ဇာတ်ညွှန်းများ • FDMN
Yopiq kanal
Ma'lumot yo'q
Obunachilar
-524 soatlar
-47 kun
+730 kun
Postlar arxiv
Inexistent (2023)
⭐IMDB: 7.1/10 (17 Votes)
🎬 #Thriller
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 20 မိနစ် 15 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Inexistent (2023)============
ငယ်ငယ်က စိတ်ကူးယဥ်သူငယ်ချင်းတွေနဲ့ ကစားတတ်တဲ့စိတ်ထင်ယောင်ထင်မှားရောဂါရှိတဲ့ ဆယ်ကျော်သက်ကောင်မလေး Shivana က အိမ်ထောင်ရှိအမျိုးသား Patrick နဲ့ချစ်ကြိုက်ပြီး ဖောက်ပြန်နေခဲ့တယ်။ ငယ်ငယ်ကတည်းကအချစ်စစ်ကိုမရခဲ့လို့ တွယ်ကပ်တတ်တဲ့ Shivana ကPatrick နဲ့အတူနေနိုင်ဖို့ သူ့ဇနီးသည်ကို သတ်ဖို့ကြိုးစားပါတော့တယ်။ နောက်ပိုင်းမှာ ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့ ဒီဇာတ်လမ်းမှာ စိတ်ဝင်စားဖွယ် ဆက်လက်ကြည့်ရှုနိုင်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thwal Htoo Zin ဖြစ်ပါတယ်)...
Trumbo (2015)
⭐IMDB: 7.4/10 (84 k Votes)
🎬 #Biography #Drama
🗓 2015 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 2 နာရီ 5 မိနစ် 30 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီတစ်ခါမှာတော့ စာရေးဆရာ ဒေါ်လ်တန်ထရမ်ဘိုရဲ့ဘဝအကြောင်းကိုရိုက်ကူးထားတဲ့ Trumbo ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားလေးထဲမှာ Breaking Bad ထဲမှမင်းသားကြီး Bryan Cranstonကပါဝင်သရုပ်ဆောင်ထားပြီး Malificent ထဲက မင်းသမီးလေး Elle Fanning လည်းပါဝင်ထားပါတယ်။
ဇာတ်လမ်းအကျဥ်းလေးကတော့
ထရမ်ဘိုဟာ 1947 မှာဟောလိဝုဒ်ရဲ့အအောင်မြင်ဆုံးထိပ်သီးစာရေးဆရာတစ်ယောက်ပါ ဒါပေမဲ့ သူနဲ့အတူ အခြားအနုပညာရှင်တချို့ဟာ ကွန်မြူနစ်တွေအဖြစ် စုံစမ်းစစ်ဆေးခံရပြီး တရားရင်ဆိုင်ရပါတယ် နောက်ပြီး သူတို့တွေကို နာမည်ပျက်စာရင်းသွင်းပြီး သပိတ်မှောက်ကြပါတယ်။
ထရမ်ဘိုတို့ဟာလည်း အလုပ်သမားအခွင့်အရေးအတွက် တက်ကြွလှုပ်ရှားမှုတွေမှာထဲထဲဝင်ဝင်ပါဝင်ခဲ့ပြီး ထောင်ကျခဲ့ပါတယ်။ ထောင်ကထွက်လာပြီးနောက်မှာ သူ့ကိုဘယ်သူကမှအလုပ်တွဲမလုပ်ကြတော့ပါ မခေါ်မပြောနဲ့ဝိုင်းပြီးခွဲခြားခံခဲ့ရပါတယ်။ ဒါပေမဲ့ အဲ့လိုအခြေအနေမှာတောင် ဒေါ်လ်တန်တစ်ယောက် စကားလုံးနဲ့ဥာဏ်ပညာကိုအသုံးချပြီး အကယ်ဒမီဆုနှစ်ဆုကိုရအောင်ယူပြခဲ့ပါတယ် အဲ့နောက်မှာတော့ နာမည်ပျက်စာရင်းဆိုတာကြီးကို ဖျောက်ဖျက်ဖို့သူဘယ်လိုကြိုးစားခဲ့တယ်ဆိုတာကို ပုံဖော်ရိုက်ကူးထားပါတယ်ဒီဇာတ်ကားဟာ ဒေါ်လ်တန်ထရမ်ဘိုရဲ့ အတ္ထုပ္ပတ္တိကိုရိုက်ကူးထားတဲ့ Biography Film အမျိုးအစားလေးပါ။...
First Reformed (2017)
⭐IMDB: 7.1/10 (61 k Votes)
🎬 #Drama #Mystery #Thriller
🗓 2017 🎞 movie
🌎 #UnitedStates #UnitedKingdom #Australia #UnitedStatesofAmerica
⏰ 1 နာရီ 54 မိနစ် 5 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီဇာတ်ကားလေးကတော့ မင်းသားကြီး Ethan Hawke ပါဝင်ထားတဲ့ psychological drama လေးပါ။
ဇာတ်လမ်းအကျဉ်းကတော့ ဖာသာတိုလာဟာ အရွယ်ကောင်းစဉ်က စစ်တပ်ထဲကသင်းအုပ်ဆရာဖြစ်ပါတယ်။ မိန်းမဖြစ်သူသဘောမတူတဲ့ကြားက သားဖြစ်သူကို စစ်မှုထမ်းပြီး စစ်တိုက်ထွက်ဖို့ ကိုယ်တိုင် တိုက်တွန်းခဲ့ရာကနေ သားဖြစ်သူ စစ်ပွဲမှာ ကျဆုံးသွားခဲ့တဲ့အတွက် စိတ်ထောင်းကိုယ်ကြေဖြစ်ကာ စစ်ထဲကထွက်လာပြီး ဘုရားကျောင်းလေးတစ်ခုမှာ ရောဂါအခံလေးရှိလာတဲ့ သူ့ဘဝကို ဘယ်လိုကြိုးစား ရုန်းကန်းဖြတ်သန်းနေရလဲ ဆိုတာကို ဆွတ်ပျံ့ကြေကွဲဖွယ် ရိုက်ကူးထားတဲ့ဇာတ်လမ်းကောင်းလေးတစ်ပုဒ် ဖြစ်ပါတယ်။
IMDb Rating 7.1/10 ရရှိထားပြီးတော့ Tomatometer မှာ 94 % တောင် ရရှိထားတဲ့အပြင် ဇာတ်လမ်းလေးက အေးအေးငြိမ်ငြိမ်နဲ့ သွားထားပြီး ကင်မရာရိုက်ကူးတင်ဆက်ပုံကောင်းတဲ့အပြင် မင်းသားကြီး Ethan ရဲ့ သရုပ်ဆောင်ပီပြင်ကောင်းမွန်မှုကြောင့် မှတ်ချက်ကောင်းတွေရထားတဲ့ဇာတ်ကားဆိုလည်း မမှားတဲ့အတွက် ကြည့်ရကျိုးနပ်တဲ့ကားလေးဖြစ်မှာပါ။
ဘာသာပြန်ဆိုသူကတော့ Matteo ဖြစ်ပြီး ဘာသာပြန်အမှားအယွင်းရှိရင် ခွင့်လွှတ်နားလည်ပေးစေချင်ပါတယ်။...
Teddy (2020)
⭐TMDB: 0.0% User Score
🎬 #Adult #Bollywood #Comedy #Romance
🗓 2020 🎞 movie
🌎 #India
⏰ 53 မိနစ် 56 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Teddy (2020)
အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ လူကြီးတွေသာ ကြည့်ရမယ့်ကားလေးပဲဖြစ်ပါတယ်။
ဘဝသက်တမ်းတစ်လျှောက်လုံး လက်သမားဘဝနဲ့ ဝက်ဝံရုပ်လေးကိုသာအားကိုးနေရတဲ့ ဘဗ်လူးဟာ ရုတ်တရက် မိန်းမရသွားခဲ့ပါတယ်။
ဇရက်တောင်ပံကျိုးနေတဲ့သူ့ဘဝအတွက် မှော်လိပ်ပြာလေးပေါ့နော်။ယောက်ျားတို့ရာဂရှိသမျှခြစ်ထုတ်ပါ့မယ်ဆို သူ့ညီလေးက ခဲသာခဲထားရတယ် မစွမ်းပါဘူး။
အဲ့ဒီမှာပဲ အိမ်ထောင်မှုဘဝဖြစ်တတ်တဲ့သဘောတွေနဲ့ သူစိမ်းတွေက ကြောင်တောင်နှိုက်လာတဲ့အခါမှာတော့….။
Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။...
