uz
Feedback

Firibgarlarga uchmang! Telemetrio bunday kanallarni topadi va belgilaydi 👉 Belgini ko‘rmoqchi bo‘lsangiz, obuna bo‘ling 👈

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Yopiq kanal

🚩 Channel was restricted by Telegram

Ko'proq ko'rsatish
Ma'lumot yo'q
Obunachilar
-524 soatlar
-47 kun
+730 kun
Postlar arxiv
My Sassy Girl (2008) ⭐TMDB: 67.0% User Score 🎬 #Comedy #Drama #Romance 🗓 2008 🎞 movie 🌎 #USA #SouthKorea #UnitedStatesofAmerica ⏰ 1 နာရီ 36 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားက My Sassy Girl (2001) ကိုရီးယားဇာတ်ကားကို အနောက်တိုင်းပုံစံ ပြန်လည်ရိုက်ကူးထားတဲ့ အမေရိကန်ဇာတ်ကားလေးပါ။ IMDb RAting (6.3/10) ရရှိထားပါတယ်။ အမေရိကန်မင်းသား Jesse Bradford နဲ့ The Girl Next Door နဲ့ House of Wax ထဲက မင်းသမီးချော Elisha Cuthbert တို့အဓိကပါဝင်ထားပါတယ်။ ဇာတ်လမ်းကတော့ My Sassy Girl ဇာတ်လမ်းအတိုင်းပါပဲ။ မင်းသမီးက နှလုံးသားဒဏ်ရာကြောင့် ဘဝကိုပေပေတေတေဖြတ်သန်းနေပြီး ဘာကိုမှမလိုချင်တော့ဘဲ လူ့ဘဝကိုစိတ်ကုန်နေတဲ့ ကောင်မလေးဖြစ်ပြီး မင်းသားကတော့ ဒီလိုကောင်မလေးကိုမှ ငြိတွယ်မိတဲ့ အူတူတူကောင်လေးဖြစ်ပါတယ်…ဇာတ်လမ်းကတော့ သူတို့နှစ်ယောက်ကြားက အခက်အခဲတွေနဲ့ သံယောဇဉ်တွေအကြောင်းပေါ့။ ရုပ်ရှင်က ဖွင့်ဆိုထားတာကတော့ ကံကြမ္မာဆိုတာ ကြိုးစားမှုပါပဲတဲ့….. အချစ်ကိုရချင်ရင် ကံကောင်းဖို့ ကြိုးစားရမယ် စောင့်စားရမယ် ခက်ခဲမယ်။ ခပ်ဆိုးဆိုးကောင်မလေးကိုမှ ငြိတွယ်မိတဲ့ကောင်လေးခမျာ ကံကောင်းပါ့မလားဆိုတာ
...

My Sassy Girl (2001) ⭐TMDB: 75.0% User Score 🎬 #Comedy #Drama #Romance 🗓 2001 🎞 movie 🌎 #SouthKorea ⏰ 2 နာရီ 17 မိနစ် 22 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 My Sassy Girl (2001) IMDb Rating (8.0) / Rotten Tomatoes (93%) ကိုရီးယားရုပ်ရှင်လောကမှာကော၊ Asia ရုပ်ရှင်လောကမှာပါ Jun Ji Hyun ( Gianna Jung ) ဆိုပြီး နာမည်တစ်ခုကို ခိုင်ခိုင်မာမာရစေခဲ့တဲ့အပြင် ခုချိန်ထိ လူကြိုက်အများဆုံး Korean romcom အဖြစ်သတ်မှတ်ထားတဲ့ ရုပ်ရှင်ဆိုရင်တော့ 2001 ခုနှစ်ကထွက်ခဲ့တဲ့ My Sassy Girl ပါပဲ။ အဲ့နှစ်ပိုင်းတွေမှာ Jun Ji Hyun ကိုယောကျ်ားလေး၊ မိန်းကလေးတွေသာမက သူတို့အနုပညာလောကသားအချင်းချင်းတောင် ကြိတ်ကြွေခဲ့ရတာပါတဲ့။ ကြောငြာတွေ၊ ရုပ်ရှင်တွေဆိုတာလည်း သူမှသူပါပဲ။ ခုချိန်ထိ အာရှရဲ့အလှဆုံးမင်းသမီးတွေထဲမှာ နှစ်တိုင်းပါပြီး ကိုရီးယားရဲ့ အနုပညာကြေးအမြင့်ဆုံးမင်းသမီးတွေထဲမှာ နံပတ်တစ်ဖြစ်နေတုန်းပါ။ပြန်ရိုက်တဲ့ကားတွေ၊ နောက်ပိုင်းဆက်ထွက်တဲ့ကားတွေရှိပေမယ့် အပွင့်လင်းဆုံးပြောရရင်တော့ original movie ကို ဘယ်ကားမှ မမှီပါဘူး။ My Sassy Girl ကတော့ ဘယ်တော့ကြည့်ကြည့်မရိုးသွားသလို၊ romcom တွေရဲ့ ထုံစံအတိုင်းပေါ့ပျက်ပျက်လည်း ဖြစ်နေဘူး။ ရယ်ရတဲ့အပိုင်း၊ ကြည်နူးရတဲ့အပိုင်း၊ ဝမ်းနည်းရတဲ့အပိုင်းလေးတွေတိုင်း သူ့ဟာနဲ့သူ အံဝင်ခွင်ကျရှိတယ်။ ဇာတ်လမ်းက ခပ်ရိုးရိုးအူကြောင်ကြောင်ကောင်လေး နဲ့ အရမ်းလှပြီးသူလုပ်ချင်ရာလုပ်တတ်တဲ့ကောင်မလေးတို့ရဲ့ အကြောင်းလေးဆိုပေမယ့် ဇာတ်လမ်းလေးကချစ်ဖို့လည်းကောင်းသလို ငိုလည်းငိုရပါတယ်။ အရမ်းအနိုင်ကျင့်တတ်တဲ့ကောင်မလေး ပြောသမျှ၊ လုပ်သမျှကို တစ်ချက်မငြီးပဲငြိမ်ခံနေတဲ့ကောင်လေးကို “ဘာလို့အဲ့လောက်သည်းခံတာလဲ” မေးတော့ သူပြန်ပြောတဲ့ စကားလေးတွေဆို အရမ်းကြည်နူးစရာလေး။ ပျော်ချင်ယောင်ဆောင်ပြီး တစ်ယောက်တည်းကြိတ်ဝမ်းနည်းတတ်တဲ့ ကောင်မလေးရဲ့အတွင်းစိတ်ကိုလည်း ပေါ်အောင်ရိုက်ပြနိုင်တယ်။ မင်းသားကော၊ မင်းသမီးကော သရုပ်ဆောင်ကောင်းချက်က သူတို့ရဲ့နောက်ထွက်တဲ့ ရုပ်ရှင်တွေကြည့်ရင်တောင် ဒီကားကိုပြေးပြေးမြင်မိတယ်။ ကိုရီးယားကားမကြိုက်တဲ့သူတွေတောင် ကြည့်ဖူးကြမယ်ထင်တာပဲ။ admin အတွက်တော့ rom-com တွေဘယ်လောက်အသစ်ထွက်ထွက် ခုကားလေးကိုမမှီဘူး။ OST ဖြစ်တဲ့ “ I Believe “ ဆိုရင်လည်း အရမ်းနာမည်ကြီးတာ။ မကြည့်ရသေးရင်ဖြစ်ဖြစ်၊ ကြည့်ပြီးလို့မေ့နေရင်ဖြစ်ဖြစ် ကြည့်ကြည့်နော်။ (ရုပ်ရှင်အညွှန်းကိုWillow Summer II  FB Pageမှကူးယူဖော်ပြပါသည်။) ဘာသာပြန်ကိုရော Quality ပိုင်းကိုရော အပြည့်စုံဆုံး Version ဖြစ်တဲ့ BluRay Director’s Cut Version နဲ့တင်ဆက်ထားတာမလို့ ဒီ Version ကိုတဖန်ပြန်ကြည့်သင့်ပါတယ်။
...

