေါ့။ ဒီခါတော့ Jim တို့ Stifler တို့အုပ်စု အထက်တန်းကျောင်းပြီးလို့ ကောလိပ်တွေရောက်နေကြပြီးနွေရာသီကျောင်းပိတ်ရက်မှာ ကောလိပ်ကနေ မွေးရပ်မြို့ကိုပြန်လာကြပါတယ်။ဒီတော့ တယောက်တကျောင်းစီတက်နေရလို့ မတွေ့ရတာကြာပြီဖြစ်တဲ့ သူတို့သူငယ်ချင်းတွေပါတီလုပ်ပြီး အမုန်းကဲကြဖို့ ကမ်းခြေက အိမ်တစ်လုံးကိုငှားဖို့ စီစဉ်ကြပါတော့တယ်…. ထုံးစံအတိုင်း လုပ်လိုက်တိုင်း လွဲနေကျ Jim တို့အုပ်စုကြီးနဲ့ ဘာမှဂရုမစိုက်ဘဲ နင်းကန်ချတတ်တဲ့ စတစ်ဖလာတို့ဘော်ဒါတွေဘာတွေအလွဲလွဲအချော်ချော်တွေနဲ့ ပျော်ကြ ခွီကြရဦးမလဲဆိုတာ……….။ ဘာဆင်ဆာမှမဖြတ်ထားတဲ့ Unrated Version ကို တင်ဆက်ထားပြီးCM အနေနဲ့ မြန်မာစာတန်းထိုးကိုလဲ ယခင်ကထက်ပိုမိုကောင်းမွန်အောင် ပြင်ဆင်ပေးထားပါတယ်။ (American Pie ဇာတ်ကားတွေက အဖော်အချွတ်ခန်းတွေနဲ့ အပြောအဆိုတချို့ကြောင့် R-Rated အဆင့်ဖြစ်ပြီး မိသားစုနဲ့ကြည့်လို့မရပါဘူး။)...
Kromoleo (2024) ⭐IMDB: 3.8/10 (89 Votes) 🎬 #Horror #Thriller 🗓 2024 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 21 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Kromoleo: The Haunting (2024) IMDb Rating (4.2) ၁၉၈၀ ကျော်ခုနှစ်များမှာ အင်ဒိုနီးရှားနိုင်ငံအတွင်း ဆေးမှင်ကြောင်နဲ့လူမိုက်တွေ ပဟေဠိဆန်ဆန်အသတ်ခံခဲ့ရပြီးတစ်တိုင်းပြည်လုံးတုန်လှုပ်ခြောက်ခြားခဲ့ကြရပါတယ်။ အဲ့ဒီလူမိုက်တွေဟာ အောက်လမ်းနည်းအတတ်တွေနဲ့ဆက်စပ်နေပြီး ကျည်ပြီးဓားပြီးသူတွေလို့လည်းပြောစမှတ်တွင်ခဲ့ကြတယ်။ သူတို့တွေကို ဘယ်သူတွေက သတ်နိုင်ခဲ့ကြလဲ ဘာအကြောင်းကြောင့်လဲဆိုတာတွေဟာ အဖြေမပေါ်ခဲ့ပဲ တိမ်မြုပ်ပျောက်ကွယ်သွားခဲ့ပါတယ်။ နောက်ဆယ်နှစ်အကြာမှာတော့ ဇီယာဆိုတဲ့ ကောင်မလေးဟာ မိခင်ဖြစ်သူဈာပနအတွက် ငယ်ဘ၀ကတည်းက စွန့်ခွာခဲ့တဲ့သူတို့ရွာလေးကိုပြန်ရောက်လာခဲ့ပါတယ်။ ရွာကလူတွေဟာ သူ့ကိုမြင်တာနဲ့မျက်စိပျက်မျက်နှာပျက်ရှောင်ဖယ်ပြေးကြသလို တစ်ဦးတည်းသော သွေးရင်းဖြစ်တဲ့ အဘိုးဖြစ်သူကလည်း ဈာပနပြီးတာနဲ့ဇီယာကို ချက်ချင်းပြန်လွှတ်ဖို့စိတ်စောနေပါတယ်။ အဲ့ဒီအချိန်မှာပဲရွာလယ်ကွက်လပ်မှာ သူကြီးဖြစ်သူက