Six Weeks (2022)
⭐IMDB: 7.3/10 (458 Votes)
🎬 #Drama
🗓 2022 🎞 movie
🌎 #Hungary
⏰ 1 နာရီ 32 မိနစ် 3 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Six Weeks (2022)
~ IMDb rating – 7.3/10 ~
ဒီကားလေးကတော့ စထွက်လာတည်းက ရုပ်ရှင်ဆုပေးပွဲတွေမှာ Nomination တွေဝင်၊ ဆုတွေရခဲ့တဲ့ ဟန်ဂေရီ ဒရာမာကားကောင်းလေး တစ်ကားပဲဖြစ်ပါတယ်။
~ ဇာတ်လမ်းအညွှန်း ~
စိတ်ကျန်းမာရေးမကောင်းတဲ့အမေရယ် ညီမတစ်ယောက်ရယ်နဲ့ ဘဝကို ကြမ်းကြမ်းတမ်းတမ်းဖြတ်သန်းနေရင်း တဖက်မှာလည်း ဥရောပဖလားမှာ အနိုင်ရ အိုလံပစ်ကို ဝင်ပြိုင်မယ်ဆိုတဲ့ အတွေးနဲ့ကြိုးစားရင်း ရည်းစားဖြစ်သူ ခရစ်စီယန်နဲ့ မတော်တဆ ကိုယ်ဝန်ရသွားတဲ့ ဆိုဖီယာတစ်ယောက် ရည်းစားကလည်း တာဝန်မယူခေါင်းရှောင်နေတာကြောင့် ကလေးလိုချင်နေတဲ့ အမ်မာနဲ့ဂါဘာတို့ဆီ ကလေးကို ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။
ဟန်ဂေရီနိုင်ငံရဲ့ ဥပဒေအရ မွေးစားခွင့်ဟာလည်း ကလေးမွေးပြီး ခြောက်ပတ်အကြာမှသာ တရားဝင်ဖြစ်တာကြောင့် အဲဒီခြောက်ပတ်အတွင်း အမေရင်းဖြစ်သူ ဆိုဖီယာတစ်ယောက် ဘယ်လို ခံစားချက်တွေ ရင်ဆိုင်မှုတွေ တွေ့ကြုံရလဲဆိုတာ ရိုက်ကူးပြသထားတဲ့ ဒရာမာကားကောင်းတစ်ကားပါပဲ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုDBမှ ပြန်ဆို ရေးသားထားပါတယ်)...
Parastree (2023)
⭐IMDB: 6.1/10 (22 Votes)
🎬 #Bollywood #Thriller
🗓 2023 🎞 movie
🌎 #Nepal #India
⏰ 2 နာရီ 1 မိနစ် 32 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Parastree (2023)IMDb 6.1/10
(Adult scene တချို့နှင့် သတ်ခန်းဖြတ်ခန်းများအားပီပြင်စွာရိုက်ကူးထားသည့်အတွက်မိသားစုနှင့်အတူကြည့်ရန် မသင့်တော်ပါ)
သူများပိုင်တဲ့ပိုက်ဆံ ဇနီးမယားကိုပစ်မှားစိတ်နဲ့ကြည့်တာက အိပ်ရာပေါ်သေခါနီးဆဲဆဲကို မီးရှို့သတ်သေတာနဲ့တူပါတယ်တဲ့ သူများပိုင်ဆိုင်မှုကိုမှသဘောကျတတ်သူတွေ ရှိတာနဲ့ရောင်ရဲမတင်းတိမ်နိုင်ဘဲလိုက်ပွဲလိုချင်တဲ့လူတွေကိုဘယ်လိုမျိုးပညာတွေပြမလဲဆိုတာအားပါးတရကြည့်ရှုရမှာပဲဖြစ်ပါတယ်
အာဗယာဆိုတာက ရေဒီယိုအသံလွှင့်ဌာနက ချိုသာလွန်းတဲ့အသံကြောင့်အမာခံပရိသတ်များစွာရရှိထားသူတစ်ယောက်ပါ သူ့မှာအမျိုးသားက ငယ်စဉ်ကတွေ့ကြုံခဲ့တဲ့ဖြစ်ရပ်တစ်ခုကြောင့် တချို့ကိစ္စတွေမှာစိတ္တဇဆန်ဆန်ဖြစ်နေသူတစ်ဦးပေါ့ ဒီအချက်ကိုအာဗယာကမကြိုက်ပါဘူး
ဒီလိုနဲ့တစ်နေ့ အာဗယာ့အမျိုးသားကအလုပ်ကိစ္စနဲ့ပြည်ပခရီးရှည်တစ်ခုထွက်သွားတယ် တစ်ဖက်မှာလည်း အာဗယာဆော့နေကျ Gym ရုံမှာ လူသစ်တစ်ယောက်ရောက်လာပြီးအာဗယာ့ကိုမြင်မြင်ချင်းသဘောကျသွားလေတော့ အဖော်မဲ့နေတဲ့အာဗယာ့ကိုယောကျာ်းမာယာနဲ့နည်းလမ်းကုန်ထုတ်သုံးပြီးတော့ပိုးပန်းပါတော့တယ်
ယောကျာ်းဖြစ်သူကိုစိတ်ကုန်နေတဲ့သူမအတွက် အချစ်သစ်တွေပြန်လန်ပွင့်လန်းလာချိန်မှာ ယောကျာ်းဖြစ်သူပြန်ရောက်လာတာနဲ့တိုးလေတော့ အရင်ကမှစိတ္တဇဖြစ်နေတဲ့အမျိုးသားတစ်ယောက်က အချစ်ရဆုံးမိန်းမဖောက်ပြန်ခံလိုက်ရတဲ့ခံစားချက်ပါထပ်တိုးလေတော့ သူတို့ဘယ်လိုတွေဆက်ဖြစ်သွားမလဲ ဥာဏ်ပညာကပဲအနိုင်ရမလား ဥပဒေကပဲအနိုင်ရမလား..(အညွှန်းကိုတော့ Yunni ကရေးသားပေးထားပြီး ဘာသာပြန်တွေကတော့ Yunni~ BpL တို့ပဲဖြစ်ပါတယ်)
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Tagaru Palya (2023)
⭐IMDB: 8.7/10 (109 Votes)
🎬 #Bollywood #Drama #Comedy
🗓 2023 🎞 movie
🌎 #India
⏰ 2 နာရီ 8 မိနစ် 58 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Tagaru Palya (2023) “ချိုကုတ်မွှေတဲ့ ရိုးရာပွဲ”
IMDb-8.9/10ပရမ်ကူးမားလို့ နာမည်ကျော်တဲ့ ကန်နေဒါမင်းသားကြီး ပရမ်ရဲ့ သမီးချောလေးအမ်ရူသာပရမ်ရဲ့ ပွဲဦးထွက် ကန်နေဒါစကားပြော အိန္ဒိယဇာတ်လမ်းလေးကို တင်ဆက်ပေးပါရစေ။
ကျေးလက်သဘာ၀နဲ့ ရိုးရာဓလေ့တွေအပြင် အချစ် ဟာသရောနှောထားပြီး ဆိတ်ကလေးတကောင်ပါ အဓိကပါဝင်ထားတာမို့ အပျင်းပြေစရာ ရုပ်ရှင်တစ်ကားဖြစ်စေမှာပါ။ သမီးဖြစ်သူကို ဆင်စီးမြင်းရံတာမြင်ချင်တဲ့ ဖခင်တစ်ယောက်အနေနဲ့ သမီးဖြစ်သူကောင်းကောင်းမွန်မွန် အိမ်ထောင်မှုတစ်ခုပြုနိုင်ရင် ရိုးရာပွဲကျင်းပဖို့ရည်မှန်းထားပါတယ်။သူ့ရည်မှန်းချက်အောင်မြင်သွားတဲ့အခါမှာတော့ ရိုးရာဓလေ့အတိုင်း တောထဲက ဘုရားကျောင်းမှာ ဆိတ်တစ်ကောင်ကို ယဇ်ပူဇော်ပြီး ရိုးရာပွဲကျင်းပဖို့စီစဉ်ပါတော့တယ်။ သားမက်လောင်းက မြို့ပေါ်က အင်ဂျင်နီယာဆိုတော့ တစ်ရွာလုံးကိုကြွားလုံးထုတ်ပြီး ရိုးရာပွဲကိုဖိတ်ခဲ့ပါရော။