Doomsday Warrior (2024) ⭐TMDB: 0.0% User Score 🎬 #Action #Adventure #ScienceFiction 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 21 မိနစ် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီရုပ်ရှင်ကားလေးကတော့ တရုတ်နိုင်ငံကရိုက်တဲ့ ရှားရှားပါးပါးသိပ္ပံဇာတ်ကားကောင်းတွေထဲက တစ်ကားလို့ပြောရလောက်အောင်ကိုကောင်းတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ် ။ သိပ္ပံကားတွေကြိုက်တတ်တဲ့ပရိသတ်ကြီးအတွက် လက်မလွှတ်သင့်တဲ့ ဇာတ်ကားဆိုလည်း မမှားပါဘူးနော် ။ ဇာတ်လမ်းအကျဉ်းလေးအနေနဲ့ –မျိုးသုဉ်းခြင်းလျို့ဝှက်နယ်‌မြေလို့ယာယီနာမည်ပေးထားတဲ့အာကာသယာဉ်လုံးကြီးက တရုတ်နိုင်ငံ အခြေစိုက် အာကာသနှင့်သိပ္ပံစခန်း CTC ရဲ့လမ္ဘာအာကာသစခန်းကို ဝါးမျိုသွားပြီး ကမ္ဘာမြေပေါ်ရောက်လာခဲ့ပါတယ် ။ အဲဒီအရာကြီးရောက်လာပြီးကတည်း ကမ္ဘာမြေရဲ့ ရေအရင်းအမြစ်တွေကစတင်ပြီး ဆုံးရှုံးလာခဲ့ပါတော့တယ် ။ အဲဒီအရာကြီးကို စစ်ဆေးဖို့အတွက်ကုလသမ္မဂက doomsday Warrior အဖွဲ့တွေဖွဲ့ပြီး စေလွှတ်ခဲ့ပေမဲ့ဘယ်သူမှ အသက်ရှင်လျက်ပြန်မလာနိုင်ခဲ့ပါဘူး ။ နှစ်ဝက်ကြာပြီးတဲ့အခါမှာတော့ကမ္ဘာမြေဟာ ရေရှားပါးလာမှုကြောင့် အဝါရောင်ပြောင်းသွားပြီးတော့သေကြေကုန်တဲ့လူတွေလည်း တစ်ဘီလီလျံထိမြင့်မားလာခဲ့ပါတော့တယ် ။ အဲဒီလိုနဲ့ CTC က အရေးပေါ်အခြေအနေအဖြစ် အထူးတပ်ဖွဲ့ 001 ကိုမဖြစ်မနေတာဝန်ပြီးမြောက်အောင်လုပ်ဖို့ အမိန့်နဲ့အတူထိုအကာအကွယ်အလွှာထဲကို ဝင်ရောက်စေခဲ့ပါတယ်။ ‌ကပ်ပတိန်ယန်ယိနဲ့အတူ သုတေသနအဖွဲ့ဝင်2ယောက်လည်း တစ်ပါတည်းလိုက်ပါသွားခဲ့ပါတယ် ။ ဇာတ်လမ်းလေးကတော့ အထူးတပ်ဖွဲ့ 001 က ထိုနယ်မြေမှာဘယ်လိုစွန့်စားခန်းတွေနဲ့ကြုံတွေ့ရမလဲ ? ထိုအရာကြီးကထူးဆန်းတဲ့အကောင်တွေက‌ရောဘာတွေဖြစ်မလဲ ။ ဒါ့အပြင်ကမ္ဘာမြေကြီးက ရေအရင်းအမြစ်တွေဆုံးရှုံးကုန်ရတဲ့အဓိကအကြောင်းကဘာဖြစ်မလဲ ? ရှားပါးသွားတဲ့ရေကရောကမ္ဘာမြေပေါ်မှာ တဖန်ပြန်ရရှိနိုင်မလားဆိုတာကိုစိတ်ဝင်စားစွာနဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်
...

Little Wing (2024) ⭐IMDB: 5.7/10 (263 Votes) 🎬 #Drama #Sport 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 40 မိနစ် 12 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းလေးကတော့ coming-of-age ရုပ်ရှင် အမျိုးအစားလေးဖြစ်ပြီး တစ်ခါလောက် ငယ်မူပြန်ရင်း ပေါ့ပေါ့ပါးပါးကြည့်ရှုလို့ကောင်းမယ့်ကားလေးပါ…။ မိသားစုဆိုတာဘာလဲ…၊ ဘဝမှာ ကိုယ်လိုချင်တာထက် ကိုယ်ဖြစ်သင့်တာ၊ အများအတွက်လုပ်ပေးသင့်တာကိုဦးစားပေးရတဲ့ခံစားချက်မျိုး၊ ချစ်ခြင်း၊မုန်းခြင်း၊ဝါသနာ၊လိုအင်စတဲ့ စိတ်ခံစားချက်အစုံကို ငယ်ဘဝရုပ်ရှင်လေးတစ်ခုတည်းမှာ ပြန်မြင်တွေ့ရမယ့် ကားလေးလည်းဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းလေးကတော့ ကိတ်တလင်းဟာ ရှစ်တန်းကျောင်းသူအရွယ်လေးဖြစ်ပြီး မိဘနှစ်ပါးရဲ့ ကွာရှင်းမှုကြောင့် စိတ်ဓာတ်ကျနေသူလေးပါ။ ဖခင်ဖြစ်သူကထားသွားပြီးနောက် အကြွေးတွေဝိုင်းဝိုင်းလည်နေလို့ လက်ရှိနေနေတဲ့အိမ်ကလေးရောင်းချဖို့ အခြေအနေကြုံလာရပါတယ်။ ကိတ်တလင်းက ဒီလိုမဖြစ်ချင်ပါဘူး မိသားစုအမှတ်တရတွေ ရှိတဲ့လက်ရှိ အိမ်လေးမှာပဲ နေချင်ရှာပါတယ်…။ ဒါကြောင့် အကြွေးတွေဆပ်နိုင်ဖို့ အိမ်ကိုမဆုံးရှုံးဖို့ ကြံရင်းက ဒေါ်လာ တစ်သိန်းနှစ်သောင်းတန် ခိုတစ်ကောင်အကြောင်းကို ကြားမိပါလေရော…။ ဒီခိုလေးဟာ ပြိုင်ပွဲဝင်ခိုတွေထဲမှာ အမြန်ဆုံးလို့ကျော်ကြား တာ‌ကြောင့် ဒီလောက်ထိတန်ကြေးရှိတာပါ…။ အသက် ၁၃နှစ်အရွယ်ကလေးသာသာ ကိတ်တလင်းဟာ ဒီခိုကိုသာရအောင်ခိုးနိုင်ရင် အဆင်ပြေပြီဆိုပြီး ကြံမိကြံရာ ကြံပါတော့တယ်….။ ကိတ်တလင်းတစ်ယောက် ဒီဒေါ်လာသိန်းချီတန်တဲ့ ခိုလေးနဲ့ ဘယ်လိုနှစ်ပါးသွားကြမလဲ ၊ တကယ်ပဲခိုးနိုင်မလား၊ အိမ်ကိုရော ကယ်တင်နိုင်ပါ့မလားဆိုတာ ဇာတ်လမ်းလေးထဲမှာ ကြည့်ရှုနိုင်ပါပြီ။
...

Eks (2024) ⭐IMDB: 6.5/10 (17 Votes) 🎬 #Adult #Drama #Romance 🗓 2024 🎞 movie 🌎 #Philippines ⏰ 1 နာရီ 59 မိနစ် 43 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Vivamax ရဲ့နောက်ပေါက်တွေထဲမှာမှမခေလှတဲ့ မင်းသမီးချောလေး Yen Durano ရဲ့ဇာတ်ကားသစ်ဖြစ်ပါတယ်။ anthology ပုံစံနဲ့သွားထားတာဖြစ်ပြီး ဇာတ်လမ်းငယ်သုံးခုပါဝင်ပါတယ်။ Eksperto,Ekspresibo နဲ့ Eksperimento ဆိုတဲ့ segment သုံးခုပါ။ ပထမဆုံးအပိုင်းမှာတော့ ပျောက်ချင်းမလှပျောက်သွားတဲ့ချစ်သူကို လမ်းဘေးမှာလေလွင့်ပန်းချီဆရာအဖြစ် ရှာဖွေနေခဲ့တဲ့ ပန်းချီဆရာလေးတစ်ယောက်ရဲ့ဇာတ်လမ်းကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ ဒုတိယအပိုင်းမှာတော့ အောင်မြင်တဲ့ sexy vlogger ကောင်မလေးတစ်ယောက်၊ငယ်ဘ၀ထဲကတွဲလာတဲ့ ရည်းစားမကျ သူငယ်ချင်းမကတဲ့ကောင်လေးတို့ကြားကအယူအဆကွဲပြားပွတ်တိုက်မှုတွေကနေဖြစ်ပေါ်လာတဲ့ ပြဿနာတွေကိုရှုစားရမှာပါ။ တတိယနဲ့နောက်ဆုံးအပိုင်းကတော့ installation art ဖန်တီးရှင်ဖိလစ်ပိုင်သူလေးနဲ့သူ့အကြောင်း documentry ရိုက်ဖို့လာတဲ့ ဂျပန်ကပြားကောင်မလေးတို့ကြားက အချစ်ဇာတ်လမ်းပါ။ အပိုင်းအားလုံးမှာ Yen Durano ကဦးဆောင်ပါဝင်ထားတာဖြစ်ပါတယ်။ကျေနပ်ကြမှာပါ။ ( အညွှန်းရေးသားထားသူကတော့
...