ရွာသားတွေကိုစုဝေးပြီးတော့ မှာတမ်းချွေခဲ့ပါတယ်။ အဲ့ဒါကတော့ ရွာသားတွေအားလုံး ဒီညမှာအပြင်မထွက်ဖို့၊ ပြူတင်းပေါက်နားမှာမနေဖို့၊ တံခါးတွေလုံလုံခြုံခြုံပိတ်ထားဖို့နဲ့ ဘယ်သူတံခါးလာခေါက်ခေါက်ဖွင့်မကြည့်ဖို့ပါပဲ၊ အဲ့ဒါတွေအပြင် ”သူတို့” ဆိုသူတွေနဲ့ထိပ်တိုက်မတိုးမိအောင် ကံဆိုးသူတွေကတော့ အဲ့ဒီ ”သူတို့” ကိုမျက်လုံးချင်းဆုံမကြည့်ဖို့မှာခဲ့ပါတယ်။ ရွာသားတွေ ဒီလောက်အထိ အထိတ်တလန့်ဖြစ်စေရအောင် ဘယ်လိုအန္တရာယ်တွေရှိနေလို့လဲ? ”သူတို့” ဆိုတဲ့ပုဂ္ဂိုလ်တွေကရော ဘယ်သူတွေဖြစ်မလဲ? လွန်ခဲ့တဲ့ ဆယ်နှစ်က ဖြစ်ရပ်တွေနဲ့ ဒီကနေ့ရွာကိုပြန်ရောက်လာတဲ့ ဇီယာဟာ အခုကျရောက်လာမယ့်အန္တရာယ်တွေနဲ့ဘယ်လိုပတ်သက်နေမလဲဆိုတာတွေကို ခြောက်ခြားဖွယ်ပဟေဠိတွေနဲ့သည်းထိတ်ရင်ဖိုကြည့်ရှုရမှာဖြစ်ပါတယ်။ ၂၀၂၄ မှာပေါက်ကား တစ်ကားဖြစ်ခဲ့တဲ့ ဟော်ရာကား Vina: Before 7 Days ဒါရိုက်တာရဲ့လက်ရာပဲဖြစ်ပါတယ်။ (Vina ကအကြည်မထွက်သေးပါဘူး) (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)...
Mufasa: The Lion King (2024) ⭐IMDB: 6.7/10 (25 k Votes) 🎬 #Action #Adventure #Animation #Drama #Family #Fantasy #Musical 🗓 2024 🎞 movie 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 51 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Simba ဆိုတဲ့ ခြင်္သေ့ဘုရင်ကိုတော့ မသိသူဆိုတာ မရှိသလောက်ပါပဲ။ Animation မှာရော Live Action မှာပါ လူကြိုက်များပြီး အောင်မြင်မှုတွေ ရထားပါတယ်။ ဒါပေမဲ့ Simba ဆိုတာ Mufasa မရှိရင် ဖြစ်မလာပါဘူး။ ဒီတော့ ကျွန်တော်တို့တွေ Simba ဆိုတဲ့ ခြင်္သေ့ဘုရင်ကို မွေးထုတ်ပေးခဲ့ပြီး တစ်ချိန်ကလည်း သူကိုယ်တိုင် ခြင်္သေဘုရင်ဖြစ်ခဲ့တဲ့ Mufasa အကြောင်းကို နောက်ကြောင်းပြန်လိုက်ကြရအောင်ပါ။ ဒီဇာတ်လမ်းမှာတော့ Mufasa ဆိုတာ ဘာလဲ။ Mufasa ဟာ ခြေလေးချောင်းသတ္တဝါတွေ ဘုရင်တစ်ပါး ဘာကြောင့်ဖြစ်နေရလဲ။ ဒီလို တောဘုရင်တစ်ပါးဖြစ်မလာခင် သူ့နောက်ကြောင်းကရော ဘာလဲ။ သူဘယ်လို အခက်အခဲတွေ ဖြတ်သန်းခဲ့ရလဲဆိုတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။...