အသားနဲ့အရက်ပါမှာဆိုတော့ တစ်ရွာလုံးက ကာလသားကြီးငယ် မိန်းမပျိုအိုမကျန်လိုက်ကြတာပေါ့။ အဲဒီမှာပဲ အဖေ့စကားနားထောင်ပြီး လက်ထပ်ပါမယ်ဆိုတဲ့ သမီးဖြစ်သူရဲ့ ဖုံးကွယ်ထားတဲ့ အမှန်တရားပေါ်လာတဲ့အချိန်…။ ယဇ်ပူဇော်ဖို့ရာ သယ်လာခဲ့တဲ့ ချိုကုတ်နဲ့ဆိတ်ကလေးက အငြိမ်မနေပဲမွှေတဲ့အခါမှာတော့…။ အဖေဖြစ်သူတစ်ယောက် ဘယ်လိုတွေစီမံပြီး ဘယ်လိုဒုက္ခတွေ တွေ့မလဲဆိုတာ ကြည့်ရှုခံစားကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပါပဲ)
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
The Four Feathers (2002)
⭐TMDB: 66.0% User Score
🎬 #Action #Adventure #Drama #Romance #War
🗓 2002 🎞 movie
🌎 #UnitedKingdom #UnitedStates #Morocco #UnitedStatesofAmerica #UnitedKingdom
⏰ 2 နာရီ 12 မိနစ် 29 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Four Feathers (2002)
ဒီရုပ်ရှင်ကို ၁၉၈၇ မှာ Mr. India နဲ့ ၁၉၉၄ မှာ Bandit Queen အစရှိတဲ့ အိန္ဒိယရုပ်ရှင်တွေကိုရိုက်ပြီး နိုင်ငံတကာရဲ့ အာရုံစိုက်မှုရခဲ့တဲ့ အိန္ဒိယဒါရိုက်တာ Shekhar Kapoor က ရိုက်ထားတယ်။ Bandit Queen အရှိန်ကြောင့်ပဲထင်ပါရဲ့… ယူကေမှာ သူဦးဆုံးရိုက်ခဲ့တဲ့ကားက Cate Blanchett နဲ့ရိုက်တဲ့ Elizabeth… နောက် အခုရုပ်ရှင် The Four Feathers ကို ဆက်ရိုက်တယ်။ နောက် Elizabeth: The Golden Age… သူရိုက်တဲ့သုံးကားလုံးက အင်္ဂလန်သမိုင်းကြောင်းနဲ့သက်ဆိုင်တဲ့ ကားတွေချည်းပဲ။ Elizabeth မှာတော့ ကောင်းခဲ့ပေမဲ့ ဒုတိယကား The Four Feathers မှာတော့ ဇာတ်ရှိန်နည်းနည်းသွက်နေတာကြောင့် ကျတော့ကျသွားတယ်။ ဒါပေမဲ့လည်း ရှေးခေတ်စစ်ပွဲတွေအကြောင်း ကြည့်ရမယ့်ရုပ်ရှင်ဆိုတော့ ကြည့်လို့ပျော်သလို ကြည့်လို့လည်းတန်နေသေးတယ်။ အက်ရှင်ခန်းတွေ စွန့်စားခန်းအခန်းတွေလည်း ပါသင့်သလောက်ပါတာဆိုတော့ အက်ရှင်ပရိသတ်တွေအတွက်လည်း အဆင်ပြေလိမ့်မယ်။ Heath Ledger ရိုက်ဖူးခဲ့တဲ့ A Knight’s Tale လိုပဲ အရမ်းကြီးလန်ပျံမနေရင်တောင် အင်တာတိန်းမန့်တော့ တော်တော်ဖြစ်တဲ့ ကားမျိုးပဲ။ ဝတ္တုကတော့ ၁၉၀၂ကတည်းကထွက်ခဲ့တဲ့ A. E. W. Mason ရဲ့ The Four Feathers စာအုပ်ဆိုတော့ ဂန္ထဝင်စာရင်းဝင်တဲ့စာအုပ်ကို ပြန်ရိုက်ထားတယ်ပြောရမယ်။ ဒါကလည်း ပထမဆုံးရိုက်တာမဟုတ်ပါဘူး။ ရှေ့မှာလည်းတော်တော်ရိုက်ခဲ့ကြပြီးသားပဲ။
သရုပ်ဆောင်တွေက Kate Hudson, Heath Ledger, Djimon Hounsou, Wes Bentley, Michael Sheen စတဲ့လူတွေကို သုံးထားတယ်။ အကုန်လုံးတော့ ခင်ဗျားတို့နာမည်နဲ့တွဲသိချင်မှသိမယ်။ ဒါပေမဲ့ ခင်ဗျားတို့ တော်တော်ရင်းနီးပြီးသား လူတွေချည်းပဲ။ ဇာတ်ကတော့ ၁၈၈၄ အင်္ဂလန်မှာ ဇာတ်အိမ်စထားတယ်။ ဗြိတိန်တော်ဝင်တပ်ထဲက သူငယ်ချင်းတစ်အုပ်ရဲ့ ဆက်ဆံရေးကို စပြတယ်။ အဓိကကတော့ မင်းသားရယ် သူ့အခင်ဆုံးသူငယ်ချင်းရယ်ပေါ့။ အဲဒီနောက် သူတို့တပ်ကို အီဂျစ်က ပုန်ကန်သွားတဲ့ကာနယ်အာမက်ကို တိုက်ခိုက်ဖို့ လွှတ်လိုက်တဲ့အချိန်မှာ မင်းသားက တပ်ထဲကနေ နှုတ်ထွက်သွားတယ်။ ဒီနောက် မင်းသားကို သူ့သူငယ်ချင်းသုံးယောက်ရယ် သူလက်ထပ်မယ့်ကောင်မလေးရယ်က ငှက်တောင်မွှေးလေးချောင်းလာပေးသွားကြတယ်။ ငှက်တောင်မွှေးက သူတို့ဆီမှာ သူရဲဘောကြောင်တာကို ကိုယ်စားပြုတယ်။ မင်းသားကို သူရဲဘောကြောင်တဲ့ အလကားကောင်လို့ လာဝိုင်းပြောလိုက်သလိုဖြစ်သွားတယ်။ ဒီလိုနဲ့ နေလာရင်း မင်းသားက ဒီကိစ္စကြီးကို စိတ်ထဲက ဘယ်လိုမှထုတ်မရနိုင်ခဲ့ဘူး။ ဒီတော့ သူ့သူငယ်ချင်းတွေတိုက်ပွဲဝင်နေတဲ့ ဆူဒန်ကို လိုက်သွားပြီး သူ့သတ္တိကို သက်သေပြဖို့လုပ်တယ်။ သူကြောက်နေတာက စစ်ပွဲကိုမဟုတ်ဘဲ တခြားအရာတစ်ခုဖြစ်ကြောင်း သက်သေပြဖို့လုပ်ရင်း သူ့သူငယ်ချင်းတစ်ယောက်ချင်းကို သူကယ်တင်ဖို့ကြိုးစားရင်း ဆူဒန်မှာ သူကြုံလာရတဲ့ အခက်အခဲတွေ တိုက်ပွဲတွေကို ပြသွားတယ်။ ဇာတ်တော့ နည်းနည်းသွက်နေပေမဲ့ စစ်ကားတစ်ကားအနေနဲ့ဆို ကြည့်ကောင်းသလို နာမည်ကြီးမင်းသားမင်းသမီးတွေကို မြင်ရမှာဆိုတော့ ကြည့်ဖို့တော့ တန်ပါတယ်။ လွန်လေပြီးသော Heath Ledger ရဲ့ကားဆိုတော့ကာ ဒီရုပ်ရှင်ဟာ ငြင်းစရာတော့မရှိနေပါဘူး။
(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို W မှ တင်ဆက်ထားပါတယ်။)...