The Thundermans Return (2024) ⭐IMDB: 5.2/10 (796 Votes) 🎬 #Action #Comedy #Crime #Family #ScienceFiction #Drama #Fantasy #SciFi #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 10 မိနစ် 51 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Marvel တို့ DC တို့လို သီအိုရီတွေ၊အပြိုင်စကြဝဠာတွေနဲ့ Superhero ဇာတ်ကားများကို ကြည့်ရတာ ငြီးငွေ့နေပါသလား၊ အပြောင်းအလဲဖြစ်အောင် ပေါ့ပေါ့ပါးပါး ဇာတ်လမ်းဇာတ်ကွက် လေးနဲ့ စူပါဟီးရိုးကားတွေကို ရှာဖွေနေပါသလား၊ ဒါဆိုရင်တော့ Nickelodeon နဲ့ Paramount+ တို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ Thundermans Return ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ Thundermans ဆိုတာကတော့ စွမ်းအားရှင်မိသားစုဖြစ်ပြီး ဟီးရိုးအဖွဲ့အစည်းမှာ အချိန်ကာလတစ်ခုကြာ အတော်ဆုံးဟီးရိုး အဖွဲ့အဖြစ် ရပ်တည်လာခဲ့သူတွေပေါ့။ ဒီလိုနဲ့ တစ်နေ့မှာတော့ V-Team ဆိုတဲ့ ပြိုင်ဖက်ဟီးရိုးအဖွဲ့တစ်ဖွဲ့ပေါ်ပေါက်လာပါတယ်။ နာမည်အကြီးဆုံးဆိုတဲ့ ဂုဏ်ပုဒ်ကို အပြိုင်အဆိုင်လုကြရင်း Thundermans တို့ဟာ V-Team အဖွဲ့ဝင်တစ်ဦးကို မတော်တဆ ထိခိုက်ဒဏ်ရာပေးလိုက်မိတာကြောင့် အလုပ်ဖြုတ်ခံလိုက်ရပါတယ်။ မိုးကြိုးလူသားတို့ ခေတ်ကုန်ပြီး V-Team ကြီးစိုးတဲ့ ခေတ် ရောက်သွားပေမဲ့ သူတို့အဖွဲ့မှာ လုံးဝ မထင်မှတ်ထားတဲ့ လျှို့ဝှက်ချက်ရှိနေပါသေးတယ်။ အဲလျှို့ဝှက်ချက်ကို Thundermans တို့ သိသွားမလား ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲ ကိုယ်တိုင်ကိုယ်ကျ ကြည့်ရှုခံစားကြပါဦးနော်။ မိသားစုရဲ့ အရေးပါမှုအကြောင်း ချစ်စရာ ဇာတ်လမ်းဇာတ်အိမ်လေးနဲ့ ထည့်သွင်းပြသထားတာမို့ စူပါဟီးရိုးကြိုက်တဲ့ သားသားမီးမီးလေးတွေရှိရင် အတူကြည့်ရှုဖို့ အထူးသင့်လျော်ပါတယ်။ (ဇာတ်လမ်းအညွှန်း နဲ့ ဘာသာပြန်ကတော့ Thet Hnin Hsu ဖြစ်ပါတယ်)
...

Hanu Man (2024) ⭐IMDB: 8.4/10 (18 k Votes) 🎬 #Action #Adventure #Bollywood #Fantasy #Comedy #ScienceFiction 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 38 မိနစ် 47 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Hanu-man (2024) Imdb8.4/10 Rtscore 86% လက်ရှိမှာ ဟင်ဒီအသံဖြင့်သာ အကြည်ထွက်ရှိလာသေးတာမလို့ဟင်ဒီအကြည်ဗားရှင်းဖြင့်သာ တင်ဆက်ပေးထားပါတယ်========================စူပါမျောက်မင်း ဟာနုမန် ဒီတစ်ခါ CM ပရိသတ်ကြီးကိုတင်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့တီလဂူလ်စူပါဟီးရိုးကားလေးပဲ ဖြစ်ပါတယ်အမြတ်ငွေလည်း ၃၅၀ ကုဋေလောက်ရရှိခဲ့ပြီး 2024 မှာဒုတိယရုံဝင်ငွေအကောင်းဆုံးကားဖြစ်ပါတယ် ဇာတ်လမ်းလေးကို ပြောရရင်rating တွေ ကြည့်ရုံနဲ့ မခေလှတာကိုတော့ တွေ့မှာပါပဲအထူးပြုလုပ်ချက်ဘာညာကလည်း ရိုးရာလဲမပျက်ခေတ်လဲမှီတဲ့ပုံစံလေးမို့ မဆိုးဘူးလို့ပဲ မှတ်ချက်ပေးရမှာပါတစ်ခုပြောပြရမှာကတော့ ဗီလိန်ကတော့ ဆရာဘတ်နဲ့အဲဖရက်ကိုRef ယူထားတာပါ ဆရာဘတ်လိုမိဘတွေသေမှ စူပါဟီးရိုးဖြစ်မှာဆိုပြီးကိုယ့်မိဘကိုယ်ပြန်သတ်တဲ့ ဆရာဘတ်အဇာတသတ် ဗားရှင်းကဗီလိန်ကြီးပါအဲ့ချိန်မှာ မင်းသားတို့ရဲ့ရွာလေးမှာလည်း ရွာကိုအနိုင်ကျင့်စားနေတဲ့လူမိုက်ခေါင်းဆောင်နဲ့ သူ့တပည့်တွေရှိပါတယ်အဲ့ကောင်တွေက မင်းသားရဲ့ကောင်မလေးနဲ့ ပြသနာဖြစ်လို့အဲ့ကောင်မလေးကို သတ်ဖို့လုပ်တာကို မင်းသားကအချစ်စွမ်းအားနဲ့ကြားကဝင်တားတာ ဟိုကောင်တွေက ချောက်ထဲကိုကန်ချလိုက်ပါတယ်ချောက်ထဲပြုတ်ကျပြီး သိုင်းကျမ်းမရပဲ အစွမ်းရသွားတဲ့စူပါဟာနုမန်နဲ့ စူပါဟီးရိုးဖြစ်ချင်လှတဲ့ ဆရာဘတ်အတုတို့ရင်ဆိုင်ကြရတဲ့အခါမှာတော့…..ပရိသတ်ကြီးပဲ အာရှစူပါဟီးရိုးကားလေးကို အားပေးကြပါဦးအခြေအနေကောင်းရင် စူပါဒဿဂီရိတွေ ထပ်ထွက်လာနိုင်ပါသေးတယ်… အညွှန်းနဲ့ဘာသာပြန်ကတော့ Saii ~ BpL ~ V ~ Thaik San တို့ပဲ ဖြစ်ပါတယ်
...

Charlie (2015) ⭐IMDB: 8.0/10 (13 k Votes) 🎬 #Adventure #Bollywood #Drama #Romance #Thriller 🗓 2015 🎞 movie 🌎 #India ⏰ 2 နာရီ 10 မိနစ် 7 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Charlie (2015)”ချာလီ”=================== တမီလ်မင်းသားကြီး မာဒေဗန်းကတောင် remake ပြန်ရိုက်ခဲ့ရတဲ့Charlie ဆိုတဲ့ ၂၀၁၅ ခုနှစ်ထွက် မာလျာလမ်စကားပြောရုပ်ရှင်လေးကိုတင်ဆက်ပေးချင်ပါတယ်။ တယ်ဆာဆိုတဲ့ကောင်မလေးဟာ မိဘပေးစားတဲ့သူကို မယူချင်တဲ့အတွက်မရောက်ဖူးတဲ့ နယ်မြို့လေးတစ်မြို့ဆီကို ခရီးထွက်လာပါတယ်။အဲဒီတစ်မြို့လုံးမှာ အနုပညာအငွေ့အသက်တွေဖုံးလွှမ်းနေပြီးမြို့သူမြို့သားတွေကလည်း လူထူးလူဆန်းတွေပါ။ အဲဒီလူတွေအားလုံးထဲမှာ အထူးခြားဆုံးကတော့ တယ်ဆာ ငှားလိုက်တဲ့တိုက်ခန်းရဲ့ ပိုင်ရှင်ဟောင်းချာလီဆိုတဲ့ ပန်းချီဆရာပါပဲ။ သူနေခဲ့တဲ့ တိုက်ခန်းထဲမှာဆိုရင် တိုက်ခန်းနဲ့တောင်မတူဘဲပြတိုက်တစ်ခုလိုမျိုး ပန်းချီကားတွေ၊ ပုံကြမ်းတွ၊ ပန်းပုလက်ရာတွေ ပြည့်နှက်နေတာပါ။ တယ်ဆာဟာ အဲဒီတိုက်ခန်းထဲကနေ ပုံကြမ်းရေးထားတဲ့ ရုပ်ပြဇာတ်လမ်းတစ်ခုကိုတွေ့ပြီးအဲဒီဇာတ်လမ်းရဲ့ အဆုံးသတ်ကို သိချင်တဲ့အတွက် ပန်းချီဆရာ ချာလီကို လိုက်ရှာရာကနေချာလီရဲ့ ဘဝကို တစ်စပြီးတစ်စ မြင်တွေ့လာရပါတော့တယ်။ဒီရုပ်ရှင်လေးဟာ ရုပ်ရှင်တစ်ပုဒ်ဆိုတာထက် ကဗျာတစ်ပုဒ်၊ပန်းချီကားတစ်ချပ်လို ရသမျိုးကိုပေးစွမ်းနိုင်တဲ့ ရှားပါးရုပ်ရှင်လေးပါပဲ…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)
...