Wallace & Gromit: Vengeance Most Fowl (2024) ⭐IMDB: 7.8/10 (16 k Votes) 🎬 #Adventure #Comedy #Animation #Family #SciFi 🗓 2024 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 16 မိနစ် 3 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီကာကွန်းကားလေးကတော့ ခရစ္စမတ်နေ့ကမှထွက်ရှိထားတဲ့ Comedy Adventure Animation ကားလေးဖြစ်ပါတယ်။ ဒီ Wallace and Gromit ဇာတ်ကားဟာ ၂၀၀၅ ခုနှစ်မှာတစ်ကား ၂၀၀၈ ခုနှစ်မှာ တစ်ကားထွက်ရှိခဲ့ပြီးတော့ အခုဒါနဲ့ဆိုရင် Trilogy ဖြစ်သွားခဲ့ပြီဖြစ်ပါတယ်။ သုံးကားလုံး Rating တွေလည်းကောင်းကြတာမို့ ကြည့်လို့ကောင်းမယ့်ဇာတ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဝေါလေ့စ်ဟာ တီထွင်သူတစ်ယောက်ဖြစ်တာနဲ့အညီ အိမ်အလုပ်တွေခိုင်းလို့ရမယ့် စက်ရုပ်တစ်ရုပ်ကိုတီထွင်လိုက်ပါတယ်။ သူ့ရဲ့စွမ်းဆောင်ချက်တွေကိုမြင်လိုက်ရတဲ့အိမ်နီးချင်းတွေဟာ စက်ရုပ်ကိုသဘောကျသွားပြီးတော့ သူတို့အိမ်တွေမှာပါလိုက်ပြီးအလုပ်လုပ်ပေးဖို့ ဝေါ့လေ့စ်ကိုတောင်းဆိုလာပါတယ်။ ဒီလိုနဲ့ ဝေါလေ့စ်ဟာ စက်ရုပ်အများအပြားတီထွင်ပြီး လုပ်ငန်းကိုချဲ့ထွင်လိုက်ပါတယ်။ ဒါပေမဲ့ နည်းပညာမှာကောင်းကျိုးရှိသလို ဆိုးကျိုးတွေလည်းပါလာတာကြောင့် ဒီစက်ရုပ်တွေနဲ့အကျိုးဆက်တွေကို ဝေါလေ့စ်နဲ့ဂရိုမစ်တို့နှစ်ဦးသား တွေ့ကြုံရပါတော့တယ်။ ဒီဇာတ်လမ်းကတော့ အားလပ်ရက်မှာ မိသားစုနဲ့အတူပေါ့ပေါ့ပါးပါးကြည့်လို့ကောင်းမယ့် စွန့်စားခန်း ဟာသကာတွန်းကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။...