Single's Inferno (2021- )
⭐IMDB: 7.2/10 (3 k Votes)
🎬 #Reality #RealityTV
🗓 2021- 🎞 tv series
🌎 #SouthKorea
⏰ 1 နာရီ 16 မိနစ် 18 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Single’s Inferno Season 1 + 2 + 3Single Inferno Season 1 (2021)Squid Game ကြောင့် ကမ္ဘာတစ်၀န်းမှာ အောင်မြင်မှုရခဲ့တဲ့ Netflix ဟာ
Your browser does not support the video tag.K-Wave အကြောင်း ကောင်းကောင်း နားလည်သွားပြီမို့ Korean Projectမြောက်များစွာကို ကြေညာခဲ့ပါတယ်။ အဲ့ထဲမှာ Single Inferno ဆိုတဲ့Variety Show လည်း အပါအ၀င်ဖြစ်ပါတယ်။ Too hot to handleကြည့်ဖူးတဲ့လူတွေကတော့ ဒီ Show လေးနဲ့ စိမ်းနေမှာ မဟုတ်ပါဘူးဘာလို့လဲဆိုတော့ သဘောတရားက အတူတူပဲမို့လို့ပါ။လန်းလှပါချည်ရဲ့ဆိုတဲ့ လူချောလူဖြောင့်တွေကို လူသူမရှိတဲ့ကျွန်းပေါ်မှာအတူစုနေခိုင်းပြီး အချစ်စစ်ကိုရှာဖွေခိုင်းမှာဖြစ်ပါတယ်။ဒါပေမဲ့လည်း စည်းမျဥ်းစည်းကမ်းတွေချမှတ်ထားတာမို့ပွဲကြမ်းချင်တိုင်းကြမ်းလို့တော့မရပါဘူး။ နောက်ထပ် စိတ်၀င်စားစရာအချက်ကဒီရှိုးကို မမ Lee Da Hee နဲ့ Super Junior အဖွဲ့ဝင်KyuHyun တို့ Main host အဖြစ် တာ၀န်ယူရိုက်ကူးခဲ့တာမို့ အတော့်ကိုလန်းနေမှာပါ။ကိုရီးယား Variety လောကမှာ ဒီလိုရှိုးမျိုးက ရှားမှရှားဖြစ်တဲ့အတွက်နာမည်ကြီးဦးမှာ အသေအချာပါပဲ။မြင်ရလွန်းလို့ရိုးနေပြီဖြစ်တဲ့ အနောက်တိုင်းသားတွေရဲ့ခန္ဓာကိုယ်အဖုအထစ်တွေကို မကြည့်ချင်တော့ဘဲဖြူဖြူသွယ်သွယ် ကိုရီးယားမလေးတွေနဲ့ အိုပါးချောချောလေးတွေကိုမျက်စိအစာကျွေးချင်တယ်ဆိုရင်တော့ စုစုပေါင်း (၈)ပိုင်းပါ၀င်တဲ့Single Inferno ကို 18 ရက်နေ့မှာ စတင်ထုတ်လွှင့်ပြသမှာဖြစ်ပြီးအပတ်စဥ် စနေနေ့တိုင်း Channelmyanmar မှာ တင်ဆက်ပေးမှာမို့လာရောက်ကြည့်ရှုကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။(အညွှန်းကို Thet Hnin Hsu မှ ရေးသားပေးထားပါတယ်)...
The Girl Next Door 3 (2019)
⭐TMDB: 40.0% User Score
🎬 #Adult #Asian #Romance
🗓 2019 🎞 tv series
🌎 #SouthKorea
⏰ 1 နာရီ 13 မိနစ် 50 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Girl Next Door 3
ဘေးအိမ်ကကောင်မလေးကို မလိုအပ်ပဲ မေတ္တာတွေပေးချင်နေတဲ့ အိမ်ထောင်သည်ယောကျာ်းရယ်ဘေးအိမ်ကကောင်မလေးချောချောလှလှလေးရယ် ဘယ်လိုတွေအရှုပ်စခန်းဖွင့်ကြမလဲဆိုတာမျက်စိပဒေသာဖြစ်အောင် ရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်လမ်းတပုဒ်ပါ
မိန်းမနဲ့ အိမ်စာပဲ စားနေရတဲ့ ဘဲကြီးက မိန်းမ လှလှ ငါးရံ့ကိုယ်လုံးလေးကို ပိုင်ဆိုင်ထားပေမယ့်ဘေးအိမ်က ဖွံ့ဖွံ့ထားထား ဂစ်တာရှိတ်ကျောင်းသူလေးကို မေတ္တာစိတ် ယိုဖိတ်လာတဲ့အခါစားရအောင် ဘယ်လိုကြံလဲဆိုတာကို တွေ့ရမယ့်အပြင် ကျောင်းသူမလေးလည်းjust fri ကောင်လေးနဲ့ ဘယ်လိုတွေခိုးစားကြတယ်
ပြီးတော့ အတွဲချင်း ဘယ်လိုတွေ ပညာချင်းဖလှယ်ကြမလဲပျော်ပျော်ကြီးကြည့်ရှုရမယ့်ဇာတ်လမ်းကောင်းလေးမို့အမှောင်လောက ဘဒိုတို့အကြိုက်တွေ့မယ့် ကားလေးတစ်ကားပါ
(Dark Side Production မှ တင်ဆက်သည်။)
Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။...