Murder Mubarak (2024) ⭐IMDB: 7.1/10 (9 k Votes) 🎬 #Bollywood #Comedy #Horror #Mystery #Crime #Thriller #Romance 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 22 မိနစ် 29 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Murder Mubarak (2024) “လူသတ်မှုအတွက် ဂုဏ်ယူပါတယ်”IMDb – 7.6/10 Netflixကနေ ထုတ်လွှင့်ခဲ့ပြီး နာမည်ကျော်သရုပ်ဆောင်များစွာနဲ့ ရိုက်ကူးထားတဲ့အိန္ဒိယမှုခင်းရုပ်ရှင် အလန်းစားလေးကို တင်ဆက်ပေးပါရစေ။သရုပ်ဆောင်တွေကတော့ Kedarnath(2018)မှာ ဆူရှန့်နဲ့တွဲဖက်ပါဝင်ခဲ့တဲ့အပြုံးလှလှနဲ့ မင်းသမီးချော ဆာရာအလီခန်း၊ OMG 2ထဲမှာ ဖခင်ဖြစ်သူနေရာကသရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး ပန်ဂာာ့ဂျ်တရီပတီ၊ Aashiqui 2 (2013)ထဲမှာအရက်ရဲ့ကျေးကျွန်ဘ၀နဲ့ နာမည်ကြီးအဆိုအဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသားချော အာဒစ်တယာတို့အပြင်ဗီဂျေးဗာမာ၊ ကာရီစ်မာကပူးရ်၊ ဂျန်ဟ်ဗီးကပူးရ်တို့ ပါဝင်ထားကြပါတယ်။ လူသေရာကနေစတဲ့ မှုခင်းဇာတ်လမ်း။ နယ်ပယ်အသီးသီးက ဇာတ်ကောင်တွေကိုတစ်ယောက်ချင်းမိတ်ဆက်ပေးပြီးတစိမ့်စိမ့် ကြည့်လို့ကောင်းမဲ့ တစ်စချင်းဆီ ဆွဲထုတ်ပြတဲ့ ရုပ်ရှင်မျိုးပါပဲ။ ကျိကျိတက်ချမ်းသာတဲ့ အထက်တန်းစားတွေပဲ အသင်းဝင်လို့ရပါတယ်ဆိုတဲ့ ရွိုင်ရယ်ဒေလီကလပ်မှာလူတစ်ယောက်သေသွားပါတယ်။သေတာကလည်း အလေးမရင်း အလေးပိပြီး လည်ပင်းကျိုးသေသွားတဲ့ခပ်လွယ်လွယ်အမှုဆိုတော့ ထုံပေပေနေတတ်တဲ့ ရဲအရာရှိကြီးဘာဟာဗ်နီဆင်းဂ်ကို စုံစမ်းဖို့လွှတ်လိုက်ပါတော့တယ်။ ဒီကစလို့ လွယ်မယောက်နဲ့ခက် တိမ်မယောင်နဲ့နက်ဆိုသလိုပဲ တစတစနဲ့ စိတ်ဝင်စားဖွယ်ကြည့်ရှုကြရမှာပါ။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)
...

The Empire Strikes Back (1980) ⭐TMDB: 84.0% User Score 🎬 #Action #Adventure #Fantasy #StarWars #ScienceFiction 🗓 1980 🎞 movie 🌎 #UnitedStatesofAmerica ⏰ 2 နာရီ 7 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Epic Sci-fi အမျိုးအစားဖြစ်တဲ့ Star Wars ဇာတ်လမ်းတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေထဲမှာ သမိုင်းတလျှောက်အအောင်မြင်ဆုံး ရုပ်ရှင်တွဲတွေထဲက တစ်ခုပါပဲ။ နောက်ပိုင်းထွက်သမျှ ရုပ်ရှင်တွေထဲမှာလည်း ဒီရုပ်ရှင်တွေထဲက စကားစုတွေ ကိုးကားချက်တွေကို မကြာခဏတွေ့ရတတ်ပါတယ်။ ပညာရှိ ဆရာဆိုရင် Master Yoda ကိုအမြဲတင်စားကြသလို ဗီလိန်ဆိုရင်လည်း Darth Vader ဟာ ပြောစမှတ်တွင်ကျန်ခဲ့တာပါပဲ။ ဇာတ်လမ်းကတော့ ဟိုးအတိတ်ကာလတစ်ခုတုန်းက ဝေးကွာလှတဲ့ နဂါးငွေ့တန်းကြယ်စုတွေကြားထဲမှာ ဖြစ်ပျက်နေတဲ့အကြောင်းတွေပါ။ အစဦးမှာ ကြယ်စုတွေ ဂြိုလ်တွေဟာ လွှတ်တော်ဖွဲ့စည်းထားပြီး ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်မှုအောက်မှ နေထိုင်ကြပါတယ်။ လွှတ်တော်နဲ့အတူ ဂလက်ဆီကြီးတစ်ခုလုံးရဲ့ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုကို ထိန်းသိမ်းပေးတဲ့ သူရဲကောင်းအဖွဲ့တစ်ခုလည်း ရှိနေပါတယ်။ အဲဒီသူတွေကိုတော့ Jedi တွေလို့ ခေါ်ကြပြီး သူတို့မှာ Lightsaber ဆိုတဲ့ အလင်းဓားလက်နက်တွေ ပိုင်ဆိုင်ကြပါတယ်။ ဒါ့အပြင် သူတို့ကို သာမန်လူတွေထဲ ထူးခြားတဲ့ စိတ်စွမ်းအင်တွေနဲ့ ခွန်အားတွေကို Force ဆိုတဲ့ အရာကနေ ယူငင်သုံးစွဲကြပါတယ်။ Force ဆိုတာကတော့ သက်ရှိသက်မဲ့တွေ အားလုံး အတွင်းထဲ အပြင်ထဲမှာ ဝိုင်းရံနေတဲ့ စွမ်းအင်တစ်မျိုးဖြစ်ပြီး Jedi တွေသာ ခံစားနိုင် သုံးစွဲနိုင်ကြပါတယ်။ အဲဒီ Jedi တွေရဲ့ လုံးဝဆန့်ကျင်ဖက်လမ်းစဉ်ကို လိုက်တဲ့သူတွေကိုတော့ Sith တွေလို့ခေါ်ပြီး သူတို့က ဒေါသနဲ့အမုန်းတွေကို အခြေခံတဲ့ အမှောင်ခြမ်းစွမ်းအင် Dark Side of the Force ကို သုံးစွဲကြပါတယ်။ ဒီ star wars ရုပ်ရှင်တွေအတွင်းမှာ Jedi နဲ့ sith တွေရဲ့ အပြန်အလှန်အားပြိုင်မှုတွေ တော်လှန်ရေးအဖွဲ့တွေနဲ့ အင်ပါယာတပ်တွေရဲ့ တိုက်ပွဲတွေအကြောင်းတွေ ခံစားကြည့်ရှုနိုင်ပါလိမ့်မယ်။ စတားဝါးရုပ်ရှင်တွေကို ထုတ်လုပ်ခဲ့တဲ့ခုနှစ်အတိုင်း အစဉ်လိုက်ကြည့်ရှုမယ်ဆိုရင်အောက်ပါအတိုင်းကြည့်ရှုလို့ရပါတယ်။ 1. Star Wars IV : A New Hope (1977)2. Star Wars V : The Empire strikes back (1980)3. Star Wars VI : Return of the Jedi (1983)4. Star Wars I : Phantom Menace (1999)5. Star Wars II : Attack of The Clones (2002)6. Star Wars III : Revenge of The Sith (2005)7. Star Wars VII: The Force Awakens (2015)8. Rogue One : A Star Wars Story (2016)9. Star Wars VIII : The Return of the Jedi (2017)10. Solo : A Star Wars Story (2018)11. Star Wars IX : The Rise of the Skywalker (2019) တကယ်လို့ Star Wars Timeline အတိုင်းကြည့်မယ်ဆိုရင်တော့ အောက်ပါအတိုင်းကြည့်ရှုလို့ရပါတယ်။ 1. Star Wars I : Phantom Menace (1999)2. Star Wars II : Attack of The Clones (2002)3. Star Wars III : Revenge of The Sith (2005)4. Solo : A Star Wars Story (2018)5. Rogue One : A Star Wars Story (2016)6. Star Wars IV : A New Hope (1977)7. Star Wars V : The Empire strikes back (1980)8. Star Wars VI : Return of the Jedi (1983)9. Star Wars VII: The Force Awakens (2015)10. Star Wars VIII : The Return of the Jedi (2017)11. Star Wars IX : The Rise of the Skywalker (2019) ( Littleneo မှ ဘာသာပြန်တင်ဆက်ထားပါတယ်။) Star Wars ရုပ်ရှင်အားလုံးကိုhttps://channelmyanmar.org/category/special-package/star-wars/မှာကြည့်ရှုနိုင်ပါတယ်။ 4K ကိုတော့www.cmapp.tvမှာ မန်ဘာဝင်ပြီး CM App ကနေ လွယ်ကူစွာတိုက်ရိုက်ကြည့်ရှုနိုင်သလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။ +++++++++++++++++++++++++++++ Star Wars: Episode V – The Empire Strikes Back (1980) Star Wars: Episode IV – A New Hope (1977) ရဲ့အဆက်ဖြစ်ပြီး ဒုတိယမြောက် ထွက်ရှိခဲ့တဲ့ စတားဝါးစ်ရုပ်ရှင်ကားဖြစ်ပါတယ်။ ပထမကား Star Wars: Episode IV – A New Hope (1977) မှာ သေမင်းကြယ်ကိုဖျက်ဆီးခဲ့ပြီးနောက် ဒါ့သ်ဗိတ်ဒါဟာ လုခ် စကိုင်းဝေါ်ကာရဲ့နောက်ကို လိုက်ဖမ်းနေပြီး..အင်ပါယာတပ်တွေကလည်း တော်လှန်ရေးတပ်တွေရဲ့ စခန်းကို ပြန်ပြီးတိုက်ခိုက်ချေမှုန်းရာကနေ ဇာတ်လမ်းကိုစထားပြီး ကပ္ပတိန် Han Solo နဲ့ မင်းသမီး Leia Organa တို့လည်း အင်ပါယာတပ်တွေရဲ့လက်ကနေ ဘယ်လိုရှောင်ပြေးကြရမယ်ဆိုတာ
...