The Nice Guys (2016) ⭐IMDB: 7.4/10 (387 k Votes) 🎬 #Action #Comedy #Crime #Thriller 🗓 2016 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 56 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Nice Guys (2016) IMDb Rating (7.4) / Rotten Tomatoes (91 %) The Nice Guys 2016 အမေရိကန်ဇာတ်ကားဟာဆိုရင်ဖြင့် မင်းသားကြီး Russell Crowe နဲ့ Ryan Gosling တို့ ဦးဆောင်ပါဝင်ထားတဲ့ အပစ်အခတ် အညစ်အပတ် ဟာသဇာတ်တစ်ခုဖြစ်ပါတယ်။ IMDb 7.4 ကို အချိုအချောင်ရထားတဲ့ဇာတ်ကားမဟုတ်ပါဘူး။ ခရမ်းချဉ်သီးပုပ် 91 ရာနှုန်းကလည်း ဝေဖန်ခံနိုင်တဲ့ ဇာတ်ကားကောင်းဖြစ်တယ်ဆိုတာ သိသာစေတာပေါ့။ ဇာတ်ကွက်တစ်ခုချင်းဆီမှာ ဖော်ကွက်လေးတွေပါပြီး မြန်ဆန်တဲ့ plot twist တွေကို ဖြေထုတ်ထားတာပါ။ အကြမ်းအရမ်းကို Russell Crowe က တာဝန်ယူထားပါတယ်။ Gladiator 2000 မှာ မြင်တွေ့ခဲ့ရသလိုပဲ မင်းသားကြီးက တည်ငြိမ်ရင့်ကျက်ပြီး အေးအေးမှန်မှန် သရုပ်ဆောင်သွားတာကို တွေ့ရမှာပါ။ ဟာသဘက်ကိုတော့ Ryan Gosling ပဲ သယ်ရတာပေါ့လေ။ ဒါပေမဲ့ Blade Runner 2049 ကနဲ့တော့ မတူတော့ပဲ ခပ်သွက်သွက် အူကြောင်ကြောင်စရိုက်ကို ပေါ်လွင်အောင် ဖော်ကျူးသွားပါတယ်။ ဇာတ်ကြောင်းဆိုတာထက် ဇာတ်ကွက်ကို အသားပေးတဲ့ဇာတ်လမ်းဖြစ်တာမို့ spoiler alert သိပ်မရှိဘဲ ကြည့်ရှုနိုင်မှာပါ။ ဇာတ်လမ်းကိုက ဘာဖြစ်မယ်ဆိုတာ အစောကြီးက သိပြီးထားပြီမို့ ဘယ်လိုတင်ပြသွားမယ်ဆိုတာကိုပဲ စောင့်ကြည့်ရမယ့်ဇတ်လမ်းဖြစ်ပါတယ်။ အခြေခံ Theme အရလည်း ဇာတ်လမ်းကျောရိုးက အရင်းရှင်ဗျူရိုကရေစီတွေနဲ့ နစ်နာသူပြည်သူတွေကြားက ဖန်တရာတေဇာတ်လမ်းဖြစ်ပါတယ်။ ဒါပေမဲ့ ဟောလိဝုဒ်ဇာတ်ကားတွေနဲ့ပြောင်းပြန် လူကောင်းတွေက ကျရှုံးရတဲ့ဇာတ်မလို့ အရသာတစ်မျိူး ရနေဦးမှာပါ။ ဘာမဆို အလွဲလုပ်တတ်တဲ့ ကမ္ဘာပေါ်က အညံ့ဆုံးစုံထောက်ကြီး မာ့ခ်ျ ရယ်၊ ပိုက်ဆံရရင် လူတွေကိုလိုက်ရိုက်ပေးတတ်တဲ့ လူမိုက်ကြီး ဟေလီ ရယ်၊ 13 နှစ်သမီး ဟိုလီ ရယ်တို့က ကားလောကရဲ့ ကြီးသုံးကြီးကိုဆန့်ကျင်လို့ နံရံကို ခေါင်းနဲ့ဝင်ဆောင့်မိတဲ့အဖြစ်ကို တွေ့မြင်ရမှာပါ။ အရင်းရှင်များ ရပ်တည်နိုင်ရေးအတွက် သမီးကိုတောင် ချနင်းရက်နိုင်တဲ့ တရားရေးရာဌာနရဲ့ ဌာနမှူးကို အပြစ်ရအောင် စွမ်းနိုင်ခဲ့ပေမဲ့ ရေသောက်မြစ်ကြီးကတော့ ပန်းပန်လျက်ပဲဖြစ်နေတာကို အသည်းမပေါက် အေးဆေးတည်ငြိမ်စွာ လက်ခံသွားတဲ့ မင်းသားကြီးနှစ်ဦးရဲ့ ပြောင်မြောက်တဲ့အမူအရာတွေကို ပြန်လည်ခံစား ကြည့်ရှုကြပါဦးစို့ရဲ့လားဗျာ။ မင်းသမီး Margaret Qualley တယောက် အရမ်းလှနေတာကလဲ ဒီကားကို ကြည့်သင့်တဲ့အချက်တချက်ပါပဲ။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Arr Khun Winchester မှ တင်ဆက်ထားပါတယ်။)...