Code M (2020- )
⭐IMDB: 7.5/10 (17 k Votes)
🎬 #Drama #Mystery #Thriller
🗓 2020- 🎞 tv series
🌎 #India
⏰ 29 မိနစ် 26 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Code M (2020)Code M (2020-2022)”အမှန်တရားရှာပုံတော်”
=====================================IMDb 7.5/10 ၂၀၂၀ တုန်းက ထွက် ရှိခဲ့တဲ့ Code M ဆိုတဲ့
ဟင်ဒီစကားပြော မှုခင်းဇာတ်လမ်းတွဲလေးကို ချန်နယ်မြန်မာပရိသတ်တွေအတွက်
တင်ဆက်ပေးချင်ပါတယ်။
Your browser does not support the video tag.အိန္ဒိယနဲ့ ပါကစ္စတန်နယ်စပ်တစ်နေရာမှာ အကြမ်းဖက်သမားနှစ်ယောက်နဲ့ အိန္ဒိယစစ်သားတွေ ပစ်ခတ်မှုဖြစ်ကြပြီး အကြမ်းဖက်သမားနှစ်ယောက်နဲ့အတူ စစ်တပ်ဘက်က မေဂျာတစ်ယောက်လည်း တိုက်ပွဲကျသွားခဲ့ပါတယ်။ဒါဟာ သာမန်အမှုလိုဖြစ်နေပေမဲ့ သေဆုံးသွားတဲ့ အကြမ်းဖက်သမားရဲ့ မိခင်ဖြစ်သူက သူ့သားဟာ အကြမ်းဖက်သမားမဟုတ်ဘူးဆိုပြီး ကိုယ့်ကိုယ်ကိုယ် မီးရှို့ဆန္ဒပြတာကြောင့် အခြေအနေတွေရှုပ်ထွေးသွားခဲ့တဲ့အတွက် ပစ်ခတ်မှုနောက်ကွယ်က အကြောင်းအရင်းမှန်ကိုစုံစမ်းဖို့ စစ်ဘက်စုံထောက်မလေး မေဂျာမိုနီကာကိုအထက်ကနေ တာဝန်ပေးလိုက်ပါတယ်။မေဂျာ မိုနီကာတစ်ယောက် အဲဒီပစ်ခတ်မှုအကြောင်းကို စုံစမ်းရင်း နောက်ကွယ်က ရှုပ်ထွေးမှုတွေကို တဖြည်းဖြည်း ရှာတွေ့လာပုံကို ဒီဇာတ်လမ်းတွဲထဲမှာ မြင်တွေ့ရမှာပါ။ ဒီဇာတ်လမ်းတွဲဟာ မှုခင်းဒရာမာပီပီသသပဲ ဇာတ်လမ်းကိုဆွဲခေါ်သွားပြီး ဇာတ်လိုက်မင်းသမီးကလည်း ရေလည်လန်းတာမလို့ အိန္ဒိယမှုခင်းပရိသတ်တွေ အကြိုက်တွေ့ကြမယ့်ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်…။( ဒီဇာတ်လမ်းတွဲကို ညွှန်းဆိုပြီး ဘာသာပြန်တင်ဆက်ပေးတာကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။ )( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့
ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Son of Sardaar (2012)
⭐IMDB: 4.2/10 (10 k Votes)
🎬 #Action #Bollywood #Comedy #Romance
🗓 2012 🎞 movie
🌎 #India
⏰ 2 နာရီ 21 မိနစ် 11 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Son of Sardaar (2012)
မင်းသားကြီး အဂျေးသရုပ်ဆောင်ထားတဲ့ ဟင်ဒီစကားပြောဒီရုံကားက2010 ကထွက်ရှိထားတဲ့ တမီလ်စကားပြော “Maryada Ramanna” ကို remakeပြန်လည်ရိုက်ကူးထားတာပါ တိုက်ဂါး မင်းသားကြီး Salman Khan လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်
မွေးရပ်မြေ အိန္ဒိယကို မြေကွက်ရောင်းဖို့ပြန်လာတဲ့ အဂျေး ..ဒီမွေးရပ်မြေမှာကသူတို့မိသားစုနဲ့ ကမ္ဘာ့ရန်သူတွေဖြစ်တဲ့ စန်ဒူးမိသားစုရှိတယ်ပေါ့ဗျာမျိုးဆက်သာတုန်းမယ် တွေ့ရာသင်္ချိုင်းဓားမဆိုင်းဘဲ တွေ့တာနဲ့အချင်းချင်းသတ်နေကြတဲ့ ဒီ၂ဖက်မိသားစု ဒီရန်ပွဲမှာ သူ့အဖေကနစ်နာသူအဖြစ်နဲ့ အသတ်ခံလိုက်ရတယ် ဒီရန်ငြိုးကို ဦးလေးဖြစ်သူက အဂျေးတို့ကိုပြန်ဆပ်ခိုင်းပြီး ရန်ကြွေးကိုမဆပ်ရသေးဘဲ မင်္ဂလာမဆောင်ရဘူးဆိုပြီး ရာဇသံပေးလို့ အဂျေးရဲ့မိခင်ဖြစ်သူကသားတွေခေါ်ပြီးထွက်ပြေးလာခဲ့ရာက အခုဒီမွေးရပ်မြေကို အဂျေးတစ်ယောက် မြေပြန်ရောင်းဖို့ဇာတ်လမ်းစလာခဲ့တာပေါ့
ဖူးစာလူးလာ ဒူးကာလို့မရဆိုသလိုပဲရွာမှာ စောင့်ဆိုင်းနေတဲ့ သူတို့ရဲ့ကမ္ဘာ့ရန်ဘက်ကြီးရဲ့သမီးကိုမှမြင်မြင်ချင်းချစ်မိသွားတဲ့ အဂျေးတစ်ယောက် ဘယ်လိုဇာတ်လမ်းနဲ့နှစ်ပါးသွားကြမလဲတစ်ဖက်ကကလဲ့စား တစ်ဖက်ကချစ်ခြင်းမေတ္တာနဲ့ ဘယ်လမ်းကိုရွေးမယ်ဆိုတာကိုတော့…
(အညွှန်းကိုတော့ Yunniမှရေးသားပေးထားပြီး Khaing Swe Swe Theint မှ ဘာသာပြန်ဆိုပေးထားပါတယ်)
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Percy Jackson and the Olympians (2023- )
⭐IMDB: 8.6/10 (378 Votes)
🎬 #Action #Adventure #SciFi #Fantasy #Drama #Family
🗓 2023- 🎞 tv series
🌎 #UnitedStates #UnitedStatesofAmerica
⏰ 37 မိနစ် 38 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Percy Jackson and the Olympians (2023)
Your browser does not support the video tag. နာမည်ကြီး မှော်စိတ်ကူးယဉ် စာအုပ်တွေကို ပြန်လည်ရိုက်ကူးထားတဲ့ စီးရီးအသစ် လာပါပြီ။ ရုပ်ရှင်အနေနဲ့လည်း ထွက်ပြီးသားဖြစ်ပေမဲ့ ဒါကတော့အစကနေ ပြန်ရိုက်တာပါ။ ဇာတ်လမ်းတွဲဆိုတော့ ပိုစုံစုံကြည့်ရမှာပါ။ ရုပ်ရှင်တွေကို စီးရီးပြန်ရိုက်တဲ့နေရာမှာ လူအမြင်ကတ်ခံရဆုံးကတော့ လူမည်းတွေကို ဆိုင်ဆိုင်မဆိုင်ဆိုင် အတင်းထည့်တဲ့ ပြဿနာပါပဲ။ ဒီရုပ်ရှင်မှာလည်း နာမည်ကျော်ဇာတ်ကောင်ဖြစ်တဲ့ စစ်၊ ပညာရှိနတ်ဘုရားမ အသီနာရဲ့သမီး Annabeth Chase ကို လူမည်းအဖြစ်ပြောင်းထားလို့ ဝေဖန်ခံနေရတာပါ။ ဒါပေမဲ့ ဒီလိုအဆဲခံရတာဟာ ဇာတ်လမ်းမကောင်းရင် ပိုဆိုးသွားတတ်ပြီး ဇာတ်လမ်းရောသရုပ်ဆောင်ရော ကောင်းနေရင်တော့ နားလည်ပေးခံရတာများပါတယ်။ ဒီစီးရီးကတော့ ခရမ်းချဉ်သီးရော IMDb မှာပါလတ်တလောတော့အခြေအနေအကောင်းနေတာမို့ အကောင်းဘက်ကိုသွားမယ်လို့ မျှော်ထင်ရပါတယ်။ဇာတ်လမ်းအကျဉ်းပါစီဂျက်ဆန်မှာ ကျောင်းမှာ စိတ်ကူးအရမ်းယဉ်တတ်ပြီး ထူးဆန်းတာတွေကို တစ်ယောက်တည်း မြင်တတ်လွန်းလို့ တစ်ကျောင်းလုံးက အူကြောင်ကြောင်ကောင်လေးအဖြစ် သတ်မှတ်ထားတာပါ။ ဒါပေမဲ့ သူဟာ လူသားနဲ့ နတ်ဘုရားတွေကနေ မွေးလာတဲ့ သွေးနှောနတ်ဘုရား တစ်ယောက်ဖြစ်နေပြီး သူ အရွယ်ရောက်လာတဲ့ ၁၂ ပြည့်မှာပဲ အန္တရာယ်ပေးမဲ့ မိစ္ဆာတွေရောက်လာတာကြောင့် သူ့အမေနဲ့အတူ သွေးနှောနတ်ဘုရားတွေကို လေ့ကျင့်ပေးတဲ့စခန်းဆီကို ပြေးရပါတော့တယ်။ အဲဒီစခန်းကိုရောက်ဖို့ မိစ္ဆာတွေလက်က လွတ်အောင်ပြေးရင်း စခန်းထဲကနေ ဘာတွေကို ဆက်ရင်ဆိုင်ရမလဲဆိုတာကို ဆက်ကြည့်ရမှာပါပဲ။ အပတ်စဉ်ထွက်ရှိမှာဖြစ်ပြီး အပိုင်း ၈ ပိုင်း ပါဝင်မှာဖြစ်ပါတယ်။...