5lbs of Pressure (2024) ⭐IMDB: 5.2/10 (430 Votes) 🎬 #Crime #Romance #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 51 မိနစ် 23 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီကားမှာ အဓိကဇာတ်ဆောင်အနေနဲ့ကတော့ Beauty and the Beast တို့ Fast and Furious တို့မှာ ပါဝင်ခဲ့ဖူးတဲ့ မင်းသားကြီး Luke Evansက Adamအ‌နေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ဒီကားမှာတော့ Evans ကို လူသတ်မှုတစ်ခုအတွက် 16နှစ်ထောင်ကျနေရာကနေ လွတ်လာခဲ့ပြီး ဘဝကို အစကနေပြန်စဖို့အကောင်းဆုံးကြိုးစားနေတဲ့ သူတစ်ယောက်အနေနဲ့မြင်တွေ့ရမှာ ဖြစ်ပါမယ်။ သူဟာ မွေးကတည်းကနေ တစ်ခါမှ မတွေ့ရသေးတဲ့ သူ့သားကိုတွေ့ဖို့အတွက် သူ့ရဲ့ ကန့်သတ်နေရာဖြစ်တဲ့ နဂိုအမှုဖြစ်ခဲ့တဲ့မြို့ကိုပဲပြန်လာခဲ့ပါတယ်။ဒါပေမဲ့ အဲ့မြို့မှာက သူ့ကိုလက်စားချေဖို့စောင့်ဆိုင်းနေတဲ့ သူသတ်ခဲ့တဲ့ကောင်လေးရဲ့ညီ Eli, ဂိုဏ်းခေါင်းဆောင် ဦးလေးလက်အောက်ကနေ လွတ်ဖို့ ကြိုးစားနေတဲ့ တူဖြစ်သူ Mike စတဲ့ လူမိုက်‌တွေ၊ အန္တရာယ်တွေနဲ့ ပြည့်နှက်နေတယ်။အဲ့အန္တရာယ်‌တွေ အခက်အခဲတွေကြားကနေ ကျော်ဖြတ်ပြီး သူလိုချင်တဲ့သာယာတဲ့မိသားစုဘဝလေးကိုပဲ ပြန်တည်ဆောက်နိုင်သွားမလား ၊ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ ဆိုတာကိုတော့ Action, crime , romance ရသစုံလင်စွာနဲ့ ခံစားကြည့်ရှုရမှာဖြစ်ပါတယ်
...

Spy (2015) ⭐IMDB: 7.0/10 (258 k Votes) 🎬 #Action #Comedy #Crime 🗓 2015 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 11 မိနစ် 29 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Spy(2015) IMDb Rating (7/10) / Rotten Tomatoes (95%) ရုပ်ရှင်လောကမှာ ဟာသ နဲ့ အက်ရှင် ဆိုတာက အရောမတတ်ရင် တိုင်ပတ်သွားနိုင်တဲ့အမျိုးအစားတစ်ခုထဲပါတယ်။အက်ရှင်နယ်ပယ်မှာလည်းပုံမလာ၊ ဟာသထဲကျတော့လည်းပေါနေပြန် ဆိုတာတွေနဲ့ Action- Comedy ကားတွေက တော်ရုံဆိုရင် ပေါက်ဖို့ကော Rating ကောင်းဖို့ပါခက်တယ်။ ဒီရုပ်ရှင်ကတော့ အဲဒီအချက်တွေနဲ့မငြိစွန်းဘဲ တော်တော်ကိုပေါက်ခဲ့တယ်။“ပေါက်မှာပေါ့။ ပါတဲ့သရုပ်ဆောင်တွေကိုလည်းကြည့်ဦးလေ” လို့ပြောလို့ရပေမဲ့ နာမည်ကြီးတွေပြုံထည့်ပြီး ယမ်းရှူသွားရတဲ့ရုပ်ရှင်တွေလည်း ကျနော်တို့မြင်ခဲ့ဖူးပြီးသားပါ။ ဒီရုပ်ရှင်ဘာကြောင့်ပေါက်သလဲဆိုတာ ကြည့်မှပဲသိပါလိမ့်မယ်။ စီအိုင်အေမှာ မြေပြင်ကိုသွားရတဲ့စပိုင်တွေနဲ့ မြေအောက်ခန်းကနေ သတင်းအချက်အလက်ထောက်ပံ့ရတဲ့အဖွဲ့ဆိုပြီး ၂ ဖွဲ့ရှိတယ်။ မြေပြင်ကစပိုင်တွေကတော့ စပိုင်ကားတွေထဲကလို ဂျလန်းကြီးတွေလုပ်ရပေမဲ့ မြေအောက်ခန်းကကွန်ပြူတာသမားတွေကတော့ လင်းနို့ဝင်လိုက် ကြွက်ဝင်လိုက်ဖြစ်နေတဲ့အခန်းထဲ ထိုင်အလုပ်လုပ်ကြရတာပေါ့။ ပထမဆုံးဇာတ်ကောင် ၂ ယောက်အနေနဲ့ ဆူဆန်ကူးပါး(Melissa McCarthy) နဲ့ ဘရက်ဒလေဖိုင်း (Jude Law) တို့ပါတယ်။ ဆူဆန်ကတော့ နားကြပ်ကတဆင့် မြေပြင်က ဖိုင်းကို ညွှန်ကြားရတာပေါ့။ အဲဒီအပြင် ဖိုင်းကိုပါကြိတ်ကြွေနေသေးတာ။ တစ်နေ့တော့ အဏုမြူဗုံးတစ်လုံးကို ပြန်ယူရမယ့်မစ်ရှင်ဖြစ်လာတယ်။ အဲဒီမှာ ဖိုင်းတစ်ယောက်လုပ်ကြံခံလိုက်ရတဲ့အပြင် လက်သည်ကလည်း စီအိုင်အေက စပိုင်တွေအကုန်လုံးရဲ့နာမည်ကိုသိထားပြီးသားဖြစ်နေပြီဆိုတော့ မြေပြင်ထွက်တဲ့စပိုင်တွေတိုင်ပတ်တော့တာပေါ့။ သူတို့အနေနဲ့ သူလျှိုဝင်လုပ်ဖို့ကမဖြစ်နိုင်တော့ဘူး။ အဲဒီလိုနဲ့ ဒီမစ်ရှင်က မြေအောက်ခန်းမှာကွန်ပြူတာကိုင်တဲ့ ဆူဆန်ကူးပါး ရဲ့တာဝန်ဖြစ်လာတယ်။ သူ့ပုံကလည်း ရုပ်ရှင်ထဲက စပိုင်‌တွေလိုခပ်လန်းလန်းမဟုတ်တဲ့အပြင် သူ့အကြောင်းလည်းဘယ်သူမှအဖတ်မလုပ်ဘူးဆိုတော့ သူပဲလုပ်ပေးပါမယ်ပေါ့။ သူကသင်တန်းဆင်းအေးဂျင့်ဆိုပေမဲ့ တခြားသူမပြောနဲ့ သူ့ကိုယ်သူတောင်ယုံကြည်ချက်မရှိဘဲ အထင်မကြီးဘူးဖြစ်နေတယ်။ ဒါပေမဲ့ မြေပြင်ပေါ်ရောက်လာတဲ့အချိန် စိတ်ရှိလက်ရှိကြမ်းရမ်းရင်း သူကိုယ်တိုင်တောင်မသိတဲ့ သူ့ရဲ့လုပ်နိုင်စွမ်းတွေကိုပါမြင်လာရတယ်။ အဲဒီလိုနဲ့ သူလျှိုဝင်လုပ်တဲ့အချိန်မှာ ဒီအဏုမြူဗုံးအရောင်းအဝယ်ကိစ္စက နှစ်ဖက်ချွန်သူလျှိုတွေဘာတွေနဲ့ သပွတ်အူလိုရှုပ်ရှုပ်လာတော့ စပိုင်ကားတွေအတိုင်း အက်ရှင် ဇာတ်အိမ်ကောင်းကောင်းနဲ့ အမှုကိုဖြည်ကြတာပေါ့။ ဒီရုပ်ရှင်မှာ အခိုက်ဆုံးနေရာဆိုရင် ဆူဆန့်ရဲ့ ဇာတ်ရုပ်အပြောင်းအလဲဖြစ်တဲ့နေရာဖြစ်လိမ့်မယ်။ တအားချိုသာတဲ့လူအဖြစ်ကနေ သူ့ဇာတ်‌သူမနိုင်နိုင်အောင်က,ရင်းကနေ ငါဒီလိုတောင် သောက်ကြမ်းကြီးလုပ်နိုင်ပါလားဆိုတဲ့အထိ ဇိုးကြီးဖြစ်သွားတာက ရယ်ရသလောက် အားရဖို့လည်းကောင်းတယ်။ ဇာတ်လမ်းကတော့ စပိုင် အက်ရှင် ဟာသကို ကျကျနနရောထားတဲ့ ဇာတ်လမ်းကောင်းတစ်ခုပါပဲ။ ဒါရိုက်တာ Paul Feig က သူ့အနေနဲ့ စပိုင်ကားကိုမှ ဖန်တရာတေ ဟာသတွေမသုံးဘဲ အတတ်နိုင်ဆုံးရယ်ရတဲ့ အက်ရှင်ကားမျိုးဖြစ်အောင်ရိုက်ချင်တယ်ဆိုတဲ့စိတ်ကူးကနေအရင်းခံပြီး ဇာတ်ညွှန်းကိုသူကိုယ်တိုင်ရေးခဲ့တယ်။ ဟာသတွေကလည်း အခုထိသစ်တုန်းပဲ။ လင်းနို့တွေရုံးထဲရောက်နေတဲ့အခန်းဆိုရင် သူရိုက်ခဲ့တဲ့ The Office အပိုင်းတစ်ခုကို reference ယူထားတယ်လို့ဆိုတယ်။ Jason Statham ဇာတ်ကောင်ကိုလည်းအစကတော့ တည်တည်တံ့တံ့အနေနဲ့ရေးခဲ့ပေမဲ့ နောက်မှစိတ်ပြောင်းပြီး အူကြောင်ကြောင်ဟာသဇာတ်ကောင်အနေနဲ့ထည့်သုံးလိုက်တယ်။ အဲဒီဘဲကလည်း ဟာသအပိုင်းမှာပါ တော်တော်ကိုပိုင်တယ်လို့ပြောရလောက်အောင် အတည်ပေါက်ကြီးတွေဖောက်တယ်။ ဟာသမင်းသားအနေနဲ့ပါ ဆုတစ်ခု ဆန်ကာတင်ဝင်သွားသေး။ ဒါရိုက်တာ Paul Feig နဲ့ Melissa McCarthy ကိုဇာတ်ကြောင်းပြန်ကောက်မယ်ဆိုရင် သူတို့ကရှေ့မှာ Bridesmaid တို့ The Heat တို့ကိုရိုက်ခဲ့ပြီးပြီ။ Melissa McCarthy ဆိုတာ ဒီကားမတိုင်ခင်ကတော့ ဇာတ်ပို့ဟာသမင်းသမီးလောက်ပေါ့။ ဒါပေမဲ့ Bridesmaid မှာ ဇာတ်ပို့အော်စကာဆုဆန်ကာတင်ဝင်သွားတဲ့အထိ သရုပ်ဆောင်ကောင်းနေတော့ Spy မှာ အဓိကဇာတ်ကောင်အနေနဲ့တည်ရိုက်ခဲ့တယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ Feig က တာဝန်ကြီးကြောင်းလည်းဝန်ခံခဲ့တယ်။ သူ့အဆိုအရ ဒီရုပ်ရှင်ကိုသာ ပေါကားဖြစ်အောင်သူရိုက်မိရင် အမျိုးသမီးတွေရဲ့ဟာသရုပ်ရှင်နယ်ပယ်က တော်တော်အထိနာသွားမယ်တဲ့။ ဒီလိုတာဝန်များတဲ့ကိစ္စမှာ Melissa McCarthy ကို ထည့်ရိုက်တယ်ဆိုတာ တော်ရုံယုံကြည်မှုနဲ့တော့မဟုတ်ဘူး။ Melissa ကလည်း စတန့်တွေကိုပါ ကိုယ်တိုင်ဝင်လုပ်တဲ့အပြင် အက်ရှင်ခန်းအတွက်သိုင်းပါသင်တဲ့အထိ တော်တော်ကြိုးစားခဲ့တယ်။ ယုံကြည်မှုကို အလဟဿမဖြစ်စေဘူးပေါ့လေ။ သူ့ရဲ့သရုပ်ဆောင်ချက်တွေကလည်း ဒီရုပ်ရှင်ကို အဓိကချီးကျူးကြတဲ...