Drug Hunter 2 (2024) ⭐TMDB: 0% User Score 🎬 #Action #Mystery 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 10 မိနစ် 3 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါ CM ကနေမှုခင်းဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ချင်ပါတယ်။ဇာတ်ကားလေးကတော့ရွာလေးတစ်ရွာမှာ ကျန်းမင်ဆိုတဲ့လူတစ်ယောက်သေဆုံးသွားခဲ့ပြီး ဈာပနပွဲကျင်းပနေစဉ်မှာရဲတွေကဈာပနပွဲကျင်းပသူတွေကို ဖမ်းဆီးနေတာပေါ့။ အကြောင်းရင်းကတော့ သေဆုံးသူကျန်းမင်က မူးယစ်ဆေးရောင်းဝယ်ဂိုဏ်းနဲ့ပတ်သက်မှုရှိနေပြီး အလောင်းကိုယ်ထဲကိုမူးယစ်ဆေးတွေဖွက်သယ်နေကြတဲ့ ဂိုဏ်းအဖွဲ့ဝင်တွေကိုဖမ်းဆီးဖို့ပဲ။ဒါပေမဲ့ ဘယ်လိုမှရှာမတွေ့တာကြောင့်အလျော့ပေးခဲ့လိုက်ရတယ်။ ဒီအမှုဖြစ်ပွားတဲ့နေရာကတော့ လန်ရှီးရွာလေးဖြစ်ပြီးလန်ရှီးရွာအနီးတဝိုက်မှာတင်လူသတ်မှုတွေ ဖြစ်ပွားနေတာကြောင့် မူးယစ်ဆေးတိုက်ဖျက်ရေးအဖွဲ့ခေါင်းဆောင်ဖြစ်သူရန်ယွိဖန်က ဒီလူသတ်မှုရဲ့ခေါင်းဆောင်ကဒီရွာမှာရှိနေမယ်လို့သတ်မှတ်ပြီးတော့ရွာထဲကို ဝင်စုံစမ်းကြတယ်။ဒီလိုနဲ့ရွာရဲ့စခန်းမှူးဖြစ်သူလီဝေမင်ကလည်းဒီအမှုကြောင့် ခရိုင်ကနေရွာကိုပြောင်းလာပြီး ရန်ခေါင်းဆောင်တို့နဲ့အတူတူလိုက်လံစုံစမ်းဖော်ထုတ်ကြတဲ့အခါမှာ ဘာတွေဘယ်လိုဆက်ဖြစ်လာကြမလဲ။မူးယစ်ဆေးရောင်းဝယ်ဂိုဏ်းတွေရဲ့ ရက်စက်ယုတ်မာမှုတွေကိုထင်ပေါ်အောင်ပြသထားတဲ့ဇာတ်ကားလေးဖြစ်တာကြောင့် စောင့်မျှော်ကြည့်ရူလိုက်ရအောင်...