Falimy (2023)
⭐TMDB: 68.0% User Score
🎬 #Bollywood #Drama
🗓 2023 🎞 movie
🌎 #India
⏰ 2 နာရီ 8 မိနစ် 7 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Falimy (2023) “မိစားသု”IMDb 7.1/10
မလေယာလမ်း မိသားစုရုပ်ရှင်ကားလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။မိသားစုဆိုတဲ့ မိသားစု မမည်ပဲ “Family”ကို “Falimy”လို့ဘာကြောင့်နာမည်ပေးထားရတာလဲဆိုတာကြည့်ပြီးတဲ့အချိန်မှာတော့ သဘောပေါက်သွားကြပါလိမ့်မယ်။
အိမ်မှာနေရတာပျင်းလို့ ကာရှီခရီးစဉ်ကိုတစ်ယောက်တည်းထွက်သွားချင်တဲ့အဘိုးအိုတစ်ယောက် ..သုံးခါတိတိ ထွက်ပြေးဖို့လုပ်လည်း အိမ်ကသားတော်မောင်တွေ မြေးတော်မောင်တွေက ဘူတာမှာလိုက်လိုက်ဖမ်းပြီးလို့အိမ်ပြန်ပြန်လာရသူပေါ့
သူ့ရဲ့သားအကြီးကောင်ကတော့၁၅ကြိမ်လောက်အိမ်ထောင်ဘက်တွေလည်း တစ်ခါမှအဆင်မပြေခဲ့သူဒီလိုနဲ့နောက်ဆုံးသူ့ဘဝထဲကျောင်းဆရာမလေးတစ်ယောက်ဝင်လာခဲ့ပါတယ် ရေငတ်တုန်းရေတွင်းထဲကျမုတ်ဆိတ်ပျားစွဲသလို လူပျိုကြီးရဲ့ကမ္ဘာက ပျားရည်ဆမ်းထားတဲ့ နှင်းဆီပန်းခင်းထားတဲ့လမ်းပေါ်လျှောက်နေရသလိုအရာရာအဆင်ပြေနေရာကနေ စေ့စပ်ပွဲပျက်သွားတဲ့အခါမှာတော့ကြိုးပြတ်သွားတဲ့ရုပ်သေးရုပ်လိုဖြစ်ရာကနေအဘိုးသွားချင်တဲ့ကာရှီကိုလိုက်ပို့မယ်ဆိုပြီးတော့ မိသားစုလိုက်ထွက်လာရာကနေ အလွဲလွဲအချော်ချော်တွေနဲ့ဘယ်လိုဒုက္ခတွေကျော်ဖြတ်ရမယ်ဆိုတာကတော့…
(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Thanksgiving (2023)
⭐IMDB: 6.8/10 (15 k Votes)
🎬 #Horror #Mystery #Thriller
🗓 2023 🎞 movie
🌎 #UnitedStates #Canada #Australia #UnitedStatesofAmerica
⏰ 1 နာရီ 47 မိနစ် 10 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Thanksgiving(2023)
******************
(ရက်စက်တဲ့သတ်ဖြတ်ခန်းတွေပါတဲ့ R Rated အမျိုးအစား ဟော်ရာမို့
နှပ်ချေးစားကလေးငယ်များနှင့်အတူမကြည့်သင့်ပါဘူး…)
ဒီနှစ်ထဲမှာ ထွက်ထားတဲ့ ဟော်ရာတွေမှာ အတော်ကောင်းတဲ့ကားထဲမှာပါပါတယ်။
သရဲမဟုတ်ဘဲ ဟော်ရာလူသတ်ရုပ်ရှင်ကိုမှ တရားခံမပြထားတဲ့ ပဟေဠိဆန်ဆန် အမျိုးအစားပဲဖြစ်ပါတယ်။
Scream ရုပ်ရှင်တွေနဲ့ ဆင်တူပါတယ်။ ကျေးဇူးတော်နေ့မှာ ပလိုင်းမောက်မြို့လေးရဲ့ ရိုက်
ကုန်တိုက်ပိုင်ရှင်ကအထူးလျှော့ဈေးနဲ့ ရောင်းပေးဖို့ကြေညာထားတဲ့အတွက် ကုန်တိုက်ရှေ့မှာ
တစ်မြိုု့လုံး လာစုနေကြပါတယ်။ အဲဒီဈေးရောင်းပွဲတော်မှာ ရုတ်ရုတ်သဲသဲတွေ ဖြစ်ကုန်ပြီး
လူတွေသေကုန်တာနဲ့အဆုံးသွားပါတယ်။ နောက်တစ်နှစ် ကျေးဇူးတော်နေ့အချိန်မှာ
ဒီဈေးရောင်းပွဲတော်ကိုပဲ ထပ်လုပ်ဖို့စီစဉ်ချိန်မှာတော့ အရင်နှစ်က ပွဲမှာ လူသေမှုတွေဖြစ်အောင်
ပတ်သတ်ခဲ့တဲ့သူတွေအားလုံး တစ်ယောက်ပြီး တစ်ယောက် ရက်ရက်စက်စက်
လိုက်သတ်တာခံရပါတော့တယ်။ ဒီတော့ အရင်နှစ် ကျေးဇူးတော်နေ့က သေသွားခဲ့တဲ့သူတွေနဲ့
ပတ်သတ်တဲ့သူတွေထဲက ဘယ်သူက တရားခံလဲဆိုတာကို လိုက်ဖော်ဖို့ ကြိုးစားရင်း
အသတ်မခံရအောင် ရုန်းကန်ကြရတဲ့လူတစ်စုကို ကြည့်ရမှာပါပဲ။ သတ်ဖြတ်ခန်းတွေ
အရမ်းကြမ်းတမ်းလို့ ကြောက်တတ်သူတွေမကြည့်သင့်ကြောင်း ကြိုပြောထားပါရစေ။...
A Christmas Carol (2009)
⭐IMDB: 6.8/10 (127 k Votes)
🎬 #Animation #Drama #Family #Fantasy #Adventure #Comedy
🗓 2009 🎞 movie
🌎 #USA #UnitedStates #UnitedKingdom #UnitedStatesofAmerica
⏰ 1 နာရီ 36 မိနစ် 26 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
A Christmas Carol(2009)
IMDb….6.8, ,,,,
ဒီAnimation,ဇာတ်ကားကို တစ်ဝက်လောက်ပဲကြည့်ရသေးတယ် .. အံအားသင့်လောက်စရာတွေတွေ့လို့ ဒီကားနဲ့ ပတ်သက်တာတွေ
စုံစမ်းကြည့်တော့ Charles Dickens ရဲ့နာမည်ကြီးဝတ္ထုဖြစ်နေတဲ့အပြင် ဒါရိုက်တာကလည်း
Forrest Gump ကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Robert Zemeckis ဖြစ်နေတယ်……ဒါကြောင့်လည်း Best Animated Film ဆန်ကာတင်စာရင်းဝင်ခဲ့သလို
အခြားဆု(၃)ဆုလည်းရရှိခဲ့တယ်…
Jim Carrey အသံပိုင်းသရုပ်ဆောင်ထားပါတယ်…
…Ebenezer Scrooge ဆိုတဲ့အဘိုးကြီးတစ်ယောက်ရှိတယ်… …သူကတစ်ကိုယ်တည်းသမားကြီးဖြစ်ပြီး အတ္တလည်းအလွန်ကြီးတယ် ..ငွေကလွဲလို့ တခြားဘာကိုမှမမြင်…
ခရစ်စမတ်ကာလမှာပျော်ပါးနေတဲ့သူတွေကို အရူးတွေ သေတာမှကောင်းလိမ့်မယ်လို့တောင်တွေးတတ်တဲ့သူ….
ဒီလိုအယူအဆတွေ ပိုင်ဆိုင်ထားတဲ့ အဘိုးကြီးဟာ တစ်နေ့မှာတော့ သူတစ်သက်မှာ လုံးဝမမျှော်လင့်တာတွေဖြစ်တော့တာပဲ…
ဒီကားက ခလေးသူငယ်တွေအတွက်တင်မဟုတ်ဘဲ လူကြီးတွေလည်း ကြည့်ပြီးကြိုက်သွားမှာပေါ..