Satyashodhak (2024) ⭐IMDB: 8.1/10 (278 Votes) 🎬 #Biography #Bollywood #Drama #History 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 24 မိနစ် 13 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Satyashodhak (2024) “အမှန်တရားကို ရှာဖွေသူ”========================= IMDb 8.1 ရရှိထားတဲ့ အိန္ဒိယ သမိုင်း/ကိုယ်ရေးအထ္ထုပတ္တိရုပ်ရှင်ကားကောင်းလေး ဖြစ်ပါတယ် ၁၉ ရာစု၊ ၁၈၇၃၊ အိန္ဒိယနိုင်ငံမှာ “ဆပ်တရာရှိုဒက်ဆာမာ့ဂျ်” (ခေါ်) “အမှန်တရားရှာဖွေသူ အသင်း” ကိုတည်ထောင်ခဲ့တဲ့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ…. “ဂျိုတီရောဝ်ပူလေ ” ရဲ့ ဘဝမှတ်တမ်းကို ရေးခြယ်ထားတဲ့ ဇာတ်ကားလေးဖြစ်ပြီးဝေဖန်ရေးဆရာများဆီက မှတ်ချက်ကောင်းအချို့ကိုလည်း ရထားပါတယ်ထိုစဥ်က အိန္ဒိယလူ့အဖွဲ့အစည်းမှာ အမြစ်တွယ်နေတဲ့ လူမှုရေး၊ ဘာသာရေး အယူစွဲများနဲ့“ဇာတ်နိမ့်ဇာတ်မြင့်” လူတန်းစားခွဲခြားမှုတွေကို တွန်းလှန်ပြီး…. Shudras (အလုပ်သမားလူတန်းစား) နဲ့ Dalits (အဖိနှိပ်ခံလူတန်းစား) တို့သာတူညီမျှရှိရေး၊ လူ့အခွင့်အရေး တန်းတူရရေးတို့ကို ဖော်ဆောင်ခဲ့ရုံသာမကလူတန်းစားမရွေး ပညာတတ်မြောက်ရေးကိုပါ အားပေးခဲ့တယ် အသက် ၁၃၊ ၁၄ နှစ်ခန့်မှာလက်ထပ်ထိမ်းမြားခဲ့တဲ့ ဇနီးသည် “ဆာဗီတရီပူလေ” ကလည်း ခင်ပွန်း ဂျိုတီနဲ့အတူတက်ကြွလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ပြီး “အမျိုးသမီးများ တန်းတူအခွင့်အရေး ရရှိရေး” ကိုအစောဆုံး လမ်းပြပေးခဲ့သူ ဖြစ်ပါတယ် ဘာသာရေး သို့ ဘာသာရေးခေါင်းဆောင်တွေကို မေးခွန်းထုတ်ရင် အမျိုးဖျက်လို့ကင်ပွန်းတပ်ခံခဲ့ရတဲ့ ထိုစဥ်က အိန္ဒိယလူ့အဖွဲ့အစည်းကို ပြုပြင်ရာမှာအဓိကအခန်းကဏ္ဍကျခဲ့တဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ … ကလေးဘဝ၊ လူတန်းစားခွဲခြားခံရမှု၊ ပညာကို ကြိုးစားရှာဖွေပုံ၊ အိမ်ထောင်ရေး၊လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ရင်း ကြုံတွေ့ရတဲ့ အခက်အခဲမျိုးစုံနဲ့ ခေတ်စနစ်တို့ကိုသေချာပုံဖော်တင်ဆက်ထားတဲ့ Biopic လေးကို ပရိသတ်ကြီး ခံစားပေးကြပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်
...