Graveyard Shark (2024) ⭐IMDB: 3.3/10 (179 Votes) 🎬 #Comedy #Horror 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 38 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အက်ဘီဟာ သဘာဝနယ်လွန် သတ္တဝါတွေ ပဟေဠိတွေကို အဖြေရှာဖို့ ကြိုးစားနေတဲ့သူပါ။ တစ်ချိန်တည်းမှာပဲ ဝီလ်စ်ဘိုရိုပွိုင့်ရဲ့ သင်္ချိုင်းမြေမှာ သင်္ချိုင်းငါးမန်းက သတ်ဖြတ်နေတယ်ဆိုတဲ့ ကောလဟာလတွေလဲ ပျံ့နှံ့နေပါတယ်။ သင်္ချိုင်းငါးမန်းလက်က လွတ်လာတဲ့ အသက်ရှင်ကျန်ရစ်သူတွေလဲရှိပြီး အဆိုပါ အသက်ရှင်သူတွေအတွက် အပတ်စဥ်တွေ့ဆုံပွဲလေး လုပ်လေ့ရှိပါတယ်။ ဒီကောလဟာလတွေကို အဖြေရှာဖို့ ဆွေးနွေးပွဲကို ဦးဆောင်တဲ့ ဒေါက်တာက အက်ဘီ့ကို လာရှာပါတယ်။ အက်ဘီလဲ အလုပ်ကို လက်ခံလိုက်ပြီး သင်္ချိုင်းငါးမန်းနောက်ကို လိုက်ဖို့ ပြင်ပါတော့တယ်။ ရုပ်ရှင်က အနည်းငယ် budget ဆန်ပြီး 18+ အခန်းတွေနဲ့ စကားပြောကြမ်းတာလေးတွေ ပါတာကို သတိပြုစေချင်ပါတယ်...
Welcome Wedding (2024) ⭐TMDB: 0% User Score 🎬 #Bollywood #Comedy #Romance 🗓 2024 🎞 movie 🌎 # ⏰ 1 နာရီ 53 မိနစ် 36 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Welcome Wedding (2024)မင်္ဂလာပွဲ ဒီတစ်ခါတင်ဆက်ပေးမယ့်ဇာတ်ကားကတော့ဘောလိဝုဒ်ပရိသတ်ကြီးတို့ ပေါ့ပေါ့ပါးပါးကြည့်ရှုနိုင်မယ့်ဟာသအချစ်ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်ဗျ။ ဒီကားမှာတော့ မင်းသားဖြစ်သူပရမ်းဟာ အမေရိကမှပညာသင်ပြီးပြန်လာတဲ့ သူဌေးသားလေးဖြစ်ပါတယ်။သူ့အဖေဟာ သားအပေါ်က မျှော်လင့်ချက်ကြီးလွန်းပြီးပြန်လာတာနဲ့ကုမ္ပဏီကိုလွှဲပေးဖို့ပြင်နေသူပါ။ဘုန်းတော်ကြီးတစ်ပါးရဲ့ဟောပြောချက်အရပရမ်းရဲ့ပထမဆုံးခြေလှမ်းဟာ ကုမ္ပဏီမှာဖြစ်မှကြီးပွားတိုးတက်မယ်လို့ တစ်ထစ်ချယုံကြည်ထားပေမဲ့သားတော်မောင်က ရုံးကိုမလာဘဲ အိမ်ပြန်သွားလို့ စိတ်ဆိုးနေပါတယ်။ ပရမ်းကတော့ လူငယ်ပီပီ ဟောပြောချက်ကိုမယုံကြည်တာကြောင့်အဖေနဲ့သားကြားမှာ အလောင်းအစားတစ်ခုလုပ်ခဲ့ကြပါတော့တယ်။ ဘယ်လိုအလောင်းအစားလုပ်ပြီး ဘယ်လိုအခြေအနေအခက်အခဲတွေတွေ့ရမလဲ..ဘယ်လိုလှည့်ကွက်တွေလာမလဲဆိုတာကိုတော့ ဇာတ်လမ်းတလျှောက်ကြည့်ရှုခံစားပေးပါဦးဗျာ။ ( ဘာသာပြန်နဲ့အညွှန်းကတော့ CM Bollywood Team မှ ရေးသားထားပါတယ်...