ပြောရရင်လူကြီးတွေအတွက်က ပိုပြီးတောင်ရသမြောက်လိမ့်မယ်ထင်ပါတယ်..
ခလေးတွေအတွက်တော့ ကြည့်လို့လှတဲ့ကားတစ်ကားပေါ့ဗျာ…
ကိုင်းခံစားကြည့်လိုက်ပါဦးနော်...
The Queen of Black Magic (2019)
⭐IMDB: 6.5/10 (3 k Votes)
🎬 #Drama #Horror #Mystery #Thriller
🗓 2019 🎞 movie
🌎 #Indonesia
⏰ 1 နာရီ 41 မိနစ် 3 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီဇာတ်ကားဟာ သဘာဝလွန်ဖြစ်ရပ်တွေကို အခြေခံရိုက်ကူးထားတဲ့
အင်ဒိုနီးရှားဇာတ်ကား တစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားက မိဘမဲ့ဂေဟာကို
သွားရောက်လည်ပတ်ကြတဲ့ မိသားစုသုံးစု တွေ့ကြုံခဲ့ရတဲ့ သဘာဝလွန်ဖြစ်ရပ်တွေ
အပေါ်ကို ဇာတ်အိမ်တည်ထားပြီး ဒါရိုက်တာ Kimo Stamboel က ရိုက်ကူး
ပုံဖော်ထားတဲ့ rating 6.5/ 10 အထိ ရရှိထားတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။
ဒီဇာတ်ကားမှာ အင်ဒိုနီးရှား သရုပ်ဆောင် အကျော်အမော်များဖြစ်တဲ့ Ario Bayu,
Hannah AI Tashid, Adhisty Zara, Ade Firman Hakim, Muzaki Ramdhan နဲ့
Ari Irham တို့ အဓိက ပါဝင် သရုပ်ဆောင်ထားပြီး Ade Firman က အကောင်းဆုံး
အမျိုးသား ဇာတ်ပို့ဆုကို ရရှိထားပါတယ်။
ဇာတ်လမ်းအစမှာ Nanifတို့ မိသားစု Nanifငယ်ငယ်က ကြီးပြင်းလာခဲ့တဲ့ မိဘမဲ့ဂေဟာက
ကျေးဇူးရှင်အဖိုးကြီး နာမကျန်းလို့ သွားရောက်ကြည့်ရှုကြပုံနဲ့ အစပျိုးထားပါတယ်။
ဒီလိုနဲ့ မိဘမဲ့ဂေဟာကို ရောက်ရှိတဲ့အခါမှာ ငယ်ငယ်က အတူတူကြီးပြင်းလာခဲ့တဲ့
Anton and Jefri တို့ မိသားစုတွေနဲ့ ပြန်လည်တွေ့ဆုံမိကြပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်
Nanifတို့တွေ မိဘမဲ့ဂေဟာကို ရောက်ကြတဲ့နေ့မှာပဲ မိဘမဲ့ဂေဟာမှာရှိနေကြတဲ့
ကလေးများရဲ့ အပန်းဖြေခရီးမှ ပြန်ရောက်ရမယ့်နေ့ ဖြစ်နေပါတယ်။ ညရောက်တဲ့အခါမှာ
ရှေးဟောင်းနှောင်းဖြစ်များ ပြန်လည်ပြောကြရင်း ငယ်ငယ်က ပျောက်ဆုံးသွားတဲ့
ကလေးမလေး Murni အကြောင်းကို စကားဆက်မိသွားပါတယ်။ ထူးဆန်းစွာနဲ့
မိဘမဲ့ဂေဟာမှာ နှစ်ပေါင်းများစွာ ပိတ်ထားတာ ကြာပြီဖြစ်တဲ့ အခန်းတစ်ခန်းလည်း
ရှိနေပါတယ်။ ဒီလိုနဲ့ ညစာစားချိန်ရောက်တဲ့အချိန်မှာတော့ Nanif မိဘမဲ့ဂေဟာကို
မိမိတို့လာစဉ်ကတိုက်မိခဲ့တဲ့အရာကို သူငယ်ချင်းဖြစ်သူJefriကိုခေါ်ပြီးသွားရောက်
ကြည့်ရှုကြရာ မိဘမဲ့ကျောင်းက ကလေးမလေးတစ်ယောက် ဖြစ်နေတာကို တွေ့ရှိ
လိုက်ရပါတယ် ဒီလိုနဲ့ သူငယ်ချင်းနှစ်ယောက်အကြောင်းအရင်းကိုလိုက်ရှာတဲ့အခါမှာ
မိဘမဲ့ဂေဟာကအပန်းဖြေခရီးထွက်သွားတဲ့ ကားကိုတွေ့လိုက်ရပါတယ် ထူးဆန်းတာ
တစ်ခုက ကားပေါ်မှာပါတဲ့ ကလေးအားလုံး သေဆုံးနေတာကို တွေ့ရှိလိုက်ရပါတယ်
ဒီလိုနဲ့သူငယ်ချင်းနှစ်ယောက် ဒီထူးဆန်းတဲ့အဖြစ်အပျက်တွေကို ဘယ်လိုအဖြေရှာကြမလဲ
မိဘမဲ့ဂေဟာမှာ ငယ်ငယ်လေးကတည်းက ပျောက်ဆုံးသွားခဲ့တဲ့ ကလေးမလေး Murniကရော
ဘာကြောင့်ပျောက်သွားတာလဲ တကယ်ပဲ ပျောက်သွားတာလား မိဘမဲ့ဂေဟာကနှစ်ပေါင်း
များစွာကြာအောင် ပိတ်ထားတဲ့ အခန်းထဲမှာကော ဘယ်လိုပဟေဋိတွေရှိနေမှာလဲ
အပန်းဖြေသွားတဲ့ကားပေါ်က ကလေးတွေအားလုံးကရော ဘာလို့ အသတ်ခံထားရတာလဲ
ဆိုတဲ့ သဘာဝလွန်ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာ ဒီဇာတ်ကား
လေးထဲမှာ ပါဝင်စီးမျှောလိုက်ပါဦး ဒီဇာတ်ကားဟာ ဇာတ်ညွှန်းရေးဆရာ Joko Anwarရဲ့
လှည့်ကွက် မြှပ်ကွက်တွေကြောင့်ကြည့်ရှုသူပရိတ်သတ်ကို ထိုင်ရာကနေမထနိုင်အောင်
စွဲခေါ်သွားနိုင်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ် ဒီဇာတ်ကားဟာ Horror ,Mystery&Thriller
ကိုကြိုက်နှစ်သက်တဲ့ပရိတ်သတ်တွေမလွတ်စတမ်းကြည့်ရှုသင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်...