Before I Got Married-Hikari Aozora (STARS-679-Decensored) ⭐- 🎬 #Adult 🗓 - 🎞 movie 🌎 #Japan ⏰ 2 နာရီ 18 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 JAV မင်းသမီးတွေထဲ Hikari Aozora ဆိုတာ ဖြူဖြူနုနုချစ်စရာမင်းသမီးလေးပါ။ သူမက ဇာတ်လမ်းဇာတ်ကွက်နဲ့ဇာတ်ကားတွေ အရိုက်များပြီး သရုပ်ဆောင်လဲကောင်းတဲ့ မင်းသမီးပါ… သူ့ပုံစံက ဖြူဖတ်ဖြူလျော် သေးသေးကွေးကွေးနဲ့ ဖြူစင်တဲ့မျက်နှာပေးလေးဆိုတော့ JAV ဇာတ်လမ်းတွေနဲ့ဆို အတော့်ကို ဇာတ်လမ်းဆင်လို့ကောင်းတာမျိုးပါ။ STARS-679-Decensored ဒီဇာတ်လမ်းမှာတော့ သူမရဲ့ မဝံ့မရဲမှုတွေနဲ့ စိတ်ဆန္ဒတွေကြား ဘယ်လိုကူးလူးသရုပ်ဆောင်သွားမယ်ဆိုတာကြည့်ရှုရမှာပါ။ JAV ဆိုတာ အာသာပြေစိတ်ကူးယဉ်ဇာတ်လမ်းတွေမလို့ ဒီတိုင်းထွက်ပေါက်တစ်ခုအနေနဲ့ပဲ ခံစားမယ်ဆို အဆင်ပြေပါတယ်။ Decensored Version နဲ့ဆိုတော့ Hikari Aozora ပရိတ်သတ်တွေကျေနပ်ကြမှာပါ။ (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။
...

Rita (2024) ⭐TMDB: 0.0% User Score 🎬 #Adult #Asian #Drama 🗓 2024 🎞 movie 🌎 #Philippines ⏰ 1 နာရီ 54 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ရီတာနဲ့ အာရီယယ်တို့ဟာ ကြင်စဦး ဇနီးမောင်နှံပါ။ ရီတာက တစ်ချိန်တုန်းက ဘားမယ်တစ်ယောက်ဖြစ်ခဲ့ပြီး အလုပ်သဘောအရထက် ဝါသနာအရကိုထန်တဲ့သူမျိုးပါ။ အဲ့ဒီလိုနဲ့အာရီယယ်နိုင်ငံခြားကိုအလုပ်သွားလုပ်တဲ့အချိန်မှာဟာစလာဖြစ်ပြီး အာရီယယ့်ငယ်သူငယ်ချင်းနဲ့ဖောက်ပြန်ပါတယ်။ နိုင်ငံခြားသွားတဲ့ အာရီယယ်ကလည်းခေသူမဟုတ်ပါဘူး၊ ရောက်ရောက်ချင်းမှာ သူ့အလုပ်ရှင်အမျိုးသားက လိင်တူခြင်းအဓမ္မကျင့်တာကိုခံလိုက်ရလို့ မီးဆိုင်းနဲ့ထုသတ်ဖို့လုပ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အဲ့ဒီလိုကျင့်ကြံခံရတာကို သာယာစပြုလာပါတယ်။ ဒီလိုနဲ့အချိန်တန်လို့အာရီယယ်ပြန်ရောက်လာတဲ့အခါမှာ ရီတာ၊ အာရီယယ်နဲ့ သူ့သူငယ်ချင်းတို့ကြားက ဇာတ်လမ်း၊ ဒါ့အပြင် ရီတာရဲ့မောင်ဖြစ်သူကလည်း ဒီဇာတ်လမ်းထဲကိုဝင်ပါလာမှာဖြစ်တဲ့အတွက် သူတို့တွေကြားမှာ ဘယ်လိုဇာတ်လမ်းတွေရှုပ်ကြမလဲဆိုတာကိုရှုစားရမှာဖြစ်ပါတယ်။ ဇာတ်လမ်းကအရမ်းသဘာ၀ကျပြီးလက်တွေ့ဆန်ပါတယ်။လင်နဲ့မယားကြား၊မောင်နှမကြား၊ သူငယ်ချင်းအချင်းချင်းကြား ဘယ်သူကဘယ်သူ့ကိုမှအထာမထားပဲဖြစ်ချင်တိုင်းဖြစ်နေကြတဲ့အတွက် အားရစရာပါပဲ။ ( အညွှန်းရေးသားထားသူကတော့
...

Tenkiller (2022) ⭐IMDB: 5.9/10 (71 Votes) 🎬 #Drama 🗓 2022 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 33 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ယခုတစ်ခါတင်ဆက်ပေးလိုက်တာကတော့ ၂၀၂၂ ခုနှစ်ထွက်ဒရာမာကားလေးပဲဖြစ်ပါတယ်…. ဒီရုပ်ရှင်ကားလေးက ၁၈ နှစ်သား လီယွန်ဆိုတဲ့ machinist နဲ့သူ့ညီလေးအကြောင်းကိုအဓိကထားရိုက်ကူးထားတာပါ… အချစ်ဆုံးသူငယ်ချင်းဖြစ်သူသေဆုံးပြီးတဲ့နောက် မိဘနှစ်ယောက်ကပါ အဆင်မပြေတဲ့အတွက် လီယွန်ဟာစိတ်ပိုင်းဆိုင်ရာ အဆင်မပြေမှုတွေကိုရင်ဆိုင်လာရပါတယ်… ထို့အပြင်အမေဖြစ်သူရဲ့ ရည်စားက သူ့အလုပ်ကသူနဲ့မတည့်တဲ့ လူဆိုးလူမိုက်တစ်‌ယောက်ဖြစ်နေပါတယ်… ဒီရုပ်ရှင်ကားက ဒရာမာဆိုတဲ့အတိုင်း လီယွန်နဲ့သူညီလေးတို့အကြောင်းကိုပဲအဓိကထားပြီးရိုက်ကူးထားပါတယ်…. ခံစားကြည့်ရှုကြပါခင်ဗျာ
...

Frankenstein: Legacy (2024) ⭐IMDB: 4.6/10 (100 Votes) 🎬 #Drama #Thriller #Horror 🗓 2024 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 41 မိနစ် 45 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မကြာသေးခင်ကမှ ပူပူနွေးနွေးထွက်ရှိထားတဲ့ ဖရန်ကန်စတိုင်းဇာတ်ကားတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ ဖရန်ကန်စတိုင်းကိုတော့ လူတိုင်းလိုလိုသိကြတဲ့အတွက် အထူးတလည်တော့ရှင်းပြစရာမလိုပါဘူး။ဇာတ်လမ်းအညွှန်းကိုပြောရရင်တော့Legacyဆိုတဲ့အတိုင်းပဲ ဖရန်ကန်စတိုင်းသေဆုံးပြီးနောက်မှာ ကျန်နေခဲ့အရာလေးတစ်ခုကတော့ လူတွေကိုပြန်လည်အသက်သွင်းနိုင်တဲ့ သိပ္ပံနည်းလမ်းတွေပါတဲ့ ဒိုင်ယာရီလေးတစ်အုပ်ပါပဲ။ ထိုဒိုင်ယာရီစာအုပ်ရဲ့တန်ဖိုးကိုသိတဲ့လူတွေရဲ့လောဘကြောင့်ပဲ စာအုပ်လေးဟာ ပိုင်ရှင်တစ်ယောက်ကနေတစ်ယောက်ကို အဆင့်ဆင့်ပြောင်းလာခဲ့တာ နှစ်၁၀၀ကျော်တဲ့အထိပါပဲ။အဲဒီနောက်မှာမှ ၁၈၇၅ခုနှစ်မှာ ထိုစာအုပ်ဟာ မီလီစန့် ဘရောင်းနင်းလို့ခေါ်တဲ့ ထူးချွန်တဲ့အမျိုးသမီးသိပ္ပံပညာရှင်တစ်ယောက်ဆီကိုရောက်လာခဲ့ပါတယ်။ သူမရဲ့ခင်ပွန်းဟာ နာတာရှည်ရောဂါတစ်မျိုးကိုခံစားနေရပြီးတော့ ကြာကြာမနေရတော့ဘူးဆိုတာကိုသိထားတဲ့သူမဟာ ခင်ပွန်းပြန်ကောင်းလာဖို့အတွက် ကုသနည်းမျိုးစုံကိုလိုက်ရှာနေတာပါ။ထိုအချိန်မှာပဲ ဖရန်ကန်စတိုင်းဒိုင်ယာရီဟာ သူမလက်ထဲကိုရောက်လာတဲ့အတွက် ထိုစာအုပ်ထဲကသိပ္ပံနည်းလမ်းတွေနဲ့ သူမရဲ့ခင်ပွန်းကိုကယ်တင်နိုင်မှာလား… သူမရဲ့နည်းလမ်းတွေက မှန်ရောမှန်ရဲ့လားဆိုတာကို ရင်ခုန်စွာနဲ့ကြည့်ရှုရမှာပါ။
...