Pencils vs Pixels (2023)
⭐IMDB: 6.7/10 (143 Votes)
🎬 #Biography #Documentary
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 24 မိနစ် 31 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Pencils Vs Pixels (2023)
~ IMDb – 6.7/10, Rotten Tomatoes – 100% ~
ဒီမှတ်တမ်းရုပ်ရှင်လေးမှာတော့ ကျွန်တော်တို့တွေ အခုခေတ် ကြည့်ရှုနေရတဲ့ ကာတွန်းကားတွေဖြစ်ပေါ်လာပုံအဆင့်ဆင့်နဲ့ အဲဒီကာတွန်းတွေရဲ့နောက်ကွယ်က လူတွေအကြောင်းကို Detail ကျကျဖော်ပြထားပြီး ကာတွန်းရုပ်ရှင်လောကရဲ့ နာမည်ကျော် ဂန္ထဝင်ပုဂ္ဂိုလ်တွေပါ ပါဝင်ထားပါတယ်။
ဒီ Documentary လေးကိုကြည့်လိုက်တာနဲ့ ကာတွန်းဘယ်လိုဖြစ်ပေါ်လာလဲကနေစပြီး ဒီဘက်ခေတ်ကာတွန်းတွေရဲ့ အရည်အသွေးရောက်အောင်ထိဘယ်လိုကြိုးစားလာရလဲဆိုတာတွေကို အလုံးစုံသိသွားစေရုံတင်မကဘဲ နည်းပညာတွေမတိုးတက်သေး ကာတွန်းကိုလက်နဲ့သာရေးပြီး ထုတ်လုပ်ရတဲ့ခေတ်မှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေ၊ ငယ်ငယ်ကခေတ်စားခဲ့တဲ့ ဂန္ထဝင်ကာတွန်းကားကြီးတွေဘယ်လိုဖြစ်တည်လာလဲ အဲ့ဒီနောက်ကွယ်ကလူတွေရဲ့ကြိုးစားမှုတွေကိုသိရှိရပါလိမ့်မယ်။
အဲဒီလိုကနေ နောက်ပိုင်းခေတ် ကွန်ပြူတာဖန်တီးမှုတွေဝင်ရောက်လာတဲ့အခါ ကာတွန်းလောကကြီးပြောင်းလဲသွားပုံ၊ သုံးဖက်မြင်(3D)ကာတွန်းတွေ ထွက်လာတော့ လက်ရေးနှစ်ဖက်မြင်(2D) ကာတွန်းလောကလူတွေ ဘယ်လောက်တောင်ရုန်းကန်ခဲ့ရလဲ… ခေတ်ကြီးကရော နှစ်ဖက်မြင်ကာတွန်းဘက်ကိုဘယ်လိုပြန်ပြောင်းရွှေ့သွားလဲ… ဆိုတာတွေကို ကာတွန်းလောကရဲ့ အတောက်ပဆုံး အချိန်တွေပါရောစပ်ထည့်သွင်းရိုက်ပြထားတဲ့၊ ကာတွန်းပရိသတ်တို့ကြည့်ရှုသင့်တဲ့ မှတ်တမ်းရုပ်ရှင်ကားကောင်းလေးပဲဖြစ်ပါတယ်။
(ဒီမှတ်တမ်းရုပ်ရှင်နဲ့အညွှန်းကိုDBမှ ပြန်ဆို ရေးသားထားပါတယ်)...
Rescuing Christmas (2023)
⭐IMDB: 6.4/10 (254 Votes)
🎬 #Comedy #Drama #Romance #TVMovie
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 40 မိနစ် 33 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Rescuing Christmas (2023)====================IMDb Rating – 6.4/10
ခရစ္စမတ်ဆိုတာ ယုံတမ်းပုံပြင်တွေ၊ ပဉ္စလက်ဆန်ဆန် မှော်ဆန်ဆန်အဖြစ်တွေနဲ့မကင်းတာမို ဒီကားကလည်း ယုတ္တိတန်တာမတန်တာထက်မိသားစုအတူ ပျော်ပျော်ပါးပါး ကြည့်လိုရမဲ့ စိတ်ကူးယဉ်ဆန်ဆန်ခရစ္စမတ်နောက်ခံ အချစ်-ဟာသ-ဒရမ်မာ ရုပ်ရှင်ဇာတ်မြူးလေးဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့…အယ်ရင်ဟာ အရင်နှစ်ခရစ္စမတ်တုန်းက အသည်းကွဲခဲ့တာကြောင့် ခရစ္စမတ်ကိုစိတ်နာပြီး ရှောင်ပြေးချင်တဲ့ ဓာတ်ပုံဆရာမလေးပေါ့။ ဒါပေမဲ့ သူ့မှာ ချစ်စရာမိသားစုလေးနဲ့ တူ/တူမလေးတွေရှိပါတယ်။ ခရစ္စမတ်ကို ဘယ်လိုစိတ်နာပါစေ၊ မိသားစုနဲ့အတူ ခရစ္စမတ်ကိစ္စတွေ ၀င်ပါနေရတာပါပဲ။ တစ်နေ့တော့ထူးဆန်းစွာပဲ ရေဒီယိုပရိုဂရမ်တစ်ခုကနေ သူ့ကို ခရစ္စမတ်ဆု ၃ ဆု တောင်းနိုင်မယ့် ကံထူးရှင်အဖြစ် ရွေးချယ်လိုက်ပါတယ်။ သူကတော့ ခရစ္စမတ်ကိုစိတ်နာနေသူပီပီ ဆုတောင်းကို စိတ်မ၀င်စားသလို ယုံလည်းမယုံခဲ့ပါဘူး။
အယ်ရင်မသိတာက အဲဒီဆုတောင်းတွေဟာ သာမန်မဟုတ်ဘဲ ပဥ္စလက်ဆန်နေတယ်ဆိုတာပါပဲ။ ဒီလိုနဲ့တစ်နေ့မှာ သူ့စိတ်ဆိုးဆိုးနဲ့တောင်းလိုက်တဲ့ဆုကြောင့် ခရစ္စမတ်ဆိုတာကြီး ပျော်ကွယ်သွားပါတယ်။ အဲဒီလို ခရစ္စမတ်ဆိုတာမရှိတဲ့ဘ၀ကြီးကျတော့လည်း အယ်ရင်တစ်ယောက်မနေတတ်ပြန်ပါဘူး။အဲဒါကြောင့် သူ့မိသားစုနဲ့ တူ/တူမလေးတွေအပါအ၀င် လူတွေအားလုံးချစ်တဲ့ပျော်စရာခရစ္စမတ်ပွဲတော်ကြီးကို ပြန်အသက်သွင်းဖို့ကြိုးစားပါတော့တယ်။
အယ်ရင်ရဲ့ဆုတောင်းရုတ်သိမ်းပြီး ခရစ္စမတ်ပွဲတော်နေ့က ပြန်ပေါ်လာပါ့မလား၊ခရစ္စမတ်ပြန်လာအောင် အယ်ရယ်ဘယ်လိုတွေကြိုးစားမလဲဆိုတာ ပျော်စရာရယ်စရာ ချစ်စရာ ကြည်နူးစရာတွေအဖြစ် ကြည့်ရှုကြရမှာမို ခရစ္စမတ်ရာသီအမီ ခရစ္စမတ်ရသလေးကိုအပီအပြင်ခံစားလိုက်ရအောင်နော်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့C’mon ဖြစ်ပါတယ်)...
Ganti-Ganti (2023)
⭐IMDB: 6.1/10 (39 Votes)
🎬 #Adult #Drama #Romance #Thriller
🗓 2023 🎞 movie
🌎 #Philippines
⏰ 1 နာရီ 32 မိနစ် 46 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Ganti-Ganti (2023)
ပရိသတ်အချစ်တော်လေး Angeli Khang နဲ့ Summer, Lovely Ladies Dormitory တို့နဲ့နာမည်ကျော်လာတဲ့တက်သစ်စလေး Yen Renee Durano တို့ မတွဲစဖူးအတွဲထူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။
ဗစ်ကီက နှိပ်စက်တတ်တဲ့ လိင်စိတ်တအားထန်ပြီး သွေဖည်ဖောက်ပြန်တတ်တဲ့ ခင်ပွန်းကြောင့် စိတ်ညစ်နေရပြီး အဲဒီလူသေမှပဲ သူ့လက်ကလွတ်မြောက်မှာဖြစ်တဲ့အတွက် ထွက်ပေါက်ကိုရှာနေတဲ့သူပါ။ တစ်နေ့တော့ သူ့ဘဝထဲကိုဝင်ရောက်လာတဲ့ တက်ဒီဆိုတဲ့ အချဉ်ကောင်လေးတစ်ယောက်ကို ဖမ်းစားပြီး သူ့ခင်ပွန်းကိုလုပ်ကြံခိုင်းပါတယ်။
ဒါပေမဲ့ သူမသိခဲ့တာက တက်ဒီအပါအဝင် သူကြိတ်ပေါင်းထားတဲ့လူမှန်သမျှဟာလည်း ကလဲ့စားချေဖို့အကြံအစည်နဲ့ သူတို့ဘဝထဲကိုဝင်ရောက်နေတာဖြစ်ပြီး သူတို့တွေကြားမှာရော ဘယ်လိုဇာတ်လမ်းဟောင်းတွေရှိမလဲ… သူ့ကလဲ့စားအောင်မြင်နိုင်ပါ့မလား… အစရှိတာတွေကို ဆက်လက်ရှုစားကြပါ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုAliasမှ ပြန်ဆို ရေးသားထားပါတယ်)...