Murdaritaville (2024) ⭐TMDB: 20.0% User Score 🎬 #Horror #Comedy 🗓 2024 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 2 မိနစ် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မာဗင်တို့ သူငယ်ချင်းတွေက သူတို့လေးစားအားကျရတဲ့အဆိုတော်ရဲ့ ပရိသတ်တွေ စုစည်းကျင်းပတဲ့ ပုံစံတူ တုပဖျော်ဖြေပွဲကို သွားကြည့်မလို့ ကြံရွယ်ရင်း ဖျော်ဖြေပွဲမတိုင်ခင် တောထဲက အိမ်ကြီးထဲကို အပန်းဖြေခရီး ထွက်ခဲ့ကြပါတယ်။ အဲဒီအိမ်ကြီးကို စောင့်ရှောက်ဖို့ခိုင်းထားတဲ့ အမြဲမူးနေတဲ့ အရက်သမားကြီး ဂျိရယ်၊ ဘေးအိမ်က ဘာတွေပြောလို့ပြောနေမှန်းမသိတဲ့ ထူးဆန်းတဲ့လူကြီး ဂယ်ရတ်ရယ်နဲ့အတူ တောအုပ်ထဲက အိမ်ကြီးက သူတို့အတွက်တော့ အတွေ့အကြုံအသစ်တွေကို ပေးစွမ်းခဲ့ပါတယ်။ လူငယ်သဘာဝ ပျော်ပါး သောက်စားရင်း ဂိမ်းတွေဆော့ရင်းနဲ့ မာဗင်က အရက်သမားကြီး ဂျိရဲ့ အရက်တွေကို အလစ်သုတ်ဖို့ကြံရာက သူတို့သူငယ်ချင်းတစ်စုက ထူးခြားဆန်းပြားမှုတွေကို ဘယ်လိုကြုံတွေ့ရမလဲဆိုတာကိုတော့
...

¡Salta! (2023) ⭐IMDB: 6.4/10 (336 Votes) 🎬 #Comedy #Family #SciFi #ScienceFiction #Drama 🗓 2023 🎞 movie 🌎 #Spain ⏰ 1 နာရီ 26 မိနစ် 16 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb 6.4 ရရှိထားတဲ့ ပြင်သစ် Family / Drama / Sci-fi ရုပ်ရှင်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Salta ဆိုတာက ပြင်သစ်လို Jump ခုန်ကူးတာလို့ အဓိပ္ပာယ်ရပါတယ်။ ခုန်ကူးတယ်ဆိုတဲ့အတိုင်း ဒီရုပ်ရှင်က အချိန်တစ်ခုကနေ တစ်ခုကို ခုန်ကူးရင်း အချိန်ခရီးသွားတာနဲ့ ပတ်သက်ပြီး ရိုက်ကူးထားတဲ့ သိပ္ပံရုပ်ရှင်လေးပါ။ ဇာတ်လမ်းအကျဉ်းကတော့ အော်စကာ ၁၃ နှစ် နဲ့ တီယို ၁၁ နှစ်တို့က ညီအစ်ကိုနှစ်ယောက်ပါ။ ဒီညီအစ်ကိုက စရိုက်လက္ခဏာတော့ အရမ်းကွဲပြားပါတယ်။ အစ်ကိုဖြစ်သူအော်စကာက ငြိမ်ပြီး အရှက်အကြောက်ကြီးသလောက် ညီဖြစ်သူတီယိုကတော့ မျောက်ရှုံးတဲ့သူတစ်ယောက်ပါ။ အော်စကာတို့ ညီအစ်ကိုနှစ်ယောက်က အဖွားဖြစ်သူနဲ့အတူနေထိုင်ကြပါတယ်။ သူတို့ရဲ့အမေဖြစ်သူကတော့ အချိန်ခရီးသွားခြင်းကိုလေ့လာရင်းနဲ့ ပျောက်ချင်းမလှ ပျောက်သွားပြီး အတိတ် ဒါမှမဟုတ် အနာဂတ်ကိုရောက်ရှိသွားတဲ့ သိပ္ပံပညာရှင်တစ်ယောက်ဖြစ်တယ်လို့ အော်စကာကယုံကြည်ထားပါတယ်။ဒီလိုနဲ့ တစ်နေ့မှာ ညီအစ်ကိုနှစ်ယောက်ထဲက တစ်ယောက်က အမေဖြစ်သူလေ့လာနေတဲ့ အချိန်ခရီးသွားတဲ့ တွင်းပေါက်တစ်ခုကိုရှာတွေ့သွားပြီး ဒီတွင်းပေါက်ထဲကိုခုန်ချပြီး အချိန်ခရီးသွားလိုက်တဲ့နောက်မှာတော့… အော်စကာနဲ့တီယိုဟာ လက်ရှိအချိန်ကာလာကနေ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်သွားပြီဖြစ်တဲ့ အနာဂတ်မှာပြန်ဆုံသွားတဲ့အခါမှာတော့ တစ်ယောက်ကတော့ လူကြီးဖြစ်သွားပြီးဖြစ်ပြီး ကျန်တစ်ယောက်ကတော့ အချိန်ခရီးသွားလာခဲ့တဲ့ အချိန်ကာလက ကလေးအရွယ်လေးပဲရှိနေပါသေးတယ်။ ဒီလိုနဲ့ ပုံမှန်အချိန်ကာလကို ပြန်ပို့ပေးဖို့အတွက် အသက်အရွယ်ရော ခေတ်ပါ ကွာသွားပြီဖြစ်တဲ့ ညီအစ်ကိုနှစ်ယောက် အချိန်စီးကြောင်းတလျှောက် ခရီးသွားကြဖို့ရာ နည်းလမ်းတွေကိုရှာဖွေရင်း အချိန်ခရီးသွားကြရင်း အမေဖြစ်သူကိုပါ ရှာတွေ့သွားမလားဆိုတာကိုတော့ စိတ်၀င်တစားနဲ့ ဆက်လက်ကြည့်ရှုရမှာပါ။ IMDb 6.4 ပဲရှိပေမဲ့ သရုပ်ဆောင်ရော plot twist တွေပါ ကောင်းတဲ့ရုပ်ရှင်လေးဖြစ်တာကြောင့် အချိန်ပေးကြည့်ရှုဖို့ တန်ကြောင်း အကြံပေးလိုက်ပါတယ်။
...

Dead Man (2024) ⭐TMDB: 47.0% User Score 🎬 #Crime #Mystery #Thriller 🗓 2024 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 48 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Dead Man(2024) ****************ဒါရိုက်တာ Ha Joon Won ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပြီးတော့Cast တွေ‌အနေနဲ့ Cho Jin Woon , Hee-Ae Kim, Lee Soo Kyung တို့ပါဝင်သရုပ်ဆောင်ထားတဲ့ Thriller, Mystery, Crime အမျိုးအစား ရုပ်ရှင်ဇာတ်ကားလေး ဖြစ်ပါတယ် အီမန်ဂျယ် (Cho Jin Woon)က စီးပွားရေး လုပ်ငန်းကြီးတွေရဲ့ ဦးစီးဦးဆောင် တစ်ယောက်အနေနနဲ့ နာမည်ငှားပေးပြီး အမည်ခံသူဌေး လုပ်ပေးတဲ့ အလုပ်ကို လုပ်တဲ့သူတစ်ယောက်ဖြစ်ပါတယ်…. တစ်နေ့မှာ သူဟာ လုပ်ငန်းကြီး တစ်ခုကနေ ဝမ် ၅သန်း ယူပြီးတော့ သူ့နာမည်ကို ငှားပေးလိုက်ပါတယ် … ဒါပေမဲ့ သိပ်မကြာခင်မှာပဲ အီမန်ဂျယ်ဟာ ဘီလီယံ ၁၀၀ အလွဲသုံးစားလုပ်တယ်ဆိုပြီး စွပ်စွဲခံခဲ့ရပြီးတော့ ဖိအားပေးမှုတွေကြောင့် သေလူအဖြစ်နဲ့ ဟန်ဆောင်လိုက်ရပါတယ် ….အမှန်တော့ သူဟာ တရုတ်နိုင်ငံက ထောင်တစ်ခုမှာ အကျဉ်းချခံထားရတာပါ ဒါပေမဲ့လည်း နိုင်ငံရေး အကြံ‌ပေးပုဂ္ဂိုလ်ဖြစ်တဲ့ အစ်မကြီးရှင်းရဲ့ အကူအညီနဲ့ ထောင်ကနေ လွတ်လာခဲ့ပြီးတော့ ကိုရီးယားနိုင်ငံကို ပြန်လာနိုင်ခဲ့ပါတယ်…. ထောင်က လွတ်လာတဲ့ အခါမှာ သူ့ကို သေလူဖြစ်အောင် ပြောင်းလဲပစ်လိုက်တဲ့ သူတွေကို ရှာဖွေပါတော့တယ် ,,,, သေလူလို နေနေရတဲ့ အီမန်ဂျယ်ရဲ့ ကလဲ့စား နိုင်ငံရေး အရှုပ်တော်ပုံ ပါတီတွေအကြား အားပြိုင်မှုတွေကို အသည်းတယားယားနဲ့ ကြည့်ရမှာမို့ အားပေးလိုက်ကြပါဦးလို့ ပြောချင်ပါတယ်
...